← Chapters

အခန်း (၂၁-၂၅)

Vol. 1-5 Ch. 21-25

အခန်း (၂၁-၂၅)

Vol. 1-5 Ch. 21-25

Chapter 21

"ထောင်ချီပုလဲမြစ်သစ်ရွက်...အစွန်းရောက်စည်းမျဉ်းပန်းပွင့်....နတ်ဆိုးကျောက်တုံး..."

လုယွီက သူ၏ဦးခေါင်းအတွင်းပေါ်လာသည့် ဆေးညွှန်းမှ ပေါ်လာသည့် ဆေးမယ်တစ်ခုစီ၏အမည်များအား ရေးချလိုက်သည်။

သူက ဆေးမယ်ပစ္စည်းအားလုံးအားရေးပြီးချိန်တွင် သူ၏လက်မှစုတ်တံအားချလိုက်သည်။ သို့ရာတွင် မိခင်ယွီရုံမှ ထူးဆန်းသည့်အမူအယာဖြင့် သူ့အားကြည့်နေသည်ကို မြင်တွေ့လေသည်။

"ယွီအာ....မင်း စာလုံးလှရေးနည်းကို ဘယ်လိုသင်ယူလိုက်တာလဲ"

သခင်မကြီးယွီရုံမှ လုယွီအား မေးမြန်းလိုက်၏။

သူတို့အားလုံး အံ့အားသင့်နေကြသည်မှာ အံသြဖွယ်မဟုတ်တော့ချေ။ အမှန်တစ်ကယ်ပင် လုယွီ၏လက်ရေးလှပန်းချီသည် ရှားပါးရတနာဖြစ်၏။

လုယွီ၏ ခွန်အားက စက္ကူ ၏နောက်ကျောဘက်ကို ဖြတ်၍ စိမ့်ဝင်ပျံ့နှံ့သွားပြီး စုတ်တံက နဂါးနှင့်မြွေကဲ့သို့ ခံညားစွာလှုပ်ရှားသွားခဲ့သည်။

ဤဆေးညွှန်းစာရွက်သက်သက်ကပင် အဖိုးမဖြတ်နိုင်သည့်ရတနာဖြစ်လေ၏။ လူတစ်ယောက်၏စိတ်အခြေအနေအား သူ၏စာလုံးများမှနေ၍ပြောနိုင်သည်။

လုယွီသည် ယခင်ဘဝက မြေအောက်လောက၏ တာအိုသခင်ဖြစ်ခဲ့သည့်အပြင် ကောင်းကင်ဘုံအင်ပါယာ၏မှတ်ဥာဏ်များနှင့်လည်း ပေါင်းစည်းထားသေးရာ သဘာဝအတိုင်းကိုပင် သူ၏စိတ်ဝိညာဉ်မှနေ၍ လွှမ်းမိုးနိုင်သည့်အော်ရာကို ထုတ်လွှတ်ပေးနေသည်။ သူရေးသားသည့်စာလုံးတိုင်းသည် လွှမ်းမိုးနိုင်စွမ်းရှိသည်မှာ သဘာဝကျပေသည်။

လုယွီက ပေါ့ပေါ့ပါးပါးပုံစံဖြင့်သာ ဖြေကြားလေ၏။

"ဒါက အလေ့အကျင့်တစ်ခုပါပဲ...ဦးလေး ကျုံး...ဆေးမယ်တွေကို မြန်မြန်သွားဝယ်လိုက်ပါ"

"ဟုတ်ကဲ့....သခင်လေး"

ဘဏ္ဏာစိုး ကျုံးက စာရွက်ပျက်စီးသွားမည်ကို ကြောက်ရွံသဖြင့် ဆေးညွှန်းအား လျှင်လျှင်မြန်မြန်ယူဆောင်သွားလိုက်သည်။

လုယွီက သူ၏အမလုလမ်ရွှမ်းကို လှည့်ကြည့်ပြီး စကားပြောလိုက်သည်။

"မမ....တကယ်လို့ အရိုးပျော့ဆေးမှုန့်ရဲ့စွမ်းအားပျောက်ကွယ်အောင် ဆေးကိုအရင်အသုံးပြုမယ်ဆို....အစ်မရဲ့ အနာဂတ်ကျင့်ကြံမှုမှာ အနှောက်အယှက်ဖြစ်လိမ့်မယ်...ဒါကြောင့်မို့ ချိပ်ပိတ်ထားတာကို ဖယ်ရှားပြီးမှ အရိုးပျော့ဆေးမှုန့်စွမ်းအားကို ကုသပါလို့ ကျွန်တော်အကြံပေးချင်တယ်"

အိပ်ယာပေါ်တွင် လဲလျောင်းနေသည့် လုလမ်ရွှမ်းက သူ၏မောင်ကိုပြုံးပြရင်းမှ ပြန်လည်ဖြေကြားလိုက်သည်။

"ငါရဲ့ ကောင်ငယ်လေး ယွီ ပြောတာကို နားထောင်ပါ့မယ်"

ဝေဘုရင်၏အိမ်တော်တွင်ရရှိခဲ့သော သူမ၏အတွေ့အကြုံများကြောင့် လုလမ်ရွှမ်းက ရုတ်တရက် သူမ၏မောင်ငယ်အပေါ် အမြင်သစ်မြင်လာပြီး မှီခိုအားထားမိနေသည်။

သူမ၏နှလုံးသားတွင်လေးလံနေပြီး ပခုံးပေါ်ရှိကြီးမားသည့်ဝန်ထုပ်ဝန်ပိုးကြီးအား လုယွီ၏ပခုံးပေါ်သို့ပြောင်းတင်လိုက်သည်နှင့်တူနေသည်။

သခင်မကြီး ယွီရုံက သူမသား၏အပြောင်းအလဲများကိုမြင်ချိန်တွင် အလွန်အံ့အားသင့်နေသော်လည်း သူမရပ်ကြည့်နေရုံသာတတ်နိုင်ပေသည်။ အကယ်၍ သူမက နန်းတော်ကိုသွားပြီး မိဖုရားကြီးကိုတောင်းပန်လျှင်ပင်လရလဒ်ကောင်းရလိမ့်မည်မဟုတ်သည်အား ယွီရုံ သဘောပေါတ်နားလည်ထားသည်။

"အမေ..မမ...အခု ကျွန်တော် ပြင်ဆင်စရာရှိတာ သွားပြင်ဆင်လိုက်အုံးမယ်"

လုယွီက ဆေးဝါးသန့်စင်ရန် လိုအပ်သည်များအား ပြင်ဆင်ရန် ထွက်ခွာခဲ့တော့သည်။

သခင်မကြီးယွီရုံက ခေါင်းညိတ်ပြပြီး လုယွီထွက်ခွာသွားသည်အား ကြည့်နေလေသည်။ ထို့နောက် အစေခံများအား အခန်းအတွင်းမှ ထွက်ခိုင်းပြီး လုလမ်ရွှမ်း၏အိပ်ယာနံဘေးတွင် ထိုင်လိုက်သည်။

"ရွှမ်းအာ....ဝေဘုရင်ရဲ့အိမ်တော်မှာ ဘာတွေဖြစ်ခဲ့တာလဲ"

သခင်မကြီး ယွီရုံက ညင်သာစွာမေးမြန်းလေ၏။

လုလမ်ရွှမ်းကအနည်းငယ်တုန့်ဆိုင်းသွားသော်လည်း နောက်ဆုံး၌ သူမမြင်တွေ့ခဲ့ရသမျှ အရာရာတိုင်းကို မိခင်ဖြစ်သူအား ပြောပြလိုက်သည်။

"......"

လုယွီက သူ၏အခန်းသို့ ပြန်ရောက်ချိန်တွင် ရိုးရှင်းသည့်အစီအမံတစ်ခုအားပြုလုပ်ပြီးနောတ် ဆေးကျိုအိုအားနံဘေးတွင်ထားလိုက်သည်။

လုယွီ၏ယခင်ဘဝ မြေအောက်လောကတာအိုသခင်ဖြစ်စဉ်က အဆင့်မြင့်ဆေးဝါးပညာရှင်အဆင့်သို့ ရောက်ရှိခဲ့သည်။

ယခုအကြိမ်သည် သူ၏ယခင်ဘဝက အတွေ့အကြုံကိုအသုံးပြု၍ ပထမဆုံးအသုံးပြုခြင်းဖြစ်သည်။ ယခင်ဘဝတုန်းက သူသည် ကလန်ကြီးတစ်ခုမှ တစ်ပည့်တစ်ယောက်ဖြစ်ခဲ့လျှင် ဆေးဝါးပညာရှင်များက သူအတွက်ဆေးသန့်စင်ပေးကြမည်ဖြစ်သည်။

အမှန်အားဖြင့် လုယွီသည် သာမာန်သေမျိုးဘဝမှ တာအိုသခင်အဖြစ်သို့ လျှောက်လှမ်းခဲ့ရသူဖြစ်ရာ အခက်အခဲမြောက်များစွာ ကြုံတွေ့ခဲ့ရသည်။ ထို့ကြောင့် လုယွီက ဆေးသန့်စင်နည်းများစွာအား လေ့လာခဲ့ရာ လုယွီဖော်စပ်သော ဆေးဝါးများသည် အကျိုးသက်ရောက်မှုများစွာရှိလေ၏။ တချို့ဆေးဝါးများသည် လူတစ်ယောက်၏စွမ်းဆောင်ရည်ကို သာမာန်ထက် အဆပေါင်းများစွာ မြှင့်တင်ပေးနိုင်သည်အထိ လုယွီဖော်စပ်နိုင်ခဲ့သည်။

လုယွီ မူလကသန့်စင်ရန်ပြင်ဆင်ထားသည့်ဆေးပြားမှာ ခန္ဓာကိုယ်အတွင်းရှိချိပ်ပိတ်ထားမှုအား လျှင်မြန်စွာဖြေရှင်းနိုင်သည့်ဆေးဖြစ်သည်။ ထိုဆေးပြားမျိုးသည် လျှင်လျှင်မြန်မြန်အစွမ်းပြနိုင်သော်လည်း လုယွီက ထိုအကြံဥာဏ်အား စွန့်လွှက်လိုက်သည်။ အကယ်၍ သူ၏ယခင်ဘဝမှ စွမ်းအားမျိုးသာရှိနေလျှင် ဆေးပြား၏ဘေးထွက်ဆိုးကျိုးအား လျစ်လျှူ ရှုထားနိုင်သည်။

သို့ရာတွင် ဆေးကိုသောတ်သုံးမည့် လုလမ်ရွှမ်းသည် မိန်းမတစ်ယောက်ဖြစ်သည့်အပြင် သူ၏အမအရင်းလည်းဖြစ်သည်။ အကယ်၍ ဆေးပြား၌ ဘေးထွက်ဆိုးကျိုးတစ်စုံတစ်ရာရှိနေမည်အား လုယွီ လက်မခံနိုင်ပေ။

လုယွီက ကောင်းကင်ဘုံအင်ပါယာ၏မှတ်ဥာဏ်များကို မွေနှောက်ကြည့်ရာ မျှော်လင့်မထားမိဘဲ ထိုသူ ထိုက်ချီ(အင်ပါယာ၏နာမည်)သည် အမှန်တစ်ကယ်ကိုပင် ဆေးနတ်ဘုရားတစ်ယောက်ဖြစ်နေကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။

ဆေးနတ်ဘုရားနယ်ပယ်၏အထွက်အထိပ်အဆင့်သို့ ရောက်ရှိသည့် လူတစ်ယောက်ကိုသာလျှင် ဆေးနတ်ဘုရားဟု ခေါ်ဆိုခြင်းဖြစ်သည်။

ဆေးညွှန်းများသည် အဆုံးမရှိသည့်စမ်းချောင်းကဲ့သို့ လုယွီ၏စိတ်အတွင်းသို့ စီးဝင်လာသည်။ လုယွီက သူကိုယ်သူ မထိန်းချုပ်နိုင်တော့ဘဲ စိတ်လှုပ်ရှားမှုကြောင့် သက်ပြင်းချလိုက်သည်။ သူ မျှော်လင့်ထားသလိုပင် မိသားစုကလန်ကြီးများမှ တစ်ပည့်တစ်ယောက်၏ အရင်းအမြစ်များသည် သူယှဉ်ပြိုင်၍မရသည့် တစ်စုံတစ်ခုဖြစ်သည်။

သူ၏ ယခင်ဘဝတုန်းက ဆေးညွှန်းတစ်ခုရရှိရန်အတွက် များပြားသည့် ကျွမ်းကျင်သူများကို တိုက်ခိုက်ခဲ့ရသည်။ စိတ်ဝိညာဉ်ဆေးပင်၏ရိုးတံတစ်ခုအတွက်လည်း လုယွီက တစ်ကိုယ်တည်း အန္တရာယ်များပြားသည့်နေရာသို့ လှည့်လည်ရှာဖွေခဲ့ရသည်။

ကောင်းကင်ဘုံအင်ပါယာကမူ သူက ကောင်းကင်ဘုံနယ်ပယ်၏ကလန်ကြီးတစ်ခုတွင် မွေးဖွားသူဖြစ်သည်။ ထို့ကြောင့် သူ လေ့ကျင့်နိုင်ရန် ဆေးညွှန်းများမှာ အတောမသတ်နိုင်အောင်များပြားလှရာ သူ၏ဆေးသန့်စင်ခြင်းနယ်ပယ်ရှိ ကျင့်ကြံခြင်းအဆင့် လျှင်လျှင်မြန်မြန်တိုးတတ်သည်မှာ ပုံမှန်သာဖြစ်သည်။

"မင်းရဲ့ ဆေးဖော်စပ်တဲ့အရည်အချင်းက အခု ငါ့အပိုင်ဖြစ်သွားပြီ"

လုယွီက သာမာန်ကာလျှံကာပြောဆိုပြီးနောက် လက်ဝှေ့ယမ်းလိုက်ရာ သူ၏လက်ချောင်းထိပ်မှနေ၍ ရွှေရောင်မီးတောက်တစ်ခု ပေါ်ထွက်လာသည်။

အမှန်တစ်ကယ်က ထိုရွှေရောင်မီးတောက်သည် ဆေးကျိုအိုးတစ်အိုးမှ အသွင်ပြောင်းထားခြင်းဖြစ်ပေ၏။

သူက ဦးလေး ကျုံးအား ဆေးကျိုအိုးရှာဖွေခိုင်းခဲ့သည့်ရည်ရွယ်ချက်မှာ ယခုအရာက လောကကြီးအားတုန်လှုပ်သွားမည်ကို စိုးရိမ်မိခြင်းကြောင့်ပင်။

မီးပြင်းဖိုက အရှိန်တညီးညီးပူပြင်းနေပြီး ရောစပ်ထားသည့်ဆေးများက လေထုအနှံ လွင့်ပျံ့နေပေမည်။

ဤအရာက ဆေးနတ်ဘုရားတစ်ယောက်၏နည်းဗျူ ဟာဖြစ်ပေ၏။

Chapter 22

လုံကျင်း...အရှေ့နန်းတော်

နန်းတော်၏ အနောက်ဘက်တွင် တစ်မူထူးခြားသည့် ပုံစံဖြင့် ဥယျာဉ်တစ်ခုရှိသည်။ ၎င်းဥယျာဉ်ကို တောင်အတုများ ပွဲကြည့်စင်များဖြင့် ဝန်းရံထားလေ၏။ ရှုမျှော်ခင်းများသည်လည်း အလွန်လှပသည်။

မိန်းမစိုးတစ်ယောက်က အရှေ့နန်းတော်အတွင်းသို့ နန်းတော်အစေခံတစ်ယောက်နှင့်အတူ ဝင်လာခဲ့သည်။ ရုတ်တရက် တစ်စုံတစ်ခုက ကောင်းကင်ယံမှနေ၍"ဘန်းး"ဟူသော အသံနှင့်အတူ ပြုတ်ကျလာသောကြောင့် ကျောက်တုံးကြမ်းပြင်အား အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်သွားစေသည်။

"လုပ်ကြံသူ..."

မိန်းမစိုးက လိပ်ပြာလွင့်လုမတတ် ကြောက်ရွံသွားပြီး အရှေ့ပိုင်းနန်းတော်မှအစောင့်များအား အလျင်စလို အော်ခေါ်လိုက်သည်။

ထိုအချိန်မှာပင် လက်ဝါးရိုက်ချက်တစ်ချက်သည် ဖုန်မှုန့်များကြားမှ မိန်းမစိုးထံသို့ကျဆင်းလာရာ သူ့အား တည့်တည့်ထိမှန်ပြီး မြေပြင်ပေါ်သို့လဲကျသွားတော့သည်။

"မင်းတို့အားလုံး....ထွက်သွားကြစမ်း"

ဖုန်များလွင့်စင်သွားချိန်တွင် လျိုပေ၏ဆိုးရွားနေသည့်ပုံရိပ် ပေါ်ထွက်လာသည်။

မူလအစက လုယွီသည် မြွေသားရေကိုယ်ကျပ်အင်္ကျီအား ဝတ်ဆင်ထားခဲ့သည်။ သို့ရာတွင် ယခုအချိန်၌ သူသည် စုတ်ပြတ်နေသောအခြေအနေသို့ ရောက်ရှိနေရသည်။ သူ၏ဆံပင်များသည် ဖွာလန်ကျဲနေပြီး မျက်နှာတွင်လည်း ဖုန်အလူးလူးဖြစ်နေ၏။ သူကိုကြည့်ရသည်မှာ သူဖုန်းစားတစ်ယောက်နှင့် တူနေပေသည်။

လျိုပေသည် ဆိုးရွားသောအခြေအနေသို့ ရောက်ရှိနေသော်လည်း ဤနေရာ၏အခွင့်အာဏာရှိသူဖြစ်သည်။

မိန်းမစိုးက ကြမ်းပြင်ပေါ်တွင်ဒူးထောက်ပြီး သူ၏ပါးစပ်ကိုသူပြန်ရိုက်ကာ သူပြုလုပ်မိသည့်အပြစ်အတွက် ခွင့်လွှက်မှုရရှိရန် လျိုပေအား တောင်းပန်နေခဲ့သည်။

"ဒီ လက်အောက်ငယ်သားမှာ မျက်လုံးပါပေမယ့် အထူးအုပ်ချုပ်ရေးမှူ းကို မမြင်မိဘဲ ကန်းနေမိပါတယ်...ကျေးဇူးပြုပြီး ခွင့်လွှက်ပေးပါ"

လျိုပေက သူ၏လက်ကို စိတ်မရှည်လက်မရှည်ဝှေ့ယမ်းပြီးမှ မေးမြန်းလိုက်သည်။

"အိမ်ရှေ့စံမင်းသား ဘယ်မှာရှိနေလဲ"

"အုပ်ချုပ်ရေးမှူ း....အိမ်ရှေ့စံမင်းသားက အနောက်ဘက်ဥယျာဉ်မှာ ဧည့်သည်တွေကို ဧည့်ခံနေပါတယ်"

မိန်းမစိုးက လျိုပေအား စကားပြောနေစဉ်တွင် တုန်ရီနေခဲ့သည်။

လျိုပေက မိန်းမစိုးအား အာရုံအနည်းငယ်မျှပင် မစိုက်ဘဲ လျှင်လျှင်မြန်မြန် ထွက်ခွာသွားတော့သည်။

အနောက်ဘက်ခြံဝန်းတွင် ပွဲကြည့်စင်၌ အိမ်ရှေ့စံမင်းသားက သက်လတ်ပိုင်းအရွယ် အဖြူ ရောင်ဝတ်စုံဝတ် ယော်ကျားတစ်ယောက်နှင့် စစ်တုရင်ကစားနေသည်။

သက်လတ်ပိုင်းအရွယ်အမျိုးသားတွင် မြင့်မားသည့်စိတ်ဝိညာဉ်အငွေ့အသက်ရှိနေပြီး သူ၏လှုပ်ရှားမူတိုင်းသည် အင်မော်တယ်တစ်ယောက်၏အော်ရာပါဝင်နေသည်။

ဲ"မြင့်မြတ်တဲ့ အင်မော်တယ်....ခင်ဗျားက တစ်ကယ့်ကယ်ကို ကျွမ်းကျင်သူတစ်ယေက်ပဲ....ဒီနေ့ ကျွန်တော်က လှည့်ကွက်သုံးခုကို အသုံးပြုကစားခဲ့ပေမယ့် ခင်ဗျားက ရည်ရွယ်ချက်ရှိရှိ အချိန်ဆွဲကစားခဲ့တယ်...ဒီလိုမှမဟုတ်ရင် ကျွန်တော်ရှုံးနေတာအချိန်တော်တော်ကြာလောတ်ပြီ"

အိမ်ရှေ့စံမင်းသားက သက်ပြင်းရှည်တစ်ချက်ကိုချရင်း သူ၏အရှုံးအား ဝန်ခံလိုက်သည်။

အဖြူ ရောင်ဝတ်စုံဖြင့်သူသည်ရယ်မောရင်းမှ-

"အိမ်ရှေ့စံမင်းသားက တကယ်ကို ရိုးသားလွန်းတာပဲ...ဘာဖြစ်ဖြစ် မင်းက ငယ်ရွယ်သေးတယ်လေ"

အိမ်ရှေ့စံမင်းသားကလည်း သက်လတ်ပိုင်းအရွယ်လူကြီးအတွက် လဖက်ရည်ကို ကိုယ်တိုင်ငှဲ့ပေးလိုက်ပြီး သူ၏အပြုးများမှာလည်း ဝေဆာနေသည်။ သူက ထိုလူကြီးအား ကြည့်သောအကြည့်များသည် ရိုသေလေးစားမှုနှင့်ကြည်ညိုမှုများ ပြည့်နှက်နေသည်။

အကယ်၍ တစ်စုံတစ်ယောက်သာ ယခုနေရာ၌ရှိနေလျှင် အံ့အားသင့်တုန်လှုပ်သွားပေမည်။ အိမ်ရှေ့စံမင်းသားသည် တာလျန့်နိုင်ငံတော်၏အနာဂတ်ဘုရင်ဖြစ်၏။ အင်ပါယာမင်းနှင့်မိဖုရားကြီးမှလွဲ၍ မည်ကဲ့သို့လူစားမျိုးကို သူက ဤကဲ့သို့ရိုသေလေးစားစွာ ဆတ်ဆံနေသနည်း။

"ဒါတွေက မြင့်မြတ်တဲ့အင်မော်တယ်ကို ဧည့်ခံဖို့ အထူးမှာယူထားတဲ့ ထိပ်တန်းလဖက်ရွက်တွေပါ"

အိမ်ရှေ့စံမင်းသားမှ လူကြီးအား မျက်နှာချိုသွေးနေလေ၏။

အချိန်အနည်းငယ်အကြာတွင် လူကြီးက သူ၏ဦးခေါင်းကို ခါယမ်းရင်းမှ ပြောကြားလိုက်သည်။

"ဒီလဖက်ရွက်တွေမှာ ဘာစိတ်ဝိညာဉ်စွမ်းအင်မှမပါဘူး...တစ်ကယ်လို့ အခွင့်အရေးရှိမယ်ဆိုရင် ငါ မင်းကို စစ်နတ်ဘုရားဂိုဏ်းရဲ့လဖက်ရည်အရသာကို မြည်းစမ်းခွင့်ပြုမယ်...အဲ့ဒါက တစ်ငုံသောတ်ရုံနဲ့ ခန္ဓာကိုယ်သန်မာစေပြီး လူတစ်ယောက်ရဲ့သက်တမ်းကို ဆွဲဆန့်ပေးနိုင်တယ်...ဒါက မင်းရဲ့သာမာန်လဖက်ခြောက်တွေထက် အများကြီးကောင်းတယ်"

အိမ်ရှေ့စံမင်းသားက ပျော်ရွှင်သွားသော်လည်း မကြာခင်မှာပင် ကသိကအောက်ဖြစ်နေသည့်အမူအယာအား ဖော်ထုတ်လိုက်သည်။

"ကျွန်တော်က စိတ်ဝိညာဉ်လဖက်ရည်ရဲ့အရသာကိုပဲ မြည်းစမ်ခွင့်ရမှာ ကြောက်မိတယ်"

သက်လတ်ပိုင်းအရွယ်လူက အိမ်ရှေ့စံမင်းသား၏အတွေးများကို ထွင်းဖောက်မြင်သည့်အလား ပြုံးရင်းမှပြောလိုက်သည်။

"မင်းကိုယ်မင်း သိမ်ငယ်မနေစမ်းပါနဲ့...အသက်နှစ်ဆယ့်လေးနှစ်မှာ မင်းက နတ်ဘုရားအလင်းကိုရရှိခဲ့တယ်...တကယ်လို့ မင်းက အသက်သုံးဆယ်မပြည့်မှီမှာ ရှီထျန်း နဝမအဆင့်ကို ရောက်ရှိနိုင်မယ်ဆိုရင် ငါတို့ရဲ့ စစ်နတ်ဘုရားကျောင်းတော်ကို တက်ရောက်နိုင်ပြီ"

သက်လတ်ပိုင်းအရွယ်လူကြီးက အချိန်အနည်းငယ် ထပ်မံစဉ်းစားပြီး ပြောကြားလိုက်သည်။

"အချိန်ကျလာရင်....မင်းအတွက် ငါရဲ့ဆရာသခင်စီမှာ ငါ ထောက်ခံပေးမယ်..အဲ့လိုဆိုရင် မင်းက အတွင်းစည်းတပည့်အဖြစ် တိုက်ရိုက်ရာထူးတိုးခံရမယ်"

"ဒါ...ဒါ တစ်ကယ်ပြောတာလား"

အိမ်ရှေ့စံမင်းသားသည် အပျော်လွန်သွားပြီး လျှင်လျှင်မြန်ဖြင့် လူကြီးအားအရိုအသေပြုလိုက်သည်။

"ကျေးဇူးတင်ပါတယ်...မြင့်မြတ်တဲ့အင်မော်တယ်"

အိမ်ရှေ့စံမင်းသားသည် သူ၏အလွန်အမင်းပျော်ရွှင်နေမှုအား စကားလုံးဖြင့်ပင် မဖော်ပြနိုင်တော့ချေ။

သက်လတ်ပိုင်းအရွယ်လူကြီး တက်ရောက်နေသည့် စစ်နတ်ဘုရားကျောင်းတော်သည် ခမ်းနားကြီးကျယ်သောအင်မော်တယ်ကျောင်းတော်ဖြစ်သည်။

စစ်နတ်ဘုရားကျောင်း၏ စီရင်ပိုင်ခွင့်လက်အောက်တွင် မြောက်များစွာသည့် သေမျိုးနိုင်ငံများရှိသည်။ တာလျန့်နိုင်ငံတော်သည်လည်း ထိုနိုင်ငံများအနက်မှ တစ်ခုသာဖြစ်သည်။

ထိုသို့ဖြစ်ရခြင်းမှာ တာလျန့်နိုင်ငံတော်သည် စစ်နတ်ဘုရားကျောင်းတော်ပိုင်နက်၏ မြောက်ဘက်စွန်းစွန်းတွင် တည်ရှိခြင်းကြောင့်ဖြစ်သည်။ ယခုလက်ရှိတွင် စစ်နတ်ဘုရားဂိုဏ်းသည်လည်း မြောက်ဘက်သို့ ရွှေ့ပြောင်းနေခဲ့သည်။

ထို့ကြောင့် အင်ပါယာနှင့်တာလျန်နိုင်ငံတော်၏ ကျွမ်းကျင်သူများအားလုံးသည် ပြောင်းရွှေ့မှုအားကူညီရန် မြောက်ဘက်အရပ်သို့ ရောက်ရှိနေကြခြင်းဖြစ်သည်။

အပြန်အလှန်အနေဖြင့် တာလျန့်နိုင်ငံတော်အား လှို့ဝှက်တိုက်ခိုက်ခံရခြင်းမှကာကွယ်နိုင်ရန် စစ်နတ်ဘုရားကျောင်းတော်မှတစ်ပည့်တစ်ယောက် စေလွှက်ထားခဲ့သည်။

အိမ်ရှေ့စံမင်းသား၏ရှေ့တွင်ရှိသော သက်လတ်ပိုင်းအရွယ်လူသည် စစ်နတ်ဘုရားဂိုဏ်း၏အတွင်းစည်းတပည့် လုံချီနယ်ပယ်ပညာရှင်ဖြစ်လေ၏။

အိမ်ရှေ့စံမင်းသားက ထိုသူနှင့် သိကျွမ်းခင်မင်စေရန် အထူးတလည်ကြိုးစားနေခြင်းသည် အင်မော်တယ်ဂိတ်တံခါးသို့ ဝင်လိုခြင်းကြောင့်ဖြစ်သည်။

သေမျိုးနိုင်ငံတစ်နိုင်ငံတွင် အကယ်၍ လူတစ်ယောက်တွင် အင်မော်တယ်ဂိတ်တံခါး၏ကျင့်ကြံနည်းစနစ်များမရှိပါက ရောက်ရှိနိုင်သည့် အမြင့်ဆုံးနယ်ပယ်သည် ရှီထျန်းနဝမအဆင့်အထွက်အထိပ်သာဖြစ်သည်။ နှစ်ပေါင်းတစ်ရာကြာပြီးနောတ် ထိုသူသည်အမှိုက်တစ်စသာဖြစ်သွားပေမည်။

သို့ရာတွင် အကယ်၍ လူတစ်ယောက်သည် အင်မော်တယ်ဂိတ်တံခါးသို့ ဝင်ရောက်နိုင်ပါက သူသည် အင်မော်တယ်ဂိတ်တံခါး၏ကျင့်ကြံမှုနည်းစနစ်များကို ကျင့်ကြံနိုင်ပြီး လုံချီနယ်ပယ် သို့မဟုတ် ထို့ထက်မြင့်သောနယ်ပယ်များကို ချိုးဖျက်နိုင်ပေမည်။

လုံချီနယ်ပယ်ရှိပညာရှင်တစ်ယောက်၏ ဘဝသက်တမ်းသည် ပုံမှန်သက်တမ်းထက် အနည်းဆုံးနှစ်တစ်ရာ တိုးလာနိုင်သည်။

အကယ်၍ လူတစ်ယောက်သည် အင်မော်တယ်ဂိတ်တံခါးဖြင့် ဆတ်သွယ်နိုင်ပါက ကျင့်ကြံမှုလမ်းကြောင်းပေါ်သို့ ရောက်ရှိသွားပြီဖြစ်သည်။ အနာဂတ်တွင် သူတို့သည် ထာဝရရှင်သန်သူများ ဖြစ်လာနိုင်သည်။

ထိုအတွေးများနှင့်အတူ အိမ်ရှေ့စံမင်းသားသည် အလွန်အမင်းစိတ်လှုပ်ရှားနေရာ သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေပေ၏။

Chapter 23

စုန့်ခွမ်က စိတ်လှုပ်ရှားနေသည့် အိမ်ရှေ့စံမင်းသားအားကြည့်ပြီး သူ၏စိတ်အတွင်းမှ လှောင်ပြောင်သရော်နေခဲ့သည်။

သေမျိုးဖြစ်သည့်အိမ်ရှေ့စံမင်းသားသည် သူကအမှန်တစ်ကယ်ကြင်နာမှုအားပြသခဲ့သည်ဟု တွေးထင်နေသော်လည်း သူ၌ထိုကဲ့သို့သောအတွေးမျိုး မရှိပေ။

စုန့်ခွမ်သည် မြောက်ဘက်သို့မသွားရသော်လည်း ထိုနေရာရှိအခြေအနေသည် အလွန်အမင်းအရေးကြီးနေသည်အား သိရှိထားသည်။ အသင်္ချေသားရဲဂိုဏ်းသည် အမှန်တကယ်ပင် မှော်သားရဲမြောက်များစွာကို ထိန်းချုပ်နိုင်ပြီး စစ်နတ်ဘုရားဂိုဏ်း၏မြောက်ဘက်နယ်မြေအား သိမ်းပိုက်နိုင်ရန် ကြံစည်အားထုတ်နေသည်။

လုံချီအဆင့်ပညာရှင်တစ်ယောက်သည် ရက်စက်ကြမ်းကြုတ်သည့်နတ်ဆိုးသားရဲကို မျက်စိတစ်မှိတ်စာအချိန်အတွင်းမှာပင် သတ်ပစ်နိုင်သည်။ သို့ရာတွင် သားရဲများတလိမ့်လိမ့်များပြားလာချိန်တွင်မူ လက်သီးနှစ်ဖက်က ခြေလက်လေးချောင်းနှင့်ယှဉ်ပြိုင်၍ မတိုက်ခိုက်နိုင်ချေ။ အင်မော်တယ်ဂိုဏ်းများရှိ ကျွမ်းကျင်ပညာရှင်များသား နတ်ဆိုးသားရဲတစ်အုပ်စုကို ကောင်းစွာသတ်နိုင်ပေမည်။

ထိုအကြောင်းအရင်းများကြောင့် သေမျိုးများ၏အသုံးဝင်မှုအား အသုံးချခဲ့သည်။

သေမျိုးတို့၏ခွန်အားမှာ နည်းပါးသော်လည်း သူတို့သည် လူအင်အားများပြား၏။ သန်းပေါင်းများစွာရှိသော သေမျိုးစစ်တပ်နှင့်နတ်ဆိုးသားရဲများ တိုက်ခိုက်ကြပါက သူတို့က သားရဲဒီရေလှိုင်းအား အပြည့်အဝတားဆီးနိုင်ပေမည်။

သေမျိုးများက အမြှောက်စာပင် ဖြစ်၏။

တာလျန့်နိုင်ငံတော်သည် နိုင်ငံ၏စွမ်းအား အလုံးစုံကို မြောက်ဘက်ဒေသသို့ ပို့ဆောင်ထားသည်။ အင်မော်တယ်ဂိုဏ်းများ၏ အငြင်းပွားမှုအကျိုးရလဒ်အနေဖြင့် မရေမတွက်နိုင်သည့်လူများသည် တိုက်ပွဲအတွင်းသေဆုံးခဲ့ရသည်။

သို့ရာတွင် ထိုအရာအားလုံးသည် အကျိုးစီးပွားတစ်ခုအတွက်သာဖြစ်သည်။ တာလျန့်အတွက် အကျိုးပြန်ရမည်မှာ အင်မော်တယ်ဂိုဏ်းဝင်ခွင့်ဖြစ်၏။ အင်ပါယာမင်းသည် အသက်ကြီးရင့်နေပြီဖြစ်သည့်အပြင် အရည်အချင်းနည်းပါးသည်။ သူအတွက် အဆင့်ချိုးဖျက်ရန်မှာ အလွန်ခက်ခဲပေမည်။ တစ်ခြားတစ်ဖက်မှကြည့်လျှင် အိမ်ရှေ့စံမင်းသားသည် မြေတောင်မြှောက်ပေးနိုင်သည့် အရည်အချင်းရှိသော ပါရမီရှင်ဟု ယူဆနိုင်သည်။

စုန့်ခွမ်က အိမ်ရှေ့စံမင်းသားအား ဂိုဏ်းသို့စေလွှက်ရန် အစီအစဉ်ဆွဲထားပြီးဖြစ်သည်။ သို့ရာတွင် ဂိုဏ်း၏အမိန့်အရ စုန့်ခွမ်သည် အချိန်ကာလတစ်ခုထိ ဤနေရာ၌ နေရအုံးမည်။

ထို့ကြောင့်သူသည် အင်မော်တယ်ဂိုဏ်း၏အကျပ်အတည်း အခြေအနေအကြောင်းကို ဖော်ပြခြင်းမပြုရန် ရွေးချယ်ခဲ့သည်။ သူက အိမ်ရှေ့စံမင်းသား၏ပါရမီကို စိတ်ဝင်စားဟန်ဆောင်၍ စိတ်မှမပါဘဲ လက်ခံခဲ့ခြင်းဖြစ်သည်။

ယခုအချိန်တွင် အိမ်ရှေ့စံမင်းသားသည် အင်မော်တယ်ဂိုဏ်းတစ်ခုအား ဝင်ခွင့်ရတော့မည့်အတွက် စုန့်ခွမ်အား အလွန်အမင်းကျေးဇူးတင်နေသည်။

စုန့်ခွမ်နှင့်အိမ်ရှေ့စံမင်းသားတို့က တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန်ကြည့်နေကြသည်။ သူတို့နှစ်ယောက်စလုံးသည် ကိုယ်ပိုင်အတွေးကိုယ်စီဖြင့် မည်သည့်စကားမျှမဆိုဘဲ ပြုံးလိုက်ကြသည်။

ထိုအချိန်မှာပင် အပြင်ဘက်မှနေ၍ ဆူညံသံတစ်သံ ထွက်ပေါ်လာသည်။

"အထူးအုပ်ချုပ်ရေးမှူ းကြီး....ဘယ်သူမှ ဝင်ခွင့်မပြုရဘူးလို့ အရှင့်သားက အမိန့်ပေးထားပါတယ်"

အစောင့်များက ဝင်ရောက်လာသူအား တားဆီးနေကြ၏။

အိမ်ရှေ့စံမင်းသားက မျက်မှောင်ကြုပ်ရင်းမှ မေးမြန်းလိုက်သည်။

"အပြင်မှာ ဘာတွေဖြစ်နေကြတာလဲ"

"အရှင့်သားကို သတင်းပို့ပါတယ်....တုန်းချန်အုပ်ချုပ်ရေးမှူ း လျို ကုန်းကုန်းက တွေ့ခွင့်တောင်းနေပါတယ်"

အစောင့်မှ ပြန်လည်ဖြေကြားလိုက်၏။

အိမ်ရှေ့စံ၏မျက်နှာပေါ်တွင် မပျော်ရွှင်မှုအရိပ်အယောင် ထင်ဟပ်သွားပြီး အော်ဟစ်လိုက်သည်။

"သူကို ထွက်သွားဖို့ပြောလိုက်...ငါက မြင့်မြတ်တဲ့ဧည့်သည်နဲ့တွေ့နေတယ်ဆိုတာ သူ မမြင်ဘူးလား"

"ဝေဘုရင်က အသတ်ခံရပြီလို့ လျိုကုန်းကုန်းက ပြောပါတယ်"

အစောင့်က တုန်ရီနေသောလေသံဖြင့် အိမ်ရှေ့စံအား သတင်းပို့လေ၏။

"ဘာ..."

အိမ်ရှေ့စံ၏မျက်လုံးများ ပြူ းကျယ်သွားကာ အမိန့်ပေးလိုက်သည်။

"သူ့ကို အထဲဝင်ခိုင်းလိုက်"

လျိုပေက စိတ်လှုပ်ရှားစွာဖြင့် ပျာယာခတ်နေသော အမူအယာဖြင့် အပြေးဝင်လာခဲ့သည်။ သူက အိမ်ရှေ့စံမင်းသားအား မြင်သည်နှင့် ချက်ချင်းကြမ်းပြင်ပေါ် ဒူးထောက်ပြီး ပြောကြားလိုက်သည်။

"အရှင့်သား..ဒီ အစေခံအိုကြီးက တာဝန်မကျေပွန်ခဲ့ဘူး...ဟိုကောင်စုတ်လေးကို ဝေဘုရင်ကို သတ်ဖို့အခွင့်အရေးပေးလိုက်မိတယ်"

"ဘယ်ကောင်တုန်း"

အိမ်ရှေ့စံမင်းသားက အေးစက်တင်းမာစွာ မေးမြန်းလေသည်။

"အဲ့ဒီကောင်က ယုံဖျင်အမတ်ကြီးရဲ့သား လုယွီပါ...သူက ဝေဘုရင်ရဲ့အိမ်တော်မှာ သူကိုတားဆီးတဲ့သူ မှန်သမျှကို သတ်ပစ်ခဲ့တယ်...ဝေဘုရင်အိမ်တော်ရဲ့ ကျွမ်းကျင်သူ ဘယ်သူကမှ သူကိုမယှဉ်ပြိုင်နိုင်ခဲ့ဘူး....ခန်းမသခင် ဝမ့်မင်တောင်မှ သူ့လက်ချက်နဲ့သေသွားပြီ"

"သူက ဝေဘုရင်ကိုလည်း ဒီ အစေခံအိုကြီးရဲ့ရှေ့မှာတင် သတ်ပစ်ခဲ့တာ...တကယ်လို့ ဒီအစေခံအိုကြီးကို မြင့်မြတ်တဲ့အင်မော်တယ်ကသာ လွတ်မြောက်အဆောင် ပေးမထားဘူးဆိုရင် ကျွန်တော်က အဲ့ဒိကောင်လက်ချက်နဲ့ သေနေလောတ်ပြီ"

လျိုပေက စကားပြောကြားပြီးသည်နှင့် စုန့်ခွမ်ဘက်သို့လှည့်၍ အကြိမ်တော်တော်များများ အရိုအသေပြုလိုက်၏။

ထိုအချိန်တုန်းက စုန့်ခွမ်သည် တာလျန့်နိုင်ငံတော်သို့ ရောက်ရှိခါစဖြစ်ပြီး လျိုပေက ဧည့်သည်များအားကြိုဆို၍ ဧည့်ခံရသည့်တာဝန်အား ယူထားရသည်။ လျိုပေက လူများအား ဂရုစိုက်ပြုစုရာ၌ အလွန်ကောင်းမွန်သည်။ စုန့်ခွမ်က လျိုပေ၏ ဧည့်ဝတ်ကျေပွန်မှုကို သိရှိပြီး သူ့စိတ်ပျော်ရွှင်သွားချိန်၌ လျိုပေအား ဆုအဖြစ် လွတ်မြောက်အဆောင်ကို ပေးခဲ့သည်။

ထိုလွတ်မြောတ်အဆောင်က ယနေ့တွင် လျိုပေ၏အသက်အား အမှန်တကယ် ကယ်တင်နိုင်လိမ့်မည်ဟု မမျှော်လင့်မိချေ။

လျိုပေက အချိန်အနည်းငယ် တွန့်ဆုတ်နေပြီးမှ ဝေဘုရင်၏အိမ်တော်တွင် ဖြစ်ပျက်ခဲ့သည့်အရာတိုင်းကို အိမ်ရှေ့စံမင်းသားအား ပြောကြားလိုက်သည်။

"အဲ့ဒါက လုယွီ တစ်ကယ်လုပ်တာလား....သူ့မှာ အမှန်တစ်ကယ်ကို အဲ့ဒီလိုစွမ်းရည်မျိုးရှိနေတယ်ပေါ့"

အိမ်ရှေ့စံမင်းသား တုန်လှုပ်သွားရသည်။

လုယွီသည် ယခင်က အရူးတစ်ယောက်နှင့်တူသည်ကို အိမ်ရှေ့စံမင်းသား သေချာသိထားသည်။ ရုတ်တရက် သူက ယနေ့နံနက် စစ်နတ်ဘုရားရုပ်ထုအား သူအရိုအသေပေးစဉ်က မြင်ကွင်းအား သတိရသွားသည်။

သိပ်မကြာခင်ကပင် လက်မှုပညာရှင်အဖွဲ့အစည်းမှ ရုပ်ထုသည် လုံလောတ်သောပါဝင်ပစ္စည်းများဖြင့် တည်ဆောတ်ထားပြီး ပစ္စည်းများလေလွင့်ဆုံးရှုံးထားမှုမရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

"ဖြစ်နိုင်တာက သူ....ဘယ်လိုကံကောင်းမှုမျိုးကို သူကြုံတွေ့ထားတာလဲ"

ရုတ်တရက် အိမ်ရှေ့စံမင်းသားက အကြံတစ်ခုရလိုက်သည်။ သူ၏စိတ်နှလုံးအတွင်းတွင် ပူလောင်နေသကဲ့သို့ ခံစားရလေသည်။

လုယွီက ကြီးမားသည့်ကံကောင်းမှုကြီး ရရှိခဲ့သည်မှာ အမှန်ဖြစ်နိုင်သည်။

ထိုသို့မဟုတ်လျှင် အရုးတစ်ယောက်သည် မည်သည့်နည်းဖြင့် အလွန်ထက်မြက်လာပြီး ကြမ်းကြုတ်ရက်စက်လာမည်နည်း

"မင်း ဘယ်လိုကံကောင်းမှုမျိုးရရှိထားပါစေ...ကိစ္စမရှိဘူး...မင်းက တာလျန့်နိုင်ငံတော်အတွင်းရှိနေသမျှတော့ ငါ့လက်ထဲမှာပဲ"

အိမ်ရှေ့စံမင်းသား၏ မျက်လုံးများတွင် လောဘအငွေ့အသက်များ ဖုံးလွှမ်းနေလေသည်။

Chapter 24

"အခက်အခဲ တစ်ခုခုရှိနေလား အိမ်ရှေ့စံမင်းသား"

စုန့်ခွမ်က တစ်ချိန်လုံး တိတ်ဆိတ်စွာနေနေသည်။ ယခုအချိန်မှသာ ရုတ်တရက် ရယ်မောရင်းပြောဆိုခြင်းဖြစ်၏။

အိမ်ရှေ့စံမင်းသားက အမူအယာမပြောင်းလဲဘဲ သူက စုန့်ခွမ်ဘက်သို့ လှည့်ကြည့်၍ ပြုံးပြလိုက်သည်။

"ဒါက အသေးအဖွဲ ကိစ္စတချို့ပါ....ကျွန်တော်က ခင်ဗျားကို ဒုက္ခမပေးချင်ပါဘူး"

ထို့နောက် အိမ်ရှေ့စံမင်းသားက လက်ခုပ်တီးလိုက်ရာ မြင်လိုက်သည်နှင့် ကျက်သရေအပြည့်ရှိသော မိန်းမပျိုလေးများက ရုတ်တရက် ဥယျာဉ်အတွင်းမှ ထွက်လာပြီး စုန့်ခွမ်အား ဝန်းရံလိုက်ကြသည်။

"အင်မော်တယ်....ကျွန်တော်မှာ ဖြေရှင်းစရာကိစ္စရပ်လေးတွေရှိနေလို့သွားလိုက်ဦးမယ်....ခွင့်ပြုပါဦး"

အိမ်ရှေ့စံမင်းသားက ရိုသေလေးစားစွာဖြင့် ပြောလေသည်။

"ဒါ အဆင်ပြေပါတယ်...သွားပါ"

စုန့်ခွမ်က မိန်းမပျိုအုပ်စုအားမြင်သည်နှင့် သူ၏မျက်နှာအရောင်လက်သွားသည်။

စုန့်ခွမ်က သူ၏အင်မော်တယ်ဂိုဏ်းဝင်ဟူသော ပုံရိပ်ကိုကြာရှည်မထိန်းသိမ်းနိုင်တော့ဘဲ မိန်းမပျိုအုပ်စုအတွင်းသို့တိုးဝင်လိုက်ရာ ကလူသံကျီစယ်သံများသည် များပြားစွာ ထွက်ပေါ်လာ၏။

အိမ်ရှေ့စံမင်းသားနှင့်လျိုပေတို့က တိတ်တဆိတ်ထွက်ခွာသွားကြပြီး စုန့်ခွမ်အား အနှောက်အယှက်မပြုတော့ပေ။

သူတို့နှစ်ယောက်က အိမ်ရှေ့စံ၏စာကြည့်ခန်းရှိရာသို့ လျှောက်လှမ်းလိုက်ကြပြီး အတွင်းရှိ လှို့ဝှက်ခန်းသို့ ဝင်လိုက်ကြသည်။

"မှတ်ထားစမ်း....ဒီအကြောင်းကို မင်းဘယ်သူကိုမှမပြောရဘူး....တစ်ကယ်လို့ စစ်နတ်ဘုရားက မင်းကိုလာမေးတယ်ဆိုရင်တောင် ဒါကိုဖွင့်မပြောရဘူး"

လှို့ဝှက်ခန်းအတွင်းသို့ ရောက်ရှိသည်နှင့် အိမ်ရှေ့စံမင်းသားက လျိုပေအား သတိပေးလေ၏။

လျိုပေ၏ တုံပြန်မှုက မဆိုသလောတ် နှေးကွေးသွားသည်။

"အရှင့်သား...ဘာလို့ ငါတို့ပြောလို့မရတာလဲ....အဲ့ဒီကောင်စုတ်က အတော်ကို သတ္တိကောင်းနေတာ...မြင့်မြတ်တဲ့အင်မော်တယ်ရဲ့အကူအညီနဲ့ဆိုရင် ငါတို့ သူကို လွယ်လွယ်ကူကူ ဖမ်းဆီးနိုင်လိမ့်မယ်"

"ဦးနှောက်မရှိတဲ့ ခွေးကောင်...."

အိမ်ရှေ့စံမင်းသားမှ လျိုပေအား ဒေါသတကြီး ကျိန်ဆဲရင်းမှ-

"တကယ်လို့ ငါက ဒီအကြောင်းတွေကို မြင့်မြတ်တဲ့အင်ပါယာကို ပြောလိုက်မယ်ဆိုရင်...တစ်ကယ်လို့ အဲ့ဒီကောင် လုယွီမှာ ရတနာတစ်ခုခုရှိနေတယ်ဆိုရင် သူက ငါတို့ကို ဘယ်လိုလုပ်ဝေစုပေးမှာလဲ"

လျိုပေသည် အမှန်တစ်ကယ် ဥာဏ်နည်းသူတစ်ယောက်မဟုတ်သဖြင့် အိမ်ရှေ့စံမင်းသား၏ဆိုလိုရင်းကို ချက်ချင်းသဘောပေါတ်သွားခဲ့သည်။

"အရှင့်သား....လုယွီမှာ ရတနာတချို့ရှိနေတယ်လို့ ဆိုလိုချင်တာလား"

လျိုပေ၏မျက်လုံးများတွင်လည်း လောဘအရိပ်အယောင်များ ဖုံးလွှမ်းလာသည်။

အိမ်ရှေ့စံမင်းသားက လျိုပေအား လှောင်ပြောင်လိုဟန်ဖြင့် ကြည့်ပြီးပြောလိုက်သည်။

"ငါက မြို့တော်အတွင်းက ဖြစ်ရပ်တွေကို ဘယ်လိုသိမှာလဲ...မင်းရဲ့လက်ထဲမှာ သတင်းအချက်အလက်တွေအများကြီးရှိတာပဲ...အရင်တုန်းက အဲ့ဒီကောင်လုယွီက ဘယ်လိုကောင်စားမျိုးလဲဆိုတာ မင်း မသိဘူးလို့တော့ ငါကိုမပြောနဲ့"

အိမ်ရှေ့စံမင်းသားက တခဏမျှထပ်မံစဉ်းစားပြီး ထပ်မံပြောကြားလေသည်။

"တကယ်လို့ မင်းရဲ့ပါးစပ်ကို လုံခြုံအောင်ပိတ်ထားနိုင်မယ်ဆိုရင် ဒီနှစ်တွေအတွင်းမင်းရခဲ့တာတွေထက် အများကြီးပိုရလိမ့်မယ်...ဒါပြင် အဲ့ဒီကောင်ကိုကြည့်ရတာ လုံးဝကိုခြားနားတဲ့ လူတစ်ယောက်ဖြစ်သွားတယ်...သူက မမျှော်မှန်းနိုင်လောတ်အောင် ကောင်းမွန်တဲ့ ကံကောင်းမှုကြီးနဲ့ တွေ့ဆုံခဲ့တယ်လို့ ငါ ကောက်ချက်ချမိတယ်"

"မင်း စဉ်းစားကြည့်စမ်း....ဟိုထျန်းပထမအဆင့်နဲ့သူက ရှီထျန်းအဆင့်ကိုသတ်နိုင်ခဲ့တယ်....ဒါပြင် ရှီထျန်းဆဠမအဆင့်ရှိတဲ့ မင်းကိုတောင်မှ ရိုက်နှက်နိုင်ခဲ့တယ်...အဲ့ဒီကောင် ဘယ်လိုကံကောင်းမှုကြီး ကြုံတွေ့ခဲ့ရပါလိမ့်.."

လျိုပေ၏မျက်လုံးများက အိမ်ရှေ့စံကို မော့ကြည့်လိုက်သည်။

"အရှင့်သား....အခုချက်ချင်း အဲ့ဒီကောင်ကိုဖမ်းဆီးပြီး သူစီကရတနာတွေကို ရှာဖွေခွင့်ပြုပါ"

အိမ်ရှေ့စံမင်းသားက သူ၏လက်များကို ဝှေ့ယမ်းလိုက်သည်။

"မင်းလို ရှီထျန်းဆဠမအဆင့် သူမျိုးတောင်မှ သူရဲ့ပြိုင်ဘက်မဖြစ်နိုင်ရင်....မင်း သေသေချာချာ စီစဉ်ရလိမ့်မယ်"

"အရှင့်သား ကျွန်တော်တို့က အစောင့်အရှောက်ခန်းမက ကျွမ်းကျင်ပညာရှင်အားလုံးကို ဆင့်ခေါ်နိုင်တယ်...ရှီထျန်းအဆင့်ပညာရှင်တွေ အကုန်တိုက်ခိုက်မယ်ဆိုရင် လုယွီက ဘယ်လောတ်စွမ်းအားကောင်းနေပါစေ...အဲ့ကောင် သေရမှာအသေအချာပဲ"

လျိုပေက ပြောလိုက်လေ၏။

အိမ်ရှေ့စံမင်းသားက အချိန်တခဏကြာ တွေးတောပြီးနောက် သူ၏ဦးခေါင်းကိုခါယမ်းခဲ့သည်။

"ငါတို့ လုံကျင်းမြိုတော်အတွင်းမှာ ဘာမှလုပ်လို့မရဘူး...ရုတ်တရက် လှုပ်ရှားမှုကြီးကြီးမားမားဖြစ်မယ်ဆို ချောင်ယဲ့ကို ရှင်းပြဖို့ခက်ခဲရုံသာမက မြင့်မြတ်တဲ့အင်မော်တယ်ကပါ သတိပြုမိသွားမယ်"

လျိုပေက မည်သည့်အရာကိုမျှ မစဉ်းစားတော့ဘဲ ပြောကြားလိုက်သည်။

"အရှင့်သား...အရှင်က ဒီကိစ္စကိုလှုပ်ရှားဖို့ စိတ်ပူပန်နေတယ်ဆိုရင် ဒီ အစေခံမှာ နည်းလမ်းတစ်ခုရှိပါတယ်"

လျိုပေက ရက်စက်ယုတ်မာသည့်အပြုံးကို သူ၏မျက်နှာပေါ်တွင် ဆင်မြန်းထားရင်း အိမ်ရှေ့စံမင်းသားအားကြည့်လိုက်သည်။

"ကျွန်တောတို့ လုယွီကို သိုင်းနတ်ဘုရားစမ်းသပ်ခြင်း အချိန်အတွင်း သတ်လို့ရတယ်"

သိုင်းနတ်ဘုရားဂိုဏ်း၏ လက်အောက်ခံသေမျိုးနိုင်ငံဖြစ်သော တာလျန့်နိုင်ငံတော်သည် နှစ်စဉ်နှစ်တိုင်း သိုင်းနတ်ဘုရားအား ဂုဏ်ပြုပွဲပြုလုပ်ရသည်။

သိုင်းနတ်ဘုရားအား အရိုအသေပြုပြီးသည်နှင့် လုံကျင်းမြို့တော်ရှိ ကလန်ကြီးများသည် ပညာသင်များအားစုစည်းနိုင်ရန် လေ့ကျင့်စစ်ဆေးခြင်းအား လုပ်ဆောင်ကြသည်။

အင်ပါယာက တိုက်ပွဲကွင်းပြင်သို့ မထွက်ခွာခင် သိုင်းနတ်ဘုရားစမ်းသပ်ပွဲ ကျင်းပမည့်နေရာအား ဆုံးဖြတ်ပေးထားခဲ့သည်။ ထိုနေရာသည် လုံးကျင်းမြို့တော်နှင့်ကီလိုမီတာတစ်ရာအကွာအဝေးတွင်ရှိသော မိုးကောင်းကင်တောင်ထိပ်ဖြစ်သည်။

ထိုနေရာတွင် နတ်ဆိုးသားရဲများစွာရှိပြီး တစ်ခါတစ်ရံ နတ်ဆိုးများပင်တွေ့ရတတ်သည်။ ထို့ကြောင့် ရှီထျန်းအဆင့်ပညာရှင်များပင် ထိုတောင်အနီးသို့ သာမာန်ကာလျှံကာ မချဉ်းကပ်ဝံ့ချေ။

သို့ရာတွင် မိုးကောင်းကင်တောင်တန်းတွင် ရှားပါးလှသည့်ဆေးဖက်ဝင်အပင်များနှင့်ရတနာများကို ပေါများစွာရှိနေသည်။

အကျိုးဆတ်အနေဖြင့် ထိုနေရာ၌ မြောက်များစွာသောအန္တရာယ်များကြုံတွေ့ရသည့်တိုင် များစွာသောလူများသည် အခွင့်အလမ်းရရှိနိုင်ရန် မိုးကောင်းကင်တောင်သို့ သွားနေကြဆဲဖြစ်သည်။

အိမ်ရှေ့စံမင်းသား၏မျက်လုံးအတွင်းတွင် ရက်စက်ယုတ်မာသော အရိပ်ထင်ဟပ်လာသည်။

"သိုင်းနတ်ဘုရားစမ်းသပ်ပွဲက လာမယ့်သုံးရက်အတွင်းမှာပဲ....အဲ့ဒီအချိန်ကျရင် မင်းက မြင့်မြတ်တဲ့အင်မော်တယ်ကို သွေးဆောင်ပြီး အဝေးကိုခေါ်သွားလိုက်...သူကို ပါဝင်တိုက်ခိုက်ခွင့်မပြုနဲ့...ငါက အစောင့်အရှောက်ခန်းမက ကျွမ်းကျင်ပညာရှင်တွေကို စုစည်းပြီး လုယွီကိုတိုက်ခိုက်မယ်"

Chapter 25

လုံကျင်း...ယုံဖျင်အိမ်တော်

လုယွီက သူ၏အခန်းအတွင်း၌သာ နေထိုင်နေသည်။ သူ၏အခန်းပြင်ပတွင် အစောင့်များရှိပြီး မည်သူကိုမျှ အခန်းအတွင်းသို့ ဝင်ရောက်ရန်ခွင့်မပြုပေ။

ဘဏ္ဏာစိုး ကျုံးက လုယွီလိုအပ်သည့် ဆေးပင်များကို ယူဆောင်လာပြီးဖြစ်သည်။ တစ်ချို့ဆေးပင်များသည် အလွန်အမင်းစျေးကြီးသော်လည်း ယုံဖျင်အိမ်တော်အတွက်မူ ခက်ခဲသောတာဝန်မဟုတ်ပေ။

ဦးလေးကျုံးက ဆေးအင်များလုံလောတ်မှုမရှိမည်ကို စိုးရိမ်သဖြင့် သူက လုယွီမှာသမျှ ဆေးအင်အားလုံးကို အစည်းလိုက်ဝယ်ယူလာခဲ့သည်။ အဆုံးသတ်တွင်တော့ လုယွီ၏နံဘေးတွင် ဆေးပင်ပုံတစ်ပုံ ရှိနေတော့သည်။

"ဒါလည်း ကောင်းပါတယ်...ငါ ပိုပြီးသန့်စင်ထားလို့ရတာပေါ့"

လုယွီက ခေါင်းခါယမ်းရင်းမှ ခါးသက်သက်ပြုံးလိုက်မိသည်။ ထို့နောက် သူ၏ကျန်းချီကို တွက်ချက်လိုက်ပြီး ဆေးပင်များပေါ်သို့ လွှမ်းခြုံလိုက်သည်။

တူညီသောအချိန်မှာပင် လုယွီ၏ညာဘက်လက်မှနေ၍ အဖြူ ရောင်မီးတောင်တစ်ခုထွက်ပေါ်လာပြီး ဆေးပြင်းဖိုအနှံပျံ့နှံ့သွားကာ အလယ်ဗဟို၌ နှေးကွေးစွာဖြင့် လှည့်ပတ်နေလေသည်။

သူ၏ဘယ်ဘက်လက်ညှိုးကိုညွှန်ပြလိုက်ခြင်းနှင့်အတူ ကျန်းချီများပျံ့နှံ့သွားပြီး ဆေးပင်များသည် ဆေးကျိုအိုးအတွင်းသို့ ဝင်ရောက်သွားသည်။

ထိုဆေးပင်များ ဆေးကျိုအိုးအတွင်း ဝင်ရောက်သွားပြီးနောက်တွင် ရုတ်တရက် လုယွီက သူ၏မျက်လုံးကိုမှိတ်လိုက်သည်။ သူ၏လက်ချောင်းထိပ်ရှိ မီးတောက်သည် ဆေးကျိုအိုးအောက်သို့ ရောက်ရှိသွားလေသည်။

"ဟူး......."

မီးတောက်က တဖြည်းဖြည်းနှင့်တောက်လောင်နေသည်။

အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းပြီးချိန်မှာပင် လုယွီက ဆေးကျိုအိုးအဖုံးကို ဖွင့်လိုက်သည်။

သင်းပျံ့သည့်ဆေးရနံများက လေထုအတွင်း လွင့်ပျံနေသည်။ ဆေးကျိုအိုအတွင်းသို့ ကျရောက်သွားသည့် ဆေးမယ်ပစ္စည်းများသည် ပျောက်ကွယ်ပြီး ရွှေရောင်ဆေးပြားတစ်ပြားအဖြစ်ပြောင်းလဲသွားသည်။

"ကောင်းကင်မူလရွှေဆေးလုံး"

လုယွီက ရွှေရောင်ဆေးလုံးအား ကောက်ယူပြီး ၎င်း၏အရည်အသွေးအား စစ်ဆေးလိုက်သည်။

ယခုဆေးပြားသည် ကောင်းကင်ဘုံအင်ပါယာ၏မှတ်ဥဏ်များတွင် သူ တွေ့ရှိသမျှအနက်မှ လုလမ်ရွှမ်းအတွက် အသင့်တော်ဆုံးဆေးပြားဖြစ်သည်။

လုယွီ၏ယခင်ဘဝတွင် ကောင်းကင်ဘုံအင်ပါယာ ထိုက်ခို၏မိသားစုများသည် ကောင်းကင်မူလရွှေဆေးလုံးမြောက်များစွာကို သိုလှောင်ထားကြသည်။ ထိုဆေးလုံးများသည် ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ် မျိုးဆက်သစ်များ၏ကျင့်ကြံမှုတွင် အထူးအသုံးဝင်စေသည်။ ထိုဆေးက ခန္ဓာကိုယ်အတွင်းရှိ ခွန်အားများကိုစုစည်းစေပြီး ကျင့်ကြံမှုနယ်ပယ်ချိုးဖျက်ရာတွင် ကူညီပေးသည့်အပြင် သုံးစွဲသူ၏ကျင့်ကြံမှုပါရမီကိုလည်း တိုးတတ်စေသည်။

"မမက ဒီ ကောင်းပင်မူလရွှေဆေးလုံးကို သောတ်သုံးပြီးတာနဲ့ ဝမ့်မင်ချိတ်ပိတ်ထားတာကို ဖယ်ရှားနိုင်လိမ့်မယ်...ဒါပြင် သူမရဲ့ အနာဂတ်ကျင့်ကြံမှုလမ်းကြောင်းမှာလည်း အကျိုးကျေးဇူးများလိမ့်မယ်"

လုယွီက သူ၏မိသားစုအကြောင်းကို နှံ့နှံ့စပ်စပ် တွေးတောလိုက်သည်။ အကယ်၍ သူ၏အစ်မနေရာ၌ တစ်စုံတစ်ယောက်ဖြစ်နေလျင် သူက အချိန်ကုန်ခံ၍စဉ်းစားနေရန် မလိုအပ်ပေ။

"ဒီဆေးပြားက အနာအဆာပါတဲ့အဆင့်မြင့် ဆေးပြားပဲ...အဲ့ဒီ အနာအဆာရဲ့ အကျိုးသက်ရောက်မှုက ဆေးစွမ်းတစ်ဆလောတ် လျော့နည်းသွားလိမ့်မယ်"

လုယွီက ရုတ်တရက် မျက်မှောင်ကြုပ်လိုက်ပြီး သူ၏ရှေ့မှောက်ရှိဆေးပြားကို သိသိသာသာပင် မကျေမနပ်ဖြစ်နေသည်။

'ဒီဆေးပြားအား လွှက်ပစ်ရမည်လား ဒါမှမဟုတ် ချိုးဖဲ့ပစ်ရမည်လား'

လုယွီက ဤအရည်အသွေးမျှဖြင့် မရပ်တန့်နိုင်ပေ။ လုယွီက သူ၏ကျန်းချီများကို ဆေးကျိုအိုအတွင်း ဆက်လက်ဖြည့်တင်း၍ သန့်စင်ခြင်းလုပ်ငန်းစဉ်အားထပ်မံလုပ်ဆောင်လိုက်သည်။

အမွှေးတိုင်တစ်ဝက်စာ လောင်ကျွမ်းပြီးချိန်တွင် ဆေးပြားတစ်ပြား ထပ်မံပေါ်ထွက်လာသည်။ လုယွီက ထိုဆေးပြားကို တစ်ချက်သာကြည့်ပြီး တစ်ခါတည်း ကြိတ်ချေပစ်လေ၏။

အကယ်၍ စျေးကွက်အတွင်း၌ဖြစ်လျှင် သာမာန်အဆင့်ဆေးပြားတစ်ပြားကိုပင် မိုးထိလုမတတ်မြင့်မားသည့် စျေးနှုန်းဖြင့် ဝယ်ယူရပေမည်။

အဆင့်မြင့်အဆင့်ဆေးပြားများအနေဖြင့်မူ ၎င်းတို့က ဒဏ္ဏာရီလာတည်ရှိမှုဖြစ်သည်။ များသောအားဖြင့် အင်မော်တယ်ဂိုဏ်းများနှင့်မိသားစုကြီးများ၌သာလျှင် ၎င်းဆေးပြားမျိုးရှိသည်။

သို့ရာတွင် လုယွီ၏မျက်လုံးအတွင်းတွင် အဆင့်မြင့်အဆင့်ဆေးပြားဟူသည်မှာ အမှိုက်ပင်ဖြစ်သည်။ သူ၏ဖြစ်လိုသည့်ဆန္ဒမှာ မိသားစုအား အကောင်းဆုံးဖြစ်မည့်အရာကိုသာ ပေးလိုခြင်းဖြစ်သည်။

နောက်ထပ် အမွှေးတိုင်တစ်ဝက်လောင်ကျွမ်းစာအချိန်တွင် လုယွီက ဆေးပြင်းဖိုအား ထပ်မံဖွင့်လိုက်သည်။ ယခုတစ်ကြိမ်တွင် ဆေးရနံ့သည် ယခင်ကထက်ပို၍ လေထုအတွင်း သင်းပျံ့နေရာ အနံ့ရရှိသူတိုင်း ပျော်ရွှင်မှုအားဖြစ်ပေါ်စေသည်။

ဆေးကျိုအိုအတွင်းတွင် ဆေးပြား၏မျက်နှာပြင်အားဖြတ်သန်း၍ ရွှေရောင်အလင်းတန်းတောက်ပနေသည်။ ၎င်းဆေးပြားသည် အမှန်တကယ်ပင် ကောင်းကင်မူလရွှေဆေးပြားသုံးပြားဖစ်သည်။

လုယွီက ဆေးကျိုအိုးအဖုံးအား အပြည့်အဝဖွင့်လှစ်ပြီးချိန်တွင် ဆေးပြား၏မျက်နှာပြင်မှ ရွှေရောင်အလင်းတန်းသည် ထပ်မံဖိနှိပ်ထားခြင်းမခံရတော့ဘဲ ကောင်းကင်ယံထိ ထိုးတက်သွားသည်။

ဒင်....

ရွှေရောင်အလင်းတန်းသည် အခန်းတစ်ခန်းလုံး ပြည့်နှက်သွားလေ၏။ အပြင်ဘက်မှကြည့်လျှင် ထိုအလင်းတန်းသည် မရေမတွက်နိုင်သည့် ညလင်းပုလဲများမှ အလင်းရောင် ထုတ်လွှတ်ထားသည်နှင့်ဆင်တူသည်။

"ထိပ်တန်းအဆင့် ဆေးပြားပဲ...အရမ်းကောင်းတယ်...အခု ကောင်းကင်မူလရွှေဆေးပြားက အဆင့်မြင့်အဆင့်မဟုတ်တော့ဘူး....ဒါကို အထွက်အထိပ်အရည်အသွေးလို့ ယူဆနိုင်တယ်"

လုယွီ၏ မျက်လုံးအတွင်းတွင် နောင်တရသည့်အရိပ်အယောင် ရှိနေသည်။

သူ၏ယခင်ဘဝတွင် လုယွီက စိတ်ဝိညာဉ်ရွှေဆေးကိုပင် သန့်စင်ခဲ့ဖူးသည်။ ထိုဆေးပြားတွင် ၎င်း၏ကိုယ်ပိုင်စိတ်ဝိညာဉ်အသိစိတ်ပါဝင်ပြီး အလွန်အမင်းလှို့ဝှက်ဆန်းကြယ်သောဆေးဖြစ်သည်။

"ထားလိုက်ပါတော့....ဆေးပြားရဲ့အကျိုးသက်ရောက်မှုကိုပဲ အရင်စမ်းကြည့်တော့မယ်"

လုယွီက ဆေးကျိုအိုးအားကြည့်လိုက်ရာ ကောင်းကင်မူလရွှေဆေးပြားသုံးပြားသည် မှိန်ပျပျရွှေရောင်အလင်းတန်းအား ထုတ်လွှတ်နေဆဲဖြစ်ရာ သူက အချိန်မဆိုင်းမတွတော့ပဲ ၎င်းဆေးပြားအားလုံးကို မျိုချလိုက်သည်။

All Chapters