အခန်း (၂၆-၃၀)
Vol. 1-5 Ch. 26-30
Chapter 26
ဘုန်း....
လုယွီ၏အစာအိမ်အတွင်းသို့ ဆေးပြားဝင်သွားသည်နှင့် ချက်ချင်းဆိုသလိုပင် ပြင်းထန်သည့်ဆေးအစွမ်းက သူ၏ခန္ဓာကိုယ်အတွင်းလှည့်ပတ်၍ လုယွီ၏မရီးဒါန်းများအား တိုက်ခိုက်လေသည်။
လုယွီ၏ခန္ဓာကိုယ်သည် ပေါက်ကွဲလုမတတ်ဖြစ်နေပြီး မရေမတွက်နိုင်သည့် သွေးထွက်ဒဏ်ရာများက ခန္ဓာကိုယ်အနှံဖြစ်ပေါ်နေသည်။ ထိုအရာက အလွန်ထိတ်လန့်ဖွယ်ကောင်းလှသည်။
သို့ရာတွင် လုယွီ၏အမူအယာက ယခင်အတိုင်း မပြောင်းမလဲတည်ငြိမ်နေဆဲဖြစ်ပြီး ကြမ်းပြင်ပေါ်၌ ခြေချိတ်ထိုင်နေခဲ့သည်။
အကယ်၍ ယခုလက်ရှိအနေအထားတွင် မူလလုယွီ၏သေမျိုးခန္ဓာကိုယ်သာဖြစ်ပါက သူ၏မရီးဒါန်းများ ကျယ်ပြန့်လာသည့်ဒဏ်ကို တောင့်မခံနိုင်သဖြင့် သေဆုံးရပေမည်။
"ဒီဘဝမှာ ငါ ရရှိတဲ့ခန္ဓာကိုယ်က ငါရဲ့ယခင်ဘဝက ခန္ဓာကိုယ်အမျိုးအစားနဲ့ တစ်ထပ်တည်းကျနေတယ်...ခန္ဓာကိုယ်နှစ်ခုလုံးက စကြာဝဠာခန္ဓာကိုယ်အမျိုးအစားတွေပဲ"
လုယွီက စိတ်ဝိညာဉ်အာရုံကို အသုံးပြု၍ သူ၏ခန္ဓာကိုယ်အားစစ်ဆေးရင်းမှ သူကိုယ်သူပင် မထိန်းချုပ်နိုင်တော့ဘဲ အနည်းငယ်အံ့အားသင့်သွားသည်။
ထိုအရာက မိုးကောင်းကင်ကို ဝါးမြိုပြီး ကမ္ဘာမြေကြီးအား ဖျက်ဆီးပစ်နိုင်ပေမည်။
မိုးကောင်းကင်နှင့်ကမ္ဘာမြေကြီးသည် ထာဝရတည်မြဲသည့်အရာများဖြစ်သည်။
ထိုကဲ့သို့သော ခန္ဓာကိုယ်အမျိုးအစားကို အင်မော်တယ်နယ်ပယ်တွင် မူလက "အမှိုက်"ဟု သတ်မှတ်သည့်အမျိုးအစားဖြစ်သည်။ ထိုသို့ဖြစ်ရခြင်းမှာ စကြာဝဠာခန္ဓာကိုယ်အမျိုးအစားသည် နယ်ပယ်အဆင့်အသစ်တတ်တိုင်း စိတ်ဝိညာဉ်စွမ်းအင်သည် တစ်ခြားခန္ဓာကိုယ်အမျိုးအစားများထက် အဆရာထောင်ပေါင်းများစွာလိုအပ်ခြင်းကြောင့်ဖြစ်သည်။
သို့ရာတွင် ယခင်ဘဝက လုယွီသည် 'မသန်မစွမ်း'ဟု ခေါ်ဆိုခြင်းခံရသော်လည်း သူက မြောက်များစွာသော ပါရမီရှင်များအား နင်းခြေကာ မြေအောက်လောက၏တာအိုသခင်ဖြစ်လာပြီး ကမ္ဘာကြီးတစ်ခုလုံးအား အထက်စီးမှ ငုံကြည့်နိုင်ခဲ့သည်။ စကြာဝဠာခန္ဓာကိုယ်အမျိုးအစားသည် အမှန်တစ်ကယ်ပင် အသိအမှတ်ပြုခံသင့်ပေ၏။ လုယွီ၏အမြင်တွင် စကြာဝဠာခန္ဓာကိုယ်အမျိုးအစားသည် အမှိုက် မည်သို့မျှမဖြစ်နိုင်ပေ။
သူသည် မြောက်များစွာသောအရင်းအမြစ်များအတွက် စိတ်ပူပန်ရသော်လည်း သူ၏ခွန်အားသည် အဆင့်တူအတွင်းရှိသော တစ်စုံတစ်ယောက်ထက် အဆပေါင်းများစွာ သာလွန်သည်။
"စကြာဝဠာခန္ဓာကိုယ်...ဒါက တစ်ကယ်ကို ရှားပါးပြီး လူဆယ်သန်းမှာ တစ်ယောက်သာရှိတဲ့အရာပဲ....ငါက ပါရမီရှင်တစ်ယောက်ဖြစ်တာမို့ ဒီလိုခန္ဓာကိုယ်မျိုးကို အသုံးမပြုဘဲ အလဟာသအဖြစ်မခံနိုင်ဘူး"
လုယွီက သူ၏ယခင်ဘဝက ကျင့်ကြံခဲ့သည့်နည်းစနစ်ဖြစ်သည့် နဂါးကိုးကောင်အာဏာရှင်ခန္ဓာကိုယ် နည်းစနစ်အား လျှင်လျှင်မြန်မြန် ရွေးချယ်လိုက်သည်။
နဂါးကိုးကောင်အာဏာရှင် ခန္ဓာကိုယ်နည်းစနစ်သည် ကျင့်ကြံသူ၏ကျန်းချီများကို နဂါးတစ်ကောင်အဖြစ်သို့ သိပ်သည်းစေကာ ခန္ဓာကိုယ်အတွင်းသို့ထည့်သွင်း၍ ၎င်းကို မရီးဒါန်းများအားဖြတ်သန်း၍ လှည့်ပတ်စေသည်။ ထို့ကြောင့် ဤပညာရပ်အား ကျင့်ကြံသူများသည် ကျန်းချီပမာဏအမြောက်အမြားကို စုစည်းရမည်ဖြစ်ပြီး ၎င်းတို့ကိုခန္ဓာကိုယ်အတွင်းသို့ ထိရောက်စွာ ထည့်သွင်းကာ ရှည်လျားသည့်ကျန်းချီနဂါးကြီးဖြစ်သည်အထိ ဖွဲ့စည်းရပေမည်။
ကျန်းချီနဂါးကြီးရှည်လျားလာသည်နှင့်အမျှ အသုံးပြုသူ၏ခွန်အားတိုးလာပေမည်။ ယခင်တစ်ကြိမ်က လုယွီသည် ဝမ့်မင်နှင့်ရင်ဆိုင်တိုက်ခိုက်စဉ်က လုယွီ၏ခန္ဓာကိုယ်တွင်ထွက်ပေါ်လာသည်မှာ နဂါးကျန်းချီဖြစ်လေ၏။
တစ်ခြားသူများ၏ကျန်းချီကို မြိုချ၍ မိမိအတွက်အသုံးပြုနိုင်ခြင်းသည် နဂါးကိုးကောင်အာဏာရှင် ခန္ဓာကိုယ်နည်းစနစ်၏စွမ်းအားဖြစ်သည်။
ဘုန်း....ဘုန်း....ဘုန်း....
ထိ်ပ်တန်းအဆင့် ကောင်းကင်မူလရွှေဆေးပြားသုံးပြား၏ ပြင်းထန်သောအစွမ်းသည် လုယွီ၏ခန္ဓာကိုယ်အတွင်း စတင်၍လှည့်ပတ်နေသည်။
ကျန်းချီပမာဏအမြောက်အများသည် ပင်လယ်ပြင်မှလှိုင်းလုံးများတလိမ့်လိမ့်တတ်လာသကဲ့သို့ လုယွီ၏ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာရာ သူ၏အတွင်းအဂါင်္များ ကြေမွလာသကဲ့သို့ခံစားနေရသည်။ လုယွီ၏ သွေးကြောများသည်လည်း ဆင်နှာမောင်းများကဲ့သို့ ခန္ဓာကိုယ်ပြင်ပသို့ တိုးထွက်နေလေ၏။
ထိုအရာက အမှန်တကယ် ထိတ်လန့်ဖွယ်အတိဖြစ်နေသော်လည်း လုယွီက ခြေချိတ်ထိုင်နေသည့်အနေအထားအား ထိန်းသိမ်းထားပြီး မည်သည့်လှုပ်ရှားမှုမျှ မပြုလုပ်ပေ။
လုယွီကျင့်ကြံနေရာမှ ခေါင်းလောင်းတစ်လုံးအား တူဖြင့်ထုလိုက်လျှင် ထွက်ပေါ်လာသည့်အသံကဲ့သို့ ဒေါင် ဒေါင် ဒေါင် ဟူသောအသံအားကြားနေရသည်။ ထိုအသံထွက်ပေါ်ပြီးနောက် လုယွီ၏မျက်နှာသည် နီရဲလာလေ၏။
လုယွီ၏နံဘေးတွင် ကျန်းချီများက တဖြည်းဖြည်းခြင်း စတင်သိပ်သည်းလာသည်။ လဖက်ရည်တစ်ခွက်ပြင်ဆင်ချိန် အတောအတွင်းမှာပင် ထိုကျန်းချီများသည် စတင်၍အားကောင်းသန်မာလာ၏။
ဟိုထျန်းစတုတ္ထအဆင့်...
မဟုတ်သေးပေ....ယခုအဆင့်က အဆုံးသတ် မဟုတ်သေးချေ။
လုယွီ၏ခန္ဓာကိုယ်အတွင်းမှ ကျန်းချီများသည် ဇက်ကြိုးထိန်းမရသည့် ကြမ်းကြုတ်ရက်စက်သော မြင်းရိုင်းတစ်ကောင်ကဲ့သို့ ရပ်တန့်နိုင်ခြင်းမရှိဘဲ တရဟောစီးဆင်းနေသည်။
ကံကောင်းထောက်မစွာဖြင့် လုယွီတွင် စကြာဝဋ္ဌာခန္ဓာကိုယ်အမျိုးအစား ပိုင်ဆိုင်ထားခြင်းကြောင့်သာ သူ၏ခန္ဓာကိုယ်အတွင်း၌ ကျန်းချီများကြမ်းကြမ်းတမ်းတမ်း စီးဆင်းနေခြင်းအား တောင့်ခံနိုင်ခြင်းဖြစ်သည်။ ထိုသို့မဟုတ်ဘဲ လုယွီနေရာ၌ တစ်ခြားသူတစ်ဦးသာဖြစ်ခဲ့လျှင် ထိုသူ၏မရီးဒါန်းများ ပေါက်ကွဲပြီး သေဆုံးရပေမည်။
ဟိုထျန်း ပဉ္စမအဆင့်....
ဟိုထျန်း ဆဠမအဆင့်...
ဟိုထျန်းသတ္တမအဆင့်....
ဟိုထျန်းနယ်ပယ်တတိယအဆင့်မှနေ၍ သတ္တမအဆင့်သို့ အဆင့်တတ်ခြင်းသည် လုယွီအတွက် လဖက်ရည်တစ်ခွက်သောက်ရမည့်အချိန်သာ လိုအပ်ခဲ့သည်။
လုယွီက သူ၏မျက်လုံးများကို ဖြည်းဖြည်းခြင်းဖွင့်လိုက်သည်။ သူ၏မျက်လုံးများတွင် ထင်ရှားသည့်အေးဆေးတည်ငြိမ်မှုနှင့်စူးရှမှုများ ပြည့်နှက်နေပြီး တစ်ခြားသူများက လုယွီအား လှို့ဝှက်ဖုံးကွယ်ထားသည့် ဓားတစ်ချောင်းနှင့်တူသည်ဟု ခံစားရစေသည်။
လုယွီ၏ခန္ဓာကိုယ် တစ်ချက်တုန်ခါသွားပြီးနောက် သူ၏ခန္ဓာကိုယ်မှနေ၍ နဂါးဟိန်းသံတစ်သံထွက်ပေါ်လာသည်။ လုယွီ၏ အဖိုးထိုက်တန်သောအဝတ်အစားများသည် သူ၏ကျန်းချီများကြောင့် စုတ်ပြဲသွားရလေသည်။ လုယွီ၏ပခုံးပေါ်တွင် ခပ်မှိန်မှိန်နဂါးအမှတ်အသားတစ်ခုက ဝင်ရောက်ပျောက်ကွယ်သွားလေသည်။
နဂါးကိုးကောင်အာဏာရှင် ခန္ဓာကိုယ်နည်းစနစ် ပထမအဆင့်...
လုယွီက အနားယူဟန်ဖြင့်သက်ပြင်းတစ်ချက်ချခဲ့သော်လည်း သူက ချက်ချင်းပင် မျက်မှောင်ကြုပ်လိုက်သည်။
"ကောင်းကင်မူလရွှေဆေးပြားသုံးပြားရဲ့ အကျိုးသက်ရောက်မှုက ဟိုထျန်းသတ္တမအဆင့်ကို ရောက်ရှိတာနဲ့ အာနိသင် ကုန်ဆုံးသွားပြီပဲ"
လုယွီက တီးတိုးရေရွတ်လိုက်သည်။
ကောင်းကင်ဘုံအင်ပါယာ၏မှတ်ဥာဏ်များအတွင်းတွင် ကောင်းကင်မူလရွှေဆေးပြား၏အာနိသင်သည် ပါရမီရှင်တစ်ယောက်အား ဟိုထျန်းနယ်ပယ်မှနေ၍ ရှီထျန်းနယ်ပယ်သို့ တိုက်ရိုက်ချိုးဖျက်စေနိုင်သည်။
သို့ရာတွင် လုယွီက ဆေးပြားသုံးပြား အသုံးပြုခဲ့သော်လည်း ဟိုထျန်းတတိယအဆင့်မှ ဟိုထျန်းသတ္တမအဆင့်သို့သာ ရောက်ရှိနိုင်ခဲ့သည်။
လုယွီ၏စကြာဝဠာခန္ဓာကိုယ်အမျိုးအစားသည် ကျန်းချီများအား အဆုံးမရှိ စုစည်းဝါးမြိုနိုင်ပေ၏။
"ကြည့်ရတာတော့ ငါက အဆင့်တတ်နိုင်ဖို့ဆိုရင် အရင်းအမြစ်ပိုပြီးလိုအပ်လိမ့်မယ်"
လုယွီက တီးတိုးရေရွတ်လိုက်ပြန်သည်။
Chapter 27
ထို့နောက် လုယွီသည် ကျန်ရှိနေသည့် ဆေးမယ်ပစ္စည်းများအားလုံးကိုသန့်စင်၍ ကောင်းကင်မူလရွှေဆေးပြားများအား ထပ်မံပြုလုပ်လိုက်သည်။
လုယွီ၏ယခင်ဘဝတွင် မဟာဆေးဝါးပညာရှင်တစ်ယောက်ဖြစ်ခဲ့သည့်အပြင် ကောင်းကင်ဘုံအင်ပါယာ၏ဆေးနတ်ဘုရားမှတ်ဥာဏ်များကိုလည်း အမွေဆက်ခံထားသေးသည်။ လောကအနှံ့ပျံ့နှံ့နေသည့် ကောင်းကင်မူလရွှေဆေးပြားကဲ့သို့ ဆေးမျိုးသန့်စင်ခြင်းသည် သူ၏လက်တစ်ဖက်လှန်လိုက်သကဲ့သို့ လွယ်ကူပေသည်။
မူလအစဆေးသန့်စင်စဉ်က လုယွီသည် အမွှေးတိုင်တစ်ဝက်လောင်ကျွမ်းစာခန့် အချိန်လိုအပ်ခဲ့သည်။ ယခုမူ သူက ဆေးပြားထွက်ပေါ်လာရန် အသက်သုံးရှိုက်စာသာ ကြာမြင့်တော့သည်။
လုယွီသည် စီးဆင်းနေသောရေကဲ့သို့ ဟန့်တား၍မရနိုင်သူ ဖြစ်ပေ၏။
ထိုအချိန်မှာပင် လုယွီ၏ဆေးကျိုအိုးမှ ရွှေရောင်အလင်းတန်းများသည် အခန်းတစ်ခန်းလုံး တောက်ပသွားပြီး ဆေးရနံ့များသည်လည်း လေထုအတွင်းပျံ့လွင့်နေလေ၏။
"ကျွီ......"
လုယွီက အခန်းတံခါးဖွင့်လိုက်သည်နှင့် သင်းပျံ့သည့်ဆေးရနံများက အခန်းပြင်ပသို့ လွင့်ပျံ့သွားသည်။ လုယွီက အဝတ်အစားအသစ်တစ်စုံ လဲလှယ်ထားပြီး အခန်းအတွင်းမှ ထွက်လာခဲ့သည်။
အခန်းပြင်ပ၌ စောင့်ကြပ်နေသော အစောင့်များသည် ထိုမြင်ကွင်းအားမြင်သည့်အခါတွင် သူတို့အားလုံး အံ့အားသင့်သွားကြသည်။
လုယွီ အခန်းပြင်ပသို့ထွက်လာသည်အားမြင်သည့်အခါ ကျုံးပ(ဘဏ္ဍာစိုးနာမည်)က ပျော်ရွှင်စွာဖြင့်ပြောလိုက်သည်။
"သခင်လေး....မင်း ထွက်လာပြီပေါ့"
"အမေနဲ့မမ ဘယ်မှာလဲ"
လုယွီက မေးမြန်းလေ၏။
"သခင်မကြီးက တစ်ချိန်လုံး သခင်မလေးရဲ့အခန်းထဲမှာပဲ ရှိနေပါတယ်...သခင်လေး...အဲဒီ ဆေးပြားက..."
"စိတ်မပူပါနဲ့....ငါ ဆေးသန့်စင်လို့ပြီးပါပြီ"
လုယွီက သူ၏လက်အတွင်းမှ သန့်စင်ထားသည့်ဆေးပြားအားလုံး ထည့်သွင်းထားသည့် သစ်သားသေတ္တာကိုမြှောက်ပြလိုက်သည်။
ကျုံးပသည် အလွန်ထိတ်လန့်တုန်လှုပ်သွားပြီး စကားပင်မဆိုနိုင်တော့ပေ။ လုယွီက ဆေးသန့်စင်ခြင်းအား ဤမျှထိလျှင်လျှင်မြန်မြန် လုပ်ဆောင်နိုင်လိမ့်မည်ဟု မည်သည့်အချိန်ကမျှ သူ တွေးထင်ထားခြင်းမရှိချေ။
တစ်ချိန်တုန်းက ကျုံးပသည် ဆေးဝါးပညာရှင်တစ်ယောက် ဆေးသန့်စင်သည်အားမြင်ခဲ့ဖူးသည်။ ထိုသူက ဆေးမယ်ပေါင်းများစွာကို ဖြုန်းတီးပစ်ရုံသာမက ရက်ပေါင်းတစ်ရာကျော်ပင် အချိန်ယူသန့်စင်ခဲ့သည်။ မည်သည့်နည်းဖြင့် သူ၏သခင်လေးက ဆေးသန့်စင်မှုကို အချိန်နှစ်နာရီအတောအတွင်း လုပ်ဆောင်လိုက်သနည်း။
သို့ရာတွင် လုယွီက ဆေးသန့်စင်ရန် ထိုမျှအချိန်ကိုပင် လိုအပ်ခြင်းမရှိကြောင်း သူမည်သို့မျှမသိရှိနိုင်ပေ။ အချိန်အများစုသည် လုယွီက အဆင့်တတ်နေခြင်းကြောင့် ကုန်ဆုံးခြင်းဖြစ်၏။
လုယွီက သစ်သားသေတ္တာကို ယူလျှက် သူ၏အမအခန်းသို့ လျှောက်လှမ်းသွားသည်။ ကျုံးပနှင့်တစ်ခြားအစောင့်များက သူ၏နောက်မှလိုက်ပါလာကြသည်။ သူတို့က အချိန်တိုအတွင်း သူတို့၏သခင်လေး သန့်စင်လိုက်သောဆေးပြားသည် မည်သည့်အမျိုးအစားဖြစ်သည်အား သိချင်နေလေသည်။
လုလမ်ရွှမ်း၏ အခန်းအတွင်း...
လုယွီက အခန်းအတွင်းသို့ ခြေတစ်လှမ်းဝင်လိုက်သည်နှင့် စိုးရိမ်တကြီးအမူအယာဖြင့် သူ့အားကြည့်နေသော ကုလားထိုင်ပေါ်တွင်ထိုင်နေသည့် မိခင်ယွီရုံအား တွေ့ရသည်။
သခင်မကြီးယွီရုံက ဒေါသတကြီးဖြင့် သူမ၏သားအား မေးမြန်းလိုက်သည်။
"ယွီအာ....မင်း ဖြစ်စေခဲ့တဲ့ ပြဿ နာက ဘယ်လောက်ထိကြီးတယ်ဆိုတာ မင်းသိလား"
ဟန်ယွီရုံသည် လက်ထပ်ပြီးချိန်ကတည်းက လုမိသားစုအတွင်းသို့ ဝင်ရောက်ခဲ့သဖြင့် သူမက လုမိသားစုဝင်တစ်ယောက်ဖြစ်လာသည်။ ထိုအချိန်မှစ၍ သူမက အစေခံများကိုပင် အမြဲတစေ ညင်သာစွာဆက်ဆံပြီး မည်သည့်အခါမျှ ဒေါသထွက်ခြင်းမရှိပေ။
သို့သော် ယနေ့တွင်မူ လုယွီက ဝေဘုရင်အိမ်တော်မှလူတိုင်းနီးပါးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ခြင်းကို သူမ ကြားသိရသည်။ သူက ဝေဘုရင်အိမ်တော်မှ ကျွမ်းကျင်ပညာရှင်များကို သတ်ခဲ့သည်သာမက ဝေဘုရင်ကိုပင် သတ်ပစ်ခဲ့သည်။
ဝေဘုရင်ဆိုသည်မှာ အင်ပါယာ၏ချစ်မြတ်နိုးခံရဆုံး သားတစ်ယောက်ဖြစ်၏။ သခင်မကြီးယွီရုံသည် ရုတ်တရက် သူမ၏ရှေ့ရှိ အရာရာတိုင်း အမှောင်ဖုန်းသွားသကဲ့သို့ ခံစားလိုက်ရသည်။ သို့ရာတွင် သူမ၏အေးဆေးတည်ငြိမ်မှုကို ဆက်လက်ထိန်းသိမ်းထားပြီး သူမ၏သားပြန်လာမှ မေးမြန်းရန်စီစဉ်ခဲ့သည်။
လုယွီအား ကြည့်ရသည်မှာ သူ၏မိခင်က ဤကဲ့သို့သောမေးခွန်းမျိုး မေးမြန်းမည်အား မျှော်လင့်ထားပုံရပြီး ချက်ချင်းဖြေကြားလေသည်။
"အမေ....ကျွန်တော် အမေကို မေးဦးမယ်...တကယ်လို့ ကျွန်တော့်အဖေသာ အိမ်တော်မှာရှိမယ်ဆိုရင် ဝေဘုရင် ဒါမှမဟုတ် အဲ့ဒီနန်းတော်ကမိန်းမစိုးတွေ..သူတို့တွေက ကျွန်တော်တို့ရဲ့ယုံဖျင်အိမ်တော်ကြိ ထိဝံ့ပါမလား"
သခင်မကြီးယွီရုံ ဆွံအသွားမိသည်။ သူမ၏သားငယ်လေးက ဤကဲ့သို့မေးခွန်းမျိုး မေးမြန်းလိမ့်မည်ဟု မျှော်လင့်မထားမိပေ။
"အမေ....အဲ့ဒီလူတွေက အင်အားအပြည့်နဲ့ အစ်မကိုဖမ်းဆီးဝံ့တာက ကျွန်တော်တို့အိမ်တော်မှာ ကျွမ်းကျင်ပညာရှင်မရှိလို့ဘဲ....ဒါကြောင့် သူတို့က ယုံဖျင်အိမ်တော်ကိုလာပြီး ရဲရဲတင်းတင်း ပြုမူဝံ့တာပဲ"
"လူတစ်ယောက်ရဲ့သည်းခံမှုက အဲ့လိုလူမျိုးတွေကို ပိုပြီး အရိုအသေမဲ့စေတယ်....ဝေဘုရင်က်ုမဆိုထားနဲ့...အဲ့ဒီနေရာမှာ အင်ပါယာမင်းဖြစ်နေရင်တောင် ကျွန်တော်အမကို ထိဝံ့တယ်ဆိုရင် ကျွန်တော် သူကိုသတ်ပစ်မှာပဲ"
လုယွီက စကားပြောနေသော်လည်း သူ၏အမူအယာမှာ ပြောင်းလဲမှုမရှိပေ။
သခင်မကြီးယွီရုံက ထိုစကားများကြားချိန်တွင် သူမ၏အမူအယာမှာ ကြီးကြီးမားမား ပြောင်းလဲသွားသည်။
"သားက ခလေးရှိသေးတယ်....တစ်ကယ်လို့ သားရဲ့စကားတွေကို တစ်ယောက်ယောက်ကသာ ကြားသွားမယ်ဆိုရင် မလုပ်သင့်တာတွေကို ကြံစည်နေတယ်လို့ ထင်ကြလိမ့်မယ်"
လုယွီက သူ၏ခေါင်းကိုခါယမ်းလိုက်ရင်းမှ-
"နောက်ကြောင်းကိုပြန်ကြည့်မယ်ဆို အရှေ့ဘက်ဒေသနဲ့နောက်ဘက်ဒေသတွေကစစ်ပွဲတွေမှာ တိုက်ခိုက်အနိုင်ယူပြီး တာလျန့်နိုင်ငံတော်ရဲ့နယ်မြေကို ချဲ့ထွင်နိုင်ခဲ့တည ကျွန်တော်အဖေပါ...ပြန်တွေးကြည့်ရင် စစ်သားတွေကနေပြီး အဖေကို နဂါးဝတ်စုံဝတ်ဖို့ အကြံပြုခဲ့တယ်.....ဒါပေမယ့် အဖေက သူရဲ့ညီအကို ယန်ယင်ကို ထီးနန်းပေးခဲ့ပြီး အဲ့ဒီသူက တာလျန့်နိုင်ငံတော်ရဲ့အင်ပါယာမင်းဖြစ်လာခဲ့တယ်"
"ဒါပေမယ့် ဒီနှစ်တွေမှာ အင်ပါယာမင်းက သူရဲ့ညီအကိုအတွက် ဘာလုပ်ပေးတာရှိလဲ...ကျွန်တော် အဖေရဲ့အောင်မြင်မှုတွေက အင်ပါယာမင်းတစ်ယောက်ဖြစ်ဖို့အထိ လုံလောတ်ပေမယ့် အဖေက အမတ်ကြီးဆိုတဲ့ရာထူးပဲ ခန့်အပ်ခံရတယ်"
"သူက ကျွန်တော်အဖေရဲ့ အောင်မြင်မှုတွေအတွက် စိုးရိမ်ပူပန်နေတာ....ဒါကြောင့် နှစ်အနည်းငယ်အကြာကတည်းက အဖေရဲ့စစ်တပ်အင်အားအားလုံးကို မြောက်ဘက်ဒေသကို ပြောင်းရွှေ့ပစ်ခဲ့တယ်...သူက အရှေ့နန်းတော်ကနေပြီး အဖေကိုစောင့်ကြည့်ဖို့အတွက် လူတွေတောင် စေလွှက်ခဲ့သေးတယ်....အဖေရဲ့စစ်တပ်နောက်မှာ မိန်းမစိုးဆယ်ယောက်ရှိနေတာကြာခဲ့ပြီ...ဒါက တကယ်ကို အဓိပ္ပါယ်မရှိတဲ့အရာပဲ"
"အမေက ပထမအဆင့်အမတ်ကြီးကတော်ဖြစ်ပေမယ့် တွေ့ဆုံပွဲတိုင်းမှာ မိဖုရားကြီးက အမေကို ဒုတိယတန်းစားထိုင်ခုံမှာပဲ ထိုင်ခိုင်းခဲ့တယ်...မိဖုရားကြီးက ကျွန်တော်တို့မိသားစု ပြက်ရယ်ပြုခံနေရတာတောင် စိတ်ထဲမထားခဲ့ဘူး"
"အမက လုံကျင်းစစ်တပ်ရဲ့ ဗိုလ်ချုပ်တစ်ယောက်ဖြစ်ပေမယ့် သူမလစာရတဲ့အချိန်တိုင်း အခွန်ဌာနကို ကိုယ်တိုင်သွားရတယ်....ဒါပြင် အခွန်ဌာနက အကြိမ်ပေါင်းများစွာ လစာကိုနှောင့်နှေးကြံ့ကြာထားပေမယ့် အင်ပါယာမင်းက အမရဲ့သတင်းပို့စာကို မသိချင်ယောင်ဆောင်ထားတယ်"
လုယွီက အေးတိအေးစက်အမူအယာဖြင့် ဆတ်ပြောလိုက်သည်။
"ကျေးဇူးမသိတဲ့သူ...ယုတ်မာကောတ်ကျစ်တဲ့သူ...အဲ့ဒီလို အင်ပါယာမင်းမျိုးကို သုတ်သင်ဖယ်ရှားပစ်မယ်ဆိုရင်တောင် သူကဘာလုပ်နိုင်မှာလဲ"
Chapter 28
"ရှူ း...တိုးတိုးပြော"
ယွီရုံ၏အမူအယာသည် ချက်ခြင်းပြောင်းလဲသွားပြီး သူမက တံခါးကိုပိတ်ရန် ဘဏ္ဍာစိုးကျုံးပအား အမိန့်ပေးလိုက်သည်။
သခင်မကြီးယွီရုံက တစ်ချို့ကိစ္စရပ်များအား ရှင်းလင်းစွာ နားလည်ထားသည်။ သို့ရာတွင် ဤကဲ့သို့သောစကားများသည် မည်သည့်သူမျိုးမှ ကြားစေရန် မသင့်တော်သည့်စကားများဖြစ်သည်။
"ခလေး....နောက်ထပ် ဒီလိုစကားမျိုးတွေကို သား ထပ်မပြောနဲ့တော့နော်...သိရဲ့လား"
ယွီရုံက လေသံတိုးတိုးဖြင့် ပြောကြားလိုက်သည်။
လုယွီက မိခင်ဖြစ်သူကို ခေါင်းညိတ်ပြလိုက်သော်လည်း သူ၏စိတ်အတွင်းကမူ လက်မခံနိုင်ချေ။
ထိုသေမျိုးနိုင်ငံ၏အင်ပါယာမင်းသည် သေမျိုးနိုင်ငံများတွင်သာ ယှဉ်ပြိုင်၍မရသူဖြစ်ပေမည်။ သို့သော် ကျင့်ကြံသူများ၏မျက်လုံးများအတွင်းတွင်မူ အင်ပါယာမင်းများသည် ပုရွက်ဆိတ်များထက်မပိုပေ။
"အမေ....အမ အခု အနားယူနေတာလား...ကျွန်တော် ဆေးသန့်စင်တာ ပြီးသွားပြီ"
လုယွီက ခေါင်းစဉ်ပြောင်းလဲရန် ဆုံးဖြတ်လိုက်ပြီး မိခင်ဖြစ်သူအား မေးမြန်းလိုက်သည်။
"မင်း ဆေးသန့်စင်တာ ပြီးသွားပြီလား"
သခင်မကြီးယွီရုံ ဆွံအသွားပြန်သည်။ သူမ၏သားဖြစ်သူက မည်သို့ဆေးသန့်စင်မည်အား သိရိသည်ဟု မယုံကြည်နိုင်ပေ။
သခင်မကြီးယွီရုံက သူမ၏သမီးဖြစ်သူအတွက် အလွန်အမင်းစိတ်ပူပန်နေခဲ့သည်။ လုယွီက ဆေးသန့်စင်နေချိန်တွင် သူမက သမားတော်တစ်ယောက်အား သွား၍ပင့်ခိုင်းလိုက်ပြီဖြစ်သည်။
သို့ရာတွင် လုလမ်ရွှမ်း၏အပြင်းအထန်တောင်းဆိုမှုကြောင့် မည်သူမှ သူမ၏သမီးအား ကုသမည်ကို ဆုံးဖြတ်ရန် လုယွီဆေးသန့်စင်ပြီးချိန်ထိ စောင့်ဆိုင်းနေခြင်းဖြစ်သည်။
"အမေ....ယွီအာကို အထဲဝင်ခိုင်းလိုက်ပါ"
လုလမ်ရွှမ်း၏အသံက လိုက်ကာနောက်ကွယ်မှ ထွက်ပေါ်လာသည်။
လုယွီက လိုက်ကာအတွင်းဘက်သို့ ဝင်သွားပြီး အိပ်ယာထက်၌လဲလျောင်းနေဆဲဖြစ်သည့် ဖြူ ဖျော့ပြီးခွန်အားမဲ့စနေသော အစ်မဖြစ်သူအား မြင်လိုက်ရသည်။
လုယွီ ဝင်လာသည်ကိုကြည့်ပြီး လုလမ်ရွှမ်း၏မျက်လုံးများ အနည်းငယ်တောက်ပသွားသည်။
"ရှောင်ယွီ....တစ်ကယ်လို့ ဆေးကို အောင်အောင်မြင်မြင် မသန့်စင်နိုင်ဘူးဆိုလဲ အရေးမကြီးပါဘူး....မင်းက အသက်ငယ်ငယ်လေးရှိသေးတာ...အနာဂတ်မှာအချိန်တွေအများကြီး ကျန်ပါသေးတယ်"
သူက ဆေးကို အောင်မြင်စွာ မသန့်စင်နိုင်ဟု အစ်မဖြစ်သူက ပြောလိုက်သလော...။
လုယွီက စိတ်အတွင်းမှနေ၍ ခါးသီးစွာ ပြုံးလိုက်မိသည်။ သူက ဆေးပြားအပြည့်ပါဝင်သော သေတ္တာကိုကိုင်၍ သူ၏အမထံသို့လာခဲ့သည်။ သို့ရာတွင် သူ စကားပြောရန် ပါးစပ်မဟရသေးခင်မှာပင် အစ်မဖြစ်သူက သူကျရှုံးမည်ဟု ထင်နေမည်ကို လုယွီ မျှော်လင့်မထားမိပေ။
လုယွီ၏မျက်နှာပေါ်က ထူးထူးဆန်းဆန်း အမူအယာကိုကြည့်ပြီး လုလမ်ရွှမ်းက သူမ၏အတွေးများအပေါ် ပို၍ယုံကြည်သွားမိသည်။
ထိုအရာက အံသြစရာ မရှိပေ။ တစ်ခြားသော ဆေးဝါးပညာရှင်များသည်လည်း ဆေးဖော်စပ်ရန် သာမာန်အားဖြင့် ရက်ပေါင်းများစွာ ကြာမြင့်တတ်သည်။
တစ်ခြားတစ်ဘက်မှကြည့်လျှင် လုယွီသည် အချိန်နှစ်နာရီအကြာမှာပင် သူ၏အခန်းမှပြန်လာခဲ့သည်။
ထို့ပြင် သူမ၏မောင်သည် အသက်ငယ်ငယ်သာရှိသေးပြီး သူ၏ဓားနည်းစနစ်များသည် တုန်လှုပ်ဖွယ်ကောင်းအောင် စွမ်းအားပြင်းထန်သည်။
"သခင်မကြီး...နတ်ဆေးသမားတော် တုန် ရောက်လာပါပြီ"
ကျုံးပ၏အသံက အခန်းအပြင်ဘက်မှနေ၍ ထွက်ပေါ်လာသည်။
"ကျေးဇူးပြုပြီး အထဲကိုကြွပါ"
သခင်မကြီးယွီရုံက အလျှင်စလို ပြောကြားလိုက်သည်။
တံခါးကိုတွန်းဖွင့်ပြီး ဝင်လိုက်သော သမားတော်တုန်သည် အင်္ကျီရှည်ကြီးကိုဝတ်ဆင်ထားသည့် မျက်နှာနီစပ်စပ်နှင့် လူတစ်ယောက်ဖြစ်ပြီး သူ၏လက်တွင် ဆေးသေတ္တာတစ်လုံးကို ကိုင်ဆွဲထားသည်။ သူသည် လုံကျင်မြို့တော်၏ကျော်ကြားသော နတ်ဆေးသမားတော် တုန်ဖြစ်သည်။
"ဟား ဟား....ဒီ အဖိုးကြီးက ဆေးညွှန်းတွေအကုန်လုံးကို နှံ့နှံ့စပ်စပ်ရှာဖွေပြီး နောက်ဆုံးမှာတော့ ငါက အရိုးပျော့ဆေးမှုန့်ရဲ့အာနိသင်ကို မြန်မြန် ဖယ်ရှားပစ်နိုင်မယ့် ဆေးညွှန်းကို ရှာတွေ့ခဲ့တယ်...အခု ငါ အဲ့ဒီဆေးကိုပြင်ဆင်ပြီးသွားပြီ....အကြီးဆုံးသခင်မလေးကို မြန်မြန်သောက်ခိုင်းလိုက်"
နတ်ဆေးသမားတော် တုန်၏အသံက ဝုန်းခနဲထွက်ပေါ်လာသည်။
နတ်ဆေးသမားတော် တုန်၏နောက်ဘက်တွင် လက်ထဲ၌ အငွေ့ပျံနေသည့်ပန်းကန်လုံးတစ်လုံးကိုကိုင်ဆောင်ထားသည့် သူ၏လက်ထောက်တစ်ယောက် ရှိနေသည်။
သခင်မကြီးယွီရုံက နတ်ဆေးသမားတော်တုန်က ဆေးအဆင်သင့်ကျိုချက်ပြီးသားဖြစ်သည်ကို မြင်လိုက်ချိန်တွင် သူမကိုယ်သူမ မထိန်းချုပ်နိုင်တော့ဘဲ အပျော်လွန်သွားခဲ့သည်။
ထိုအချိန်တုန်းက လုယွီမှ သူမအားပြောကြားခဲ့သည့် လုလမ်ရွှမ်းမိထားသည့် အရိုးပျော့ဆေးမှုန်အစွမ်းသည် ဖြည်းဖြည်းခြင်း ပျက်ပြယ်သွားမည်ဟု ပြောကြားခဲ့ခြင်းအားသတိရသွားသည်။ သို့ရာတွင် ယခုချိန်ထိ လုလမ်ရွှမ်းမိထားသည့် ဆေးအာနိသင်မပြယ်သေးချေ။ အချိန်တခဏမှာပင် ယွီရုံက အရဲစွန့်ရန်မဝံ့တော့ဘဲ လုံကျင်းမြို့တော်၏ကျော်ကြားသော ပါရမီရှင်သမားတော်အား အရင်ဦးဆုံး ဖိတ်ကြားလိုက်ခြင်းဖြစ်သည်။
"အင်း....ဒါက အမတ်ငယ်လေးလား"
ထိုအချိန်မှာပင် နတ်ဆေးသမားတော်တုန်က လုယွီအား တွေ့ရှိသွားလေသည်။
"နတ်ဆေးသမားတော်တုန်....ကျွန်တော်က ဒီနေရာကို အစ်မကို ကုသပေးဖို့ရောက်နေတာ....ကျေးဇူးပြုပြီး ပြန်ပါတော့....အချိန်တောင်နောက်ကျနေပြီ ကျုံးပက သမားတော်တုန်ကို အိမ်ပြန်ပို့ဖို့ လူတစ်ယောက် အဖော်ထည့်ပေးပါလိမ့်မယ်"
လုယွီက သမားတော်တုန်အား ပြောဆိုလိုက်လေ၏။
နတ်ဆေးသမားတော်တုန်က မျက်မှောင်ကြုပ်ရင်းမှ ပြောကြားလိုက်သည်။
"အမတ်ငယ်လေး....ဒီ အရိုးပျော့ဆေးမှုန့်အာနိသင်ပြယ်အောင်လုပ်ဖို့ ထပ်ပြီးနောက်ကျလို့ မကောင်းတော့ဘူး....သခင်မလေးက အရိုးပျော့ဆေးမှုန့်ပမာဏတော်များများမိထားတာ ကျွန်တော်တွေ့ရတယ်...သူမ ပြန်လည်ကောင်းမွန်ဖို့ အချိန်ကြာသွားမှာကို ကျွန်တော်စိုးရိမ်မိတယ်...ဒါက သမားတော်တစ်ယောက်ကပြောတဲ့ လှို့ဝှက်စကားဆိုတာ အမတ်ငယ်လေးသိသင့်တယ်"
လုယွီက သူ၏ဦးခေါင်းအား ခါယမ်းရင်းမှ-
"ကျွန်တော်က သမားတော်တုန်ရဲ့ရည်ရွယ်ချက်ကောင်းကို အသိအမှတ်ပြုပါတယ်....ဒါပေမယ့် ကျွန်တော်က ဆေး ဖော်စပ်ပြီးသွားပြီ....ဒါကြောင့် ကျွန်တော်က ဖြည်းဖြည်းခြင်းသက်သာနိုင်မယ့် ဆေးရည်မျိုးကို အသုံးမပြုတော့ပါဘူး"
"ခြီ...ခြီ"
ဆေးပညာသင်တစ်ပည့်ဖြစ်သူက သူကိုယ်သူမထိန်းချုပ်နိုင်တော့သော်လည်း ကျယ်လောင်စွာရယ်မောဝံ့ခြင်းမရှိပေ။ နတ်ဆေးသမားတော်တုန်၏ အကြည့်အောက်တွင် သူ၏ရယ်မောခြင်းအား နောက်ပြန်ဆုတ်လိုက်ရသည်။
နတ်ဆေးသမားတော်တုန်က မျက်မှောင်ကြုပ်၍ လုယွီအားကြည့်လိုက်သည်။
"အမတ်ငယ်လေး....ဒီ အဖိုးအိုကြီးက အကျိုးအမြတ်ရယူချင်လို့ပြောနေတာ မဟုတ်ပါဘူး....ဆေးသန့်စင်ဖို့ဆိုတာ လွယ်ကူတဲ့အရာမဟုတ်ဘူး..ဒီ အဖိုးကြီးက အခုအသက်အရွယ်မှာတောင် ဆေးသန့်စင်ခြင်းရဲ့ အပေါ်ယံကိုပဲ ထိတွေ့မိသေးတယ်"
သမားတော်တုန်က ယုံဖျင်အိမ်တော်သို့ ရောက်ရှိချိန်တွင် လုယွီက ဆေးဖော်စပ်ချင်နေသည်အား အိမ်တော်ရှိအစေခံများထံမှ ကြားသိခဲ့ရသည်။
သူ၏မျက်နှာပေါ်တွင် မည်သည့်အမူအယာကိုမျှ ဖော်ပြမထားသေည်လည်း စိတ်အတွင်းကမူ လုယွီအား လှောင်ပြောင်ချင်နေဆဲဖြစ်သည်။ လုယွီက ဆေးပြားတစ်ပြား သန့်စင်နိုင်မည်ဟု သူ မည်သို့မျှမယုံကြည်ပေ။
လုယွီက လှုပ်ရှားမှုမပြုလုပ်သည်အား ကြည့်ပြီး နတ်ဆေးသမားတော်တုန်က ထပ်မံအကြံပြုလိုက်သည်။
"မင်းက ငယ်ရွယ်ပြီး ဉာဏ်ကောင်းတယ်ဆိုတာ ငါသိပါတယ်....ဒါပေမယ့် ဆေးသန့်စင်တဲ့လမ်းကြောင်းဆိုတာက မင်း ဘာတစ်ခုမှမလုပ်နိုင်ခင်မှာ အတွေ့အကြုံတွေကို နှစ်ပေါင်းများစွာစုဆောင်းဖို့ လိုအပ်တယ်....တစ်ချို့သူတွေက အဆင်အခြင်မရှိ ဆေးတွေကိုရောနှောဖော်စပ်ကြတယ်...အဲ့ဒါတွေကို သောက်သုံးမိတာနဲ့ အဆိပ်မိပြီး ချက်ခြင်းသေသွားတဲ့ လူပေါင်းများစွာရှိတယ်....အမတ်ငယ်လေး...ကျေးဇူးပြုပြီး သခင်မလေးကို ငါ မြန်မြန်ကုသခွင့်ပေးပါ"
Chapter 29
လုယွီ၏အမူအယာသည် ယခင်ကအတိုင်း မပြောင်းမလဲတည်ရှိနေသော်လည်း အမှန်တစ်ကယ်ကမူ နတ်ဆေးသမားတော်တုန်၏ပြောကြားချက်များသည် မှန်ကန်ပေ၏။
ပါရမီရှင်တစ်ယောက်ဖြစ်သော ကောင်းကင်ဘုံအင်ပါယာပင် အလွန်စိတ်အားထက်သန်သူဖြစ်သော်လည်း သူ၏မိသားစုထံမှ မြောက်များစွာသော ဆေးမယ်ပစ္စည်းများနှင့်ဆေးညွှန်းများမှနေ၍ အတွေ့အကြုံရယူခဲ့ရသည်။
"ဟုတ်တယ် ယွီအာ......မင်းရဲာအမက အရမ်းအားနည်းနေတုန်းပဲ... အရင်ဦးဆုံး နတ်ဆေးသမားတော်တုန်ကို မင်းရဲ့အစ်မကို ကုသခွင့်ပေးသင့်တယ်"
သခင်မကြီးယွီရုံက ဝင်ရောက်ပြောဆိုလိုက်သည်။
ထိုသို့ပြောဆိုခြင်းမှာ သခင်မကြီးယွီရုံက သူမ၏သားဖြစ်သူကို မယုံကြည်၍ မဟုတ်ပေ။ ယခု လက်ရှိတွင် လုလမ်ရွှမ်းက အိပ်ယာပေါ်တွင်လဲလျောင်းနေရ၏။ မိခင်တစ်ယောက်အနေဖြင့် သူမက သမီးဖြစ်သူအပေါ် ဆိုးကျိုးဖြစ်လာမည်ကိုမလိုလားဘဲ စိတ်အချရဆုံးနည်းလမ်းအား ရွေးချယ်လိုက်ခြင်းဖြစ်သည်။
"မင်းက ဘာစောင့်နေတာလဲ...ဘာလို့ ဆေး ယူမလာသေးလဲ"
နတ်ဆေးသမားတော်တုန်က သူ၏နောက်ရှိ တပည့်ဖြစ်သူအား ညွှန်ကြားလေသည်။
ဆေးပညာသင်တစ်ပည့်က အသိစိတ်ပြန်ဝင်လာပြီး ဆေးပန်းကန်အား အလျင်စလိုဖြင့် အစေခံတစ်ယောက်အားပေးပြီး လုလမ်ရွှမ်းထံသို့ ပို့ခိုင်းလိုက်သည်။
လုယွီက နံဘေးဘက်တွင် မတ်တတ်ရပ်နေဆဲဖြစ်ပြီး မည်သည့်စကားမျှမဆိုပေ။ အရာအားလုံးသည် သူ့မိခင်၏ဆုံးဖြတ်ချက်သာဖြစ်၍ သူစိမ်းများရှေ့တွင် မိခင်ဖြစ်သူအား ကလန်ကဆန်မလုပ်လိုချေ။
"ငါ ဒီ ဆေးကိုမသောက်ဘူး....ရှောင်ယွီ မင်း သန့်စင်ထားတဲ့ဆေးကို ထုတ်လိုက်....ငါ မင်းကိုယုံတယ်"
ရုတ်တရက် လုလမ်ရွှမ်းက ပြောကြားလာခဲ့သည်။
လုလမ်ရွှမ်း ထိုစကားအား ပြောပြီးချိန်တွင် အခန်းတစ်ခန်းလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
နတ်ဆေးသမားတော်တုန်က သူ၏မုတ်ဆိတ်ကိုသပ်ရင်းမှ သက်ပြင်းရှည်တစ်ချက်ချကာ စကားပြောလိုက်သည်။
"အကြီးဆုံးသခင်မလေး....ကျွန်တော်ရဲ့ဆေးက ခါးတယ်ဆိုပေမယ့် အရိုးပျော့ဆေးမှုန့်ရဲ့အာနိသင်ကို ချေဖျက်နိုင်ပါတယ်....သခင်မလေး သောက်သုံးသင့်တယ်"
"ငါက ဂျီးများနေတာမဟုတ်ဘူး...အမေ ဒီတစ်ကြိမ်တော့ ကောင်ငယ်လေးယွီကို ယုံကြည်ပေးလိုက်ပါ"
လုလမ်ရွှမ်းက အခိုင်အမာပြောဆိုလိုက်သည်။
အမှန်တကယ်က လုလမ်ရွှမ်းသည် သူမ၏မောင်ဖြစ်သူ ဆေးသန့်စင်ပြီးပြီဟူသည်အား ယုံကြည်ခြင်းမရှိပေ။ သို့ရာတွင် သူမ၏ရှေ့မှမြင်ကွင်းတွင် လုယွီက အောက်စည်းသို့ရောက်နေပြီး အခက်အခဲကျနေခဲ့သည်။
လုလမ်ရွှမ်းက သူမ၏မောင်ငယ်လေးအား အမြဲတစေ ဂရုစိုက်သူဖြစ်သည်။ ထို့ပြင် သူမ၏မောင်ငယ်လေးသည် သူမအားအန္တရာယ်ဖြစ်စေမည့် တစ်စုံတစ်ခုအား သန့်စင်လိုက်မည်ဟု သူမမယုံကြည်ပေ။
သခင်မကြီးယွီရုံလည်း ဆွံအသွားလေ၏။ သူမက မည်ကဲ့သို့ ရွေးချယ်ရမည်အား မသိတော့ပေ။ အကယ်၍ တစ်ခြားကိစ္စသာဆိုလျှင် မည်သည့်ရလဒ်မဆို ကောင်းမွန်စွာဖြင့် သူမ လက်ခံနိုင်သည်။ သို့ရာတွင် ယခုကိစ္စက သမီးဖြစ်သူ၏ကျန်းမာရေးနှင့်ဆတ်စပ်နေသဖြင့် သူမဂရုစိုက်နေခြင်းဖြစ်သည်။
နတ်ဆေးသမားတော်တုန်က ဖြစ်ပျက်သမျှအား စောင့်ကြည့်နေရင်းမှ ရုတ်တရက် အေးစက်စက်ပြုံးပြီး စကားဆိုလိုက်သည်။
"အမတ်ငယ်လေး....မင်းက ဆေးကိုသန့်စင်ခဲ့တယ်ဆိုမှတော့ ဒီအဖိုးကြီးကို ကြည့်ခွင့်ပြုနိုင်မလား"
ထိုအချိန်မှာပင် လူမြောက်များစွာကလည်း အခန်းအတွင်းသို့ ဝင်လာခဲ့ကြသည်။ အစေခံများနှင့်အစောင့်မျသည် အနီးအနားသို့ မတိုးကပ်ဝံ့သော်လည်း သူတို့၏အကြည့်များမှာ ယခုမြင်ကွင်းပေါ်သို့သာ ရောက်ရှိနေကြသည်။ သူတို့၏သခင်လေး ဆေးသန့်စင်ချင်နေသည်ဟူသော သတင်းမှာလည်း အိမ်တော်တစ်ခုလုံး သိရှိပြီးဖြစ်သည်။ ထိုဖြစ်ရပ်က ရှားရှားပါးပါး တွေ့ရှိရခြင်းမျိုးဖြစ်ပြီး လူတိုင်းက ကြည့်ချင်နေကြသည်။
"ကောင်းပြီလေ....ဒါက တစ်ကယ့် တန်ဖိုးကြီးတဲ့ဆေးတော့မဟုတ်ပါဘူး...ခင်ဗျား ကြည့်ချင်တယ်ဆိုမှတော့ ကြည့်ပေါ့"
ချက်ချင်းဆိုသလိုပင် လုယွီက သစ်သားသေတ္တာအား ဖွင့်လှစ်လိုက်သည်။
'အဲ့ဒီဆေးပြားက အဖိုးတန်ဆေးပြား မဟုတ်ဘူးလို့ အမတ်ငယ်လေး ပြောလိုက်တာလား'
နတ်ဆေးသမားတော်တုန်က စိတ်အတွင်းမှနေ၍ အေးစက်စက်ရယ်မောနေမိသည်။ ကြည့်ရသည်မှာ အမတ်ငယ်လေးက သူအတွက် ထွက်ပေါက်တစ်ခုချန်၍ ပြောဆိုခြင်းဖြစ်ပေမည်။
သို့ရာတွင် နတ်ဆေးသမာတော်တုန်က မည်သည့်အမူအယာမှ မျက်နှာပေါ်၌ ပြသထားခြင်းမရှိပေ။ သူ၏အပြုံးကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်သည်။
သို့သော် နတ်ဆေးသမားတော်တုန်၏မျက်နှာပေါ်မှ အပြုံးသည် ချက်ချင်းအေးခဲသွားသည်။ သူ၏မျက်လုံးများအား ရွှေရောင်အလင်းတန်းက အပြည့်အဝ ဖုံးလွှမ်းထားလေ၏။
"အို......."
ယခုအချိန်တွင် လုယွီ သစ်သားသေတ္တာအတွင်း ထည့်ထားသည့် ထိပ်တန်းအဆင့်ကောင်းကင်မူလရွှေဆေးပြား အပြားသုံးဆယ်ထံမှ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ရွှေရောင်အလင်းတန်းကို ထုတ်လွှတ်ထားသည်။
အချိန်မဆိုင်းမတွဘဲ ပေါကြွယ်ဝသည့် ဆေးရနံ့များက အခန်းတစ်ခန်းလုံး ပြည့်နှက်သွားလေ၏။ လူတိုင်း သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်တော့ဘဲ ဆေးရနံ့များအား နက်နက်ရှိုင်းရှိုင်း ရှုလိုက်ကြသည်။ ချက်ချင်းပင် သူတို့သည် နွေးထွေးသောအပူစီးကြောင်းတစ်ခုက သူတို့၏အတွင်းအဂါင်္များတစ်လျှောက်စီးဆင်းသွားပြီး မောပန်းနွမ်းနယ်မှုများ ဖယ်ရှားပစ်လိုက်သည်။
'ဒီ ေဆးက ဘာလဲ'
နတ်ဆေးသမားတော်တုန်၏အမူအယာ ရုတ်ချည်းပြောင်းလဲသွားသည်။ သူက ပါးစပ်ကိုကျယ်ကျယ်ဟထားသော်လည်း စကားတစ်လုံးမျှ ပြောဆိုနိုင်ခြင်းမရှိတော့ချေ။
သူက လုယွီအနီးသို့ တဖြည်းဖြည်း ချဉ်းကပ်မိရာ ဆေးပြားတစ်ခုချင်းစီတိုင်းသည် ရွှေရောင်အလင်းတန်းနှင့်အတူ ခန့်ညားထည်ဝါသည့်အော်ရာခပ်မှိန်မှိန် ပါဝင်နေသည်အား သတိပြုမိခဲ့သည်။
ဆေးပြားတစ်ပြားစီတိုင်းသည် ချောမွတ်နေပြီး ရှေးဟောင်းနတ်ဘုရားတစ်ပါး ပြုလုပ်ထားသကဲ့သို့ ထင်မှတ်နိုင်သည်။ ၎င်းဆေးပြားများ၌ အညစ်အကြေးအရိပ်အယောင် တစွန်းတစိမျှ ရှာမတွေ့ပေ။
"ဒါက အဆင့်မြင့်အဆင့် ဆေးပြားတွေလား....မဟုတ်သေးဘူး...ငါက တာလျန့်နိုင်ငံတော်အတွင်းမှာ တစ်ခုတည်းသော အဆင့်မြင့်ဆေးပြားဖြစ်တဲ့ မီးတောက်တားဆီး ဆေးကိုမြင်ခဲ့ဘူးတယ်....အဲ့ဒီဆေးက အခုဆေးရဲ့အဆင့်ကို ရောက်ဖို့ အများကြီးလိုသေးတယ်"
နတ်ဆိုးသမားတော်တုန်၏နှလုံးသားအား ရုတ်တရက် ရိုက်နှက်လိုက်သကဲ့သို့ ခံစားလိုက်ရပြီး သူ၏မျက်လုံးများက မယုံကြည်နိုင်မှုများ ထင်ဟပ်နေသည်။
"ဖြစ်နိုင်တာက...ဒါ...ဒါက ထိပ်တန်းအဆင့်ဆေးပြားလား"
ယခုဆေးပြားသည် နတ်ဘုရားအလင်းတန်း ထုတ်လွှတ်ထားပြီး မည်သည့်အညစ်အကြေးမျှ မပါဝင်ပေ။
ထိုအရာက ထိပ်တန်းအဆင့်ဆေးပြားများ၏ အထူးစွမ်းအားဖြစ်ပေ၏။
"မမ.....မမရဲ့ခန္ဓာကိုယ်က အားနည်းနေသေးတယ်...ဒါကြောင့် မမက တစ်ကြိမ်ကိုဆေးပြားတစ်ပြားပဲ သောက်လို့ရမယ်"
လုယွီက ဘေးပတ်ဝန်းကျင်မှလူများ၏ အံသြတုန်လှုပ်နေသည့်အကြည့်များကို ဂရုမစိုက်တော့ဘဲ လုလမ်ရွှမ်း၏ပါးစပ်အတွင်းသို့ ကောင်းကင်မူလရွှေဆေးပြားတစ်ပြား ထည့်ပေးလိုက်သည်။
လုလမ်ရွှမ်းက လုယွီ၏ကြင်နာမှုကို ငြင်းပယ်ခြင်းမပြုဘဲ ဆေးပြားအား မျိုချလိုက်လေ၏။
Chapter 30
လုလမ်ရွှမ်းက လုယွီ၏ဆေးပြားကို မြိုချပြီးနောက် သိပ်မကြာခင်မှာပင် သူမ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် လှည့်ပတ်နေသည့် အစွမ်းထက်သော ဆေးအာနိသင်များအား ခံစားမိသည်။
ထိုဆေးစွမ်းအားသည် အလွန်အမင်းအားကောင်းပြီး သူမ အသက်တစ်ချက်ရှုလိုက်တိုင်းတွင် သူမ၏မရီးဒါန်းများအားလုံး ဆေးစွမ်းအားများဖြင့် ပြည့်နှက်နေပေသည်။
လုလမ်ရွှမ်းက ပြောစရာစကားလုံးများ ပျောက်ဆုံးနေခဲ့သည်။ ရုတ်တရက် သူမ၏ပခုံးပေါ်သို့ တုတ်ခိုင်ပြီးကျယ်ပြန်သည့်လက်နှစ်ဖက် ကျဆင်းလာခဲ့ပြီး ညင်သာစွာဖြင့် သူမအား မထူလိုက်သည်ကို ခံစားလိုက်ရသည်။
"မမ....စိတ်အေးအေးထားပြီး ကျွန်တော်ပြောတာနားထောင်"
လုယွီက လုလမ်ရွှမ်း၏ နောက်ကျောမှနေ၍ ပြောဆိုလိုက်သည်။
သူမမောင်ငယ်၏ အသံကိုကြားသည်နှင့် လုလမ်ရွှမ်းက ချက်ချင်း စိတ်တည်ငြိမ်သွားပြီး ခေါင်းငြိမ့်ပြလိုက်သည်။
တခဏအကြာတွင် လုယွီက သူ၏နံဘေးရှိလူအုပ်စုအား စကားပြောလိုက်၏။
"ခင်ဗျားတို့အားလုံး ထွက်သွားကြပါ....ကျွန်တော်အမအတွက် အရိုးပျော့ဆေးမှုန့်အာနိသင်ကို ကျွန်တော်ဖယ်ရှားတော့မယ်"
သခင်မကြီးယွီရုံသည် သူမမြင်တွေ့လိုက်ရသော ရွှေရောင်အလင်းတန်းများကို အံ့အားသင့်နေခြင်းမှ မရပ်တန့်နိုင်သေးချေ။ ထိုအချိန်မှာပင် များသောအားဖြင့် မာနဆထာင်လွှားနေတတ်သော နတ်ဆေးသမားတော်တုန်က ရုတ်တရက် သူ၏ခါးကိုညွှတ်ပြီး သားဖြစ်သူအား စကားပြောလိုက်သည်ကို သူမမြင်လိုက်ရသည်။
"အဲ့ဒါဆိုရင် ကျွန်တော်တို့ အပြင်မှာစောင့်ပါမယ်...အမတ်ငယ်လေးကို အနှောက်အယှက်မပေးတော့ပါဘူး"
ထိုစကားဆုံးသည်နှင့် နတ်ဆေးသမားတော်တုန်က သူ၏တစ်ပည့်နှင့်အတူ အခန်းအတွင်းမှ ထွက်ခွာခဲ့တော့သည်။
ထိုအခြင်းအရာအား သခင်မကြီးယွီရုံ မြင်ချိန်တွင် သူမက ကျုံးပကိုခေါ်၍ လူအားလုံအား အပြင်သို့ခေါ်ဆောင်သွားခိုင်းကာ တံခါးအား သူမကိုယ်တိုင်ပင်ပိတ်၍ အခန်းပြင်သို့ ထွက်ခွာလိုက်သည်။
အချိန်တခဏအကြာတွင်မူ အခန်းတစ်ခန်းလုံး တိတ်ဆိတ်ငြိမ်သက်သွားလေ၏။
"မမ...ကျွန်တော် ပြောတဲ့အတိုင်းလုပ်...မမရဲ့ကျန်းချီတွေကိုလှည့်ပတ်ပြီး ဒီချိတ်စည်းရှိတဲ့နေရာကို တိုက်ခိုက်ပါ"
လုယွီက လုလမ်ရွှမ်း၏နောက်ကျောမှ နေရာတနေရာအား ညွှန်ပြရင်း ပြောကြားလိုက်သည်။
ဘုန်း...
ထိုအချိန်မှာပင် ကျန်းချီလှိုင်းလုံးကြီးစီးဝင်လာပြီး လုလမ်ရွှမ်း၏ဒန်တျန်အတွင်းသို့ ရစ်ခွေ၍ဝင်လာခဲ့သည်။
"....."
တံခါး၏အပြင်ဘက်တွင်...
အချိန်နှစ်နာရီ ကုန်ဆုံးသွားလေ၏။ သခင်မကြီးယွီရုံက အလွန်အမင်းစိတ်လှုပ်ရှားနေသော်လည်း သူမက လုယွီကို မနှောက်ယှက်လိုသဖြင့် တံခါးအပြင်ဘက်တွင်သာ စောင့်ဆိုင်းနေသည်။
အစေခံအုပ်စုအတွက်ကမူ ယနေ့ သူတို့ အမြင်ကျယ်သွားရသည်။ သူတို့က စကားကျယ်ကျယ်မပြောဝံ့ကြသော်လည်း တစ်ယောက်နှင့်တစ်ယောက် တီးတိုးပြောဆိုနေသည်။
ထိုအချိန်မှာပင် ရုတ်တရက် တံခါးပွင့်လာ၏။
လူတိုင်းသည် စကားပြောနေခြင်းအား ရပ်တန့်လိုက်ကြပြီး တညီတညွတ်တည်း လှည့်ကြည့်လိုက်ကြ၏။ ှတံခါးကိုဖွင့်လိုက်သူမှာ လုလမ်ရွှမ်းဖြစ်ကြောင်း သူတို့ မြင်တွေ့ရသည်။
ယခုအချိန်တွင် လုလမ်ရွှမ်းသည် ယခင်ကကဲ့သို့ အားနည်းနေခြင်း မရှိတော့ပေ။ သူမ၏ မူလ ခန့်ညားထည်ဝါသည့် ဗိုလ်ချုပ် လုံဝူ အနေအထားသို့ပြန်လည်ရောက်ရှိသွားသည်။
လုလမ်ရွှမ်း၏အော်ရာသည် ယခင်ကထက် ပို၍အားကောင်းလာသည်ကိုလည်း လူအများ ခံစားမိနေသည်။
"အမေ....သမီး အပြည့်အဝ ပြန်ကောင်းသွားပါပြီ"
လုလမ်ရွှမ်းက ချိုသာသောအပြုံးနှင့်အတူ သူမ၏မိခင်ရှေ့သို့ လျှောက်လှမ်းသွားလိုက်သည်။
သူမ ချစ်မြတ်နိုးသောသူများ၏ နံဘေး၌ရှိနေခြင်းကသာလျှင် လုလမ်ရွှမ်း၏ အေးစက်သောအလှမျက်နှာက ဤကဲ့သို့ နူးညံသည့်အပြုံးမျိုးကို ထုတ်ဖော်ပေလိမ့်မည်။
"ဒီ အဖိုးကြီးက ကန်းနေမိသူပါ...အမတ်ငယ်လေးက မိုးကောင်းကင်ကိုထိုးဖောတ်နိုင်မယ့် ပါရမီရှင်တစ်ယောက်ပဲ...အမတ်ငယ်လေးက အနာဂတ်မှာ ကြီးကျယ်ခမ်းနားတဲ့အရာတွေကို လုပ်ဆောင်နိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်....ဒါပေမယ့် ကျွန်တော်မှာ မေးခွန်းတစ်ခုရှိနေတယ်....အမတ်ငယ်လေး ညွှန်ကြားပေးနိုင်မလား"
ရုတ်တရက် နတ်ဆေးသမားတော်တုန်က သူ၏မူလသဘောထားကို ပြောင်းလဲလိုက်ပြီး ရိုသေလေးစားစွာဖြင့် လုယွီအားပြောကြားလိုက်သည်။
လူတိုင်း၏အကြည့်များသည် လုယွီထံသို့သာ ရောက်ရှိနေကြသည်။ သခင်မကြီးယွီရုံ၏မျက်လုံးများက မျက်ရည်များဖြင့် ပြည့်နေသည်။ ယနေ့ သူမ၏သားက အံအားသင့်စရာမြောက်များစွာကို သူမအတွက် ယူဆောင်လာခဲ့သည်။
"ဒီအဖိုးကြီး ခန့်မှန်းတာမမှားဘူးဆိုရင်... အမတ်ငယ်လေး သန့်စင်ခဲ့တဲ့ ဆေးပြားတွေက ထိပ်တန်းအဆင့်တွေလား"
နတ်ဆေးသမားတော်တုန်က ညင်သာစွာ မေးမြန်းလေ၏။
လုယွီက ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ်....ထိပ်တန်းအဆင့် ဆေးပြားတွေပါ"
နတ်ဆေးသမားတော်တုန်က လေအေးတစ်ချက်ရှိုက်သွင်းမိလေ၏။ ဤထိပ်တန်းဆေးပြားများသည် မည်မျှအထိတန်ဖိုးရှိကြောင်းကို တစ်ခြားသူများက မသိရှထားသော်လည်း သူကတော့ သိရှိထားသည်။
သူ၏ ယခင်အစောပိုင်းငယ်ရွယ်စဉ်က နေရာအနှံ့သွားလာပြီး ဆေးပညာကိုလေ့လာလိုက်စားခဲ့သည်။ နတ်ဆေးသမားတော်တုန်က ကျင့်ကြံခြင်းမပြုလုပ်သော်လည်း ထိုထိပ်တန်းအဆင့်ဆေးပြားများမှာ အလွန်ရှားပါးသည်ကို သူသိရှိခဲ့ရသည်။
နတ်ဆေးသမားတော်တုန်က ဂိုဏ်းကြီးများအတွင်းတွင်ပင် ထိပ်တန်းအဆင့်ဆေးပြားများအား လက်တစ်ဖက်ဖြင့်ပင်ရေတွက်နိုင်ပြီး တစ်ချို့ဂိုဏ်းများတွင် ထိပ်တန်းအဆင့်ဆေးပြားတစ်ပြားပင် မရှိကြောင်း သူ သိထားပြီးဖြစ်သည်။
"အမတ်ငယ်လေးရဲ့ ဆေးပညာအရည်အချင်းနဲ့ဆိုရင်....တကယ်လို့ သူက အင်မော်တယ်ဂိတ်တံခါးကို သွားမယ်ဆိုရင်တောင် အတွင်းစည်းတစ်ပည့်အဖြစ် ချက်ခြင်းအသိအမှတ်အပြုခံရမှာပဲ"
နတ်ဆေးသမားတော်တုန်က သက်ပြင်းချလိုက်မိပြန်သည်။
အင်မော်တယ် ဂိတ်တံခါး..
လူတိုင်း၏မျက်လုံးများ တောက်ပလာကြသည်။
သခင်မကြီးယွီရုံက စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းလိုက်သည်။
"နတ်ဆေးသမားတော်တုန်....အဲ့ဒါအမှန်ပဲလား"
နတ်ဆေးသမားတော်တုန်က သူ၏မုတ်ဆိတ်ကိုသပ်ရင်း ရယ်မောလိုက်သည်။
"သခင်မကြီး....ဒီ အဖိုးကြီးက လိမ်မပြောပါဘူး....တကယ်လို့ ဒီ ထိပ်တန်းအဆင့်ဆေးပြားတွေကို အမတ်ငယ်လေးသန့်စင်ခဲ့တယ်ဆိုတာသာ သိရှိခဲ့ကြရင် အင်မော်တယ်ဂိုဏ်းတွေက အကြီးအကဲတွေတောင်မှ အမတ်ငယ်လေးကို ယဉ်ယဉ်ကျေးကျေးဆတ်ဆံကြလိမ့်မယ်"
ထိုစကားဆုံးသည်နှင့် လူတိုင်း တုန်လှုပ်သွားခဲ့သည်။ သူတ်ု့အတွက် အင်မော်တယ်ဂိတ်တံခါးဆိုသည်မှာ ကောင်းကင်ဘုံနှင့်တူသောနေရာဖြစ်သည်။
အင်မော်တယ်များကပင် လုယွီအား ယဉ်ယဉ်ကျေးကျေး ဆတ်ဆံရမည်ဟု ဆိုသလော....
"စိတ်မကောင်းပါဘူး....ကျွန်တော် ဂိုဏ်းတစ်ဂိုဏ်းကိုဝင်ဖို့ စိတ်မဝင်စားဘူး"
ရုတ်တရက် လုယွီက ပြောကြားလိုက်သည်။