← Chapters

အခန်း (၄၁-၄၅)

Vol. 1-5 Ch. 41-45

အခန်း (၄၁-၄၅)

Vol. 1-5 Ch. 41-45

Chapter 41

"အဲ့ဒီအကြောင်း တွေးတောင်တွေးနဲ့"

မုန့်ကျူ းယွင်က အော်ဟစ်လိုက်၏။

ရုတ်တရက် သူမ၏လက်အတွင်းရှိ ဓားရှည်ကို ဝှေ့ယမ်းသည်ကိုသာ ဘိုးဘေးကျိုက်မြင်လိုက်ရပြီး သူ၏ဘေးပတ်လည်တွင် မြောက်များစွာသော ဓားချီများ ဝန်းရံခြင်းခံလိုက်ရသည်။

ထိုဓားချီများတွင် ခံညားထည်ဝါသည့် အော်ရာအပြည့်ပါဝင်ပေ၏။ မုန့်ကျူ းယွင်၏ဘေးပတ်ဝန်းကျင်တွင် သွေးမြူ များဖြင့်ဖုံးလွှမ်းနေခဲ့သည်။ သို့ရာတွင် သူမ၏ဓားချီက သွေးမြူ များပေါ်သို့ ကျရောက်သည့်အခါတွင် မီးကိုရေအေးနှင့်ငြိမ်းသတ်သကဲ့သို့ ဖြစ်ပေါ်လာသည်။ ချက်ချင်းဆိုသလိုပင် သွေးမြူ များသည် လေထုအတွင်းမှ ပျောက်ကွယ်လုနီးပါး ဖြစ်လာ၏။

သို့ရာတွင် ထိုသို့ပြုလုပ်သည်က သူမအတွက် ရေရှည်ဖြေရှင်းနိုင်ခြင်း မဟုတ်ချေ။

ဘိုးဘေးကျိုက် သတ်ဖြတ်ခဲ့သော လူ မည်မျှအထိများပြားသည်ကို မည်သူမျှမသိရှိနိုင်ပေ။ သူက တွင်းနက်ကြီးအတွင်းသို့ ကြည့်လိုက်သည်နှင် လေထုက သွေးညှီနံများဖြင့် တစ်ဖန်ပြန်၍ပြည့်နှက်လာလေ၏။

သူမက မဟာသွေးစွမ်းအင်ဝင်္ကပါကို ခုခံရသည့်အတွက် အလွန်မောပန်းနှင့်ပြီးဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူမ၏စိတ်ဝိညာဉ်စွမ်းအင်တစ်ချို့ကိုခွဲထုတ်၍ သွေးမြူ များကိုလည်း တားဆီးနေရသည်။ မုန့်ကျူ းယွင်၌ ထိုအရာများကို ထပ်မံခုခံတားဆီးနိုင်ရန် အမှန်တစ်ကယ်ပင် စွမ်းအားမရှိတော့ချေ။

ဘိုးဘေးကျိုက်က မောက်မာသောအသံဖြင့် ရယ်မောလေသည်။

"ဟား ဟား..မုန့်ကျူ းယွင် မင်းက အဝိုင်းသေးနယ်ပယ်ကျင့်ကြံသူမဟုတ်ဘူးလား....တစ်ကယ်လို့ မင်းမှာစွမ်းရည်ရှိတယ်ဆိုရင် ထွက်လာပြီး ငါ့ကိုသတ်လေ"

မုန့်ကျူ းယွင်က ဝင်္ကပါကို ချိုးဖျက်ဝံ့ခြင်းမရှိသည်ကို ဘိုးဘေးကျိုက် အတိအကျသိရှိထားသည်။

အမှန်တရားသည်လည်း မုန့်ကျူ းယွင်က ထိုဝင်္ကပါအား မည်သို့မျှ မချိုးဖျက်ဝံ့ပေ။ ထိုဝင်္ကပါအတွင်းတွင် သေမျိုးများစွာ၏အသက်ကိုဆုပ်ကိုင်ထားသည့် နဂါးသွေးကြောပါဝင်နေသည်ဟူသော အချက်ကို သူမ ခဏဘေးဖယ်ထားလိုက်မည်ဆိုပါဆို့။ အကယ်၍ သူမက ဝင်္ကပါအား ချိုးဖျက်နိုင်လျှင်ပင် သူမ၏စိတ်ဝိညာဉ်စွမ်းအင် ကုန်ခမ်းပြီး ဘိုးဘေးကျိုက်၏တိုက်ခိုက်မှုအား ရင်ဆိုင်ရာတွင် ကူရာကယ်ရာမဲ့ဖြစ်သွားပေမည်။

"တကယ်လို့ ဒီနတ်ဆိုးက ဒီလောတ်ထိ ပါးနပ်မယ်ဆိုတာ ငါ ကြိုသိခဲ့ရင်....ငါ တရကြမ်းတိုးဝင်မိမှာမဟုတ်ဘူး'

မုန့်ကျူ းယွင်က သူမ၏စိတ်နှလုံးသားအတွင်းတွင် ခါးသီးသောနာကျင်မှုအား ခံစားနေရသည်။ မူလက သူမ၏ကျင့်ကြံမှုအဆင့်သည် ဘိုးဘေးကျိုက်ထက်မြင့်သဖြင့် လွယ်လွယ်ကူကူထွက်ခွာသွားနိုင်မည်ဟု သူမ တွေးထင်ထားခဲ့သည်။ သို့ရာတွင် အဆုံးသတ်၌ သူမ လှည့်စားမှုတစ်ခုအတွင်း ကျရောက်ရမည်အား မည်သည့်အချိန်ကမျှ သူမမတွေးမိခဲ့ပေ။

ယခုအချိန်တွင် မုန့်ကျူ းယွင်က အကျပ်အတည်းတစ်ခုအတွင်း ကျရောက်နေလေ၏။ သူမ၏စိတ်ဝိညာဉ်စွမ်းအင် လှည့်ပတ်ခြင်းအား ထိန်းသိမ်းထားရုံမျှသာ တတ်နိုင်သည်။ ထို့ကြောင့်သူမက ဘိုးဘေးကျိုက်အား တန်ပြန်တိုက်ခိုက်နိုင်မည့်အစီအစဉ်အား လျှင်လျှင်မြန်မြန် တွေးတောနေခဲ့သည်။

"မင်းက ထွက်သွားနိုင်မယ် ထင်နေတုန်းပဲလား"

ဘိုးဘေးကျိုက်က မုန့်ကျူ းယွင်၏အတွေးများကို ထွင်းဖောက်မြင်ရသကဲ့သို့ သူကသွေးမြူ များအားပို၍ ဖြစ်ပေါ်စေခဲ့သည်။

ရုတ်တရက်ဆိုသလို မုန့်ကျူ းယွင် ဘေးပတ်ဝန်းကျင်ရှိ သွေးမြူ များပို၍ထူထဲလာသည်။ သွေးမြူ များက သူမ၏ဓားချီကို ဆန့်ကျင်တိုက်ခိုက်နေသဖြင့် တစ်ခုနှင့်တစ်ခုထိခတ်မိရာ "ဖူ...ဖူ"ဟူသော အသံများ ထွက်ပေါ်နေသည်။

မုန့်ကျူ းယွင်က သူမ၏ခေါင်းကို မော့နိုင်ရန်ပင် အတော်ခက်ခဲနေလေ၏။ သူမ၏အနက်ရောင်ဆံနွယ်များသည် နဖူးပေါ်တွင် ဖရိုဖရဲကျနေရာ ကြည့်ရသည်မှာ စိတ်ဆင်းရဲစရာအတိဖြစ်နေသည်။

မုန့်ကျူ းယွင်က ဘိုးဘေးကျိုက်အား စူးစူးရဲရဲကြည့်ပြီး ပြောကြားလိုက်သည်။

"ရှင် ကျွန်မကို သတ်မယ်ဆိုရင်....ကျွန်မ အဖေရဲ့အမျက်ဒေါသကို မကြောက်ဘူးလား"

ဘိုးဘေးကျိုက်၏နှလုံးခုန်နှုန်း တစ်ချက်လွတ်သွားသကဲ့သို ခံစားရပြီး ရုတ်တရက် သူက တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

မုန့်ကျူ းယွင်၏ဖခင်သည် နက်နဲသိမ်မွေ့ကျိုးကျောင်းတောင်အား သူ တစ်ဦးတည်းဖြင့်စတင်တည်ထောင်ခဲ့သူဖြစ်သည်။ သူက အလယ်ပိုင်းဒေသမှာပင် အာဏာရှင်တစ်ယောက်ဟု ကျော်ကြားသူဖြစ်ပေ၏။

လူအများပြောကြသည်မှာ မုန့်ရွှယ်ကျိုး၏ခွန်အားသည် မှန်းဆမရနိုင်သည့်အဆင့်တစ်ခုသို့ ရောက်ရှိနေပြီဟုဖြစ်သည်။ ထိုမျှမက သူသည် နတ်ဆိုးများအား အလွန်မုန်းတီး၍ မရေမတွက်နိုင်သည့် နတ်ဆိုးကျင့်ကြံသူများသည် မုန့်ရွှယ်ကျိုး၏လက်ထဲ၌ သေဆုံးခဲ့ရသည်။

ဘိုးဘေးကျိုက်က ရုတ်တရက်သူ၏ခေါင်းကိုမော့လိုက်ပြီး လှောင်ပြောင်သရော်လိုဟန်ဖြင့် သူ့နှုတ်ခမ်းအားတွန့်ကွေးလိုက်၏။

"မင်းက ငါကို ခလေးတစ်ယောက်လို့ထင်နေတာလား...တစ်ကယ်လို့ ငါ မင်းကိုမသတ်ရင်တောင် မုန့်ရွှယ်ကျိုးက ငါကိုအလွတ်ပေးမှာမလို့လား"

ဘိုးဘေးကျိုက်က တစ်စုံတစ်ခုကိုတွေးတောမိသွားပြီး မုန့်ကျူ းယွင်၏ တင့်တယ်ပြေပြစ်သော ခန္ဓာကိုယ်အား အငမ်းမရ စတင်ကြည့်ရှုလိုက်သည်။

"အဲ့ဒီ မုန့်ရွှယ်ကျိုးက သူရဲ့ဂုဏ်သတင်းကို အရမ်းဂရုစိုက်တယ်လို့ ငါ ကြားဖူးတယ်....ထပ်ပြောရရင် နတ်ဆိုးကျင့်ကြံသူတစ်ယောက်က သူသမီးရဲ့ဗိုက်ကို ဖောင်းပွလာအောင်လုပ်မယ်ဆိုရင်.....ဒါကို သူအပြစ်တင်နိုင်တော့မှာမဟုတ်ဘူး...ဒါပြင် သူရဲ့လက်စားချေမှုကလည်း သူရဲ့ကြီးမားတဲ့ဂုဏ်သတင်းကြောင့် မလုပ်နိုင်ဘဲ တိတ်ဆိတ်စွာနဲ့ တောင့်ခံနေရုံပဲ သူ တတ်နိုင်လိမ့်မယ်"

ိဘိုးဘေးကျိုက်၏မျက်နာပေါ်တွင် ဆိုးညစ်တော့မည့် အပြုံးတစ်ခု ပေါ်ပေါက်လာသည်။

ဘာ.....

မုန့်ကျူ းယွင်က သူမ၏နားကိုပင် မယုံကြည်နိုင်အောင် ဖြစ်သွားရသည်။ ချက်ချင်းဆိုသလိုပင် သူမ၏နှလုံးသားများ ဒုန်းစိုင်းပြေးနေရသကဲ့သို့ ခုန်လာခဲ့သည်။

ထို နှလုံးသားဖမ်းဆုပ်သူဘိုးဘေးက ဤကဲ့သို့ယုတ်မာသည့်အလုပ်မျိုးလုပ်မည်အား သူမအတိအကျသိရှိလေ၏။ သူက နှစ်ပေါင်းများစွာကြာအောင် အလယ်ပိုင်းကုန်းမြေ၏ အလိုရှိစာရင်းတွင် တည်ရှိနေသူဖြစ်သည်။ မည်မျှထိ ဆိုးယုတ်သည့်ကိစ္စရပ်များကိုဖြစ်စေ ယခင်က သူ မပြုလုပ်ဘူးသည်မရှိပေ။

"အိပ်မက်ဆတ်မက်နေလိုက်....ကျွန်မ ဒီလှိုဏ်ခေါင်းထဲဝင်မလာခင်...ကျွန်မရဲ့နောက်လိုက်ဂိုဏ်းသားတွေကို ဆတ်သွယ်ထားပြီးပြီး.....ရှင် အခုထိ ထွက်မသွားသေးဘူးဆိုရင် တခဏအကြာမှာ ရှင်ထွက်မသွားနိုင်တော့မှာ ကျွန်မ စိုးရိမ်မိတယ်"

မုန့်ကျူ းယွင်က အေးစက်တင်းမာစွာဖြင့် ပြောကြားလေ၏။

ဘိုးဘေးကျိုက်က အချိန်တခဏကြာ ကြက်သေသေသွားခဲ့သော်လည်း ရုတ်တရက်ထ၍ ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"ငါက နက်နဲသိမ်မွေ့ကျိုးကျောင်းတော်ရဲ့ သခင်မလေး မုန့်ကျူ းယွင်အကြောင်း နားမလည်ဘူးလို့ထင်နေတာလား....မင်းရဲ့မာနကြီးမှုအရ မင်းလိုလူမျိုးကိုကူညီဖို့ နောက်လိုက်ဂိုဏ်းသားတွေကို သတင်းကြိုပို့ထားတယ်တဲ့လား....ဟား.....ဟား....ဘယ်လိုဟာသမျိုးလဲ"

မုန့်ကျူ းယွင်က သူမ၏နှုတ်ခမ်းများကို ဖိကိုက်မိသည်။ ထို ဘိုးဘေးကျိုက်ဆိုသူသည် အလွန်အတွေ့အကြုံများလေ၏။ သူမ၏သေးငယ်သောလှည့်ကွက်သည်လည်း အတိအကျပင် အသုံးမဝင်ခဲ့ပေ။

ဘုန်း....

ထိုအချိန်မှာပင် ကျောက်တုံးကြီးတစ်တုံးက လှိုဏ်ခေါင်းအပြင်မှ လွင့်လာပြီး ဘိုးဘေးကျိုက်ထံသို့ တရကြမ်းတိုးဝင်လာလေသည်။

Chapter 42

ထိုအသံက ဘိုးဘေးကျိုက်၏နှဖူးမှ ချွေးစေးများအား စီးကျလာစေသည်။

"မုန့်ကျူ းယွင်က အမှန်တစ်ကယ် နောက်လိုက်ဂိုဏ်းသားတွေကို ခေါ်ဆောင်ထားတယ်လို့တော့ ငါကိုမပြောကြနဲ့"

ဘိုးဘေးကျိုက်က ရုတ်တရက် ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုပြီ သူ၏လက်သည်းများဖြင့် ပြင်းပြင်းထန်ထန် ကုတ်ခြစ်လိုက်သည်။

"ခရက်...."

ကြီးမားသော ကျောက်တုံးကြီးသည် ဘိုးဘေးကျိုက်၏ကုတ်ခြစ်မှုကြောင့် အပိုင်းပိုင်းအစစကွဲထွက်ပြီး မြေပြင်ပေါ်သို့ ကျဆင်းသွားတော့သည်။

ဘိုးဘေးကျိုက်က ကျောက်တုံးထွက်ပေါ်လာသည့်နေရာအား ကြည့်ရှုစစ်ဆေးလိုက်ရာ သူအား အေးစက်စက်အမူအယာဖြင့်စိုက်ကြည့်နေသည့် သပ်ရပ်စွာဝတ်ဆင်ထားသော လူငယ်တစ်ယောက်အား လှိုဏ်ဂူ၏ဝင်ပေါက်တွင် တွေ့လိုက်ရသည်။

ထိုလူငယ်၏ အေးဆေးတည်ငြိမ်သော အသွင်အပြင်သည် မည်သည့်အရာကိုမျှ သူ မလုပ်ထားသကဲ့သို့ပင်။

ဘိုးဘေးကျိုက်က တုန်လှုပ်သွားသော်လည်း သူ၏စိတ်ဝိညာဉ်အာရုံမှနေ၍ လူငယ်၏ကျင့်ကြံမှုအဆင့်အား စမ်းသပ်မိသောအခါတွင် သူ၏မျက်နှာတွင် မယုံသင်္ကာဖြစ်ခြင်းအား ဖော်ထုတ်လိုက်မိသည်။

'ဘာလဲ...ဟိုထျန်း နဝမအဆင့်လား.....သေမျိုးတစ်ယောက်သာ ဖြစ်တဲ့လူငယ်က သူကို ကျောက်တုံးနဲ့ပစ်ဝံ့တာလား'

ထိုအချိန်တွင် လုယွီက ကျောက်တုံးအား ကန်ကျောက်ခဲ့သည့် အနေအထားတွင်ရှိနေဆဲဖြစ်သည်။ လုယွီက သူ၏ခြေထောက်ကိုပြန်ရုတ်သိမ်းလိုက်ပြီး ဘိုးဘေးကျိုက်ထံသို့ လျှောက်လှမ်းလိုက်သည်။

"ဒီ ဝင်္ကပါက ခင်ဗျားတပ်ဆင်ထားတာလား"

ဘိုးဘေးကျိုက်က ကောင်းကင်ဘုံသင်္ကေတနယ်ပယ် ပညာရှင်တစ်ယောက်ဖြစ်သည်။ သူ၏ လက်ညှိုးတစ်ချောင်း ဆန့်ထုတ်လိုက်ရုံဖြင့် သူ၏ရှေ့ရှိလူငယ်အား ပုရွက်ဆိတ်တစ်ကောင်အား ကြိတ်ချေပစ်သကဲ့သို့ လုပ်နိုင်ပေ၏။

"မုန့်ကျူ းယွင်....ဒါက မင်း ခေါ်လိုက်တဲ့ နောက်လိုက်ဂိုဏ်းသားလား"

ဘိုးဘေးကျိုက်က မုန့်ကျူ းယွင်ဘက်သို့လှည့်၍ မေးမြန်းလိုက်သည်။

မုန့်ကျူ းယွင်သည်လည်း တုန်လှုပ်နေသည်သာ ဖြစ်ပေ၏။ သူမ လှိုဏ်ခေါင်းအတွင်းသို့မဝင်မှီ သူမ၏စိတ်ဝိညဉ်အာရုံအားအသုံးပြု၍ ဘေးပတ်ဝန်းကျင်အား စစ်ဆေးပြီးဖြစ်သည်။

ဘိုးဘေးကျိုက်က မုန့်ကျူ းယွင် မည်သည့်စကားမျမဆိုကြောင်း မြင်လိုက်ချိန်တွင် သူက အဖြစ်အပျက်အများစုအား ခန့်မှန်းနိုင်သွားသည်။

သိသာထင်ရှားစွာဖြင့် ထိုလူငယ်သည် မတော်တဆ ပါဝင်ပတ်သက်မိသည့် သေမျိုးတစ်ယောက်သာဖြစ်ပေမည်။ ဖြစ်နိုင်သည်က ထိုကောင်လေးသည် ကိုယ့်ခွန်အားကို ကိုယ်မသိသူသာဖြစ်ရမည်။ လူငယ်လေးက ရူးသွပ်နေသည့် ခလေးတစ်ယောက်သာ ဖြစ်ပေလိမ့်မည်။

"ကောင်လေး..ငါ ဘယ်သူလဲဆိုတာ မင်းသိလား"

ဘိုးဘေးကျိုက်က လူတိုင်းအပေါ်သို့ ဖိအားပေးနိုင်သည့် အစွမ်းထက်သောအော်ရာတစ်ခုကို ကျဆင်းစေပြီး အေးစက်စက်မေးမြန်းလိုက်သည်။

ပတ်ဝန်းကျင်ရှိမြေပြင်သည် အနည်းငယ်တုန်ယင်သွားပြီး လေထုအတွင်းတွင် ဖိနှိပ်နိုင်သည့်စွမ်းအားလှိုင်းများ ပဲ့တင်ထပ်နေလေ၏။

"သေမျိုးလေး....မြန်မြန်ထွက်သွားစမ်း...သူက နင်ကိုသတ်လိမ့်မယ်"

မုန့်ကျူ းယွင်က သူမ၏အသိစိတ်ပြန်ဝင်လာသည်နှင့် တပြိုင်နက်တည်း ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

သူမတို့၏ ရွှယ်ကျိုးအဖွဲ့အစည်း(ရှေ့တွင် နက်နဲသိမ်မွေ့ကျိုးကျောင်းတော်)သည် လောကအတွင်းရှိသက်ရှိအားလုံးအား သူတို့၏ကိုယ်ပိုင်အသက်ကဲ့သို့ သဘောထားသည့်နေရာဖြစ်သည်။ အကယ်၍ သေမျိုးတစ်ယောက်သာ သူမ၏မျက်စိရှေ့တွင် အသတ်ခံရမည်ဆိုပါက မုန့်ကျူ းယွင် သူမကိုယ်သူမ ခွင့်လွှက်နိုင်မည်မဟုတ်ပေ။

ဘိုးဘေးကျောက်က ရယ်မောလိုက်၏။

"မုန့်ကျူ းယွင်.....မင်းကိုယ်မင်း အရင်ဂရုစိုက်သင့်တယ်"

ထိုစကားသံနှင့်အတူ ဘိုးဘေးကျောက်က ထိုသေမျိုးလူငယ်နှင့်ကစားရန်အတွက် ပြင်ဆင်သည့်အနေဖြင့် သူ၏အော်ရာကိုမြှင့်တင်လိုက်သည်။

"မုန့်ကျူ းယွင်....မင်းက အမြဲတမ်း နတ်ဆိုးတွေကို အပြစ်ပေးပြီး ကောင်းတဲ့အရာတွေကိုလုပ်ရတာ နစ်သက်တဲ့သူမလား ငါ ဒီခလေးကို မင်းရဲ့ရှေ့မှာ အခုသတ်ပြမယ်...မုန့်ကျူ းယွင် မင်းရဲ့တာအိုနှလုံးသားကို မင်းဘယ်လို ထိန်းသိမ်းနိုင်မလဲဆိုတာ ကြည့်ရအောင်"

ဝီ......

လုယွီပေါ်လို့ ကြီးမားသည့်ဖိအားလှိုင်းကြီးဆင်းသက်လာရာ သူ၏အဝတ်အစားများ တဖျတ်ဖျတ်ခတ်သွားခဲ့သည်။

ဘိုးဘေးကျောက် သူ၏မျက်လုံးကိုပင် သူမယုံကြည်နိုင်တော့ပေ။ ဟိုထျန်းနဝမအဆင့်သာရှိသေးသည့် ထိုလူငယ်က သူ၏အော်ရာအောက်တွင် ဒူးမထောက်ဘဲ မတ်တတ်ရပ်နေဆဲဖြစ်ပေသည်။

ဤအရာက မည်သို့ဖြစ်နိုင်မည်နည်း....

ဘိုးဘေးကျောက်၏သူငယ်အိမ် ပြူ းကျယ်သွားခဲ့သည်။ ရုတ်တရက် သူရှေ့ရှိလူငယ်ထံမှ သူ၏အော်ရာကိုဝါးမြိုနေသည့်ထူးဆန်းသောစွမ်းအားတစ်ရပ်ကို ခံစားမိလေ၏။

"သေမျိုးတစ်ယောက်ကများ.....သေစမ်း"

ဘိုးဘေးကျောက်က သူ၏လက်ဝါးကိုရိုက်ချ၍ ထပ်မံဖိအားပေးလိုက်သည်။ ယခုတစ်ကြိမ်ရှိ လုယွီပေါ်သက်ရောက်သည့်ဖိအားသည် ပို၍ ပြင်းထန်ပေ၏။

တောင်ကြီးတစ်လုံးနှင့်တူသည့်ဖိအားက လုယွီ၏ခန္ဓာကိုယ်ပေါ်သို့ ဆင်းသက်လာသည်။ မြေပြင်ပေါ်၌ရပ်နေသော လုယွီအားဗဟိုပြု၍ နက်ရှိုင်းသည့်ချိုင့်ကြီးတစ်ချိုင့် ဖြစ်ပေါ်သွားခဲ့သည်။

မုန့်ကျူ းယွင်က လုယွီ၏သွေးထွက်သံယို ပုံပန်းသွင်ပြင်အား မကြည့်ဝံ့သည့်အတွက် သူမ၏မျက်လုံးများအား မှိတ်ထားလိုက်သည်။

ရုတ်တရက် သူမက ဘိုးဘေးကျောက်၏ အံသြတကြီးနှင့်ထိတ်လန့်သွားသည့်အသံအားကြားလိုက်ရသည်။

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ....မင်းက ငါရဲ့ဖိအားအော်ရာကိုအသုံးပြုပြီး အဆင့်ချိုးဖျက်ချင်နေတာပဲ"

ဘိုးဘေးကျောက်က တုန်လှုပ်မှုနှင့်ဒေါသထွက်မှုနှစ်မျိုးစလုံးအားခံစားလိုက်ရသည်။

လုယွီက သူ၏မျက်လုံးများမှိတ်ထားပြီး လက်နောက်ပစ်ထားသည့် အနေအထားတွင်သာရှိနေသည်။ ထိတ်လန့်တုန်လှုပ်ဖွယ် ဖိအား၏အောက်တွင် လုယွီ၏ခန္ဓာကိုယ်တစ်လျှောက်လုံးရှိ ကြွက်သားများနှင့်အရိုးများမှ အဆတ်မပြတ် အသံများထွက်ပေါ်နေသည်။

လုယွီ ဝါးမြိုခဲ့သည့် ကောင်းကင်မူလရွှေဆေးပြား ၃၄ပြားက ထိတ်လန့်ဖွယ် ဆေးစွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားပြီး သူ၏မရီးဒါန်းများအား တရကြမ်းတိုးဝင်နေလေ၏။

ဒေါင်...ဒေါင်...ဒေါင်

ဗုံတီးသံနှင့်တူသည့် အသံများကလည်း လုယွီ၏ရင်ဘတ်မှထွက်ပေါ်နေသည်။ ထိုအသံ၏နောက်မှနေ၍ နဂါးတစ်ကောင်၏ဟိန်းဟောက်သံက လှိုဏ်ခေါင်းအား ပဲ့တင်ထပ်သည်အထိ ထွက်ပေါ်လာစဉ်တွင် ရုတ်တရက် လုယွီက အေးစက်စက်အလင်းရောင်တောက်ပနေသည့် သူ၏မျက်လုံးများကိုဖွင့်လိုက်သည်။

ရှီထျန်း ပထမအဆင့်....

Chapter 44

"ငါရဲ့ခန္ဓာကိုယ်ကို အကောင်းပကတိမထားနိုင်မှာကို စိတ်ပူတယ်တဲ့လား"

ဘိုးဘေးကျိုက်၏စိတ်နှလုံးမှနေ၍ ဆိုးညစ်သည့်အပြုံးတစ်ခု ပွင့်ထွက်လာလေ၏။ ဘိုးဘေးကျိုက်က သူကိုယ်သူမထိန်းချုပ်နိုင်တော့ဘဲ လောကကြီးတွင်အရယ်ရဆုံးပြက်လုံးအားကြားရသကဲ့သို့ အော်ဟစ်ရယ်မောလိုက်သည်။

သူက ကောင်းကင်သင်္ကေတနယ်ပယ် ကျွမ်းကျင်ပညာရှင်တစ်ယောက်ဖြစ်ပေ၏။ ဂိုဏ်းများမှ အကြီးအကဲများပင် သူနှင့်ဆုံတွေ့လျှင် နှိမ့်ချနေရသည်။ သူတို့က ရက်စက်သောနတ်ဆိုးတစ်ကောင် စိတ်ဆိုးဒေါသထွက်မည်ကို ကြောက်ရွံကြသည်။

ဤကဲ့သို့ ဟိုထျန်းနယ်ပယ်ကောင်လေးတစ်ယောက်က အမှန်တကယ်ပင် မောက်မာဝံ့နေသည်။

"ငါရဲ့စိတ်ပြောင်းသွားပြီ....မင်းကိုသတ်ပစ်တာက မင်းအတွက်အရမ်းလွယ်ကူလွန်းနေမယ်"

ဘိုးဘေးကျိုက်က ရုတ်တရက် ရှည်လျားပြီး အပြည့်အဝနက်မှောင်နေသည့်ဓားတစ်ချောင်းကိုထုတ်ယူပြီး လုယွီအား အေးစက်စက်ပြုံးပြနေလေ၏။

ထိုဓားအား ကြည့်ရသည်မှာ ရိုးရှင်းပြီးဖြောင့်တန်းသော်လည်း ဘိုးဘေးကျိုက် ဆွဲထုတ်လိုက်ချိန်တွင် မုန့်ကျူ းယွင်က သည်းခြေပြတ်လုမတတ်အော်ဟစ်လိုက်သည်။

"နှလုံးဝါးမြိုဓား.....နှလုံးဖမ်းဆုပ်သူဘိုးဘေး.....ရှင်က ဒီလိုမှော်ပစ္စည်းမျိုးကို သေမျိုးလူတစ်ယောက်အပေါ် တစ်ကယ်သုံးတော့မှာလား....ရှင်က လူတောင်မှ ဟုတ်သေးရဲ့လား"

မုန့်ကျူ းယွင်က အော်ဟစ်လေ၏။

နှလုံးဝါးမြိုဓား....

ထိုဓားသည် ဘိုးဘေးကျိုက်၏ လူသိများကျော်ကြားသော မှော်ရတနာဖြစ်သည်။ နှလုံးဝါးမြိုဓားသည် အံ့အားသင့်စရာကောင်းသည်အထိ အစွမ်းထက်ရုံသာမက လူအများအားနှိပ်စက်ရန် ၎င်းဓားအား ဘိုးဘေးကျိုက်သုံးသည့်နည်းလမ်းသည် ပို၍ ကြောက်ရွံဖွယ်ကောင်းသည်။

ထိုအချိန်ကာလတုန်းက ဘိုးဘေးကျိုက်အား ရန်စခဲ့သည့် ဂိုဏ်းခေါင်းဆောင်တစ်ယောက်ရှိခဲ့သည်။ ဘိုးဘေးကျိုက်က နှလုံးဝါးမြိုဓားကိုအသုံးပြု၍ ဂိုဏ်းအတွင်းရှိလူတိုင်းအား သတ်ဖြတ်ခဲ့သည်။

ဂိုဏ်းခေါင်းဆောင်ကိုမူ သူ၏နှလုံးသားအား ဘိုးဘေးကျိုက်က နှလုံးဝါးမြိုဓားနှင့်ထိုးစိုက်ထားခဲ့သည်။ တစ်နှစ်ပတ်လုံး ဂိုဏ်းခေါင်းဆောင်သည် အလွန်အမင်းနာကျင်မှုကိုခံစားရပြီး သူက သေခွင့် သို့မဟုတ် အသက်ရှင်ခွင့်အတွက် တောင်းပန်ရန်ပင်မလုပ်နိုင်ခဲ့ပေ။

၎င်းက မခံမရပ်နိုင်လောတ်အောင် ပြင်းထန်သည့် အလွန်အမင်းနာကျင်မှုဝေဒနာ ဖြစ်ပေသည်။ နှလုံးဝါးမြိုဓားသည် လူတစ်ယောက်၏စိတ်ကို ချုပ်ထိန်းနိုင်ပြီး ထိုလူအား စိတ်ဝိညာဉ်ချီ တစိုးတစိမျှပင် အသုံးမပြုနိုင်စေရန် ဟန့်တားထားနိုင်သည်။ ထို့ပြင် နှလုံးဝါးမြိုဓား ထိုးစိုက်ထားခြင်းခံရသူသည် လှုပ်ရှား၍ပင် မရနိုင်ချေ။

အဆုံးသတ်တွင် ဘိုးဘေးကျိုက်သည် ဂိုဏ်းခေါင်းဆောင်သေဆုံးလုနီးနီးအချိန်မှသာ နှလုံးဝါးမြိုဓားကို ပြန်လည်နှုတ်ယူထားခဲ့သည်။

မုန့်ကျူ းယွင်က လက်ရှိအဖြစ်အပျက်၏အဆုံးသတ်ကို မြင်ယောင်ပြီးသား ဖြစ်လေ၏။ ယခင်က ဘိုးဘေးကျိုက်အား ရန်စခဲ့သည့် ဂိုဏ်းခေါင်းဆောင်သည် ကျင့်ကြံခြင်းလောကအတွင်းသို့ ဝင်ရောက်ပြီးသည့် အနည်းဆုံး အမြူ တေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။

ဘိုးဘေးကျိုက်၏ရှေ့တွင်ရှိနေသော ရှီထျန်းပထမဆင့် သေမျိုးတစ်ယောက်က မည်သည့်နည်းဖြင့် နှလုံးဝါးမြိုဓားအောက်မှ လွတ်မြောက်နိုင်မည်နည်း...။

"သေမျိုး ကောင်စုတ်လေး...တစ်ကယ်လို့ မင်း တစ်ယောက်ယောက်ကို အပြစ်တင်ချင်တယ်ဆိုရင်....မင်းရဲ့စိတ်ကြီးဝင်မှုကိုပဲ အပြစ်တင်တော့....မင်းက အမှန်တကယ်ကိုပဲ ငါကိုစိန်ခေါ်ဝံ့တယ်ပေါ့"

ဘိုးဘေးကျိုက်က ရက်စက်ယုတ်မာစွာဖြင့် ရယ်မောလိုက်ပြီးနောက် နလုံးဝါးမြိုဓားအားလေဖြင့်မှုတ်လိုက်သည်။ ထိုဓားက လေထုအတွင်း မျောလွင့်လာပြီး ရုတ်တရက် လုယွီထံသို့ ထိုးဖောက်လိုက်သည်။

ထိုလှုပ်ရှားမှုသည် လျှပ်ပြက်သကဲ့သို့လျှင်မြန်ပြီး တစ်ခြားသူအားတုန့်ပြန်ရန် အချိန်မပေးပေ။

နှလုံးဝါးမြိုဓားက လုယွီအား ရိုက်ခတ်မိတော့မည့်အချိန်တွင် ရုတ်တရက် လုယွီ၏မျက်လုံးအတွင်းတွင် အေးစက်စက်အလင်းတန်းတစ်ချက် တောက်ပသွားသည်။

"ဒီ သေမျိုးက ခင်ဗျားကို မသတ်နိုင်ဘူးလို့ထင်နေတာလား"

လုယွီက ချက်ချင်း မြေပြင်ပေါ်သို့ ခြေဆောင့်လိုက်ရာ အက်ကွဲကြောင်းများ မြေပြင်ပေါ်၌ ထွက်ပေါ်စေခဲ့သည်။

"ရွှမ်း.....ရွှမ်း....."

မြေပြင်ပေါ်ရှိ အက်ကွဲကြောင်းများမှ ရွှေရောင်အလင်းတန်း ထုတ်လွှတ်ပေးနေပြီး လုယွီ၏ခန္ဓာကိုယ်ပေါ်သို့ ဆင်းသက်လာလေ၏။

လုယွီ၏ရှည်လျားသော အင်္ကျီလက်များက အဆတ်မပြတ် တဖျပ်ဖျပ်ခတ်နေပြီး ပြင်းထန်သည့်လေအား မှုတ်ထုတ်ပေးနေခဲ့သည်။

နဂါးတစ်ကောင်၏ဟိန်းဟောက်သံက လေထုထဲတွင်ပြည့်နှက်နေသည်။

လှိုဏ်ခေါင်းကြီးမှနေ၍ မရေမတွက်နိုင်သည့် ကျောက်တုံးမျကျဆင်းလာပြီး ချက်ချင်းဆိုသလိုပင် လှိုဏ်ခေါင်းအတွင်းမှနေ၍ အားကောင်းသည့်အော်ရာတစ်ခု ထွက်ပေါ်လာသည်။

လုယွီက သူ၏လက်ကို ဆန့်ထုတ်ပြီး ပျံဝဲနေသည့် နှလုံးဝါးမြိုဓားအား ဆွဲကိုင်လိုက်သည်။

"ဝီ...ဝီ....ဝီ..."

နှလုံးဝါးမြိုဓားသည် ချက်ချင်းပင် လုယွီ၏လက်မှ ဆုပ်ကိုင်လိုက်ခြင်းအား ခံရလေ၏။

လုယွီ၏လက်များသည် ကဏန်းလက်မများနှင့်တူညီနေပြီး နှလုံးဝါးမြိုဓားသည် အနည်းငယ်မျှပင် ရှေ့သို့မတိုးနိုင်တော့ချေ။

"ဘယ်လို..."

ထိုမြင်ကွင်းက မယုံနိုင်ဖွယ်ရာပင်...။ သေမျိုးတစ်ယောက်သာဖြစ်သူက ဘိုးဘေးကျိုက်၏ကျော်ကြားသည့် မှော်ရတနာကို သူ၏လက်ချည်းသက်သက်ဖြင့် ဖမ်းဆွဲနိုင်ခဲ့သည်။

လုယွီက တည်ငြိမ်အေးဆေးစွာဖြင့် ဓားအား စူးစိုက်ကြည့်နေလေသည်။ သူ၏မျက်လုံးများက ဘိုးဘေးကျိုက်ပေါ်တွင်သာ အခိုင်အမာရှိနေရင်းမှ ရုတ်တရက် သူက အေးတိအေးစက် ပြောကြားလိုက်သည်။

"ဒါက...ဒီလို...ဒီလိုဆို...."

ခွပ်...ခရက်....

ပေါ့ပါးသော အသံတစ်သံနှင့်အတူ ရုတ်တရက် လုယွီက ထိုဓားအား ချိုးဖဲ့ရန်ကြိုးစားလိုက်သည်။ မရေမတွက်နိုင်သည့် အက်ကွဲကြောင်းများက နှလုံးဝါးမြိုဓား၏မျက်နှာပြင်ပေါ်တွင် ဖြစ်ပေါ်လာခဲ့သည်။

လုယွီက သူ၏ခွန်အားကို အဆတ်မပြက်တိုးမြှင့်လိုက်သည်နှင့် ထိုအက်ကွဲကြောင်းများက တဖြည်းဖြည်းပျံ့နှံ့သွားခဲ့ရာ နှလုံးဝါးမြိုဓားတစ်ချောင်းလုံး အက်ကွဲရာများ ပြည့်နှက်သွားလေသည်။

ဘုန်း...

လုယွီက နှလုံးဝါးမြိုဓားအား ပို၍တင်းတင်းဆုပ်လိုက်ရာတွင် ၎င်းက မြေပြင်ပေါ်သို့ အစိတ်စိတ်အမွှာမွှာကြွေမွ၍ ကျရောက်လာတော့သည်။

နှလုံးဝါးမြိုဓား၏အပိုင်းအစများသည် မြေပြင်နှင့်ရိုက်ခတ်မိသဖြင့် တချွင်ချွင်အသံများ ထွက်ပေါ်နေသည်။

"ခင်ဗျားကိုယ်ခင်ဗျား ဘယ်သူထင်နေတာလဲ....ဒီလို စွမ်းရည်နည်းနည်းလေးနဲ့များ..ဒီနေရာမှာ နတ်ဆိုးဝင်္ကပါကို ခင်းကျင်းဝံ့တယ်ပေါ့"

လုယွီ၏မျက်လုံးများသည် ရေခဲတမျှအေးစက်သော အလင်းရောင်များ တောက်ပနေလေ၏။

Chapter 45

"ဖူး....."

ဘိုးဘေးကျိုက်က သူ့အား မိုးကြိုးရိုက်ခတ်ခံရသကဲ့သို့ ခံစားလိုက်ရပြီး လေးလံစွာဖြင့် နောက်သို့ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။

နှလုံးဝါးမြိုဓားသည် ဘိုးဘေးကျိုက်၏သွေးဖြင့် ဆတ်သွယ်ထားပြီး သူ၏အသက်ရတနာလည်းဖြစ်သည်။ ယခု နှလုံးဝါးမြိုဓား ဖျက်ဆီးခံရချိန်တွင် ဘိုးဘေးကျိုက်သည် ပြင်းထန်သည့်ဝေဒနာအား ခံစားရတော့သည်။

"မင်းက ငါရဲ့ မှော်ရတနာကို ဖျက်ဆီးဝံ့တယ်ပေါ့"

ဘိုးဘေးကျိုက်သည် သူ၏ယုံကြည်နိုင်မှုကို ကျော်လွန်သွားသဖြင့် တုန်လှုပ်သွားခဲ့သဖြင့် ဒေါသတကြီးအော်ဟစ်လိုက်သည်။

သို့ရာတွင် တုန်လှုပ်မှုအများဆုံးသူကိုပြပါဆိုလျှင် မုန့်ကျူ းယွင်မှလွဲ၍ မည်သူမျှမဖြစ်နိုင်ချေ။ သူမက သေမျိုးတစ်ယောက်သည် မှော်ရတနာတစ်ခုအား လက်ချည်းသက်သက်ဖြင့် ချိုးဖဲ့ခဲ့သည်ကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရသည်။

လူအများပြောကြသည်မှာ ဘိုးဘေးကျိုက်၏နှလုံးဝါးမြိုဓားသည် ထိပ်တန်းအဆင့်ဓမ္မရတနာဖြစ်ရန် လွန်စွာနီးစပ်သည်ဟုဆိုကြသည်။ သူမကိုယ်တိုင်ပင် ထိုကဲ့သို့သောရတနာမျိုးကို ချိုးဖဲ့နိုင်မည်မဟုတ်ပေ။

ဤအရညက မည်သည့်ခွန်အားမျိုးဖြစ်သနည်း....။

မုန့်ကျူ းယွင်က သူမ၏စိတ်နှလုံးအတွင်းမှ သက်ပြင်းချမိသော်လည်း မကြာခင်မှာပင် လုယွီအတွက် ပို၍စိတ်ပူစပြုလာသည်။

မည်သို့ပင်ဖြစ်စေကာမူ ဘိုးဘေးကျိုက်သည် ကောင်းကင်ဘုံသင်္ကေတနယ်ပယ်ပညာရှင်တစ်ယောက် ဖြစ်နေ၏။ ဘိုးဘေးကျိုက်နှင့်ထိုသေမျိုးလူငယ်အကြား အဆင့်ကွာခြားချက်သည် အလွန်ကြီးမားလှသည်။

"ငါမင်းကို အသက်ရှင်နေသရွေ့ မျက်ရည်ကျရအောင် လုပ်ပြမယ်"

ယခုတစ်ကြိမ်တွင် ဘိုးဘေးကျိုက်က အမှန်တစ်ကယ်ကိုပင် ဒေါသထွက်နေလေ၏။ ဘိုးဘေးကျိုက်က သေမျိုးတစ်ယောက်ကြောင့် သူ၏ခန္ဓာကိုယ်ပေါ်တွင် နာကျင်မှုဒဏ်အား ခံစားခဲ့ရသည်။

ဘိုးဘေးကျိုက်၏စိတ်ဝိညာဉ်စွမ်းအင်များ အပြည့်အဝပေါက်ကွဲထွက်လာပြီး သူ၏ခန္ဓာကိုယ်ပေါ်မှ ယင်ချီများဖြင့် တစ္စေဦးခေါင်းပုံသဏ္ဌန် ဖွဲ့စည်းလိုက်သည်။

သတ်ဖြတ်ချင်စိတ်ရှိသော အော်ရာများက လေထုအတွင်း စိမ့်ဝင်ပျံ့နှံ့နေသည်။ လှိုဏ်ခေါင်းထဲရှိ တွင်းနက်ကြီးမှ အလောင်းများ၏စိတ်ဝိညာဉ်များ ချိတ်ဆတ်ခံထားရပြီး သူတို့အား ဘိုးဘေးကျိုက်မှ ထိန်းချုပ်နေသည်။

ဝှစ်.....ဝှစ်....ဝှစ်

ဘိုးဘေးကျိုက်၏စူးရှချွန်ထက်သော လက်သည်များက ပြင်းထန်သော လေပြင်းအားသယ်ဆောင်၍ လုယွီထံသို့ ဦးတည်ကုတ်ဆွဲလိုက်သည်။

"ခေါင်းမာတဲ့ အရူး"

လုယွီက အေးစက်စက်နှာတစ်ချက်မှုတ်ပြီး ရုတ်တရက် လေထုအတွင်း ဝဲပျံကာ ဘိုးဘေးကျိုက်၏ရင်ဘတ်အား ကြမ်းကြမ်းတမ်းတမ်း ကန်လိုက်လေ၏။

"ဘန်း"ဟူသောအသံနှင့်အတူ ဘိုးဘေးကျိုက် လွင့်ပျံထွက်သွားပြီး လှိုဏ်ဂူနံရံများနှင့်ရိုက်ခတ်မိလေသည်။

လုယွီက လုံးဝတွန့်ဆုတ်နေခြင်းမပြုဘဲ ချက်ချင်း ဘိုးဘေးကျိုက်၏နံဘေးသို့ တိုးဝင်သွားပြီး လက်သီးချက်ပေါင်းမြောက်များစွာဖြင့် ထိုးနှက်လိုက်သည်။

ဘုန်း....ဘုန်း.....ဘုန်း....

လုယွီမှ သူအား အကြိမ်ပေါင်းများစွာ ထိုးနှက်နေပြီး လက်သီးချက်တစ်ခုစီတိုင်းသည် ဘိုးဘေးကျိုက်၏ခန္ဓာကိုယ်ပေါ်သို့ သိပ်သည်းစွာဖြင့် ကျရောက်နေသည်။

မရေမတွက်နိုင်သည့်အက်ကွဲကြောင်းများသည် ဘိုးဘေးကျိုက်၏နောက်ဘက်ရှိ လှိုဏ်ဂူနံရံများပေါ်၌ ထွက်ပေါ်နေလေ၏။ လုယွီက သူ၏နောက်ဆုံးလက်သီးချက်ကို ပစ်သွင်းပြီးနောက် ဘိုးဘေးကျိုက်၏ခန္ဓာကိုယ်တစ်ခုလုံး လှိုဏ်ဂူနံရံအတွင်းသို့ နစ်မြုပ်ဝင်သွားခဲ့သည်။

"အဟွက်....အဟွက်....အဟွက်"

ဘိုးဘေးကျိုက်၏ပါးစပ်မှ ရုတ်တရက် သွေးတစ်လုတ်ပန်းထွက်လာပြီး သူ၏မျက်လုံးများတွင်လည်း တုန်လှုပ်မှုများပြည့်နှက်နေသည်။

"မွေးရာပါ နတ်ဘုရားစွမ်းအား....မဖြစ်နိုင်ဘူး...နတ်ဘုရားစွမ်းအားနဲ့မွေးလာတဲ့လူတောင်မှ ဒီလိုစွမ်းအားမျိုး ရှိမှာမဟုတ်ဘူး"

ဘိုးဘေးကျိုက်က မယုံကြည်နိုင်မှုကြောင့် အော်ဟစ်လိုက်သည်။

ခွပ်....ခွပ်

ရုတ်တရက် လုယွီက တံတောင်ရိုက်ချက်တစ်ချက်ဖြင့် ဘိုးဘေးကျိုက်၏မျက်နှာအား အညှာအတာကင်းမဲ့စွာ ရိုက်နှက်လိုက်လေ၏။

ဘိုးဘေးကျိုက်၏မျက်နှာတစ်ခြမ်းလုံး ချက်ချင်းဆိုသလိုပင် နီရဲပြီးဖောင်းကားလာခဲ့သည်။ ထို့နောက် သူသည် မြေပြင်ပေါ်သို့ နောက်တစ်ကြိမ်ထပ်မံလဲကျသွားပြီး သူ၏ပါးစပ်မှ သွေးများအဆတ်မပြက် ပန်းထွက်လာတော့သည်။

"မင်း.....ခွေးမသားလေး"

ဘိုးဘေးကျိုက်က ဒေါသတကြီး အော်ဟစ်နေလေ၏။

ဒေါင်....ဒေါင်....ဒေါင်

လုယွီက လျှင်လျှင်မြန်မြန်ရွေ့လျားပြီး မြေပြင်ပေါ်ရှိ ဘိုးဘေးကျိုက်၏မျက်နှာအား သူ၏ခြေထောက်ဖြင့်ဆောင့်နင်းလိုက်သည်။

နဂါးဟိန်းဟောက်သံများက လုယွီ၏နံဘေးတွင် စတင်၍တုန်ခါလာသည်တွင် ဘိုးဘေးကျိုက်၏မျက်လုံးများအတွင်း နားလည်သဘောပေါက်သွားသည့် အရိပ်အယောင်ထင်ဟပ်လာသည်။

"နဂါးသက်ဝင်ခြင်း...."

ဘိုးဘေးကျိုက်က တုန်လှုပ်သွားပြီး တစ်ချိန်တည်းမှာပင် ဒေါသတကြီးဖြစ်သွားခဲ့သည်။

"နဂါးသွေးကြောကို ဘယ်လိုထိန်းချုပ်ရမယ်ဆိုတာကို မင်းက တစ်ကယ်သိနေတာပေါ့"

သူအား ရှီထျန်းအဆင့်ကျင့်ကြံသူတစ်ယောက်က ဤမျှအထိဆိုးဆိုးရွားရွား ရိုက်နှက်နိုင်သည့်အကြောင်းရင်းကို နောက်ဆုံးတွင် ဘိုးဘေးကျိုက် နားလည်သဘောပေါက်မိတော့သည်။ အချိန်တစ်ခုအကြာကတည်းက ထိုသေမျိုးလူငယ်သည် နဂါးသွေးကြောအား ထိန်းချုပ်ထားခြင်းဖြစ်ပေမည်။

လုယွီက သူ၏ခြေဖဝါးနှစ်ဖက်ဖြင့် မြေပြင်ပေါ်တွင်ရပ်နေစဉ် နဂါးသွေးကြောမှနေ၍ သူအား ခွန်အားများ အဆတ်မပြက် ထောက်ပံပေးထားသည်။ လုယွီ၏ခွန်အားသည် တာလျန့်နိုင်ငံတော်တစ်ခုလုံး၏ နဂါးဝင်္ကပါစွမ်းအားပင် ဖြစ်လေ၏။

မြင့်မြတ်သော တာလျန့်နိုင်ငံတော်အား နှစ်ပေါင်းအနည်းငယ်အကြာကတည်းက တည်ထောင်ခဲ့ပြီး ယခုလက်ရှိတွင် သာယာဝပြောနေသောနိုင်ငံဖြစ်သည်။ သဘာဝအတိုင်းပင် တာလျန့်၏နဂါးသွေးကြောသည် အဆမတန်အားကောင်းနေခဲ့သည်။

"ယင်ရှာ သွေးကြောဆွဲထုတ်ခြင်း....ထောင်နဲ့ချီတဲ့ ဆိုးယုတ်သော စိတ်ဝိညာဉ် ဝါးမြိုသူများ..."

ဘိုးဘေးကျိုက်က ရုတ်တရက် သူ၏လက်ဖဝါးဖြင့် မြေပြင်ပေါ်သို့ ပြင်းထန်စွာရိုက်လိုက်ရာ အားကောင်းသည့်စိတ်ဝိညာဉ်စွမ်းအင်များ တစ်လိမ့်လိမ့်တိုးထွက်လာခဲ့သည်။

ဘိုးဘေးကျိုက်က နဂါးသွေးကြောအား ထိန်းချုပ်ချင်နေသည်။ သူက နဂါးသွေးကြောအား ဆတ်လက်အသုံးပြုပြီး မုန့်ကျူ းယွင်အား ဝင်္ကပါအတွင်း ထောင်ချောက်မိလျင်အနေအထားပင် ရှိစေချင်သည်။

မည်သို့ပင်ဖြစ်စေ သူရှေ့မှလူငယ်သည် သေမျိုးတစ်ယောက်သာဖြစ်၍ ကိစ္စမရှိပေ။ သို့ရာတွင် မုန့်ကျူ းယွင် ဝင်္ကပါအတွင်းမှထွက်လာနိုင်လျှင် သူအတွက် မလွယ်ကူနိုင်တော့ပေ။

ဘိုးဘေးကျိုက်အား လုယွီက တစ်ချက်စိုက်ကြည့်ပြီးနောက် သူ၏အတွေးများအား နားလည်သဘောပေါက်လိုက်သည်။

"ခင်ဗျားက နဂါးသွေးကြောကို ဆတ်ပြီးထိန်းချုပ်ချင်နေတာပဲ...ဒါဆို ကျုပ်ကလဲပြန်ဆုပ်ကိုင်ခွင့် ပေးလိမ့်မှာမဟုတ်ဘူး...ခင်ဗျားမသေဆုံးမှီ ကျုပ်က ခင်ဗျားရဲ့အမြင်ကို ကျယ်အောင်ကြည့်ခွင့်ပြုလိုက်မယ်"

ရုတ်တရက် လုယွီက မြေပြင်ပေါ်သို့ ခြေတစ်ချက်ဆောင့်နင်းပြီး အေးစက်စက်ပြောဆိုလိုက်သည်။

"ငါ တာအိုသခင်တစ်ယောက်ကနေပြီး မင်းရဲ့နဂါးသွေးကြောကိုဌားဖို့ အမိန့်ပေးတယ်"

All Chapters