← Chapters

အခန်း (၆၁-၆၅)

Vol. 1-5 Ch. 61-65

အခန်း (၆၁-၆၅)

Vol. 1-5 Ch. 61-65

Chapter 61

လုံကျင်း...ယုံဖျင်အိမ်တော်

သခင်မကြီးယွီရုံနှင့်လုလမ်ရွှမ်းတို့က တံခါးအနီးတွင်မတ်တတ်ရပ်၍ စိတ်လှုပ်ရှားစွာဖြင့် စောင့်ဆိုင်းနေကြသည်။

အချိန်ခုနစ်ရက် ကုန်ဆုံးသွားပြီဖြစ်လေ၏။ သိုင်းပညာရှင်မြောက်များစွာသည် သိုင်းနတ်ဘုရားစမ်းသပ်ပွဲမှတစ်ယောက်ပြီးတစ်ယောက် ပြန်လည်ရောက်ရှိနေကြပြီဖြစ်သည်။ သို့ရာတွင် လုယွီက ပြန်လည်ရောက်ရှိမလာသေးပေ။

"အမေ....စိတ်မပူပါနဲ့...အရှေ့နန်းတော်က လျိုကုန်းကုန်းတောင်မှ ရှောင်ယွီရဲ့ပြိုင်ဘက်မဟုတ်ခဲ့ဘူးလေ....မောင်လေး အဆင်ပြေမှာပါ"

လုလမ်ရွှမ်းက သူမ၏မိခင်ဖြစ်သူအား နှစ်သိမ့်နေလေသည်။

သခင်မကြီးယွီရုံက သက်ပြင်းတစ်ချက်ချလိုက်သော်လည်း သူမက မည်သည့်စကားမျှမဆိုချေ။ စိုးရိမ်သောက ရောက်မှု အရိပ်အယောင်က သူမ၏မျက်ခုံးများကြားတွင် ရှိနေပေသည်။

"သခင်မကြီး...မြင်းရထားလုံးတစ်လုံး လာနေတယ်"

ရုတ်တရက် ကျုံးပက အော်ဟစ်လိုက်သည်။

လူတိုင်းက ထိုအကြောင်းကိုကြားသည်နှင့် လျှင်လျှင်မြန်မြန် ကြည့်ရှုလိုက်ကြသည်။ သူတို့က လမ်းပေါ်တွင်မောင်းနှင်လာသည့် မြင်းရထားလုံးတစ်လုံးအား မြင်လိုက်ရသည်။

မြေပြင်ပေါ်သို့ကျရောက်နေသည့် မြင်းခွာသံများက ပြင်းထန်သည့်ပဲ့တင်ရိုက်သံများအား ထုတ်လွှတ်ပေးနေသည်။ မြင်းရထားလုံး၏နောက်ဘက်တွင် အမှန်တစ်ကယ်ပင် အင်ပါယာအစောင့်အရှောက်များက လိုက်ပါနေကြသည်။

ထိုအချိန်တွင် အေးစိမ့်သည့်အော်ရာတစ်ခုက လမ်းတစ်လမ်းလုံးအား ပျံ့နှံ့နေလေသည်။

"မင်းသားကျင်းရဲ့အိမ်တော်က မြင်းရထားပါလား"

လုလမ်ရွှမ်းက မျက်မှောင်ကြုတ်လိုက်မိ၏။

ကျင်း တော်ဝင်အိမ်တော်သည် ဤလမ်းတွင်တည်ရှိခြင်းမရှိဘဲ ယုံဖျင်အိမ်တော်နှင့် အလှမ်းကွာသည့်နေရာတွင်သာရှိသည်။ ထို့ပြင် ယုံဖျင်အိမ်တော်နှင့်ကျင်းအိမ်တော်ကြားတွင် အထွေအထူးဆတ်ဆံမှုမရှိပေ။

တပ်...တပ်...

မြင်းရထားလုံးက ယုံဖျင်အိမ်တော်၏ရှေ့တွင် ရပ်တန့်လိုက်၏။ ထို့နောက် သတ်ဖြတ်ချင်နေသောအော်ရာများဖြင့် မြင်းစီးသူရဲတစ်စုက ယုံဖျင်အိမ်တော်အား ဝန်းရံထားကြသည်။

"အရှင်မင်းသား...ဒါက အမတ်ကြီးယုံဖျင်ရဲ့အိမ်တော်ပါ"

စစ်သားတစ်ယောက်က မြင်းရထားလုံးအနီးသို့ ချဉ်းကပ်လာပြီး လေသံအုပ်အုပ်ဖြင့်ပြောကြားလိုက်သည်။

"ဟွန့်....အမတ်ကြီးယုံဖျင်ရဲ့အိမ်တော်ကို ဝိုင်းထားကြစမ်း....ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ လွတ်မြောက်ခွင့်မပြုနဲ့"

ဒေါသတကြီးအော်ဟစ်လိုက်သံက မြင်းရထားလုံးအတွင်းမှထွက်ပေါ်လာသည်။ မြွေရေခွံအင်္ကျီဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအရွယ်လူကြီးတစ်ယောက်က မြင်းရထားလုံးပေါ်မှဆင်းလာပြီး ယုံဖျင်အိမ်တော်ရှေ့ရှိလူတိုင်းအား တစ်ချက်ကြည့်လိုက်သည်။

ထိုသူက တာလျန်နိုင်ငံတော် အင်ပါယာမင်းမြတ်၏ညီတော်ဖြစ်သည်။ သူသည်လည်း ဘုရင်ဂုဏ်ပုဒ်အား ချီးမြှင့်ခံထားရပေ၏။

သခင်မကြီးယွီရုံ၏နှလုံးသားသည် အပြင်သို့ခုန်ထွက်တော့မယောင် တဆတ်ဆတ်တုန်နေရင်းမှ ချက်ချင်းမေးမြန်းလိုက်သည်။

"ကျင်း မင်းသား...ရှင် ဒါ ဘာလုပ်တာလဲ"

"ခွေးမ....ငါ မင်း ပြောတာ ဘာမှမကြားချင်ဘူး"

ကျင်း မင်းသားက ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။

"မင်းရဲ့သားလို့ နိမ့်ကျတဲ့ ခွေးကောင်က ငါရဲ့သမီးကို သတ်ခဲ့တယ်...ငါထင်တာတော့ မင်းတို့ ယုံဖျင်အိမ်တော်ကလူတွေက အသက်ရှင်ရတာငြီးငွေ့နေပြီထင်တယ်"

"ယွီအာ....သူက ဘာလို့ အန်းလဲ့မင်းသမီးကို သတ်ရမှာလဲ"

သခင်မကြီးယွီရုံက တုန်တုန်ရီရီဖြင့် ပြောကြားလိုက်သည်။

ကျင်းမင်းသားသည် သူ၏တစ်ဦးတည်းသောသမီး အန်းလဲ့မင်းသမီးကို လွန်စွာချစ်မြတ်နိုးသူဖြစ်သည်။ အမှန်တစ်ကယ်က လုယွီသည် ဝေဘုရင်အားသတ်ဖြတ်ခဲ့သဖြင့် မင်းသမီးတစ်ပါးကို ထပ်မံသတ်ဖြတ်သည်ဆိုလျှင်လည်း သခင်မကြီးယွီရုံက အထူးတလည်မအံသြပေ။ သို့ရာတွင် သူမက လုယွီသည် မည်သည်ကြောင့် မိန်းကလေးတစ်ယောက်အား သတ်ဖြတ်ခဲ့ခြင်းအား နားမလည်နိုင်ခြင်းသာဖြစ်သည်။

"ကျင်း မင်းသား...ကျွန်မတို့ကို အသရေမဖျက်ပါနဲ့...အရင်ဆုံး သိုင်းနတ်ဘုရားစမ်းသပ်ပွဲရဲ့ သေခြင်းရှင်ခြင်းတိုက်ခိုက်မှုတွေကိုထည့်မပြောရင်တောင်....ရှင်ရဲ့သမီး အန်းလဲ့မင်းသမီးက အိမ်ရှေ့စံမင်းသားရဲ့နန်းတော်အတွင်းမှာ အကြိမ်ပေါင်းများစွာ ကျီစယ်ခဲ့တယ်...သူမက အားနည်းတဲ့သူကို အနိုင်ကျင့်ပြီး ခွန်အားကြီးသူကို ကြောက်ရွံတတ်တဲ့လူစားမျိုးပဲ...သူမရဲ့အပြုအမူတွေက ယုတ်မာလွန်းတယ်"

လုလမ်ရွှမ်းက အမှန်တရားကို သိရှိနေလေ၏။

အတိတ်ကိုပြန်ကြည့်လျှင် လုယွီက စိတ်မတည်မငြိမ်ဖြစ်နေသောအချိန်တွင်ရှိနေစဉ် ထိုမင်းသမီးအန်လဲ့သည် အမြဲတစေ သူ့အား အရုပ်တစ်ရုပ်ကဲ့သို့ ဆော့ကစားခဲ့သည်။ အကြိမ်ပေါင်းများစွာပင် လုလမ်ရွှမ်းက သူမ၏မောင်ဖြစ်သူအား ကူညီရန်သွားရောက်ခဲ့ရသည်။

ကျင်းမင်းသား၏အမူအယာက မျက်နှာရှုံမဲ့၍ စိုက်ကြည့်နေဆဲဖြစ်သည်။

"သောက်ရေးမပါတာတွေ....မင်းတို့ ယုံဖျင်အိမ်တော်တစ်ခုလုံးက နိမ့်ကျတဲ့ခွေးအဆင့်ပဲရှိတာ...ဘယ်လိုသတ္တိနဲ့ တော်ဝင်မိသားစုကို ထိဝံ့တာလဲ...မင်းတို့ သေဖို့ပြင်ထားကြ"

ကျင်းမင်းသား၏ ရုန့်ရင်းကြမ်းတမ်းသောစကားများသည် လုလမ်ရွှမ်းအား ဒေါသတကြီးဖြစ်သွားစေသည်။

"ဦးလေး ကျုံး...အရင်ဆုံး ကျွန်မ အမေကို သူမရဲ့အဆောင်တော်ကို ပြန်ပို့ပေးလိုက်...ဒီနေရာက ကိစ္စတွေအားလုံး ကျွန်မနဲ့ထားခဲ့လိုက်"

လုလမ်ရွှမ်းက ကျင်းမင်းသားအား အေးစက်တင်းမာစွာဖြင့် စိုက်ကြည့်နေလေ၏။

ကျုံးပသည် အလွန်အမင်း စိုးရိမ်ပူပန်နေသော်လည်း သခင်မကြီးယွီရုံသည် မည်သည့်အချိန်ကမျှ သိုင်းပညာကျင့်ကြံဖူးခြင်းမရှိသည်အား သိရှိထားပြီးဖြစ်သည်။ ယခု ဤနေရာသည် သူမ ရှိနေသင့်သည့်နေရာ မဟုတ်သည့်အတွက် ကျုံးပက အစေခံတစ်ချို့ကိုခေါ်ပြီး သခင်မကြီးယွီရုံအား ထွက်ခွာနိုင်ရန်ကူညီခိုင်းလိုက်သည်။

"မင်းက ထွက်သွားချင်တာလား...ဒီနေ့ မင်းတို့ယုံဖျင်အိမ်တော်က လူအားလုံးသေရမယ်"

ရုတ်တရက် ကျင်းမင်းသားက အမိန့်ပေးလိုက်ရာ မြင်းစီးသူရဲအားလုံးသည် ယုံဖျင်အိမ်တော်အတွင်းသို့ တရကြမ်းတိုးဝင်တိုက်ခိုက်ကြတော့သည်။

"နင်တို့ လုပ်ဝံ့တယ်ပေါ့"

ရုတ်တရက် လုလမ်ရွှမ်းက ကျန်းချီလှိုင်းတစ်လှိုင်းကို ရိုက်ထုတ်လိုက်ရာ မြောက်များစွာသော အင်ပါယာအစောင့်အရှောက်များသည် လွင့်ထွက်သွားကြသည်။

"ရှီထျန်းအဆင့် ပညာရှင်"

အင်ပါယာအစောင့်အရှောက်အားလုံးသည် သူတို့ရောက်ရှိနေသောနေရာမှာပင် ရပ်တန့်လိုက်ကြပြီး သူတို့၏အကြည့်များသည်လည်း တုန်လှုပ်မှုများဖြင့်ပြည့်နေသည်။

"ထိတ်လန့်မနေကြနဲ့...သူမက တစ်ယောက်တည်းရယ်...အကုန်လုံးအတူတိုက်ခိုက်ပြီး သူမကိုသတ်ကြ"

ကျင်းမင်းသားက ကျွက်ကျွက်ညံအောင် အော်ဟစ်လိုက်လေ၏။

"ငါ တစ်ယောက်တည်းလို့ ဘယ်သူပြောလဲ"

လုလမ်ရွှမ်းက ရုတ်တရက် သူမ၏လက်ကိုဝှေ့ယမ်းလိုက်ရာ မရေမတွက်နိုင်သည့် အိမ်တော်အစောင့်များက အိမ်တော်ဂိတ်တံခါးမှထွက်လာကြသည်။

သူတို့က လုယွီသန့်စင်ထားသည့် ကောင်းကင်မူလရွှေဆေးပြားကို သောက်သုံးခဲ့သောကြောင့် သူတို့၏အော်ရာသည် ယခင်နှင့်များစွာကွဲပြားခြားနားနေသည်။ သူတို့ထဲကအများစုသည် ရှီထျန်းနယ်ပယ်သို့ပင် ရောက်ရှိနေကြပြီဖြစ်လေ၏။ အိမ်တော်အစောင့်ငါးယောက်ပင်လျှင် ရှီထျန်း တတိယအဆင့်သို့ ရောက်ရှိနေလေသည်။ သူတို့အထဲက မည်သူမဆို အစောင့်အရှောက်ခန်းမအား ဆရာသခင်အဖြစ်နှင့် ဝင်ရောက်နိုင်ပေသည်။

အင်ပါယာအစောင့်အရှောက်အားလုံးက လမ်းတစ်ဝက်မှာပင် ရပ်တန့်နေကြသည်။

အကယ်၍ ယခုချိန်တွင် ခြေတစ်လှမ်းတိုးလိုက်ပါက ထိုသူသည်သေလမ်းရှာနေခြင်းသာဖြစ်ပေမည်။

ကျင်းမင်းသား၏မျက်နှာအမူအယာ ပြောင်းလဲသွားသည်။ သူက ယုံဖျင်အိမ်တော်၏အင်အားစုတွင် ဤမျှထိများပြားသော ရှီထျန်းအဆင့်ပညာရှင်များရှိမည်အား မျှော်လင့်မထားမိပေ။

သို့သော် အချိန်သိပ်မကြာခင်မှာပင် အေးစက်စက်အပြုံးတစ်ခုက သူ၏မျက်နှာတွင်ပေါ်ထွက်လာလေ၏။

"မြင့်မြတ်တဲ့ အင်မော်တယ်...ကျေးဇူးပြုပြီး ကူညီပေးပါ"

ကျင်းမင်းသားက ရုတ်တရက် မိုးကောင်းကင်အားကြည့်၍ အော်ဟစ်လိုက်သည်။

Chapter 62

လူတိုင်းက မိုးကောင်းကင်အား မော့ကြည့်လိုက်ကြသည်။

ဤကဲ့သို့ အဆင့်အတန်းမြင့်မားသည့် နတ်ဘုရားတစ်ျယာက် အမှန်တစ်ကယ်ရှိနေသလော...

ထိုအချိန်တွင် ပြင်ပရှိလူများကလည်း လာရောက်ကြည့်ရှုနေကြလေ၏။ ထိုသူများက ယခုနေရာအနီးသ်ု့ မကပ်ဝံ့ကြသော်လည်း ကျင်းမင်းသားက စစ်သားများကိုဦးဆောင်၍ ပထမတန်းအဆင့်အမတ်ကြီးအိမ်တော်အား ဝိုင်းရံထားခြင်းသည် ကိစ္စကြီးတစ်ခုဖြစ်နေပေ၏။ ထိုကိစ္စသည် လူအုပ်၏အာရုံစူးစိုက်မှုအားဆွဲဆောင်နိုင်သည်မှာ သဘာဝအတိုင်းပင်ဖြစ်သည်။

"မြန်မြန်လာ...မြန်မြန် လာကြည့်ကြ"

တစ်စုံတစ်ယောက်က ကောင်းကင်အား လက်ညှိုးညွှန်ပြပြီး အော်ဟစ်လိုက်သည်။

ချက်ချင်းဆိုသလိုပင် လူအုပ်ကြီးက မိုးကောင်းကင်အား ဘက်ပေါင်းစုံမှ ကြည့်ရှုလိုက်ကြသည်။ မကြာခင်မှာပင် အနက်ရောင်အစက်အပျောက်တစ်ခုက တဖြည်းဖြည်းကြီးမားလာသည်အား သူတို့မြင်တွေ့ရလေ၏။

ထိုအရာက အဖြူ ရောင်ဝတ်စုံဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ်လူတစ်ယောက်ဖြစ်လေသည်။ သူကိုကြည့်ရသည်မှာ အင်မော်တယ်တစ်ယောက်နှင့်တူညီနေပေ၏။ သူက ဓားပျံပေါ်တွင်မတ်တတ်ရပ်နေရာမှ တဖြည်းဖြည်း ကောင်းကင်ယံမှနေ၍ ဆင်းသက်လာခဲ့သည်။

"မြင့်မြတ်တဲ့ အင်မော်တယ်"

ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးမှ အံသြတကြီး အော်ဟစ်လိုက်သံများအား တစ်ကြိမ်ပြီးတစ်ကြိမ်ကြားနေရသည်။ ထို့နောက်တွင်မူ လူအုပ်ကြီးတစ်စုလုံးက မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ကြသည်။

စည်းကမ်းကောင်းမွန်သည်ဟုဆိုကြသော အင်ပါယာအစောင့်အရှောက်များပင်လျှင် ထိုအချိန်တခဏ၌ မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ကြပြီး မည်သူကမျှခေါင်းမော့မကြည့်ဝံ့ပေ။

ဓားပျံစီးနင်းခြင်းဟူသည်မှာ အင်မော်တယ်များသာ စွမ်းဆောင်နိုင်သည့်အရာဖြစ်ပေ၏။

အင်မော်တယ်တစ်ယောက်အား မြင်တွေ့ရသည့်အတွက် လူအများအပြားသည် စိတ်လှုပ်ရှားခြင်းကြောင့်တုန်ယင်နေကြသည်။ သူတို့က ဆုတောင်းစကားများပြောနေကြပြီး သူတို့အားကာကွယ်ပေးရန် တောင်းပန်နေကြသည်။

စုန့်ခွမ်က ယခုကဲ့သို့ဝိုင်းအုံကြည့်ရှုခြင်းခံနေရသည့်အတွက် ပျော်ရွှင်နေလေ၏။ သူက ဓားပျံပေါ်မှဆင်းသက်လာချိန်တွင် ၎င်းဓားတွင်စိတ်ဝိညာဉ်စွမ်းအင်ပါရှိသောကြောင့် အချက်ပေးသကဲ့သို့ဖြစ်သွားကာ ထိုဓားပျံက အလိုအလျှောက် ဓားအိမ်အတွင်းသို့ပြန်ဝင်သွားလေသည်။

စုန့်ခွမ်၏ပါးစပ်ထောင့်သည် မဆိုသလောတ်တွန့်သွားခဲ့သည်။ ထိုသေမျိုးအုပ်စုသည် မည်သည့်အချိန်ကမျှ အစစ်အမှန်လောကအား မြင်ဖူးပုံမပေါ်ချေ။

စုန့်ခွမ်က စစ်နတ်ဘုရားဂိုဏ်း၏အတွင်းစည်းတပည့်တစ်ယောက်ဖြစ်သော်လည်း သူ၏ဆရာသခင်သည် အကြီးအကဲတစ်ယောက်ဖြစ်၍သာ ဤကဲ့သို့ ပူပင်ကြောင့်ကြမဲ့သောအလုပ်မျိုးကို ရရှိခဲ့ခြင်းဖြစ်သည်။

သေမျိုးတို့၏စိတ်နှလုံးသားအတွင်းတွင် သူက နတ်ဘုရားဖြစ်နေပြီး ဤကဲ့သို့ ချီးမွမ်းခြင်းနှင့်လေးစားခြင်းမျိုးခံယူ၍ ပျော်ရွှင်ရသည်မှာ မြောက်ပိုင်းကုန်းမြေသို့သွားပြီး အင်္သေချေသားရဲဂိုဏ်းနှင့်သူသေကိုယ်သေ တိုက်ခိုက်ရမည်ထက် ပို၍ကောင်းမွန်ပေသည်။

"မင်းက ငါကိုခေါ်လိုက်တဲ့တစ်ယောက်လား"

စုန့်ခွမ်၏အသံက ကျယ်လောင်ခြင်းမရှိသော်လည်း ထိုအသံက ကောင်းကင်ယံမှထွက်ပေါ်လာသည်နှင့်တူတေရာ လူအများက ဒူးထောက်ပြီး သူ့အားအရိုအသေပြုနေကြပေ၏။

ထိုအချိန်တွင် ကျင်းမင်းသားသည်လည်း မင်းသားတစ်ယောက်၏ဂုဏ်ကျက်သရေနှင့် လျော်ညီစွာမနေနိုင်တော့ပေ။ သူက စုန့်ခွမ်အား တရိုတသေ ဦးညွှက်ပြီး ပြောကြားလိုက်သည်။

"မြင့်မြတ်တဲ့ အင်မော်တယ်...အရှင်က ကျွန်တော်ကို မှတ်မိပါ့မလားမသိဘူး...အရှင် တာလျန့်နိုင်ငံတော်ကို ပထမဆုံးရောက်ရှိချိန်မှာ အရှင်ကို ဒီနေရာကို ဦးဆောင်ပြီးကြိုဆိုလာခဲ့တာက ကျွန်တော်ပါ...အရှင် ပြောခဲ့တာက..မင်းက ငါ့စီကနေ အကူအညီအနည်းငယ်တောင်းခံနိုင်တယ်လို့ဆိုခဲ့ပါတယ်...ဒီတကြိမ်မှာ ကျွန်တော်က အရှက်ကင်းမဲ့စွာနဲ့အရှင်ကိုတောင်းဆိုပါရစေ"

ကျင်း မင်းသားက သူကိုယ်သူ နှိမ့်ချပြောဆိုနေသည်ဟု မည်သူကမျှတွေးထင်ခြင်းမရှိကြပေ။ သို့ရာတွင် သူတို့က ကျင်းမင်းသားသည် အမြင့်မြတ်ဆုံးအင်မော်တယ်နှင့်ဆုံတွေ့နိုင်ခဲ့သည့် အခွင့်အရေးထူးကြီးကိုရရှိထားသည်ဟုသာ တွေးထင်နေကြသည်။

စုန့်ခွမ်က ကျင်းမင်းသားအား အေးတိအေးစက် တစ်ချက်ကြည့်ပြီးပြောဆိုလိုက်သည်။

"ဟုတ်တယ်...အရင်က ငါ အဲ့ဒီလိုပြောခဲ့တယ်...မင်း ငါ့ကို ဘာအတွက်နဲ့ရှာတာလဲ"

ကျင်းမင်းသားက သူ၏လက်များကိုပွတ်သပ်ရင်းမှ လုလမ်ရွှမ်းနှင့်အိမ်တော်အစောင့်များကို လက်ညှိုးညွှန်ပြပြီး ပြောဆိုလိုက်လေ၏။

"ဒီမိသားစုရဲ့သားက ကျွန်တော်ရဲ့သမီးကို သတ်ပစ်ခဲ့တယ်....ဒါကြောင့် တာလျန့်ရဲ့ဥပဒေအရ မိသားစုတစ်စုလုံး ခေါင်းဖြတ်သတ်ခံရမှာပါ...ဒါပေမယ့် ကံဆိုးစွာနဲ့ သူတို့ရဲ့မိသားစုမှာ ကျွမ်းကျင်ပညာရှင်တွေအများကြီးရှိနေတယ်...ဒါကြောင့် ကျွန်တော်မှာရွေးချယ်စရာမရှိတော့ဘဲ အရှင်ကို ရှာဖွေမိတာပါ"

ရုတ်တရက် ကျင်းမင်းသား၏အသံက အလွန်အမင်းစိတ်ထိခိုက်နေသံဖြစ်ပေါ်လာသည်။

"ကျွန်တော်မှာ သမီးတစ်ယောက်တည်းရှိတာပါ...အဲ့ဒါကို သူမ...သူမက ဟိုကောင်စုတ်ရဲ့သတ်ပစ်ခံရတယ်...အား..."

ကျင်းမင်းသား၏စကားလုံးများသည် အလွန်ရင်နင့်ဖွယ်ဖြစ်နေပြီး သူက ယုံဖျင်အိမ်တော်အား အလွန်အမင်းဆိုးယုတ်သူများဖြစ်အောင် ပြုလုပ်နိုင်ခဲ့သည်။

လုလမ်ရွှမ်းက ကျင်းမင်းသားအား တစ်ချက်ကြည့့်ပြီး ပြောဆိုလိုက်သည်။

"ပေါက်ကရတွေ...ရှင်ရဲ့သမီးက သိုင်းနတ်ဘုရားစမ်းသပ်ပွဲအတွင်းမှာ သေဆုံးတာ အသိသာကြီးကို..သိုင်းနတ်ဘုရားစမ်းသပ်ပွဲက သေရင်သေ မသေရင်ရှင်မယ့် နေရာတစ်ခုဆိုတာ လူတိုင်းသိတယ်...ရှင်က စည်းမျဉ်းတွေကို မသိဘူးလား"

ကျင်းမင်းသားက အော်ဟစ်လိုက်သည်။

"မင်းတို့မိသားစုက လုယွီက ငါသမီးကို လက်စားချေချင်တာနဲ့ သိုင်းနတ်ဘုရားစမ်းသပ်ပွဲအတွင်းမှာ သတ်ပစ်ခဲ့တာလေ"

"တော်သင့်ပြီ"

စုန့်ခွမ်က စိတ်မရှည်တော့ခြင်းကြောင့် သူ၏လက်များကို ဝှေ့ယမ်းလိုက်လေ၏။ သူက စစ်နတ်ဘုရားဂိုဏ်း၏ဂိုဏ်းဝင်တစ်ယောက်ဖြစ်ပေသည်။ စုန့်ခွမ်သည်လည်း ဤသေမျိုးနိုင်ငံ၏သိုင်းနတ်ဘုရားစမ်းသပ်ပွဲစည်းမျဉ်းများအား အတော်အသင့် သိရှိထားလေသည်။

စုန့်ခွမ်က ဥာဏ်ရည်နိမ့်ပါးသူတစ်ယောက်မဟုတ်ပေ။ ထိုကျင်းမင်းသားက သူရေ့ရှိလူအုပ်စုအားသတ်ဖြတ်နိုင်ရန် သူ့အားအသုံးချချင်နေကြောင်း ပြောနိုင်ပေသည်။ သူက လုံချီနယ်ပယ်ကျင့်ကြံသူတစ်ယောက်ဖြစ်သော်လည်း သေမျိုးအင်ပါယာများကြားရှိ စစ်နတ်ဘုရားကျောင်းတော်မှ တပည့်တစ်ဦးသာဖြစ်သည်။ စုန့်ခွမ်က လူအများအပြားကိုသတ်ဖြတ်ခြင်းဖြင့် သူ၏ကိုယ်ကျင့်သိက္ခာမှေးမှိန်ပြီး ဂုဏ်သတင်းကျဆင်းစေလိုခြင်းမရှိပေ။

"သိုင်းနတ်ဘုရားစမ်းသပ်ပွဲက သေခြင်းနဲ့ရှင်ခြင်းကြား စမ်းသပ်ချက်ပဲ..မင်းရဲ့သမီးသေပြီဆိုမှတော့ ဘာလုပ်နိုင်မှာမိုိ့လို့လဲ"

စုန့်ခွမ်က စိတ်လက်မရှည်စွာ ပြောဆိုလိုက်၏။ သူသည် ကျင်းမင်းသား၏အမူအယာ မည်မျှအထိရုပ်ဆိုးနေသည်အား ဂရုပင်မစိုက်တော့ဘဲ ထွက်ခွာရန်ပြင်ဆင်လိုက်၏။

ရုတ်တရက် သူက ရပ်တန့်လိုက်လေ၏။

"ထူးဆန်းတယ်...ဒီနေရာမှာ ဆေးအနံ့ဘာလို့ရနေတာလဲ"

စုန့်ခွမ်က သူ၏လက်ချောင်းအားလှုပ်ရှားလိုက်သည်တွင် အိမ်တော်အစောင့်တစ်ယောက်ထံမှ သစ်သားသေတ္တာတစ်လုံးက ပျံဝဲထွက်လာလေသည်။

စုန့်ခွမ်က ချက်ချင်းပင် သစ်သားသေတ္တာအား ဖွင့်လှစ်လိုက်သည်။ ကောင်းကင်မူလရွှေဆေးပြား၏အစွမ်းထက်သောဆေးရနံ့က စုန့်ခွမ်၏ရှေ့တွင် ပေါ်ထွက်လာသည်။

"ထိပ်တန်းအဆင့်ဆေးပြား...."

စုန့်ခွမ်က အလွန်အမင်းပျော်ရွှင်သွားခဲ့သည်။ သူက လျှင်မြန်စွာဖြင့် သေတ္တာအားယူဆောင်လိုက်လေသည်။

Chapter 63

"မင်း ဒီထိပ်တန်းအဆင့်ဆေးပြားကို ဘယ်နေရာကရတာလဲ"

စုန့်ခွမ်က သူ၏ခေါင်းကို အမတ်ကြီးအိမ်တော်မှအစောင့်ဘက်သို့လှည့်၍ မေးမြန်းလိုက်ချိန်တွင် သူ၏မျက်လုံးအတွင်း၌ လောဘအရိပ်အယောင်များထင်ဟပ်နေလေ၏။

အိမ်တော်အစောင့်သည် အပြည့်အဝ ဆွံအနေလေ၏။ သူက မည်သည့်အရာကိုမျှ ပြုလုပ်ခြင်းမရှိသည်မှာ သိသာထင်ရှားနေပါလျှက် မည်သည်ကြောင့် သူ၏အိတ်ကပ်အတွင်း လှို့ဝှက်သိမ်းဆည်းထားသည့် သစ်သားသေတ္တာသည် အပြင်သို့ ပျံ့ဝဲထွက်သွားသနည်း..။

ထို့နောက်တွင်မူ သူရှေ့မှလူသည် မြင့်မြတ်သောအင်မော်တယ်တစ်ယောက်ဖြစ်သည်အား သဘောပေါတ်နားလည်သွားသည်။ မည်သည်ကြောင့် ထိုသူအား သာမာန်လူများအပေါ်ကြည့်ရှုသည့်အမြင်ဖြင့် ဆုံးဖြတ်၍ရနိုင်မည်နည်း။

ထိုအဖြစ်အပျက်ကိုကြည့်နေကြသော ယုံဖျင်အိမ်တော်မှအစောင့်များသည်လည်း စကားမဆိုဝံ့ကြပေ။ ရုတ်တရက် စုန့်ခွမ်က စိတ်မရှည်နိုင်တော့ချေ။ သူက လက်ဖဝါးကိုဆန့်ထုတ်လိုက်ရာ အလွန်များပြားသည့်စိတ်ဝိညာဉ်စွမ်းအင်က ဝန်းကျင်တစ်ခုလုံးအားပျံ့နှံ့သွားလေသည်။

အမတ်ကြီးအိမ်တော်မှအစောင့်များသည် တုန်လှုပ်သွားပြီး ချက်ချင်းအော်ဟစ်လိုက်ကြသည်။ သူတို့၏ခန္ဓာကိုယ်များမှနေ၍ အားကောင်းသောကျန်းချီလှိုင်းများက ရုတ်တရက်ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။

အိမ်တော်စောင့်များသည် အမှန်တစ်ကယ်ပင် ရှီထျန်းအဆင့်သို့ ရောက်ရှိနေကြပြီဖြစ်ပေ၏။

ဘုန်း....

ကျယ်လောင်သည့်ပေါက်ကွဲသံနှင့်အတူ အိမ်တော်စောင့်သည် လွင့်စင်သွားပြီး နံရံနှင့်ပြင်းပြင်းထန်ထန် ရိုက်ခတ်မိသွားသည်။ သူ သေမည် ရှင်မည်ကိုကား မည်သူမျှမသိရှိနိုင်ပေ။

ခန်းမတစ်ခုလုံး၏နံရံများပြိုကျလာပြီး ကျောက်တုံးအပိုင်းအစများက နေရာအနှံ့လွင့်စင်နေလေ၏။ အမတ်ကြီးအိမ်တော်၏အစောင့်သည် အဆတ်မပြတ်သွေးများအန်ထွက်နေပြီး သူ၏အော်ရာသည်လည်း အားနည်းနေခြင်းကိုဖော်ပြနေသည်။

လူတိုင်းက လေအေးတစ်ချက် ရှိုက်သွင်းမိလိုက်ကြသည်။ ထိုအရာက အင်မော်တယ်များ၏လုပ်ရိုးလုပ်စဉ် ဖြစ်နေသလော...။

အလှမ်းကွာသည့်နေရာမှ ရိုက်ထုတ်လိုက်သည့် လက်ဝါးရိုက်ချက်တစ်ချက်သည် ရှီထျန်းအဆင့်ပညာရှင်အား လွင့်စင်သွားစေခဲ့သည်။

စုန့်ခွမ်၏အကြည့်သည် အိမ်တော်ရှိလူတိုင်းအား ဝေ့ဝိုက်ကြည့်ရှုနေပြီး ရုတ်တရက် အေးစက်စက်ရယ်မောလိုက်လေ၏။

"ဒါဆို မင်းတို့အကုန်လုံးရဲ့ ကျင့်ကြံမှုအဆင့်တွေကို ဒီဆေးပြားတွေ အသုံးပြုပြီး ဖြတ်ကျော်ကြတာပေါ့...ဘယ်လိုကြောင့် ဒီလိုနေရာမျိုးမှာ အားကောင်းတဲ့ဆေးရနံ့ရှိနေတာလဲဆိုတာ ငါကအံသြနေခဲ့တာ....မင်းတို့ ငါအမိန့်ကိုနာခံပြီး ဆေးပြားတွေကိုလွှဲပြောင်းပေးပါ ဒီလိုမှမဟုတ်ရင် မင်းတို့အားလုံး ချက်ချင်း ပြာအဖြစ်လောင်ကျွမ်းသွားလိမ့်မယ်"

စုန့်ခွမ်က လောဘတကြီး ဖြစ်နေလေ၏။ သူက စစ်နတ်ဘုရားကျောင်းတော်မှဖြစ်သော်လည်း သူ၏ဆရာသခင်ဖြစ်သူ အကြီးအကဲတစ်ယောက်ပင် တစ်လလျှင် အဆင့်မြင့်အဆင့်ဆေးပြားတစ်ပြားသာ ရရှိသည်။

ပုံမှန်အားဖြင့် နောက်လိုက်တပည့်များသည် အဆင့်မြင့်အဆင့် ဆေးတစ်ပြားရရှိရန်အတွက် သေသည်အထိတိုက်ခိုက်ကြရသည်။

တာလျန့်နိုင်ငံတော်အတွင်းတွင် 'မီးတောက်တားဆီးဆေး'ဟုအမည်ရှိသည့် အဆင့်မြင့်အဆင့်ဆေးပြားရှိသည်။ ထိုဆေးကို စုန့်ခွမ်က အငမ်းမရလိုချင်နေသော်လည်း စစ်နတ်ဘုရားဂိုဏ်း၏ဂိုဏ်းချုပ်အား တာလျန့်နိုင်ငံတော်မှ လက်ဆောင်အဖြစ်ပေးထားခြင်းဖြစ်သည်။ သူတွင် ထိုဆေးကိုထိဝံ့သည့် သတ္တိမရှိပေ။

သို့ရာတွင် သူက မျှော်လင့်မထားမိဘဲ ဤကဲ့သို့သေးငယ်သည့်နေရာမျိုးတွင် ထိပ်တန်းအဆင့်ဆေးပြားအား တွေ့ရှိရသည်။

ထိုဆေး၏ရနံ့အား ရှုရှိုက်မိရုံဖြင့် စုန့်ခွမ်က သူ၏ခန္ဓာကိုယ်တစ်ခုလုံး သက်တောင့်သက်သာဖြစ်လာသည်ကို အာရုံခံစားမိသည်။ ထိုဆေးပြားက အမှန်တကယ်ပင် ထိပ်တန်းအဆင့်ဆေးပြား ဖြစ်ပေ၏။

"မြင့်မြတ်တဲ့ အင်မော်တယ်..ကျွန်မတို့က ရှင်က အဲ့ဒီဆေးတွေအကုန်လုံးကို ပေးနိုင်ပါတယ်...ရှင်က ကျွန်မတို့မိသားစုကို အလွတ်ပေးမယ်လို့ မျှော်လင့်မိတယ်"

လုလမ်ရွှမ်းက တည်ငြိမ်အေးဆေးစွာဖြင့် ပြောဆိုလိုက်၏။

မြင့်မြတ်သောအင်မော်တယ်များနှင့်ရင်ဆိုင်နိုင်ရန် သေမျိုးလောကမှစွမ်းအားများသည် အားနည်းနေသဖြင့်အရေးနိမ့်မည်ဖြစ်ကြောင်းကို လုလမ်ရွှမ်းက ကောင်းစွာသိနားလည်ထားသည်။

ထိုဆေးပြားများသည် အလွန်အဖိုးထိုက်တန်သည်မှာ အမှန်ဖြစ်သော်လည်း သူမ၏မိသားစုဝင်များအသက်က ပို၍အရေးကြီးပေသည်။

"မင်းက အရမ်း ဥာဏ်ကောင်းတာပဲ"

စုန့်ခွမ်က အေးစက်စက်ရယ်မောရင်းမှ သူ၏လက်ကိုဆန့်ထုတ်လိုက်သည်။

အမတ်ကြီးအိမ်တော်မှအစောင့်များသည် ဆေးပြားအားထုတ်ပေးရန် တွန့်ဆုတ်နေကြသော်လည်း လုလမ်ရွှမ်းက သဘောတူညီလိုက်သည်ကို မြင်တွေ့ရသည်။ အကယ်၍ ယခု သူတို့က ဆေးပြားများကိုထုတ်မပေးလျှင် သူတို့၏အသက်အားထိန်းသိမ်းနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် သူတို့၌ရှိသောဆေးပြားများကို စုန့်ခွမ်ထံသို့ လွှဲပြောင်းပေးလိုက်ကြ၏။

ထိုအချိန်တွင် စုန့်ခွမ်က ကြီးမားသော သစ်သားသေတ္တာကြီး၏ရှေ့၌ မတ်တတ်ရပ်နေခဲ့သည်။ ဆေးပြားများမှအားကောင်းသော ရနံ့သည် စုန့်ခွမ်နှင့်ဝေးကွာသည့်နေရာတွင် မတ်တတ်ရပ်နေသူများပါ ခံစားမိလေ၏။

"များလှချည်လား"

စုန့်ခွမ်၏မျက်လုံးများသည် လောဘရမ္မက်ကြောင့် မီးဝင်းဝင်းတောက်နေသည်။

ဒါက လုံလောတ်ပြီလား..မဟုတ်ဘူး....ဒါ မလုံလောတ်သေးဘူး...

ဤသေမျိုးများ၏လက်ထဲတွင် ယခုကဲ့သို့ထိပ်တန်းအဆင့်ဆေးပြားမျိုး မည်သည်ကြောင့် ရှိနေရသည်ကို စုန့်ခွမ်က သိချင်နေလိုသည်။

"ဒီ ဆေးပြားတွေက မင်းတို့စီမှာရှိသင့်တဲ့အရာမဟုတ်ဘူး...ငါကို ပြောပြစမ်း...ဒါတွေကို မင်းတို့ ဘယ်နေရာကရတာလဲ"

စုန့်ခွမ်က မာမာထန်ထန်ဖြင့် မေးမြန်းလိုက်၏။

လုလမ်ရွှမ်းက သူမ၏နီရဲနေသောနှုတ်ခမ်းအား ဖိကိုက်ထားမိသည်။ ယခုအခြေအနေက အမှန်တစ်ကယ်ပင် သေရေးရှင်ရေးကိစ္စဖြစ်သည်။

ထို့နောက်တွင် စုန့်ခွမ်က တစ်စုံတစ်ခုကို သတိပြုမိလေ၏။

"မင်းတို့ရဲ့ခြံဝန်းထဲမှာ ဆေးရနံ့အကြွင်းအကျန်တွေရှိနေတုန်းပဲ....ကြည့်ရတာတော့ မင်းတို့မှာလှို့ဝှက်သိမ်းဆည်းထားတဲ့ ပစ္စည်းကောင်းတွေ အများကြီးရှိပုံပဲ"

လုလမ်ရွှမ်းက ထိတ်လန့်သွားခဲ့သည်။ သူမက သူအားဟန့်တားလိုသော်လည်း စုန့်ခွမ်က သူမ၏နောက်ကျောဘက်သို့ ရောက်ရှိနှင့်ပြီးဖြစ်သည်။

ဘုန်း....

စုန့်ခွမ်က ယုံဖျင်အိမ်တော်၏ဂိတ်တံခါးအား လက်ဝါးရိုက်ချက်တစ်ချက်ဖြင့် ဖျက်ဆီးပစ်လိုက်သည်။ သာက အိမ်တော်အတွင်းသို့ဝင်ပြီးနောက် ချက်ချင်းပင် အတွင်းဘက်ခန်းမအတွင်းတွင်ထွက်ပေါ်လာလေ၏။

အတွင်းဘက်ခန်းမအတွင်းတွင် သခင်မကြီးယွီရုံနှင့်အစေခံတစ်စုသည် စိတ်ပူပန်တကြီးစောင့်ဆိုင်းနေကြသည်။

"ဒီနေရာမှာ ပိုပြီးအံအားသင့်စရာကောင်းတဲ့ ဆေးပြားတွေ တစ်ကယ်ရှိနေတာပဲ"

စုန့်ခွမ်က အတွင်းဘက်ခန်းမဆောင်အတွင်းရှိ စားပွဲပေါ်မှ သစ်သားသေတ္တာအားကြည့်ရှုရင်း ပြောကြားလိုက်သည်။

ထိုဆေးပြားများသည် လုယွီက သူ၏မိခင်ဖြစ်သူအတွက် သန့်စင်ပေးခဲ့သည့် အသက်ရှည်ဆေးများဖြစ်လေသည်။ ထိုဆေးပြားအမျိုးအစားသည် ကောင်းကင်မူလရွှေဆေးပြားထက် အဆပေါင်းများစွာတန်ကြေးရှိပေသည်။

တစ်စုံတစ်ယောက်၏ကျင့်ကြံမှုအဆင့်အား မြှင့်တင်ပေးနိုင်သည့် ဆေးအမျိုးအစားများစွာရှိသော်လည်း တစ်စုံတစ်ယောက်၏သက်တမ်းရှည်စေမည့် ဆေးအမျိုးအစားမှာမူ လွန်စွာရှားပါးလေသည်။

"မင်း ဘယ်သူလဲ...ဘာလို့ ဒီနေရာကိုကျူ းကျော်လာတာလဲ"

အစောင့်တစ်ယောက်က အော်ဟစ်လိုက်၏။

စုန့်ခွမ်က သူ၏လက်ကိုမြှောက်လိုက်ရာ ကျန်းချီလှိုင်းတစ်လှိုင်းထွက်လာပြီး ထိုအစောင့် လွင့်ထွက်သွားလေသည်။ သူ၏အကြည့်များက ဖြူ ရော်နေသည့်မျက်နှာနှင့်ထိုင်နေသော သခင်မကြီးယွီရုံပေါ်သို့ ကျဆင်းလာခဲ့သည်။

"ကြည့်ရတာတော့ မင်းက ဒီအိမ်တော်ရဲ့ အုပ်ချုပ်သူဖြစ်ပုံပဲ...ဒီဆေးပြားတွေကို မင်း ဘယ်နေရာကရတာလဲ...တစ်ကယ်လို့ မင်း ငါကိုမပြောဘူးဆိုရင် မင်း သေရမယ်"

စုန့်ခွမ်က သခင်မကြီးယွီရုံအား တင်းမာစွာဖြင့်ခြိမ်းခြောက်လိုက်လေသည်။

Chapter 64

ထိုအချိန်မှာပင် လုလမ်ရွှမ်းက အိမ်တော်အစောင့်များနှင့်အတူ အတွင်းဘက်ခန်းမအတွင်းသို့ တရကြမ်းတိုးဝင်လာခဲ့သည်။

သူမ၏မိခင်ရှေ့တွင် စုန့်ခွမ်က မတ်တတ်ရပ်နေပြီး ခြိမ်းခြောက်စကားများပြောဆိုနေသည်ကို တွေ့မြင်ရချိန်တွင် လုလမ်ရွှမ်း၏အမူအယာ ပြောင်းလဲသွားခဲ့သည်။

"မြင့်မြတ်တဲ့အင်မော်တယ်....တစ်ကယ်လို့ ရှင်တစ်ခုခုပြောချင်တာရှိရင်...ကျွန်မကိုပြောနိုင်တယ်...ကျွန်မရဲ့အမေက ဘာမှမသိပါဘူး"

လုလမ်ရွှမ်းက သခင်မကြီးယွီရုံ၏ရှေ့တွင် ကာဆီး၍ ရပ်လိုက်သည်။

စုန့်ခွမ်က သူမကိုတစ်ချက်ကြည့်ပြီး သူ၏မျက်လုံးများအား ပင့်တင်လိုက်၏။

"ကောင်မလေး...မင်းက တော်တော်စိတ်ထားကောင်းတာပဲ...ငါ မင်းကို အခွင့်အရေးတစ်ခုပေးမယ်...ငါကို လာ ပြုစုပေးပြီးတော့ ဆေးပြားတွေရဲ့ဇစ်မြစ်ကိုပြောပြ...တစ်ကယ်လို့ ငါစိတ်ပျော်ရွှင်ရတယ်ဆိုရင်..မင်းမိသားစုအသက်ကို ချမ်းသာပေးချင်ပေးမှာပေါ့"

သခင်မကြီးယွီရုံ၏မျက်နှာသည် ပို၍ပင်ဖြူ ရော်သွားလေ၏။

ယခုဏက စုန့်ခွမ်၏လက်ဝါးရိုက်ချက်သည် အစောင့်များအားလွင့်ထွက်သွားစေသည်။ ထိုအရာက နတ်ဘုရားစွမ်းရည် အမှန်ဖြစ်ပေ၏။

သခင်မကြီးယွီရုံက လုလမ်ရွှမ်း၏စကားလုံးများအတွင်းမှ ထိုလူ၏အဆင့်အတန်းအား ခန့်မှန်းမိပြီးဖြစ်သည်။

ယခုအချိန်တွင် သခင်မကြီးယွီရုံက မည်သည့်သိုင်းပညာရပ်ကိုမျှသိရှိခြင်းမရှိသည့်အတွင် အမှုမဲ့အမတ်မဲ့ပြုလုပ်လိုက်သည်။ သူမက အလျှင်စလိုဖြင့် သမီးဖြစ်သူရှေ့မှကာကွယ်ပြီး အနူးအညွတ်တောင်းပန်လိုက်လေ၏။

"မြင့်မြတ်တဲ့အင်မော်တယ်.....ရွှမ်းအာက သေမျိုးလောကမှာ နေတဲ့သူပါ....ကျွန်မတို့က တစ်ခြားသူတွေကို ဘယ်လိုပြုစုရမယ်ဆိုတာ မသိတာမို့ ကျွန်မတို့ကိုခွင့်လွှက်ပေးပါ"

"ခွင့်လွှက်ရမှာတဲ့လား....ငါက မင်းရဲ့သမီးကို နှစ်သက်ပြီးခေါ်ဆောင်သွားမယ်ဆိုတာ သူမရဲ့ကံကြမ္မာကောင်းပဲလေ"


သူက သေမျိုးများအား သင်ခန်းစာပေးရပေမည်။ ထိုသို့မဟုတ်လျှင် ထိုလူများက မည်သည့်နည်းဖြင့် ထ်ုဆေးပြားများအားရရှိသည်ကို ရိုးရိုသားသားဖြင့် သူအား ပြေညကြမည်မဟုတ်ချေ။ စုန့်ခွမ်က သတ်ဖြတ်မှုစတင်ရန် အဆင်သင့်ဖြစ်နေပြီသာဖြစ်သည်။

"သခင်မကြီးကို ကာကွယ်ကြ"

အိမ်တော်အစောင့်တစ်စုက ရုတ်တရက် သခင်မကြီးယွီရုံ၏ရှေ့သို့ တိုးဝင်လိုက်သည်။ သူတို့ အသုံးပြုထားသော မူလကောင်းကင်ရွှေဆေးပြား၏အာနိသင်ကြောင့် သူတို့၏ကျန်းချီများသည် တလိမ့်လိမ့်ဂယက်ထနေလေသည်။ သေမျိုးနိုင်ငံများတွင် သူတို့က ထိပ်တန်းအဆင့်ပညာရှင်များဖြစ်ပေ၏။

"ထွက်သွားကြစမ်း"

စုန့်ခွမ်၏လက်ချောင်းထိပ်မှနေ၍ စိတ်ဝိညာဉ်စွမ်းအင်စီးကြောင်းတစ်ကြောင်း ထွက်ပေါ်လာပြီးနောက် သူ၏ရှေ့မှအစောင့်အားလုံး လွင့်စင်သွားလေသည်။

အတွင်းဘက်ခန်းမတစ်ခုလုံးသည် ရုတ်တရက် ထိတ်လန့်တကြားအော်ဟစ်သံများဖြင့် ပြည့်နှက်နေသည်။ ရှီထျန်းအဆင့်ပညာရှင်တစ်ယောက်က အင်မော်တယ်တစ်ယောက်အား ပြန်လှန်တိုက်ခိုက်နိုင်မည့် အခွင့်အရေးမှ မည်သည့်နည်းနှင့်မျှမရှိနိုင်ပေ။

လုလမ်ရွှမ်းက သူမ၏စိတ်အတွင်းမှနေ၍ အံ့အားသင့်နေသော်လည်း သူမက လျှင်လျှင်မြန်မြန်ဖြင့် ကျန်းချီများအားလှည့်ပတ်လိုက်သည်။ လုလမ်ရွှမ်း၏ကျန်းချီသည် အေးမြသောလေနှင့်တူနေလေရာ ရုတ်တရက် သူမ၏ရှေ့တွင်ရေခဲဒိုင်းတစ်ခု ထွက်ပေါ်လာသည်။

ထိုလှုပ်ရှားမှုအားလုပ်ဆောင်ပြီးသည်နှင့် လုလမ်ရွှမ်း၏အော်ရာသည် အပြည့်အဝပြောင်းလဲသွားပြီး မှန်းဆမရနိုင်သည့်အော်ရာထွက်ပေါ်လာသည်။

"ဒါက ရေခဲစိတ်ဝိညာဉ်ခန္ဓာကိုယ်ပဲ"

စုန့်ခွမ်က အံ့အားသင့်မှုကြောင့် ပါးစပ်အဟောင်းသားဖြစ်သွားသောလည်း တခဏအကြာတွင်မူ သူက အပျော်လွန်သွားလေ၏။

ထိုအရာက ထိပ်တန်းအဆင့် မီးပြင်းဖိုဖြစ်ပေသည်။

အကယ်၍ သူက လုလမ်ရွှမ်းအား ပိုင်ဆိုင်ထားလျှင် အနာဂတ်တွင် သူ၏ကျင့်ကြံမှုအဆင့်သည် ခုန်ပျံကျော်လွှားပြီး မြင့်တတ်သွားမည်မှာ သေချာလှသည်။

"ဟား..ဟား..ဟား.."

စုန့်ခွမ်က ရယ်မောလိုက်လေ၏။

"ကောင်မလေး...မင်း ငါနဲ့အတူလိုက်ခဲ့ပြီး..ဆေးပြားတွေဘယ်နေရာကရတာလဲဆိုတာသာပြောပြ...မင်းရဲ့ မလေးမစားလုပ်မှုကို ငါခွင့်လွှက်ပေးမယ်"

ထိုစကားဆုံးသည်နှင့် စုန့်ခွမ်က သူ၏လက်ကို လုလမ်ရွှမ်းထံသို့ ဆန့်ထုတ်လိုက်သည်။ စုန့်ခွမ်၏လက်က လုလမ်ရွှမ်းအရှေ့ရှိ ရေခဲဒိုင်းကာနှင့်ထိမိစဉ်တွင် ထိုဒိုင်းကြီး ကြေမွသွားလေ၏။

လုလမ်ရွှမ်းက အနည်းငယ်ညည်းညူ လိုက်ပြီး သူမ၏ပါးစပ်ထောင့်မှ သွေးအနည်းငယ်စီးကျလာသည်။ သူမက ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားလေ၏။

မည်သူကမျှ စုန့်ခွမ်အား မတားဆီးနိုင်ပေ။

သူက မြင့်မြတ်သော အင်မော်တယ်တစ်ယောက် ဖြစ်ပေ၏။ အင်မော်တယ်တစ်ယောက်၏စွမ်းအားများအောက်တွင် သေမျိုးများကို သူက လေဖြင့်တစ်ချက်မှုတ်လျှင်ပင် တောင့်ခံနိုင်ခြင်းမရှိကြပေ။

ထိုအချိန်မှာပင် လက်တစ်ဖက်က စုန့်ခွမ်၏လက်မောင်းအား ရုတ်တရက်ဖိနှိပ်ပြီး လုလမ်ရွှမ်းထံသို့ဆန့်ထုတ်ထားသည့် သူ၏လက်အားတားဆီးလိုက်သည်။

"ဟင်.."

စုန့်ခွမ်က လှည့်ကြည့်လိုက်ရာ ထိုလက်တစ်ဖက်၏ပိုင်ရှင်သည် လူငယ်တစ်ယောက်ဖြစ်သည်အား မြင်တွေ့ရသည်။

လုယွီက အိမ်သို့ပြန်လာစဉ်တွင် တိုက်ဆိုင်စွာဖြင့် အင်ပါယာအစောင့်အရှောက်တပ်များက ယုံဖျင်အိမ်တော်အား ဝန်းရံထားသည်ကို တွေ့လိုက်သည်။ ထို အင်ပါယာအစောင့်များသည် လုယွီ၏ပြိုင်ဘက်မဟုတ်သဖြင့် သူက အိမ်တော်အတွင်းသို့ တရကြမ်းတိုးဝင်ခဲ့လေ၏။

အတွင်းဘက်ခန်းမအတွင်းသို့ ဝင်လိုက်စဉ်တွင်မူ လုယွီက ယခုမြင်ကွင်းအား မြင်တွေ့မိလေ၏။ အထူးသဖြင့် စုန့်ခွမ်၏ယုံကြည်မှုလွန်ကဲနေသော စကားလုံးများကိုလည်း လုယွီ အလုံးစုံ ကြားလိုက်ရသည်။

"ယွီအာ....သူက မြင့်မြတ်တဲ့အင်မော်တယ်တစ်ယောက်ပဲ"

သခင်မကြီးယွီရုံက စိုးရိမ်ပူပန်စွာဖြင့် ပြောကြားလေ၏။

အိမ်တော်ရှိလူတိုင်းက လုယွီအား ကြည့်ရှုနေကြသည်။ နောက်ဆုံးတွင် လုယွီ ပြန်ရောက်လာခြင်းကို သူတို့ကဝမ်းသာကြသော်လည်း ယခု လုယွီက မြင့်မြတ်သောအင်မော်တယ်၏လက်မောင်းအား ဖမ်းကိုင်ထားလေ၏။

အဆုံးသတ်၌ ထိုသူသည် အင်မော်တယ်တစ်ယောက်ဖြစ်သည်။ အကယ်၍ သူအားဒေါသထွက်အောင်လုပ်ဆောင်မိလျှင် သူတို့သာပျက်စီးရပေမည်။

စုန့်ခွမ်သည် အခြေအနေအပြောင်းအလဲအား သတိပြုမိခဲ့သည်။ သူက လုံချီနယ်ပယ်ကျင့်ကြံသူတစ်ယောက်ဖြစ်သော်လည်း သူ့ရှေ့မှကောင်လေး၏ဖမ်းဆုပ်ထားမှုမှ လွတ်မြောက်စေရန် ရုန်းကန်နိုင်ခြင်းမရှိပေ။

"ကောင်လေး...သွားစမ်း...မင်း အသက်မရှင်ချင်တော့ဘူးလား"

စုန့်ခွမ်က ဒေါသတကြီးဖြင့် ခြိမ်းခြောက်လိုက်လေ၏

လုယွီက စုန့်ခွမ်အားတစ်ချက်စိုက်ကြည့်လိုက်သည်။ ရုတ်တရက် လုယွီ၏မျက်လုံးအတွင်းတွင် အေးစက်စက်အလင်းရောင် တောက်ပသွားခဲ့သည်။ လုယွီက စုန့်ခွမ်၏လက်မောင်းကို ဖမ်းဆွဲထားရာမှ လွှင့်ပစ်လိုက်ရာ လွင့်စင်ထွက်သွားတော့သည်။

ဘုန်း...ဘုန်း...ဘုန်း...

အဝေးတစ်နေရာမှ ကျယ်လောင်သောအသံသုံးသံ ထွက်ပေါ်လာသည်။ စုန့်ခွမ်က ရေပြင်ညီအတိုင်း လွင့်စင်သွားပြီး တံခါးမကြီးရှေ့ရှိ ကျောက်တုံးနံရံနှင့် ဝင်ဆောင့်မိသည်။ ထို့နောက် စုန့်ခွမ်သည် ယုံဖျင်အိမ်တော်၏တံခါးကိုဖောက်၍ လွင့်စင်သွားပြီး မျက်နှာချင်းဆိုင်မှအိမ်တော်တစ်ခု၏နံရံထိပါ ပြိုလဲသွားစေသည်။

"မင်း အဆင့်လောတ်နဲ့...မင်းကိုယ်မင်း မြင့်မြတ်တဲ့အင်မော်တယ်လို့ သတ်မှတ်ဖို့ထိုက်တန်ရဲ့လား"

လုယွီက တည်ငြိမ်အေးဆေးစွာဖြင့် ပြောကြားလိုက်လေသည်။

Chapter 65

လုယွီက သူ၏လက်ကိုနောက်ပစ်၍ မည်သည့်ကြီးကျယ်သောကိစ္စမှ သူ မလုပ်ခဲ့သကဲ့သို့ အေးဆေးတည်ငြိမ်နေလေ၏။

သို့ရာတွင် ယခုနေရာရှိလူတိုင်းက ဆွံအနေကြသည်။

"သခင်လေး...မင်း..မင်းက မြင့်မြတ်တဲ့အင်မော်တယ်ကို လွှက်ပစ်လိုက်တာလား"

အိမ်တော်အစောင့်များက လေအေးတစ်ချက် ရှုလိုက်ကြလေ၏။

သူတို့က စုန့်ခွမ်၏ရိုက်နှက်မူအား ခံခဲ့ရသည်ဖြစ်၍ ထိုမြင့်မြတ်သော အင်မော်တယ်ဆိုသူသည် မည်မျှထိတ်လန့်ဖွယ်ကောင်းသည်အား သိရှိလေသည်။

ထိုမြင့်မြတ်သောအင်မော်တယ်ထံမှ ထုတ်လွှတ်လိုသောကျန်းချီသည် သူတို့အားလွင့်စင်သွားစေပြီး မည်သူကမျှ သူအားတားဆီးနိုင်ခြင်းမရှိခဲ့ပေ။ သို့ရာတွင် သူတို့၏သခင်လေးကမူ မြင့်မြတ်သောအင်မော်တယ်အား အမှန်တစ်ကယ်ပင် လွှင့်ပစ်ခဲ့သည်။

"ယွီအာ...နောက်ဆုံးတော့ မင်းပြန်လာပြီ"

သခင်မကြီးယွီရုံက သူမ၏သားအား ဝမ်းမြောက်ဝမ်းသာဖြင့် ဆီးကြိုလိုက်သည်။

"အဟွက်...အဟွက်...အဟွက်..."

ရုတ်တရက် နံဘေးဘက်မှ ချောင်းဆိုးနေသံအား ကြားလိုက်ရသည်။

လုလမ်ရွှမ်း၏ပါးစပ်မှ သွေးများယိုစီးကျနေဆဲဖြစ်သော်လည်း သူမက လုယွီကို အားယူ၍ပြုံးပြလိုက်သည်။

"ကောင်ငယ်လေး ယွီ....မင်း အဆင်ပြေနေတာ ကောင်းတယ်"

လုယွီက အလျှင်စလိုဖြင့် သူ၏အစ်မအားတွဲထူလိုက်ရာတွင် သူမ၏ကျန်းချီအမြောက်အမြားကိုသုံးစွဲထားကြောင်း သိရှိလိုက်ရသည်။

လုယွီက သူ၏သိုလှောင်အိတ်အတွင်းမှ ကောင်းကင်မူလရွှေဆေးပြားတစ်ပြားကို ထုတ်ယူပြီး လုလမ်ရွှမ်း၏ပါးစပ်အတွင်းသို့ထည့်လိုက်သည်။ ထို့နောက် သူမအနားယူနိုင်ရန်အတွက် လုယွီက အစေခံများကို စေခိုင်းလိုက်လေ၏။

"ခွေးမသားလေး"

အလွန်အမင်း စိတ်ဆိုးဒေါသထွက်နေသည့်အသံက အိမ်တော်၏ပြင်ပမှထွက်ပေါ်လာသည်။

စုန့်ခွမ်၏အဖြူ ရောင်ဝတ်စုံသည် တွန့်ကြေစုတ်ပြတ်နေပြီး သူက သူတောင်းစားတစ်ယောက်ပုံပေါတ်နေသည်။ သူက အလွန်အမင်း ဆိုးရွားသည့်အခြေအနေတွင် ရောက်ရှိနေလေ၏။

စုန့်ခွမ်က ခြေလှမ်းတစ်လှမ်းချင်း လျှောက်လှမ်းလာပြီး သူ၏သတ်ဖြတ်ချင်နေသည့်အကြည့်က ခန်းမအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။

"မင်းက ငါကိုတောင် လှောင်ပြောင်ဝံ့တယ်ပေါ့...ခွေးမသားလေး...မင်း အမှန်တစ်ကယ်ကိုသေချင်နေတာလား........."

စုန့်ခွမ်၏ဒေါသတကြီး ကြုံးဝါးသံသည် ရုတ်တရက် လုယွီက သူအားအင်္ကျီဂုတ်မှနေ၍ဆွဲလိုက်သဖြင့် တစ်ဝက်တစ်ပြက်တွင်ပင် ရပ်တန့်သွားသည်။

လုယွီက စုန့်ခွမ်အား အမှိုက်တစ်စလွှင့်ပစ်သကဲ့သို့ ထပ်မံ၍ လွှက်ပစ်လိုက်ပြန်သည်။

ဒေါင်...

ယခုတစ်ကြိမ်တွင်တော့ စုန့်ခွမ်သည် လမ်းမပေါ်သို့ကျရောက်သွားရာ နက်ရှိုင်းသောချိုင့်ကြီးပေါ်ထွက်လာလေ၏။

လုယွီက ရိပ်ခနဲလှုပ်ရှားလိုက်ရာ ချက်ချင်းဆိုသလိုပင် စုန့်ခွမ်အနီးသို့ ရောက်ရှိလာသည်။

"ခွေးမသားလေး........"

စုန့်ခွမ်က ထပ်မံ၍ ကျိန်ဆဲချင်လိုသော်လည်း လုယွီက သူကိုထပ်မံ၍ ကန်ကျောက်ပစ်လိုက်ပြန်သည်။

ဘုန်း....

လုယွီ၏ကန်ချက်သည် စုန့်ခွမ်၏ဦးခေါင်းအား တိုက်ရိုက်ထိမှန်သွားသဖြင့် မြေပြင်ပေါ်သို့ ပြိုလဲကျသွားလေသည်။ လမ်းမပေါ်တွင်ခင်းထားသည့် ကျောက်ပြားများအားလုံး ကျိုးပဲ့ပျက်စီးကုန်ပြီး အောက်ခြေရှိ မြေမှုန့်များပင် ထွက်ပေါ်လာသည်။

ဘာ...

အင်ပါယာအစောင့်အရှောက်များအပါအဝင် ပတ်ဝန်းကျင်ရှိလူအုပ်ကြီးသည် သူတို့စောင့်ကြည့်နေကြသော ထိတ်လန့်ဖွယ်မြင်ကွင်းကိုကြည့်ပြီး ဆွံအသွားလေသည်။

ထိုသူက မိုးကောင်းကင်တွင် ဓားပျံစီးနင်းနိုင်သော နတ်ဘုရားတစ်ပါးဖြစ်ပေသည်။ လုယွီက သူ့အား နင်းခြေထားနိုင်လေ၏။

စုန့်ခွမ်က ဒေါသထွက်နေပြီး အထူးသဖြင့် သူပတ်ဝန်းကျင်ရှိလူအများထံမှ တီးတိုးပြောဆိုနေသံများအားကြားချိန်တွင် ပို၍ဆိုးရွားလာခဲ့သည်။ ထိုအရာက သူကိုအလွန်အမင်း အရှက်ရစေသည်ဟု ခံစားမိသည်။

စုန့်ခွမ်သည် သေမျိုးနိုင်ငံသို့ လာခဲ့စဉ်က လေဆိုလေ မိုးဆိုမိုး လက်ညှိုးညွှန်ရာဖြစ်သည့်ဘဝမျိုးကို လိုလားခဲ့သည်။

"ဟိုင်း.."

ရုတ်တရက် စုန့်ခွမ်က ကြုံးဝါးလိုက်ရာ သူ၏ခန္ဓာကိုယ်မှစိတ်ဝိညာဉ်စွမ်းအင်များ တလိမ့်လိမ့်ထွက်ပေါ်လာလေသည်။ သူက ထိုခွေးကောင်စုတ်လေးအား သတ်ပစ်ချင်ပြီး အစိတ်စိတ်အမွှာမွှာဖြစ်အောင် ဆုတ်ဖြဲပစ်ချင်နေဘေ၏။

မဟုတ်သေးချေ။ ထိုကောင်က သူ့အား အသက်ရှင်ခွင့်ပေးရန် တောင်းပန်ရပေမည်..သူ့အား သတ်ပစ်ရန် တောင်းပန်ရပေမည်...သူ့အား မသန်မစွမ်းဖြစ်သည်အထိ ရိုက်နှက်ပြီး သေသည်အထိညှင်းဆဲပေမည်။

"ကျုပ် ခင်ဗျားကို ထခွင့်ပြုလို့လား"

စုန့်ခွမ် အတွေးထဲမျောနေစဉ်မှာပင် ရုတ်တရက် လုယွီ၏တည်ငြိမ်အေးဆေးသောအသံအား ကြားလိုက်ရသည်။

လုယွီက စုန့်ခွမ်အား ထပ်မံ၍ ကန်ကျောက်လိုက်ရာ ယခုတစ်ကြိမ်တွင်တော့ စုန့်ခွမ်၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။

"ဖုန်း.."ဟူသောအသံနှင့်အတူ လုယွီ၏ခြေကန်ချက်အောက်တွင် စုန့်ခွမ်၏ခန္ဓာကိုယ်မှ အရွတ်အကြောများနှင့်အရိုးများ ကြေမွပျက်စီးသွားခဲ့သည်။ ထိတ်လန့်တုန်လှုပ်ဖွယ် အက်ကွဲကြောင်းများသည်လည်း မြေပြင်ပေါ်တွင်ထွက်ပေါ်လာသည်။

စုန့်ခွမ်က အော်ဟစ်ချင်နေသော်လည်း သူ၏မျက်နှာသည် မြေကြီးအောက်တွင် အပြည့်အဝနစ်မြုပ်နေသဖြင့် သူ၏ခေါင်းပင်မမြှောက်နိုင်ပေ။

"ခင်ဗျားက ကျုပ်ရဲ့မိသားစုကို နှောက်ယှက်ဝံ့တာမို့...သွားသေလိုက်တော့"

လုယွီ၏ခြေထောက်သည် စုန့်ခွမ်၏ခန္ဓာကိုယ်ပေါ်သို့ ဖိနင်းထားလေသည်။ သူ၏ခန္ဓာကိုယ်ကြီးက တဖြည်းဖြည်းဖြင့် မြေကြီးအတွင်းနစ်ဝင်လာသည်။ စုန့်ခွမ်၏ခန္ဓာကိုယ်အား ကာကွယ်ပေးထားသည့် ကျန်းချီများသည်လည်း လွင့်ပြယ်နှင့်ပြီးဖြစ်သည့်အပြင် သွေးများကလည်းအဆတ်မပြတ်ပန်းထွက်နေလေသည်။

စုန့်ခွမ်၏အော်ရာသည် အားနည်းသထက် အားနည်းလာလေ၏။ နောက်ဆုံးတွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးအား မြေကြီးအတွင်း နှစ်မြုပ်ခြင်းခံလိုက်ရသည်။

ကောင်းကင်ဘုံ....သူ ဘာလုပ်နေတာလဲ...

လူတိုင်းက လုယွီအား ကြည့်နေကြရာတွင် ကျိုးကြေနေသောအရိုးများမှ အသံများကိုသာကြားနေသည့်အတွက် ကြောက်ရွံမှုကြောင့်တုန်ယင်နေကြသည်။

ရုတ်တရက် အသံ ရပ်တန့်သွားလေ၏။

လုယွီက သေလုမျောပါးဖြစ်နေသော စုန့်ခွမ်အား ဆွဲထုတ်၍ ကျင်းမင်းသားထံသို့ သယ်ဆောင်သွားလိုက်သည်။

ကျင်းမင်းသားက မြေပြင်ပေါ်တွင် ခွေယိုင်နေပြီး လုယွီအား အသနားခံနေလေ၏။

"လုယွီ...ငါ့အမှားကိုငါသိပါပြီ...ကျေးဇူးပြုပြီး ငါ့အသက်ကိုချမ်းသာပေးပါ"

လုယွီက သူနှင့်အချိန်မဖြုန်းလိုတောပေ။ လုယွီ၏လက်ချောင်းထိပ်မှ စူးရှသောဆေဘာချီတစ်ချက် ပစ်လွှက်လိုက်ရာ ကျင်းမင်းသား၏နဖူးအားထိုးဖောတ်ဝင်သွားသည်။

ကျင်းမင်းသား၏ခန္ဓာကိုယ်ကြီးက မြေပြင်ပေါ်သို့ ပြိုလဲကျသွားတော့သည်။

လုယွီက စုန့်ခွမ်အား မြင်းရထားလုံးပေါ်တင်၍ လုံကျင်းမြို့တော်၏အရှေ့တံခါးစီသို့ ဦးတည်သွားလိုက်သည်။

မြောက်များစွာသည့်လူများက လုယွီနောက်သို့ လိုက်ပါလာကြ၏။ သူတို့က လုယွီ မည်သည့်အရာပြုလုပ်မည်အား သိချင်နေလေသည်။

လုယွီက ကြိုးတစ်ချောင်းကိုရှာပြီး စုန့်ခွမ်၏ဦးခေါင်းအား ကြိုးဖြင့်ချည်လိုက်သည်။ ထို့နောက် ကြိုး၏အစွန်းတစ်ဖက်ကို သူရဲခိုတွင်ချည်ပြီးနောက် စုန့်ခွမ်အား မြို့ရိုးပေါ်မှ ပစ်ချလိုက်လေ၏။

စုန့်ခွမ်က သူ၏ကြွင်းကျန်နေသောခွန်အားကိုအသုံးပြု၍ ရုန်းကန်နေသော်လည်း ကံဆိုးစွာဖြင့် သူ၌စွမ်းအင်အများအပြား မကျန်ရှိတော့ချေ။

အဆုံးသတ်တွင် စုန့်ခွမ်၏လှုပ်ရှားမှုများသည် တဖြည်းဖြည်းဖြင့်လေးလံလာပြီး သိပ်မကြာခင်မှာပင် သေဆုံးသွားတော့သည်။

စုန့်ခွမ်၏အလောင်းကြီးက လေထုအတွင်း ရှေ့ နောက် ယိမ်းထိုးနေလေ၏။ စုန့်ခွမ်၏မျက်နှာပေါ်တွင် သေမင်းတံခါးဝရောက်သွားသည့်တိုင် နာကျင်မှုနှင့်မယုံကြည်နိုင်သော အမူအယာများရှိနေဆဲဖြစ်သည်။

"အလောင်းကို သုံးရက်တိတိ ဒီတိုင်းတွဲလောင်းချထား

....ဘယ်သူကိုမှ သူကို အောက်ချခွင့်မပြုဘူး"

လုယွီ၏အသံက ပတ်ဝန်းကျင်တစ်ခုလုံးအား ပဲ့တင်ထပ်ပျံ့နှံ့သွားလေသည်။

All Chapters