← Chapters

အရက်ဝိုင်း

Vol. 25 Ch. 372

အရက်ဝိုင်း

Vol. 25 Ch. 372

အဖွဲ့သားများ ဆိုဖာများတွင် နေရာယူလိုက်ကြစဉ် ရှီတိယွမ်သည် ဖန်ခွက်ကြီးများထဲသို့ ကြည်လင်သောအရက်များကို လောင်းထည့်လိုက်ရာ ၎င်း၏ ပြင်းရှသောအနံ့က လေထဲတွင် ပြန့်လွင့်သွား၏။

“နဂါးတောင်ရဲ့ အကောင်းဆုံးအရက်… အေးခဲနေတဲ့ ကမ္ဘာပျက်ကပ်အတွက် အကောင်းဆုံးသောက်စရာပဲ”

မိုနီကာသည် ပြုံးပြပြီး တစ်ခွက်လုံးကို တစ်ကျိုက်တည်း မော့ချလိုက်သည်။

အဖွဲ့သားများမှာ ကြောင်ကြည့်နေကြသည်—သို့သော် ချီလီမှာမူ အံ့သြခြင်းမရှိပေ။

ရယ်မောလိုက်ပြီး သူသည် သူ၏ ဖန်ခွက်ကို အဝေးသို့ရွေ့လိုက်သည်၊၊

“ဟေ့ အရက်သမား။ နောက်မှ လှေကားထစ်ကို ဆင်းမပြေးနဲ့ဦး”

ရယ်သံများ ပဲ့တင်ထပ်လာသည်နှင့်အမျှ ထောက်လှမ်းရေးအချက်အလက်များ မျှဝေခြင်း၊ စီစဉ်ခြင်းနှင့် စိတ်မချရသော ချစ်ကြည်ရင်းနှီးမှုညသည် စတင်ခဲ့သည်။

“ဒီလိုဆို နောက်ရက်အနည်းငယ်လောက်တော့ မြို့ထဲမှာ အေးအေးဆေးဆေး အနားယူနိုင်တယ်” မိုနီကာက ပြောသည်။

“ခွန်အားပြန်ဖြည့်၊ လူသစ်တွေ ထပ်စုဆောင်းကြ။ ဖီးနစ်နဲ့ Arctic Wind မဟာမိတ်အဖွဲ့မှာ ပစ္စည်းတွေ အများကြီးရှိတယ်။ သွေးပဲစေ့နဲ့ မလဲနိုင်ရင်တောင် ဖီးနစ်ဆီကနေ အခြေခံပစ္စည်းတွေနဲ့ ကာကွယ်ရေးလက်နက်တချို့ကို အခမဲ့ ရနိုင်သေးတယ်။ ဒါမှမဟုတ်၊ ယာဉ်တန်းကြီးတွေထဲက တစ်ခုခုမှာ ဒါမှမဟုတ် ဖီးနစ်မှာ ဝင်ပူးပေါင်းလိုက်တာကလည်း မဆိုးတဲ့ ရွေးချယ်မှုပဲ”

“လူသစ်စုဆောင်းတာ” ရှီတိယွမ်သည် ထိုအသုံးအနှုန်းကို ကြားကာ မျက်ခုံးပင့်လိုက်သည်။

“ဘာလဲဟ… ငါတို့ အချင်းချင်း လူတွေအတွက် ရန်ဖြစ်တော့မှာလား”

“အတိအကျတော့ မဟုတ်ဘူး” ချီလီက အေးအေးဆေးဆေး ပြန်ပြောသည်။

“လူအများကြီးရှိတဲ့အခါ အဲဒီလို ဖြစ်တတ်တာပဲ။ ယာဉ်တန်းငယ်တွေက ယာဉ်တန်းကြီးတွေနဲ့ ပူးပေါင်းချင်ကြတယ်၊ စွမ်းအားရှင်တွေက ခိုင်မာတဲ့ နောက်ခံအင်အားကို လိုချင်ကြတယ်။ ဖီးနစ်က အကူအညီပေးနိုင်တယ်၊ ဒါပေမယ့် လူတိုင်းကို လက်ခံစောင့်ရှောက်ပေးဖို့တော့ မတတ်နိုင်ဘူး။ ပြီးတော့ ဖီးနစ်ကို ဝင်ဖို့က မလွယ်ဘူး— သူတို့ရဲ့ မစ်ရှင်တွေက အရမ်းအန္တရာယ်များပြီး သေဆုံးနှုန်းလည်း မြင့်တယ်၊၊ လူအများစုအတွက်ကတော့ ခိုင်မာတဲ့ ယာဉ်တန်းတစ်ခုနဲ့ နေတာက ပိုအဆင်ပြေတယ်”

“ဟုတ်တယ်”

မိုနီကာက ပြုံးသည်။

“ဖီးနစ်နဲ့ ပူးပေါင်းတာက သက်တောင့်သက်သာရှိတဲ့ အစီအစဉ် မဟုတ်ဘူး။ ယာဉ်တန်းအများစုက အပြည့်အဝ အဖွဲ့ဝင်မဖြစ်ဘဲ သူတို့နဲ့ ပူးပေါင်းလုပ်ဆောင်တာကို ပိုကြိုက်တယ်။ ရှင်သန်သူတွေက နေထိုင်ဖို့ နေရာရှာနေကြတာ— ဒါပေမယ့် ဖီးနစ်ကရော... သူတို့က သေခြင်းတရားဆီကို တန်းတန်းမတ်မတ် ဦးတည်နေတာပဲ မဟုတ်လား။ ဝင်ဖို့ စဉ်းစားနေတဲ့သူတိုင်း ကိုယ့်ကိုယ်ကိုယ် သတ္တိရှိရဲ့လားလို့ အရင်မေးသင့်တယ်”

အဖွဲ့တစ်ခုလုံး တိတ်ဆိတ်သွားသည်။

များစွာသောသူတို့သည် ဖီးနစ်သို့ ဝင်ခြင်းသည် အစွမ်းထက်သော ထောက်ပံ့သူကို ရရှိခြင်းဟု မူလက ထင်ခဲ့ကြသော်လည်း ဖီးနစ်သည် အာရုဏ်ဦးမြို့တော်နှင့် ဖက်ဒရေးရှင်းတို့မှာ ကွဲပြားသည်မှာ ထိုအချက်ပင် ဖြစ်သည်။

လင်းရှန်သည် ထိုအချက်ကို အရင်ထဲက သဘောပေါက်ခဲ့သည်။

အာရုဏ်ဦးမြို့တော်သည် ကာကွယ်ကြေးများ ကောက်ခံသော်လည်း မြို့ရိုးအတွင်းရှိ ရှင်သန်သူများသည် မြို့၏ ကာကွယ်ရေးအတွက် တာဝန်ယူရန် မလိုပေ— မြို့ကို ဝိုင်းရံခံရသည့် အရေးပေါ်အချိန်မှလွဲ၍ ဖြစ်သည်။

သို့သော် ဖီးနစ်တွင် မြို့၊ ခံတပ် မရှိပေ။ ၎င်းသည် တစ်ကမ္ဘာလုံးတွင် လည်ပတ်နေပြီး ရှင်သန်သူများကို အာရုဏ်ဦးဆီသို့ လမ်းညွှန်ပေးကာ အမှောင်ည၏ ကျုးကျော်မှုကို ရိုးရိုးရှင်းရှင်း ကာကွယ်ပေးခြင်းထက် ပြန်လည်တိုက်ခိုက်ရန် ဦးဆောင်နေသည်။

ဖီးနစ်တွင် ပါဝင်ခြင်းသည် လူသားမျိုးနွယ်ကို ကယ်တင်ရန် တာဝန်ကို လက်ခံခြင်း ဖြစ်သည်။

ထိုအရာသည် သာမန်ကတိကဝတ်တစ်ခု မဟုတ်ပေ။

ထို့ကြောင့်ပင် စတားဖလိ့ စစ်အုပ်စုသည် ၎င်း၏ ဒဏ္ဍာရီဆန်သော ဂုဏ်သတင်းကို ရရှိခဲ့ခြင်း ဖြစ်သည်—

ကမ္ဘာပျက်ကပ်နေ့ ရောက်ရှိလာသောအခါ စတားဖလိ့ စစ်တပ်သည် ရှင်သန်သူများကို ဆက်လက်ကာကွယ်ပေးသည့် တစ်ခုတည်းသော စစ်အင်အားစု ဖြစ်လာသည်။

ကမ္ဘာကြီး ပြိုကွဲသွားသည့်အခါ သူတို့သည် ရှေ့တန်းတွင် ရပ်တည်ရန် မတွန့်ဆုတ်ခဲ့ကြပေ။

“ယာဉ်တန်းကြီးတွေက အစွမ်းထက် စွမ်းအားရှင်တွေ၊ မျိုးရိုးဗီဇပြောင်းလဲလာသူတွေနဲ့ ထူးခြားတဲ့ကျွမ်းကျင်မှုရှိတဲ့ ကျွမ်းကျင်ပညာရှင်တွေကို လိုချင်ကြတယ်။ ယာဉ်တန်းတိုင်းက သူ့ဘာသာသူ အားကောင်းအောင် ကြိုးစားနေကြတယ်— ဒါဟာ ရှင်သန်ဖို့ တစ်ခုတည်းသော နည်းလမ်းပဲ”

မိုနီကာသည် သူမ၏ အရက်ကို တစ်ငုံသောက်ပြီး ပေါ့ပေါ့ပါးပါး ဆက်ပြောသည်။

“သွေးပဲစေ့တွေက အခုဆိုရင် အခြေခံအားဖြင့် ငွေကြေး ဖြစ်နေပြီ။ မဟာမိတ်တွေ၊ အဖွဲ့အစည်းတွေ၊ ဒါမှမဟုတ် ဖီးနစ်နဲ့ လက်နက်တွေ၊ ကိရိယာတွေ၊ ပစ္စည်းတွေအတွက် လဲလှယ်နိုင်တယ်။ အနောက်စီလန်မြို့က ရှင်သန်သူတွေ ယာယီအခြေချနေထိုင်ရာနေရာလို ခံစားနေရပြီ— ကူးသန်းရောင်းဝယ်ရေး အရိပ်အယောင်လေးတောင် ရှိနေပြီ။ ကဲ...မနက်ဖြန်ကျရင် ထျန်းနန်လမ်းကို သွားကြည့်ကြမယ်...အဲ့မှာ ဖျော်ဖြေရေးလေးတွေတောင် တွေ့ချင်တွေ့ရလိမ့်မယ်”

ချီလီသည် မျက်လုံးလှန်ကြည့်ပြီး ဒေါသတကြီး တံတွေးထွေးလိုက်သည်။ “ဘာလဲ… ပြည့်တန်ဆာရုံလား။ ငါတို့အားလုံး ရှင်သန်ဖို့ ကြိုးစားနေရတာ... အဲလိုအရာမျိုးကို ဘယ်သူက ဂရုစိုက်နေဦးမှာလဲ”

“အိုး...ငါက အဲဒါကိုဆိုလိုတာ မဟုတ်ပါဘူးနော်~”

မိုနီကာသည် သူမ၏ ပါးကို တစ်ဝက်ကျန်နေသော ဖန်ခွက်ဖြင့် ကပ်ထားပြီး အမျိုးသားအုပ်စုကို စိတ်ဝင်စားသော အကြည့်ဖြင့် လှည့်ပတ်ကြည့်လိုက်သည်။

“ကျွန်မက အထူးစွမ်းအားရှင်ဝန်ဆောင်မှုကို ပြောတာ။ အဲဒါမျိုး ကြိုးစားဖူးလား”

ဖွီး..

ယာဉ်တန်းခေါင်းဆောင်အနည်းငယ်သည် သူတို့၏ အရက်များကို သီးသွားပြီး စားပွဲပေါ်သို့ အရက်များ ကျကုန်ကြသည်။

လင်းရှန်နှင့် ရှီတိယွမ်ပင် ထိတ်လန့်သွားကြသည်။

အထူးစွမ်းအားရှင် ဝန်ဆောင်မှုလား။

လင်းရှန်သည် မိုနီကာ ပြောသည်အထိ ထိုကဲ့သို့သော အရာကို တစ်ခါမျှ စဉ်းစားခဲ့ခြင်းပင် မရှိပေ။

အမျိုးသားများ မရေမရာသောအကြည့်များ ဖလှယ်နေကြစဉ် နန်ကျင်းသည် လက်များကို ပိုက်ထားပြီး မိုနီကာကို စိတ်မဝင်စားသော အမူအရာဖြင့် စိုက်ကြည့်နေသည်။

“အဓိပ္ပာယ်မရှိတာတွေ တော်ပြီ၊၊ အသုံးဝင်တဲ့ အရာတစ်ခုခုကို ပြောရအောင်— ဥပမာ မြို့ကနေ ဘာတွေ ရနိုင်လဲ၊ ဒါမှမဟုတ် ဖီးနစ်ရဲ့ စီမံကိန်းတွေလိုမျိုးပေါ့”

မိုနီကာလည်း စကားလမ်းကြောင်းပြောင်းသွားသည့်အတွက် ရယ်မောလိုက်ပြီးနောက် အရက်ကို နောက်တစ်ငုံသောက်ကာ ပုံမှန်လမ်းကြောင်းသို့ ပြန်ရောက်လာသည်။

“ကောင်းပြီ၊ နေထွက်တာနဲ့ ဗဟိုရိပ်သာလမ်းတစ်ဝိုက်က အဓိက ရှင်သန်သူရပ်ကွက်တွေကို သွားကြည့်လို့ရတယ်။ ကုန်သွယ်ပစ္စည်းတွေ ဒါမှမဟုတ် သွေးပဲစေ့တွေ ရှိသရွေ့ လိုအပ်တာမှန်သမျှ အဲဒီမှာ တွေ့လိမ့်မယ်”

“ဖီးနစ်အတွက်ကတော့ ဒီနေရာကို တာဝန်ယူတာက ကျိုးယုဆိုတာပဲ ကျွန်မ သိတယ်။ သူက တပ်ရင်း (၇) ထောက်လှမ်းရေးတပ်ဖွဲ့ကို ဦးစီးပြီး လက်ရှိ စီမံကိန်းက ၃၁ ရက်နေ့ အာရုဏ်မတက်မီမှာ အနောက်စီလန်မြို့ကနေ ထွက်ခွာဖို့ပဲ။ ဆိုလိုတာက ရှင်တို့အားလုံးမှာ အနားယူဖို့နဲ့ ပစ္စည်းပြန်ဖြည့်ဖို့ အချိန်နှစ်ရက် အပြည့်ရှိတယ်”

“ဒါ့အပြင်၊ ညလျှောက်လှမ်းသူတွေက ဗဟိုရိပ်သာလမ်းပေါ်က မီရှဲလ်ဘုရားကျောင်းမှာ စွမ်းရည်စစ်ဆေးမှုတွေ လုပ်နေတယ်။ ဆင့်ကဲပြောင်းလဲမှုထက် မြင့်တဲ့ စွမ်းအားရှင် ဒါမှမဟုတ် အဆင့် ၃ ဒါမှမဟုတ် အဲဒီထက် မြင့်တဲ့ မျိုးရိုးဗီဇပြောင်းလဲသူတိုင်း ပါဝင်ရင် အခမဲ့ပစ္စည်းတွေ ရရှိလိမ့်မယ်။ အဆင့်ပိုမြင့်လေ၊ ဆုလာဘ် ပိုကောင်းလေ— တိုက်တေနီယမ်အဆင့်က ပိုတောင် များသေးတယ်”

သူမ ရုတ်တရက် သတိထားလိုက်သည်။

“ဒါပေမယ့်— အနောက်စီလန်မှာ အင်အားကြီးအဖွဲ့စည်းတွေ မနည်းဘူး။ ယာဉ်တန်းကြီးတိုင်းနဲ့ ဖီးနစ်က အဲဒီနေရာကို အာရုံစိုက်နေတယ်။ ရှင်တို့ လူတွေထဲက တစ်ယောက်ယောက်က အဆင့်မြင့်ရင် အသိပေးခံရဖို့ မျှော်လင့်ထားပါ။ ယာဉ်တန်းကြီးတွေမှာ အထူးအခွင့်ရေးအမျိုးမျိုး ရှိတယ်၊၊ စွမ်းအားရှင်တွေ အဖွဲ့ပြောင်းတာက အမြဲတမ်း ဖြစ်နေကျပဲ”

“ဟဲဟဲ..အဲဒါပဲလား”

ရှီတိယွမ်သည် လုံးဝစိတ်မပူသော လေသံဖြင့် ရယ်မောလိုက်သည်။

“ကျုပ်လူတွေက တခြားနေရာမှာ ပိုကောင်းတဲ့ အခွင့်အရေးတွေ့ရင် သူတို့အတွက် ကောင်းတာပေါ့။ ဒါပေါ့..သူတို့အတွက် ပျော်တောင် ပျော်ပေးဦးမယ်— ကျုပ်ပခုံးပေါ်က ဝန်ပိနေတာတွေ လျော့သွားမှာပဲလေ... ဟားဟားဟား”

လင်းရှန်သည် သူ၏ ဆင်ခြင်တုံတရားကို နားလည်ပေသည်။

နဂါးတောင် ၁ တွင် လူတစ်ထောင်ကျော်ရှိပြီး အများစုမှာ သာမန်ရှင်သန်သူများ ဖြစ်ကြသည်။

မူလ နဂါးတောင် ၁ မှ လူအနည်းငယ်သာ— ကျန်သူများမှာ လမ်းတစ်လျှောက်တွင် ကယ်ဆယ်ခံရပြီး လေ့ကျင့်ပေးကာ လက်နက်တပ်ဆင်ပေးထားသော ရှင်သန်သူများ ဖြစ်ကြသည်။

တစ်ဦးချင်း တိုက်ခိုက်ရေးစွမ်းအားအရ နဂါးတောင် ၁ သည် အထက်တန်းလွှာယာဉ်တန်းများထက် အများကြီးအားနည်းသော်လည်း ရထားခံတပ်အဖြစ် ရှင်သန်နိုင်ခဲ့သည်။

သူတို့ကို အသက်ရှင်စေသည့် အရာသည် စွမ်းအားသက်သက် မဟုတ်ခဲ့ပေ။

All Chapters