← Chapters

အခန်း (၅၁-၅၅)

Vol. 1-5 Ch. 51-55

အခန်း (၅၁-၅၅)

Vol. 1-5 Ch. 51-55

Chapter 51

လုယွီက တစ်ချိန်လုံး မူလအစစ်အမှန်မီးတောက်အားအသုံးပြုနေသည့်အတွက် သူခွန်အား၏အကန့်အသတ်အား ရောက်ရှိနှင့်ပြီးဖြစ်သည်။

ဘန်း...

လုယွီက မုန့်ကျူ းယွင်၏လက်ဝါးရိုက်ချက်ကြောင့် လေး ငါးမီတာအကွာအဝေးထိလွင့်ထွက်သွားပြီး သူ၏ပါးစပ်မှ သွေးများအဆတ်မပြက်ပန်းထွက်နေလေ၏။

မုန့်ကျူ းယွင်အား ကုသပေးနေစဉ်အချိန်အတွင်းမှာပင် နဂါးသွေးကြောသည်လည်း ပျောက်ကွယ်နှင့်ပြီးဖြစ်သည်။

နဂါးသွေးကြောသည် ဤလောကအတွင်းရှိ သက်ရှိအားလုံး၏ကံကြမ္မာအား ထိန်းချုပ်ထားခြင်းဖြစ်သည်။ အကယ်၍ သူက နဂါးသွေးကြောအား ထပ်မံအသုံးပြုပါက လောကကြီးတွင်ကပ်ဘေးများကျရောက်စေမည်ဖြစ်သဖြင့် လုယွီက ထိုသို့ပြုလုပ်ရန်ဆန္ဒမရှိပေ။

ယခုလက်ရှိတွင် လုယွီက မုန့်ကျူ းယွင်၏လက်ဝါးရိုက်ချက်အား သူ၏ရှီထျန်းနယ်ပယ်စွမ်းအားဖြင့် ခံယူလိုက်ရခြင်းဖြစ်သည်။

"လူတစ်ယောက်ရဲ့မျက်နှာကိုသာမြင်နိုင်ပြီး အတွင်းစိတ်ကိုမမြင်နိုင်ဘူးဆိုတာ တစ်ကယ်မှန်တာပဲ...သေမျိုးတစ်ယောက်ကများ...နင်ရဲ့ညစ်ပတ်နေတဲ့လက်တွေနဲ့ ငါကိုထိကိုင်ဝံ့တယ်ပေါ့"

မုန့်ကျူ းယွင်က သူမ၏သိုလှောင်အိတ်အတွင်းမှ ဝတ်ရုံတစ်ခုကို လျှင်လျှင်မြန်မြန်ထုတ်ယူလိုက်ပြီး သူမကိုယ်သူမလုံခြုံစေရန် ပြုလုပ်လိုက်သည်။ သူမ၏လေသံက အေးစက်တင်းမာနေလေ၏။

အဟွက်....အဟွက်....အဟွက်

ရုတ်တရက် လုယွီက သွေးတစ်လုတ်အန်ထုတ်လိုက်သည်။ သူ၏နဂါးကိုးကောင်အာဏာရှင် ခန္ဓာကိုယ်နည်းစနစ်အား ကသုတ်ကရက်ဖြင့်လှည့်ပတ်ပြီး မုန့်ကျူ းယွင်၏စွမ်းအားကို စုပ်ယူလိုက်၏။ သို့ရာတွင် သူနှင့်မုန့်ကျူ းယွင့်အကြားရှိ ကျင့်ကြံခြင်းအဆင့်ကွာခြားချက်သည် လွန်စွာကြီးမားနေသည်။

လုယွီက ဘိုးဘေးကျိုက်အား သတ်ဖြတ်နိုင်ခဲ့ခြင်းမှာ သူသည် နဂါးသွေးကြော၏စွမ်းအင်အား ဌားရမ်းနိုင်ခြင်းဖြစ်သည်။

"ငါက တစ်ကယ်ကိုပဲ နင်ကို လက်ဝါးရိုက်ချက်တစ်ချက်တည်းနဲ့မသတ်နိုင်ပါလား...နင်က ငါအတွက် နှစ်ပေါင်းထောင်ချီမမေ့နိုင်တော့မယ့် ကပ်ဘေးတစ်ခုပဲ"

မုန့်ကျူ းယွင်က လုယွီအား မြင့်မြတ်ပြီးခွန်အားကြီးသော ကောင်းကင်ဘုံအင်မော်တယ်မှ နိမ့်ကျသောသေမျိုးတစ်ယောက်အား ကြည့်သကဲ့သို့ အေးတိအေးစက်ဖြင့် ကြည့်ရှုနေလေသည်။

ရုတ်တရက် မုန့်ကျူ းယွင်က သူ၏လက်ဝါးနှင့် လုယွီအား ထပ်၍ရိုက်လိုက်၏။

လုယွီက အပြင်းအထန်ဒဏ်ရာရပြီးသားဖြစ်သည့်အပြင် ယခုတစ်ကြိမ်တွင်လည်း သူက နောက်ထပ်ထိုးနှက်ချက်တစ်ခုအားခံစားရပြီး သူအားမီတာပေါင်းများစွာအကွာအဝေးသို့ လွင့်စင်သွားသည်။

လုယွီ၏အနောက်တွင်မူ အဆုံးမရှိသော တွင်းနက်ကြီးတည်ရှိနေ၏။

မုန့်ကျူ းယွင်၏ လက်ဝါးရိုက်ချက်မှခွန်အားသည်သာမာန်မဟုတ်ပေ။ ထိုလက်ဝါးရိုက်ချက်နှင့်အတူ လုယွီသည် တွင်းနက်ကြီး၏အစွန်းသို့ ရောက်ရှိခဲ့ရသည်။

လုယွီ၏မျက်လုံးများက သူမအား အခိုင်အမာစိုက်ကြည့်နေရာ မုန့်ကျူ းယွင်က သူမ၏စိတ်နှလုံးသားအတွင်းမှ ချမ်းစိမ့်တတ်လာသည်အား ခံစားမိစေသည်။

ထိုအကြည့်က မည်သည့်သဘောဆောင်သနည်း။ သူက သေမျိုးတစ်ယောက်ဖြစ်သည်ဟု သူမသေချာသိနေသော်လည်း မည်သည်ကြောင့် သူမက ဝံပုလွေရိုင်းတစ်ကောင်၏စောင့်ကြည့်ခံနေရသကဲ့သို့ ခံစားချက်မျိုး ပေးနိုင်သနည်း။

ထိုခံစားချက်က သူမ၏ကျောရိုးအောက်ခြေထိ ချမ်းစိမ့်စိမ့် ဖြစ်သွားစေ၏။

"မုန့်ကျူ းယွင်....ငါက မင်းရဲ့ခန္ဓာကိုယ်ထဲက ညှို့ဓာတ်သိမ်မွေ့ဆေးအာနိသင်ကို ဖယ်ရှားပေးပြီး မင်းအသက်ကိုကယ်တင်ခဲ့တယ်....ဒါက မင်းငါကို ကျေးဇူးပြန်ဆပ်တဲ့ပုံစံလား"

လုယွီ၏နှုတ်ခမ်းထောင့်များမှ သွေးများယိုစီးကျနေသော်လည်း သူ၏ကိုယ်နေဟန်ထားအား မယိမ်းမယိုင်ထိန်းသိမ်းထားဆဲဖြစ်သည်။

သူက ညှို့ဓာတ်သိမ်မွေ့ဆေးအာနိသင်အား ဖယ်ရှားပေးခဲ့သည်ဟု ဆိုလိုက်သလော...

မုန့်ကျူ းယွင်က သူမ၏နတ်ဘုရားစိတ်အာရုံအားအသုံးပြု၍ သူမခန္ဓာကိုယ်အား စစ်ဆေးလိုက်ရာ သူမထံမှထွက်ခွာသွားပြီဖြစ်သော ဆေးအာနိသင်အကြွင်းအကျန်များအား တွေ့ရှိမိလေသည်။

သူ အမှန်တစ်ကယ်များ အဆိပ်ဖြေပေးခဲ့သလော...

မဖြစ်နိုင်ပေ။ ထိုလူငယ်က ဝင်္ကပါအနည်းငယ်ကိုသာ နားလည်သည့် သေမျိုးကောင်လေးတစ်ယောက်သာဖြစ်ပေသည်။

သူသည် မတော်တဆ နဂါးသွေးကြော၏စွမ်းအားကိုအသုံးပြုမိပြီး ဘိုးဘေးကျိုက်အား သတ်ဖြတ်နိုင်ခြင်းသာ ဖြစ်ပေမည်။ သူက မည်သည့်နည်းဖြင့် သူမ၏စိတ်ဝိညာဉ်မှအဆိပ်အား ဖယ်ရှားပေးနိုင်မည်နည်း။

ူသူမ၏အဆိပ်က သူမခန္ဓာကိုယ်အတွင်းရှိ သမာဓိချီကြောင့် လွင့်ပြယ်သွားသည်မှာ သေချာပေ၏။

ဝတ်ရုံအောက်မှ မုန့်ကျူ းယွင်၏နူးညံသော ခန္ဓာကိုယ်လေးသည် ကျောရိုးအတွင်းထိ တစိမ့်စိမ့်တုန်နေသည်။ ထိုအခြင်းအရာက သူမ၏နောက်ကျောမှအဖြူ ရောင်အဝတ်အစားအား လုယွီဖြတ်တောက်ပစ်ခြင်းကြောင့် ခံစားနေရခြင်းဖြစ်သည်။

ရုတ်တရက် မုန့်ကျူ းယွင်၏မျက်နှာတွင် ရှက်ရွံခြင်းနှင့်ဒေါသထွက်ခြင်းအရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့သည်။

သူမက ရွှယ်ကျိုးအဖွဲ့အစည်း၏အကြီးဆုံးသခင်မလေးဖြစ်သည်။ သူမသည် ဂုဏ်သိက္ခာရှိသောဘဝနှင့်နေထိုင်ပြီး လူပေါင်း ထောင်သောင်းချီ၏လေးစားခြင်းအားခံရသူဖြစ်သည်။

သူမက သဘာဝအတိုင်း ကြယ်ပွင့်ကဲ့သို့တောက်ပရန်မွေးဖွားလာသူဖြစ်သည်။ သူမ၏တည်ရှိမှုက ကမ္ဘာလောကကြီးတစ်ခုလုံးအား လှုပ်ခါရန်ဖြစ်သည်။

လုယွီကတော့....သူက အဆင့်မရှိသူသာဖြစ်သည်။

"နင်ရဲ့ သေမျိုးအဆင့်နဲ့များ ငါ့အဆိပ်ကိုဖယ်ရှားပေးတာတဲ့လား"

မုန့်ကျူ းယွင်က လုယွီအား လက်ဝါးဖြင့်ထပ်မံရိုက်လိုက်သည်။

လုယွီထံမှ သွေးတစ်လုတ်ပန်းထွက်လာပြီး တွင်းနက်ကြီးအတွင်းသို့ တည့်တည့်မတ်မတ်ကျရောက်သွားသည်။

မုန့်ကျူ းယွင်က လုယွီအား လိုက်လံဖမ်းဆီးလိုသော်လည်း တွင်းနက်ကြီးအတွင်းမှ ထွက်ပေါ်လာသည့် ပြင်းထန်သောသွေးညှီနံများကြောင့် သူမ ချက်ချင်း မျက်မှောင်ကြုပ်လိုက်မိသည်။

ထိုတွင်းနက်ကြီး၏အောက်ခြေတွင် ဘိုးဘေးကျိုက် သတ်ဖြတ်ခဲ့သောသူများ၏ အလောင်းများရှိနေသည်။ ထိုအလောင်းများမှသွေးညှီနံများကြောင့် သူမအား ပျို့အန်ချင်စိတ်များ ဖြစ်ပေါ်စေသည်။

"ငါရဲ့လက်ဝါးရိုက်ချက်သုံးချက်ကိုခံယူပြီးတော့....ဟွန့်....နဂါးသွေးကြောရဲ့ထောက်ပံမှုမရှိတော့တဲ့ နင်က သေမှာအသေအချာပဲ"

မုန့်ကျူ းယွင်က ထိုနေရာမှပင် ပြန်လှည့်၍ထွက်ခွာခဲ့တော့သည်။

လှိုဏ်ခေါင်းအတွင်းမှထွက်ခွာပြီးနောက် မုန့်ကျူ းယွင်က အဆောင်တစ်ခုအား မီးညှိလိုက်သည်။

ထိုအဆောင်လောင်ကျွမ်းပြီးချိန်မှာပင် လေထုအတွင်းမှ အသံများထွက်ပေါ်လာသည်။ အဖြူ ရောင်ကိုယ်ကျပ်ဝတ်စုံနှင့်လူတစ်ချို့က မုန့်ကျူ းယွင်၏ရှေ့၌ ဆင်းသက်လိုက်ကြသည်။

"အကြီးဆုံး သခင်မလေး.."

သူတို့က ရွှယ်ကျိုးအဖွဲ့အစည်းမှ တပည့်များဖြစ်ကြလေ၏။

မုန့်ကျူ းယွင်၏အမူအယာက မည်သည့်ကိစ္စမှမဖြစ်ပွားခဲ့သကဲ့သို့ တည်ငြိမ်နေပြီး သူမက ပြောကြားလိုက်သည်။

"နှလုံးဖမ်းဆုပ်သူဘိုးဘေး သေသွားပြီ....ဒီတောင်ကို ဖျက်ဆီးပစ်လိုက်"

အဖြူ ရောင်ဝတ်စုံဖြင့်ကျင့်ကြံသူက မုန့်ကျူ းယွင်၌ စိတ်ဝိညာဉ်စွမ်းအင် မကျန်ရှိတော့ခြင်းအားမြင်သည့်အခါတွင် သူမက တိုက်ပွဲကြီးတစ်ခုအား ဆင်နွှဲခဲ့ကြောင်းကိုသိရှိသွားလေ၏။

သူတို့က မည်သည့်စကားမျှထပ်မဆိုတော့ပေ။ ရုပ်ရည်ခန့်ညားသည့် အမျိုးသားကျင့်ကြံသူတစ်ယောက်က ထွက်လာပြီး တောင်ကြီးအားချိန်ရွယ်၍ ထိုးနှက်လိုက်သည်။

တော်လဲသံကြီးနှင့်အတူ အစွမ်းထက်သော အင်အားတစ်ခုက တောင်တစ်တောင်လုံးထံသို့ ဆင်းသက်သွားပြီး ၎င်းတောင်ပြိုလဲကျသွားတော့သည်။

"အကြီးဆုံးသခင်မလေး....ဘိုးဘေးကျိုက်ကသေပြီဆိုမှတော့ အလယ်ပိုင်းကုန်းမြေကိုပြန်ကြရအောင်"

အမျိုးသားကျင့်ကြံသူမှ မုန့်ကျင်းယွင်အား ပြောဆိုလိုက်၏။

မုန့်ကျူ းယွင်က သူမ၏မျက်ခုံးများအားပင့်တင်လိုက်ပြီး သက်ပြင်းတစ်ချက်မှုတ်ထုတ်ရင်းမှ အေးတိအေးစက်ပြောကြားလိုက်သည်။

"သွားကြမယ်"

ဓားအလင်းရောင်များ တောက်ပလာပြီးနောက် လူတိုင်းကသူတို့၏ဓားပျံများအားစီး၍ ထွက်ခွာခဲ့တော့သည်။

ယခုနေရာတွင် ဖြစ်ပျက်ခဲ့သောအရာအားလုံး ဖုံးကွယ်ပြီးသားဖြစ်လေ၏။

မုန့်ကျူ းယွင်က အလယ်ပိုင်းကုန်းမြေအားပြန်ရောက်ချိန်တွင် သူမက ရွှယ်ကျိုးအဖွဲ့အစည်းရှိ လူအများကြားမှ အထူးချွန်ဆုံးသခင်မလေးသာ ဖြစ်ပေမည်။

သူမ ဒုက္ခရောက်နေချိန်အခွင့်အရေးယူသည့် သေမျိုးကောင်လေးက ယခုသေဆုံးပြီဖြစ်ပေ၏။ သူက မုန့်ကျူ းယွင်၏ဘဝတွင် အနည်းငယ်မျှပင် လှိုင်းဂယက်ထစေမည်မဟုတ်ချေ။

Chapter 52

အမှောင်ထုအတွင်းတွင် လုယွီ၏မျက်လုံးများပွင့်လာသည်။ သူက အလောင်းကောင်ပုံကြီး၏ထိပ်တွင်လဲကျနေပြီး သူ၏နှာခေါင်းအတွင်းတွင် သွေးညှီနံများဖြင့်ပြည့်နှက်နေသည်။

ဤအဖြစ်အပျက်က ကျင့်ကြံခြင်းလောက၏ရက်စက်မှုပင်ဖြစ်ပေ၏

ခွန်အားကြီးသူက ခွန်အားနည်းသူအား နိုင်စားရာတွင် မည်သည့်အကြောင်းပြချက်မှမလိုပေ။ လူတစ်ယောက်အပေါ် ကိုယ်ချင်းစာတရားဖြင့် လုပ်လိုက်သောကိစ္စတစ်ရပ်သည် သူ၏ခွန်အားနည်းမှုကိုအခြေခံပြီး မကောင်းမှုဖြစ်သွားခဲ့သည်။ ထိုအချက်ကပင် သူ သေသင့်သောအကြောင်းပြချက် ဖြစ်လာသည်။

အစွမ်းထက်သောအင်အားရှိသူသည် လူအများအပြားကိုသူတို့၏လက်နှင့်သတ်ဖြတ်ခဲ့လျှင်ပင် ဖြောင့်မတ်ခြင်းနှင့်ကိုယ်ကျင့်တရား ဟူသည်ကိုပြောဆိုနိုင်သည်။ ခွန်အားနည်းသူများကမူ ဖြစ်ပျက်နေသမျှအရာအားလုံးကို စောင့်ကြည့်ရုံမှတစ်ပါး အခြားမရှိပေ။

အိမ်ခြေရာခြေမရှိသည့် ငယ်ရွယ်သောလူငယ်တစ်ယောက်သည် မျှတမှုမရှိသည့်ကံကြမ္မာအား အပြစ်တင်နေမည်ဖြစ်၏။ ထို့ပြင် သူ၏ဘဝသည် ကောင်းကင်နှင့်မြေကြီးအား မှီခိုနေရသည်ဟုလည်း ကြွေးကြော်အော်ဟစ်နေပေမည်။

သို့သော် လုယွီက မပြုလုပ်ခဲ့ပေ။

လုယွီ၏အတိတ်ဘဝတွင် အိမ်ခြေရာမဲ့ကလေးတစ်ယောက်ဘဝမှ မြေအောက်လောက၏တာအိုသခင်ဖြစ်လာရန် တစ်ဆင့်ပြီးတစ်ဆင့်လျှောက်လှမ်းခဲ့သည်။

တစ်ချိန်က သူအားလှောင်ပြောင်ခဲ့သည့် ထူးချွန်ထက်မြက်သောပါရမီရှင်ဆိုသူများကို သူ၏ခြေဖဝါးအောက်တွင်နင်းချေနိုင်ခဲ့သည်။

သူ့အားလိုက်လံဖမ်းဆီးခဲ့သည့် မြင့်မြတ်မြေပြင်အား သူ၏လက်ညှိုးတစ်ချောင်းဖြင့်ပင် ဖျက်ဆီးပစ်ခဲ့သည်။

မုန့်ကျူ းယွင်က သူမကိုယ်သူမ လောက၏အထွန်းလင်းဆုံး လမင်းဟု ဝင့်ကြွားနေသော်လည်း လုယွီ၏မျက်လုံးအတွင်းတွင် သူမက ပုရွတ်ဆိတ်တစ်ကောင်ထက်မပိုချေ။

လုယွီအတွက် သူမက တခဏတာဆုံတွေ့ခဲ့သည့် ပုရွတ်ဆိတ်တစ်ကောင်သာဖြစ်၏။ မည်သည့်အကြောင်းကြောင့် လုယွီက သူမအားရယူရန် ပြင်းပြင်းထန်ထန်ဆောင်ရွက်မည်နည်း။

"ငါ မျှော်လင့်မထားဘဲနဲ့ ဒီဘေးဒုက္ခကနေပြီး အကျိုးကျေးဇူးရရှိခဲ့တယ်....နဂါးကိုးကောင် အာဏာရှင်ခန္ဓာကိုယ်က ဒုတိယအလွှာကို ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ပြီ"

ရုတ်တရက် လုယွီက သူ၏ခန္ဓာကိုယ်အတွင်းမှ ပြောင်းလဲမှုအား သတိပြုမိသွားသည်။ မုန့်ကျူ းယွင်၏အစွမ်းထက်သော လက်ဝါးရိုက်ချက်အောက်တွင် လုယွီ၏ကြွက်သားများနှင့်အရိုးများ ကျိုးကြေလုနီးပါးဖြစ်နေသည်။

သို့ရာတွင် နဂါးကိုးကောင် အာဏာရှင်ခန္ဓာကိုယ်နည်းစနစ်က လုယွီ၏အရိုးများ ကျိုးကြေမသွားမှီမှာပင် ဟန့်ထားပေးနိုင်ခဲ့သည်။ မုန့်ကျူ းယွင်၏လက်ဝါးရိုက်ချက်သုံးချက်က လုယွီ၏ခန္ဓာကိုယ်ပေါ်သို့ကျရောက်သော်လည်း ထူးဆန်းသည့်တိုက်ဆိုင်မှုကြောင့် ၎င်းရိုက်ချက်များက လုယွီ၏ခန္ဓာကိုယ်အား ပြန်လည်တည်ဆောက်ရန် ကူညီပေးသကဲ့သို့ဖြစ်သွားသည်။

လုယွီ၏ခန္ဓာကိုယ်ကြွက်သားပေါ်တွင် နဂါးနက်နှစ်ကောင်အမှတ်အသားက မှိန်ပျပျထွက်ပေါ်နေလေ၏။ ယခုချိန်တွင် လုယွီက အလွန်အမင်းအားနည်းနေသော်လည်း သူ၏ရုပ်ပိုင်းဆိုင်ရာကြံခိုင်မှုသည် ယခင်ကထက် အနည်းဆုံးသုံးဆပိုမိုသန်မာလာခဲ့သည်။

"ပိုင်တို ကောင်းကင်ဘုံဂိုဏ်းမှာ ရင်မှည့်နေတဲ့ ကြက်သွေးရောင်အသီးနဲ့စိတ်ဝိညာဉ်စမ်းရေတွင်းရှိတယ်...ငါ အဲ့ဒါတွေကို အသုံးပြုနိုင်တယ်"

အတွေးတစ်ချက်နှင့်အတူ လုယွီက သူ၏ခါးမှ သိုလှောင်အိတ်အား ဖြုတ်လိုက်သည်။

သာမာန်သိုလှောင်အိတ်များအတွင်းသို့ သက်ရှိများဝင်ရောက်ရန်မှာ မဖြစ်နိုင်ပေ။ သို့ရာတွင် ကမ္ဘာငယ်ဟူသည်ကား ကွဲပြားခြားနားပေ၏။ ထိုအရာက သက်ရှိများနေထိုင်နိုင်သည့် နေရာတစ်နေရာဖြစ်သည်။

လုယွီ၏ယခင်ဘဝတွင် ရန်သူများ၏လိုက်လံဖမ်းဆီးသတ်ဖြတ်နေခြင်းအား ခံနေစဉ် သူက ကမ္ဘာငယ်တစ်ခုအတွင်း ဝင်ရောက်ပုန်းအောင်းနေခဲ့သည်။ ထို့နောက် သူထွက်မလာခင် ကျင့်ကြံမှုအဆင့်အားမြှင့်တင်ပြီး သူ၏ရန်သူများအား သတ်ဖြတ်နိုင်ခဲ့သည်။

သို့ရာတွင် ထိုသို့ပြုလုပ်ခြင်းသည် လွန်စွာအန္တရာယ်များပေ၏။ အကယ်၍ တစ်စုံတစ်ယောက်က ကမ္ဘာငယ်၏အပြင်ဘက်မှ ချိပ်ပိတ်လိုက်လျှင် အတွင်းတွင် ထောင်ချောက်မိသွားပေမည်။

ယခုနေရာသည် ပတ်ဝန်းကျင်တစ်ခုလုံး လူသေအလောင်းများဖြင့်ပြည့်နှက်နေသဖြင့် နေရာကောင်းဖြစ်လေ၏။ ဤနေရာ၌ မည်သည့်သက်ရှိအရိပ်အယောင်မှ မတွေ့ရှိပေ။

လုယွီက ပလ္လင်ခွေထိုင်ပြီး သူ၏ကျန်းချီကိုထုတ်လွှတ်လိုက်သည်။ ထို့နောက် သူက ကျန်းချီများကိုလှည့်ပတ်ပြီး သူ၏လက်ဖဝါးဖြင့် သိုလှောင်အိတ်အား ပုတ်လိုက်လေ၏။

ဝှစ်....

လုယွီ၏ပုံရိပ်သည် ယခင်ရှိနေသောနေရာမှပျောက်ကွယ်သွားပြီး မြေပြင်ပေါ်၌ သိုလှောင်အိတ်လေးတစ်လုံးသာလျှင် ကျန်ရစ်တော့သည်။


"ကြည့်ရတာတော့ ဒီကမ္ဘာငယ်ကိုပြုပြင်ဖို့ ငါရဲ့အချိန်တွေကိုအကောင်းဆုံးဖြစ်အောင် စီမံရတော့မယ်"

လုယွီက မျက်မှောင်ကြုပ်မိသော်လည်း ယခုလက်ရှိတွင် သူထံ၌စိုးရိမ်ပူပန်စေသည့်အရာတစ်ခုမျှ ရှိမနေချေ။

လုယွီက ဂိုဏ်း၏ပင်မခန်းမသို့ ခပ်သွက်သွက်လျှောက်သွားလိုက်၏။ ချက်ချင်းပင် သူက ကြက်သွေးရောင်အသီးများပြည့်နှက်နေသည့် နတ်ဘုရားသစ်ပင်နှင့်စိတ်ဝိညာဉ်စမ်းရေတွင်းအား မြင်တွေ့ရသည်။

လုယွီက အနည်းငယ်မျှပင်တုံ့ဆိုင်းနေခြင်းမရှိဘဲ ကြက်သွေးရောင်သစ်သီးကို ကောက်ယူ၍ ဝါးမြိုလိုက်သည်။

လုယွီ၏ခန္ဓာကိုယ်အတွင်းသို့ နတ်ဘုရားသစ်သီး ဝင်ရောက်သွားသည်နှင့် တလိမ့်လိမ့်တတ်နေသော ဆေးစွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားပြီး သူ၏ခန္ဓာကိုယ်ကို အားဖြည့်ပေးနေစဉ်တွင် သူ့ဒဏ်ရာများကိုလည်း ကုသပေးနေခဲ့သည်။

ထို့နောက် လုယွီသည် စိတ်ဝိညာဉ်စမ်းရေတွင်း အတွင်းသို့ ခုန်ချပြီး ပလ္လင်ခွေထိုင်လိုက်၏။ အကန့်အသတ်မရှိသော စိတ်ဝိညာဉ်စွမ်းအင်များသည် သူ၏ခန္ဓာကိုယ်အတွင်းသို့ဝင်ရောက်လာပြီး ခန္ဓာကိုယ်အား စတင်သန့်စင်ပေးလေသည်။

သူ၏ခန္ဓာကိုယ်ပေါ်ရှိ နဂါးနက်အမှတ်အသားနှစ်ခုသည် အသက်ဝင်လာပုံရသည်နှင့် လုယွီက သူ၏မျက်လုံးများအားဖွင့်လိုက်သည်။

စိတ်ဝိညာဉ်စမ်းရေတွင်းမှ စိတ်ဝိညာဉ်စွမ်းအင်များသည် လုယွီ၏ခန္ဓာကိုယ်အတွင်းသို့စီးဆင်းနေရာ နဂါးနက်အမှတ်အသားနှစ်ခုက ထိုစွမ်းအင်များကိုလောဘတကြီးဝါးမြိုနေကြသည်။ ထို့နောက် ၎င်းစွမ်းအင်များသည် လုယွီ၏မရီးဒါန်းများအတွင်းသို့ဝင်ရောက်လာကြသည်။

စိတ်ဝိညာဉ်စမ်းရေတွင်း၏မျက်နှာပြင်ပေါ်တွင် မျောလွင့်နေသည့် သိပ်သည်းသောစိတ်ဝိညာဉ်မြူ များသည် သာမာန်မျက်စိဖြင့်ပင်မြင်နိုင်သော ထိတ်လန့်ဖွယ်အရှိန်အဟုန်ဖြင့် လွင့်ပါးစပြုလာခဲ့သည်။

လုယွီ၏အော်ရာသည်လည်း ပို၍ပို၍အားကောင်းလာခဲ့သည်။

Chapter 53

လုယွီက စိတ်ဝိညာဉ်စမ်းရေတွင်း အတွင်းထိုင်နေစဉ်တွင် မည်သည့်မောပန်းမှုမျိုးကိုမျှ မခံစားရပေ။

တစ်ရက်...နှစ်ရက်....သုံးရက်

နေ့တိုင်း လုယွီက သူ၏မျက်လုံးများအား အချိန်မှန်ဖွင့်ပြီး မတ်တတ်ထရပ်ကာ နတ်ဘုရားသစ်ပင်မှကြက်သွေးရောင်အသီးအား ဝါးမြိုခဲ့သည်။

ပြင်ပလောကတွင် ထိုသစ်သီးများအနက်မှတစ်လုံးထွက်ပေါ်လာပါက ထိပ်တန်းအဆင့်ရတနာဖြစ်လာပြီး ၎င်းအားရရှိနိုင်ရန်တိုက်ခိုက်ကြမည့် မြောက်မြားစွာသောကျင့်ကြံသူများအား ဆွဲဆောင်နိုင်ပေမည်။

သို့သော် လုယွီကတော့ ထိုနတ်ဘုရားသစ်သီးများအား အစာစားသကဲ့သို့ စားသုံးနေလေ၏။

အကယ်၍ ယခုနေရာ၌ တစ်စုံတစ်ယောက် ရှိနေခဲ့လျင် ထိုတန်ဖိုးရှိသောပစ္စည်းအား အဆင်အခြင်မဲ့ ဖြုန်းတီးနေခြင်းအတွက် ဆူပူကြိမ်းမောင်းမည်မှာ အတိအကျဖြစ်သည်။

အချိန်ခုနှစ်ရက် ကုန်လွန်သွားခဲ့လေသည်။

လုယွီက သူ၏မျက်လုံးများကို နောက်တစ်ကြိမ်ဖွင့်လိုက်ချိန်တွင် သူ၏အကြည့်က ဓားသွားပမာ စူးရှနေခဲ့သည်။

သူက မတ်တတ်ထရပ်ပြီး လက်သီးလက်မောင်းတန်းလိုက်ရာ ချက်ချင်းပင် တဖျစ်ဖျစ်မြည်သံများ ထွက်ပေါ်လာသည်။

လုယွီ၏ကျစ်လစ်သိပ်သည်းသော ခန္ဓာကိုယ်ပေါ်တွင် နဂါးနက်အမှတ်အသားနှစ်ခုက စိတ်ဝိညာဉ်စွမ်းအင်များကို လုံလုံလောက်လောက် ဝါးမြိုထားပုံရပြီး နက်ရှိုင်းစွာ နစ်မြုပ်နေကြသည်။

သို့ရာတွင် အကယ်၍ တစ်စုံတစ်ယောက်က ၎င်းတို့အား နီးကပ်စွာကြည့်မည်ဆိုပါက နဂါးအမှတ်အသားနှစ်ခုသည် ယခင်ထက်ပို၍ထင်ရှားလာကြောင်း မြင်တွေ့နိုင်သည်။ ၎င်းတို့၏ခန္ဓာကိုယ်ပေါ်မှ နဂါးကြေးခွံများပင် ရှင်းရှင်းလင်းလင်း မြင်နိုင်လေ၏။

ရှီထျန်း ပဥ္စမအဆင့်....

လုယွီက သူ၏ဒဏ်ရာများမှ ပြန်လည်ကောင်းမွန်လာသည်သာမက နယ်ပယ်အဆင့်အနည်းငယ်ကိုပင် ချိုးဖျက်ဝင်ရောက်နိုင်ခဲ့သည်။

သူ၏ခန္ဓာကိုယ်အတွင်းမှ လှိုင်းထနေသည့် ကျန်းချီများကို တိတ်တဆိတ်ခံစားရင်း လုယွီက သာမာန်ကာလျှံကာဖြင့် ကျန်းချီလှိုင်းတစ်လှိုင်းကို ကျောက်တုံးကြီးတစ်တုံးထံသို့ ပစ်လွှက်လိုက်သည်။

ခရက်.....ခရက်.....

ကြီးမားသောကျောက်တုံးကြီးက ဘန်းဟူသောပေါက်ကွဲသံနှင့်အတူ မရေမတွက်နိုင်သည့်အပိုင်းအစများအဖြစ် အက်ကွဲသွားလေ၏။

"တစ်ကယ်လို့ ငါခန့်မှန်းတာ မှန်မယ်ဆိုရင်.....မုန့်ကျူ းယွင်က အဝိုင်းသေးနယ်ပယ်ရဲ့နဝမအဆင့်ကို ချိုးဖျက်ပြီးလောတ်ပြီ"

လုယွီက တီးတိုးရေရွတ်လိုက်၏။

ရှီထျန်းနယ်ပယ်အား ကျော်ဖြတ်ပြီးသည့် လူတစ်ယောက်ကို ကျင့်ကြံခြင်းလောကအတွင်းသို့ ခြေချပြီးပြီဟု ယူဆနိုင်သည်။

သက်ရှိများအားလုံးသည် အသက်ရှည်ရေးကိုရှာဖွေရန်အတွက် ဆတ်လက်ကျင့်ကြံနေကြခြင်းဖြစ်သည်။ အင်မော်တယ်တစ်ယောက်ဖြစ်လာရန်အတွက် လူတစ်ယောက်သည် အဆင့်သုံးဆင့် ဖြတ်ကျော်ရပေမည်။

ရှီထျန်းအဆင့်ဖြတ်ကျော်ပြီးနောက် ဖြတ်ကျော်ရမည့်နယ်ပယ်ခုနစ်ခုသည် ပထမအဆင့်ဖြစ်သည်။

လုံချီ နယ်ပယ်*နဂါးချီ နယ်ပယ်*(အော်ရာသည် နဂါးတစ်ကောင်နှင့်တူညီပေမည်)

နက္ခက်တာရာပြောင်းလဲခြင်းနယ်ပယ်(ကျန်းချီမှ နက္ခက်တာရာစွမ်းအင်)

အမြူ တေဖွဲ့စည်းခြင်းနယ်ပယ်(နက္ခက်တာရာချီသိပ်သည်းစေခြင်း)

ကမ္ဘာမြေသင်္ကေတနယ်ပယ်(ကျန်းချီမှ သင်္ကေတဖွဲ့စည်းနိုင်ခြင်း)

ကောင်းကင်ဘုံသင်္ကေတနယ်ပယ်(သင်္ကေတနည်းစနစ်များ ပိုမိုအားကောင်းလာခြင်း)

အဝိုင်းသေးနယ်ပယ်(ကျန်းချီအား စက်ဝိုင်းပုံလှည့်ပတ်ခြင်း)

အဝိုင်းကြီးနယ်ပယ်(အညစ်အကြေးသန့်စင်ပြီး ကြီးမားသောကျန်းချီပမာဏအား စက်ဝိုင်းပုံလှည့်ပတ်ခြင်း)

နယ်ပယ်တစ်ခုစီတိုင်းအား အဆင့်ကိုးဆင့် ထပ်မံခွဲခြားထားပြီး အဆင့်တစ်ခုတိုးသည်နှင့် စွမ်းအားအရ ကြီးမားစွာတိုးတတ်လာပေမည်။

ဘိုးဘေးကျိုက်သည် ကောင်းကင်ဘုံသင်္ကေတနယ်ပယ်ကျင့်ကြံသူဖြစ်ပြီး မုန့်ကျူ းယွင်က အဝိုင်းသေးနယ်ပယ်ထက်ပင် ပို၍သန်စွမ်းသောကျင့်ကြံသူဖြစ်နိုင်သည်။

မည်သူက အဆင့်မြင့်ခြင်းသည် အရေးမကြီးချေ။ သူတို့၏ကျင့်ကြံမှုနယ်ပယ်သည် လုယွီ၏အဆင့်ထက် အဆပေါင်းများစွာမြင့်မားပေသည်။

သို့သော် လုယွီ၏အမြင်တွင်မူ သူတို့က တူညီသောပုရွတ်ဆိတ်အမျိုးအစားများပင်ဖြစ်သည်။

"ဒီရေကန်ထဲက စိတ်ဝိညာဉ်စမ်းရေက အချိန်တော်တော်ကြာကတည်းက ရှိခဲ့တာ..အခု စိတ်ဝိညာဉ်စွမ်းအင်တွေက လျော့နည်းလာပြီး ငါက ရှီထျန်းပဥ္စမအဆင့်ထိပဲ အဆင့်တတ်နိုင်ခဲ့တယ်"

လုယွီက သိသာထင်ရှားစွာပင် မတင်းမတိမ်ဖြစ်နေပြီး ကူရာကယ်ရာမဲ့စွာဖြင့် သူ၏ဦးခေါင်းကိုခါယမ်းလိုက်သည်။

ရုတ်တရက် လုယွီက မျက်မှောင်ကြုပ်လိုက်၏။ လုယွီက သိုလှောင်အိတ်၏အပြင်ဘက်တွင် ရှေ့နောက်ရွေ့လျားနေသည့် တစ်စုံတစ်ခုရှိသည်အား ခံစားမိသည်။

ဝွစ္..

အတွေးတစ်ချက်နှင့်အတူ လုယွီက သိုလှောင်အိတ်၏အပြင်ဘက်တွင် ထွက်ပေါ်လာသည်။

သူက သိုလှောင်အိတ်၏အပြင်သို့ ရောက်ရှိသည်နှင့် အရိုးစိမ့်သည်အထိခိုက်ခိုက်တုန်ပြီး ရေခဲတမျှအေးစက်သည့်ခံစားမှုမျိုးမှ သူအားတိုက်ခိုက်နေသည်ဟု အာရုံခံမိသည်။ တစ္စေသရဲများ၏ငိုကြွေးမြည်တမ်းသံများနှင့်ဝံပုလွေအူသံများကိုလည်း ခပ်သဲ့သဲ့ကြားနေရသည်။

ပိန်းပိတ်အောင်မှောင်နေသော တွင်းနက်ကြီးအတွင်းတွင် အလင်းရောင်တစိုးတစိကိုပင် မမြင်နိုင်ပေ။ လုယွီက သူ၏လက်ချောင်းကိုလှုပ်လိုက်ရာ တွင်းနက်ကြီးအတွင်းတွင် မီးတောက်ငယ်လေးတစ်ခုပေါ်လာပြီး ပတ်ဝန်းကျင်အား ထွန်းလင်းသွားစေသည်။

လုယွီ၏ရှေ့တွင် ထင်ယောင်ထင်မှားပုံရိပ်များ တစ်ခုပြီးတစ်ခုထွက်ပေါ်လာပြီး လေထုအတွင်းတွင်မျောလွင့်နေလေသည်။ သူတို့က ရက်စက်ကြမ်းကြုတ်သော အသွင်အပြင်များရှိကြပြီး သူတို့၏နှလုံးသားနေရာတွင်မူ ဗလာကျင်းနေသည်။

ထိုအရာများက ဘိုးဘေးကျိုက်သတ်ဖြတ်ခဲ့သည့် သရဲတစ္စေများ ဖြစ်ပေသည်။ အကယ်၍ ဘိုးဘေးကျိုက် သေဆုံးခြင်းမရှိပါက သူတို့၏စိတ်ဝိညာဉ်များသည် သူ၏အသုံးချခြင်းကိုခံရပြီး ပြန်လည်မွေးဖွားခြင်းစက်ဝန်းသို့ မဝင်ရောက်နိုင်ဘဲ အချိန်မည်မျှထိညှင်းပန်းခံနေရမည်ကိုမသိရှိနိုင်ပေ။

ဘိုးဘေးကျိုက်က လူမည်မျှများပြားစွာ သတ်ဖြတ်ခဲ့သည်အား လုယွီမသိပေ။ သို့သော် သူကြည့်လိုက်သည့်အချိန်တွင် မရေမတွက်နိုင်သည့်အလောင်းများက သူရှေ့၌တောင်ပုံရာပုံရှိနေလေ၏။

တွင်းနက်ကြီးအတွင်းတွင် သရဲတစ္စေများအားလုံးက မတ်တတ်ရပ်ပြီး လုယွီအားစိုက်ကြည့်နေကြသည်။ လူစိမ်းတစ်ယောက်၏အနံအသက်က သူတို့က ရူးသွပ်လုမတတ် ခံစားရစေသဖြင့် သူတို့ရှေ့ရှိ အသွေးအသားနှင့်သက်ရှိအား ဝါးမြိုရန် မစောင့်ဆိုင်းနိုင်ကြတော့ပေ။

"ဘယ်လောတ်တောင် ပြင်းထန်တဲ့ နတ်ဆိုးအော်ရာလဲ"

လုယွီက မျက်မှောင်ကြုပ်ပြီးနောက် ရုတ်တရက်အော်ဟစ်လိုက်သည်။

"ဒူးထောက်ကြစမ်း"

လုယွီက တာအိုသခင်စိတ်ဝိညာဉ်၏ထိတ်လန့်တုန်လှုပ်ဖွယ်စွမ်းအားကို ချက်ချင်းထုတ်လွှတ်လိုက်သည်။ သရဲတစ္စေများအားလုံးသည် လုယွီထံသို့တိုးဝင်နေကြရာမှ ရုတ်တရတ်ရပ်တန့်ပြီး ဒူးထောက်လိုက်ကြသည်။

လုယွီက မြေအောက်လောက၁၈ခုအား အုပ်စိုးခဲ့သည့် မြေအောက်လောက၏တာအိုသခင်အဖြစ် တည်ရှိခဲ့ဖူးသူဖြစ်သည်။

မရေမတွက်နိုင်သော သရဲတစ္စေများအားလုံးက လုယွီ၏အမိန့်ကိုနာခံသည့်အနေဖြင့် အောက်ကျို့၍အရိုအသေပေးလိုက်ကြသည်။

တွင်းနက်ကြီးအတွင်းတွင် မျက်စိတစ်ဆုံးထိပင်မကုန်ခမ်းနိုင်သည့် ထောင်သောင်းချီနေသော သရဲတစ္စေအုပ်စုက လုယွီ၏ရှေ့တွင် ဒူးထောက်နေကြသည်မှာ အလွန်အံ့အားသင့်စရာကောင်းသောမြင်ကွင်းဖြစ်သည်။

"ဘာပဲဖြစ်ဖြစ် ငါက မင်းတို့တွေက ပြန်လည်မွေးဖွားခြင်းစက်ဝန်းကို ပို့ဆောင်ပေးမယ်...အခု ဘဝမှာ မင်းတို့အဆုံသတ်မကောင်းပေမယ့် နောင်ဘဝကို ကောင်းကောင်းမွန်မွန်အစပြုနိုင်လိမ့်မယ်"

ရုတ်တရက် လုယွီ၏လက်ချောင်းထိပ်မှ အနက်ရောင်အလင်းတန်းထွက်ပေါ်လာသည်။ သူက မြေပြင်ကိုလက်ညှိုးညွှန်ပြီး လေသံတိုးတိုးဖြင့်ပြောဆိုလိုက်သည်။

"သရဲတစ္စေများ အသွင်ပြောင်းခြင်း....မြေအောက်လောကနတ်ဘုရားက လမ်းဖွင့်ပေးပါ"

Chapter 54

ကလင်...ကလင်...ကလင်

ရုတ်တရက် ကြေးနီခေါင်းလောင်းသံ ခပ်သဲ့သဲ့က တွင်းနက်ကြီး၏နက်ရှိုင်းသောနေရာမှ ထွက်ပေါ်လာသည်။

လုယွီလက်ညှိုးညွှန်ထားသည့် ဦးတည်ချက်ရှိမြေပြင်မှ အဆုံးမရှိသောအနက်ရောင်တွင်းကြီးတစ်တွင်း ပေါ်ထွက်လာလေ၏။ ထိုအနက်ရောင်တွင်းကြီးမှနေ၍ မှိန်ပျပျအလင်းရောင်အား ထုတ်လွှတ်နေသည်။

"သွားကြတော့....ပြန်လည်မွေးဖွားခြင်းစက်ဝန်းကို ဝင်ပြီးတဲ့နောက် မင်းတို့ ဘဝသစ်ရရှိကြလိမ့်မယ်"

လုယွီက သူတို့အားလက်ညှိုးညွှန်လိုက်ရာ တစ်ယောက်ပြီးတစ်ယောက် အနက်ရောင်တွင်းကြီး အတွင်းသို့ဝင်လိုက်ကြသည်။

တွင်းနက်ကြီး၏အတွင်းတွင် မြူ ခိုးများက တဖြည်းဖြည်းချင်း လွင့်ပြယ်နေလေ၏။ အဝေးတစ်နေရာတွင် တံတားတစ်ခု ထွက်ပေါ်လာပြီး ၎င်း၏အောက်၌ မြစ်တစ်စင်းက ရေစီးသန်စွာစီးဆင်းနေသည်။

ထိုအချိန်မှာပင် အနက်ရောင်ပုံရိပ်တစ်စုက ရုတ်တရက် တံတား၏တစ်ဘက်ခြမ်းတွင် ထွက်ပေါ်လာသည်။ အနက်ရောင်ပုံရိပ်အုပ်စုက ဖြည်းဖြည်းချင်း လမ်းလျှောက်လာကြသည်။ သူတို့၏ခန္ဓာကိုယ်တစ်ခုလုံးအား အနက်ရောင်ဝတ်ရုံများဖြင့် ခြုံလွှမ်းထားကြသည်။ သူတို့ထဲမှ တစ်ချို့သည် သံကြိုးများအားမထားကြပြီး တစ်ချို့က မီးအိမ်များကိုကိုင်ထားကြကာ သူတို့အားလုံး၏ခြေလှမ်းများက နှေးကွေးလေးလံနေကြသည်။

အနက်ရောင်ဝတ်ရုံနှင့်လူများ၏ ခေါင်းဆောင်က တံတားရှိရာသို့ အရင်ဦးဆုံးရောက်ရှိလာသည်။ သူက သရဲတစ္စေများအားလုံးကို တစ်ချက်ကြည့်ပြီးနောက် လေးနက်သောအသံဖြင့် ပြောဆိုလိုက်သည်။

"အထီးကျန် သရဲတစ္စေတွေရဲ့ စိတ်ဝိညာဉ်အတွက် လမ်းကြောင်းကို ဘယ်သူက ဖန်တီးပေးဝံ့တာလဲ"

"နေပါဦး....ခင်ဗျားက ဘယ်သူလဲ"

လုယွီက မေးမြန်းလိုက်လေ၏။

"ငါက ယင်လော့ဂိုဏ်းရဲ့အုပ်ချုပ်ရေးမှူ း ဖူရှောက်...တစ်ကယ်လို့ မင်းရဲ့သရဲတစ္စေတွေကို ဘဝပြောင်းလဲပေးချင်တယ်ဆိုရင်...မင်းဘဝရဲ့သက်တမ်း နှစ်တစ်ရာ ငါကိုပေးရမယ်"

အနက်ရောင်ဝတ်ရုံနှင့်လူကြီးက အသံအက်ကွဲကွဲဖြင့် ပြောကြားလိုက်၏။

လုယွီ၏နဖူးကြောများ တွန့်သွားလေသည်။

"အံ့ဖွယ်ငရဲက အမှန်တစ်ကယ်ကို သေမျိုးဂိုဏ်းတစ်ဂိုဏ်းရဲ့ ထိန်းချုပ်ခံနေရတာပဲ.....ဘယ်လောက်တောင် ရိုင်းပျလိုက်သလဲ"

"ဟီး..ဟီး...."

အနက်ရောင်ဝတ်ရုံနှင့်လူကြီးထံမှ ရုတ်တရက်ထူးဆန်းသောရယ်သံကြီး ထွက်ပေါ်လာသည်။

"မြေအောက်လောကက ပျက်စီးနေပြီး ဒြပ်စင်ငါးခုက ကပြောင်းကပြန်ဖြစ်နေပြီ...ငါတို့ ယင်လော့ဂိုဏ်းသာမရှိရင် ဒီလောကက ပရမ်းပတာဖြစ်နေမှာ ကြာလောတ်ပြီ"

ရုတ်တရက် အနက်ရောင်ဝတ်ရုံနှင့်လူက လုယွီအား မြင်လိုက်သည်။

"ဒါဆို မင်းက ကိုယ်နေရာကိုယ်အသိတဲ့ သေမျိုးကောင်လေးတစ်ယောက်ပေါ့..ဟီး...ဟီး..မင်းက ငါတို့ယင်လော့ဂိုဏ်းပိုင်နက်ထဲကို သရဲတစ္စေတွေအများကြီး ခေါ်ဆောင်လာပြီး ကျူ းကျော်ဝံ့တယ်ပေါ့...မင်းက သတ္တိကောင်းပုံရတယ်"

အနက်ရောင်ဝတ်ရုံနှင့်လူကြီးက စူးရှရှ ရယ်မောလိုက်ပြန်၏။

ကျန်ရှိသည့် အနက်ရောင်ဝတ်စုံနှင့်လူများစု၏သံကြိုးများတွင် စိတ်ဝိညာဉ်များကို ရစ်ပတ်ထားကြသည်။ ထိုစိတ်ဝိညာဉ်များ၏ ခြေနှင့်လက်များကို သံလက်ထိပ်များဖြင့် ချုပ်နှောင်ထားသည်။ သူတို့အားလုံးသည် မလှုပ်ရှားနိုင်ရုံသာမက သူတို့မျက်နှာများပေါ်တွင်လည်း နာကျင်သည့်အမူအယာ ထုတ်ဖော်ထားခြင်းမရှိပေ။

"ကောင်စုတ်လေး....မင်းရဲ့သက်တမ်းကိုလွှဲပေးပြီးတာနဲ့ သေဖို့ပြင်ထားတော့"

အနက်ရောင်ဝတ်ရုံနှင့်ခေါင်းဆောင်က ကျယ်ကျယ်လောင်လောင်ရယ်မောပြီးနောက် သူ၏လက်အတွင်းရှိသံကြိုးကိုမြှောက်၍ လုယွီထံသို့ ဦးတည်၍လွှဲလိုက်သည်။

ရွှမ်း....

ထိုအချိန်တွင် လုယွီက ရုတ်တရက် အော်ဟစ်လိုက်၏။

"ကျုပ် ထင်တာတော့....ခင်ဗျားကမှ သေလမ်းရှာနေတဲ့တစ်ယောက်ဖြစ်မယ်"

ဘုန်း....

အစွမ်းထက်သောအော်ရာတစ်ခုက မြေအောက်ငရဲလောကတစ်ခုလုံးကို ဖြတ်သန်းသွားသည်။

"ငါရဲ့သက်တမ်း.....ငါ သက်တမ်းက ဘာလို့ ဆုတ်ယုတ်သွားတာလဲ"

အနက်ရောင်ဝတ်ရုံနှင့်လူ၏ခန္ဓာကိုယ် ရုတ်တရက်သိမ့်ခနဲဖြစ်သွားပြီး သူ၏ခွန်အားများဆုံးရှုံးလိုက်ရကာ လက်အတွင်းမှသံကြိုးကြီးသည် မြေပြင်ပေါ်သို့ ပြုတ်ကျလာလေ၏။

"မဟုတ်ဘူး...ဒီမန္တန်ကဘာလဲ"

အနက်ရောင်ဝတ်ရုံနှင့်လူကြီးက ထိတ်လန့်တကြားဖြင့် သူ၏ခေါင်းစွပ်ကို မတင်လိုက်ရာ သက်လတ်ပိုင်းအရွယ်ယောက်ျားတစ်ယောက်၏မျက်နှာ ထွက်ပေါ်လာသည်။

သက်လတ်ပိုင်းအရွယ်လူကြီး၏မျက်နှာသည် ဆတ်လက်၍ရင့်ရော်လာသည်မှာ ထိတ်လန့်ဖွယ်ရာအတိပင်။ သူ၏ဆံပင်များသည် တစတစ မီးခိုးရောင်သို့ပြောင်းလဲလာကြီး အရေးအကြောင်းများကလည်း ခန္ဓာကိုယ်အနှံစတင်ပျံ့နှံ့လာခဲ့သည်။

"မဟုတ်ဘူး...မဟုတ်ဘူး"

သက်လတ်ပိုင်းအရွယ်လူကြီးက ထိတ်လန့်တကြားအော်ဟစ်ပြီး လှည့်ထွက်ပြေးလိုက်သည်။ ကျန်ရှိနေသည့် အနက်ရောင်ဝတ်ရုံနှင့်လူများသည်လည်း ဤနေရာ၌ မနေဝံ့ကြတော့ဘဲ လျှင်မြန်စွာဖြင့်ထွက်ပြေးကြလေသည်။

"ကျုပ်က ခင်ဗျားရဲ့နှစ်တစ်ရာသက်တမ်းကို နှုတ်ယူထားလိုက်ပြီ....ခင်ဗျားကိုယ်ခင်ဗျား ဂရုစိုက်ပါ"

လုယွီ၏အေးစက်စက်အသံ ထွက်ပေါ်လာချိန်တွင်လအနက်ရောင်ဝတ်ရုံနှင့်လူကြီးက ကူရာကယ်ရာမဲ့စွာဖြင့် သွေးတစ်လုတ်အန်လိုက်သည်။

ကျင့်ကြံသူတစ်ယောက်၏သက်တမ်းသည် သာမာန်လူများထက် ပိုမိုသော်လည်း ၎င်းကအလွန်အမင်းတန်ဖိုးကြီးနေဆဲဖြစ်သည်။ အနာဂတ်တွင် ဝတ်ရုံနက်နှင့်လူသည် သူ၏ကျင့်ကြံမှုအခြေခံအား လုံလောက်သည်အထိ မြှင့်တင်နိုင်ခြင်းမရှိပါက သူလည်းသာမာန်လူများနည်းတူ သေဆုံးရပေမည်။

"ဘယ်လိုလုပ် ဒီလိုပညာရှင်မျိုးရှိနေရတာလဲ"

ထွက်ပြေးနေသော ဝတ်ရုံနက်နှင့်လူ၏နှလုံးခုန်မြန်သွားသည့်အပြင် သူက ပြန်လှည့်၍လက်စားချေရန်လည်း သတ္တိမရှိပေ။

ကျောက်တုံးတံတား၏အရှေ့တွင်...

လုယွီက သရဲတစ္စေများကိုချည်နှောင်ထားသည့် သံကြိုးများအားဖြတ်တောက်လိုက်ရာ သူတို့က လုယွီအားဦးတည်၍ ဒူးထောက်လိုက်ကြပြီး ကျောက်တုံးတံတားပေါ်သို့ လျှောက်လှမ်းသွားကြသည်။

လုယွီ၏ဖိအားအော်ရာအောက်တွင် ယခင်က မြစ်အတွင်းပုန်းအောင်းနေကြသည့် အဝါရောင်စမ်းချောင်းမှယင်နတ်ဆိုးများ မည်သို့မျှထွက်မလာဝံ့ကြပေ။ သူတို့က အမြဲတစေ ကျောက်တုံးတံတားနားတွင် လှည့်ပတ်နေကြပြီး စိတ်ဝိညာဉ်များအား ယူငင်လေ့ရှိကြသည်။

သို့ရာတွင် လုယွီ၏ခံ့ညားထည်ဝါသည့် အပြုအမူကြောင့် ထိုသူက သူတို့သွားရှုပ်၍မရသူဖြစ်ကြောင်းကို သဘာဝအလျောက် အာရုံခံစားမိနေကြ၏။ အကယ်၍ သူတို့ တစ်စုံတစ်ရာပြုလုပ်ခဲ့လျင် သေရပေလိမ့်မည်။

သရဲတစ္စေများက တံတားအား လုံခြုံစွာဖြင့် ဖြတ်သန်းနေကြ၏။

အချိန်တိုင်းတွင် လုယွီအား သရဲတစ္စေတစ်ကောင် ဖြတ်ကျော်သွားသည်နှင့် မှိန်ပျပျရွှေရောင်အလင်းတစ်ခုက လင်းလက်တောက်ပလာပြီး လုယွီ၏ခန္ဓာကိုယ်အတွင်းဝင်ရောက်ပေါင်းစည်းသွားလေသည်။ လုယွီက သူ၏မျက်လုံးများကိုမှိတ်ပြီး ရွှေရောင်အလင်းများအတွင်းတွင် သူကိုယ်သူနှစ်မြုပ်လိုက်သည်။

ထိုရွှေရောင်အလင်းတန်းများက ကောင်းမှုကုသိုလ်များဖြစ်ပေသည်။

ထိုသရဲတစ္စေများသည် အကယ်၍ ပြန်လည်မွေးဖွားခြင်းစက်ဝန်းသို့သာ မဝင်ရောက်နိုင်ပါက လေလွင့်နေသော ဝိညာဉ်များအဖြစ်သာ တည်ရှိနေပေမည်။

သို့ရာတွင် လုယွီက သူတို့အား တံတားကိုဖြတ်ကူးနိုင်ရန်ကူညီပြီး ပြန်လည်မွေးဖွားခြင်းစက်ဝန်းအတွင်းသို့ ဝင်ခွင့်ပြုခဲ့သည်။

ထောင်သောင်းချီသော သရဲတစ္စေများသည် လုယွီ၏ခန္ဓာကိုယ်အတွင်းသို့ ကောင်းမှုကုသိုလ်များ ထည့်ပေးသည်နှင့် လုယွီ၏ကျင့်ကြံခြင်းအဆင့်သည် အလွန်လျှင်မြန်စွာ မြင့်တတ်လာခဲ့သည်။

ရှီထျန်း ဆဠမအဆင့်...

ရှီထျန်းသတ္တမအဆင့်...

လုယွီက ရှီထျန်းအဠမအဆင့် ရောက်ရှိမှသာလျှင် လုယွီ၏အဆင့်ချိုးဖျက်နေမှုသည် ရုတ်ခနဲရပ်တန့်သွားခဲ့သည်။

Chapter 55

ရွှယ်ကျိုးအဖွဲ့အစည်းသည် တောင်ပိုင်းစွန့်ပစ်ကုန်းမြေနှင့်ထိစပ်သည့် အလယ်ပိုင်းကုန်းမြေတွင်တည်ရှိသည်။

အလယ်ပိုင်းကုန်းမြေ၏ထိပ်သီးအင်အားစုများအနက်မှ တစ်ခုဖြစ်သော ရွှယ်ကျိုးအဖွဲ့အစည်းသည် ကျင့်ကြံသူများ၏အိပ်မက်ဘုံတစ်ခုဖြစ်လေ၏။

ကောလဟာလများအရ ရွှယ်ကျိုးအဖွဲ့အစည်းတွင် စာအုပ်စာပေပေါများစွာရှိပြီး ၎င်းစာအုပ်ထဲမှအများစုသည် နက္ခက်တာရာများနှင့်မြေကမ္ဘာအကြားဆတ်နွယ်သည့်စာအုပ်များဖြစ်ကြသည်။

နက်နဲသိမ်မွေ့ကျိုးကျောင်းတော်အား တည်ထောင်ခဲ့သူဖြစ်သည့် မုန့်ရွှယ်ကျိုးသည် မှန်းဆမရနိုင်သောကျင့်ကြံမှုအဆင့်ရှိပြီး အလယ်ပိုင်းကုန်းမြေ၏ထိပ်သီးပညာရှင်များအနက်မှ တစ်ယောက်ဖြစ်သည်။

ပို၍ အရေးကြီးသည်မှာ နက်နဲသိမ်မွေ့ကျိုးကျောင်းတော်သည် အေးစိမ့်သူတော်စင် အဆင့်တတ်လှမ်းသွသည့်နေရာတစ်ခုဖြစ်ပေ၏။ ကျောင်းတော်တွင် ရှေးဟောင်းသူတော်စင်အသုံးအဆောင်ပစ္စည်းများ အများအပြားရှိပြီး လူအများအား ကျောင်းတော်သို့တတ်ရောက်ရန် တွန်းအားအားဖြစ်ပေါ်စေသည်။

ယနေ့တွင် ဓားပျံများစီးနင်းလာသည့် လူရိပ်တစ်ချို့က နက်နဲသိမ်မွေ့ကျိုးကျောင်းတော်၏ဝင်ပေါက်တွင် ဆင်းသက်လိုက်ကြသည်။

"အကြီးဆုံးသခင်မလေး ပြန်လာပြီလား"

တံခါးအားစောင့်ကြပ်နေကြသည့် တပည့်များက တုန့်ဆိုင်းရန်မလုပ်ဝံ့ဘဲ လျှင်လျှင်မြန်မြန်ဖြင့် အကာအကွယ်ဝင်္ကပါအား ဖွင့်လှစ်လိုက်သည်။

မုန့်ကျူ းယွင်သည် အိမ်ပြန်လာရာလမ်းတစ်လျှောက်လုံးတွင် သူမ၏စိတ်အာရုံက တခြားသို့ရောက်ရှိနေခဲ့သည်။ သူမက တပည့်များအား သာမာန်ကာလျှံကာ လက်ဝှေ့ယမ်းပြပြီး မေးမြန်းလိုက်သည်။

"ငါ့ အဖေဘယ်မှာလဲ"

"သခင်ကြီးက သူတော်စင်တွေယဇ်ပူဇော်ပွဲ ပြုလုပ်နေတဲ့ ဝတ်ပြုခန်းမမှာရှိပါတယ်....ကျောင်းအုပ်ကြီးနဲ့အကြီးအကဲတွေအားလုံးလည်း အဲ့ဒီနေရာမှာပါ"

တစ်ပည့်တစ်ယောက်က အလျှင်အမြန် ဖြေကြားလိုက်၏။

မုန့်ကျူ းယွင်က ချက်ချင်းသဘောပေါက်နားလည်သွားသည်။ ယနေ့သည် ကျောင်းတော်၏ တတိယမျိုးဆက်တစ်ပည့်များမှ သူတောင်စင်များအား ဝတ်ပြုဆုတောင်းပွဲ ကျင်းပမည့်နေဖြစ်သည်ကို သူမ သတိရမိလေသည်။

လူတိုင်းက သူတော်စင်များအရှေ့တွင် အရိုအသေပြုကြရသည်။ သူတော်စင်များ၏ အသိအမှတ်ပြုခြင်းခံရသည့် ပါရမီရှိသည့်လူများအား ရွှယ်ကျိုးကျောင်းတော်က အာရုံစူးစိုက်၍ မြေတောင်မြှောက်ပေးမည်ဖြစ်ပေ၏။

ဝါစဉ်အလိုက်ဆိုရလျှင် မုန့်ကျူ းယွင်ကိုလည်း တတိယမျိုးဆက်တပည့်တစ်ယောက်ဟု ယူဆနိုင်သည်။

သို့ရာတွင် သူမက ကျောင်းတော်၏တည်ထောင်သူ မုန့်ရွှယ်ကျိုး၏ အလွန်ချစ်မြတ်နိုးသော သမီးတစ်ယောက်ဖြစ်ပေသည်။ သူမက တစ်ခြားတပည့်များကဲ့သို့ ဆင်းရဲဒုက္ခမကြုံရမည်မှာ သဘာဝအတိုင်းပင်ဖြစ်လေ၏။

မုန့်ကျူ းယွင်က ဝတ်ပြုခန်းမသို့ ရောက်ရှိချိန်တွင် အခမ်းအနားက ပြီးဆုံးလုနီးပါးဖြစ်နေပြီကို တွေ့မြင်ရသည်။

တစ်ချို့တစ်ပည့်များအားကြည့်ရသည်မှာ သူတော်စင်များ၏အသိအမှတ်ပြုမှုအား ရရှိထားပုံပေါ်လွင်နေသည်။ တစ်ခြားသူများက မနာလိုအားကျသောအကြည့်များဖြင့် သူတို့အား တိတ်တဆိတ်ကြည့်နေစဉ်တွင် သူတို့၏ခန္ဓာကိုယ်များမှ သမာဓိစိတ်အာရုံများအား ထုတ်လွှတ်နေလေသည်။

သူတို့က မုန့်ကျူ းယွင်အား မြင်လိုက်ချိန်တွင် တပည့်အုပ်စုတစ်စုက သူမထံသို့ အပြေးအလွှားရောက်ရှိလာကြသည်။

"အကြီးဆုံးသခင်မလေး....ပြန်လာပြီလား"

"အကြီးဆုံးသခင်မလေး.....မင်းက ဘိုးဘေးကျိုက်ကို တောင်ပိုင်းစွန့်ပစ်ကုန်းမြေထိ တလျှောက်လုံးလိုက်လံဖမ်းဆီးခဲ့တယ်လို့ ငါ ကြားခဲ့တယ်...ဖြစ်နိုင်တာက အဲ့ဒီလူသေသွားပြီလား"

"မင်း ဘာတွေပြောနေတာလဲ...သခင်မလေး လှုပ်ရှားမှုတစ်ခုလုပ်တာနဲ့ အဲ့ဒီ ခွေးမသား ဘိုးဘေးကျိုက်ဆိုတဲ့ကောင်ကြက ပြိုင်ဘက်မဖြစ်နိုင်တာ ပုံမှန်ပဲကို"

မုန့်ကျူ းယွင်အား နှုတ်ဆတ်နေကြသည့် လူအုပ်စုတစ်စုလုံး၏မျက်နှာတွင် အပြုံးများပွင့်လန်းနေကြသည်။ မုန့်ကျူ းယွင်၏ပြုမူပုံများမှာ သူမကိုယ်သူမပင်မသိဘဲ မောက်မာပုံပေါ်နေသည်။

သူမက လောကကြီးတစ်ခုလုံးက လေးစားကြည်ညိုရမည့် ကံဇာတာပါရှိသော ကောင်းကင်ဘုံ၏ဂုဏ်ယူဝင့်ကြွားရသော သမီးတော်ဖြစ်ပေသည်။

"ယွင်အာ....မင်း ပြန်လာပြီဆိုမှတော့ သူတော်စင်တွေကိုအရိုအသေပြုသင့်တယ်"

ရုတ်တရက် မုန့်ကျူ းယွင်၏ဘေးမှနေ၍ တည်ငြိမ်အေးဆေးသောအသံတစ်သံ ထွက်ပေါ်လာသည်။

တပည့်များအားလုံးသည် စကားပြောဆိုနေခြင်းအား ရပ်တန့်လိုက်ကြ၏။ မုန့်ကျူ းယွင်ထံသို့ လျှောက်လှမ်းလာသည့် သက်လတ်ပိုင်းအရွယ်လူကြီးသည် မုန့်ရွှယ်ကျိုး ဖြစ်လေသည်။

"အဖေ"မုန့်ကျူ းယွင်က စူပုတ်နေသောမျက်နှာဖြင့် ဆောင့်ကြီးအောင့်ကြီးပြောဆိုလိုက်သည်။

"သမီးက ခုမှပြန်ရောက်တာလေ"

မုန့်ရွှယ်ကျိုး၏အမူအယာက ခက်ထန်သွားပြီး သူမအား လေသံတိုးတိုးဖြင့်ပြောကြားလိုက်၏။

"ငါက ဘယ်တုန်းကမှမင်းကို အပြစ်မတင်ခဲ့ဖူးဘူး...ဒါပေမယ့် မင်း...ငယ်ရွယ်တဲ့မိန်းခလေးတစ်ယောက်က နှလုံးဖမ်းဆုပ်သူဘိုးဘေးကိုသတ်ပြီး ကုန်းမြေတစ်ခုလုံးကို စိတ်လှုပ်ရှားပြီးပွက်ပွက်ဆူနေအောင် လုပ်ခဲ့တယ်"

"ကောင်းပါပြီ....အဖေ...သမီးမှားတာသိပါပြီ"

အဆုံးသတ်တွင် မုန့်ကျူ းယွင်က သူမ၏ဖခင်ဖြစ်သူအား လူများစွာ၏ရှေ့တွင် ကလန်ကဆန်လုပ်လိုစိတ်မရှိပေ။

"ငါ ပြောချင်တာက မင်းပြန်ရောက်လာပြီမို့ သူတော်စင်တွေကို မြန်မြန်လေး အရိုအသေသွားပြုတော့....မင်းရဲ့ပါရမီဘယ်လောက်ကောင်းလဲဆိုတာ ငါနဲ့အတူ မင်းရဲ့ဦးလေးတွေကလည်း သိချင်နေကြတယ်"

မုန့်ရွှယ်ကျိုးက သူ၏လက်များအားနောက်ပစ်၍ တည်ငြိမ်စွာပင် ပြောကြားလေသည်။

မုန့်ကျူ းယွင်က ရိုရိုကျိုးကျိုးဖြင့်ခေါင်းငြိမ့်ပြီး သူတော်စင်ရုပ်ထုရှေ့၌ မတ်တတ်ရပ်နေကြသည့် အကြီးအကဲတစ်ချို့အား နှုတ်ဆတ်လိုက်သည်။

"ဦးလေးတို့ကို တူမလေးက ဂါဝရပြုပါတယ်"

ထိုအကြီးအကဲများက သူတို့၏မုတ်ဆိတ်မွှေးများကိုသပ်ရင်း ရယ်မောလိုက်ကြသည်။

"ဟား ဟား.....ယွင်အာ...ငါတို့ ခုပဲ မင်းအဖေနဲ့ မင်းအကြောင်းကိုပြောနေကြတာ....မင်းက အချိန်မှီရောက်လာတာပဲ...ကြည့်ရတာတော့ ကျိုက်ရှင်း(ဘိုးဘေးကျိုက်)ဆိုတဲ့ကောင်က မင်းရဲ့ပြိုင်ဘက် မဟုတ်ဘူးထင်တယ်)

လူကြီးတစ်ယောက်က မုန့်ကျူ းယွင်အား အပြုံးဖြင့်နှုတ်ဆတ်လိုက်သည်။ သူ၏မျက်လုံးအတွင်းတွင် ထူးဆန်းသည့်အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသော်လည်း ဖျတ်ခနဲကွယ်ပျောက်သွားခဲ့သည်။

မုန့်ကျူ းယွင်က သူမ၏အရိုအသေပေးမှုအတွက် အဆင့်များကိုနားလည်ပြီးသားဖြစ်သော်လည်း ထိုအရာများကို သူမက လုံးဝဂရုမစိုက်ပေ။

သူတော်စင်တစ်ယောက်၏အသိအမှတ်ပြုမှုအား ရရှိသည်ဖြစ်စေ မရရှိသည်ဖြစ်စေ သူမ နောင်တမရပေ။ သူမက တည်ထောင်သူမုန့်ရွှယ်ကျိုး၏သမီးအဖြစ် ဆတ်လက်ရှိနေမည်သာဖြစ်ပေ၏။

မုန့်ကျူ းယွင်က သူမ၏လက်ထဲရှိဖယောင်းတိုင်ကို အထက်သို့မြှောက်၍ သူတော်စင်အားအရိုအသေပြုလိုက်သည်။ ထိုအချိန်မှာပင် ရုတ်တရက် သူမ၏နောက်ကြောမှ အပူစီးကြောင်းတစ်ခုအားခံစားမိသည်။

ထိုအရာက သူမ၏မရီးဒါန်းများကို အားဖြည့်ပေးနေပြီး အချိန်မရွေးပေါက်ကွဲတော့မယောင် ဖြစ်ပေါ်နေသည်။

All Chapters