← Chapters

အခန်း (၅၆-၆၀)

Vol. 1-5 Ch. 56-60

အခန်း (၅၆-၆၀)

Vol. 1-5 Ch. 56-60

Chapter 56

မုန့်ကျူ းယွင်၏ နူးညံသောခန္ဓာကိုယ်သည် တဆတ်ဆတ်တုန်ယင်နေလေ၏။ သူမက ထူးထူးဆန်းဆန်းပြုမူနေသည်အား သူမကိုယ်သူမသိရှိနေခဲ့သည်။

မုန့်ကျူ းယွင်က သူမ၏စိတ်ဝိညာဉ်စွမ်းအင်ကို ချက်ချင်းအသုံးပြုပြီး သူမ၏နောက်ကျောရှိ အပူစီးကြောင်းအားဖိနှိပ်လိုက်သည်။ သို့ရာတွင် သူမ၏စိတ်ဝိညာဉ်စွမ်းအင်က ထိုပူလောင်သည့်အော်ရာအားဖိနှိပ်နိုင်ရန်မလုံလောတ်ပေ။

ထိုအရာက မုန့်ကျူ းယွင်၏ခန္ဓာကိုယ်အတွင်းတွင် ကြွင်းကျန်ရစ်သည့် ကောင်းကင်ဘုံအင်ပါယာ၏မူလအစစ်အမှန်မီးတောက်ဖြစ်ပေသည်။

မုန့်ကျူ းယွင်၏အဆိပ်ကို ကုသပေးစဉ်တွင် လုယွီက သူမ၏ကျင့်ကြံမှုလမ်းကြောင်းများအား ပိတ်ဆို့ထားခြင်းမပြုခဲ့ပေ။ ထိုကြောင့် မူလအစစ်အမှန်မီးတောက် အနည်းငယ်က မုန့်ကျူ းယွင်၏ခန္ဓာကိုယ်အတွင်းတွင် ကြွင်းကျန်ခဲ့ခြင်းဖြစ်သည်။

"ယွင်အာ....သမီး ဘာဖြစ်နေတာလဲ"

အကြီးအကဲများ၏နောက်မှ မုန့်ရွှယ်ကျိုးက တစ်စုံတစ်ခုလွဲချော်နေခြင်းအား ခံစားမိလေသည်။

"ဖူး..."

မုန့်ကျူ းယွင်၏ပါးစပ်မှ ရုတ်တရက် သွေးအနည်းငယ် ပန်းထွက်လာပြီး သူမ၏မျက်နှာသည်လည်း နီမြန်းနေလေ၏။

မုန့်ကျူ းယွင်က သူမ၏ခန္ဓာကိုယ်အတွင်းရှိ မရီးဒါန်းများကို အားဖြည့်ပေးနေသည့် ထူးခြားဆန်းကျယ်သည့်အော်ရာတစ်ခုအား ခံစားမိသည်။ ထိုအော်ရာသည် အလွန်အစွမ်းထက်လေ၏။ မုန့်ကျူ းယွင်က အဝိုင်းသေးအဆင့်၏စွမ်းအားသာရှိသူဖြစ်သော်လည်း သူမ၏မရီးဒါန်းများအတွင်းမှ မျက်ရည်ကျလုမတတ်နာကျင်မှုမျိုးအား ခံစားနေရသည်။

မုန့်ရွှယ်ကျိုးက နံဘေးဘက်တွင် မတ်တတ်ရပ်နေ၏။ သူ၏သမီးဖြစ်သူက ထူးထူးဆန်းဆန်းပြုမူနေသည်အား မြင်ရချိန်တွင် သူ၏စိတ်နှလုံးအတွင်းမှ တုန်လှုပ်သွားမိသည်။ သူက အလျှင်စလိုဖြင့် သမီးဖြစ်သူအနားတိုးကပ်ပြီး မည်သို့ဖြစ်နေသည်အား စစ်ဆေးကြည့်ရန် အပြေးသွားလိုက်သည်။

ထိုအချိန်မှာပင် ခန်းမအတွင်းရှိ အခြေအနေသည် ရုတ်တရက် ပြောင်းလဲသွားလေ၏။

"ဝေါ...ဝေါ...."

ကျယ်လောင်သည့် ထစ်ချုန်းသံနှင့်အတူ အပြစ်အနာအဆာကင်းမဲ့ပြီး တင့်တယ်သော သူတော်စင်ရုပ်ထုမှနေ၍ ရုတ်တရက် ရွှေရောင်အလင်းတန်းအား ထုတ်လွှတ်လိုက်သည်။

သူတော်စင်ရုပ်ထုမှထုတ်လွှတ်လိုက်သည့် ဓမ္မအလင်းရောင်သည် ဝတ်ပြုခန်းမတစ်ခုလုံးအား လှိုင်းဂယက်ထနေရာ လူအများအားဒူးထောက်ပြီးအရိုအသေပြုလိုစိတ်များ ပြင်းပြင်းပြပြဖြစ်ပေါ်စေသည်။

"ဒါ...ဒါက သူတော်စင်ရဲ့အသိအမှတ်ပြုခြင်းပဲ"

မုန့်ရွှယ်ကျိုး၏မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့သည်။

မူလက သူ၏သမီးဖြစ်သူအား ဤအခမ်းအနားကို လုပ်ရိုးလုပ်စဉ်အတိုင်းသာ ဖြတ်သန်းစေလိုခြင်းဖြစ်သည်။ ထိုအတွေးဖြင့် မုန့်ရွှယ်ကျိုးက မုန့်ကျူ းယွင်အား သူတော်စင်ကိုအရိုအသေပြုစေပြီး သူတော်စင်၏အသိအမှတ်ပြုမှုအား ထည့်မစဉ်းစားထားပေ။

ယနေ့တွင် ဤနေရာ၌ ယခုကဲ့သို့ ကြီးမားသည့် အုတ်အော်သောင်းတင်းနိုင်မှုကြီး ဖြစ်ပေါ်ခဲ့သည်။

ဝီ...ဝီ...

ရုတ်တရက် လူတိုင်း၏အံ့အားသင့်နေသော အကြည့်များအောက်တွင် သူတော်စင်ရုပ်ထုမှဓမ္မအမိန့်က မုန့်ကျူ းယွင်ပေါ်သို့ ဆင်းသက်လာခဲ့သည်။

ထိုဓမ္မအမိန့်တော်မှ ရွှေရောင်အလင်းတန်းသည် တောက်ပလာပြီး ထူးဆန်းသောအော်ရာတစ်ခုပါ ပေါ်ထွက်လာသည်။ ၎င်းက မုန့်ကျူ းယွင်၏ရှေ့တွင် တဖြည်းဖြည်းပျံ့နှံ့သွားပြီး "တိုက်ရိုက်တပည့်"ဟူသော ရွှေရောင်စကားလုံးလေးလုံး ထွက်ပေါ်လာလေ၏။

အမိန့်တော်၏အောက်ခြေတွင် ကြီးမားသည့်အနီရောင်စည်းတံဆိပ်တစ်ခု ခတ်နှိပ်ထားပြီး "ပညာရှင်များပင် အေးစက်ခြင်းအား ခံစားရလိမ့်မည်"ဟူသောစာလုံးများအား ခမ်းနားစွာဖြင့်ထွင်းထုထားသည်။

"အိုး...ဘုရားသခင်...ငါဘာကိုမှမမြင်ရတော့ဘူး...ငါ ဘာကိုမြင်လိုက်တာလဲ....သူတော်စင်တစ်ယောက်က တပည့်လက်ခံလိုက်တယ်....ပြီးတော့ အဲဒါက တိုက်ရိုက်တပည့်တဲ့လား"

အကြီးအကဲတစ်ယောက်က စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေလေသည်။

တစ်ခြားအကြီးများအားလုံးသည်လည်း စိတ်လှုပ်ရှားနေကြ၏။ သူတို့က သူတော်စင်တစ်ယောက်၏တပည့်ဟူသည်၏ နောက်ကွယ်မှအဓိပ္ပါယ်ကိုနားလည်ကြသည်။ ထို့ထက်ပို၍ တိုက်ရိုက်တပည့်ဟူသည့် အလေးစားခံရဆုံးတပည့်များဆိုလျှင် ဖော်ပြရန်ပင်မလိုတော့ပေ။

ကောင်းကင်ဘုံ...ထိုနေရာက မည်မျှအထိ ဘုန်းတန်ခိုးကြီးမားသောနေရာဖြစ်သနည်း..။ အကယ်၍ မုန့်ကျူ းယွင်သည် ဤလောကကိုစွန့်ခွာပြီး ကောင်းကင်ဘုံနယ်ပယ်သို့ ဝင်ရောက်နိုင်ခဲ့လျှင် သူမကသူတော်စင်တစ်ယောက်၏တပည့် ဖြစ်လာပေမည်။

နှစ်ထောင်ပေါင်းများစွာအတွင်းတွင် ဤလောကအတွင်းရှိ မည်သည့်လူတစ်ဦးတစ်ယောက်ကိုမျှ သူတော်စင်တစ်ယောက်က တပည့်အဖြစ်လက်ခံခြင်းမရှိခဲ့ပေ။

နက်နဲသိမ်မွေ့ကျိုးကျောင်းတော်မှ တစ်ခြားတပည့်များကမူ သူတို့က သူတော်စင်တစ်ယောက်၏တပည့်အဖြစ်လက်ခံခြင်း နောက်ကွယ်မှ အဓိပ္ပါယ်အား နားမလည်ကြပေ။ သို့သော် သူတို့ဥာဏ်မှီသမျှ တွေးတောမိသည်က ထိုအရာသည် အလွန်များပြားသောအကျိုးကျေးဇူးရရှိမည်ကိုကား နားလည်သဘောပေါက်ကြသည်။

လူတစ်ယောက်ပြီးတစ်ယောက်၏ မနာလိုအားကျသည့် အကြည့်များက မုန့်ကျူ းယွင်ပေါ်သို့ ကျဆင်းလာလေသည်။

"ကောင်းတယ်...မင်းက ငါ့သမီးလို့ပြောဖို့ အမှန်တကယ်ထိုက်တန်တယ်"

မုန့်ရွှယ်ကျိုး၏မျက်နှာပေါ်တွင် ရှားရှားပါးပါးပျော်ရွှင်နေမှုများ ပေါ်ထွက်လာပြီး သူက အူလှိုက်သည်းလှိုက်ရယ်မောလိုက်သည်။

"စီနီယာအကိုကြီး...ဂုဏ်ပြုပါတယ်...အနာဂတ်မှာ ယွင်အာက သူတော်စင်တစ်ယောင်ရဲ့တပည့်ဖြစ်လာတော့မှာ...ဒါပြင် သူမက တိုက်ရိုက်တပည့်ဆိုတော့ ကောင်းကင်ဘုံနယ်ပယ်မှာလည်း ထိပ်တန်းအဆင့်ဖြစ်လာမှာ သေချာတယ်"

အကြီးအကဲများက မုန့်ရွှယ်ကျိုးအား ဂုဏ်ပြုစကားဆိုလိုက်ကြသည်။

မုန့်ကျူ းယွင်က မိန်းမောတွေဝေနေဆဲဖြစ်သည်။ သူမက အမိန့်လွှာအား မယုံကြည်နိုင်မှုများဖြင့် ကိုင်ဆောင်ထားဆဲဖြစ်လေ၏။

"ဒီ အဖိုးကြီးက နည်းနည်းအံ့အားသင့်နေတယ်...အခုချိန်မှာ ယွင်အာရဲ့ခန္ဓာကိုယ်ကနေ သန်မာတဲ့ သမာဓိစွမ်းအင်လှိုင်းတွေက ပေါက်ကွဲထွက်နေတယ်....အဲ့ဒါက ငါရဲ့ခန္ဓာကိုယ်အတွင်းပိုင်းကနေပါ အနည်းငယ်ကြောက်ရွံနေတာကို ခံစားမိတယ်....ယွင်အာ...ငါကိုပြောပြပါ....မင်းသွားတဲ့ခရီးမှာ တစ်စုံတစ်ခုနဲ့ ကြုံတွေ့မိသေးလား"

အကြီးအကဲတစ်ယောက်က လေးနက်သောအမူအယာဖြင့် မုန့်ကျူ းယွင်အား မေးမြန်းလိုက်၏။

မုန့်ကျူ းယွင်နှင့်နီးကပ်စွာ ရှိနေကြသောအကြီးအကဲများသည်လည်း အသိစိတ်များပြန်ဝင်လာကြသည်။ သူတို့ကလည်း ထိုအချက်အား သတိပြုမိသွားလေ၏။

မုန့်ရွှယ်ကျိုး၏လက်ဖဝါးသည် သူ့သမီး၏နောက်ကျောပြင်ပေါ်သို့ ညင်သာစွာကျဆင်းလာသည်။ ချက်ချင်းပင် သူ၏မျက်လုံးများအားဖွင့်ပြီး ထူးဆန်းသောလေသံဖြင့်ပြောကြားလိုက်သည်။

"ယွင်အာရဲ့ ခန္ဓာကိုယ်ထဲမှာ ကျွမ်းကျင်ပညာရှင်တစ်ယောက်ရဲ့ ကျန်းချီအရိပ်အယောင်ရှိနေတယ်...ဒါပေမယ့် အဲ့ဒီ ချီက အရမ်းအားနည်းပြီးစူးရှလွန်းတယ်"

"ဘာ...ပညာရှင်..."

မုန့်ကျူ းယွင်၏နူးညံသောခန္ဓာကိုယ် တုန်ယင်သွားခဲ့သည်။ တစ်ချို့အကြောင်းပြချက်များကြောင့် သူမက လုယွီ၏ပုံရိပ်အား ရုတ်တရက်တွေးတောမိလေ၏။

မည်သို့ ဖြစ်နိုင်မည်နည်း...သူက သေမျိုးတစ်ယောက်သာဖြစ်သည်။

မုန့်ကျူ းယွင်က သူမ၏ခေါင်းကိုသာ ခါယမ်းလိုက်သည်။ သေမျိုးတစ်ယောက်က ဤမျှထိအစွမ်းထက်မည်ဟု သူမ မယုံကြည်ပေ။

"အဖေ...ဂိုဏ်းတူဦးလေးတို့....အကြီးအကဲတို့ဘာတွေ တွေးတောနေကြတာလဲ....ကျွန်မက ဘိုးဘေးကျိုက်ကို လိုက်လံဖမ်းဆီးတဲ့ ခရီးတလျှောက်လုံးမှာ ဘယ်ကျွမ်းကျင်ပညာရှင်နဲ့မှ မဆုံတွေ့ခဲ့ဘူး"

မုန့်ကျူ းယွင်က နူးညံညင်သာစွာဖြင့် ပြောကြားလိုက်သည်။

မုန့်ရွှယ်ကျူ း၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ သူ၏သမီးဖြစ်သူသည် မည်သည့်အခါမျှ မလိမ်ဘူးပေ။

"ဟား ဟား....ဖြစ်နိုင်တာက ယွင်အာရဲ့ စွမ်းအင်က ရုတ်တရက်ပေါ်ထွက်လာတာဖြစ်မယ်...စီနီယာအကိုကြီး....ဒါက ကိစ္စကောင်းပဲလေ...ငါတို့က ယွင်အာကို ကောင်းကင်ဘုံနယ်ပယ်ကို ဘယ်လိုပို့ဆောင်ကြမလဲ ဆိုတာကိုပဲ အခုစိုးရိမ်ပူပန်သင့်တယ်"

အကြီးအကဲတစ်ယောက်က ရယ်မောရင်းမှဝင်ရောက်ပြောကြားလိုက်သည်။

"ကောင်းပြီလေ....သုံးနှစ်အတွင်းမှာ ကောင်းကင်ဘုံလမ်းကြောင်းဖွင့်လှစ်လိမ့်မယ်...ဒါပြင် အင်အားစုအားလုံးက ကောင်းကင်ဘုံနယ်ပယ်ကို ဝင်ရောက်နိုင်ဖို့တိုက်ခိုက်ကြမှာသေချာတယ်...အဲ့ဒီအချိန်ကျရင် ငါတို့ရဲ့ နက်နဲသိမ်မွေ့ကျိုးကျောင်းတော်က အစွမ်းကုန်ကြိုးစားပြီး ယွင်အာကို ကောင်းကင်ဘုံနယ်ပယ်ပို့မယ်"

အကြီးအကဲတစ်ယောက်က အခိုင်အမာ ဆုံးဖြတ်ချက်ချလိုက်လေ၏။

မုန့်ရွှယ်ကျိုးက သူ၏ခေါင်းကိုသာညိမ့်လိုက်တော့သည်။ ဤအချက်က အမှန်ပင်အရေးအပါဆုံးအချက်ဖြစ်သည်။

မုန့်ကျူ းယွင်ကတော့ မည်သည့်ကိစ္စများဖြစ်ပျက်သွားသည်အား နားလည်လာခဲ့သည်။ သူမ၏စိတ်နှလုံးသားအတွင်း ပီတိဖြစ်ခြင်းများ ပြည့်နှက်နေလေ၏။

သူမက ဝမ်ရှန့်၏တပည့်တစ်ယောက်အဖြစ် အမှန်တစ်ကယ်ပင် ရွေးချယ်ခြင်းခံခဲ့ရသည်။

သူမက လောကကိုတုန်လှုပ်စေနိုင်သည့် ပါရမီရှင်တစ်ယောက်ဖြစ်သည်။ သူမက ကောင်းကင်ပေါ်တွင် ဝဲပျံနိုင်မည်မှာ တိကျသေချာလှပေသည်။

Chapter 57

နောက်ဆုံး သရဲတစ္စေထွက်ခွာပြီးချိန်တွင် လုယွီ၏အသိစိတ် ပြန်ဝင်လာခဲ့သည်။

လုယွီ၏ဦးဆောင်လမ်းပြမှုနှင့်အတူ ထိုသရဲတစ္စေများသည် အဝါရောင်စမ်းချောင်းမှယင်နတ်ဆိုးများ၏ဝါးမြိုခြင်းမခံရဘဲ လွတ်မြောက်သွားလျင် သူတို့က ဘဝသစ်သို့ကူးပြောင်းသွားနိုင်မည်မှာ သေချာပေသည်။

"ဒီကုန်းမြေရဲ့ငရဲပြည်က အမှန်တစ်ကယ်ကိုပဲ လောကီလောကရဲ့ထိန်းချုပ်မှုကိုခံထားရပါလား...ဘယ်လောက်တောင် ယုတ္တိမရှိလိုက်လဲ"

လုယွီက တီးတိုးရေရွတ်လိုက်၏။

လုယွီ၏ယခင်ဘဝတွင် မြေအောက်လောက၁၈ကမ္ဘာအားအုပ်စိုးခဲ့သည့် တာအိုသခင်ဖြစ်ပြီး လောကတစ်ခုတိုင်းသည် မြေအောက်ကမ္ဘာ၏ထိန်းချုပ်မှုအောက်တွင်တည်ရှိသည်။

အကယ်၍ ဂိုဏ်းတစ်ဂိုဏ်းက ပြန်လည်မွေးဖွားခြင်းလမ်းကြောင်းကိုပိတ်ပင်၍ ဘဝသက်တမ်းတောင်းခံဝံ့လျှင် သူတို့က အသက်ရှင်သန်ရသည်မှာ ပင်ပန်းနေသောကြောင့်ဖြစ်ပေမည်။

လုယွီက သူ၏တွေးတောနေမှုများအား ပြန်ရုတ်သိမ်းလိုက်သည်။ ယခုလက်ရှိတွင် သူအတွက်အရေးအကြီးဆုံးအရာသည် သူ၏ကျင့်ကြံမှုအဆင့်အားမြှင့်တင်ရန်သာဖြစ်သည်။

သူ၏ခြေထောက်အောက်ရှိကုန်းမြေသည် အမည်နာမမရှိသည့် ကြယ်တစ်လုံးဖြစ်ရန်ပင်လုံလောတ်မှုမရှိပေ။ ကမ္ဘာထောင်သောင်းပေါင်းများစွာတွင် မရေမတွက်နိုင်သောကြယ်များရှိလေ၏။ ထို့ကြောင့် လုယွီတွင် အသေးအဖွဲကိစ္စရပ်များအတွက် အလုပ်ရှုပ်နေရန် အချိန်မရှိပေ။

လုယွီက သူ၏လက်ဖဝါးအားဆန့်ထုတ်လိုက်ရာ မြေအောက်လောကသို့သွားသည့် အက်ကွဲကြောင်းကြီးသည် ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

လုယွီကခေါင်းမော့လိုက်ရာ တွင်းနက်ကြီး၏အပေါ်တွင် ကျောက်တုံးအများအပြားစုပုံနေပြီး တောင်တစ်တောင်လုံးမှာလည်း ပြိုလဲကျနေသည်အား မြင်တွေ့ရသည်။ သူ၏ခေါင်းပေါ်၌ ဧရာမကျောက်တုံးကြီးများ အနည်းငယ်ရှိနေခြင်းကြောင့်သာ ပြိုကျလာသည့်ကျောက်တုံးများက လုယွီအပေါ်သို့ ပြုတ်ကျမလာခြင်းဖြစ်သည်။

"မုန့်ကျူ းယွင်....မင်းက တွင်းနက်ကြီးထဲကို ဆင်းမလာဝံ့တာကြောင့်....ငါကို ဒီနေရာမှာ မြှုပ်နှံပစ်ချင်တယ်ပေါ့"

လုယွီက တစ်ချက်ကြည့်မိရုံဖြင့်ပင် ယခုအခြေအနေသည် မည်သို့ဖြစ်ပေါ်လာခြင်းအား ချက်ချင်းတွေးမိလေသည်။

လုယွီက စိတ်ထဲမှနေ၍ လှောင်ပြောင်သရော်လိုက်သည်။

'မင်းက ငါကိုဒီလိုနည်းနဲ့ သတ်နိုင်မယ်လို့ ထင်နေတာလား'

တာအိုသခင်အယောက်တစ်ရာကျော်က လုယွီအားဆန့်ကျင်ရန် ချောင်းမြောင်းတိုက်ခိုက်ကြချိန်၌ပင် သူမသေခဲ့ချေ။

မုန့်ကျူ းယွင်က မည်သည့်အဆင့်မျှမရှိပေ..

လုယွီက တောင်နံရံကိုဦးတည်၍ ပြင်းပြင်းထန်ထန် လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။

ထိုလက်သီးချက်၏ခွန်အားသည် အလွန်အမင်းပြင်းထန်သဖြင့် ပေါက်ကွဲသံက လေထုအတွင်းပဲ့တင်ထပ်နေသည်။

ဘုန်း....

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ အလင်းတန်းတစ်တန်းက အပြင်ဘက်မှကျဆင်းလာသည်။ လုယွီ၏အရှေ့တွင်မူ လူတစ်ကိုယ်စာသွားလာနိုင်သည့် ကြီးမားသောအပေါက်ကြီးတစ်ပေါက် တောင်နံရံ၌ ပေါ်ထွက်လာခဲ့သည်။ လက်သီးတစ်ချက်ဖြင့်ပင် လုယွီကတောင်နံရံအား ထိုးဖောက်ပစ်နိုင်ခဲ့သည်။

"ငါက ခုနစ်ရက်အတွင်း အပြင်မထွက်ခဲ့တာမို့..ဖြစ်နိုင်တာက တစ်ချို့လူတွေက အသတ်ခံရဖို့ မစောင့်နိုင်လောတ်တော့ဘူး"

ခြေလှမ်းတစ်လှမ်းပြီးတစ်လှမ်း လျှောက်လှမ်းရင်းဖြင့် လုယွီက တောင်၏ပြင်ပသို့ ထွက်ခွာသွားတော့သည်။

လုယွီက သူ၏ခန္ဓာကိုယ်မှာ စိတ်ဝိညာဉ်စမ်းရေတွင်းနှင့်နတ်ဘုရားသစ်သီးအစွမ်းဖြင့် အချိုးအဆစ်ပြောင်းလဲသွားသဖြင့် တစ်ခြားအဝတ်အစားတစ်စုံအား လဲလှယ်ဝတ်ဆင်ထားရသည်။

ဝှစ်...ဝှစ်...ဝှစ်...

လေထုအား ဖြတ်သန်းလာသောအသံများနှင့်အတူ လူတစ်ချို့က လုယွီ၏ရှေ့၌ ထွက်ပေါ်လာခဲ့သည်။

သူတို့၏မျက်လုံးအတွင်းတွင် စိတ်လှုပ်ရှားမှုများထင်ဟပ်နေပြီး သူတို့အထဲမှတစ်ယောက်က ပြောကြားလိုက်သည်။

"လုယွီ ကိုတွေ့ပြီ....အိမ်ရှေ့စံမင်းသားကို မြန်မြန်သတင်းပို့ကြ"

လူတစ်ယောက်က သူ၏ခါးမှဒူးလေးကိုဖြုတ်ယူပြီး မြှားတစ်ချောငိးအား မိုးကောင်းကင်အတွင်းသို့ ပစ်လွှက်လိုက်သည်။ ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်နေသော သစ်တောအုပ်အတွင်းတွင် ပေါက်ကွဲသံတစ်သံက ပဲ့တင်ထပ်ထွက်ပေါ်လာသည်။

"ကောင်လေး...ဒီမှာပဲရပ်နေပြီး မလှုပ်နဲ့"

ထိုလူများက လှောင်ပြောင်သရော်နေရင်းမှ လုယွီအား ဝန်းရံလိုက်ကြသည်။

လုယွီက သူ၏လက်ကိုနောက်ပစ်ထားပြီး အေးဆေးတည်ငြိမ်နေသောအမူအယာမှ ပြောင်းလဲမှုမရှိပေ။

သို့ရာတွင် ထိုလူစု၏အမြင်တွင်မူ လုယွီသည်ကြောက်ရွံမှုကြောင့် ဆွံအနေရှာသည်ဟု ထင်မြင်နေကြ၏။ ထိုကောင်လေးသည် မှန်းဆမရနိုင်သောကံကောင်းမှုကြီး ရရှိခဲ့မည်မှာအတိအကျသေချာပေသည်။

ထိုကောင်လေးက ငယ်ရွယ်သောလူငယ်တစ်ယောက်သာဖြစ်ပေသည်။ သူက မည်သည့်နည်းဖြင့် ရွေးချယ်ခံထားရသည့် ဆရာသခင်အုပ်စုကို ယှဉ်ပြိုင်နိုင်မည်နည်း။

ဝမ့်မင်ဆိုသည့် ကောင်စုတ်က အရည်အချင်းညံဖျင်းသောကြောင့် ကျရှုံးရခြင်းဖြစ်ပေမည်။ လျိုပေကမူ သူသည်တုန်ချောင်၏အုပ်ချုပ်ရေးမှူ းဖြစ်သော်လည်း အမှန်တရားက သူသည်ခွေးတစ်ကောင်အဆင့်သာရှိသူဖြစ်သည်။

"ဟား...ဟား...ဟား...လုယွီ....ငါ မင်းကိုခုနစ်ရက်လုံး ရှာဖွေလိုက်ရတာ...မင်း ဒီနေရာမှာပုန်းအောင်းနေမယ်လို့ ငါထင်မထားမိဘူး"

အိမ်ရှေ့စံမင်းသားက လူတစ်စုအားဦးဆောင်ပြီး တောင်ကြားမှထွက်ပေါ်လာလေသည်။

ရုတ်တရက် လုယွီက အိမ်ရှေ့စံမင်းသားနှင့်အမတ်အုပ်စုအပြင် သူထံသို့လာနေသည်ကို ကြားနေရသောမြင်းခွာသံများကိုလည်း သတိပြုမိသွားသည်။

အနက်ရောင်သံချပ်ကာများဝတ်ဆင်ထားသည့် မြင်းစီးသူရဲအုပ်စုက လုယွီအားဝန်းရံထားကြသည်။ ထို့ပြင် တော်ဝင်စစ်တပ်ပင် သူအား လာရောက်ဝန်းရံထားလေ၏။

"သိုင်းနတ်ဘုရားစမ်းသပ်ပွဲက ပြီးဆုံးသွားပြီ....သိုင်းပညာရှင်အားလုံးလည်း ထွက်ခွာသွားပြီ...လုယွီ...မင်း မှာရှိတဲ့ ရတနာကို မြန်မြန်ထုတ်ပေးစမ်း...ဒါမှမဟုတ်ရင် ဒီနေ့ မင်း ဒီနေရာကနေ အသက်ရှင်လျက် ထွက်ခွာလို့ရမှာမဟုတ်ဘူး"

အိမ်ရှေ့စံမင်းသား၏မျက်နှာပေါ်တွင် ရိုင်းစိုင်းကြမ်းကြုတ်သည့်အမူအယာ ပေါ်လွင်နေသည်။ သူက လုယွီကိုရှာရန်တစ်ခုတည်းအတွက်ဖြင့် တောအုပ်အတွင်းတွင် အချိန်ခုနစ်ရက်ကြာအောင်နေထိုင်ခဲ့ရသည်။

"ငါစီမှာ ရတနာရှိနေတာလား"

လုယွီက မျက်မှောင်ကြုပ်လိုက်မိ၏။

အိမ်ရှေ့စံမင်းသားက အထင်သေးဟန်ဖြင့်ကြည့်ရင်း ပြောဆိုလိုက်သည်။

"ဟန်ဆောင်နေတာ ရပ်လိုက်စမ်း....မင်းက အရူးတစ်ယောက်လေ....ဘာအကြောင်းကြောင့် ရုတ်တရက် ကျင့်ကြံမှုတွေမြင့်လာပြီး သန်မာလာရတာလဲ....မင်းက ကြီးမားတဲ့ကံကောင်းမှုတစ်ခုနဲ့ တွေ့ဆုံခဲ့လို့ပဲဖြစ်နိုင်မယ်...အဲ့ဒီ ရတနာကို လက်လွှဲပေးစမ်း...မဟုတ်ရင် ငါက မင်းကိုတင်မကဘူး...ယုံဖျင်အမတ်အိမ်တော်ကလူအားလုံးလည်း မင်းနဲ့အတူသေရမယ်"

Chapter 58

လုယွီ၏မျက်လုံးများသည် တဖြည်းဖြည်း ရေခဲတမျှအေးစက်တင်းမာလာခဲ့သည်။ လုယွီအတွက် သူ၏ရှေ့မှလူအုပ်စုသည် သေမျိုးတစ်သိုက်ဆိုသည်ထက်မပိုပေ။

တာလျန့်နိုင်ငံတော်သည် သေမျိုးနိုင်ငံတစ်နိုင်ငံသာဖြစ်လေ၏။ လုယွီက သူ၏မိသားစုရှိနေခြင်းကြောင့်သာမဟုတ်လျှင် ဤနေရာမျိုး၌နေမည်မဟုတ်ပေ။

အကျိုးဆက်အနေဖြင့် လုယွီက သူအားရန်စစော်ကားသူများကို အပြစ်ပေးမည်ဖြစ်သော်လည်း တမင်သက်သက်ရည်ရွယ်၍တော့ စုံစမ်းနေမည်မဟုတ်ချေ။

သို့ရာတွင် ထိုသို့ဆုံးဖြတ်ထားခြင်းမှာ လုယွီက စိတ်ဆိုးဒေါသထွက်ခြင်းမရှိဟု ဆိုလိုခြင်းမရှိပေ။ ဆန့်ကျင်ဘက်အနေဖြင့် လုယွီက ကျေးဇူးတင်လျှင်ပြန်ပေးဆပ်ပြီး ရန်သူအားလက်စားချေတက်သော လူစားမျိုးသာဖြစ်ပေသည်။

အိမ်ရှေ့စံမင်းသားက သူအားခြိမ်းခြောက်ရုံသာမက သူ၏မိသားစုဝင်များအထိပါ ခြိမ်းခြောက်ဝံ့နေသည်။ ထိုအခြင်းအရာသည် အိမ်ရှေ့စံမင်းသားက သေဆုံးချင်လိုစိတ်ရှိနေခြင်းကြောင့်ဖြစ်ပေမည်။

"တစ်ကယ်လို့ ငါရဲ့ရတနာကို လက်လွှဲမပေးနိုင်ဘူးဆိုရင်....မင်းက ငါကိုဘာလုပ်မှာလဲ"

လုယွီက တည်ငြိမ်စွာဖြင့် မေးမြန်းလိုက်၏။

"ငါက လွှဲပြောင်းမပေးနိုင်ရင်တဲ့လား"

အိမ်ရှေ့စံမင်းသား၏မျက်နှာပေါ်တွင် အေးစက်စက်အပြုံး ပေါ်ပေါက်လာခဲ့သည်။

"အဲ့ဒါဆို မင်း သေလိုက်တော့...တစ်ကယ်လို့ မင်းသေသွားရင်..မင်းရဲ့ပစ္စည်းတွေအကုန်လုံးက ငါ့ဟာပဲ"

လက်ထဲတွင်လက်နက်များကိုင်ဆောင်ထားသော အင်ပါယာအစောင့်အရှောက်တပ်များက လုယွီနှင့် တစတစ နီးကပ်လာကြသည်။ သူတို့က မည်သည့်ကိစ္စရပ်များ ဖြစ်ပွားနေခြင်းအား မသိရှိကြပေ။ ယခုမြင်ကွင်းအားကြည့်ရင်း အင်ပါယာအစောင့်အရှောက်တစ်ယောက်စီတိုင်းက အဓိပ္ပါယ်မရှိသောအခြင်းအရာဟုသာ ခံစားမိသည်။ မည်သည်ကြောင့် အိမ်ရှေ့စံမင်းသားက သူ၏ရှေ့မှောက်ရှိလူငယ်တစ်ယောက်အား ဖမ်းဆီးရန် ရေးကြီးခွင်ကျယ်လုပ်နေသနည်း...။

"လူတိုင်း တိုက်ခိုက်ကြစမ်း...အဲ့ဒီကောင်ကို သတ်နိုင်တဲ့ဘယ်သူမဆို ငါကရွှေပြားတစ်သောင်းဆုချမယ်"

အိမ်ရှေ့စံမင်းသားက လုယွီအား ညွှန်ပြရင်းမှ အော်ဟစ်လိုက်လေ၏။

အိမ်ရှေ့စံမင်းသား ကတိကဝတ်ပြုလိုက်သည့် ဆုသည် အင်ပါယာအစောင့်အရှောက်များအား အလွန်သွေးဆောင်ဖြားယောင်းနိုင်ခဲ့သည်။ ချက်ချင်းပင် အင်ပါယာအစောင့်အရှောက်များ၏မျက်လုံးများ ဝင်းလက်လာပြီး ကြုံးဝါး၍ လုယွီထံသို့ အပြေးတိုးဝင်တိုက်ခိုက်ကြသည်။

အင်ပါယာအစောင့်အရှောက်များသည် လက်အတွင်းမှ ဆေဘာဓားရှည်များကိုမြှောက်ပြီး တရကြမ်းတိုးဝင်လာကြရာ စစ်မြင်းများပေါ်ရှိသူတို့၏သံချပ်ကာဝတ်စုံများကြောင့် အေးစက်စက်အလင်းရောင်များ စဉ်ဆက်မပြတ်ထွက်ပေါ်နေသည်။

အကယ်၍ လုယွီသာ ထိုမြင်းစီးသူရဲများ၏ရိုက်နှက်ခြင်းအားခံရလျှင် သူ့အသက်ရှင်သန်နိုင်ရန်မှာ မဖြစ်နိုင်ပေ။

အိမ်ရှေ့စံမင်းသားက လုယွီအား ရက်စက်ကြမ်းကြုတ်စွာဖြင့် ကြည့်နေလေ၏။ သူက လုယွီသည် မြင်းစီးသူရဲများ၏ ဝိုင်းဝန်းတိုက်ခိုက်မှုကြောင့် အသားပြားဘဝရောက်ရှိသွားမည်ကို မြင်တွေ့လိုနေ၏။

"ဒါလေးပဲလား"

လုယွီက တည်ငြိမ်အေးဆေးစွာဖြင့် ပြောကြားလိုက်၏။

ဘာ....

မည်သည့်အကြောင်းကြောင့် လုယွီက ထိုသို့တုံပြန်လိုက်သည်အား အိမ်ရှေ့စံမင်းသား နားမလည်ပေ။

"အဲဒါကို မေ့လိုက်တော့....ငါက အလျော့ပေးလိုက်လျောနေသမျှ သူတို့တွေက ရောင့်ကမ်းတက်လာကြတယ်....ကြည့်ရတာ ငါက မင်းတို့အားလုံးကို ဘယ်တော့မှမမေ့နိုင်မယ့် အမှတ်တရလေးဖန်တီးပေးရမှာပေါ့"

ရုတ်တရက် လုယွီ၏မျက်လုံးအတွင်းတွင် အေးစက်စက်အလင်းရောင် တောက်ပသွားသည်။

ဒေါင်....

လုယွီက မြေကြီးပေါ်သို့ ပြင်းပြင်းထန်ထန် သူ၏ခြေထောက်ကိုဆောင့်နင်းလိုက်ရာ မြေပြင်အား တုန်ခါသွားစေသည်။

ဘုန်း...ဘုန်း....ဘုန်း..

မြေပြင်တစ်ခုလုံးတုန်ခါလာပြီး လေလှိုင်းတစ်လှိုင်းက မြောက်များစွာသောမြင်းစီးသူရဲများအား ဖြတ်သန်းတိုက်ခိုက်သွားသည်။

ထိတ်လန့်တကြားအော်ဟစ်သံများက နားမဆန့်သည်အထိကြားနေရသည်။ အစွမ်းထက်သည်ဟူသော မြင်းစီးသူရဲများသည် လုယွီအနားသို့ပင်ကပ်နိုင်ခြင်းမရှိဘဲ လွင့်ထွက်သွားကြသည်။

ဤှမြင်ကွင်းသည် အလွန်အမင်း အံ့မခန်းဖွယ်ရာဖြစ်ပေ၏။ လုယွီ၏ခြေထောက်အောက်ရှိ အက်ကွဲနေပြီး သူက ထိုနက်ရှိုင်းသော ကျင်းကြီးထဲတွင်မတ်တတ်ရပ်နေသည်။ လေပြင်းကြောင့်လွင့်ထွက်သွားသော အင်ပါယာအစောင့်အရှောက်များသည် အရိုးများကျိုးကြေပြီး သွေးကြောများပျက်စီးသွားကြသည်အား နေရာအနှံမြင်နေရသည်။

"ကောင်စုတ်လေး....မင်းက အတော်စွမ်းဆောင်နိုင်တာပဲ"

အိမ်ရှေ့စံမင်းသားသည် အံတင်းတင်းကြိတ်ရင်းမှ လုယွီအား ရတနာတစ်ပါးကိုကြည့်နေသကဲ့သို့ လောဘခိုးဝေနေသည့်မျက်လုံးများဖြင့် ကြည့်နေသည်။

ဤလုယွီဟူသောကောင်က ယခုကဲ့သို့ အစွမ်းထက်သောစွမ်းအားမျိုးကို မည်သည့်နည်းဖြင့်ရရှိသည်ဖြစ်ပါစေ ...ထိုအရာသည် သူ၏အပိုင်သာ ဖြစ်ရပေမည်။

"ဟီး ဟီး...ကောင်လေး...မင်းက ခွန်အားလေးနည်းနည်းကောင်းတာနဲ့ မောက်မာနေတယ်ပေါ့...မင်းလျှောက်ရမယ့်လမ်းက အရှည်ကြီးကျန်သေးတယ်.."

လှောင်ပြောင်သရော်သံဖြင့် ရယ်မောရင်း ဆရာသခင်တစ်ယောက်က ရှေ့ထွက်လာခဲ့သည်။

အိမ်ရှေ့စံမင်းသားက အပျော်လွန်သွားလေ၏။

"ဆရာသခင် လျောင်....ခင်ဗျား အဲ့ကောင်ကိုသတ်နိုင်ရင် ကျုပ်က ဆုအမြောက်အမြား ချီးမြှင့်မယ်"

"စိတ်မပူပါနဲ့ အရှင့်သား....ကျွန်တော်က ဒီအရူးကို ခွေးတစ်ကောင်သတ်သလို သတ်ပစ်လို့ရပါတယ်"

ဆရာသခင်က စိတ်တည်ငြိမ်စွာဖြင့် ပြောကြားလိုက်သည်။

တောက်...တောက်....တောက်...

ဆရာသခင် လျောင်၏အရှိန်သည် အလွန်လျှင်မြန်သဖြင့် သူက ချက်ချင်းပင် လုယွီ၏ရှေ့၌ ထွက်ပေါ်လာသည်။ သူ၏ကျန်းချီများက သူ့ဘေးပတ်လည်တွင် တောက်ပနေရာ မည်သူကမျှ သူ့အားတည့်တည့်မကြည့်ရဲပေ။ ထိုဆရာသခင်လျောင်က ရှီထျန်း သတ္တမအဆင့်နယ်ပယ်ဖြစ်ပေသည်။

ဆရာသခင် လျောင်က လျှပ်စီးလက်သကဲ့သို့ လျှင်မြန်သည့်လက်သီးဖြင့် လုယွီထံတိုးဝင်တိုက်ခိုက်လိုက်သည်။

"စာကလေးလို သေးကွေးတဲ့ကောင်လေး...မင်း ခေါင်းကို ဦးညွှက်လိုက်စမ်း"

ထိုသူက အော်ဟစ်လိုက်လေ၏။

လုယွီက ကြုံးဝါးနေသည့် ဆရာသခင်လျောင်အားကြည့်ပြီး ရုတ်တရက် သက်ပြင်းရှည်တစ်ချက်ချလိုက်သည်။

"ကောင်းပြီလေ...ကျူ ပ် ခင်ဗျားကို အရှုံးဆိုတာသိအောင်ပြပေးမယ်"

ထိုအချိန်မှာပင် လုယွီ၏ခန္ဓာကိုယ် လှုပ်ရှားလိုက်သည်။ လုယွီ၏ညာဘက်လက်သီးတွင် အဖြူ ရောင်မြူ ခိုးများက ရစ်ဝဲနေလေ၏။ နဂါးနက်နှစ်ကောင်က ယခုအချိန်တခဏတွင်ပင် နိုးထလာပုံရပြီး သူ၏ခန္ဓာကိုယ်အားလှည့်ပတ်နေကြသည်။ လုယွီ၏အော်ရာသည်လူတိုင်း၏နှလုံးသားအား ဖိနင်းချေနေသည့် မမြင်နိုင်သော တောင်ကြီးတစ်လုံးကဲ့သို့ ပြောင်းလဲသွားသည်။

ဘုန်း....

နားပင်းလုမတတ် ပေါက်ကွဲသံတစ်သံထွက်ပေါ်လာလေ၏။

ဆရာသခင်လျောင်က လွင့်စင်ထွက်လာပြီး မြေပြင်နှင့်ပြင်းထန်စွာ ရိုက်ခတ်မိသွားသည်။ သူ၏ခန္ဓာကိုယ်ရှိ အရွတ်အကြောနှင့်အရိုးများအားလုံး ကျိုးပဲ့ကြေမွသွားပြီး ခန္ဓာကိုယ်တစ်ခုလုံးမှလည်း သွေးများယိုစီးကျနေသည်။

လူတိုင်းက လေအေးတစ်ချက် ရှုသွင်းလိုက်ကြသည်။ ထို ဆရာသခင်လျောင်က ရှီထျန်းသတ္တမအဆင့်ကျွမ်းကျင်သူဖြစ်ပေသည်။ သူက လုယွီ၏ ထိုးနှက်ချက်တစ်ချက်ဖြင့် အမှန်တစ်ကယ် သေဆုံးခဲ့ရပြီဖြစ်သည်။

Chapter 59

ယခုနေရာရှိ မြင်ကွင်းတစ်ခုလုံး ချက်ချင်းပင် တိတ်ဆိတ်ငြိမ်သက်သွားလေ၏။ လူတိုင်းက သူတို့ရှေ့ရှိမြင်ကွင်းအား မြင်လိုက်ချိန်တွင် သူတို့အားလုံးတုန်လှုပ်ပြီး စကားမပြောနိုင်တော့ပေ။

ထိုအရာက လုယွီပြုလုပ်လိုက်ခြင်းပင်..မည်သည်ကြောင့် သူက ဤမျှထိသန်မာလာရသနည်း။

ဆရာသခင်လျောင်ဆိုသူက ရှီထျန်းသတ္တမအဆင့်ရှိသော အင်ပါယာအစောင့်အရှောက်တစ်ယောက်ဖြစ်သည်။ သူသည် အထက်တန်းလွှာတစ်ယောက်ဖြစ်ပြီး မြင့်မားသောသြဇာအာဏာရှိသူတစ်ယောက် ဖြစ်သည့်အပြင် သူ့ခန္ဓာကိုယ်မှာလည်း ကျန်းချီများဖြင့် ပြည့်နေလေသည်။ သူက လုယွီ၏လက်သီးတစ်ချက်ဖြင့် ကံဆိုးစွာသေဆုံးခဲ့ရလေ၏။

"ဟွန့်....လူတိုင်းပဲ...ထိတ်လန့်မနေကြနဲ့.....ကျုပ်ထင်တာတော့ အဲ့ဒီကောင်စုတ်လေးက သားရဲဆေးပြားတစ်ချို့ကို သောက်သုံးပြီးတော့ သူရဲ့စွမ်းအားကို ယာယီမြှင်တင်ထားတာပဲဖြစ်ရမယ်...ဒါ့ပြင် ဆရာသခင်လျောင်က တခဏတာ သတိလွတ်သွားခဲ့တယ်...ဒါကြောင့် သူ ကျရှုံးရတာပဲ"

အဖိုးအိုတစ်ယောက်က သူ၏မုတ်ဆိတ်ကိုသပ်ရင်းမှ ရယ်မောကာပြောဆိုလိုက်သည်။

တစ်ခြားသူများက အဖိုးအိုပြောသည့်စကားများအားကြားချိန်တွင် သက်ပြင်းချလိုက်မိသည်။ သူတို့သည် အင်ပါယာနန်းတော်၏ဝန်ကြီးများဖြစ်သော်လည်း ကျင့်ကြံမှုနှင့်အဆင့်အတန်းအရပြောလျှင် သူတို့၏ရှေ့မှအဖိုးအိုအား မည်သူမှမယှဉ်နိုင်ပေ။

ထိုအဖိုးအိုမှာ ဆရာသခင်များ၏ခေါင်းဆောင်ဖြစ်ပြီး အစောင့်အရှောက်ခန်းမတွင် အစွမ်းအထက်ဆုံးပုဂ္ဂိုလ်ဖြစ်ပေ၏။

"မြင့်မြတ်တဲ့ အကြီးအကဲ...ကျုပ် တစ်ခုမေးပါရစေ....ဒီကလေးရဲ့ ကျင့်ကြံမှုအဆင့်က ဘယ်အဆင့်မှာလဲ"

တစ်စုံတစ်ယောက်က မေးမြန်းလိုက်သည်။

အဖိုးအိုက သူ၏မုတ်ဆိတ်မွှေးများကိုသပ်ရင်းမှ လုယွီအားခြေဆုံးခေါင်းဆုံးကြည့်ရင်း သရော်တော်တော်ပြောလိုက်လေ၏။

"မင်း ရှီထျန်းကနဦးအဆင့်လို့ ငါထင်တယ်...မင်းတို့လိုအရွယ်တွေက ငယ်ရွယ်သေးတော့ စိတ်ကြီးဝင်တတ်ကြတယ်...ဒါပေမယ့် မင်းက ပင်လယ်ဘယ်လောတ်ကျယ်တယ်ဆိုတာ မသိသေးဘူး...မင်းစီမှာရှိတဲ့ရတနာက မင်းပိုင်ဆိုင်သင့်တဲ့အရာမဟုတ်ဘူး"

ကျန်ရှိသောလူများကလည်း သဘောတူညီလိုက်ကြပြီး သူတို့ကလုယွီအား ကျားချောင်း ချောင်းနေကြလေ၏။

လုယွီက တည်ငြိမ်စွာပြုံးရင်းမှ-

"ငါက ရှီထျန်းနယ်ပယ်ကို ခုမှရောက်တယ်ဆိုတာ မင်းတိုာသေချာသွားပြီလား'

အဖိုးအိုကမျက်မှောင်ကြုပ်ပြီး တုန့်ပြန်ပြောဆိုလိုက်သည်။

"ကောင်လေး....ဒီအဖိုးကြီးက မင်း အကြောက်အလန့်မရှိ အရမ်းရဲတင်းမနေသင့်ဘူးလို့ အကြံပေးချင်တယ်...ငယ်ရွယ်တဲ့သခင်လေးတွေက စိတ်ကြီးဝင်တယ်ဆိုတာပုံမှန်ပဲ...ဒါပေမယ့် မင်း အဲ့ဒီလိုဆတ်လုပ်နေဦးမယ်ဆိုရင် မင်းရဲ့အသက်ကိုဆုံးရှုံးရလိမ့်မယ်"

"ဒါဆို ကျုပ်ကို ပြောပြပါအုံး...ကျုပ်က ဘယ်လိုလုပ်သင့်လဲ"

လုယွီကမေးမြန်းလိုက်၏။

အဖိုးအိုက အပြစ်ကင်းစင်သောလေသံနှင့် ပြောကြားလိုက်သည်။

"မင်း ရရှိခဲ့တဲ့ ကြီးမားတဲ့ကံကောင်းမှုကြီးက မင်းကိုပိုပြီးသန်မာလာအောင် လုပ်ကောင်းလုပ်ပေးနိုင်မယ်...ဒါပေမယ့် အဲ့ဒါက မင်းအသက် အဆုံးရှုံးမခံရအောင်ထိတော့ လုံလောတ်မှာမဟုတ်ဘူး....အဲ့ဒီရတနာကို လက်လွှဲပေးလိုက်ပါ....မင်း ဝေဘုရင်ကိုသတ်လိုက်တဲ့ ကိစ္စအတွက်တော့ ငါတို့က အင်ပါယာမင်းမြတ်ရဲ့တရားစီရင်မှုကိုပဲ စောင့်ဆိုင်းရအောင်....အခု မင်းရဲ့လက်ထဲက ရတနာကိုလက်လွှဲပေးပြီး အိမ်ရှေ့စံမင်းသားကို ဒူးထောက်ပြီးတောင်းပန်လိုက်စမ်း"

အိမ်ရှေ့စံမင်းသားက သူ၏ခေါင်းကိုညိတ်ပြီး လှောင်ပြောင်သရော်ဟန်ဖြင့် ပြောကြားလိုက်၏။

"လုယွီ....ဒီနေရာကိုလာပြီး ငါကို အကြိမ်နည်းနည်းလောတ် အရိုအသေပြုစမ်း...ပြီးတာနဲ့ မင်းလက်ထဲက ရတနာကို ငါ့ကိုပေး....ငါ မင်းကို အသက်ချမ်းသာပေးမယ်"

အိမ်ရှေ့စံမင်းသား စကားပြောဆိုပြီးပြီးချင်း ပတ်ဝန်းကျင်ရှိလူများက သူ၏ကြင်နာမှုအတွက် ဝိုင်းဝန်းချီးမွမ်းနေကြသံများအား ကြားရလေ၏။

'ခွင့်လွှက်မယ်တဲ့လား'

လုယွီက ပြုံးလိုက်ရာ သူ၏နှုတ်ခမ်းထောင့်များပင် တွန့်သွားသည်။ သူက သူ၏ရှေ့ရှိ လူအုပ်စုမှ တစ်ယောက်ချင်းစီ၌ရှိသော ပုံပန်းသွင်ပြင်အား သေချာကြည့်ရှုလိုက်သည်။

"တစ်ကယ်လို့ ခင်ဗျားတို့အားလုံး ကျုပ်ရှေ့မှာ ရိုရိုကျိုးကျိုးနဲ့ ဒူးထောက်ပြီးအရိုအသေပြုမယ်ဆိုရင် ကျုပ် ခင်ဗျားတို့အသက်ကိုချမ်းသာပေးမယ်"

လုယွီက တည်ငြိမ်အေးဆေးစွာဖြင့် ပြောကြားလိုက်သည်။

လူတိုင်းက တခဏကြာအံ့အားသင့်သွားပြီးနောက် ပြက်လုံးတစ်ခုအားကြားရသကဲ့သို့ ရယ်မောလိုက်သည်။

အဖိုးအိုက ကူရာကယ်ရာမဲ့စွာဖြင့် သူ၏ခေါင်းကိုခါယမ်းလိုက်၏။

"ဟင်း....ကိစ္စက ဒီလိုဖြစ်လာမှတော့...ကြည့်ရတာ ငါကိုယ်တိုင်ပဲ လှုပ်ရှားရတော့မှာပေါ့....ကောင်လေး...မင်း ပြောလိုက်တာတွေအတွက်တန်ကြေးကို မင်းပြန်ပေးဆပ်ရလိမ့်မယ်"

အဖိုးအိုအားကြည့်ရသည်မှာ စိမ်ပြေနပြေလမ်းလျှောက်လာပုံရသော်လည်း သူ၏ခန္ဓာကိုယ်မှနေ၍ ရက်စက်ကြမ်းကြုတ်သောအော်ရာအား ထုတ်လွှတ်ထားသည်။ သူ၏ကျန်းချီများအား လေထုထဲပစ်တင်ထားရာ လူတိုင်း၏အာရုံစူးစိုက်မှုအား ဆွဲဆောင်နေသည်။

"အကြီးအကဲက ရှီထျန်းနဝမအဆင့်နယ်ပယ်ကို ရောက်ရှိနေပြီး အဲ့အဆင့်ကို ချိုးဖျက်ပြီးနယ်ပယ်အသစ်တတ်လှမ်းနိုင်ဖို့ ခြေတစ်လှမ်းပဲလိုတော့တယ်....ပြီးတာနဲ့ သူက အင်မော်တယ်တစ်ယောက် ဖြစ်လာတော့မှာ..."

"ဒီကောင်လေးက စွမ်းရည်အနည်းငယ်ရှိတာမှန်ပေမယ့် အကြီးအကဲလို အစွမ်းထက်တဲ့ပုဂ္ဂိုလ်နဲ့တွေ့တော့ အလကားကောင်ဖြစ်သွားပြီ"

"ဟား...ဟား...ဟား...သူသေမှာ သေချာနေပြီ"

အဖိုးအိုက လူအုပ်ကြီးထံမှ သုံးသပ်ချက်များအားကြားလိုက်ချိန်တွင် သူက စိတ်ကျေနပ်မှုရှိစွာပြုံးလိုက်လေသည်။

"ကောင်လေး...မင်းက ငါရဲ့လက်ဝါးရိုက်ချက်တစ်ချက်ကို တောင့်ခံနိုင်မယ်ဆိုရင်....ငါ ထပ်ပြီးမတိုက်ခိုက်တော့ဘူး"

အဖိုးအိုက သူ၏လက်ဝါးရိုက်ချက်အား သာမာန်ကာလျှံကာရိုက်ထုတ်လိုက်သည်။ ရုတ်တရက် ရက်စက်ကြမ်းကြုတ်ပြီး ပြင်းထန်သည့်စွမ်းအားတစ်ခုက လုယွီထံသို့ တိုးဝင်လာခဲ့သည်။

ရုတ်တရက် လုယွီ၏ပုံရိပ်က အဖိုးအို၏ရှေ့မှပျောက်ကွယ်သွားခဲ့သည်။

ဘာ...

အဖိုးအိုက ဆွံအသွားခဲ့သည်။ သူက လှည့်ပတ်ကြည့်လိုက်ချိန်တွင် ရုတ်တရက် သူ၏ပခုံးအား လက်ဖြင့်ကိုင်ထားကြောင်း သိရှိခဲ့သည်။

ခရက်...ခရက်

အဖိုးအို၏ပခုံးသည် ထိုလက်ဝါးမှဖိအားကြောင့် ကျိုးကြေသွားလေ၏။ ထိုလက်ဝါး၏စွမ်းအားသည် ရပ်တန့်ခြင်းမရှိသေးပေ။ အဖိုးအိုက ထပ်မံတောင့်မခံနိုင်တော့သဖြင့် မြေပြင်ပေါ်သို့ဒူးထောက်ကျသွားခဲ့သည်။

"မင်း ဘယ်လိုတောင် လုပ်ဝံ့တာလဲ"

အကြီးအကဲသည် ရှက်ရွံခြင်းနှင့်ဒေါသထွက်ခြင်းတို့အား ရောယှက်၍ခံစားနေရသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ ထုတ်လွှတ်ပြီး လုယွီလက်ဝါးမှ လွတ်မြောက်နိုင်ရန် ရုန်းကန်လိုက်သည်။

သို့ရာတွင် သူ၏ခန္ဓာကိုယ်အား ဖိထားသည့်လက်ဝါးသည် သူအားလှုပ်ရှား၍မရ ဖြစ်နေစေသည်။

"ခင်ဗျားက ကျုပ်ရဲ့လက်ဝါးရိုက်ချက်ကို ကောင်းကောင်းခံယူလိုက်...တစ်ကယ်လို့ ခင်ဗျားမသေဘူးဆိုရင် ကျုပ် ခင်ဗျားကိုလွှက်ပေးမယ်"

လုယွီ၏ မပြောင်းလဲသောလေသံက အဖိုးအို၏နောက်မှထွက်ပေါ်လာသည်။

Chapter 60

ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်သက်သွားပြန်၏။ လူတိုင်းက သူတို့ရှေ့ရှိမြင်ကွင်းအား ကြောက်ရွံစွာကြည့်နေကြပြီး သူတို့၏မျက်လုံးများကိုပင် မယုံနိုင်တော့ပေ။

ခရက်....ခရက်...

အဖိုးအို၏ပခုံးသည် လုယွီလက်ဝါး၏ဖိအားဒဏ်ကြောင့် အပြည့်အဝကျိုးပဲ့သွားလေသည်။ သူ၏နဖူးမှ ချွေးများယိုစီးကျနေပြီး နာကျင်မှုကြောင့်လော သို့မဟုတ် ဒေါသထွက်ခြင်းကြောင့်လော မသိရှိနိုင်ပဲ သူ၏မျက်နှာမှာနီမြန်းနေ၏။

"တစ်ကယ်လို့ ခင်ဗျားရဲ့အသက်ကိုကာကွယ်ချင်စိတ်ရှိတယ်ဆိုရင်.....ခင်ဗျားရဲ့အားအကောင်းဆုံးခုခံမှုကို အသုံးပြုပါ"

လုယွီ၏လက်တစ်ဖက်က အနက်ရောင်ချီအမျှင်တန်းတစ်တန်းအား သိပ်သည်းနှင့်ပြီးဖြစ်သည်။ ချက်ချင်းပင် လုယွီ၏ခန္ဓာကိုယ်မှ ကျန်းချီများတိုးထွက်လာရာ လူတိုင်းက ထိတ်လန့်တုန်လှုပ်ဖွယ် အော်ရာတစ်ခုအား ခံစားလိုက်ရသည်။

ဘာ....

လူတိုင်းက တိတ်တဆိတ် တုန်လှုပ်နေကြ၏။ ထိုစွမ်းအားမျိုးသည် ယခုမှရှီထျန်းနယ်ပယ်အားဝင်ရောက်သည့် တစ်စုံတစ်ယောက် ပြသနိုင်သည့်စွမ်းအားမျိုး မဟုတ်ပေ။

"ရှီထျန်း အဠမအဆင့်...."

တစ်စုံတစ်ယောက်က တီးတိုးရေရွတ်လိုက်၏။ သူက အတော်တုန်လှုပ်နေပြီး စကားဆတ်မပြောနိုင်တော့ချေ။

လုယွီ၏ဖိနှိပ်ခြင်းအားခံထားရသည့် အဖိုးအိုမှာမူ ထိုအချိန်တွင် သူ၏မျက်နှာအား တစ်စုံတစ်ယောက်မှ ပြင်းထန်စွာ ရိုက်နှက်လိုက်သကဲ့သို့ဖြစ်နေသည်။

သူက လုယွီ၏ကျင့်ကြံခြင်းအဆင့်ကို မမြင်ခဲ့သော်လည်း လုယွီ၏ငယ်ရွယ်သည့်အသက်ကိုကြည့်၍ ရှီထျန်းနယ်ပယ်သို့ရောက်ရှိခါစသာ အမြင့်ဆုံးဖြစ်နိုင်မည်ဟု ခန့်မှန်းမိခြင်းဖြစ်သည်။

သို့ရာတွင် လုယွီ၏ကျင့်ကြံဆင့်က ထို့ထက်မက တိုးတတ်နေခဲ့သည်။

"ဒီ အဖိုးကြီးက ရှီထျန်းနဝမအဆင့်မှာရှိနေတာ...မင်းက ငါကိုသတ်နိုင်မှာလား"

ရုတ်တရက် အဖိုးအိုက ကြုံးဝါးပြီးနောက် သူ၏ခန္ဓာကိုယ်မှနေ၍ ကျန်းချီမျုားတိုးထွက်လာလေ၏။

သူ၏ကျန်းချီများဖြင့် တစ်ကိုယ်လုံးအား လွှမ်းခြုံလိုက်ရာတွင် ထူထဲသောသံချပ်ကာ ဝတ်ဆင်ထားသကဲ့သို့မြင်နေရသည်။

"ဒါက ဘာမှပိုထူးလာမှာမဟုတ်ဘူး"

လုယွီက ချက်ချင်းပင် လက်ဝါးတစ်ချက် ရိုက်ချလိုက်သည်။

"ခရက်...ခရက်...ခရက်...."

လုယွီ၏လက်ဝါးက ကျန်းချီအကာအကွယ်ပေါ်သို့ ကျရောက်သည့်အချိန်တွင် အဖိုးအို၏ကျန်းချီများမှာ အချိန်တစက္ကာန့်ပင်မကြာဘဲ ပြန့်ကျဲသွားခဲ့သည်။

လုယွီလက်ဝါးရိုက်ချက်၏စွမ်းအားသည် ယခုထိ လွင့်ပြယ်ခြင်းမရှိဘဲ အဖိုးအို၏ခန္ဓာကိုယ်ပေါ်သို့ ပြင်းပြင်းထန်ထန်ကျဆင်းသွားလေ၏။

ဖူး....

အဖိုးအို၏ပါးစပ်မှ သွေးတချို့ ပန်းထွက်လာသည်။ သူ၏ကျန်းချီသည် ချက်ချင်းလွင့်ပါးသွားပြီး မြေပြင်ပေါ်သို့ ပုံရက်သားလဲကျသွားခဲ့သည်။

အချိန်သိပ်မကြာခင်မှာပင် မြေပြင်ပေါ်တွင် လဲလျောင်းနေသောအဖိုးအိုသည် အသက်လက္ခဏာနှင့်လှုပ်ရှားမှုအားမတွေ့ရှိရတော့ပေ။

"အရမ်း အားနည်းတယ်...ဒါနဲ့များ ခင်ဗျားက ကျုပ်ရှေ့ကိုလာပြီး ဟောင်ဖွာဟောင်ဖွာလုပ်ဝံ့သေးတယ်"

လုယွီ၏မျက်လုံးများက အိမ်ရှေ့စံမင်းသားကိုယ်ပေါ်သို့ ကျရောက်သွားသည်။

အိမ်ရှေ့စံမင်းသား၏ခန္ဓာကိုယ် တုန်ယင်နေပြီး သူ၏နဖူးမှ ချွေးစေးများယိုစီးလာလေ၏။

လုယွီ၏ပစ်မှတ်ထားခံရခြင်းသည် ရက်စက်သောဝံပုလွေ၏ပစ်မှတ်ထားခံရခြင်းနှင့် တူညီပေသည်။ အသက်ရှင်သန်ရန်အတွင် အခွင့်အရေးမရှိနိုင်ပေ။

အိမ်ရှေ့စံမင်းသား၏တစ်ကိုယ်လုံး သိမ့်သိမ့်တုန်နေပြီး သူက မြေပြင်ပေါ်သို့ ခွေယိုင်ကျသွားလေသည်။

လုယွီက အိမ်ရှေ့စံမင်းသားထံသို့ တစ်လှမ်းချင်း လျောက်လှမ်းလာ၏။ ပတ်ဝန်းကျင်ရှိလူများသည် တစ်ယောက်နှင့်တစ်ယောက်ကြည့်နေကြပြီး မည်သူကမျှ လုယွီအား မဟန့်တားဝံ့ပေ။

အိမ်ရှေ့စံမင်းသားက ရုတ်တရက် တစ်စုံတစ်ခုကို သတိရမိပြီး လုယွီအား လက်ညှိုးညွှန်၍ စူးစူးဝါးဝါးအော်ဟစ်လိုက်သည်။

"မင်းတို့အားလုံး ဘာလုပ်နေကြတာလဲ...သူကို ဟန့်တားကြစမ်း"

ပုံမှန်အားဖြင့် အိမ်ရှေ့စံမင်းသား၏စကားလုံးများသည် အသုံးဝင်ပေမည်။ သို့သော် ယခုချိန်တွင်မူ လုယွီမည်မျှအစွမ်းထက်ကြောင်း မြင်တွေ့လိုက်ရသောကြောင့် မည်သူကမျှခြေတစ်လှမ်းမတိုးဝံ့ပေ။

'မင်းကိုမင်း အသက်အများကြီးရှည်မယ်ထင်နေတာလား....ဘယ်လိုလုပ် သေမင်းနတ်ဘုရားကို ပိတ်ပင်တားဆီးဝံ့မှာလဲ'

လူတိုင်း၏အတွေးများက တူညီနေကြ၏။

"မင်းတို့ကောင်တွေ ဘာလုပ်နေကြတာလဲ...မင်းတို့က အင်ပါယာအမိန့်ကိုမနာခံတဲ့အပြင် ပုန်ကန်ဖို့ပါ ကြိုးစားချင်နေတာလား"

အိမ်ရှေ့စံမင်းသား၏အသံသည် ပို၍စူးရှလာခဲ့သည်။

လူတိုင်းက သူအား ကာကွယ်ပေးခြင်းမရှိသည်အား မြင်လိုက်ချိန်တွင် ရုတ်တရက် အိမ်ရှေ့စံမင်းသား၏ခန္ဓာကိုယ်မှ တောက်ပနေသော ရွှေရောင်အလင်းတန်းထွက်ပေါ်လာသည်။ သူ၏ခန္ဓာကိုယ်ပတ်လည်ရှိအော်ရာသည်လည်း ချက်ချင်းပင် အဆပေါင်းများစွာတိုးတတ်လာလေ၏။

"ငါ့မှာ နတ်ဘုရားအလင်းတန်းအကာအကွယ်ရှိတယ်...သိုင်းနတ်ဘုရားဂိုဏ်းရဲ့ မြင့်မြတ်တဲ့အင်မော်တယ်က ငါကိုအင်မော်တယ်ဂိတ်တံခါးကိုဝင်ဖို့အတွက် ကိုယ်တိုင်ကိုယ်ကျ ထောက်ခံပေးထားတာ...တစ်ကယ်လို့ မင်း ငါကိုထိဝံ့မယ်ဆိုရင် မင်းက အင်မော်တယ်ဂိတ်တံခါးကို ဆန့်ကျင်တာပဲ"

အိမ်ရှေ့စံမင်းသားက အော်ဟစ်ပြောဆိုလိုက်သည်။

ဖြန်း....

လုယွီက အိမ်ရှေ့စံမင်းသား၏ပါးကို ပြင်းပြင်းထန်ထန်ရိုက်ချလိုက်သည်။

အိမ်ရှေ့စံမင်းသား လွင့်စင်ထွက်သွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာကျရောက်လာသည်။ သူ၏ပါးစပ်မှ သွေးတစ်လုတ် အန်ထွက်လာခဲ့သည်။

အိမ်ရှေ့စံမင်းသားအား ဝန်းရံထသည့် နတ်ဘုရားအလင်းတန်းသည် လုယွီ၏လက်ဝါးရိုက်ချက်ကြောင့် ပြန့်ကျဲသွားလေသည်။

"မူလက ကျုပ် ခင်ဗျားကိုသတ်ဖို့ အစီအစဉ်မရှိဘူး...ဒါပေယ့် ကျုပ်က ခင်ဗျားကိုမသတ်ရင်....ကျုပ်ရဲ့မိသားစုကို ခင်ဗျားက လက်စားပြန်ချေမှာကို ကျုပ်စိုးရိမ်တယ်"

လုယွီက အိမ်ရှေ့စံမင်းသား၏ဝမ်းဗိုက်ပိုင်းအား လက်ညှိုးညွှန်ပြရင်းမှ ပြောဆိုလိုက်သည်။

အိမ်ရှေ့စံမင်းသားက တဆတ်ဆတ်တုန်ယင်နေပြီး ကြေကွဲဝမ်းနည်းစွာအော်ဟစ်လိုက်လေ၏။

"ငါရဲ့ ကျင့်ကြံမှုအခြေခံ ပျက်စီးသွားပြီ"

ရုတ်တရက် သူက တစ်စုံတစ်ခုကိုနားလည်သဘောပေါက်သွားပုံရကာ အပြုံးတစ်ခုကို အားယူပြုံးလိုက်သည်။

"လုယွီ..မင်းက ငါ့ဘဝကိုဖျက်ဆီးခဲ့ပြီးပြီပဲ...မင်းလိုချင်တာအားလုံး ငါပေးနိုင်တယ်...ငါက အင်ပါယာခမည်းတော်ကိုပြောလိုက်မယ်...ငါ မင်းရဲ့အဖေကို ဘုရင်ဖြစ်အောင်လုပ်ပေးမယ်....ဒါပြင် ငါက မင်းကို အင်မော်တယ်ဂိတ်တံခါးကိုဝင်ခွင့်ရဖို့ မြင့်မြတ်တဲ့အင်မော်တယ်ကိုပြောပေးမယ်"

"တစ်ကယ်လို့ ခင်ဗျား အစကတည်းကသိတတ်ခဲ့ရင်....ကျုပ်က ဘာလို့ဒီလိုလုပ်ဖို့ လိုမှာလဲ"

လုယွီက အိမ်ရှေ့စံမင်းသား၏နဖူးအား လက်ညှိုးဖြင့်ထိုးလိုက်ရင်းမှ တည်ငြိမ်စွာဖြင့် ပြောကြားလေ၏။

ဖူး.....

အိမ်ရှေ့စံမင်းသား၏နဖူးပေါ်တွင် သွေးစို့နေသောအပေါက်တစ်ပေါက်ပေါ်လာပြီးနောက် သူ သေဆုံးသွားချိန်တွင်မူ ၎င်းအပေါက်ပါပျောက်ကွယ်သွားပေ၏။

လုယွီက သူ ထျန်ချို့တောင်တန်းမှထွက်လာသည့် လမ်းတလျှောက်လုံး အိမ်ရှေ့စံမင်းသား၏အလောင်းအား တရွတ်တိုက်ဆွဲလာပြီးနောက် မြင်းရထားလုံးပေါ်သို့ ပေါ့ပေါ့ပါးပါး ပစ်တင်လိုက်သည်။

"လုယွီ....သူက တကယ်ကြီး အိမ်ရှေ့စံမင်းသားကို သတ်လိုက်တာလား"

"သူ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ"

လူတိုင်းက နားမလည်ကြသော်လည်း လုယွီ၏ခွန်အားကို ကြောက်ရွံနေကြသဖြင့် သူ၏နောက်မှမလိုက်ဝံ့ကြချေ။

လုယွီက လုံကျင်းကိုသွားသည့်လမ်းတလျှောက်လုံး မြင်းရထားအား ကိုယ်တိုင်မောင်းနှင်လာရာ အင်ပါယာမြို့တော်၏ဂိတ်တံခါးသို့ ရောက်ရှိလာခဲ့သည်။

အင်ပါယာမြို့တော် အစောင့်အရှောက်များ၏ကြက်သေသေနေသော အကြည့်များအောက်တွင် လုယွီက အိမ်ရှေ့စံမင်းသား၏ရုပ်အလောင်းကို မြို့တော်၏ဂိတ်တံခါးရှေ့တွင် ပစ်ချလိုက်သည်။

"နားထောင်ကြစမ်း...တစ်ကယ်လို့ တစ်ယောက်ယောက်က ကျုပ်မိသားစုကို နောက်ထပ်ထိဝံ့တယ်ဆိုရင်...အဲ့ဒီကောင် ဘယ်သူဆိုတာအရေးမကြီးဘူး...သူ သေရမယ်"

လုယွီ၏အသံက ကျန်းချီများပြည့်နှက်နေသဖြင့် အင်ပါယာမြို့တော်၏အထက်ရှိ လေထုအတွင်းတွင် ပဲ့တင်ထပ်သွားလေသည်။

All Chapters