← Chapters

လျှပ်စစ်အစွမ်းနှင့်လူငယ်

Vol. 14 Ch. 264

လျှပ်စစ်အစွမ်းနှင့်လူငယ်

Vol. 14 Ch. 264

ထိုအချိန်၌ လော်ယွမ်နှင့် မလှမ်းမကမ်းရှိ တောင်ဂူတစ်ခုအတွင်းဝယ် လူတစ်စုသည် စိတ်လှုပ်ရှားတက်ကြွသော အမူအရာများဖြင့် စုရုံးနေကြ၏။

"ခေါင်းဆောင်ကို သတင်းပို့ပါတယ်... ဒီရက်ပိုင်းအတွင်း ကျွန်တော် နည်းလမ်းပေါင်းစုံနဲ့ နေရာအနှံ့စစ်ဆေးကြည့်တာ အခုအခြေအနေအားလုံး သေချာသွားပြီ... ဒီနားတဝိုက်မှာ သိပ်မကြာခင်က... ပိုးကောင်အုပ်တွေ တကယ်ပဲ ကျရောက်ခဲ့တယ်" စကားပြောလာသူမှာ ဗိုလ်မှူးအဆင့် စစ်ယူနီဖောင်းကို ဝတ်ဆင်ထားပြီး သူက လူငယ်တစ်ဦးကို အလွန်ရိုသေစွာဖြင့် လျှောက်တင်နေခြင်းဖြစ်၏။ သူ၏မျက်ဝန်းများထဲဝယ် စိတ်ထက်သန်မှုအရိပ်အယောင်များ ပြည့်နှက်နေခဲ့သည်။

"ခေါင်းဆောင်" ဟု အခေါ်ခံရသော ထိုလူငယ်၏ မျက်နှာပေါ်တွင်မူ ကလေးရုပ်ပင် မပျောက်သေးပေ။ သူ၏အသက်မှာ အနှစ်နှစ်ဆယ်ပင် မပြည့်သေးဘဲ ဆယ့်ခြောက်နှစ်၊ ဆယ့်ခုနစ်နှစ်ခန့်သာ ရှိဟန်တူ၏။ သို့သော် အသက်သုံးဆယ်ကျော်အရွယ်ရှိသော ထိုစစ်ဗိုလ်မှူးကြီး၏ ရှေ့မှောက်တွင် သူ၏မျက်နှာထားမှာ အေးစက်တည်ငြိမ်နေပြီး မည်သူ့ကိုမျှ ဂရုမစိုက်ဟန် ပေါ်လွင်နေသည်။

"ဒါဆိုရင် ကျုပ်တို့အခွင့်ကောင်း ရောက်လာပြီပေါ့" လူငယ်က ခပ်ပေါ့ပေါ့ပြောလိုက်ပြီး ဗိုလ်မှူး၏ပခုံးကို ပုတ်လိုက်သည်။ "ခင်ဗျားတော်တယ်... ပြန်နှင့်တော့... ဒါပေမဲ့ ဘာမှမဆင်မခြင်မလုပ်နဲ့ဦး... လူတွေသိမသွားအောင် သတိထားပြီးနေ"

ထိုလူငယ်၏အဝတ်အစားတို့မှာ အစုတ်အပြဲများဖြင့် နေရာတကာတွင် အပေါက်အပြဲများရှိနေပြီး သာမန်အားဖြင့် သူတောင်းစားတစ်ဦးထက်ပင် သာလွန်ခြင်းမရှိပေ။ သို့သော်ငြားလည်း သူ၏အသေားအရေမှာ ချောမွေ့ဖြူစင်ကာ ဆံနွယ်များမှာလည်း နူးညံ့တောက်ပလျက်ရှိ၏။ အထူးခြားဆုံးမှာ သူ၏မျက်လုံးများပင်ဖြစ်ပြီး မှင်ကဲ့သို့မည်းနက်နေကာ မျက်ဖြူသားကို မြင်တွေ့ရခြင်းမရှိသလောက်ပင်။ ဤအချက်များက သူ၏တစ်ကိုယ်လုံးကို လျှို့ဝှက်ဆန်းကြယ်သော အငွေ့အသက် တစ်မျိုးဖြင့် လွှမ်းခြုံစေခဲ့သည်။ ဤစုတ်ပြတ်နေသောအဝတ်အစားများသည် သူ၏ကိုယ်ပေါ်တွင် ရှိနေသောအခါ သာမန်လူတို့နှင့်မတူဘဲ ထူးကဲမြင့်မြတ်သော အရှိန်အဝါတစ်မျိုးကိုပင် ဆောင်ကျဉ်းပေးနေသကဲ့သို့ ရှိ၏။

ဗိုလ်မှူးသည် များများစားစား မပြောတော့ဘဲ ခေါင်းတစ်ချက်ညိတ်ပြကာ ဂူထဲမှ လှည့်ထွက်သွားလေသည်။

"အမမော်... သူ့အခြေအနေ ဘယ်လိုရှိလဲ... ဆန့်ကျင်မယ့် လက္ခဏာရော ရှိလား" ခဏအကြာတွင် လူငယ်က ရုတ်တရက်မေးလိုက်သော်လည်း သူ၏လေသံမှာ အလွန်နူးညံ့သွားသည်။

"မရှိပါဘူး... ငါ့ရဲ့ စိတ်ညှို့ပညာက အဲ့ဒီလောက် လွယ်လွယ်ကူကူ ရုန်းထွက်နိုင်တာမျိုး မဟုတ်ဘူး... သူ့ကိုငါက သတ်သေခိုင်းရင်တောင် သူက လိုလိုလားလားနဲ့သတ်သေလိမ့်မယ်" တည်ငြိမ်အေးဆေးဟန်ရှိသော အမျိုးသမီးတစ်ဦးက နူးညံ့သောလေသံဖြင့် ဆိုလိုက်သည်။ သို့သော် သူမပြောလိုက်သော စကားများကမူ ဂူထဲရှိလူတိုင်းကို ကြောထဲစိမ့်သွားစေခဲ့၏။

စိတ်ညှို့ပညာသည် အံ့ဩဖွယ်ရာတော့ မဟုတ်ပေ။ သာမန်လူများပင် လေ့ကျင့်မှုဖြင့် အနည်းငယ်တတ်မြောက်နိုင်၏။ သို့သော် သာမန်စိတ်ညှို့ပညာသည် စိတ်ညှို့ခံရသူကို အမိန့်အချို့ လိုက်နာစေနိုင်သော်လည်း မိမိကိုယ်ကိုသတ်သေစေရန်မူ မခိုင်းစေနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ဤအရာသည် မိမိ၏မသိစိတ်နှင့် ဆန့်ကျင်နေသောကြောင့် စိတ်ညှို့မှု မအောင်မြင်ဖြစ်သွားနိုင်၏။

(သက်ရှိတိုင်းမှာအသိစိတ်နဲ့ မသိစိတ်ဆိုပြီးရှိပါတယ်။ အသိစိတ်ဆိုတာက စဉ်းစားတွေးခေါ်တဲ့အလုပ်လုပ်ပြီး မသိစိတ်ကတော့ လူကိုကာကွယ်ပေးတဲ့အလုပ်ကိုလုပ်ပါတယ်။ သာမန်အချိန်ဆို မသိစိတ်ကငြိမ်နေပေမယ့် သူကအမြဲတမ်းသတိနဲ့စောင့်ကြပ်နေပြီး အရေးကြုံတာနဲ့ပေါ်ထွက်လာတာမျိုးပါ။ လူတယောက်ဟာ အသိစိတ်ကမလိုလားပဲ ကိုယ့်ကိုယ်ကိုယ်သတ်သေအောင်လုပ်လို့မရဘူးတဲ့။ စိတ်ညှို့ပညာနဲ့အသိစိတ်ကိုသတ်သေအောင် ခိုင်းလို့ရရင်တောင် အန္တရာယ်ကြုံတာနဲ့မသိစိတ်က အသိစိတ်ကိုနှိုးစော်ပြီး ရှင်သန်ဖို့ရုန်းကန်တဲ့အတွက် စိတ်ညှို့တာက ချက်ချင်းပျက်စီးသွားနိုင်ပါတယ်။ဒါက သက်ရှိတိုင်းရဲ့သဘာဝအရရှိနေတဲ့ရှင်သန်လိုစိတ်ပဲ ဖြစ်ပါတယ်)

သို့သော် လူငယ်မှာ အံ့ဩခြင်းမရှိဘဲ ပြုံးလိုက်သည် "ကျွန်တော်က အမမော်ရဲ့ အစွမ်းကို သံသယဝင်လို့ မဟုတ်ပါဘူး... ဒါပေမဲ့ အခုက အရေးကြီးတဲ့အချိန်ဆိုတော့ နည်းနည်းသတိထားရမှာမို့လို့ပါ"

"ရှောင်ယွီ... ငါတို့ တကယ်ပဲ အဲ့လိုလုပ်ရမှာလား" အမမော်ဟုခေါ်သော အမျိုးသမီးက ရှုပ်ထွေးသော အမူအရာဖြင့် လူငယ်ကို ကြည့်ကာ မေးလိုက်သည်။

"အမမော်... အစ်မရဲ့ အတွေးအခေါ်တွေက အရင်ခေတ်မှာပဲ ရှိနေသေးတယ်" လူငယ်က ခေါင်းခါလိုက်ပြီး ခေါင်းမော့ကာ မထီမဲ့မြင်လေသံဖြင့် "အခုက ကမ္ဘာပျက်နေတဲ့ခေတ်... အရင်ခေတ်ကြီးကမကြာခင်ကုန်သွားတော့မှာ... အခုကစပြီး အင်အားကြီးသူတွေပဲ အနိုင်ယူတဲ့ခေတ်... ဆင့်ကဲပြောင်းလဲသူတွေရဲ့ ကမ္ဘာဖြစ်လာတော့မှာ... ဒါကသဘာဝတရားကြီးရဲ့နိယာမပဲ... ကျွန်တော်က ခေတ်ရေစီးကြောင်းအတိုင်း... လိုက်ပြောင်းလဲနေရုံပဲရှိတာ... ကန္တာရမြို့ကိုတော့ ကျွန်တော် မဖြစ်မနေ အရယူရလိမ့်မယ်"

"ဒါပေမဲ့ နင်ရသွားရင်တောင်... ကြာကြာထိန်းထားနိုင်မှာ မဟုတ်ဘူး" အမျိုးသမီးက စိုးရိမ်စွာဆို၏။

"ကျွန်တော် ထိန်းထားစရာမလိုပါဘူး... အမှန်တကယ်တော့ ကျွန်တော်က နောက်ကွယ်ကနေ အမှန်တကယ်အုပ်ချုပ်နိုင်ဖို့ပဲ လိုတာ... မြို့ရဲ့ခေါင်းဆောင်ကဘယ်သူပဲဖြစ်ဖြစ်ကိစ္စမရှိဘူး... ကျွန်တော့်ရဲ့အစွမ်းနဲ့ အမမော်ရဲ့ စိတ်ညှို့နိုင်စွမ်းရှိနေရင် မဖြစ်နိုင်တာ ဘာမှမရှိဘူး" လူငယ်က အေးစက်သော အပြုံးတစ်ခုကို ပြုံးလိုက်သည်။ "ဒီအဆင့်ထိရောက်သွားပြီဆိုရင်တော့... နောက်ဆက်တွဲကိစ္စတွေကို ဖြည်းဖြည်းချင်း ကြံစည်လို့ရပြီ"

"ခေါင်းဆောင်ကတော်... စိုးရိမ်စရာမရှိပါဘူးဗျာ... ကန္တာရမြို့ဆိုတာ မြို့သေးသေးလေးကို... ပြောပလောက်တဲ့ ဆင့်ကဲပြောင်းလဲသူတောင်မရှိဘူး... ဘာအန္တရာယ်မှမရှိပါဘူး... ခေါင်းဆောင်ကတော်က မြို့ရဲ့ခေါင်းဆောင်ပိုင်းတချို့ကို ထိန်းချုပ်လိုက်ရုံနဲ့ ငါတို့ပြောသမျှ ဖြစ်နေမှာပဲလေ... ပြီးတော့ ခေါင်းဆောင်ကတော်က ခေါင်းဆောင်ရဲ့အစွမ်းကို မယုံကြည်လို့လား" အသားအရေ မြေကြီးရောင်ရှိပြီး အလွန်တောင့်တင်းခိုင်မာလှသော အမျိုးသားတစ်ဦးက ရယ်မောရင်း ပြောလိုက်သည်။

"ခေါင်းဆောင်ကတော်" ဟူသော အခေါ်အဝေါ်ကို ကြားသောအခါ အမျိုးသမီး၏ မျက်နှာမှာ နီရဲသွားပြီး လူငယ်ကို ညုတုတုတစ်ချက်ကြည့်ကာ ခေါင်းငုံ့၍ စကားဆက်မပြောတော့ပေ။

လူငယ်သည် သူမ၏ ထိုအလှရိပ်အောက်တွင် စိတ်များလှုပ်ရှားသွားပြီး အတွင်းစိတ်များ ပူလောင်ထကြွလာ၏။ အကယ်၍သာ ယခုအချိန်တွင် အခြားလူရှိမနေပါက သူမကို အတွင်းခန်းထဲသို့ ချက်ချင်းပွေ့ချီသွားပြီး ပြင်းပြင်းထန်ထန် ချစ်ပွဲဝင်မိမည်မှာ သေချာသည်။

ကမ္ဘာပျက်ကာလစတင်ကတည်းက သူနှင့်အတူရှိခဲ့သော အမျိုးသမီးများမှာ ဆယ်ဂဏန်းပင်မကတော့။ အများစုမှာ တွေ့ဆုံပြီး မေ့ပျောက်သွားကြသော်လည်း အမမော်အပေါ်တွင်သာ သူ အထူးသံယောဇဉ်ရှိခဲ့သည်။

သူ အလယ်တန်း တတိယနှစ် ကျောင်းသားဘဝကတည်းက အမမော်က သူ၏ဘာသာစကားဆရာမဖြစ်ခဲ့ပြီး သူ၏တစိတ်တခိုး ချစ်ခင်ရသူလည်း ဖြစ်ခဲ့သည်။

ထိုအချိန်က သူ၏စိတ်နေသဘောထားမှာ တစ်သီးတခြားဆန်ပြီး ပိန်လှီသေးကွေးကာ မိမိကိုယ်ကို ယုံကြည်မှုမရှိဘဲ အတန်းထဲတွင် မထင်မရှား မျက်ကွယ်ပြုခံရသူ၊ အနိုင်ကျင့်ခံရသူတစ်ဦးသာ ဖြစ်ခဲ့သည်။ လှပပြီး နူးညံ့သိမ်မွေ့သော ဤဆရာမလေးတစ်ဦးတည်းသာ သူ့အပေါ် ဂရုတစိုက်ရှိခဲ့ပြီး သူ၏ပျိုရွယ်မှုစိတ်ကူးယဉ်ကမ္ဘာထဲမှ ဇာတ်လိုက်မင်းသမီး ဖြစ်ခဲ့ရသည်။

သူမ၏ လှပသောခန္ဓာကိုယ်၊ စိုစွတ်သောနှုတ်ခမ်းများနှင့် နူးညံ့သောအမူအရာတို့မှာ သူ၏အိပ်မက်ထဲတွင် မကြာခဏ ပေါ်ပေါက်လေ့ရှိသည်။ အကယ်၍သာ ကမ္ဘာမပျက်ခဲ့ပါက ဤမဖြစ်နိုင်သော အချစ်ကို သူ၏နှလုံးသားထဲတွင် နက်ရှိုင်းစွာ မြှုပ်နှံထားရမည်ဖြစ်ပြီး အိပ်မက်ထဲတွင်သာ ရံဖန်ရံခါ မြည်းစမ်းခွင့်ရပေလိမ့်မည်။

သို့သော် ပတ္တမြားမှန်လျှင်နွံမနစ်ဟူသောဆိုရိုးစကားအတိုင်းပင်။ အရုပ်ဆိုးသော ပိုးလောင်းကောင်ပင် လိပ်ပြာအဖြစ်သို့ ပြောင်းလဲကာ ကောင်းကင်တွင် ပျံသန်းနိုင်သေးလျှင် သူသည်လည်း ထို့အတူပင်။ ကမ္ဘာပျက်ကပ်၏ အရိပ်အယောင်ပင်မရှိသေးမီ၊ ဆင့်ကဲပြောင်းလဲခြင်းနှင့်ပတ်သတ်သော အရာအားလုံး လူသိထင်ရှား မဖြစ်မီကတည်းကပင် သူ၌ ထူးခြားသောအစွမ်းများ ရှိနေခဲ့သည်။

သူသည် သာမန်လူများကဲ့သို့ သန္ဓေပြောင်းသတ္တဝါများကို စားသုံးခြင်းမှ ရရှိလာခြင်းမဟုတ်ဘဲ မွေးရာပါ စွမ်းအားရှင်တစ်ဦး ဖြစ်ခဲ့သည်။ တစ်နေ့တွင် သူ၏လက်ထဲမှ လျှပ်စီးတန်းများကို တွေ့ရှိလိုက်သောအခါ သူ၏အမြင်တွင် ကမ္ဘာကြီးတစ်ခုလုံး ချက်ချင်းပြောင်းလဲသွားခဲ့သည်။

သူသည် မိဘများကို တိတ်တဆိတ်ဖုံးကွယ်ကာ လျှပ်စစ်စွမ်းအင်များကို စုပ်ယူပြီး အင်အားများကို စုဆောင်းခဲ့သည်။ သူ၏ခန္ဓာကိုယ်မှာ ပြန်လည်ဖွံ့ဖြိုးလာပြီး လျင်မြန်စွာပင် အရပ်မြင့်မားသန်စွမ်းလာကာ သူ၏စွမ်းအားမှာ တစ်နေ့ထက်တစ်နေ့ ကြီးမားလာခဲ့သည်။

သူသည် ပို၍ပို၍ မိမိကိုယ်ကိုယုံကြည်မှုရှိလာသည်။ ယခင်က သူ့ကို မထီမဲ့မြင်ပြုခဲ့သော မိန်းကလေးများက သူ့ကို မကြာခဏ အာရုံစိုက်လာကြပြီး ယခင်က သူ့ကိုအနိုင်ကျင့်ခဲ့သော လူမိုက်များမှာလည်း သူ၏ရှေ့တွင် မစွာဝံ့ကြတော့ပေ။

ကမ္ဘာပျက်ကပ်ကြီး ကျရောက်လာသောအခါ မြို့တော်မှာ အန္တရာယ်များလာပြီး တရားဥပဒေစိုးမိုးမှုမှာ စတင်ပြိုကွဲလာသည်။ သူ၏ပေါ့ဆမှုတစ်ကြိမ်တွင် မိဘများမှာလည်း အိမ်တံခါးဖျက်ဝင်လာသော ဓားပြများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ မိဘများကို မြေမြှုပ်ပြီး သုံးရက်မြောက်နေ့တွင် သူက လူသတ်သမားများကို နောက်ဆုံးတွင် ရှာဖွေတွေ့ရှိခဲ့သည်။

သူ ပထမဆုံးအကြိမ် လူသတ်ခဲ့ပြီး လူလည်းကယ်တင်ခဲ့သည်။ ထို့ပြင် ပထမဆုံးအကြိမ်အဖြစ် ယောက်ျားနှင့်မိန်းမတို့၏ သာယာမှုကို မြည်းစမ်းခဲ့ရသည်။ ဓားပြများ၏ ခြိမ်းခြောက်ဖမ်းဆီးခြင်းခံထားရသော လှပသည့်အမျိုးသမီးနှစ်ဦးမှာ ကယ်တင်ခြင်းခံရပြီးနောက် ထိုညမှာပင် သူ၏အိပ်ရာပေါ်သို့ တက်ကြွစွာရောက်ရှိလာပြီး နည်းမျိုးစုံဖြင့် မြှူဆွယ်ခဲ့ကြရာ သူသည် သာယာမှုအပေါင်းကို ခံစားခဲ့ရသည်။

သူသည် တစ်ညတည်းဖြင့် ရင့်ကျက်သွားခဲ့သည်။ မြို့တော်မှာ ပို၍ပရမ်းပတာဖြစ်လာပြီး အန္တရာယ်များလာသော်လည်း သူမှာမူ ရေထဲမှငါးတစ်ကောင်နှယ် ဖြစ်ခဲ့သည်။ အားကောင်းသောစွမ်းရည်ကြောင့် သန္ဓေပြောင်းသတ္တဝါအနည်းငယ်သာ သူ့ကို ယှဉ်နိုင်ခဲ့သည်။ အတင်းအကျပ် သို့မဟုတ် မိမိသဘောဆန္ဒအလျောက်ဖြင့် သူ၏ဘေးတွင်အမျိုးသမီးများ တဖြည်းဖြည်းများပြားလာခဲ့သည်။ ကျောင်း၏အလှဘုရင်မ၊ ရုံးဝန်ထမ်းမလေး၊ သူဌေးသမီး၊ သူဌေးကြီးများ၏ မယားလေးများ စသည်ဖြင့်...

နောက်ဆုံးတွင် သူ၏ဘာသာစကားဆရာမသည်လည်း သူ၏လက်မှ မလွတ်မြောက်နိုင်ခဲ့ပေ။

သို့သော် ဤသို့သော ကောင်းမွန်သည့်နေ့ရက်များမှာ ကြာရှည်မခံခဲ့ပေ။ စစ်တပ်ရောက်ရှိလာပြီး မြို့တော်၏တရားဥပဒေစိုးမိုးမှုကို ပြန်လည်ထူထောင်ခဲ့ကာ သူ၏ ထင်တိုင်းကြဲပြီး မဆင်မခြင်ပြုမူမှုများကြောင့် အိမ်တိုင်ရာရောက်လာသော စစ်ပုလိပ်များ၏ အတင်းအကျပ်ဖမ်းဆီးခြင်းကိုခံရပြီး စစ်တပ်ထဲသို့ သွတ်သွင်းခြင်းခံခဲ့ရသည်။ ထို့နောက် သူစုဆောင်းထားသောအမျိုးသမီးအများစုမှာလည်း ထွက်ခွာသွားကြပြီး အနည်းငယ်သာ ကျန်ရစ်ခဲ့ရာ ထိုအထဲတွင် သူ၏ဆရာမလည်း ပါဝင်ခဲ့သည်။

ထို့နောက်တွင်မူ ကြီးမားသော ရွှေ့ပြောင်းမှုကြီး ဖြစ်ပွားခဲ့ပြီး စစ်တန်းလျားတွင်နေရသည့်ဘဝက သူ့ကို စိတ်ပျက်ဒေါသထွက်စေခဲ့သည်။ သူသည် ထိုခြောက်သွေ့ငြီးငွေ့ဖွယ်ဘဝကို မခံနိုင်သည့်အပြင် အားနည်းသောသာမန်လူများက မွေးရာပါဆင့်ကဲပြောင်းလဲသူဖြစ်သော သူ့ကို လက်ညှိုးထိုးခိုင်းစေနေသည်ကို ပို၍မခံနိုင်ခဲ့ပေ။

သူကဲ့သို့သော အတွေးမျိုးရှိသူများမှာ တစ်ယောက်တည်းမဟုတ်ပေ။ သာမန်စစ်သားများနှင့် ဆင့်ကဲပြောင်းလဲသူများကြားတွင် ဆန့်ကျင်မှုများ ပြင်းထန်လာပြီး နောက်ဆုံးတွင် တစ်နေ့၌ စစ်တပ်၏ရှင်းလင်းမှုကြီး ကျရောက်လာတော့သည်။ ခေါင်းမာသော ဆင့်ကဲပြောင်းလဲသူအချို့မှာ အဖမ်းဆီးခံရပြီး ထိုအထဲမှခုခံသူများမှာ ထိုနေရာတွင်ပင် ပစ်သတ်ခံခဲ့ရသည်။

ထိုအထဲတွင်အနည်းငယ်သာ လွတ်မြောက်ခဲ့ပြီး သူသည်လည်း ထိုအထဲမှ တစ်ဦးဖြစ်သည်။

အဆင့်လေး ဆင့်ကဲပြောင်းလဲသူတစ်ဦးအနေဖြင့် အဖမ်းဆီးခံရချိန်တွင် စစ်တပ်တစ်တပ်လုံးမှာ သူ၏ရုတ်တရက်လျှပ်စီးတန်းများကြောင့် မီးသွေးတုံး ဖြစ်သွားခဲ့ရသည်။ သူသည် အဖမ်းဝရမ်းအထုတ်မခံရမီမှာပင် ကန္တာရမြို့သို့ တစ်ဦးတည်းဝင်ရောက်ပြီး သူ၏အမျိုးသမီးများကို ခေါ်ထုတ်လာခဲ့သည်။

..............................................................................................................................

"ဒီရန်ကြွေးကို တစ်နေ့မုချပြန်ဆပ်ရမယ်... တစ်နေ့နေ့မှာ ငါက ပြန်လည်ထူထောင်ရေးဇုန်တစ်ခုလုံးကို အုပ်စိုးရမယ်" လူငယ် စိတ်ထဲမှ တွေးတောလိုက်သည်။

"အဲ့ဒီ ကပ်ဘေးကြီးဖြစ်တဲ့ လျှပ်စစ်သံလိုက်မုန်တိုင်းအတွင်းမှာ ငါမိုးကြိုးပစ်ခံရပြီး... ငါ့ရဲ့အစွမ်းက လျှို့ဝှက်ဆန်းကြယ်တဲ့ ပြောင်းလဲမှုတစ်ခုဖြစ်သွားတယ်... ငါ့အစွမ်းက အခုဘယ်အဆင့်ရောက်သွားပြီလဲဆိုတာ ငါကိုယ်တိုင်တောင်မသိတော့ဘူး... အဆင့်လေးဆိုတာက အတိတ်မှာကျန်ခဲ့ပြီ... အဆင့်ငါး... အဆင့်ခြောက်... ဒါမှမဟုတ် အဆင့်ခုနစ်တောင် ဖြစ်နိုင်တယ်"

"ပြီးတော့ အရင်ကလို လျှပ်စစ်စွမ်းအင်ကို အကြမ်းနည်းနဲ့သုံးစရာလည်း မလိုတော့ဘူး"

"အခု ငါ့မျက်လုံးထဲမှာ ကမ္ဘာကြီးက လျှပ်စစ်သံလိုက်ကမ္ဘာကြီးတစ်ခုပဲ... မရေမတွက်နိုင်တဲ့ သံလိုက်စက်ကွင်းတွေက မမြင်နိုင်တဲ့ကွန်ရက်တစ်ခုအဖြစ် ပေါင်းစပ်နေပြီး... ငါကတော့ လျှပ်စစ်သံလိုက်တွေရဲ့ ဘုရင်ပဲ" သူ တိတ်တဆိတ်တွေးလိုက်သည်။

"ငါက ကမ္ဘာမြေရဲ့ သံလိုက်စက်ကွင်းကိုအသုံးပြုပြီး ပျံသန်းနိုင်တယ်... လေထုထဲက လျှပ်စစ်သံလိုက်တွေကို လွယ်လွယ်ကူကူ နှောင့်ယှက်ပြီး လျှပ်စစ်မုန်တိုင်းတွေ ဖြစ်အောင်လုပ်နိုင်တယ်... ပြီးတော့ တခြားသူတွေရဲ့ သင်ပေးတဲ့နည်းနဲ့ ငါကလျှပ်စစ်သံလိုက်အမြောက် ပစ်တဲ့ နည်းစနစ်ကိုတောင် ကျွမ်းကျင်နေပြီ"

"ငါက အခုလေထဲက လျှပ်စစ်လှိုင်းတွေထဲမှာ သတင်းအချက်အလက်တွေ ပါဝင်နေတာကိုတောင် အာရုံခံနိုင်နေပြီ... ဒါပေမဲ့ လှိုင်းကိုသတင်းအချက်အလက်အဖြစ်ပြောင်းတဲ့ စည်းမျဉ်းတွေ သေချာမသိသေးလို့သာ အဲ့ဒီသတင်းအချက်အလက်တွေကို မဖတ်နိုင်သေးတာ"

"ငါ့ခန္ဓာကိုယ်ကလည်း ပြောင်းလဲနေပြီ... ငါ့အတွေးအခေါ်တွေက အရမ်းကို မြန်ဆန်လာတယ်... အရင်က နားမလည်နိုင်တဲ့အရာတွေကို အခု လွယ်လွယ်ကူကူ ရှင်းရှင်းလင်းလင်းသိလာတယ်... ကြွက်သားတွေက သန်မာလာပြီး အသားအရေကလည်း မာကျောချောမွေ့လာတယ်... အစားအသောက်လိုအပ်မှုက တဖြည်းဖြည်းနည်းပါးလာပြီး လူမဟုတ်တဲ့ လမ်းစဉ်ဘက်ကို ဆင့်ကဲပြောင်းလဲနေပြီ"

သူ လက်ဖဝါးကို ကြည့်လိုက်ရာ အတွင်းထဲ၌ လျှပ်စီးတန်းများ စီးဆင်းနေသည့်အလားပင် "အခုလက်ရှိငါက ပြိုင်ဘက်ကင်းဖြစ်နေပြီ... အနုမြူဗုံးကိုစိုးရိမ်နေလို့သာမဟုတ်ရင်... ပြန်လည်ထူထောင်ရေးဇုန်တစ်ခုလုံးက ဘာမှပြောပလောက်တာမဟုတ်ဘူး"

"ဒါပေမဲ့ သိပ်မလိုတော့ပါဘူး... ကန္တာရမြို့ကို ထိန်းချုပ်တာက ပထမခြေလှမ်းပဲ... အချိန်က ငါ့လက်ထဲမှာရှိနေတာပဲ"

"ငါ့ကို သစ္စာဖောက်ပြီး ထွက်သွားတဲ့ မိန်းမတွေ... တစ်နေ့နေ့မှာ နင်တို့ နောင်တရစေရမယ်"

.....................................................................................................................

"ခေါင်းဆောင်... ခုရက်ပိုင်းအတွင်း အဲ့ဒီသန္ဓေပြောင်းသတ္တဝါနှစ်ကောင် ဒီနားမှာ လှည့်ပတ်နေတယ်... သူတို့ကို သွားရှင်းလိုက်ရမလား" မျက်မှန်တပ်ထားသော လူငယ်တစ်ဦးက တည်ငြိမ်စွာပြောရင်း သူ၏အတွေးစကို ဖြတ်တောက်လိုက်သည်။

"ဒီအတောအတွင်း... မဆင်မခြင်မလှုပ်ရှားနဲ့ဦး... မြက်ကိုခြောက်ပြီး မြွေကိုနှိုးသလိုဖြစ်သွားမယ်... အဲ့ဒီနှစ်ကောင်က သာမန်သန္ဓေပြောင်းသတ္တဝါတွေမဟုတ်ဘူး... ချစ်ပ်ပြားထည့်သွင်းထားတဲ့ တိုက်ခိုက်ရေးသားရဲတွေ... သူတို့ကိုသတ်လိုက်ရင် ဒီနေရာကို ဖော်ထုတ်လိုက်သလိုဖြစ်သွားမယ်... ငါကအဲ့လိုဖြစ်မှာ မကြောက်ပေမဲ့ စိတ်ရှုပ်ဖို့ကောင်းတယ်" လူငယ်က ခပ်ပေါ့ပေါ့ဆိုလိုက်သည်။ လျှပ်စစ်သံလိုက်လှိုင်းများကို ထိန်းချုပ်နိုင်သူဖြစ်သောကြောင့် ထိုသတ္တဝါများ၏ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော ရေဒီယိုလှိုင်းများကို သူ အသေအချာသိနေသည်။

"ခေါင်းဆောင်... လူတစ်ယောက်လာနေတယ်" အပြင်မှ လူတစ်ဦး ရုတ်တရက်ဝင်လာသည်။ သူ၏မျက်လုံးများမှာ ထူးဆန်းနေပြီး ပယင်းရောင်တောက်နေကာ အနည်းငယ် ဖောက်ထွင်းမြင်နေရသကဲ့သို့ပင်။

"ဟမ်... ဘယ်သူကငါတို့စီ လာရဲတာလဲ" လူငယ်က ခပ်ရေးရေးပြုံးလိုက်ပြီး ဂရုမစိုက်ဟန်ဖြင့် "မီးဘုရင် လား... သားရဲနတ်ဘုရား လား... အဲ့ဒီဘွဲ့နာမည်တွေက တကယ်ကို နားထဲကန့်လန့်ကြီးတွေပဲ"

လူတစ်စုမှာ ဝိုင်းဝန်းရယ်မောလိုက်ကြသည်။

"အလကားကောင်တွေပါ... အစွမ်းနည်းနည်းရှိတာနဲ့ ကိုယ့်ကိုယ်ကို အထင်ကြီးနေကြတာ... ခေါင်းဆောင်ကသာငါတို့ကို သိုသိုသိပ်သိပ်နေဖို့ မပြောထားရင် သူတို့ ထင်တိုင်းကြဲခွင့်ရမှာတောင် မဟုတ်ဘူး"

"သူတို့မဟုတ်ဘူး... မျက်နှာစိမ်းပဲ... ပြီးတော့ အဝတ်အစားကြည့်ရတာလည်း လေလွင့်သူ မဟုတ်ဘူး" ပယင်းမျက်လုံးပိုင်ရှင်က ဆိုသည်။ သူ၏စွမ်းရည်မှာ အလွန်ဝေးကွာသောနေရာကို မြင်နိုင်ခြင်းဖြစ်ပြီး သူ၏မျက်လုံးသူငယ်အိမ်များမှာ ကင်မရာကဲ့သို့ အလင်းအမှောင်ကို လိုသလိုချိန်ညှိနိုင်ကာ အကွာအဝေးကို ထိန်းညှိနိုင်သည်။ ၆မိုင်အကွာမှကျောက်စရစ်ခဲလေးတစ်လုံး၏ မျက်နှာပြင်အစင်းကြောင်းများကိုပင် ရှင်းလင်းစွာ မြင်နိုင်သည်။

လေလွင့်သူဟုတ်မဟုတ်ကို အဝတ်အစားကို ကြည့်လိုက်ရုံဖြင့် ခွဲခြားရန် အလွန်လွယ်ကူသည်။ လေလွင့်သူများမှာ အဝတ်အစားစုတ်ပြဲနေခြင်း သို့မဟုတ် တိရိစ္ဆာန်သားရေများကို ဝတ်ဆင်ထားခြင်းတို့သာ ဖြစ်သည်။ ပြည့်စုံသပ်ရပ်သော အဝတ်အစားများ ဝတ်ဆင်ထားသူမှာ ရွှံ့နွံထဲမှ ကြာဖြူတစ်ပွင့်နှယ် အလွန်ရှားပါးလှသည်။

"ကြည့်ရတာ ကန္တာရမြို့က လာတာပဲ... ကန္တာရမြို့မှာ တောထဲကိုထွက်ရဲတဲ့ သတ္တိရှိတဲ့လူ ရှိသေးတယ်ပေါ့... ငါတော့ စိတ်ဝင်စားသွားပြီ... သွားကြည့်လိုက်ဦးမယ်" လူငယ်က စိတ်ဝင်စားစရာတွေ့သည့်အလား ပြုံးလိုက်သည်။

"ဒီလူတော့ ကံဆိုးတာပဲ" လူငယ်၏ ထူးဆန်းသောအမူအရာကို မြင်သောအခါ လူအများအပြား တိတ်တဆိတ်တွေးလိုက်ကြသည်။

လူတစ်စုမှာ လူငယ်၏နောက်မှ တန်းစီလိုက်ပါသွားကြသည်။ ထိုသူမှာ ဤနေရာမှ ၃မိုင်ခန့် ဝေးသေးသည်။ ဤမျှဝေးသော အကွာအဝေးကို သာမန်လူတစ်ယောက် မမြင်နိုင်သော်လည်း လူငယ်မှာမူ သူ့ကို ပထမတစ်ချက်ကြည့်ရုံဖြင့် သတိပြုမိလိုက်သည်။

သူသည် မြင့်သောနေရာမှနေ၍ ဂရုမစိုက်ဟန်ဖြင့် ပြုံးရင်း ကြည့်လိုက်သည်။

ထိုအချိန်မှာပင် ထိုသူသည် ရုတ်တရက်လှည့်လာပြီး ဤနေရာဘက်သို့ တည့်တည့်စိုက်ကြည့်လိုက်သည်။ သူ၏အကြည့်များမှာ လေထုကိုထိုးဖောက်ကာ သူ၏ဦးနှောက်ထဲသို့ တိုက်ရိုက်ဝင်ရောက်လာသည့်အလားပင်။

ဤသည်မှာ အလွန်တည်ငြိမ်အေးချမ်းသော မျက်လုံးတစ်စုံဖြစ်ပြီး မည်သည့်လှုပ်ရှားမှုမှမရှိပေ။ လမ်းဘေးတွင် လမ်းလျှောက်ရင်း ရံဖန်ရံခါ လှည့်ကြည့်လိုက်သကဲ့သို့ စိတ်ထဲတွင် လုံးဝမထားရှိဟန်တူသည်။ သူ၏မျက်နှာမှာ တောင့်တင်းသွားပြီး နောက်တစ်ကြိမ်ပြန်ကြည့်သောအခါ ထိုသူမှာ လှည့်ထွက်သွားခဲ့ပြီး ရှေ့သို့ဆက်လက်လျှောက်လှမ်းသွားခဲ့ပြီဖြစ်သည်။

"ငါ့ကို လျစ်လျူရှုသွားရဲတယ်" သူ၏မျက်နှာတွင် ဒေါသအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး စိတ်ခံစားချက်လှုပ်ရှားမှုနှင့်အတူ အနီးအနားရှိ လျှပ်စီးကြောင်းငယ်များမှာ "ဖြတ်" ခနဲ အသံထွက်သွားသည်။

ဤဒေါသမှာ အကြောင်းပြချက်မရှိမှန်း သူလည်းသိပါသည်။ ဖြစ်နိုင်သည်မှာ ထိုသူသည် ဤနေရာတွင် လူတစ်ယောက်ကြည့်နေသည်ကို လုံးဝမသိခြင်း သို့မဟုတ် ဤနေရာထိ မမြင်နိုင်သောကြောင့် သူ့ကိုဆက်မကြည့်ခြင်းသာ ဖြစ်ပေမည်။ အကွာအဝေးမှာ အလွန်ဝေးကွာလှပြီး သူကိုယ်တိုင်ပင် ဝေဝါးစွာသာ မြင်ရပြီး ထိုမျက်လုံးတစ်စုံသာ သူ့ကို မှတ်ထင်သွားစေခဲ့သည်။ သူက ကိုယ့်ကိုယ်ကို သဘောကျစွာ ရယ်လိုက်မိသည်။ "တုံ့ပြန်မှုကတော့ တော်တော်မြန်သားပဲ... တောထဲကို လာရဲတာ မဆန်းဘူး"

မျက်မှန်တပ်ထားသော လူငယ်က အခြေအနေကို အကဲခတ်ရင်း လူငယ်၏ ချက်ချင်းမကျေမနပ်ဖြစ်သွားမှုကို သတိပြုမိလိုက်ပြီး မျက်မှန်ကိုင်းကို ပင့်တင်လိုက်သည် "အခုက အရေးကြီးတဲ့အချိန်... ဒီလူက ငါတို့နယ်မြေအထိ ရောက်လာတယ်ဆိုတော့ ကန္တာရမြို့ရဲ့ နောက်လိုက်ခွေးတစ်ကောင်ဖြစ်နိုင်တယ်... သူ့ကို ဖမ်းထားလိုက်ရမလား"

လူငယ် မည်သို့မျှ မတုံ့ပြန်ရသေးမီမှာပင် အမျိုးသမီးက မျက်မှန်သမားကို မျက်စောင်းထိုးလိုက်ပြီး မျက်နှာမသာမယာဖြင့် လူငယ်ကို "သူက ဖြတ်သွားရုံသက်သက်ပဲဖြစ်မှာပါ... ငါတို့ကို လာစတာမှမဟုတ်တာ... ရှောင်ယွီ... ဒီလိုကိစ္စမျိုး နောက်ဆို နည်းနည်းလျှော့လုပ်"

လူငယ်က လှည့်လာပြီး သူ၏မျက်လုံးများမှာ ပူလောင်တက်ကြွနေသည်။ သူသည် ဆရာမ၏ မျက်နှာတည်တည်ဖြင့် ဆုံးမနေသောပုံစံကို အလွန်သဘောကျသည်။ အထူးသဖြင့် အဝတ်အစားများအောက်တွင် ဖုံးကွယ်ထားသော ပူလောင်ပြီး ပြည့်ဖြိုးသည့်ခန္ဓာကိုယ်ကို တွေးလိုက်မိသောအခါ ဤအရာက သူ့ကို ပို၍စိတ်လှုပ်ရှားစေသည်။

အံ့အားတကြီးအော်ဟစ်သံတစ်ချက်နှင့်အတူ သူက အမျိုးသမီးကို ပွေ့ချီလိုက်ပြီး သူမ၏ ပြင်းထန်သောရုန်းကန်မှုကြားမှ ဂူအတွင်းသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်ရောက်သွားတော့သည်။ အစောပိုင်းက မကျေနပ်မှုများမှာမူ သူ၏စိတ်ထဲမှ လွင့်ပြယ်သွားခဲ့ပြီဖြစ်သည်။

"ဆရာမမော်..." ဂူအတွင်းမှ လူငယ်၏ တုန်ယင်နေသောအသံ ထွက်ပေါ်လာသည်။

ကျန်ရှိနေသော လက်အောက်ငယ်သားများမှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း သူတို့၏မျက်နှာများမှာ ပြောမပြတတ်အောင် ထူးဆန်းနေတော့သည်။

ဆက်ရန်...

All Chapters