← Chapters

အခန်း (၄၆-၅၀)

Vol. 1-5 Ch. 46-50

အခန်း (၄၆-၅၀)

Vol. 1-5 Ch. 46-50

Chapter 46

လှိုဏ်ခေါင်း၏ကြမ်းခင်းတစ်ခုလုံး ရုတ်တရက် တသိမ့်သိမ့်တုန်ခါလာသည်။

ယခုအချိန်တွင် မိုးကောင်းကင်သည် အလွန်ကြည်လင်နေလေ၏။ သို့ရာတွင် လှိုဏ်ခေါင်း၏အပြင်ဘက်မှနားထောင်ကြည့်မည်ဆိုလျှင် မိုးကြိုးပစ်သံများအား ကြားနေနိုင်သည်။

ဘုန်း...

မိုးကြိုးပစ်ခတ်သံများနှင့် အတူယှဉ်တွဲ၍ လုယွီ၏ခြေထောက်အောက်ရှိ မြေပြင်မှ အားကောင်းသောအော်ရာလှိုင်းတစ်ခုက တလိမ့်လိမ့်တက်လာပြီး ၎င်းက လုယွီ၏ခန္ဓာကိုယ်နှင့် တွဲကပ်သွားခဲ့သည်။

ဘာ.....

ဘိုးဘေးကျိုက်က သူ၏ရှေ့ရှိမြင်ကွင်းကို တုန်လှုပ်ခြင်းအပြည့်ဖြင့်ကြည့်နေရင်း သူ၏မျက်စိကိုပင် သူမယုံဝံ့တော့ပေ။

ထိုအရာက မဖြစ်နိုင်ပေ...သူက ကောင်းကင်သင်္ကေတနယ်ပယ်နည်းစနစ်ကိုအသုံးပြု၍ နဂါးသွေးကြောတစ်ခုလုံးအား ထိန်းချုပ်ထားခြင်းဖြစ်သည်။

သို့ရာတွင် လုယွီ ထွက်ပေါ်လာချိန်တွင် သူထိန်းချုပ်ထားသည့် နဂါးသွေးကြောသည် မြင်းရိုင်းတစ်ကောင်ကဲ့သို့ သူ၏ကန့်သတ်ထားခြင်းမှ လွတ်မြောက်နိုင်ရန်ကြိုးပမ်းနေသည်။ ၎င်းနဂါးသွေးကြောက သူ၏ထိန်းချုပ်မှုကို လျစ်လျှူ ရှုပြီး လုယွီ၏ခန္ဓာကိုယ်ထံသို့သာ ရူးသွပ်လုမခမ်း တိုးဝင်သွားလေ၏။

ထိုသို့ဖြစ်ရခြင်းမှာ နဂါးသွေးကြောသည် မြေအောက်တာအိုသခင်၏အမိန့်နှင့်ဆုံတွေ့သည့်အခါတွင် နှောင့်နှေးကြံကြာမှုမရှိဝံ့၍ ဖြစ်ကြောင်းကိုကား ဘိုးဘေးကျိုက် မသိရှိနိုင်ပေ။

ထိုအရာက မည်သို့ဖြစ်နိုင်မည်နည်း....

သူရှေ့ရှိ သေမျိုးလူငယ်က ရှီထျန်းနယ်ပယ်ခလေးတစ်ယောက်သာဖြစ်ရုံမျှဖြင့် မည်သို့သိရှိနေသနည်း။ ထိုကောင်လေးက မည်သည့်နည်းဖြင့် နဂါးသွေးကြောအား ထိန်းချုပ်နိုင်သနည်း။

"တစ်ကယ်လို့ မင်းမှာ နဂါးသွေးကြောရဲ့ကာကွယ်ပေးမှုရှိနေတယ်ဆိုရင်တောင်....ငါ...ကောင်းကင်ဘုံသင်္ကေတနယ်ပယ်ပညာရှင်တစ်ယောက်က မင်းကိုကြောက်ရမှာလား"

ဘိုးဘေးကျိုက်က ဒေါသတကြီးဖြစ်နေလေ၏။ သူက ရုတ်တရက် လေထုထဲသို့ ခုန်တက်ပြီး လုယွီထံသို့ လက်ဝါးတစ်ချက် ရိုက်ထုက်လိုက်သည်။

လုယွီက သူ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာသည့် နဂါးသွေးကြော၏စွမ်းအားကို အာရုံခံစားနေရင်းမှ မှန်းဆမရနိုင်သည့်အော်ရာတစ်ခုအား ထုတ်လွှတ်လေသည်။

နဂါးသွေးကြောသည် အလွန်အမင်းရှားပါးပြီး အလွန်နက်ရှိုင်းသောနေရာ၌ ဖုံးကွယ်နေလေ့ရှိကြသည်။ အကယ်၍ ဘိုးဘေးကျိုက်က ၎င်းကိုရှာဖွေရန် အပြင်းအထန်အားထုတ်ခြင်း မပြုခဲ့လျှင် လုယွီက နဂါးသွေးကြောအား အသုံးပြုနိုင်ရန်မှာ မဖြစ်နိုင်ပေ။

လုယွီက သူ၏လက်ရှိခွန်အားကို အလွန်ရှင်းလင်းစွာ သိနားလည်ထားသည်။ သူ၏ခွန်အားသက်သက်ဖြင့် ထိုကျွမ်းကျင်ပညာရှင်အား အနိုင်ယူရန်မှာ မဖြစ်နိုင်လုနီးပါးဖြစ်လေ၏။ သို့ရာတွင် သူအားထောက်ပံပေးနေသော နဂါးသွေးကြောနှင့်ဆိုလျှင်မှု အခြေအနေကွဲပြားခြားနားသွားပေမည်။

ယခုအချိန်တွင် လုယွီ၏ခွန်အားသည် နဂါးသွေကြောတစ်ခုလုံး၏စွမ်းအားက ပေါင်းစပ်ထောက်ပံ့ပေးထားသဖြင့် အလွန်ကြီးမားနေလေ၏။

"ခင်ဗျားက အပြစ်မဲ့တဲ့သူတွေအများကြီးကို သတ်ခဲ့တဲ့အတွက် ခင်ဗျားရဲ့အပြစ်တွေက နက်ရှိုင်းလွန်းတယ်...ဒီနေ့ ကျုပ် ခင်ဗျားကိုသတ်ရလိမ့်မယ်"

လုယွီ၏လေသံက အေးဆေးတည်ငြိမ်နေသည်။ ရုတ်တရက် လုယွီ၏ခန္ဓာကိုယ်မှနေ၍ အစွမ်းထက်သောကျန်းချီများ ပေါက်ကွဲထွက်ပေါ်လာသည်။ ၎င်းက လုယွီ၏တန်ဖိုးကြီးအဝတ်အစားများအား အစိတ်စိတ်အမွှာမွှာဖြစ်စေပြီး သူ၏သန်မာလှသည့်ကြွက်သားများအား ထုတ်ဖော်ပြသခဲ့သည်။

လုယွီ၏ရင်ဘတ်တွင် နဂါးနက်အမှတ်အသားတစ်ခုက အသက်ဝင်နေသကဲ့သို့ ဖြည်းဖြည်းချင်းရွေ့လျားနေသည်။

ထိုနဂါးနက်၏မျက်လုံးများမှ ရေခဲတမျှအေးစက်သည့်အလင်းတန်းတစ်ခု ဖြာထွက်နေပြီး ၎င်းက ဘိုးဘေးကျိုက်အား စိုက်ကြည့်နေသကဲ့သို့ပင်။

"ကောင်းလိုက်တဲ့ သေမျိုးလေး...ငါ မင်းကို လျော့တွက်မိတယ်"

သူ၏ရှေ့ရှိ လူငယ်လေးသည် သာမာန်သေမျိုးတစ်ယောက်မဟုတ်ခြင်းအား ဘိုးဘေးကျိုက် သိရှိလိုက်တော့သည်။

သူက မန္တန်တစ်ပုဒ်ကို စိတ်အတွင်းမှရွတ်ဆိုပြီးနောက် အနက်ရောင်ဧရာမဒိုင်းကြီးက သူ၏ရှေ့တွင် တစ်ဖန်ထွက်ပေါ်လာသည်။

"ကောင်းကင်ဘုံယင်ချီ....သွေးနတ်ဆိုးရဲ့စိတ်ဝိညာဉ်ရိတ်သိမ်းသူ..."

ဘိုးဘေးကျိုက်က ရုတ်တရက် ပေါက်ကွဲလုမတတ် အော်ဟစ်လိုက်ရာ မရေမတွက်နိုင်သည့်သွေးချီများသည် တွင်းနက်ကြီးအတွင်းမှ သူထံသို့ တရကြမ်းတိုးဝင်လာကြ၏။

ထိုသွေးချီနှင့်အတူ ယှဉ်တွဲပါလာသည်က စိတ်မချမ်းမြေ့စဖွယ် အော်သံများဖြစ်ပေသည်။

ဘိုးဘေးကျိုက်၏ရှေ့အရောက်တွင် ထိုသွေးမြူ များမှနေ၍ မြောက်မြားစွာသောသွေးနတ်ဆိုးများအဖြစ်သို့ ပြောင်းလဲဖြစ်ပေါ်သွားခဲ့သည်။ သူတို့၏အမူအယာများသည် ရက်စက်ကြမ်းကြုတ်နေလေ၏။ ထိုသွေးနတ်ဆိုးများ၏နှလုံးသားများမှာမူ ထုတ်ယူခြင်းခံထားရသည်။

"သူကို ဝါးမြိုကြစမ်း"

ဘိုးဘေးကျိုက်က လုယွီအား လက်ညှိုးညွှန်ပြလိုက်၏

သွေးနတ်ဆိုးအုပ်စုသည် သက်ရှိလူသား၏ရနံ့ကို အနံ့ခံမိသောကြောင့် စူးစူးဝါးဝါးအော်ဟစ်ပြီး ရှေ့သို့ခုန်အုပ်လိုက်ကြသည်။

လုယွီက သူထံတိုးဝင်လာသည့် သွေးနတ်ဆိုးများအား ကြည့်နေချိန်တွင် သူ၏မျက်လုံးများက အေးစက်စက်အလင်းရောင် တောက်ပနေသည်။ ရုတ်တရက် သူက အော်ဟစ်လိုက်သည်။

"ပျံ့ကြဲသွားကြစမ်း"

လုယွီက ကောင်းကင်ဘုံအင်ပါယာ၏စိတ်ဝိညာဉ်ဖြင့် ပေါင်းစည်းထားသည့် လူတစ်ယောက်ဖြစ်ပေ၏။

ဤမိုးကောင်းကင်အောက်တွင် ကောင်းကင်ဘုံအင်ပါယာ၏ဘုန်းတန်ခိုးသည် အရာရာတိုင်းအား အုပ်စိုးနိုင်ပြီး တားဆီး၍မရသောအရာဖြစ်သည်။ မကောင်းဆိုးဝါးမျှသာရှိသော သွေးနတ်ဆိုးအုပ်စုသည် လေတစ်ချက်အဝှေ့နှင့်အတူ လွင့်ပါးပျောက်ကွယ်သွားလေသည်။

ဝှစ်....

လေပြင်းတစ်ချက် တိုက်ခိုက်သွားသည်နှင့်အတူ သွေးနတ်ဆိုးအုပ်စုသည်လည်း ချက်ချင်းပျောက်ကွယ်သွားသည်။ လုယွီအား တုန်လှုပ်မှုဖြင့် ငေးစိုက်ကြည့်နေသော ဘိုးဘေးကျိုက်သာလျှင် ကျန်ရှိခဲ့တော့သည်။

ရုတ်တရက် လုယွီက ရှေ့သို့ခြေလှမ်းလှမ်းလိုက်ပြီး ဘိုးဘေးကျိုက်၏ရှေ့၌ ကာရံထားသည့်ဒိုင်းပေါ်သို့ သူ၏လက်သီးဖြင့် ကြမ်းကြမ်းတမ်းတမ်းထိုးချလိုက်၏။

ထိုဧရာမဒိုင်းကြီးသည် ရတနာတစ်ခုဖြစ်သော်လည်း ကံဆိုးစွာဖြင့် လုယွီ၏လက်သီးတစ်ချက်ဖြင့်ပင် ကြေမွပျက်စီးသွားလေသည်။

လုယွီက အလွနလျှင်မြန်စွာဖြင့် ဘိုးဘေးကျိုက်၏အရှေ့သို့ရောက်လာပြီး တည်ငြိမ်စွာဖြင့်ပြောဆိုလိုက်သည်။

"ခင်ဗျား တစ်စုံတစ်ခုကိုအပြစ်တင်ချင်တယ်ဆိုရင်....ခင်ဗျားနေရာရွေးမှားတာကိုပဲ အပြစ်တင်တော့"

ဘုန်း....

လုယွီ၏လက်သီးချက်က ဘိုးဘေးကျိုက်၏ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းသွားလေ၏။ ခွပ် ခွပ် ခွပ် ဟူသောအသံအတွဲလိုက်နှင့်အတူ ဘိုးဘေးကျိုက်က သူ၏ခန္ဓာကိုယ်အား ပုစွန်ဆိတ်တစ်ကောင်ကဲ့သို့ ကွေးညွတ်ထားရသည်။

ူ

ဒေါင်...ဒေါင်...ဒေါင်

လုယွီက လေးလံသည့် တူနှင့်ထုနှက်နေသကဲ့သို့ သူ၏လက်သီးချက်များသည် ဘိုးဘေးကျိုက်၏နှလုံးသားနေရာသို့ အပြင်းအထန် ကျဆင်းနေတော့သည်။

Chapter 47

လှိုဏ်ခေါင်းအတွင်းတွင် ပြင်းထန်သောလှိုင်းများဖြင့် ရိုက်ခတ်မိသံများက ပဲ့တင်ထပ်နေသည်။

နောက်ဆုံးတွင်တော့ ဘိုးဘေးကျိုက်သည် ကောင်းကင်ဘုံသင်္ကေတနယ်ပယ်ကျွမ်းကျင်သူတစ်ယောက်ဖြစ်သည့်အတွက် သူ၏အသက်စွမ်းအားမှာ အလွန်အမင်းခိုင်မာပေသည်။

"ဖူး...."

ဘိုးဘေးကျိုက်က အဆက်မပြတ်အန်ထုတ်နေပြီး သူ၏အော်ရာသည်လည်း အလွန်အားနည်းလာခဲ့သည်။ သူတို့နှစ်ယောက်၏အနီးကပ်တိုက်ခိုက်မှုတွင် ဘိုးဘေးကျိုက်သည် လုယွီ၏ယှဉ်ပြိုင်ဘက် မဖြစ်နိုင်ခဲ့ပေ။

လုယွီ၏အစွမ်းထက်သည့်ခွန်အားက သူကိုဖြတ်ကျော်၍မရနိုင်သည့် တောင်တစ်လုံးနှင့်တူစေပြီး ဘိုးဘေးကျိုက်က တုံပြန်တိုက်ခိုက်နိုင်မည့် အခွင့်အရေးအား မရရှိခဲ့ချေ။

"မင်း....ခွေးကောင်လေး....ငါအတွက် သွားသေလိုက်တော့"

ဘိုးဘေးကျိုက်က ရုတ်တရက် ကြုံးဝါးလိုက်ပြီးနောက် သူ၏အင်္ကျီလက်အတွင်းမှ ပျံသန်းနေသောပိုးကောင်တစ်ကောင်အား ပစ်ထုတ်လိုက်သည်။

ထိုပိုးကောင်၏ခန္ဓာကိုယ်သည် ကျယ်ပြန့်ပြီးဝဖြိုးကာ ၎င်း၏အပေါ်ယံအခွံအား ထူးဆန်းသည့်အနက်ရောင်ပုံစံများဖြင့်ဖုံးအုပ်ထားရာ ၎င်းအားမြင်ရသည်မှာထိတ်လန့်ဖွယ်ကောင်းလှ၏။

၎င်းပိုးကောင်ထွက်ပေါ်လာချိန်တွင် လေထုကချက်ချင်းဆိုသလိုပင် ထူထဲသောအနက်ရောင်မြူ များဖြင့်ပြည့်နှက်သွားသည်။ တစ်ချို့ အနက်ရောင်မြူ များသည် ကျောက်တုံးများအပေါ်တွင် မျောလွင့်နေရာ ၎င်းက ကျောက်အစိုင်အခဲများကိုပင် တိုက်စားနိုင်လေ၏။

ဖောင်း....

လုယွီ၏မျက်လုံးအတွင်းတွင် အေးစက်စက်အလင်းရောင် တောက်ပသွားပြီးနောက် သူ၏လက်ကိုလွှဲ၍ ပျံသန်းနေသောပိုးကောင်ထံသို့ ပို့လွှက်လိုက်သည်။

ပိုးကောင်းက ကျောက်တုံးနံရံအတွင်း စိုက်ဝင်သွားခဲ့ပြီး ပေါက်ကွဲသွားသဖြင့် သွေးအိုင်ငယ်တစ်ခုဖြစ်ပေါ်လာသည်။ ထို့နောက် ၎င်းပိုးကောင်တွင် လှုပ်ရှားမှုမရှိတော့သဖြင့် သေကောင်းပင် သေသွားနိုင်ပေသည်။

"ကျွတ်...ကျွတ်...မင်းက ငါရဲ့အဆိပ်ကိုးမျိုးပိုးကောင်ဘုရင်ကို လက်နဲ့ထိဝံ့တယ်ပေါ့...မင်း သေရတော့မယ်...ကောင်လေး"

ဘိုးဘေးကျိုက်၏မျက်နှာပေါ်တွင် လှောင်ပြောင်သရော်လိုသောအပြုံးက နေရာယူထားသည်။

လုယွီက သူ၏လက်ကိုမြှောက်ပြီး ကြည့်လိုက်ရာ သူ၏လက်ဖဝါးပေါ်တွင် အနက်ရောင်အစက်အပျောက်များ ပျံ့နှံ့နေခြင်းအား မြင်တွေ့ရသည်။

"အဆိပ်ကိုးမျိုးဘုရင်မ....ငါက အဲ့ဒါကိုနှစ်ပေါင်းနှစ်ဆယ်ကြာအောင် သန့်စင်ခဲ့ရတယ်...ဒီလိုဟာကို မင်းလိုသေမျိုးကောင်လေးတစ်ယောက်ပေါ်မှာ သုံးရမယ်လို့ ငါ ဘယ်တုန်းကမှတွေးမထားခဲ့ဘူး...အဟွက်...အဟွက်...အဟွက်"

ဘိုးဘေးကျိုက်က အဆတ်မပြက် ချောင်းဆိုးပြီး သွေးများအန်ထွက်နေသော်လည်း သူ၏မျက်လုံးအတွင်းရှိ စိတ်လှုပ်ရှားမှုများကိုမူ ဖုံးကွယ်၍မရနိုင်ပေ။

ထိုအဆိပ်က ထိပ်တန်းကောင်းကင်အဆင့်ပညာရှင်ကိုပင် သတ်ဖြတ်နိုင်ပေသည်။ မူလက ထိုအဆိပ်ကို မုန့်ကျူ းယွင်ပေါ်တွင် အသုံးပြုရန် ဘိုးဘေးကျိုက်က ကြံရွယ်ထားခြင်းဖြစ်သည်။

ဘိုးဘေးကျိုက်က စကားဆတ်ပြောမည့်ဆဲဆဲတွင် သူ၏မျက်လုံးတွင် တုန်လှုပ်သွားသည့်အကြည့် ဖြတ်ပြေးသွားသည်။

လုယွီ၏လက်ပေါ်တွင် ရုတ်တရက် ရွှေရောင်မီးတောက်တစ်ခု ထွက်ပေါ်လာလေ၏။ ရွှေရောင်မီးတောက် ဖြတ်သန်းသွားသည်နှင့် အနက်ရောင်အဆိပ်များသည် သဘာဝအရနိုင်နင်းသူနှင့်တွေ့လိုက်သကဲ့သို့ မည်သည့်အခါကမျှမရှိခဲ့သလို လောင်ကျွမ်းသွားခဲ့သည်။

အသက်သုံးရှိုက်စာအချိန်အတွင်းမှာပင် လုယွီ၏လက်မောင်းမှအဆိပ်များသည်လောင်ကျွမ်းပြီး အစိမ်းရောင်အခိုးအငွေ့များအဖြစ် အငွေ့ပျံ့သွားတော့သည်။ ချက်ချင်းပင် လုယွီ၏ခန္ဓာကိုယ်ရှိ အဆိပ်အားလုံး အပြည့်အဝလွင့်ပြယ်သွားလေ၏။

"မဖြစ်နိုင်ဘူး....ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...ငါရဲ့ အဆိပ်ကိုးမျိုးပိုးကောင်ဘုရင်က....စိတ်ဝိညာဉ်ကိုတောင်မှ ယိုယွင်းပျက်စီးစေနိုင်တယ်...မင်းမှာက နဂါးသွေးကြောရဲ့စွမ်းအားပဲရှိတာလေ...ဘယ်လိုလုပ် အဆိပ်ကို ဖယ်ရှားနိုင်ရတာလဲ"

ဘိုးဘေးကျိုက်က မယုံကြည်နိုင်မှုများကြောင့် အော်ဟစ်လိုက်သည်။

ထို အဆိပ်ကိုးမျိုးပိုးကောင်ဘုရင်က သူ၏နောက်ဆုံးဝှက်ဖဲ ဖြစ်လေ၏။ သို့ရာတွင် ထိုလူငယ်ကသူ၏ရှေ့၌ပင် လွယ်လင့်တကူ ဖြေရှင်းနိုင်လေသည်။ ထိုအခြင်းအရာက သူ၏စိတ်နှလုံးသားကို တုန်ယင်သွားစေသည်။

လုယွီက သူ၏ခြေထောက်ဖြင့် ဘိုးဘေးကျိုက်၏မက်နှာပေါ်သို့ ပြင်းပြင်းထန်ထန်ကန်လိုက်သည်။ အရိုးကြေမွသွားသောအသံနှင့်အတူ ဘိုးဘေးကျိုက်၏မျက်နှာသည် ပုံပျက်ပန်းပျက်ဖြစ်သွားလေ၏။

"ကျုပ် ခင်ဗျားနဲ့အချိန်မဖြုန်းတော့ဘူး...သေလိုက်တော့"

လုယွီ၏မျက်လုံးများက အေးစက်တင်းမာနေဆဲဖြစ်ပြီး သူ၏လက်ပေါ်ရှိ ရွှေရောင်မီးတောက်ကို ဘိုးဘေးကျိုက်၏ခန္ဓာကိုယ်ပေါ်သို့ ပစ်လွှက်လိုက်သည်။

ကောင်းကင်ဘုံအင်ပါယာ၏ မူလအစစ်အမှန်မီးတောက်သည် အလွန်အမင်းအစွမ်းထက်လှသည်။ ဘိုးဘေးကျိုက်ကဲ့သို့ နတ်ဆိုးကျင့်ကြံသူများအတွက် ထိုမီးတောက်က သူတို့၏တည်ရှိမှုအား ပျက်စီးစေနိုင်သည့်အဆိပ်တစ်ပါးဖြစ်ပေ၏။

"ဒါက ဘယ်လိုမီးလဲ....ဘာလို့ ငါရဲ့စိတ်ဝိညာဉ်ပါ လောင်ကျွမ်းနေရတာလဲ...အားး...."

ဘိုးဘေးကျိုက်က သူ၏ခန္ဓာကိုယ်ပေါ်ရှိမီးတောက်များအား ငြိမ်းသတ်နိုင်ရန် ပြင်းပြင်းထန်ထန် ကြိုးစားနေခဲ့သည်။ သို့သော် ယခု သူအားဖိနှိပ်ထားသောမီးတောက်သည် ကောင်းကင်ဘုံအင်ပါယာ၏အစစ်အမှန်မီးတောက်ဖြစ်နေသည်။

ဘိုးဘေးကျိုက်က တခဏမျကြာသည်အထိ ရုန်းကန်ပြီးနောက် သူက ရပ်တန့်သွားပြီး လှုပ်ရှားမှုမရှိတော့ပေ။

ဟူး...

လုယွီက ဘိုးဘေးကျိုက်၏အလောင်းကိုကြည့်ရင်း သက်ပြင်းတစ်ချက်ချလိုက်မိသည်။

နောက်ဆုံးအထိ သူက ကောင်းကင်ဘုံအင်ပါယာ၏မူလမီးတောက်ကို အသုံးပြုလိုခြင်းမရှိပေ။ သူ၏လက်ရှိကျင့်ကြံခြင်းအဆင့်နှင့် ထိုမီးတောက်အားအသုံးပြုခြင်းသည် အလွန်အန္တရာယ်ကြီးပေ၏။

လုယွီက နဂါးသွေးကြော၏စွမ်းအားကိုအသုံးပြု၍ မူလမီးတောက်ကိုထုတ်လွှတ်ခဲ့သော်လည်း မီးတောက်ဘောလုံလေးတစ်လုံးစာသာဖြစ်သည်။

အကယ်၍ ဘိုးဘေးကျိုက်သည် နတ်ဆိုးကျင့်ကြံသူမဟုတ်ဘဲ တစ်ခြားပညာရပ်ကျင့်ကြံသူဆိုပါက ထိုမီးတောက်ဘောလုံးငယ်မျှဖြင့် သူ၏အသက်ကိုခြိမ်းခြောက်နိုင်လိမ့်မည်မဟုတ်ပေ။

ဘိုးဘေးကျိုက်က သေဆုံးခဲ့ပြီဖြစ်၏။ ကံဆိုးစွာဖြင့် သူ၏ခန္ဓာကိုယ်ပေါ်ရှိ ရတနာအားလုံးသည် မူလအစစ်အမှန်မီးတောက်ကြောင့် အပြည့်အဝဖျက်ဆီးခံလိုက်ရသည်။ မည်သည့် ရတနာတစ်ခုမျှ ကျန်ရှိခြင်းမရှိတော့ပေ။

လုယွီက သူ၏ခေါင်းကိုခါယမ်းလိုက်ရင်းမှ ထွက်ခွာရန်ပြင်ဆင်လိုက်သည်။

"ခဏနေပါဦး"

ထိုအချိန်မှာပင် ကြည်လင်ပြတ်သားသော အမျိုးသမီးသံတစ်သံက သူ၏နောက်မှထွက်ပေါ်လာသည်။

လုယွီက သူ၏ခေါင်းကိုပြန်လှည့်လိုက်ရာ ဝင်္ကပါအတွင်းထောင်ချောက်မိနေသောမုန့်ကျူ းယွင်မှ ခေါ်လိုက်သည်အား မြင်တွေ့ရသည်။

"ဘာလဲ"

လုယွီက မေးမြန်းလိုက်၏။

မုန့်ကျူ းယွင်က သူမ၏နှုတ်ခမ်းနီရဲရဲလေးအား ကိုက်ရင်းမှပြောကြားလိုက်သည်။

"အင်း....နဂါးသွေးကြောကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ ရှင်သိတယ်မလား....ရှင် ကျွန်မကိုလွှက်ပေးနိုင်မလား"

မုန့်ကျူ းယွင်က အလွန်အမင်းလှပသူဖြစ်၍ သူမက ယခုကဲ့သို့တောင်းဆိုလျှင် ပိုမိုချစ်စဖွယ်ကောင်းလာပြီး လုယွီစိတ်ကျေနပ်သွားလိမ့်မည်ဟု ယူဆထားလေသည်။

လုယွီက တခဏမျှဆွံအသွားပြီးနောက် မုန့်ကျူ းယွင်ထံသို့ လျှောက်လှမ်းလာခဲ့သည်။

မုန့်ကျူ းယွင်က ဝမ်းသာသွားလေ၏။ သူမ၏ဆွဲဆောင်မှုရှိသော မျက်လုံးများသည် ရေစီးဆင်းနိုင်သည့်ပိုးချည်မျှင်ကဲ့သို့ စင်းလုံးချောဖြစ်နေသည်။

ရုတ်တရက် လုယွီက မုန့်ကျူ းယွင်နှင့် ငါးမီတာခန့်အကွာတွင် ပလ္လင်ခွေထိုင်ချလိုက်၏။

မုန့်ကျူ းယွင်က ဆွံအသွားမိကာ လုယွီ မည်သို့ပြုလုက်ချင်နေသည်အား သူမ မသိတော့ချေ။

"ငါတို့ တစ်ယောက်နဲ့တစ်ယောက် သိလို့လား"

လုယွီက မေးမြန်းလေ၏။

မုန့်ကျူ းယွင်က လုယွီအား ငေးကြောင်ကြောင်စိုက်ကြည့်နေရင်းမှ သူမ၏ဦးခေါင်းကိုခါယမ်းလိုက်သည်။

"မင်းက ငါရဲ့ စေ့စပ်ထားသူလား"

လုယွီက ထပ်မံ၍ မေးမြန်းလိုက်၏။

မုန့်ကျူ းယွင်၏မျက်နှာသည် ချက်ချင်း နီရဲသွားပြီး သူမကအော်ဟစ်လိုက်သည်။

"တဏှာရူး....ဘယ်သူက နင်နဲ့စေ့စပ်ထားလို့လဲ"

"ဒါဆို ထူးဆန်းနေပြီ...ငါတို့က တစ်ယောက်နဲ့တစ်ယောက်လည်း မသိသလို....မင်းက ငါရဲ့ ကြင်ရာတော်လောင်းလဲမဟုတ်ဘူး...ဘာအကြောင်းပြချက်မှမရှိဘဲနဲ့ မင်းကိုငါက ဘာလို့ကယ်ရမှာလဲ"

လုယွီက တည်ငြိမ်စွာဖြင့် ပြောကြားလိုက်၏။

Chapter 48

"ဘာ..."

မုန့်ကျူ းယွင်က သူမ၏နားကိုပင် မယုံနိုင်တော့ပေ။ သူမ၏ရှေ့ရှိ ထိုသေမျိုးက သူမကိုကယ်တင်ရန် အစီအစဉ်ရှိပုံမရပေ။

သူမက ထိုသေမျိုးသည် နဂါးသွေးကြောအား မည်သည်ကြောင့်ထိန်းချုပ်နိုင်သည်ကို အလွန်သိချင်နေသော်လည်း အရေးအကြီးဆုံးအချက်က ယခု သူမပိတ်မိနေသည့် ထောင်ချောက်ဝင်္ကပါမှ လွတ်မြောက်ရန်ဖြစ်သည်။

လုယွီက မုန့်ကျူ းယွင်အား ကြည့်၍ စကားပြောဆိုလိုက်သည်။

"မင်းမှာ ဘာရိုးသားမှုမှ မရှိတာမို့...ငါ မင်းကိုလွှက်မပေးနိုင်ဘူး"

လုယွီ၏တည်ငြိမ်အေဆေးနေသာ ပုံပန်းသွင်ပြင်ကိုကြည့်ပြီး မုန့်ကျူ းယွင် အလွန်ဒေါသထွက်လာသဖြင့် သူမ၏နှုတ်ခမ်းအားသွားဖြင့်ဖိကိုက်လိုက်၏။ သူမက ရွှယ်ကျိုးအဖွဲ့အစည်း၏ သခင်မလေးတစ်ယောက်ဖြစ်သည်။ အလယ်ပိုင်းကုန်းမြေတွင်ရှိသည့် မည်သည့်ပါရမီရှင်မဆို သူမအားမျက်နှာသာမပေးလိုသူ မရှိချေ။

သို့ရာတွင် ဤတောင်ပိုင်းစွန့်ပစ်နယ်မြေမှ လူငယ်တစ်ယောက်က မည်သည်ကြောင့် သူမ၏ရှေ့တွင်တည်ငြိမ်အေးဆေးစွာ နေနိုင်သနည်း။

မုန့်ကျူ းယွင်က အသက်ပြင်းပြင်းတစ်ချက်ရှုပြီးနောက် ဒေါသတကြီး ပြောဆိုလေသည်။

"ဘယ်လိုရိုးသားမှုမျိုးကို နင် လိုချင်တာလဲ"

လုယွီက သူ၏မျက်ခုံးကိုပင့်ပြီး မုန့်ကျူ းယွင်အား တည့်တည့်စိုက်ကြည့်ရင်း ပြောလိုက်သည်။

"မင်းမှာ ဘာရတနာမှမပါဘူးလား...တစ်ကယ်လို့ မင်းမှာ ပါတယ်ဆိုရင် အကုန်လုံးကိုထုတ်လိုက်...ငါက သူတို့ရဲ့အရည်အသွေးကို ဆုံးဖြတ်ပေးနိုင်တယ်"

'ဒီ ခွေးကောင်'

ချက်ချင်းပင် မုန့်ကျူ းယွင်မှ လုယွီအား အထင်သေးခြင်းနှင့်မုန်းတီးမှုများ ပြည့်နှက်နေသောအမူအယာဖြင့် ကြည့်ရှုလေ၏။

'သေမျိုးတစ်ယောက်ဆိုတဲ့အတိုင်း တော်တော်ဒုံးဝေးတာဘဲ...ရွှယ်ကျိုးကျောင်းတော်က လူတစ်ယောက်နဲ့ သူငယ်ချင်းတစ်ယောက်ဖြစ်လာဖို့ လူဘယ်လောတ်လောတ်များများ လိုချင်နေကြတယ်ဆိုတာ အဲ့ငတုံးကောင် မသိဘူးလား'

မုန့်ကျူ းယွင်က လုယွီအား ခေါင်းပုံဖြတ်အမြတ်ကြီးစားတစ်ယောက်ကဲ့သို့သာ တွေးထင်မိသည်။

သို့ရာတွင် ယခုအခြေအနေသည် လူတစ်ယောက်က ငါးတစ်ကောင်ကို ခုတ်ပိုင်းရန် စဉ့်နီတုံးတစ်တုံးပေါ်တင်ထားသည်နှင့်တူနေသည်။ သူမကတော့ စဉ့်နီတုံးပေါ်ရှိ ငါးတစ်ကောင်ဘဝရောက်နေခဲ့သည်။

သူမ အနည်းငယ်သည်းခံရပေမည်။ သူမ ဝင်္ကပါအတွင်းမှ လွတ်မြောက်နိုင်ခဲ့လျှင် ထိုလူငယ်အား လှည့်ကြည့်ရန်ပင် မလိုတော့ချေ။

ထိုသို့တွေးတောပြီးနောက် မုန့်ကျူ းယွင်၏မျက်နှာပေါ်တွင် ညစ်ကျယ်ကျယ်အပြုံးတစ်ပွင့် ပေါက်ဖွားလာသည်။

"ကောင်းပြီလေ...ဒါပေမယ့် ငါရဲ့ရတနာတွေအားလုံးက ငါနဲ့အတူရှိနေတာ...တစ်ကယ်လို့ ငါ နင်ကို ပေးမယ်ဆိုရင်တောင် နင်က ဒါတွေကိုအပြင်ထုတ်ယူလို့ရမှာမဟုတ်ဘူး"

လုယွီ၏အမူအယာက ပြောင်းလဲသွားခြင်း မရှိပေ။

"ငါက နဂါးသွေးကြောကို ထိန်းချုပ်ပြီးသားပဲ...ဒါက ဘယ်မှော်ရတနာကိုမှ ဟန့်တားထားမှာမဟုတ်ဘူး....မင်း အဲဒါတွေကို အပြင်ကိုပစ်လိုက်"

လောဘကြီးတဲ့ ခွေးကောင်....

မုန့်ကျူ းယွင်က သူမ၏လက်သီးကို တင်းတင်းကျပ်ကျပ်ဆုပ်လိုက်မိသည်။ သို့ရာတွင် သူမ၏သိုလှောင်အိတ်အတွင်းမှ အဖြူ ျရာင်အလင်းတောက်ပနေသည့် ဓားရှည်တစ်ချောင်းကို ထုတ်ယူပြီး အပြင်သို့ ပစ်လိုက်၏။

မူလကတည်းက မုန့်ကျူ းယွင်၏ရှေ့တွင်ရှိနေသော ထိုဝင်္ကပါသည် လုယွီပြောသကဲ့သို့ပင် ဓားရှည်အား အနည်းငယ်မျှပင် ဟန့်တားထားခြင်းမရှိပေ။

"ဝှစ်.."

ချက်ချင်းပင် ဓားရှည်က လုယွီ၏လက်အတွင်းသို့ကျရောက်သွားရာ သူက ကူရာကယ်ရာမဲ့စွာဖြင့် မျက်မှောင်ကြုပ်လိုက်သည်။

"ဘယ်လိုလဲ...ဒီဓားရှည်က မဆိုးဘူးမလား...နင် ဒီဓားကို ကိုင်မယ်ဆိုရင် ဒီသေမျိုးတစ်နိုင်ငံလုံး....မဟုတ်သေးဘူး....တောင်ပိုင်းစွန့်ပစ်ကုန်းမြေတစ်ခုလုံးမှာတောင် နင်က အစွမ်းအထက်ဆုံး စစ်သည်တော်တစ်ယောက်ဖြစ်လာလိမ့်မယ်"

မုန့်ကျူ းယွင်က ဂုဏ်ယူဝင့်ကြွားသော အပြုံးဖြင့် ပြောကြားလေသည်။ ထိုဓားက မှော်ရတနာတစ်ခုဖြစ်ပေ၏။ သာမာန်လူသားများအတွက် ၎င်းက အင်မော်တယ်ရတနာတစ်ခုသာဖြစ်သည်။

လုယွီက ဓားကိုကြည့်နေရင်းမှ သူ၏ခေါင်းကို ခါယမ်းလိုက်ပြီး သူ၏နံဘေးရှိမြေပြင်အတွင်းသို့ ဓားကိုထိုးစိုက်လိုက်သည်။

"ဒါက မင်းစီမှာရှိတဲ့ အကောင်းဆုံးဆိုတဲ့ရတနာလား...ဒါက အရည်အသွေးကောင်းတယ်ဆိုရုံပဲရှိတာ....တစ်ကယ်လို့ မင်းက ခက်ခဲအောင် ထပ်လုပ်နေဦးမယ်ဆိုရင် ငါထွက်သွားရလိမ့်မယ်"

လုယွီက တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်၏။

ဘာ......

မုန့်ကျူ းယွင်၏မျက်လုံးများ ပြူ းကျယ်သွားပြီး သူမ၏ရှေ့မှ သေမျိုးကောင်လေးအား ကြည့်လိုက်သည်။ ထိုဓားသည် သူမက စေ့စေ့စပ်စပ်ရွေးချယ်ထားသော အရာဖြစ်သည်။

လုယွီကမူ ထိုဓားတွင်အင်မော်တယ်အော်ရာတစ်ခုပါဝင်ပြီး ဓား၏ပတ်လည်တွင် လင်းလက်တောက်ပနေသော်လည်း အမှန်တရားက ၎င်းသည် ရွှေ သို့မဟုတ် ကျောက်စိမ်းအပိုင်းအစထက်မပိုဟု ဆုံးဖြတ်ထားသည်။

သူက ထိုဓား၏ပြစ်ချက်များကို အကြည့်တစ်ချက်ဖြင့်မြင်နိုင်သည့်အပြင် ဓား၏အရည်အသွေးအားလည်း ထွင်းဖောက်မြင်နိုင်ပေ၏။

မုန့်ကျူ းယွင်သည် အကူအညီမဲ့သကဲ့သို့ ခံစားနေရပြီး သူမက နောက်ထပ်ရတနာတစ်ခုအား လှမ်းပစ်လိုက်သည်။

ယခုတစ်ကြိမ်တွင် ထိုအရာကမြေပြင်ပေါ်သို့ ကျရောက်လာရာ မှိန်ပျပျမီးရောင်အား မြင်နိုင်လေ၏။

သို့ရာတွင် လုယွီက ၎င်းအရာအားကြည့်ပင် မကြည့်ပေ။ သူက ရိုးရှင်းစွာကောက်ယူပြီး သူ၏နံဘေး၌ ထားလိုက်သည်။

"ဒါက သာမာန်အဆင့်မှော်ရတနာတစ်ခုပဲ...အဲ့ဒါကို မီးမွှေးဖို့လောတ်ပဲ သုံးလို့ရတာ"

လုယွီက သူ၏ခေါင်းကို ခါယမ်းလိုက်ပြန်၏။

မုန့်ကျူ းယွင်က အေးတိအေးစက်ဖြင့် နှာမှုတ်လိုက်ပြီးနောက် ရတနာများအား တစ်ခုပြီးတစ်ခု ပစ်ထုတ်လိုက်တော့သည်။

"အဆင့်မြင့်အဆင့် မှော်ရတနာတစ်ခု...အဲ့ဒါမှာ အနာအဆာတစ်ခုပါနေတယ်"

"ကောင်းမွန်အဆင့် ချီစုစည်းဆေး...အရည်အသွေးညံဖျင်းပြီး အားနည်းချက်အပြည့်ပဲ"

"ဒီ ကျင့်ကြံနည်းစနစ်က အားနည်းချက်တွေချည့်ပဲ...ဒါတောင် မင်းက ငါကိုပေးချင်သေးတာလား"

လုယွီက မုန့်ကျူ းယွင် ပစ်ထုတ်လိုက်သည့်ပစ္စည်းများကို မှတ်ချက်ပြုရင်း သူ၏ဦးခေါင်းကို ကူရာကယ်ရာမဲ့စွာဖြင့် ခါယမ်းမိသည်။

မုန့်ကျူ းယွင်က အလွန်ဒေါသထွက်လာသဖြင့် သူမ၏အရည်ပြားများ ပေါက်ထွက်လုမတတ်ဖြစ်နေ၏။ သူမက ဒေါသတကြီး အော်ဟစ်မိတော့သည်။

"လောဘမကြီးစမ်းနဲ့...ငါမှာ ဘာရတနာမှ ထပ်မရှိတော့ဘူး"

လုယွီက သူမ၏လက်တွင်ကိုင်ထားသည့် ဓားရှည်ပေါ်သို့ အကြည့်ရောက်လာသောအခါတွင်မူ မုန့်ကျူ းယွင်က ပေါက်ကွဲလုမတတ် အော်ဟစ်လိုက်သည်။

"ဲဒါက ငါရဲ့အသက်ရတနာ....နင်ကိုမပေးနိုင်ဘူး"

လုယွီ၏မျက်နှာတွင် အပြုံးတစ်ပွင့်ဖော်ထုတ်လိုက်ပြီး မုန့်ကျူ းယွင်၏လည်ပင်းတွင်ဆွဲထားသည့် ဆွဲပြားအား လက်ညှိုးညွှန်ပြလိုက်၏။

"ငါ အဲ့ဒီဆွဲပြားကိုလိုချင်တယ်...မင်း ငါကို ပေးမယ်ဆိုရင်...ငါ မင်းကို ချက်ချင်းလွှက်ပေးမယ်"

Chapter 49

မုန့်ကျူ းယွင်က လုယွီအား မယုံသင်္ကာအကြည့်ဖြင့်ကြည့်လိုက်သည်။

"နင်က ဒီဆွဲပြားကို လိုချင်တာလား"

လုယွီက ခေါင်းညိတ်ပြလေ၏။

"ဟုတ်တယ်...အဲ့ဒါ ငါကိုပေးပါ"

မုန့်ကျူ းယွင်က ဆွဲပြားကို လုယွီ၏လက်ပေါ်သို့ သာမာန်ကာလျှံကာ ပစ်ပေးလိုက်သည်။ သူမ၏စိတ်နှလုံးသားအတွင်းတွင်မူ အလုံးစုံမယုံကြည်နိုင်သေးပေ။ သူမပစ်ထုတ်လိုက်သည့် ရတနာအားလုံးကို မှတ်ချက်ပြုနိုင်သည့်အရည်အချင်းကိုကြည့်ပြီး လုယွီသည် သာမာန်မဟုတ်သောပါရမီရှင်တစ်ယောက်ဖြစ်သည်ဟု ယခင်က တွေးခဲ့ဖူးသည်။ ယခုကမူ မုန့်ကျူ းယွင်က ခါးသက်သက် နောင်တတစ်ချို့အား ခံစားနေရ၏။

သူမ၏ရှေ့ရှိလူငယ်သည် မောက်မာလွန်းသော်လည်း သူက သေမျိုးတစ်ယောက်သာဖြစ်ပေသည်။

ဖြစ်နိုင်သည်မှာ သူမအသုံးပြုခဲ့သည့် သူတော်စင်အဆင့်ရှေးဟောင်းပစ္စည်း၏စွမ်းအားကိုမြင်ပြီးနောက် ထိုလူငယ်က ဆွဲပြားကို လိုချင်တပ်မက်နေပုံရသည်။

မုန့်ကျူ းယွင်က တိတ်တဆိတ်လှောင်ပြောင်သရော်လိုက်မိသည်။ ထိုဆွဲပြား၏စွမ်းအားက တစ်ကြိမ်အသုံးပြုပြီးသည်နှင့် ကုန်ဆုံးသွားပြီဖြစ်လေ၏။ ထိုဆွဲပြားအား ရှေးဟောင်းပစ္စည်းတစ်ခုဟုသာပင် အများဆုံးယူဆနိုင်တော့သည်။

သူတော်စင်များ၏ရှေးဟောင်းပစ္စည်းဆိုသည်မှာ တာအိုဝါဒဆွဲကိုင်သူ သူတော်စင်အဆင့်များ သာမာန်အတိုင်း သူတို့၏ခန္ဓာကိုယ်ပေါ်တွင် ဆောင်ထားသည့်အရာများဖြစ်သည်။

ထိုသို့ဖြစ်ရခြင်းမှာ သာမာန်အသုံးအဆောင်ပစ္စည်းများအား သူတော်စင်တစ်ယောက်၏ဘေး၌ အချိန်အတော်ကြာထားလိုက်သည်တွင် စိတ်ဝိညာဉ်တစ်ခုက ၎င်းပစ္စည်းတွင် တဖြည်းဖြည်းနှင့်ဖြစ်တည်လာခဲ့သည်။ ထိုစိတ်ဝိညာဉ်တွင် နတ်ဆိုးကျင့်ကြံသူများအား သေသည်အထိဖြစ်စေနိုင်သော သမာဓိချီမြောက်များစွာပါဝင်သည်။

သို့ရာတွင် သူတော်စင်တစ်ယောက်၏ပစ္စည်းက တစ်ကြိမ်သာလျှင် အသုံးပြုနိုင်၏။ ထိုပစ္စည်းမှ သမာဓိချီ တစ်ကြိမ်ထုတ်လွှတ်ပြီးသည်နှင့် ထပ်မံ၍ တည်ရှိနိုင်တော့မည်မဟုတ်ချေ။

"ဒါဆို နင်က များပြားတဲ့ရတနာတွေကို အောက်ပစ်ချပြီးတော့ အသုံးမဝင်တော့တဲ့ ရှေးဟောင်းသူတော်စင်အသုံးအဆောင်ပစ္စည်းကိုပဲ လိုချင်တယ်ပေါ့..နင်က အမှန်တစ်ကယ်ကို သေမျိုးတစ်ယောက်ပဲ"

မုန့်ကျူ းယွင်က လုယွီအား ဆွဲပြားကိုပေးလိုက်သည်။ သို့ရာတွင် လုယွီက သူမနှင့်ခွဲခွာရတော့မည်အတွက် နောင်တရနေပုံ ရှိမနေပေ။

မုန့်ကျူ းယွင်က လုယွီတွေးတောနေသည်များကို မည်သို့သိနိုင်မည်နည်း...။

"တွေးကြည့်မယ်ဆိုရင် ဒီဆွဲပြားထဲမှာ ဥပဒေသရဲ့သဲလွန်စတစ်ခု ဖုံးကွယ်ပြီးရှိနေတုန်းပဲ....ကြည့်ရတာတော့ ဒီဆွဲပြားရဲ့မူလပိုင်ရှင်ဟာ သိုင်းသူတော်စင်နယ်ပယ်ကို ချိုးဖျက်သွားနိုင်ခဲ့ပြီပဲ"

လုယွီက တီးတိုးရေရွတ်မိလေ၏။

ယခုအချိန်တွင် လုယွီ၏စိတ်ဝိညာဉ်သည် တာအိုသခင်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သဖြင့် သူက အနန္တကောင်းကင်ဘုံ၏ဥပဒေသများအား ရှင်းရှင်းလင်းလင်းသိမြင်နိုင်သည်။

ယခုအချိန်တွင် လုယွီက သူ၏လက်ရှိစိတ်ဝိညဉ်အား ယခင်အထွက်အထိပ်အခြေအနေ၏ တစ်ထောင်ပုံတစ်ပုံပင် အသုံးမပြုနိုင်ပေ။ သို့ရာတွင် သူက ဆွဲပြားအတွင်းမှပြောင်းလဲမှု အရိပ်အယောင်များအား အမိဖမ်းရန် စီမံနိုင်ဆဲဖြစ်လေ၏။

"ကောင်းပြီ...မင်းအခု ထွက်လာခဲ့တော့"

လုယွီက မုန့်ကျူ းယွင်အား အေးဆေးတည်ငြိမ်စွာဖြင့် ပြောကြားလိုက်သည်။

မုန့်ကျူ းယွင် ဆွံအသွားမိ၏။

"နင်က နဂါးသွေးကြောကို ထိန်းချုပ်ပြီး ဒီဝင်္ကပါကိုဖယ်ရှားမပေးချင်တာလား"

ထိုအချိန်မှာပင် လုယွီက ရုတ်တရက် ပြုံးလိုက်ရင်းမှ ပြောဆိုလိုက်သည်။

"ဘိုးဘေးကျိုက်က သေပြီလေ...ဒီဝင်္ကပါက အရင်ကတည်းက အသုံးမှမဝင်တော့တာ....ငါရဲ့ခန့်မှန်းချက်အရဆိုရင် နောက်ထပ်နှစ်နာရီအတွင်းမှာ ဒီဝင်္ကင်္ပါက အလိုအလျောက် လွင့်စင်ပပျောက်သွားတော့မှာ..."

ဘာ....

လုယွီပြောသည့်အရာကို အတည်ပြုချင်သဖြင့် မုန့်ကျူ းယွင်က သူမ၏သေးသွယ်သောလက်လေးကို ဆန့်ထုတ်ပြီး ဝင်္ကပါ၏အစွန်းဘက်အား ဂရုတစိုက် တို့ထိလိုက်သည်။ မုန့်ကျူ းယွင်က မျှော်လင့်မထားမိဘဲ သူမ၏လက်ချောင်းသည် မည်သည့်ခုခံတားဆီးမှုမျှ မကြုံရဘဲ ဝင်္ကပါအားထိုးဖောက်သွားနိုင်ခဲ့သည်။

မုန့်ကျူ းယွင်က ဝင်္ကပါအတွင်းမှ အထိအရှမရှိထွက်လာပြီးနောက် လုယွီအားကြည့်လိုက်လေသည်။

"နင်.....အစကတည်းက ဒီ ဝင်္ကပါရဲ့အစွမ်းကုန်ဆုံးနေပြီဆိုတာ နင် သိထားပြီးသားမလား"

လုယွီက ဆွဲပြားအား ယူဆောင်ထားပြီးနောက် ကျန်ရှိသည့်ရတနာပစ္စည်းများသည် သူ၏နံဘေး၌ပြန့်ကျဲနေသည်။ သူက မုန့်ကျူ းယွင်အား ခေါင်းမော့၍ပင်မကြည့်ဘဲ ပြောလိုက်သည်။

"ငါ မင်းကို ကယ်တင်ခဲ့တယ်....နင်က ငါကို ကျေးဇူးတင်တယ်လို့တောင် မပြောဖူးလား"

"ဘယ်သူက နင်ကယ်တာ ခံချင်လို့လဲ"

မုန့်ကျူ းယွင်က လုယွီအား စူးစူးဝါးဝါးကြည့်လိုက်၏။ သူမက ရွှယ်ကျိုးအဖွဲ့အစည်း၏ဂုဏ်သိက္ခာရှိသော သခင်မလေးတစ်ယောက်ဖြစ်သည်။ အကယ်၍ သူမက သေမျိုးတစ်ယောက်၏ ကယ်တင်ခြင်းအားခံရသည်ဟူသောသတင်းသာ ပြင်ပသို့ပျံ့နှံ့သွားပါက လူအများကသေလုမတတ် ရယ်မောကြပေမည်။

"မင်း လိုချင်တာကို လွတ်လွတ်လပ်လပ်ခံစားပြီး တွေးတောနေပေတော့....ငါလိုချင်တဲ့ဟာတွေက ရထားပြီးပြီ...မင်း အခုသွားနိုင်ပြီ"

လုယွီက စကားပြောဆိုနေရင်းမှ မှော်ရတနာအားလုံးကို သူ၏သိုလှောင်အိတ်အတွင်းသို့ ထိန်းသိမ်းနှင့်ပြီးဖြစ်သည်။

မုန့်ကျူ းယွင်က ရုတ်တရက် အံ့အားသင့်သွားမိသည်။

"နင်မှာ သိုလှောင်အိတ်တစ်အိတ်ရှိတာလာ.....နင်က သာမာန်သေမျိုးတစ်ယောက် မဟုတ်တာ သေချာတယ်....ဖြစ်နိုင်တာတော့ နင်က အထွက်အထိပ်အင်မော်တယ်ဂိုဏ်းခေါင်းဆောင်တစ်ယောက်ရဲ့ တိတ်တိတ်ပုန်းသားများလား"

လုယွီက မုန့်ကျူ းယွင်နှင့် စကားပြော၍ထပ်မံအချိန်မဖြုန်းလိုတော့ပေ။ ထို့ကြောင့် သူက လှိုဏ်ခေါင်း၏ထွက်ပေါက်ကို ညွှန်ပြပြီး သူမအားထွက်ခွာရန် ပြောလိုက်လေသည်။

"ဟွန့်...ငါက သူယူသွားတဲ့ဆွဲပြားအကြောင်း အကောင်းပြောပြမလို့ဟာကို...ဒါပေမယ့် အခုတော့ ဒင်းက ငါကိုလှည့်စားပြီး ငါရဲ့မှော်ရတနာတွေကို ယူသွားခဲ့တယ်"

မုန့်ကျူ းယွင်က နှုတ်ခမ်းစူလိုက်မိသည်။

သို့ရာတွင် လုယွီ၏ခြေထောက်အောက်တွင် နဂါးသွေးကြောရှိကြောင်းကို မုန့်ကျူ းယွင် သိရှိထားသည်။ ဘိုးဘေးကျိုက်ကဲ့သို့ လူစားမျိုးကိုပင် လုယွီက သေသည်အထိရိုက်နှက်ခဲ့သည်။ ထို့ကြောင့် သူမက လုယွီအား လှောင်ပြောင်လိုစိတ်မရှိချေ။

ရုတ်တရက် မှိန်ပျပျပန်းရောင်မြူ ခိုးများက မျောလွင့်ာကာ မုန့်ကျူ းယွင်၏နှာခေါင်းအတွင်းသို့ တိုးဝင်နေကြ၏။

'ဒါက ဘာလဲ'

မုန့်ကျူ းယွင်က အနည်းငယ်သံသယဝင်မိသော်လည်း မကြာခင်မှာပင် သူမ၏ခန္ဓာကိုယ်စတင်ယိမ်းထိုးလာသည်။

ဤအရာက ဘိုးဘေးကျိုက်၏ညှို့ဓာတ်သိမ်မွေ့ဆေး အာနိသင် မဟုတ်ပေလော....။

Chapter 50

"ဝီ....ဝီ..."

မုန့်ကျူ းယွင်က သူမ၏စိတ်အမှောင်ကျသွားသည်အား ခံစားမိသည်။ အချိန်တခဏအကြာတွင်မူ သူမက မည်သည့်နေရာသို့ ရောက်ရှိနေသည်ကိုပင် မသိရှိတော့ချေ။

သူမ၏နောက်ဆုံးအတွေးက..အို...မဟုတ်နိုင်ပေ...ဘိုးဘေးကျိုက် လောကအတွင်းမှ ထွက်ခွာသွားပြီဖြစ်ကြောင်းအားလည်း သူမအမှန်တစ်ကယ် မေ့လျော့သွားခဲ့သည်။

ယခုလက်ရှိတွင် သူမက ရှေးဟောင်းသူတော်စင်ပစ္စည်းအား အသုံးပြုလိုက်သည်။ ၎င်းပစ္စည်းမှ အဖြူ ရောင်အလင်းတန်းဖြင့် ဤကြီးမားသောဝင်္ကပါအတွင်းရှိ သိမ်မွေ့ပြီးဖြားယောင်းတတ်သော အလင်းရောင်အား လွင့်ပြယ်စေသည်။

သို့ရာတွင် သူမက ဝင်္ကပါအပြင်ဘက်ရှိမြင်ကွင်းများအား ပျောက်ပျက်စေရန်မပြုလုပ်နိုင်ပေ။ (မုန့်ကျူ းယွင် စိတ်ဂယောက်ဂယက်ဖြစ်နေခြင်းသာဖြစ်သည်)

"ဒါက.....ဘာတွေမှားယွင်းနေတာလဲ"

ရုတ်တရက် မုန့်ကျူ းယွင်သည် သူမ၏ခန္ဓာကိုယ်အနှံ ပူလောင်ပြင်းပြလာသကဲ့သို့ ခံစားနေရသည်။ သူမ၏ဖြူ ္နနုသောလက်ကလေးများကို မထိန်းချုပ်နိုင်တော့ဘဲ သူမ့အဝတ်အစားများထံသို့ ရောက်ရှိနေလေသည်။

ထိုအချိန်မှာပင် လုယွီက အသိစိတ်ပြန်ဝင်လာခဲ့ရာ သူ၏ပတ်ဝန်းကျင်သည် ပန်းရောင်မြူ ခိုးများဖြင့် ပြည့်နှက်နေကြောင်းမြင်တွေ့ရသည်။

ထိုမြူ ခိုးများသည် ယခင်က ဘိုးဘေးကျိုက်၏ထိန်းချုပ်မှုအောက်တွင်ရှိသော်လည်း ယခုလက်ရှိတွင် သူက သေဆုံးပြီးဖြစ်၍ ပန်းရောင်မြူ ခိုးများသည် ထိန်းချုပ်မှုလွတ်ကင်းပြီး လှိုဏ်ဂူအတွင်း အထိန်းအချုပ်မဲ့ မျောလွင့်နေခြင်းဖြစ်သည်။

"ဟွန့်...အောက်လမ်း နည်းတွေကများ...."

လုယွီက အေးစက်စက် နှာတစ်ချက်မှုတ်ပြီးနောက် ရုတ်တရက် သူ၏စိတ်ဝိညာဉ်သည် အစွမ်းထက်သော အဟန့်အတားအဖြစ် ပေါ်ထွက်လာသည်။ တာအိုသခင်၏ဝိညာဉ် ပေါ်ထွက်လာသည်နှင့် ထိုစိတ်ဝိညာဉ်အဆိပ်အမျိုးအစားက သူ့အပေါ် သက်ရောက်စေခြင်းမရှိတော့ပေ။

ရုတ်တရက်ချက်ချင်းပင် လှိုဏ်ခေါင်းအတွင်းရှိ ပန်းရောင်မြူ ခိုးများ လွင့်ပြယ်သွားလေ၏။

"ဟမ်...သူမက ဒီအဆိပ်မိနေတာလား"

လုယွီက ရုတ်တရက် မုန့်ကျူ းယွင်အား သတိပြုမိသွားပြီး မျက်မှောင်ကြုပ်လိုက်မိသည်။

မုန့်ကျူ းယွင်က ယခင်ကဲ့သို့ လန်းဆန်းတတ်ကြွသည့်အခြေအနေတွင်ရှိမနေပေ။ သူမ၏လှပသောမျက်နှာသည် နီမြန်းနေပြီး သူမ့အသက်ရှုသံမှာလည်း တည်ငြိမ်ခြင်းမရှိပေ။ မုန့်ကျူ းယွင်က လှိုဏ်ခေါင်းနံရံကိုမှီ၍ လဲလျောင်းနေပြီး သူမ၏ပြင်းထန်သော အသက်ရှုသံများကိုလည်း အတိုင်းသားကြားနေရသည်။

မုန့်ကျူ းယွင်က သူမ၏အဝတ်အစားများကို ဆောင့်ဆွဲနေဆဲဖြစ်သော်လည်း သူမက သတိရတစ်ချက် မရတစ်ချက်ဖြစ်နေသဖြင့် လောလောဆယ်အခြေအနေအထိ သူမ၏အဖြူ ရောင်ဝတ်စုံအား ဖယ်ရှားနိုင်ခြင်းမရှိသေးချေ။

ထိုမြင်ကွင်အားကြည့်ရင်း လုယွီ မတ်တတ်ထရပ်လိုက်၏။ အချိန်အနည်းငယ် တွေးဆပြီးနောက် သူက မုန့်ကျူ းယွင်ထံသို့ လျှောက်လှမ်းသွားခဲ့သည်

မုန့်ကျူ းယွင်သည် အသက်နှစ်ဆယ်ပင်မပြည့်သေးပုံပေါ်ပြီး သူမ၏လှပသောမျက်နှာလေးသည် နူးညံသည့်ပန်းတစ်ပွင့် ပွင့်လန်းနေသကဲ့သို့ဖြစ်နေရာ သူမအား ဆွဲဆောင်မှုရှိသည့်ညှို့ဓာတ်ကို ထောက်ပံပေးနေ၏။

မုန့်ကျူ းယွင်က ယော်ကျားတစ်ယောက်၏အနံအသက်အား အာရုံခံမိချိန်တွင် သူမ၏မသိစိတ်မှနေပြီး လုယွီထံ ယိမ်းယိုင်လိုက်မိကာ သူမ့နှုတ်ခမ်းမှလည်း ဗလုံးဗထွေးများ ပြောဆိုနေပေသည်။

မိန်းခလေးတစ်ယောက်၏ ခန္ဓာကိုယ်မှနေ၍ ဆွဲဆောင်ဖျားယောင်းနေသည့်ရနံ့များသည် လုယွီ၏နှာခေါင်းအား လာရောက်ကလူကျီစယ်နေသော်လည်း သူက ချီတုံချတုံဖြစ်နေပုံသာ ပေါက်နေလေ၏။

"ဟူး...ကောင်းပြီလေ....ငါတို့က ကံကြမ္မာကြောင့် ဆုံတွေ့ခဲ့ရပေမယ့်.....မင်းက ငါကို ရတနာတွေပေးခဲ့တဲ့မျက်နှာနဲ့ ငါမင်းရဲ့အသက်ကို ကယ်တင်လိုက်မယ်"

လုယွီက တီးတိုးရေရွတ်ရင်းမှ သူ၏မျက်လုံးတွင် စူးရှသောအကြည့်တစ်ချက် တောက်ပသွားသည်။

ထိုဖြားယောင်းသွေးဆောင်နိုင်သောအဆိပ်သည် လူတစ်ယောက်၏စိတ်ဝိညာဉ်အား ထိန်းချုပ်နိုင်သည်။ အကယ်၍ ၎င်းအား ချက်ချင်းလွင့်ပြယ်စေရန် မပြုလုပ်နိုင်ပါက အဆိပ်မိသူ၏အသိစိတ်ဆုံးရှုံးပြီး အရူးတစ်ယောက်ကဲ့သို့သာဖြစ်လာပေမည်။

မုန့်ကျူ းယွင်က မူးယစ်ရီဝေပြီး အသိစိတ်ရတစ်ချက် မရတစ်ချက်အနေအထားတွင်ရှိနေဆဲဖြစ်သည်။ သူမက လုယွီ၏နံဘေးသို့ လဲလျောင်းလိုသောစိတ်ဆန္ဒသာရှိနေခဲ့သည်။

လုယွီ၏အမူအယာသည် ယခင်အတိုင်းတည်ငြိမ်နေဆဲဖြစ်လေ၏။ သူက ယခုအခြေအနေတွင် အခွင့်အရေးယူနိုင်သော်လည်း လုယွီ၌ ထိုသို့ပြုလုပ်လိုခြင်းမရှိပေ။

လုယွီက လက်တစ်ဖက်ဖြင့် မုန့်ကျူ းယွင်၏နူးညံသည့် ခန္ဓာကိုယ်အားမတ်မတ်ထိုင်နိုင်ရန်အကူအညီပေးပြီး သူမ၏နောက်ကျောပြင်နှင့် သူကမျက်နှာချင်းဆိုင်နေရာယူလိုက်သည်။ ထို့နောက် လုယွီက သူ၏လက်ညှိုးကိုအသုံးပြု၍ လေထုအတွင်း ဓားချီစီးကြောင်းတစ်ကြောင်းဖြစ်ပေါ်စေရာ ၎င်းက သူမ၏အဖြူ ရောင်ကိုယ်ကျပ်အင်္ကျီအား ဖြတ်တောက်ပစ်လေသည်။

မုန့်ကျူ းယွင်၏အဝတ်အစားများ လှစ်ဟသွားသဖြင့် သူမ၏ဖြူ နုသောနောက်ကျောပြင်က လုယွီ၏ရှေ့တွင် ထွက်ပေါ်လာသည်။

သူမ၏အသားအရေသည် အဖြူ ရောင်ကျောက်စိမ်းနှင့်တူညီပြီး ပြီးပြည့်စုံစွာ နူးညံချောမွတ်နေ၏။ လုယွီ၏လက်က မုန့်ကျူ းယွင်အား ထိတွေ့မိသောအချိန်တွင် အလွန်နူးညံသိမ်မွေ့ခြင်းအား ခံစားမိသည်။

သို့ရာတွင် လုယွီက မြေအောက်လောက၏တာအိုသခင်တစ်ယောက် ဖြစ်ပေ၏။ ထို့ကြောင့် ဤအနည်းငယ်သော အတွေ့အထိအာရုံအတွက် သူ၏အတွေးများ ရိုင်းစိုင်းစွာဒုန်းစိုင်းနေမည်အား ခွင့်ပြုမည်မဟုတ်ပေ။

ဖတ်....

လုယွီက သူ၏လက်ဝါးဖြင့် မုန့်ကျူ းယွင်၏နောက်ကျောအား ပူးကပ်လိုက်သည်။ တာအိုသခင်၏စိတ်ဝိညာဉ်နှင့်အတူ လုယွီက ကောင်းကင်ဘုံအင်ပါယာ၏မူလအစစ်အမှန်မီးတောက်ကိုပါ ထုတ်လွှတ်လိုက်လေ၏။

"ဖူ"ဟူသောအသံနှင့်အတူ လုယွီ၏လက်ဖဝါးမှ အဖြူ ရောင်မီးတောက်တစ်ခု ထွက်ပေါ်လာသည်။ လုယွီ၏ထိန်းချုပ်မှုအောက်တွင် ထိုမီးတောက်က မုန့်ကျူ းယွင်၏ခန္ဓာကိုယ်အတွင်းသို့ ဖြည်းဖြည်းချင်း စိမ့်ဝင်သွားလေ၏။

ရွဲ....ရွဲ...

မုန့်ကျူ းယွင်၏ခန္ဓာကိုယ်မှ အနက်ရောင်ချီများ အဆတ်မပြက်ထွက်ပေါ်နေသော်လည်း လုယွီက ညှို့ဓာတ်သိမ်မွေ့ဆေးအာနိသင်များ ကြွင်းကျန်မနေရစ်စေရန် ဂရုတစိုက် ဖယ်ရှားနေခဲ့သည်။

လဖက်ရည်တစ်အိုးကျက်ခန့်အချိန်တွင် လုယွီ၏နဖူးမှ ချွေးများယိုစီးကျနေပြီး သူ၏ခန္ဓာကိုယ်ကစတင်တုန်ခါလာသည်။

သူ၏စိတ်ဝိညာဉ်စွမ်းအားကို မှီခို၍ လုယွီက လေထုအတွင်းရှိ ညှို့ဓာတ်သိမ်မွေ့ဆေး၏အာနိသင်အား လွယ်လင့်တကူလွင့်ပါးစေနိုင်သည်။ သို့ရာတွင် လူတစ်ယောက်၏ခန္ဓာကိုယ်အတွင်းမှ အဆိပ်ကိုကား မူလအစစ်အမှန်မီးတောက်၏အကူအညီယူပြီး ဖြည်းဖြည်းခြင်းသာ ဖယ်ရှားပေးနိုင်လေသည်။

နောက်ဆုံးတွင် လုယွီက နဂါးသွေးကြော၏စွမ်းအားကိုပါ ဌားယူလိုက်ရသည်။ ထပ်ပြောရလျှင် လုယွီသည် မူလအစစ်အမှန်မီးတောက်အား အသုံးပြုနိုင်ရန် သူ၏ကျန်းချီအမြောက်အများအား လောင်ကျွမ်းခဲ့ရသည်။ လုယွီ၏ယခုကျင့်ကြံခြင်းအဆင့်ဖြင့် သူ၏ကန့်သတ်ချက်အားရောက်ရှိနေပြီဖြစ်လေသည်။

ဖူး....

ရုတ်တရက် မုန့်ကျူ းယွင်း၏ပါးစပ်မှ သွေးမည်းတစ်လုတ် ပန်းထွက်လာသည်။ ယခင်က သူမ၏မိန်းမောနေသောမျက်လုံးများက ရုတ်တရက်တောက်ပလာသည်။

မူလက သူမသည် အံ့အားသင့်နေခဲ့သော်လည်း တစ်စုံတစ်ယောက်က သူမ၏နောက်ကျောအား ထိကိုင်ထားခြင်းအား ခံစားမိသည်။ သူမ၏ခေါင်းကိုလှည့်လိုက်ရာ ချက်ချင်းဆိုသလိုပင် ချွေးများစိုရွှဲနေသည့် လုယွီ၏မျက်နှာအား မြင်တွေ့ရသည်။

"နင်....ခွေးကောင်"

ရုတ်တရက် မုန့်ကျူ းယွင်က ဒေါသတကြီးအော်ဟစ်ပြီး နောက်သို့လှည့်၍ လုယွီ၏ခန္ဓာကိုယ်အား သူမ၏လက်ဝါးဖြင့်ရိုက်လိုက်သည်။

All Chapters