← Chapters

ဘုရင်မ မိုနီကာ

Vol. 25 Ch. 374

ဘုရင်မ မိုနီကာ

Vol. 25 Ch. 374

မိုနီကာသည် သူ၏ မျက်နှာပေါ်ရှိ အမူအရာကို သတိပြုမိပြီး ပြုံးလိုက်သည်။ သူမ ဘာကိုမှ ဖုံးကွယ်ရန် မကြိုးစားပဲ…

“ဟုတ်တယ်။ Kor အုပ်စုက ကမ္ဘာပျက်ကပ်စီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် တည်ဆောက်ခဲ့တာပဲ… စစ်ဘက် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတစ်ခုပေါ့။ အကန့်အသတ်နဲ့ထုတ်လုပ်မှုပဲ— တစ်စီးကို ဘီလီယံနှစ်ထောင်ကုန်ကျတယ်။ ကျွန်မရဲ့ တစ်ဆယ့်ရှစ်နှစ်မြောက် မွေးနေ့လက်ဆောင်ပေါ့”

ဘီလီယံနှစ်ထောင်တန်သော မွေးနေ့လက်ဆောင်…

ကျန်သူများက သူမကို ထူးဆန်းသော အမူအရာများဖြင့် ကြည့်လိုက်ကြသည်။ ချီလီကမူ သူမကို မျက်စောင်းထိုးကြည့်လိုက်သည်၊၊

“အာ့~ အဲဒီ လက်ဆောင်ကို အမုန်းဆုံးလို့ ပြောဖူးတဲ့သူက ဘယ်သူလဲ။ အခု ကြည့်ပါဦး၊ အဲဒါက မင်းရဲ့ အသက်သွေးကြောပဲ”

“ခစ် ခစ်~ဒီလိုတွေဖြစ်လာတာတော့ မတတ်နိုင်ဘူးလေ~” မိုနီကာသည် ပခုံးတွန့်ပြပြီး ပြုံးသည်။

“ဒီလို အချိန်မျိုးမှာ အသက်ရှင်ဖို့က အရေးအကြီးဆုံးပဲ~”

လင်းရှန်သည် နောက်ဆုံးတွင် သဘောပေါက်သွားသည်— မိုနီကာသည် ကမ္ဘာပျက်ကပ်မတိုင်မီက ချမ်းသာကြွယ်ဝသော အမွေဆက်ခံသူ ဖြစ်သည်။ သူသည် အလွန်အမင်း ချမ်းသာကြွယ်ဝသူများသည် ကမ္ဘာပျက်ကပ်မြေအောက်ခန်းများနှင့် ရှင်သန်ရေး အခန်းငယ်များကို တည်ဆောက်ရသည်ကို နှစ်သက်ကြောင်း သိသည်။ ၎င်းသည် သူတို့အတွက် စိတ်ပိုင်းဆိုင်ရာ ထိတ်လန့်မှု သို့မဟုတ် ကြိုတင်စီစဉ်မှု ဖြစ်သည်။ ထိုမျှသော ငွေကြေးပမာဏဖြင့် ကုမ္ပဏီများသည် သူတို့၏ ကြောက်ရွံ့မှုများကို ဝမ်းမြောက်စွာ ဖြည့်ဆည်းပေးခဲ့ပြီး ဈေးကွက်ကို ငွေညှစ်ရန်အတွက် ဇိမ်ခံ ကမ္ဘာပျက်ကပ်ရှင်သန်ရေး နည်းပညာကို ပေးခဲ့ကြသည်။

ထိုအရာများသည် တကယ်ပင် အသုံးဝင်လာမည်ဟု မည်သူက ထင်ခဲ့မည်နည်း။ ယခု စီလန်မြို့တွင် မိုနီကာ၏ ‘ဘုရင်မ မိုနီကာ’ အမည်ရှိ ရထားသည် အခြေခံအားဖြင့် လူတိုင်း ပိုင်ဆိုင်လိုသော ရွေ့လျား ခံတပ်တစ်ခု ဖြစ်သည်— တိုက်ခိုက်ရေးစွမ်းအားနှင့် လေးနက်သော လုံခြုံရေးများ ပြည့်နှက်နေသည်။

သို့သော် လင်းရှန်သည် ချို့ယွင်းချက် အစီရင်ခံစာများကို ကြည့်လိုက်စဉ် သူ၏ မျက်ခုံးများ ပြန်လည် တွန့်ကွေးသွားသည်။

ပြဿနာများသည် နဂါးတောင် ၁ ကြုံတွေ့ခဲ့ရသော ပြဿနာများနှင့် အတော်လေး ဆင်တူသည်— စနစ်ချို့ယွင်းချက်များစွာ၊ အများစုမှာ မောင်းနှင်မှု အစိတ်အပိုင်းများ၊ ပါဝါစနစ်များနှင့် နျူကလီးယား စွမ်းအင်ဗဟိုချက်တွင်ပင် ပြဿနာရှိနေသည်။ ၎င်းတို့သည် ချို့ယွင်းချက်သက်သက်သာ မဟုတ်ပေ— ၎င်းတို့သည် ညံ့ဖျင်းသော ထိန်းသိမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် ပြန်လည်ပြုပြင်မရနိုင်သော ပျက်စီးမှုများ ဖြစ်သည်။

ရိုးရှင်းစွာ ပြောရလျှင်- အစိတ်အပိုင်းအများစုသည် ပြုပြင်ခြင်းထက် ကျော်လွန်နေသည်။ ၎င်းတို့ကို အစားထိုးရန် လိုအပ်သည်။

အကယ်၍ ၎င်းသည် အခြားသူ တစ်ဦးဦးဆိုလျှင် Game Over အခြေနေပင်၊၊ သို့သော် လင်းရှန်တွင် သူ၏ ယန္တရားစွမ်းရည်ရှိသည်။ အစိတ်အပိုင်းများသည် ခက်ခဲသောပစ္စည်းများ ဖြစ်နိုင်သော်လည်း လုံလောက်သော အချိန်နှင့် အားထုတ်မှုဖြင့် သူ ကိုင်တွယ်နိုင်သည်။ သို့တိုင်၊ မိုနီကာနှင့် သူမ၏ အဖွဲ့သားများအတွက်မူ ဤသည်မှာ အိပ်မက်ဆိုးတစ်ခု ဖြစ်သည်။

သူမ၏ ရထားသည် အကန့်အသတ်ထုတ်လုပ်မှု ဖြစ်သည်။ Kor အုပ်စုသည် ကမ္ဘာပျက်ကပ်နေ့မတိုင်မီကပင် ဒေဝါလီခံသွားခဲ့သည်။ လက်နက်များသည် စံပြု စစ်ဘက်ထုတ်ဖြစ်ပြီး အစားထိုးရန် လွယ်ကူသော်လည်း ကျန်အရာများ— ကိုယ်ထည်၊ မောင်းနှင်မှုစနစ်များ၊ အထူးဒီဇိုင်းတို့သည် ကိုယ်ပိုင်ပြုလုပ်ထားသော တည်ဆောက်မှုများ ဖြစ်သည်။ အရန်အစိတ်အပိုင်း မရှိ…အထောက်အပံ့ မရှိ။ ပြီးတော့ ထင်ရှားသည်မှာ၊ ရထားပေါ်တွင် ကျွမ်းကျင်သော အင်ဂျင်နီယာများ မရှိပေ။ အချိန်ကြာလာသည်နှင့်အမျှ ဤအရာများသည် ပြန်လည်ပြင်ဆင်မရနိုင်သော ချို့ယွင်းပျက်စီးမှုအဖြစ် ပျံ့နှံ့သွားခဲ့သည်။

ဒါကြောင့်… ဘုရင်မ မိုနီကာသည် ကြည့်ကောင်းသော်လည်း လူတိုင်း ထင်ထားသည်ထက် ပိုမို ပျက်စီးနေသည်။ မိုနီကာလည်း သိသည်။ လင်းရှန်သည် တတ်ဘလက်ကို ကြည့်ရှုနေစဉ်၊ သူမ၏ ပုံမှန် ယုံကြည်မှုသည် သတိပြုမိရန် ခက်ခဲသော တင်းမာမှုဖြင့် အစားထိုးသွားခဲ့သည်။

အဖွဲ့သားများ တိတ်ဆိတ်စွာပင် သူတို့၏ အရက်ဆက်သောက်နေကြသည်။ မိုနီကာသည် သူမ၏ ဖန်ခွက်ထဲတွင် အရက်ပါရှိသကဲ့သို့ ညင်သာစွာ လှည့်ကာ လင်းရှန်၏ အဆုံးအဖြတ်ကို တိတ်တဆိတ် စောင့်ဆိုင်းနေသည်။

“ကိုင်တွယ်လို့ရတယ် အနေထားမှာ ရှိတယ်” လင်းရှန်က နောက်ဆုံးတွင် ပြောပြီး တတ်ဘလက်ကို ပြန်ပေးလိုက်သည်။

“ဒါပေမယ့်—”

“ဒါပေမယ့်” မိုနီကာ၏ မျက်ခုံးများ တွန့်ကွေးသွားသည်။ ထို “ဒါပေမယ့်”က သူမ၏ ရင်ဝကို တင်းကျပ်စေခဲ့သည်။

“ပေးချေမှုအတွက် စိတ်မပူပါနဲ့— ကျွန်မတို့မှာ သွေးပဲစေ့တွေ အများကြီးရှိတယ်”

“အဲဒါ ပြဿနာမဟုတ်ဘူး” လင်းရှန် ခေါင်းယမ်းလိုကာသည်။

“အဓိက အချက်က ကျုပ် ဒီည အလုပ်များနေတယ်။ ကျုပ်ရဲ့ ရထားကို အပြည့်အဝ ပြုပြင်ရသေးတာ မဟုတ်ဘူး။ မနက်ဖြန် နေထွက်ပြီးမှ ခဗျားရဲ့ ရထားကို ကြည့်ပေးနိုင်မယ်ထင်တယ်”

မိုနီကာသည် ထင်ရှားစွာ စိတ်အေးသွားပြီး တောက်ပသော အပြုံးဖြင့်

“အိုး~ အဲဒါပဲလား။ ရှင်က ကျွန်မကို ခနလောက် ကြောက်သွားအောင် လုပ်လိုက်တာပဲ ကိုလူချော”

“အလျင်လိုစရာ လုပ်စရာ မလိုပါဘူး” သူမက ရွှင်ပျစွာ ပြောသည်။

“အချိန်ယူလိုက်ပါ။ ပြီးရင် ကျွန်မကို လာရှာပါ— မြို့ထဲမှာ လိုက်ပြပေးမယ်”

ရှီတိယွမ်သည် ထိုအချက်ကို သဘောကျသွားပြီး ချီလီဘက်သို့ လှည့်လိုက်သည်။

“အတော်ပဲ… မနက်ဖြန် ငါတို့ မီရှဲလ်ဘုရားကျောင်းကို သွားပြီး ညလျှောက်လှမ်းသူတွေနဲ့ စွမ်းအားကို စမ်းသပ်ကြည့်ရအောင်လား။ အသုံးဝင်တဲ့ အချက်အလက်တချို့ ရချင်ရမယ်— ငါတို့အဖွဲ့ကို ပိုအားကောင်းလာအောင် ကူညီပေးနိုင်တယ်။ နောက်တစ်ခါ ထူးဆန်းတဲ့ သတ္တဝါနဲ့ တွေ့ရင် ပိုပြီး ပြင်ဆင်ထားနိုင်တာပေါ့”

“ဟုတ်တယ်။ ငါ့ ယာဉ်တန်းက လူအများအပြား သွားဖို့ စီစဉ်ထားပြီးသား…”

“စွမ်းအားရှင်တွေနဲ့ မျိုးရိုးဗီဇပြောင်းလဲသူတွေ အားလုံး စမ်းကြည့်သင့်တယ်။ ပိုသိရတာက ကောင်းတယ်” နန်ကျင်းက ခေါင်းညိတ်သည်။

“ရိုးရိုးသားသား ပြောရရင်၊ ကျွန်မ ကိုယ်တိုင်တောင် စွမ်းအားရှင်လား၊ မျိုးရိုးဗီဇ ပြောင်းလဲသူလား၊ ကျွန်မရဲ့ စွမ်းအားတွေ ဘယ်လို တိုးတက်လာလဲဆိုတာ မသိသေးဘူး... ရှင်သန်ရေးကိုပဲ အာရုံစိုက်နေရလို့ အဲဒါတွေကို ရှာဖွေဖို့ အချိန်မရခဲ့ဘူး...”

“ခဗျားတို့ မသိဘူးလား” လင်းရှန်က သူမကို ကြည့်လိုက်သည်။

“ငါတို့ ဘာမှ မသိဘူး~” ရှီတိယွမ်က ပခုံးတွန့်ပြသည်။

“သူမက အရင်ကထက် သေချာပေါက် ပိုအားကောင်းလာတယ်၊ ဒါပေမယ့် ခွန်အားသက်သက်က ပြောလို့မရဘူး။ မျိုးရိုးဗီဇ ပြောင်းလဲသူတွေ အများကြီးကလည်း အဲဒီလိုပဲ။ လူအများစုက အမှောင်ထဲမှာ စမ်းတဝါးဝါး ဖြစ်နေကြတာ… ဖီးနစ်ရဲ့ လမ်းညွှန်မှုမရှိရင် ဘာတွေဖြစ်နေလဲ ဘယ်သူသိမှာလဲ”

ချီလီသည် သူ၏ လက်ချောင်းများကို ချိုးလိုက်ကာ ပုံမှန် ကြွားလုံးထုတ်သော လေသံဖြင့် ပြောသည်။

“ငါ့ရဲ့ စူပါအမြန်နှုန်းကတော့ ပြောဖို့ လွယ်တယ်၊ ဒါပေမယ့် စမ်းသပ်မှုမှာ ဘယ်လိုအဆင့်ရမယ်ဆိုတာတော့ မသိဘူး။ ဘာပဲဖြစ်ဖြစ်၊ စမ်းကြည့်ရမယ်— ထူးဆန်းတဲ့ သတ္တဝါတွေကို အနိုင်ယူနိုင်ရင် ကောင်းတာပေါ့။ မနိုင်ရင်တော့ သေမှာပဲ… အဆင့်မြင့်တယ်ဆိုရုံနဲ့ မသေဘူးလို့ မဆိုလိုဘူး။ ဒါက ဖဲချပ်ဂိမ်း မဟုတ်ဘူး။ စွမ်းအားရှင်တွေ အများကြီး အမှောင်ထဲမှ သေခဲ့ကြပြီးပြီ”

“ရှင် ပြောတာ မှန်တယ်” နန်ကျင်းက ထောက်ခံလိုက်သည်၊၊

“ဒါပေမယ့် အဆင့်သတ်မှတ်စနစ်ဟာ ဖီးနစ်အတွက် ခြေရာခံ ကိရိယာတစ်ခုလို ပိုဖြစ်မယ်လို့ ကျွန်မ ထင်တယ်။ ဒီလောက်ကြာအောင် ရှင်သန်လာသူတွေဟာ ပိုပြီး ဆင့်ကဲပြောင်းလဲလာနိုင်တယ်။ ဒါက သူတို့ ရှင်သန်နှုန်းကို ခန့်မှန်းဖို့၊ ဒါမှမဟုတ် လူသားမျိုးနွယ်ရဲ့ ကန့်သတ်ချက်ကို လေ့လာဖို့ ကူညီနိုင်တယ်။ ကိုယ့်ကိုယ်ကိုယ် ပိုမို နားလည်နိုင်ရင်၊ ပိုပြီး အားကောင်းလာရင်၊ ကျွန်မတို့လည်း ပိုပြီး ကြာကြာ ရှင်သန်နိုင်မယ် ထင်တာပဲ”

“ဥပမာ— အမှောင်ထဲမှာ ပိုကြာကြာရှင်သန်ဖို့ ကျွန်မတို့ ဘယ်လိုအဆင့်မျိုး လိုအပ်လဲ” မိုနီကာသည် သူမ၏ ဝိုင်ကို တစ်ငုံသောက်လိုက်သည်။

“အဓိပ္ပာယ်ရှိတယ်။ ဒါပေမယ့် အချက်ကတော့ အဲဒီ မွန်းစတားတွေ ဘယ်လိုပေါ်လာလဲဆိုတာ ဘယ်သူမှ မသိဘူး။ အခုပဲ C-Class ထူးဆန်းတဲ့ သတ္တဝါ၊ နောက်တစ်ခဏမှာ S-Class ဘယ်လိုမှ မှန်းလို့ မရဘူး”

All Chapters