အခန်း (၈၆-၉၀)
Vol. 1-5 Ch. 86-90
Chapter 86
ဖူယန်က သူ၏မျက်လုံးကိုပင် သူမယုံကြည်နိုင်တော့ချေ။
ဖူယန်သည် မူလကသူတို့နှစ်ယောက်အား တားဆီးရန်ရည်ရွယ်ခဲ့သော်လည်း သူက ရည်ရွယ်ချက်ရှိရှိဖြင့် သူ၏အရှိန်ကိုနှေးကွေးစေခဲ့သည်။ ဖူယန်က သူဤနေရာသို့မရောက်မှီ နက္ခတ်တာရာပြောင်းလဲခြင်းနယ်ပယ်ကျင့်ကြံသူမှ သေမျိုးအား အဆုံးသတ်ပစ်သည့်အချိန်ထိစောင့်ရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် နောက်ဆုံး၌ သေဆုံးသွားရသည့်လူမှာ နက္ခတ်တာရာပြောင်းလဲခြင်းနယ်ပယ်ကျင့်ကြံသူဖြစ်မည်ဟု မည်သူမျှတွေးထင်ကြမည်မဟုတ်ပေ။
ရှီထျန်းနယ်ပယ်သေမျိုးတစ်ယောက်က နက္ခတ်ဗေဒနယ်ပယ်ကျင့်ကြံသူအား သတ်ဖြတ်နိုင်မည်ဟုလည်း မည်သူကမျှယုံကြည်မည်မဟုတ်ချေ။
သို့သောာ ယခုလက်ရှိတွင် ဖူယန်က ထိုဖြစ်ရပ်အား ကိုယ်တိုင်မြင်တွေ့လိုက်ရသည်။
"ဒါက ဝင်္ကပါတစ်ခုပဲ....ဖြစ်နိုင်တာ သူက ဝင်္ကပါပညာရှင်တစ်ယောက်လား"
ထိုကိစ္စကိုတွေးတောနေရင်း ဖုယန်က ရုတ်တရက်ငေးမောနေမိသည်။ သို့ရာတွင် တခဏအကြာတွင်မူ သူက စိတ်သက်သာရာရသွားခဲ့သည်။
မည်သို့ ဖြစ်နိုင်မည်နည်း....ထိုသူက သေမျိုးတစ်ယောက်သာဖြစ်ပေသည်။ ထိုဝင်္ကပါက မည်သည့်နေရာမှထွက်ပေါ်လာသည်ကိုသာ ဖုယန်သိချင်နေမိသည်။
ဝင်္ကပါပညာရှင်များသည် ထိပ်တန်းအဆင့်အင်မော်တယ်ဂိုဏ်းများတွင်ပင် အလွန်အမင်းရှားပါးသည့်တည်ရှိမှုကြီးများ ဖြစ်လေသည်။
ထိုကောင်လေးသည် အလွန်ငယ်ရွယ်သေးသဖြင့် ဝင်္ကပါအားခင်းကျင်းနိုင်ရန်မှာ ဖြစ်နိုင်ခြေမရှိချေ။
"ဘာကိစ္စရှိလို့လဲ"
လုယွီက မျက်မှောင်ကြုပ်ပြီး လေသံတိုးတိုးဖြင့် မေးမြန်းလိုက်၏။
ဖူယန်က ချောင်းတစ်ချက်ဆိုးပြီးနောက် သူ၏အသိစိတ်ပြန်ဝင်လာခဲ့သည်။
"ငါရဲ့စီနီယာက ဒီနေရာမှာ ကျင့်ကြံနေတယ်...မင်းက သေမျိုးတစ်ယောက်ပဲရှိသေးတာ....ဒါကြောင့် ဒီနေရာမှာ ပြဿ နာထပ်မရှာတာပိုကောင်းလိမ့်မယ်...ဒီနေရာကထွက်သွားစမ်း"
ဖူယန်၏အသံသည် သူ၏မာန်တတ်နေသောအသံဖြင့် ပြောဆိုလိုက်ခြင်းဖြစ်သည်။
ထိုကောင်လေးက သေမျိုးတစ်ယောက် အစစ်အမှန် ဖြစ်နေပေသည်။ သို့ရာတွင် သူ၏အရှေ့ရှိ သေမျိုးကောင်လေးသည် နက္ခတ်တာရာပြောင်းလဲခြင်းကျင့်ကြံသူတစ်ယောက်အား လွယ်ကူစွာဖြင့် သတ်ဖြတ်ခဲ့သူဖြစ်သည်။
လုယွီ၏အမူအယာသည် ပြောင်းလဲသွားခြင်းမရှိဘဲ တည်ငြိမ်အေးဆေးစွာဖြင့် ပြောဆိုလိုက်သည်။
"သူက ကျုပ်ကို သတ်ချင်နေလို့..ကျုပ်က သူကိုသတ်ပစ်လိုက်တာလေ....ဒါပါပဲ....ခင်ဗျားပြောတဲ့ ကိစ္စ...ဒီနေရာမှာကျင့်ကြံနေတဲ့သူရှိတယ်ဆိုတာကတော့ ကျုပ်ဘာလုပ်နေတယ်ဆိုတာ ကျုပ်သိတယ်"
"မင်း...."
အတိတ်တွင် သေမျိုးများသည် သူကိုမြင်သည့်အခါတိုင်း အမြဲတစေရိုသေလေးစားစွာဆတ်ဆံကြသည်။
ထိုကောင်လေးကဲ့သို့ အလွန်ရိုင်းပျသည့်သူမျိုး မည်သည့်အချိန်ကတည်းက ထွက်ပေါ်လာသနည်း...ဖြစ်နိုင်သည်က ထိုကောင်လေးက သူ၏အဆင့်အတန်းကို မသိခြင်းကြောင့်ဖြစ်နေသလော.....
"မေ့လိုက်တော့...ငါက သေမျိုးတစ်ယောက်အကြောင်းကို ဂရုစိုက်နေဖို့မလိုအပ်ဘူး"
ဖူယန်က သူ၏အကျႌလက်ရှည်ကြီးကိုခါယမ်းပြီး ချက်ချင်းပြောကြားလိုက်သည်။
"မင်း အသိတရားရှိတာ ပိုကောင်းလိမ့်မယ်....ဒီလိုမှမဟုတ်ရင် ငါ မင်းကို ခုချက်ချင်းသတ်ပစ်နိုင်တယ်...ငါက ဒီ နက္ခတ်တာရာနယ်ပယ်အမှိုက်ကောင်နဲ့နှိုင်းယှဉ်လို့ရတဲ့လူမျိုးမဟုတ်ဘူး"
ထိုသို့ပြောဆိုပြီးသည်နှင့် ဖုယန်က သူ၏ဓားပျံပေါ်တတ်၍ စီးနင်းထွက်ခွာသွားတော့သည်။
ဖူယန်ထွက်ခွာသွားသည်ကိုကြည့်ပြီး လုယွီက သူ၏ခေါင်းကို ကူရာကယ်ရာမဲ့စွာဖြင့်ခါယမ်းလိုက်သည်။ သူက ဖူယန်၏ကျင့်ကြံမှုအဆင့်သည် အမြူ တေဖွဲ့စည်းခြင်း တတိယအဆင့် သို့မဟုတ် စတုတ္ထအဆင့်ရှိမည်ကို သိရှိထားပြီးဖြစ်သည်။
သူ၏ယခုလက်ရှိ ကျင့်ကြံခြင်းအဆင့်ဖြင့် ဤကဲ့သို့ကျွမ်းကျင်သူအား ရင်ဆိုင်ရန်မှာအလွန်ခက်ခဲပေမည်။ သို့ရာတွင် အကယ်၍ သူကလှုပ်ရှားမှုတစ်ခုလုပ်ဝံ့လျှင် လုယွီက သူအားသတ်ဖြတ်ပစ်ဖို့ရန် တုန့်ဆိုင်းနေမည်မဟုတ်ပေ။
"ဒီထဲမှာ စိတ်ဝိညာဉ်ကျောက်တုံး နည်းနည်းရှိသေးတာပဲ...ငါက ဒါတွေကိုအချိန်အတိုင်းအတာတစ်ခုအထိ အသုံးပြုနိုင်မယ်"
လုယွီက ဟူယန်းလီ၏သိုလှောင်အိတ်အတွင်းသို့ သူ၏စိတ်ဝိညာဉ်အာရုံပို့လွှက်ပြီး အတွင်းမှစိတ်ဝိညာဉ်ကျောက်တုံးတစ်ချို့ကို ဆွဲထုတ်လိုက်သည်။
ထို့နောက် သူက ဆေးပြားအချို့ကိုလည်း တွေ့ရှိခဲ့သည်။ သို့ရာတွင် ထိုဆေးပြားအားလုံးသည် အလွန်အမင်းညံဖျင်းသောအရည်အသွေးရှိပြီး အဆင့်မြင့်အဆင့်ဟုပင် မပြောနိုင်ပေ။
ဆေးပြားများအပြင် ဟိုယန်းလီ၏သိုလှောင်အိတ်အတွင်း၌ 'သားရဲဘုရင်နှလုံးသားကျင့်စဉ်' ကျင့်ကြံခြင်းနည်းစနစ်နှင့်အင်္သချေသားရဲဂိုဏ်းတံဆိပ်ပြားတို့ရှိနေခဲ့သည်။
လုယွီက ထိုပစ္စည်းများကို သိမ်းဆည်းလိုက်ပြီးနောက် ပတ်ဝန်းကျင်အားကြည့်ရှုလိုက်သည်။
"ဒီတောင်ပေါ်မှာ စိတ်ဝိညာဉ်စွမ်းအင်တွေ စုဝေးနေတဲ့နေရာတစ်ချို့ရှိတာပဲ...အဲဒါက ငါရဲ့လက်ရှိအဆင့်ကို ချိုးဖျက်နိုင်ဖို့ အခွင့်ကောင်းဖြစ်လိမ့်မယ်"
လုယွီက တီးတိုးရေရွတ်လိုက်၏။
ဤတောင်တန်းကြီးတစ်ခုလုံးအား မြူ ခိုးများက ဖုံးလွှမ်းထားသည်။ အမှောင်ခုသို့ရောက်ရှိနေသည့်တိုင် ထိုမြူ ခိုးများက လွင့်ပြယ်သွားခြင်းမရှိပေ။
"ငါ အင်္သေချေသားရဲဂိုဏ်းကအကြီးအကဲနဲ့တိုက်ခိုက်နေချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် ဖုန်းရွှေရတနာမြေတစ်ခုကို အာရုံခံမိခဲ့တယ်"
လုယွီက ဖြည်းညင်းစွာလမ်းလျှောက်နေရင်းမှ သူသွားရမည့်နေရာကိုသိရှိသွားပြီး လျှင်မြန်စွာထွက်ခွာလိုက်သည်။
လုယွီ၏ချင်ကုန်း(ပေါ့ပါးစွာပျံ့ဝဲခြင်း)သည် အလွန်အမင်း အံ့အားသင့်ဖွယ်ဖြစ်သည်။ သူက လဖက်ရည်တစ်ခွက်ပြင်ဆင်စာအချိန်အတွင်းမှာပင် လှိုဏ်ဂူတစ်ဂူ၏အရှေ့သို့ ရောက်ရှိလာခဲ့သည်။
ထိုလှိုဏ်ဂူသည် အလွန်အမင်းလှို့ဝှက်သောနေရာတွင်တည်ရှိပြီး အပြင်ဘက်တွင်သစ်ကိုင်းသစ်ရွက်များဖြင့်ဖုံးကွယ်ထားသည်။ အကယ်၍ တစ်စုံတစ်ယောက်က နီးကပ်စွာမကြည့်လျှင် ထိုလှိုက်ဂူက ယခုနေရာတွင်ရှိမှန်း သိရှိရန်မှာလွန်စွာခက်ခဲပေမည်။
"ချီက နဂါးရေကန်အတွင်းကို မြစ်စီးဆင်းလာသလို ဝင်နေတယ်...ငါ မျှော်လင့်ထားသလိုပဲ ဒီနေရာက စိတ်ဝိညာဉ်စွမ်းအင်တွေစုဝေးနေတာပဲ....ဒီနေရာမှာကျင့်ကြံမယ်ဆိုရင် တစ်ဝက်လောက်အားစိုက်ကျင့်ကြံရုံနဲ့ အကျိုးကျေးဇူးနှစ်ဆရလိမ့်မယ်"
လုယွီက တွေးတောရင်းဖြင့် လှိုဏ်ဂူအတွင်းသို့ ဝင်သွားခဲ့သည်။
သို့ရာတွင် သူက ခြေလှမ်းအနည်းငယ်လှမ်းပြီးချိန်တွင်မူ ရုတ်တရက်ရပ်တန့်လိုက်သည်။
"ဒီနေရာမှာ ငါထက်စောပြီးရောက်နေတဲ့ လူတစ်ယောက်ရှိနေပါလား"
ရုတ်တရက် လုယွီက မျက်မှောင်ကြုပ်လိုက်မိလေသည်။
Chapter 87
လုယွီက လှိုဏ်ဂူအတွင်းသို့ဝင်သွားချိန်တွင် ထောင့်တစ်နေရာ၌ အလင်းရောင်မှိန်ပျပျလင်းလက်နေသည်အား တွေ့မြင်လိုက်ရသည်။
ထိုလှိုဏ်ဂူကိုကြည့်ရသည်မှာ သိသာထင်ရှားပုံမရှိသော်လည်း အပြင်ဘက်၌၎င်းအားကာကွယ်ပေးထားသည့် ဝင်္ကပါတစ်ခုရှိနေသည်။
အကယ်၍ တစ်စုံတစ်ယောက်က လှိုဏ်ဂူအတွင်းသို့တိုးဝင်ခဲ့လျှင် ဝင်္ကပါ၏တားဆီးခြင်းအားခံရမည်ဖြစ်ပြီး တစ်လက်မမျှပင်ရှေ့တိုးနိုင်မည်မဟုတ်ပေ။
လုယွီက တီးတိုးရေရွတ်ပြီးတခဏအကြာတွင်မူ ရှေ့သို့ဆတ်၍ ဝင်လိုက်သည်။ လုယွီအတွက်ကမူ ဤဝင်္ကပါသည် အကြမ်းထည်အဆင့်သာဖြစ်သည်။
ထိုအခြင်းအရာသည် ယခုမှ ဝင်္ကပါအခင်းအကျင်းကို စတင်သင်ယူသည့် ပညာသင်တစ်ယောက်က သူ၏စွမ်းရည်ကို ဝင်္ကပါပညာရှင်တစ်ယောက်၏ရှေ့၌ ပြသမိသည်နှင့်တူညီနေသည်။
လုယွီ၏ခြေလှမ်းလှမ်းပုံအား ကြည့်ရသည်မှာ အလွန်ထူးဆန်းနေသည်။ တခါတရံ သူက ခြေလှမ်းနှစ်လှမ်းနောက်ဆုတ်ပြီး တခါတရံတွင် ရုတ်တရက် သူက ဘယ်ဘက်သို့ဦးတည်လျှောက်လှမ်းနေသည်။
ထိုနည်းလမ်းဖြင့် လုယွီက အနည်းငယ်မျှပင်တုန့်ဆိုင်းခြင်းမရှိဘဲ ကြီးမားသောဝင်္ကပါကိုဖြတ်၍ ရှေ့သို့မည်သည့်ထိခိုက်မှုမျှမရှိဘဲ ရောက်ရှိသွားသည်။
"ဒီလို အဖိုးတန်တဲ့ဖုန်းရွှေရတနာမြေထဲမှာ လူတစ်ရာကျော်ထိ ကျင့်ကြံဖို့လုံလောတ်တယ်"
လုယွီက အတွင်းသို့ဝင်ရောက်မိချိန်တွင် ပတ်ဝန်းကျင်ရှိစိတ်ဝိညာဉ်စွမ်းအင်တို့သည် ပြင်ပထက်အဆပေါင်းများစွာသိပ်သည်းကြောင်း ခံစားမိသည်။
အသက်တစ်ရှိုက်ရှုစဉ်အတောအတွင်းမှာပင် စိတ်ဝိညာဉ်စီးကြောင်းများက သူ၏ဒန်တျန်အတွင်းသို့ စီးဝင်လာခဲ့သည်။
လုယွီ၏အော်ရာသည်လည်း တဖြည်းဖြည်းသိပ်သည်းပြီးသန်မာလာကာ သူ၏မရီးဒါန်းများမှာလည်း ၎င်းတို့အတွင်းသို့ စီးဝင်လာသည့် စိတ်ဝိညာဉ်စွမ်းအင်များနှင့် ပြည့်နှက်နေသည်။
လုယွီ၏မျက်လုံးများက တောက်ပလာခဲ့ပြီး သူက ချက်ချင်းပင် လှိုဏ်ဂူအနက်ပိုင်းသို့ ဦးတည်သွားလိုက်သည်။ လှိုဏ်ဂူအနက်ပိုင်းသို့ သူရောက်လေလေ စိတ်ဝိညာဉ်စွမ်းအင်များက ပို၍ထူထပ်လာလေဖြစ်ကြောင်း တွေ့လိုက်ရသည်။
"ဒီဖုန်းရွှေရတနာမြေက ဘယ်အချိန်ကတည်းက စုဆောင်းထားလို့ ဒီလောတ်များတဲ့စိတ်ဝိညာဉ်စွမ်းအင်တွေကို သိုလှောင်နိုင်တာလဲဆိုတာ ငါအံ့အားသင့်မိတယ်"
လုယွီ၏စိတ်နှလုံးသားအတွင်းတွင် ပျော်ရွှင်မှုအရိပ်အယောင်များ ထင်ဟပ်လာခဲ့သည်။
ဤအရာက သူ မျှော်လင့်မထားမိသော အံ့အားသင့်စရာကြီးဖြစ်ပေသည်။
"ဝေါင်း...."
ထိုအချိန်မှာပင် ပြင်းထန်ပြီးကြမ်းတမ်းသည့်အသံကြီးတစ်သံက လှိုဏ်ဂူ၏အနက်ပိုင်းမှ ထွက်ပေါ်လာခဲ့သည်။
ရူးသွပ်ပြီးနတ်ဆိုးဆန်သော အော်သံကြီးသည် နေရာတစ်ခုလုံးအား ပဲ့တင်ထပ်နေပြီး နံရံအားရိုက်ခတ်မိခြင်းကြောင့် နားအူလုမတတ်အသံကြီးထွက်ပေါ်လာသည်။
ဘုန်း...ဘုန်း....ဘုန်း..
နံရံများမှနေ၍ ကျောက်တုံးကျောက်စ အများအပြား ပြိုကျလာခဲ့သည်။ အချိန်အတော်ကြာမှသာလျှင် ၎င်းကျောက်တုံးများ ကျဆင်းခြင်းရပ်တန့်သွားလေသည်။
လုယွီက မျက်မှောင်ကြုပ်လိုက်မိသော်လည်း သူ၏ခြေလှမ်းများအား ရပ်တန့်ခြင်းမရှိပေ။ သူက လှိုဏ်ဂူ၏အနက်ရှိုင်းဆုံးအပိုင်းမှချိုင့်ကြီးတစ်ချိုင့်နေရာသို့ ရောက်သည်အထိ လျှောက်လှမ်းသွားခဲ့သည်။
ထိုချိုင့်ကြီး၏အစွန်းတွင် လုယွီကမတ်တတ်ရပ်နေရင်း အောက်ကိုငုံကြည့်မိရာ မီးပင်လယ်ကြီးအားမြင်လိုက်ရသည်။ လောင်ကျွမ်းနေသည့်မီးတောက်များက လှိုဏ်ဂူတစ်ဂူလုံးအား ထွန်းလင်းနေစေသည်။
ကိုယ်ခန္ဓာအပေါ်ပိုင်း ဗလာကျင်းနေသည့်အဖိုးအိုတစ်ယောက်က မီးပင်လယ်ကြီးအတွင်းတွင် မတ်တတ်ရပ်နေပေသည်။ သူ၏အော်ရာသည် အလွန်အမင်း ထိတ်လန့်ဖွယ်ကောင်းပြီး တစ်ခြားသူများအား ကြောက်ရွံမှုကြောင့် တုန်ယင်သွားစေသည်။
ထိုအော်ရာမျိုးသည် ယခင်က လုယွီမြင်တွေ့ဖူးသမျှ ကျင့်ကြံသူများ၏အော်ရာထက် အဆမတန် ပို၍အားကောင်းပေသည်။
အဖိုးအို၏ခန္ဓာကိုယ်ပေါ်တွင် နတ်ဘုရားတစ်ပါး၏မှိန်ပျပျပုံရိပ်က မှော်စွမ်းအင်များနှင့်အတူ လေထုထဲတွင်မျောလွင့်နေသည်။
ထိုစွမ်းအင်ရုပ်ထုကြီးသည် မျက်နှာဖုံးဝတ်ဆင်ထားပြီး လက်တစ်ဖက်က မြေပြင်ကိုထောက်ထား၍ တစ်ခြားလက်တစ်ဖက်က လက်သင်္ကေတများဖွဲ့စည်းနေခဲ့သည်။ ၎င်းအားကြည့်ရသည်မှာ အလွန်အမင်း ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းလှသည်။
"သူက တာအိုရဲ့ ဒုတိယအဆင့်ကျင့်ကြံသူတစ်ယောက်ပါလား"
လုယွီ၏မျက်လုံးများက အံ့အားသင့်မှုကြောင့် တောက်ပသွားခဲ့သည်။
ယခုလက်ရှိဘဝတွင် လုယွီကြားခဲ့ဖူးသည့်သတင်းဖြစ်စေ သူတွေ့ဆုံခဲ့ဖူးသည့်သူများဖြစ်စေ သူတို့ထဲမှအများစုသည် တာအို၏ပထမအဆင့်တွင်သာ ရှိသောသူများဖြစ်ကြသည်။
လုယွီ ဆုံတွေ့ဖူးသမျှတွင် စွမ်းအားအကောင်းဆုံးသူသည် အဝန်းသေးနယ်ပယ်အဆင့်ရှိသော မုန့်ကျူ းယွင်သာဖြစ်လေ၏။
သို့ရာတွင် လုယွီ၏ရှေ့ရှိ လူအိုကြီးသည် တာအို၏ဒုတိယအဆင့်သို့ ရောက်ရှိနေသည်မှာ ထင်ရှားနေပြီး သူ၏ကျင့်ကြံမှုနယ်ပယ်သည် နတ်ဘုရားစိတ်ဝိညာဉ်အဆင့်ဖြင့်ပင် နီးကပ်နေပြီဖြစ်သည်။
တာအို၏ဒုတိယအဆင့်တွင် နယ်ပယ်ဆယ်ခုရှိသည်။ နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ်သည် အဋ္ဌမမြောက်နယ်ပယ်ဖြစ်သည်။
"ခင်ဗျားက နောက်ထပ်နယ်ပယ်တစ်ခုကို ချိုးဖျက်ဝင်ရောက်ချင်နေတယ်...ဒါပေမယ့် အဆုံးသတ်မှာ ခင်ဗျား ထိန်းသိမ်းလို့မရတော့ဘူးမလား"
လုယွီက တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် အဖိုးအို၏လက်ရှိအခြေအနေအား မြင်နိုင်ခဲ့သည်။
အဖိုးအို၏အမူအယာသည် တည်ကြည်လေးနက်နေသော်လည်း သူ၏မျက်လုံးများကမူ သွေးဆာပြီးရူးသွပ်နေသကဲ့သို့ဖြစ်နေပြီး သူ၏ပါးစပ်ထောင့်မှလည်း သွေးများ တစ်စက်စက် စီးကျနေသည်။
လုယွီက အဖိုးအိုအားကြည့်နေစဉ်တွင်ပင် သူက လုယွီ၏တည်ရှိမှုအားအာရုံခံစားမိသွားသည်။
အဖိုးအိုက သူ၏ခေါင်းကိုမော့၍ ကျယ်လောင်သောအသံဖြင့်အော်ဟစ်လိုက်ပြီး သူ၏လက်ဝါးမှမီးတောက်ဘောလုံးတစ်လုံးအား လုယွီထံသို့ ပစ်လွှက်လိုက်သည်။
အဖိုးအို၏မီးတောက်ဘောလုံးသည် မီးနဂါးတစ်ကောင်အဖြစ်သို့ပြောင်းလဲသွားပြီးနောက် ဟိန်းဟောက်၍ သူ၏ပါးစပ်ကိုဖွင့်ကာ လုယွီထံသို့ လွှမ်းမိုးစေခဲ့သည်။
လုယွီက ချက်ချင်းပင် ထိုမီးနဂါးအား ရှောင်ရှားလိုက်သည်။
ဘုန်း..
မီးနဂါးကြီးက ကျောက်တုံးကြီးတစ်တုံးပေါ်သို့ ပြင်းပြင်းထန်ထန် ကျဆင်းသွားသည်။ ချက်ချင်းဆိုသလိုပင် ကျောက်တုံးတစ်ခုလုံး မည်သည့်အရာမျှမရှိသကဲ့သို့ ပြောင်းလဲသွားပြီး ထိုနေရာ၌ မီးတောက်များကသာ ဆတ်လက်လောင်ကျွမ်းနေသည်။
"အဟွက်...အဟွက်...အဟွက်..."
မီးတောက်များကို ပစ်လွှက်ပြီးနောက် အဖိုးအိုက ပြင်းပြင်းထန်ထန် ချောင်းစတင်ဆိုးနေခဲ့သည်။
"သေမျိုးကောင်လေး....ငါက အခု ငါရဲ့သတ်ဖြတ်ချင်တဲ့စိတ်ဆန္ဒကို ထိန်းချုပ်လို့မရဘူး...မြန်မြန်သွားတော့"
အဖိုးအိုက လေးနက်သောလေသံဖြင့် ပြောကြားလိုက်သည်။
အဖိုးအို၏ကြွင်းကျန်နေသော အသိစိတ်က လုယွီထံတိုးဝင်နေသောမီးနဂါးအား ဝင်ရောက်နှောက်ယှက်၍ လမ်းကြောင်းအနည်းငယ် သွေဖယ်စေခဲ့ခြင်းဖြစ်သည်။
ထိုသို့မဟုတ်လျှင် လုယွီ၏လက်ရှိ ကျင့်ကြံခြင်းအဆင့်ဖြင့် မီးနဂါးအား ရှောင်လွှဲနိုင်ရန်မှာ ခက်ခဲပေလိမ့်မည်။
လုယွီက အဖိုးအိုအား စိတ်ဝင်တစား ကြည့်ရှုလိုက်သည်။ ရုတ်တရက် သူက တစ်စုံတစ်ခုကို တွေးတောမိသွားပြီး ထွက်ခွာမသွားသေးချေ။ ထိုအစား လုယွီက ချိုင့်ကြီးအတွင်းသို့ ခုန်ချပြီး အဖိုးအို၏ရှေ့၌ ဆင်းသက်လိုက်သည်။
"ခင်ဗျားရဲ့အရည်အချင်းက မဆိုးဘူး...တစ်ကယ်လို့ ကျုပ်ရဲ့တောင်းဆိုချက်တစ်ခုကို ခင်ဗျားသဘောတူညီမယ်ဆိုရင်....ကျုပ် ခင်ဗျားကို လမ်းညွှန်ပေးနိုင်တယ်"
Chapter 88
အမှန်အားဖြင့် လုယွီက သူ၏စိတ်နှလုံးသားအတွင်းတွင် အဖိုးအိုနှင့်ပတ်သတ်၍ တွေးတောထားခြင်းမရှိပေ။
သို့ရာတွင် တစ်စက္ကန့်မျှအချိန်အတွင်းတွင် သူ့နှလုံးသားမှနေ၍ အလားတူမြင်ကွင်းမျိုးကို ရုတ်တရက် မြင်ယောင်မိသွားသည်။
ထိုအချိန်တွင် လုယွီက တာအိုဒုတိယအဆင့်ကျင့်ကြံသူဖြစ်သည်။ ရှန်းလင်းလုံအား ပါရမီရှင်တစ်ယောက်ဖြစ်လာစေရန် သူက ခွန်လွင်နတ်ဘုရားတောင်တန်းမှ ကောင်းကင်ဘုံသစ်ပင်အားခိုးယူ၍ ရှန်းလင်းလုံ၏စိတ်ဝိညာဉ်အရင်းအမြစ်အား ပြောင်းလဲပေးခဲ့သည်။
ခွန်လွင်နတ်ဘုရားတောင်တန်းမှသူများသည် ဒေါသအကြီးအကျယ်ထွက်သွားကြပြီး မြောက်များစွာသောထိပ်တန်းကျွမ်းကျင်သူများအား လုယွီနောက်သို့ လိုက်လံဖမ်းဆီးစေခဲ့သည်။
လုယွီကမူ အပြင်းအထန်ဒဏ်ရာရရှိနေသဖြင့် သူက လှိုဏ်ဂူတစ်ဂူအတွင်း၌ပုန်းအောင်းပြီး သူ၏ကျင့်ကြံမှုအဆင့်အားမြှင့်တင်နိုင်ရန် အကောင်းဆုံးကြိုးစားနေခဲ့သည်။
ထိုအချိန်တွင် လုယွီ၏ကျင့်ကြံမှုသည် ဖောက်ပြန်လုနီးပါးဖြစ်လာခဲ့၏။ အကယ်၍ သူက ယဲ့ရွှယ်လန်နှင့်သာ မဆုံတွေ့ခဲ့လျှင် ဖြစ်နိုင်သည်က ကျင့်စဉ်ဖောက်ပြန်မှုကြောင့် သူသေဆုံးရပေလိမ့်မည်။
"ရွှယ်လန်...မင်းက ငါရဲ့သေခြင်းကြောင့် ဝမ်းနည်းနေနိုင်တယ်...ဒါပေမယ့် အရေးမကြီးပါဘူး....ငါက အရင်ကျင့်ကြံဆင့်ရအောင်ပြန်ယူပြီး မင်းဆီကို ရောက်အောင်ပြန်လာခဲ့မယ်"
လုယွီက သူ၏မိတ်ဆွေဟောင်းကို သတိရနေပုံရပြီး သူ၏မျက်လုံးအတွင်းတွင် အတိတ်မှမှတ်ဉာဏ်များက ထင်ဟပ်နေခြင်းကြောင့် ဆွေးမြေ့နေဟန်မြင်နေရသည်။
အဖိုးအိုက သေမျိုးကောင်လေးအား စိုက်ကြည့်နေမိသော်လည်း သူက လူငယ်မျိုးဆက်သစ်များကဲ့သို့ စိတ်ရှည်ခြင်းမရှိပေ။
"မင်းက ငါကိုလမ်းညွှန်ပေးမယ်လို့ ပြောနေတာ...ဒါပေမယ့် ငါ ဘယ်သူလဲဆိုတာနဲ့ ငါ ဘယ်နယ်ပယ်အဆင့်လဲဆိုတာ မင်းသိလား....အခုချက်ချင်း ဒီနေရာကထွက်သွားစမ်း....ဒီ အဖိုးကြီးက မင်းငယ်ရွယ်သေးတာမို့ စိတ်ကြီးဝင်ပြီးပြောနေတာတွေကို လျစ်လျူ ရှုပေးနိုင်တယ်...ဒါပေမယ့် တစ်ကယ်လို့ မင်း ဒီနေရာမှာဆတ်နေမယ်ဆိုရင် ငါရဲ့သတ်ဖြတ်ချင်တဲ့စိတ်တွေကိုထိန်းချုပ်ဖို့ခက်ခဲလာပြီး ငါ မင်းကို သတ်မိလိမ့်မယ်"
အဖိုးအိုက လေးလေးနက်နက် ပြောကြားနေလေ၏။
စကားပြောဆိုနေစဉ်မှာပင် အဖိုးအို၏မျက်လုံးအတွင်း၌ သတ်ဖြတ်ချင်သောစိတ်ဆန္ဒအရိပ်အယောင်များ ထင်ဟပ်လာခဲ့သည်။
တစ်ခြားတစ်ဖက်မှ လုယွီကမူ အဖိုးအို၏ရှေ့တွင် တိတ်တဆိတ် မတ်တတ်ရပ်နေလေ၏။
"ခင်ဗျားက ခင်ဗျားရဲ့စိတ်ဝိညာဉ်ကို ခန္ဓာကိုယ်ကနေခွဲထုတ်ပြီး အပြင်ဘက်မှာ မူလဘူတစိတ်ဝိညာဉ်အဖြစ် ထားချင်နေတာမလား....ကံဆိုးချင်တော့ ခင်ဗျားရဲ့ မုလဘူတစိတ်ဝိညာဉ်က သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတွေ အရမ်းများနေပြီး အဲ့ဒါက ခင်ဗျားရဲ့စိတ်ကိုထိန်းချုပ်နေလိမ့်မယ်...ဒါကြောင့် ခင်ဗျား အဆင့်ချိုးဖျက်ဖို့ မဖြစ်နိုင်တော့ဘူး...ကျုပ် ပြောတာမှန်ရဲ့လား"
လုယွီက တည်ငြိမ်စွာဖြင့် ပြောကြားလိုက်လေ၏။
အဖိုးအိုက တုန်လှုပ်သွားပြီး လုယွီအား ခြေဆုံးခေါင်းဆုံး စိုက်ကြည့်နေခဲ့သည်။
လုယွီက သူ၏ကျင့်ကြံခြင်းအဆင့်ကိုဖုံးကွယ်ထားခြင်းမရှိသော်လည်း အပေါ်ယံကိုသာပြသထားခြင်းဖြစ်သည်။
ထို့ကြောင့် အဖိုးအိုက သူ၏ရှေ့မှ သေမျိုးကောင်လေးသည် အမှန်တစ်ကယ်ပင် ရှီထျန်းနယ်ပယ်၌ရှိနေကြောင်း တွေ့ရှိလိုက်ရသည်။
အဖိုးအိုက ပြင်းထန်သောမုန်တိုင်းများနှင့်ကြမ်းတမ်းသောလှိုင်းများ(ကိစ္စကြီးများ)အားကြုံတွေ့ဖူးသူဖြစ်သည်။ အဖိုးအိုသည် ကျင့်ကြံရာတွင် ဖောက်ပြန်တော့မလိုဖြစ်နေသော်လည်း သူ၏စိတ်ပိုင်းဆိုင်ရာခံနိုင်ရည်သည် လူငယ်ကျင့်ကြံသူများထက် အဆပေါင်းထောင်ချီ မြင့်မားပေသည်။
ထို့ပြင် လုယွီ ပြောနေသည့်အခြေအနေသည် ယခုလက်ရှိ သူရင်ဆိုင်နေရသည့် အခက်အခဲဖြင့် ထပ်တူကျနေခဲ့သည်။
"သူငယ်ချင်းငယ်လေး....မင်းက တစ်ကယ်ပဲ ဒီအဖိုးကြီးကို လက်ရှိအကျပ်အတည်းကနေ လွတ်မြောက်အောင် ကူညီပေးနိုင်မလား"
အဖိုးအို၏မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့သည်။
လုယွီက တည်ငြိမ်အေးဆေးစွာဖြင့် ပြောကြားလိုက်သည်။
"ကျုပ် ပြောခဲ့ပြီးပြီလေ.....ကျုပ်ရဲ့တောင်းဆိုချက်တစ်ခုကို သဘောတူရမယ်....ဒီလိုမှမဟုတ်ရင် ကျုပ် ခင်ဗျားကို မကူညီနိုင်ဘူး"
"ဟား ဟား ဟား ဟား"
အဖိုးအိုက အော်ဟစ်ရယ်မောလိုက်လေ၏။
"ပြန်တွေးကြည့်ရင် ငါကို ကြိုတင်သတ်မှတ်ချက်ထားမယ့် သေမျိုးတစ်ယောက် ရှိလာပြီပေါ့.....သူငယ်ချင်းငယ်လေး...တစ်ကယ်လို့ မင်းမှာ တောင်းဆိုစရာတစ်ခုခုရှိရင် ငါကိုလွတ်လွတ်လပ်လပ်ပြောပါ"
အဖိုးအိုက ရယ်မောနေစဉ်တွင် သူ၏ရယ်မောသံနှင့်အတူ အားတစ်ခုကရောစပ်နေပြီး လေထုအား တုန်ခါသွားစေသည်။
လုယွီက သူ၏ဦးခေါင်းကိုခါယမ်းလိုက်သည်။
"တစ်ကယ်လို့ ခင်ဗျားက ချီ ဖောက်ပြန်တာကို ဂရုမစိုက်ဘူးဆိုရင်...ခင်ဗျားရဲ့ သတ်ဖြတ်ချင်စိတ်ပြင်းပြနေတဲ့စိတ်ဝိညာဉ်က... ခင်ဗျား အသိစိတ်ပင်လယ်ကိုလွှမ်းမိုးသွားမှာကို ကျုပ် စိုးရိမ်မိတယ်...အဲ့ဒီအချိန်ကျရင် ကျုပ် ခင်ဗျားကို ကုသပေးနိုင်မှာမဟုတ်ဘူး"
"မြေပြင်ပေါ်မှာ ပလ္လင်ခွေထိုင်လိုက်...ကျုပ် ခင်ဗျားရဲ့ အကျပ်အတည်းကနေ ကျော်လွှားနိုင်မယ့် နည်းစနစ်တစ်ခုကို သင်ကြားပေးမယ်"
လုယွီက ပေါ့ပေါ့ပါးပါးသာ ပြောဆိုလိုက်လေ၏။
အဖိုးအိုက လုယွီအပေါ်၌ သံသယရှိနေသေးသော်လည်း ယခုအချိန်တွင် သူလုပ်နိုင်သည့်အရာမရှိပေ။
နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ်အား ချိုးဖျက်ခြင်းသည် အလွန်အမင်းအန္တရာယ်များသည့် ကိစ္စဖြစ်သည်။ အဖိုးအိုက နည်းလမ်းများစွာကို ပြင်ဆင်ထားခဲ့သော်လည်း အဓိကအချက်မှာမူ အကယ်၍ သူ၏စိတ်ဝိညာဉ်အတွင်းမှ သတ်ဖြတ်ချင်စိတ်ပြင်းပြမှုအားဖိနှိပ်နိုင်ခြင်းမရှိပါက သူအန္တရာယ်အတွင်းကျရောက်ရပေမည်။
"ဒါက စင်ကြယ်ခြင်းသုံးပါး စိတ်ပိုင်းဆိုင်ရာကျင့်ကြံမှုနည်းစနစ်ပဲ....တောင်သုံးလုံးက ကျော်ကြားတယ်...ဒါက သဘာဝအတိုင်းကို အံ့အားသင့်စရာကောင်းတဲ့ ကျမ်းစာတစ်ခုပဲ......"
လုယွီက ငြိမ်သက်နေရာမှစတင်၍ ကျမ်းစာအားရွတ်ပြလိုက်သည်။
ထိုကျမ်းစာသည် စိတ်ပိုင်းဆိုင်ရာ ကျင့်ကြံနည်းစနစ်တစ်ခုဖြစ်ပြီး ယဲ့ရွှယ်လန်မှ သူ့အား သင်ကြားပေးခဲ့ခြင်းဖြစ်သည်။
"ရွှယ်လန်....မင်းက ငါ အဆင့်ချိုးဖျက်နေတုန်းက ကူညီခဲ့တယ်....ဒါပေမယ့် အခု ငါက တစ်ခြားသူကို ကူညီနေရတယ်...ငါ နောက်ထပ် မင်းရဲ့ဆန္ဒတွေကို မဆန့်ကျင်တော့ဘူးဆိုတာကိုတော့ ငါ ပြောနိုင်တယ်"
လုယွီက တီးတိုးရေရွတ်လိုက်လေ၏။
အဖိုးအိုသည် မူလက သူ နားထောင်နေရသည့်ကျမ်းစာကို ပဟေဋ္ဌိဖြစ်နေသော်လည်း အချိန်ကြာကြာနားထောင်မိသည်နှင့် သူ၏မျက်လုံးများက တောက်ပလာခဲ့သည်။
အဆုံးသတ်တွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ သတ်ဖြတ်ချင်သည့်စိတ်ဆန္ဒများမှာ တဖြည်းဖြည်းယုတ်လျော့လာပြီး သူ၏အော်ရာသည်လည်း တစတစ ပို၍အားကောင်းလာလေသည်။
Chapter 89
အဖိုးအို၏ခန္ဓာကိုယ်မှနေ၍ နီရဲနေသောအလင်းရောင်ထွက်ပေါ်နေပြီး သူ၏တစ်ကိုယ်လုံးအားလွှမ်းခြုံထားလေသည်။
သို့ရာတွင် လုယွီက အံ့အားသင့်ခြင်းကို မခံစားရဘဲ လေသံတိုးတိုးဖြင့် ကျမ်းစာအား ဆက်လက်ရွတ်ဆိုနေခဲ့သည်။
မီးတောက်က တဖြည်းဖြည်း ပို၍အားကောင်းလာစဉ်တွင် အဖိုးအိုက ရုတ်တရက် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူ၏အသံသည် အားမာန်အပြည့် ဖြစ်နေလေ၏။
အဖိုးအို၏ဒေါသတကြီးဟိန်းဟောက်သံနှင့်အတူ သွေးနီရောင်ပုံရိပ်တစ်ခုက သူ၏နံဘေးတွင် ထွက်ပေါ်လာခဲ့သည်။
ထိုပုံရိပ်အားကြည့်ရသည်မှာ အဖိုးအိုနှင့်ပုံပန်းသွင်ပြင်ခြင်း ထပ်တူကျနေခဲ့သည်။ ထိုပုံရိပ် ရုတ်တရက်ထွက်ပေါ်လာချိန်တွင် ၎င်းက ချက်ချင်းပင်ရက်စက်ကြမ်းကြုတ်သည့် အမူပယာများပေါ်ပေါတ်လာပြီး အဖိုးအို၏ခန္ဓာကိုယ်ထံသို့ ပြန်သွားရန်ရည်ရွယ်လိုက်သည်။
"ခင်ဗျားရဲ့ သတ်ဖြတ်ချင်စိတ်ပြင်းပြနေတဲ့ မူလဘူတစိတ်ဝိညာဉ်က ခင်ဗျားရဲ့ခန္ဓာကိုယ်ကနေစွန့်ခွာသွားပြီးပြီ....အခု ခင်ဗျား ဘာကိုစောင့်နေတာလဲ"
လုယွီက အော်ဟစ်လိုက်လေသည်။
အဖိုးအို၏ခန္ဓာကိုယ် တုန်ယင်လာပြီး သူ၏မျက်လုံးများက တောက်ပနေခဲ့သည်။ အဖိုးအိုက သူ၏ခေါင်းကိုမော့ပြီး ပုံရိပ်အား ရိုက်ချလိုက်သည်။
"သဏ္ဌာန်မဲ့မီးတောက်...စိတ်ဝိညာဉ်ချိပ်ပိတ်ခြင်းအမိန့်တော်"
အဘိုးအိုက သွေးနီရောင်ပုံရိပ်ကို ဖမ်းဆီးနိုင်မှုမရှိမခြင်း သတ်ဖြတ်ချင်စိတ်ပြင်းပြသည့်စိတ်ဝိညာဉ်အား အဆတ်မပြတ် ထိန်းချုပ်ဟန့်တားမှုများ ပြုလုပ်နေခဲ့သည်။ နောက်ဆုံးတွင် သူက ထိုပုံရိပ်အားဖမ်းဆီးမိမှသာ သက်ပြင်းတစ်ချက်ချလိုက်သည်။
ထိုပုံရိပ်ထံမှ သတ်ဖြတ်ချင်သည့်စိတ်ဆန္ဒများစွန့်ခွာသွားပြီးနောက် မူလဘူတစိတ်ဝိညာဉ်သည် ယခင်ကဲ့သို့ စိတ်ဆိုးမာန်ဆိုးအပြုအမူများ လုပ်ဆောင်ခြင်းမရှိတော့ချေ။ မူလဘူတစိတ်ဝိညာဉ်က နေရာမှာပင် ရုပ်သေးရုပ်တစ်ရုပ်ကဲ့သို့ထိုင်နေပြီး လှုပ်ရှားခြင်းမရှိပေ။
"ရုတ်သိမ်းလိုက်စမ်း"
အဖိုးအိုက သတ်ဖြတ်ချင်စိတ်ပြင်းပြသည့် မူလဘူတစိတ်ဝိညာဉ်အား လက်ညှိုးညွှန်လိုက်သည်။
ထိုမူလဘူတစိတ်ဝိညာဉ်၏ပုံရိပ်သည် ရုတ်တရက်တုန်ယင်လာပြီး အဖိုးအို၏ခန္ဓာကိုယ်အတွင်းသို့ လွင့်မျော၍ ဝင်ရောက်လာခဲ့သည်။
အဖိုးအိုက သူ၏မျက်လုံးကို မှိတ်လိုက်ပြီး မူလဘူတစိတ်ဝိညာဉ်မှသယ်ဆောင်လာသည့် တိုးပွားလာသောခွန်အားများကို တိတ်တဆိတ်ခံစားနေလေသည်။
အဖိုးကြီး၏နဖူးမှ မီးတောက်အမှတ်အသားပေါ်ထွက်လာပြီး သူက ကျောက်ဆောင်ကြီးတစ်ဆောင်ကဲ့သို့ မရွေ့မလျားဘဲ မတ်တတ်ရပ်နေခဲ့သည်။
လုယွီက တိတ်တဆိတ်သာ စောင့်ဆိုင်းနေခဲ့သည်။ အဖိုးအိုက ယခုအခြေအနေအားတည်ငြိမ်စေရန် အချိန်လိုအပ်မည်ကို သူ သိရှိထားပေသည်။
အချိန်တစ်နာရီခန့်ကြာပြီးနောက် အဖိုးအိုက သူ၏မျက်လုံးများကိုဖွင့်လိုက်သည်။
ယခင်က သွေးဆာနေသည့်အကြည့်များဖြင့် အဖိုးအိုနှင့်နှိုင်းယှဉ်လျှင် ယခုလက်ရှိ အဖိုးအို၏ခွန်အားမှာ အဆမတန်တိုးတတ်လာခဲ့သည်။
သူက လုယွီကို အရင်ဦးဆုံး မြင်လိုက်မိသည်။ ထိုအချိန်မှာပင် သူ၏ရှေ့ရှိ သေမျိုးကောင်လေးသည် သာမာန်လူမဟုတ်မှန်း အတိအကျသိရှိသွားခဲ့သည်။
ရှီထျန်းနယ်ပယ်အဆင့်သာရှိသော ဤကဲ့သို့ငယ်ရွယ်သည့်ကောင်လေးက နက်နဲသိမ်မွေ့သော စိတ်ပိုင်းဆိုင်ရာကျင့်ကြံနည်းစနစ်တစ်ခုအား အမှန်တစ်ကယ်ပင် သိရှိနေလေသည်။
အဖိုးအိုက အချိန်တခဏကြာ တွေးတောနေပြီးနောက် လုယွီက ထိုကျင့်ကြံနည်းစနစ်ကို မတော်တဆ သိရှိခဲ့ခြင်းဖြစ်မည်ဟုသာ ယူဆလိုက်သည်။ လုယွီမှ သူ့အား မလေးမစားပြောဆိုခြင်းများသည်လည်း လူငယ်တစ်ယောက်၏သဘာဝအရ စိတ်ကြီးဝင်နေခြင်းသာဖြစ်၍ သူက ထိုကိစ္စအား အမှုထားရန်မလိုအပ်ပေ။
"မင်းရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ် မိတ်ဆွေငယ်လေး.....ဒီအဖိုးကြီးက တစ်ကယ်ကို ကျေးဇူးတင်မိပါတယ်"
အဖိုးအိုက လုယွီအား တလေးတစားပြောကြားလိုက်သည်။
အလယ်ပိုင်းကုန်းမြေတွင် ဤအဖိုးအို၏အဆင့်အတန်းသည် လွန်စွာမြင့်မားပေသည်။ အကယ်၍ တစ်စုံတစ်ယောက်က အဖိုးအိုသည် သေမျိုးတစ်ယောက်အား အရိုအသေပြုနေခြင်းကို မြင်သွားခဲ့လျှင် သူတို့က ချက်ချင်းတုန်လှုပ်သွားကြပေမည်။
လုယီက အဖိုးအို၏ကျေးဇူးတင်စကားကို လက်ခံသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"ခင်ဗျားက ကျုပ်ရဲ့ တောင်းဆိုချက်ကို သဘောတူညီခဲ့တာဆိုတော့ အခုက ဖြည့်ဆည်းပေးရမယ့်အချိန်ပဲ"
အကြီးအကဲက ပြုံးလိုက်လေ၏။
"ကျေးဇူးပြုပြီး မင်း စိတ်ထဲရှိတာကိုပြောပါ မိတ်ဆွေငယ်လေး...ဒီ အဖိုးကြီးက ပြောပြီးသားစကားကို ကတိတည်ပါတယ်"
"ကောင်းပြီလေ....ကျုပ် ထိပ်တန်းအဆင့်စိတ်ဝိညာဉ်ကျောက်တုံး သန်းတစ်ထောင်လိုချင်တယ်"
လုယွီက တဲ့တိုးသာ ပြောချလိုက်ပေ၏။
ယခု သူလိုအပ်နေသောအရာသည် စိတ်ဝိညာဉ်စွမ်းအင် အလုံအလောတ်ရရှိရန်သာဖြစ်သည်။ သူ၏စိတ်ဝိညာဉ်သည် ထိခိုက်ထားသော်လည်း တာအိုအား သဘောပေါက်နားလည်နေဆဲဖြစ်သည်။ သူထံ၌ စိတ်ဝိညာဉ်စွမ်းအင် အလုံအလောတ်ရှိပါက သူ၏ယခင်ကအခြေအနေအား ပြန်လည်ရရှိရန် အချိန်ကြာမြင့်မည်မဟုတ်ပေ။
သန်းပေါင်းတစ်ထောင်....
ထို့ပြင် ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံးများဟု ဆိုလိုက်သလော...
အဖိုးအို၏အဆင့်အတန်းနှင့်ဖြင့် ထိုပမာဏကိုကြားသည့်အချိန်တွင် လေအေးတစ်ချက်ရှိုက်သွင်းလိုက်မိသည်။
ကျန်း ကလန်အနေဖြင့် ထိုမျှကြီးမားသောပမာဏကို တတ်နိုင်သော်လည်း ကြီးမားသည့်ထိုးနှက်ချက်တစ်ခုဖြစ်သွားပေမည်။
အဖိုးအိုက သူ၏ရှေ့မှလူငယ်အားကြည့်လိုက်ပြီး ဖြစ်နိုင်သည်မှာ နောက်ထပ်နယ်ပယ်အဆင့်သို့ချိုးဖျက်ဝင်ရောက်နိုင်ရန် စိတ်ဝိညာဉ်ကျောက်တုံးများအား လိုအပ်နေခြင်းဖြစ်ပေမည်ဟု တွေးတောလိုက်မိသည်။
သို့ရာတွင် အဖိုးအိုက ဤမျှအထိများပြားသည့်စိတ်ဝိညာဉ်ကျောက်တုံးပမာဏကိုမူ တွေးထင်မထားမိပေ။ ကျင့်ကြံခြင်းလောကတွင်မူ စိတ်ဝိညာဉ်ကျောက်တုံးများသည် မရှိမဖြစ်လိုအပ်သောအရာဟု ယူဆထားကြသည်။ စိတ်ဝိညာဉ်ကျောက်တုံးပိုများပြားလေ ပို၍ကောင်းမွန်လေသာဖြစ်သည်။
"မိတ်ဆွေငယ်လေး.....ငါက အဆင့်ချိုးဖျက်နေတဲ့အချိန်တုန်းက ငါမှာပါတဲ့စိတ်ဝိညာဉ်ကျောက်တုံးတွေကို အကုန်သုံးစွဲပြီးသွားပြီ...ဒါ့ပြင် ငါက အဲ့လောတ်များပြားတဲ့စိတ်ဝိညာဉ်ကျောက်တုံးတွေကို ယူဆောင်မလာခဲ့ဘူး"
အဖိုးအိုက အလွန်ရိုးသားပုံရပြီး သူ၏ခါးတွင်ချိတ်ထားသည့် ဗူးသီးခြောက်အတွင်းမှ တံဆိပ်ပြားဟောင်းတစ်ခုကိုထုတ်ယူ၍ လုယွီအားပေးလိုက်သည်။
"ငါရဲ့နာမည်က ကျန်းထျန်းရှုံး...အလယ်ပိုင်းကုန်းမြေက ကျန်းမိသားစုရဲ့ဘိုးဘေးတစ်ယောက်ပါ...ဒါက ငါတို့ ကျန်းမိသားစုရဲ့ဘိုးဘေးအမိန့်တော်ပဲ...တစ်ကယ်လို့ မိတ်ဆွေငယ်လေးမှာ အလယ်ပိုင်းကုန်းမြေကိုလာဖို့ အချိန်ရှိမယ်ဆိုရင်....ဒီအဖိုးကြီးက စိတ်ဝိညာဉ်ကျောက်တုံးတွေကို အတိအကျကိုယ်တိုင်ပေးပါ့မယ်"
လုယွီက တံဆိပ်ပြားအား လက်ခံလိုက်ပြီး သူ၏ခေါင်းကိုငြိမ့်လိုက်သည်။
"ကောင်းပြီလေ"
ကျန်းထျန်းရှုံးက သူ၏အဆင့်ချိုးဖျက်နိုင်မှုအတွက် အလွန်အမင်းဝမ်းသာပြီးစိတ်လှုပ်ရှားနေခဲ့သည်။ သူက မထိန်းချုပ်နိုင်တော့ဘဲ သူရှေ့မှကောင်လေးအား မေးမြန်းလိုက်သည်။
"ငါ တစ်ခုမေးလို့ရမလား..သူငယ်ချင်းလေး မင်းရဲ့နာမည်က ဘယ်လိုခေါ်လဲ"
"လုယွီ....ခင်ဗျားက အဆင့်ချိုးဖျက်ပြီးပြီဆိုမှတော့....ဒီ ဖုန်းရွှေရတနာမြေကို ကျုပ်အတွက် ထားခဲ့တော့"
Chapter 90
လုယွီက ယခုကဲ့သို့ တည့်တိုးဆန်စွာ ပြောချလိမ့်မည်ဟု ကျန်းထျန်းရှုံး ထင်မထားမိချေ။
သူက ကျန်းကလန်၏ဘိုးဘေးတစ်ယောက်ဖြစ်ပေသည်။ အလယ်ပိုင်းကုန်းမြေတစ်ခုလုံးမှာပင် သူက အလွန်အမင်းမြင့်မားသည့် သြဇာသက်ရောက်သူတစ်ယောက်ဖြစ်လေ၏။ သာမာန်လူများက သူထံမှမျက်နှာသာရစေရန် အမျိုးမျိုးကြိုးစားခဲ့ကြသော်လည်း သူ၏ရှေ့မှ လူငယ်ကမူ အေးစက်စက်နိုင်ပြီး တည်ငြိမ်လှပေသည်။
သို့ရာတွင် ကျန်းထျန်းရှုံးက အချိန်တခဏကြာစဉ်းစားပြီးချိန်တွင် နောက်ဆုံး၌ သူက သဘောပေါက်နားလည်သွားခဲ့သည်။ ယခုနေရာသည် တောင်ပိုင်းစွန့်ပစ်ကုန်းမြေ၏ပိုင်နက်အတွင်းသာဖြစ်သည်။ သေမျိုးတစ်ယောက်က ကျန်းကလန်ဟူသည်ကို မကြားဖူးခြင်းမှာ ပုံမှန်သာဖြစ်လေ၏။
ကျန်းထျန်းရှုံးက ရယ်မောလိုက်လေ၏။
"မိတ်ဆွေငယ်လေး လုယွီ....ဒီအဖိုးကြီးက မင်းကိုအခွင့်အရေးတစ်ခုပေးပါရစေ...အနာဂတ်မှာ မင်းတစ်ခုခု လိုအပ်တာရှိရင် ကျုံးထူကျန်းမိသားစုမှာ ငါကိုလာရှာပါ...ဒီအဖိုးကြီးက အချိန်မရွေး မင်းကိုကြိုဆိုနေပါ့မယ်"
ကျန်းထျန်းရှုံးက လုယွီအား မြေတောင်မြှောက်ပေးရန် ရည်ရွယ်ချက်ရှိနေသည်။ လုယွီက ရှီထျန်းအဆင့်သာရှိသေးသော်လည်း သူနှင့်သာမာန်ကာလျှံကာစကားပြောဆိုဝံ့သော လူနည်းစုတွင် ပါဝင်နေသည်။
လုယွီက တည်ငြိမ်အေးဆေးစွာဖြင့်သာ ပြောဆိုလိုက်လေသည်။
"ခင်ဗျား ပြန်သွားရင် စိတ်ဝိညာဉ်ကျောက်တုံးတွေသာ ပြင်ဆင်ထားပါ...အဲ့ဒါတွေကို ကျုပ်လိုအပ်တဲ့အချိန်ကျရင် ကျန်းကလန်ကိုလာပြီး ကျုပ်ရဲ့စိတ်ဝိညာဉ်ကျောက်တုံးတွေကိုလာယူမယ်"
ကျန်းထျန်းရှုံးက ရယ်မောလိုက်ပြီးနောက် သူက ရိုးရှင်းသည့်လူတစ်ယောက်ဖြစ်သည့်အားလျော်စွာ ယခုနေရာ၌ ဆတ်၍မနေလိုတော့သဖြင့် ချက်ချင်းထွက်ခွာလိုက်တော့သည်။
လှိုဏ်ဂူအတွင်း၌ လုယွီ တစ်ယောက်တည်းသာလျှင် ကျန်ရစ်ခဲ့လေ၏။
"ဘယ်လောက်တောင် အားကောင်းတဲ့စိတ်ဝိညာဉ်စွမ်းအင်တွေလဲ...အဲဒါတွေက ဒီနေရာမှာရှိနေတယ်...ငါရဲ့ခန္ဓာကိုယ်ပေါ်က ထူးဆန်းတဲ့ ထိုက်ကျိအမှတ်အသားကနေ ဘာတွေဖြစ်လာမလဲဆိုတာ ရှာဖွေရအုံးမယ်"
လုယွီက မြေပြင်ပေါ်တွင် ပလ္လင်ခွေထိုင်လိုက်ပြီးနောက် လျှင်မြန်စွာဖြင့် ကျင့်ကြံခြင်းတွင်အာရုံနှစ်မြုပ်လိုက်သည်။
ထူးဆန်းစွာဖြင့် လုယွီက သူ၏ကျန်းချီများကို မည်မျှပင်လှည့်ပတ်စေကာမူ ထိုက်ကျိအမှတ်အသားသည် လှုပ်ရှားမှုတစိုးတစိမှမရှိပေ။
သူ၏ယခင်ဘဝက မှတ်ဉာဏ်များအပြင် ကောင်းကင်ဘုံအင်ပါယာ၏မှတ်ဉာဏ်များအတွင်းတွင်ပါ ရှာဖွေသည့်တိုင် လုယွီက ထိုအမှတ်အသားကို တိတိကျကျမသိနိုင်ပေ။
သူကဲ့သို့ တတိယအဆင့်တာအိုသခင်တစ်ယောက်အနေဖြင့် သူနားမလည်နိုင်သေးသော တစ်စုံတစ်ခု ရှိနေသေးသည်အား လုယွီမည်သို့မျှ မယုံကြည်နိုင်ချေ။
"မင်းက စိတ်ဝိညာဉ်စွမ်းအင်ကိုစုပ်ယူနိုင်တာမို့ မင်းနဲ့နဂါးကိုးကောင် အာဏာရှင်ခန္ဓာကိုယ်နည်းစနစ်ရဲ့ လုပ်ဆောင်ချက်က အတူတူပဲလားဆိုတာ ငါ စမ်းကြည့်အုံးမယ်"
လုယွီ၏မျက်လုံးအတွင်းတွင် ဆုံးဖြတ်ချက်ချလိုက်သည့်အရိပ်အယောင် တောက်ပသွားခဲ့သည်။
လုယွီက ချက်ချင်းပင် သူ၏ပတ်ဝန်းကျင်နေရာတစ်ခုလုံးအား လက်ညှိုးညွှန်လိုက်ပြီး တစ်ခြားလက်ဖြင့် လက်သင်္ကေတများကိုဖွဲ့စည်းကာ ပြောဆိုလိုက်သည်။
"ဖုန်းရွှေရဲ့စိတ်ဝိညာဉ်စွမ်းအင်...ပြန်လာစမ်း"
ရုတ်ချည်းဆိုသလိုပင် ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ်စွမ်းအင်များက ထွက်ပေါက်တစ်ခုရသွားပုံနှင့် ထိုက်ကျိအမှတ်အသားအတွင်းသို့ တစ်ကြိမ်ပြီးတစ်ကြိမ်စီးဝင်လာကြသည်။
အချိန်တစ်ချိန်လုံး လှုပ်ရှားမှုကင်းမဲ့နေသည့် မူလဘူတဖရိုဖရဲအမှတ်အသားသည် ယခု စတင်လည်ပတ်လာပြီး အနက်ရောင်အလင်းတန်းများကို ထုတ်လွှက်လေတော့သည်။
လုယွီ၏ခန္ဓာကိုယ်မှ ရှေးကျသောအော်ရာတစ်ခု ထွက်ပေါ်နေလေ၏။ ထိုအော်ရာသည် အလွန်ရင်းနှီးကျွမ်းဝင်နေသလို သို့ရာတွင် အကျွမ်းတဝင်လည်းမရှိသလို ခံစားချက်မျိုးကို လုယွီက ခံစားနေရသည်။
"စိတ်ဝိညာဉ်စွမ်းအင်တွေကို ဝါးမြိုနိုင်တဲ့အရှိန်က ငါရဲ့နဂါးကိုးကောင် အာဏာရှင်ခန္ဓာကိုယ်နည်းစနစ်ထက် အဆပေါင်းများစွာပိုမြန်နေတာပဲ....ဒါပြင် ပြန်ရရှိလာတဲ့ ကျန်းချီကလည်း အများကြီးပိုသန့်စင်တယ်"
လုယွီက အတွင်းစိတ်မှနေ၍ အနည်းငယ်ပူပန်မိသွားသည်။
"ကြည့်ရတာတော့ ငါက ဒီ မူလဘူတဖရိုဖရဲအမှတ်အသားရဲ့လှို့ဝှက်ချက်တွေကို အပြည့်အဝထုတ်ဖော်ချင်တယ်ဆိုရင် ငါရဲ့ ကျင့်ကြံမှုအဆင့် ပိုမြင့်မားအောင်လုပ်ဖို့ လိုအပ်လိမ့်မယ်"
ထို့နောက် လုယွီက ပတ်ဝန်းကျင်မှ စိတ်ဝိညာဉ်စွမ်းအင်များကို ဆက်လက်၍ အငမ်းမရဝါးမြိုလိုက်တော့သည်။
ကျန်းထျန်းရှုံးက လှိုဏ်ဂူမှထွက်ခွာပြီးချိန်တွင် သူ၏ခန္ဓာကိုယ်ပတ်လည်တွင် ပျံ့နှံ့နေသည့် အစွမ်းထက်သော စွမ်းအင်များအား ခံစားမိသည့်အတွက် ပေါက်ကွဲလုမတတ် ရယ်မောလိုက်လေသည်။
ကျန်းထျန်းရှုံး၏ရယ်မောလိုက်သံကြီးက လေထုအတွင်း မရပ်မနားပဲ့တင်ထပ်နေပြီးနောက် လေထုအားချိုးဖျက်လာသော အသံခပ်သဲ့သဲ့တစ်ချို့ပါထွက်ပေါ်လာသည်။ ချက်ချင်းပင် လူရိပ်အနည်းငယ်က ကျန်းထျန်းရှုံး၏ရှေ့၌ ထွက်ပေါ်လာလေ၏။
"ဟီး ဟီး..လူအိုကြီး ကျန်း...ငါက မင်းကိုယ်မင်း အသက်ရှင်လျက် မီးလောင်တိုက်သွင်းနေတယ်ထင်တာ...ဒါပေမယ့် ငါမျှော်လင့်မထားမိဘဲ မင်းက အဆင့်ချိုးဖျက်နိုင်သွားတယ်"
အနက်ရောင်ဝတ်ရုံအား ခြုံ့လွှမ်းထားသည့် ပိန်ပါးပါးအဖိုးအိုတစ်ယောက်က ကျန်းထျန်းရှုံးအား အေးတိအေးစက်ကြည့်ရင်းမှ ပြောဆိုလိုက်သည်။
တစ်ခြား လှပချောမော့သည့်အမျိုးသမီးတစ်ယောက်ကလည်း ဆွဲဆောင်မှုရှိစွာပြုံးရင်းမှ ပြောဆိုလိုက်လေ၏။
"သခင်ကြီး ကျန်းက စွမ်းဆောင်နိုင်တာ သေချာတာပေါ့....ဒီတစ်ကြိမ် ကျွန်မတို့ အပြင်ဘက်လေဟာနယ်စွန့်ပစ်နယ်မြေတွေကို လှည့်လည်သွားတဲ့အချိန်ကျရင် ညီမငယ်လေး ထွက်လို့ရအောင် ကူညီနိုင်လိမ့်မယ်"
ကျန်ရှိနေသော သူများကမူ မည်သူကမျှ စကားတစ်လုံးပင် ဝင်ရောက်ပြောဆိုခြင်းမရှိပေ။ သို့ရာတွင် သူတို့က လေထုအတွင်း မတ်တတ်ရပ်နေကြပြီး ပြင်းထန်သည့် အော်ရာများကို ထုတ်လွှတ်ထားကြသည်။ သူတို့သည် ကျန်းထျန်းရှုံးနှင့် တူညီသောအဆင့်တွင်ရှိသော ကျွမ်းကျင်ပညာရှင်များဖြစ်မည်မှာ သိသာထင်ရှားနေပေသည်။
"ဟွန့်....ဒီ အဖိုးကြီးက မင်းတို့ကောင်တွေ ဘာတွေကြံစည်နေတာလဲဆိုတာ မသိဘူးထင်နေလား...ငါ ချီလမ်းကြောင်း ဖောတ်ပြန်ပြီး သေဆုံးသွားမယ်ဆိုရင် မင်းတို့ကောင်တွေ ပိုပြီးပျော်ရွှင်နေမလားဆိုတာပဲ ငါ စိုးရိမ်မိတယ်.....ငါ မင်းတို့ကိုပြောဦးမယ်...ဒီတစ်ကြိမ် ငြ်ပလေဟာနယ် စွန့်ပစ်နယ်မြေတွေကိုဝင်မှာက မင်းတို့ရဲ့စွမ်းရည်ပေါ်မှာပဲ မူတည်လိမ့်မယ်"
ကျန်းထျန်းရှုံးက အေးတိအေးစက် နှာမှုတ်လိုက်ပြီး ထိုလူများနှင့် ထပ်မံစိတ်အနှောက်အယှက်အဖြစ်မခံလိုတော့ပေ။
"စီနီယာ"
ထိုအချိန်မှာပင် လူငယ်လက်ရွေးစင်တစ်ချို့က ဓားပျံများစီးနင်း၍ ရောက်ရှိလာကြသည်။
ကျန်းထျန်းရှုံးက သူတို့လူစုအား ဝေ့ဝိုက်ကြည့်လိုက်ပြီးနောက် လေသံတိုးတိုးဖြင့် မေးမြန်းလိုက်သည်။
"ယုချင် ဘယ်မှာလဲ"
လူငယ်ပါရမီရှင်များက တရိုတသေဖြင့် ပြန်လည်ဖြေကြားလိုက်သည်။
"နတ်သမီး ကျန်းက တစ်နေရာရာသွားစရာရှိလို့...သူမကို စောင့်စရာမလိုဘူးလို့ ပြောသွားပါတယ်"
ကျန်းထျန်းရှုံးက ခေါင်းညိတ်လိုက်လေ၏။ တောင်ပိုင်းစွန့်ပစ်ကုန်းမြေအတွင်းတွင် သူ၏မြေးဖြစ်သူကို ယှဉ်ပြိုင်နိုင်မည့်လူအနည်းငယ်သာရှိကြောင်း ရှင်းရှင်းလင်းလင်းသိရှိထားလေသည်။