မိုနီကာ
Vol. 25 Ch. 371
ဇစ်စ်~
လင်းရှန်သည် လျှပ်စစ်မီးရထားစက်ခေါင်း၏ အခန်းတံခါးကို တွန်းဖွင့်လိုက်သည်နှင့် ယန္တရားနှလုံးသားက တဖျပ်ဖျပ် တုန်ခါလာလေသည်။ ပုပ်သိုးနေသည့် အနံ့လှိုင်းတစ်ခုက ချက်ချင်း ထွက်လာရာ သူမျက်မှောင်ကြုတ်လိုက်သည်။
သူ၏ ပခုံးတွင်တပ်ဆင်ထားသည့် ယန္တရားလက်မောင်းမှ ဓာတ်မီးသည် အလိုအလျောက် ထွက်ပေါ်လာပြီး မီးရထားတွဲ၏ ကျဉ်းကျဉ်းကြပ်ကြပ် အတွင်းပိုင်းကို အလင်းရောင်ပေးလိုက်သည်။ ကြမ်းပြင်သတ္တုကွက်ပေါ်သို့ ခြေချကာ အထဲသို့ ဝင်လိုက်သည်နှင့် အပျက်အစီးများဖြင့် ပြည့်နှက်နေသော မြင်ကွင်းတစ်ခုက သူ့ကို ကြိုဆိုနေလေ၏။
နှင်းခဲများဖုံးလွှမ်းကာ ပုပ်ပွနေသည့် ရုပ်အလောင်းနှစ်ခု၊ ယောက်ျားတစ်ဦးနှင့် မိန်းမတစ်ဦးတို့သည် ထိုကျဉ်းမြောင်းသော နေရာလေးအတွင်း၌ ထိတ်လန့်ဖွယ်ရာ ငြိမ်သက်စွာ လဲလျောင်းနေကြသည်။
လင်းရှန်၏ အကြည့်သည် ရှုပ်ပွနေသော အခန်းတစ်ခုလုံးကို ဖြတ်သန်းသွား၏။
စွန့်ပစ်ထားသော အစားအစာထုပ်များ၊ အိပ်ရာထုပ်များ၊ စောင်များနှင့် ကျိုးပဲ့နေသော မီးဖိုချောင်သုံးပစ္စည်းများက ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသည်။ ဒယ်အိုးများ၊ ပန်းကန်များနှင့် ဆေးဗူးခွံများလည်း အနှံ့အပြား ပြန့်ကျဲနေသည်၊၊
စုတ်ပြဲနေသော သူတို့၏ ယူနီဖောင်းများကို ကြည့်ခြင်းအားဖြင့်၊ ၎င်းတို့သည် ခိုလှုံရာရှာဖွေခဲ့ကြသော စက်ရုံအလုပ်သမား ဇနီးမောင်နှံ ဖြစ်နိုင်ဖွယ်ရာရှိသည်။ သို့သော် အလွန်အမင်းအေးခဲနေသော လေပွေမရောက်မီကပင် သူတို့သည် သေဆုံးခဲ့ကြပြီး၊ သူတို့၏ ခန္ဓာကိုယ်များသည် အသံတိတ် စိတ်ပျက်အားငယ်မှုဖြင့် ပုပ်သိုးကျန်ရစ်ခဲ့သည်။
ကြမ်းပြင်ပေါ်ရှိ ဆေးဗူးခွံ အရေအတွက် အမြောက်အမြားကို ကြည့်ခြင်းအားဖြင့်၊ သူတို့သည် ဖျားနာခြင်းနှင့် အငတ်ဘေးဒဏ်ကြောင့် သေဆုံးခဲ့ကြသည်ဟု ယူဆရသည်။ သူတို့၏ ကြုံလှီ၍ ခြောက်သွေ့နေသော ရုပ်အလောင်းများက နှေးကွေးပြီး ရှောင်လွဲမရနိုင်သော သေဆုံးခြင်းကို ဖော်ပြနေ၏။
ရှင်သန်ရပ်တည်ရေး ခရီးတစ်လျှောက်တွင် လင်းရှန်သည် ထိုကဲ့သို့သော ကြေကွဲဖွယ်ရာ အဖြစ်ဆိုးများနှင့် မကြာခဏဆိုသလို ကြုံတွေ့ခဲ့ရသည်။
သူသည် သက်ပြင်းတစ်ချက်သာ ချနိုင်ခဲ့ပြီးနောက် သူ၏ အလုပ်သို့ အာရုံပြန်စိုက်လိုက်သည်။
ယန္တရားနှလုံးသားကို အသက်သွင်းကာ၊ သူသည် စက်ခေါင်း၏ လျှပ်စစ်စနစ်ကို ပြုပြင်ခြင်း စတင်တော့သည်။ စနစ်တကျ ပစ်ချက်ရှာဖွေစစ်ဆေးကာ အင်ဂျင်၏ ဗဟိုချက်သို့ ပါဝါကို ပြန်လည်ထောက်ပံ့ပေးလိုက်သည်။
ဘီပ်၊ ဘီပ်၊ ဘီပ်။
ထိန်းချုပ်ခန်းအတွင်းရှိ စနစ်ပြမီးများသည် ပြန်လည် လင်းလက်လာသည်။ အင်ဂျင်၏ နက်ရှိုင်းသော တဂျုံးဂျုံးမြည်သံက အခန်းတစ်လျှောက် ဖြည်းညင်းစွာ ပဲ့တင်ထပ်လာသည်။ အေးခဲနေသည့် သံဘီးများနှင့် ဘရိတ်စနစ်များမှာလည်း အချိန်ကြာမြင့်စွာ အသုံးမပြုခဲ့ရခြင်း၏ ဖိအားအောက်တွင် တုန်ယင်ကာ တကျွီကျွီ မြည်ဟီးလာ၏။
တဂျုံးဂျုံး~
လင်းရှန်သည် ရထားကို နောက်ပြန်မောင်းနှင်လိုက်သောအခါ စက်ခေါင်းကိုယ်ထည်ပေါ်မှ နှင်းများ လျှောကျသွားသည်။ သူသည် အနန္တရထား၏ Gemini နျူကလီးယားတွဲ၏ နောက်ဘက်နှင့် ချိန်ညှိရန် ဂရုတစိုက်မောင်းနှင်နေ၏။
တစ်ဖက်ရှိ ရထားလမ်းပေါ်တွင် နဂါးတောင် နံပါတ် ၁ အင်ဂျင်နီယာအဖွဲ့တစ်ဖွဲ့သည် လင်းရှန်၏ လှုပ်ရှားမှုများကို သတိထားမိကြသည်။ ကြီးမားသော လျှပ်စစ်စက်ခေါင်းကြီးကို မောင်းနှင်လာသည်ကို မြင်သောအခါ သူတို့ အံ့အားသင့်သွားကြသည်။
သို့သော် လင်းရှန်သည် ရထားတွဲအသစ်များကို ချက်ချင်း ချိတ်ဆက်မည့်အစား နံနက်ခင်းအထိ စောင့်ရန် ဆုံးဖြတ်လိုက်သည်။ မပေါင်းစည်းမီ စွမ်းအင်သုံး ရထားတွဲနှစ်ခုကို ရှင်းလင်းရန် သူ၏အဖွဲ့ကို စေခိုင်းမည်ဖြစ်သည်။
ယခုအချိန်အတွက်မူ သူသည် ဒြပ်ပေါင်း သံချပ်ကာပြားများ ထုတ်လုပ်ခြင်းသို့ အာရုံပြောင်းလိုက်သည်။
နဂါးတောင် ၁ ဘက်တွင် အင်ဂျင်နီယာများစွာသည် ရထားပေါ်တွင် တစ်ယောက်တည်း ရပ်နေသော လင်းရှန်ကို သတိပြုမိသော်လည်း သူ ဘာလုပ်နေသည်ကိုတော့ သေချာမသိကြပေ။
နောက်တစ်ခဏတွင် သူတို့၏ မျက်လုံးများ အံ့အားသင့်မှုဖြင့် ပြူးကျယ်သွားကြ၏။
သံပြားများကို ဂဟေဆက်ခြင်း…ပစ္စည်းများ မတင်နေခြင်း… စက်ပစ္စည်းများ ဖြုတ်နေခြင်းကို လုပ်နေသည့် အလုပ်သမားများပင် နေရာတွင် တောင့်တင်းသွားကြသည်။
ရွှစ် ရွှစ် ရွှစ်
လင်းရှန်၏ လက်များတစ်ဝိုက်တွင် ယန္တရားစွမ်းအင်၏ အလင်းရောင် တစ်ဖျတ်ဖျတ် လက်လာ၏။
ရေတွက်မရနိုင်သော ကုန်ကြမ်းပစ္စည်းများ လေထဲသို့ ပျံဝဲတက်လာပြီး တိကျသော သံချပ်ကာများအဖြစ် သူ့အလိုလိုပေါင်းစည်းလာကြသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် မတည်စင်တစ်ခုနှင့် ပုံစံတူ မိုးကာမျက်နှာကျက်တစ်ခု ပေါ်ပေါက်လာပြီး အနန္တရထားကို လေပြင်းမုန်တိုင်းမှ ကာကွယ်ပေးလိုက်သည်။
သံမဏိမျှော်စင်များသဖွယ် မြေပြင်မှ ထိုးထွက်လာကာ ရထားလမ်းပေါ်တွင် ငြမ်းစင်များဖြစ်လာသည်၊၊
ကလန် ကလန် ကလန်
လေးလံသော သံမဏိချောင်းတစ်ခုကို ဆွဲယူနေသော နဂါးတောင်မှ အင်ဂျင်နီယာတစ်ဦးမှာ ပါးစပ်အဟောင်းသားဖြင့် ရပ်တန့်သွား၏။
သူ့လက်များ အားလျော့သွားပြီး သတ္တုတန်းများသည် မြေပြင်ပေါ်သို့ ကျယ်လောင်စွာ ကျရောက်သွားသည်။
“ဒါ…ဒါ ဘယ်လိုတွေဖြစ်ကုန်တာလဲ”
“သူက စက်ရုံတစ်ခုလုံးကို လေထဲကနေ ဆောက်လိုက်တာလား”
“ဘုရားရေ”
“ဒါ ဘယ်လိုစွမ်းရည်လဲ…”
လင်းရှန်သည် အံ့သြတုန်လှုပ်နေသော အကြည့်များကို လျစ်လျူရှုကာ အဓိက သံမဏိချပ်ကာတည်ဆောက်မှုကို အာရုံစိုက်နေသည်။
သံချပ်ကာပြားများ ပြီးစီးသည်နှင့် နံနက်ခင်းတွင် သူ၏အဖွဲ့သည် ရထားတွဲများကို ဖြုတ်တပ်ကာ ပြုပြင်ရန် စီစဉ်ထားသည်။
သို့သော် ထိုအချိန်တွင်—
အဝေးမှ မီးတန်းများ တောက်ပလာသည်။
နှင်းတောစီးယာဉ် အများအပြား မုန်တိုင်းကို ဖြတ်ကျော်ကာ ကုန်တင်စခန်းဆီသို့ အရှိန်အဟုန်ဖြင့် မောင်းနှင်လာကြ၏။
ဗရူး~ ဗရူး
ယာဉ်များသည် ပင်မရင်ပြင်တွင် တရွတ်ဆွဲကာ ရပ်တန့်သွားရာ လင်းရှန်၏ စူးရှသောအကြည့်သည် ယာဉ်ပေါ်ပါလာသူများကို ချက်ချင်း မြင်လိုက်သည်။
ရှီတိယွမ်၊ ချီလီနှင့် အခြားသော ယာဉ်တန်းခေါင်းဆောင်များစွာတို့သည် သူတို့၏ နှင်းဒဏ်ခံဝတ်စုံဝတ်ထားသော အဖွဲ့သားများကြားမှ ထွက်ပေါ်လာကြသည်။
နောက်ဘက် ယာဉ်နှစ်စီးတွင် မရင်းနှီးသော မျက်နှာပိုင်ရှင် အုပ်စုတစ်စု ပါလာ၏—
သူတို့ကို ဦးဆောင်လာသူမှာ ရှည်လျားသော အနီရောင်လှိုင်းတွန့်ဆံပင်နှင့် အရပ်မြင့်သော အမျိုးသမီးတစ်ဦးဖြစ်သည်။
ဘွတ်ဖိနပ်အရှည်များ ဝတ်ဆင်ထားသော သူမ၏ ခန့်ညားထည်ဝါသည့် အရပ်အမောင်းသည် သူမဘေးမှ အမျိုးသားများစွာကိုပင် သေးငယ်သွားစေသည်။
“လင်းရှန်”
ရှီတိယွမ်သည် သူ့ကို ချက်ချင်းတွေ့မြင်လိုက်ပြီး အဖွဲ့ကို ဦးဆောင်ကာ ရှေ့သို့ လာရင်း လက်ဝှေ့ယမ်းပြလိုက်သည်။
“သေစမ်း…လင်းရှန်… ငါ ခဏလေး ပျောက်နေတာကို အခု မင်းက စက်ရုံတစ်ရုံလုံးကို ဆောက်လိုက်ပြီလား”
လင်းရှန်သည် သံချပ်ကာပြားတစ်ခုကို ကိုင်ဆောင်လျက် လျှောက်သွားရင်း ရယ်မောကာ ခေါင်းယမ်းလိုက်သည်။
“အဲဒီလောက်လည်း မဟုတ်ပါဘူး”
သူသည် အနီရောင်ဆံပင်နှင့် အမျိုးသမီးဘက်သို့ လှည့်ကြည့်လိုက်သည်။
“ဒါ ဘယ်သူလဲ”
ရှီတိယွမ်က ပြုံးကာ
“မိတ်ဆွေအသစ်ကို မိတ်ဆက်ပေးရဦးမယ်”
လင်းရှန်သည် စိတ်ထဲမှ သက်ပြင်းချလိုက်သည်— ရှီတိယွမ်သည် လူမှုဆက်ဆံရေးမှာ တော်သူတစ်ဦး ဖြစ်သည်။
အနီရောင်ဆံပင်နှင့် အမျိုးသမီးက ရှေ့သို့ တိုးလာသည်။
သူမ၏ လေကာမျက်မှန်တွင် ရထား၏ မီးရောင်များ ရောင်ပြန်ဟပ်နေသော်လည်း သူမ၏ နက်ရှိုင်းသော မျက်လုံးများသည် လင်းရှန်ကို စူးစမ်းအကဲဖြတ်သည့် အကြည့်ဖြင့် စိုက်ကြည့်နေ၏။
ရှီတိယွမ်က ဆက်ပြောသည်။
“လင်း၊ မြို့က အခု လုံခြုံသွားပြီလို့ သူတို့ဆီက ကြားတယ်— သတိထားစရာ မလိုတော့ဘူး။ သူ့မှာ မျှဝေစရာ အချက်အလက်တချို့ရှိတယ်။ မင်းက ယန္တရား စွမ်းအားရှင်ဆိုတာ သိတော့ အကူအညီတောင်းချင်တာရှိတယ်တဲ့”
လင်းရှန်သည် သံချပ်ကာပြားကို ချထားပြီး သူမဘက်သို့ လှည့်လိုက်သည်။
“ဘယ်လို အကူအညီမျိုးလဲ”
အမျိုးသမီးက ပြုံးပြသည်။
“ကျွန်မက မိုနီကာပါ။ မိတ်ဆွေဖြစ်ဖို့ စိတ်ဝင်စားလား”
သူမ၏ အသံသည် ရဲရင့်သော်လည်း မိန်းမဆန်ပြီး အာဏာရှိသူတစ်ဦး၏ ထင်ရှားသော လေယူလေသိမ်းမျိုး ပါရှိနေသည်။
လင်းရှန်သည် သူမကို သူစိမ်းဟု အစပိုင်းက ယူဆခဲ့သော်လည်း အမှန်တကယ်တွင် သူမသည် ချီလီ၏ မိတ်ဆွေဟောင်းတစ်ဦးဖြစ်ပြီး အခြားရထားယာဉ်တန်း၏ ယာဉ်တန်းခေါင်းဆောင်တစ်ဦး ဖြစ်သည်။
ခေါင်းညိတ်ပြပြီး လင်းရှန်သည် ရထားပေါ်မှ ခုန်ဆင်းကာ လက်ဆွဲနှုတ်ဆက်ရန် လက်ကမ်းလိုက်သည်။
“လင်းရှန်…. အနန္တရထားယာဉ်တန်းကပါ”
မိုနီကာသည် သူ့လက်ကို လှုပ်ယမ်းနှုတ်ဆက်ပြီး သူမ၏ မျက်လုံးများက သူ့ဘေးရှိ သံချပ်ကာပြားများဆီသို့ တဖျပ်ဖျပ်လက်ကာ ရောက်ရှိသွားသည်။
“ယန္တရားစွမ်းရည်… ရှင်က ဒီရထားတစ်စီးလုံးကို ကိုယ့်ဘာသာကိုယ် ဆောက်ထားတယ်လို့ မပြောပါနဲ့နော်”
လင်းရှန်သည် ရှီတိယွမ်နှင့် ချီလီကို မျက်ခုံးပင့်ကာ ကြည့်လိုက်သည်။
ခဗျားတို့က သူမကို ဘယ်လောက်တောင် ပြောထားတာတုန်း… သူ့ကို ရထားတစ်စင်းလုံး ဆောက်ပေးစေချင်တာလား…
“မဟုတ်ပါဘူး”
“ကျုပ်မှာ အဲဒီလောက် စွမ်းအားရှိရင် မြေကြီးပေါ်မှာ ပြေးနေမယ့်အစား အာကာသယာဉ်တစ်ခုလောက် ဆောက်နေလိမ့်မယ်”
ခစ်—
မိုနီကာသည် ရယ်မောလိုက်ပြီး တောင်းပန်သည့်ဟန်ဖြင့် လက်တစ်ဖက်ကို မြှောက်လိုက်သည်။
“sryပါ… ကျွန်မ မှားသွားတာပါ”
ချီလီက မဲ့ပြုံးပြပြီး နောက်သို့ မှီလိုက်သည်။
“မိုနီကာ… ဒီချောမောတဲ့ ကောင်လေးကို အထင်မသေးနဲ့။ သူသာ မရှိရင် ငါတို့—ဖီးနစ်အဖွဲ့ပါမကျန်—မုန်တိုင်းထဲကနေ အသက်ရှင်လွတ်မြောက်လာမှာ မဟုတ်ဘူး”
ပခုံးတွန့်ပြကာ သူသည် အပေါ်အကျီကို ပိုမို တင်းကျပ်အောင် ဆွဲလိုက်ပြီး ရှီတိယွမ်ကို ကြည့်လိုက်သည်။
“ကဲ…အဘိုးကြီး ရှီ— မင်း သောက်စရာနေရာရှိတယ်လို့ မပြောခဲ့ဘူးလား”
“ဟုတ်သားပဲ… လိုက်ခဲ့ကြ”
မကြာမီ သူတို့သည် နဂါးတောင် ၁ ၏ ဘား-ရထားတွဲတွင် စုရုံးရောက်ရှိသွားကြသည်။ ထိုတွဲသည် စားသောက်ဆိုင်-ဘားပုံစံပေါင်းစပ်ကာ နွေးထွေးပြီး အပြည့်အစုံ စုဆောင်းထားသော အခန်းဖြစ်သည်။