← Chapters

အခန်း (၆၆-၇၀)

Vol. 1-5 Ch. 66-70

အခန်း (၆၆-၇၀)

Vol. 1-5 Ch. 66-70

Chapter 66

စစ်နတ်ဘုရားဂိုဏ်း၏ မြင့်မြတ်သောအင်မော်တယ်သည် ယုံဖျင်အမတ်ကြီး၏သား လုယွီ၏သတ်ဖြတ်ခြင်း ခံခဲ့ရပေသည်။

ရူးသွပ်လုမတတ်အရှိန်အဟုန်ဖြင့် ဤသတင်းသည် မြို့တော်တစ်ခုလုံးအား ပျံ့နှံ့သွားလေ၏။

လူများစွာက ထိုသတင်းကို မယုံကြည်ကြသော်လည်း အလောင်းကြီးက မြို့ရိုးအပြင်ဘက်တွင် တွဲလောင်းချထားဆဲဖြစ်သည်။ လူတစ်ချို့က မယုံကြည်ကြသဖြင့် အပြေးအလွှား သွားရောက်ကြည့်ရှုကြသည်။

သူတို့က မြို့ရိုး၏ထိပ်မှ တွဲလောင်းချခံထားရသည့် အရိုးများကျိုးကြေနေသော ကြောက်မက်ဖွယ်ရုပ်အလောင်းအားမြင်ရချိန်တွင် သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်တော့ဘဲ ကျောရိုးအတွင်းမှချမ်းစိမ့်လာမှုအား ခံစားလိုက်ရသည်။

ထိုသူက မြင့်မြတ်သောအင်မော်တယ် ဖြစ်သလော..

ဤသည်က မည်သို့ဖြစ်နိုင်မည်နည်း...မြင့်မြတ်သောအင်မော်တယ်က အဆင့်အတန်းမြင့်မားသည့် နတ်ဘုရားတစ်ပါး မဟုတ်သလော...

မည်သည်ကြောင့် သူက လုယွီ၏ရိုက်နှက်ခြင်း ခံလိုက်ရသနည်း။

လုံကျင်းမြို့တော်၏မြို့သူမြို့သားများသည် ယခုအရေးကိစ္စနှင့်ပတ်သတ်၍ ဆွေးနွေးပြောဆိုနေကြသည်။ ကြီးမားပြီးအစွမ်းထက်ကြသော ကလန်များစွာသည် ထိုသတင်းအား ရရှိကြသည်နှင့် သူတို့က စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းချလိုက်မိကြသည်။ တာလျန်နိုင်ငံတော်သည် ကြီးမားသောအပြောင်းအလဲများ မကြာမီဖြစ်တော့မည်ဟု သူတို့ယူဆထားလေ၏။

ထိုသူများက သက်ပြင်းချရုံသာ စိတ်လှုပ်ရှားရသည်။ သို့ရာတွင် လျိုပေကမူ ကြောက်ရွံမှုက သူ့နလုံးသား၏အနက်ရှိုင်းဆုံးအပိုင်းမှ ထွက်ပေါ်လာသည်။

လျိုပေက လုယွီပြန်ရောက်လာသည့် သတင်းအားကြားနှင့်ပြီးဖြစ်သည်။ သူက အိမ်ရှေ့စံမင်းသား အသတ်ခံလိုက်ရသည်အားကြားပြီးချိန်တွင် လုယွီက အကြီးအကဲဆရာသခင်ကိုပါသတ်ခဲ့ကြောင်း သိရှိရသည့်အတွက် အလွန်အမင်းတုန်လှုပ်နေမိသည်။

သူက ချက်ချင်းဆိုသလိုပင် အရှေ့နန်းတောမှ ကျွမ်းကျင်ပညာရှင်များကို ခေါ်ယူ၍ လုယွီက သူအားလက်စားချေလျှင် ခုခံကာကွယ်နိုင်ရန်ရည်ရွယ်၍ ပင်မခန်းမအတွင်းစုရုံးထားခဲ့သည်။

သို့ရာတွင် လုယွီက သူထံသို့လာရောက်ခြင်းမရှိပေ။

ထို့နောက် ကျင်းမင်းသားသည် ယုံဖျင်အိမ်တော်သို့ လက်စားချေရန် သွားရောက်သည့်သတင်းအား လျိုပေကြားသိခဲ့ရသည်။ ထို့နောက် မြင့်မြတ်သော အင်ပါယာပင် နောက်မှလိုက်ပါသွားသည်ကိုလည်း လျိုပေက ထပ်မံ၍ သိရှိရလေ၏။

"မြင့်မြတ်တဲ့ အင်ပါယာ...အရှင်က အဲ့ဒီကောင်စုတ်လေးကို အနိုင်ယူနိုင်မှာပါ"

လျိုပေက ထိုသို့တွေးတောနေမိသော်လည်း တစ်ချို့အကြောင်းအရင်းများကြောင့် သူ၏စိတ်နှလုံးသားအတွင်းတွင် မသက်မသာခံစားနေရသည်။

အချိန်နှစ်နာရီကျော် ကုန်လွန်သွားပြီးနောက်...အရှေ့နန်းတော်၏ကင်းထောက်များထံမှ သတင်းပြန်လည်ရောက်ရှိလာခဲ့သည်။

ထိုသတင်းက မြင့်မြတ်သောအင်ပါယာ သေဆုံးသွားပြီဟူ၍ဖြစ်ပေသည်။ သူက မြို့ရိုးထိပ်တွင် လုယွီ၏တွဲလောင်းဆွဲထားခြင်းကိုခံရပြီး သူ၏ရုပ်အလောင်းပင် သုံးရက်တိတိ ချိတ်ဆွဲထားမည်ဟု လျိုပေ သိရှိခဲ့ရသည်။

လျိုပေက ထိုကိစ္စရပ်များအားကြားချိန်တွင် သူ၏နှလုံးသားအား ပြင်းထန်စွာထုနှက်ခံရသကဲ့သို့ ခံစားမိသည်။ လုယွီက ဤမျှအထိသန်မာလိမ့်မည်ဟု သူ မည်သည့်အချိန်ကမျှ တွေးမထင်မိခဲ့ချေ။

ထိုနေ့က ရှီထျန်းတတိယအဆင့်သာရှိသေးသော လုယွီထုတ်ဖော်လိုက်သည့် ဆေဘာချီသည် သူ့အားကြောက်ရွံတုန်ရီသွားစေခဲ့သည်။ ယခု လုယွီက အင်မော်တယ်တစ်ယောက်ကိုပင် သတ်ဖြတ်နိုင်ပြီဖြစ်လေ၏။ အကယ်၍ သူက လွတ်မြောက်လိုလျှင် အဝေးဆုံးသို့ထွက်ပြေးသည်ကသာ အကောင်းဆုံးဖြစ်ပေမည်။ သူ၏အသက်ထက် မည်သည့်အရာကမျှ အရေးမပါချေ။

"ဘန်း..."

ကျယ်လောင်သည့် အသံတစ်သံက ဝန်းကျင်နေရာတစ်ခုလုံး ပဲ့တင်ထပ်သွားပေ၏။ အရှေ့နန်းတော်၏ဂိတ်တံခါးက တစ်စုံတစ်ယောက်၏ ကန်ကျောက်ဖွင့်ခြင်းအားခံလိုက်ရသည်။

ဂိတ်တံခါးအား စောင့်ကြပ်နေကြသောသူများသည် တစ်ယောက်ပြီးတစ်ယောက် လွှင့်ပစ်ခြင်းခံရသဖြင့် မြေပြင်နှင့်ပြင်းထန်စွာရိုက်ခတ်မိကြရာ သူတို့၏ကံကြမ္မာကိုမူ မသိရှိနိုင်ပေ။


"ဘယ်သူက အရှေ့နန်းတော်ထဲကိုဝင်လာပြီး ဒီလိုရဲတင်းနေတာလဲ"

လေထုကိုဖြတ်သန်းပြီး ရောက်ရှိလာသည့်အသံတစ်ချို့ကိုကြားလိုက်ရပြီး အရှေ့နန်းတော်မှကျွမ်းကျင်ပညာရှင်များသည် လုယွီထံသို့ တရကြမ်းတိုးဝင်လိုက်ကြသည်။

ကျွမ်းကျင်ပညာရှင်တစ်ယောက်ချင်းစီ၏လက်ထဲတွင် ဓားများကိုင်ဆွဲထားကြပြီး သတ်ဖြတ်ချင်သောအော်ရာများအား ထုတ်လွှတ်ထားကြသည်။ သူတို့အားလုံးသည် အရှေ့နန်းတော်၏ကျော်ကြားသော"သားသတ်သမားများ"ဖြစ်ကြသည်။

"လျိုပေ...ဒီနေရာကိုထွက်လာခဲ့စမ်း"

လုယွီက ရုတ်တရက် အော်ဟစ်လိုက်လေ၏။

ထိုအသံသည် မိုးကြိုးပစ်ခတ်သံနှင့်တူညီနေပြီး လူအားလုံးအားတုန်ယင်သွားစေသည့်အပြင် သူတို့၏နားစည်များပါ နာကျင်သွားစေသည်။ အစွမ်းထက်သောအော်ရာတစ်ခုက သူတို့၏စိတ်အာရုံများအား တိုက်ခိုက်ခဲ့လေသည်။

လုယွီအနီးသို့ အလွန်အမင်း နီးကပ်နေသည့် အရှေ့နန်းတော်မှကျွမ်းကျင်ပညာရှင်တစ်ချို့သည် ချက်ချင်းပင် မြေပြင်ပေါ်သို့လဲကျသွားကြပြီး သူတို့၏မျက်လုံးများ နားများ နှာခေါင်းများနှင့်ပါးစပ်များစီမှ သွေးများယိုစီးကျလာလေ၏။

တစ်ခြားသူများကမူ သူတို့အားလုံးနောက်သို့လွင့်စင်သွားကြပြီး မြေပြင်နှင့်ပြင်းထန်စွာရိုက်ခတ်မိကြသည်။

လျိုပေက ကြံရာမရဖြစ်ပြီး ထိတ်လန့်တကြားဖြစ်သွားခဲ့သည်။ သူက ကျန်းချီများကို ဆတ်သွယ်ပြီး သူ၏အစွမ်းရှိသမျှထုတ်ကာ နောက်သို့ပြန်လှည့်ပြေးလိုက်သည်။ လျိုပေက သူကိုယ်တိုင်အတွက် လမ်းကြောင်းတစ်ကြောင်း ချန်ထားပြီးဖြစ်သည်။ သူက ထိုလှို့ဝှက်လမ်းကြောင်းသို့ရောက်ရှိသည်နှင့် မောင်းခလုတ်ကိုနှိပ်ပြီး ထိုလမ်းကြောင်းအားစည်းတံဆိပ်ပိတ်လိုက်လျှင် သူလွတ်မြောက်နိုင်ပြီဖြစ်လေ၏။

"ခင်ဗျား လွတ်မြောက်မယ်လို့ထင်နေတာလား"

လုယွီက ကျောက်တုံးတစ်တုံးအားကောက်ယူ၍ လျိုပေအားပစ်လိုက်သည်။

ဘုန်း...

ထိုကျောက်တုံးက လျိုပေ၏ပေါင်နေရာသို့ ပြင်းပြင်းထန်ထန်တိုးဝင်သွားသည်။ လျိုပေက သူ၏ခြေကျင်းဝတ်အားတွန့်လိမ်၍ နာကျင်မှုကြောင့်အော်ဟစ်လိုက်ကာ မြေပြင်ပေါ်သို့လဲကျသွားလေသည်။

လုယွီက လျိုပေထံသို့ခုန်ဝင်ပြီး သူ၏အကောင်းကျန်နေသေးသော ခြေထောက်တစ်ဖက်ပေါ်သို့ဖိနင်းလိုက်၏။ "ခရက်...ခရက်"ဟူသော အသံနှင့်အတူ လျိုပေ၏နောက်ထပ်ခြေထောက်တစ်ဖက်သည်လည်း ကျိုးကြေသွားတော့သည်။

"အား...."

မခံမရပ်နိုင်အောင်နာကျင်မှုကြောင့် လျိုပေက အသိစိတ်လွတ်သည်အထိ အော်ဟစ်မိလေသည်။

သို့ရာတွင် လုယွီက ထိုအသံကို မကြားသကဲ့သို့နေပြီး ဆက်လက်၍ လျိုပေ၏လက်မောင်းများနှင့်လက်များအား ချိုးလိုက်လေ၏။

"တစ်ကယ်ကိုပဲ ခင်ဗျားက ကျုပ်ကို အနှောက်အယှက်မပေးသင့်ဘူး"

လုယွီ၏မျက်လုံးသည် အလင်းရောင်များဖြင့် တောက်ပနေပေသည်။

သူက မြေအောက်လောက၏တာအိုသခင်တစ်ယောက်ဖြစ်ခဲ့ဖူးသည်။

မရေမတွက်နိုင်အောင်များပြားသည့် ကောင်းကင်ဘုံနယ်မြေမှ တာအိုသခင်များသည် ကမ္ဘာဦးနတ်ဘုရားကလန်အား နှောက်ယှက်ခဲ့ကြသဖြင့် ထိုအရာက မြေအောက်လောကအား အခက်အခဲဖြစ်စေခဲ့သည်။ ထို့ကြောင့် လုယွီက သူတို့အားလုံးအားသတ်ဖြတ်ရှင်းလင်းခဲ့ရသည်။

လုယွီက တည်ငြိမ်စွာဖြင့် လျိုပေ၏ဦးခေါင်းထိပ်မှ ဖိလိုက်ရာ သူ၏အသံတိတ်ဆိတ်သွားတော့သည်။

လျိုပေ၏အလောင်းအား တစ်ချက်ကြည့်ပြီး လုယွီသည် အရှေ့နန်းတော်၏ပင်မတံခါးထံသို့ လျှောက်လာလိုက်သည်။

"ဒီချိန်ကစပြီး အရှေ့ဘက်မှာ ဘာနန်းတော်အဆောင်မှရှိတော့မှာမဟုတ်ဘူး"

လုယွီ၏လက်ချောင်းထိပ်မှ ရွှေရောင်မီးတောက်တစ်ခု ထွက်ပေါ်လာသည်။

အချိန်တခဏအကြာတွင်မူ အရှေ့နန်းတော်တစ်ခုလုံးအား မီးတောက်များက ဝါးမြိုသွားလေတော့သည်။

Chapter 67

အင်ပါယာနန်းတော်...ညီလာခံခန်းမ

မိဖုရားကြီးက သူမသား၏ရုပ်အလောင်းကို ပွေ့ထားရင်းမှ မျက်ရည်များသည်သူမ၏မျက်နှာပေါ်တွင် စီးကျနေလေသည်။

အိမ်ရှေ့စံမင်းသားက သတင်းအမှောင်ချထားသဖြင့် သူမ၏အငယ်ဆုံးသား ဝေဘုရင်သေဆုံးသည်ကို ယခုမှသိရှိခဲ့ရသည်။

အချိန်တခဏသာကြာပြီးနောက်တွင် သူမ၏အကြီးဆုံးသား တာလျန့်နိုင်ငံတော်၏အိမ်ရှေ့စံမင်းသားသည်လည်း သေဆုံးခဲ့ပြီဟု သိရှိရပြန်သည်။

ထို့ပြင် သူမ၏သားနှစ်ယောက်လုံးသည် လုယွီ၏လက်ချက်ဖြင့် သေဆုံးရခြင်းဖြစ်သည်။

"အဲ့ဒီ ခွေးမသားလေး...အဲ့ဒီကောင်က ဘယ်လိုလုပ်ပြီး ငါ့သားတွေကို သတ်လိုက်တာလဲ....ဒင်းက အသက်ရှင်ရတာပင်ပန်းနေပြီထင်တယ်"

မိဖုရားကြီးက အလွန်ဒေါသထွက်နေပြီး သူမ၏လက်တွင် သွေးများစီးကျနေသည့်ဓားတစ်ချောင်းအား ကိုင်ဆောင်ထားဆဲဖြစ်သည်။

မိဖုရားကြီးက ထိုသတင်းများအားကြားသိချိန်တွင် သူမက ချက်ချင်း သူမ၏ဓားကိုဆွဲထုတ်ပြီး နံဘေးတွင်ရှိသော ရံရွှေတော်အားသတ်ပစ်လိုက်သည်။

ထိုရံရွှေတော်သည် သူမနောက်သို့လိုက်ပါပြုစုနေသည်မှာ အနှစ်၂၀မကကြာနေပြီဖြစ်သော်လည်း သူမက မည်သည့်သနားငဲ့ညှာမှုကိုမျှ ပြသခြင်းမရှိချေ။

"ဒါပြီးတာနဲ့ ဟို မိန်းမပျက်မ...အဲ့ဒီကောင်မက ဟိုခွေးကောင်ကိုမွေးထားခဲ့တာ...ငါက အဲ့ကောင်ရဲ့တမိသားစုလုံးကိုသတ်ပစ်မယ်"

မိဖုရားကြီး၏ အရူးအမူးအော်ဟစ်နေသံများက နန်းတော်တစ်ခုလုံး ပဲ့တင်ထပ်နေလေသည်။

ရုတ်တရက် နန်းတော်၏တံခါးမကြီးက ပွင့်လာခဲ့သည်။ ဝန်ကြီးများက နန်းတော်အတွင်းသို့ဝင်လာကြပြီး ဖရိုဖရဲဖြစ်နေသည့်မိဖုရားကြီးအား တောင်းပန်ချင်ဟန်ဖြင့် ကြည့်နေကြသည်။

"လေးစားရတဲ့ မိဖုရားကြီး....ကျွန်တော်မျိုးတို့အရည်အချင်း မလုံလောတ်တာကြောင့် အိမ်ရှေ့စံမင်းသားကို မကာကွယ်ပေးနိုင်ခဲ့ဘူး"

ဝန်ကြီးများက တီးတိုးရေရွတ်လိုက်ကြသည်။

မည်သူကမျှ မျှော်လင့်မထားမိသော အချိန်တခဏမှာပင် မိဖုရားကြီးက ရုတ်တရက်သူမ၏ဓားဖြင့် ဝန်ကြီးများအနက်မှတစ်ယောက်အား လွှဲယမ်းလိုက်သည်။

ဝှစ်....

ထိုဝန်ကြီး၏ခန္ဓာကိုယ်ပတ်လည်တွင် ကျန်းချီများထွက်ပေါ်လာပြီး ဓားအားပိတ်ပင်တားဆီးလိုက်လေ၏။

"အရှင်မ ဘာလုပ်တာလဲ"

ဝန်ကြီးသည် ကြောက်ရွံခြင်းနှင့်ဒေါသထွက်ခြင်း နှစ်မျိုးစလုံးအားခံစားနေရသည်။

"ဟား...ဟား...ဟား....အဲ့ဒါအားလုံးက ရှင့်အပြစ်တွေပဲလေ...ငါရဲ့သားက အရမ်းလိမ္မာပါးနပ်တဲ့သူ...မင်းတို့ တိုက်တွန်းလို့သာ သူကိုယ်သူဒုက္ခရောက်စေမယ့်အရာကိုလုပ်ခဲ့တာ....ရှင်တို့ ခွေးမသားကြီးတစ်သိုက်...ရှင်တို့အားလုံးကို သေရွာပို့ပေးဖို့ ကျွန်မ အမိန့်ပေးတယ်"

မိဖုရားကြီးသည် ရူးသွပ်နေသော နတ်ဆိုးနှင့်တူပေ၏။

သူမက ဝန်ကြီးများအား ဓားဖြင့်အကြိမ်များစွာ လိုက်လံခုတ်ပိုင်းလေရာ သတ္ထူ ချင်းထိခတ်သံများအား ကြားနေရလေသည်။

်ထိုဝန်ကြီးများအားလုံးသည် ရှီထျန်းအဆင့်ပညာရှင်များဖြစ်ကြသဖြင့် သူတို့အား မည်သည့်အချိန်ကမျှ သိုင်းပညာရပ် မသင်ကြားခဲ့ဘူးသည့် မိန်းမတစ်ယောက်က မည်သည့်နည်းဖြင့် ထိခိုင်အောင်လုပ်ဆောင်နိုင်မည်နည်း။

"တော်သင့်ပြီ"

စိတ်မကျေမချမ်းဖြစ်နေသော ဝန်ကြီးတစ်ယောက်က ရုတ်တရက် ကျန်းချီလှိုင်းတစ်လှိုင်းအား ပစ်လွှက်လိုက်ရာတွင် မိဖုရားကြီးသည် မီတာအနည်းငယ်အကွာအဝေးသို့ လွင့်ထွက်သွားတော့သည်။

မိဖုရားကြီးသည် လွင့်ထွက်သွားသော်လည်း ဒဏ်ရာအများအပြားရရှိခြင်းမရှိပေ။ ထိုအစား သူမက အော်ဟစ်လိုက်၏။

"ပုန်ကန်သူတွေ..လာကြစမ်း...သူတို့အားလုံးကိုထိန်းသိမ်းကြစမ်း"

အစောင့်များက တရကြမ်းဝင်လာခဲ့သော်လည်း မည်သူကမျှလှုပ်ရှားခြင်းမရှိပေ။

မိဖုရားကြီး၏ဆံပင်များက ပြေလျော့ကျနေပြီး ဖရိုဖရဲဖြစ်နေသောအသွင်ဖြင့် သူမက အင်ပါယာအစောင့်အရှောက် စစ်ဗိုလ်ချုပ်တစ်ယောက်အား လက်ညှိုးငေါက်ငေါက်ထိုး၍ ကျိန်ဆဲလိုက်သည်။

"ရှင်...ခွေးမသားကြီး....ငါ ဘာပြောလိုက်တယ်ဆိုတာ နင် မကြားဘူးလား"

အင်ပါယာစစ်ဗိုလ်ချုပ်က သူ၏ခေါင်းကိုငုံထားပြီး မည်သည့်စကားမျှမဆိုပေ။

ဝန်ကြီးများက မိဖုရားကြီးအား စိတ်ရှုပ်ထွေးခြင်းများစွာနှင့် ကြည့်လိုက်ကြသည်။ ထိုကိစ္စရပ်အားလုံးက သူတို့၏အပြစ်ဟု ဆိုလိုက်သလော။

ဝေဘုရင်က လုလမ်ရွှမ်းကို အဆင်အခြင်မဲ့စွာဖြင့် အင်အားသုံးဖမ်းဆီးပြီး လုယွီကို အနှောက်အယှက်ပြုခဲ့သဖြင့် သေဆုံးရခြင်းမဟုတ်သလော...။

အိမ်ရှေ့စံမင်းသားသည် လုယွီ၏ရတနာကို လောဘတတ်ပြီး လိုချင်မက်မောသဖြင့် သူအား လုယွီမှသတ်ဖြတ်လိုက်ခြင်းမဟုတ်သလော....။

အိမ်ရှေ့စံမင်းသားနှင့်ဝေဘုရင်တို့က သူတို့၏ဘေးဒုက္ခကို သူတို့ကိုယ်တိုင်ဖန်တီးခြင်းသာဖြစ်သည်။ သူတို့သေဆုံးခြင်းကြောင့် အပြစ်တင်မည်ဆိုလျှင် မည်သူကိုမျှအပြစ်တင်၍ မရချေ။

"ဟူး...တာလျန့်နိုင်ငံတော်ရဲ့ မိုးကောင်းကင်က ပြောင်းလဲတော့မှာပါလား"

ဝန်ကြီးတစ်ယောက်က သက်ပြင်းချရင်း ပြောဆိုလိုက်လေ၏။ သူက အင်္ကျီလက်ကိုတစ်ချက်ခါ၍ နန်းတော်အတွင်းမှ ထွက်ခွာသွားချိန်တွင် သူ၏မျက်လုံးများအတွင်း၌ စိတ်ဓာတ်ကျဆင်းမှုအရိပ်အယောင်များထင်ဟပ်နေသည်။

"ဒီအဖိုးကြီးက တာလျန့်နိုင်ငံတော်ရဲ့ အစောင့်အရှောက်တစ်ယောက်ဖြစ်ပေမယ့် တာလျန့်ရဲ့လောကက ဒီနေရာမှာတင် အဆုံးသတ်တော့မှာလားဆိုတာကို စိုးရိမ်မိတယ်"

ဝန်ကြီးတစ်ယောက်က ရုတ်တရက် သူ၏လက်များကိုလက်ခုပ်တီး၍ တစ်ခြားသူများအားပြောဆိုလိုက်သည်။

"ငါတို့က လုယွီကို လိုက်လံဖမ်းဆီးသတ်ဖြတ်တဲ့အချိန်မှာ ပါဝင်ခဲ့တယ်..ငါတို့က ဘာလှုပ်ရှားမှုမှမလုပ်ခဲ့ပေမယ့် လုယွီနဲ့ ရန်ငြိုးဖွဲ့မိတယ်ဆိုတာကို ရှောင်လွှဲနိုင်ဖို့ခက်ခဲလိမ့်မယ်....ငါတို့အခုထွက်ခွာသွားကြတာ အကောင်းဆုံးဖြစ်လိမ့်မယ်...ဒီလိုမှမဟုတ်ရင် လုယွီက ငါတို့ကိုလာပြီး ပြဿ နာရှာနိုင်တယ်"

သူတို့က လုယွီ၏နည်းလမ်းများအား တွေးတောမိချိန်တွင် ဝန်ကြီးများအားလုံး သိမ့်သိမ့်တုန်အောင်ကြောက်ရွံမိကြသည်။

လုယွီက အကြီးအကဲချုပ်ကိုပင် လက်ဝါးရိုက်ချက်တစ်ချက်ဖြင့် သတ်ပစ်ခဲ့ပြီးနောက် သူသည် မြင့်မြတ်သောအင်မော်တယ်ကိုပင် သတ်ဖြတ်နိုင်ခဲ့သူဖြစ်သည်။

ယခုနေရာ၌ရှိသော ရှီထျန်းအဆင့်ပညာရှင်အားလုံး စုပေါင်း၍တိုက်ခိုက်လျှင်ပင် လုယွီ၏ပြိုင်ဘက်မဖြစ်နိုင်ပေ။

သူတို့ လွတ်မြောက်နိုင်ရန် အဝေးဆုံးထွက်ပြေးသည်ကသာ ပို၍ကောင်းပေမည်။

ဝန်ကြီးများအားလုံး သဘောတူညီလိုက်ကြပြီး နန်းတော်အတွင်းမှ ထွက်ခွာလိုက်ကြတော့သည်။

"ရှင်တို့တွေ ဘာလုပ်ဖို့ကြိုးစားနေကြတာလဲ....ရှင်တို့ထွက်သွားဖို့ ဘယ်သူကခွင့်ပြုလို့လဲ...ကလိမ်ကကျစ်တစ်သိုက်....အရှင်မင်းကြီးပြန်လာတာနဲ့....ရှင်တို့ မြှပ်နှံစရာမြေမရှိဘဲ သေရလိမ့်မယ်"

မိဖုရားကြီးက စူးစူးဝါးဝါး အော်ဟစ်လိုက်၏။

သို့ရာတွင် မည်သူကမျှ သူမ၏အသံကို အာရုံစူးစိုက်ခြင်းမရှိပေ။

အင်ပါယာအစောင့်အရှောက် စစ်ဗိုလ်ချုပ်က ရူးသွပ်လုမတတ်ဖြစ်နေသော မိဖုရားကြီးအား တစ်ချက်ကြည့်ပြီးနောက် အမိန့်ပေးလိုက်သည်။

"အင်ပါယာနန်းတော်တစ်ခုလုံးကို ပိတ်ထားလိုက်တော့...ဘယ်သူကိုမှ ဝင်ထွက်သွားလာခွင့်မပြုနဲ့"

"အမိန့်အတိုင်းပါ"

အင်ပါယာအစောင့်အရှောက်များက တညီတညွတ်တည်း ဖြေကြားလိုက်ကြသည်။

အစည်းအဝေးခန်းမ၏တံခါးပိတ်သွားပြီး မိဖုရားကြီး၏ရူးသွပ်နေသောအသံအား ဖုံးကွယ်သွားလေသည်။ အရာအားလုံးသည် တိတ်ဆိတ်ငြိမ်သက်သောအခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။

Chapter 68

နန်းတော်ရှိဝန်ကြီးများက လန့်ဖြန့်ပြီးထွက်ပြေးကုန်ကြသော်လည်း လုယွီက ထိုအကြောင်းနှင့်ပတ်သတ်၍ မည်သည်ကိုမျှမသိရှိပေ။

လုယွီတွင် ထိုကဲ့သို့လူစားမျိုးများအား အာရုံစူးစိုက်ရန် အချိန်မရှိချေ။ သူတို့အား သတ်ဖြတ်ရန်မှာ လုယွီအတွက် မျက်တောင်တစ်ခတ်စာအချိန်အတွင်း ပြီးမြောက်နိုင်သော်လည်း လုယွီ၏အချိန်များသည် အလွန်အမင်းအဖိုးတန်လှသည်။

ယခုအချိန်တွင်သူက ရှီထျန်းအဠမအဆင့်ရှိသော သေမျိုးတစ်ယောက်အဖြစ်သာရှိနေလေသည်။ သူက လုံချီနယ်ကျင့်ကြံသူအား လွယ်လွယ်ကူကူဖြင့်အနိုင်ယူနိုင်သော်လည်း လုယွီအတွက် ထိုစွမ်းအားကလုံလောတ်ရန်ဝေးကွာနေသေးသည်။

"မြေအောက်လောက၁၀ခုမှာ...ငါထွက်ခွာခဲ့ရတဲ့နောက်...ကျန်ရှိနေတဲ့အင်အားစုတွေအကုန်လုံးက ရှန်းလင်းလုံရဲ့ လက်ဝါးကြီးအုပ်ခံနေရပြီလားဆိုတာ ငါစိုးရိမ်မိတယ်'

"မြင့်မြတ်တဲ့ ယွီတိုင်းပြည်က မရေမတွက်နိုင်တဲ့ကြယ်တွေနဲ့ပြည့်နေပြီး သက်ရှိတွေသန်းထောင်ချီရှိတယ်...ကောင်းကင်ဘုံအင်ပါယာသေဆုံးပြီးတဲ့နောက် အဲ့နေရာက ကမောက်ကမအခြေအနေဖြစ်နေနိုင်တယ်...အဲ့ဒီကနေပြီး ရှန်းလင်းလုံက အကျိုးအမြတ်အကြီးကြီး ရယူသွားမှာကို ငါ စိုးရိမ်မိတယ်"

လုယွီ၏မျက်လုံးများက အေးစက်စက်တောက်ပနေလေသည်။ သူ၏လက်ဝါးအတွင်းမှအစွမ်းထက်အင်အားတစ်ခုအား ရှေ့သို့ပို့လွှက်လိုက်ရာ လုယွီ၏အရှေ့ရှိကျောက်တုံးကြီးသည် အစိတ်စ်တ်အမွှာမွှာပြိုကွဲသွားတော့သည်။

လုယွီက တိတ်တဆိတ်ဖြင့် သူ၏ကိုယ်ပိုင်ခွန်အားကို ပြန်လည်ဆန်းစစ်ပြီးနောက် သူက ဆက်လက်ကျင့်ကြံနေလေ၏။

အကယ်၍ လုယွီသည် သူ၏ခွန်အားကို လျှင်မြန်စွာဖြင့် မမြှင့်တင်နိုင်ပါက အနာဂတ်တွင် သူက ရှန်းလင်းလုံအား မည်သို့မျှလက်စားချေနိုင်မည်မဟုတ်ပေ။

လုယွီ၏ ဘက်ပေါင်းစုံမှ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့မှုများကြောင့် တစ်ချိန်ကပစ်ခဲ့ထားကြသော အထီးကျန်ယုံဖျင်အိမ်တော်ကို မည်သူကမျှရန်မစဝံ့ကြပေ။

လူတစ်ချို့က လုယွီနှင့်သိကျွမ်းရန်အလို့ငှာ တန်ဖိုးကြီးသောလက်ဆောင်များပြင်ဆင်၍ အိမ်တော်သို့ရောက်ရှိလာကြသော်လည်း သူတို့အားလုံးက အိမ်တော်ထိန်းကြီးကျုံးပ၏ငြင်းပယ်မှုကို ခံလိုက်ရသည်။

သူက အကြောင်းပြချက်တစ်ခုကို အမြဲတစေအသုံးပြု၍ လာရောက်သူတိုင်းအားမောင်းထုတ်ခဲ့သည်။

"ကျွန်တော်တို့မိသားစုရဲ့သခင်လေးက သိုင်ပညာကျင့်ကြံနေပါတယ်...ဒါကြောင့် ဧည့်သည်လက်ခံဖို့ အဆင်မပြေသေးပါဘူး"

ထိုအခြင်းအရာက လေးစားမှုပြရန်လာကြသော လူအများအား စိတ်ဓာတ်ကျသွားစေခဲ့သည်။ သို့ရာတွင် လုယွီက အင်မော်တယ်တစ်ယောက်ကိုပင် သတ်ဖြတ်နိုင်ခဲ့သူဖြစ်သောကြောင့် လောကတစ်ခွင်တွင် ကျော်ကြားတော့မည်ဖြစ်ကြောင်းကို သူတို့အားလုံးက ရှင်းရှင်းလင်း လင်း သိနားလည်ထားကြသည်။

အချိန်ခုနစ်ရက်ကြာပြီးနောက် လုယွီက သူ၏ကျင့်ကြံနေရာမှ နိုးထလာခဲ့သည်။

လုယွီက သူ၏ကျင့်ကြံမှု ရှီထျန်းအဋ္ဌမအဆင့်အား အခြေခိုင်အောင်ပြုလုပ်ခဲ့သည်။ ယခုလက်ရှိတွင် သူက ရှီထျန်းနဝမအဆင့်သို့ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့လေ၏။

"ဒီ စကြာဝဠာ ခန္ဓာကိုယ်အမျိုးအစားရဲ့ ကျန်းချီလိုအပ်မှုပမာဏက အရမ်းများလွန်းတယ်....ဒီ သေမျိုးနိုင်ငံထဲမှာတော့ ငါ ဆတ်နေလို့မဖြစ်တော့ဘူး"

လုယွီက စိတ်ထဲမှနေ၍ ဤနေရာမှထွက်ခွာရန် အစီအစဉ်ဆွဲထားပြီးဖြစ်သည်။

ဤသေမျိုးနိုင်ငံအတွင်းတွင် အကောင်းဆုံးရရှိနိုင်မည့် ဆေးပင်များနှင့်အရင်းအမြစ်များမှာ သာမာန်ဆေးဝါးများဖြစ်သည့် ကောင်းကင်မူလရွှေဆေးနှင့်အသက်ရှည်ဆေးတို့ကို သန့်စင်နိုင်ရန်အဆင့်မျှသာရှိသည်။

ထို့ပြင် ယခုနေရာရှိ စိတ်ဝိညာဉ်စွမ်းအင်သည် အလွန်ကျဲပါးသည်။ အကယ်၍ လူတစ်ယောက်က အဆင့်မြင့်နယ်ပယ်များသို့ရောက်ရှိလိုလျှင် ယခုနေရာ၌ အချိန်ပြည့်နေခြင်းက ရည်မှန်းချက်နှင့်ဝေးကွာစေပေမည်။

လုယွီက အိမ်တော်ထိန်းကျုံးအား လာရောက်ရန်ခေါ်ယူလိုက်ပြီး သူအား မှတ်တမ်းတစ်ခုအားလွှဲပြောင်းပေးပြီး အကောင်းဆုံးပစ္စည်းများကိုသာဝယ်ယူလာရန် ညွှန်ကြားလိုက်သည်။

"စိတ်မပူပါနဲ့ သခင်လေး....ကျွန်တော်က အကောင်းဆုံးဆိုတာတွေကို အတိအကျဝယ်ယူခဲ့ပါမယ်"

ကျုံးပက နာခံစွာဖြင့် ကတိပြုလိုက်လေ၏။

လုယွီက အဝါရောင်စက္ကူ တစ်ချို့ကိုဆွဲထုတ်ပြီး ဟင်းရိုင်းရည်အတွင်းတွင်နှစ်၍ ထိုအပေါ်၌ စာစတင်ရေးသားလိုက်သည်။ ထိုအချိန်တွင် လုယွီ၏အော်ရာသည် အပြည့်အဝပြောင်းလဲသွားခဲ့သည်။

လုယွီက အရာအားလုံးကို သူ၏လက်အောက်ခံကဲ့သို့ ငုံကြည့်နေသည့် ဘုရင်တစ်ပါးနှင့်တူနေသည်။ သူ၏စုတ်တံအား စိတ်ဝိညာဉ်တစ်ကောင်က ပူးကပ်ထားပုံထင်နေရသည်။ စာရွက်ပေါ်သို့ စုတ်တံကျရောက်သည့်အခါတ်ုင်း တစ္စေသရဲများတုန်လှုပ်သွားကြရသည်။

လုယွီက စတင်ရေးသားပြီးနောက် သိပ်မကြာခင်မှာပင် အဆောင်ရေးသားခြင်း ပြီးဆုံသွားလေသည်။

သူက အဆောင်၏တနေရာပြီးတနေရာစီသို့ ကျန်းချီများထည့်နေလေရာ နောက်ဆုံးတွင် ထိုအဆောင်၏မျက်နှာပြင်တစ်ခုလုံး နတ်ဘုရားအလင်းရောင်တို့ဖြင့်တောက်ပနေလေ၏။

"ဒီအဆောင်က နဝမအဆင့်လုံချီနယ်ပယ်ရဲ့အားအင်အပြည့်နဲ့တိုက်ခိုက်တာကို ခံနိုင်ရည်ရှိလိမ့်မယ်"

လုယွီက တီးတိုးရေရွတ်လိုက်ပြီးနောက် သက်ပြင်းချရင်း သူ၏ခေါင်းကိုခါယမ်းလိုက်လေသည်။

အကယ်၍ ရှီထျန်းနယ်ပယ်ပညာရှင်တစ်ယောက်က အဆောင်ပြုလုပ်နိုင်ပြီး ထိုအဆောင်များသည် လုံချီနဝမအဆင့်၏ အားအင်ပြည့်တိုက်ခိုက်မှုကို ကာကွယ်နိုင်မည်ဟု တစ်စုံတစ်ယောက်က သိရှိခဲ့လျှင် တုန်လှုပ်မှုဖြင့် သူတို့၏အောက်မေးရိုးများပင် ပြုတ်ကျသွားပေလိမ့်မည်။

သို့ရာတွင် လုယွီကမူ စိတ်ကျေနပ်မှုမရရှိသေးသည်မှာ သိသာထင်ရှားနေလေ၏။

"ဒါက အဆင်ပြေမှာပါ...ငါရဲ့ကျင့်ကြံမှု အနည်းငယ်လောတ် မြင့်တတ်လာတဲ့အချိန်ထိစောင့်လိုက်အုံးမယ်...အဲ့ဒီအခါကျမှ ငါမိသားစုကို အင်အားကောင်းတဲ့ခုခံမှု ပြုလုပ်ပေးမယ်"

လုယွီက သက်ပြင်းချပြီးနောက် သူ၏အဆောင်ပြုလုပ်ခြင်းအား ရပ်တန့်လိုက်သည်။

အချိန်ခဏအကြာမှာပင် အိမ်တော်ထိန်းကျုံးက လုယွီလိုအပ်သောအရာအားလုံးအား ဝယ်ယူလာခဲ့သည်။

လုယွီက ထိုပစ္စည်းများကိုယူဆောင်၍ အစစ်အမှန်မူလမီးတောက်ဖြင့် ၎င်းတို့အားသန့်စင်လိုက်လေ၏။ ထို့နောက် သူက ၎င်းတို့ကို အိမ်တော်ပတ်လည်တွင် နေရာချထားလိုက်သည်။

ထိုပစ္စည်းများအား သန့်စင်ခြင်းအပြင် လုယွီက သူ၏သိုလှောင်အိတ်အတွင်းမှ မှော်ရတနာ၉၉ခုအား ထုတ်ယူလိုက်လေသည်။ ထိုမှော်ရတနာပစ္စည်းများသည် ပိုင်တိုကောင်းကင်ဘုံကျောင်းတွင်သိမ်းဆည်းထားသည့်အထဲမှ အခြေခံအကျဆုံးမှော်ရတနာများဖြစ်လေသည်။

ယုံဖျင်အိမ်တော်၏ ထောင့်ပေါင်းစုံတွင် မှော်ရတနာပစ္စည်းအားလုံးကိုနေရာချထားပြီးနောက် လုယွီက အဆောင်တစ်ခုကိုလက်အတွင်း၌ကိုင်ဆောင်ရင်းမှ လေသံတိုးတိုးဖြင့် အော်ဟစ်လိုက်သည်။

"မြင့်တတ်စမ်း"

ဝေါ...

ချက်ချင်းဆိုသလိုပင် နဂါးတစ်ကောင်၏ဟိန်းဟောက်သံက အိမ်တော်အပေါ်ဘက်လေထုအတွင်းတွင် ပဲ့တင်ထပ်ထွက်ပေါ်နေသည်။

အိမ်တော်အတွင်းမှ လူများသည် အံအားသင့်မှုကြောင့်အပြင်သို့ပြေးထွက်လာကြပြီး မည်သည့်ကိစ္စများဖြစ်ပွားနေသည်ကို သူတို့နားမလည်နိုင်ကြပေ။

နဂါးဟိန်းသံကြီးက အချိန်အနည်းငယ်ကြာ ပဲ့တင်ထပ်နေပြီးနောက် အပြည့်အဝပျောက်ကွယ်သွားခဲ့သည်။

ထိုအရာက ယုံဖျင်အိမ်တော်၏ပတ်ဝန်းကျင်ကို ကာကွယ်ပေးနိုင်မည့် မမြင်ရသည့် ဝင်္ကပါတစ်ခုပင်ဖြစ်ပေသည်။ ထိုအကာအကွယ်ဝင်္ကပါနှင့်ဆိုလျှင် သူ၏မိသားစု လုံခြုံပေလိမ့်မည်။ ထိုအရာအားလုံးလုပ်ဆောင်ပြီးသည်နှင့် လုယွီက မျက်တောင်တစ်ချက်မခတ်ဘဲ အဆောင်အား အဝေးသို့လွှင့်ပစ်လိုက်လေသည်။

ထိုအချိန်မှာပင် အိမ်တော်ထိန်းကျုံးက ရုတ်တရက်အလျှင်စလိုဖြင့် ပြေးလာခဲ့သည်။

"သခင်လေး...မြောက်ပိုင်းနယ်မြေက တစ်ယောက်ယောက် လာနေတယ်"

ကျုံးပက အသက်ကိုခက်ခက်ခဲခဲရှုနေရင်းမှ စိတ်လှုပ်ရှားစွာဖြင့်ပြောဆိုလိုက်သည်။

Chapter 69

မြောက်ပိုင်းနယ်မြေဟူသည်မှာ လုယွီ၏ဖခင် လုခိုင်ရှန်ရှိနေသောနေရာဖြစ်ပေသည်။

ထိုနေရာသည် တစ်နှစ်ပတ်လုံး ရေခဲနှင့်ဆီးနှင်းများ ဖုံးလွှမ်းနေပြီး ပတ်ဝန်းကျင်နေရာတစ်ခုလုံးမှာလည်း ဆိုးရွားလှပေသည်။ ၎င်းက တာလျန့်နှင့်ရန်ဘက်သေမျိုးနိုင်ငံတစ်ချို့နှင့် ထိစပ်နေရာ ထိုနေရာ၌ စစ်တပ်ပေါင်းမြောက်များစွာရှိလေသည်။

လုခိုင်ရှန်က သူ၏စစ်တပ်ကိုဦးဆောင်၍ နယ်စပ်အားစောင့်ကြပ်နေသူဖြစ်သည်။ သူက အိမ်တော်သို့ပြန်မလာသည်မှာ နှစ်ပေါင်းများစွာကြာမြင့်ပြီဖြစ်ပြီး စာများကိုသာလျှင်ပို့ဆောင်ခဲ့ပေသည်။

မြောက်ပိုင်းနယ်မြေမှ သတင်းယူဆောင်လာသည်ကိုကြားချိန်တွင် လုယွီက မျက်မှောင်ကြုပ်လိုက်မိသည်။

"သွားကြည့်ရအောင်"

လုယွီက ပင်မခန်းမစီသို့ ဦးတည်၍ လျှောက်လှမ်းလိုက်လေသည်။

ပင်မခန်းမအတွင်းတွင် တပ်ကြပ်ကြီးအသွင်အပြင်နှင့်လူကြီးတစ်ယောက်က တစ်စုံတစ်ခုအကြောင်းကို ပြောကြားနေပေ၏။

သခင်မကြီးယွီရုံ၏အမူအယာသည် အနည်းငယ်ထူးဆန်းနေသည်။ သခင်မကြီးယွီရုံ၏အနောက်တွင် မတ်တတ်ရပ်နေသည့် လုလမ်ရွှမ်းသည်လည်း မိခင်ဖြစ်သူနှင့်တူညီစွာပင် စိုးရိမ်ကြောင့်ကြနေသောအမူအယာ ထင်ဟပ်နေလေ၏။

"မေမေ...မမ.."

လုယွီက ခန်းမအတွင်းသို့ ဝင်လာပြီးနောက် သူတို့အားနှုတ်ဆတ်လိုက်သည်။

လူကြီးက သူ၏ခေါင်းကိုလှည့်ကြည့်လိုက်ရာ လုယွီကိုမြင်တွေ့သည်နှင့် အရိုအသေပြုလိုက်လေ၏။

"အမတ်ငယ်လေး"

လုယွီက ခေါင်းညိတ်ပြလိုက်သည်။ သူက ထိုလူကြီးအား မှတ်မိသွားခဲ့သည်။ ထိုသူက သူ့အဖေ၏ကိုယ်ရေးအရာရှိ လုချီ ဖြစ်ပေသည်။

လုချီက လုခိုင်ရှန်ကောက်ယူခေါ်ဆောင်ခဲ့သည့် အိမ်ခြေရာမဲ့ကလေးတစ်ယောက်ဖြစ်သည်။ လုခိုင်ရှန် ကောက်ယူခေါ်ဆောင်ခဲ့သည့်ကလေးများစာရင်းအရ လုယွီရှေ့မှလူကြီးအား လုချီဟုအမည်ပေးထားခြင်းဖြစ်ပေသည်။

လုခိုင်ရှန်က ကလေးများစွာကိုခေါ်ဆောင်ထားခဲ့သော်လည်း လုချီတစ်ယောက်သာလျှင် အကြင်နာမဲ့ခြင်းနှင့်သိုင်းပညာစွမ်းရည်မြင့်မားခြင်းတို့ကြောင့် လူသိများခဲ့သည်။ လုခိုင်ရှန်က သူတို့ကို သူ၏ကိုယ်ရံတော်များအဖြစ် နံဘေး၌နေရာချထားခဲ့သည်။

လုချီက လုယွီအား တစ်ချက်မျှသာကြည့်ပြီး သခင်မကြီးယွီရုံနှင့် စကားဆက်ပြောလိုက်သည်။ သူက မြောက်ပိုင်းနယ်မြေမှ လမ်းတစ်လျှောက်လုံးခရီးနှင်လာခဲ့သော်လည် မြို့တော်တွင် မည်သည့်ကိစ္စများဖြစ်ပွားခဲ့သည်ကို သူ သိရှိမထားပေ။

လုချီ၏အမြင်တွင် အမတ်ငယ်လေးလုယွီသည် ဥာဏ်ရည်နိမ့်ပါးသည့်အရူးတစ်ယောက်အဖြစ်သာရှိနေဆဲဟု တွေးထင်နေခဲ့သည်။ သူက လုယွီနှင့် စကားများများမပြောလိုပေ။

လုချီက သူအားလျစ်လျှူ ရှုထားခြင်းကို လုယွီသိလိုက်သော်လည်း စိတ်ထဲထားမနေပေ။ သူက အနီးရှိထိုင်ခုံတစ်လုံးပေါ်တွင်သာ ထိုင်ချလိုက်လေ၏။

"လုချီ....သခင်ကြီးက နင်ကိုဘာလို့ မြောက်ပိုင်းနယ်မြေကနေ လုံကျင်းမြို့တော်ကို စေလွှက်လိုက်တာလဲ...တစ်ကယ်လို့ ဦးလေးကျုံးကသာ နင်ကို မမြင်လိုက်ဘူးဆိုရင် နင်က အိမ်တော်ထဲကိုတောင်ဝင်လာမယ်မထင်ဘူး"

သခင်မကြီးယွီရုံက စိုးရိမ်တကြီးဖြင့် လုချီအား အော်ငေါက်လိုက်၏။

ဤအခြေအနေအား ကြည့်ရပုံမှာ သခင်မကြီးယွီရုံက လုချီအား အကြိမ်ပေါင်းများစွာ မေးမြန်းခဲ့ပုံထင်ရသည်။

လုချီက အချိန်တခဏကြာတုံဆိုင်းပြီးနောက် သူက ဖွင့်ပြောရန်သာ တတ်နိုင်တော့သည်။

"သခင်မကြီး...ဒီတစ်ကြိမ် ကျွန်တော် မြောက်ပိုင်းနယ်မြေကနေပြန်လာတာက စစ်ကူပေးဖို့ အကူအညီလာတောင်းတာပါ"

ဘာ...

သခင်မကြီးယွီရုံနှင့်လုလမ်ရွှမ်းတို့ ချက်ချင်းဆိုသလိုပင် ထိတ်လန့်တုန်လှုပ်ခြင်းကြောင့် ဖြူ ရော်သွားကြသည်။

သူတို့က လုံကျင်းမြို့တော်တွင်သာ နေထိုင်နေသော်လည်း လုခိုင်ရှန်သည် သန်းနှင့်ချီသောစစ်တပ်ကိုဦးဆောင်တိုက်ခိုက်နေကြောင်း သိရှိထားလေသည်။

ထိုစစ်သားအင်အားက တစ်သန်းကျော်ရှိပေ၏။ မည်သည်ကြောင့် လုခိုင်ရှန်က စစ်ကူလိုအပ်နေသနည်း။

သခင်မကြီးယွီရုံက တုန်ယင်နေသောအသံဖြင့်ပြောဆိုလိုက်သည်။

"ဘာတွေ ဖြစ်ကုန်တာလဲ...ငါ့ကို မြန်မြန်ပြောစမ်း"

သူ၏သခင်မကြီး စိတ်ဆိုးဒေါသထွက်နေသည်ကိုကြည့်ပြီး လုချီက လျှင်လျှင်မြန်မြန်ဖြင့် ကြမ်းပြင်ပေါ်ဒူးထောက်ထိုင်လိုက်ပြီး ဖြစ်စဉ်တစ်ခုလုံးအား သူမကို ပြောပြလေတော့သည်။

လုံချီ ပြန်လာရသည့် အကြောင်းအရင်းမှာ မြောက်ပိုင်းနယ်မြေရှိစစ်ပွဲသည် အရေးကြီးသောအနေအထားသို့ ရောက်ရှိနေခြင်းကြောင့်ဖြစ်သည်။

မိုင်ပေါင်းဆယ်သန်းချီသော မြောက်ပိုင်းနယ်မြေဧရိယာတွင် အင်မော်တယ်ဂိုဏ်းနှစ်ဂိုဏ်းရှိပေသည်။ တစ်ခုက တာလျန့်နိုင်ငံတော်၏ကျောထောက်နောက်ခံ စစ်နတ်ဘုရားဂိုဏ်းဖြစ်ပြီး ကျန်တစ်ခုက တာလျန့်နှင့်ထိစပ်နေသော အင်္သေချေသားရဲဂိုဏ်းဖြစ်သည်။

ထိုဂိုဏ်းနှစ်ဂိုဏ်းက အမြဲတစေတိုက်ခိုက်နေကြသဖြင့် တိုက်ပွဲအကြားတွင်အများဆုံးထိခိုက်နစ်နာသူများမှာ သေမျိုးနိုင်ငံများပင်ဖြစ်သည်။

အင်္သေချေသားရဲ့ဂိုဏ်း၏ အဆုံးမရှိသော သားရဲဒီရေလှိုင်းကို အနိုင်ယူနိုင်ရန်အလို့ငှာ တာလျန်နိုင်ငံတော်က မြောက်ပိုင်းနယ်မြေကိုခုခံကာကွယ်ရသည့်အပြင် အင်ပါယာမင်းကိုယ်တိုင်ပင် တိုက်ခိုက်နေရလေသည်။

အရင်ဦးဆုံးအချိန်တုန်းက အရာအားလုံးသည် လွယ်ကူချောမွေ့နေသေးသည်။ သားရဲဒီရေလှိုင်းသည် ပြင်းထန်သော်လည်း တာလျန့်၏စစ်တပ်သည် အင်အားကြီးအားသဖြင့် ၎င်းတို့အားနောက်ပြန်ဆုတ်စေရန် တွန်းအားပေးနိုင်ခဲ့သည်။

သို့ရာတွင် အင်ပါယာမင်းက လုခိုင်ရှန်အား စစ်သားတစ်သိန်းကိုဦးဆောင်စေပြီး သားရဲများအားဆွဲဆောင်ခိုင်းခဲ့သည်။

ထိုကိစ္စက အလွန်အမင်းခက်ခဲသည့် တာဝန်တစ်ရပ်ဖြစ်ပေသည်။ လူပေါင်း တစ်သိန်းမျှဖြင့် သီးခြားမြို့တော်အတွင်းရှိ သားရဲဒီလှိုင်းကိုဝင်ရောက်ဖမ်းဆီးရန်မှာ မလွယ်ကူပေ။

အင်ပါယာမင်းက လုခိုင်ရှန်အား သတ်ရန်တမင်ရည်ရွယ်၍ ကြံစည်ခြင်းဖြစ်သည်။ ထို့ကြောင့် သူက လုခိုင်ရှန်အား စစ်သားတစ်ယောက်မှထုတ်မပေးချေ။

လုခိုင်ရှန်က ကြံရာမရသည့်အဆုံး လုချီအား လုံကျင်းမြို့တော်သို့စေလွှက်၍ သူ၏သူငယ်ချင်းကောင်းများထံမှ စစ်ကူတောင်းခံနိုင်ရန် စေလွှက်လိုက်ခြင်းဖြစ်သည်။

"ကျွန်တော် ဒီနေရာကိုမလာခင်...စစ်စခန်းတွေအများကြီးကိုသွားပြီး စစ်ကူတောင်းခံခဲ့ပြီးပြီ...ဒါပေမယ့် သူတို့မှာလည်း အခက်အခဲအများကြီးရှိနေပြီး ကျွန်တော်ကို စစ်သားတွေပေးဖို့ ငြင်းဆန်ခဲ့တယ်...ကျွန်တော်က ကျည်ဆံကိုကိုက်ပြီး(ခက်ခက်ခဲခဲဆုံးဖြတ်ခြင်း) လုံကျင်းကို အကူအညီတောင်းဖို့လာခဲ့တာ...သခင်မကြီး..ဒါက အရမ်းအလျင်လိုရမယ့် ကိစ္စပါ..ဒီနိမ့်ကျတဲ့သူကို မေးမြန်းပြီးပြီမို့ အကူအညီတောင်းခံဖို့ သွားခွင့်ပြုပါတော့"

လုချီက အသနားခံလိုက်လေ၏။

သခင်မကြီးယွီရုံ၏မျက်နှာသည် ဖြူ ရော်သွားပြီး သူမက မည်ကဲ့သို့ပြုလုပ်ရမည်ကို မသိရှိတော့ပေ။

္ဂ္စ

သူမက စစ်တပ်မှသူနှင့် လက်ထပ်ခဲ့သည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်၍ ယခုအခြေအနေသည် အရေးပေါ်အခြေအနေမှန်း ကောင်းစွာသိရှိထားသည်။ သူမက လျှင်လျှင်မြန်မြန်သာ ပြောဆိုလိုက်တော့သည်။

"မြန်မြန်သွားတော့...တစ်ကယ်လို့ နင် အသုံးလိုတာတစ်ခုခုရှိမယ်ဆိုရင် အိမ်တော်ကို လာအကူအညီတောင်းပါ"

လုချီက သဘောတူလိုက်ပြီး ထွက်ခွာရန်ပြင်ဆင်လိုက်လေ၏။

"နေဦး"

ထိုအချိန်တွင် တစ်ချိန်လုံးမည်သည့်စကားမျှမပြောဆိုခဲ့သောလုယွီက စကားစပြောလိုက်သည်။

"ဘယ်စစ်ကူမှသွားရှာစရာမလိုဘူး...ငါ သွားမယ်"

Chapter 70

လုချီသည် ထွက်ခွာရန်ပြင်ဆင်နေရာမှ လမ်းတစ်ဝက်မှာပင် ရပ်တန့်သွားသည်။ သူက အရင်ဆုံး ဆွံအသွားသော်လည်း သူ၏ဦးခေါင်းကိုခါယမ်းလိုက်သည်။ အမတ်ငယ်လေးက ယခင်အတိုင်း မပြောင်းလဲသေးချေ။

ပုံမှန်အားဖြင့် လုယွီသည် ပြီးပြည့်စုံသည့်ဝါကျတစ်ခုကိုပင်မပြောဆိုနိုင်ကြောင်း လုချီက သိရှိထားခဲ့သည်။ ယခုတစ်ကြိမ်တွင်လည်း ဖြစ်နိုင်သည်မှာ လုယွီ ဗလုံးဗထွေးပြောဆိုနေခြင်းသာဖြစ်ပေမည်။

အမတ်ငယ်လေးသည် မွေးဖွားလာစဉ်ကတည်းက ဥာဏ်မမှီသည်အား လူတိုင်းသိရှိထားကြသည်။ လုယွီက သူ၏ခေါင်းကိုသာ သွင်သွင်ခါယမ်းရင်း ထွက်ခွာရန်ပြင်ဆင်လိုက်သည်။ း

"ယွင်အာ...အရှုတ်အထွေးဖြစ်အောင်မလုပ်နဲ့"

သခင်မကြီးယွီရုံက အော်ငေါက်လိုက်လေ၏။

လုလမ်ရွှမ်းကလည်း ဝင်ရောက်ပြောဆိုလိုက်လေသည်။

"ကောင်ငယ်လေး ယွီ...နင် ဘယ်လောက်အစွမ်းထက်နေပါစေ ဘာမှဖြစ်လာမှာမဟုတ်ဘူး...အဲဒါက အဆုံးမရှိတဲ့သားရဲဒီရေလှိုင်းလေ...အင်မော်တယ်တွေတောင်မှ အသတ်ခံရနိုင်တယ်"

လုချီသည် သခင်မကြီးယွီရုံက လုယွီအားဆူပူနေသည်ကိုနားထောင်နေသော်လည်း သူ နားထောင်ရင်းနှင့် တစ်စုံတစ်ခုမှားယွင်းနေသည်အား ရုတ်တရက်ခံစားမိလေသည်။

သခင်မကြီးယွီရုံနှင့်လုလမ်ရွှမ်းတို့၏လေသံများသည် လုယွီအားဆူပူနေသော်လည်း ရိုးရှင်းပုံမရပေ။ လက်ရှိအနေအထားတွင် မျှော်လင့်ချက်အရိပ်အယောင် အနည်းငယ်ရှိလျှင်ပင် လုချီ ဆွဲထားရပေမည်။

"အင်မော်တယ်....ဟွန့်...ကျွန်တော်က အဲ့ဒီ အင်မော်တယ်လို့ခေါ်တဲ့ကောင်ကို မကြာခင်ကပဲသတ်ပစ်ခဲ့တာလေ"

လုယွီက ပေါ့ပေါ့ပါးပါး ပြောကြားလိုက်လေ၏

ဘာ....

လုချီက သူ၏နားကိုပင် သူမယုံနိုင်တော့ပေ။ လုယွီက အင်မော်တယ်ကိုပင် သတ်ဖြတ်နိုင်သလော။

သခင်မကြီးယွီရုံနှင့်လုလမ်ရွှမ်းတို့က အချိန်တခဏကြာ တုံဆိုင်းသွားပြီးနောက် လုယွီအား ပြိုင်တူလှည့်ကြည့်မိလေသည်။

လုယွီသည် ဥာဏ်အလင်းပွင့်ပြီးချိန်မှစ၍ သူပြုလုပ်သမျှအရာရာတိုင်းသည် တစ်ခြားသူများစိတ်ကူးမိရန် အလွန်ခက်ခဲပေသည်။

ထိုအချိန်၌ သခင်မကြီးယွီရုံ၏စိတ်နှလုံးသားသည် သူမ၏ခင်ပွန်းဖြစ်သူအတွက် စိုးရိမ်ပူပန်မှုများပြည့်နှက်နေပြီး တစ်ခြားတစ်ဖက်တွင်လည်း သူမ၏သား လုံခြုံစိတ်ချမှုအတွက်လည်း စိတ်ပူနေရသည်။ ထို့ကြောင့် သူမက မေးမြန်းလိုက်လေ၏။

"ယွီအာ....သားမှာ ယုံကြည်ချက်ရှိလား"

လုယွီက ပြုံးလိုက်သည်။

"စိတ်မပူပါနဲ့ အမေ...သားက တစ်စုံတစ်ခုကို လုပ်တော့မယ်ဆိုရင်...အစီအစဉ်မရှိဘဲမလုပ်ပါဘူး"

အမှန်စင်စစ် လုယွီ ယခုကိစ္စအား အမှုထားခြင်းမရှိပေ။ သူ၏ယခင်ဘဝတုန်းက သားရဲဒီရေလှိုင်းနှင့်တစ်ကြိမ်တွေ့ဆုံခဲ့ဖူးသည်။

၎င်းက မရေမတွက်နိုင်သည့် နတ်ဆိုးသားရဲများ အတူတကွစုရုံးပြီး ဒီရေလှိုင်းများကဲ့သို့ တလိမ့်လိမ့်တတ်လာသည့် အံ့အားသင့်ဖွယ်မြင်ကွင်းတစ်ခုဖြစ်သည်။

လုယွီက တာအိုသခင်တစ်ယောက်ကိုပင် အနိုင်ယူတိုက်ခိုက်နိုင်မည့် သားရဲဒီရေအား မြင်တွေ့ခဲ့ခြင်းဖြစ်သည်။ သူတို့က အချိန်တခဏအတွင်းမှာပင် ကြယ်တစ်ခုလုံးအား ဝါးမြိုပစ်ခဲ့လေသည်။

လုချီ၏စကားများမှနေ၍ လုယွီက သားရဲဒီရေလှိုင်း၏ယေဘုယျခွန်အားကို မှန်းဆမိပြီးဖြစ်သည်။ ထိုသားရဲများက သေမျိုးများကိုသာ ရည်ရွယ်တိုက်ခိုက်နေကြခြင်းဖြစ်သည်။ ဤကဲ့သို့ခွန်အားလောတ်နှင့်သားရဲဒီရေကိုမူ လုယွီ စိုးရိမ်ပူပန်ခြင်း အလျင်းမရှိပေ။

လုချီက ဆွံအနေမိသည်။ သူ၏မျက်နာက ထူးဆန်းနေသောအမူအယာနှင့်အတူ သူက ခေါင်းပြန်လှည့်ပြီးပြောဆိုလိုက်သည်။

"သခင်မကြီး...ဟာသလုပ်နေတာတော့မဟုတ်ပါဘူးနော်..မှန်တယ်မလား"

"ဦးလေးကျုံး...မြင်းတွေပြင်ဆင်ထားလိုက်...ကျွန်တော်တို့ အခုချက်ချင်း မြောက်ပိုင်းနယ်မြေကိုသွားမယ်"

လုယွီက လုချီအား ရှင်းပြခြင်းမပြုဘဲ အိမ်တော်ထိန်းကျုံးအား တိုက်ရိုက်ညွှန်ကြားလိုက်သည်။

အကယ်၍ အတိတ်မှာသာယခုကိစ္စမျိုးဖြစ်ပွားခဲ့လျှင် ကျုံးပက သူ၏သခင်လေးအားတားဆီးမည်ဖြစ်ပြီး စွန့်စားစေမည်မဟုတ်ပေ။

သို့ရာတွင်ယခုကမူ သူ၏သခင်ကြီးက အန္တရာယ်ကျရောက်နေပြီး လုယွီကမည်မျှထိ အစွမ်းထက်ကြောင်းကိုသိရှိထားသဖြင့် သူက ချက်ချင်းထွက်ခွာပြီးမြင်းများကို အသင့်ပြင်လိုက်သည်။

လုချီက မည်သည့်အရာကိုမျှနားမလည်ပုံဖြင့် သူတို့အားစိုက်ကြည့်နေရာမှ နောက်ဆုံးတွင်မေးမြန်းလိုက်လေသည်။

"သခင်မကြီး...အကြီးဆုံးသခင်မလေး...သခင်မတို့တတွေ ရယ်စရာပြောနေကြတာတော့မဟုတ်ပါဘူးနော်....မြောက်ပိုင်းနယ်မြေက အရမ်းအန္တရာယ်များလွန်းတယ်...အဲ့ဒီနေရာကို သခင်လေး သွားဖို့မသင့်တော်လောတ်ဘူး"

လုယွီက လုချီအား တစ်ချက်ကြည့်လိုက်သည်။

"လုချီ....ဒီအချိန်မှာ ခင်ဗျားက ဘယ်နေရာတွေကိုသွားပြီး စစ်ကူတောင်းပြီးပြီလဲ"

လုချီက လုယွီအား တွေဝေမှုများဖြင့် ငေးစိုက်ကြည့်မိသည်။ ဥာဏ်ရည်မမှီသော လုယွီက ဤကဲ့သို့စကားမျိုးပြောနိုင်သည်အား သူမစဉ်းစားတတ်တော့ပေ။

"ကျွန်တော်က အရှေ့ဘက်စစ်စခန်း...ကျားစစ်စခန်း...နဂါးစစ်စခန်း...တွေကိုသွားခဲ့တယ်"

လုချီက တီးတိုးရေရွတ်လိုက်၏။

လုယွီက သူ၏ခေါင်းကိုခါယမ်းရင်းမှ ပြောဆိုလိုက်သည်။

"ခင်ဗျား သွားပြောခဲ့တဲ့ အဲ့ဒီနေရာတွေအားလုံး စစ်သားတွေနဲ့မြင်းတွေ အလုံအလောတ်ရှိကြတယ်...ဒါပေမယိ့ သူတို့က ခင်ဗျားကို စစ်ကူမပေးခဲ့ဘူး...ဘာလို့လဲဆိုတော့ အင်ပါယာမင်းကြောင့် သူတို့ကလည်း ကျုပ်ရဲ့အဖေကို သေစေချင်နေလို့ပဲ"

လုယွီက လုချီအား ထပ်မံကြည့်လိုက်ပြန်သည်။

"လုံကျင်းမြို့တော်က လူတွေအကုန်လုံးက ရာထူးပေါ်မှာသာယာနေတဲ့သူတွေချည်းပဲ....ပြီးတော့ သူတို့မှာ စစ်တပ်အင်အားနည်းနည်းပဲရှိတယ်...သူတို့ရဲ့ သာယာတဲ့ဘဝကိုပဲရင်ဝယ်ပိုက်ထားတဲ့သူတွေက ဘာလို့ သူတို့ရဲ့စစ်တပ်ကို ခင်ဗျားကို ပေးမှာလဲ"

လုချီက စကားပြောရန်ပြင်ဆင်လိုက်သော်လည်း သူ၏စကားလုံးများက လည်ချောင်းမှာတင် တစ်ဆို့၍ ခြောက်ကပ်လာလေသည်။

လုယွီ ပြောသွားသမျှ စကားတိုင်းသည် မှန်ကန်ပေ၏။ အမှန်တစ်ကယ်တော့ လုချီတွင် စစ်ကူရရှိနိုင်ရန်အတွက် ပြင်ဆင်ထားသည့်နည်းလမ်းမရှိပေ။

"ခင်ဗျုားရဲ့အချိန်ကို ဖြုန်းတီးနေတာထက်....ဘာလို့ ခင်ဗျားက ကျုပ်နဲ့အတူ မြောက်ပိုင်းနယ်မြေကိုမလိုက်တာလဲ...ကျုပ်က သားရဲဒီရေလှိုင်းလောတ်ကို ဂရုမစိုက်ဘူး"

လုယွီက စကားဆုံးသည်နှင့် မြင်းဇက်ကြိုးကိုဆွဲထားပြီးဖြစ်လေသည်။

လုချီက လုယွီအား မယုံကြည်နိုင်မှုများဖြင့် ကြည့်နေမိသည်။ သူ၏သခင်လေးက အမြဲတစေ အရူးတစ်ယောက်လိုသာနေသူ မဟုတ်သလော...။

လုချီက သူ၏ခေါင်းကိုပြန်လှည့်ပြီး သခင်မကြီးယွီရုံနှင့်လုလမ်ရွှမ်းအားကြည့်လိုက်သော်လည်း သူတို့က လုယွီအား တားဆီးမည့်ပုံမရပေ။

လုချီသည် ယခင်က မည်သည့်တိုက်ပွဲကွင်းပြင်ကိုမှ မရောက်ရှိဘူးသည့် ဤအမတ်ငယ်လေးအား အမှန်တစ်ကယ်ကိုပင် မြောက်ပိုင်းနယ်မြေသို့ ခေါ်ဆောင်သွားရတော့မည်ဟု စဉ်းစားမိလေသည်။

All Chapters