← Chapters

အခန်း (၁၆-၂၀)

Vol. 1-5 Ch. 16-20

အခန်း (၁၆-၂၀)

Vol. 1-5 Ch. 16-20

Chapter 16

လုယွီ၏မျက်ခုံး တွန့်သွားလေ၏။ ဝေဘုရင်ထံ၌ ရတနာသိုလှောင်သည့် နေရာတစ်နေရာရှိမည်ဟု သူမည်သည့်အချိန်ကမျှ မတွေးမိချေ။

"တစ်ခါတုန်းက ဝေဘုရင်က ကျွန်မကို ခေါ်ချိန်မှာ သူကလှို့ဝှက်လမ်းကြောင်းကို ဖွင့်လိုက်တာကို မတော်တဆမြင်ခဲ့မိတယ်...ဒါပေမယ့် သူက ကျွန်မထွက်မပြေးနိုင်ဘူးဆိုတာကို သေချာသိနေတာမို့ ကျွန်မကိုမသတ်ခဲ့ဘူး"

ထိုမိန်းမပျို၏မျက်လုံးအတွင်းတွင် ကြောက်ရွံမှုများ ကျန်ရှိနေဆဲဖြစ်သည်။

'ဝေဘုရင်ရဲ့ရတနာသိုက်..'

လုယွီက တီးတိုးရေရတ်ပြီး အနည်းငယ်မျှတုန့်ဆိုင်းခြင်းမရှိဘဲ လှိုဏ်ခေါင်းအတွင်းသို့ ဝင်လိုက်သည်။

လှို့ဝှက်လမ်းကြောင်းသည် ကျယ်ဝန်းခြင်းမရှိဘဲ လူတစ်ကိုယ်စာ သွားနိုင်ရုံသာရှိသည်။ အမှောင်ထုအတွင်းတွင် လုယွီက လမ်းကြောင်းအတိုင်း လျှောက်လှမ်းပြီး မကြာခင်မှာပင် ကြီးမားသောတံခါးကြီးတစ်ခုစီသို့ ရောက်ရှိခဲ့သည်။

တံခါးပေါ်တွင် သော့ခလောက်တစ်ခုရှိနေသည်။ သို့ရာတွင် လုယွီက သော့ခလောက်ပေါ်ရှိ သင်္ကေတများကို သတိပြုမိသွားသည်။

"နောက်ထပ် အဆောင်သင်္ကေတ လာပြန်ပြီလား"

လုယွီက သူ၏လက်ကို အဆောင်စာရွက်ပေါ်သို့ တိုက်ရိုက်တင်လိုက်သည်။

ဖုန်း....

အဆောင်စာရွက်သည် ၎င်း၏ကန့်သတ်ချက်အား လုယွီထိသွားပုံရပြီး ချက်ချင်းဆိုသလို တောက်ပဆနသည့် ရွှေရောင်အလင်းတန်းကို ထုတ်လွှတ်လိုက်သည်။

ထိုအဆောင်သည် ချိပ်ပိတ်အဆောင်စာရွက် ဟူသည်အား လုယွီသေချာသိရှိသွားခဲ့သည်။ အကယ်၍ တစ်စုံတစ်ယောက်က အင်အားသုံး၍ ၎င်းကိုဖျက်ဆီးလျှင် တံခါးကိုဖွင့်နိုင်ခြင်းမပြုနိုင်မည်သာမက တံခါးမှတန်ပြန်တိုက်ခိုက်မှုကိုပါ ခံရပေမည်။

"ဒါက နဂါးချီ(လုံချီ)နယ်ပယ် အဆောင်စာရွက်လား...ဘာဖြစ်ဖြစ် ဒါရဲ့အရည်အသွေးက လျိုပေသုံးသွားတဲ့ လွတ်မြောက်အဆောင်ကိုမှီဖို့ အများကြီးလိုသေးတယ်...ဒီအဆောင်က လုံချီနယ်ပယ်ကို ရောက်ရှိပြီးသားသူလုပ်တာ ဖြစ်နိုင်တယ်"

လုယွီက ထိုအဆောင်စာရွက်အား လျှင်လျှင်မြန်မြန် ခွဲခြမ်းစိတ်ဖြာပြီးနောတ် သူကလှောင်ပြောင်ချင်ဟန်ဖြင့် နှုတ်ခမ်းတွန့်လိုက်သည်။

လုံချီနယ်ပယ်သည် အထက်ကောင်းကင်အဆင့်ဖြစ်သည်။ လုံချီနယ်ပယ်ရှိ လူတစ်ယောက်၏ကျန်းချီများသည် သူ၏ဒန်တျန်အတွင်းသိပ်သည်းသွားပြီး အဆုံးမရှိသော သမုဒ္ဒရာရှိလှိုင်းလုံးကြီးများကဲ့သို့ ပြင်းပြင်းထန်ထန်လှိုင်းထနေပေသည်။

ထိုနယ်ပယ်သို့ ရောက်ရှိသူသည် အသက်ရှုနေစဉ်တွင်ပင် ကျန်းချီများကြောင့် နဂါးတစ်ကောင်အသက်ရှုနေသကဲ့သို့ဖြစ်နေပြီး ခံညားထည်ဝါလှပေသည်။ ထို့ကြောင့် ဤနယ်ပယ်အား လုံချီနယ်ပယ်ဟုခေါ်ဆိုခြင်းဖြစ်သည်။

တာလျန့်နိုင်ငံတော်သည် သေမျိုးနိုင်ငံတစ်နိုင်ငံသာဖြစ်သည်။ တာလျန့်နိုင်ငံတော်တွင် လုံချီအဆင့်သို့ရောက်ရှိသည့် သူသည် မှော်ရတနာများကိုထိန်းချုပ်ပြီး ကောင်းကင်ကိုဖြတ်၍ပျံ့သန်းနိုင်ကာ လောကတစ်ခွင်သို့သွားလာနိုင်သည့် ဒဏ္ဏာရီလာအင်မော်တယ်တစ်ယောက်ဖြစ်သည်။

သို့ရာတွင် လုယွီ၏ယခင်ဘဝတွင်မူ လုံချီအဆင့်ဟူသည်မှာ သူ၏ရှေ့တွင်တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ဘူးသည့် အဆင့်နိမ့်တည်ရှိမှုပင်ဖြစ်သည်။

"ကျိုးပျက်စမ်း..."

လုယွီ၏လက်ချောင်းထိပ်မှနေ၍ အနက်ရောင်အခိုးအငွေ့ထွက်ပေါ်လာပြီး အဆောင်စာရွက်၏အားနည်းချက်စီသို့ တိုးဝင်သွားသည်။

ဖုန်း...

အဆောင်စာရွက်မှထွက်ပေါ်လာသည့် ရွှေရောင်အလင်းတန်းနှင့်လုယွီလက်ချောင်းမှ အနက်ရောင်အခိုးအငွေ့ဆုံတွေ့သွားပြီး အဆောင်စာရွက်တစ်ရွက်လုံး လောင်ကျွမ်းသွားသည်။ နောက်ဆုံး၌ ထိုစာရွက်သည် ပြာပုံတစ်ပုံအဖြစ်သို့ ပြောင်းလဲသွားလေ၏။

ဘုန်း...

လုယွီက တံခါးကိုကန်လိုက်ရာ ယခင်က အဆောင်စာရွက်၏ကာကွယ်မှုခံထားရသည့် သော့ခလောက်သည် ကန်ချက်တစ်ချက်တည်းဖြင့် ကျိုးပဲ့သွားတော့သည်။

သူ၏ရှေ့တွင် ကြီးမားသည့်ခန်းမတစ်ခု တည်ရှိနေသည်။ ခန်းမနံရံများအား ညလင်းပုလဲများတပ်ထားရာ နေရောင်ခြည်မဝင်ရောက်နိုင်သည်ကိုပင် နေ့အလင်းရောင်ကဲ့သို့ တစ်ခန်းလုံးလင်းထိန်နေသည်။

ခန်းမတစ်ခုလုံးတွင် မရေမတွက်နိုင်သည့် ဗီရိုများပြည့်နေသည်။ အပြာရောင်ကြွေထည်များ ကျောက်စိမ်းအသုံးအဆောင်ပစ္စည်းများနှင့် ကျောက်ဆစ်ရုပ်ထုများသည် ဗီရိုများပေါ်တွင် နေရာယူထားသည်။ ရွှေ ငွေ နှင့် ကျောက်သံပတ္တမြားများသည် တောင်ငယ်တစ်လုံးစာမျှ စုပုံနေသည်။

အတိတ်ကာလက ဝေဘုရင်သည် မြောက်များစွာသည့်ဆိုးသွမ်းမှုများကို ကျူ းလွန်ခဲ့ပြီး စည်းစိမ်ဥစ္စာများစုဆောင်းနိုင်ရန် နည်းလမ်းများစွာကိုအသုံးပြုခဲ့သည်။

အကယ်၍ တစ်စုံတစ်ယောက်ကသာ ဤပစ္စည်းများကိုတွေ့လျှင် အံ့အားသင့်သွားပေမည်။ သို့ရာတွင် လုယွီ၏စိတ်နှလုံးကိုမူ မည်သည့်တုန်ခါမှုမှ ဖြစ်ပေါ်သွားစေခြင်းမရှိချေ။

လုယွီက ထိုအဖိုးထိုက်တန်သည့်ရွှေ ငွေများကို တစ်ချက်မျှပင်စိုက်မကြည့်ဘဲ ခန်းမ၏အတွင်းဘက်စီသို့ လျှောက်လှမ်းသွားခဲ့သည်။

အဓိကခန်းမတွင်လည်း ဗီရိုအတန်းလိုက်ရှိနေ၏။ ဗီရိုအများစုသည် ဆေးပြားများနှင့်သံချပ်ကာများဖြင့် ပြည့်နှက်နေသည်။

ထိုပစ္စည်းများသည် စျေးကွက်အတွင်းတွင် ဝယ်ယူရန်ခက်ခဲသည့် ကောင်းမွန်သောအရာများဖြစ်သော်လည်း လုယွီက တစ်ချက်ပင်စောင်းငဲ့မကြည့်ချေ။

လုယွီ၏ အကြည့်သည် မီးခိုးရောင်အိတ်တစ်အိတ်ရှိနေသည့် ထောင့်တစ်ထောင့်မှ ဗီရိုပေါ်သို့ ကျရောက်သွားသည်။ ထိုအိတ်၏မျက်နှာပြင်တွင် ဖုန်မှုန့်များကထူထဲစွာရှိနေပြီး မည်သူကမျှ မထိတွေ့သည်မှာ အချိန်ကြာမြင့်နေပုံရသည်။

"ဒါက သိုလှောင်အိတ်ပဲ"

လုယွီက ခန်းမအတွင်းသို့ ဝင်ရောက်လာချိန်တွင် စိတ်ဝိညာဉ်စွမ်းအင် မတည်မငြိမ်တစ်ခုအား ခံစားမိခဲ့သည်။

သိုလှောင်အိတ်ဟူသည်မှာ ပစ္စည်းများထည့်သွင်းရန် နေရာလပ်ပါရှိသောအရာဖြစ်ပေ၏။

ရှီထျန်းနယ်ပယ်ကို ချိုးဖျက်ပြီး အစစ်အမှန်ကျင့်ကြံခြင်းလောကသို့ ခြေချနိုင်သူတစ်ယောက်သည် သာမာန်ထက်ထူးကဲသည့် လူတစ်ယောက်ဖြစ်သည်။ သို့ရာတွင် များစွာသောကျင့်ကြံသူများသည် ရှီထျန်းနယ်ပယ်၏အောက်တွင်သာရှိကြသည်။ ထိုသူများအတွက် သိုလှောင်အိတ်သည် အလွန်အဖိုးတန်ပေ၏။

လုယွီက သူ၏ယခင်ဘဝအား မှတ်မိနေဆဲဖြစ်သည်။ ယခင် သူ ရှီထျန်းနယ်ပယ်သို့ ရောက်ရှိစဉ်ကလည်း သိုလှောင်အိတ်တစ်အိတ်အတွက် တိုက်ခိုက်ခဲ့ဖူးသည်။

ပြန်တွေးကြည့်လျှင် သူ၏ပြင်းထန်လှသည့်စွမ်းအားကိုအသုံးပြု၍ သူ၏ရှေ့တွင်သွေးစီးကြောင်းများ ဖြစ်ပေါ်စေခြင်းသည် ထိုသိုလှောင်အိတ်အားရရှိရန်အတွက်ဖြစ်သည်။ ယခုဘဝတွင် သူက မျှော်လင့်မထားဘဲ သိုလှောင်အိတ်တစိအိတ်အား လွယ်လွယ်ကူကူရရှိခဲ့သည်။

"ဝေဘုရင်ရဲ့စွမ်းအားကနည်းပါပြီး အမြင်ကျဉ်းမြောင်းတယ်...ဒါကြောင့် သူက ဒါကို တန်ဖိုးကြီးတဲ့အရာမှန်းမသိတာနေမယ်...ဒီလောတ် ကောင်းတဲ့ပစ္စည်းကို ဖုန်တတ်ခံတာ တော်တော်ဆိုးတာပဲ"

လုယွီက သက်ပြင်းချလိုက်သည်။

ယခုလက်ရှိ သူ၏အဆင့်ဖြင့် အဆင့်မြင့်မှော်ရတနာများနှင့်စိတ်ဝိညာဉ်ပစ္စည်းများအား အသုံးပြုရန် အလွန်ခက်ခဲပေမည်။

လက်ရှိတွင် ဤကဲ့သို့သော အခြေခံမှော်ပစ္စည်းကသာ သူအလိုအပ်ဆုံးအရာဖြစ်သည်။

Chapter 17

လုယွီက သိုလှောင်အိတ်အား ကောက်ယူပြီး ဂရုတစိုက်စစ်ဆေးလိုက်သည်။ သိုလှောင်အိတ်ပေါ်တွင် တံဆိပ်ခတ်နှိပ်ထားသောလည်း အမှတ်အသားက မှိန်ဖျော့နေ၏။ ထို့ကြောင့် ဤတံဆိပ်အားခတ်နှိပ်ထားသူသည် လောကကြီးအတွင်းမှ စွန့်ခွာသွားပြီဖြစ်ကြောင်း လုယွီသိလိုက်ရသည်။

ကြည့်ရပုံမှာ ဤသို့သောအရာမျိုးကို ဝေဘုရင်သည် ကံကောင်းခြင်းကြောင့်သာ ရရှိခြင်းဖြစ်မည်။ သို့ရာတွင် သူက မည်သို့အသုံးပြုရမည်ကို မသိသဖြင့် ကြုံရာပစ်ထည့်ထားခြင်းဖြစ်ပေမည်။

"ဒီ သိုလှောင်အိတ်ရဲ့ပိုင်ရှင်က သေဆုံးပြီးသွားတာတောင် ဘာလို့ အထဲကအရာတွေကိုကြည့်လို့မရတာလဲ"

အတွေးတစ်စနှင့်အတူ လုယွီက သိုလှောင်အိတ်အတွင်းသို့ ကျန်းချီများထည့်သွင်းလိုက်သည်။

တခဏတာအချိန်အတွင်း၌ပင် အိတ်၏အပြင်ဘက်ရှိ ဖုန်မှုန့်များ သူ့အလိုလိုလွင့်စင်သွားပြီး မူလရိုးရှင်းသောအသွင် ပေါ်လာခဲ့သည်။

တခြားတစ်ဖက်မှ လုယွီကတော့ မည်သည့်ခံစားချက်မျိုးမျှမရရှိချေ။ ယေဘုယျအားဖြင့် သိုလှောင်အိတ်များသည် တခြားအိတ်များနှင့်ပုံပန်းအတူတူဖြစ်ပြီး လူအများသိရှိနိုင်ရန် သဲလွန်စမရှိပေ။

အရူးတစ်ယောက်သာလျှင် တခြားသူများလုယူရန်ဆန္ဒဖြစ်စေမည့် တောက်ပသည့်သိုလှောင်အိတ်ကို သူ၏ခါးတွင် ချိတ်ဆွဲပေမည်။

လုယွီက သူ၏စိတ်ဝိညာဉ်စွမ်းအင်ကို သိုလှောင်အိတ်အတွင်း ထည့်သွင်းလိုက်ရာ ချက်ချင်းဆိုသလိုပင် အတွင်းရှိမြင်ကွင်းအားမြင်လိုက်ရသည်။

"ဒါက အမှန်တကယ်ကို ကမ္ဘာငယ်လေးတစ်ခုပဲ...ဒါကို သိုလှောင်အိတ်အဖြစ်အသွင်ပြောင်းလိုက်မယ်လို့ ငါ တစ်ခါမှ မမျှော်လင့်မိဘူး"

သိုလှောင်အိတ်အတွင်းရှိ မြင်ကွင်းကိုမြင်တွေ့ရသောအခါ လုယွီတိတ်တဆိတ် တုန်လှုပ်သွားသည်။

အဆင့်နိမ့်သိုလှောင်တစ်အိတ်သည် အိမ်တစ်လုံးစာနေရာလပ်ပါရှိသည်။ အလယ်အလတ်အဆင့် သိုလှောင်အိတ်သည် ခြံဝန်းတစ်ဝန်းစာအရွယ်အစား နေရာလပ်ရှိသည်။ အဆင့်မြင့်အဆင့် သိုလှောင်အိတ်မှာမူ ၎င်း၏အချင်းမှာ မူ ထောင်ပေါင်းများစွာ ကျယ်ဝန်းပြီး အလွန်အမင်းကျယ်ပြန့်လေ၏။

သို့ရာတွင် သိုလှောင်အိတ်ဟူသည် သက်မဲ့အရာဝတ္ထုများကိုသာ ထည့်သွင်းနိုင်ပြီး မည်သည့် သက်ရှိအရာမျှ ဝင်ရောက်နိုင်ခြင်းမရှိချေ။

တချို့သော စွမ်းအားကောင်းသည့် စိတ်ဝိညာဉ်ဖြင့်ဆက်သွယ်ခြင်း မှော်ပစ္စည်းများသာလျှင် မြို့တစ်မြို့ သို့မဟုတ်နိုင်ငံတစ်နိုင်ငံကို ထည့်သွင်းနိုင်သည့် ကမ္ဘာငယ်လေး ပါရှိသည်။

လုယွီ၏ယခင်ဘဝတွင် "ကောင်းကင်ဘုံမျှော်စင်"ဟု ခေါ်သည့်ရတနာတစ်ခု ပိုင်ဆိုင်သည်။ ထိုမျှော်စင်သည် အထပ်ကိုးထပ်ရှိပြီး တစ်ထပ်စီတိုင်းတွင် ကမ္ဘာတစ်ခုပါဝင်သည်။ ထိုမျှော်စင်အတွင်းနေထိုင်သည့် သက်ရှိအားလုံသည် လုယွီချမှတ်သော စည်းမျဉ်းများကို လိုက်နာရသည်။

ယခု လုယွီ၏ရှေ့တွင် ကမ္ဘာငယ်လေးတစ်ခုပါဝင်သည့် မှော်ပစ္စည်းတစ်ခုရှိနေသည်။ သို့ရာတွင် ထိုမှော်ရတနာက ၎င်းကို၎င်း သိုလှောင်အိတ်အဖြစ် အသွင်ယူထားသည်။

ကမ္ဘာငယ်လေးအား ကြည့်ရှုရသည်မှာ ပြင်းထန်သောထိခိုက်မှုခံစားခဲ့ရပုံပေါ်နေသည်။ တောင်တန်းများ၏ထိပ်ဖျားများမှသာ ခပ်မှိတ်မှိန်အလင်းတန်းများထွက်ပေါ်နေပြီး ကျန်ရှိသောနေရာများသည် မြူ များအုပ်ဆိုင်းနေသည်။

ကောင်းကင်ယံမှ အနက်ရောင်တိမ်လိပ်များသည်လည်း တလိမ့်လိမ့်ထိုးတက်နေလေ၏။

"ကွက်လပ် အက်ကွဲကြောင်းတစ်ကြောင်း...ဟွန့်...ကြည့်ရတာတော့ ဒီမှော်ရတနာက လက်ရှိပုံစံမရောက်ခင် ကြီးမားတဲ့ရိုက်ခတ်မှု ခံခဲ့ရပုံပေါ်တယ်"

လုယွီက သူ၏ကျန်းချီကို ဝိုးတိုးဝါးတားဖြစ်နေသည့် မူလဘူတပရမ်းပတာမြူ များအတွင်းသို့ ပို့လွှက်ကြည့်ရာ သဲလွန်စမကျန်ဘဲ ဝါးမြိုခံလိုက်ရသည်။

လုယွီ၏ ဘေးပတ်ဝန်းကျင်သည် ပြင်းထန်သော လေပြင်းများတိုက်ခတ်နေပြီး လုယွီ၏အသိစိတ်မှတောင်ပေါ်သို့ တတ်စေခဲ့သည်။

ထိုတောင်သည် မြင့်မားပြီး ခမ်းနားလှ၏။ များစွာသောတောင်ထိပ်များပေါ်တွင် ရှေးဟောင်းအဆောက်အအုံများရှိနေသည်။

ထိုနေရာတွင် ဘုရားစေတီများနှင့်ပြခန်းများ မြောက်များစွာ ရှိနေသော်လည်း ကြည့်ရာသည်မှာ သက်ရှိနှင့်တူသည့်အရာမရှိချေ။

"ဒီ ကမ္ဘာငယ်လေးထဲမှာ သက်ရှိသတ္တဝါတွေမရှိဘူး...ဒါပေမယ့် ဒါကပုံမှန်ပါပဲ...ဒီနေရာမှာ သာမာန်စိတ်ဝိညာဉ်စွမ်းအင်တောင်မှမရှိတာ...တကယ်လို့ ဝိညာဉ်စွမ်းအင်ရှိတယ်ဆိုရင်တောင် သက်ရှိသတ္တဝါမရှိမှာ ငါ စိုးရိမ်မိတယ်"

လုယွီ၏စိတ်ဝိညာဉ်အာရုံသည် တောင်တံခါးဝရှိ ကြီးမားသည့် တံခါးကြီးပေါ်သို့ ကျရောက်သွားသည်။ တံခါးကြီးသည် အမှိုက်တစ်ပုံအတွင်းသို့ စိုက်ဝင်နေသည်။ သို့သော် ၎င်းက ကြံ့ကြံ့ခံရပ်နေဆဲဖြစ်ပြီး တစ်စုံတစ်ယောက်မှကြည့်လျှင် ထိုတံခါး၏ခမ်းနားထည်ဝါမှုအားမြင်နိုင်၏။

အမှိုက်ပုံ၏ထိပ်တွင် ဖုန်မှုန့်များဖုံးလွှမ်းနေသည့် တံခါးမော်ကွန်းပြားတစ်ခုရှိသည်။

လုယွီက ဖုန်မှုန့်များကို မှုတ်လိုက်ရာ'မဟာကောင်းကင်ဘုံဂိုဏ်း'ဟူသော စကားလုံးထွက်ပေါ်လာသည်။ မော်ကွန်းပြားပေါ်မှစာလုံးများသည် တောက်ပမှုလျော့နည်းသွားပြီဖြစ်သော်လည်း ၎င်းတို့ထံမှ ခြယ်လှယ်နိုင်သည့်အော်ရာကို လုယွီခံစားနိုင်ဆဲဖြစ်သည်။

လုယွီက သူကိုယ်သူ တခဏတာမျှ ရေရွတ်ပြောဆိုမိပြီးနောက် သူ၏အကြည့်သည် တံခါးရှေ့ရှိ ကျောက်ခြသေ့င်္ရုပ်ထုပေါ်သို့ ကျရောက်သွားသည်။

ထိုကျောက်ခြသေ့င်္ရုပ်ထုသည် ယခုနေရာ၌ ခြေရာလက်ရာမပျက်ရှိနေသော တစ်ခုတည်းသောအရာနှင့်တူလေသည်။ ကျောက်ခြသေ့င်္၏အောက်ခြေတွင် လုယွီက စာတန်းများအား တွေ့ရှိလိုက်သည်။

"ငါက ပိုင်တိုကောင်းကင်ဘုံကျောင်းရဲ့ တိုက်ရိုက်တပည့် သီရွှင်း ပါ....ငါတို့ဂိုဏ်းကို ရန်သူတွေရောက်လာပြီးတော့ ဂိုဏ်းပျက်စီးခဲ့ရတယ်...ပြီးတော့ ငါရဲ့ဆရာသခင်က ဂိုဏ်းရဲ့အခြေစိုက်စခန်းကို မဟာတောင်တန်းစီကို ရွှေ့ဖို့ အမိန့်ပေးခဲ့တယ်...ငါ မျှော်လင့်မိတာက အနာဂတ်မှာ ငါတို့ရဲ့ဂိုဏ်း တစ်ခါပြန်မြင့်တတ်လမယ်လို့ပဲ"

"အကူအညီကင်းမဲ့စွာနဲ့ ငါက ဓားပြတွေရဲ့ ချုံခိုတိုက်ခိုက်ခြင်းကိုခံရပြီး ငါရဲ့ ရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာတွေအားလုံး မောပန်းနွမ်းနယ်နေခဲ့ပြီ....မကြာခင်သေဆုံးရတော့မယ့်ငါက ငါတို့ ပိုင်တို ကောင်းကင်ဘုံဂိုဏ်းရဲ့ အရင်က ဂုဏ်ကျက်သရေကို မထိန်းသိမ်းနိုင်ခဲ့ဘူး"

"ဘယ်လောတ်ထိ သနားစရာကောင်းလိုက်သလဲ..ဘယ်လောက်ထိသနားစရာကောင်းလိုက်သလဲ"

Chapter 18

"မဟာတောင်တန်းအတွင်းမှာ မရေမတွက်နိုင်တဲ့ ကျင့်ကြံနည်းစာအုပ်တွေ...အံ့အားသင့်စရာဆေးဝါးတွေနဲ့ မှော်ရတနာတွေရှိတယ်"

"ဂိုဏ်းရဲ့ ပင်မခန်းမမှာ နတ်ဘုရားသစ်ပင်တစ်ပင်ရှိတယ်...အဲ့ဒီအပင်က နှစ်တစ်ရာတိုင်းမှာ ကြက်သွေးရောင်အသီးတစ်လုံးသီးတယ်....အဲ့ဒီ အသီးကို စားသုံးလိုက်တဲ့ လူတစ်ယောက်ရဲ့ကျင့်ကြံမှုအဆင့်က အမြောက်အများမြင့်တက်လာလိမ့်မယ်"

"ဒါပြင် နတ်ဘုရားသစ်ပင်ရဲ့ ဘေးဘက်မှာ နတ်ဘုရားရေကန်တစ်ခုရှိတယ်....အဲ့ဒီအထဲကို ဝင်ရောက်တဲ့သူဟာ ခန္ဓာကိုယ်က မသန့်စင်မှုတွေကို ဖယ်ရှားပေးနိုင်ပြီး ခန္ဓာကိုယ်ကိုမွမ်းမံပေးတယ်"

"ပိုင်တို တောင်ရဲ့နောက်ဘက်မှာ စေတီတစ်ဆူရှိတယ်....အဲ့ဒီစေတီအတွင်းမှာ ကျင့်ကြံ့မယ်ဆိုရင် စိတ်ဝိညာဉ်စွမ်းအင်စုပ်ယူမှုအရှိန်ကို မြင့်မားစေမယ်....လူတစ်ယောက်က တစ်ဝက်လောက်ကြိုးစားအားထုတ်တာနဲ့ ရလဒ်နှစ်ဆရရှိလိမ့်မယ်"

"ဂိုဏ်းရဲ့ လက်နက်တိုက်နဲ့ဆေးဝါးခန်းမက အကောင်းပကတိရှိနေဆဲဖြစ်ပေမယ့် တစ်ချို့နေရာတွေက အပြင်းအထန်ထိခိုက်ခံထားရတယ်...ပါဝင်ပစ္စည်းတွေကတော့ အခုချိန်ဆို ဖုန်မှုန့်အဖြစ် ပြောင်းသွားနိုင်တယ်"

"ငါရဲ့ဘဝသက်တမ်းက ကုန်ဆုံးတော့မယ် ပြီးတော့ ဒီပစ္စည်းကိုရရှိတဲ့ ဘယ်သူမဆို မဟာတာအိုဂိုဏ်းကို အမြစ်ပြတ်သုတ်သင်ဖို့အခွင့်အရေးရမယ်ဆိုရင် ငါတို့အတွက် လက်စားချေပေးပါ"

ဝှစ်

လုယွီက စာတန်းကိုပြီးဆုံးသည်အထိ ဖတ်ပြီးသည်နှင့် ရုတ်တရက် အနီရောင်အလင်းတန်းက လုယွီထံသို့ ပျံသန်းလာသည်။

ယခုအချိန်တွင် လုယွီက စိတ်ဝိညာဉ်ဖြင့် အာရုံခံနေသည့်အခြေအနေသို့ ရောက်ရှိနေရာ သူ၏ခန္ဓာကိုယ်ကိုအသုံးပြု၍ ထိုအနီရောင်အလင်းတန်းအားရှောင်ရှားရန် မည်သည့်နည်းလမ်းမျှ မရှိပေ။

"ကျိန်စာလား"

လုယွီက လှောင်ပြောင်သရော်ရင်းသာ သူ၏စိတ်ဝိညာဉ်အာရုံခံစားမှုမှနေ၍ ရုတ်တရက် စွမ်းအားပြင်းသည့် အားတစ်ခု ထုတ်လွှတ်လိုက်သည်။

ဖုန်း...

အနီရောင်အလင်းတန်းနှင့်လုယွီ၏စွမ်းအားတို့ ဆုံတွေ့မိချိန်တွင် ရေလွှမ်းမိုးခြင်းခံရသော မီးတောက်ငယ်လေးကဲ့သို့ အလင်းတန်းသည် အစအနမကျန်ရှိဘဲ ပျောက်ကွယ်သွားသည်။

"ကြည့်ရတာတော့ ဒါက နောက်ထပ် လူတစ်ယောက်ထင်တယ်....တကယ်လို့ သူတို့က သင့်တော်တဲ့အခွင့်အရေးရရှိပြီး ပိုင်တိုကောင်းကင်ဘုံဂိုဏ်းအတွက်သာ လက်စားမချေနိုင်ဘူးဆိုရင် လက်တုံပြန်တဲ့အနေနဲ့ သေခြင်းတရားကို ကျိန်ဆဲနေကြမှာပဲ"

လုယွီ၏အမူအယာသည် အလွန်အေးဆေးတည်ငြိမ်နေလေ၏။

သူ၏ယခင်ဘဝတွင် တာအိုသခင်အဆင့်သို့ ရောက်ရှိရန်အတွက် မြောက်များစွာသောကိစ္စရပ်များ ဖြစ်ပွားခဲ့သည်။ တစ်ချို့လူများက သူတို့၏ဘဝကိုပြောင်းလဲနိုင်ရန် ကံကြမ္မာအရတွ့ဆုံခြင်းအပေါ် မှီခိုခဲ့သည်။ သို့ရာတွင် ထိုကံကြမ္မာအရတွ့ဆုံခြင်းကြောင့် သေဆုံးရသည့် လူမြောက်များစွာရှိသည်။ မိုးကောင်းကင်မှကျလာသည့်ဘုံဗိမာန်ကဲ့သို့ အဆင်သင့်ဟူသောကိစ္စရပ်မျိုးမှာ မရှိနိုင်ချေ။

ထိုအနီရောင်အလင်းတန်းက ကမ္ဘာငယ်လေး၏အရှင်သခင် ချန်ထားရစ်ခဲ့သည့် နောက်ဆုံးကျိန်စာဖြစ်မည်မှာ ထင်ရှားပေသည်။ ကံဆိုးစွာဖြင့် ထိုကျိန်စာသည် လုယွီနှင့် တွေ့ဆုံရလေ၏။

လုယွီက သူ၏ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်နှင့်အပြည့်အဝချည်နှောင်နိုင်ခြင်းမရှိသည့်အပြင် သူ၏နတ်ဘုရားအာရုံသည် အထွက်အထိပ်ရောက်ရှိစဉ်က၏ဆယ်ပုံတစ်ပုံပင် မရှိသေးသော်လည်း ၎င်းက တာအိုသခင်၏စိတ်ဝိညာဉ်ဖြစ်နေဆဲဖြစ်သည်။ ဤသေးငယ်သောကျိန်စာမျိုးသည် လုယွီအားထိခိုက်စေရန် စွမ်းဆောင်နိုင်ခြင်းမရှိချေ။

"နှစ်ပေါင်းထောင်ချီ သက်တမ်းရှိတဲ့ နတ်ဘုရားသစ်ပင် ဒီနေရာမှာရှိတယ်လို့ပြောတယ်...အဲ့ဒီကိုအရင်သွားကြည့်ရမယ်"

လုယွီက အတွေးတစ်ချက်ဖြင့်ပင် ချက်ချင်း ဂိုဏ်းအတွင်းရှိ ပင်မခန်းမတွင် ထွက်ပေါ်လာသည်။

ဂိုဏ်း၏ပင်မခန်းမသည် ယိုယွင်းပျက်စီးနေသည့်အခြေအနေတွင်ရှိနေပြီး မြင့်မားသည့် ဘိုးဘေးနတ်ဘုရားရုပ်ထုပင်လျှင် အပိုင်းပိုင်းအစစ ကျိုးပဲ့နေသည်။

လုယွီက နောက်သို့လှည့်ပတ်လျှောက်လိုက်ရာ နတ်ဘုရားသစ်ပင်အား မြင်ရတော့၏။

အချိန်မည်မျှ ကြာညောင်းသွားပြီအား မသိရှိနိုင်သော်လည်း နတ်ဘုရားသစ်ပင်တွင် တောက်ပသည့်ကြက်သွေးရောင်အသီးများအပြည့်ဖြင့် ဖုံးလွှမ်းနေသည်။ သစ်ပင်၏ဘေးပတ်ဝန်းကျင်တွင် စိတ်ဝိညာဉ်စွမ်းအင်များ သိပ်သည်းစွာပြည့်နှက်နေလေသည်။

နတ်ဘုရားရေကန်အတွင်း၌ စိတ်ဝိညာဉ်စွမ်းအင် အမြောက်အများ မရှိတော့သော်လည်း ဤနေရာတွင် စိတ်ဝိညာဉ်စမ်းရေတွင်းတစ်ခုရှိနေသည်။

လုယွီက ဆေးဝါးခန်းမစီသို့ သွားလိုက်သည်။ ကံဆိုးစွာဖြင့် ခန်းမ၏ထောင့်တစ်ထောင့်သည် ဖျတ်ဆီးခြင်းခံထားရပြီး မြောက်များစွာသောအသက်ရှည်ဆေးများသည် ပြာအဖြစ်သို့ ပြောင်းလဲသွားပြီဖြစ်၏။

သို့ရာတွင် လုယွီက ဆေးဝါးခန်းမ၏နောက်ဘက်တွင် ဆေးပင်စိုက်ခင်းတစ်ခင်းရှိနေသည်အား တွေ့ရှိရသည်။ ဆေးပင်စိုက်ခင်းအတွင်းရှိ ဆေးဖက်ဝင်အပင်မျာူသည် ဤနေရာအတွင်း စိတ်ဝိညာဉ်စွမ်းအင် ကင်းမဲ့နေမှုကြောင့် ကြီးထွားမှုရပ်တန့်နေခဲ့သည်။ မည်သို့ပင်ဖြစ်စေ ဤကမ္ဘာငယ်လေးကို ပြန်လည်တည်ဆောက်ပြီး စိတ်ဝိညာဉ်စွမ်းအင်ကို ပြန်လည်ထည့်သွင်းပေးနိုင်လျှင် ထိုဆေးပင်များ ဆက်လက်ကြီးထွားနိုင်ပေမည်။

နတ်ဘုရားလက်နက်သိုလှောင်ရုံအား သင်္ကေတအဆောင်များဖြင့် ကာကွယ်ထားသည်။ ထို့ပြင် အချိန်ကြာညောင်းသည်က ထိုလက်နက်များအပေါ် များစွာအကျိုသက်ရောက်ခြင်းမရှိပုံရပြီး ချွန်ထက်နေဆဲဖြစ်သည်။

လုယွီက ၎င်းတို့အား အနည်းငယ်လှည့်ပတ်ကြည့်ရှုလိုက်ရာ လက်နက်အများစုသည် သာမာန်မှော်ပစ္စည်းများဖြစ်သည်ကို နားလည်လိုက်သဖြင့် သူက ဆက်လက်ကြည့်ရှုခြင်းမရှိတော့ပေ။

ဆေးဝါးခန်းမနှင့်လက်နက်တိုက်အပြင် ကျင့်ကြံမှုအရှိန်မြှင့်ပေးနိုင်သည့် မျှော်စင်သည်လည်း ပတ်ဝန်းကျင်၌စိတ်ဝိညာဉ်စွမ်းအင်ချို့တဲ့မှုကြောင့် စွန့်ပစ်နေရာတစ်ခုအဖြစ်သာကျန်ရှိတော့သည်။

တခြားနေရာများမှာမူ အများစုသည် မြေကြီးအတွင်းနစ်မြုပ်နေသော်လည်း ဤကမ္ဘာငယ်ကိုသာ ပြန်လည်ပြုပြင်နိုင်မည်ဆိုလျှင် အရာရာတိုင်းအား ပုံမှန်ပြန်ဖြစ်စေရန် လုပ်ဆောင်နိုင်ပေမည်။

လုယွီက သက်ပြင်းတစ်ချက်ချပြီး သူ၏စိတ်ဝိညာဉ်စွမ်းအင်အား ကမ္ဘာငယ်အတွင်းသို့ ထည့်သွင်းလိုက်သည်။

"ငါရဲ့ကံက တော်တော်ကောင်းတာပဲ...ငါမှာ လုံလောတ်တဲ့ပစ္စည်းတွေသာရှိမယ်ဆိုရင် ဒီကမ္ဘာငယ်လေးကို ပြုပြင်ဖို့ဆိုတာ ပြဿ နာတစ်ရပ်မဟုတ်ဘူး"

လုယွီက တီးတိုးရေရွတ်လိုက်၏။

ဖုန်း...

ရုတ်တရက် သိုလှောင်အိတ်ပေါ်ရှိ ယခင်ပိုင်ရှင်၏မှိန်ဖျော့ဖျော့အမှတ်အသား ပျက်စီးသွားပြီး ဖွဲ့စည်းပုံပေါ်၌ နဂါးနက်အမှတ်အသား အစားထိုးနေရာယူသွားခဲ့သည်။

ယခုအချိန်မှစ၍ ဤကမ္ဘာငယ်သည် လုယွီ၏ပိုင်ဆိုင်မှု ဖြစ်သွားပြီဖြစ်၏။

Chapter 19

အမှန်တစ်ကယ်ကိုပင် ဤကမ္ဘာငယ်လေးသည် ထိခိုက်ပျက်စီးနေသော အနေအထားတွင်ရှိနေဆဲဖြစ်သော်လည်း အတွင်း၌သိုလှောင်ထားသည့်ပစ္စည်းများသည် သိုလှောင်အိတ်တစ်အိတ်ထက် အဆပေါင်းမရေမတွက်နိုင်အောင် တန်ဖိုးကြီးပေသည်။

လုယွီက သူ၏စိတ်အာရုံကိုအသုံးပြု၍ ပိုင်တိုကောင်းကင်ဘုံဂိုဏ်းရှိ ခန်းမများအနက်မှတစ်ခုအတွင်းရှိ ကျိုးပဲ့ပျက်စီးနေသည့် အရာအားလုံးကို ဖယ်ထုတ်လိုက်သည်။ ၎င်းခန်းမအား သူ၏ကျင့်ကြံမှုခန်းမအဖြစ် အသုံးပြုပေမည်။

"ဝေဘုရင်က သေပြီဖြစ်တာမို့ ငါက ဒီအရာတွေကို ဘာလို့ယူမသွားရမှာလဲ"

လုယွီ၏ အတွေးတစ်ချက်နှင့်အတူ အားကောင်းသည့်စုပ်ယူအားတစ်ခုက သိုလှောင်အိတ်အတွင်းမှထွက်ပေါ်လာသည်။ ထို့နောက် ဝေဘုရင်၏လှို့ဝှက်နေရာမှ ဆေးဝါးများနှင့်လက်နက်များအားလုံးသည် လုယွီ၏သိုလှောင်အိတ်အတွင်းသို့ ရောက်ရှိသွားတော့သည်။

ထို ဆေးဝါးများနှင့်လက်နက်အများစုသည် သာမာန်အရည်အသွေးသာရှိ၏။ လုယွီအတွက်ကမူ ထိုအရာများသည် သူ၏အာရုံအား ဆွဲဆောင်နိုင်ခြင်းမရှိချေ။

သို့ရာတွင် ဤအရာများကို လူသူစုဆောင်းရန်အတွက် အသုံးပြုလျှင် အလွန်အသုံးဝင်ပေမည်။

ယခု လုယွီ၌ ပိုင်တိုကောင်းကင်ဘုံဂိုဏ်းမှ ချန်ထားခဲ့သည့် ပျက်စီးနေသည့်ကမ္ဘာငယ်လေးတစ်ခု ပိုင်ဆိုင်ထားလေသည်။ သို့ရာတွင် ထိုအကြောင်းများကို တခဏတာမျှသာ တွေးတောပြီးနောတ် လုယွီက သူ၏စဉ်းစားနေခြင်းများအား ရပ်တန့်လိုက်သည်။

ဂိုဏ်းတစ်ခုအား တည်ထောင်နိုင်ရန်မှာ သူ လျှောက်လှမ်းရမည့် ခရီးအရှည်ကြီးဖြစ်သည်။

လုယွီက လှိုဏ်ခေါင်းမှထွက်လာပြီးနောက် ပြင်ပတွင်စောင့်နေဆဲဖြစ်သော မိန်းမပျိုများအား ပြောကြားလိုက်သည်။

"လှိုဏ်ခေါင်းအတွင်းဘက်မှာ ရွှေ ငွေတွေအများကြီးရှိတယ်...မင်းတို့အားလုံး ခွဲဝေယူကြ...ဒါက မင်းတို့ရဲ့အနာဂတ်အတွက် တစ်ယောက်ယောက်ကိုမှီခိုနေရတာထက် ပိုကောင်းလိမ့်မယ်"

ဝေဘုရင်၏ရတနာသိုက်အတွင်းမှ လုယွီက ရွှေ ငွေ ကျောက်သံပတ္တမြားများအား ယူဆောင်ခဲ့ခြင်းမရှိပေ။

အရာအားလုံးပြီးဆုံးသွားသည်နှင့် လုယွီက သူ၏ယခင်ဘဝလမ်းကြောင်းသို့ ရောက်ရှိရန် ပြန်လည်တည်ဆောက်ရပေမည်။ အကယ်၍ သူက ရှီထျန်းနယ်ပယ်ကိုချိုးဖျက်နိုင်သည်နှင့် သာမာန်စည်းစိမ်ဥစ္စာများသည် သူအတွက်အသုံးမဝင်တော့သည်အား ကောင်းစွာသိရှိထားသည်။

ဥပမာအနေဖြင့် အကယ်၍ လူတစ်ယောက်သည် သေမျိုးနိုင်ငံအတွင်းရှိနေလျှင် ကောင်းကင်ဘုံမှရတနာများသည် သူတို့အတွက် အသုံးမဝင်နိုင်ချေ။

မည်သို့ပင်ဆိုစေကာမူ ဝေဘုရင်စုဆောင်းထားသည့် ရတနာများသည် မိန်းမပျိုအားလုံး၏ ကျန်ရှိနေသောဘဝသက်တမ်းအား စိုးရိမ်ကြောင့်ကြမှုမရှိ နေထိုင်နိုင်စေရန် လုံလောတ်ပေသည်။

"သခင်လေး....ကျွန်မ ရှင်ရဲ့ကြင်နာမှုကို ဘယ်တော့မှ မေ့တော့မှာမဟုတ်ဘူး...အနာဂတ်မှာ ရှင်အတွက်ပြန်ပေးဆပ်နိုင်အောင် ရှင်ရဲ့မြင့်မြတ်တဲ့နာမည်ကို ကျွန်မတို့ကို သိခွင့်ပြုနိုင်မယ်လို့ မျှော်လင့်မိတယ်"

မိန်းမပျိုများမှ လုယွီအား နူးညံသိမ်မွေ့စွာဖြင့် စကားဆိုလာကြ၏။

လုယွီက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

"ငါအတွက် မင်းတို့ဘာမှ ပြန်ပေးဆပ်ဖို့မလိုဘူး...မင်းတို့ရဲ့ကျန်ရှိတဲ့ဘဝသက်တမ်းမှာသာ အကောင်းဆုံးဖြစ်အောင်နေကြ"

ထိုစကားပြောပြီးသည်နှင့် မိန်းမပျိုများ၏အကြည့်များအောက်မှ လုယွီသည် လုလမ်ရွှမ်းအား ချီမ၍ တံခါးအပြင်ဘက်သို့ လျှောက်လှမ်းသွားတော့သည်။

"တကယ်လို့ တစ်ယောက်ယောက်က ဒီနေရာကို ထိုးဖောက်ဝင်ရောက်ပြီး ငါကိုကယ်တင်မယ်ဆိုရင်...ငါရဲ့ ကိုယ်ခန္ဓာနဲ့ပြန်ပေးဆပ်မယ်လို့ စဉ်းစားထားခဲ့တာ"

"အဲ့ဒီအကြောင်း တွေးတောင်မတွေးနဲ့...ဝေဘုရင်ရဲ့အိမ်တော်ကို ထိုးဖောက်ပြီး လူကယ်တဲ့သူက အထွက်အထိပ်ကျွမ်းကျင်ပညာရှင်ပဲ ဖြစ်နိုင်တယ်...သူက ငါတို့လို သာမာန်လူတွေကို ဘယ်လိုလုပ်နှစ်သက်မှာလဲ"

သို့ရာတွင် ထိုမိန်းမပျိုများ၏စကားများအား လုယွီမကြားတော့ပေ။ သူက လုလမ်ရွှမ်းကို နောက်ကျောတွင်သယ်ဆောင်ပြီး အခန်းပြင်ပသို့ ထွက်ခွာလိုက်သည်။

လွတ်မြောက်သွားကြသော ဝေဘုရင်၏အပေါင်းအပါများသည် နောက်ဆုံး၌ အိမ်တော်မှအစောင့်တစ်သိုက်အားစုစည်း၍ လုယွီအား စောင့်နေကြသည်။ သို့ရာတွင် သူတို့က လုယွီအားအမှန်တကယ် မြင်လိုက်သည့်အခါတွင် သူတို့၏ခြေထောက်များ တုန်ယင်နေပြီး လာရောက်တိုက်ခိုက်ဝံ့ခြင်းမရှိချေ။

လုယွီက သူတို့အား အေးစက်စက်ကြည့်ပြီး အော်ဟစ်လိုက်သည်။

"ထွက်သွားကြစမ်း..."

တာအိုသခင်၏စိတ်ဝိညာဉ် အော်ရာပါရှိသော လုယွီ၏အသံသည် ထိုလူအုပ်စုအား ချက်ချင်း လွှမ်းခြုံသွားခဲ့သည်။

ယခင်က လုယွီ၏စွမ်းရည်များကို မြင်ပြီးဖြစ်သော ဝေဘုရင်၏အပေါင်းအပါတစ်သိုက်သည် အလွန်ထိတ်လန့်သွားပြီး သူတို့၏ဦးခေါင်းများကိုလက်များဖြင့်ကာကွယ်ရင်း အလျင်စလိုထွက်ပြေးကြတော့သည်။

ကျန်ရှိနေသည့်အစောင့်များမှာမူ သူတို့က ကြမ်းကြမ်းတမ်းတမ်းကိုယ်ခံပညာရှင်အဆင့်သာရှိသည်။ လုယွီ၏ ထည်ဝါသည့်အော်ရာအား မြင်တွေ့ပြီးနောက် သူအားဟန့်တားဝံ့ခြင်းမရှိဘဲ လမ်းကြောင်းဖွင့်ပေးလိုက်သည်။

လုယွီက လုလမ်ရွှမ်းအား နောက်ကျောပိုး၍ ဝေဘုရင်အိမ်တော်မှ ထွက်ခွာလိုက်သည်။

လမ်းတလျှောက်လုံးတွင် လုလမ်ရွှမ်းက မည်သည့်စကားမျှဆိုခြင်းမရှိပေ။ သူတို့နှစ်ယောက် ယုံဖျင်အိမ်တော်တံခါးဝသို့ ရောက်ရှိသည်နှင့် တံခါးဘေးတွင် စိုးရိမ်တကြီးစောင့်ဆိုင်းနေသည့် သခင်မကြီးယွီရုံအား မြင်တွေ့လိုက်ရသည်။

"ယွီအာ....ရွှမ်းအာ..."

လုယွီနှင့်လုလမ်ရွှမ်းတို့နှစ်ယောက် ဘေးကင်းစွာပြန်လာကြသည်ကိုကြည့်ပြီး စိတ်လှုပ်ရှားလွန်းသဖြင့် သခင်မကြီးယွီရုံ သူမကိုယ်သူမ မထိန်းချုပ်နိုင်တော့ဘဲ မျက်ရည်များစီးကျလာသည်။

သို့ရာတွင် ရုတ်တရက် အမြဲတစေရဲရင့်နေသော သူမ၏သမီးဖြစ်သူ လုလမ်ရွှမ်းသည် ယခု လုယွီ၏နောက်ကျောပေါ်တွင် ပျော့ခွေနေသည်အား မြင်လိုက်သည်။ သူမ၏မျက်လုံးအတွင်းတွင် အံ့အားသင့်ခြင်းများ ထင်ဟပ်လာလေ၏။

"ယွီအာ....ရွှမ်းအာက ဘာဖြစ်နေတာလဲ"

သခင်မကြီးယွီရုံက အမောတကော မေးမြန်းလိုက်သည်။

လုယွီက ချက်ချင်း နွေးထွေးစွာ တုံပြန်ဖြေကြားလိုက်သည်။

"အမေ...မမက အရိုးပျော့ဆေးမှုန့် တိုက်ကျွေးခံထားရတာ....ဒါကြောင့် သူမရဲ့ခန္ဓာကိုယ်က အားမရှိသလိုဖြစ်နေတာပါ"

"ဦးလေး ကျုံး...မြန်မြန် သမားတော်သွားပင့်ချေ"

သခင်မကြီးယွီရုံက သူမ၏နံဘေးရှိ ဘဏ္ဏာစိုးအား ချက်ချင်း ညွှန်ကြားလေ၏။

ဘဏ္ဏာစိုးကြီးက ထွက်ခွာရန်ပြင်ဆင်လိုက်သော်လည်း လုယွီ၏ဟန့်တားခြင်း ခံလိုက်ရသည်။

"အမေ...ဒီအရိုးပျော့ဆေးမှုန့်ရဲ့အာနိသင်က နာရီအနည်းငယ်ကြာရင် သူ့အလိုလို ပပျောက်သွားမှာ...အခုအရေးကြီးတာက အမရဲ့မရီးဒါန်းတွေကို ချိပ်ပိတ်ခံထားရတာပဲ...တကယ်လို့ ဒီချိပ်ပိတ်ထားတာကို မြန်မြန် မဖယ်ရှားနိုင်ဘူးဆိုရင် သူမရဲ့အနာဂတ် ကျင့်ကြံမှုမှာ အနှောက်အယှက်ဖြစ်လိမ့်မယ်"

Chapter 20

သခင်မကြီးယွီရုံသည် အချိန်တခဏမျှ ကြက်သေသေသွားခဲ့သည်။ သူမက သိုင်းပညာကို ကျင့်ကြံသူမဟုတ်သော်လည်း အကြောင်းအရာ တစ်ခု နှစ်ခုကိုတော့ နားလည်နေဆဲဖြစ်သည်။

တခဏအချိန်မှာပင် သခင်မကြီးယွီရုံ၏ စိတ်နှလုံးသားများ တင်းကြပ်လာပေ၏။

"ငါတို့ ဘာလုပ်သင့်သလဲ....မင်းရဲ့အဖေက အိမ်မှာမရှိဘူး....ငါတို့အိမ်တော်မှာလည်း ပြင်ပနည်းစနစ်ကိုသာ သိရှိတဲ့ အစောင့်အနည်းငယ်ပဲရှိတယ်"

ဘဏ္ဏာစိုးကြီး ဦးလေးကျုံးက နံဘေးမှနေ၍ ဝင်ပြောလိုက်သည်။

"သခင်မကြီး....အင်ပါယာတရားရုံးက ကျွမ်းကျင်ပညာရှင်တွေ အကုန်လုံးက စစ်ပွဲတိုက်ခိုက်ဖို့ မြောက်အရပ်ကိုသွားကုန်ကြပြီ...အခု လုံကျင်းမြို့တော်မှာ အစောင့်အရှောက်ခန်းမမှာပဲ ကျွမ်းကျင်ပညာရှင်တွေရှိမှာ ကျွန်တော်စိုးရိမ်မိတယ်"

အစောင့်အရှောက်ခန်းမ....

သခင်မကြီးယွီရုံက အံကိုတင်းတင်းကြိတ်ပြီး အနည်းငယ်မျှ တုံဆိုင်းခြင်းမရှိဘဲ ပြောကြားလိုက်သည်။

"အဲ့ဒီလိုဆိုရင် ငါ နန်းတော်ကိုသွားပြီး မိဖုရားကြီးကိုသွားတွေ့ရလိမ့်မယ်...ပြီးတော့ အုပ်ချုပ်ရေးမှူ းထဲက တစ်ယောက်ကို ပြန်လာဖို့ ခေါ်ဆိုခိုင်းလိုက်မယ်"

အစောင့်အရှောက်ခန်းမသည် တော်ဝင်မိသားစုအပေါ်တွင်သာ သစ္စာစောင့်သိသည်။ သူတို့က အင်ပါယာမိဖုရားကြီး အိမ်ရှေ့စံမင်းသားနှင့်တော်ဝင်မိသားစု၏ အဓိကအဖွဲ့ဝင်များကသာ အမိန့်ပေးနိုင်သည်။

သို့ရာတွင် လုယွီက လုလမ်ရွှမ်းအား ဝေဘုရင်အိမ်တော်မှ ပြန်လည်ခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။

လုယွီ မည်သို့ပြုလုပ်ခဲ့သည်အား သူမ မသိသော်လည်း သားဖြစ်သူသည် ဝေဘုရင်နှင့် ရန်ဘက်ဖြစ်လာပြီကို သခင်မကြီးယွီရုံ ခန့်မှန်းမိသည်။

တာလျန့်နိုင်ငံတော်၏ လက်ရှိမိဖုရားကြီးသည် ဝေဘုရင်၏မယ်တော်ဖြစ်သည်။ သူမကို သွားရောက်၍ တောင်းဆိုလျှင် ကိစ္စရပ်များကို ပို၍ခက်ခဲအောင် လုပ်ဆောင်ပေလိမ့်မည်။

"အမေ....အင်ပါယာနန်းတော်ရဲ့အစောင့်အရှောက်ခန်းမကို သွားစရာမလိုပါဘူး....ဒီ ချိပ်ပိတ်ထားတာလောတ်ကတော့ ကျွန်တော်အတွက် အခက်အခဲမဟုတ်ပါဘူး"

လုယွီက ပြုံးရင်းပြောကြားလိုက်၏။

သခင်မကြီးယွီရုံ၏စိတ်နှလုံးသည် အံ့အားသင့်မှုအရိပ်အယောင်များ ထင်ဟပ်သွားသော်လည်း မကြာခင်မှာပင် စိုးရိမ်ပူပန်မှုများပြန်လည်ပြည့်နှက်လာသည်။

"အခု ဘယ်လိုအခြေအနေရောက်နေပြီဆိုတာသိလား...မင်း အရူးတစ်ယောက်လို လှည့်စားနေအုံးမှာလား"

"အမေ...ဒီတစ်ကြိမ်တော့ ကျွန်တော်ကို ယုံကြည်ပေးပါ...မမရဲ့ ချိပ်ပိတ်ခံထားရတာကို ဖယ်ရှားဖို့ ကျွန်တော်မှာနည်းလမ်းရှိပါတယ်"

လုယွီက ညင်သာနူးညံစွာဖြင့် မိခင်ဖြစ်သူအား ပြောကြားလိုက်၏။

ထိုအချိန်မှာပင် လုလမ်ရွှမ်းကလည်း မိခင်ဖြစ်သူအား ဝင်ရောက်ပြောကြားလိုက်သည်။

"အမေ...အင်ပါယာနန်းတော်က ဝန်ကြီးတွေတောင်မှ ကောင်ငယ်လေး ယွီရဲ့ ပြိုင်ဘက်မဖြစ်နိုင်ဘူး...မောင်လေးက သမီးကိုကယ်ဖို့ နည်းလမ်းကိုရှာတွေ့မယ်လို့ ယုံကြည်တယ်"

နန်းတော်အတွင်းက မည်သည့်ဝန်ကြီးကမှ လုယွီ၏ပြိုင်ဘက်မဟုတ်ဘူးဟု ဆိုလိုက်သလော...

သခင်မကြီးယွီရုံက ရုတ်တရက် အံ့အားသင့်သွားရသည်။ သူမကဲ့သို့ အမျိုးသမီးတစ်ယောက်အနေဖြင့် အင်ပါယာနန်းတော်မှ အစောင့်အရှောက်များသည် သာမာန်မဟုတ်သည့် ကျွမ်းကျင်ပညာရှင်များဖြစ်ပေသည်။

သူမ၏သား အသက်သည်မည်မျှရှိသေးသနည်း...သူက ရုတ်တရက် အသိစိတ်ပြန်ဝင်လာခဲ့သော်လည်း ကိုယ်ခံပညာရပ်များကိုသာ နှစ်အနည်းငယ်သင်ယူထားသူဖြစ်သည်။ သူက မည်သည့်နည်းဖြင့် အင်ပါယာအစောင့်အရှောက်များနှင့် ယှဉ်ပြိုင်နိုင်သနည်း...။

"မမ...ဒီနေရာမှာပဲ ခဏလောတ်လှဲနေသင့်တယ်...ကျွန်တော် မမရဲ့ချိပ်ပိတ်ခံရတာကို ချိုးဖျက်ဖို့ ဆေးသန့်စင်ရလိမ့်မယ်"

လုယွီမှ လုလမ်ရွှမ်းအား အိပ်ယာပေါ်သို့ ချီမတင်လိုက်သည်။

"ရှောင်ယွီ မင်းက ဆေးသန့်စင်တဲ့အကြောင်း ပြောနေတာလား"

လုလမ်ရွှမ်းက လုယွီကိုကြည့်သောမျက်လုံးများ ပြူ းကျယ်နေပြီး မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။

သူတို့မောင်နှမ၏ နောက်မှလိုက်ပါလာသည့် သခင်မကြီးယွီရုံနှင့် ဘဏ္ဏာစိုးကြီးပင်လျှင် ယုံကြည်နိုင်ခြင်းမရှိပေ။

သိုင်းပညာကျင့်ကြံသူများအနက်မှ တစ်ချို့သောသူများသာလျှင် မည်သို့ဆေးဝါးသန့်စင်ရမည်အား သိရှိကြသည်။ သို့ရာတွင် သိရှိသောသူတိုင်းပင်လျှင် ဆေးဝါးသန့်စင်နိုင်ခြင်း မရှိပေ။ ဆေးသန့်စင်ခြင်းဟူသည်မှာ မြင့်မားသည့်ပါရမီ လိုအပ်ပေသည်။

လုံကျင်းမြို့တော်တွင် ဆေးဝါးပညာရှင်တစ်ယောက်သာလျှင်ရှိပြီး အလွန်အမင်းအဖိုးအခ ကြီးမြင့်ပေသည်။ တော်ဝင်မိသားစုက လက်ခံထားသည့် လက်တစ်ဆုပ်စာရှိသော ဆေးဖော်စပ်ရောင်းသူများသာလျှင် အစောင့်အရှောက်ခန်းမတွင်ရှိသည်။

လူတစ်ယောက်က စျေးတွင် ဆေးဝါးများဝယ်ယူနိုင်သော်လည်း အစစ်အမှန်ဆေးဝါးမဟုတ်ပေ။ ၎င်းဆေးဝါးများကို သောင်းပြောင်းရောနေသည့် မသန့်စင်သောဆေးဟုသာယူဆနိုင်ပြီး သာမာန်ဆေးဝါးဟုပင် မယူဆနိုင်ပေ။

အကယ်၍ အစစ်အမှန် ဆေးဝါးပညာရှင်တစ်ယောက်မှ သန့်စင်သည့်ဆေးဝါးများသည် စျေးကွက်အတွင်းသို့ ရောက်ရှိလာလျှင် ၎င်းတို့ကိုရရှိရန် ကြီးမားသည့်ယှဉ်ပြိုင်မှု ပြုရပေမည်။ အဓိကရောင်းချသည့်ပစ္စည်းအဖြစ် ဆေးဝါးများကို အသုံးပြုသည့် လေလံအိမ်ကြီးများအနည်းငယ်ပင်ရှိသည်။

လုယွီက သူ့မိသားစုဝင်များ၏ အံ့အားသင့်နေမှုအား ခံစားမိသော်လည်း သူက ရှင်းပြခြင်းမပြုပေ။

"ဦးလေး ကျုံး....စျေးထဲကိုသွားပြီး ကျွန်တော်အတွက် ဆေးကျိုအိုးတစ်လုံးဝယ်လာပေးပါ...ပြီးတော့ လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကိုလည်း စာရွက်မှာရေးပေးလိုက်မယ်...အဲဒါတွေကူသယ်ဖို့ တစ်ယောက်ယောက်ကိုခေါ်သွားဦး"

အချိန်မစောင့်ဆိုင်းရဘဲ ဆေးကျိုအိုး ရောက်ရှိလာသည်။ တစ်ချိန်က လုယွီ၏ဖခင် လုခိုင်ရှန်သည် စစ်ပွဲအတွင်း၌ ဆေးဝါးသန့်စင်သူတစ်ယောက်အား ဖမ်းဆီးမိခဲ့သည်။ ယခုဆေးကျိုအိုးသည် ထိုဆေးဝါးပညာရှင်ထံမှရရှိခြင်းဖြစ်သည်။

"သခင်လေး...မှင် အဆင်သင့်ဖြစ်ပါပြီ"

အစေခံတစ်ယောက်က ရွှယ်စက္ကူ ကို ယူဆောင်လာရင်းနှင့် ညင်သာစွာပြောလိုက်သည်။

လူတိုင်းက လုယွီအား စိုက်ကြည့်နေကြ၏။ လုယွီက အမှန်တကယ် ဆေးဝါးသန့်စင်နိုင်သလောဟု သူတို့အားလုံး သံသယဝင်နေကြသည်။

လုယွီက စုတ်တံကိုကောက်ကိုင်၍ မှင်အတွင်းသို့ နှစ်လိုက်သည်။ သူက အချိန်တခဏမျှ တိတ်ဆတ်ငြိမ်သက်သွားလေ၏။

အင်ပါယာနန်းတော်အစောင့်အရှောက် ဝမ့်မင်က သူ၏အစ်မကိုပိတ်ထားသော ချိပ်စည်းအား သူ၏ကျန်းချီအသုံးပြု၍ အင်အားသုံးချိုးဖျက်နိုင်သည်။

သို့ရာတွင် ထိုနည်းလမ်းသည် လုလမ်ရွှမ်း၏မရီးဒါန်းများအား အနည်းငယ်ထိခိုက်စေပေမည်။ ဤကဲ့သို့ထိခိုက်မည်အား လုယွီခွင့်မပြုနိုင်ပေ။

ထို့ကြောင့် လုယွီက ဆေးဝါးများ၏စွမ်းအားကို အသုံးပြု၍ ချိပ်ပိတ်ထားမှုအား ချိုးဖျက်ရန်စီစဉ်ခဲ့ခြင်းဖြစ်သည်။

အချိန်အနည်းငယ်ကြာ စဉ်းစားပြီးနောက် လုယွီက ရွှယ်စက္ကူ ပေါ်တွင် စုတ်တံဖြင့် စတင်ရေးသားလိုက်သည်။

All Chapters