← Chapters

အခန်း (၇၁-၇၅)

Vol. 1-5 Ch. 71-75

အခန်း (၇၁-၇၅)

Vol. 1-5 Ch. 71-75

Chapter 71

နောက်တစ်နေ့တွင် မြင်းများစီးနှင်လာသည့် လူအုပ်စုတစ်စုက မြောက်ပိုင်းကုန်းမြေသို့သွားသည့် အဓိကလမ်းမကြီးပေါ်တွင် ထွက်ပေါ်လာသည်။

"သခင်လေး....အင်မော်တယ်ဂိတ်တံခါးက ကျွန်တော်တို့ရဲ့အရှေ့မှာရှိတယ်"

လုချီက သူတို့၏ရှေ့တွင်ရှိသော မှုန်ဝါးဝါး မြို့ပုံသဏ္ဌာန်အရာအား လက်ညှိုးညွှန်ပြလိုက်သည်။

္စလုချီက ထိုစကားပြောနေချိန်တွင် တွေဝေမိန်းမောနေဆဲဖြစ်သည်။

သူ မြောက်ပိုင်းဒေသက ထွက်ခွာလာစဉ်တွင် သူနှင့်အတူ စစ်ကူခေါ်ဆောင်လာရန် တိတိကျကျပြင်ဆင်ထားခဲ့သည်။ သို့ရာတွင် သူ မျှော်လင့်မထားမိဘဲ သူ၏သခင်လေးနှင့်အိမ်တော်အစောင့်အယောက်ငါးဆယ်သာ သူနှင့်အတူ လိုက်ပါလာခဲ့သည်။

သူ၏သခင်လေးက အင်မော်တယ်တစ်ယောက်အား သတ်ဖြတ်ခဲ့သည်ဟူသောစကားလုံးကို လုချီ လုံးဝအယုံအကြည်မရှိပေ။

သို့ရာတွင် သခင်မကြီးကပင် ထိုအကြောင်းကို ဝင်ရောက်ပြောဆိုနေခြင်းကြောင့် လုချီ အတင်းအကျပ်မငြင်းဆန်ဝံ့တော့ပေ။ သူက သူကိုယ်သူ အားတင်းရန်သာတတ်နိုင်ခဲ့ပြီး လုယွီအား ဤနေရာသို့ ခေါ်ဆောင်လာခဲ့ရသည်။

"အမတ်ကြီးက ငါကို ထက်ပိုင်းပိုင်းမပစ်ဖို့ပဲ မျှော်လင့်မိတယ်"

လုချီက တိတ်တဆိတ်ဖြင့်သာ တွေးတောမိလေ၏။

အကယ်၍ အမတ်ကြီးက သူနှင့်အတူ အမတ်ငယ်လေး ဤနေရာသို့ပါလာသည်အားသိလျှင် မည်မျှအထိဒေါသထွက်မည်အား လုချီ မစဉ်းစားဝံ့ပေ။

အမတ်ကြီး၏အပြစ်ပေးမှုအား မလွဲဧကန် ခံရမည်ဖြစ်သည့်အပြင် ယခုလက်ရှိတွင် လုချီက ပို၍ပင်စိုးရိမ်ပူပန်လာခဲ့သည်။ အကယ်၍ အမတ်ငယ်လေးသာ အထီးကျန်မြို့တော်သို့သွားသည့်လမ်းခရီးတွင် အန္တရာယ်တစ်စုံတစ်ခုဖြစ်ပါက သူ ဒုက္ခအကြီးအကျယ်ရောက်ပေလိမ့်မည်။

လုယွီက ခေါင်းငြိမ့်ပြလိုက်၏။ ကြည့်ရပုံမှာ လုယွီတို့လူစု၏ အရှိန်သည် အလွန်နှေးကွေးနေပုံရသည်။

သခင်မကြီးယွီရုံက သားဖြစ်သူ၏စွမ်းရည်ကို ယုံကြည်သော်လည်း သူမက စိုးရိမ်ပူပန်နေဆဲဖြစ်သည်။ ထို့ကြောင့် သူမက ရှီထျန်းနယ်ပယ်အဆင့် အိမ်တော်စောင့် ငါးဆယ်အား သူမကိုယ်တိုင်ရွေးချယ်၍ လုယွီနှင့်အတူ မြောက်ပိုင်းဒေသသို့ စေလွှက်လိုက်သည်။

သူတို့စီးနင်းလာသည့် မီးတောက်မြင်းများသည် တစ်ရက်အတွင်း မိုင်ထောင်ချီသွားနိုင်ပေသည်။

ထိုကဲ့သို့ အမြန်နှုန်းမျိုးသည် သေမျိုးများနှင့်သက်ဆိုင်သောနေရာတွင် မယုံကြည်နိုင်လောက်အောင်မြန်ဆန်သော်လည်း လုယွီကမူ စိတ်ထဲမှနေ၍ သက်ပြင်းအခါခါချနေမိသည်။

"တစ်ကယ်လို့ ငါ လုံချီနယ်ပယ်ကို ချိုးဖျက်ဝင်နိုင်ပြီဆိုရင်...ဓားပျံကို စီးနင်းနိုင်လိမ့်မယ်...အဲ့ဒီလိုဆို ငါက အချိန်အကြာကြီးမြင်းစီးပြီးတော့ စွမ်းအင်တွေဖြုန်းတီးစရာမလိုတော့ဘူး"

လုယွီက သူ၏ခေါင်းကို သွင်သွင်ခါယမ်းရင်းမှ တီးတိုးရေရွတ်နေလေသည်။

လုယွီတို့လူစုသည် အချိန်သိပ်မကြာခင်မှာပင် ကောင်းကင်ဘုံစစ်ဆေးရေးဂိတ်သို့ ရောက်ရှိကြသည်။ ဤနေရာက တာလျန့်နိုင်ငံတော်၏မြောက်ဘက်အကျဆုံး နယ်စပ်ဖြစ်သည်။

ကောင်းကင်ဘုံဂိတ်တံခါးအတွင်းသို့ဝင်ရောက်ပြီးသည်နှင့် သူတို့က တာလျန့်နိုင်ငံတော်၏ ပြင်ပနေရာသို့ ရောက်ရှိခဲ့ကြသည်။ ယခုနေရာသည် အင်မော်တ်ဂိတ်တံခါးနှစ်ခုကြားရှိ နယ်စပ်တွင်တည်ရှိသည်။ ဤနေရာက စွန့်ပစ်ကုန်းမြေတစ်ခုဖြစ်ပြီး အမျိုးမျိုးသော နတ်ဆိုးသားရဲများကို မကြာခဏတွေ့ရတတ်သည်။

ပုံမှန်အားဖြင့် မည်သည့်သာမာန်လူကမျှ ဤနေရာသို့ လာရောက်လိမ့်မည်မဟုတ်ပေ။ ထိုလူများသည် ကန္တာရခရီးသည်အုပ်စုဖြစ်နေလျှင်ပင် ယခုနေရာအား ကွေ့ရှောင်၍သွားကြပေသည်။

အင်မော်တယ်ဂိတ်တံခါးအောက်ရှိ မြို့ဝင်တံခါးတွင် လူများအစုလိုက်အပြုံလိုက် ရှိနေသည်ကို မြင်တွေ့ရသည်။

ထိုသူများ၏ အဝတ်အစားများမှာစုတ်ပြတ်နေပြီး ဆံပင်များမှာလည်း ဖွာလန်ကျဲနေကြသည်။ သူတို့အားကြည့်ရသည်မှာ အလွန်အမင်း စိတ်သောကရောက်နေပုံပေါ်လွင်နေလေ၏။

မြို့တံခါး၏အရှေ့တွင် မတ်တတ်ရပ်နေကြသော လူတန်းအရှည်ကြီးရှိနေသော်လည်း မြို့တံခါးကို စစ်သားများက စောင့်ကြပ်နေကြသဖြင့် မည်သူကမျှ ကျူ းကျော်မဝင်ဝံ့ကြပေ။

"ဘာတွေဖြစ်နေတာလဲ"

လုယွီက မျက်မှောင်ကြုပ်လိုက်သည်။

ချက်ချင်းပင် လုချီက ပြန်လည်ဖြေကြားခဲ့သည်။

"သူတို့က မြောက်ပိုင်းနယ်မြေက ဒုက္ခသည်တွေပါ...အခု နတ်ဆိုးသားရဲတွေက မြောက်ပိုင်းနယ်မြေက သဲကန္တာရအတွင်းမှာ လှည့်လည်သွားလာနေကြတယ်...သူတို့တွေက အဲ့ဒီနေရာမှာ မနေရဲတော့တာကြောင့် တာလျန့်နိုင်ငံတော်အတွင်းကသာ တစ်ခုတည်းသောလွတ်လမ်းဖြစ်နေတယ်"

လုချီသည် မြို့တံခါးပေါ်ရှိ နဂါးအလံကို လက်ညှိုးညွှန်ပြပြီးနောက် စကားဆက်ပြောလိုက်သည်။

"ကြည့်ပါအုံး...သခင်လေး...အဲ့ဒါက ရစ်ခွေနဂါးအလံပါ...အခု အင်ပါယာမင်းက ကောင်းကင်ဘုံ စစ်ဆေးရေးဂိတ်မှာရောက်ရှိနေတာ....သူက ဒီဒုက္ခသည်တွေကို မြို့တွင်းကို ဝင်ခွင့်ပြုမထားဘူး"

လုယွီ၏မျက်လုံးအတွင်းတွင် အေးစက်စက်အလင်းရောင် တောက်ပသွားသည်။ ထိုသူက သူ၏ဖခင်ကို အမြဲတစေ ဒုက္ခပေးနေသည့် အင်ပါယာ ယန်ယင်ဖြစ်ပေသည်။

လုယွီက သူ့သားနှစ်ယောက်အား သတ်ဖြတ်ခဲ့သည်ကို သိရှိသွားခဲ့လျှင် ဖြစ်ပေါ်လာမည့် အင်ပါယာမင်း၏မျက်နှာပေါ်မှအမူအယာအား လုယွီ သိချင်နေမိသည်။

"အရင်ဆုံး ထွက်သွားရအောင်"

လုယွီက လေးနက်သောအသံဖြင့် ပြောကြားလိုက်သည်။

လုချီက အချိန်တခဏကြာ တွန့်ဆုတ်နေမိသည်။ မူလက သူသည် လုယွီအား ကောင်းကင်ဘုံစစ်ဆေးရေးဂိတ်တံခါးတွင် အချိန်တစ်ခုယူပြီး သူတို့မထွက်ခွာမှီ လူအင်အားထပ်မံစုဆောင်းကြမည်ဟု ပြောလိုခဲ့သည်။

သို့သော် အကြောင်းပြချက်မရှိဘဲနှင့် သူက လုယွီ၏စကားကိုငြင်းဆန်ရန် သတ္တိမရှိပေ။ လုချီ၏စိတ်များ ရှုပ်ထွေးနေလေ၏။ သူ၏သခင်လေးသည် ယခင်နှင့်မတူတော့ဘဲ များစွာပြောင်းလဲသွားခဲ့သည်။

"မင်းတို့က ဘယ်သူတွေလဲ...မင်းတို့ ဘာလုပ်တာလဲ"

ခက်ထန်သောအော်ဟစ်သံတစ်သံထွက်ပေါ်လာပြီး စစ်သားတစ်ချို့က လုယွီတို့လူစုအား ပိတ်ပင်တားဆီးလိုက်သည်။

လုချီက အလျှင်စလိုဖြင့် သူ၏ရင်ခွင်ထဲမှ သက်သေခံတံဆိပ်ပြားကိုထုတ်ယူပြီး အစောင့်ရဲမက်တစ်ယောက်အား ပစ်ပေးလိုက်၏။

"ငါတို့က ယုံဖျင်အိမ်တော်ကလူတွေ...ဘေးဖယ်ကြစမ်း...ငါတို့ ထွက်သွားရမယ်"

"အမတ်ကြီးယုံဖျင်ရဲ့အိမ်တော်ကလား"

ထိုအစောင့်ရဲမက်၏မျက်လုံးအတွင်းတွင် အေးစက်သောအလင်းရောင်တစိုးတစိ ဖြတ်ပြေးသွားလေ၏။ ယုံဖျင်အိမ်တော်မှ မည်သူမဆိုရောက်ရှိလာပါစေ ထွက်ခွာခွင့်မပြုရန်ဟု သူတို့အား အင်ပါယာမှ မှာကြားထားပြီးဖြစ်ပေသည်။

အစောင့်ရဲမက်က ညစ်ကျယ်ကျယ်အပြုံးပြုံးရင်း ပြောလိုက်သည်။

"မဖြစ်နိုင်ဘူး...မင်းတို့က အတုအယောင် ဟုတ် မဟုတ် ဘယ်သူသိမှာလဲ"

ထိုစကားနှင့်အတူ အစောင့်ရဲမက်က တံဆိပ်ပြားကို မြေပြင်ပေါ်သို့ လွှင့်ပစ်လိုက်လေ၏။

"မင်း...ဘယ်လိုတောင် လုပ်ဝံ့တာလဲ"

လုချီ၏မျက်လုံးများ ရဲရဲနီသွားပေ၏။ သူက ရှေ့သို့တရကြမ်းတိုးဝင်ပြီး အစောင့်ရဲမက်၏လည်ပင်းကိုဆုပ်ကိုင်ကာ မြေပြင်ပေါ်သို့ဖိချလိုက်သည်။

အစောင့်ရဲမက်သည် လုချီ၏ပြိုင်ဘက် မဟုတ်ပေ။ သူကမြေပြင်ပေါ်၌ဖိချခံရပြီးနောက် နာကျင်မှုကြောင့် စူးစူးဝါးဝါး အော်ဟစ်နေရသည်။

"တံဆိပ်ပြားကို ခု ကောက်ပေးစမ်း"

လုချီ၏အသံသည် ရေခဲတမျှအေးစက်နေပြီး သတ်ဖြတ်လိုသောစိတ်ဆန္ဒများ ပြည့်နှက်နေလေ၏။

အစောင့်ရဲမက်သည် လိပ်ပြာလွင့်လုမတတ် ထိတ်လန့်သွားခဲ့သည်။ သူက တံဆိပ်ပြားကို အလျှင်စလိုကောက်ယူပြီး လုချီထံသို့ ပေးလိုက်လေ၏။

လုချီက သက်သေခံတံဆိပ်ပြားကိုယူပြီး အေးစက်စက်နှာတစ်ချက်မှုတ်ကာ အစောင့်ရဲမက်အား အဝေးသို့တွန်းထုတ်လိုက်သည်။

မည်သူမျှထင်မထားမိဘဲ ထိုအစောင့်ရဲမက်သည် တွန်းထုတ်ခံရပြီးနောက် သူကခြေလှမ်းအနည်းငယ်နောက်ဆုတ်ပြီး ရုတ်တရက် ရက်စက်ကြမ်းကြုတ်သောအမူအယာဖြင့် ပြောကြားလေသည်။

"ဘယ်လောတ်တောင် မောက်မာနေကြတာလဲ...ဒီနေ့ မင်းတို့ထဲမှ ဘယ်သူမှ ထွက်သွားဖို့မစဉ်းစားနဲ့"

Chapter 72

"ဗိုလ်ချုပ်.....ဒီနေရာမှာ လူတစ်ယောက်က ပြဿ နာလာရှာနေပါတယ်"

အစောင့်ရဲမက်က သူ၏ရှေ့မှလူအုပ်စုနှင့်တိုက်ခိုက်ရန် အဆင့်ကွာဟနေကြောင်းကိုသိသဖြင့် အလောတကြီးအော်ဟစ်လိုက်သည်။

သူ၏အသံကိုနားထောင်၍ ပတ်ဝန်းကျင်ရှိလူများကလည်း တပြိုင်နက်တည်းကြည့်လိုက်ကြသည်။ သူတို့က လုယွီတို့လူစုအားမြင်ချိန်တွင် သူတို့ကိုယ်သူတို့မထိန်းချုပ်နိုင်တော့ဘဲ အလွန်အံသြသွားကြလေသည်။

ယခုနေရာသည် တောင်တန်းများဝန်းရံနေသော နယ်စပ်ဒေသဖြစ်ပြီး ထူထပ်စွာစောင့်ကြပ်ထားသည်။ မည်သည်ကြောင့် တစ်ယောက်ယောက်က ဤနေရာတွင် ပြဿ နာရှာဝံ့သလော။ သူတို့က သူတို့၏အသက်ကိုမလိုချင်ကြတော့သလော...။

"ဘယ်ကောင်တွေလဲ.....ငါ့ပိုင်နက်ထဲမှာ ဘယ်ကောင်က ပြဿ နာလာရှာတာလဲ"

အဆင့်မြင့်အရာရှိတစ်ယောက်က အော်ဟစ်မေးမြန်းလိုက်သည်။

သူ၏သံချပ်ကာဝတ်စုံသည် အနည်းငယ်လျော့ရဲနေပြီး သူ၏ပါးစပ်ထောင့်တွင်လည်း ဆီအနည်းငယ်ပေကျံနေလေ၏။ သူ၏ ကြီးမားသည့်လက်ကြီးဖြင့် သံချပ်ကာဝတ်စုံအား အမှတ်မထင်သုတ်လိုက်ရာ ကြည့်ရပုံမှာ သူက ယခုတွင်မှတစ်စုံတစ်ခုအား စားပြီးပုံရသည်။

သူက လေချဉ်တက်လိုက်ပြီးနောက် လုယွီနှင့်ကျန်ရှိသောလူများအား ဝေ့ဝိုက်၍ကြည့်လိုက်သည်။

"ဗိုလ်ချုပ်...ဒီ လူအုပ်စုပါ..သူတို့ကိုယ်သူတို့ ယုံဖျင်အိမ်တော်ကလို့ပြောပြီး ထွက်သွားချင်နေကြတယ်"

အစောင့်ရဲမက်က မကျေမချမ်းပြောဆိုလိုက်လေ၏။

အဆင့်မြင့်အရာရှိက လုယွီတို့လူစုအား တစ်ချက်ကြည့်လိုက်သည်။ ယုံဖျင်အိမ်တော်မှအစောင့်များသည် အလျင်စလိုထွက်ခွာခဲ့ရသဖြင့် သာမာန်အစောင့်ဝတ်စုံများကိုသာ ဝတ်ဆင်ထားကြဆဲဖြစ်သဖြင့် သူတို့က မိသားစုကြီးတစ်စုမှအစောင့်များဖြင့် ပုံပန်းသွင်ပြင်သာမြင်နေရသည်။

ု အဆင့်မြင့်အရာရှိ၏အကြည့်က လုချီပေါ်သို့ ကျရောက်သွားသည့်အခါတွင်မူ သူ ခဏမျှတွေဝေသွားခဲ့သည်။ သူသည် လုချီကို တစ်နေရာရာတွင် ယခင်က မြင်တွေ့ဖူးကြောင်း မရေမရာခံစားချက်မျိုး ရရှိလိုက်သော်လည်း သူက ပြန်စဉ်းစား၍မရတော့ပေ။

"မင်းတို့ကောင်တွေ သေချင်နေကြတာလား.....ဘယ်လိုသတ္တိမျိုးနဲ့ ယုံဖျင်အိမ်တော်အဖွဲ့ဝင်လို့ ဟန်ဆောင်ဝံ့ကြတာလဲ...မင်းတို့မှာ အူဘယ်နှစ်ခွေရှိနေလို့လဲ"

အဆင့်မြင့်အရာရှိက ဒေါသတကြီး ပြောဆိုလိုက်၏။

ယုံဖျင်အမတ်ကြီးအားထောက်ပံ့ပေးမည့် မည်သူကိုမဆို ကောင်းကင်ဘုံစစ်ဆေးရေးဂိတ်တွင်သာ ထိန်းသိမ်းထားရန်နှင့်တစ်ဦးတစ်ယောက်ကိုမျှဖြတ်သန်းခွင့်မပြုရန် အထက်အမိန့်အား စစ်ဗိုလ်ချုပ်ရရှိထားသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည်။

အင်ပါယာအစိုးရအဖွဲ့သည် ယုံဖျင်အိမ်တော်မှစစ်ကူလွှက်လိုက်မည်ကို မူလကတည်းက ခန့်မှန်းမိပြီးဖြစ်သည်။

ထို့ကြောင့် သူတို့က ဤနေရာအားစောင့်ကြပ်ရန် ရှီထျန်းအဆင့်ပညာရှင်များစွာ အသင့်ပြင်ထားခဲ့သည်။ သို့ရာတွင် ယုံဖျင်အမတ်ကြီး၏စစ်ကူက လူအနည်းငယ်သာလာမည်ဟု အဆင့်မြင့်အရာရှိက မျှော်လင့်မထားမိပေ။

လုချီ၏မျက်နှာထားသည် တင်းမာသွားလေ၏။ သူက တံဆိပ်ပြားကိုထုတ်ယူပြီး ပြောဆိုလိုက်သည်။

"သေချာကြည့်ကြစမ်း....တစ်ကယ်လို့ မင်းတို့က ဒီတံဆိပ်ပြားကို အတုအယောင်လို့ပြောဝံ့ရင် ဒီ ဖေဖေကြီးက မင်းတို့ရဲ့ခွေးပါးစပ်တွေကို မဟနိုင်တော့အောင်ပိတ်ပေးမယ်"

လုချီ စကားပြောနေစဉ်တွင် အေးစိမ့်စိမ့်အော်ရာတစ်ခုသည် ဘက်ပေါင်းစုံသို့ပျံ့နှံ့သွားလေသည်။

ရှီထျန်းအဆင့်...ထိုသူက ရျှီထျန်း ပဉ္စမအဆင့် ပညာရှင်တစ်ယောက်ဖြစ်နေသည်။

စစ်ဗိုလ်ချုပ်က ရပ်တန့်လိုက်မိသည်။ သူ၏ရှေ့မှလူသည် ယုံဖျင်အိမ်တော်မှလူနှင့် တော်တော်များများ တူညီနေသည်ကို သူက အတိအကျသိရှိသွားခဲ့သည်။

ထို့ပြင် မည်သည့်ရှီထျန်းအဆင့်ပညာရှင်ကမျှ ယုံဖျင်အိမ်တော်မှလူဟန်ဆောင်ပြီး ကျူ းကျော်လာမည်မဟုတ်ပေ။

သို့ရာတွင် အထက်အမိန့်က ယခင်အတိုင်းတူညီနေဆဲသာဖြစ်သည်။

အဆင့်မြင့်အရာရှိ၏နှုတ်ခမ်းတွန့်ကွေးပြီး ညစ်ကျယ်ကျယ်အပြုံးပြုံးလိုက်လေ၏။

"ဘယ်လိုပဲဖြစ်ဖြစ်...မင်းတို့က အတုအယောင်တွေပဲ....ဘာ သောက်ခွေး သက်သေခံတံဆိပ်လဲ...ဒါကိုမင်းတို့အခေါင်းထဲယူသွားဖို့တော့ထွင်းထုထားတာမဟုတ်ပါဘူးနော်...ဟုတ်တယ်မလား"

"မင်း သေဖို့ပြင်ပေတော့"

ယုံဖျင်အမတ်ကြီး လုခိုင်ရှန်မှလွဲ၍ တစ်ခြားမည်သည့်လူကမျှ သူဟူသော လုချီရှေ့တွင် ဤကဲ့သို့ရိုင်းပျသောအပြုအမူမျိုးပြုလုပ်သည်အား ခွင့်မပြုနိုင်ပေ။

လုချီက စူးရှကျယ်လောင်စွာအော်ဟစ်ပြီး တိုက်ခိုက်လိုက်ရာ သူ၏လက်သီးချက်သည် စစ်ဗိုလ်ချုပ်၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။

ဘုန်း...

အဆင့်မြင့်အရာရှိက နောက်သို့ ခြေလှမ်း လေးငါးလှမ်းဆုတ်ခွာလိုက်ရသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးကိုလည်း ထူးခြားသောကျန်းချီများဖြင့် ဝန်းရံထားသည်။ အဆင့်မြင့်အရာရှိသည်လည်း ရှီထျန်းအဆင့်ပညာရှင်တစ်ယောက်ဖြစ်ပေ၏။

"ဟွန့်....မင်းက ဘယ်လောက်ထိသတ္တိကောင်းနေလို့ ကောင်းကင်ဘုံစစ်ဆေးရေးဂိတ်မှာ ပြဿ နာလာရှာဝံ့တာလဲ"

အဆင့်မြင့်အရာရှိက သူသည် လုချီ၏ပြိုင်ဘက်မဟုတ်သည်ကို သိရှိသော်လည်း လက်လျှော့အရှုံးပေးခြင်းမရှိပေ။

ရွှစ်..ရွှစ်..ရွှစ်..

လေထုအားဖြတ်သန်းလာသော အသံခပ်သဲ့သဲ့အားကြားရပြီးနောက် တစ်ခြားစစ်ဗိုလ်ချုပ်သုံးယောက်သည် ယခင်အရာရှိ၏နံဘေးသို့ ရောက်ရှိလာကြသည်။

သူတို့အားလုံးက သံချပ်ကာအင်္ကျီများကို ဝတ်ဆင်ထားကြပြီး သူတို့၏ခန္ဓာကိုယ်မှလည်း ထိတ်လန့်တုန်လှုပ်ဖွယ်အော်ရာကို ထုတ်လွှတ်ထားသည်။ သူတို့အားလုံးသည် ရှီထျန်းနယ်ပယ်ပညာရှင်များဖြစ်ပေ၏။

ရှီထျန်းအဆင့် စစ်ဗိုလ်ချုပ်လေးယောက်...

လုချီက မျက်မှောင်ကြုပ်လိုက်ပြီးနောက် လှောင်ပြောင်သရော်လိုက်လေ၏။

"ဘာလဲ...မင်းက ဒီဆရာသခင်ကို အနိုင်မယူနိုင်လို့..မင်းရဲ့လူတွေကိုခေါ်ပြီး အုပ်စုဖွဲ့ပြီး ငါကိုတိုက်ခိုက်တော့မယ်ပေါ့"

ယခင်က လုချီ၏တိုက်ခိုက်မှုကြောင့် နောက်ဆုတ်ခဲ့ရသည့် အဆင့်မြင့်အရာရှိက ယခုလက်ရှိတွင် သူ၏မျက်နှာက အားရကျေနပ်နေမှုများ ထင်ဟပ်နေလေ၏။

"ငါကလည်း မင်းကို ရိုက်နှက်မယ့်အထဲက လူတစ်ယောက်ပဲလေ...မင်း ဘာလုပ်နိုင်မှာမို့လို့လဲ"

ကျယ်လောင်သည့်အသံနှင့်အတူ လုချီက တရကြမ်းတိုးဝင်တိုက်ခိုက်လေသည်။

လုချီက ယခုထက်ထိတိုက်ခိုက်ရန် ရဲဝံ့နေသည်ကိုမြင်ရသော စစ်ဗိုလ်ချုပ်လေးယောက်တို့က တုံဆိုင်းခြင်းမရှိဘဲ လုချီအား အတူပူးပေါင်း၍တိုက်ခိုက်လိုက်ကြသည်။

ဘန်း..ဘန်း...ဘန်း

တိုက်ခိုက်မှု၏ အကျိုးဆက်ကြောင့် မြေပြင်ပေါ်တွင် ကျင်းများ တစ်ခုပြီးတစ်ခုဖြစ်ပေါ်လာသည်။ လုချီက လွင့်စင်ထွက်လာသော်လည်း တစ်ဖက်မှစစ်ဗိုလ်ချုပ်လေးယောက်သည်လည်း အခြေအနေကောင်းမွန်ခြင်းမရှိပေ။ သူတို့အားလုံးလည်း နောက်သို့ တညီတညာတည်း လဲကျသွားလေ၏။

လုချီ၏ပါးစပ်ထောင့်မှ သွေးများယိုစီးကျလာသည်။ တစ်ချိန်တည်းမှာပင် သူက အဆင့်တူဖြစ်သောကျွမ်းကျင်ပညာရှင်လေးယောက်အား အချိန်ကြာကြာတိုက်ခိုက်နိုင်ရန်မှာ မလွယ်ကူကြောင်းတွေးတောမိသည်။

"အမတ်ငယ်လေး...ကြည့်ရတာ ကျွန်တော်တို့ တစ်ခြားနည်းလမ်းရှာရမယ်ထင်တယ်"

လုချီက လုယွီဘက်သို့လှည့်၍ ပြောလိုက်သည်။

လုယွီက မျက်မှောင်ကြုပ်လိုက်သည်။ တစ်ခြားနည်းလမ်း...သူ ထပ်မံ၍အချိန်မဖြုန်းလိုပေ။

"အိမ်တော်စောင့်နှစ်ယောက်...သူတို့ကိုသွားမောင်းထုတ်စမ်း"

လုယွီက သူ၏နောက်မှ အစောင့်များအား ပြောကြားလိုက်သည်။

Chapter 73

လုယွီ၏လေသံသည် အလွန်အေးဆေးတည်ငြိမ်နေလေ၏။

သူ၏ရှေ့၌ ဆူဆူညံညံလုပ်နေကြသောသူများက ပုရွတ်ဆိတ်တစ်အုပ်ပင်ဖြစ်ပေသည်။ လုယွီ ကိုယ်တိုင်ကိုယ်ကျလှုပ်ရှားရန် မလိုအပ်ပေ။

လုချီက သူ၏အမတ်ငယ်လေးကိုကြည့်၍ ခေါင်းကိုခါယမ်းရင်း ပြောဆိုလိုက်သည်။

"သခင်လေး....ကျွန်တော်တို့ရှေ့ကလူလေးယောက်က ရှီထျန်းနယ်ပယ်ပညာရှင်တွေ...ဒါပြင် သူတို့က ရှီထျန်းတတိယအဆင့်ကို ရောက်နေကြပြီ"

လုချီက ရှီထျန်းနယ်ပယ်ပညာရှင်၏အဓိပ္ပါယ်အား လုယွီကို သေချာရှင်းပြရန် ဆန္ဒရှိနေသည်။ မြို့တော်မှ ပန်းနှင့်တူသည့် နူးနူးညံညံအစောင့်များသည် ထိုသူတို့နှင့် ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။

လုယွီက ခေါင်းညိတ်ပြပြီး ပြောဆိုလိုက်လေသည်။

"ကျုပ်တို့ အလျင်လိုနေတာလေ....နေရဲ့အလင်းရောင်ရှိတုန်း သွားကြစို့...အခု ထွက်ခွာကြရအောင်"

"မင်းတို့က ထွက်သွားချင်နေတုန်းပဲလား"

အဆင့်မြင့်အရာရှိ၏ပါးစပ်သည် လှောင်ပြောင်သရော်မှုဖြင့် တွန့်သွားခဲ့သည်။ သူက လုယွီကို ပြက်ရယ်ပြုလိုက်လေ၏။

"မင်းက အမွှေးအတောင်မစုံသေးတဲ့ ခလေးတစ်ယောက်ရှိသေးတာ...ဒီနေရာက ထွက်ခွာဖို့အတွက်နဲ့ သေချင်နေတာလား"

တစ်ခြားစစ်ဗိုလ်ချုပ်များသည်လည်း အူလှိုက်သည်းလှိုက် ရယ်မောလိုက်ကြ၏။ သူတို့၏ရှေ့မှလူအုပ်စုတွင် သူတို့နှင့်တိုက်ခိုက်နိုင်မည့် တစ်ယောက်တည်းသောသူမှာ လုချီ သာလျှင်ဖြစ်ပေသည်။ ကျန်ရှိသောသူများကတော့ သူတို့သည် အစောင့်အဝတ်အစားများ ဝတ်ဆင်ထားသည့် အစေခံတစ်သိုက်ပင် ဖြစ်လေ၏။ အကြောင်းမသိသူများက သခင်လေးတစ်ယောက်သည် ဤနေရာသို့ ကစားရန်အတွက် အခြွေအရံများနှင့် ရောက်လာခြင်းဖြစ်သည်ဟုသာ ထင်ကြပေမည်။

လုယွီက သူ၏ခေါင်းကို အိမ်တော်အစောင့်ခေါင်းဆောင်ဘက်သို့လှည့်ပြီး လေးနက်သောအသံဖြင့် ပြောဆိုလိုက်သည်။

"ပါးရိုက်လိုက်စမ်း"

ဝှစ်...ဝှစ်

အနက်ရောင်ပုံရိပ်နှစ်ခုက လုယွီ၏အနောက်မှ ခုန်ထွက်လာခဲ့သည်။ သူတို့က လုမိသားစု၏အိမ်တော်အစောင့်နှစ်ယောက်ဖြစ်ပေသည်။ ကောင်းကင်မူလရွှေဆေးပြား၏အာနိသင်ဖြင့် ယုံဖျင်အိမ်တော်မှအစောင့်အများစုသည် ရှီထျန်းနယ်ပယ်သို့ ရောက်ရှိကြပြီးဖြစ်သည်။

ထို့ပြင် နောက်ပိုင်း၌ လုယွီက အိမ်တော်အစောင့်များအား သိုင်းပညာရပ်များကို ကိုယ်တိုင်ကိုယ်ကျသင်ကြားပေးခဲ့ရာ သူတို့၏ကျင့်ကြံမှုအား ခုန်ပေါက်တိုးတတ်စေခဲ့သည်။ သူတို့သည် ယခင်အတိတ်နှင့် အလှမ်းကွာသော ပညာရှင်များအဖြစ်ရောက်ရှိနေကြပြီဖြစ်သည်။

စစ်ဗိုလ်ချုပ်လေးယောက် အံ့အားသင့်သွားကြသည်။ ရုတ်တရက် သူတို့အား တစ်စုံတစ်ယောက်မှ တိုးဝင်တိုက်ခိုက်လိမ့်မည်ဟု မျှော်လင့်မထားမိပေ။

သူတို့အတွက် အလွန်အရေးကြီးနေသဖြင့် စစ်ဗိုလ်ချုပ်များက သူတို့၏ကျန်းချီများကို အလျင်စလိုလှည့်ပတ်ပြီး အကာအကွယ်အလွှာတစ်ခုကို သူတို့ခန္ဓာကိုယ်ပတ်လည်၌ ဖွဲ့စည်းလိုက်ကြသည်။

ခရက်....ခရက်...

သူတို့၏ကျန်းချီအကာအကွယ်သည် အက်ကွဲသံတစ်ချို့ထွက်ပေါ်လာပြီး ပျက်စီးသွားလေသည်။ အစောင့်နှစ်ယောက်က အဆင့်မြင့်အရာရှိများကို လက်တစ်ဖက်တစ်ချက် ဆွဲလိုက်ပြီး သူတို့အား မြေပြင်ပေါ်သို့ကိုင်ပေါတ်လိုက်သည်။

ဒေါင်..

မြေပြင်မှ မြည်ဟိန်းသံတစ်သံထွက်ပေါ်လာလေသည်။ စစ်ဗိုလ်ချုပ်လေးယောက်က သူတို့၏ကိုယ်တွင်းအင်္ဂါများအားလုံးရွေ့လျားသွားသကဲ့သို့ ခံစားလိုက်ရပြီး သွေးတစ်လုတ်အန်ထုတ်လိုက်ကြသည်။

ဘာ..

သူတို့အကုန်လုံးသည် ရှီထျန်းအဆင့်ပညာရှင်များဖြစ်ကြသည်။ မည်သည့်အကြောင်းကြောင့် အစောင့်များနှင့်တူညီနေသော ထိုလူနှစ်ယောက်၏ဖိနှိပ်ထားခြင်းအား ခံနေရသနည်း။

ထိုအချိန်မှပင် အိမ်တော်အစောင့်ခေါင်းဆောင်က လုယွီအား လှောင်ပြောင်ခဲ့သည့် စစ်ဗိုလ်ချုပ်၏ရှေ့သို့ လျှောက်လှမ်းလာခဲ့သည်။

"မင်းက ငါရဲ့သခင်လေးကို ရိုင်းရိုင်းပျပျ ဆက်ဆံဝံ့တာကြောင့်....မင်းက ပါးရိုက်ခံသင့်တယ်"

အိမ်တော်အစောင့်ခေါင်းဆောင်က တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်လေ၏။

ဖောင်း...ဖောင်း...

အစောင့်ခေါင်းဆောင်က သူ၏ခွန်အားကို အပြည့်အဝအသုံးပြု၍ စစ်ဗိုလ်ချုပ်၏ပါးအား ပြင်းပြင်းထန်ထန် ရိုက်လိုက်သည်။

စစ်ဗိုလ်ချုပ်သည် နာကျင်မှုကြောင့် ညည်းညူ နေရသည်။ သူ၏မျက်နှာသည်လည်း အကျိုးဆက်ကြောင့် တွန့်လိမ်ရှုံတွနေလေ၏။

"အဟွက်...အဟွက်...အဟွက်..."

အဆင့်မြင့်အရာရှိ၏ပါးစပ်မှ သွေးစိမ်းများပန်းထွက်လာခဲ့သည်။ ထိုသွေးများအတွင်းတွင် သွားများပင်ပါဝင်နေလေရာ မြင်နေရသူအပေါင်းအား တုန်လှုပ်သွားစေသည်။

တစ်ခြားစစ်ဗိုလ်ချုပ်များသည် မတ်တတ်ရပ်ချင်နေကြသော်လည်း အစောင့်နှစ်ယောက်၏လက်ချက်ဖြင့် မြေပြင်ပေါ်မှထနိုင်ခြင်းမရှိပေ။

လုချီက အရာအားလုံးအား သဲသဲကွဲကွဲ မြင်လိုက်ရသည်။ သူက စိတ်ထဲမှနေ၍ အနည်းငယ်တုန်လှုပ်သွားသော်လည်း စိတ်သက်သာရ ရသွားသည့်ခံစားချက်က သူ၏မျက်လုံးများတွင် ထင်ဟပ်နေသည်။

သခင်မကြီးယွီရုံနှင့်အကြီးဆုံးသခင်မလေးတို့က လုယွီအား မြောက်ပိုင်းနယ်မြေသို့ စေလွှက်သည်မှာ အံ့သြစရာမရှိတော့ပေ။ သူမက လုယွီ၏နံဘေးတွင် ဤကဲ့သို့ကျွမ်းကျင်ပညာရှင်များ စီမံပေးထားခြင်း ဖြစ်ပေလိမ့်မည်။

လုယွီ၏အနောက်ရှိ အစောင့်ခေါင်းဆောင်ကိုကြည့်ပြီး လုချီက သူကိုယ်သူမထိန်းချုပ်နိုင်တော့ဘဲ တည်ငြိမ်လေးနက်သွားခဲ့သည်။

"သခင်လေး"

အစောင့်နှစ်ယောက်က လုယွီထံသို့ ပြန်လည်ရောက်ရှိလာကြသည်။

လုယွီက မြင်းဇက်ကြိုးကို ကိုင်ဆောင်ရင်းမှ အော်ဟစ်လိုက်သည်။

"အဲ့ဒီသူတွေနဲ့ အချိန်ဖြုန်းနေစရာ အကြောင်းမရှိတော့ဘူး..သွားရအောင်"

လုချီအပါအဝင် လူတိုင်းက သူတို့၏မီးတောက်မြင်းများပေါ်တတ်၍ စီးနင်းထွက်ခွာလိုက်ကြသည်။

မြို့တံခါးမှ အစောင့်ရဲမက်တို့သည် အချိန်အတော်ကြာဆွံအနေခဲ့ပြီး အထူးသဖြင့် လုယွီတို့လူစုအား အရင်ဆုံးတားဆီးခဲ့သည့်ရဲမက်ပင်ဖြစ်သည်။ ယခုအချိန်တွင်တော့ သူတို့အားလုံး ကြောက်ရွံမှုဖြင့် တုန်ယင်နေကြသည်။

လုယွီတို့လူစု ထွက်ခွာသွားသည့်နောက်မှသာ အစောင့်ရဲမက်များက သတိပြန်ဝင်လာကြပြီး စစ်ဗိုလ်ချုပ်လေးယောက်ကို မြေပြင်ပေါ်မှနေ၍ အလျှင်စလို တွဲထူလိုက်ကြသည်။

"ခွေးမသားတွေ...သူတို့ကိုယုံဖျင်အိမ်တော်ကနေ စေလွှက်လိုက်တာ....အဲ့ဒီအိမ်တော်မှာ ကျွမ်းကျင်ပညာရှင်တွေရှိနေအုံးမယ်လို့ ငါထင်မထားခဲ့ဘူး"

အဆင့်မြင့်အရာရှိက ခက်ထန်စွာဖြင့် ပြောကြားလိုက်သည်။

တစ်ခြား အရာရှီတစ်ယောက်ကမူ ဝေးကွာသွားပြီဖြစ်သော လုယွီ၏ပုံရိပ်ကို အငြိုးကြီးစွာဖြင့် ကြည့်ပြီးနောက် သူ၏လူများကို ပြောဆိုလိုက်လေ၏။

"ဆရာသခင်တွေကို သတင်းသွားပို့ပြီး သူတို့ကို လှုပ်ရှားခိုင်းရအောင်...အဲ့ဒီကောင်တွေ မြှုပ်နှံစရာသင်္ချိုင်းမရှိဘဲ သေရမှာသေချာတယ်"

တစ်ခြားစစ်ဗိုလ်ချုပ်များ၏မျက်လုံးများသည်လည်း တောက်ပလာကြပြီး ဆရာသခင်များထံသို့ သတင်းပို့ရန် လူတစ်ယောက်အား စေလွှက်လိုက်တော့သည်။

ထိုအချိန်ကျရောက်လျှင် ဆရာသခင်အယောက်နှစ်ဆယ်ကျော်က စစ်တပ်နှင့်အတူ လိုက်ပါလာမည်ဖြစ်ပေ၏။ ထိုဆရာသခင်များက ရှီထျန်းနှောင်းပိုင်းအဆင့်များဖြစ်ကြသည်။

သူတို့ကသာ ဤလှုပ်ရှားမှုအားလုပ်ဆောင်လျှင် ကိတ်မုန့်တစ်လုံးခွဲစားသကဲ့သို့ လွယ်ကူပေလိမ့်မည်။

Chapter 74

ကောင်းကင်ဘုံစစ်ဆေးရေးဂိတ်၏ပြင်ပတွင် သဲကန္တာရတစ်ခုရှိနေသည်။ မျက်စိတစ်ဆုံးမြင်နေရသော ထိုသဲကန္တာရအတွင်းတွင် အရိုးစုများစွာရှိနေဆဲဖြစ်လေ၏။ မြင်းခွာသံများက ဖြတ်သန်းသွားသည့်အချိန်တွင် ဌက်တစ်အုပ်က ထိတ်လန့်တကြား ပျံ့သန်းပြေးကြလေသည်။

"အမတ်ကြီး စောင့်ကြပ်နေတဲ့ အထီးကျန်မြို့တော်က ဒီနေရာနဲ့ သိပ်မဝေးတော့ဘူး"

လုချီက ပြောဆိုလိုက်၏။

မြို့ဂိတ်တံခါးမှထွက်ခွာပြီးနောက် လုချီ၏စိတ်အာရုံသည် အထွက်အထိပ်တွင်ရှိနေသည်မှာ သိသာထင်ရှားနေသည်။ ယခုနေရာအား ကာရံထားသည့် မြို့တံတိုင်းအမြင့်ကြီးများသည်လည်း ပျောက်ကွယ်ကုန်ကြပြီဖြစ်ပေ၏။ သားရဲဒီရေလှိုင်းထွက်ပေါ်လာချိန်တွင် သူတို့ကမြင်မြင်သမျှကို အစအနပါမကျန်သည်အထိ ဝါးမြိုဖျက်ဆီးခဲ့ကြသည်။

လမ်းတစ်လျှောက်တွင် လုယွီက ယိုယွင်းပျက်စီးနေသည့် ကျေးရွာတစ်ချို့ကိုလည်း မြင်ခဲ့ရသည်။ ထိုရွာများသည် အပြည့်အဝပျက်စီးနေပြီး အိမ်ခြေများစွာသည်လည်း မီးရှို့ခံထားရကာ မြေပြင်ပေါ်တွင်လည်း အလောင်းများ ပြန့်ကျဲနေလေ၏။

"ဒီနေရာတွေက သားရဲဒီရေလှိုင်း ဖြတ်သန်းတိုက်ခိုက်ခဲ့တဲ့နေရာတွေပဲ....အရင်တုန်းကဆို ဒီနေရာမှာ လူတွေအများကြီး နေထိုင်ကြတယ်...ဒါပေမယ့် အခုကတော့ သူတို့တွေကို သားရဲတွေဝါးမြိုတာခံရရင်ခံရ အဲ့လိုမှမဟုတ်ရင် နေစရာနေရာမရှိတော့လို့ အိမ်ခြေရာမဲ့ဘဝနဲ့ လျှောက်သွားနေရပြီ"

လုချီက သက်ပြင်းရှိုက်ရင်း ကျန်သူများအားရှင်းပြလိုက်သည်။

လုယွီတို့လူစုက ရှေ့သို့ခရီးဆက်သည်တွင် အကွာအဝေးတစ်ခုမှ မြို့တစ်မြို့၏ပုံရိပ်အား ဝါးတားတားမြင်တွေ့လိုက်သည်။

ထိုမြို့က အလွန်အမင်းမြင့်မားသည့် မြို့ရိုးများကာရံထားသော အထီးကျန်မြို့တော်ပင် ဖြစ်ပေသည်။ မြို့တစ်မြို့လုံးသည် မြင့်မားသောတောင်တန်းကြီးများ၏ကြားတွင်တည်ရှိပြီး ပတ်ဝန်းကျင်တွင်မူ သဲကန္တာရကြီးကိုသာမြင်နိုင်လေ၏။

"သောက် တိရိစ္ဆာန်တွေ..."

ရုတ်တရက် လူချီက ဒေါသတကြီး အော်ဟစ်လိုက်သည်။ လုချီသာမက တစ်ခြားသူများသည်လည်း မြို့ရိုးအောက်ရှိမြင်ကွင်းအား မြင်တွေ့လိုက်ရသည်။

လုချီက အထီးကျန်မြို့တော်၏ရှေ့တွင် နတ်ဆိုးသားရဲများ အမြောက်အများစုရုံးနေကြပြီး သူတို့တတ်စွမ်းသမျှဖြင့် မြို့တော်အားတိုက်ခိုက်နေသည်ကို မြင်တွေ့လိုက်ခြင်းဖြစ်သည်။

ထိုသားရဲအစုလိုက်အပြုံလိုက်ကြီးကို မြင်တွေ့ရသောလူတိုင်းသည် သူတို့၏စိတ်နှလုံသားအား ခဲဆွဲထားသကဲ့သို့ လေးလံသွားစေသည်။

တိုက်ပွဲပေါင်းမြောက်များစွာကို အတွေ့အကြုံရှိခဲ့သည့် လုချီပင်လျှင် ထိုမြင်ကွင်းအားမြင်တွေ့ချိန်တွင် သူကိုယ်သူမထိန်းချုပ်နိုင်တော့ဘဲ တဆတ်ဆတ်တုန်ယင်နေလေ၏။

"သူ ထွက်ကော ထွက်လာနိုင်ပါ့မလား...ပြန်တွေးကြည့်ရင် ကောင်းကင်ဘုံစစ်ဆေးရေးဂိတ်မှာတောင် ဒီလောတ်များတဲ့ နတ်ဆိုးသားရဲတွေကို ငါတို့မတွေ့ခဲ့ရဘူး"

လုချီက တီးတိုးရေရွတ်မိလေသည်။

လုယွီတို့လူစုက သူတို့၏မြင်းများကို ရပ်တန့်လိုက်ကြပြီး သူတို့ရှေ့ရှိမြင်ကွင်းအား ကြည့်လိုက်ကြသည်။

အထီးကျန်မြို့တော်၏မြို့ရိုးပေါ်တွင် အလံအမြောက်အမြား လွှင့်ထူထားပြီး စစ်သားများက နတ်ဆိုးသားရဲများနှင့် အစွမ်းကုန်တိုက်ခိုက်နေကြသည်။

ထိုနတ်ဆိုးသားရဲများတွက် မည်သည့်လက်နက်ကိရိယာမှတပ်ဆင်ထားခြင်းမရှိသော်လည်း သူတို့တစ်ကောင်ချင်းစီသည် ကြီးမားသည့်ခန္ဓာကိုယ်နှင့်သာမာန်မဟုတ်သောခွန်အားကို ပိုင်ဆိုင်ထားကြသည်။

နတ်ဆိုးသားရဲများ၏မျက်လုံးများသည် သွေးဆာနေသည့်ပုံရပြီး သူတို့အားမြင်တွေ့လိုက်သောသူတို့သည် တုန်လှုပ်သွားကြရသည်။

နတ်ဆိုးသားရဲအုပ်စုက အတူတကွစုရုံးရောက်ရှိလာသဖြင့် မြို့ရိုးရှေ့တွင် တောင်ပုံရာပုံဖြစ်နေသည်။ သူတို့က မြို့ရိုးများစီသို့ တရကြမ်းတိုးဝင်ကြပြီး မြင်မြင်သမျှအရာရာတိုင်းအား ကိုက်ဖြတ်နေပေသည်။

နတ်ဆိုးသားရဲတစ်ကောင်တစ်လေသည် မကြာခဏ မြို့ရိုးပေါ်သို့ ရောက်ရှိလာလေရာ ပွက်လောရိုက်မှုများအား ဖြစ်ပွားစေလေ၏။ အကယ်၍ ထိုနတ်ဆိုးသားရဲများ ပြန်လည်ဆုတ်ခွာသွားခဲ့လျှင်ပင် သူတို့ကအသက်ပေါင်းများစွာအားသတ်ဖြတ်နှင့်ပြီးဖြစ်ပေမည်။

ဤမြင်ကွင်းကိုကြည့်ပြီး လုချီ၏အမူအယာပြောင်းလဲသွားခဲ့သည်။

"သခင်လေး...ကျွန်တော်တို့ ရှေ့ဆက်မသွားသင့်ဘူးထင်တယ်..အဲ့ဒီနေရာမှာ နတ်ဆိုးသားရဲတွေ အရမ်းများနေတယ်"

အိမ်တော်အစောင့်များကလည်း လုချီနှင့်သဘောထားတူညီနေကြသည်။ သူတို့က တိုက်ပွဲများစွာကိုအတွေ့အကြုံရှိဖူးသော စစ်မှုထမ်းဟောင်းများဖြစ်ပြီး နောက်ပိုင်းမှသာ ယုံဖျင်အိမ်တော်၏အစောင့်များဖြစ်လာကြခြင်းဖြစ်သည်။

သို့ရာတွင် ယခင်က သူတို့ကြုံတွေ့ခဲ့သည့်တိုက်ပွဲများသည် လူသားများဖြင့်သာ တိုက်ခိုက်ကြခြင်းဖြစ်သည်။ သူတို့က မည်သည့်အချိန်ကမျှ ဤကဲ့သို့ နတ်ဆိုးသားရဲများတောင်ပုံရာပုံထွက်ပေါ်နေခြင်းအား မမြင်ဖူးပေ။

"သခင်လေး...သွားရအောင်...ဒီနေရာက အရမ်းအန္တရာယ်များတယ်"

အိမ်တော်စောင့်များက လုယွီအား ဝိုင်းဝန်းနားချနေကြလေ၏။

အဆုံးသတ်တွင် လုယွီက မည်မျှသန်မာသည်ဖြစ်ပါစေ သူက လူသားတစ်ယောက်သာဖြစ်ပေသည်။ လူသားတစ်ယောက်က မည်သည့်နည်းဖြင့် နတ်ဆိုးသားရဲအုပ်အား ဆန့်ကျင်တိုက်ခိုက်နိုင်မည်နည်း။

သားရဲဒီရေလှိုင်း၏တစ်ခြားဘက်ခြမ်းတွင် မြင်းရထားအနည်းငယ်က တဖြည်းဖြည်းခြင်း ရပ်တန့်လိုက်ကြသည်။

ထိုမြင်းလှည်းအတွင်းမှ အဖိုးအိုအနည်းငယ် ထွက်လာကြလေ၏။ သူတို့က အိုမင်းနေသော်လည်း သူတို့၏ခြေလှမ်းများတည်ငြိမ်နေပြီး အစွမ်းထက်သောအော်ရာများကို ထုတ်လွှတ်ထားကြသည်။

"မြင့်မြတ်တဲ့ ဆရာသခင်တို့....ယုံဖျင်အိမ်တော်က ကောင်စုတ် ခေါ်လာခဲ့တဲ့လူတွေက အဲ့ဒီနေရာမှာပါ"

အဆင့်မြင့်အရာရှိက လုယွီတို့လူစုအား လက်ညှိုးညွှန်ပြပြီး သူ၏နံဘေးရှိအဖိုးအိုအား ပြောကြားလိုက်သည်။

သူက စစ်တပ်အတွင်းတွင် နိမ့်ပါးသောအဆင့်အတန်း မဟုတ်သော်လည်း ဤအကြီးအကဲများရှေ့တွင်မူ သူကိုယ်သူအလွန်အမင်းနှိမ့်ချနေလေသည်။

အကြောင်းအရင်းမှာ သူ၏ရှေ့မှ အကြီးအကဲမျုားသည် အင်ပါယာနန်းတော်၏ဝန်ကြီးများဖြစ်သောကြောင့် ဖြစ်ပေ၏။

ထိုဝန်ကြီးများသည် လုံကျင်းမြို့တော်မှ အဖြစ်အပျက်များအား မသိရှိကြသေးချေ။

ရက်အနည်းငယ်အတောအတွင်းတွင် လုံကျင်းရှိအစောင့်အရှောက်ခန်းမတစ်ခုလုံး ပြိုကျပျက်စီးခဲ့ရသည်။ အင်ပါယာနန်းတော်သည်ပင် အင်ပါယာအစောင့်အရှောက်များ၏ ချိပ်ပိတ်ထားခြင်းခံထားရသည်။ အကယ်၍ တစ်စုံတစ်ယောက်က သတင်းလာပို့မည်ဆိုလျှင်ပင် ဤနေရာသိုမြန်မြန်ဆန်ဆန် ရောက်ရှိနိုင်မည်မဟုတ်ပေ။

ထို့ပြင် အကယ်၍ သူတို့သိရှိခဲ့လျှင်ပင် ဖြစ်နိုင်သည်က ထိုသတင်းအား အယုံအကြည်ရှိကြမည်မဟုတ်ချေ။

"အဲ့ဒါက ခလေးတစ်ယောက်လား..."

ဆရာသခင်များအနက်မှ တစ်ယောက်က လွုာီ၏နောက်ကျောအားတစ်ချက်ကြည့်လိုက်ရာ သူ၏မျက်လုံးများအတွင်းတွင် အထင်သေးမှုများပြည့်နှက်နေသည်။

"အထီးကျန်မြို့တော်ကို အင်္သချေသားရဲဂိုဏ်းက ဝန်းရံထားတယ်...သိပ်ကြာကြာခံမှာ မဟုတ်လောတ်တော့ဘူး....သူတို့ကိုယ်သူတို့ကာကွယ်ဖို့တောင် လူလုံလုံလောတ်လောတ်မရှိတာ...ဘယ်လိုနည်းနဲ့ အမတ်ကြီးယုံဖျင်ကိုကယ်ဖို့ စဉ်းစားနေကြတာလဲမသိဘူး"

Chapter 75

"ဆရာသခင်ပြောတာက အမှန်ပါပဲ....ကျွန်တော်က အညတရမို့မသိတာပါ"

အဆင့်မြင့်အရာရှိက မျက်နှာချိုသွေးသည့်အပြုံးမျိုးပြုံးရင်းမှ လျှင်လျှင်မြန်မြန်ပြောဆိုလိုက်သည်။

ရုတ်တရက် အကြီးအကဲက သူ၏မျက်ခုံးကိုပင့်လိုက်သည်။

"အဲ့ဒီခလေးကို ရှီထျန်းအဆင့်ပညာရှင်တွေက ကာကွယ်ပေးထားတယ်လို့ ငါကြားထားတယ်...အမှန်ပဲလား"

အဆင့်မြင့်အရာရှိက ထပ်ခါတလဲလဲခေါင်းညိတ်ပြနေသော်လည်း ပြန်လည်ဖြေကြားရာတွင်မူ ကြောက်ရွံမှုများရှိနေသောအရိပ်အယောင်ဖြင့်ဖြစ်ပေသည်။

"ဟုတ်ပါတယ်....သူတို့ထဲက တစ်ယောက်အကြောင်းကို ကျွန်တော်စုံစမ်းပြီးပါပြီ...သူက အမတ်ကြီးယုံဖျင်ရဲ့ ကိုယ်ရေးအရာရှိ လုချီပါ....နောက်ဆုံးလှုပ်ရှားမှုကိုလုပ်ခဲ့တဲ့လူနှစ်ယောက်က အစောင့်ဝတ်စုံကို ဝတ်ဆင်ထားကြတယ်...ကျွန်တော် အတိအကျ မခန့်မှန်းနိုင်ပေမယ့် ဖြစ်နိုင်တာကတော့ သူတို့က ယုံဖျင်အိမ်တော်ကသူတွေပဲ....ယုံဖျင်အမတ်ကြီးရဲ့အိမ်တော်မှာ ရှီထျန်းအဆင့်ပညာရှင်သုံးယောက်တောင်ရှိမယ်လို့ ကျွန်တော် ဘယ်တုန်းကမှမထင်မိဘူး....ဒါက တစ်ကယ်ကို မယုံကြည်နိုင်စရာပဲ"

အကြီးအကဲ၏မျက်လုံးများသည် အထင်အမြင်သေးစွာကြည့်နေရင်းမှ နှာမှုတ်လိုက်သည်။

"ဟွန့်....ဘာရှီထျန်းအဆင့် လက်ရွေးစင်စစ်သည်တော်လဲ....ဖြစ်နိုင်တာက သူတို့တွေက ခုမှရှီထျန်းအဆင့်ကိုရောက်ရှိပုံရတာ...သူက ပုန်းရှိုးကွယ်ရှိုးလုပ်နိုင်မယ့် လှုပ်ရှားမှုနည်းနည်းလောတ် သင်ယူထားပြီး မင်းတို့ကောင်တွေ အဆင်သင့်မဖြစ်သေးတာကို အခွင့်ကောင်းယူုပြီး လျှပ်တပြက်တိုက်ခိုက်ခဲ့တာပဲ"

အဆင့်မြင့်အရာရှိက အိမ်တော်အစောင့်နှစ်ယောက်လက်ချက်ဖြင့် ဒုက္ခရောက်ဖူးသဖြင့် သဘောတူညီကြောင်းပြသသည့်အနေဖြင့် ခေါင်းညိတ်လိုက်ပြီး သူ၏မျက်နှာပေါ်တွင်အပြုံးများ တောက်ပလာလေသည်။

"အင်း....ကြည့်ရတာတော့ သူတို့က ထွက်ခွာဖို့ အစီအစဉ်မရှိဘူးထင်တယ်...ကောင်းပြီလေ....ဒီလောတ်ကြီးမားတဲ့သားရဲဒီရေလှိုင်းနဲ့....ငါတို့တွေဘာမှလုပ်ဖို့ မလိုအပ်မှာကိုတောင် စိုးရိမ်နေမိတယ်"

အကြီးအကဲက အနည်းငယ်ဝေးကွာသောနေရာမှ မြင်ကွင်းကိုကြည့်ပြီး သူကိုယ်သူမထိန်းချုပ်နိုင်တော့ဘဲ ရယ်မောလိုက်လေ၏။

****

လုယွီ၌ ဤနေရာမှထွက်ခွာသွားရန် ရည်ရွယ်ထားခြင်းမရှိပေ။

နတ်ဆိုးသားရဲများ၏ဟိန်းဟောက်သံများအား အဆက်မပြတ် ကြားနေရပေသည်။ နတ်ဆိုးသရဲအများစုသည် နှစ်ထပ်အိမ်တစ်လုံးစာအရွယ်အစားမျှ ကြီးမားလေ၏။

လုယွီက ထွက်ခွာရန်အစီအစဉ်မရှိသည်ကို မြင်နေရသော လုချီက ကူရာကယ်ရာမဲ့စွာဖြင့် သူ၏စိတ်အတွင်းပိုင်းထိ တုန်လှုပ်နေခဲ့သည်။

"သခင်လေး....ဒီနေရာမှာ ကြာကြာဆက်မနေသင့်တော့ဘူး"

ထိုအချိန်မှာပင် နတ်ဆိုးသားရဲအုပ်က လုယွီတို့လူစု၏တည်ရှိမှုအား အာရုံခံစားမိသွားပုံရသည်။ မြို့အတွင်းမှလူများသည် အကူအညီမဲ့နေပြီ ဖြစ်သော်လည်း မြို့ရိုးများကာဆီးထားသည်။ သို့ရာတွင် သဲကန္တာရအတွင်းရှိနေသော လုယွီတို့လူစုကမူ မည်သည့်ထူထဲသောနံရံကမျှ အမှီပြုစရာမရှိပေ။

ဝေါင်း....ဝေါင်း..

ချက်ချင်းဆိုသလိုပင် နားအူမတတ်ဆူညံသော ဟိန်းဟောက်သံအူသံများနှင့်အတူ မရေမတွက်နိုင်သောနတ်ဆိုးသားရဲများက ကောင်းကင်ကြီးအားဖုံးလွှမ်းသွားပြီး လုယွီတို့ထံသို့ တရကြမ်းတိုးဝင်လာကြသည်။

"သခင်လေး...အရင်ဆုံး ကျွန်တော်တို့ ထွက်သွားရအောင်...သခင်လေး ဆုတ်ခွာလို့ရအောင် ကျွန်တော်ကာကွယ်ပေးထားမယ်"

လုချီက ချက်ချင်းဆိုသလိုပင် လုယွီအား ဆွဲခေါ်လိုက်သည်။

သူတ်ု့လူစုက မီးတောက်မြင်းများပေါ်တွင်ရှိနေဆဲဖြစ်၍ အချိန်မှီသာလှုပ်ရှားနိုင်လျှင် သူတို့လူစု အန္တရာယ်အတွင်း ကျရောက်လိမ့်မည်မဟုတ်ပေ။

ကျန်ရှိနေသော အိမ်တော်အစောင့်များကလည်း လုယွီ၏ရှေ့၌ ကာရံထားကြပြီး သူ့အား အရင်ဆုံးထွက်ခွာရန် ကျယ်လောင်စွာအော်ဟစ်လိုက်ကြသည်။

တစ်ခြားတစ်ဖက်မှ လုယွီ၏အမူအယာမှာမှု ယခင်ကအတိုင်းတည်ငြိမ်နေဆဲဖြစ်ပြီး ထွက်ခွာရန်ရည်ရွယ်ထားပုံ မရပေ။

ရုတ်ချည်းဆိုသလိုပင် နတ်ဆိုးသားရဲများက လုယွီတို့အနီးသို့ ရောက်ရှိလာလေသည်။

"သတ်..."

အိမ်တော်အစောင့်များက အစွမ်းထက်သောကျန်းချီလှိုင်းများကို တပြိုင်နက်တည်းထုတ်လွှတ်လိုက်ကြသည်။ သူတို့အားလုံးက ရှီထျန်းအဆင့်ပညာရှင်များဖြစ်သဖြင့် ထုတ်လွှတ်လိုက်သော ကျန်းချီစွမ်းအင်လှိုင်းသည် အလွန်အားကောင်းပေ၏။

ထိုကျန်းချီစီးကြောင်းကြီးက ချက်ချင်းပင် နတ်ဆိုးသားရဲအုပ်ထံသို့ တိုးဝင်သွားခဲ့သည်။ ရှေ့ဆုံးမှ တိုးဝင်လာသော နတ်ဆိုးသားရဲများသည် ရှောင်လွှဲနိုင်ရန် အချိန်မလုံလောတ်တော့သဖြင့် လွင့်စင်ထွက်သွားကြသည်။

"သူတို့အားလုံးက ရှီထျန်းအဆင့်တွေ.."

အဆင့်မြင့်အရာရှိက အံ့အားသင့်သွားခဲ့သည်။

ပြပွဲတစ်ခုအားစောင့်ကြည့်ရန် ပြင်ဆင်နေကြသော အကြီးအကဲများပင် မျက်လုံးများပြူ းကျယ်သွားလေ၏။ တုန်လှုပ်မှုက သူတို့၏မျက်လုံးများအတွင်းတွင် ထင်ဟပ်နေလေသည်။

ရှီထျန်းအဆင့်အယောက်ငါးဆယ်က သူတို့၏ကျန်းချီများအား တပြိုင်နက်တည်းထုတ်လွှတ်လိုက်သည်က အံ့မခန်းမြင်ကွင်းတစ်ခုဖြစ်ပေသည်။

သို့ရာတွင် တခဏအကြာတွင်မူ အကြီးအကဲတစ်ယောက်က လှောင်ပြောင်သရော်ဟန်ဖြင့်ကြည့်ပြီး တစ်ခြားသူများအားပြောဆိုလိုက်သည်။

"သူတို့အားလုံး ရှီထျန်းအဆင့်တွေချည်းဆိုတော့ရော ဘာအရေးလဲ....နောက်ဆုံးတော့ သူတို့က နတ်ဆိုးသားရဲတွေရဲ့အစာအိမ်ထဲမှာ သေဆုံးရမှာပဲလေ"

အဆင့်မြင့်အရာရှိက သတိပြန်ဝင်လာပြီးနောက် အကြီးအကဲ၏စကား ကြားမှသာလျှင် သူ၏မျက်နှာပေါ်၌ အပြုံးများထွက်ပေါ်လာလေ၏။

သူသည် အမတ်ကြီးယုံဖျင်က ဤမျှအထိများပြားသောရှီထျန်းအဆင့်ပညာရှင်များကို မည်သို့ခေါ်ယူခဲ့သည်အား မသိရှိသော်လည်း သားရဲဒီရေလှိုင်းနှင့်ရင်ဆိုင်ရာတွင်မူ ထိုသူများကအသုံးဝင်မည်မဟုတ်ပေ။

"ရှီထျန်းအဆင့်ပညာရှင်တွေအများကြီး ဆုံးရှုံးသွားရင်တော့...ဟီး ဟီး...အမတ်ကြီးယုံဖျင် သေရမှာသေချာနေပြီ"

အဆင့်မြင့်အရာရှိက တွေးတောရင်း စိတ်ကျေနပ်နေလေ၏။

မလှမ်းမကမ်းနေရာတွင်မူ အိမ်တော်အစောင့်ငါးဆယ်က သူတို့၏ကျန်းချီများကို ထုတ်လွှတ်၍ နတ်ဆိုးသားရဲများအား တွန်းလှန်နေကြသည်။ သို့ရာတွင် ထိုနတ်ဆိုးသားရဲများသည် မကုန်ဆုံးနိုင်ကြောင်း တခဏအကြာမှာပင် သူတို့ သိရှိလိုက်ရ၏။

ထို့ပြင် နတ်ဆိုးသားရဲများ၏အရေပြားသည် ကြမ်းတမ်းပြီး အသားများမှာလည်းထူထပ်ပေသည်။ သာမာန်လူတစ်ယောက်သည် ရှီထျန်းအဆင့်ပညာရှင်၏လက်ဝါးရိုက်ချက်အား ခံယူရပါက သေဆုံးရမည်မှာသေချာပေသည်။ သို့ရာတွင် ထိုနတ်ဆိုးသားရဲများကမူ သွေးအနည်းငယ်သာ ပန်းထွက်ပြီး ဆက်လက်ဟိန်းဟောက်၍ ရှေ့သို့သာတရကြမ်းတိုးဝင်လာကြသည်။

လုချီက အလွန်အမင်းစိုးရိမ်ပူပန်နေခဲ့သည်။ သူက လုယွီအား အသနားခံလိုက်လေ၏။

"သခင်လေး...ဒီနေရာက အရမ်းအန္တရာယ်များတယ်...ကျေးဇူးပြုပြီး မြန်မြန်သွားပါတော့"

လုချီ စကားပြောဆိုပြီးပြီးချင်း သူအားခုန်အုပ်လိုက်သည့် ကြီးမားသောဝံပုလွေကြီးတစ်ကောင်အား လက်သီးတစ်ချက်ဖြင့် လွင့်စင်သွားစေခဲ့သည်။

လုချီက သူကိုယ်သူ စိတ်အတွင်းမှနေ၍ ကျိန်ဆဲနေခြင်းဖြစ်သည်။ မည်သည်ကြောင့် ရုတ်တရက် သူက သခင်လေးအား ဤနေရာသို့ခေါ်ဆောင်လာမိသနည်း။

သခင်လေးက ဥာဏ်ရည်ပြန်လည်ဖွံဖြိုးလာသော်လည်း ယခင်အတိုင်း ရူးမိုက်နေဆဲဖြစ်ပြီး ဤနေရာရှိသတ်ဖြတ်ချင်စိတ်များမှာလည်း ဘက်ပေါင်းစုံမှမြင့်တတ်နေလေသည်။

"ကောင်းပြီလေ....မင်းတို့အားလုံးရပ်လိုက်ကြ"

ရုတ်တရက် လုယွီက တည်ငြိမ်အေးဆေးစွာပြောကြားလိုက်သည်။ ထို့နောက် သူက မြင်းပေါ်မှဆင်းပြီး အရှေ့မှနတ်ဆိုးသားရဲအုပ်စုထံသို့ လျှောက်လှမ်းသွားလေသည်။

"သခင်လေး....ဂရုစိုက်"

ရုတ်တရက် လုချီက ရင်ကွဲလုမတတ် အော်ဟစ်လိုက်သည်။ နတ်ဆိုးသားရဲတစ်ကောင်က လုယွီအား ခုန်အုပ်လိုက်သည်ကို သူ မြင်လိုက်ရသည်။

လုချီ၌ သခင်လေးဖြစ်သူအား ကယ်တင်နိုင်ရန် အချိန်မရှိပေ။ သူ၏ရှေ့တွင်လည်း နတ်ဆိုးသားရဲအမြောက်အများရှိနေလေ၏။ လုချီက စိတ်ပျက်အားငယ်ခြင်းကို ခံစားမိလေသည်။ သူက လုယွီ၏ကံကြမ္မာအား တွေးပင်မကြည့်ရဲပေ။

သို့သော် ထိုအချိန်အတွင်းမှာပင် လုယွီ၏ခန္ဓာကိုယ်တစ်ခုလုံးမှ ကျန်းချီများ ရုတ်တရက်ထွက်ပေါ်လာလေသည်။ အစွမ်းထက်သော အော်ရာတစ်ခုက ချက်ချင်း ကျဆင်းလာခဲ့သည်။

လုယွီက သူ၏ရေခဲတမျှအေးစက်နေသောမျက်လုံးများအား ဖွင့်လိုက်သည်။ သူ၏ပါးစပ်မှထွက်လာသော စကားလုံးများသည် ကျန်းချီများကိုအသုံးပြုပြီး ကောင်းကင်ဘုံကိုးခုထံသို့ လွင့်ပါသွားစေရာ ဦးတည်ချက်လားရာပေါင်းစုံ၌ ပဲ့တင်ထပ်ထွက်ပေါ်နေလေသည်။

"မြေအောက်လောကနတ်ဘုရား...ဆင်းသက်လာစမ်း"

All Chapters