← Chapters

အခန်း (၁-၅)

Vol. 1-5 Ch. 1-5

အခန်း (၁-၅)

Vol. 1-5 Ch. 1-5

Chapter 1

တာလျန့်နိုင်ငံတော် လုံကျင်း(နဂါး)မြို့တော်၏အရှေ့ဘက်ခြမ်း...စစ်နတ်ဘုရားယဇ်ပလ္လင်

အိမ်ရှေ့စံမင်းသားက လုံကျင်းရှိများပြားလှသောအထက်တန်းလွှာမှုးမတ်များကိုဦးဆောင်၍ ယဇ်ပလ္လင်၌စုဝေးရောက်ရှိနေခဲ့သည်။

မြင့်မြတ်သောတာလျန့်အင်ပါယာကို သိုင်းပညာဖြင့်အုတ်မြစ်ချတည်ထောင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်နှစ်စဉ်နှစ်တိုင်း နွေဦးနှင့်ဆောင်းအချိန်တွင် ပွဲတော်နှစ်ခုကျင်းပကာ စစ်နတ်ဘုရားအား မပျက်မကွက်ပူဇော်ပသခဲ့ကြသည်။

"အမတ်ငယ်လေး....ငေးငိုင်ပြီးစိုက်ကြည့်မနေနဲ့လေ...မြန်မြန်ဒူးထောက်လိုက်"

စိုးရိမ်စိတ်များအပြည့်ဖြင့်တုန်လှုပ်နေသောလေသံက လုယွီကို သူ၏တွေဝေမိန်းမောနေရာမှနိုးထလာစေ၏။

လုယွီက သူ၏မျက်လုံးများအားဖွင့်ပြီးပတ်ဝန်းကျင်အားစူးစမ်းလိုက်သည်။ သူက သူကိုယ်သူ အပြာရောင်ကောင်းကင်ကြီး၏အောက်တွင်မက်တပ်ရပ်နေသည်ကိုတွေ့လိုက်ရပြီး ကြီးမားသောမွန်းစတားကြီးနှင့်တူသည့်မြင့်မားသောစစ်နတ်ဘုရားရုပ်ထုကြီးက သူ၏ရှေ့တွင်ရှိနေသည်ကိုမြင်လိုက်ရသည်။

"ဒီနေရာက..."

"ဒါကဘာလဲ"

လုယွီက အထစ်ထစ်အငေါ့ငေါ့ဖြင့် မေးမြန်းမိလေသည်။

သူက စိတ်ရင်းခံဖြင့်မေးမြန်းလိုက်ခြင်းဖြစ်သော်လည်း ပတ်ဝန်းကျင်မှလှောင်ရယ်သံအမြောက်အမြားထွက်ပေါ်လာသည်။

"အမတ်ကြီးယုံဖျင်ရဲ့အိမ်တော်ကအရူးကတော့ရူးသွပ်မိုက်မဲမှုတွေအတွက်အမှန်တကယ်ကို ကျော်ကြားသင့်တယ်...သူကိုယ်သူဘယ်နေရာကို ရောက်နေမှန်းတောင်မသိရှာဘူး"

"အဲ့ဒီ အရူးလုယွီကတော့ အသက်ငါးနှစ်အရွယ်တုန်းက သူ့နာမည်သူတောင်မရေးနိုင်ဘူးလို့ကောလဟာဟတွေကြားဘူးတာပဲ....နောတ် ပုံမှန်လက်သီးထိုးချက်တစ်ခုကိုတောင်သုံးနှစ်ကြာအောင်သင်ယူခဲ့ရတာတဲ့....သူကတော့ အပြိုင်အဆိုင်မရှိတဲ့ အရူးကောင်ပါကွာ"

"တကယ်လို့ သူကအမတ်ယုံဖျင်ရဲ့တစ်ဦးတည်းသောသားသာမဟုတ်ဘူးဆိုရင်အရင်ကတည်းက လမ်းပေါ်မှာသေနေလောတ်ပြီ...သူ့အဖေကသာ အခြေခံနယ်ပယ်ရဲ့ပထမအဆင့်ကိုအတင်းအကြပ်ဖိအားပေးပြီး ရောတ်ရှိစေခဲ့ဘူးဆိုရင် စစ်နတ်ဘုရားယဇ်ပလ္လင်ကိုတောင်မှဝင်ခွင့်ရမှာမဟုတ်ဘူး"

သူက လုယွီအား အထင်အမြင်သေးစွာကြည့်ရင်းမှပြောဆိုနေခြင်းဖြစ်သည်။ လူတစ်ယောက်ပြီးတစ်ယောက်ထံမှ လှောင်ရယ်သံများကလည်းလုယွီ၏နားများအားပြည့်လျှံလာစေခဲ့သည်။

လုယွီ၏ဘေးဘက်ရှိ အရာရှိတစ်ယောက်ကမူ စိုးရိမ်တုန်လှုပ်စွာဖြင့် ခြေထောက်များတုန်ရီနေရင်းမှ သူအားဒူးထောက်ရန် အားချင်းတိုက်တွန်းနေပြီး အချိန်လွဲချော်ခြင်းမရှိစေရန်နှိုးဆော်နေလေ၏။

လုယွီက ထိုစကားများကိုမကြားသလိုသာနေပေသည်။

"ဆယ့်ခုနစ်နှစ်ကုန်ဆုံးသွားခဲ့ပြီလား..."

"နောတ်ဆုံးတော့ ငါ... မြေအောက်လောကတာအိုသခင်က ကောင်းကင်ဘုံအင်ပါယာရဲ့စိတ်ဝိညာဉ်ကိုအပြည့်အဝဝါးမြိုနိုင်ခဲ့ပြီ"

"ရှန်းလင်းလုံ မင်း ဒီအကြောင်းကိုတခါလောတ်တောင်စဉ်းစားမိမယ်မထင်ဘူး"

"မင်းက အင်အားတွေစုစည်းပြီး တခြားတာအိုသခင်တစ်ရာနဲ့အတူ ငါကိုတိတ်တဆိတ်တိုက်ခိုက်ခဲ့တယ်...ဒါပေမယ့် ငါက ကောင်းကင်ဘုံအင်ပါယာနဲ့အတူသေဆုံးမသွားဘဲ သူရဲ့ဝိညာဉ်ကိုတောင်မှဝါးမြို ပြီး အသက်ပြန်ရှင်လာခဲ့ပြီ"

လုယွီက သူမည်သည့်အချိန်တုန်းကမျှ မမြင်ဘူးခဲ့သည့် မိုးပြာရောင်မိုးကောင်းကင်ကြီးကိုမော့ကြည့်ရင်း သူ၏မျက်လုံးအတွင်းတွင်အလင်းရောင်တစ်ချက်လက်သွားခဲ့သည်။

"လုယွီ...မင်းကအခု စစ်နတ်ဘုရားယဇ်ပလ္လင်ကိုရောက်နေတာနော်....ငါမင်းကိုဒီတကြိမ်ခွင့်လွှက်ပေးလိုက်မယ်...ပြဿ နာမရှာစမ်းနဲ့...မြန်မြန်ဒူးထောက်ပြီးဝတ်ပြုဆုတောင်းစမ်း"

အိမ်ရှေ့စံမင်းသားမှနေ၍ လုယွီအားဆူပူအော်ဟစ်လိုက်သည်။

လုယွီက ခေါင်းမော့ပြီးအိမ်ရှေ့စံမင်းသားကိုကြည့်လိုက်ရာ သူ၏ခန္ဓာကိုယ်မှနေ၍ ရွှေရောင်အလင်းတန်းများထွက်ပေါ်နေခြင်းအား မြင်တွေ့ရသည်။

အိမ်ရှေ့စံမင်းသားအပြင် တခြားနုနယ်သည့်လူငယ်လေးများထံမှလည်းတူညီသောရွှေရောင်အလင်းတန်းများထွက်ပေါ်နေပေသည်။

ထိုရွှေရောင်အလင်းတန်းမှနေ၍ ဖိအားအနည်းငယ်ထုတ်လွှက်နေသည့်အတွက် ပတ်ဝန်းကျင်ရှိလူများက ထိုအခြင်းအရာကိုကြည့်ပြီးလေးစားနေကြပုံပေါ်နေသည်။

"လုယွီ....ကြည့်နေတာရပ်လိုက်တော့....ဒီအလင်းရောင်က နတ်ဘုရားအလင်းရောင်ဖြစ်ပြီးတော့ စစ်နတ်ဘုရားရဲ့အာရုံစိုက်ခြင်းခံရတဲ့ ပါရမီရှိတဲ့လူငယ်တွေပဲရရှိနိုင်တာ....ဒါက လူတစ်ဦးရဲ့သိုင်းပညာလမ်းကြောင်းမှာ အရမ်းအကျိူ းရှိတယ်...တကယ်လို့မင်းက ငါတို့ကိုအားကျနေတယ်ဆိုရင် မြန်မြန်လာပြီးစစ်နတ်ဘုရားကိုအရိုအသေပြုလေ...စစ်နတ်ဘုရားက မင်းရဲ့အမြင်ကိုကျယ်စေပြီးတော့ နတ်ဘုရားအလင်းရောင်ချီးမြှောက်မလားဆိုတာကြည့်ရအောင်"

တစုံတယောက်မှလုယွီအားကဲ့ရဲ့ပြစ်တင်လိုက်လေ၏။

ထိုစကားသံနှင့်အတူ လူတိုင်းက လုယွီအားယခင်ကထက်ပိုပြီးလှောင်ပြောင်လိုက်ကြသည်။ လုမိသားစု၏ အရူးက စစ်နတ်ဘုရား၏အာရုံကိုဆွဲဆောင်နိုင်မည်ဟု မည်သူကမှတွေးတောထားခြင်းမရှိချေ။

ယခုနေရာ၌အသက်သုံးဆယ်အောတ်လူငယ် တစ်ရာထက်မကရှိနေသော်လည်းနတ်ဘုရားအလင်းရောင်ရရှိသူမှာ ဆယ်ယောက်မပြည့်ပေ။ ထိုအလင်းရောင်ရရှိသူများအားလုံးသည် ငယ်ရွယ်သောပါရမီရှင်များဖြစ်ပြီး သူတို့၏အနာဂတ်မှာ အကန့်အသတ်မဲ့ဖြစ်သည်။

အိမ်ရှေ့စံမင်းသားကရယ်မောခြင်းမရှိသော်လည်း သူ၏မျက်လုံးတွင် စက်ဆုပ်ရွံရှာပြီးအထင်အမြင်သေးသောပုံရိပ်ဖြစ်ပေါ်နေသည်။ သူကလက်ကိုဝှေ့ရမ်းပြီး လုယွီအားပြောဆိုလိုက်သည်။

"လုယွီ မြန်မြန်အရိုအသေပြုစမ်း....အချိန်ဆွဲမနေနဲ့"

"မလိုအပ်ဘူး"

လုယွီက အိမ်ရှေ့စံမင်းသားအား တစ်ချက်ပြန်ကြည့်လိုက်ပြီး လှည့်ထွက်ရန်ပြင်ဆင်လိုက်သည်။

'ဘယ်လိုကောင်လဲ...စစ်နတ်ဘုရားကိုအရိုသေပြုဖို့ သာမာန်လူတွေမရရှိနိုင်တာကို ဒီကောင်ကမလိုချင်ဘူးတဲ့လား'

အိမ်ရှေ့စံမင်းသားက လုယွီ၏ရှေ့တွင် ချက်ချင်းပိတ်ရပ်လိုက်ပြီး အသံနက်ကြီးဖြင့်ပြောလိုက်သည်။

"လုယွီ စစ်နတ်ဘုရားကိုအရိုအသေပြုတာက ငါတို့တလျန့်အင်ပါယာအတွက် အရေးအကြီးဆုံးကိစ္စတစ်ရပ်ပဲ...မင်းက ပြဿ နာတတ်အောင်ဖန်တီးချင်နေတာလား"

လုယွီက အိမ်ရှေ့စံမင်းသားအား တည်ငြိမ်စွာကြည့်ရင်းမှပြောလိုက်သည်။

"မလိုအပ်ပါဘူး....ဘာကြောင့်လဲဆိုတော့ အရိုအသေပြုဖို့မလိုအပ်လို့ဘဲ"

"ဘာကြောင့်လဲ"

"ဘာလို့လဲဆိုတော့ စစ်နတ်ဘုရားက ငါရဲ့ဒူးထောက်မှုကိုလက်ခံနိုင်မှာမဟုတ်လို့ဘဲ"

ထိုအချိန်တခဏတွင် ဆူပူကြိမ်းမောင်းသံတသံ ထွက်ပေါ်လာသည်။

"ရွံစရာကောင်းလိုက်တဲ့ကောင်...ဘယ်လိုအနတ္တစကားတွေကိုမင်းပြောနေတာလဲ"

စစ်ဗိုလ်ချုပ်တစ်ယောက်မှနေ၍ ဒေါသတကြီးဆူပူကြိမ်းမောင်းခဲ့သည်။

"ဘယ်လိုတောင် ပေါတ်ကရစကားမျိုးတွေပြောနေတာလဲ...ဒီကောင်က ကောင်းကင်နဲ့မြေကြီးရဲ့ကန့်သတ်ချက်ကိုမသိတဲ့အစစ်အမှန်အရူးတစ်ကောင်ပဲ"

"အမတ်ကြီး ယုံဖျင်က သူသားကိုဘယ်လိုသင်ကြားပေးထားတာလဲ....အရှင်မင်းမြတ်ပြန်လာတဲ့အချိန်ကျရင် ငါက သူကိုစွပ်စွဲအပြစ်တင်ရမှာအသေအချာပဲ"

ပညာရှင်အနည်းငယ်က စိတ်ဆိုးလွန်းသဖြင့် သူတို့၏မုတ်ဆိတ်ရှည်ကြီးများတုန်ခါနေရင်းမှ ဒေါသတကြီးဖြင့် လုယွီအားအပြစ်တင်လိုက်ကြသည်။

ထိုအချိန်၌ တစုံတယောက်က ရုတ်တရက်နှာမှုတ်လိုက်သည်။

"ဟွန့်....သူက သူ့အဖေမျက်နှာပျက်မှာကို ကြောက်ပြီးမဝံ့မရဲဖြစ်နေတယ်ထင်တယ်...ဟုတ်တယ်မလား...သူအဖေ အမတ်ကြီးယုံဖျင်က အသက်ဆယ်နှစ်အရွယ်ကတည်းက စစ်နတ်ဘုရားပါရမီရှင်တစ်ယောက်ပဲ...သူမှာသာ အသက်ဆယ့်ခုနစ်နှစ်အရွယ်ထိ နတ်ဘုရားအလင်းရောင်မရရှိတဲ့သားသာမွေးထားမိတယ်ဆိုရင် သူရဲ့မျက်နှာထားစရာနေရာရှိမှာမဟုတ်ဘူး"

လုယွီက ကူရာကယ်ရာမဲ့စွာဖြင့်သက်ပြင်းချရင်းမှ ပြန်လည်ပြောဆိုလိုက်၏။

"မင်းတို့က အစစ်အမှန်နတ်ဘုရားတပါးမဟုတ်သေးတဲ့ နတ်ဘုရားစည်းတံဆိပ်နှိပ်ထားတဲ့ ရုပ်ထုကိုအရိုအသေပြုနေကြတာ....ဒါပေမယ့် မင်းတို့က ငါကိုတကယ်ကိုပဲအရိုအသေပြုစေချင်နေကြတာလား"

သို့ရာတွင် လုယွီက ချက်ချင်းဆိုသလိုပင် သူ၏ဦးခေါင်းကိုခါယမ်းလိုက်သည်။

"တကယ်လို့ ဒါကြီးကအစစ်အမှန်စစ်နတ်ဘုရားဆိုရင်တောင်မှ ငါကတစ်ယောက်ထက်မကပိုပြီးသတ်ဖြက်ခဲ့ဖူးတယ်....ငါက သူကိုအရိုအသေပြုလိုက်မယ်ဆိုရင် ကောင်းကင်ဘုံကသည်းခံလိမ့်မယ်မထင်ဘူး"

လုယွီ၏စကားများကိုကြားလိုက်သူတိုင်းက သူသည်အဓိပ္ပါယ်မရှိသောစကားများပြောဆိုသည့်အရူးတစ်ယောက်ဟု ထင်မှတ်ထားကြသည်။

လုယွီအားကြည့်နေသောအိမ်ရှေ့စံမင်းသား၏မျက်နှာကနီရဲလာခဲ့သည်။

"ဒါက အမတ်ကြီးယုံဖျင်ရဲ့အိမ်တော်က သင်ကြားပေးထားတာတွေလား....မင်းကလုံကျင်းမြို့တော်ရဲ့အမျိုးသားတပည့်တစ်ယောက်ပဲ...မင်းကအရိုအသေမပြုဘူးဆိုရင် အမတ်ကြီးယုံဖျင်မျက်နှာပျက်ရမှာ....မင်းအဖေပြန်လာတဲ့အချိန်ကျရင် အရှင်ကိုဘယ်လိုရှင်းပြမလဲဆိုတာ ငါစောင့်ကြည့်မယ်"

ဤကဲ့သို့ကိစ္စမျိုးလဲ အမှန်တကယ်ရှိသေးသလော။

လုယွီက မျက်မှောင်ကြုတ်လိုက်ပြီး စကားမပြောခင်အချိန်အတန်ကြာတိတ်တ်တ်ဆိတိဆိတ်စဉ်းစားပြီးလိုက်သည်။

"ငါက သူကိုအရိုအသေပြုနိုင်တယ် ဒါပေမယ့် ဒူးထောက်ဖို့ဆိုတာကတော့အမှန်တကယ်မဖြစ်နိုင်ဘူး"

အိမ်ရှေ့စံမင်းသား၏အမူအယာက အနည်းငယ်ကောင်းမွန်လာသည်။ မည်သို့ပင်ဖြစ်စေ အချိန်လွဲချော်မှုမဖြစ်စေရန်အတွက် သူ၏စိတ်ထဲမှနေ၍ လုယွီအားအရိုအသေပြုစေချင်ပေသည်။ ထို့ကြောင့်အိမ်ရှေ့စံမင်းသားက တိတ်တဆိတ်နေရန်ရွေးချယ်လိုက်သည်။

လုယွီက အရာရှိထံမှအမွှေးနံသာတိုင်ကိုယူပြီး မီးညှိ၍မတင်လိုက်တော့သည်။ ထို့နောတ် သူကစစ်နတ်ဘုရားရုပ်ထုရှေ့သို့လျှောက်သွားပြီး ကြေးနီအိုးအတွင်းတွင် နံသာတိုင်ကိုစိုက်လိုက်သည်။

လေထုအတွင်းတွင် အစိမ်းရောင်မီးခိုးငွေ့များထွက်ပေါ်လာပြီး လုယွီ၏ပုံရိပ်အားမှုန်ဝါးသွားစေခဲ့သည်။ မြင့်မားသောရုပ်ထုကြီး၏ရှေ့တွင် လုယွီကအလွန်အမင်းသေးငယ်စွာဖြင့်ထွက်ပေါ်လာပေသည်။ သူထံ၌ မည်သည်ပြောင်းလဲမှုမှဖြစ်ပေါ်လာခြင်းမရှိပေ။ စူးစမ်းချင်စ်တ်အပြည့်ဖြင့် သူ့အားကြည့်ရှုနေကြသူများကလှောင်ပြောင်ပြောဆိုလိုက်ကြတော့၏။

"ဒါအမှန်တရားပဲလေ....မိဘတွေရဲ့အောင်မြင်မှုကိုမှီခိုပြီး ဂုဏ်သရေနဲချမ်းသာကြွယ်ဝမှုရရှိနေတဲ့ကောင်က စစ်နတ်ဘုရားရဲ့အာရုံစူးစိုက်မှုကိုဘယ်လိုရမှာလဲ"

လူတချို့က တကြိမ်ပြီးတကြိမ်လှောင်ပြောင်သရော်နေကြပေသည်။

များပြားလှသော ကဲ့ရဲ့ပြစ်တင်နေသည့်အကြည့်များအောတ်မှနေ၍ လုယွီကထွက်ခွာလာခဲ့တော့၏။

သို့ရာတွင် လုယွီပထမဆုံးခြေလှမ်းလှမ်းပြီးနောတ်မကြာခင်မှာပင် သူ၏နောတ်မှနေ၍ ကျယ်လောင်သောအသံတသံထွက်ပေါ်လာသည်။

ဘုန်း

ကမ္ဘာကြီးတခုလုံး ပျံ့နှံ့သွားစေသောအသံသည် နေရာအနှံပဲ့တင်ထပ်ထွက်ပေါ်လာခဲ့သည်။

ရုတ်တရက် ကောင်းကင်ယံမှနေ၍ရွှေရောင်အလင်းတန်းများတောက်ပလာလေ၏။ ထိုထွက်ပေါ်လာသောအလင်းတန်းသည် အံသြဖွယ်ကောင်းလောတ်အောင် ထူးခြားလင်းလက်နေပြီး လူတိုင်းအားတုန်လှုပ်သွားစေသည်။

"အဲဒါကဘာလဲ"

"ဒါက နတ်ဘုရားအလင်းတန်းလား....မဖြစ်နိုင်ဘူး...နတ်ဘုရားအလင်းတန်းက ဒီလိုအသံကြီးဘယ်လိုလုပ်ထွက်လာနိုင်မှာလဲ"

လူတိုင်းအံအားသင့်စွာဖြင့် မတုန့်ပြန်နိုင်ခင်မှာပင် လုယွီကဒုတိယခြေလှမ်းကိုလှမ်းလိုက်သည်။

ကျယ်လောင်သောအသံကြီးထပ်မံထွက်ပေါ်လာပြီးနောတ် မကြာမှီမှာပင် မြေပြင်ကပြင်းပြင်းထန်ထန်တုန်လှုပ်လာပေသည်။

ယဇ်ပလ္လင်၏မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းကြီးများစတင်ထွက်ပေါ်လာပြီး မြေပြင်အနှံသို့ပျံ့နှံ့သွားခဲ့သည်။

ကြည်လင်နေသောမိုးကောင်းကင်သည်လည်း ရုတ်တရက်တိမ်မည်းများဖုံးအုပ်လာခဲ့သည်။

လေအေးများက တိုက်ခတ်နေဆဲဖြစ်၏။ ရုတ်တရက် တိမ်မည်းများမှနေ၍ အနည်းငယ်ထူထဲသော မိုးကြိုးတစ်စင်းကျဆင်းလာခဲ့သည်။

ရူးသွပ်နေသောနဂါးအော်သံမျိုးနှင့်အတူ စစ်နတ်ဘုရား၏ရုပ်ထုပေါ်သို့ မရေမတွက်နိုင်သော မိုးကြိုးများရိုက်ခတ်ကျဆင်းလာသည်။

ဘုန်း

ဘုန်း

ဘုန်း

မြင့်မြတ်သည့် လျန့်အင်ပါယာ၏အမှတ်သင်္ကေတဖြစ်သော စစ်နတ်ဘုရားရုပ်ထုသည် မိုးကြိုးပစ်ခတ်ခြင်းအားခံနေရသည်။

မူလက ကြည်လင်ရှင်းလင်းပြီးတိမ်ကင်းစင်နေသော ရာသီဥတုသည် ရုတ်တရက်မရေမတွက်နိုင်သောမိုးကြိုးများရိုက်ခတ်လာခဲ့သည်။ ထိုမိုးကြိုးများက သတ်မှတ်ထားသည့်အလား စစ်နတ်ဘုရား၏ရုပ်ထုပေါ်သို့သာ ရက်ရက်စက်စက်ရရိုက်ခတ်နေပေ၏။

လဖက်ရည်တခွက်စာပြင်ဆင်ချိန်အတောအတွင်းမှာပင် စစ်နတ်ဘုရားရုပ်ထုသည်ပြိုလဲလုနီးပါးဖြစ်လာခဲ့သည်။

စစ်နတ်ဘုရားရုပ်ထု၏ ခြေထောက်နှစ်ဖက်သည် ပြင်းထန်သောမိုးကြိုးဒဏ်ကြောင့် ရှေ့သို့ကွေးညွတ်လာရသည်။ မျက်တောင်တခတ်စာအချိန်အတွင်းမှာပင် ကြေးနီရုပ်ထုကြီးသည် ဒူးထောက်လျက်သားဖြစ်သွားခဲ့သည်။

လေထုအတွင်းတွင် မီးခိုးနှင့်ဖုန်မှုန့်များပြည့်နှက်လာပြီး လူတိုင်း၏မျက်နှာသည် ဖြူ လျော်နေပေ၏။

"မိုးကြိုးအပြစ်ဒဏ်....ဒါကမိုးကြိုးအပြစ်ဒဏ်ပဲ"

"ဒါက မိုးကောင်းကင်ရဲ့အလိုဆန္ဒလား...မဖြစ်နိုင်ဘူး...ငါတို့ရဲ့မြင့်မြတ်တဲ့ လျန့်နိုင်ငံတော်က အခုချိန်မှာရှင်သန်နေတာ....ဘယ်လိုလုပ်ဒီလိုမြင်ကွင်းမျိုးဖြစ်ပေါ်နိုင်မှာလဲ"

လူအုပ်ကြီး အထိတ်တလန့်ဖြစ်နေချိန်တွင် ရုပ်ထုကြီးဒူးထောက်နေစေသာနေရာသည် လုယွီရှိသောနေရာဖြစ်စေကြာင်း တစုံတယောက်ကသတိပြုမိသွားသည်။

ဖြစ်နိုင်တာက ဤအရာကိုလုယွီလုပ်ခဲ့သလော။

စစ်နတ်ဘုရားရုပ်ထုက လုယွီအားဒူးထောက်နေသလော။

"ဒါက ကြေးဝါရုပ်ထူကိုတာဝန်ယူတည်ဆောတ်တဲ့ ဝန်ကြီးဌာနက ငွေကြေးကိုအလွဲသုံးစားလုပ်တာဖြစ်နိုင်တယ်...သူတို့က လိမ်လည်လှည့်ဖျားပြီး အရည်အသွေးညံဖျင်းတဲ့ကြေးဝါတွေကိုသုံးပြီးငါတို့ကိုလှည့်စားခဲ့တာ"

"ငါတို့ပြန်ရောက်တာနဲ့ အဲ့လူတွေကို အသေအချာကိုအပြစ်ပေးခိုင်းရမယ်"

လုယွီက ဤအဖြစ်အပျက်၏နောတ်ကွယ်ရှိလက်သည်တရားခံဖြစ်သည်ဟု မည်သူကမျှမယုံကြည်ကြချေ။ လုယွီကဲ့သို့အရူးတစ်ယောက်၏ရှေ့တွင် စစ်နတ်ဘုရားကဒူးထောက်မည်ဟူသည်မှာ မည်သို့ဖြစ်နိုင်မည်နည်း။

မည်သို့မျှမဖြစ်နိုင်ပေ။ ထိုအရာက မည်သို့မျှမဖြစ်နိုင်သောစိတ်ကူးယဉ်မှုသက်သက်သာဖြစ်ပေမည်။

သို့ရာတွင် သူတို့၏ရှေ့မှောက်ရှိစစ်နတ်ဘုရားရုပ်ထုက လုယွီအားဒူးထောက်နေသည့်မြင်ကွင်းမှာ တုန်လှုပ်ဖွယ်ကောင်းလှပေသည်။

ပြိုလဲကျနေသော စစ်နတ်ဘုရားယဇ်ပလ္လင်အားကြည့်ပြီး လုယွီကလူအုပ်ကြားမှတိုးဝှေ့ထွက်လာခဲ့သည်။

"လုယွီ မင်းဘယ်သွားမလို့လဲ"

အိမ်ရှေ့စံမင်းသားက အော်ဟစ်လိုက်သည်။

လုယွီက သူအားပြန်လှည့်ကြည့်ပြီး တည်ငြိမ်အေးဆေးသောလေသံဖြင့်ပြန်ဖြေလိုက်လေ၏။

"ငါမပြန်ရတာ ဆယ့်ခုနစ်နှစ်ရှိနေပြီ...အိမ်ကိုပြန်ပြီး ငါမိသားစုကိုသွားတွေ့မလို့"

လူတိုင်းက တခဏတာအံအားသင့်သွားကြပြီးနောတ် ရယ်မောလိုက်ကြသည်။ ယခင်ကရှိနေသော သူတို့၏စိတ်အတွင်းမှသံသယများသည်လည်း ပါးလွှာသောလေထုနှင့်အတူပျောက်ကွယ်သွားတော့သည်။

ထိုအဖြစ်အပျက်က တိုက်ဆိုင်မှုသက်သက်သာဖြစ်နိုင်ပေသည်။

ကြည့်ရပုံမှာ အရူးတစ်ယောက်က အစဉ်အမြဲအရူးသာဖြစ်ပေမည်။ လုယွီက ယခုနှစ်တွင်အသက်တစ်ဆယ့်ခုနစ်နှစ်သာရှိသေးသည်။ သူက အိမ်မပြန်ရခြင်းသည် တစ်ဆယ့်ခုနစ်နှစ်ရှိပြီဟုပြောဆိုနေခဲ့သည်။ သူက အမတ်ကြီးယုံဖျင်၏အိမ်တော်မှ ယခုနံနက်ခင်းကမှထွက်လာခြင်းမဟုတ်သည့်အတိုင်းပင်။

"ကြည့်ရတာတော့ သူက နတ်ဘုရားအလင်းတန်းကိုမရရှိလို့ဒီနေရာမှာမျက်နှာပြစရာမရှိတော့ဘူးထင်တယ်...ဒါကြောင့် သူကအိမ်ကိုပြန်ချင်နေတာ"

တစုံတယောက်က လေးနက်သည့်လေသံဖြင့်ဝင်ရောက်ပြောဆိုခဲ့သည်။

လုယွီ၏နောတ်ကျောကိုကြည့်နေသော အိမ်ရှေ့စံမင်းသား၏မျက်လုံးအတွင်းတွင်သာ သံသယအရိပ်အယောင်တစိုးတစိထင်ဟပ်နေသည်။ သို့ရာတွင် ပတ်ဝန်းကျင်မှဆူညံသံများနှင့်အတူ ထိုသံသယများသည်လည်း သဲလွန်စမကျန်အောင်ပျက်ပြယ်သွားတော့သည်။

Chapter 2

တပ် တပ် တပ်...တပ် တပ် တပ်

လုံကျင်းမြို့တော်၏ရွှေဟသာင်္လမ်းတွင် မြင်းရထားတစ်စီးက လျှင်လျှင်မြန်မြန်မောင်းနှင်နေသည်။

ထိုရထားလုံးသည် ခြောက်ပေကျယ်ဝန်းပြီးရှစ်ပေမြင့်မားပေ၏။ ရထားလုံးတစ်စင်းလုံးကို သံထည်ဖြင့်ပြုလုပ်ထားပြီး ဓား လှံ များထိုးဖောတ်နိုင်ခြင်းမရှိချေ။

ရထားလုံးအားဆွဲနေသောမြင်းနှစ်ကောင်သည် မြောက်ပိုင်းကုန်းမြေမှရှားပါးသည့် မီးတောက်မြင်းများဖြစ်သည်။ ၎င်းတို့ပြေးနေစဉ်တွင် မီးတောက်များဝန်းရံနေပြီး တစ်နေ့လျှင်မိုင်ထောင်ပေါင်းများစွာအထိခရီးနှင်နိုင်ပေသည်။

ထိုရထားလုံးသည် အမတ်ကြီးယုံဖျင်၏သီးသန့်ရထားလုံးဖြစ်၏။ မီးတောက်မြင်းများအား မြောက်ပိုင်းကုန်းမြေမှယူဆောင်လာခြင်းဖြစ်ပြီး ရထားလုံးအား စက်မှုဝန်ကြီးဌာနမှ လက်မှုပညာရှင်က ကိုယ်တိုင်ကိုယ်ကျပြုလုပ်ပေးထားခြင်းဖြစ်သည်။

လုယွီက ရထားလုံးအတွင်းထိုင်နေစဉ်တွင် သူ၏အတိတ်မှတ်ဥာဏ်များက စိတ်အတွင်းတွင်ဒီရေတက်လာသကဲ့သို့ တရိပ်ရိပ်လွှမ်းမိုးလာသည်။

သူ၏ယခင်ဘဝတွင် မြေအောက်ကမ္ဘာ၏တာအိုသခင်ဖြစ်ပြီး မြေအောက်ကမ္ဘာဆယ့်ရှစ်ခုကိုတာဝန်ယူအုပ်ချုပ်ရသည်။ သူ၏လက်အတွင်း၌ ဆေဘာဓားတစ်ချောင်းကိုဆွဲကိုင်ပြီး လောကအနှံသွားလာလှုပ်ရှားခဲ့သည်။ မည်သူကမျှ လုယွီအားအနိုင်မယူနိုင်ကြချေ။ သူအား စွမ်းအားအကောင်းဆုံးတာအိုသခင်ဟုပင်ခေါ်ဆိုနိုင်ပေသည်။

သို့ရာတွင် လုယွီက ကောင်းကင်ဘုံအင်ပါယာအားစိန်ခေါ်နေစဉ်တွင် သူ၏တာအိုရောင်းရင်း ရှန်းလင်းလုံကတခြားတာအိုသခင် တစ်ရာကျော်နှင့်အတူသူအားချောင်းမြောင်းလုပ်ကြံခဲ့သည်။ လုယွီက ကောင်းကင်ဘုံအင်ပါယာနှင့်အတူသေဆုံးခဲ့ရပြီး သူ၏စိတ်ဝိညာဉ်သည် အောက်ဘုံသို့ကျဆင်းခဲ့တော့သည်။

"ရှန်းလင်းလုံ...မင်းက အာဏာသန့်စင်ဘုံမှာ ကျင့်ကြံဖို့ကိုမေ့လျော့နေပြီထင်တယ်...မင်းရဲ့မရီးဒါန်းတွေကျိုးပဲ့ပြီး ဒန်တျန်ပါပျတ်စီးသွားချိန်တုန်းက ငါရဲ့စိတ်ဝိညာဉ်ကျောက်တုံးအားလုံးကိုသုံးပြီး အသက်ကယ်ဆေးတစ်လုံးရအောင်လုပ်ခဲ့တယ်...ပြီးတော့ မင်းကိုထပ်ပြီးကျင့်ကြံနိုင်အောင်ကူညီခဲ့တယ်"

"မင်းရဲ့စိတ်ဝိညာဉ်အရင်းအမြစ်ကအားနည်းပြီး ပါရမီလည်းမရှိခဲ့ဘူး...ငါဆိုတဲ့ကောင်က ခွန်လွင်နတ်ဘုရားတောင်ကိုအပြေးသွားပြီး များပြားလှတဲ့ကျွမ်းကျင်ပညာရှင်တွေရဲ့အမျက်ဒေါသအောက်မှာ သစ်ပင်ကနေစိတ်ဝိညာဉ်အရင်းအမြစ်တွေစုဆောင်းပြီး မင်းကိုပါရမီရှင်တစ်ယောက်ဖြစ်အောင်လုပ်ပေးခဲ့တယ်"

"မင်းရဲ့မိုးကောင်းကင်အပြစ်ဒဏ်တုန်းက အကျပ်အတည်းဖြစ်ပြီး မင်းရဲ့အသက်ဆုံးရှုံးလုနီးပါးဖြစ်ခဲ့တယ်...လောကကြီးတခုလုံးသိကြတာက ရှန်းလင်းလုံ ကောင်းကင်ဘုံမိုးကြိုးကိုလက်ညှိုးတစ်ချောင်းတည်းနဲ့ဖျက်ဆီးပစ်ခဲ့တယ်ဆိုတာပဲ....ဒါပေမယ့် ငါကအဆုံးမရှိတဲ့ကောင်းကင်ဘုံမိုးကြိုးတွေကိုခံနိုင်ရည်ရှိတယ်ဆိုတာဘယ်သူမှမသိကြဘူး"

"မင်းလိုမျိုး နှလုံးသားမဲ့တဲ့ကောင် ဘယ်လိုတောင်ရှိနေရတာလဲ....မင်းက ငါရဲ့အင်မော်တယ်ပစ္စည်းတွေကိုတပ်မက်စိတ်ဝင်ပြီး ငါ ကောင်းကင်ဘုံအင်ပါယာကိုစိန်ခေါ်တဲ့အချိန်ကိုအခွင့်အရေးယူပြီး ငါကိုချောင်းမြောင်းတိုက်ခိုက်ခဲ့တယ်...ငါကိုသတ်ခဲ့တယ်...ဒီတခါတော့ မင်းသေရမယ်...မင်း သေသင့်တယ်"

လုယွီ၏စိတ်ခက်ထန်ကြမ်းတမ်းလာသည့်အတွက် နဂါးတစ်ကောင်ဟိန်းဟောက်နေသကဲ့သို့ဖြစ်ပေါ်လာသည်။ သူ၏လက်ချောင်းထိပ်မှနေ၍ စူးရှသောချီထွက်ပေါ်လာပြီး ရထားလုံးသတ္ထု ပြားကိုဖြတ်၍ အစိမ်းရောင်မီးခိုးထွက်ပေါ်လာသည်။ လုယွီ၏ အမျက်ဒေါသကိုတုံပြန်သည့်အလား ကြည်လင်နေသောမိုးကောင်းကင်မှနေ၍ မိုးခြိမ်းသံထွက်ပေါ်လာခဲ့သည်။

"ဖူး"

"အူ..."

ရထားလုံးအားဆွဲနေသောမြင်းများမငြိမ်မသက်ဖြစ်မှုကြောင့် လှည်းမောင်းသူကတံပိုးမှုတ်၍ လှည်းရပ်တန့်စေရာ ရထားလုံးမှာတုန်ခါသွားခဲ့သည်။

"သခင်လေး....ကျွန်တော်သေသင့်ပါတယ်...အကြောင်းတခုခုကြောင့် ဒီနေ့ မြင်းတွေသွားလာနေတာရူးသွပ်နေသလိုပဲ"

လှည်းမောင်းသူက ရထားလုံးနံဘေးမှနေ၍ လုယွီအားတီးတိုးပြောဆိုလိုက်သည်။

လုယွီက လေသံနှိမ့်ပြီးပြန်ပြောခဲ့လေ၏။

"အဆင်ပြေပါတယ်...ဆက်သွားရအောင်"

ရထားလုံးက လမ်းခရီးဆတ်လက်သွားနေစဉ် အချိန်မှာပင် လုယွီ၏စိတ်သည်လည်း တဖြည်းဖြည်းတည်ငြိမ်အေးဆေးလာခဲ့သည်။

ရှန်းလင်းလုံက လုပ်ကြံတိုက်ခိုက်ခဲ့သော်လည်း လုယွီ၏စိတ်ဝိညာဉ်သည် ပြိုကွဲသွားခြင်းမရှိပေ။ ထိုသို့ပြိုကွဲရမည့်အစား အောက်ဘုံသို့ကောင်းကင်ဘုံအင်ပါယာနှင့်အတူကျဆင်းခဲ့ရသည်။

ရှန်းလင်းလုံက တခြားတာအိုသခင်အယောက်သုံးဆယ်နှင့်စုပေါင်း၍ သတ်ဖြက်ခြင်းဝင်္ကပါကိုဖွဲ့စည်းနိုင်ခဲ့သည်။ ထိုဝင်္ကပါသည် ကောင်းကင်နှင့်မြေကြီးကိုလှုပ်ခါနိုင်ပြီး လေဟာနယ်ကိုဖြိုခွဲကာ သက်ရှိအားလုံးကိုပျက်စီးစေနိုင်သောအစွမ်းရှိသည်။

သို့ရာတွင် လုယွီနှင့်ကောင်းကင်ဘုံအင်ပါယာနှစ်ယောက်စလုံးသည် အထွက်အထိပ်ကျွမ်းကျင်သူများဖြစ်သဖြင့် ထိုသတ်ဖြက်ခြင်းဝင်္ကပါအတွင်းမှလွတ်မြောက်နိုင်ခဲ့သည်။

တိုက်ဆိုင်စွာဖြင့် သူတို့နှစ်ယောက်လုံး၏စိတ်ဝိညာဉ်များသည် အောက်ဘုံရှိတူညီသောခန္ဓာကိုယ်တစ်ခုအတွင်းသို့ကျရောက်ခဲ့ရသည်။ မကြာသေးမှီကသေဆုံးသွားသည့် ခလေးတစ်ယောက်၏ခန္ဓာကိုယ်အတွင်းသို့ အထွက်အထိပ်ကျွမ်းကျင်သူနှစ်ယောက်၏စိတ်ဝိညာဉ်များ တိုးဝင်ခဲ့တော့သည်။

ထိုပြန်လည်မွေးဖွားချိန်မှစ၍ ယနေ့အထိ လုယွီနှင့်ကောင်းကင်ဘုံအင်ပါယာသည် စိတ်ဝိညာဉ်ခြင်း သေခြင်းရှင်ခြင်းစစ်ပွဲဆင်နွှဲနေရခြင်းဖြစ်သည်။ အဆုံးသတ်တွင် လုယွီက ကောင်းကင်ဘုံအင်ပါယာ၏ဝိညာဉ်ကိုဝါးမြိုနိုင်ပြီး သူ၏ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်အား အပြည့်အဝထိန်းချုပ်နိုင်ခဲ့သည်။

"ကောင်းကင်ဘုံအင်ပါယာက တကယ်ကိုစက်ဆုပ်ဖွယ်ကောင်းတာပဲ....သူက လူသားမျိုးနွယ်ရဲ့အုပ်ချုပ်သူလို့အမှန်တကယ်ခေါ်ထိုက်တယ်"

သူ၏ပြိုင်ဘက်ဟောင်းအကြောင်းကိုစဉ်းစားရင်း လုယွီ သူကိုယ်သူမထိန်းချုပ်နိုင်တော့ဘဲ သက်ပြင်းတစ်ချက်ချလိုက်သည်။

ကောင်းကင်ဘုံအင်ပါယာ၏ ခြောက်သွေ့နေသောစိတ်ဝိညာဉ်မှတဆင့် လုယွီက အမှတ်တရမှတ်ဥာဏ်များစွာမြင်တွေ့ခဲ့ရသည်။

အဆုံးမရှိသော စကြာဝဠာကြီးတွင် မရေမတွက်နိုင်အောင်များပြားသောကြယ်များ မျောလွင့်နေသည်။

ကြယ်များပေါ်တွင် အချိန်တိုင်း မရေမတွက်နိုင်သည့် သက်ရှိများ ဖြစ်ပျက်နေလေ၏။ သေမျိုးများ သိုင်းပညာရှင်များ ရိုင်းစိုင်းသော မှော်သားရဲများနှင့် နတ်ဆိုးများသည် ထိုကြယ်များတွင် မှီတင်းနေထိုင်ကြသည်။

ဤစကြာဝဠာကိုအုပ်ချုပ်သူသည် မြင့်မြတ်သော ယု မင်းဆက်ဖြစ်သည်။ မြင့်မြတ်သော ယု မင်းဆက်၏အရှင်သခင်သည် ထိုက်ခိုဟုခေါ်ပြီး ကောင်းကင်ဘုံအင်ပါယာအဖြစ်ဂုဏ်ပြုခြင်းခံရပေသည်။ သူ၏ ကျန်ရှိနေသောမှတ်ဥာဏ်များမှတဆင့် မရေမတွက်နိုင်သော စွမ်းအားကြီးတာအိုသခင်များက ထိုက်ခိုအား ဦးညွက်အရိုအသေပြုရသည်အားသိရှိခဲ့ရသည်။

အကယ်၍ သူက လုယွီနှင့်သာမဆုံတွေ့ခဲ့လျှင် လူသားမျိုးနွယ်တစ်ခုလုံး၏အုပ်ချုပ်သူအဖြစ် ဆတ်လက်တည်ရှိပြီး လူမြောက်များစွာ၏အရိုအသေပြုခြင်းအား ခံရပေမည်။

"ကံဆိုးချင်တော့ မင်းက ငါနဲ့တွေ့ခဲ့တာပဲ"

အေးစက်သောအမူအယာဖြင့် လုယွီက သူ၏လက်ချောင်းကိုဆန့်ထုတ်လိုက်ရာ လက်ချောင်းထိပ်၌မှိန်ဖျဖျရွှေရောင်အလင်းတန်းထွက်ပေါ်လာသည်။

ထိုအလင်းတန်းအား စစ်နတ်ဘုရားယဇ်ပလ္လင်ရှေ့ရှိ ပါရမီရှင်များမှထွက်သောအလင်းတန်းနှင့် နှိုင်းယှဉ်ကြည့်လျှင် ပို၍မှိန်ဖျော့နေသည်အားတွေ့နိုင်သည်။ သို့ရာတွင် ထိုအရာနှစ်ခုသည် နှိုင်းယှဉ်ရန်တူညီမှုမရှိကြပေ။

ဤအလင်းတန်းသည် ကောင်းကင်ဘုံအင်ပါယာ၏ မူလမီးလျှံဖြစ်သည်။ ထိုအလင်းတန်းသည် အသက်တရှိုက်စာအချိန်ကာလအတွင်းထွက်ပေါ်လာပြီး ကောင်းကင်ဘုံအင်ပါယာ၏စိတ်ဝိညာဉ်သည် ပျံ့နှံ့သေးပုံမရချေ။ သို့ရာတွင် အချိန်တခဏအတွင်းမှာပင် ကောင်းကင်ဘုံအင်ပါယာ၏စိတ်ဝိညာဉ်အကြွင်းအကျန်သည် လုယွီ၏ဖယ်ရှားခြင်းအားခံလိုက်ရသည်။ သူ၏စွမ်းရည်များအားလုံးသည်လည်း လုယွီ၏ယူဆောင်ခြင်းအား ခံလိုပ်ရပေ၏။

"ဒါက ပစ္စည်းကောင်းတစ်ခုပဲ....ဒီ မူလအစစ်အမှန်မီးလျှံနဲ့ဆိုရင် ငါက ရှန်းလင်းလုံရဲ့သတ်ဖြက်ခြင်းဝင်္ကပါကိုထပ်ပြီးရင်ဆိုင်ရရင်တောင်မှ လွတ်မြောက်ဖို့တိုက်ခိုက်နိုင်လိမ့်မယ်"

လုယွီက သူ၏လက်ချောင်းထိပ်မှနေ၍ မူလမီးလျှံကိုပစ်လွှက်လိုက်သည်။ မူလမီးလျှံထိတွေ့သွားသောနေရာသည် အပေါက်တပေါက်ဖြစ်ပေါ်သွားပြီး ထိုနေရာမှ အစိမ်းရောင်မီးခိုးငွေ့များ ပျံ့လွင့်လာလေ၏။

အမတ်ကြီးယုံဖျင်၏အိမ်တော်သည် အလွန်အမင်းနေရာကျယ်ပြန့်ပြီး မူတစ်ထောင်ကျော်ခန့်ရှိကာ အထူးလှပသောဥယျာဉ်တစ်ခုလည်းပါဝင်ပေသည်။ အမတ်ကြီး တာကျိုးအိမ်တော်ကဲ့သို့ ယုံဖျင်အိမ်တော်၌ အစောင့်လူငါးရာရှိပြီး သူတို့အားလုံးသည်မြောက်ပိုင်းစစ်တပ်မှလက်ရွေးစင်များဖြစ်သည်။

လုံကျင်းမြို့တော်သည်အလွန်ကြီးမားသဖြင့် လုယွီ၏မြင်းလှည်းသည် ယုံဖျင်အိမ်တော်သို့ပြန်ရန် တစ်နာရီနီးပါးမောင်းနှင်ရပေသည်။ မြို့တော်အတွင်းရှိ အလျားလိုက်လမ်း၁၂လမ်းပေါ်ရှိအိမ်တော်များသည် မင်းမျိုးမင်းနွယ်တို့၏အိမ်တော်များဖြစ်သဖြင့် အလွန်ကောင်းမွန်သောနေရာဖြစ်သည်။

"ငါက ဒီဘဝမှာ မိသားစုဆိုတာဘာမှန်းမသိသေးဘူး"

လုယွီ၏မှတ်ဥာဏ်များအတွင်းတွင် မိသားစုနှင့်ပတ်သတ်သောအရာများရှိမနေချေ။ အကြောင်းအရင်းမှာ သာမာန်ဘဝကိုစီမံရန် သူ၏စိတ်ဝိညာဉ်အနည်းငယ်ကိုသာအသုံးပြုခဲ့သည်။ ထို့ကြောင့် အပြင်လူများ၏အမြင်တွင် သူကအရူးတစ်ယောက်ဖြစ်နေခဲ့သည်။ ပုံမှန်အားဖြင့် လုယွီသည် ဥာဏ်ရည်နိမ့်ပါးသူဖြစ်ပြီး စကားပြောရန်ကြိုက်နှစ်သက်ခြင်းမရှိချေ။

သူ၏အသက်ငါးနှစ်အရွယ်တွင် သူ၏နာမည်အားဖတ်နိုင်ရေးနိုင်ရန် အချိန်တစ်လကြာခဲ့သည်။ သူ၏အသက် ခုနစ်နှစ်ပြည့် သိုင်းပညာစတင်လေ့ကျင်ရာတွင် သာမာန်လက်သီးသိုင်းကျင့်စဉ်၏အနှစ်သာရကို နားလည်စေရန် အချိန်သုံးနှစ်ကြာမြင့်ခဲ့သည်။

လုယွီက တခြားသူများနှင့်ပြောဆိုဆတ်ဆံချိန်တွင်လည်း သူ၏စကားများသည် တစ်ဝက်တစ်ပျက်ဖြစ်နေပြီး ဝါကျတစ်ကြောင်းကိုပင် အစီအစဉ်တကျမပြောနိုင်ပေ။

"ဒီ ဆယ့်ခုနစ်နှစ်တာကာလမှာ ကောင်းကင်ဘုံအင်ပါယာရဲ့စ်တ်ဝိညာဉ်နဲ့တိုက်ခိုက်နေတာမို့ ငါရဲ့စိတ်ဝိညာဉ်ကိုအများကြီး မထုတ်လွှက်နိုင်ခဲ့ဘူး...ငါက အမှန်တကယ်ကို အရူးတစ်ယောက်လိုပြုမူနေခဲ့တာပဲ"

"ငါရဲ့အဖေက နတ်ဘုရားစစ်သူရဲဖြစ်တာတောင် ငါလိုအသုံးမကျတဲ့သားကြောင့် လှောင်ပြောင်ခံရတယ်...သူရဲ့အရည်အချင်းတွေကြောင့် နယ်စားကြီးအဖြစ်ရာထူးတိုးခံရပြီး ချမ်းချမ်းသာသာနဲ့အေးအေးဆေးဆေးနေနိုင်တယ်...ဒါပေမယ့် အဖေက ငါ ချမ်းချမ်းသာသာနေနိုင်ဖို့ရည်ရွယ်ပြီး နယ်စပ်ကိုစောင့်ရှောက်နေရာကနေပြီး နှစ်ပေါင်းများစွာကြာအောင်အိမ်ပြန်မလာခဲ့ဘူး"

"ငါရဲ့အမေက နူးညံသိမ်မွေ့သူတစ်ယောက်ပဲ....လုံကျင်းက အမျိုးသမီးတွေ့ဆုံပွဲတွေမှာ အဲ့ဒီအထက်တန်းလွှာမိန်းမတွေက ငါကိုပစ်မှတ်ထားပြီး ငါအမေကိုလှောင်ပြောင်စော်ကားခဲ့ကြတယ်...အမေက မိသားစုထဲမှာဘယ်အချိန်မှအရေးပေးခြင်းမခံရပေမယ့် သူမကဒီနှစ်တွေမှာ တင်းတိမ်ရောင့်ရဲနေခဲ့တယ်"

"ငါတို့မိသားစုရဲ့အမွေကိုဆတ်ခံဖို့အတွက် ငါ့အမကအသက်ဆယ့်ငါးနှစ်ကတည်းက သံချပ်ကာအင်္ကျီကိုဝတ်ပြီး ရန်သူတွေကိုသတ်ဖြက်ခဲ့ရတယ်....သူမက စေ့စပ်ထားသူနဲ့တောင် လက်မထပ်ခဲ့ရဘူး"

မိသားစု၏တရားဝင်သားဖြစ်သော လုယွီကို တမိသားစုလုံးကအကာအကွယ်ပေးခဲ့ကြသည်။ ဤနှစ်တွေအတွင်းရှိ သူ၏အတွေ့အကြုံများကိုပြန်လည်တွေးတောမိရင်း လုယွီကဖြည်းဖြည်းခြင်း သူ၏လက်သီးကိုဆုပ်လိုက်သည်။

ဤဘဝအတွင်းတွင် လုယွီက သူ၏ခန္ဓာကိုယ်ကို အပြည့်အဝမထိန်းချုပ်နိုင်သေးသော်လည်း သူ၏မိသားစုပေးသော ဂရုစိုက်မှုနှင့်နွေးထွေးမှုများကို ခံစားရပေသည်။

အကယ်၍ သူအားဂရုစိုက်ပေးမည့် မိသားစုသာမရှိခဲ့လျှင် များစွာသောစိတ်ဝိညာဉ်များအားဝါးမြိုနိုင်လျှင်ပင် သူ၏ခန္ဓာကိုယ်အနေအထားအရ သေခြင်းတရားသို့သာဆိုက်ရောက်ရပေမည်။ လုယွီက အေးတိအေးစက်ဖြင့်သေဆုံးရမည်မှာ မလွဲဧကန်ပင်။

****

ယုံဖျင်အိမ်တော်၏ ပင်မတံခါး

လုယွီက ရထားလုံးပေါ်မှဆင်းလိုက်သည်နှင့် အိမ်တော်၏ပြင်ပတွင် ရထားလုံးများစွာရပ်ထားသည်ကို တွေ့မြင်လိုက်ရသည်။

ထိုရထားလုံးများသည် နူးညံသောသေတ္တာများပြည့်နှက်နေပြီး ရထားလုံးဘေးတွင် ရစ်ခွေနဂါးအလံ ပါရှိသည်။ ရထားလုံးအားစောင့်ကြပ်နေသောလူများသည် ပိုးထည်ကိုယ်ကျပ်အင်္ကျီများကို ဝတ်ဆင်ထားပြီး ဓားများကိုင်ဆောင်ထားကြသည်။ ကြည့်ရပုံမှာ သူတို့၏မူလဇစ်မြစ်သည် သေးငယ်ပုံမရချေ။

"သခင်လေး....မင်း ပြန်လာပြီ"

ဘဏ္ဌာစိုးအိုကြီးက တံခါးနားမှနေ၍ အနည်းငယ်စိတ်လှုပ်ရှားနေသောလေသံဖြင့် ဆီးကြိုပြောလိုက်သည်။

လုယွီက တစုံတခုမှားယွင်းနေသည်ဟု အာရုံခံစားမိခြင်းကြောင့် မေးမြန်းလိုက်လေ၏။

"ဦးလေး ကျုံး...တံခါးနားမှာရပ်ထားတာ ဘယ်သူရထားလုံးလဲ"

ဘဏ္ဌာစိုးအိုကြီးက လျှင်လျှင်မြန်မြန်ဖြင့် တီးတိုးပြောလိုက်သည်။

"သခင်လေး....ကျေးဇူးပြုပြီး အနောက်ဘက်ခြံဝန်းကိုသွားပါ...အဓိကခန်းမကို မသွားနဲ့နော်"

လုယွီက မျက်မှောင်ကြုပ်ပြီး လေးလေးနက်နက်မေးမြန်းလိုက်သည်။

"ဘာဖြစ်နေတာလဲ"

ဘဏ္ဌာစိုးအိုကြီးက ကြက်သေသေသွားခဲ့သည်။ သူ၏ သခင်လေးသည် မည်သည့်အချိန်ကမျှ ဤကဲ့သို့သောအမူအယာမျိုး မရှိခဲ့ဘူးပေ။

"ပြောစမ်း"

လုယွီ အော်ဟစ်လိုက်၏။

ဘဏ္ဌာစိုးအိုကြီး၏ နှဖူးပြင်သည် ချွေးများဖုံးလွှမ်းလာခဲ့သည်။ သူက လုယွီအားအဖြေပြန်မပေးခင် သူ၏အသံသည် အနည်းငယ်တုန်ရီနေပေသည်။

"ဒါက နန်းတော်က လွှက်လိုက်တဲ့သူတွေပါ...သူတို့ပြောတာ အင်ပါယာက ပထမသခင်မလေးကို လက်ထပ်ပွဲတစ်ခုချီးမြှင့်တယ်လို့ ဆိုပါတယ်"

လုယွီက မျက်မှောင်ကြုပ်မိပြန်သည်။ ဤကဲ့သို့ကိစ္စမျိုး အမှန်တကယ်ဖြစ်လာသလော။ ထို့နောတ် သူက အေးစက်စွာဖြင့်မေးမြန်းလိုက်သည်။

"အင်ပါယာက ငါ့အမကို ဘယ်သူနဲ့လက်ထပ်ပေးချင်နေတာလဲ"

ဘဏ္ဌာစိုးအိုကြီးက တုန်ရီစွာဖြေကြားလေ၏။

"အဲ့ဒါက ဝေဘုရင်နဲ့..."

လုယွီ၏မျက်နှာတင်းမာလာပြီး အိမ်တော်အတွင်းသို့ တရကြမ်းတိုးဝင်တော့သည်။

ဘဏ္ဌာစိုးအိုကြီး၏မျက်နှာသည် ပျက်ယွင်းသွားပြီး လုယွီ၏နောတ်မှ အလျှင်စလိုလိုက်လံတားဆီးလိုက်သည်။

"သခင်လေး...မဆင်မခြင်မလုပ်ပါနဲ့"

******

အမတ်ကြီးယုံဖျင်အိမ်တော် မြင့်မြတ်သောနေရာ

လုယွီ၏မိခင်ဖြစ်သော ပထမတန်းအဆင့် အမျိုးသမီး ယွီရို့သည် မြေပြင်ပေါ်၌ဒူးထောက်နေခဲ့သည်။ သူမ၏မျက်နှာအမူအယာသည် မယုံကြည်နိုင်မှုများပြည့်နှက်နေလေ၏။

အမျိုးသမီး ယွီရို့၏ အရှေ့တွင် မိန်းမစိုးအနည်းငယ် မက်တပ်ရပ်နေသည်။ ခေါင်းဆောင်ဖြစ်သူမှာ ဝတ်စုံနီဖြင့်မိန်းမစိုးတစ်ယောက်ဖြစ်ပြီး သူ၏လက်တွင် အင်ပါယာအမိန့်တော်ကိုကိုင်ဆောင်ကာ ယွီရို့အား မောက်မာမှုအပြည့်ဖြင့် ကြည့်ရှုနေသည်။

"အမတ်ကြီးကတော်..အမိန့်တော်ကိုလက်ခံပါ"

မိန်းမစိုးက စူးရှသောလေသံဖြင့် ပြောကြားလိုက်သည်။

ယွီရို့က အမိန့်တော်ကိုလက်နှစ်ဖက်ဖြင့် မယူမှီအချိန်တခဏတွင် တွန့်ဆုတ်နေခဲ့သည်။ ထို့နောတ် သူမက မက်တပ်ရပ်ပြီး စိတ်လှုပ်ရှားစွာဖြင့်မေးမြန်းလိုက်သည်။

"မိန်းမစိုးကြီး...အင်ပါယာမင်းမြတ်က စစ်ပွဲအတွင်းမှာရှိနေတာမဟုတ်ဘူးလား..ဘာလို့ ရုတ်တရက်ကြီး အရှင်က လက်ထပ်ပွဲချီးမြှင့်ရတာလဲ"

မိန်းမစိုးများက တစ်ယောက်နှင့်တစ်ယောက်ကြည့်လိုက်ပြီး သူတို့၏လက်အတွင်းရှိ မြင်းမြှီးကျာပွက်များကို ဝှေ့ယမ်းလိုက်သည်။ သူတို့က အမျိုးသမီးယွီရုံအား မည်သည့်စကားတစ်ခွန်းမျှမဆိုဘဲ ကြည့်ရုံသာကြည့်နေကြသည်။

ယွီရုံ၏ ရှည်လျားထင်ရှားသောမျက်ခုံးမွှေးသည် အထက်သို့တွန့်သွားပြီး သူမက နံဘေးရှိအစေခံတစ်ယောက်ကိုချက်ချင်းခေါ်ဆောင်ကာ မိန်းမစိုးတိုင်းအား ရွှေချောင်းတစ်ချောင်းစီပေးရန် ခိုင်းစေလိုက်သည်။

မိန်းမစိုးများက ရွှေချောင်းများလက်ခံရယူပြီးနောတ် သူတို့၏အမူအယာများနူးညံလာခဲ့သည်။ မိန်းမစိုးခေါင်းဆောင်မှနေ၍ ဟန်လုပ်၍သနားသကဲ့သို့အပြုံးမျိုးဖြင့်ဖြေကြားလေသည်။

"ဒီနှစ်တွေမှာ မြို့တော်အနှံအပြားမှာ လုလမ်ရွမ်းက အတော်ကျော်ကြားနေတယ်...သူမက နံပါတ်တစ်ထိပ်တန်းဆွဲဆောင်ဖမ်းစားနိုင်သူပဲ..သူမကို အရှင်ဘုရင်ဝေက ချစ်မြတ်နိုးပြီး အင်ပါယာမင်းမြတ်စီကိုလက်ထပ်ခွင့်တောင်းခံခဲ့တယ်....ဒီနေ့ အင်ပါယာမင်းမြတ်က အမိန့်တော်ကိုလုံကျင်းမြို့တော်ကို ပို့ဆောင်ခဲ့တယ်...တကယ်လို့သူမက တော်ဝင်မိသားစုနဲ့သာ လက်ထပ်ထိမ်မြားမယ်ဆိုရင် အမတ်ကြီးယုံဖျင်အိမ်တော်က တော်ဝင်မျိုးနွယ်တွေဖြစ်သွားလိမ့်မယ် ဂုဏ်ယူပါတယ် အမျိုးသမီးယွီရုံ"

အမျိုးသမီး ယွီရုံ၏မျက်နှာသည် ဖြူဖက်ဖြူလျော်ဖြစ်လာပြီး ဤကဲ့သို့ကိစ္စရပ်မျိုးကို သူမမျှော်လင့်ထားခြင်းမရှိချေ။

သူမ၏သမီး လုလမ်ရွမ်းသည် ယခုနှစ်တွင် အသက်နှစ်ဆယ့်လေးနှစ်ရှိပြီဖြစ်ပြီး လက်ထပ်ရန်သင့်တော်သည့်အရွယ်ဖြစ်သည်။ ပုံမှန်အားဖြင့် ယွီရုံသည် ထိုကိစ္စအတွက်အထူးတလည်စိတ်ပူပင်နေရသည်။ သို့ရာတွင် သူမက ယခုလက်ထပ်ပွဲမှာ ကောင်းကင်ဘုံမှချီးမြှောက်သောလက်ထပ်ပွဲဖြစ်မည်ဟု အကြွင်းမဲ့မျှော်လင့်ထားခြင်းမရှိချေ။ အင်ပါယာမင်းမြတ်က လက်ထပ်ပွဲအမိန့်တော်အား ချမှတ်မည်ဟုလည်း သူမပို၍မျှော်လင့်ထားခြင်းမရှိပေ။

အကယ်၍ သာမာန်လူတစ်ယောက်ဖြင့် လက်ထပ်လျှင်ကောင်းမွန်မည်ဖြစ်သော်လည်း ဝေဘုရင်ဖြင့် သူမ၏ရင်နှစ်သည်းချာသမီးအား လက်ထပ်ခွင့်လုံးဝမပြုနိုင်ပေ။ ဝေဘုရင်သည် မှော်သားရဲတစ်ကောင်အလား ရက်စက်ကြမ်းတမ်း၍ သူ၏ကိုယ်ကျိုးသာကြည့်သူဖြစ်သည်။

အင်ပါယာမင်းမြတ်၏ စတုတ္ထမြောက်မင်းသား ယန်ရီရှန်သည် အသက်သုံးနှစ်အရွယ်ကတည်းက ဝေဘုရင်ဘွဲ့ကိုခံယူပြီး နန်းတော်မှစွန့်ခွာကာ အိမ်တော်တစ်ခုဆောတ်လုပ်နေထိုင်ခဲ့သည်။ သူ၏အသက်ဆယ်နှစ်အရွယ်တွင် သူအားပြုစုသည့် အစေခံအားသတ်ဖြက်ပြီး သူမ၏အရိုးပြာများကို လူအများနင်းတတ်သည့်လှေခါးပေါ်၌ ဖြန့်ချခဲ့သည်။

ဝေဘုရင်၏အသက်ဆယ့်နှစ်နှစ်အရွယ်တွင် လမ်းပေါ်ရှိမိန်းခလေးတစ်ဦးအားဖမ်းဆီး၍ သူမ၏လည်ပင်းကိုကြိုးဖြင့်ချီနှောင်၍ လှည်းနောတ်မှချိတ်ဆွဲသွားလေရာ သူမ၏သွေးများသည်လမ်းပေါ်တွင် မြစ်ပြင်အလားစီးကျနေရသည်။ သူ၏စိတ်ရှိသည့်အတိုင်းလုပ်ဆောင်သူဖြစ်ပြီး မည်သူကမျှရပ်တန့်စေခြင်းမရှိပေ။

သူ၏အသက်တစ်ဆယ့်ငါးနှစ်တွင် သူ၏အိမ်တော်အတွင်း၌ ဝိုင်ထုတ်လုပ်ရာနေရာနှင့်သားရဲတောအုပ်ကို ဖန်တီးထားခဲ့သည်။ ထိုနေရာ၌သာလျှင် သူက တနေကုန်စည်းစိမ်ခံစားနေလေသည်။

သူ၏အကြမ်းဖက်ခြင်းကိုခံရသော မိန်းမပျိုတိုင်းသည် အသက်ရှင်သန်ရန်အခွင့်မရေးမရကြပေ။ အကယ်၍ အသက်ရှင်သန်နေလျှင်ပင် သူမတို့၏ကံကြမ္မာသည်ထိတ်လန့်ဖွယ်အလွန်ကောင်းပေမည်။

အမျိုးသမီး ယွီရုံ၏ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ်တုန်ရီနေခဲ့သည်။ သူမက သမီးဖြစ်သူအား ထိုကဲ့သို့သော ယုတ်မာရက်စက်သူနှင့်မည်သို့မျှ ထိမ်းမြှားခွင့်မပြုနိုင်ပေ။

"မိန်းမစိုးကြီး ရွှမ်အာက စစ်တပ်ကလာတဲ့သူဆိုတော့ သူမကသာမာန်မိန်းမတွေလို ဝေဘုရင်ကိုပြုစုစောင့်ရှောက်နိုင်မှာမဟုတ်ဘူး....တကယ်လို့ သူမက ဝေဘုရင်နဲ့သာလက်ထပ်လိုက်မယ်ဆိုရင် ကျင့်ဝတ်ထုံးတမ်းတွေကို ချိုးဖောတ်မိလိမ့်မယ်...ဒါပြင် သူမက နဂါးစစ်တပ်ရဲ့ဗိုလ်ချုပ်လည်းဖြစ်တယ်...သူမက စစ်တပ်ထဲကနေ ထွက်လာလို့မရမှာကို ကျွန်မစိုးထိတ်မိတယ်"

အမျိုးသမီး ယွီရုံက တခဏကြာတွန့်ဆုတ်ပြီးမှ ပြန်လည်ပြောဆိုလိုက်သည်။

မိန်းမစိုးခေါင်းဆောင်က ယွီရုံ၏ရည်ရွယ်ချက်ကိုဖောက်ထွင်းမြင်နေသကဲ့သို့ အေးစက်စက်ရယ်မောပြီး ကျယ်လောင်သောအသံဖြင့်စကားဆိုလိုက်သည်။

"နဂါးစစ်တပ်က အင်ပါယာရဲ့အစောင့်အရှောက်တပ်ပဲ...သူမကိုထုတ်ပယ်ဖို့ အမိန့်တော်ချပြီးပြီ...လုလမ်ရွှမ်းက ဝေဘုရင်နဲ့လက်ထပ်ရတာ သူမရဲ့ကံကြမ္မာကောင်းပဲ...အနာဂတ်မှာ သူမက အင်ပါယာရဲ့ကြင်ယာတော်ဖြစ်လာပြီး မကုန်ဆုံးနိုင်တဲ့ ချမ်းသာကြွယ်ဝမှုတွေ ဂုဏ်ကျက်သရေတွေရရှိပြီး ပျော်ရွှင်ရလိမ့်မယ်"

ယွီရုံက လေသံအခိုင်အမာဖြင့်

"ငါသမီးပြန်လာမှ ဒီအကြောင်းဆွေးနွေးဖို့လိုအပ်လိမ့်မယ်"

မိန်းမစိုးက သူ၏လက်ကိုဝှေ့ယမ်းပြီး

"အဲဒါက မလိုအပ်တော့ဘူး...မင်းရဲ့သမီးကို ဝေဘုရင်က သူရဲ့နန်းတော်ကိုဖိတ်ကြားထားပြီးပြီ...ဂုဏ်သရေရှိအမျိုးသမီး အေးအေးဆေးဆေးနဲ့မြေးချီဖို့သာစောင့်နေပါ"

ယွီရုံ၏အမူအယာပြောင်းလဲသွားပြီး သူမကကျယ်လောင်စွာမေးမြန်းလိုက်သည်။

"မင်းတို့ ရွှမ်းအာကို ဘာလုပ်လိုက်ကြတာလဲ"

ယွီရုံ၏လေသံသည် ရုတ်တရက်ပြင်းထန်လာရာ မိန်းမစိုးများအလွန်အမင်းစိတ်ပျက်ခြင်းအား ခံစားလိုက်ရသည်။

မိန်းမစိုးခေါင်းဆောင်ကလည်း စူးရှသောအသံဖြင့်ပြန်လည်အော်ဟစ်လေ၏။

"ဝေဘုရင်က မင်းရဲ့သမီးကို မျက်စိကျတယ်ဆိုတာ မင်းတို့ဘိုးဘေးတွေရဲ့ကြင်နာမှုတွေအတွက် ချီးမြှောက်လိုက်တာဘဲ....ငါကိုမျက်နှာသာမပေးဘဲနဲ့ ဒီအမိန့်လွှာကိုယူဖို့ ငြင်းဆန်ရဲတယ်ပေါ့"

ယွီရုံ၏မျက်လုံးများသည် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။

"ငါက အင်ပါယာတရားရုံးရဲ့ ပထမအဆင့်အမတ်ကတော်တစ်ယောက်ပဲ...မင်း ငါကိုဒီလိုစကားမျိုးပြောဝံ့တယ်ပေါ့...ရွှမ်းအာကိုဘာလုပ်လိုက်တယ်ဆိုတာ မြန်မြန်ပြောစမ်း"

မိန်းမစိုးခေါင်းဆောင်က မောက်မာသောအမူအယာဖြင့်ရယ်မောလိုက်သည်။

"မင်းက ပထမတန်းစားအထက်တန်းလွှာဆိုတာကိုမပြေနဲ့ မင်းက ပထမအဆင့်အရာရှိဖြစ်နေရင်တောင် ရိုက်နှက်ခြင်းခံရမှာပဲ...မကောင်းတဲ့မိန်းမ ငါထင်တာတော့မင်းက ကြာပွက်နဲ့အရိုက်ခံချင်နေတာပဲ"

မိန်းမစိုးခေါင်းဆောင်က စကားပြောဆိုပြီးသည်နှင့် သူ၏လက်ထဲမှ နှင်တံဖြင့် အမျိုးသမီးယွီရုံအားလှမ်းရိုက်လိုက်လေ၏။

Chapter 3

ဝှစ်

စူးရှသောလေတိုးသံနှင့်အတူ ယွီရုံထံသို့ မြင်းမြှီးကြာပွက်ကတိုးဝင်လာခဲ့သည်။

မိန်းမစိုးခေါင်းဆောင်က သူမအား ဤကဲ့သို့အပြုအမူမျိုးဖြင့် မောက်မာစွာနှင့်ကြမ်းတမ်းစွာဆက်ဆံလိမ့်မည်ဟု ယွီရုံမျှော်လင့်မထားမိပေ။

"သခင်မကြီး ဂရုစိုက်ပါ.."

အစောင့်အနည်းငယ်က နံဘေးမှရုတ်တရက်ထွက်ပေါ်လာပြီး ယွီရုံအား အစောင့်တစ်ယောက်ကဘေးသို့ဆွဲခေါ်လိုက်သဖြင့် ကြာပွက်သည် သူ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားတော့သည်။ အစောင့်အရှောက်၏နှဖူးပြင်သည် ကြာပွက်နှင့်ရိုက်ခတ်မိခြင်းကြောင့် ကြာပွက်သံများက ပဲ့တင်ထပ်ထွက်ပေါ်လာသည်။

"ခွေးတွေလို ကျွန်အုပ်စုတစ်စုက ငါရဲ့ကြာပွက်ကိုတားဆီးဝံ့တယ်လား...အမတ်ကြီးယုံဖျင်ရဲ့အိမ်တော်က ပုန်ကန်ချင်နေတာလား"

မိန်းမစိုးခေါင်းဆောင်က ရင်ခေါင်းသံကြီးဖြင့်အော်ဟစ်လိုက်သည်။

ထိုအချိန်မှာပင် ခန်းမ၏တံခါးမကြီးသည် ရုတ်တရက် ကန်ကျောက်ဖွင့်ခြင်း ခံလိုက်ရသည်။ ခြေလှမ်းကျဲကြီးဖြင့်ဝင်လာသော လုယွီ၏မျက်နှာသည်မည်းမှောင်နေပြီး သူကအဓိကခန်းမအတွင်းရှိ အိုးထဲတွင်စိုက်ထားငေါမပင်မှ အကိုင်းတစ်ကိုင်းအားချိုးလာခဲ့သည်။ လုယွီက အဓိကခန်းမအတွင်းသို့ယခုမှဝင်လာခြင်းဖြစ်သော်လည်း သူ၏အကြားအာရုံမှတဆင့် ဖြစ်ကြောင်းကုန်စင်ကိုခန့်မှန်းမိလေသည်။ လုယွီက အဓိကခန်းမအတွင်းဖြစ်ပျက်နေသည်များအား အကုန်အစင်နားလည်ထားပေသည်။

ထိုအချိန်တွင် မိန်းမစိုးခေါင်းဆောင်က သူကိုယ်သူဂုဏ်ယူဝင့်ကြွားနေချိန်ဖြစ်သည်။ ယုံဖျင်အိမ်တော်မှလူများ တိုက်ခိုက်မှုမလုပ်ဝံ့ကြောင်းကို သူကအတိအကျသိနေသဖြင့် ပို၍ပို၍ရဲတင်းနေခြင်းဖြစ်သည်။

ထို့နောတ် လုယွီက တံခါးဖွင့်၍ဝင်လာခဲ့ရာ လူတိုင်းအံအားသင့်သွားလေ၏။

"ဒါက အမတ်ငယ်လေး ပြန်လာတာပေါ့"

မိန်းမစိုးခေါင်းဆောင်ကသူ၏ခေါင်းကိုလှည့်ကြည့်လိုက်ရာ လုယွီအားမြင်လိုက်သည်။ သူ၏မျက်နှာပေါ်ရှိ အပြုံးသည်လည်း ပို၍ပီပြင်လာသည်။ ဝင်လာသူက အရူးတစ်ယောက်သာဖြစ်နေခြင်းက သူ့အားပျော်ရွှင်စေခဲ့သည်။ မိန်းမစိုးခေါင်းဆောင်က သူ၏မြင်းမြှီးကျာပွကိကိုဝှေ့ယမ်းပြီး အေးစက်စွာပြုံးလိုက်သည်။

"ဒါဆို ပြန်လာတာက အမတ်ငယ်လေးပေါ့...အမတ်ငယ်လေးကိုဂုဏ်ပြုပါတယ်...သင်က တော်ဝင်မိသားစုနဲ့မကြာခင်မှာပဲ ဆွေမျိုးတော်စပ်ရတော့မယ်"

လုယွီက မိန်းမစိုးခေါင်းဆောင်အားတချက်သာကြည့်ပြီး သူ၏အနောတ်ရှိ ယွီရုံရှိရာနေရာသို့ လျှောက်လှမ်းသွားလိုက်သည်။

လုယွီက ဤကဲ့သို့ပြုမူလိမ့်မည်ဟု မိန်းမစိုးခေါင်းဆောင်က မျှော်လင့်မထားမိချေ။ လုယွီက လုံကျင်းမြို့တော်တွင် ကျော်ကြားသောအရူးတစ်ယောက်ဖြစ်သည်ကို ရုတ်တရက် သူကသတိရမိသောအခါ အလွန်အမင်းဒေါသထွက်လာသည်။ ကမ္ဘာပေါ်ရှိ မည်သည့်လူမျိုးကမျှအရူးတစ်ယောက်နှင့် ဖက်ပြိုင်ပြောမည်မဟုတ်ပေ။

"အမေ...အဆင်ပြေရဲ့လား"

လုယွီက ယွီရုံအားကြည့်ပြီး မေးမြန်းလိုက်သည်။ သူမတွင် ထိခိုက်ဒဏ်ရာမရသည်ကိုမြင်ပြီးမှ လုယွီ၏စိတ်အေးဆေးတည်ငြိမ်သွားသည်။

"အမေ အဆင်ပြေပါတယ်....အနောက်ဘက်ခြံဝန်းကို သားအရင်သွားလိုက်နော်"

ယွီရုံက သူမ၏သားပြန်လာသည်ကိုမြင်လိုက်သည်တွင် ကူရာကယ်ရာမဲ့သကဲ့သို့ဖြစ်သွားပြီး စိတ်ထဲ၌ခါးသက်သက်ခံစားလိုက်ရသည်။

သူမ၏သား လုယွီသည် ဥာဏ်ရည်အပြည့်အဝကောင်းမွန်ခြင်းမရှိဘဲ သူမ၏သမီးသည်လည်း တစုံတယောက်၏ခေါ်ဆောင်သွားခြင်းအားခံရသည်။ သူမ၏ခင်ပွန်းဖြစ်သူ ယုံဖျင်အမတ်ကြီး လုခိုင်ရှန်သည်လည်း ယခုအိမ်၌ရှိမနေပေ။ သူမထံ၌ ဖိအားအများကြီး သက်ရောတ်နေလေ၏။

ယွီရုံက လုယွီအား အလျှင်စလိုဖြင့် ထွက်ခွာသွားရန်ပြောစဉ်အချိန်တွင် လုယွီက စကားအချို့ပြောနှင့်ပြီးသားဖြစ်သည်။

"မင်းတို့အားလုံး...သခင်မကြီးကိုပြန်ခေါ်သွားပြီး အနားယူခိုင်းလိုက်"

လုယွီက တုန်ရီနေသော အိမ်စေတချို့အား အမိန့်ပေးလိုက်သည်။

ယွီရုံက စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုလိုက်သည်က

"ယွီအာ မင်း ဒီနေရာကကိစ္စတွေကို ထိန်းချုပ်နိုင်မှာမဟုတ်ဘူး...ဘာလို့ ပြန်မသွားသေးတာလဲ"

လုယွီက မိခင်ဖြစ်သူအား ပြုံးပြရင်းမှ ပြောကြားလိုက်သည်။

"အမေ....စိတ်မပူပါနဲ့ သားက ဆယ့်ခုနစ်နှစ်ကြာအောင် တိတ်ဆိတ်ငြိမ်သက်နေခဲ့ပြီး နောတ်ဆုံးတော့ အခုနိုးထလာခဲ့ပါပြီ...အရင်တုန်းကလို ကျွန်တော်က ရူးသွယ်နေတော့မှာမဟုတ်ပါဘူး"

ယွီရုံက သူမ၏သားဖြစ်သူအား မယုံကြည်နိုင်ဟန်ဖြင့် စိုက်ကြည့်နေပြီး သူမ၏မျက်လုံးများပြူ းကျယ်နေလေ၏။ အကယ်၍ ယခင်က လုယွီသာဆိုလျှင် သူကထိုကဲ့သို့သောစကားမျိုးမပြောနိုင်မည်မှာ သေချာပေသည်။

"မင်းတို့အားလုံး...သခင်မကြီးကို မြန်မြန်ပြန်ခေါ်သွားကြစမ်း"

လုယွီက အစေခံများအား ထပ်မံ၍ဆူပူအော်ငေါက်လိုက်သည်။

အစေခံများက မိန်းမစိုးခေါင်းဆောင်ကို ကြောက်ရွံမှုကြောင့် တုန်ယင်နေကြသူများဖြစ်သည်။ သူတို့က အလျှင်စလိုဖြင့် သခင်မကြီးယွီရုံအား အနောတ်ဘက်ခြံဝန်းသို့ ခေါ်ဆောင်သွားတော့သည်။

လုယွီက သွေးများယိုစီးကျနေသည့် အစောင့်အား တစ်ချက်ကြည့်ပြီးပြောလိုက်သည်။

"မင်း လုပ်တာကောင်းတယ်....အခုချိန်ကစပြီး မင်းက်လုမိသားစုရဲ့အစေခံဖြစ်သွားပြီလို့ ဘဏ္ဌာစိုးကြီးကိုသွားပြောစမ်း"

အစောင့်က သွေးများဖုံးလွှမ်းနေပြီး အလွန်စိုးရိမ်ရသောအခြေအနေသို့ ရောက်ရှိနေသော်လည်း လုယွီ၏စကားများကိုကြားချိန်တွင် သူ၏မျက်လုံးများမော့ကြည့်လိုက်သည်။ သူက လျှင်မြန်စွာဖြင့် ဒူးထောက်၍အရိုအသေပြုလေသည်။

"ကျေးဇူးတင်ပါတယ် သခင်လေး"

လုမိသားစု၏ တရားဝင်အစေခံအဆင့်အတန်းသည် လက်ရှိသူ၏အဆင့်အတန်းထက် ပို၍မြင့်မားလေ၏။

လုယွီက သူ၏လက်ကိုဝှေ့ယမ်းရင်းမှ

"ဒါက လုံလောတ်ပြီ...ကျန်တဲ့သူတွေအားလုံး တံခါးအပြင်ဘက်မှာ စောင့်ကြပ်ကြ...ခန်းမထဲကို ဘယ်သူမှဝင်မလာစေနဲ့"

အခန်းထဲရှိ အစောင့်များက အရိုအသေပြုပြီး ထွက်ခွာသွားကြသည်။ ခန်းမ၏ပင်မတံခါးကိုပိတ်လိုက်ရာ ချက်ချင်းပင် တိတ်ဆိတ်ငြိမ်သက်စပြုလာသည်။

"ဟား ဟား ဟား ဟား"

မိန်းမစိုးခေါင်းဆောင်က လက်ခုပ်လက်ဝါးတီးပြီး ကျယ်လောင်စွာရယ်မောလိုက်၏။

"ယုံဖျင်က ရဲရင့်တဲ့စစ်သားတစ်ယောက်ဖြစ်တာမို့ သူ့မှာရူးသွပ်နေတဲ့သားမျိုးမရှိနိုင်ဘူးလို့ ငါအမြဲတမ်းသံသယဖြစ်နေခဲ့တာ...ဒီလိုဆိုတော့ အမတ်ငယ်လေးက ခွန်အားကိုဖုံးကွယ်ထားခဲ့တာပေါ့...မင်းကိုယ်မင်းဖော်ထုတ်မယ့်အစား အရူးတစ်ယောက်လို့ ဂုဏ်သတင်းကြီးနေတာကို ဆန္ဒရှိနေတာပေါ့"

မိန်းမစိုးခေါင်းဆောင်၏မျက်လုံးများမှ ရုတ်တရက် အေးစက်သောအလင်းရောင် တောက်ပလာခဲ့သည်။

"အမတ်ငယ်လေး....မင်း အခုဘာလုပ်ဖို့စီစဉ်နေတာလဲ"

မိန်းမစိုးခေါင်းဆောင်၏အမူအယာ မကောင်းသည်ကို လုယွီကခံစားမိသော်လည်း သူကအနည်းငယ်မျှပင် ဂရုစိုက်ခြင်းမရှိချေ။ လုယွီက မိန်းမစိုးခေါင်းဆောင်အားစိုက်ကြည့်နေပြီး နောတ်ဆုံးတွင် သူ၏အကြည့်က ကျာပွက်ကိုင်ထားသော မိန်းမစိုးခေါင်းဆောင်၏ညာဘက်လက်သို့ ကျရောက်သွားခဲ့သည်။ ထို့နောတ် သူကပြောလိုက်လေ၏။

"ဒါက ခင်ဗျားပါ့...ခင်ဗျားက ကျုပ်ရဲ့အမေကိုရိုက်ချင်နေတာပေါ့ ဟုတ်လား"

မိန်းမစိုးခေါင်းဆောင်က ကျယ်လောင်စွာရယ်မောလိုက်ပြန်သည်။

"တစုံတယောက်က အမိန့်ကိုမနာခံဘူးဆိုရင် သင်ခန်းစာပေးတယ်ဆိုတာ ပုံမှန်ပဲလေ...ငါက တော်ဝင်အမိန့်လွှာကိုကိုင်ပြီး ဖတ်ပြနေတာကို မင်းရဲ့အမေက နားညည်းလောတ်အောင်စကားများနေတာကို"

ိ

"ဆူညံတယ်တဲ့လား....ဒါဆို ခင်ဗျားရဲ့နားတွေအတွက် စိတ်ရှုပ်မနေနဲ့တော့"

လုယွီက ရုတ်တရက် လှုပ်ရှားလိုက်ရာ သစ်ကိုင်းကျိုးက မိန်းမစိုးခေါင်းဆောင်ထံသို့ ဝဲပျံသွားသည်။

ဖန်းး

သစ်ကိုင်းကျိုးက ရုတ်ချည်းဆိုသလို မိန်းမစိုးခေါင်းဆောင်၏နားကိုရိုက်ခတ်သွားလေ၏။ စွမ်းအားပြင်းထန်မှုကြောင့် နားကိုဆုတ်ဖြဲပြီး သစ်ကိုင်းကျိုးက နံရံ၌စိုက်ဝင်နေသည်။ သစ်ကိုင်းကျိုး၏အား ပျောတ်ကွယ်မသွားမှီ အင်္ဂတေနံရံပေါ်တွင် အက်ကွဲကြောင်းကြီးများ ဖြစ်ပေါ်လာသည်။

"အားးးး"

မိန်းမစိုးခေါင်းဆောင်က သူ၏နားများကိုဖုံးအုပ်ပြီး အသံနက်ကြီးဖြင့် ထိတ်လန့်တကြားအော်ဟစ်လိုက်သည်။

"အဲ့ကောင်ကို သတ်ကြစမ်း"

အနီရောင်ဝတ်မိန်းမစိုးခေါင်းဆောင်၏နံဘေးတွင် အစိမ်းရောင်ဝတ်စုံဖြင့်မိန်းမစိုးအနည်းငယ်ရှိနေသည်။ သူတို့၏ခေါင်းဆောင်ထိခိုက်ဒဏ်ရာရသွားသည်ကို မြင်သည့်အခါ သူတို့၏အင်္ကျီလက်များအတွင်းမှ လက်နက်များကိုထုတ်ယူပြီး လုယွီကိုချိန်ရွယ်လိုက်ကြသည်။

လုယွီက သူ၏လက်နှစ်ဖက်ကို နောတ်သို့ပစ်၍ အနည်းငယ်မျှပင် စိတ်ဝင်စားမှုမရှိသောလေသံဖြင့် ပြောလိုက်လေ၏။

"တွေးကြည့်မယ်ဆိုရင် ခင်ဗျားတို့က အမတ်ကြီးယုံဖျင်ရဲ့အိမ်တော်ထဲကို လက်နက်တွေလှို့ဝှက်သယ်ဆောင်လာခဲ့တယ်ပေါ့....ခင်ဗျားတို့ တော်တော်သတ္တိကောင်းကြတာပဲ"

မိန်းမစိုးခေါင်းဆောင်က သူ၏နားကိုဖုံးအုပ်ထားပြီး သွေးများက သူ၏လက်ချောင်းများကြားမှနေ၍ ယိုစီးကျနေသည်။ သို့ရာတွင် မိန်းမစိုးခေါင်းဆောင်က မောက်မာထောင်လွှားစွာဖြင့် တုံပြန်လိုက်သည်။

"ငါက အရှေ့ဘက်နန်းတော်မှာရှိနေသမျှကာလပတ်လုံး ငါလုပ်ချင်တာမှန်သမျှလုပ်လာခဲ့တယ်...တကယ်လို့ ဒီနေရာမှာနယ်စားကြီးဆိုရင်တောင် ငါကသူကိုဖမ်းဆီးအုံးမှာပဲ...အမတ်တစ်ယောက်ကို စကားထဲထည့်ပြောမနေနဲ့"

လုယွီ၏မျက်လုံးသည် အေးစက်စွာတောက်ပလာပြီး သူကစတင်တိုက်ခိုက်တော့သည်။ သူ၏အနားသို့ မိန်းမစိုးနှစ်ယောက်နီးကပ်လာသောအခါ လုယွီက လက်သီးချက်ကို ဘယ်ညာရိုက်ထုတ်ပြီး သူတို့၏ဗိုက်ကိုပြင်းထန်စွာ ထိုးနှက်လိုက်သည်။ မိန်းမစိုးနှစ်ယောက်သည် နံရံစီသို့ လွင့်ပျံထွက်သွားလေ၏။

"ငါရဲ့ ဒန်တျန်ပျတ်စီးသွားပြီ"

မိန်းမစိုး၏မျက်နှာက ဖြူ ဖပ်ဖြူ ရော်ဖြစ်နေပြီး ထိတ်လန့်တကြားဖြင့် စူးစူးဝါးဝါးအော်ဟစ်လိုက်သည်။

လုယွီက လက်သီးချက်အနည်းငယ်ကို ထပ်မံအသုံးပြု၍ တခြားမိန်းမစိုးများ၏ခေါင်းများကို ထိုးနှက်လိုက်သည်။

ဖုန်း...ဖုန်း....ဖုန်း

လုယွီ၏လက်သီးတစ်ချက်တိုင်းတွင် သွေးများပြန့်ကျဲလာပြီး မိန်းမစိုးများတစ်ယောက်ပြီးတစ်ယောက် သတ်ဖြက်ခြင်းခံလိုက်ရသည်။ ကျန်ရှိနေသောမိန်းမစိုးများသည်လည်း ထိုမြင်ကွင်းကိုမြင်ပြီး ဆွံအနေမိကာ နေရာတွင်ပင် ကြက်သေသေနေခဲ့သည်။ အချိန်အတော်ကြာပြီးမှ သူတို့ကပြန်လည်လှုပ်ရှားနိုင်ခဲ့သည်။ သူတို့၏ခေါင်းဆောင်အား ဂရုမစိုက်တော့ဘဲ တံခါးစီသို့ပြေးထွက်ကြတော့သည်။

"ခင်ဗျားတို့ လွတ်မြောက်မယ်ထင်နေတာလား"

လုယွီက လက်ကိုဝှေ့ယမ်းလိုက်ရာ သူ၏လက်ဝါးအတွင်းတွင် ရွှေရောင်မီးတောက်ထွက်ပေါ်လာသည်။ ထို့နောတ် လုယွီက သူ၏လက်ချောင်းများကို ဆတ်ခနဲလှုပ်ရှားလိုက်ရာ မီးတောက်များပျံဝဲထွက်လာပြီး ထွက်ပြေးရန်ကြိုးစားနေသော မိန်းမစိုးများပေါ်သို့ ကျရောတ်သွားသည်။

"အားးးးးး"

အစိမ်းရောင်ဝတ်မိန်းမစိုးများသည် နာကျင်မှုကြောင့် ငယ်သံပါအောင်အော်ဟစ်လိုက်ကြသည်။ မျက်တောင်တခတ်စာအချိန်အတွင်း၌ပင် သူတို့၏ခန္ဓာကိုယ်ကို ရွှေရောင်မီးတောက်များ ဖုံးလွှမ်းခံလိုက်ရသည်။ အသက်သုံးရှိုက်စာအချိန်အတွင်းတွင် ရွှေရောင်မီးတောက်များမှ သူတို့အားဝါးမြိုသွားလေ၏။

အစိမ်းရောင်ဝတ်မိန်းမစိုးများကိုကြည့်ရသည်မှာ ကမ္ဘာမြေပြင်ပေါ်မှ ပျောက်ကွယ်သွားပုံထင်ရသည်။ သူတို့၏အရိုးများပင် ကြွင်းကျန်ရစ်ခြင်းမရှိချေ။

မိန်းမစိုးခေါင်းဆောင်၏ဦးရေပြားများ ကျိန်းစပ်သွားပြီး မယုံကြည်နိုငိသောမျက်လုံးများဖြင့် လုယွီအားကြည့်နေရာမှ ရုတ်တရက်အော်ဟစ်ပြီး တဟုန်ထိုးပြေးဝင်တိုက်ခိုက်တော့သည်။ သူသည် တခြားသောမိန်းမစိုးများနှင့်ကွဲပြားခြားနားပြီး သူ၏ခန္ဓာကိုယ်မှနေ၍ ခရမ်းရောင်မှိန်ဖျော့ဖျော့ကို ထုတ်လွှက်ထားလေသည်။

သူက ဟိုထျန်း သတ္တမအဆင့်ဆရာသခင်တစ်ယောက်ဖြစ်ပေသည်။

စစ်သည်တော်တစ်ယောက်သည် သူ၏ အစစ်အမှန်ချီကို ကျင့်ကြံပြီးနောတ် အကြိုကောင်းကင်နယ်ပယ်သို့ အဆင့်တတ်နိုင်ပေမည်။ အကြိုကောင်းကင်နယ်ပယ်တွင် အဆင့်၉ဆင့်ရှိပြီး အဆင့်တစ်ခုချင်းစီကို အရည်အချင်းမြင့်တတ်စေရန် ကျင့်ကြံရမည်ဖြစ်၏။

ဟိုထျန်းသတ္တမအဆင့် စစ်သည်တော်တစ်ယောက်အား ဟိုထျန်းနယ်ပယ်အထွဋ်အထိပ်ရောက်ရှိသောထူးချွန်သူတစ်ယောက်ဟု ယူဆနိုင်ပေသည်။ အလွန်နည်းပါးသော လူအရေအတွက်ကသာလျှင် သူတို့အားယှဉ်ပြိုင်နိုင်လေ၏။

မိန်းမစိုးခေါင်းဆောင်က လုယွီနှင့်သေသည်အထိတိုက်ခိုက်ရန် စီစဉ်ထားခြင်းမရှိချေ။ သူ၏ရည်ရွယ်ချက်မှာ ဤနေရာမှထွက်ခွာနိုင်ရန်သာဖြစ်သည်။ လုယွီအသုံးပြုနေသော ရွှေရောင်မီးတောက်သည် သူအားခုခံနိုင်သောစွမ်းအားကင်းမဲ့နေသကဲ့သို့ ခံစားရစေသည်။ သိုင်းပညာတာအိုကိုကျင့်ကြံသူများသည် တခြားသူများထက် ပို၍သိနားလည်ပေသည်။

မိန်းမစိုးခေါင်းဆောင်က လုယွီသည် မျိုးနွယ်၏အထွဋ်အထိပ်နေရာတစ်ခုကို မတော်တဆဝင်ရောက်မိပြီး ရတနာတခုပိုင်ဆိုင်လာခြင်းဖြစ်သည်ဟု ခန့်မှန်းလိုက်သည်။ ထိုအခြင်းအရာကြောင့်သာလျှင် လုယွီက ဤကဲ့သို့သောစွမ်းရည်မျိုးကို ပိုင်ဆိုင်နိုင်ပေမည်။

'လွတ်မြောက်ရမယ်'

'ဒီနေရာက လွတ်မြောက်နိုင်ရမယ်'

သူက အရှေ့နန်းဆောင်သို့ပြန်ရောတ်လျှင် အထွဋ်အထိပ်ကျွမ်းကျင်သူများကို စုစည်းပြီး လုယွီ၏ရတနာကိုလုယူရပေမည်။ ထိုအတွေးများနှင့်အတူ မိန်းမစိုးခေါင်းဆောင်၏မျက်လုံးတွင် လောဘအရိပ်အယောင်များထင်ဟပ်လာခဲ့သည်။ သို့ရာတွင် သူ၏အပြုအမူပြောင်းလဲမှုများအား လုယွီသိနှင့်ပြီးသားဖြစ်သည်ကိုမူ သူ နားလည်သဘောပေါတ်မည်မဟုတ်ပေ။

"ခင်ဗျား သွားသေလိုက်တော့"

လုယွီ၀၏ မျက်လုံးအတွင်းတွင် အေးစက်စက်အလင်းရောင်လက်သွားပြီး သူ၏ခန္ဓာကိုယ်မှနေ၍ စွမ်းအင်များက တလိမ့်လိမ့်ထိုးတတ်လာလေ၏။ ထိုစွမ်းအားက သူ၏အင်္ကျီလက်များအား တဖျပ်ဖျပ်ပျံဝဲနေသလိုဖြစ်စေပြီး လုယွီ၏နံဘေးတွင် ခပ်မှိန်မှိန်အဖြူ ရာင်အလင်း ထွက်ပေါ်လာသည်။

"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...သူက ဟိုထျန်းနယ်ပယ်ရဲ့ပထမအဆင့်ပဲရှိသေးတာကို....ငါရဲ့စိတ်နှလုံးကို ခြောက်ခြားသွားစေတဲ့ အပြုအမူမျိုး ဘာလို့ထုတ်ဖော်နိုင်ရတာလဲ"

မိန်းမစိုးခေါင်းဆောင်က တိတ်တဆိတ်ဖြင့် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။

သို့သော် ဟိုထျန်းနယ်ပယ်ပထမအဆင့်၏စွမ်းအားသည် ထိုအဆင့်၏စွမ်းအားမျှသာရှိမည်ဟု သူကတွေးထင်လိုက်သည်။ သူက အကြိုကောင်းကင်နယ်ပယ်သတ္တမအဆင့်သို့ရောက်ရှိပြီးဖြစ်သဖြင့် သူနှင့်လုယွီအကြားရှိ ခြားနားချက်သည် တောင်တန်းနှင့်မြစ်ပြင်ပမာဖြစ်ပေသည်။

"ငရဲကို သွားစမ်း"

မိန်းမစိုးခေါင်းဆောင်က စူးရှစွာအော်ဟစ်လိုက်ရာ သူ၏လက်သီးပေါ်ရှိ ခရမ်းရောင်အစစ်အမှန်ချီသည် ပို၍ပင်ထူထပ်လာခဲ့သည်။

ထိုလက်သီးချက်သည် အားမာန်အပြည့်ဖြစ်သော်လည်း လုယွီ၏မျက်လုံးအတွင်းတွင် ဟာကွက်အပြည့်ဖြင့်သာ ဖြစ်ပေသည်။ လုယွီက လက်နှစ်ဖက်နောတ်ပစ်၍ ထိုလက်သီးချက်ကို စိုးရွံမှုတစိုးတစိမပြသဘဲ ရင်ဆိုင်လိုက်သည်။ သူ၏မျက်လုံးအတွင်း အေးစက်စက်အလင်းရောင်တစ်ချက်တောက်ပပြီးနောတ် ရုတ်တရက် သူ၏ခြေထောက်ကိုမြှောက်ကာ မိန်းမစိုးခေါင်းဆောင်၏ဒူးကို ကြမ်းတမ်းစွာကန်လိုက်သည်။

"ခရက်.."

မိန်းမစိုးခေါင်းဆောင်က သူ၏လက်သီးချက်တွင် အာရုံအပြည့်အဝစူးစိုက်ထားသဖြင့် သူ၏ဒူးအား တိုက်ခိုက်ခံရမည်ဟု မမျှော်လင့်ထားချေ။ လုယွီ၏ ကန်ချက်ခွန်အားသည် သူ၏လက်သီးပေါ်အားစိုက်ထားမှုနှင့် ထပ်တူကျနေသည်။ မိန်းမစိုခေါင်းဆောင်၏ဒူး ပေါတ်ကွဲသွားပြီး သွေးများဆိုးဆိုးရွားရွား ဖြာကျလာသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး ခုခံနိုင်စွမ်းမရှိတော့ဘဲ ဒူးထောက်ကျသွားလေ၏။

ပြင်းထန်သောနာကျင်မှုက သူ၏ခန္ဓာကိုယ်တစ်ခုလုံးအား လွှမ်းခြုံစေသည်။ မူလက သူကိုဝန်းရံထားသော ခရမ်းရောင်အစစ်အမှန်ချီသည် ချက်ချင်းပျောတ်ကွယ်သွားတော့သည်။ မိန်းမစိုးခေါင်းဆောင်က စစ်မှန်သည့်ချီတစိုးတစိကိုပင် စုစည်း၍မရေတော့ချေ။

"ခင်ဗျားကိုင်ထားတဲ့ကျာပွက်က ကျုပ်ရဲ့အမေကိုရိုက်ဖို့ဆိုမှတော့ အဲဒါရှိဖို့မလိုအပ်တော့ဘူး"

ရုတ်တရက် လုယွီက မိန်းမစိုးခေါင်းဆောင်၏အနောတ်တွင် ပေါ်လာခဲ့သည်။ သူက မိန်းမစိုးခေါင်းဆောင်၏အင်္ကျီလက်အတွင်း၌ ဝှက်ထားသည့်ဓားမြှောင်အားဆွဲထုတ်လိုက်လေ၏။

"ဖတ်"

မိန်းမစိုးခေါင်းဆောင်၏ညာဘက်လက် ပြက်တောက်သွားကာ သွေးများစီးကျလာခဲ့သည်။

"အား....ငါ့ လက်...."

မိန်းမစိုးခေါင်းဆောင်က လွန်စွာနာကျင်သွားခြင်းကြောင့် သတိလစ်လုနီးပါးဖြစ်သွားလေ၏။

"ခင်ဗျားရဲ့နောတ်လက်တစ်ဖက်ကို အကောင်းကျန်နေချင်သေးတယ်ဆိုရင် ကျုပ်မေးတာကို မှန်မှန်ဖြေစမ်း"

လုယွီက တင်းမာအေးစက်စွာဖြင့် ပြောလိုက်သည်။

မိန်းမစိုးခေါင်းဆောင်သည် ယခင်ကကဲ့သို့ မောက်မာသောအမူအယာမျိုးမရှိတော့ပေ။ သူက အစေခံတစ်ယောက်ကဲ့သို့ ခေါင်းကိုငြိမ့်လိုက်၏။

လုယွီက အသက်ပြင်းပြင်းရှိုက်ပြီးနောတ် လေးလေးနက်နက်မေးမြန်းလိုက်သည်။

"မင်းကို အမိန့်တော်ရအောင် ဘယ်သူကခွင့်ပြုလိုက်တာလဲ"

"အဲဒါက ဝေဘုရင်ပါ...သူက ငါတို့ရဲ့အဓိကအကြီးအကဲနဲ့ ဆတ်ဆံရေးကောင်းမွန်တယ်...သူက ငါတို့ကို လက်ထပ်ပွဲအဆင်ပြေအောင် ဆောင်ရွက်ဖို့ အမတ်ကြီးအိမ်တော်ကို ဖိအားပေးစေခဲ့တယ်"

မိန်းမစိုးခေါင်းဆောင်သည် နာကျင်မှုကြောင့် သူ၏နှဖူးပြင်တွင်ချွေးများစိုရွှဲနေပေသည်။

"အဲဒါဆို ကျုပ်အမနဲ့ပတ်သတ်ပြီး ပြောစမ်း"

"ဒါက ဝေဘုရင်ရဲ့အကြံဥာဏ်ပါ...သူတို့က လုလမ်ရွှမ်းရဲ့အစားအစာထဲကိုဆေးခပ်ပြီး သူမသတိလစ်သွားချိန်မှာ ဝေဘုရင်ရဲ့အိမ်တော်ကိုခေါ်ဆောင်သွားခဲ့တယ်...တကယ်လို့ ယုံဖျင်အိမ်တော်က ဒီလက်ထပ်အမိန့်တော်ကို ငြင်းဆန်မယ်ဆိုရင်တောင်မှ သူမကို သူကအပိုင်သိမ်းပြီးတဲ့အခါကျရင် ဘာမှတတ်နိုင်တော့မှာမဟုတ်ဘူးလို့ သူကပြောခဲ့တယ်"


"အဲ့ဒီကိစ္စမှာ ငါ ဘာမှမလုပ်ဆောင်ခဲ့ဘူး...ငါက ဒီနေရာကို အမိန့်လွှာ လာပို့တာပဲရှိတာ..ကျန်တာငါနဲ့ဘာမှမဆိုင်ဘူး"

"ခင်ဗျားက ကျုပ်အမေ့ကို ကျာပွက်နဲ့ချိန်ဝံ့တယ်ဆိုမှတော့ ခင်ဗျား သေလိုက်တော့"

လုယွီက လေးလေးနက်နက်ပြောကြားလိုက်တော့သည်။

မိန်းမစိုးခေါင်းဆောင်သည် အလွန်အမင်းတုန်လှုပ်နေရင်းမှ စူးစူးဝါးဝါးအော်ဟစ်လေ၏။

"မင်း ငါကို သတ်လို့မရဘူး...ငါရဲ့မွေးစားအဖေက အရှေ့နန်းဆောင်က ကြီးကြပ်ရေးမှူ း လျို ကုန်းကုန်း..."

ဖုတ်

လုယွီက မိန်းမစိုးခေါင်းဆောင်၏ခေါင်းကို ဓားဖြင့်ဖြတ်ပိုင်းလိုက်ရာ သူ၏စကားလုံးများတဝက်တပြက်မှာပင် ရပ်တန့်သွားပြီး အလောင်းကောင်ကြီးမှာ မြေပြင်ပေါ်သို့ ပြိုလဲကျသွားတော့သည်။

လုယွီက ရုတ်တရက် တစ်စုံတစ်ခုကိုသတိပြုမိသွားပြီး သူ၏လက်အတွင်းမှ ဓားမြှောင်အားဖယ်ရှားပစ်ခဲ့သည်။

"ဘေးဖယ်ကြစမ်း...ငါ ယွီအာနဲ့တွေ့ချင်တယ်"

သခင်မကြီး ယွီရုံ၏အသံသည် တံခါးအပြင်ဘက်မှ ထွက်ပေါ်လာလေ၏။ တံခါးတွင်စောင့်ကြပ်နေသူများက သူမအားတားဆီးလိုက်သည်။

"သခင်မကြီး...သခင်လေးက ဘယ်သူကိုမှဝင်ခွင့်မပြုဘူး....သခင်မကြီး ဝင်မသွားတာပိုကောင်းလိမ့်မယ်"

ကျွီ

လုယွီက တံခါးဖွင့်၍ ထွက်လာခဲ့သည်။

"အမေ...အခု အကုန်အဆင်ပြေသွားပါပြီ"

လုယွီကပြုံးရင်းမှ သူ၏မိခင်အားပြောကြားလိုက်၏။

ယွီရုံက လုယွီအား ခြေဆုံးခေါင်းဆုံးကြည့်ပြီး သူမ၏သား ကောင်းကောင်းမွန်မွန်ရှိနေသည်ကိုမြင်မှ သက်ပြင်းချနိုင်တော့သည်။ သို့ရာတွင် သူမက ပင်မခန်းမအတွင်းတွင် မိန်းမစိုးများ၏အလောင်းများရှိနေခြင်းအားမြင်လိုက်သောအခါ သူမ၏အမူအယာ ချက်ချင်းပြောင်းလဲသွားခဲ့သည်။

"ခလေး...မင်းက ဘေးဒုက္ခအကြီးကြီး ဖြစ်စေခဲ့ပြီ...မင်းဘာလုပ်လိုက်မိတယ်ဆိုတာသိလား"

ယွီရုံက စိတ်လှုပ်ရှားစွာဖြင့် စကားဆိုလိုက်၏။

လုယွီက အပြုံးမပျက်သောအနေအထားဖြင့် သူ၏မိခင်အားပြန်လည်ဖြေကြားလေသည်။

"အမေ စိတ်မပူပါနဲ့...အမေရဲ့သားက အရာရာကိုဖြေရှင်းနိုင်ပါတယ်...အကုန်အဆင်ပြေသွားမှာပါ"

ထိုစကားပြောပြီးနောတ် လုယွီက အစောင့်မျာအားကြည့်၍ အမိန့်ပေးလိုက်သည်။

"ခန်းမကို သန့်ရှင်းရေးလုပ်လိုက် ပြီးတော့ အိမ်တော်ပတ်လည်ကိုအစောင့်တွေချထား ကျူ းကျော်ဝင်လာတဲ့ ဘယ်သူကိုမဆိုသတ်ပစ်"

အစောင့်များက စိုက်ကြည့်နေရာမှ လျှင်လျှင်မြန်မြန်ဖြင့်ကျယ်လောင်စွာဖြေကြားလေသည်။

"ဟုတ်ကဲ့ သခင်လေး"

"ငါအတွက် မြန်မြန်သွားနိုင်တဲ့မြင်းတစ်ကောင် ပြင်ဆင်ပေးထား"

လုယွီက ထပ်မံညွှန်ကြားပြန်၏။

ယွီရုံက တုန်လှုပ်သွားပြီး-

"ယွီအာ...မင်း ဘယ်သွားမလို့လဲ"

"အမေ စိတ်မပူပါနဲ့...ကျွန်တော် အမကိုပြန်ခေါ်လာခဲ့မယ်"

လုယွီက အိမ်တော်တံခါးစီသို့ ဦးတည်ထွက်ခွာသွားတော့သည်။

Chapter 4

လုံကျင်း(နဂါး)မြို့တော် ဝေဘုရင်၏အိမ်တော်

အိမ်တော်၏အနောက်ဘက်တွင် အလွန်အမင်းလှို့ဝှက်သော ဝါးတောအုပ်ရှိနေသည်။ ထိုတောအုပ်သည် နေရာကျယ်ပြန့်ပေ၏။ အကယ်၍ တစုံတယောက်သည် ဤအိမ်တော်၏ဖွဲ့စည်းတည်ဆောတ်ပုံနှင့် ရင်းနှီးကျွမ်းဝင်မှုမရှိပါက ဝါးတောအုပ်အားတွေ့ရှိရန် ခက်ခဲပေမည်။

ယနေ့သည် နေသာသောနေ့တနေ့ဖြစ်ပြီး ကြည်လင်သောမိုးကောင်းကင်သည် မိုင်ထောင်ချီအထိရှင်းသန့်နေလေ၏။ သို့ရာတွင် ဝေဘုရင်အိမ်တော်အတွင်း၌မူ ယမကာနှင့်အသားကင်နံများက လေထဲ၌ သိပ်သည်းစွာထွက်ပေါ်နေသည်။ မိန်းမပျိုများ၏ငိုကြွေးသံများနှင့်ယောက်ျားကြီးများ၏ရိုင်းစိုင်းသောရယ်မောသံများကိုလည်း အခါအားလျော်စွာ ကြားနိုင်သည်။

လှပချောမောသည့် ကချေသည်တစ်ယောက်က တေးဂီတနှင့်အတူ ငြိမ့်ညောင်းစွာကခုန်နေသည်။ သူမ၏သွယ်လျသောလက်လေးများက စားပွဲဝိုင်းများကိုကူးသန်း၍ ဧည့်သည်များကို အရက်နှင့်အစားအသောတ်များ ထည့်ပေးနေလေ၏။

"လှပတဲ့မိန်းမပျိုတစ်ယောက်ကို နောတ်ထပ်အပိုင်သိမ်းနိုင်တဲ့အတွက် အရှင့်သားကိုဂုဏ်ပြုပါတယ်...ဒီတစ်ကြိမ်မှာ ဘယ်မိန်းခလေးက အလွန်ကံကောင်းသွားလဲဆိုတာ ကျွန်တော်မျိုးသိခွင့်ရှိမလား....ကျွန်တော်မျိုးတို့အမြင်ကျယ်အောင် သူမကိုခေါ်ထုတ်ပြနိုင်မလား"

စားပွဲ၏ထိပ်တွင်နေရာယူထားသော မျက်နှာနီရဲရဲ မျက်စိပြူ းပြူ းဖြင့်လူတစ်ယောက်က ဝေဘုရင်အားသူ၏အရက်ခွက်ကိုမြှောက်၍ ဂုဏ်ပြုစကားဆိုလေသည်။

စားပွဲတွင်ထိုင်နေသည့် ကျန်နေသောသူများကလည်း သူတို့၏ခွက်များကိုမြှောက်၍ သဘောတူညီကြောင်းအော်ဟစ်ကြသည်။

ဝေဘုရင်က ငယ်ရွယ်သောအရွယ်ဖြစ်သော်လည်း သူ၏ခန္ဓာကိုယ်သည် အရက်နှင့်လိင်ကိစ္စများကြောင့် အနှစ်သာရကင်းမဲ့နေသည်။ သူ၏သိမ်ဖျင်းပြီးပင်ပန်းနေပုံရသည့်မျက်လုံးများဖြင့် သူ့နားရှိလူများကိုကြည့်၍ ရုတ်တရက် ကျယ်လောင်စွာရယ်မောလိုက်သည်။

"ကောင်းပြီလေ....ဒီနေ့ ငါ အတော်ပျော်ရွှင်နေတာမို့ မင်းတို့အားလုံးကို ကြည့်ရှုခွင့်ပေးမယ်"

ထိုစကားသံနှင့်အတူ ဝေဘုရင်က သူ၏လက်ကိုဝှေ့ယမ်းလိုက်၏။

"ဒီ ရသကင်းမဲ့တဲ့ဟာတွေကို ငါနားကရုတ်သိမ်းလိုက်ကြစမ်း"

အိမ်တော်အတွင်းရှိ တေးဂီတသံရပ်တန့်သွားပြီး ကချေသည်များအား နေရာမှဖယ်ထုတ်လိုက်ကြသည်။ ဝေဘုရင်၏ကိုယ်ရံတော်များသည်လည်း သူတို့၏သခင်ဖုံးကွယ်ထားသည့် အမျိုးသမီးမှာ မည်သူဖြစ်သည်ကိုသိချင်သဖြင့် ခေါင်းများထောင်လာကြသည်။

အစေခံများအားလုံး ထွက်ခွာသွားပြီးနောတ် ဝေဘုရင်က လက်ခုပ်တီးလိုက်ရာ လူနှစ်ယောက်က မျက်နှာဖုံးအုပ်ထားသည့် မိန်းမတစ်ယောက်အား ခေါ်ဆောင်လာလေသည်။

"အရှင့်သား ဖုံးကွယာထားစရာမလိုတော့ပါဘူး...ဘယ်သူလဲဆိုတာကို ကြည့်ခွင့်ပြုပါ"

လူအချို့က ထိုအမျိုးသမီးအားမြင်ရရန် ထပ်မံစောင့်ဆိုင်းနိုင်ခြင်းမရှိတော့ချေ။

"မင်းတို့ကောင်တွေ ဘယ်လောတ်အသုံးမကျတာလဲဆိုတာ ငါကြည့်ပြီး အတွေ့အကြုံရအောင်ပြလိုက်မယ်"

ထို့နောတ် ဝေဘုရင်က အမျိုးသမီး၏မျက်နှာကိုဖုံးအုပ်ထားသည့် အနက်ရောင်အဝတ်စအား စုတ်ဖြဲလိုက်၏။

ထိုအနက်ရောင်အဝတ်စ စုတ်ပြဲသွားချိန်တွင် ပြိုင်ဘက်ကင်းစွာလှပသည့်မျက်နှာလေးတစ်ခုက လူတိုင်း၏မြင်ကွင်းအတွင်းတွင် ထွက်ပေါ်လာသည်။

သူမ၏အသားအရေသည် နေရောင်အောတ်တွင် အဖြူ ရောင်ကျောက်စိမ်းကဲ့သို့ ချောမွတ်နေပြီး သူမ၏ဓားတစ်ချောင်းနှင့်တူသော မျက်ခုံးမွှေးက သူရဲကောင်းဆန်သည့်အရှိန်အဝါကို ထုတ်လွှက်ပေးနေသည်။ သို့ရာတွင် ထိုအလှလေးသည် နိုးထခြင်းမရှိသေးဘဲ မေ့မျောနေဆဲဖြစ်သည်။

"ဒါ....ဒါက နဂါးစစ်တပ်ရဲ့ဗိုလ်ချုပ် လုလမ်ရွမ်းမဟုတ်လား"

နောတ်ဆုံးတွင် လူတစ်ယောက်က တအံတသြရေရွတ်လိုက်သည်။

တခြားသူများက ထိုအရာကိုကြားလိုက်သောအခါ ချက်ချင်းဆိုသလိုပင် မိန်းမပျိုလေးအားလှည့်ကြည့်လိုက်ကြသည်။ သူတို့က ချက်ချင်းသတိမမူမိကြခြင်းမှာ လုလမ်ရွမ်းက သံချပ်ကာဝတ်စုံကိုသာ အစဉ်အမြဲဝတ်ဆင်လေ့ရှိခြင်းကြောင့်ဖြစ်သည်။

သို့သော်ယခုမူကား ထိုသူက အကြည့်တစ်ချက်ဖြင့်ပင် သူမသည် တာလျန့်နိုင်ငံတော်၏ ပထမဆုံးအမျိုးသမီးဗိုလ်ချုပ်လုလမ်ရွမ်းဖြစ်သည်ကို ချက်ချင်းအသိအမှတ်ပြုလိုက်သည်။

ဝေဘုရင်အနားရှိကိုယ်ရံတော်တစ်ယောက်က တုန်ရီနေသောနှုတ်ခမ်းများဖြင့် စကားပြောလိုက်သည်။

"အရှင့်သား သူမကိုအမှန်တကယ်လက်ထပ်ချင်နေတာတော့ မဟုတ်လောတ်ပါဘူးနော်....သူမက နှိမ့်ချပြီးနာခံတတ်တဲ့မိန်းမမျိုးထဲက တစ်ယောက်မဟုတ်ဘူး...တကယ်လို့ သူမစိတ်ဆိုးသွားမယ်ဆို ကျွန်တော်တို့ထဲက ဘယ်သူကမှ သူမပြိုင်ဘက်မဖြစ်နိုင်ဘူး"

ဝေဘုရင်က ကျယ်လောင်စွာရယ်မောလိုက်လေ၏။

"စိတ်ပူမနေစမ်းနဲ့...သူမရဲ့အစစ်အမှန်ချီအားလုံးကို ငါချိပ်ပိတ်ထားတဲ့အပြင် အရိုးပျော့မှုန့်နှစ်ဆတိုးပြီးတိုက်ထားသေးတယ်...တကယ်လို့ သူမက အင်မော်တယ်(မသေမျိုး)တစ်ယောက်ဖြစ်နေရင်တောင်မှ လှုပ်ရှားမှုတစ်ခုတောင်လုပ်နိုင်မှာမဟုတ်ဘူး"

ကိုယ်ရံတော်တစ်ယောက်ကမူ အံအားသင့်မှုကြောင့် မေးမြန်းလိုက်သည်။

"လုလမ်ရွမ်းက အကြိုကောင်းကင်နယ်ပယ်သတ္တမအဆင့်ကျွမ်းကျင်သူလို့ ကျွန်တော်ကြားဖူးတယ်...သူမရဲ့ကျင့်ကြံမှုကို အရှင့်သားကဘယ်လိုချိပ်ပိတ်လိုက်တာလဲ"

ဝေဝမ်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဖြေကြားလိုက်လေ၏။

"ငါက အကြိုကောင်းကင်(ဟိုထျန်း)သတ္တမအဆင့်သိုင်းပညာရှင်ကိုရင်ဆိုင်ဖို့ ငါရဲ့ခမည်းတော်စီကနေ (နောက်ပိုင်းကောင်းကင်)ရှန်ထျန်းအဆင့်လူနှစ်ယောက်ကို အထူးတောင်းဆိုထားခဲ့တာ...သူတို့အတွက် ဒါကလွယ်ကူတဲ့တာဝန်တရပ်ပဲလေ"

ရှီထျန်းအဆင့်

ထိုကိုယ်ရံတော်အကြံပေးများသည် ဥာဏ်နည်းသောသူများဖြစ်ကြသော်လည်း သူတို့ကနောတ်ပိုင်းကောင်းကင်အဆင့်စစ်သည်တော်များ၏ လှို့ဝှက်အဓိပ္ပါယ်ကိုသိရှိနေကြသည်။

လူတစ်ယောက်သည် ရှီထျန်းနယ်ပယ်သို့ ရောက်ရှိသည်နှင့်တပြိုင်နက် ခန္ဓာကိုယ်တစ်လျှောက်ပျံ့နှံ့နေသည့်စွမ်းအင်များသည် ဒန်တျန်အတွင်းတွင်သိပ်သည်းသွားသည်။ ထိုသူသည် အံသြဖွယ်ကောင်းသောသိုင်းပညာရပ်များကို ပိုမိုလုပ်ဆောင်နိုင်သည်သာမက အရည်အချင်းလည်းမြင့်တတ်သွားပေသည်။

ဟိုထျန်းနယ်ပယ်နဝမအဆင့်နှင့် ရှီထျန်းနယ်ပယ်ကို ကြီးမားသည့်ကွာဟချက်ဖြင့် ပိုင်းခြားထားသည်။ ဟိုထျန်းနဝမအဆင့် သိုင်းပညာရှင်များစွာသည် ထိုကွာဟချက်ကိုမည်သို့မျှကျော်လွှားနိုင်ခြင်းမရှိဘဲ သူတို့၏ဘဝသက်တမ်းတခုလုံး ကုန်ဆုံးသွားရပေသည်။

အကယ်၍ သူတို့သည် တာလျန့်နိုင်ငံတော်အတွင်းနေထိုင်နေပါက နောက်ပိုင်းကောင်းကင်နယ်ပယ်သို့ ကျော်ဖြတ်ပြီး အင်ပါယာအစိုးရကိုသစ္စာစောင့်သိနေလျှင် သူတို့ကို မြင့်မြတ်သောဘွဲ့ထူးခန့်အပ်၍ အစိုးရမှလစာ ရှိပေမည်။

ဝေဘုရင်အား အင်ပါယာမှ နိုဘယ်များပေးအပ်၍ တာဝန်ထမ်းဆောင်စေခြင်းကိုကြည့်လျှင် အင်ပါယာသည် သူ့သားတော်အား လွန်စွာချစ်မြတ်နိုးသည်ကို တွေ့နိုင်သည်။

"ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် လုလမ်ရွှမ်းက အမတ်ကြီးယုံဖျင်ရဲ့သမီးလေ....တကယ်လို့ သူက စစ်ပွဲကနေပြန်လာရင်ဘယ်လိုလုပ်ကြမလဲ....ငါတို့ ဘာလုပ်သင့်လဲ"

ကိုယ်ရံတော်တစ်ယောက်က ပြောကြားလေ၏။

ဝေဘုရင်က လှောင်ပြောင်သရော်ဟန်ဖြင့် နှုတ်ခမ်းမဲ့လိုက်သည်။

"အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး မင်းဘာမှစိတ်ပူစရာမလိုဘူး...ယုံဖျင်က နဂါးမြို့တော်ကို ဘယ်တော့မှပြန်လာလို့မရမှာကိုတောင် ငါစိုးရိမ်နေသေးတယ်"

ကိုယ်ရံတော်များက သူတို့၏နားများကိုစွင့်ပြီး အသေးစိတ်အချက်အလက်များအား သိချင်နေကြသည်။ သို့ရာတွင် ဝေဘုရင်က သူ၏လက်ကိုဝှေ့ယမ်းပြီး စကားပြောဆိုနေခြင်းအား ရပ်တန့်လိုက်သည်။

"တကယ်လို့ အမတ်ကြီးယုံဖျင်ကသာ ဒီမြို့တော်မှာရှိနေတယ်ဆိုရင် ငါက ဒီမိန်းမကိုထိဖို့ သတ္တိရှိမှာမဟုတ်ဘူး....ဒါပေမယ့် အခုကလုံးဝခြားနားတဲ့ အချိန်တချိန်ပဲ....ဒီဘုရင်က ဒီလောက်လှပပြီးကြမ်းတမ်းတဲ့မြင်းမျိုးကို အရသာမခံဖူးသေးဘူး...တကယ်လို့ အမတ်ကြီးယုံဖျင် ကံကောင်းထောက်မပြီး ပြန်ရောက်လာတယ်ဆိုရင်တောင်မှ သူ ငါ့ကိုဘာမှလုပ်နိုင်မှာမဟုတ်ဘူး"

ဝေဘုရင်က ရုတ်တရက်လှို့ဝှက်သောအပြုံးကိုဖော် ုတ်လိုက်ပြီးနောတ် မေ့မျောနေသည့် လုလမ်ရွှမ်း၏ပါးလေးအား ထိတွေ့လိုက်သည်။

ကျန်ရှိသည့်ကိုယ်ရံတော်များက သူတို့၏လက်များဖြင့် ဂုဏ်ပြုကြောင်းဖော်ပြလိုက်ကြပြီး အဓိကအချက်ကိုသိသွားသည့်အဓိပ္ပါယ်ဖြင့် ပြုံးနေကြသည်။

"မင်းတို့က သေဖို့လမ်းရှာနေတာလို့ ငါထင်တာပဲ"

ဝါးသစ်တော၏အပြင်ဘက်မှနေ၍ ရုတ်တရက် ပေါက်ကွဲနေသောအော်ဟစ်သံကြီး ထွက်ပေါ်လာသည်။

မကြာခင်အချိန်မှပင် လူတိုင်းသည် အပြင်ဘက်မှနေ၍ ကြောက်လန့်တကြားအော်ဟစ်နေသံများကို ကြားလိုက်ရသည်။

"အားးးးးး"

ထိုထိတ်လန့်တကြားအော်ဟစ်သံများနှင့်အတူ အစောင့်တချို့သည် လွှက်ပစ်ခြင်းခံရပြီး မြေပြင်ပေါ်သို့ပြင်းထန်စွာပြိုလဲကျလာလေသည်။

"ဘယ်ကောင်တုန်းကွ....ဝေဘုရင်ရဲ့အိမ်တော်ကိုလာပြီး မဆင်မခြင်လုပ်ဆောင်ဝံ့တယ်ပေါ့"

ကိုယ်ရံတော်များသည် ကျယ်လောင်စွာအော်ဟစ်လိုက်ကြပြီး အပြင်သို့ပြေးထွက်သွားကြသည်။

ဝါးသစ်တော၏ တောနက်ပိုင်းမှနေ၍ မျက်နှာမည်းမှောင်နေသော လူငယ်တစ်ဦးလျှောက်လှမ်းလာလေ၏။ သူ၏ခြေရင်းတွင် မင်းသားအိမ်တော်၏အစောင့်အနည်းငယ် လဲကျနေသည်။ ထိုလူငယ်က သူ၏ခြေထောက်ကိုမြှောက်ပြီးကန်လိုက်ရာ အစောင့်အနည်းငယ်လွင့်ထွက်သွားပြန်သည်။

လူငယ်၏မျက်လုံးအတွင်းမှ အေးစက်တင်းမာနေမှုများကိုကြည့်ပြီး လူတိုင်းနီးပါး ကြောက်ရွံတုန်လှုပ်နေလေသည်။

ထိုလူငယ်သည် လူတိုင်းအားစောင့်ကြည့်ပြီး သားကောင်ကဲ့သို့ သဘောထားနေပေသည်။ ထိုခံစားချက်က လူတိုင်းအား နောက်ကျောမှ ဆူးဖြင့်ထိုးစိုက်ခံရတော့မည့် ခံစားချက်မျိုးပေးစွမ်းနေသည်။

"လုပ်ကြံသူ"

"အရှင့်သားကို ကာကွယ်ကြ"

ဥာဏ်ထက်မြက်သော အရာရှိတစ်ယောက်က သူ၏ဓားကိုအသင့်ကိုင်ဆောင်ပြီး ဝေဘုရင်၏ရှေ့၌ ကာကွယ်ပေးထားသည်။

ထိုလူငယ်သည် မည်သည့်နေရာမှလာသည်ဟူသည်မှာ ကိစ္စမရှိချေ။ သူ၏ပေါ်ပေါ်ထင်ထင် လှုပ်ရှားနေမှုများသည် အိမ်တော်အစောင့်မျာအား သတိအနေအထားသို့ ရောက်ရှိသွားစေသည်။

ပုံမှန်အားဖြင့် အိမ်တော်အစောင့်များ ရောက်ရှိလာချိန်တွင် ထိုလူငယ်လေးသည် ဖမ်းယူခေါ်ဆောင်ခြင်းခံရပေမည်။ ယခုအချိန်သည် ဝေဘုရင်၏ရှေ့တွင် အရည်အချင်းပြသရန် အကောင်းဆုံးအချိန်ဖြစ်၍ မည်သူကမျှ အလျော့ပေးလိုခြင်းမရှိကြချေ။

"တစုံတယောက်ကို အပြင်ထွက်ပြီး အကူအညီခေါ်နိုင်ဖို့ မင်းစောင့်နေတာလား"

လုယွီက လေသံတိုးတိုးဖြင့် ထပ်မံပြောကြားလိုက်သည်။

"မင်း စိတ်ပျက်သွားမှာ ငါစိုးရိမ်မိတယ်....ငါက ဝါးသစ်တောရဲ့အပြင်ဘက်မှာ အစောင့်တစ်ယောက်ကိုတောင်မှ အကောင်းအတိုင်းမထားခဲ့ဘူး"

စကားပြောဆိုပြီးသည်နှင့် လုယွီက ရုတ်တရက် သူ၏နောက်ကျောမှနေ၍ သွေးထွက်သံယိုဦးခေါင်းတစ်လုံးကို ဆွဲထုတ်ပြီး မြေပြင်ပေါ်သို့ အမှုမထားဟန်ဖြင့် ပစ်ချလိုက်သည်။

"မင်းက အိမ်တော်အစောင့်တွေရဲ့ခေါင်းဆောင်ဖြစ်တဲ့ မကောင်းတဲ့ကောင်ပဲ....မင်းက လူတွေအများကြီးကို ထိခိုက်အောင်လုပ်ခဲ့တယ်....ဒီနေ့ ငါက ကောင်းကင်ဘုံကို ကိုယ်စားပြုပြီး မင်းအပြစ်ကိုစီရင်လိုက်ပြီ"

လုယွီက အမှိုက်တစကို ရှင်းလင်းလိုက်သကဲ့သို့ အေးတိအေးစက် ပြောကြားလိုက်သည်။

မြေပြင်ပေါ်ရှိဦးခေါင်းမှပါးစပ်သည် သေဆုံးနေချိန်မှာပင် ပွင့်ဟနေလေ၏။ ထို့ပြင် ဦးခေါင်းမှ ထိတ်လန့်နေသောအမူအယာသည် ပေါ်လွင်နေဆဲဖြစ်သည်။

ဝေဘုရင်၏အရှေ့မှ သက်တော်စောင့်များသည် ထိုမြင်ကွင်းကိုမြင်လိုက်ချိန်တွင် ဖြူ ဖျော့ဖျော့ဖြစ်သွားကြသည်။ သူတို့က မည်သည့်စကားမျှ မဆိုဝံ့ကြတော့ချေ။

ရုတ်တရက် ဝေဘုရင်က သူ၏ရှေ့မှလူများကို ဘေးဘက်သို့တွန်းဖယ်လိုက်ပြီး လုယွီအားကြည့်ကာ အသံနက်ကြီးဖြင့်ပြောလိုက်သည်။

"မင်းက ဘယ်လိုငရဲကလာတဲ့ကောင်လဲ....ဘာလို့ မင်းသားအိမ်တော်ကို တိုက်ခိုက်ရတာလဲ"

လုယွီက ပြန်လည်ဖြေကြားခြင်းမပြုချေ။ သူက ဝေဘုရင်၏အနောက်တွင်ရှိနေသော လုလမ်ရွှမ်းကိုမြင်သည့်အခါတွင် သူမရှိရာသို့ ဦးတည်သွားလိုက်လေ၏။

သို့ရာတွင် သူ၏လှုပ်ရှားမှုသည် တခြားသူများ၏မျက်လုံးအတွင်းတွင်မူ ဝေဘုရင်အားလုပ်ကြံရန် ကြံစည်နေသည်နှင့် တူညီနေသည်။

"ရပ်လိုက်စမ်း"

"ရဲတင်းလိုက်တဲ့ကောင်"

စွမ်းအင်များဖြင့်ပြည့်နှက်နေသည့် အသံအနည်းငယ်ထွက်ပေါ်လာကာ ဝေဘုရင်၏နောက်မှနေ၍ ပုံရိပ်အချို့ခုန်ထွက်လာပြီး လုယွီကို ကြောက်မက်ဖွယ်မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်။

ထိုလူများသည် အသက်အရွယ်မျိုးစုံဖြစ်ပြီး သူတို့၏ခန္ဓာကိုယ်များမှနေ၍ ရက်စက်ကြမ်းကြုတ်သည့်အရှိန်အဝါများကို ထုတ်လွှတ်ထားသည်။ ခရမ်းရောင်အစစ်အမှန်ချီသည် သူတို့၏ခန္ဓာကိုယ်မှနေ၍ ထွက်ပေါ်နေလေ၏။

ထိုခရမ်းရောင်ချီသည် အလွန်အမင်းသိပ်သည်းပြီး သူတို့၏ဦးခေါင်းထက်တွင်ပင် မှိန်ပျပျခရမ်းရောင်ချီထွက်ပေါ်နေသည်။ ထိုအစစ်အမှန်ချီများသည် မိန်းမစိုးခေါင်းဆောင်ထက် မည်မျှပို၍သန်မာနေသည်အား မသိရှိနိုင်ချေ။ သူတို့သည် အမှန်တကယ်ပင် ဟိုထျန်းနဝမအဆင့်စွမ်းအားကြီးသူများဖြစ်ပေသည်။

ရှီထျန်းနယ်ပယ်သို့ရောက်ရှိရန် နဂါးဂိတ်အားကျော်လွှားနိုင်ရန် ခြေတလှမ်းသာလိုတောသော ဟိုထျန်းနဝမအဆင့်ကို အသန်မာဆုံးဟိုထျန်းနယ်ပယ်အဆင့်သို့ မှတ်ယူနိုင်သည်။

ထိုလူများထွက်ပေါ်လာသည်ကိုမြင်သည့်အခါ ဝေဘုရင်၏အမူအယာသည် သောကများလျော့နည်းသွားပုံရပြီး လုယွီအားကြည့်ရှုလိုက်ပုံသည် ကောက်ကျစ်စဉ်းလဲပုံပေါ်လွင်နေသည်။

"ကောင်စုတ်လေး.....ဒီဘုရင်က မင်းကိုနောက်ဆုံးတကြိမ်မေးမယ်..မင်း ဘယ်သူလဲ"

ဝေဘုရင်က အော်ဟစ်လိုက်၏။

လုယွီက အေးစက်တင်းမာနေသောမျက်လုံးများဖြင့် ဟိုထျန်းနဝမအဆင့်သိုင်းပညာရှင်များအားလုံးကို ကြည့်ရှုပြီးနောက် သူကပြောလိုက်သည်။

"ခင်ဗျားတို့က ကျင့်ကြံမှုအခြေခံရှိတဲ့သူတွေဖြစ်ပေမယ့် လူကြမ်းသာသာအဆင့်ပဲရှိတယ်...ခင်ဗျားတို့အားလုံး သေဖို့ထိုက်တန်တယ်"

ဝေဘုရင်၏အမူအယာ ပြောင်းလဲသွားပြီး သူက လုယွီအား ညွှန်ပြ၍အမိန့်ပေးလိုက်သည်။

"သူကို သတ်ကြစမ်း"

ဝေဘုရင်ထံမှ မည်သည့်ညွှန်ကြားချက်မှ မရရှိသေးခင်ကပင် ဟိုထျန်းနဝမအဆင့်ကျွမ်းကျင်သူအနည်းငယ်က လုယွီထံသို့တိုးဝင်ပြီး သူတို့၏စွမ်းအားအမြင့်ဆုံးသိုင်းပညာဖြင့် တိုက်ခိုက်နှင့်ပြီးဖြစ်သည်။

်ိထိုအချိန်တွင် ဟိုထျန်းအဆင့်ပညာရှင်များ၏ အစစ်အမှန်ခရမ်းရောင်ချီများ ထုတ်လွှတ်မှုကြောင့် ကောင်းကင်ယံသည်ပင် ခရမ်းရောင်တောက်ပနေသည်။

ဤကဲ့သို့သော တုန်လှုပ်ဖွယ်အခိုက်အတန့်ကို ရင်ဆိုင်နေရသော်လည်း လုယွီသည် အေးအေးလူလူအနေအထားသာရှိနေ၏။ သူ၏အင်္ကျီလက်ရှည်ကြီးသည် လေထဲတွင် ပျံ့လွင့်နေပြီး မှိန်ဖျော့ဖျော့အဖြူ ရောင်ချီအား ထုတ်လွှတ်နေလေသည်။

အကယ်၍ တစုံတယောက်မှ သူအား အနီးကပ်ကြည့်ရှုလျှင် လုယွီ၏လက်ဖဝါးတွင် မှိန်ပျပျ အဖြူ ရောင်အစစ်အမှန်ချီများ သိပ်သည်းစွာစီးဆင်းနေခြင်းအား မြင်နိုင်ပေမည်။ ထိုအစစ်အမှန်ချီမှနေ၍ သရဲတစ္စေများ ငိုကြွေးမြည်တမ်းသံနှင့် ဝံပုလွေများအူနေသံ ခပ်သဲ့သဲ့အား ကြားနိုင်ပေမည်။

"ဒါကိုကြည့်ရတာ ဒီကောင်က ဟိုထျန်းနယ်ပယ်ပထမအဆင့်သာရှိသေးတာပဲ....ကိုယ့် အကန့်အသတ်ကို နားမလည်တဲ့ကောင်ပဲ"

လုယွီ ထုတ်လွှက်ထားသော အစစ်အမှန်ချီကိုကြည့်ပြီး ကိုယ်ရံတော်တစ်ယောက်က သူကိုယ်သူမထိန်းချုပ်နိုင်တော့ဘဲ ရယ်မောရင်းပြောလိုက်သည်။

ဟိုထျန်းနယ်ပယ်ပထမအဆင့်သည် သိုင်းပညာကျင့်ကြံခြင်း၏ အခြေခံအကျဆုံးအဆင့်သာဖြစ်သည်။ သိုင်းပညာစတင်ကျင့်ကြံသည့် ခလေးများစွာသည် ဤအဆင့်သို့ ရောတ်ရှိနှင့်ပြီးဖြစ်သည်။ ဤကဲ့သို့သော အကြိုကောင်းကင်ပထမအဆင့်မျှသာ ရှိသူက ဝေဘုရင်၏အိမ်တော်တွင် ရဲရဲတင်းတင်းပြုမှုဝံ့နေပေသည်။ ထိုလူငယ်သည် သေဆုံးရန်လမ်းကို ရှာဖွေနေခြင်းသာဖြစ်မည်။

ရွှမ်း ရွှမ်း ရွှမ်း

တခဏတာအချိန်အတွင်းမှာပင် ဟိုထျန်းနဝမအဆင့်ပညာရှင်များက လုယွီ၏ရှေ့သို့ ရောတ်ရှိလာကြသည်။ ထိုဟိုထျန်းနယ်ပယ်ပညာရှင်များသည် လုယွီ၏ကျင့်ကြံမှုအား သတိပြုမိပြီးသားဖြစ်သဖြင့် သူတို့၏စိတ်နှလုံးသားများ တည်ငြိမ်နေကြသည်။ မူလအစ လုယွီရုတ်တရက် တိုးဝင်လာချိန်တွင် သူတို့၌ မသေချာမရေရာမှုများရှိနေသော်လည်း ယခုကမူ လုယွီ၏သိုင်းပညာအဆင့်သည် တိုက်ခိုက်ရန် လွယ်ကူလွန်းနေလေ၏။ ဟိုထျန်းနယ်ပယ်ပထမအဆင့်သာရှိသော်သူကိုအား သူတို့ဆန္ဒရှိသကဲ့သို့ ပြုမူနိုင်ပေမည်။

"ကောင်စုတ်လေး....တကယ်လို့ မင်းတစုံတယောက်ကို အပြစ်တင်ချင်တယ်ဆို မင်းရဲ့စိတ်ကြီးဝင်မှုကိုပဲ အပြစ်တင်တော့.....ဒီနေရာက မင်း မောက်မာသင့်တဲ့နေရာမျိုးမဟုတ်ဘူး"

မုတ်ဆိတ်ဖြူ ကြီးနှင့်အဖိုးကြီးတစ်ယောက်က သူ၏လက်မှဓားဖြင့် လုယွီကိုထိုးစိုက်ရင်းမှ ပြောလိုက်သည်။

လုယွီ၏မျက်လုံးအတွင်းတွင် အေးစက်စက်အလင်းရောင် တောက်ပသွားပြီး ရုတ်တရက် သူကရှေ့သို့ ခြေတလှမ်းတိုးလိုက်ရာ အဖိုးကြီး၏ဓားချီ လွဲချော်သွားလေ၏။

"ဘာလဲဟ"

အဖိုးကြီးသည် လုယွီကသူ၏ဓားချက်ကို ထိုမျှအထိ လွယ်ကူစွာရှောင်တိမ်းနိုင်မည်ဟု တွေးထင်ထားခြင်းမရှိချေ။

ဖန်းးး

လုယွီ၏လက်ဝါးက အဖိုးအို၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။ အဖိုးအိုသည် မူလကသူ၏ခန္ဓာကိုယ်အား အစစ်အမှန်ချီဖြင့် ကာကွယ်ထားသော်လည်း လုယွီ၏ဟိုထျန်းနယ်ပယ်ပထမအဆင့် အစစ်အမှန်ချီကိုမြင်ပြီးနောတ် သူကိုယ်သူအနည်းမျှပင် ကာကွယ်ထားခြင်းမရှိချေ။

"ဖူးးး"

အဖိုးအိုသည် သွေးတလုတ်အန်ထုတ်လိုက်ပြီး အနောက်သို့ ဆုတ်လိုက်သည်။

သို့ရာတွင် လုယွီသည် လှုပ်ရှားမှုစတင်လိုက်ကတည်းက အဖိုးအိုအား အလွတ်ပေးရန် ကြံရွယ်ထားခြင်းမရှိချေ။ သူကရှေ့သို့ ခြေတလှမ်းတိုးပြီး အဖိုးအိုထံသို့ လက်ဝါးရိုက်ချက်အနည်းငယ် ရိုက်လိုက်သည်။

ဖန်းး ဖန်းး ဖန်းး

အဖိုးအိုစီသို့ ကျရောက်သည့် လက်ဝါးချက်တိုင်းသည် ကြီးမားသောကျောက်တုံးကြီးတတုံး မြေပြင်ပေါ်ဆောင့်နေသည်နှင့် တူနေပေသည်။ အဖိုးအို၏အရိုးများ ကျိုးနေသည့်အသံကိုပင် ရှင်းလင်းစွာကြားနိုင်သည်။

အဖိုးအိုသည် ဟိုထျန်းနဝမအဆင့်ပညာရှင်တစ်ယောက်ဖြစ်သော်လည်း စွမ်းအားအနည်းငယ်ပင်လျှင် ထုတ်လွှတ်နိုင်ခြင်းမရှိဘဲ လုယွီ၏ဖိနှိပ်ခြင်းအား ခံယူထားရသည်။

"ရပ်ပါဦး...ရပ်လိုက်တော့"

"အဟွက် အဟွက် အဟွက်....""မြန်မြန် ရပ်လိုက်တော့"

"တိုက်ခိုက်တာ ရပ်တော့...ဒီ အဖိုးကြီးက ရှုံးတယ်ဆိုတာ ဝန်ခံတယ်..."

"အဟွက် အဟွက် အဟွက်...."

အဖိုးအို၏အသံသည် အားနည်းသည်ထက် အားနည်းလာသည်။ နောတ်ဆုံးတွင် လုယွီ၏လက်သီးချက်သည် သူ၏နှဖူးပေါ်သို့ ကျသွားသည့်အခါ အဖိုးအိုသည် ကြိုးပြတ်သွားသည့်စွန်ကဲ့သို့ မြေပြင်ပေါ်သို့လွင့်ကျလာသည်။ ထို့နောက် သူသည် မည်သည့်လှုပ်ရှားမှုမျိုးမှ မရှိတော့ဘဲ အသက်ရှုခြင်းလည်းမရှိတော့ပေ။

သူက အမှန်တကယ်ကိုပင် လုယွီ၏ရိုက်နှက်ခံရခြင်းကြောင့် သေဆုံးရပြီဖြစ်၏။

လုယွီက သူ၏ခေါင်းကိုပြန်လှည့်ပြီး ကျန်ရှိနေသောဟိုထျန်းနဝမအဆင့်ပညာရှင်များကို အေးစက်စွာပြောလိုက်သည်။

"စိတ်မပူကြပါနဲ့....မင်းတို့ထဲက ဘယ်သူမှမလွတ်မြောက်နိုင်ဘူး"

Chapter 5

အဖိုးအို၏ခန္ဓာကိုယ်ကြီးမှ သွေးများထွက်နေဆဲဖြစ်သည်။ ထိုမြင်ကွင်းသည် အလွန်အမင်းတုန်လှုပ်ဖွယ်ကောင်းလေ၏။ လုယွီ၏ရှေ့ဘက်တွင်ရှိနေသော ဟိုထျန်းနဝမအဆင့်ပညာရှင်များပင် သူတို့၏ခြေလှမ်းများရပ်တန့်လိုက်ကြသည်။

"အဲ့ဒီကောင်က သူရဲ့ကျင့်ကြံမှုအဆင့်ကို ဖုံးကွယ်ထားတာဖြစ်နေမလား"

ဟိုထျန်းနဝမအဆင့်ပညာရှင်များက တီးတိုးမြည်တမ်းလိုက်ကြပြီး သူတို့က လုယွီအားယခင်ကဲ့သို့ ဟိုထျန်းပထမအဆင့်ဟု ယူဆထားခြင်းမရှိတော့ချေ။ ထိုအခြေအနေသည် သူတို့အတွက် ရှေ့မတိုးသာသောအနေအထားဖြစ်နေသော်လည်း အချိန်ကြာမြင့်စွာရပ်တန့်ခြင်းမရှိချေ။

ဝေဘုရင်မှ သူတို့အားအော်ဟစ်အမိန့်ပေးလိုက်၏။

"အဲ့ဒီနေရာမှာ ရပ်မနေကြနဲ့....အတူတူတိုက်ခိုက်ကြ....အဲ့ဒီကောင်က နတ်ဘုရားလိုအစွမ်းမျိုးရှိနေမယ်လို့ ငါမယုံဘူး....ဘာလို့ မင်းတို့က မတိုက်ခိုက်ရဲကြတာလဲ"

ဝေဘုရင်၏အမိန့်ပေးလိုက်မှုနှင့်အတူ ဟိုထျန်းနဝမအဆင့်ပညာရှင်များသည် ထပ်မံအချိန်ဆွဲရန် မရဲဝံ့ကြတော့ချေ။

"စပါးအုံးကိုးကောင် ရစ်ခွေနဂါးဝင်္ကပါ..အသက်ဝင်စေ"

အကြိုကောင်းကင်နယ်ပယ် လူငယ်တစ်ယောက်က ကျယ်လောင်စွာအော်ဟစ်လိုက်သည်နှင့် ကျန်ရှိသောလူအားလုံးသည်စုပေါင်း၍ လုယွီ၏ဘေးပတ်လည်တွင် နေရာဖြန့်ကျဲကာ အစစ်အမှန်ချီစွမ်းအင်များကို အတူတကွဆတ်နွယ်လိုက်ကြသည်။

ထိုလူများသည် ဘုရင်အားကာကွယ်နိုင်ရန် အတူတကွပူးပေါင်းလေ့ကျင့်ပြီးသားဖြစ်မည်မှာ ထင်ရှားပေသည်။ ထိုသို့မဟုတ်လျှင် ယခုကဲ့သို့ ဝင်္ကပါမျိုးအား လျှင်မြန်စွာဖွဲ့စည်းနိုင်မည်မဟုတ်ချေ။

ဝှစ်...ဝှစ်...ဝှစ်

လေထုအတွင်းတွင် သဲမုန်တိုင်းတစ်ခုဖြစ်ပွားခဲ့ပြီး ကြီးမားသော စပါးအုံးမြွေကြီး၏အရိပ်ကို ထင်ထင်ရှားရှား တွေ့မြင်နေရသည်။

ပတ်ဝန်းကျင်တွင် စွမ်းအားပြင်းထန်သောအရှိန်အဝါ(အော်ရာ)များ ဂယက်ထနေပြီး စပါးအုံးမြွေကြီး၏ရှူ းရှူ းရှဲရှဲမြည်သံကိုလည်း အမှန်တကယ်ကြားနေရသည်။

အကြိုကောင်းကင်နဝမအဆင့်လူငယ်က ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

"အဲ့ဒီကောင်ကို သတ်ကြ"

"သေပေတော့"

တခြားသူများကလည်း ဝင်္ကပါအတွင်းသို့ အစစ်အမှန်ချီများထည့်သွင်းလိုက်ကြပြီး တညီတညွတ်တည်း ကြွေးကြော်အော်ဟစ်လိုက်ကြသည်။

လုယွီ၏ဘေးပတ်လည်တွင် စစ်သားတစ်သောင်းခန့်နှင့်ဝန်းရံတိုက်ခိုက်ခံနေရသည့်အလား ဟိုထျန်းနယ်ပယ်အထွတ်အထိပ်ပညာရှင်များက သူကိုဝန်းရံထားပေသည်။ သို့ရာတွင် လုယွီက သူ၏အကြည့်ကို ဝေဘုရင်အပေါ်ကိုသာ အာရုံစူးစိုက်ထားပြီး သူ၏မျက်လုံးအတွင်းရှိ အေးစက်စက်နိုင်မှုမှာ ပို၍ပင်အားကောင်းလာသည်။

အကယ်၍ သူသာ တခဏတာကုန်လွန်ပြီးမှ ဤနေရာသို့ ရောက်ရှိလာခဲ့လျှင် ဝေဘုရင်က သူ၏အမအား မည်သို့ပြုလုပ်မည်ကို မည်သူမျှမသိနိုင်ချေ။

ယခုဘဝတွင် လုယွီအတွက် ဆွေမျိုးဟူသည်မှာ တန်ဖိုးကြီးလေ၏။ သူ၏လက်ရှိအိမ်တော်နှင့်ပတ်သတ်သူဟူသမျှကို ထိခိုက်စေရန် လုယွီခွင့်ပြုမည်မဟုတ်ချေ။

ထိုသူက သေဆုံးရန်သာ ထိုက်တန်သည်။

လုယွီ၏အကြည့်က သူ၏အပေါ်သို့ဖြတ်ကျော်သွားချိန်တွင် ဝေဘုရင်က စိတ်နှလုံးသားထဲမှတုန်လှုပ်မှုကို ခံစားလိုက်ရသည်။ အကယ်၍ လုယွီသာ သူ၏နံဘေးတွင်ရှိနေလျှင် သူကိုသတ်မည်ဟူသည်ကို ဝေဘုရင်သံသယမရှိချေ။

"ဒါက မဖြစ်သင့်ဘူး....သူကြည့်ရတာ လူအ်ုတစမယောက်နဲ့မတူဘူး...တကယ်လို့ သူကပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက် ဖြစ်နေရင်တောင် ဒီလိုဝန်းရံခံထားရရင် သေသွားမှာပဲ"

ဝေဘုရင်က သူကိုယ်သူ စိတ်သက်သာရာရစေရန် အကောင်းဆုံးကြိုးစားနေသော်လည်း သူပိုင်ဆိုင်သောစိတ်နှလုံးသားမှနေ၍ သူ့အားသစ္စာဖောက်နှင့်ပြီးဖြစ်သည်။

ဝေဘုရင်၏နံဘေး၌ရှိနေသော အပေါင်းအပါများ၏ခံစားချက်မှာ ပို၍ပင်ဆိုးရွားနေသည်။ သူတို့ထဲမှအများစုသည် အိတ်ကပ်ထဲတွင်ငွေကြေးသာရှိပြီး အသုံးမကျသူများသာဖြစ်သည်။

ပုံမှန်အားဖြင့် သူတို့သည် ဝေဘုရင်၏အကူအညီဖြင့် တခြားသူများအား အနိုင်ကျင့်ရသည်မှာ အဆင်ပြေနေပေသည်။ သို့သော် ယခုကဲ့သို့အနေအထားသို့ ကြုံတွေ့ရသည့်အခါတွင်မူ သူတို့ကပါဝင်ရဲသောသတ္တိမရှိချေ။

ဝင်္ကပါ၏အလယ်၌ရပ်နေသော လုယွီသည် မမျှော်လင့်ဘဲ တစုံတခုအား သဘောပေါတ်နားလည်သည့် သဲလွန်စရရှိသွားသည်။

ယခင်နေ့ရက်များအချိန်က အဆုံးမဲ့နဂါးငွေ့တန်းအတွင်း လုယွီရှိနေချိန်တွင်လည်း အလားတူမြင်ကွင်းမျိုး ဖြစ်ပွားခဲ့သည်။ ထိုအချိန်တုန်းက လုယွီသည် ကြီးမားသည့်အခင်းအကျင်း၏ အလယ်ဗဟိုတွင်ရှိနေသည်။ သူ့အားဝန်းရံထားသည့်လူများသည် ရဲရင့်သောအမူအယာများအားဖော်ထုတ်ပြီး ကြီးမားသည့်အခင်းအကျင်းကိုဖွဲ့စည်းကာ လုယွီအားသတ်နိုင်ရန် ကြံစည်ခဲ့ကြသည်။

ယခု သူ၏ဘေးပတ်ဝန်းကျင်တွင် ကြီးမားသည့်ဝင်္ကပါအား ခင်းကျင်းထားပြန်သည်။

ထို သတ်ဖြတ်ခြင်းဝင်္ကပါသည် လုယွီထံသို့ တိုက်ခိုက်ရန်ထိပ်တိုက်နေရာယူထားသည်။ စပါးအုံးမြွေပုံစံဖွဲ့စည်းမှုသည် တဖြည်းဖြည်းဖြစ်ပေါ်လာပြီး စတင်၍အသက်ဝင်စပြုလာသည်။

လုယွီ၏မျက်လုံးအတွင်းတွင် ရုတ်တရက် သတ်ဖြတ်လိုသောစိတ်ဆန္ဒများ ပြည့်နှက်လာခဲ့သည်။ ထိုအချိန်တွင် သူ၏တိုက်ခိုက်မှုကိုပြတ်သားစွာလုပ်ဆောင်ပြီး မည်သည့်သနားညှာတာမှုကိုမှ မပြသရန် ဆုံးဖြတ်ထားသည်။ သူ၏တိုက်ခိုက်မှုစတင်ချိန်သည်နှင့် ရန်သူများအား အလဲထိုးနိုင်ရပေမည်။

ရုတ်တရက် လုယွီက လေထဲသို့ခုန်တတ်ပြီး သတ်ဖြတ်ခြင်းဝင်္ကပါ၏ထောင့်တထောင့်ကို ကြမ်းကြမ်းတမ်းတမ်းကန်လိုက်သည်။ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော အော်ဟစ်ငိုကြွေးသံနှင့်အတူ လူတစ်ယောက်က ဝင်္ကပါအတွင်းမှနေ၍ ပြေးထွက်သွားသည်။

သတ်ဖြတ်ခြင်းဝင်္ကပါတည်ရှိသည့်နေရာသည် သဲနှင့်လေများပြည့်နှက်နေသည်။ ဤနေရာသို့ သာမာန်လူသားများချဉ်းကပ်ဝံ့မည်မဟုတ်သော်လည်း လုယွီကတော့ ဝင်္ကပါ၏အားနည်းချက်အား တွေ့ရှိပြီးဖြစ်သည်။

သတ်ဖြတ်ခြင်းဝင်္ကပါဟုခေါ်ဆိုသော်လည်း လုယွီအတွက်အားနည်းချက်များအပြည့်ဖြစ်နေသည်။

"ထိန်းထားကြ...သူကိုမလွတ်သွားစေနဲ့"

တစုံတယောက်မှနေ၍ အော်ဟစ်ကြွေးကြော် သတိပေးလိုက်သည်။ လူများက ဝင်္ကပါအတွင်းသို့ အစစ်အမှန်ချီများ ထပ်မံထည့်လိုက်ကြရာ သတ်ဖြတ်ခြင်းဝင်္ကပါသည် ပို၍အားကောင်းလာလေ၏။

"ရှူ း...ရှူ း..."

ထိုအချိန်တွင် သတ်ဖြတ်ခြင်းဝင်္ကပါအတွင်းတွင် စပါးအုံးမြွေကိုးကောင်ထွက်ပေါ်လာသည်။

စပါးအုံးမြွေတစ်ကောင်စီ၏ခန္ဓာကိုယ်တိုင်းသည် ခရမ်းရောင်အလင်းရောင် မှိန်ပျပျတောက်ပနေသည်။ တချိန်တည်းမှာပင် ၎င်းတို့ထံမှ ကြောက်ရွံဖွယ်ကောင်းသောအော်ရာများကိုလည်း ထုတ်လွှက်နေခဲ့သည်။ ၎င်းဝင်္ကပါအနီး ချဉ်းကပ်မိသူတစ်ယောက်သည် အေးစက်သောလေများကို ခံစားရပေမည်။

"သေပေတော့"

ဟိုထျန်းနဝမအဆင့်ပညာရှင်များ၏ အော်ဟစ်ကြွေးကြော်သံနှင့်အတူ စပါးအုံးမြွေကြီးသည် သူ၏ပါးစပ်ကိုကျယ်ကျယ်ဖွင့်ဟပြီး လုယွီအားကိုက်ရန်ဦးတည်လိုက်သည်။

ထိုစပါးအုံးမြွေသည် ဝင်္ကပါကြောင့်ဖြစ်ပေါ်လာခြင်းဖြစ်သော်လည်း ၎င်းကိုကြည့်ရပုံမှာ အစစ်အမှန်နှင့်တူနေသည်။ ၎င်းမြွေ၏ပါးစပ်ဟလိုက်ချိန်တွင် သွေးညှီနံများကိုပင် အနံ့ရနိုင်ပေသည်။

လုယွီ၏မျက်နှာအမူအယာမှာမူ အေးစက်တင်းမာနေပြီး မည်သည့်ပြောင်းလဲမှုမှ မရှိချေ။ စပါးအုံးမြွေကြီး သူထံတိုးဝင်လာသည်ကိုမြင်သော်လည်း လုယွီကရှောင်လိုက်ခြင်းမရှိဘဲ ၎င်းထံသို့တည့်တည့်တိုးဝင်သွားခဲ့သည်။

"ဟား...ဟား...သူက ကြောက်ရွံစိတ်ကြောင့် ရူးသွပ်သွားပြီထင်တယ်....သူက ရှေ့ကိုဆတ်တိုးဝံ့မယ်ထင်ကြလား"

ဝေဘုရင်၏လက်အောတ်ငယ်သားတစ်ယောက်က လှောင်ပြောင်လိုက်သည်။

သို့ရာတွင် မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ထိုလူ၏မျက်နှာပေါ်မှ အပြုံးအေးခဲသွားပြီး သူ၏အသားအရေသည် အလွန်အမင်းဖြူ ဖျော့သွားသည်။

ချက်ချင်းဆိုသလိုပင် လုယွီက သူ၏လက်သီးကို တင်းတင်းကျက်ကျပ်ဆုပ်လိုက်ရာ လက်ချောင်းများပတ်လည်တွင် များပြားသောအဖြူ ရောင်မြူ ခိုးများကို မြင်တွေ့နိုင်သည်။ သူ၏လက်သီးချက်ကို ရိုက်ထုတ်လိုက်ရာ ဒေါသူပုန်ထနေသောနဂါးတစ်ကောင်ကဲ့သို့ ကောင်းကင်ကိုထိုးဖောက်ထွက်သွားသည်။

ဝေါ...

စပါးအုံးမြွေကိုးကောင်အသွင်သည် မျက်စိတမှိတ်စာအချိန်အတွင်းမှာပင် တစ်ကောင်ဆုံးရှုံးသွားရသည်။ သို့ရာတွင် ကြွင်းကျန်နေသောစပါးအုံးမြွေရှစ်ကောင်သည် ရပ်တန့်သွားခြင်းမရှိဘဲ ဘက်ပေါင်းစုံမှနေ၍ လုယွီအားကိုက်ရန်ဦးတည်လိုက်ကြသည်။

လုယွီသည် ပြန်လှည့်သွားခြင်းမရှိသော်လည်း သူ၏ခန္ဓာကိုယ်မှ အဖြူ ရောင်ကျန်းချီသည် လက်သည်းငါးခုဖြင့်အနက်ရောင်နဂါးသို့ပြောင်းလဲသွားပြီး မြေပြင်မှနေ၍ လုယွီ၏နံဘေးတွင်ထွက်ပေါ်လာသည်။

"ဘာလဲဟ....အစစ်အမှန်စွမ်းအင် အကောင်အထည်ဖော်ခြင်းလား"

"ဒါက အထက်ကောင်းကင်နည်းစနစ်လေ...အဲ့ဒီကောင်က ဘယ်လိုသိမှာလဲ...သူက ဟိုထျန်းပထမအဆင့်သာရှိသေးတဲ့ခလေးတစ်ယောက်လေ"

ဟိုထျန်းနဝမအဆင့်ပညာရှင်များသည် ဆွံအမှင်သက်သွားကြပြီး သတ်ဖြတ်ခြင်းဝင်္ကပါကိုထိန်းသိမ်းနေခြင်းအား ရပ်တန့်ပစ်လုနီးပါးဖြစ်သွားခဲ့သည်။ ဟိုထျန်းနဝမအဆင့်စစ်သည်တော်များသည် ထူးချွန်သည်ဟုဆိုနိုင်သော်လည်း သူတို့က ကျန်းချီကိုအသုံးပြု၍ အခြေခံသိုင်းပညာနည်းစနစ်များကိုသာ အသုံးပြုနိုင်သည်။

ထို့ပြင် အစစ်အမှန်ချီကို တစုံတခုသောအစိုင်အခဲသို့သိပ်သည်းစေခြင်းသည် ကြီးမားသည့်လူအင်အားဖွဲ့စည်းပုံ၏စွမ်းအား လိုအပ်ပေလိမ့်မည်။

ဥပမာအနေဖြင့်ပြောရလျှင် စပါးအုံးမြွေကိုးကောင် ရစ်ခွေနဂါးဝင်္ကပါအား လူတစ်ယောက်တည်းဖြင့် အသုံးပြု၍မရနိုင်ချေ။

အထက်ကောင်းကင်အဆင့်စစ်သည်တော်တစ်ယေညက်ကသာလျှင် သူ၏ချီကို တိုက်ခိုက်ရန်အရာဝတ္ထုအဖြစ် ပြောင်းလဲနိုင်သည်။

တချို့သောကောင်းကင်အဆင့်ပညာရှင်များသည် သူတို့၏လက်မောင်းများ ဖြတ်တောက်ခံရလျှင်ပင် သူတို့၏ကျန်းချီကိုအသုံးပြု၍ အရိုးများကိုဆက်နွယ်ကာ ဆက်၍တိုက်ခိုက်နိုင်ပေသည်။

ဟိုထျန်းနဝမဆင့်ပညာရှင်များသည် အချိန်တခဏကြာ ကြက်သေသေသွားကြသည်။ နောက်ဆုံးတွင် သူတို့က လုယွီအား အလေးအနက်ထားရမည်ဟု နားလည်လိုက်ကြသည်။

"သူက ရှီထျန်းအဆင့်ဆရာသခင်တစ်ယောက်ဖြစ်နေရင်တောင်မှ ဒီနေ့ သူကိုဒီနေရာမှာ အပြီးသတ်ပစ်ရမယ်"

ဟိုထျန်းနဝမအဆင့်ပညာရှင်တစ်ယောက်က ရုတ်တရက်အော်ဟစ်ကြွေးကြော်ပြီးနောတ် သူ၏ခန္ဓာကိုယ်မှခရမ်းရောင်အလင်းတန်းသည် ပို၍တောက်ပလာခဲ့သည်။

ကြွင်းကျန်သော ဟိုထျန်းနဝမအဆင့်ပညာရှင်များသည် စုပေါင်း၍ ကြွေးကြော်လိုက်ကြသည်။ ရုတ်ချည်းဆိုသလိုပင် လုယွီဖျတ်ဆီးပစ်ခဲ့သည့် စပါးအုံးမြွေတစ်ကောင်သည် ပြန်လည်ရှင်သန်လာလေ၏။

စပါးအုံးမြွေကိုးကောင်သည် ဟိန်းဟောက်၍ လုယွီထံသို့ တိုးဝင်လာကြသည်။

ဝေါ....

မူလအစက လုယွီဖန်တီးခဲ့သော အနက်ေ ာင်နဂါးသည် စပါးအုံးမြွေကိုးကောင်ကြောင့် ဒေါသကြီးစွာအော်ဟစ်လိုက်ကြသည်။

"စပါးအုံးမြွေကိုးကောင်...ဟွန့်...မင်းတို့က သားရဲအဆင့်ပဲရှိနေသေးတာ...နဂါးတစ်ကောင်ကိုအမှန်တကယ် ဆန့်ကျင်တိုက်ခိုက်နိုင်မယ်လို့ မင်းတို့ထင်နေကြတာလား"

လုယွီက ပေါ့ပေါ့ပါးပါးအသက်တချက်ရှုထုတ်ပြီး သူဖန်တီးထားသော အနက်ရောင်နဂါးနားသို့ ချဉ်းကပ်လိုက်ရာ ၎င်းနဂါးကြီးသည် ပို၍အားကောင်းလာလေ၏။

စီ....စီ....စီ

နဂါးနက်ကြီးက သိုးအုပ်စုနှင့်တူနေသော စပါးအုံးမြွေကိုးကောင်ပေါ်သို့ ဆင်းသက်လာခဲ့ရာ ထိုစပါးအုံးမြွေအုပ်စုသည် နဂါးနက်၏ဝါးမြိုခြင်းအား ခံလိုက်ရသည်။

လူအများမြင်ရသော ကြောက်ရွံဖွယ်ကောင်းသည့် ကျန်းချီစပါးအုံးမြွေကြီးသည် လျှင်မြန်စွာဖြင့် အရည်ပျော်နေခဲ့သည်။

"အဲ့ဒီနဂါးက ငါရဲ့ကျန်းချီတွေကို ဝါးမြိုပစ်လိုက်ပြီ"

"ငါ ဒီထက်ပို ထိမ်းမထားနိုင်တော့ဘူး...ဆုတ်ခွာကြတော့"

ကြီးမားသည့် သတ်ဖြတ်ခြင်းဝင်္ကပါကြီးသည် ကျိုးပျက်သွားခဲ့ပြီး ဟိုထျန်းပညာရှင်များအားလုံးသည် သူတို့၏ကျန်းချီကို ရုတ်သိမ်းရန်ပြင်ဆင်နေကြသည်။ သို့ရာတွင် ထိုအချိန်တခဏမှာပင် လုယွီက ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

"အခုချိန်မှ ထွက်ခွာချင်ကြတာ...အရမ်းနောက်ကျလွန်းနေပြီ"

ဝှစ်

ရုတ်တရက် လုယွီက သူ၏နဂါးနက်ကို ပြန်လည်ရုပ်သိမ်းပြီး သတ်ဖြတ်ခြင်းဝင်္ကပါထံသို့ ဦးတည်လျှောက်လှမ်းလိုက်သည်။

All Chapters