← Chapters

အခန်း (၁၁-၁၅)

Vol. 1-5 Ch. 11-15

အခန်း (၁၁-၁၅)

Vol. 1-5 Ch. 11-15

Chapter 11

လုယွီက သူ့အမနိုးလာသည်ကို ကြည့်ပြီးနောက် သူမကို ဘေးသို့ပို့ပြီး ဝေဘုရင်အားလက်ဝါးဖြင့်ရိုက်လိုက်ရာ ဝေဘုရင်မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။

"ရပ်....ရပ်....ရပ်ပါဦး...လုယွီ..စိတ်မလှုပ်ရှားပါနဲ့...မင်းရဲ့အမ နိုးလာပြီလေ...ငါ သူမကို ဘာတခုမှကျူ းလွန်မထားပါဘူး"

ဝေဘုရင်၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေသည်။ သူက သေရေးရှင်ရေးအနေအထားမျိုးတွင် အသက်ချမ်းသာရာရစေရန်သာ မျှော်လင့်မိသည်။ ထို့ကြောင့် သူက မည်သည့်နည်းဖြင့်မှ လုလမ်ရွှမ်းအား ရင်ဝယ်ပိုက်ထားရန် မလိုအပ်ချေ။

ရုတ်တရက် ဝေဘုရင်က တစုံတရာသောအတွေးရရှိသွားပြီး လုလမ်ရွှမ်းဘက်သို့လှည့်ကာ အော်ဟစ်လိုက်သည်။

"ဗိုလ်ချုပ်လု...မြန်မြန် မင်းရဲ့မောင်ကိုရပ်ခိုင်းပါ...သူက ဒီဘုရင်ကို ထိခိုက်အောင်လုပ်ချင်နေတယ်"

လုလမ်ရွှမ်သည် တော်ဝင်မိသားစုအပေါ်တွင် အစဉ်အမြဲ သစ္စာစောင့်သိသဖြင့် လုယွီအား ရပ်တန့်ခိုင်းလိမ့်မည်ဟု ဝေဘုရင် အတိအကျသိရှိထားသည်။

ဝေဘုရင် မျှော်လင့်ထားသည့်အတိုင်း လုလမ်ရွှမ်းက ချက်ချင်းအော်ဟစ်လိုက်သည်။

"ကောင်ငယ်လေး လု...ရပ်လိုက်တော့"

သူမသည် လုယွီက ဝေဘုရင်၏လည်မြိုကို ဖမ်းဆုပ်ထားခြင်းအားမြင်လိုက်ချိန်တွင် သူမ၏ဥာဏ်ရည်မဖွံဖြိုးသည့် မောင်ငယ်လေးက မတော်တဆ ဝေဘုရင်အားသတ်မိသွားမည်ကို စိုးရိမ်သွားသည်။

လုယွီ၏ လက်ဖဝါးမှ ဓားသွားပုံအော်ရာသည် အံ့အားသင့်စရာကောင်းသောအရှိန်အဝါနှင့်အတူ ဖြည်းဖြည်းခြင်း သိပ်သည်းနေပြီဖြစ်၏။

"မြန်မြန် ရပ်လိုက်ပါ...နင်က ငါတို့မိသားစုအကုန်လုံးကို ပျတ်စီးစေချင်တာလား"

လုလမ်ရွှမ်းက လုယွီကို အပြစ်တင်လိုက်သော်လည်း သူမ၏စိတ်များရှုပ်ထွေးနေဆဲဖြစ်သည်။

သူမ၏မောင်အသုံးပြုနေသောပညာရပ်သည် ကျန်းချီအသွင်ပြောင်းခြင်း ဖြစ်နေသလော။

ရှောင်ယွီက အထက်ကောင်းကင်အဆင့် ပညာရှင်တစ်ယောက်လော။ ထိုအရာက မည်သို့ ဖြစ်နိုင်မည်နည်း။

လုယွီမှ လုလမ်ရွှမ်းအား ပြန်လှည့်ကြည့်ပြီး ပြောလိုက်သည်။

"မမ..ဒီ ခွေးမသားက နင်ကို မူးယစ်ဆေးခတ်ပြီး မူးမေ့သတိလစ်အောင်လုပ်တာ နင် မသိဘူးလား...ပြီးတော့ အဲ့ဒီကောင်က တယောက်ယောက်ရဲ့အကူအညီနဲ့ နင်ရဲ့ကျင့်ကြံမှုကို ချိပ်ပိတ်ခဲ့သေးတယ်...ဒီကောင်မှာ ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက်ရှိတယ်"

"ဘာ..."

လုလမ်ရွှမ်းက သူမ နိုးလာသည့်အချိန်မှစ၍ တစုံတခုမှားယွင်းနေသည်ကို ခံစားမိပြီးဖြစ်သည်။ ယခု သူမ၏ကျန်းချီများကို ခန္ဓာကိုယ်တစ်ခုလုံးသို့ လှည့်ပတ်လိုက်ရာ သူမ၏မရီးဒါန်းများအား စွမ်းအားများဖြင့်ဖိနှိပ်၍ပိတ်ပင်ထားကြောင်း သိရှိသွားသည်။ သူမက ယခုချိန်တွင် မည်သည့်ကျန်းချီအနည်းငယ်ကိုမျှ အသုံးမပြုနိုင်ချေ။

"ဘာတွေ ဖြစ်သွားတာလဲ"

လုလမ်ရွှမ်းသည် သူမ၏စိတ်နှလုံးအတွင်းမှနေ၍ အလွန်အမင်း အံ့အားသင့်နေမိသည်။ သို့ရာတွင် သူမသည် အလွန်အမင်းဥာဏ်ကောင်းသူတစ်ယောက်ဖြစ်ခြင်းကြောင့် မည်သို့ဖြစ်ပျက်သွားသည်အား လျှင်လျှင်မြန်မြန်နားလည်သွားခဲ့သည်။

ဝေဘုရင်၏သဘောသဘာဝကို သူမကောင်းစွာသိရှိထားပြီးဖြစ်သည်။ တခြားလူများသည် ဤကဲ့သို့ကိစ္စမျိုးကို လုပ်ဝံ့မည်မဟုတ်ဘဲ ဝေဘုရင်ကသာ လုပ်ဆောင်ပေမည်။ သို့သော် ဝေဘုရင်နှင့်ပတ်သက်၍ သူမ လုပ်ဆောင်နိုင်သောအရာမရှိချေ။

"အရှင့်သား...ရှင် အဲ့ဒီလို လုပ်ခဲ့တယ်ပေါ့"

လုလမ်ရွှမ်း၏လေသံသည် ရေခဲတမျှအေးစက်နေပြီး သူမ၏မျက်နှာထားသည်လည်း တင်းမာနေလေ၏။

ဝေဘုရင်၏အသံ တိမ်ဝင်သွားခဲ့သည်။ လုယွီနှင့်လုလမ်ရွှမ်း၏ သတ်ဖြတ်ချင်နေသော စိတ်ဆန္ဒများကို ခံစားမိသောအခါ သူ၏နှလုံးခုန်ခြင်း ရပ်တန့်လုနီးပါး ဖြစ်ပေါ်နေသည်။

ဝေဘုရင်က အော်ဟစ်လိုက်၏။

"လုလမ်ရွှမ်း...မင်းရဲ့မောင်က ငါကိုသတ်ချင်နေတာ..တကယ်လို့ ဒီဘုရင်သေဆုံးရမယ်ဆိုရင် ငါရဲ့သေခြင်းနဲ့အတူ မင်းတို့လုမိသားစုလဲ ပျက်စီးရမှာပဲ"

"ခင်ဗျား သေလိုက်တော့"

လုယွီ၏လက်ချောင်းထိပ်မှ အနက်ရောင်ဆေဘာချီသည် အလွန်အမင်းစူးရှလာပြီး ဝေဘုရင်ကိုဦးတည်၍ ခုတ်ပိုင်းလိုက်သည်။

ထိုအချိန်တွင်...

"အမတ်ငယ်လေး...သူကိုလွှက်ပေးလိုက်ပါ...ဒီတစ်ကြိမ်မှာ ဝေဘုရင်က အမှားကျူ းလွန်ခဲ့တယ်ဆိုပေမယ့် ကြီးကြီးမားမား မဟုတ်ပါဘူး"

ရုတ်တရက် လုယွီ၏ရှေ့သို့ လူတစ်ယောက် ပေါ်ထွက်လာသည်။ ထိုသူက အနီရောင်ကိုယ်ကျပ်အင်္ကျီကိုဝတ်ဆင်ထားပြီး မျက်နှာပြင်ပေါ်၌ ခံစားချက်ကင်းမဲ့ပုံ မြင်နေရသည်။ သူ၏ခန္ဓာကိုယ်မှ ထူးဆန်းပြီးဖိနှိပ်နိုင်သည့်အော်ရာကို လုယွီ ခံစားမိသည်။

ထိုလူ ပေါ်ထွက်လာသည်ကို တွေ့ရသော လုယွီက မျက်မှောင်ကြုပ်လိုက်သည်။ ယခုရောက်ရှိလာသူသည် မိန်းမစိုးတစ်ယောက်ဖြစ်သော်လည်း လုယွီယခင်ကဆုံဖူးသည့် မိန်းမစိုးနှင့်ကွာခြားပေသည်။ သူက သူ၏အော်ရာကိုဖုံးကွယ်ထားပြီး ထုတ်လွှက်ထားခြင်းမရှိချေ။ သူ၏ခန္ဓာကိုယ်ပတ်လည်တွင် ထိတ်လန့်ဖွယ်ကောင်းသော အော်ရာ၏အရိပ်အယောင်သာရစ်ဝဲနေလေ၏။

ထိုမိန်းမစိုးက လှုပ်ရှားခြင်းမပြုလုပ်သော်လည်း မမြင်နိုင်သည့် ကျန်းချီအလွှာတစ်လွှာက ဝေဘုရင်၏ရှေ့တွင် ဖြစ်ပေါ်လာသည်။

ဖုန်း...

လုယွီ၏ ဆေဘာကျန်းချီသည် မမြင်နိုင်သည့်အတားအဆီးကြောင့် အပြည့်အဝတားဆီးခံလိုက်ရသည်။ သူ၏ ဆေဘာချီသည် ဝေဘုရင်၏နှာခေါင်းထိပ်နားတွင် ရပ်တန့်သွားပြီး သဲလွန်စမကျန်သည်အထိ ပျောက်ကွယ်သွားခဲ့သည်။

"ဒါနဲ့ ခင်ဗျားကဘယ်သူလဲ"

လုယွီက မျက်မှောင်ကြုပ်ပြီး မေးမြန်းလိုက်သည်။

"ငါက မိန်းမစိုးအစောင့်အရှောက် လျိုပေ..ပြီးတော့ တုန်းချန်ပြည်နယ်ရဲ့ဓလေ့ထုံးတမ်းလိုက်နာစောင့်ကြည့်ရေးဌာနက အုပ်ချုပ်ရေးမှူ းပဲ"

ထိုမိန်းမစိုးခေါင်းဆောင်က ဝေဘုရင်၏ရှေ့တွင် မတ်တတ်ရပ်လိုက်ရာ သူ၏မျက်လုံးအတွင်းတွင် စိတ်ပျက်သောအရိပ်အယောင်အနည်းငယ် ထင်ဟပ်နေသည်။

လုယွီမှ သူ့အားမေးမြန်းလိုက်၏။

"ခင်ဗျားက ဒီကောင်ကို အကာအကွယ်ပေးချင်တာလား"

လျိုပေက လုယွီအား တစ်ချက်ကြည့်ပြီး သရော်တော်တော် ပြောလိုက်သည်။

"အမတ်ငယ်လေး...မင်း ငါတို့ရဲ့ရှေ့မှာ စိတ်လိုက်မာန်ပါမလုပ်တာ အကောင်းဆုံးဖြစ်လိမ့်မယ်...တကယ်လို့ ငါက မင်းကို ထိခိုက်အောင်လုပ်လိုက်မယ်ဆို အမတ်ကြီးယုံဖျင် ပြန်လာတဲ့အချိန်ကျရင် ငါ ဖြေရှင်းနိုင်မှာမဟုတ်ဘူး"

လုလမ်ရွှမ်းသည် သူမ၏ခန္ဓာကိုယ်တစ်ခုလုံး အားနည်းသကဲ့သို့ ခံစားနေရဆဲဖြစ်ပြီး မတ်တတ်ပင်ကောင်းကောင်းမရပ်နိုင်ချေ။ သို့ရာတွင် သူမက စိုးရိမ်တကြီးအော်ဟစ်လိုက်သည်။

"ကောင်ငယ်လေး လု...ပြန်ကြရအောင်"

သူမ၏ရှေ့တွင်ရှိသော မိန်းမစိုးအိုကြီး လျိုပေသည် အလွန်ကြောက်မက်ဖွယ်ကောင်းသည်ကို လုလမ်ရွှမ်းသိရှိထားသည်။ သူမက အလွန်အမင်းစိုးရိမ်နေသော်လည်း ကံအကြောင်းမလှစွာဖြင့် ယခုချိန်တွင် လှုပ်ရှားရန်ပင် သူမတွင်အားမရှိချေ။

လုယွီမှ လျိုပေအား အေးစက်တင်းမာစွာကြည့်လိုက်သည်။ ရုတ်တရက် သူက လျိုပေ၏နောက်တွင်ရှိသော ဝေဘုရင်၏မျက်လုံးများသည် အငြိုးထားမည့်အရိပ်အယောင်အား မြင်တွေ့ရသည်။

အကယ်၍ ယနေ့ လုယွီက ဝေဘုရင်ကိုဖယ်ရှားခြင်းမပြုနိုင်လျင် တစ်ချိန်ချိန်၌ လက်စားပြန်ချေမည်မှာ သေချာလေ၏။

လုယွီက အကြံဥာဏ်တစ်ခု ရရှိသွားသည်။ သူ၏လက်ချောင်းများထိပ်မှ စွမ်းအားကောင်းသော ဆေဘာချီထွက်ပေါ်လာသည်။ လျိုပေ မည်သို့မျှတုန့်ပြန်ခြင်း မပြုလုပ်နိုင်ခင်မှာပင် ရုတ်တရက် လျိုပေအားကျော်ဖြတ်၍ ဝေဘုရင်၏နဖူးကို ထိုးဖောက်လိုက်သည်။

ဖုန်း...

ဝေဘုရင်၏ဦးခေါင်းသည် ဖရဲသီးတစ်လုံးပစ်ချလိုက်သကဲ့သို့ ပေါက်ကွဲသွားသည်။

"ဒါဆို ကျုပ် အဲ့ဒီကောင်ကို ခင်ဗျားရှေ့မှာပဲ သတ်လိုက်ပြီလေ"

လုယွီက အေးတိအေးစက် ပြောကြားလိုက်၏။

Chapter 12

"မင်း..."

လုယွီက သူ၏ရှေ့တွင် တိုက်ခိုက်ဝံ့လိမ့်မည်ဟု လျိုပေ မျှော်လင့်မထားမိချေ။

ယခင်က သူသည်လုယွီ၏ဆေဘာချီအား တားဆီးရန်ရည်ရွယ်ပြီး ဝေဘုရင်၏ရှေ့တွင် ကျန်းချီအကာအကွယ်အား ဖန်တီးထားခဲ့သည်။

မူလအစက လျိုပေက သူ၏ထိုလှုပ်ရှားမှုကြောင့် လုယွီ ထိတ်လန့်ကြောက်ရွံပြီး နောက်ဆုတ်သွားမည်ဟု တွေးထင်ခဲ့သည်။ သို့သော်လည်း လုယွီက အမှန်တကယ်ပင် တိုက်ခိုက်ရန်ရဲဝံ့လိမ့်မည်ဟု မည်သည့်အချိန်ကမျှ လျိုပေ မစဉ်းစားမိချေ။

လျိုပေက သူ၏စိတ်အတွင်းမှ ဒေါသများနှင့်တုန်လှုပ်နေမှုများကို ထိန်းချုပ်ပြီး ဝေဘုရင်၏နံဘေးသို့ အပြေးသွားလိုက်သည်။ ခေတ္တခဏစစ်ဆေးပြီးနောက် ဝေဘုရင်အား ကယ်တင်နိုင်ရန် မျှော်လင့်ချက်မရှိတော့ကြောင်း လျိုပေ သိရှိခဲ့သည်။

"မင်း ဘာလုပ်လိုက်တယ်ဆိုတာသိလား"

လျိုပေသည် ယခင်ကဲ့သို့ တည်ငြိမ်အေးဆေးမှုများ မရှိတော့ဘဲ လုယွီအားကြည့်၍ ဒေါသတကြီးအော်ဟစ်လိုက်သည်။

လုယွီက အေးတိအေးစက်သာ တုံပြန်လေ၏။

"တကယ်လို့ ခင်ဗျားက ဒါကိုလက်မခံနိုင်ဘူးဆိုရင်...အဲ့ဒီကောင်အတွက် လက်စားချေနိုင်တယ်"

"ရှောင်ယွီ...ဗရုတ်မကျနဲ့"

လုလမ်ရွှမ်းသည် သူမ၏ခန္ဓာကိုယ် အလွန်အမင်း အားနည်းနေသေးသည်ကို တောင့်ခံ၍ လုယွီ၏နံဘေးသို့ လျှောက်လှမ်းလိုက်သည်။

"မမ...."

လုယွီ၏စိတ်နှလုံးမှနေ၍ တုန်လှုပ်ချောက်ချားသွားပြီး အားနားနေသော လုလမ်ရွှမ်းအား မတ်တတ်ရပ်နိုင်ရန် လျှင်မြန်စွာပြေး၍ အကူအညီပေးလိုက်သည်။

လူလမ်ရွှမ်း၏မျက်နှာသည် ဖြူ ဖျော့နေလေ၏။ သို့ရာတွင် သူမက အားတင်း၍ ဦးခေါင်းကိုမော့ပြီး လျိုပေအား စကားပြောကြားလိုက်သည်။

"လျို ကုန်းကုန်း....ကျွန်မရဲ့မောင်ငယ်လေးက ဥာဏ်ရည်နိမ့်ပါးသူတစ်ယောက်ပါ...သူက မတော်တဆလုပ်မိတဲ့ နောက်ကွယ်က အကန့်အသတ်ကိုမသိရှိဘူး...လျိုကုန်းကုန်းက အဖေရဲ့မျက်နှာကိုထောက်ပြီး သူကိုမသတ်ဘူးလို့ ကျွန်မမျှော်လင့်ထားတယ်"

"ဥာဏ်ရည်မမှီတာလား...ဟား ဟား...ဗိုလ်ချုပ် လု မင်းရဲ့မောင်ငယ်လေးက ဘောင်ကျော်တဲ့အရာကို လုပ်ဆောင်ခဲ့တာလေ"

လျိုပေ၏ လုယွီအားကြည့်သော အကြည့်သည် ရေခဲတမျှအေးစက်နေပြီး သတ်ဖြတ်ချင်စိတ်အပြည့်ဖြစ်နေသည်။

လုယွီသတ်လိုက်သောသူသည် လက်ရှိတိုင်းပြည်၏မင်းသားတင်မကဘဲ တော်ဝင်ဘုရင်၏အနှစ်သက်ဆုံးသားတော်လည်းဖြစ်သည်။

အကယ်၍ လုယွီ၏ဖခင် ယုံဖျင်အမတ်ကြီး လုခိုင်ရှန် ယခုနေရာ၌ရှိနေလျှင်ပင် လုယွီအားကယ်တင်နိုင်ရန် ခက်ခဲပေမည်။

လုလမ်ရွှမ်းသည် သူမ၏နှုတ်ခမ်းကိုကိုက်လိုက်ပြီး မျက်လုံးများအတွင်းတွင် ဆုံးဖြတ်ချက်ပြတ်ပြတ်သားသားချလိုက်သည့် အရိပ်အယောင်ထင်ဟပ်နေသည်။

"လျို ကုန်းကုန်း....ဒီမှာ ဖြစ်ပျက်တဲ့အရာအားလုံးက ကျွန်မကြောင့် ဖြစ်ရတာ....ကျွန်မ မောင်လေးလုယွီအစား သေပေးဖို့ ဆန္ဒရှိပါတယ်"

"ဟား ဟား ဟား...မင်းတစ်ယောက်တည်း စတေးခံရင် အကုန်အဆင်ပြေမယ်လို့ ထင်နေတာလား....မင်း မောင်ရဲ့အဆင်အခြင်မဲ့တဲ့လုပ်ရပ်ကြောင့် မြင့်မြတ်တဲ့လင်းရောင်ခြည်ရဲ့ ဥပဒေသတွေအရ ဆွေစဉ်မျိုးဆက်ကိုးဆက် ကွပ်မျက်ခံရမယ်"

လျိုပေ၏ ရိုင်းစိုင်းကြမ်းကြုတ်စွာ ရယ်မောလိုက်သံကြီးက ဘေးပတ်ဝန်းကျင်တွင် ပျံ့နှံ့သွားသည်။

ဆွေစဉ်မျိုးဆက်ကိုးဆက် အမြစ်ပြတ်သုတ်သင်ခံရခြင်း

ထိုစကားလုံးကို ကြားလိုက်သော လုလမ်ရွှမ်းသည် အပြည့်အဝ တုန်လှုပ်သွားသည်။ သူမက တိုက်ပွဲကွင်းပြင်တွင် နှစ်ပေါင်းများစွာကြာသည်အထိ တိုက်ခိုက်ခဲ့သော်လည်း ဤစကားလုံးကြောင့် တုန်ယင်နေခဲ့သည်။

လုလမ်ရွှမ်က ဆုံးရှုံးမှုအနည်းဆုံးဖြစ်ရန် မည်သို့ပြုလုပ်ရမည်ကို စဉ်းစားနေဆဲမှာပင် သူမ၏ပခုံးပေါ်သို့ ခိုင်မြဲသည့် လက်တစ်စုံ ရောက်ရှိလာသည်။

"မမ...ဘာမှစိတ်မပူနဲ့...ဒီနေရာက အရာရာတိုင်းကို ကျွန်တော် ဖြေရှင်းလိုက်ပါ့မယ်"

လုယွီက ညင်သာစွာဖြင့် လုလမ်ရွှမ်းအား ထိုင်ခုံပေါ်သို့တင်လိုက်သည်။

'အရာရာတိုင်းကို သူနဲ့ထားခဲ့'ဟု သူမကြားလိုက်ရသည်။ အရူးတစ်ယောက်ကဲ့သို့ မွေးဖွားလာသည့် သူမ၏မောင်ငယ်လေးသည် ထိုကဲ့သို့သောစကားမျိုး အမှန်တကယ်ပြောလာလိမ့်မည်ဟု သူမ မည်သည့်အချိန်ကမျှတွေးမိခြင်းမရှိချေ။

လျိုပေက အံသြသွားသည့်လေသံဖြင့် မေးမြန်းလိုက်သည်။

"ဘာ....မင်းရဲ့နောတ်ဆုံးပြောလိုက်တဲ့စကားကို အစကနေပြန်ပြောနိုင်မလား"

လုယွီက သူ၏ခေါင်းကိုလှည့်ပြီး လျိုပေအား ဒေါသတကြီးဖြင့် တည့်တည့်မတ်မတ်ကြည့်လိုက်သည်။

"လျိုပေ...တကယ်လို့ ခင်ဗျားဖြေဆိုဖို့ သတ္တိရှိတယ်ဆိုရင် ကျုပ် ခင်ဗျားကို မေးခွင့်ပြုပါ....ဝေဘုရင်က ကောက်ကျစ်ယုတ်မာတဲ့ ရာဇဝတ်မှုတွေ အများကြီးကို ကျူ းလွန်ခဲ့တယ်...သူက သာမာန်အရပ်သားတွေကိုသတ်ဖြတ်ပြီး မရေမတွက်နိုင်တဲ့အပြစ်တွေ ပြုလုပ်ခဲ့တယ်...ခင်ဗျား ဘာလို့ ဘာမှမပြောခဲ့တာလဲ"

"ကျုပ်ရဲ့အမက အမျိုးသမီးတစ်ယောက်ဖြစ်ပေမယ့် ငယ်ငယ်ကတည်းက တိုင်းပြည်အတွက် တိုက်ခိုက်ခဲ့တယ်...သူမရဲ့သက်တမ်းတစ်လျှောက်လုံး မရေမတွက်နိုင်တဲ့ ရန်သူတွေကို သတ်ဖြတ်ပြီး ထင်ရှားတဲ့ စစ်ပွဲအကျိုးအမြတ်တွေ ပြုလုပ်နိုင်ခဲ့တယ်...ဒါပေမယ့် ဒီ မကောင်းတဲ့ကောင်ရဲ့အိမ်တော်ကို ဖမ်းခေါ်ခြင်းခံခဲ့ရတယ်....ခင်ဗျားတို့မှာ ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက်များရှိနေလား"

"တာလျန့်နိုင်ငံတော်ရဲ့ ဥပဒေအရ မင်းသားက အရပ်သားတွေလို တူညီတဲ့ပြစ်မှုကိုကျူ းလွန်ခဲ့တယ်....ကျုပ်က လမ်းမှားနေတဲ့ ဆိုးရွားတဲ့ကောင်တွေကို သတ်ပစ်ခဲ့တာ...စည်းမျဉ်းအရဆိုရင် ကျုပ်က ဆုလာဒ်တောင်ရသင့်တယ်....ခင်ဗျား ဆိုတဲ့ ကုန်းကုန်းအိုကြီးက မျက်စိကန်းနေလို့သာ မဆင်မခြင်ပြောဆိုနေတာ...ခင်ဗျားက ဥပဒေကိုမလိုက်နာဘဲ ကျုပ်ရဲ့ဆွေစဉ်မျိုးဆက်ကိုးဆက်ကို သတ်ပစ်မယ်လို့ပြောဝံ့နေရတာလဲ"

ထိုစကားလုံးများသည် လျိုပေ၏အားနည်းချက်အား တိုက်ရိုက်ထိမှန်သွားသည်။

"တော်တော် လျှာစောင်းထက်တဲ့ကောင်ပဲ...ဒီနေ့ ငါမင်းနဲာစကားအများကြီးပြောပြီး အချိန်မဖြုန်းတော့ဘူး...မင်းက အပြစ်ကြီးကျူ းလွန်ထားတယ်....ငါနဲ့အတူ တုန်းချန်အကျဉ်းထောင်ကို လိုက်ခဲ့စမ်း"

လျိုပေက သူ၏လက်များကို လုယွီအားဖမ်းဆီးရန် ဦးတည်လိုက်သည်။

အရာအားလုံးကို ဖျတ်ဆီးပစ်နိုင်သည့် စွမ်းအားပြင်းထန်သောအော်ရာက ဘေးပတ်ဝန်းကျင်အဘက်ဘက်သို့ ချက်ချင်းပျံ့နှံ့သွားပြီး ကြမ်းတမ်းသောဖိအားထွက်ပေါ်လာသည်။

လုယွီ၏ အင်္ကျီလက်များသည် လေတိုက်ခိုက်မှုကြောင့် ရှေ့ နောက် လွင့်ပျံ့နေသည်။

"ခရက် ခရက်"

လုယွီ၏ခန္ဓာကိုယ်အတွင်းမှ အရိုများခါယမ်းနေသည့်အသံ ထွက်ပေါ်လာသည်။ လုယွီ၏ခန္ဓာကိုယ်ပေါ်သို့ သက်ရောက်နေသည့်ဖိအားသည် တောင်ကြီးတစ်လုံးနှင့်တူညီသည်။

လျိုပေက သူ လုယွီအားချေမှုန်းပစ်ရန် ရိုက်ချက်တစ်ချက်သာ လိုအပ်မည်ဟုခန့်မှန်းထားသည်။ သို့ရာတွင် သူ၏အားကောင်းလှသော အော်ရာ၏အောက်တွင်ရှိနေသော်လည်း အေးဆေးတည်ငြိမ်သည့်အမူအယာဖြင့် မတ်တတ်ရပ်နေသည်အား အံအားသင့်ဖွယ် တွေ့မြင်လိုက်သည်။

လျိုပေ၏ကျင့်ကြံမှုသည် ရှီထျန်းဆဋ္ဌမအဆင့် ဖြစ်သော်လည်း လုယွီအား အနည်းငယ်မျှပင် တုန်လှုပ်စေခြင်းမရှိချေ။

"ဒါ မင်း တတ်နိုင်တဲ့ အစွမ်းကုန်လား"

စွမ်းအားပြင်းထန်သော အော်ရာ၏အောက်တွင်ရှိသော လုယွီမှ လျိုပေအား အေးစက်စက်စိုက်ကြည့်ပြီး ပြောဆိုလိုက်သည်။

"ဒါဆို ငါရဲ့ တိုက်ခိုက်မှုကိုခံယူအလှည့်ပဲ"

Chapter 13

လုယွီ၏ အေးစက်တည်ငြိမ်သောအမူအယာသည် လျိုပေအား အပြည့်အဝခြိမ်းခြောက်နိုင်ခဲ့သည်။ လျိုပေက မဖြစ်နိုင်ဟုတွေးတောနေမိသည်။ သူက ရှီထျန်းဆဋ္ဌမအဆင့်ပညာရှင်တစ်ယောက်ဖြစ်သဖြင့် ဤကဲ့သိုာလူငယ်တစ်ယောက်အား မည်သည်ကြောင့်သတ်ဖြတ်ခြင်း မပြုနိုင်မည်လော။

သို့ရာတွင် အံ့အားသင့်တုန်လှုပ်မှုအများဆုံးသူသည် နံဘေးတွင်ထိုင်နေသော လုလမ်ရွှမ်းသာဖြစ်သည်။

"ဒါ...ဒါက ရှောင်ယွီလား"

လုလမ်ရွှမ်းက တီးတိုးရေရွတ်နေလေ၏။

ယခင်နေ့များက သူမ လုယွီအားဆုံတွေ့ချိန်တွင် သူကရူးသွပ်နေသကဲ့သို့ ပြုမူနေဆဲဖြစ်ပြီး တခြားလူများက သူကိုမြင်လျှင် သနားစဖွယ်သူသာဖြစ်လေ၏။

သို့ရာတွင် ယနေ့အချိန်တွင်မူ လုလမ်ရွှမ်းက သူမ၏မောင်ငယ်လေးသည် အလုံးစုံကွဲပြားခြားနားသွားသည့် လူတစ်ယောက်ဖြစ်နေသည်ကို တွေ့လိုက်ရသည့်အခါ အလွန်အံ့အားသင့်သွားခဲ့သည်။

လုလမ်ရွှမ်းသည် အလွန်ဥာဏ်ရည်ထက်သူတစ်ယောက်ဖြစ်သည်။ ယခုအချိန်တွင် သူမက နိုးတစ်ဝက် အိပ်တစ်ဝက်အနေအထားတွင် ရှိနေသော်လည်း သူမရှေ့တွင်ရှိနေသည့် မြင်ကွင်းကိုကြည့်၍ ဖြစ်ပွားခဲ့သည်များကို အနည်းနှင့်အများခန့်မှန်းနိုင်သည်။

သို့ရာတွင် အမှန်တရားအား သူမယုံကြည်နိုင်ခြင်း မရှိသေးချေ။

ဝမ်မင်ကိုမဆိုထားနှင့် တခြားသော ဟိုထျန်းနဝမအဆင့်ပညာရှင်အုပ်စုသည် သူမအားဝန်းရံတိုက်ခိုက်ပါက သူတို့အားအနိုင်ယူရန် ခက်ခဲပေမည်။

သူမ၏မောင်ငယ်လေးသည် ယခုနှစ်တွင် အသက်တစ်ဆယ့်ခုနစ်နှစ်သာ ရှိသေးသည်။ မည်သည့်နည်းဖြင့် သူက မြောက်များလှသောပညာရှင်များကို သတ်ဖြတ်နိုင်သနည်း။

ထိုအချိန်တွင် လိုလမ်ရွှမ်းသည် လျိုပေ၏စွမ်းအားပြင်းထန်သော အထက်ကောင်းကင်အဆင့်အော်ရာအား ခံစားမိသည်။

ရှီထျန်းနယ်ပယ်သို့ရောက်ရှိသူခြင်းအတူတူ လျိုပေသည် ဝမ်မင်နှင့်မတူညီသည်မှာ သူက အရှေ့ပိုင်းတုန်းချန်၏အုပ်ချုပ်ရေးမှူ းဖြစ်ပြီး လက်အောက်ငယ်သားမြောက်များစွာကို ထိန်းချုပ်ရသူဖြစ်သည်။ သူက ရက်စက်ကြမ်းကြုတ်သည့်အပြင် ရှီထျန်းဆဋ္ဌမဆင့်တွင် အခြေခိုင်ပြီးသူဖြစ်၏။

ထိုကဲ့သို့သော နယ်ပယ်အဆင့်ရောက်ရှိသော လျိုပေသည် အမတ်ကြီးအဆင့်ခန့်အပ်ခံရရန် လိုအပ်သည်ထက်ပိုပေသည်။

ထိုကဲ့သို့သော ကျွမ်းကျင်ပညာရှင်က သူမ၏မောင်ကို သတ်ဖြတ်ချင်နေလေသည်။ လုလမ်ရွှမ်း၏နှလုံးသားများ တင်းကြပ်လာပြီး သူမကစိုးရိမ်တကြီးအော်ဟစ်လိုက်သည်။

"ကောင်ငယ်လေး ယွီ....ဂရုစိုက်"

လျိုပေအနေဖြင့် လုလမ်ရွှမ်း၏အဆင့်လောတ်ကို အမှုထားရန် မလိုအပ်ချေ။ သူ၏လက်ကို ဖြတ်သန်း၍ ကျန်းချီစီးဆင်းလာပြီး လက်များအားလက်သည်းပုံဖွဲ့စည်း၍ လုယွီအား ဆွဲကုတ်လိုက်သည်။

"ထင်ယောင်ထင်မှား နတ်ဆိုးလက်သည်း"

လျိုပေက သူ၏လက်သီးကိုလက်သည်းအသွင်ပြောင်းလဲပြီး ကျန်းချီများကို လက်သည်းအတွင်းသို့ စိမ့်ဝင်စေခဲ့သည်။

ဗြိ..ဗြိ

လုယွီ၏ တန်ဖိုးကြီးအဝတ်အစားများသည် လေလက်သည်းချက်များကြောင့် ထိုးဖောက်စုတ်ဖြဲခြင်းခံလိုက်ရပြီး သူ၏ တောင့်တင်းသောကြွက်သားများ ပေါ်ထွက်လာသည်။

ယခင်က လုယွီသည် စိတ်ရှုပ်ထွေးသောအခြေအနေအား ဖြတ်သန်းနေရသော်လည်း ကံကောင်းစွာဖြင့် သခင်မကြီးယွီရုံက သူမ၏သားအား ကောင်းစွာသင်ကြားထားခဲ့သည်။ လုယွီ ခလေးဘဝအချိန်ကတည်းက သူမက ဆရာတစ်ယောက်ကိုဌား၍ သူ့အား ခန္ဓာကိုယ်ပြင်ပပိုင်းနည်းပညာများကို သင်ကြားစေခဲ့သည်။

ထို့ကြောင့် လုယွီ၏ကျင့်ကြံမှုအဆင့်သည် ဟိုထျန်းနယ်ပယ်ပထမအဆင့်သာ ရှိသေးသော်လည်း သူ၏ရုပ်ပိုင်းဆိုင်ရာကြံခိုင်မှုသည် အထက်တန်းလွှာသားသမီးတချို့ထက် သာလွန်ပေသည်။

"ကောင်စုတ်လေး ငရဲကိုသွားလိုက်တော့"

လျိုပေ၏မျက်လုံးများသည် လုယွီအား သတ်ဖြတ်ချင်စိတ် အပြည့်ဖြစ်နေသည်။ သူ၏ စူးရှတောက်ပနေသော လက်သည်းများဖြင့် လုယွီ၏နှလုံးသားနေရာကို ဦးတည်၍ကုတ်ဆွဲလိုက်သည်။

လုယွီ၏မျက်နှာပေါ်တွင်မူ သရော်တော်တော်အမူအယာ ထင်ဟပ်နေသည်။ လျိုပေက သူနားနီးကပ်လာချိန်တွင် လုယွီထံမှ အဖြူ ရောင်ကျန်းချီထွက်ပေါ်လာသည်။

"ဟိုထျန်း ပထမအဆင့်ပဲရှိသေးတာလား"

လျိုပေ၏မျက်လုံးများသည် အထင်သေးခြင်းအရိပ်အယောင် ပြည့်နှက်ထင်ဟပ်နေသည်။

ရုတ်တရက် လုယွီ၏ခန္ဓာကိုယ်မှနေ၍ အနက်ရောင်နဂါးတစ်ကောင် ထွက်ပေါ်လာခြင်းကြောင့် လျိုပေ တုန်လှုပ်သွားရသည်။

ထိုနဂါးနက်အား ကြည့်ရသည်မှာ အသက်ဝင်နေသည့်အလား လုယွီ၏ကြွက်သားများကြားတွင် ရှေ့ နောတ် ကူးခတ်နေပြီး ထူးဆန်းသည့်အော်ရာတစ်ခုကို ထုတ်လွှတ်ထားသည်။

"ဟွန့်....ငါကို လှည့်ကွက်တွေနဲ့ လာမလှည့်စားနဲ့"

လျိုပေသည် အချိန်တခဏကြာ အံ့အားသင့်သွားခဲ့သော်လည်း မကြာမီမှာပင် သူ၏မူလ ရက်စက်ကြမ်းကြုတ်သည့်အမူအယာသို့ ပြန်လည်ရောတ်ရှိသွားသည်။

ထိုလူငယ်သည် ဟိုထျန်းပထမအဆင့်သာ ရှိသေးသူဖြစ်၏။ သူ၏ကျန်းချီအနည်းငယ်မျှဖြင့် မည်ကဲ့သို့လှည့်ကွက်များကို လုပ်ဆောင်နိုင်မည်နည်း။

ဖတ်...

လျိုပေ၏လက်သည်းများသည် လုယွီ၏ခန္ဓာကိုယ်အား ကုတ်ခြစ်မိသွားသည့်အခါ သွေးစီးကြောင်းတစ်ကြောင်း ဖြစ်ပွားသွားစေသည်။

"ရှောင်ယွီ..."

လုလမ်ရွှမ်းက စိုးရိမ်တကြီးအော်ဟစ်လိုက်ပြီး သူမထိုင်နေရာမှ ထရပ်နိုင်ရန် ရုန်းကန်ကြိုးစားလိုက်သည်။

သို့ရာတွင် ထိုအချိန်တခဏ၌..

လျိုပေ၏အမူအယာသည် ရုတ်တရက်ပြောင်းလဲသွားပြီး သူက လွှတ်ခနဲအော်လိုက်သည်။

လျိုပေကုတ်ဆွဲသဖြင့် ဒဏ်ရာရသွားခဲ့သည့် လုယွီ၏ရင်ဘတ်နေရာမှ နဂါးနက်ကထွက်ပေါ်လာခဲ့သည်။ ထိုနဂါးနက်က ပါးစပ်ကိုကျယ်ကျယ်ဟပြီး လျိုပေ၏လက်ကို ဖမ်းဆွဲလိုက်သည်။

လျိုပေ၏ကျန်းချီမျသည် အလွန်အမင်းမြန်ဆန်သောနှုန်းဖြင့် လုယွီထံသို့ စီးဆင်းနေခြင်းမှာ ထိတ်လန့်တုန်လှုပ်ဖွယ်အတိပင်။

လုယွီက လျိုပေ၏မေးခွန်းကို ပြန်လည်ဖြေကြားခြင်းမရှိချေ။ ထိုအစား သူက မျက်လုံးများကို စုံမှိတ်၍ သူ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်လာသည့် ကျန်းချီပမာဏအများအပြားကို ဂရုတစိုက် အာရုံခံစားနေခဲ့သည်။

လုယွီ၏ခန္ဓာကိုယ်အတွင်းမှ မရီဒါန်းများသည် သွက်သွက်ခါသည်အထိ ခါယမ်းနေပြီး ကျန်းချီလှိုင်းလုံးကြီးသည် ရေလွှဲပေါက်မှ စီးဆင်းလာသကဲ့သို့ လိမ့်တတ်လာပြီး တစ်ဆို့နေသည့်နေရာများကို ပြိုကွဲစေလေသည်။

ဒုန်း..

လုယွီက သူ၏ခန္ဓာကိုယ်အတွင်းမှ မသဲမကွဲအသံတစ်သံအားကြားလိုက်ရသည်နှင့် ချက်ချင်းဆိုသလို သူ၏မျက်လုံးများအား ဖွင့်လိုက်သည်။

လုယွီ၏ ကျင့်ကြံမှုနယ်ပယ်သည် လျိုပေ၏ကျန်းချီ အကူအညီနှင့်အတူ ဟိုထျန်းဒုတိယအဆင့်သို့ ချိုးဖျတ်ဝင်ရောတ်နိုင်ခဲ့သည်။

Chapter 14

လျိုပေ၏ ကျန်းချီများသည် ကြောက်မက်ဖွယ်အရှိန်ဖြင့် လုယွီထံသို့ စီးဆင်းနေဆဲဖြစ်သည်။

"ခွေးမသားလေး"

လျိုပေ၏စိတ်နှလုံး တစ်ခုလုံး ကြောက်ရွံမှုနှင့်ဒေါသထွက်မှု နှစ်ခုလုံးဖြင့်ပြည့်နေသည်။ လျိုပေက သူ၏လက်ဝါးကို အလျင်စလိုဆန့်ထုတ်ပြီး လုယွီ၏ခန္ဓာကိုယ်အား ပြင်းထန်စွာရိုက်လိုက်သည်။

သူက လုယွီ၏ခန္ဓာကိုယ်အတွင်းမှ နဂါးနက်၏ထူးခြားဆန်းကြယ်မှုအား သိရှိခဲ့ရသည်။ ယခုတစ်ကြိမ်တွင် သူက ရည်ရွယ်ချက်ရှိရှိ လုယွီ၏ပခုံးအား ပုတ်လိုက်သည်။

ဖုန်း....

ရှီထျန်းဆဋ္ဌမအဆင့်ပညာရှင်၏ စွမ်းအားပြင်းထန်သည့်အားသည် နောက်ဆုံးတွင် လုယွီအား တွန်းလှန်နိုင်ခဲ့သည်။

"ရှောင်ယွီ....နင် အဆင်ပြေရဲ့လား"

လုလမ်ရွှမ်းက သူမ၏အားနည်းနေခြင်းအား တောင့်ခံပြီး အင်အားအပြည့်ဖြင့် လုယွီအား မေးမြန်းလိုက်သည်။

လုယွီက သူ၏တည်ငြိမ်အေးဆေးသောအမူအယာကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်ပြီး လုလမ်ရွှမ်အား ပြုံးပြ၍ဖြေကြားခဲ့သည်။

"မမ....သူတစ်ယောက်တည်းနဲ့ ငါကိုထိခိုက်အောင်လုပ်မယ်ဆိုရင် ငါမှာ ရှောင်တိမ်းနိုင်တဲ့နည်းလမ်းတွေအများကြီးပါ"

ထိုစကားပြောပြီးချိန်မှာပင် လုယွီ၏အမူအယာနှင့်အော်ရာသည် အသစ်တဖန်ပြောင်းလဲသွားသည်။

အချိန်တိုအတွင်းမှာပင် လုယွီသည် လျိုပေ၏ကျန်းချီများကို အသုံးပြု၍ သူ၏မရီးဒါန်းများကိုဖွင့်လှစ်ကာ ဟိုထျန်းတတိယအဆင့်သို့ တတ်လှမ်းနိုင်သွားခဲ့သည်။

လုလမ်ရွှမ်းဖြစ်စေ လျိုပေဖြစ်စေ နှစ်ယောက်စလုံးက သူတို့ရှေ့ရှိမြင်ကွင်းကို မယုံကြည်နိုင်ဟန်ဖြင့် ကြည့်ရှုနေကြသည်။

"သူ အသုံးပြုသွားတာ ဘယ်လိုလှုပ်ရှားမှုမျိုးလဲ"

ထိုအချိန်တွင် လျိုပေ၏စိတ်နှလုံးသားသည် မုန်တိုင်းထန်သောလှိုင်းလုံးကြီးများကဲ့သို့ တုန်လှုပ်နေသည်။

သူ၏ကျန်းချီတစ်ဝက်ခန့်ကို ယခုအချိန်တိုအတွင်း၌ အသုံးချခဲ့မိပြီဖြစ်ကြောင်း လျိုပေခံစားမိပြီးဖြစ်သည်။

ဤသို့ဖြစ်ရခြင်း၏ နောက်ကွယ်မှ လက်သည်တရားခံမှာ သူ၏ရှေ့တွင်ရှိသော ဟိုထျန်းနယ်ပယ်အဆင့်သာရှိသည့် ကောင်လေးတစ်ယောက်ဖြစ်နေသည်။

တစုံတယောက်၏ကျင့်ကြံမှုကိုမြှင့်တင်နိုင်ရန် တခြားသူများထံမှ ကျန်းချီကို ဌားယူ၍ရသည့် ဤကဲ့သို့ထူးဆန်းသည့်ကျင့်ကြံနည်းစနစ်မျိုး အမှန်တကယ်ရှိသလော။

တခဏတာအချိန်အတွင်း၌ပင် လျိုပေ၏နဖူးပေါ်မှ ချွေးများယိုစီးကျလာခဲ့သည်။ သူ မဆင်မခြင် လုပ်ခဲ့မိ၏။ အင်ပါယာနန်းတော်၏အစောင့်အရှောက် ဝမ့်မင်ပင်လျှင် ဤကောင်လေး၏လက်ဖြင့် သေဆုံးခဲ့ရသည်အား သူစဉ်းစားမိသင့်လေ၏။

လျိုပေအား စဉ်းစားရန် အချိန်မပေးတော့ဘဲ ရုတ်တရက် လုယွီက သက်ပြင်းတစ်ချက်ချပြီး အေးအေးဆေးဆေးပြောကြားလိုက်သည်။

"ဒီတိုက်ခိုက်မှု...ခင်ဗျားက ဟိုထျန်းပထမအဆင့်သူကိုတောင် မတိုက်ခိုက်နိုင်ခဲ့ရင် အခု ဟိုထျန်းတတိယအဆင့် ကျုပ်ရောတ်ပြီလေ...ဘယ်လိုလဲ"

အလွန်အမင်းစူးရှသည့် ဆေဘာချီက လုယွီ၏လက်ချောင်းထိပ်မှ ထွက်ပေါ်လာသည်။

ယခုထွက်ပေါ်လာသော ဆေဘာချီသည် လုယွီ ဟိုထျန်းပထမအဆင့်တုန်းက ဆေဘာချီနှင့် ကွဲပြားခြားနားပေသည်။ ယခုဆေဘာချီသည် ယခင်ထက် အဆပေါင်းများစွာ ပို၍ကြီးမားကြောင်း ရှင်းလင်းစွာသိနိုင်၏။ လုယွီ၏ဆေဘာချီသည် အနည်းဆုံးဆယ်ပေမက ရှည်လျားပြီး သတ်ဖြတ်လိုသောစိတ်ဆန္ဒဖြင့် ပြည့်နှက်နေသည်။

"ဒါက ဆေဘာချီ....သူရဲ့လက်ထဲမှာ ဘာဆေဘာဓားမှ ကိုင်မထားပါဘူး...ဘယ်လိုလုပ်ပြီး သူက ဆေဘာချီကို အသုံးပြုနိုင်တာလဲ...ဒါပြင် သူ့နည်းစနစ်ရဲ့အော်ရာက...."

လျိုပေ ဆွံအသွားလေ၏။ ထိုအော်ရာအမျိုးအစားသည် အလွန်စွမ်းအားပြင်းထန်သည်။ သူသည် အရှေ့တုန်ချောင်နန်းတော်တွင် မရေမတွက်နိုင်သည့်လူများကို သတ်ဖြတ်ခဲ့သော်လည်း ယခုအော်ရာနှင့်ထိပ်တိုက်ရင်ဆိုင်မိချိန်တွင် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။

ထို လူငယ်က အသက်မည်မျှကြီးသေးလို့နည်း....

ဤကဲ့သို့ သတ်ဖြတ်ခြင်း စိတ်ဆန္ဒများကို မည်သို့ရရှိထားသနည်း...

ယခုအချိန်တွင် လုယွီ၏ဆေဘာချီသည်လေပေါက်ကွဲမှုအားသယ်ဆောင်၍ သူထံတိုးဝင်လာသဖြင့် လျိုပေ၌စဉ်းစားနိုင်ရန်အချိန်မရှိတော့ချေ။

ဝှစ်....

လျိုပေထံသို့ ပြင်းထန်သည့်လေထုက စူးရှသည့်ဆေဘာချီအား သယ်ဆောင်လျက် တိုးဝင်လာသည်။ လျိုပေ၏ခေါင်းပေါ်ရှိဆံပင်များ ထောင်ထသွားလေ၏။ သူ၏နှစ်ပေါင်းများစွာ အတွေ့အကြုံများအရ ယခုဓားချက်သည် သူ၏အသက်ကိုခြိမ်းခြောက်နိုင်ကြောင်း သိရှိလိုက်သည်။

"ဧရာမ စိတ်ဝိညာဉ်ဒိုင်းကာ"

ရုတ်တရက် လျိုပေက ထိတ်လန့်သွားလေ၏။ သူ၏ကျန်းချီများကို လျှင်လျှင်မြန်မြန်လှည့်ပတ်ပြီး သူ၏ရှေ့၌သိပ်သည်းစေရာ ကြီးမားသည့်အဖြူ ရောင်ဒိုင်းကာတစ်ခု ဖြစ်ပေါ်လာသည်။ ထိုဒိုင်းကာ၏ဘေးပတ်လည်ရှိ လေထုသည် အေးခဲသွားကာ လျိုပေအားကာကွယ်ပေးလိုက်သည်။

ဒေါင်....

လုယွီ၏ဆေဘာချီက ဒိုင်းကာကို အပြင်းအထန်ရိုက်ခတ်မိချိန်တွင် ထိုဒိုင်းကာ၏မျက်နှာပြင်ပေါ်တွင် နက်ရှိုင်းသည့် အက်ကွဲကြောင်းကြီးများ ဖြစ်ပေါ်သွားသည်။

ခရက်....ခရက်

အသက်သုံးရှိုက်စာ ကြာပြီးနောက် ဒိုင်းကာကြီး ကွဲကြေသွားသည်။

ဧရာမစိတ်ဝိညာဉ်ဒိုင်းကာ ပြိုကွဲသွားချိန်တွင် လျိုပေက သူ၏ကျန်းချီများကို လှည့်ပတ်နှင့်ပြီးဖြစ်ကာ သူကပျံသန်းနေသကဲ့သို့ နောက်သို့ဆုတ်လိုက်သည်။

အချိန်စက္ကန့်ပိုင်းအတွင်းမှာပင် လုယွီ၏ဆေဘာချီသည် လျိုပေ၏ရှေ့သို့ ရောက်ရှိနှင့်ပြီးဖြစ်သည်။

လျိုပေက ကြံရာမရဖြစ်ပြီး ကြောက်ရွံလာလေ၏။ သူက အနည်းငယ်မျှတုံဆိုင်းခြင်းမရှိဘဲ ကြေမွနေသည့်လက်ဖွဲ့အဆောင်တစ်ခုကို ထုတ်ယူလိုက်သည်။ ထို့နောက် သူ၏လျှာကို အနည်းငယ်ကိုက်ပြီး ပန်းထွက်လညသည့် သွေးတစ်လုတ်စာကို အဆောင်လက်ဖွဲ့ပေါ်သို့ ကျဆင်းစေသည်။

"ဖူး......."

ဒေါင်

လုယွီ၏ဆေဘာချီသည် လွဲချော်သွားပြီး မြေပြင်ကိုသာရိုက်ခတ်မိလေ၏။ ချက်ချင်းဆိုသလိုပင် မြေပြင်တွင် သုံးမီတာကျယ်ဝန်းသည့် အက်ကွဲကြောင်းကြီး ဖြစ်ပေါ်သွားသည်။

"ဒါဆို အဲ့ဒါက နဂါးချီနယ်ပယ်အဆောင်ပေါ့....အံသြစရာမရှိတော့ပါဘူး..."

လုယွီက မျက်မှောင်ကြုတ်ပြီး တွေးတောလိုက်သည်။

'ဒီဘဝသက်တမ်းအတွင်းက နယ်ပယ်အဆင့်တွေက နိမ့်ပါးလွန်းမနေဘူးလား....ကြည့်ရတာတော့ ငါရဲ့အချိန်တွေကို အကောင်းဆုံးအသုံးချပြီး စွမ်းအားကိုမြှင့်တင်ရမယ်"

Chapter 15

လျိုပေက လွတ်မြောက်အဆောင်ကိုအသုံးပြု၍ ထွက်ပြေးသွားခဲ့သည်။ လုယွီက ဝေဘုရင်၏အပေါင်းအပါတစ်သိုက်ကို သတ်ဖြတ်ခြင်းမရှိသော်လည်း သူတို့အား အနည်းငယ်ခြိမ်းခြောက်လိုက်သည်။

လုယွီက ထုတ်လွှတ်ထားသည့် သူ၏လက်ချောင်းထိပ်မှ ဆေဘာချီအားပြန်လည်ရုတ်သိမ်းလိုက်၏။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ဓားအိမ်မှဆွဲထုတ်ပြီးသည့် တန်ဖိုးကြီးရတနာဓားတစ်ချောင်းနှင့် တူညီနေသည်။ သူ၏သတ်ဖြတ်ချင်သည့်စိတ်ဆန္ဒများအား ပြန်လည်ရုတ်သိမ်းလိုက်ရာ ပုံမှန်အသွင်အပြင်သို့ ပြန်လည်ရောက်ရှိလာသည်။

"ကောင်ငယ်လေး ယွီ....မင်း ဘယ်လိုတောင် ပြောင်းလဲသွားတာလဲ....."

လုလမ်ရွှမ်းက တစုံတခုကို ပြောဆိုချင်နေသော်လည်း သူမ တွန့်ဆုတ်နေလေ၏။ သူမက မောင်ဖြစ်သူအားကြည့်ပြီး သူ့အကြောင်းအနည်းငယ်သာ သိရှိသေးသည်ဟု မှတ်ချက်ချလိုက်သည်။

သူမနိုးထလာသည့်အချိန်မှစပြီး ယခုချိန်ထိ လုယွီက တုန်လှုပ်ချောက်ချားစရာ မြောက်များစွာအား ပေးစွမ်းနိုင်ခဲ့သည်။

အရင်ဦးဆုံး သူမနိုးလာချိန်တွင် မြေပြင်ပေါ်၌ ဟိုထျန်းနဝမဆင့်ပညာရှင်များ၏ အလောင်းများအပြည့်ဖြစ်နေပြီး နန်းတော်မှဆရာသခင်ဝမ့်မင်သည်လည်း နဖူးအားထိုးဖောက်၍ သတ်ဖြတ်ခြင်းခံထားရသည်။ ထိုအဖြစ်အပျက်များအားလုံးသည် သူမအားမူးဝေစေခဲ့သည်။

အထူးသဖြင့် လုယွီက အရှေ့ပိုင်း တုန်းချန်အုပ်ချုပ်ရေးမှူ း လျို ကုန်းကုန်းအား အနိုင်ယူလိုက်ချိန်တွင်ဖြစ်သည်။

တော်ဝင်နန်းတော်အား နှစ်ပေါင်းများစွာကြာသည်အထိ စောင့်ရှောက်ပြီးနောက် လုလမ်ရွှမ်းသည် အရှေ့ပိုင်း တုန်းချန်အုပ်ချုပ်ရေးမှူ း၏ ရက်စက်ကြမ်းကြုတ်မှုများကို သိရှိထားပြီးဖြစ်သည်။ သို့ရာတွင် ထိုကဲ့သို့သောသူကို သူမ၏မောင်ငယ်လေးက အနိုင်ယူနိုင်လိမ့်မည်ဟု သူမမမျှော်လင့်မိချေ။

"မမ...ကျွန်တော်က အမြဲတမ်း ရူးသွပ်နေခဲ့မိတာ...ဒါပေမယ့် ကံကောင်းချင်တော့ ဒီနေ့ ပွဲတော်မှာ အသိစိတ်တွေ ပြန်ကောင်းသွားခဲ့တယ်...မမ ကျွန်တော်ကို အခုထက်ပိုပြီး စိတ်မပူရတော့ပါဘူး"

လုယွီသည် ယခင်က သူ၏မိခင်အား ပြောခဲ့သည့်အတိုင်း အစ်မဖြစ်သူအား ပြန်လည်ပြောဆိုလိုက်သည်။

လုလမ်ရွှမ်းသည် လုယွီအား သံသယအပြည့်ဖြင့် ကြည့်ရှုလိုက်သည်။ ရုတ်တရက် သူမ၏မောင်ငယ်လေးထံမှ ထူးဆန်းသည့်အရိပ်အယောင်များ ထင်ဟပ်နေသည်ကို ခံစားလိုက်ရသည်။

ထိုထူးခြားသည့်ခံစားချက်မှာ တစ်ချိန်တုန်းက သူသည် ဥာဏ်ရည်နိမ့်ပါးသည့်ခလေးတစ်ယောက်ဖြစ်ခဲ့သော်လည်း ယခုအချိန်တွင် ကမ္ဘာကြီးကို အုပ်စိုးထားသည့် ဘုရင်တစ်ပါးကဲ့သို့ဖြစ်နေသည်။

ထိုခံစားချက်နှစ်မျိုးအား ကံစီမံရာဟု လက်ခံရန်မှာ လွန်စွာခက်ခဲ၏။

ရုတ်တရက် လုယွီက တစ်စုံတစ်ရာကိုခံစားမိသွားသဖြင့် လုလမ်ရွှမ်းအား ပြောကြားလိုက်သည်။

"မမ....ကျွန်တော်ကို ဒီနေရာမှာ ခဏစောင့်နေပါ"

လုလမ်ရွှမ်းက ခေါင်းညိတ်ပြီး လုယွီက နံဘေးဘက်ရှိ သစ်သားအဆောက်အဦးစီသို့ သွားနေသည်အား ကြည့်နေလိုက်သည်။

ယခု ဝါးသစ်တောသည် ဝေဘုရင်အိမ်တော်၏ လှိူ့ဝှက်နေရာဖြစ်လေ၏။ ဝေဘုင်အိမ်တော်မှ အစောင့်တချို့ကိုပင် ယခုနေရာအတွင်းသို့ ခြေတစ်လှမ်းချခွင့် ပေးမထားချေ။

ယခုနေရာရှိ ကျွမ်းကျင်ပညာရှင်များအားလုံးကို လုယွီသတ်ဖြတ်ပြီးဖြစ်သည်။ ထို့ကြောင့် သူ အဆောက်အအုံအတွင်းသို့ ဝင်သွားခြင်းအပေါ် မည်သည့်အတားအဆီးမှ မကြုံတွေ့ရပေ။

သစ်သားအဆောက်အဦးသည် စုစုပေါင်း အထပ်သုံးထပ်ရှိသည်။ တံခါးများကိုတင်းကျပ်စွာ ပိတ်ထားပြီး ပြတင်းပေါက်များကိုမူ အနက်ရောင်အဝတ်စဖြင့်ဖုံးအုပ်ထားသည်။ အဆေက်အဦးအား ကြည့်ရသည်မှာ လွန်စွာထိတ်လန့်ဖွယ် ဖြစ်နေ၏။

သစ်သားတံခါးမကြီးသည် သံသော့ခလောက်ဖြင့် သော့ခတ်ထားဆဲဖြစ်သော်လည်း လုယွီက မမြင်သကဲ့သို့ ပြုမူလိုက်သည်။ သူက တံခါးစီလျှောက်လှမ်းသွားပြီး ကြမ်းကြမ်းတမ်းတမ်း ကန်ဖွင့်လိုက်၏။

ဘုန်း....

သစ်သားတံခါးကြီးသည် တုန်ခါသွားပြီး နောက်ဆုံး၌ ပြိုလဲကျသွားသည်။ အခန်းထဲရှိ ဖြူ ဖျော့နေသည့်မျက်နှာများဖြင့် မိန်းမပျိုလေးများသည် ရုက်တရက် ဝင်ရောက်လာသည့် လုယွီအားကြည့်နေကြပြီး သူမတို့၏မျက်လုံးအတွင်းတွင် ကြောက်ရွံမှုအပြည့်ဖြစ်နေသည်။

"ဝေဘုရင်နဲ့သူရဲ့လက်အောက်ငယ်သားတွေ သေကုန်ပြီ...မင်းတို့ အိမ်ပြန်နိုင်ပြီ"

လုယွီက အေးဆေးတည်ငြိမ်စွာ ပြောကြားလိုက်၏။ မိန်းမပျိုလေးများက တစ်ယောက်နှင့်တစ်ယောက်အပြန်အလှန် ကြည့်နေကြပြီး မည်သူကမျှမလှုပ်ရှားဝံ့ပေ။

လုယွီက ကူရာကယ်ရာမဲ့စွာဖြင့် စိတ်ထဲမှသက်ပြင်းချလိုက်မိသည်။ ကြည့်ရသည်မှာ ထိုမိန်းမပျိုများသည် တုန်လှုပ်နေခြင်းဖြစ်မည်။

တခဏအကြာတွင်မူ မိန်းမပျိုတစ်ယောက်က သတ္တိမွေး၍ မတ်တတ်ထရပ်လိုက်သည်။ သူမတို့အားမြင်ရသည်မှာ အခန်းအတွင်းတွင် အချိန်အတော်ကြာအောင် အကျဉ်းချခံထားရပုံပေါ်သည်။ တချို့ မိန်းမပျိုများ၏မျက်နှာများ ဖြူ ဖျော့နေပြီး အားနည်းသည့်ပုံပေါက်နေကာ တချို့မိန်းမပျိုများက လမ်းလျှောက်နိုင်ရန်ပင် တစ်ယောက်ယောက်၏အကူအညီလိုအပ်ပေသည်။

"ဒီ ခွေးမသား..."

လုယွီက စိတ်အတွင်းမှနေ၍ ဝေဘုရင်အား ကျိန်ဆဲလိုက်ပြီး သူ၏မျက်လုံးများတွင် သတ်ချင်ဖြတ်ချင်စိတ်များ ထင်ဟပ်လာသည်။

မိန်းမပျိုအုပ်စုသည် ကြည်ညိုလေးစားမှုအပြည့်ရှိသောအကြည့်များဖြင့် လုယွီအားကြည့်ပြီး သူ၏ရှေ့တွင်စုစည်းလိုက်ကြသည်။

"ကျေးဇူးရှင်လေး....ကျွန်မတို့ကို ကယ်တင်တာကျေးဇူးတင်ပါတယ်...တကယ်လို့ ရှင်သာ ရောက်မလာဘူးဆိုရင် ကျွန်မတို့သေသည်အထိ ဒီသတ္တဝါကောင်ရဲ့ ညှင်းပန်းခြင်းကိုခံရမှာ"

လုယွီက သူ၏လက်ကို ဝှေ့ယမ်းပြီး ပြောဆိုလိုက်၏။

"ငါက ပေါ့ပေါ့ပါးပါးလုပ်လိုက်တာပါ....မင်းတို့ကို လိုက်ရှာလို့မတွေ့ခင် ဒီနေရာက မြန်မြန်သွားကြတော့"

မိန်းမပျိုများက တစ်ယောက်နှင့်တစ်ယောက်ကြည့်ပြီး သူတို့အနက်မှတစ်ယောက်က ရဲဝံ့စွာပြောကြားကြသည်။

"ကျွန်မတို့က သခင်လေးရဲ့ကြင်နာမှုကို ဘာမှပြန်ပေးနိုင်စွမ်းမရှိဘူး....ဒါပေမယ့် ဝေဘုရင်ရဲ့ရတနာတွေ သိမ်းဆည်းထားတဲ့နေရာကို သခင်လေးကို ပြောပြနိုင်ပါတယ်"

ထိုစကားဆုံးသည်နှင့် မိန်းမပျိုလေးက ဝေဘုရင်ထိုင်ခဲ့သည့် ထိုင်ခုံစီသို့ လျှောက်လှမ်းသွားလိုက်သည်။ သူမက တိကျသည့်အစီအစဉ်ဖြင့် ထိုင်ခုံလက်ရမ်းကို ဘယ် ညာ အကြိမ်အနည်းငယ် လှည့်နေလေ၏။ ရုတ်တရက် မြေမြင်က အနည်းငယ်တုန်ခါသွားသည်။ ကုလားထိုင်က အဝေးသို့ တဖြည်းဖြည်းရွေ့လျားသွားပြီး အနက်ရောင်ဥမင်လှိုဏ်ခေါင်း ပေါ်ထွက်လာသည်။

All Chapters