အခန်း (၃၁-၃၅)
Vol. 1-5 Ch. 31-35
Chapter 31
လုယွီက အင်မော်တယ်ဂိုဏ်းတစ်ဂိုဏ်းသို့ ဝင်ရောက်ရန် အမှန်တစ်ကယ်ပင် စိတ်မဝင်စားပေ။
"ဒါက အဆင်ပြေပါတယ်....အမတ်ငယ်လေးက အသက်ငယ်သေးတာမို့ အနာဂတ်ကျမှ အဲ့ဒီအကြောင်းကိုစဉ်းစားဖို့ နောက်မကျသေးပါဘူး"
နတ်ဆေးသမားတော်တုန်က သူ၏တစ်ပည့်ကိုခေါ်၍ အိမ်တော်မှ ထွက်ခွာရန်ပြင်ဆင်လိုက်သည်။ သူက လုယွီသည် အားမာန်အပြည့်ရှိနေသော ငယ်ရွယ်သူတစ်ယောက်သာရှိသေးသည်ဟု တွေးတောမိသည်။ လုယွီ အသက်အရွယ်ရလာချိန်တွင် အင်မော်တယ်ဂိုဏ်းသို့ဝင်ရောက်ခြင်း၏အရေးပါပုံအား သိနားလည်လာပေလိမ့်မည်။
သို့ရာတွင် လုယွီက အင်မော်တယ်ဂိတ်တံခါးသို့ ဝင်ရောက်ရန်မလိုအပ်သည်ကိုကား နတ်ဆေးသမားတော်တုန် သိနိုင်မည်မဟုတ်ချေ။
လုယွီ၏ခါးရှိ သိုလှောင်အိတ်အတွင်း၌ပင် ကြီးမားသည့် ပိုင်တိုကောင်းကင်ဘုံဂိုဏ်းရှိနေသည်။ ထို ဂိုဏ်းတစ်ဂိုဏ်းလုံးသည် လုယွီအပိုင်ဖြစ်ပေ၏။
"နတ်ဆေးသမားတော်တုန်....ခက်ခက်ခဲခဲကြိုးစားခဲ့တဲ့အတွက် ရှင်ကို ကျွန်မ ကျေးဇူးတင်ပါတယ်"
သခင်မကြီးယွီရုံက နူးညံညင်သာစွာ ပြောကြားလိုက်သည်။
နတ်ဆေးသမားတော်တုန်က ယခုကိစ္စတွင် မည်သို့မျှမကူညီခဲ့သော်လည်း သခင်မကြီးယွီရုံက ကျုံးပအားခေါ်၍ ငွေများကို သမားတော်တုန်ထံသို့ ပေးစေသည်။
လူအားလုံးထွက်ခွာသွားပြီးနောက်တွင် ခြံဝန်းတစ်ခုလုံး မူလတိတ်ဆိတ်ငြိမ်သက်သည့် အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။ သို့ရာတွင် အိမ်တော်ရှိလူတိုင်း၏မျက်လုံးများသည် သူတို့ကိုယ်သူတို့မထိန်းချုပ်နိုင်ဘဲ လုယွီအားစိုက်ကြည့်မိနေဆဲပင်။
ယနေ့တစ်နေ့လုံးတွင် အရင်ဦးဆုံး လုယွီက နန်းတော်မှလာသည့် မိန်းမစိုးများအားသတ်ဖြတ်ခဲ့သည်။ ထို့နောက် သူက ဝေဘုရင်အိမ်တော်မှနေ၍ လုလမ်ရွှမ်းအား ကယ်ဆယ်လာခဲ့သည်။ သူက ထိပ်တန်းအဆင့်ဆေးပြားကိုပင် သန့်စင်လိုက်သေးသည်။
အံ့အားသင့်စရာများ တစ်ခုပြီးတစ်ခု ဖြစ်လာသည့်အခါတွင် လူတိုင်း မိန်းမောတွေဝေနေလေ၏။
"အမေ.....ဒါက အမေအတွက် ဆေး....အမေအခန်းကိုပြန်ရောက်တာနဲ့ သောက်လိုက်တော့...အဲ့ဒီဆေးက အမေခန္ဓာကိုယ်အတွက် အကျိုးကျေးဇူးရစေမယ်"
လုယွီက မိခင်ယွီရုံထံသို့ ကြွေထည်ပုလင်းတစ်လုံးအား လက်ဆင့်ကမ်းလိုက်သည်။
သခင်မကြီးယွီရုံသည် မည်သည့်သိုင်းပညာရပ်ကိုမျှ ကျင့်ကြံခြင်းမပြုပေ။ ထို့ကြောင့် လုယွီက အသက်ရှည်ဆေးနှင့်ချီ ဖြည့်တင်းဆေးတို့ကို အထူးသန့်စင်၍ သူ့မိခင်၏ ရုပ်ပိုင်းဆိုင်ရာနှင့်သက်တမ်းကို တိုးမြှင့်ပေးရန်ရည်ရွယ်ခဲ့သည်။
"ဦးလေး ကျုံး.....အိမ်တော်က အစောင့်ခေါင်းဆောင်အားလုံးကိုခေါ်လိုက်"
လုယွီက ညွှန်ကြားလိုက်လေ၏။
ကျုံးပက အနည်းငယ်သံသယရှိနေသော်လည်း သူက အနောက်ဘက်ခြံဝန်းသို့သွား၍ အစောင့်ခေါင်းဆောင်များကို ခေါ်လိုက်သည်။
ယုံဖျင်အိမ်တော်တွင် စုစုပေါင်း အစောင့်ငါးရာရှိပြီး အစောင့်တစ်ရာတိုင်းတွင် အစောင့်ခေါင်းဆောင်တစ်ယောက်အား ခန့်အပ်ထားသည်။
ထိုအစောင့်များသည် လုယွီ၏ဖခင် လုခိုင်ရှန်နောက်သို့ လိုက်ခဲ့ကြသော စစ်သားဟောင်းကြီးများဖြစ်သည်။ သူတို့က ရဲရင့်၍ သတ္တိရှိကြပြီး လုမိသားစုအပေါ် အလွန်အမင်း သစ္စာစောင့်သိပေသည်။
လုယွီက သေတ္တာအတွင်းမှ ကောင်းကင်မူလရွှေဆေးပြားများကို ထုတ်ယူပြီး အစောင့်ခေါင်းဆောင်များအား ဆေးပြားသုံးပြားစီပေး၍ ပြောလိုက်သည်။
"ဒီဆေးပြားတွေက မင်းတို့ရဲ့ကျင့်ကြံမှုအဆင့်ကိုတိုးမြှင့်ပေးနိုင်လိမ့်မယ်...မင်းတို့က ဆေးပြားတစ်ပြားသောက်ပြီး ကျန်တာကို အစောင့်တွေထဲကနှစ်ယောက်ကိုရွေးချယ်ပြီးပေးလိုက်"
အစောင့်ခေါင်းဆောင်များသည် လုယွီ၏ကောင်းကင်မူလရွှေဆေးပြား အာနိသင်အားမျက်မြင်တွေ့ပြီးဖြစ်သည်။ သူတို့က လျှင်လျှင်မြန်မြန် ဒူးထောက်လိုက်ပြီး လုမိသားစုအပေါ် သူတို့သစ္စာစောင့်သိပါမည်ဟု ကတိပြုလိုက်ကြသည်။
အဆုံးသတ်တွင် လုယွီက ပိုနေသည့်ဆေးပြားများကိုလည်း ဝေမျှလိုက်သည်။ ဘဏ္ဍာစိုးကျုံးပနှင့် တစ်ချို့ အိမ်စေနှင့်အစေခံများသည် ဆေးပြားများအားရရှိကြသည်။
ထိုအရာအားလုံး လုပ်ဆောင်ပြီးသည်နှင့် လုယွီက လုလမ်ရွှမ်းဘက်သို့လှည့်၍ စကားဆိုလိုက်သည်။
"မမ....အမရဲ့ကျင့်ကြံမှုအခြေခံက ခုထိမတည်ငြိမ်သေးဘူး...နောက်ရက်အနည်းငယ်အထိ အပြင်မထွက်သေးတာ ပိုကောင်းလိမ့်မယ်...အိမ်မှာပဲနေပြီး ကျင့်ကြံမှုအခြေခိုင်အောင်လုပ်ပါ"
"ကောင်းပါပြီ....အမရဲ့ရှောင်ယွီပြောတာကို နားထောင်ရမှာပေါ့"
လုလမ်ရွှမ်းက သူမ၏မောင်ငယ်အား ကြည့်နေစဉ်တွင် သူမ့နှုတ်ခမ်းများတွန့်ကွေးသည်အထိပြုံးပြီး မျက်လုံးများကလည်း အရောင်လင်းလက်နေသည်။
ယခုတစ်ကြိမ်တွင် သူမက အမှန်တကယ်ပင် အဆိုးထဲမှအကောင်းဆိုသကဲ့သို့ သတိလစ်မေ့ပြောပြီးနောက်တွင် သူမ၏မောင်ငယ်ကြောင့် ရှီထျန်းနယ်ပယ်အား ချိုးဖျက်ဝင်ရောက်နိုင်ခဲ့သည်။
မူလက လုလမ်ရွှမ်းသည် ဟိုထျန်းသတ္တမအဆင့်သာရှိလေ၏။ ရှီချန်းနယ်ပယ်သို့ တတ်လှမ်းနိုင်ရန်အတွက် သူမက အနည်းဆုံးဆယ်နှစ်ခန့် ခက်ခက်ခဲခဲကြိုးစားရပေမည်။
သို့ရာတွင် သူမ မျှော်လင့်မထားမိဘဲ မှော်ဆေးပြား၏အာနိသင်ကြောင့် အချိန်တစ်ရက်အတွင်းမှာပင် ရှီထျန်းနယ်ပယ်သို့ ရောက်ရှိခဲ့သည်။
ယုံဖျင်အိမ်တော်ရှိလူတိုင်းသည် စိတ်လှုပ်ရှားနေကြပြီး အချိန်ကာလရှည်ကြီး ဖြတ်သန်းလိုက်ရသကဲ့သို့ အနားယူလိုက်ကြသည်။
လုယွီ၏စိတ်ဝိညာဉ်သည် အလွန်အမင်းသန်မာသဖြင့် သူက အိပ်စက်အနားယူရန်မလိုအပ်ပေ။ ထိုအစား သူက တစ်ညလုံး ထိုင်လျက်ဖြင့်သာ ကျင့်ကြံအားထုတ်နေလေ၏။
နောက်တစ်နေ့ အာရုဏ်တတ်ချိန်ရောက်ရှိလာလေ၏။
လုယွီက သူ၏မျက်လုံးကိုဖွင့်လိုက်သည်နှင့် ဒန်တျန်အတွင်း ဝင်ရောက်နေသည့် ကျန်းချီစီးကြောင်းအား ခံစားမိသည်။
သူက ကျန်ရှိနေသော ကောင်းကင်မူလရွှေဆေးပြားအားလုံးကို ဝါးမြိုခဲ့သော်လည်း ဟိုထျန်းအဠမအဆင့်သို့သာ တတ်လှမ်းနိုင်ခဲ့သည်။
"သခင်လေး...မင်း နိုးပြီလား"
ဦးလေး ကျုံး၏အသံက တံခါးအပြင်ဘက်မှ ထွက်ပေါ်လာသည်။
လုယွီက ထိုင်နေရာမှထရပ်ပြီး တံခါးဖွင့်ပေးလိုက်သည်။ ဦးလေး ကျုံးက သူ့အား တံခါးအပြင်ဘက်မှစောင့်ဆိုင်းနေသည်အား တွေ့မြင်ရ၏။
ီ"ဘာကိစ္စလဲ"
လုယွီက မေးမြန်းလိုက်သည်။
ဦးလေး ကျုံးက လေသံတိုးတိုးဖြင့်ပြောကြားလိုက်သည်။
"သခင်လေး....နန်းတော်က ဗိုလ်ချုပ်တစ်ယောက်က သခင်လေးကို လာရှာနေပါတယ်"
Chapter 32
"နန်းတော်က ဗိုလ်ချုပ်တစ်ယောက်လာတာလား"
လုယွီက မျက်မှောင်ကြုပ်ပြီး ရုတ်တရက် သူက ဆိုးရွားသည့်အတိတ်နိမိတ်တစ်ခု ခံစားမိသည်။
"သွားကြည့်ရအောင်"
လုယွီက အတော်ဝေးကွာသည့်နေရာမှပင် ပင်မခန်းမ၏ဝင်ပေါက်တွင် စစ်သားများရပ်နေသည်အား မြင်တွေ့လိုက်သည်။
ထိုစစ်သားများသည် တောက်ပသည့်သံချပ်ကာအင်္ကျီနှင့်မျက်နှာကာများကို ဝတ်ဆင်ထားပြီး သူတို၏ခါး၌ ဆေဘာဓားများချိတ်ဆွဲထားကြသည်။
အင်ပါယာအစောင့်အရှောက်လူစုကမူ ခန်းမအတွင်း မတ်တတ်ရပ်နေကြသည်။ သခင်မကြီးယွီရုံက ဖြူ ဖျော့သောမျက်နှာဖြင့် ထိုနေရာတွင် မတ်တတ်ရပ်လျက်ရှိနေပြီး သူမ၏နံဘေးတွင်မူ လုလမ်ရွှမ်း ရှိနေလေ၏။
"ဗိုလ်ချုပ် လု....ဒါက အိမ်ရှေ့စံမင်းသားရဲ့အမိန့်ပါ....မင်း အဲဒါကို ငြင်းဆန်တာ သေချာလား"
အင်ပါယာအစောင့်အရှောက်ခေါင်းဆောင်မှ လုလမ်ရွှမ်းအား မောက်မာစွာဖြင့် ပြောကြားလိုက်၏။
လုလမ်ရွှမ်းက သူမ၏ခေါင်းကို ခါယမ်းလိုက်သည်။
"အဲ့လိုမဟုတ်ပါဘူး..ကောင်ငယ်လေး ယွီက ခုထိအရွယ်မရောက်သေးဘူးလေ...တာလျန့်နိုင်ငံတော်ရဲ့ဥပဒေအရ အရွယ်မရောက်သူတိုင်းက သိုင်းနတ်ဘုရားစမ်းသပ်ပွဲကို ပါဝင်ခွင့်ပြုမထားဘူး"
"ဟွန့်....ဒီတကြိမ်တော့ မင်းတို့ အမတ်ကြီးယုံဖျင်အိမ်တော်က ကံ အတော်ကောင်းတယ်....မြင့်မြတ်တဲ့ အိမ်ရှေ့စံမင်းသားက လုယွီကို အသက်ဆယ့်ခုနစ်နှစ်သာရှိသေးပေမယ့် သိုင်းနတ်ဘုရားစမ်းသပ်ပွဲမှာ အထူးအနေနဲ့ပါဝင်ဖို့ အမိန့်ချလိုက်တယ်"
အင်ပါယာအစောင့်အရှောက်တပ်၏ဗိုလ်ချုပ်က စိတ်လက်မရှည်စွာဖြင့် ပြောကြားလိုက်သည်။
"တစ်ကယ်လို့ ဒါက လုံကျင်းမြို့တော်ကနေပြီး အင်ပါယာကိုယ်တိုင်က အမိန့်ပေးတယ်ဆိုရင် ကျွန်မတို့လုမိသားစုကလက်ခံမှာပါ...ဒါပေမယ့် တာလျန့်ရဲ့ဥပဒေမရ မောင်ငယ်လေးက အသက်မပြည့်သေးပါဘူး....ဒါကြောင့် ခွင့်လွှက်ပေးဖို့ ကျွန်မ တောင်းပန်ပါတယ်"
လုလမ်ရွှမ်းက စကားကို အခိုင်အမာပြောဆိုလိုက်သည်။
"မင်းက အိမ်ရှေ့စံရဲ့အမိန့်ကို မနာခံဘဲ နေဝံ့တယ်ပေါ့"
အင်ပါယာအစောင့်အရှောက်တပ်၏ဗိုလ်ချုပ်က စတင်တိုက်ခိုက်တော့သည်။
သူ၏ကျန်းချီများသည် အလွန်အမင်းအားကောင်းပြီး စွမ်းအားပြင်းထန်သည့်အော်ရာက ခန်းမတစ်ခုလုံးအပေါ်မှ ဖိအားပေးလာခဲ့သည်။
ထိုစစ်ဗိုလ်ချုပ်သည် ရှီထျန်းနယ်ပယ်ကျွမ်းကျင်သူတစ်ယောက် ဖြစ်ပေ၏။
"ဟူး.."
မည်သည့်တုန့်ဆိုင်းနေခြင်းမျှမရှိဘဲ စစ်ဗိုလ်ချုပ်က သူ၏လက်ဝါးကို ဆန့်ထုတ်ပြီး လုလမ်ရွှမ်အားရိုက်လိုက်သည်။
လုလမ်ရွှမ်းက ထိုတိုက်ခိုက်မှုအား အံ့အားသင့်သွားပုံမရပေ။ သူမ၏လက်များကိုဆန့်ထုတ်ပြီး စစ်ဗိုလ်ချုပ်ရှေ့၌ ရပ်လိုက်သည်။
"ဟိုထျန်း သတ္တမအဆင့်လောတ်နဲ့ ငါကိုပိတ်ပင်ဝံ့တယ်ပေါ့"
စစ်ဗိုလ်ချုပ်၏ မျက်လုံးအတွင်းတွင် လှောင်ပြောင်ချင်နေသည့် အရိပ်အယောင်များထင်ဟပ်နေသည်။
သူက ယုံဖျင်အိမ်တော်သို့မလာခင်ကတည်းက လုလမ်ရွှမ်းသည် ဟိုထျန်းသတ္တမအဆင့်သာ ရှိသေးသည်အား စုံစမ်းခဲ့ပြီးဖြစ်သည်။
အိမ်ရှေ့စံမင်းသားမှသူအား လုယွီကိုသတိထားရန် ထပ်ခါထပ်ခါ သတိပေးလိုက်သော်လည်း သူ ဤနေရာသို့ ရောက်ရှိကတည်းက လုယွီအားမမြင်မိပေ။ ဖြစ်နိုင်သည်က လုယွီသည် ထိတ်လန့်ကြောက်ရွံနေသဖြင့် အနောက်ဘက်ခြံဝန်း၌ပုန်းနေခြင်းဖြစ်မည်။
"ဘုန်း...."
အင်ပါယာစစ်ဗိုလ်ချုပ်၏လက်ဝါးသည် လုလမ်ရွှမ်း၏လက်ဝါးနှင့် ရိုက်ခတ်မိသွားသော်လည်း သူမအားရွေ့လျားစေရန် မပြုလုပ်နိုင်သည်အားကြည့်ပြီး အလွန်အံ့အားသင့်သွားသည်။
"ဟိုင်း...."
ရုတ်တရက် လုလမ်ရွှမ်းက အော်ဟစ်ပြီး သူမ၏လက်သီးကိုဆန့်ထုတ်၍ စစ်ဗိုလ်ချုပ်အား တိုက်ခိုက်ခဲ့သည်။
အင်ပါယာစစ်ဗိုလ်ချုပ်က နောက်သို့ခြေတစ်လှမ်းဆုတ်လိုက်ပြီး သူ၏မျက်လုံးအတွင်းတွင် ထိတ်လန့်မှုများပြည့်နေသည်။
"ရှီထျန်း........"
သူက လုလမ်ရွှမ်း၏ခွန်အားကို သတိမူမိသွားသည်။ စစ်ဗိုလ်ချုပ်သည်လည်းရှီထျန်းနယ်ပယ်ဖြစ်သောကြောင့် လုလမ်ရွှမ်း၏လက်ရှိနယ်ပယ်အား သတိပြုမိခြင်းမှာ ပုံမှန်ပင်ဖြစ်သည်။
အချိန်တစ်ညအတွင်းမှာပင် ဟိုထျန်းသတ္တမအဆင့်မှ ရှီထျန်းနယ်ပယ်သို့ တတ်လှမ်းနိုင်သွားသလော။ စစ်ဗိုလ်ချုပ်က တခဏတာ တုန်လှုပ်သွားသော်လည်း ထိုသို့ကူးပြောင်းခြင်းသည် လောကြီးလွန်းသည် မဟုတ်သလော။
အင်ပါယာအစောင့်အရှောက်တပ်၏ဗိုလ်ချုပ်များသည် အိမ်ရှေ့စံ၏ ယုံကြည်ရသော လက်အောက်ငယ်သားများဖြစ်ပြီး မြောက်များစွာသည့်ကိစ္စရပ်များကို သူထံမှသိခဲ့ရသည်။
မူလအစက လုယွီသည် ရတနာတစ်ချို့ရရှိခဲ့သည်ဟုသာ သူတို့ထင်ခဲ့ကြသည်။ တစ်စုံတစ်ယောက်၏ကျင့်ကြံမှုကို အချိန်တိုအတွင်း မြှင့်တင်ပေးနိုင်မည့် ပြင်းထန်သောရတနာဟု မည်သူကမျှမတွေးမိခဲ့ပေ။
ထိုကဲ့သို့ရတနာက လုယွီ၏လက်အတွင်း ရောက်ရှိနေသလော...
"မင်းက အခုမှ ရှီထျန်းနယ်ပယ်ကို ဝင်ရောက်တဲ့ ဂျူ နီယာတစ်ယောက်ပဲ....ဘယ်လိုသတ္တိမျိုးနဲ့ မင်းက ငါရှေ့မှာ ရိုင်းစိုင်းဝံ့တာလဲ"
အင်ပါယာစစ်ဗိုလ်ချုပ်က ယုတ်မာကောက်ကျစ်စွာပြုံးရင်းမှ သူ၏ကျန်းချီအား တစ်ခါထပ်၍သိပ်သည်းလိုက်သည်။
အင်ပါယာစစ်ဗိုလ်ချုပ်က လုလမ်ရွှမ်းသည် ယခုမှ ရှီထျန်းနယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ခါစဖြစ်ပြီး သူမ၏အော်ရာများ မတည်မငြိမ်ဖြစ်နေသည်အား ခံစားမိသည်။
သူက ရှီထျန်းနယ်ပယ်၏တတိယအဆင့်ဖြစ်သဖြင့် ယခုကဲ့သို့ ရှီထျန်းနယ်ပယ်အား အဆင့်တတ်လာခါစဖြစ်သည့် ဂျုနီယာအား မည်သို့ကြောက်ရွံရမည်နည်း။
ဘုန်း...
အင်ပါယာစစ်ဗိုလ်ချုပ်နှင့်လုလမ်ရွှမ်းတို့၏ လက်ဝါးများ ထိတွေ့မိချိန်မှာပင် ခန်းမ၏တံခါးမကြီးက ရုတ်တရက် ကန်ဖွင့်ခြင်းခံလိုက်ရသည်။
"လူအနည်းငယ်ကတော့ သေလမ်းလာရှာကြပြန်ပြီ"
လုယွီက အင်ပါယာအစောင့်အရှောက်များအနက်မှ တစ်ယောက်ကို ကန်ထုတ်လိုက်ရင်းမှ လေသံတိုးတိုးဖြင့်ပြောလိုက်သည်။
Chapter 33
ခရက်...ခရက်
လုယွီ ကန်ထုတ်ခံလိုက်ရသောအင်ပါယာအစောင့်အရှောက်များသည် သူတို့၏အရိုးများကျိုးကြေကုန်ကြသဖြင့် ထိတ်လန့်တကြားဖြင့် စူးစူးဝါးဝါးအော်ဟစ်လိုက်ကြသည်။
အခန်းအတွင်း၌ မတ်တတ်ရပ်နေကြသည့် အင်ပါယာအစောင့်အရှောက်များသည်လည်း ကြက်သေသေသွားကြ၏။ သူတို့က လုယွီ၏ကန်ထုတ်ခြင်းမခံရမီ အရိပ်တစ်ရိပ် သူတို့၏နောက်ကျောမှ ဖျက်ခနဲရောက်ရှိလာသည်ကိုသာသိလိုက်ရသည်။ ထို့နောက် သူတို့၏ခန္ဓာကိုယ်များကို ထိန်းချုပ်နိုင်မှုကင်းမဲ့သွားပြီး လွင့်ပျံ့သွားတော့သည်။
ဘုန်း....ဘုန်း.....ဘုန်း....
တစ်ခြားတစ်ဖက်က လုယွီသည်မူ နောက်သို့အနည်းငယ်မျှပင် တွန့်သွားခြင်းမရှိပေ။ လေထဲသို့ ကန်ထုတ်ခံလိုက်ရသော စစ်သားများသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာပြုတ်ကျလာကြသည်။ သူတို့ထဲမှတစ်ချို့သည် ကြမ်းပြင်ပေါ်မှ ကျောက်တုံးများကို ကွဲကြေသွားသည်အထိ ပြင်းထန်စွာ ရိုက်ခတ်မိလေ၏။
"လုယွီ...မင်းက အချိန်မှန် ရောက်လာတာပဲ...အရှင့်သား........"
အင်ပါယာအစောင့်အရှောက်တပ်၏စစ်ဗိုလ်ချုပ်က မျက်နှာပေါ်တွင် နတ်ဆိုးဆန်သည့်အပြုံးမျိုးဖြင့်ပြုံး၍ လုယွီဘက်လှည့်သို့ စကားပြောနေစဉ်မှပင် သူ၏အင်္ကျီကော်လံမှ ဆွဲမခြင်းခံလိုက်ရသည်။
လုယွီ၏မျက်လုံးများက အေးစက်တင်းမာနေပြီး စစ်ဗိုလ်ချုပ်အား အင်္ကျီကော်လံမှမ၍ ပြောဆိုလိုက်သည်။
"ကျုပ် ဒါကို အရင်ကလည်းပြောဖူးတယ်....ကျုပ် မိသားစုကိုထိဝံ့တဲ့ ဘယ်သူမဆို သေရမယ်လို့"
ယခုအဖြစ်အပျက်က သူမျှော်လင့်ထားသည်နှင့် အပြည့်အဝကွာခြားနေသဖြင့် စစ်ဗိုလ်ချုပ်က ဆွံအသွားမိသည်။ သူ မည်သို့မျှတုန့်ပြန်နိုင်ခြင်းမရှိသေးမီ ရုတ်တရကိ သူ၏ခန္ဓာကိုယ်အား ထိန်းချုပ်နိုင်မှုလွတ်ကင်းသွားပြီး လေထဲသို့ဝဲပျံသွားခဲ့သည်။
ဒေါင်....
အင်ပါယာစစ်ဗိုလ်ချုပ်၏ခန္ဓာကိုယ်ကြီးသည် ပင်မခန်းမအရှေ့ရှိ ဥယျာဉ်အတွင်းမှ ကျောက်ဆောင်တစ်ခုနှင့် တည့်တည့်ဝင်ဆောင့်မိရာ ကျောက်တုံးအပိုင်းအစများ နေရာအနှံသို့ ပျံ့နှံ့သွားသည်။ ထိုမှတဆင့် သူသည် ဥယျာဉ်အတွင်းရှိရေကန်ထဲသို့ ကျောက်အပိုင်းအစများနှင့်အတူ ပြုတ်ကျသွားတော့သည်။
လုယွီက ပင်မခန်းမအတွင်းမှ ခုန်ထွက်လိုက်ပြီး ရေကန်စပ်သို့ ထပ်၍ခုန်လိုက်လေ၏။
အင်ပါယာစစ်ဗိုလ်ချုပ်သည် ရှီထျန်းအဆင့်ပညာရှင်တစ်ယောက်ဖြစ်သဖြင့် သူအား ရုတ်တရက် ရေကန်အတွင်းသို့ ပစ်ချခံလိုက်ရချိန်တွင် ရှက်ရွံခြင်းနှင့်ဒေါသထွက်ခြင်းအား တပြိုင်နက်တည်းခံစားလိုက်ရသည်။
သူက အမှန်တကယ်ကိုပင် လူငယ်တစ်ယောက်၏ ဤကဲ့သို့ အရှက်တကွဲကိုင်ပေါတ်ခြင်းအား ခံခဲ့ရ၏။
"ငါ မင်းကို အရှင်လတ်လတ် အရေခွံနွှာပစ်မယ်"
အင်ပါယာစစ်ဗိုလ်ချုပ်က သူ၏ခေါင်းကိုမော့ပြီး ရေကတ်ထဲမှ ခုန်တတ်လိုက်သည်။
ထိုအချိန်မှာပင်..
သန်မာသည့်လက်တစ်ဖက်က လေထုအတွင်းမှ ကျဆင်းလာပြီး အင်ပါယာစစ်ဗိုလ်ချုပ်၏လည်ပင်းအား ဖိနှိက်လိုက်လေ၏။
"ခင်ဗျားက ကျုပ်ပြောတာကို ဒါမတိုင်ခင် ဘယ်တုန်းကမှ မကြားဘူးတာမို့ အခု ကျုပ်ထပ်ပြောမယ်...ကျုပ်ရဲ့မိသားစုကိုထိဝံ့တဲ့ ဘယ်သူမဆို သေရမယ်"
လုယွီ၏အသံက ရေမျက်နှာပြင်အထက်မှ ထွက်ပေါ်လာသည်။
ဘယ်လို...
အင်ပါယာစစ်ဗိုလ်ချုပ်က တုန်လှုပ်သွားပြီး ရူးသွပ်လုမခမ်း လျှင်လျှင်မြန်မြန်ဖြင့် စတင်ရုန်းကန်လိုက်သည်။
သူက ရှီထျန်းနယ်ပယ်ပညာရှင်တစ်ယောက်ဖြစ်ပြီး ကြီးမားသောခွန်အားကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် သူ၏ကျန်းချီအားလုံးကို ချိတ်ဆတ်ပြီး ရေထဲမှလွတ်မြောက်ရန်အတွက် ရုန်းကန်လိုက်၏။
အင်ပါယာစစ်ဗိုလ်ချုပ်က တဖြည်းဖြည်း သူ၏ခန္ဓာကိုယ် အားနည်းလာသည်ကို ခံစားမိပြီး ချာချာလည်နေသော ရေလှိုင်းများကလည်း သူ၏အပေါ်တွင် ဖြစ်ပေါ်နေလေ၏။
သူသည် ရှီထျန်းနယ်ပယ်ပညာရှင်တစ်ယောက်ဖြစ်သော်လည်း သေမျိုးတစ်ယောက်ဖြစ်နေဆဲပင်။ ရေထုထဲသို့ အချိန်ကြာမြင့်စွာ နှစ်ထားခြင်းခံရသည်တွင် သူ၏အသက်ရှုနှုန်းမှာ အားကောင်းခြင်းမရှိတော့ချေ။
"ဝူး......"
အင်ပါယာစစ်ဗိုလ်ချုပ်က ထိတ်ထိတ်ပျာပျာဖြင့် ရုန်းကန်စပြုလာပြီး သူက လုယွီ၏ခွင့်လွှက်မှုအတွက် တောင်းပန်လိုနေ၏။
သူက သံနံရံတစ်ခုနှင့် ဝင်ဆောင့်မိသည်အား သိရှိလိုက်ရသည်။ ထို့ပြင် သူမည်မျှပင် အလုပ်ကြိုးစားသည်ဖြစ်စေ ယခင်က သူမည်မျှ တန်ခိုးအာဏာကြီးမားခဲ့သည်ဖြစ်စေ ယခုအချိန်တွင် အရေးမပါတော့ပေ။ သူ၏အသက်ကသာ အရေးပါလေ၏။
လုယွီက မည်သည်ကြောင့် လုပ်ဝံ့သနည်း...မည်သည်ကြောင့် သူအားသတ်ဝံ့သနည်း။
အိမ်ရှေ့စံမင်းသား၏ သတင်းအမှောင်ချထားမှုကြောင့် အင်ပါယာအစောင့်များသည် လုယွီက ဝေဘုရင်အား သတ်ဖြတ်ခဲ့ကြောင်းကို မသိရှိထားပေ။
အကယ်၍ လုယွီက မင်းသားတစ်ယောက်ကိုပင် သတ်ဖြတ်ဝံ့လျှင် သူကဲ့သို့ နိမ့်ကျသည့် စစ်ဗိုလ်ချုပ်အား မည်သို့ဂရုစိုက်မည်နည်း။
အချိန်က လဖက်ရည်တစ်ခွက် သောက်သုံးပြီးချိန်ခန့် ကုန်လွန်သွားခဲ့သည်။
လုယွီက အင်ပါယာစစ်ဗိုလ်ချုပ်၏အလောင်းကို ရေထဲမှ သာမာန်ကာလျှံကာဆွဲထုတ်ပြီး မြေပြင်ပေါ်သို့ အမှိုက်တစ်စကဲ့သို့ ပစ်ချလိုက်သည်။
လုယွီအား အင်ပါယာအစောင့်အရှောက်များက ဝန်းရံထားပြီးဖြစ်သည်။ သူတို့က ပင်မခန်းမအတွင်းသို့ဝင်လာသော စစ်သားများဖြစ်ကြပြီး သူတို့အတွက် အင်ပါယာစစ်ဗိုလ်ချုပ်ဆိုသည်မှာ မရှုံးနိမ့်နိုင်သည့်တည်ရှိမှုကြီးဖြစ်ပေ၏။
သို့ရာတွင် ဤကဲ့သို့ ကျွမ်းကျင်ပညာရှင်တစ်ယောက်သည် လုယွီ၏ လွယ်လင့်တကူ သတ်ဖြတ်ခြင်းအား ခံလိုက်ရသည်။ မည်သည့်အင်ပါယာအစောင့်အရှောက်ကမျှ ရှေ့သို့ခြေတစ်လှမ်းမတိုးဝံ့ဘဲ လုယွီအား ကြောက်ရွံစွာဖြင့် ကြည့်နေကြ၏။
ယခုမြင်ကွင်းသည် လွန်စွာတိတ်ဆိတ်ညိမ်သက်နေပြီး မြေပြင်ပေါ်သို့ လွှင့်ပစ်ခံထားရသည့်စစ်သားများထံမှ ညည်းညူ သံများသာလျှင် ကြားနိုင်သည်။
"ပြန်သွားပြီး အိမ်ရှေ့စံမင်းသားကိုပြောလိုက်....ငါက နောက်သုံးရက်အကြာမှာလုပ်မယ့် သိုင်းနတ်ဘုရားစမ်းသပ်ပွဲမှာ ပါဝင်မယ်လို့"
လုယွီက ထပ်မံပြီး လေးနက်သောအသံဖြင့် ထပ်မံပြောလိုက်သည်။
"အဲ့ဒီကောင်ကိုပြောလိုက်....ဒီလိုမျိုး ပုရွက်ဆိတ်တွေကိုလွှက်ပြီး ငါ့မိသားစုကို အခက်အခဲတွေ့အောင်လုပ်မယ်ဆိုရင်.....တာလျန့်နိုင်ငံတော်မှာ ဘုရင်မရှိဘဲ နေချင်နေတာလားလို့....."
တာလျန့်နိုင်ငံတော်အား ထိန်းသိမ်းရန် အရှင်သခင်မလိုအပ်ဟု လုယွီ ပြောဆိုလိုက်သလော...
အင်ပါယာအစောင့်အရှောက်များအားလုံး ပြန်လည်ထွက်ခွာရန် ပြင်ဆင်လိုက်ကြသည်။ သူတို့က ထပ်မံ၍ မနေဝံ့ကြတော့ဘဲ ညည်းညူ နေသည့် စစ်သားများနှင့်အင်ပါယာစစ်ဗိုလ်ချုပ်၏အလောင်းကိုသယ်ကာ ထွက်ခွာလိုက်တော့သည်။
ထိုလူအုပ်စု ထွက်ခွာသွားသည်အထိ စောင့်နေပြီးနောက် လုယွီက တုန်လှုပ်နေသည့် ကျုံးပဘက်သို့ လှည့်ပြီး စကားဆိုလိုက်သည်။
"ကျုံးပ...အစောင့်အားလုံးကိုအမိန့်ပေးလိုက်...နောင် အနာဂတ်မှာ သူစိမ်းအားလုံး အင်ပါယာမင်းကအစ...သူတို့ရဲ့ဓားကို ထားခဲ့ပြီးမှ ယုံဖျင်အိမ်တော်ထဲဝင်ခွင့်ပြုမယ်လို့...."
Chapter 34
"ဟုတ်ကဲ့ သခင်လေး"
ကျုံးပ၏မျက်နှာသည် စိတ်လှုပ်ရှားလွန်းသဖြင့် နီမြန်းနေလေ၏။ သူ၏သခင်လေးသည် ဤမျှထိသန်မာလိမ့်မည်ဟု သူတွေးထင်ထားခြင်းမရှိပေ။
ကျွီခနဲ အသံနှင့်အတူ ပင်မခန်းမ၏တံခါးပွင့်လာခဲ့သည်။ လုလမ်ရွှမ်းက ဖြူ ဖျော့နေသည့် မိခင်ယွီရုံအား တွဲကူ၍ အပြင်သို့လျှောက်လှမ်းလာလေ၏။
ယနေ့မနက်စောစောတွင် အင်ပါယာအစောင့်အရှောက်အုပ်စုက အိမ်တော်အတွင်းသို့ စုပြုံရောက်ရှိလာရာ သခင်မကြီးယွီရုံ၌ ပြင်ဆင်ချိန်မရခဲ့ပေ။
သိုင်းနတ်ဘုရားစမ်းသပ်ပွဲသည် တာလျန့်နိုင်ငံတော်၏ အလွန်အမင်းရှားပါးသည့် စုဝေးပွဲဖြစ်လေ၏။
လုံကျင်းမြို့တော်မှ ကျင့်ကြံသူအားလုံးနီးပါးက သိုင်းနတ်ဘုရားစမ်းသပ်ပွဲတွင် ပါဝင်ဆင်နွှဲကြသည်။ ဤစမ်းသပ်ပွဲအတွင်းတွင် ကြီးမားသည့်အောင်မြင်မှုရရှိသည့် မည်သူမဆို အမတ်အဖြစ်ခန့်အပ်ခံရပြီး အင်ပါယာတရားရုံးတော်သို့ ဝင်ရောက်အမှုထမ်းနိုင်သည်။
သို့ရာတွင် တာလျန့်နိုင်ငံတော်၏အမြင့်ဆုံး အင်ပါယာရုံးတော်၏ သတ်မှတ်ချက်အရ အရွယ်ရောက်ပြီးသူများသာလျှင် သိုင်းနတ်ဘုရားစမ်းသပ်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်သည်။
လုယွီက အရွယ်ရောက်ရန် အသက်တစ်နှစ်လိုသေးသဖြင့် သူက သိုင်းနတ်ဘုရားစမ်းသပ်ပွဲအား ပါဝင်ဆင်နွှဲရန် အရည်အချင်းပြည့်မီခြင်းမရှိသေးပေ။
အိမ်ရှေ့စံမင်းသားက အရှေ့နန်းတော်တွင် နေထိုင်ပြီမှာ အချိန်ကြာမြင့်ခဲ့ပြီဖြစ်ပြီး ယုံဖျင်အိမ်တော်နှင့်သူ၏အကြားတွင် မည်သည့်ပတ်သက်မှုမျှ ရှိမနေချေ။ မည်သည်ကြောင့် သူက လုယွီအား ချွင်းချက်ထား၍ သိုင်းနတ်ဘုရားစမ်းသပ်ပွဲတွင် ပါဝင်ဆင်နွှဲခွင့် ပြုလိုက်သနည်း။
"ယွီအာ....မင်းက သိုင်းနတ်ဘုရားစမ်းသပ်ပွဲကို တစ်ကယ်သွားယှဉ်ပြိုင်မလို့လား"
သခင်မကြီးယွီရုံက စိုးရိမ်တကြီး မေးမြန်းလိုက်သည်။
အမြော်အမြင်ကြီးသည့် မျက်လုံးရှိသူတိုင်းပင် ယခုကိစ္စသည် အိမ်ရှေ့စံမင်းသားစီစဉ်ထားသော ထောင်ချောက်တစ်ခုဖြစ်သည်အား ပြောနိုင်ပေ၏။ မည်သို့ပင်ဖြစ်စေ လုယွီက အိမ်ရှေ့စံမင်းသား၏ညီတော်အား သတ်ဖြတ်ခဲ့သူဖြစ်သည်။
လုယွီက အပြုံးမပျက်ဘဲ မိခင်အား ပြောဆိုလိုက်သည်။
"အမေ....ကျွန်တော်နဲ့ပတ်သက်ပြီး စိတ်ပူစရာမလိုပါဘူး....အိမ်ရှေ့စံမင်းသားက သာမာန်သေမျိုးတစ်ယောက်ပါ....ကျွန်တော်ကို ဘာမှမလုပ်နိုင်ပါဘူး"
"ခလေး....မင်း အရွယ်ရောက်လာပြီပဲ....အမေက သားကိုထပ်ပြီး မထိန်းချုပ်နိုင်တော့ဘူး"
သခင်မကြီးယွီရုံ၏မျက်နှာသည် ဖြူ ဖျော့နေဆဲဖြစ်သဖြင့် လုလမ်ရွှမ်းက သူမကိုကူညီ၍ အနားယူရန် အခန်းထဲသို့ ပြန်ခေါ်သွားလိုက်သည်။
အရာအားလုံးကိုကြည့်ရင်း လုယွီ ကူရာကယ်ရာမဲ့စွာဖြင့် စိတ်နှလုံးထဲမှ သက်ပြင်းချလိုက်မိသည်။ လုယွီ၏မိခင် ယွီရုံသည် တစ်ချိန်တုန်းက လုံကျင်း၌ ကျော်ကြားသည့်ပါရမီရှင်တစ်ယောက်ဖြစ်သည်။
အကယ်၍ သူမက စစ်ဗိုလ်ချုပ်တစ်ယောက်၏မိသားစုအတွင်းသို့ လက်ထပ်ပြီးဝင်ရောက်ခဲ့ခြင်းမရှိလျှင် သူမက မိသားစုတစ်စုလုံးအားစောင့်ရှောက်ရန်မလိုအပ်မည်သာမက တစ်ချို့ခက်ခဲစေသောကိစ္စရပ်များကိုလည်း ရင်ဆိုင်ရမည်မဟုတ်ပေ။
ယနေ့၏ မတော်တဆဖြစ်ရပ်သည် သူ့မိခင်၏စိတ်နှလုံးအား ကြီးမားသည့်ရိုက်ခတ်မှု ဖြစ်သွားမည်ကို လုယွီအတိအကျသိရှိထားသည်။ သို့ရာတွင် သူ၏မိခင်က မျက်နှာပေါ်၌ မည်သည့်အမူအယာကိုမျှ ထုတ်ဖော်မထားဘဲ ငြိမ်သက်စွာနေပြီး သူမ၏စိတ်အတွင်းကသာ တောင့်ခံနေခဲ့သည်။
"အခုဘဝမှာတော့...ငါက ငါ့မိသားစုကို သာယာတဲ့ဘဝပိုင်ဆိုင်နိုင်အောင် အနည်းဆုံးလုပ်ပေးနိုင်ရမယ်"
လုယွီက တီးတိုးရေရွတ်နေလေ၏။
ထို့နောက် လုယွီက အစောင့်များကို နောက်တစ်ကြိမ်ထပ်မံစုစည်းပြီး သူတို့အား တစ်ချို့သောအပြင်အားသိုင်းပညာရပ်များကို သင်ကြားပေးလေသည်။
ထိုသိုင်းပညာရပ်အားလုံးသည် ကောင်းကင်ဘုံအင်ပါယာ၏မှတ်ဥာဏ်များအတွင်းမှ လုယွီက ရှာဖွေတွေ့ရှိထားခြင်းဖြစ်ပေ၏။ ၎င်းပညာရပ်များက လေးနက်ခြင်းမရှိသော်လည်း သေမျိုးလောကမှ သိုင်းပညာရပ်များနှင့်နှိုင်းယှဉ်ပါက အဆင့်များစွာကွာဝေးလေသည်။ မည်သည့် ကျပန်းသိုင်းပညာမဆို ပျံ့နှံ့သွားသည်နှင့် ဤသေမျိုးလောကတွင်သွေးထွက်သံယိုမြင်ကွင်းများ ဖြစ်ပေါ်လာပေမည်။
အမှန်တစ်ကယ်အားဖြင့် လုယွီက သူ၏သိုင်းပညာရပ်များကိုမူ အပြင်စည်းဂိုဏ်းသားများအတွက်ပညာရပ်ဖြစ်စေ မည်သည့်နည်းနှင့်မျှ တစ်ခြားသူများအား သင်ကြားခြင်းမပြုနိုင်ပေ။
လုယွီသည် သုံးရက်လုံးလုံး အခန်းအတွင်း၌သာနေပြီး သူကျင့်ကြံနိုင်မည့်ဆေးပြားများအား သန့်စင်နေခဲ့သည်။ ကောင်းကင်မူလရွှေဆေးပြား၏အာနိသင်သည် လုယွီအတွက် အကျိုးသက်ရောက်မှုမှာ မရှိသလောက်ဖြစ်နေ၏။ သူက ဟိုထျန်းနဝမအဆင့်သို့ တတ်လှမ်းနိုင်ရန်အတွက် ကောင်းကင်မူလရွှေဆေးပြားသည် အကူအညီမဖြစ်တော့ချေ။
လုယွီက ကျန်ရှိနေသည့်ဆေးမယ်ပစ္စည်းများဖြင့် ကောင်းကင်မူလရွှေဆေးပြားများအား သန့်စင်လိုက်သည်။ သူက အိမ်တော်အတွင်းရှိလူတိုင်းအား ရှီထျန်းနယ်ပယ်သို့ရောက်ရှိနိုင်ရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။ သို့မှသာ ဤသေမျိုးနိုင်ငံတစ်နိုင်ငံတွင် ယခုအင်အားစုက တုန်လှုပ်ဖွယ်ရာတည်ရှိမှုကြီးဖြစ်ပေမည်။
"တစ်ကယ်လို့ ငါက အဆင့်တက်ချင်တယ်ဆိုရင် ဆေးအသစ်သန့်စင်ရလိမ့်မယ်....စိတ်ပျက်ဖို့ကောင်းတာက ဒီနေရာမှာ ဆေးပင်တွေအရမ်းနည်းလွန်းနေတာပဲ...ငါက ဆေးအင်အားလုံးကိုစုစည်းဖို့ ရိုးရှင်းတဲ့နည်းလမ်းမရှိနိုင်ဘူး"
လုယွီက ကူရာကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်၏။ အမတ်ကြီးယုံဖျင်အိမ်တော်သည် ချမ်းသာကြွယ်ဝ၍ အာဏာရှိသော်လည်း တစ်ချို့ဆေးဖက်ဝင်အပင်များအား လက်လှမ်းမမှီနိုင်ပေ။
"ကောင်ငယ်လေး ယွီ"
လုလမ်ရွှမ်း၏ ကြည်လင်ပြတ်သားသောအသံက ရုတ်တရက် တံခါးအပြင်ဘက်မှနေ၍ ထွက်ပေါ်လာသည်။
လုယွီက တံခါးဖွင့်ပေးလိုက်ရာ လုလမ်ရွှမ်းက စိုးရိမ်တကြီးအမူအယာဖြင့် ဝင်လာသည်အား မြင်လိုက်ရသည်။
"အိမ်ရှေ့စံမင်းသားက မင်းကို သိုင်းနတ်ဘုရားစမ်းသပ်ပွဲမှာ ပါဝင်ခွင့်ပြုလိုက်တယ်....သူက အဲ့ဒီအတွက် ပြင်ဆင်ပြီးလောတ်ပြီ....မင်း ဂရုစိုက်ရမယ်နော်"
လုလမ်ရွှမ်းက စိုးရိမ်ပူပန်မှုဖြင့် မောင်ဖြစ်သူအား မှာကြားလိုက်၏။
"မမ.....အမက ကျွန်တော်ရဲ့ခွန်အားကို မသိဘူးလား"
လုယွီက ရယ်မောရင်း ပြောလိုက်သည်။
လုလမ်ရွှမ်းက ရုတ်တရက် အသိအမြင်ကြီးမားလာသည့် သူမ၏မောင်ငယ်လေးအား စိုက်ကြည့်နေမိသည်။ သူမက ကူကဲ့ရာမဲ့စွာဖြင့် သူမ၏နီမြန်းသောနှုတ်ခမ်းလေးများနှင့်အတူ အံကိုသာတင်းတင်းကြိတ်လိုက်သည်။
အကယ်၍ လုယွီက ယခင်အနေအထားအတိုင်း ရှိနေဆဲဆိုလျှင် သူမက မောင်ဖြစ်သူအား ဤမျှအန္တရာယ်များသည့် ကိစ္စရပ်အား ပြုလုပ်စေမည်မဟုတ်ပေ။ ယခုမူ လုယွီ၏အစွမ်းထက်လာမှုသည် သူမ၏မျက်လုံးများကိုပင် သူမ မယုံကြည်နိုင်သည်အထိဖြစ်လာခဲ့သည်။
"မမ.....အမလာတာ အချိန်မှန်ပဲ....ကျွန်တော်လအမကို ပေးစရာတစ်ခုရှိတယ်"
လုယွီက ခုံပေါ်ရှိ စာအုပ်တစ်အုပ်အားယူ၍ လုလမ်ရွှမ်းအား လက်ဆင့်ကမ်းလိုက်၏။
လုလမ်ရွှမ်းက ထိုစာအုပ်အားဖွင့်လိုက်ချိန်တွင် အတွင်းရှိစကားလုံးများသည် ရတနာတစ်ပါးကဲ့သို့ဖြစ်နေပြီး ယခုချိန်ထိ မှင်မခြောက်သေးသည်ကိုလည်း တွေ့ ရသည်။ ထိုစာအုပ်က ယခုလေးတင်မှ ရေးသားပြီးသော ကျင့်ကြံခြင်းနည်းစနစ်သာ ဖြစ်လေ၏။
"ဒါက ရှီထျန်းနယ်ပယ်ရဲ့ကျင့်ကြံနည်းစနစ်ပဲ....ဒီအတိုင်းကျင့်ကြံသွားရင် အမ လုံချီနယ်ပယ်ကို ရောက်နိုင်လိမ့်မယ်"
လုယွီက ရယ်ရင်းမောရင်း အမဖြစ်သူအား ပြောဆိုလိုက်လေ၏
လုလမ်ရွှမ်းက နေရာမှာတင် အေးခဲသွားလေသည်။ သူမ ယခင်က ရည်ရွယ်ထားသည်မှာ ယုံဖျင်အိမ်တော်၏ရှီထျန်းနယ်ပယ်ကျင့်ကြံနည်းစနစ်အား ကျင့်ကြံရန်ဖြစ်သည်။
သို့သော် ယုံဖျင်အိမ်တော်၏ကျင့်ကြံနည်းစနစ်သည် သူမအား ရှီထျန်းနယ်ပယ်နဝမအဆင့် အထွက်အထိပ်သို့သာ အမြင့်ဆုံး ရောက်ရှိစေနိုင်၏။
လုံချီနယ်ပယ်သို့ရောက်ရှိရန် ကျင့်ကြံနည်းစနစ်ဟူသည်မှာ အင်မော်တယ်ဂိတ်တံခါးမှသာ တတ်နိုင်သည့်အရာဖြစ်သည်။
အချိန်တခဏကြာ လုလမ်ရွှမ်းက သူမ၏ကျင့်ကြံနည်းစနစ်စာအုပ်အားကိုင်ဆောင်ရင်း သူမမျက်စိရှေ့၌ ဖြစ်ပျက်နေသည့် အရာအားလုံးအား ယုံကြည်နိုင်ခြင်းမရှိတော့ပေ။
Chapter 35
အချိန်သုံးရက်အကြာတွင် သိုင်းနတ်ဘုရားစမ်းသပ်ပွဲ စတင်ကျင်းပလေ၏
ဤအချိန်ကာလသည် ရှားပါးသည့်အခါသမယဖြစ်ပေ၏။ လုံကျင်းမြို့တော်ရှိ ကလန်အားလုံးနီးပါးသည် သိုင်းနတ်ဘုရားစမ်းသပ်ပွဲတွင် ပါဝင်ဆင်နွှဲမည့် တပည့်များအတွက် လိုအပ်သမျှအရာရာတိုင်းကို ပြင်ဆင်ပေးနေကြသည်။
လွန်ခဲ့သောနှစ်များတွင် သိုင်းနတ်ဘုရားစမ်းသပ်ပွဲကို အမတ်ကြီးယုံဖျင်အိမ်တော်မှ ဝင်ရောက်ဆင်နွှဲသူမှာ အမြဲတစေ လုလမ်ရွှမ်းသာဖြစ်သည်။ သူမသည် ထိုပွဲတွင် ပါဝင်ခဲ့ပြီးနောက် သခင်မလေးအဖြစ်မှ လုံကျင်းစစ်တပ်၏စစ်ဗိုလ်ချုပ်ဖြစ်လာခဲ့သည်။
သို့ရာတွင် ယနေ့အခြေအနေကမူ ကွဲပြားခြားနားနေခဲ့သည်။
မနက်စောစောတွင် လုယွီကလူတိုင်းကို နှုတ်ဆတ်ပြီးနောက် သူကထွက်ခွာရန်ပြင်ဆင်လိုက်သည်။ သူ၏အမလုလမ်ရွှမ်းက အတူတူသွားရန် ဆန္ဒရှိနေသော်လည်း လုယွီက ငြင်းပယ်ခဲ့သည်။
လုယွီက အိမ်ရှေ့စံမင်းသား၏မည်သည့်နည်းလမ်းကိုမျှ ကြောက်ရွံခြင်းမရှိသော်လည်း သူ၏မိသားစု ဘေးဖြစ်မည်ကို စိုးရိမ်နေဆဲဖြစ်သည်။ ထို့ပြင် လုလမ်ရွှမ်း၏ကျင့်ကြံမှုအဆင့်သည် တည်ငြိမ်ခြင်းမရှိသေးသဖြင့် သူမက နောက်ထပ်ရက်အနည်းငယ် ငြိမ်သက်စွာကျင့်ကြံနေရန် လိုအပ်ပေသည်။
****
တပ် တပ် တပ်...တပ် တပ် တပ်
မြင်းရထားလုံးတစ်စီးက ယုံဖျင်အိမ်တော်မှ ထွက်ခွာ၍ မြို့တော်၏ပြင်ပရှိ မိုးကောင်းကင်တောင်(ထျန်းချို့တောင်)စီသို့ ဦးတည်သွားနေ၏။
"သူတို့က ငါကို အမြဲစောင့်ကြည့်နေကြပါလား"
ရထားလုံးအတွင်းထိုင်နေသည့်လုယွီက သူ၏အစွမ်းထက်သောစိတ်ဝိညာဉ်မှတစ်ဆင့် မြင်းရထားလုံးအနောက်မှ လှို့ဝှက်လိုက်ပါနေသောပုံရိပ်များကို ချက်ချင်းအာရုံခံစားမိခဲ့သည်။
သူတို့က သတ္တိကြီးစွာ လိုက်ပါနေကြသော်လည်း လုယွီက သူတို့အား မြင်နှင့်ပြီးဖြစ်သည်။
"မင်းတို့အားလုံး တခါတည်းထွက်လာရင် ပိုကောင်းမယ်....အဲ့ဒါမှ ငါ တစ်ယောက်ပြီးတစ်ယောက်လိုက်ရှာရတဲ့ ဒုက္ခက သက်သာမှာ..."
မြင်းရထားလုံးသည် လျှင်လျှင်မြန်မြန်ရွေ့လျားနေသဖြင့် တစ်နာရီခန့်အကြာမှာပင် ထျန်းချို့တောင်ခြေသို့ ရောက်ရှိခဲ့သည်။
အဝေးမှကြည့်လျှင် မြင့်မားသော ထျန်းချို့တောင်ထိပ်သည် လှို့ဝှက်ဆန်းကြယ်ပြီးခက်ခဲနက်နဲသည့်တောင်တစ်လုံးကဲ့သို့ တည်ရှိနေသည်။
"ဒါက အမှန်တစ်ကယ်ကို မဟာရေလေပေါင်းစပ်ခြင်း ဝင်္ကပါပါလား"
လုယွီ၏မျက်လုံးများသည် ထိုမြင့်မားသောတောင်မှအရိပ်အယောင်တစ်ချို့ကို မြင်လိုက်ရသည့်အတွက် အလွန်လေးနက်သွားခဲ့သည်။
"ယင်ချီကိုစုစည်းပြီး နတ်ဆိုးဘုရင်ကို အာဟာရဖြစ်စေတယ်...ဒီနေရာမှာ ယင်ချီတွေ သိပ်သည်းလွန်းနေတယ်....ဒီလိုနေရာမျိုးကို သေမျိုးနိုင်ငံတစ်နိုင်ငံထဲမှာ တွေ့ရမယ်လို့ ငါထင်မထားမိဘူး"
လုယွီက သူ၏စိတ်နှလုံးမှနေ၍ သတိကြီးစွာထားရန် ဆုံးဖြတ်လိုက်သည်။
သေမျိုးနိုင်ငံ၏အိမ်ရှေ့စံမင်းသားသည် ဤကဲ့သို့နည်းလမ်းမျိုး မသိရှိနိုင်ဟု လုယွီ အတိအကျ သိထားသည်။ ဖြစ်နိုင်သည်က ထိုတောင်သည် ယခုအတိုင်းတည်ရှိနေသည်မှာ အချိန်ကြာခဲ့ပြီဖြစ်ပေမည်။ သေမျိုးတစ်စုကမို့ ထျန်းချို့တောင်မှလှို့ဝှက်ချက်များအား ထိုးဖောတ်မြင်နိုင်မည်မဟုတ်ပေ။
မြင်းရထားလုံး၏လိုက်ကာကို ဘေးသို့ဖယ်လိုက်ရာ သူသည် စစ်နတ်ဘုရားစမ်းသပ်ပွဲကွင်းပြင်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိလိုက်သည်။
ထျန့်ချို့တောင်ခြေတွင် အင်ပါယာအစိုးရက ငစ်သားစင်မြင့်တစ်ခုကို တည်ဆောက်ထားပြီး ကြီးမားသည့်အလံများက လေထုအတွင်းတွင် ပျံ့လွင့်နေလေ၏။
သစ်သားစင်မြင့်ပေါ်တွင် တည်ကြည်သောအမူအယာနှင့်ထိုင်နေသည့် အင်ပါယာအစိုးရ၏စစ်ဗိုလ်ချုပ်အနည်းငယ်ရှိနေသည်။ သိုင်းနတ်ဘုရားစမ်းသပ်ပွဲသည် တာလျန့်နိုင်ငံတော်၏ပါရမီရှင်ရွေးချယ်ခြင်းနှင့် ဆတ်နွယ်နေသဖြင့် ထိပ်တန်းဦးစားပေးအခမ်းအနားဖြစ်သည်။
အဆုံးသတ်တွင် ယုံဖျင်အမတ်ကြီးသည် တာလျန့်နိုင်ငံတော်အား တည်ထောင်ခဲ့သည် ချီးမွမ်းထိုက်သော ထိပ်တန်းစစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်သည်။ သူက အင်ပါယာ၏လျစ်လျှူ ရှုထားခြင်းကိုခံရသော်လည်း အင်ပါယာတရားရုံးတွင် အလွန်အမင်းမြင့်မားသည့် ဂုဏ်သတင်းကိုပိုင်ဆိုင်ထားသူဖြစ်၏။
လူအများ မူလတွေးထင်ထားသည်မှာ မြင်းရထားလုံးအတွင်းမှထွက်လာသူသည် ယုံဖျင်အိမ်တော်မှရေခဲအလှနတ်သမီး ဖြစ်မည်ဟုပင်။ သို့ရာတွင် သူတို့မျှော်လင့်ထားသကဲ့သို့မဖြစ်ဘဲ ထွက်လာသူက ချောမောသည့် လူငယ်တစ်ယောက်ဖြစ်နေ၏။
"အဲ့ဒီကောင်က ကျပ်မပြည့်ဘဲမွေးလာတာမဟုတ်ဘူးလား....ယုံဖျင်အိမ်တော်က ဘာလို့ သူကိုဒီလိုနေရာကို လာခိုင်းလိုက်တာလဲ"
"ငါ ကြားထားတာကတော့ ယုံဖျင်အမတ်ကြီးက သူသားရဲ့ကျပ်မပြည့်တာကိုကုသဖို့ နတ်ဆေးသမားတော်ကို ငွေအမြောက်ပေးပြီး ဖိတ်ကြားခဲ့တယ်တဲ့....ဘယ်လိုပဲဖြစ်ဖြစ် အရူးက အရူးပဲနေမှာပါကွာ....သူက ခုမှ ဟိုထျန်းပထမအဆင့်ပဲရှိသေးတာ..ဘယ်လိုသတ္တိမျိုးနဲ့ သိုင်းနတ်ဘုရားစမ်းသပ်ပွဲကို လာဝံ့တယ်မသိဘူး....သူက သေတဲ့အထိရိုက်နှက်ခံရမှာ မကြောက်ဘူးထင်တယ်...ဟား ဟား"
လူတစ်ယောက်ပြီးတစ်ယောက် သူ့အားလှောင်ပြောင်သရော်နေကြသော်လည်း လုယွီက နားမကြားသကဲ့သို့သာ လှည့်ထွက်ခဲ့သည်။
"မင်းက ယုံဖျင်အိမ်တော်က ပညာရှင်လား"
မှတ်တမ်းယူသည့်အရာရှိက မေးမြန်းလိုက်သည်။
"ယုံဖျင်အိမ်တော်...လုယွီ"
လုယွီက သူ၏အမတ်တံဆိပ်ပြားအား ပြသလေ၏။
အရာရှိက တံဆိပ်ပြားက တခဏမျှစစ်ဆေးပြီးနောက် ခေါင်းညိတ်ပြပြီး ဂရုတစိုက်မှတ်တမ်းတင်နေသည်။ ထို့နောက် သူက လုယွီအား နေရာတစ်နေရာရှာ၍ မတ်တတ်ရက်နေရန် ပြောကြားလိုက်သည်။
ယခုနေရာ၌ မတ်တတ်ရပ်နေသည့် လူအမြောက်အများရှိနှင့်ပြီးဖြစ်သည်။ သူတို့ထဲမှအများစုသည် ရွှေအဆင်တန်ဆာများနှင့်ပိုးထည်များဝတ်ဆင်ထားပြီး သူတို့၏ခြေလှမ်းများသည် တည်ငြိမ်ပြီးခွန်အားအပြည့်ရှိကြ၏။ သူတို့က သိုင်းပညာကိုလေ့ကျင့်သည့် ချမ်းသာကြွယ်ဝသည့်လူတန်းစား ပညာသင်တစ်ပည့်များဖြစ်မည်မှာ ထင်ရှားနေသည်။
လုယွီ ရောက်ရှိလာသည်ကိုကြည့်ပြီး တစ်ချို့လူများက လုယွီ၏ရူးသွပ်မှုအကြောင်းကို သိရှိထားသဖြင့် သူတို့၏အပေါင်းအဖော်များကို ပြောလိုက်ကြပြီး ချက်ခြင်းဆိုသလိုပင် အချင်းချင်းတီးတိုးပြောဆိုနေကြတော့၏။
လုယွီကတော့ ထိုလူစုအား လျစ်လျှူ ရှုထားလိုက်သည် သူက ဤနေရာသို့ ပြဿ နာဖြေရှင်းရန်သာ လာခဲ့ခြင်းဖြစ်သည်။
"လုယွီ...ဒီနေရာကို နင့်အမဘာလို့မလာတာလဲ....သူမက ဝေဘုရင်ရဲ့ဖမ်းဆီးခံထားရပြီး အိပ်ယာထဲက မထွက်နိုင်တော့လို့လား"
ထိုအချိန်မှာပင် ထူးဆန်းသည့် အမျိုးသမီးအသံတစ်သံက လုယွီ၏နောက်ဘက်မှ ထွက်ပေါ်လာသည်။