← Chapters

အခန်း ၆-၁၀

Vol. 1-5 Ch. 6-10

အခန်း ၆-၁၀

Vol. 1-5 Ch. 6-10

Chapter 6

"ငါရဲ့ ဒန်တျန်ပျတ်စီးသွားပြီ"

"စီနီယာ...ကျေးဇူးပြုပြီး ကျွန်တော်ကိုချမ်းသာပေးပါ...ဒီ သေးငယ်တဲ့ကောင်က မျက်စိပါပေမဲ့ ကြီးမားတဲ့တိုင်ကြီးကိုမမြင်မိဘူး...ကျေးဇူးပြုပြီး ခွင့်လွှက်ပေးပါ"

ထိတ်လန့်တကြား အော်ဟစ်ငိုကြွေးသံများ ထွက်ပေါ်လာပြီးနောက် တဖြည်းဖြည်းဖြင့်လွင့်ပါးသွားပြီး မြေပြင်ပေါ်၌ အရိုးစုတသိုက်သာလျှင် ကြွင်းကျန်ရစ်တော့သည်။

လုယွီက နောက်သို့အနည်းငယ်ပင်တွန့်ဆုတ်မနေဘဲ သတ်ဖြတ်ရန်သာ ရည်ရွယ်တိုက်ခိုက်ခဲ့သည်။ ထိုလူအုပ်စုသည် သူ့အား သတ်ဖြတ်ရန် အလိုရှိခဲ့ကြသည်။ ထို့ကြောင့် လုယွီအတွက် သူတို့အား သနားငဲ့ညှာရန် မလိုအပ်ချေ။

အကယ်၍ သူတို့ တစုံတယောက်အားအပြစ်တင်လိုသည်ဆိုပါက ဆိုးသွမ်းသောသခင်နောက်လိုက်သည့်အတွက်သာ အပြစ်တင်ရပေမည်။

မျက်စိတမှိတ်စာအချိန်အတွင်း၌ပင် ဝင်္ကပါ၏အနေအထားသည် ပြိုလဲပျက်စီးသွားခဲ့သည်။ ကြမ်းကြုတ်ရက်စက်သော ဟိုထျန်းနဝမဆင့်ပညာရှင်များသည် လုယွီ၏ဖျက်ဆီးခံလိုက်ရသည်။

လုယွီ၏မျက်လုံးအတွင်းတွင် သူတို့၏အားအင်ပြည့်ဝပုံရသည့် လှုပ်ရှားမှုတိုင်းသည် အားနည်းချက်များပြည့်နှက်နေသည်။

လုယွီက လက်သီးတချက်ထိုးလိုက်သည်နှင့် ထိုကျွမ်းကျင်သူများ၏ တိုက်ခိုက်မှုများ ကျိုးပျက်သွားရသည်။ လုယွီက သူတို့၏ဝမ်းဗိုက်များသို့ လက်သီးဖြင့်ထိုးလိုက်ချိန်တွင် သူတို့က အနည်းငယ်မျှသော ကျန်းချီများကိုပင် မစုစည်းနိုင်တော့ချေ။

လုယွီက သိုးအုပ်စုအတွင်း ဝင်ရောက်သွားသော ဝံပုလွေတစ်ကောင်ကဲ့သို့ သတ်ဖြတ်ခြင်းဝင်္ကပါအတွင်းမှ အေးအေးလူလူ ထွက်လာခဲ့သည်။

ဖုတ်...ဖုတ်....ဖုတ်

ဗလုံးဗထွေးဖြင့် မသဲမကွဲကြားရသံများသည် တစ်ယောက်ပြီးတစ်ယောက်ထံမှ ထွက်ပေါ်လာသည်။ ဟိုထျန်းနဝမအဆင့်ပညာရှင်မျာသည် အသံတသံမျှပင် ပြတ်သားစွာမပြုနိုင်ဘဲ မြေပြင်ပေါ်သို့လဲကျသွားသည်။

နောတ်ဆုံးတွင် ဝေဘုရင်၏အပေါင်းအပါများ ကြက်သေသေနေရသည်။ ဤကဲ့သို့သော ကျွမ်းကျင်ပညာရှင်သည် မည်သည့်နေရာမှလာ၍ ယခုလောတ်ထိ ရက်စက်ကြမ်းကြုတ်နေရသလော။

ဝေဘုရင်သည် ဝိုင်ခွက်ကို ကိုင်ဆောင်ထားဆဲဖြစ်ပြီး စိတ်တည်ငြိမ်မှုရရှိနိုင်ရန် အကောင်းဆုံးကြိုးစားနေသည်။ သူက လုယွီကိုကြည့်ပြီး ပြောဆိုလိုက်သည်။

"ငါက မင်းလို ကျွမ်းကျင်သူပညာရှင်တစ်ယောက်ကို မတွေ့ဖူးဘူး....မင်း ဘယ်သူလဲ"

"မင်း သတိမပြုမိဘူးလား"

လုယွီက ထိုစကားလုံးများကို စဉ်းစားဆင်ခြင်ရင်းမှ ထပ်မံပြောကြားလိုက်သည်။

"မင်းက မင်းရဲ့လက်တွေကို အမတ်ကြီးယုံဖျင်အိမ်တော်ကို ချိန်ရွယ်ဝံ့နေတာတောင်မှ ငါဘယ်သူလဲဆိုတာ မသိဘူးလား"

'အမတ်ကြီးယုံဖျင်ရဲ့အိမ်တော်'

ဝေဘုရင်၏ မျက်စိသူငယ်အိမ်ပြူ းကျယ်သွားခဲ့သည်။ အမတ်ကြီးယုံဖျင်၏အိမ်တော်၌ ဤကဲ့သို့ပညာရှင်မျိုးရှိနေမည်ဟု သူယူဆထားခြင်းမရှိချေ။

ဝေဘုရင်က ပြစ်မှုများစွာကိုလုပ်ဆောင်ခဲ့သော်လည်း ဦးနှောက်မရှိသူတစ်ယောက် မဟုတ်ချေ။ သူက ပစ်မှတ်ကိုတိုက်ခိုက်ခြင်းမပြုမှီ တခြားအုပ်စု၏နောက်ခံအား ကြိမ်ဖန်များစွာ စုံစမ်းစစ်ဆေးခဲ့သည်။

သူက တချို့သော လူပေါက်စလေးများကို မည်သည့်အချိန်ကမျှ ဂရုစိုက်ခြင်းမရှိခဲ့ချေ။ သူတို့အပေါ်တွင် ဆန္ဒရှိသကဲ့သို့ ဝေဘုရင် လုပ်ဆောင်နိုင်ပေသည်။

ဝေဘုရင်မှ အမတ်ကြီးယုံဖျင်အိမ်တော်သို့ ထိဝံ့သည့် တခုတည်းသောအကြောင်းပြချက်မှာ လုမိသားစုတွင် ရှီထျန်းအဆင့်ဟူ၍ မြောက်ပိုင်းနယ်မြေစီသို့ ရောက်ရှိနေသော ယုံဖျင်အမတ်ကြီး လုခိုင်ရှန်တစ်ယောက်သာရှိခြင်းကြောင့်ဖြစ်သည်။

ဝေဘုရင်၏ တခြားသောအကြောင်းရင်းတစ်ခုမှာ လုခိုင်ရှန်သည် မည်သို့မျှ မြို့တော်သို့ ပြန်လာနိုင်မည်မဟုတ်ကြောင်း ယုံကြည်နေခြင်းကြောင့်ပင်။ ထိုသတင်းသည် အမှန်တကယ်ယုံကြည်စိတ်ချနိုင်သူထံမှ ရရှိခြင်းဖြစ်သည်။

လုမိသားစုအတွင်းတွင် အသုံးကျနိုင်သော ကျန်ရှိသည့်တစ်ဦးတည်းသောလူပုဂ္ဂိုလ်မှာ သူ ပြန်ပေးဆွဲထားသည့် လုလမ်ရွှမ်းတစ်ယောက်တည်းသာဖြစ်သည်။

သူ ရရှိသည့်သတင်းသည် မှန်ကန်ခြင်းမရှိသလော။

ဝေဘုရင်က အလွန်အမင်းထိတ်လန့်သွားပြီး သူ သာမာန်ကာလျှံကာ သဘောထားမိသော အရာတစ်ခုအား သတိပြုမိသွားသည်။

ဝေဘုရင်က သူ၏ရှေ့တွင်ရှိနေသော လူငယ်အားကြည့်ပြီး အလွန်ငယ်ရွယ်ကြောင်း ပြောနိုင်ပေသည်။ ထို့ပြင် လူငယ်နှင့်လုလမ်ရွှမ်း၏ မျက်ခုံးများဆင်တူနေကြောင်းကိုလည်း သိရှိလိုက်သည်။

ဒါဆို ဖြစ်နိုင်သည်က-

"မင်း...မင်းက လုခိုင်ရှန်ရဲ့သား လုယွီလား"

ဝေဘုရင်က လုယွီအား လက်ညှိုးညွှန်၍ တုန်ယင်နေသောအသံဖြင့်ပြောကြားလိုက်သည်။

လုယွီ၏အေးစက်တင်းမာနေသော မျက်နှာပေါ်တွင် ရှားရှားပါးပါးအပြုံးတစ်ပွင့် ပေါ်လာသည်။

"အရမ်းကောင်းတယ်....မင်းက ငါဘယ်သူလဲဆိုတာ သိသွားပြီမို့ သေဆုံးခြင်းမြစ်စီသွားတဲ့လမ်းမှာ မင်း လေလွင့်နေတဲ့ဝိညာဉ်ဖြစ်စရာမလိုတော့ဘူး"

ထိုအရာက မဖြစ်နိုင်ချေ။

ကျွမ်းကျင်ပညာရှင်က လုယွီဆိုသည်မှာ မည်သို့ဖြစ်နိုင်မည်လော။

ယုံဖျင်အမတ်ကြီးလုခိုင်ရှမ်၏သားဖြစ်သူမှာ အရူးတစ်ယောက်ဟု လူသိများပြီး နန်းတော်အတွင်းရှိ မည်သဘ့်အင်ပါဟာသမားတော်မဆို သက်သေပြုပေးနိုင်လေသည်။

အသက်တစ်ဆယ့်ခုနစ်နှစ်သာရှိပြီး ဟိုထျန်းနယ်ပယ်ပထမအဆင့်သာရောက်ရှိသေးသောသူသည် မည်သည့်နည်းဖြင့် သူ၏ရှေ့မှောက်ရှိစွမ်းအားကြီးသူများကို အကြောက်အရွံကင်းမဲ့စွာ ရင်ဆိုင်နိုင်သလော....။

ဝေဘုရင်က ဆွံအပြီးပြောစရာစကားမရှိချိန်တွင် လုယွီက လှုပ်ရှားနှင့်ပြီးဖြစ်သည်။

လုယွီ တိုးဝင်လာသည်ကိုကြည့်ပြီး ဝေဘုရင်၏အသံသည် ထိတ်လန့်ကြောက်ရွံသွားသော အခြေအနေသို့ပြောင်းလဲသွားသည်။

"မလုပ်နဲ့...မလုပ်ပါနဲ့...ငါ မင်း အမကို မထိပါဘူး.....သူမကိုခေါ်သွားပါ"

"နောက်ကျသွားပြီ"

ရုတ်တရက် လုယွီက ဟစ်ကြွေးလိုက်၏။ သူ၏လက်ဖဝါးအတွင်းတွင် မှိန်ပျပျ နဂါးနက်အော်ရာ ရစ်ပတ်နေသည်။

ကံအကြောင်းမလှစွာဖြင့် ဝေဘုရင်၏နံဘေးရှိ ဟိုထျန်းနဝမအဆင့်သိုင်းပညာရှင်အားလုံးသည် လုယွီ၏သတ်ဖြတ်မှုအား ခံယူပြီးဖြစ်သည်။

ဝေဘုရင်နံဘေးမှ ကျန်ရှိနေသော အသုံးမကျသည့် အပေါင်းအပါများသည် သာမာန်အချိန်တွင် ဆိုးရွားသည့်အကြံအစည်များ ထွက်ပေါ်လာသော်လည်း ယခုအချိန်တွင်မူ ကြောက်ရွံမှုကြောင့် ရှေ့တိုးဝံ့ခြင်းမရှိကြချေ။

ထိုအချိန်မှာပင် ရုတ်တရက် တိုးညင်းသောအသံတသံက ကြည်လင်နေသောကောင်းကင်ယံမှ ထွက်ပေါ်လာသည်။

"ရပ်လိုက်စမ်း.."

Chapter 7

"ရပ်လိုက်စမ်း"

ထွက်ပေါ်လာသည့်အသံသည် မိုးခြိမ်းသံနှင့်တူညီနေပြီး လူများအားတုန်ခါသွားစေသည်။

ထိုအသံကိုကြားသည့်အခါတွင် ဝေဘုရင်၏အမူအယာသည် ဖြူ ဖျော့နေရာမှ ရုတ်တရက် အနီရောင်လွှမ်းသွားခဲ့သည်။ သူက မိုးကောင်းကင်ကိုမော့ကြည့်၍ အော်ဟစ်လိုက်သည်။

"ဆရာသခင် ဝမ့်....လာပြီး ငါကို ကယ်တင်ပါ"

ယခုလာသူသသည် ဝေဘုရင်အားကယ်တင်ရန် ရောက်ရှိလာသည်မှာ ထင်ရှားပေသည်။

သို့ရာတွင် လုယွီ၏ခြေလှမ်းများသည် ရပ်တန့်ခြင်းမရှိဘဲ သူ၏လက်ဝါးကို ဝေဘုရင်ထံသို့ ဦးတည်ရိုက်ထုတ်လိုက်၏။

ထိုလက်ဝါးချက် ကျဆင်းလာချိန်တွင် ဝေဘုရင်သည် စိတ်အတွင်းပိုင်းမှနေ၍ ကြောက်ရွံတုန်လှုပ်သွားခဲ့သည်။ သူက သူကိုယ်သူ မထိန်းချုပ်နိုင်တော့ဘဲ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"မင်း.....တိုက်ခိုက်ဝံ့တယ်ပေါ့"

ထိုအသံသည် အလွန်အမင်းဒေါသထွက်နေပုံရသည်။ ထို့နောက် လေပြင်းမုန်တိုင်းတစ်ခု ကျရောက်လာသကဲ့သို့ ဝါးသစ်တောတစ်တောလုံး မရေမတွက်နိုင်သည့် အပိုင်းအစများအဖြစ်ကျိုးပဲ့သွားသည်။

လေပြင်းတစ်ချက် ဝှစ်ခနဲတိုက်လိုက်သံအား လုယွီကြားလိုက်ရသည်။ အလွန်အမင်းမြန်ဆန်သည့် ပုံရိပ်တစ်ခုက မရေမတွက်နိုင်သည့် ဝါးအပိုင်းအစများပေါ်မှနင်းဖြတ်ကာ လုယွီ၏ရှေ့သို့ ဆင်းသက်လာခဲ့သည်။

ယခုရောက်ရှိလာသော လူပုဂ္ဂိုလ်သည် သန်မာအားကောင်းသူဖြစ်၏။ သူသည် အင်ပါယာအစောင့်တပ်၏ ဗိုလ်ချုပ်သံချပ်ကာအင်္ကျီကို ဝတ်ဆင်ထားပြီး သူ၏ခန္ဓာကိုယ်မှ အနက်ရောင်ကျန်းချီများကို ထုတ်လွှတ်ထားသည်။

လုယွီက ဝေဘုရင်ထံသို့ တစ်ဟုန်ထိုးတိုးဝင်သွားသည်ကို မြင်တွေ့လိုက်သော ထိုလူကြီးသည် အလွန်ထိတ်လန့်တုန်လှုပ်သွားပြီး လျှင်မြန်စွာဖြင့် လုယွီအား ပိတ်ပင်တားဆီးလိုက်သည်။

ဖုန်းးးး

နားကွဲလုမတတ် အသံကြီးတစ်သံထွက်ပေါ်လာပြီး ယခုနေရာရှိ လူများသည် သူတို့ကိုယ်သူတို့မထိန်းချုပ်နိုင်တော့ဘဲ နားများကိုဖုံးအုပ်လိုက်ကြသည်။

တချို့လူများက ပို၍ပင်ခြေကုန်လက်ပန်း ကျသွားလေ၏။ သူတို့၏နားများအတွင်းမှ သွေးများပန်းထွက်လာပြီး မြေပြင်ပေါ်သို့မောဟိုက်စွာ လဲပြိုသွားသည်။

လူထွားကြီး၏ညာဘက်ခြေဖဝါး ခြေတစ်လှမ်းဆုတ်တိုင်း မြေပြင်အား အက်ကွဲပြီးရင်းအက်ကွဲစေသည်။

လုယွီအတွက်ကမူ သူ၏အမြန်နှုန်းသည် အနည်းငယ်သာ လျော့နည်းသွားသည်။

လူထွားကြီး၏မျက်လုံးအတွင်းတွင် အံအားသင့်သောအရိပ်အယောင် တောက်ပသွားလေ၏။ သူက လုယွီအား မယုံကြည်နိုင်ဟန်ဖြင့် စိုက်ကြည့်လိုက်သည်။

"ရှီထျန်း နယ်ပယ်လား"

ထိုအရာက အမှန်ပင်ဖြစ်၏။ လုယွီပြသလိုက်သော ခွန်အားသည် တိတိကိကျပင် ရှီထျန်းနယ်ပယ်ကျင့်ကြံသူတစ်ယောက်၏ခွန်အားဖြင့် တူညီနေသည်။

လူထွားကြီးသည် အထက်ကောင်းကင်အဆင့်စစ်သည်တော်တစ်ဦးဖြစ်သည်။ သူက ရှီထျန်းနယ်ပယ်၏ပထမအဆင့်သာရှိသော်လည်း ယခုအဆင့်သို့ရောက်ရှိရန် တစ်ဆင့်ပြီးတစ်ဆင့်လျှောက်လှမ်းခဲ့ရသည်။ မည်သူမဆို ကျင့်ကြံခြင်းလမ်းကြောင်းသည် လွန်စွာခက်ခဲကြမ်းတမ်းကြောင်းသိရှိကြသည်။ မည်မျှအထိပါရမီမြင့်မားသူဖြစ်ပါစေ ရောက်ရှိနေသည့်နယ်ပယ်ကိုအခြေခိုင်စေရန် ဦးစားပေးကျင့်ကြံရသည်။

ယခု သူ၏ရှေ့တွင်ရှိသောလူငယ်သည် အလွန်အမင်းငယ်ရွယ်လွန်းနေသည်။

လုယွီ၏ ကန်ရေပြင်နှင့်တူညီသော မျက်လုံးများက လင်းလက်တောက်ပလာခဲ့သည်။ သူက လူထွားကြီးကို မော့ကြည့်ပြီး အေးတိအေးစက်ပြောဆိုလိုက်သည်။

"မင်းက မကောင်းတဲ့ကောင်ကို ကူညီချင်နေတာလား"

လုယွီ၏စူးရှသောမျက်လုံးများသည် သတ်ဖြတ်ချင်စိတ်အပြည့်ဖြစ်နေပြီး လူထွားကြီးအားအမှန်တကယ်ပင် ချောက်ချားသွားစေ၏။

"မိတ်ဆွေလေး...ငါက တာလျန့်အင်ပါယာ အစောင့်အရှောက်ခန်းမရဲ့ ဝမ့်မင်ပါ...ဒါက နားလည်မှုလွဲမှားတာ တခုခုရှိနေမလားလို့ ငါစိုးရိမ်မိတယ်...ငါတို့ အေးအေးဆေးဆေး ဆွေးနွေးကြရအောင်...တိုက်ခိုက်သတ်ပုတ်နေဖို့ မလိုအပ်ပါဘူး"

လူထွားကြီးက သူ၏လေသံကိုနူးညံစေရန် အကောင်းဆုံးကြိုးစားလိုက်သည်။

"ဆရာသခင် ဝမ့်...အဲ့ဒီကောင်ကို မြန်မြန်သတ်ပစ်....ခင်ဗျားရဲ့လက်နဲ့ လုလမ်ရွှမ်းရဲ့ကျင့်ကြံမှုကို ချိပ်ပိတ်ခဲ့တာလေ...သူက လုလမ်ရွှမ်းရဲ့မောင်ပဲ...မြန်မြန် သူကိုသတ်လိုက်တော့....လုလမ်ရွှမ်းက ဒီဘုရင်ရဲ့ဟာပဲ...အဲ့ဒီကောင်ကိုသတ်နိုင်ရင် ခင်ဗျားလိုချင်တဲ့ ဘယ်ဆုလဒ်မျိုးကိုမဆို တော်ဝင်ခမည်းတော်ထံကနေတောင်းယူပေးမယ်"

လူထွားကြီး၏နောက်မှ ဝေဘုရင်ကအော်ဟစ်လိုက်သည်။

အကျင့်ပက်စက်သောသူနှင့်မိတ်ဖွဲ့မိသော အပေါင်းအသင်းဟူသည်ကို တခြားသူများမည်သို့နားလည်မည်မသိချေ။ ယခု မြင့်မြတ်သောလျန်နိုင်ငံတော်၏ အစောင့်အရှောက် ဝမ့်မင်သည် အဓိကအချက်ကို နက်ရှိုင်းစွာသိရှိနားလည်သွားလေသည်။

မကြာမှီမှာပင် ဝမ့်မင်သည် ပြင်းထန်သောမုန်တိုင်းနှင့်တူသည့် လုယွီ၏သတ်ဖြတ်ချင်စိတ်အား ခံစားမိသွားသည်။ ရှီထျန်းအဆင့်ပညာရှင်တစ်ယောက်ဖြစ်သော်လည်း ဝမ့်မင်သည် ကျောရိုးတလျှောက် အေးစိမ့်စိမ့်ဖြစ်မှုအား ခံစားလိုက်ရသည်။

"အရမ်းကောင်းတယ်....အရမ်းကောင်းတယ်$

လုယွီက နေရာတွင်ရှိနေသောလူတိုင်းအား သိမ်းကျုံးကြည့်လိုက်ပြီး အေးစက်တင်းမာစွာ ပြောကြားလိုက်သည်။

"ငါ မျှော်လင့်မထားမိဘဲ ဒီနေရာက မြွေလိုလို ကြွက်လိုလိုကောင်တွေရဲ့ အသိုက်ပေါ့...မင်းတို့က ငါရဲ့မိသားစုကိုထိဝံ့မှတော့ မင်းတို့ကိုလည်းထပ်တူခံစားခိုင်းမယ်"

လုယွီသည် မြေပြင်ပေါ်သို့ပြင်းထန်စွာဆောင့်နင်းလိုက်ရာ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ချိုင့်ကြီးတစ်ချိုင့် ပေါ်လာသည်။

လုယွီ၏လက်သီးနှစ်ဖက်စလုံးအား ဖျော့တော့သောအဖြူ ရောင်ကျန်းချီအလွှာဖြင့် ဖုံးအုပ်ထားသည်။ နဂါးတစ်ကောင်၏ကြိမ်းဝါးသံကိုလည်း ထပ်ခါထပ်ခါကြားနိုင်လေ၏။

"ဒါက ဟိုထျန်းပထမအဆင့်ရဲ့စွမ်းအားလား...မဖြစ်နိုင်ဘူး...ဒါက ရှီထျန်းအဆင့်နည်းစနစ်ဆိုတာ ထင်ရှားနေတာပဲ...သူရဲ့ကျင့်ကြံမှုအဆင့်ကို ဖုံးကွယ်ထားတာများဖြစ်နေမလား"

ဝမ့်မင်၏စိတ်သည် မငြိမ်မသက်ဖြစ်နှင့်ပြီးဖြစ်သည်။ သို့ ရာတွင် သူ၏မျက်နှာပေါ်တွင်မူ အေးဆေးတည်ငြိမ်မှုကိုသာ ဆက်လက်ထိန်းသိမ်းထားသည်။

"ဒါဆို မင်းက ပုန်းကွယ်နေတဲ့ ပါရမီရှင်တစ်ယောက်လား....မင်း အသက်ဘယ်လောက်ရှိပြီလဲ...မင်းက အတွေ့အကြုံအရ ငါနဲ့နှိုင်းယှဉ်မယ်ဆိုရင်တော့ နုပါသေးတယ်"

ဝမ့်မင်က သူ၏စိတ်ကို လျှင်လျှင်မြန်မြန် ပြန်လည်တည်ဆောက်ခဲ့သည်။ သူ၏လက်သီးကို မြှောက်ပြီး လုယွီအားတိုက်ခိုက်ရန် ပြေးဝင်ခဲ့လေ၏။

Chapter 8

"ကောင်လေး...သေဖို့ပြင်ဆင်လိုက်တော့"

ဝမ့်မင်သည် လုယွီ၏ပေါ်သို့ တိုက်ခိုက်လိုက်ရာ သူ၌လှုပ်ရှားမှုပြုလုပ်ရန် အချိန်မရတော့ချေ။ လုယွီ၏ခန္ဓာကိုယ်မှနေ၍ အနက်ရောင်ကျန်းချီများ ရုတ်တရက်ထွက်ပေါ်လာသည်။

ထိုကျန်းချီများသည် ဝေ့မင်၏နှဖူးပေါ်တွင် တစ်ခုနှင့်တစ်ခု အပြန်အလှန်ရစ်ပတ်နေပြီး ၎င်းတို့ထဲမှတချို့သည် တဖြည်းဖြည်းဖြင့် ကြောက်မက်ဖွယ်သားရဲအသွင်သို့ သိပ်သည်းလာသည်။ ၎င်းတို့က မိုးကောင်းကင်ထံသို့ဦးတည်၍ ဟိန်းဟောက်ကြရာ အလွန်အမင်းတုန်လှုပ်ဖွယ်ဖြစ်နေသည်။

ဘုန်း...ဘုန်း...ဘုန်း..

လုယွီတို့နှစ်ဦးသည် လက်သီးနှင့်လက်ဝါးခြင်း ဖလှယ်၍ တိုက်ခိုက်နေကြသည်။ သူတို့၏ လှုပ်ရှားမှုများသည် လျှပ်စီးတမျှ လျှင်မြန်ပေသည်။ သာမာန်လူများသည် သူတို့၏လှုပ်ရှားမှုအား မြင်တွေ့ရန်မဖြစ်နိုင်ချေ။ ထိုသူများက စိတ်ဝိညာဉ်ပျောက်ကွယ်လုမတတ် ပေါက်ကွဲတုန်ခါနေသော အသံများကိုသာကြားနေရသည်။

"အထွတ်အမြတ် ကျားလက်သီး"

ရုတ်တရက် ဝမ့်မင်က ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ ဝမ့်မင်၏ နဖူးပေါ်ရှိ စုစည်းထားသော ကျန်းချီလှိုင်းလုံးကြီးသည် သူအားဝန်းရံထားသော ရက်စက်ကြမ်းကြုတ်သည့် ကျားတစ်ကောင်အသွင်သို့ ပြောင်းလဲသွားသည်။ ကျားတစ်ကောင်၏ ခပ်သဲ့သဲ့ ဟိန်းဟောက်သံကိုလည်း ရံဖန်ရခါ ကြားနိုင်ပေသည်။

ဝမ့်မင် အသုံးပြုသောနည်းစနစ်သည် ကောင်းကင်အဆင့်နည်းစနစ် ကျန်းချီအသွင်ပြောင်းခြင်း ဖြစ်လေ၏။

ကျန်းချီများ၏အကူအညီဖြင့် တစုံတခုသောပုံစံသို့ အသွင်ပြောင်းလဲခြင်းသည် ဟိုထျန်းနဝမအဆင့်ပညာရှင်များ လုပ်ဆောင်နိုင်သောအရာမဟုတ်ချေ။

ဝမ့်မင်က ထိုလှုပ်ရှားမှုအား လုပ်ဆောင်ချိန်တွင် သူ၏အော်ရာအားလုံးသည် မီးတောင်တစ်တောင်ကဲ့သို့ ပေါက်ကွဲနေခဲ့သည်။ ထိုစွမ်းအားပြင်းထန်သော အော်ရာများသည် ကြည့်ရှုနေသူများ၏ စိတ်နှလုံးများကိုပင် အေးခဲသွားစေသည်။

"အဲ့ဒီ ကောင်လေးကတော့ သေမှသေချာတယ်"

"ဆရာသခင် ဝမ့်က ရှီထျန်းအဆင့်ကို ရောက်ရှိနေတာ အချိန်အတော်ကြာနေပြီ...ဒီလို ခလေးတစ်ယောက်ကို သတ်ဖို့ဆိုတာ အိတ်ထဲကပစ္စည်းတစ်ခုကိုထုတ်ယူသလို ဆရာသခင် ဝမ့်အတွက် လွယ်ကူနေမှာပဲ"

"သူက အသက်ဘယ်လောက်ရှိသေးလို့လဲ....တကယ်လို့ သူက ပါရမီရှင်တစ်ယောက်ဖြစ်နေရင်တောင်မှ ဆရာသခင် ဝမ့်ရဲ့ပြိုင်ဘက် မဖြစ်နိုင်ဘူး"

ယခင်တုန်းက လုယွီကြောင့် ထိတ်လန့်တုန်လှုပ်နေသော ဝေဘုရင်၏ လက်အောက်ငယ်သားများသည် ဝမ့်မင်ကို အမှီပြုစရာ ရရှိသွားသဖြင့် ကျယ်လောင်စွာဟစ်ကြွေး၍ အားပေးလိုက်ကြသည်။

အကယ်၍ လုယွီက ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက် ဖြစ်နေလျှင်ပင် ဆရာသခင် ဝမ့်၏ပြိုင်ဘက် မဖြစ်နိုင်ချေ။

ဝေဘုရင်၏ လက်အောက်ငယ်သားများစွာသည် လုယွီက ဝမ့်မင်၏လက်ချက်ဖြင့် အလောင်းကောင်ဘဝ ရောက်ရှိသည့်မြင်ကွင်းအား မြင်ရပြီးသကဲ့သို့ အလွန်အမင်းဝမ်းမြောက်နေကြသည်။

ဝေဘုရင်ကိုယ်တိုင်ပင်လျှင် အလွန်အမင်းစိတ်လှုပ်ရှားနေသဖြင့် စပျစ်ဝိုင်တစ်ခွက်အား သူ၏ရှေ့မှခွက်အတွင်းသို့ လောင်းထည့်လိုက်သည်။

သို့ရာတွင် ဝေဘုရင်က ဝိုင်အရက်ကိုခွက်အတွင်းသို့ လောင်းထည့်နေစဉ်၌ သူ၏လက်များသည် လေထုအတွင်းမှာပင် ရပ်တန့်သွားပြီး သူ၏မျက်လုံးများသည်လည်း ထိတ်လန့်တုန်လှုပ်မှုများ အပြည့်ဖြစ်နေသည်။

"မဖြစ်နိုင်ဘူး"

ဝေဘုရင်၏လက်များ ပြင်းထန်စွာတုန်ခါသွားသဖြင့် သူ၏ခွက်မှ ဝိုင်များဖိတ်စင်ကျသွားခဲ့သည်။ သို့ရာတွင် ဝေဘုရင်က ၎င်းဖြစ်ရပ်အား အပြည့်အဝလျစ်လျူ ရှုလိုက်သည်။

သူတို့၏အမြင်တွင် အရှုံးမရှိသော ဝမ့်မင်သည် တစ်လှမ်းပြီးတစ်လှမ်း နောက်ဆုတ်ရန် ဖိအားပေးခြင်းခံနေရသည်။

ဝမ့်မင်က သူပေါ်ကျရောက်နေသည့်ဖိအားကို အမှန်တစ်ကယ်ပင် ခံစားနေရသည်။ ဝမ့်မင်က တခြားသောအဖွဲ့အစည်းများမှ ဆရာသခင်များနှင့်ရင်ဆိုင်တိုက်ခိုက်ချိန်တွင်ပင် ဤကဲ့သို့ဖိအားမျိုးကိုမခံစားရချေ။

သူ၏ရှေ့တွင်ရှိနေသော လူငယ်သည် ဟိုထျန်းနယ်ပယ်သာရှိသေးကြောင်း သေချာနေသော်လည်း သူ မည်သို့မျှမတွန်းလှန်နိုင်ပေ။

သို့ရာတွင် လူငယ်၏ကျင့်ကြံမှုအဆင့်နိမ့်ပါးသော်လည်း ဝမ့်မင် အနိုင်ယူနိုင်ခြင်းမရှိသည့်အတွက် သူက ခုခံကာကွယ်ရန်သာ စွမ်းအားကိုအသုံးပြုခဲ့သည်။

ဝမ့်မင်က သူ၏စိတ်နှလုံးသားအတွင်းမှ မွန်းကျပ်နေသည့်ခံစားချက်များကို ကျယ်လောင်စွာဖွင့်ဟတော့မည့်အချိန်တွင် သူရင်ဆိုင်နေရသော စွမ်းအားမှာ ပို၍အားကောင်းလာသည်။

"အဆင်အခြင်မဲ့တဲ့ ငယ်သားအကောင်"

လုယွီ၏ အေးစက်စက်အသံသည် ဝါးလုံးကွဲထွက်ပေါ်လာသည်။ လုယွီတို့နှစ်ဦးစလုံးသည် အားအင်အပြည့်အသုံးပြုနေကြသေည်လည်း အကယ်၍ တစုံတယောက်က နီးကပ်စွာကြည့်ရှုလျှင် မည်သူကပို၍သန်မာသည်အား သိနိုင်ပေမည်။

ဝမ့်မင်က သူ၏ခွန်အားအလုံးစုံကို အသုံးပြု၍ ကြိုးစားအားထုတ်နေပုံရသည်။ သူ၏ခန္ဓာကိုယ်မှ ထုတ်လွှတ်ထားသည့် အနက်ရောင်ကျန်းချီသည် မကြာခဏဆိုသလိုပင် ပေါက်ကွဲသံများကို ကြားရနိုင်ပြီး နားကွဲလုမတတ်ဖြစ်နေစေသည်။

လုယွီကမူ ခလေးတစ်ယောက်ဖြင့် ရင်ဆိုင်တိုက်ခိုက်နေသကဲ့သို့ ပြုမူနေသည်။ သူ၏လှုပ်ရှားမှုတိုင်းသည် သွက်လက်နေပြီး ဝေ့မင်၏တိုက်ခိုက်မှုအား လေထဲတွင် အပန်းဖြေလမ်းလျှောက်နေသကဲ့သို့သာ တုံပြန်နေသည်။

'အဆင်အခြင်မဲ့သောကောင်'ဟူသော စကားကြားချိန်တွင် ဝမ့်မင်၏မျက်လုံးများ ရဲရဲနီလာသည်။

"ငါ့ သားလေး...မင်း ဘာသိလို့လဲ"

ဝမ့်မင်က ဒေါသတကြီး အော်ဟစ်လိုက်၏။

လုယွီ၏ ရေခဲတမျှအေးစက်သော အကြည့်သည် ဝမ့်မင်၏စွမ်းအားကောင်းသောအော်ရာကို ထိုးဖောက်ပြီး သူ၏အပေါ်သို့ကျရောက်သွားပြီး အေးတိအေးစက်ပြောကြားလိုက်သည်။

"မင်းရဲ့ကျန်းချီက မင်းရဲ့ပြိုင်ဘက်ထက် အဆမတန်အားကောင်းတယ်...ဒါပေမယ့် မင်းက ရန်ဘက်ကိုမဖိနှိပ်နိုင်ဘူး"

"မင်းက မင်းရဲ့ကျန်းချီကို ဆန္ဒရှိသလို ထုတ်လွှတ် ရုပ်သိမ်းလို့မရဘူး....မင်းရဲ့စွမ်းအားကို နေရာတိုင်းကို ထုတ်လွှတ်နေတယ်...အဲ့ဒါက ကြည့်ရတာ စွမ်းအားကောင်းတယ်ဆိုပေမယ့် ငါကိုပြင်းထန်တဲ့ ထိခိုက်မှုမဖြစ်စေဘူး'

"ဒါပြင် မင်းက မင်းရဲ့ ရှီထျန်းနယ်ပယ်ကျင့်ကြံမှု အမှီပြုပြီး ဆိုးရွားတဲ့လုပ်ရပ်တွေကို ကျူ းလွန်ခဲ့တယ်....ပိုပြီးဆိုးရွားတာက မင်းက ငါ့မိသားစုကို ထိဝံ့တာပဲ"

လုယွီက ဝမ့်မင်အား သေလူတစ်ယောက်အား ကြည့်ရှုနေသကဲ့သို့ ကြည့်၍ပြောလိုက်သည်။

"ဒီနေ့....မင်းရဲ့အသက်ကို ထားခဲ့တော့"

Chapter 9

လုယွီ၏ကြိမ်ဖန်များစွာ ဆူပူကြိမ်းမောင်းနေမှုသည် ဝမ့်မင်၏မျက်နှာအား နီရဲသွားစေသည်။

ဝေ့မင်က သက်လတ်ပိုင်းအရွယ်ရှိပြီး မရေမတွက်နိုင်သည့် စမ်းသပ်မှုများနှင့်ဆင်းရဲဒုက္ခများကို ကြုံတွေ့ခဲ့ရသည်။ သို့ရာတွင် ဤကဲ့သို့သောလူငယ်တစ်ယောက်က သူအားယခုကဲ့သို့ ဝေဖန်ရဲခြင်းမျိုး မည်သည့်အခါကမျှ မကြုံခဲ့ဘူးချေ။

ထို့အပြင် သူသည် အချိန်တိုအတွင်း ပြိုင်ဘက်ဖြစ်သူအား အနိုင်မယူနိုင်ခြင်းမှာလည်း ထင်ရှားနေလ၏။

ဝမ့်မင်သည် ဒေါသထွက်ခြင်း ရှက်ရွံခြင်းနှင့်အတူ များစွာသောစိတ်ခံစားမှုများ ရောထွေးယှက်နွယ်နေပြီး နောက်ဆုံး၌ ပေါက်ကွဲလာခဲ့သည်။

"မင်း အသက်ရှင်နေရတာကိုတောင် နောင်တရအောင် ငါလုပ်မယ်"

ဝမ့်မင်က စိတ်ဆိုးဒေါသထွက်မှုကို မထိန်းချုပ်နိုင်တော့သဖြင့် သူ၏နဖူးပေါ်ရှိသွေးကြောများ ထောင်ထလာပြီး မျက်နှာမှာလည်း နီမြန်းနေသည်။

ဝမ်မင်အသုံးပြုခဲ့သော အထွတ်အမြတ် ကျားလက်သီးသည် အင်မော်တယ်ဂိုဏ်းတစ်ဂိုဏ်းမှ ဆင်းသက်လာသည့် သိုင်းပညာတစ်ရပ်ဖြစ်သည်ဟု ကောလဟာလထွက်ပေါ်ခဲ့ဖူးသည်။

ယခုလောကတွင် သာမာန်သေမျိုးအင်ပါယာများစွာရှိပြီး တာလျန့်အင်ပါယာသည်လည်း ၎င်းတို့အနက်မှတစ်ခုဖြစ်သည်။ အင်ပါယာအတွင်းရှိ အမြင့်ဆုံးကျင့်ကြံမှုနယ်ပယ်သည် ရှီထျန်းနယ်ပယ်သာဖြစ်သည်။ အထက်ကောင်းကင်အဆင့်နယ်ပယ်ဟူသည်မှာ သာမာန်လူများ၏စိတ်ကူးနိုင်မှုထက် ကျော်လွန်၍တည်ရှိနေသည်။

တာလျန့်အင်ပါယာ၏တော်ဝင်ဘုရင်ပင်လျှင် အင်မော်တယ်တစ်ယောက်အားတွေ့မြင်သည်နှင့် ဒူးထောက်၍ အရိုအသေပြုရပေမည်။

ကောလဟာလရှိခဲ့ဖူးသည်မှာ တစ်ချိန်က အင်ပါယာဘုရင်သည် ရှေးဦးအင်မော်တယ်ကျောင်းတော်မှ တစုံတယောက်အား အမှတ်မထင်တွေ့ဆုံခွင့်ရခဲ့သည်။ ထိုအချိန်မှစ၍ သူကအဆင့်မြင့်တက်လာပြီး သူ၏တာလျန့်အင်ပါယာအား တစ်ဆင့်ပြီးတစ်ဆင့် တည်ထောင်နိုင်ခဲ့သည်။

အင်မော်တယ်ဂိုဏ်းမှတပည့်သည် အင်ပါယာဘုရင်ထံမှ မထွက်ခွာခင် သူက များစွာသော လိူ့ဝှက်သိုင်းပညာများကို ချန်ထားခဲ့ရာ အထွတ်အမြတ် ကျားလက်သီးပညာသည် ၎င်းတို့အနက်မှတစ်ခုဖြစ်သည်။

လက်ရှိတွက် ထိုလှို့ဝှက်သိုင်းပညာရပ်များကို တာလျန့်နိုင်ငံတော်၏ အင်ပါယာနန်းတော်တွင် သိမ်းဆည်းထားသည်။ အင်ပါယာ၏ ယုံကြည်စိတ်ချမှုကိုရရှိသောသူ သို့မဟုတ် တာလျန့်နိုင်ငံတော်အတွက် ထူးချွန်သောအကျိုးရလဒ်ဆောင်ကျဉ်းပေးသူများသာလျှင် ထိုလှို့ဝှက်သိုင်းပညာများအား လက်ခံရရှိပေမည်။

ဝမ့်မင်သည် ထူးချွန်သူတစ်ယောက်ဖြစ်ပြီး သူ၏ပြောင်မြောက်လှသော တိုက်ပွဲအောင်မြင်မှုများမှတစ်ဆင့် အင်မော်တယ်သိုင်းပညာရပ်အား ရရှိခဲ့ခြင်းဖြစ်သည်။

ဝမ့်မင်က ထို အထွတ်အမြတ် ကျားလက်သီး နည်းစနစ်ကိုမှီခို၍ သိုင်းပညာလောကအား တုန်လှုပ်စေခဲ့သည်။

"ဟွန့်...ဒါက အားနည်းချက်အပြည့်နဲ့သိုင်းပညာပဲ...လေနဲ့မှုတ်ရင်တောင် တောင့်ခံနိုင်မှာမဟုတ်ဘူး"

ဝမ့်မင် အလွန်အမင်း ဂုဏ်ယူဝင့်ကြွားနေသည့် အင်မော်တယ်ဂိုဏ်းမှ သိုင်းပညာနှင့်ပတ်သက်၍ လုယွီက တစ်ခုတည်းသောမှတ်ချက်ကိုသာပေးခဲ့သည်။

သူတို့၏ကျင့်ကြံခြင်းနယ်ပယ်ကွာခြားချက်အရ ဝမ့်မင်သည် လုယွီထက် အဆတစ်ရာမက ပို၍သန်မာလေ၏။ သို့ရာတွင် ဝမ့်မင်သည် လုယွီနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရာတွင် သူ၏ခွန်အားအပြည့်အဝအား ထုတ်ဖော်နိုင်ခြင်းမရှိချေ။

လုယွီက ဝမ့်မင်၏လှုပ်ရှားမှုများမှ အားနည်းချက်ကို လွယ်လွယ်ကူကူ တွေ့ရှိသွားပြီး အလွယ်တကူဖြေရှင်းနိုင်ခဲ့သည်။

သို့ဖြစ်၍ ဝမ့်မင်သည် သူ၏ကျန်းချီအားလုံးစွမ်းအားကို အသုံးပြု၍ တိတိကျကျတိုက်ခိုက်ခဲ့သော်လည်း သူက လုယွီအားထိခိုက်စေရန် စွမ်းဆောင်နိုင်ခြင်းမရှိချေ။

"သေစမ်း"

ဝမ့်မင်၏ကျယ်လောင်စွာ အော်ဟစ်သံနှင့်အတူ သူ၏လက်သီးချက်က လုယွီ၏ရှေ့သို့ ရောက်ရှိလာသည်။

သို့ရာတွင် သူ မမျှော်လင့်ထားဘဲနှင့် လုယွီက ရုတ်တရက်ဘေးဘက်သို့ ယိမ်းယိုင်လိုက်သည်။ လုယွီ၏လက်ဝါးရှေ့သို့လှုပ်ရှားလိုက်မှုနှင့်အတူ သူ၏အင်္ကျီလက်အတွင်းမှ နဂါးနက်၏စွမ်းအင်ထွက်ပေါ်လာပြီး ဝမ့်မင်၏ဝမ်းဗိုက်စီသို့ တိုးဝင်သွားသည်။

ပြင်းထန်သည့်စွမ်းအားနှစ်ရပ် ထိပ်တိုက်ရင်ဆိုင်မိချိန်တွင် ဝမ့်မင်က ခြေလှမ်းများစွာ နောက်ဆုတ်လိုက်ရပြီး မြေပြင်ပေါ်သို့ပြိုလဲကျသွားခဲ့သည်။

လုယွီက စကားအနည်းငယ်မျှသာပြောဆိုပြီး ဝမ့်မင်၏စိတ်ပိုင်းဆိုင်ရာအား ပြိုလဲစေခဲ့သည်။ လုယွီက ကူရာကယ်ရာမဲ့စွာဖြင့် သူ၏ဦးနှောက်အတွင်းတွင် တုန်လှုပ်နေရသည်။ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုက ရှီထျန်းအဆင့်ပညာရှင်အပေါ် အကျိုးသက်ရောက်သွားသည်မှာ လုယွီအတွက် ကံကောင်းခြင်းတစ်ရပ်ဖြစ်သည်။

လုယွီက သူ၏ဦးခေါင်းကို ခါယမ်းလိုက်၏။ ဝမ့်မင်၏အမြင်တွင် လုယွီကသူ့အား ကြည့်ရှုနေသည်ဟု တွေးထင်သွားသည်။

"ခွေးမသား....ဒီနေ့ ငါ မင်းကို အပိုင်းပိုင်းအစစဖြစ်အောင် ချိုးဖဲ့မပစ်နိုင်ဘူးဆိုရင် ငါ လူတစ်ယောက်မလုပ်တော့ဘူးလို့ ကျိန်ဆိုတယ်"

ရုတ်တရက် ဝမ့်မင်က မတ်တပ်ရပ်လိုက်၏။ သူက မမြင်ကွယ်ရာမှနေ၍ အနက်ရောင်ဆေးပြားတစ်ပြားကို ထုတ်ယူပြီး သူ၏ပါးစပ်အတွင်းသို့ ပစ်ထည့်လိုက်သည်။

ဝေါင်....

အသက်သုံးရှိုက်စာအချိန်အတွင်း၌ပင် ရုတ်တရက် ဝမ့်မင်က ကြောက်ရွံထိတ်လန့်ဖွယ်ကောင်းသည့် သားရဲအသံမျိုး ဟိန်းဟောက်လိုက်သည်။

ဝမ့်မင်၏ခန္ဓာကိုယ်သည် ရုတ်တရက် ကြမ်းကြုတ်ရက်စက်သည့်သားရဲနှင့်တူသော နတ်ဆိုးဆန်သည့်အော်ရာအား ထုတ်လွှက်လိုက်ကာ သူ၏မျက်လုံးများပင် ကျားတစ်ကောင်အသွင်သို့ ပြောင်းလဲသွားသည်။

ဖုန်း....ဖုန်း...

ဝမ့်မင်၏ကြွက်သားများသည် ဖောင်းကာလာပြီး သူ၏အဝတ်အစားများသည်ပြဲထွက်သွားသည်။ ဝမ့်မင်၏ခန္ဓာကိုယ်သည် မူလထက်သုံးဆမျှနီးပါး ကြီးထွားမြင့်တက်သွားလေ၏။

ဝမ့်မင်သည် အစဉ်အမြဲ တောင့်တင်းကြံ့ခိုင်သူဖြစ်သည်။ သူက ဆေးပြားကိုသောက်သုံးပြီးချိန်တွင် သူ၏ကြွက်သားများ ပို၍တောင့်တင်းသန်မာလာသည်။

သူ၏ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုနှင့်အတူ ဝမ့်မင်၏ခန္ဓာကိုယ်သည် တဖြည်းဖြည်းနီရဲလာပြီး ရှီထျန်းနယ်ပယ်၏တတိယအဆင့်သို့ ရောက်ရှိသွားသည်။

"ဝေါင်း...."

ဝမ့်မင်က အော်ဟစ်ပြီး လုယွီထံသို့ တိုးဝင်လိုက်သည်။

"သားရဲတစ်ကောင်ရဲ့ စိတ်ဝိညာဉ်ကို ဌားယူတာက ယာယီအားဖြင့် မင်းရဲ့စွမ်းအားကို မြင့်တက်စေတာလား"

လုယွီက ထပ်မံရေရွတ်လိုက်၏။

"မေ့လိုက်တော့....ဒီ ဘဝသက်တမ်းအတွင်းမှာ မင်း လူသားထပ်ဖြစ်စရာမလိုတော့ဘူး"

လုယွီက လက်ချောင်းများအား အသင့်ပြင်လိုက်ပြီး သူ၏မျက်လုံးများက အားအင်ပြည့်ဝနေကာ မြေပြင်ပေါ်၌ ခြေတစ်ခြင်းလှမ်းပြီး သူ၏ကျန်းချီများအား စုဆောင်းလိုက်သည်။

"ကျိုးပျက်စမ်း"

လုယွီက ညင်သာစွာအော်ဟစ်လိုက်၏။

တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော မြည်တမ်းသံနှင့်အတူ ဝံပုလွေများ၏အူသံထွက်ပေါ်လာပြီး လုယွီ၏လက်ချောင်းထိပ်မှနေ၍ အနက်ရောင်အခိုးအငွေ့ ထွက်ပေါ်လာသည်။

ဝမ့်မင်၏ ရှီထျန်းနယ်ပယ်ကျန်းချီသည် ပါးလွှာသော စက္ကူ ပါးတစ်ချပ်ဖြင့်တူနေပြီး လုယွီ၏အနက်ရောင်ကျန်းချီမှ လွယ်လွယ်ကူကူ ထိုးဖောက်နိုင်ခဲ့သည်။

ဖတ်..

ဝမ့်မင်၏နဖူးပေါ်တွင် အပေါက်တစ်ပေါက် ဖြစ်ပေါ်သွားလေ၏။

ဝမ့်မင်မှ လုယွီအား မယုံကြည်နိုင်ဟန်ဖြင့် စိုက်ကြည့်နေခဲ့သည်။ ထို့နောက် တဖြည်းဖြည်းဖြင့် သူ၏ခန္ဓာကိုယ်ကြီးသည် မြေပြင်ပေါ်သို့ ပြိုလဲကျသွားခဲ့သည်။

Chapter 10

"ဂလု.."

ယခုနေရာတွင် တံထွေးမြိုချသံအား မည်သူပြုလုပ်လိုက်မှန်း မသိရှိနိုင်ချေ။ လူတိုင်း၏မျက်လုံးများသည် လှုပ်ရှားမှုကင်းမဲ့နေသော ဝမ့်မင်၏ခန္ဓာကိုယ်အပေါ်တွင်သာ စွဲကပ်နေသည်။

ဝမ့်မင်သည် အိပ်မက်မက်နေခြင်းဖြစ်သလော..

ဤကဲ့သို့ အဖြစ်မျိုး ဖြစ်နိုင်သလော...မည်သို့ ဖြစ်ပျတ်သွားသနည်း..

ဝမ့်မင်သည် ရှီထျန်းနယ်ပယ်ပညာရှင်တစ်ယောက်ဖြစ်ပြီး တော်ဝင်မိသားစု၏ရိုသေလေးစားခံရသူဖြစ်သည်။ နေရာတိုင်းလိုလို ပညာရှင်အပြည့်ရှိသော နန်းတော်၌ပင်လျှင် ဝမ့်မင်သည် ကြောက်မက်ဖွယ်ကောင်းသည့် ပညာရှင်တစ်ယောက် ဖြစ်ပေသည်။

ထိုကဲ့သို့သူမျိုးသည် လူငယ်တစ်ယောက်၏ သတ်ဖြတ်ခြင်းအား ခံလိုက်ရသလော..

ဝေဘုရင်က သူ၏စိတ်ထဲမှနေ၍ ကြုံးဝါးနေသော်လည်း အမှန်တရားကမူ သူ့အားထွက်ပြေးရမည်ဟု ပြောကြားနေခဲ့သည်။

"အဲ့ဒီကောင်ကိင ရပ်တန့်စေတဲ့ ဘယ်သူမဆို ဒီဘုရင်ရဲ့ အကြီးအကျယ်ဆုချခြင်းခံရမယ်"

ဝေဘုရင်က ရှေ့သို့တိုးထွက်ပြီး ဝါးသစ်တောနောက်ကွယ်ရှိ လမ်းသွယ်လေးထံသို့ ဦးတည်ပြေးလွှားခဲ့သည်။

ယခုနေရာရှိ သွေးများက ခြောက်သွေ့သွားခြင်းမရှိသေးချေ။

အထူးသဖြင့် တော်ဝင်မိသားစု၏အစောင့်အရှောက် ဝမ့်မင်သည် မြေပြင်ျပေါ်၌ လဲကျနေသည်။ ထိုမြင်ကွင်းက ကြည့်ရှုနေသူများအား တုန်လှုပ်ချောက်ချားစေသည်။

ဝမ့်မင်က ဝေဘုရင်အစား အပြစ်ခံယူသွားသလော။ ဝေဘုရင်နှင့် ရင်နှီးသောသူများသည် အဆုံးသတ်တွင် မည်သည့်အရာကိုမျှဆောင်ရွက်နိုင်ခြင်းမရှိဘဲ အသက်ဆုံးရှုံးသွားရသည်။

"အရှင့်သား....ကျွန်တော်တို့ ထွက်ခွာပြီး အရှင့်အတွက် စစ်ကူရှာလိုက်ပါမယ်"

ဝေဘုရင်၏အပေါင်းအပါများက ကျယ်လောင်စွာဟစ်ကြွေးပြီး ဦးတည်ချက်အနှံ့ ခွဲ၍ထွက်ခွာလိုက်သည်။

ဝေဘုရင်က အဖြစ်အပျက်များအားလုံးကိုမြင်တွေ့ခဲ့ပြီး ထိုလူအုပ်စု၏လုပ်ဆောင်ချက်များကို ဂရုစိုက်ခြင်းမရှိချေ။ အရင်ဦးဆုံး သူလွတ်မြောက်ရန်သာ အရေးအကြီးဆုံးဖြစ်ပေသည်။

ဝေဘုရင်၏ ကျင့်ကြံမှုသည် အနည်းငယ်သာရှိလေ၏။ သူက စည်းစိမ်ရှိရှိ ကြီးပျင်းလာပြီး မရေမတွက်နိုင်သည့် အရင်းအမြစ်များအားရရှိထားသည်။ ဝေဘုရင်က သာမာန်အတိုင်းသာ ကြိုးစားခဲ့သေည်လည်း ဟိုထျန်းစတုတ္ထအဆင့်ပညာရှင်တစ်ယောက်ဖြစ်သည်။

အချိန်တိုအတွင်း၌ပင် ဝေဘုရင်က သူ၏ကျန်းချီအလုံးစုံကို အသုံးပြု၍ အဝေးသို့ပြေးထွက်ရန်ကြံရွယ်လိုက်သည်။

"မင်းက ထွက်ပြေးချင်တာလား"

လုယွီ၏အသံက သူ၏နားအနီးတွင် ပေါက်ကွဲထွက်လာသကဲ့သို့ ကြားမိခြင်းကြောင့် ဝေဘုရင် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ သူက နောက်ပြန်လှည့်ပြေးလိုက်သော်လည်း လုယွီက သူ၏နံဘေးနားတွင်ရပ်နေပြီး သူ၏လည်ပင်းအား ဖမ်းဆုပ်ထားသည်ကို တွေ့မြင်လိုက်ရသည်။

"မလုပ်ပါနဲ့....ငါကို ခွင့်လွှက်ပါ...."

ဝေဘုရင်က ထိတ်လန့်တကြား အော်ဟစ်လိုက်သော်လည်း ရုတ်တရက် လုယွီ၏ဆွဲမခြင်း ခံလိုက်ရသည်။

လုယွီ၏မျက်လုံးများတွင် သတ်ဖြတ်ချင်စိတ်များ ပြည့်နေလေ၏။ သူ၏ညာဘက်လက်ဖဝါးတွင် အနက်ရောင်ကျန်းချီအား အထွတ်အထိပ်ရောက်ရှိသည်အထိ စုစည်းထားသည်။

ထိုအချိန်တခဏမှာပင်-

"ကောင်ငယ်လေး လု လား"

တိုးညှင်းသော ခေါ်သံတစ်သံအား လုယွီ၏နားအတွင်းသို့ ဝင်ရောက်လာသည်။ လုယွီက သူ၏ဦးခေါင်းကိုလှည့်ပြီး သတိလစ်မေ့မျောနေရာမှ ဖြည်းဖြည်းခြင်းနိုးထလာသည့် သူ၏အစ်မ လုလမ်ရွှမ်းအား ကြည့်ရှုလိုက်သည်။

လုလမ်ရွှမ်သည် ဆေးဝါးများတိုက်ကျွေးခံရပြီး ကျင့်ကြံမှုအား ချိပ်ပိတ်ခံထားရသော်လည်း သူမသည် သိုင်းပညာရှင်တစ်ယောက်ဖြစ်နေသဖြင့် လျှင်လျှင်မြန်မြန်အသိဝင်လာခဲ့သည်။

သူမ၏အနောတ်ရှိ မြင်ကွင်းကို တွေ့မြင်ပြီးနောက် လုလမ်ရွှမ်း၏မျက်လုံးအိမ်အတွင်း အံအားသင့်မှုများ တောက်ပသွားခဲ့သည်။

သူမ သတိလစ်မေ့မျောမသွားမှီက တစုံတခုမှားယွင်းနေသည်ကို ခံစားမိသည်။ သို့ရာတွင် မူးဝေခြင်းက သူမ၏အသိစိတ်များကို လျော့နည်းပပျောက်စေကာ ယခုမှသာ နိုးထလာရလေ၏။

သူမ၏ခန္ဓာကိုယ်အား ပြန်လည်ကြည့်ရှုရင်း လုလမ်ရွှမ်း စိတ်သက်သာရာရသွားသည့် သက်ပြင်းတစ်ချက်ချလိုက်သည်။

သူမ၏ခန္ဓာကိုယ်ပေါ်တွင် သတိလစ်မေ့မျောသွားခြင်း မရှိခင်က ဝတ်ဆင်ထားသော အဝတ်အစားအတိုင်း အပြောင်းအလဲမရှိ ဆက်လက်ရှိနေသည်အားတွေ့ရသည်။

မည်သို့ပင်ဖြစ်စေကာမူ အလွန်လျှင်မြန်စွာဖြင့် လုလမ်ရွှမ်း၏အကြည့်သည် သူမအနီးအနားတွင်ရှိနေသော အလောင်းများပေါ်သို့ ကျသွားသည်။

ပတ်ဝန်းကျင်တွင် သွေးညှီနံက အလွန်အမင်း ပြင်းထန်လှသည်။ လုယွီ၏လက်သီးချက်ကြောင့် လူများစွာသည် စိတ်မချမ်းမြေ့စရာသေဆုံးခြင်းမျိုးနှင့် သေကျေပျက်စီးသွားရရာ မြေပြင်ပေါ်၌ သွေးများက မြစ်တစ်မြစ်အလား စီးဆင်းနေလေ၏။

အထူးသဖြင့် ဝမ့်မင်ကနဖူးတွင် သွေးထွက်နေသည့်အနက်ရောင် အပေါက်နှင့်အတူ မြေပြင်ပေါ်၌ လဲကျနေခြင်းအား သူမမြင်လိုက်ရသည်။ ဝမ်မင်သည် မကျေမချမ်းသေဆုံးသွားသကဲ့သို့ သူ၏မျက်လုံးများက ပြူ းကျယ်နေဆဲဖြစ်သည်။

"တစ်ယောက်ယောက်က ဝမ့်မင်ကို အမှန်တကယ် သတ်လိုက်တာလား"

လုလမ်ရွှမ်းသည် အင်ပါယာနန်းတော်၏ အစောင့်အရှောက်တပ်အတွင်းပါဝင်သဖြင့် သူမက ဝမ်မင်၏ အင်ပါယာနန်းတော်အစောင့်အရှောက်ရာထူးအကြောင်း ကောင်းစွာသိရှိထားသည်။

ထိုကဲ့သို့ စွမ်းအားကောင်းသော ပညာရှင်တစ်ယောက်သည် သူမ၏ရှေ့တွင် သေဆုံးနှင့်ပြီးဖြစ်သည်။ လုလမ်ရွှမ်းက သူမ၏စိတ်နှလုံးအတွင်းမှနေ၍ သွေးပျက်လုမတတ် တုန်လှုပ်သွားခဲ့သည်။

ဝမ်မင်ကိုသတ်သူသည် ဝေဘုရင်များ ဖြစ်နေသလော။

ထိုပြင် အပြည့်အဝ ဥာဏ်ရည်ဖွံဖြိုးခြင်းမရှိသည့် သူမ၏မောင်ငယ်လေးက ဤနေရာသို့ မည်သည်ကြောင့် ရောက်ရှိနေသနည်း။

သံသယနှင့်စိတ်ရှုပ်ထွေးမှုများ ပြည့်နှက်နေသော လုလမ်ရွှမ်းသည် အချိန်တခဏကြာ တုံ့ဆိုင်းနေပြီးနောက် သူမ၏ပါးစပ်ကိုဖွင့်၍ မေးမြန်းလိုက်သည်။

"ကောင်ငယ်လေး လု...မင်း ဒီနေရာမှာ ဘာလို့ရှိနေတာလဲ"

All Chapters