အခန်း (၃၆-၄၀)
Vol. 1-5 Ch. 36-40
Chapter 36
လုယွီ၏နောက်ဘက်မှနေ၍ လှပသည့်မိန်းမပျိုလေးတစ်ယောက် လမ်းလျှောက်လာပြီး လုယွီအား လှောင်ပြောင်သရော်လိုဟန်ဖြင့် ကြည့်နေခဲ့သည်။
မိန်းမပျို၏အနောက်တွင် ပညာရှင်တစ်သိုက်ရှိနေသည်။ သူတို့က ချမ်းသာကြွယ်ဝမှု အစွမ်းထက်မှုများကြောင့် မောက်မာပြီးစိတ်ကြီးဝင်နေပုံ မြင်နေရသည်။
'အန်လဲ့ မင်းသမီး..."
လုယွီက ထိုမိန်းကလေးအား မှတ်မိလိုက်၏။ သူ့ရှေ့တွင်ရှိသည့် ရိုင်းစိုင်းပြီး စည်းကမ်းမရှိသော မိန်းကလေးသည် တာလျန်ကျင်းမင်းသား၏သမီးတော်ဖြစ်ပြီး သူမကို "အန်လဲ့ မင်းသမီး"ဟူသောဂုဏ်ပုဒ်ဖြင့် ချီးမြှင့်မြှောက်စားခံထားရသည်။
အန်းလဲ့ မင်းသမီးသည်ငယ်ရွယ်သော်လည်း သူမကို အင်ပါယာမင်းနှင့်ကျင်းမင်းသားတို့နှစ်ဦးစလုံးက အလွန်ချစ်မြတ်နိုးသည်။ ထို့ကြောင့် သူမအား အလွန်အကျွံအလိုလိုက်ကြသဖြင့် ငယ်ရွယ်သော်လည်း မောက်မာလွန်းနေခြင်းဖြစ်သည်။
လုယွီက ယခင်ကအရာများကိုလည်း မေ့လျော့ခြင်းမရှိပေ။ အတိတ်တုန်းက သူ ရူးသွပ်နေသောအချိန်ကာလတွင် ထို အန်လဲ့မင်းသမီးက လုယွီကို ဖျော်ဖြေမှုပုံစံတစ်ရပ်ကဲ့သို့ မကြာခဏ ဆော့ကစားခဲ့သည်။
"ခွေးကောင်....အန်လဲ့ မင်းသမီး မင်းကိုပြောနေတာ မကြားဘူးလား"
ပညာရှင်တစ်ယောက်က အန်လဲ့မင်းသမီး၏နောက်မှနေ၍ အော်ဟစ်လိုက်သည်။
ဤနေရာမှ အုတ်အော်သောင်းတင်းဖြစ်ခြင်းသည် ပတ်ဝန်းကျင်ရှိပညာရှင်များ၏အာရုံစူးစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့သည်။ သူတို့က ရုတ်ရုတ်သဲသဲဖြစ်ခြင်းအား ကြည့်ရှုနိုင်ရန် အကုန်လုံးစုဝေးလာကြသည်။
လုယွီက အော်ဟစ်နေသည့် သိုင်းပညာရှင်များကို လျစ်လျှူ ရှုလိုက်ပြီး အန်လဲ့မင်းသမီးအား စိုက်ကြည့်၍ အေးစက်စက်မေးမြန်းလေ၏။
"မင်း အခု ဘာပြောလိုက်တာလဲ"
ထိုတခဏတာအချိန်တွင် လုယွီက သတ်ဖြတ်ချင်စိတ်များအား ထုတ်လွှက်လိုက်၏။ ထိုအခြင်းအရာက အန်လဲ့မင်းသမီးကို တုန်လှုပ်ခြောက်ခြားသကဲ့သို့ ခံစားမိစေကာ သူမက မသိစိတ်မှနေ၍ ခြေတစ်လှမ်းနောက်ဆုတ်မိလေသည်။
"သေစမ်း....ဘာလို့ ငါက သူလိုအရူးကောင်ကို ကြောက်ရမှာလဲ"
အန်လဲ့ မင်းသမီးက ရုတ်တရက် ဒေါသများ ပေါတ်ကွဲထွက်လာ၏။
လုယွီက သူမအား စိုက်ကြည့်နေဆဲဖြစ်သည်ကိုမြင်သော အန်လဲ့မင်းသမီးက ဒေါသတကြီးဖြင့်ပြောဆိုလိုက်သည်။
"ဘာလဲ...နင်ရဲ့ ဥာဏ်ရည်လေးပြန်ကောင်းသွားတာနဲ့ပဲ နင်ကိုယ်နင် ကောင်းကင်ဘုံရောက်နေပြီလို့ ထင်နေတာလား...အောက်တန်းကျပြီး အရူးလိုမွေးလာတဲ့ ခွေးသူတောင်းစားက သိုင်းနတ်ဘုရားစမ်းသပ်ပွဲကို ငါတို့နဲ့အတူ ပါဝင်ယှဉ်ပြိုင်ဝံ့တယ်ပေါ့...ဝေဘုရင်က နင့်အမကိုကစားလို့ အားရသွားပြီဆိုရင် ငါက သူမကိုသွားခေါ်ပြီး သင်ကြားရေးခန်းမကိုပို့ပစ်မယ်......"
အန်လဲ့ မင်းသမီးက စကားဆက်လက်ပြောဆိုနေစဉ်မှာပင် ရုတ်တရက် လုယွီ၏ပုံရိပ် ရွေ့လျားသွားသည်အား သူမမြင်လိုက်ရသည်။ အနက်ရောင်ပုံရိပ်တစ်ရိပ်က သူမရှေ့တွင် ထွက်ပေါ်လာသည်။
ဖြန်း....
အန်လဲ့မင်းသမီး၏ပါးစပ်အား အရိုက်ခံရပြီး သူမ လေထဲသို့လွင့်ထွက်သွားကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းလာခဲ့သည်။
ဖူး...
အန်လီမင်းသမီးထံမှ သွေးတစ်လုတ်ပန်းထွက်လာသည်။ သူမ၏မျက်နှာဖောင်းကားလာပြီး သွားအနည်းငယ်ပင် ကျွတ်ထွက်လာ၏။
"မင်း ဘယ်လို လုပ်ဝံ့တာလဲ"
အန်လဲ့မင်းသမီး၏နောက်မှ သိုင်းပညာရှင်များက တညီတညာတည်း အော်ဟစ်လိုက်ကြသည်။
ဘုန်း....ဘုန်း....ဘုန်း...
လုယွီက ကန်ချက်တစ်ချက်စီဖြင့် သိုင်းပညာရှင်အုပ်စုအား လွင့်ထွက်စေလေသည်။
အရိုးကျိုးကြေသံများနှင့်အတူ ထိုသိုင်းပညာရှင်အုပ်စု မြေပြင်ပေါ်ကျဆင်းသွားပြီး နာကျင်မှုကြောင့် ထိတ်လန့်တကြားအော်ဟစ်နေကြသည်။
"အဲ့ဒီကောင်ကို သတ်ကြ"
အန်လဲ့မင်းသမီးက စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။
တစ်ချို့သိုင်းပညာရှင်များသည် မူလက အန်လဲ့မင်းသမီး၏မျက်နှာသာရရန်သာ ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် သူမက အန်လဲ့မင်းသမီး၏စကားများကိုကြားချိန်တွင် သူတို့က လုယွီအား ရက်ရက်စက်စက်ပြုမူတော့မည့်အကြည့်နှင့်ကြည့်လိုက်သည်။
သို့သော် လုယွီက ထိုအခြေအနေအား သတိမူပုံမပေါ်ချေ။ သူက အန်လဲ့မင်းသမီးကိုသာ စကားပြောလိုက်သည်။
"ဒါက နောက်ဆုံးတစ်ကြိမ်ဖြစ်လိမ့်မယ်....မင်းက အတော်ငယ်သေးတာမို့ အသက်ရှင်ခွင့်ပြုလိုက်မယ်"
ဘာ..
လူတိုင်းနီးပါးက လုယွီအားဝန်းရံထားကြသော်လည်း သူက မောက်မာနေဆဲဖြစ်သည်။
"မင်းတို့အားလုံး ဘာလုပ်နေကြတာလဲ...လူခွဲကြစမ်း"
ထိုအချိန်မှာပင် လူအုပ်ကြားထဲသို့ စစ်ဗိုလ်ချုပ်တစ်ယောက်က ကြမ်းကြမ်းတမ်းတမ်းတိုးဝင်လာသည်။
သူက ရှီထျန်းအဆင့်ပညာရှင်တစ်ယောက်ဖြစ်၍ အစွမ်းထက်သောအော်ရာ ပိုင်ဆိုင်ထားသည်။ ရုတ်ချည်းဆိုသလိုပင် တစ်ခြားသိုင်းပညာရှင်များ၏မျက်နှာပေါ်တွင် ကြောက်ရွံမှုများပေါ်လာပြီး သူတို့အားလုံးလူစုခွဲလိုက်ကြသည်။
သိုင်းပညာရှင်တစ်ယောက်က လုယွီအား လက်ညွှိုးညွှန်ပြပြီး အော်ဟစ်လေသည်။
"သူက ဒီကိစ္စတွေဖြစ်အောင်လုပ်တဲ့သူပဲ...ဒါပြင် သူက မင်းသမီးအန်းလဲ့ကိုတောင်မှ ပါးရိုက်လိုက်သေးတယ်"
ထိုသူက လူကြမ်းလုပ်၍ ဦးအောင်တိုင်ကြားလိုက်သည်။
ထိုအချိန်တွင် လက်ညွှိုးအညွှန်ခံရသူသည် လုယွီဖြစ်ကြောင်း စစ်ဗိုလ်ချုပ်မြင်လိုက်သောအခါ သူက တခဏမျငေးငိုင်သွားသည်။
သူအား မည်သည့်ကိစ္စဖြစ်ပွားပါစေ လုယွီအား ထျန်းချို့တောင်အတွင်းသို့ ဝင်ရောက်ခိုင်းရမည်ဟု အိမ်ရှေ့စံမင်းသားက အမိန့်ပေးထားခဲ့သည်။
"အဓိပ္ပါယ်မရှိပြောနေတာတွေ...ဒီနေရာမှာရပ်တော့....ဒီနေရာမှာ ပြဿ နာရှာဖို့ သတ္တိရှိတဲ့ဘယ်သူမဆို ငါကို ကြမ်းတမ်းတယ်လို့အပြစ်မတင်နဲ့"
စစ်ဗိုလ်ချုပ်က အော်ဟစ်ပြီးနောက် ပြန်လှည့်ထွက်ခွာခဲ့တော့သည်။
'သူက ဒီလိုမျိုး ထွက်သွားလား'
လုယွီက အရူးတစ်ယောက်ကဲ့သို့ ပြုမူမည်ထင်ပြီး စောင့်ကြည့်ရန် မူလကစီစဉ်ထားကြသောသူများမှာ တစ်ယောက်နှင့်တစ်ယောက်စိတ်ပျက်လက်ပျက်ကြည့်နေကြသည်။
တစ်ခြားတစ်ဘက်မှ လုယွီကမူ မည်သူကိုမျှ ဂရုမစိုက်ပေ။ မည်သည့်ကိစ္စမှ မဖြစ်ပွားဘူးသကဲ့သို့ သူက လက်နောက်ပစ်၍ အေးဆေးတည်ငြိမ်နေလေသည်။
ဤအချိန်အတွင်း အန်လဲ့မင်းသမီး ဘက်ခြမ်းတွင်မူ...
"မင်းသမီး...ဒီမှာ ကြေးနီမှန်ရပါပြီ"
သိုင်းပညာရှင်တစ်ယောက်က ကြေးနီမှန်ကို ဂရုတစိုက်ကိုင်ဆောင်ပြီး အန်လဲ့မင်းသမီးအား ပေးလိုက်သည်။
အန်လဲ့မင်းသမီးက ကြေးနီမှန်အား ကြည့်လိုက်ရာ သူမ၏ချောမောလှပသည့်မျက်နှာသည် ဝက်ဦးခေါင်းကဲာသို့ ဖူးယောင်နေသည်အား မြင်တွေ့ရသည်။ သူမ၏သွားတစ်ချို့ပင် ကျိုးထွက်သွားရ ကြည့်ရသည်မှာ အလွန်အမင်းရုပ်ဆိုးနေပါသည်။
"ခွေးမသား"
အန်လဲ့မင်းသမီးက စူးစူးဝါးဝါးအော်ဟစ်ကြီး ကြေးနီမှန်အား မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန်ပစ်ချလိုက်သည်။
"လုယွီ...ငါ နင်ရဲ့ခန္ဓာကိုယ်ကို အပိုင်းထောင်သောင်းချီပြီး အစိတ်စိတ်အမွှာမွှာလုပ်ပစ်မယ်...ပြီးတော့ နင်ရဲ့မိသားစုတစ်စုလုံးကိုလည်း ငရဲကိုပို့မယ်"
အန်လဲ့မင်းသမီးက မုန်းတီးမှုပြည့်နှက်နေသော မျက်လုံးများဖြင့် ထွက်ခွာသွားသည့် လုယွီ၏နောက်ကျောပြင်ကိုကြည့်ပြီး သူမ၏စိတ်နှလုံးသားထဲမှ ကြွေးကြော်လိုက်လေသည်။
Chapter 37
နောက်ထပ်တစ်နာရီအကြာတွင်မူ သိုင်းပညာရှင်အားလုံးသည် တောင်ခြေသို့ ရောက်ရှိနေကြပြီဖြစ်သည်။
သိုင်းနတ်ဘုရားစမ်းသပ်ပွဲ၏စည်းမျဉ်းများသည် အလွန်ရိုးရှင်းသော်လည်း အလွန်အမင်းအန္တရာယ်များလေ၏။
ထိုစည်းမျဉ်းက တောင်တန်းအတွင်းသို့ဝင်ရောက်ပြီး ရင်ပေါင်းခုနစ်ရက် အသက်ရှင်နေထိုင်နိုင်ရမည်ဖြစ်လေ၏။ အချိန်မတိုင်ခင် တောင်တန်းမှထွက်လာသူအား ရှုံးနိမ့်သည်ဟု သတ်မှတ်ပေမည်။
ထျန်းချို့တောင်တန်းတွင် အထူးအမျိုးအစား စိတ်ဝိညာဉ်ပန်းပွင့်ရှိပြီး ၎င်းကတစ်ခြားနေရာများတွင်မှာယူမရရှိနိုင်သည့် ဆေးအဖြစ်ဖော်စပ်နိုင်သည်။
စမ်းသပ်ပွဲ၏နောက်ဆုံးရလဒ်ကို ယှဉ်ပြိုင်သူများ ခူးယူလာသည့်ပန်းပွင့်အရည်အတွက်နှင့်အရည်အသွေးပေါ်မူတည်၍ အဆင့်သတ်မှတ်သည်။
သိုင်းနတ်ဘုရားစမ်းသပ်ပွဲသည် သေခြင်းရှင်ခြင်းကြားကိစ္စတစ်ရပ်ဖြစ်ပေ၏။ သိုင်းနတ်ဘုရားစမ်းသပ်ပွဲအား ဝင်ရောက်ဆင်နွှဲမည့် သိုင်းပညာရှင်အားလုံး သေခြင်းရှင်ခြင်းသဘောတူညီချက်တွင် သင်္ကေတရေးထိုးရသည်။ အကယ်၍ သူတို့သေဆုံးလျှင်ပင် သူတို့၏ကလန်က ထိုကိစ္စအား မည်သို့မျှလုပ်ဆောင်နိုင်မည်မဟုတ်ပေ။
၎င်းကိစ္စသည် အန္တရာယ်များသော်လည်း နှစ်စဉ်နှစ်တိုင်း ကလန်များစွာသည် တစ်ခုနှင့်တစ်ခု အပြန်အလှန်နားလည်မှုယူထားကြသည်။ ကလန်တစ်ခုနှင့်တစ်ခုကြား သေရေးရှင်ရေးတိုက်ခိုက်ရန် ကြီးမားသည့်အမုန်းတရားမရှိလျှင် ထျန်းချို့တောင်တန်းအတွင်း တိုက်ခိုက်ကြမည်မဟုတ်ချေ။
"ထျန်းချို့တောင်က မြူ တွေက အရမ်းထူထဲတယ်...ဒါပြင် တောင်တန်းကို ဝန်းရံထားတဲ့မြစ်ကြီးတွေလည်းရှိတယ်...တောင်တန်းရဲ့တစ်ခုတည်းသောထွက်ပေါက်က ဒီနေရာပဲ"
"ခုနစ်ရက်နောက်ပိုင်း...မင်းတို့ ထျန်းချို့တောင်တန်းကထွက်လာချိန်မှာ မင်းတိူ့ခူးလာခဲ့တဲ့ စိတ်ဝိညာဉ်ပန်းပွင့်တွေကို ဝတ်ပြုခန်းမက ဆေးဝါးပညာရှင်က တန်ဖိုးကြီးကြီးပေးမယ်လို့ ကမ်းလှမ်းထားတယ်...အရင်တုနိးက စည်းမျဉ်းတွေနဲ့ တူညီစွာပဲ စိတ်ဝိညာဉ်ပန်းပွင့်လက်ထဲအများဆုံးရှိတဲ့သူကို ဆရာသခင်က မင်းတို့ရဲ့ကျင့်ကြံမှုအဆင့်ကို တိုးတတ်စေမယ့်ဆေးတစ်ပြားပေးမယ်"
ပတ်ဝန်းကျင်နေရာတစ်ခုလုံး ဆူညံသောကြိမ်းဝါးသံများထွက်ပေါ်လာသည်။ သိုင်းနတ်ဘုရားစမ်းသပ်ပွဲတွင် ပထမဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်သည့် သိုင်းပညာရှင်များစွာက စိတ်လှုပ်ရှားစွာဖြင့် တစ်ယောက်နှင့်တစ်ယောက် တီးတိုးပြောဆိုနေကြ၏။
လူတစ်ယောက်၏ကျင့်ကြံခြင်းအဆင့်ကို တိုးမြှင့်ပေးနိုင်သည့် ဆေးပြားတစ်ပြား ဖြစ်သလော...
လူတိုင်း၏မျက်လုံးများသည် ထိုအချိန်အတွင်းမှာပင် မက်မောခြင်းကြောင့် တောက်လောင်နေကြသည်။
"အချိန်စေ့ပြီ.....အထဲကိုဝင်ကြတော့"
စစ်ဗိုလ်ချုပ်တစ်ယောက်က အော်ဟစ်လိုက်သည်။
သိုင်းပညာရှင်အားလုံးက လူတန်းကြီးအတွင်းသို့ ဝင်ရောက်လိုက်ကြသည်။ လုယွီက နောက်မှလိုက်ပါ၍ဝင်သွားသည်ကိုကြည့်ပြီး စစ်ဗိုလ်ချုပ်က သရော်ချင်ဟန်ဖြင့် သူ၏နှုတ်ခမ်းတွန့်ကွေးသွားလေ၏။
"အိမ်ရှေ့စံမင်းသားကို သတင်းပို့လိုက်တော့....ငါးက ပလုံးထဲကိုဝင်သွားပြီလို့"
စစ်ဗိုလ်ချုပ်က သူ၏နံဘေးရှိလူတစ်ယောက်အား ညွှန်ကြားလိုက်သည်။
*****
ထျန်းချိုတောင်၏အတွင်းဘက်တွင်...
ထိုနေရာသို့ဝင်လိုက်သည်နှင့် လုယွီက ချက်ချင်းဆိုသလိုပင် သူ့ပတ်ဝန်းကျင်ရှိ မှုန်မှိုင်းပြီးအေးစက်သည့်အော်ရာတစ်ခုကို ခံစားလိုက်ရသည်။
တစ်ခြားသူများကတော့ တောင်တန်းရှိအပူချိန်သည် ပြင်ပကအပူချိန်ထက် ပို၍လျော့နည်းခြင်းကိုသာ ခံစားရလေ၏။ သို့သော် လုယွီက ထိုသို့ဖြစ်ရခြင်းသည် မဟာရေလေပေါင်းစပ်ခြင်းဝင်္ကပါကြောင့်ဖြစ်သည်အား ကောင်းစွာရိပ်မိထားသည်။
"ဖြစ်နိုင်တာက နတ်ဆိုးကျင့်ကြံသူတစ်ယောက်ယောက်များ ဒီနေရာမှာကျင့်ကြံတာလား"
လုယွီက သူ၏လက်ချောင်းဖြင့် ယင်ချီအမျှင်တစ်စကိုဆွဲယူရင်း တီးတိုးရေရွတ်လိုက်သည်။
"ခွေးကောင်...နင်က ဒီနေရာမှာ ရပ်နေဝံ့သေးတယ်ပေါ့"
အာဃာတများဖြင့်ပြည့်နှက်နေသည့် အသံတစ်သံက လုယွီ၏အနောက်မှထွက်ပေါ်လာသည်။ အန်လဲ့ မင်းသမီးက လူတစ်အုပ်စုကို ဦးဆောင်ပြီး သူ့အားဝန်းရံထားသည်ကို လုယွီမြင်လိုက်ရသည်။
အန်လဲ့မင်းသမီးက သူမ၏နီရဲပြီးဖောင်းကားနေသည့်မျက်နှာကို ကတ္တီပါစဖြင့်ဖုံးအုပ်ထားသည်။ သူမ ထုတ်ဖော်ထားသည်မှာ လုယွီအား မုန်းတီးမှုအပြည့်ဖြင့်စိုက်ကြည့်နေသော သူမ၏မျက်လုံးတစ်စုံပင်ဖြစ်သည်။
"သွား....သူကိုသတ်ကြ...မဟုတ်သေးဘူး....သူကို မသေမရှင်ရိုက်ပြီးအပြင်ကိုဆွဲထုတ်လိုက်....ငါက သူရဲ့မိသားစုတစ်စုလုံးကို သူရှေ့မှာ တစ်ယောက်ပြီးတစ်ယောက် သတ်ချင်သေးတယ်"
အန်လဲ့မင်းသမီးက စူးဝါးကျယ်လောင်စွာဖြင့် အော်ဟစ်လိုက်လေ၏။
လုယွီ၏အမြင်တွင် ထိုသိုင်းပညာရှင်များသည် ယခုထိကောင်းစွာကြီးထွားမှုမရှိသေးသည့် ကလေးတစ်သိုက်ထက်မပိုပေ။ တစ်ခြားစကားလုံး ပြောင်းသုံးရလျှင် သူတို့က ပုရွက်ဆိတ်တစ်စုထက်မပိုချေ။
သူက အန်လဲ့မင်းသမီး၏အသက်ကို ချမ်းသာပေးခဲ့သည်တောင်မှ သူမက လုယွီ၏အရှေ့တွင် စော်ကားဝံ့နေပေ၏။
"လုယွီ....တစ်ကယ်လို့ မင်းသေချင်စိတ်ရှိတယ်ဆိုရင်တောင် ငါတို့ကိုအပြစ်မတင်နဲ့"
သိုင်းပညာရှင်အုပ်စုက သူတို့၏ကျန်းချီစီးကြောင်းများကို လုယွီထံသို့ ဦးတည်ပေါက်ကွဲစေလေ၏။
သူတို့ထဲမှ အများစုသည် ဟိုထျန်းဆဠမအဆင့် သတ္တမအဆင့်ရောက်ရှိသူများဖြစ်သည်။ သူတို့ကို ငယ်ရွယ်သည့်ပါရမီရှင်များဟု သတ်မှတ်နိုင်သည်။
လုယွီကမူ အသက်တစ်ဆယ့်ခုနစ်နှစ်အရွယ်တွင် ဟိုထျန်းပထမအဆင့်သာရောက်ရှိခဲ့ပြီး ထိုအရာကလုံကျင်းမြို့တော်တစ်ခုလုံး၏ပြက်လုံးတစ်ခုဖြစ်ပေ၏။
ကြည့်ရသည့်မြင်ကွင်းမှာ လုယွီအား ထိုလူစုက သတ်ဖြတ်တော့မည်ပုံပေါ်နေသည်။
"ဟွန့်..."
ရုတ်တရက် လုယွီက ပေါက်ကွဲလုမတတ် အော်ဟစ်လိုက်သည်။ ထိုအသံသည် နားကွဲလုမတတ် ကျယ်လောင်ပြီး လူတိုင်းက သူတို့၏ခန္ဓာကိုယ်တုန်ရီလာခြင်းအား ခံစားလိုက်ရသည်။ တစ်ချို့ ကျင့်ကြံဆင့်နိမ့်သူများသည် သူတို့၏ပါးစပ်များအတွင်းမှ သွေးများပန်းထွက်လာကြသည်။
ထို့နောက် လုယွီက သူ၏ခြေဖဝါးကို မြေပြင်ပေါ်သို့ဆောင့်လိုက်ရာ မြေပြင်အားအက်ကွဲစေခဲ့သည်။ မရေမတွက်နိုင်သည့်အမှိုက်စများ လွင့်ပျံလာပြီး သိုင်းပညာရှင်အုပ်စုထံသို့ တိုးဝင်သွားလေ၏။
ဒုန်း....လုယွီ ခြေဖဝါး၏ပတ်ဝန်းကျင်တွင် ပင့်ကူအိမ်နှင့်တူသောအက်ကွဲကြောင်းဖြစ်ပေါ်လာပြီး မြေပြင်ပေါ်၌ နက်ရှိုင်းသောချိုင့်ကြီးချန်ထားရစ်ပေသည်။
သိုင်းပညာရှင်အုပ်စုသည် မြေကြီးအတွင်းမှ တုန်ခါနေမှုကြောင့် သူတို့၏ဟန်ချက်ဆုံးရှုံးသွားပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။
တစ်ခုတည်းသော ခြေကန်ချက်နှင့်အတူ လုယွီ၏ရှေ့၌မတ်တတ်ရပ်နေနိုင်သူ မည်သူမျှမရှိတော့ချေ။
Chapter 38
ထိုအရာက မည်သည့်စွမ်းအင်မျိုးဖြစ်သနည်း။
ထိုအတွေးက လူတိုင်း၏စိတ်အတွင်းတွင် မထိန်းချုပ်နိုင်ဘဲ ဖြစ်ပေါ်နေခဲ့သည်။
တစ်ချို့လူများက သူတို့ကိုယ်သူတို့ မတ်တတ်ရပ်နိုင်ရန် ဖိအားပေးလိုက်ကြသော်လည်း လုယွီ၏ခန္ဓာကိုယ်မှ ဖြာထွက်လာသည့် ကျန်းချီစွမ်းအင်ကြောင့် ဆွံအသွားကြသည်။
ခရမ်းရောင်ကျန်းချီစွမ်းအင်က လုယွီ၏ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံထားသည်။ ထိုအစွမ်းထက်သည့်အော်ရာသည် ရုပ်ပိုင်းဆိုင်ရာဖိအားတစ်ခုနှင့်တူညီပြီး လုယွီအနီးရှိလူများအား သူတို့၏ခေါင်းကိုပင်မမြှောက်နိုင်သည်အထိ ဖြစ်စေသည်။
ပတ်ဝန်းကျင်တစ်ခုလုံး အလုံးစုံတိတ်ဆိတ်ငြိမ်သက်သွားလေ၏။ ယခင်က လုယွီကိုသတ်ရန်ကြံစည်နေကြသူများသည် ယခု သူတို့၏ခန္ဓာကိုယ်များတောင့်တင်းနေကာ လှုပ်ရှားမှုမပြုဝံ့ကြချေ။
"ဒါက.....ဟိုထျန်း နဝမအဆင့်"
သိုင်းပညာရှင်တစ်ယောက်က တုန်ရီနေသောအသံဖြင့် ပြောဆိုလိုက်၏။
ပြက်လုံးတစ်လုံးအားကြားရသကဲ့သို့ ဟိုထျန်းနဝမအဆင့်တစ်ယောက်၏စွမ်းအားသည် သူတို့အားသတ်ဖြတ်ရန်မှာ လွယ်ကူပေသည်။
ထို့ပြင် လုယွီပြသသည့် ဟိုထျန်းနဝမအဆင့်စွမ်းအားသည် အလွန်ထိတ်လန့်ဖွယ်ကောင်းသည်မှာ ရှင်းရှင်းလင်းလင်းသိနိုင်သည်။
သူတို့သည် ယခုတုန်းက ဤကဲ့သို့သော ဟိုထျန်းနဝမဆင့်စွမ်းအားမျိုးကို မမြင်ဘူးချေ။ ထို့ပြင် လုယွီခြေတစ်ချက်ဆောင့်နင်းလိုက်သည်က သူတို့အားလုံးအားမြေပေါ်သို့လဲကျစေသည့်ခွန်အားမျိုးကိုလည်း မကြားဘူးချေ။
"အဲ့ဒီ ခွေးကောင်လေးက ဘာလို့ဒီလောတ်ထိသန်မာလာရတာလဲ"
အန်လဲ့မင်းသမီး၏မျက်လုံးများသည် တုန်လှုပ်မှုများအပြည့်ဖြစ်နေပြီး သူမက နေရာမှာပင်မတ်တတ်ရပ်ကာ သူမကိုယ်သူမ ရေရွတ်ပြောဆိုနေမိသည်။
ရုတ်တရက် လုယွီ သူမထံသို့ လမ်းလျှောက်လာသည်အား မြင်တွေ့လိုက်သည်။
လုယွီ၏ခန္ဓာကိုယ်ပေါ်တွင် ခရမ်းရောင်ကျန်းချီများက ဟိုထျန်းနဝမအဆင့်၏စွမ်းအားအဖြစ် ပုံဆောင်ပြသနေသည်။ သူမ၏စိတ်နှလုံးအတွင်းတွင် ခုခံရန်သတ္တိမရှိတော့ပေ။
"မလုပ်နဲ့....နငိ ငါကိုသတ်လို့မရဘူး....ငါရဲ့အဖေက လက်ရှိ ကျင်းမင်းသားပဲ....တစ်ကယ်လို့ နင် ငါကိုသတ်ဝံ့တယ်ဆိုရင် ငါရဲ့အဖေက နင်တို့မိသားစုတစ်စုလုံးကို ဖျက်ဆီးလိမ့်မယ်"
အန်လဲ့မင်းသမီးက ကြောက်လန့်တကြားအော်ဟစ်ပြီး လှည့်ထွက်ပြေးလေသည်။
"မင်းက ပြေးရဲသေးတယ်ပေါ့"
လုယွီ၏မျက်လုံးများသည် အေးတိအေးစက်ပုံစံပြောင်းလဲသွားပြီးနောက် ချက်ချင်း အန်လဲ့မင်းသမီး၏အရှေ့တွင် ထွက်ပေါ်လာသည်။
"ငါကိုမသတ်ပါနဲ့....ငါက လှပချောမောသူတစ်ယောက်ပါ...ဒါပေမယ့် ငါ နင်ရဲ့အစေခံအဖြစ်နေပါမယ်....တစ်ကယ်လို့ နင် ငွေလိုချင်တယ်ဆိုရင်လည်း ငါရဲ့ကျင်းမိသားစုမှာ ရွှေ ငွေ ကျောက်သံပတ္တမြားတွေရှိပါတယ်....ငါက နင်အတွက်ဆေးဖော်စပ်ပေးနိုင်မယ့် ဝတ်ပြုခန်းမက ဆေးဝါးပညာရှင်နဲ့တောင်သိထားတယ်..."
သေရေးရှင်ရေးအချိန်ကာလတွင် အန်လဲ့မင်းသမီးသည် လုယွီ၏ခွင့်လွှက်မှုအားရရှိရန် ကျယ်လောင်စွာအသနားခံနေခဲ့သည်။
လုယွီက သူမနှင့်အချိန်မဖြုန်းလိုတော့ပေ။ သူက လှုပ်ရှားမှုတစ်ခုပြုလုပ်ပြီး သူမ၏လည်ပင်းအားချိုးပစ်လိုက်သည်။
လူအုပ်ကြီး၏အလွန်အံ့အားသင့်နေသည့်အကြည့်များအောက်တွင် အန်လဲ့မင်းသမီးသည် တဖြည်းဖြည်းခြင်း အလောင်းကောင်ဘဝ ရောက်ရှိသွားရသည်။
လှပမှုလား...
သူ၏ယခင်ဘဝတုန်းက လုယွီသည် မရေမတွက်နိုင်သော သူတော်စင်အဆင့်အပျိုစင်နတ်သမီးများအား သတ်ဖြတ်ခဲ့သည်။ သူတို့ထဲမှ မည်သူမဆို အင်ပါယာတစ်ခုအား ပြိုပျက်သွားစေနိုင်သည့် ရုပ်အဆင်းရှိသူဖြစ်သည်။ သူတို့က အန်လဲ့မင်းသမီးထက် အဆပေါင်းများစွာလှပလေ၏။
လုယွီက သူ့အားဝန်းရံထားသည့် လူများကို အေးစက်တင်းမာစွာကြည့်ပြီး မေးမြန်းလိုက်သည်။
"ဘယ်သူ ငါကို တားဆီးဝံ့သေးလဲ"
မည်သူကမျှ ရှေ့သို့ခြေတစ်လှမ်း မတိုးဝံ့ပေ။ ရှေ့သို့ခြေတစ်လှမ်းတိုးသည့် မည်သူမဆို အသတ်ခံရမည်အား သူတို့ကောင်းစွာသိရှိထားသည်။
လုယွီက တစ်ချက်ကြည့်ပြီး ရှေ့ရှိ သစ်တောငယ်လေးတစ်ခုအတွင်းသို့ ဝင်သွားရာ သဲလွန်စမကျန်ဘဲ လျှင်လျှင်မြန်မြန်ပျောက်ကွယ်သွားတော့သည်။
လုယွီထွက်ခွာသွားပြီးနောက် ထိုသိုင်းပညာရှင်များသည် တစ်ယောက်နှင့်တစ်ယောက် တုန်လှုပ်ချောက်ချားစွာ ကြည့်မိကြသည်။ သူတို့က အန်လဲ့မင်းသမီး၏အလောင်းကို ရှင်းလင်းပြီး ယခုကိစ္စကို သိုင်းနတ်ဘုရားစမ်းသပ်ပွဲပြီးဆုံးချိန်ထိ ထားလိုက်ရမည်သာဖြစ်သည်။
ရွှစ်...ရွှစ်...ရွှစ်
လူတိုင်းထွက်ခွာသွားပြီးနောက် တစ်ခြားလူတစ်အုပ်စုက ယခုနေရာသို့ရောက်ရှိလာသည်။
ထိုလူအုပ်စုတွင် အသက်အရွယ်ပေါင်းစုံပါဝင်ပြီး သူတို့၏ခန္ဓာကိုယ်မှ အားကောင်းသည့်အော်ရာများထုတ်လွှတ်ထားသည်။ ထိုလူစုမှခေါင်းဆောင်သည် အိမ်ရှေ့စံမင်းသားဖြစ်ပေ၏။
"အဲ့ဒီခလေးရဲ့ခွန်အားက ခုန်ပေါက်တိုးတက်နေတာပဲ....လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက အင်ပါယာအစောင့်အရှောက်တွေကို သူတစ်ယောက်တည်း ကိုင်တွယ်ဖြေရှင်းရမှာခက်ခဲနေသေးတယ် ဒါပေမယ့် အခု သူက လှုပ်ရှားမှုတစ်ခုနဲ့ လူအများကြီးကိုသတ်နိုင်နေလောတ်ပြီ"
အိမ်ရှေ့စံ၏မျက်နှာပေါ်တွင် ခါးသက်သက် ပုံဆိုးပန်းဆိုးအမူအယာ ပေါ်လွင်လာသည်။
"အရှင့်သား....စိတ်မပူပါနဲ့....ဒီအဖိုးကြီးရဲ့အကူအညီနဲ့ဆိုရင် အရှင့်သားအောင်မြင်မှာ အသေအချာပဲ....တစ်ကယ်လို့ သူက ရှီထျန်းနယ်ပယ်ကိုရောက်နေပြီဆိုရင်တောင် ဒီ အဖိုးကြီးရဲ့ ပြိုင်ဘက်မဖြစ်နိုင်ဘူး"
အိမ်ရှေ့စံမင်းသား၏နံဘေးရှိ အကြီးအကဲတစ်ယောက်က ယုံကြည်ချက်ရှိစွာဖြင့် သူ၏မုတ်ဆိတ်ကိုသပ်ရင်း ပြောကြားလိုက်သည်။
အိမ်ရှေ့စံမင်းသားက အလျှင်စလိုဖြင့် ပြောကြားလိုက်ပြန်သည်။
"ဒီနေရာမှာ တစ်ခြား လူတွေလည်းရှိနေတယ်..သူတို့က အဲ့ဒီခလေးကို လွယ်လွယ်ကူကူဖမ်းဆီးနိုင်တယ်...ငါ စိတ်ပူတာက အဲ့ဒီခလေးက သူရဲ့ကျင့်ကြံမှုနယ်ပယ်ကိုတိုးမြှင့်စေနိုင်ရင်...သူက ငါတို့ကို ရှောင်ရှားသွားနိုင်မှာကိုပဲ"
အဖိုးအိုကြီးက ရယ်မောရင်း သူ၏ဦးခေါင်းကို ခါယမ်းလိုက်သည်။
"ကျွန်တော်တို့ကပြေးနိုင်တယ်...ဘုန်းကြီးတွေက သူတို့ရဲ့ဘုရားကျောင်းကမပြေးနိုင်သလိုပဲ...သူရဲ့မိသားစုက လုံကျင်းမြို့တော်မှာမဟုတ်ဘူးလား...ဝေဘုရင်သေတဲ့သတင်း အပြင်ကိုပေါက်ကြားသွားတဲ့အခါကျရင် ကျွန်တော်တို့က သူရဲ့မိသားစုတစ်စုလုံးကိုဖမ်းဆီးပြီး ထောင်ထဲပို့လိုက်မယ်....အဲ့ဒီလိုဆို ကျွန်တော်တို့ သူထွက်မလာမှာကို စိုးရိမ်စရာလိုတော့မလား"
"ဒါပြင် ဒီ သိုင်းနတ်ဘုရားစမ်းသပ်ပွဲပြီးဆုံးဖို့အချိန်လိုသေးတယ်....အချိန်ကျလာလို့ရှိရင် အဲ့ဒီကောင်စုတ်လေးပိုင်ဆိုင်တဲ့အရာအားလုံးက အရှင့်သားအတွက်ဖြစ်လာမှာပါ"
လုယွီထံ၌ ရှိနေသည့်အရာများ သူပိုင်ဆိုင်ရမည်ဟုကြားသည့်အခါ အိမ်ရှေ့စံမင်းသား၏မျက်လုံးအတွင်းတွင် လောဘတတ်သောအရိပ်အယောင်များ ပေါက်ဖွားလာသည်။ သူက လုယွီပိုင်ဆိုင်သည့် ကံကောင်းမှုကြီးသည် မည်သည့်အရာဖြစ်သည်ကို သေချာမသိရှိထားပေ။ သို့ရာတွင် လုယွီရုတ်တရက် အဆင့်မြင့်တတ်လာမှုသည် သူ၏မျက်မြင်ကိုယ်တွေ့ပင်ဖြစ်လေ၏။ လုယွီ လျှင်လျှင်မြန်မြန်တိုးတတ်စေမည့် တစ်စုံတစ်ခုရှိနေမည်မှာ တိကျသေချာပေသည်။ ၊သူ၏စိတ်နှလုံးသားအတွင်းတွင် တံဆိပ်ခတ်ထားသကဲ့သို့ ထိုအရာအားရယူနိုင်ရန် ဖိအားပေးခိ်ုင်းစေခြင်းခံနေရသည်။
"ဂုဏ်ပြုထိုက်တဲ့ မြင့်မြတ်သူများ...တစ်ကယ်လို့ ငါက လုယွီစီက ပစ္စည်းကိုရခဲ့မယ်ဆိုရင်.. နောင် အနာဂတ်မှာ ငါ ဂိုဏ်းတဂိုဏ်းထဲကို ဝင်ရောက်ပြီးချိန်မှာ ငါ မင်းတို့ကို သေချာပြန်စောင့်ရှောက်ပါမယ်"
အိမ်ရှေ့စံမင်းသားမှ လူတိုင်းအားကတိပေးလိုက်၏
Chapter 39
တစ်ခုတည်းသောဝင်ထွက်ပေါက်ကို တာလျန့်နိုင်ငံတော်မှ စည်းပိတ်ထားခြင်းကြောင့် လူအများက ဤတောင်တန်းအတွင်းသို့ မဝင်ရောက်နိုင်ပေ။ အကျိုးဆက်အနေဖြင့် ယခုနေရာ၌သွားလာနိုင်သည့် လမ်းကြောင်းမှာ လွန်စွာနည်းပါးလေ၏။
လုယွီ၏လက်အတွင်းတွင် မီးခိုးရောင်ဖျော့ဖျော့ပန်းတစ်ပွင့် ထွက်ပေါ်လာသည်။ ထိုပန်းပွင့်က သိုင်းနတ်ဘုရားစမ်းသပ်ပွဲအတွင်း စုဆောင်းရမည့် စိတ်ဝိညဉ်ပန်းပွင့်ဖြစ်ပေသည်။
အကြည့်တစ်ချက်မျှဖြင့် လုယွီက ထိုပန်းပွင့်အား အပြည့်အဝသိရှိလိုက်သည်။
"ဒါဆို ဒီပန်းက ယင်လော့ပန်းပွင့်ပေါ့...ဒါကယင်ချီသိပ်သည်းတဲ့နေရာမျိုးမှာပဲ ရှင်သန်နိုင်တာ...ဒီပန်းကို ဆေးသန့်စင်တဲ့နေရာမှာသုံးလို့ရတယ်....ဒီနေရာမှာ ဒီပန်းပွင့်မျိုးအများကြီးတွေ့ရမယ်လို့ ငါထင်မထားမိဘူး"
လုယွီက ထိုပန်းပွင့်ကို သူ၏သိုလှောင်အိတ်အတွင်းတွင် ဂရုတစိုက်ထည့်ထားလိုက်သည်။
ဆေးပင်များ ပေါများစွာရှာတွေ့လေ လုယွီအတွက်ပိုကောင်းလေ ဖြစ်ပေ၏။
လုယွီက ဤကဲ့သို့အရာမျိုးကို ဆေးဝါးပညာရှင်ဟုခေါ်ဆိုသူထံသို့ ဖြုန်းတီးရန်အတွက် လက်လွှဲမပေးမည်မှာ အတိအကျပင်။
ရုတ်တရက် လုယွီက ယင်ချီများအတွင်း ပြောင်းလဲမှုတစ်ခုကို ခံစားမိလေသည်။ ထိုယင်ချီပြောင်းလဲမှုသည် သိသာထင်ရှားခြင်းမရှိချေ။ သာမာန်လူများအတွက် ထိုအရာက လေအေးတစ်ချက်ဖြတ်သန်းတိုက်ခိုက်ရုံမျှသာ သိရှိပေမည်။ သို့ရာတွင် လုယွီ၏အစွမ်းထက်သော စိတ်ဝိညာဉ်ကမူ ထိုအပြောင်းအလဲကို အောင်မြင်စွာဖမ်းဆုပ်နိုင်ပေသည်။
"ဖြစ်နိုင်တာက နတ်ဆိုးကျင့်ကြံသူက ဒီလမ်းကြောင်းမှာ ကျင့်ကြံနေတာများလား"
လုယွီ၏မျက်လုံးများ အေးစက်စက်တောက်ပသွားပြီး ချက်ချင်း ထိုယင်ချီနောက်သို့ လိုက်ပါသွားခဲ့သည်။
နှစ်နာရီခန့်ကြာသည်အထိလမ်းလျှောက်ပြီးနောက် လုယွီက မြင့်မားသည့်တောင်တစ်လုံး၏ရှေ့တွင် မတ်တတ်ရပ်လိုက်သည်။
ယင်ချီများထွက်ပေါ်နေသည့်နေရာသည် ကြီးမားသည့်တောင်နှစ်လုံးကြားမှ လှို့ဝှက်စွာပျံ့လွင့်နေခြင်းဖြစ်သည်။ လုယွီက တောင်ထိပ်ပေါ်သို့ သွားရောက်ခြင်းမပြုပေ။ ထိုသို့ပြုလုပ်လျှင် ယင်ချီထွက်ပေါ်သည့်နေရာအားရှာဖွေရန် သူအတွက်ခက်ခဲသွားပေလိမ့်မည်။
တောင်၏ဘေးနှစ်ဘက်လုံးသည် ဒေါင်လိုက်ချောက်ကမ်းပါးများဖြစ်သဖြင့် လမ်းရှာဖွေရန်ခက်ခဲပေမည်။
"သူက နေရာဘယ်လိုရွေးရမယ်ဆိုတာ သိနေတာပဲ"
လုယွီက တီးတိုးရေရွတ်ရင်း သူ၏လက်အတွင်းရှိတီကောင်တစ်ကောင်ကို ကြိတ်ခြေ၍ ဖုန်မှုန့်များအတွင်းထည့်လိုက်သည်။
ဤပိုးကောင်၏အခွံပေါ်တွင် အနက်ရောင်အစီအစဉ်အလွှာတစ်ခုပါဝင်ပြီး ၎င်းကမှိန်ပျပျအလင်းရောင်ကို ထုတ်လွှတ်ပေးနိုင်သည်။
၎င်းက ကျူ းကျော်သူများအား အထူးသဖြင့်တိုက်ခိုက်နိုင်ရန် နတ်ဆိုးနည်းစနစ်ဖြင့် တစ်စုံတစ်ယောက်ကသန့်စင်ထားသည့် ကူ တီကောင်ဖြစ်သည်။
ထိုမြင့်မားသည့်ချောက်ကမ်းပါးစီသို့ သူ၏အကြည့်ကိုပို့လွှက်ရင်း ရုတ်တရက်လုယွီက ခြေထောက်ဆောင့်နင်းလိုက်သည်။
"ဘန်း..."
တုန်ခါမှုကြောင့် နက်ရှိုင်းသည့်တွင်းကြီးတစ်တွင်းက မြေပြင်ပေါ်၌ ဖြစ်ပေါ်လာခဲ့သည်။
ဘုန်း....ဘုန်း....ဘုန်း...
လုယွီ၏ခြေဖဝါးသည် ချောက်ကမ်းပါးပေါ်သို့ ခုန်တတ်လိုက် ခြေချလိုက်လုပ်နေရာ မျက်စိတမှိတ်စာအချိန်အတွင်းမှာပင် သူက မြေပြင်ပေါ်တွင်လမ်းလျှောက်နေသကဲ့သို့ တောင်ထိပ်သို့ တက်ရောက်သွားခဲ့သည်။
လုယွီက တောင်ထိပ်သို့ ရောက်သည့်အခါတွင် လှိုဏ်ခေါင်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ ထိုအချိန်အရောက်တွင် သိပ်သည်းသော ယင်ချီလှိုင်းက လုယွီထံသို့တိုးဝင်လာပြီး သူ့ ဘေးပတ်ဝန်းကျင်ရှိအပူချိန်သည် ထိုးကျသွားခဲ့သည်။
လုယွီက လှိုဏ်ခေါင်း၏အဝင်ဝသို့ရောက်ချိန်တွင် အတွင်းရှိအသံတစ်သံအား ရုတ်တရက် သူကြားလိုက်ရသည်။ လုယွီက အသံတစ်သံမှမထွက်စေဘဲ သူ၏အသက်ရှုနှုန်းကိုထိန်းချုပ်ပြီး လှိုဏ်ခေါင်းအတွင်းသို့ တိတ်ဆိတ်စွာ ဝင်လိုက်သည်။
"မုန့်ကျူ းယွင်...မင်း ငါနောက်ကို လိုက်ဖမ်းတာ အလယ်ပိုင်းကုန်းမြေကနေ တောင်ပိုင်းစွန့်ပစ်နယ်မြေအထိတလျှောက်လုံးပဲ...ဒီနေ့တော့ ငါ အခွင့်အရေးရခဲ့ပြီ"
ရက်စက်ယုတ်မာဟန်ရှိသည့် အသံတစ်သံ ထွက်ပေါ်လာလေ၏။
"နှလုံးသားဖမ်းဆုပ်သူ ဘိုးဘေး...ရှင်က ကောင်းကင်သင်္ကေတနယ်ပယ်ပဲရှိသေးတာ...ဒီလို ကြီးမားတဲ့သတ်ဖြတ်ခြင်းဝင်္ကပါလောတ်နဲ့ ကျွန်မကိုသတ်နိုင်မယ်ထင်နေတာလား"
ကြည်လင်ပြီး အေးစက်စက် မိန်းခလေးသံတစ်သံက တုန့်ပြန်ပြောဆိုလိုက်သည်။
လုယွီက ကြီးမားသည့်ကျောက်တုံးတစ်တုံးနောက်သို့ ခြေသံလုံလုံဖြင့်လျှောက်သွားလိုက်သည်။ ထို့နောက် သူ၏အော်ရာကိုဖုံးကွယ်ပြီး အလွန်အမင်းလှို့ဝှက်စွာနေလိုက်ကာ သူ၏ရှေ့၌ဖြစ်ပျက်နေသည်များအား စောင့်ကြည့်နေလိုက်သည်။
အနက်ရောင်ဝတ်စုံဖြင့်အဖိုးကြီးတစ်ယောက်က သူ၏လက်ထဲတွင် သွေးညှီနံအော်ရာများထုတ်လွှတ်ထားသည့် ပုလဲတစ်လုံးကို ကိုင်ဆောင်ထားခဲ့သည်။
ထို့ပြင် အဖိုးကြီး၏အရှေ့တွင်မူ အဖြူ ရောင်ဝတ်စုံဖြင့် အမျိုးသမီးတစ်ယောက်ဖြစ်နေသည်။
အဖြူ ရောင်ဝတ်စုံဖြင့်အမျိုးသမီးအား ကြည့်ရသည်မှာ ဝင်္ကပါတစ်ခုအတွင်း ထောင်ချောက်မိနေပုံရသည်။ သူမ၏ရှေ့တွင် စက်ဆုပ်ဖွယ်သွေးအော်ရာတစ်ခုက သူမအားထွက်ခွာမသွားနိုင်စေရန် တားဆီးထားသည်။
"ဟား ဟား ဟား.....မင်း သိလား....မင်း အဖေ ငါက ပြင်ဆင်မှုမရှိဘဲလာတယ်လို့ ထင်နေတာလား....ငါက ဒီမဟာသွေးစွမ်းအင်ဝင်္ကပါကို မင်းအတွက်ရည်ရွယ်ပြီး ပြင်ဆင်ထားခဲ့တာ....မင်းက ဒီသေမျိုးနိုင်ငံထဲမှာ ဝင်္ကပါထဲကနဂါးသွေးကြောကို ချိုးဖျက်ဝံတယ်ဆိုရင် သေမျိုးနိုင်ငံတစ်နိုင်ငံလုံး ပရမ်းပတာတွေဖြစ်ကုန်လိမ့်မယ်"
အနက်ရောင်ဝတ်စုံဝတ်အဖိုးကြီး၏အကြည့်က ပိုမိုရိုင်းပျလာပြီး သူက မုန့်ကျူ းယွင်၏ခန္ဓာကိုယ်ကို စုန်ချည်ဆန်ချည်ကြည့်လိုက်သည်။
"မင်းရဲ့ နက်နဲသိမ်မွေ့ ကျိုးကျောင်းတော်က ကောင်းကင်ဘုံအောက်က ဘယ်သက်ရှိကိုမဆို တာဝန်ယူစေနိုင်တယ်မဟုတ်ဘူးလား...ဘာလို့ မင်းက မရေမတွက်နိုင်တဲ့သေမျိုးအိမ်ခြေရာမဲ့တစ်ယောက်လို ပြုမူနေထိုင်ချင်ရတာလဲ..ဟား..ဟား.."
ရုတ်တရက် အဖိုးအိုက သူ၏အိတ်ကပ်ထဲမှ အနက်ရောင်ခရားတစ်လုံးကိုဆွဲထုတ်ပြီး ဖွင့်လိုက်သည်။ မုန့်ကျူ းယွင်ပေါ်သို့ ပန်းရောင်အော်ရာတစ်ခုကျဆင်းလာလေ၏။
မုန့်ကျူ းယွင်က တုန်ရီနေရင်းမှ အနက်ရောင်ဝတ်အဖိုးအိုအား မယုံကြည်နိုင်ဟန်ဖြင့်ကြည့်ရင်း မေးမြန်းလိုက်သည်။
"ဒါက ဘာလဲ"
"ဟား ဟား...ငါက ငွေအမြောက်အများ အကုန်အကျခံပြီး ဒီ ညှို့ဓာတ်သိမ်မွေ့ဆေးကို ဝယ်ထားရတာ"
အနက်ရောင်ဝတ်အဖိုးအိုက ရုတ်တရက် နတ်ဆိုးဆန်သည့်အပြုံးကိုဖော်ထုတ်ပြီး ပြောဆိုလိုက်သည်။
"ဒီဆေးရဲ့ အံ့အားသင့်စရာလေးတွေကို အချိန်တခဏအတွင်း မင်း သိရတော့မှာပါ"
Chapter 40
ကျောက်တုံးကြီး၏နောက်ကွယ်၌ ပုန်းအောင်းနေသည့်လုယွီသည် လက်ရှိအခြေအနေအား အကြမ်းဖျင်းခန့်မှန်းမိပြီးဖြစ်သည်။
အနက်ရောင်ဝတ်စုံဖြင့်အကြီးအကဲသည် နှလုံးသားဖမ်းဆုပ်သူဘိုးဘေးဟု လူသိများကျော်ကြားသည့် ဘိုးဘေးကျိုက်ဖြစ်ပေ၏။ သူက ထျန်းချို့တောင်တန်း၏တောင်ကြားတွင် နေထိုင်သည့် နတ်ဆိုးကျင့်ကြံသူတစ်ယောက်ဖြစ်ပေမည်။
အဖြူ ရောင်ဝတ်စုံဖြင့်အမျိုးသမီးသည် နှလုံးသားဖမ်းဆုပ်သူဘိုးဘေးအား လိုက်လံဖမ်းဆီးနေသည့် မုန့်ကျူ းယွင်ဖြစ်သော်လည်း လက်ရှိတွင် သူမက ထောင်ချောက်အတွင်းသို့ မတော်တဆကျဆင်းသွားပုံရသည်။
မုန့်ကျူ းယွင်၏အော်ရာသည် ဘိုးဘေးကျိုက်၏အော်ရာထက် ပို၍အားကောင်းသည်မှာ သိသာထင်ရှားသည်။ သို့ရာတွင် သူမက ဘိုးဘေးကျိုက်၏မဟာသွေးစွမ်းအင်ဝင်္ကပါအတွင်းသို့ ကျဆင်းခဲ့ပြီးထောင်ချောက်မိကာ ယခုချိန်ထိရွေ့လျား၍ မရတော့ချေ။
"ဟိ..ဟိ..ဒီ ညှို့ဓာတ်သိမ်မွေ့ဆေးက စိတ်ဝိညာဉ်တွေကို ထိန်းချုပ်နိုင်လို့ လူသိများကျော်ကြားတယ်....ငါက ဒါဝယ်ဖို့ စိတ်ဝိညာဉ်ကျောက်တုံး ဆယ်သန်းတောင် အကုန်အကျခံခဲ့ရတာ....ဒါပေမယ့် မင်းလို နက်နဲသိမ်မွေ့ကျိုးကျောင်းတော်က သခင်မလေးတစ်ယောက်အပေါ်မှာ အသုံးပြုရတာ အဆိုးကြီးတော့မဟုတ်ပါဘူးလေ"
ဘိုးဘေးကျိုက်က မုန့်ကျူ းယွင်၏ပြစ်မျိုးမှဲ့မထင်ခန္ဓာကိုယ်ပေါ်သို့ သူ၏လက်များကို မောက်မာစွာဖြင့် ထိတွေ့ကြည့်ရင်းမှ သူ၏လက်အတွင်းရှိ ခရားမှပန်းရောင်အခိုးအငွေ့များကိုလည်း အဆတ်မပြတ်လွှင့်ထုတ်နေလေသည်။
"ရှင်က ကျွန်မရှေ့မှာ ကိုယ်အကန့်အသတ်ကိုယ်မသိဘဲ ပြုမူဝံ့တယ်ပေါ့"
မုန့်ကျူ းယွင်က သူမ၏ မက်မွန်သီးပုံစံမျက်လုံးများဖြင့် ဘိုးဘေးကျိုက်ကို စိုက်ကြည့်ပြီး ရုတ်တရက် သူမ၏လက်အတွင်းမှဓားရှည်ကို ခုတ်ပိုင်းလိုက်သည်။
"ရွှမ်း..."
မုန့်ကျူ းယွင်၏ဓားရှည်က အဖြူ ရောင်အလင်းတန်းအား သယ်ဆောင်လာခဲ့သည်။ ဓားချီစီးကြောင်းတစ်ကြောင်းက သူမ၏အနားတစ်ဝိုက်တွင် လှည့်ပတ်နေပြီး ရုတ်တရက် ပန်းရောင်အခိုးအငွေ့များအား မှုတ်ထုတ်လိုက်သည်။
ဓားချီက အလွန်အမင်းထက်ရှသဖြင့် မုန့်ကျူ းယွင်၏ဘေးပတ်ဝန်းကျင်ရှိ ပန်းရောင်မြူ ခိုးများအား လွင့်ပါးစေခဲ့သည်။
ိ"ဟား ဟား....ငါက စိတ်ဝိညာဉ်ကျောက်တုံး အမြောက်အများအကုန်ခံပြီး သာမာန်ဆေးမှုန့်ကိုဝယ်လာတယ်လို့ မင်း ထင်နေလား"
ထိုမြင်ကွင်းအားမြင်လိုက်ချိန်တွင် ဘိုးဘေးကျိုက်က အလျှင်စလိုလှုပ်ရှားခြင်းမရှိချေ။
ထိုအစား ဘိုးဘေးကျိုက်စကားဆုံးသည်နှင့် မုန့်ကျူ းယွင်၏ဓားချီကြောင့် ပျက်ပြယ်သွားသည့်ပန်းရောင်မြူ ခိုးများသည် ရုတ်တရက် သူမထံသို့ တရကြမ်းတိုးဝင်လာလေ၏။
ဘိုးဘေးကျိုက်က ထိုမြင်ကွင်းကိုမြင်ချိန်တွင် သူက ပို၍ပင် စိတ်ကြီးဝင်လာဟန်ဖြင့် ရယ်မောလိုက်သည်။
"ဒါက စိတ်ဝိညာဉ်အတွက် အဆိပ်ပဲ....မင်းရဲ့ဓားချီ ဘယ်လောတ်ထိအားကောင်းနေပါစေ ကိစ္စမရှိဘူး...မင်းရဲ့ဓားချီက ဒီ ညှို့ဓာတ်သိမ်မွေ့ဆေးကို လွင့်ပျယ်စေမှာမဟုတ်ဘူး...ဒါက တဖြည်းဖြည်းနဲ့ မင်းရဲ့စိတ်ဝိညာဉ်ထဲကိုဝင်ရောက်ပြီး မင်းရဲ့အသိစိတ်ကို ဖျက်ဆီးပစ်လိမ့်မယ်...ဟိ ဟိ....ပြီးတာနဲ့ မင်းက ငါ့အမိန့်ကိုနာခံရတဲ့ ကျေးကျွန်တစ်ယောက်ဖြစ်လာမယ်"
ပန်းရောင်မြူ ခိုးများက မုန့်ကျူ းယွင်ပေါ်သို့ ကျရောက်လုနီးပါးဖြစ်ပေ၏။ မုန့်ကျူ းယွင်၏မျက်လုံးအတွင်းတွင် ခက်ထန်သည့့်အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။ မည်သည့်တုန့်ဆိုင်းမှုမျှမရှိဘဲ သူမက ဆွဲပြားတစ်ခုအားထုတ်ယူ၍ ချိုးလိုက်သည်။
ဝမ်.....
ကျိုးပဲ့သွားသောဆွဲပြားမှနေ၍ အားကောင်းသည့်အဖြူ ရောင်အလင်းတန်းအား ထုတ်လွှတ်ခဲ့သည်။ ခပ်သဲ့သဲ့ကြွေးကြော်သံတစ်သံထွက်ပေါ်လာပြီး ခန့်ညားထည်ဝါပြီးမြင့်မြတ်သည့်အော်ရာတစ်ခုက လှိုဏ်ဂူတစ်ခုလုံး ပြည့်နှက်သွားလေ၏။
"သူတော်စင်အဆင့် ရှေးဟောင်းပစ္စည်း"
ဘိုးဘေးကျိုက်က အလျှင်စလိုဖြင့် သူ၏စိတ်ဝိညာဉ်စွမ်းအားကိုအသုံးပြု၍ ဧရာမဒိုင်းကြီးတစ်ခုကို ဆင့်ခေါ်ပြီး သူ၏ရှေ့၌ ကာဆီးထားလိုက်သည်။
အလင်းရောင်က အလွန်အမင်းတောက်ပနေသော်လည်း ၎င်းက မုန့်ကျူ းယွင်၏ဘေးပတ်လည်ရှိ ပန်းရောင်မြူ ခိုးများကို လွင့်ပြယ်စေရုံသာရှိသည်။ ၎င်းအလင်းတန်းက ဝင်္ကပါ၏အစွန်းနှင့်ထိတွေ့မိသောအခါတွင်မူ ရုတ်တရက်ရပ်တန့်သွားခဲ့သည်။
ဘိုးဘေးကျိုက်က ထိုအခြင်းအရာကိုမြင်ချိန်တွင် သူက ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။
"ဟား ဟား...မုန့်ကျူ းယွင် မင်းမှာသတ္တိရှိတယ်ဆိုရင် ငါရဲ့ဝင်္ကပါကို ချိုးဖျက်လိုက်လေ....အဲ့ဒါဆိုရင် နဂါးသွေးကြောပြိုလဲပြီးတော့ မရေမတွက်နိုင်တဲ့သေမျိုးတွေ မင်းကြောင့်သေရလိမ့်မယ်....အဲ့ဒီအချိန်ကျရင် မိုးကောင်းကင်ကံကြမ္မာက မင်းအပေါ်ကျရောက်ပြီးတော့ မိုးကြိုးရိုက်ခတ်ခံရပြီး မင်းက ပြာအဖြစ်ပြောင်းသွားရလိမ့်မယ်"
ထိုကဲ့သို့စကားမျိုးကို ဘိုးဘေးကျိုက်က ပြောဆိုနေသော်လည်း သူသည် သတိကြီးစွာထား၍ စိတ်ဝိညာဉ်ဒိုင်းကို သူ၏ရှေ့၌ ကာရံထားဆဲဖြစ်သည်။
ဘိုးဘေးကျိုက်၏ခြိမ်းခြောက်မှုသည် အလုပ်ဖြစ်ပုံရသည်။
"ရွှမ်း...."
အဆုံးမရှိသော အဖြူ ရောင်အလင်းတန်းသည် တဖြည်းဖြည်းပျောက်ကွယ်သွားပြီး မုန့်ကျူ းယွင်၏ဖြူ ဖျော့နေသောမျက်နှာထွက်ပေါ်လာသည်။ သေချာစွာပင် မုန့်ကျူ းယွင်၌ ဤဝင်္ကပါကိုချိုးဖျက်ရန် သတ္တိမရှိပေ။
ဘိုးဘေးကျိုက်က လှောင်ပြုံးပြုံးရင်း နံဘေးရှိတွင်းနက်ကြီးထံသို့ သူ၏လက်ကိုဆန့်ထုတ်လိုက်သည်။
"ဝူး......"
ကြောက်မက်ဖွယ်ကောင်းသည့် ငိုကြွေးမြည်တမ်းသံများနှင့်ယှဉ်တွဲ၍ သေသူများ၏နှလုံးသားများက အတူတကွဆတ်နွယ်၍ တွင်းနက်အတွင်းမှ ဘိုးဘေးကျိုက်၏ဆွဲထုတ်ခြင်းခံလိုက်ရသည်။
သိပ်သည်းသော သွေးစွမ်းအင်က လှိုဏ်ဂူတစ်ခုလုံးကို ချက်ချင်းလွှမ်းမိုးသွားခဲ့သည်။ ယခုနေရာ၌ မရေမတွက်နိုင်သည့် သရဲတစ္စေများက လေထုအတွင်းငိုကြွေးမြည်တမ်းနေသကဲ့သို့ ဖြစ်ပေါ်နေသည်။ ထိုအချိန်မှာပင် သွေးရောင်အလင်းတန်း ထွက်ပေါ်လာပြီး တွင်းနက်ကြီးအား လင်းလက်သွားစေသည်။
တွင်းနက်ကြီး၏အောက်ခြေတွင် မရေမတွက်နိုင်သည့်အလောင်းများစုပုံနေလေ၏။ ထိုအလောင်းများ၏နှလုံးသားများမှာ ဆွဲထုတ်ခြင်းခံထားရပြီး သူတို့၏သွေးများက မြစ်ရေကဲ့သို့စီးဆင်းနေရာ ကြည့်ရှုမိသူအတွက် တုန်လှုပ်ချောက်ချားဖွယ်မြင်ကွင်းဖြစ်ပေသည်။
"ရှင်....နတ်ဆိုး....လူဘယ်လောတ်များများ ရှင်သတ်ပြီးပြီလဲ"
မုန့်ကျူ းယွင်၏မျက်လုံးက အေးစက်တင်းမာမှုများ ပြည့်နှက်နေလေ၏။
"သူတို့က သေမျိုးတွေပဲ...ငါ ဘာလို့ သတ်လို့မရရမှာလဲ"
သွေးရောင်အလင်းတန်းက ရုတ်တရက် ဘိုးဘေးကျိုက်၏မျက်လုံးမှ ထွက်ပေါ်လာသည်။
"ငါက သွေးချီကို အသုံးပြုပြီး မင်းရဲ့စိတ်ဝိညာဉ်စွမ်းအင်ကို ဖြည်းဖြည်းခြင်း ကုန်ခမ်းစေမယ်....မင်းရဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေက အနှေးနဲ့အမြန်ကုန်ဆုံးသွားမှာပဲ....မုန့်ကျူ းယွင် မင်းက ငါ့လက်ထဲကိုရောက်နေပြီ...ထွက်သွားဖို့ဆိုတကို မင်း မေ့လိုက်တော့..."