အခန်း (၇၆-၈၀)
Vol. 1-5 Ch. 76-80
Chapter 76
လုယွီ၏အသံသည် အလွန်အမင်း ကျယ်လောင်ပြီး ကြည်လင်ပြတ်သားနေလေရာ လောကကြီးတစ်ခုလုံးအား တုန်ခါစေနိုင်သည့် ခေါင်းလောင်းကြီးတစ်လုံးနှင့်ပင်တူညီနေသည်။
လုယွီထံသို့ တရကြမ်းတိုးဝင်နေကြသော နတ်ဆိုးသားရဲများကို ရုတ်တရက် အစွမ်းထက်သေအော်ရာတစ်ခုမှ ဖိနှိပ်လိုက်ပြီး သူတို့အားလုံးမြေပြင်ပေါ်သို့လဲကျသွားကြသည်။
လုယွီက ခြေတစ်လှမ်းရှေ့တိုးလိုက်ပြီး သူ၏မျက်လုံးများကလည်းအေးစက်စက်အလင်းရောင် တဖျတ်ဖျတ်လက်နေရင်းမှ အော်ဟစ်လိုက်သည်။
"နတ်ဆိုးသားရဲအဆင့်လောတ်နဲ့...မင်းတို့ကောင်တွေက ဘယ်လိုတောင် ရိုင်းပျဝံ့တာလဲ"
ရုတ်တရက် လုယွီ၏ခန္ဓကိုယ်ပတ်လည်ရှိ အဆုံးမရှိသောကျန်းချီများက ကြီးမားသည့်အနက်ရောင်ရုပ်ထုတစ်ခုအဖြစ် သိပ်သည်းသွားခဲ့သည်။
ထိုနတ်ဘုရားရုပ်ထုကြီးက လုယွီ၏ခန္ဓာကိုယ်အထက်တွင် မျောလွင့်နေပြီး မှိန်ပျပျအော်ရာအားထုတ်လွှတ်နေရာ လူအများအား အနည်းငယ်ကြောက်ရွံစိတ်ကို ခံစားမိစေသည်။
ၰ
ထိုနတ်ဆိုးသားရဲများသည် ဉာဏ်ရည်မြင့်မားခြင်းမရှိကြသော်လည်း သူတို့၏ရှေ့မှလူသည် သာမာန်မဟုတ်သည်ကိုကား မသိစိတ်မှခံစားနေမိသည်။
သို့ရာတွင် သားရဲဒီရေလှိုင်းတွင် သားရဲများစွာပါဝင်သဖြင့် အလွန်အမင်းသွေးဆာနေကြသောကြောင့် လုယွီထံသို့ တရကြမ်းတိုးဝင်လိုက်ကြသည်။
"သေကြစမ်း"
လုယွီက အေးစက်စက်နှာတစ်ချက်မှုတ်လိုက်ပြီး သူ၏လက်ကိုရှေ့သို့ ဆန့်ထုတ်လိုက်လေသည်။
အကျိုးဆက်အနေဖြင့် လုယွီ၏ခန္ဓာကိုယ်အထက်မှ အနက်ရောင်နတ်ဘုရားရုပ်ထုကြီးကလည်း လက်ဝါးတစ်ချက်ဆန့်ထုတ်၍ နတ်ဆိုးသားရဲများ၏ခန္ဓာကိုယ်အား ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။
"ဘုန်း"ဟူသော အသံနှင့်အတူ ရုပ်ထု၏လက်ဝါးရိုက်ချက်ကြောင့် မြေပြင်ပေါ်၌ နက်ရှိုင်းသည့်ချိုင့်ကြီးတစ်ချိုင့် ဖြစ်ပေါ်လာသည်။
လုယွီထံသို့ မိုက်မိုက်မဲမဲတိုးဝင်သွားကြသော နတ်ဆိုးသားရဲများသည် ရိုက်ခတ်ခြင်းခံရပြီး ချိုင့်ကြီးအတွင်းသို့ကျရောက်သွားကာ ချက်ချင်းပင် အသားပြားအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
သူတို့၏သွေးမျိုးဆက်မှ အရင်းခံလာသည့် ကြောက်ရွံစိတ်ကြောင့် ကျန်ရှိသည့်နတ်ဆိုးသားရဲများက နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ကြသည်။
ကံဆိုးစွာဖြင့် လုယွီ၌ သူတို့အားအလွတ်ပေးရန် အစီအစဉ်မရှိပေ။
"ယုတ်ညံ့တဲ့ သတ္တဝါအုပ်စုက တစ်ခြားလူတွေကို အဆင်အခြင်မဲ့ သတ်ဖြတ်ဝံ့တယ်ပေါ့....ဒီနေ့ ဒီနေရာကနေ အသက်ရှင်လျှက် ထွက်ခွာဖို့ မတွေးကြနဲ့"
ရုတ်တရက် လုယွီက လေထုအတွင်းသို့ ခုန်တက်လိုက်၏။ ထိုအချိန်တခဏတွင် သူက လေထုအတွင်း လှုပ်ရှားမှုမရှိဘဲ ရပ်တန့်နေခဲ့သည်။
လုယွီအား ကြည့်ရပုံမှာ တည်ကြည်လေးနက်နေလေ၏။ သူ၏ခန္ဓာကိုယ်မှ အေးစက်ပြီးမည်းမှောင်သော ခန္ဓာကိုယ်အား ထုတ်လွှတ်ထားသည်။ လုယွီ၏ပုံပန်းသွင်ပြင်မှာ ငရဲမှလာသည့်နတ်ဘုရားတစ်ပါးမှ သေမျိုးလောကအတွင်းရှိသက်ရှိမျိုးနွယ်အားလုံးအား အထက်စီးမှကြည့်နေသည်နှင့် တူညီနေသည်။
"အရာအားလုံးကို အမြစ်ပြတ်သုတ်သင်ခြင်း...မြေအောက်လောကနတ်ဘုရား သက်ဆင်းကျရောက်ခြင်း"
လုယွီ၏ပါးစပ်ဖွင့်ဟလိုက်သည့် အချိန်တခဏမှာပင် သူ၏နောက်ဘက်ရှိရုပ်ထုကြီးထံသို့ ကျန်းချီလှိုင်းများ တလိမ့်လိမ့်တိုးဝင်သွားခဲ့သည်။
နတ်ဘုရားရုပ်ထုကြီးသည် တဖြည်းဖြည်းပို၍ကြီးမားလာပြီး ၎င်း၏မျက်နှာသည်လည်း ပို၍ရှင်းလင်းပြတ်သားလာလေသည်။ ထိုရုပ်ထုက အမှန်တစ်ကယ်ကိုပင် လက်မောင်းခြောက်ဖက်နှင့်အစွယ်ရှည်ကြီးများပါဝင်သော ရက်စက်ကြမ်းကြုတ်သောနတ်ဘုရားရုပ်ထု ဖြစ်ပေသည်။
နတ်ဘုရားရုပ်ထုသည်လည်း သူ၏ပါးစပ်ကိုဟ၍ လုယွီနှင့်တူညီသောလူသားဘာသာစကားကိုပင် အမှန်တစ်ကယ် ပြောဆိုနေလေသည်။ လုယွီနှင့်အလှမ်းကွာဝေးသည့်နေရာ၌ရှိသူများပင် ထိုအသံအတွင်းရှိ အားကောင်းသောကျန်းချီများထံမှ ဖိနှိပ်နေသည့်စွမ်းအင်များအား ခံစားမိစေသည်။
ဖူး....ဖူး...ဖူး....
နတ်ဆိုးသားရဲများအားလုံး သွေးများအန်ထုတ်လိုက်ကြ၏။ လုယွီ၏အနီးတွင်ရှိသော နတ်ဆိုးသားရဲများမှာမူ သူတို့၏ဒွာရပေါက်များမှ သွေးများယိုစီးကျလာပြီး ချက်ချင်းသေဆုံးသွားကြသည်။
လုယွီအား ဗဟိုပြု၍ နတ်ဆိုးသားရဲများ၏ဒီရေလှိုင်းသည် တညီတညာတည်း အသေကောင်များဖြစ်သွားကြပြီး သွေးများကမြစ်ပြင်ကဲ့သို့ စီးဆင်းနေလေသည်။
မြောက်များစွာသော နတ်ဆိုးသားရဲများက လွတ်မြောက်ရန်ကြံစည်နေကြသော်လည်း လုယွီက သူတို့အား ထိုသို့ပြုလုပ်နိုင်ရန်အခွင့်အရေးမပေးချေ။
"သေကြစမ်း"
လုယွီ၏ပေါက်ကွဲလုမတတ် အော်ဟစ်သံကြီးနှင့်အတူ နတ်ဘုရားရုပ်ထုကြီးကလည်း တူညီစွာပင် ဒေါသတကြီး ဟစ်အော်လိုက်လေ၏။
ဘုန်း...
သတ်ဖြတ်ခြင်းစိတ်ဆန္ဒများပြည့်ဝနေသည့်အသံတစ်သံက ချက်ချင်းပင် လွတ်မြောက်နိုင်ရန်ကြိုးစားနေကြသည့် နတ်ဆိုးသားရဲများ၏နားများအတွင်း ပေါက်ကွဲဝင်ရောက်သွားလေသည်။
အဝေးသို့ထွက်ပြေးနေကြသည့် နတ်ဆိုးသားရဲအုပ်စုသည် ချက်ချင်းပြိုလဲကျကုန်ကြ၏။ တစ်ချို့ နတ်ဆိုးသားရဲများ၏ခေါင်းများပင် ပေါက်ကွဲထွက်ကြလေသည်။ ထိုမြင်ကွင်းသည် တုန်လှုပ်စရာအတိဖြစ်ပေသည်။
အိုး...ဘုရားသခင်
လုချီနှင့်အိမ်တော်အစောင့်အုပ်စု၏ပါးစပ်များ ဟောင်းလောင်းပွင့်နေကြသည်။
အိမ်တော်အစောင့်များသည် လုယွီ၏နည်းလမ်းများကို ယခင်ကတည်းက မြင်ဖူးခဲ့ပြီဖြစ်၍ အဆင်ပြေနေသေးသည်။ သူတို့၏မျက်လုံးရှေ့မှမြင်ကွင်းအား အံ့အားသင့်နေသော်လည်း အလွန်အကျွံမဖြစ်ကြပေ။
သို့ရာတွင် လုချီမှာမူ ကွဲပြားခြားနားပေသည်။ သူသည် ယခင်က အင်မော်တယ်များအား မြင်ခဲ့ဖူးသူဖြစ်သည်။ ထို့ကြောင့် အင်မော်တယ်များသည် ကောင်းကင်အတွင်းပျံ့သန်းနိုင်ရန် ဓားပျံကိုမှီခိုနေရသည်ဟူသည်မှာ သဘာဝအတိုင်း လုချီသိရှိထားသောအရာဖြစ်သည်။
ၰ
သို့ရာတွင် သူ၏ရှေ့ရှိ အမတ်ငယ်လေးကမှု မည်သည့်အထောက်အပံပစ္စည်းမျှမရှိလဲ လေထုအတွင်း မျောလွင့်နေသည်။
ထို့ပြင် အမတ်ငယ်လေးနောက်ရှိ ရုပ်ထုကြီးမှာလည်း သူအားကြောက်ရွံစေသည့်ခံစားမှုမျိုးအား ဖြစ်ပေါ်စေသည်။
"နတ်ဆိုးသားရဲတွေ.....သားရဲတွေအကုန်သေကုန်ကြပြီ"
အိမ်တော်အစောင့်တစ်ယောက်က တုန်ယင်နေသောအသံဖြင့်ပြောကြားလိုက်သည်။
ထို့နောက် လုချီက သတိပြန်ဝင်လာခဲ့ပြီး သူက အလောသုံးဆယ်ဖြင့် လှည့်ပတ်ကြည့်ရှုလိုက်သည်။
အထီးကျန်မြို့တော်၏ရှေ့ရှိ သဲကန္တာရရှိ မြေပြင်ပေါ်တွင် နတ်ဆိုးသားရဲများပြည့်နှက်နေပြီး သွေးများက မြစ်ပြင်အလား စီးဆင်းနေသည်။
ထိုအချိန်သည် လဖက်ရည်တစ်ခွက်ပြင်ဆင်ချိန် အချိန်ပမာဏသာကြာမြင့်ပြီး ယခင်က သားရဲဒီရေလှိုင်းကြီးသည် ယခုအသေကောင်များအဖြစ် မြေပြင်ပေါ်တွင်ကျဲပြန့်နေလေသည်။
လုချီ၏စိတ်နှလုံးသား တုန်ယင်နေလေ။ မည်သည့်အချိန်မှစ၍ သူ၏အမတ်ငယ်လေးသည် ဤမျှအထိအစွမ်းထက်လာရသနည်း...။
လုယွီက လေထုအတွင်းမျောလွင့်နေဆဲဖြစ်ပြီး သူ၏နောက်မှ နတ်ဘုရားရုပ်ထုကိုလည်း ပြန်ရုတ်သိမ်းခြင်းမရှိသေးပေ။
လုယွီက နတ်ဆိုးသားရဲအားလုံး သေဆုံးပြီးသည်ကိုကြည့်ပြီးသည့်နောက် သူ၏အကြည့်က ခပ်လှမ်းလှမ်းနေရာမှ မြင်းရထားလုံးအနည်းငယ်ပေါ် ကျရောက်သွားသည်။
"ခေါင်းဖွက်ပြီးအမြှီးပြထားတဲ့ လူစု....ဒီနေရာကို ထွက်လာခဲ့ကြစမ်း"
လုယွီက သူ၏လက်ကိုဆန့်တန်းလိုက်ရာ တစ်ချိန်တည်းမှာပင် သူ၏နောက်မှနတ်ဘုရားရုပ်ထုကလည်း မြင်းရထားလုံးအား ဖမ်းဆွဲလိုက်သည်။
ချက်ချင်းဆိုသလိုပင် လုယွီ၏နောက်သို့ နောက်ယောင်ခံလိုက်နေကြသော အကြီးအကဲအုပ်စုသည် သူ၏ရှေ့မှောက်သို့ နတ်ဘုရားလက်ကြီး၏ ခေါ်ဆောင်လာခြင်း ခံလိုက်ရတော့သည်။
Chapter 77
အကြီးအကဲများက သည်းခြေပြတ်လုမတတ် အော်ဟစ်နေကြသည်။ သူတို့၏ခန္ဓာကိုယ်များကို သူတို့မထိန်းချုပ်နိုင်တော့ကြောင်းကို အမှန်တစ်ကယ် ခံစားနေရ၏။
ထူးဆန်းသည့်စွမ်းအားတစ်ခုက အကြီးအကဲတို့အား လေထုအတွင်းမှဖမ်းဆွဲပြီး လုယွီ၏ရှေ့သို့ ပစ်ချလိုက်ခြင်းဖြစ်သည်။ လုယွီ၏ရှေ့မှောက်အရောက်တွင်မူ သူတို့က ထိတ်လန့်ဖွယ်အော်ရာတစ်ခုအား ခံစားမိလေသည်။
လုယွီ၏အော်ရာက သူတို့ကို ပစ်မှတ်ထားနေသဖြင့် ယခင်က သောင်းကျန်းနေသောအကြီးအကဲအုပ်စုသည် ယခုအချိန်တွင်မူ သူတို့၏ခေါင်းပင်မဖော်ရဲကြပေ။
"ခင်ဗျားတို့က ဘာလုပ်ချင်လို့ ကျုပ်နောက်လိုက်နေကကတာလဲ"
လုယွီနောက်ရှိနတ်ဘုရားရုပ်ထုကြီးကလည်း အကြီးအကဲများအား စိုက်ကြည့်နေလေ၏။
ထိုနတ်ဘုရားရုပ်ထုကြီးကိုကြည့်ပြီး အကြီးအကဲများ၏ခန္ဓာကိုယ်များ တစ်သိမ့်သိမ့်တုန်ခါနေခဲ့သည်။
လေထုအတွင်းတွင် သွေးညှီနံများက ပြည့်နှက်နေသည်။ ရုပ်ထုကြီး၏တစ်ချက်တည်းသော ဟိန်းဟောက်သံဖြင့် ထိုနတ်ဆိုးသားရဲအားလုံးပင်သေဆုံးသွားရသော တည်ရှိမှုကြီးဖြစ်လေရာ အကြီးအကဲအားလုံး အမှားမကျူ းလွန်ဝံ့ကြပေ။
"ဒီနေရာမှာ သားရဲဒီရေလှိုင်းရှိနေတာကို ကျွန်တော်တို့ သိခဲ့ရပါတယ်....ဒါကြောင့် ဒီကိုလာပြီး အကူအညီပေးမလို့ပါ....ဆရာသခင်လိုကျွမ်းကျင်သူတစ်ယောက် ဒီနေရာမှာရှိနေမယ်လို့ ကျွန်တော်တို့မစဉ်းစားမိခဲ့ဘူး....အကုန်လုံးက ကျွန်တော်တို့အပြစ်တွေပါ"
အကြီးအကဲက နှိမ့်ချသောလေသံဖြင့် ပြောဆိုလိုက်လေ၏။
လုယွီက ရုတ်တရက် အေးစက်စက်နှာတစ်ချက်မှုတ်လိုက်သည်။
"ခင်ဗျားတို့က ကျုပ်ကို အရူးလို့ထင်နေကြတာလား"
ဘုန်း....
ရုတ်ချည်းဆိုသလိုပင် ယခုနေရာ၌ရှိနေသောလူတိုင်းပေါ်သို့ အလွန်အားကောင်းသည့်ဖိအားတစ်ခု ဆင်းသက်လာရာ သူတို့၏မျက်နှာများသည် အလွန်အံ့အားသင့်သော အမူအယာထင်ဟပ်သွားလေ၏။
"ဒါက......""ဖုန်း....."
အကြီးအကဲများသည် ရှီထျန်းအဆင့်ပညာရှင်များဖြစ်သော်လည်း လုံချီနယ်ပယ်အဆင့်များပင် လုယွီအား တားဆီးနိုင်ခြင်းမရှိရာ သူတို့အဆင့်မျှဖြင့် ထည့်ပြောရန်ပင်မလိုပေ။
အကြီးအကဲများထဲမှတစ်ချို့မှာ သူတို့အားမိုးကြိုးပစ်ချသကဲ့သို့ ချက်ချင်းခံစားလိုက်ရသည်။ ယခုတစ်ကြိမ်တွင် မည်သူကမျှ လုယွီ၏ရှေ့တွင် မတ်တတ်ရပ်၍ မနေဝံ့တော့ချေ။
"သူ.....သူက ဘယ်သူလဲ...ဒီလောက်အသက်ငယ်ငယ်လေးနဲ့ ဘာလို့ဒီလောတ်ခွန်အားကောင်းနေတာလဲ"
အကြီးအကဲတစ်ယောက်က တုန်ယင်သောအသံဖြင့် ပြောကြားလိုက်သည်။
တစ်ခြားအကြီးအကဲများကလည်း တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန်ကြည့်နေကြပြီး သူတို့၏မျက်လုံးများအတွင်းတွင် တုန်လှုပ်မှုနှင့်ကြောက်ရွံမှုများ ပြည့်နှက်နေလေ၏။
လုယွီက ထိုအကြီးအကဲများ၏မျက်နှာအမူအယာများအား အာရုံစူးစိုက်ခြင်းမရှိချေ။ ရုတ်တရက် လုယွီက သူ၏မျက်လုံးများကိုအာရုံစူးစိုက်လိုက်ပြီး မြင်းရထားနောက်ကွယ်တစ်နေရာအား လေထုအတွင်းမှ ဖမ်းဆုပ်လိုက်သည်။ ထိတ်လန့်တကြားအော်ဟစ်နေသည့် လူတစ်ယောက်က လေထုအတွင်းသို့ မြောက်တတ်လာခဲ့သည်။
သံချပ်ကာအကျႌအားဝတ်ဆင်ထားသည့်လူက သူအားလုယွီရှာဖွေတွေ့ရှိသွားသည်ကို မြင်ချိန်တွင် သူ၏မျက်နှာသည် သေလုမျောပါးဖြူ ရော်သွားသည်။
"အဲဒါက ခင်ဗျားပေါ့....ကြည့်ရတာတော့ ကျုပ်တို့ထွက်လာကတည်းက နောက်ယောင်ခံလိုက်လာတဲ့အော်ရာက ခင်ဗျားပဲ......ခင်ဗျားတို့....ခင်ဗျားတို့အားလုံးက နန်းတော်ကဝန်ကြီးတွေမလား"
လုယွီက တည်ငြိမ်အေးဆေးစွာဖြင့် မေးမြန်းလိုက်သည်။
အကြီးအကဲအုပ်စုက ပုန်းကွယ်ရန်မဖြစ်နိုင်သလို ခေါင်းညိတ်၍လည်းမဖြစ်နိုင် ဖြစ်နေကြသည်။ သူတို့က ပြုံးလိုက်ရင်းမှ ပြောကြားလိုက်သည်။
"ဒီလိုကျွမ်းကျင်သူမျိုး ယုံဖျင်အိမ်တော်မှာရှိလိမ့်မယ်လို့ ကျွန်တော်တို့ ထင်မထားမိပါဘူး...ကြည့်ရတာ ကျွန်တော်တို့ ဒီနေရာမှာဘာမှလုပ်စရာမရှိဘူးထင်တယ်"
အကြီးအကဲတစ်ယောက်က ခြောက်ကပ်ကပ်ရယ်မောပြီး ပြောကြားလိုက်ပြန်၏။
"ဟား ဟား...ဒါ မှန်တာပေါ့....ကျွန်တော်တို့က ဒီနေရာကို လာကြည့်တာပါ.....မင်း အကူအညီတစ်ခုခု လိုသေးလား"
"ခင်ဗျားတို့ရဲ့ သတ်ဖြတ်လိုတဲ့စိတ်ဆန္ဒတွေကို ထုတ်ဖော်ထားခဲ့ကြတယ်....ဒါပေမယ့် အခုကျ ခင်ဗျားတို့က ဘာမှမဖြစ်သလို ဟန်ဆောင်နေကြတာပါလား"
ရုတ်တရက် လက်ဝါးရိုက်ချက်တစ်ချက်က အဆင့်မြင့်အရာရှိ၏ဝမ်းဗိုက်ပေါ်သို့ ကျဆင်းလာသည်။
အဆင့်မြင့်အရာရှိက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ သူက ခါးကိုင်း၍ ဗိုက်ကိုဖိနှိပ်နေပြီးနောက် မယုံကြည်နိုင်မှုများဖြင့် အော်ဟစ်နေတော့သည်။
"ငါရဲ့ ကျင့်ကြံမှုအခြေခံ ပျက်စီးသွားပြီ"
တစ်ခြားအကြီးအကဲများကလည်း ကြီးကြီးမားမားပင် တုန်လှုပ်ချောက်ချားနေခဲ့သည်။ လုယွီက အလွန်ပြတ်သားပြီး ရက်စက်လိမ့်မည်ဟု သူတို့မည်သည့်အချိန်ကမျှ တွေးမထင်မိချေ။
"သူကိုကြည့်ရတာ နတ်ဆိုးနည်းစနစ်အမျိုးအစားတစ်မျိုးကို အသုံးပြုနေတာ ဖြစ်ရမယ်...တစ်ကယ်လို့ သူကြာကြာ ဆတ်ပြီးမထိန်းသိမ်းနိုင်တော့တဲအချိန်ကျရင် ငါတို့အတူတကွပူးပေါင်းပြီး သူကိုသတ်မယ်"
အကြီးအကဲများအနက်မှတစ်ယောက်က ရုတ်တရက် လေထုထဲသို့ခုန်တက်ပြီး လုယွီထံသို့ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။
ထိုမြင်ကွင်းကိုကြည့်ပြီး တစ်ခြားသောအကြီးအကဲများသည်လည်း မတ်တတ်ထရပ်လိုက်ကြပြီး အစွမ်းထက်သောကျန်းချီလှိုင်းများအား ထုတ်လွှက်၍ လုယွီအားတိုက်ခိုက်လိုက်ကြ၏။
ရုတ်တရက် လုယွီက မျက်မှောင်ကြုပ်လိုက်ပြီး သူ၏ကျန်းချီများကို ပြန်ရုတ်သိမ်းလိုက်သည်။ သူ၏ခန္ဓာကိုယ်ရှိကျန်းချီများပျောတ်ကွယ်ကုန်ပြီး ထိတ်လန့်တုန်လှုပ်ဖွယ် နတ်ဘုရားရုပ်ထုကြီးသည်လည်း ကွယ်ပျောက်သွားခဲ့သည်။
"ဟား ဟား...တစ်ကယ်ကိုပဲ သူက ထပ်ပြီးတောင့်မခံနိုင်တော့ဘူး...အခု အဲ့ဒီကောင်စုတ်ရဲ့ အကန့်အသတ်ကိုရောက်နေပြီ....အဲ့ဒီကောင်ကိုသတ်ကြ"
အကြီးအကဲများထဲမှတစ်ယောက်က လုယွီ၏ဖြစ်ရပ်ကိုမြင်သည်နှင့် သူက အပျော်လွန်သွားခဲ့သည်။
တစ်ခြားအကြီးအကဲများ၏မျက်နှာများတွင်လည်း အပြုံးများပေါက်ဖွားလာကြ၏။
လုယွီ၏ကျန်းချီက အမှန်တစ်ကယ်ပင် ကုန်ခန်းစပြုနေပြီဖြစ်လေ၏။
"ငါရဲ့ကျင့်ကြံခြင်းအဆင့်က အရမ်းနိမ့်နေသေးတယ်.....ငါမှာ အမွှေးတိုင်တစ်ဝက်စာလောင်ကျွမ်းချိန်ပဲ အချိန်ရတော့မယ်"
လုယွီက တီးတိုးရေရွတ်လိုက်သည်။
အကြီးအကဲအုပ်စု တရကြမ်းတိုးဝင်လာကြသည်ကိုမြင်သော်လည်း လုယွီက ထိတ်လန့်ခြင်းလက္ခဏာတစ်ရပ်ကိုမျှ ပြသမထားချေ။
"ဒါပေမယ့် ကျုပ်က ခင်ဗျားတို့ကိုအနိုင်ယူဖို့အတွက် ကျန်းချီမလိုအပ်ဘူး"
လုယွီက သူ၏လက်သီးကို တင်းတင်းကျပ်ကျပ်ဆုပ်၍ ထိုးနှက်ခြင်းမပြုမှီ လက်ချောင်းများမှ တဂျွတ်ဂျွတ်မြည်သံများ ထွက်ပေါ်နေသည်။
လုယွီ၏လက်သီးချက်က အကြီးအကဲထဲမှတစ်ယောက်၏ ဒန်တျန်အားချိန်ရွယ်ထိုးနှက်လိုက်ခြင်းဖြစ်သည်။ ထိုအကြီးအကဲ၏ စူးစူးဝါးဝါးအော်သံကြီးကို ကြားလိုက်ရပြီး နောက်သို့လွင့်ထွက်သွားလေသည်။
ဘန်း...ဘန်း...ဘန်း
ကျယ်လောင်သော ရိုက်နှက်သံများနှင့်အတူ အကြီးအကဲများအားလုံး အနောက်သို့လွင့်ထွက်သွားကြသည်။
သူတို့က မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားလေ၏။ သူတို့ထဲမှတစ်ချို့သည် ပါးစပ်များအတွင်းမှ သွေးများယိုစီးကျနေပြီး အလွန်အမင်း စိတ်ဆင်းရဲဖွယ်မြင်နေရသည်။
"အင်ပါယာကိုပြောလိုက်....တစ်ကယ်လို့ သူက ကျုပ်အဖေကို တစ်ယောက်တည်းစေလွှက်ဝံ့တယ်ဆိုရင်....ကျုပ်က သူနဲ့မကျေပွဲနွှဲဖို့ အခွင့်အရေးရှာရလိမ့်မယ်လို့...ထွက်သွားကြစမ်း"
လုယွီက တည်ကြည်လေးနက်သောအသံဖြင့် ပြောဆိုလိုက်၏။
အကြီးအကဲအုပ်စုသည် ဤနေရာ၌ ကြာကြာဆတ်မနေဝံ့ကြတော့ပေ။ သူတို့၏မြင်းများပေါ်သို့ ခက်ခက်ခဲခဲတွယ်တက်လိုက်ကြပြီး ဖုန်မှုန့်တထောင်းထောင်းထသည်အထိ ပြေးထွက်သွားကြသည်။
လုယွီက လှည့်ပတ်ကြည့်လိုက်ရာ တုန်လှုပ်နေဆဲဖြစ်သော လုချီအား မြင်တွေ့လိုက်သည်။
"မြို့ထဲ ဝင်ကြစို့"
Chapter 78
အထီးကျန်မြို့တော်ရှိ စစ်သားများသည် လုယွီအား ဘက်ပေါင်းစုံမှ ကြည့်ရှုနေကြသည်။
သူတို့၏အကြည့်များတွင် ရိုသေလေးစားမှုနှင့်ကြောက်ရွံမှုများပြည့်နှက်နေသည်။ သူတို့ မယှဉ်သာအောင်အစွမ်းထက်သည့် သားရဲဒီရေလှိုင်းကြီးသည် မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် အမြစ်ပြတ်သုတ်သင်ခံရလိမ့်မည်ဟု မည်သူကမျှတွေးမထင်မိပေ။
ထိုထက်မက....ထိုလူပုဂ္ဂိုလ်သည် အလွန်ပင် ငယ်ရွယ်လွန်းနေသည်။
"ငါ ဘာကိုမှ မမြင်ရတော့ဘူး....အဲ့ဒီနတ်ဆိုးသားရဲတွေ တစ်ကယ်ပဲသေကုန်ကြတာလား"
"သူကိုကြည့်ရတာ ခလေးပဲရှိသေးတာ....ဒါပေမယ့် သူက ဒီလောတ်အစွမ်းထက်တဲ့စွမ်းအားကို ပိုင်ဆိုင်ထားတယ်...ဖြစ်နိုင်တာက သူက အင်မော်တယ်တစ်ယောက်လား"
"မင်းခုဏက နတ်ဘုရားပုံရိပ်ကြီးကိုမမြင်ဘူးလား...အဲ့ဒါက အင်မော်တယ်နည်းစနစ်လေ...သေမျိုးတွေအသုံးပြုနိုင်တဲ့ဟာ မဟုတ်ဘူး"
စစ်သားများက သူတို့အချင်းချင်း တိုင်ပင်ဆွေးနွေးနေကြချိန်တွင် လုယွီတို့လူစုက မြို့ဝင်ဂိတ်တံခါးသို့ ရောက်ရှိနေကြလေသည်။
"မင်းတို့ကောင်တွေ ဘာလုပ်နေကြတာလဲ....ဂိတ်တံခါးဖွင့်စမ်း"
လုချီက အော်ဟစ်လိုက်သည်။
စစ်သားအားလုံးက လုချီ မည်သူမည်ဝါဖြစ်သည်အား သိရှိနှင့်ပြီးဖြစ်သည်။ ထို့ကြောင့် လုချီကိုမြင်သည်နှင့် ချက်ချင်းဆိုသလိုပင် မြို့တံခါးအား ဖွင့်လှစ်ပေးလိုက်သည်။
"ကြၽီ...."
လေးလံထူထပ်သော မြို့ဂိတ်တံခါးကြီးက တဖြည်းဖြည်း ပွင့်သွားသည်နှင့် လုယွီက မြင်းကိုဒုန်းစိုင်း၍ မြို့တွင်းသို့ဝင်လေသည်။
သူက ဖခင်ဖြစ်သူအား မတွေ့ရသည်မှာ အချိန်ကြာမြင့်ပြီဖြစ်ပေ၏။
သူ၏အတိတ်ဘဝတွင် လုယွီက ငယ်ရွယ်စဉ်ကတည်းက အထီးကျန်နေရပြီး တိုက်ခိုက်ခြင်းနှင့်သာ အချိန်ကုန်လွန်နေခဲ့သည်။ သူက ရှန်းလင်းလုံနှင့်လည်း တာအိုလက်တွဲဖော်ဖြစ်လာမှာသာ မိသားစုဟူ၍ရှိလာခဲ့ရသည်။ သို့ရာတွင် ကံဆိုးစွာဖြင့် အဆုံးသတ်၌ ရှမ်းလင်းလုံက သူ၏မမြင်ကွယ်ရာ၌အကွက်ချစီမံ၍ သူအားသေဆုံးစေရန်လုပ်ဆောင်ခဲ့သည်။
ယခုဘဝတွင်လည်း လုယွီသည် မွေးဖွားလာစဉ်ကတည်းက ဖခင်အားမြင်တွေ့ရချိန်မှာ လွန်စွာရှားပါးသည်။ သို့ရာတွင် လုံကျင်းရှိလုမိသားစု၏အဆင့်အတန်းသည် သူ၏ဖခင်ကရှေ့တန်းတွင် အသေခံတိုက်ခိုက်ခြင်းကြောင့် ရရှိထားခြင်းဖြစ်သည်။
လုယွီ၏တည်ငြိမ်သော စိတ်နှလုံးသားသည် ဖခင်အားတွေ့ရတော့မည်ဖြစ်သဖြင့် အလွန်စိတ်လှုပ်ရှားနေရသည်။
"သတ္ထမမြောက် ဗိုလ်ချုပ်...ပြန်လာပြီလား"
လုချီကိုမြင်လိုက်သည့် စစ်သားတစ်ယောက်က ရိုသေလေးစားစွာဖြင့် နှုတ်ဆတ်လိုက်သည်။
"ဒါက ငါတို့ရဲ့သခင်လေးက ပထမဆုံးအကြိမ် တိုက်ပွဲကွင်းပြင်ကို လာတာပဲ....သခင်လေးကို မြန်မြန်နှုတ်ဆတ်ကြစမ်း"
လုချီက အော်ဟစ်လိုက်လေ၏။
ဘာ...သခင်လေးတဲ့လား..
ယုံဖျင်အမတ်ကြီး လုခိုင်ရှန်၌ သားတစ်ယောက်သာလျှင်ရှိသည်။ သို့ရာတွင် အမတ်ကြီး၏သားသည် မွေးဖွားလာစဉ်ကတည်းက ဉာဏ်ရည်ဖွံဖြိုးခြင်းမရှိဟု သူကြားခဲ့ဖူးသည်။ ယခု သူရှေ့မှသခင်လေးဆိုသူက ဉာဏ်ရည်နိမ့်ပါးသူဖြစ်နေသလော...။
စစ်သားများက တခဏကြာတုန့်ဆိုင်းနေမိသော်လည်း လုချီ၏အေးစက်စက်အကြည့်အောက်တွင် သူတို့အားလုံးမတ်တတ်ထရပ်၍ လုယွီအား အလေးပြုလိုက်ကြသည်။
မည်သို့ပင်ဆိုကာမူ လုယွီက မြို့အတွင်းရှိစစ်သည်များကို ကယ်တင်ခဲ့သူဖြစ်ပေသည်။ သူက စစ်သားများ၏ အသက်သခင်ကျေးဇူးရှင်ဟုဆိုလည်း မမှားနိုင်ပေ။
လုယွီက ထိုဓလေ့ထုံးတမ်းများအား ဂရုမစိုက်သည့်အတွက် သူ၏ခေါင်းကိုသာညိတ်ပြလိုက်သည်။
လုခိုင်ရှန်၏ရွက်ဖျင်တဲ တည်ရှိသည့်နေရာကို သိရှိပြီးနောက် လုချီကဦးဆောင်၍ မြို့အတွင်းပိုင်းသို့ လုယွီအားခေါ်ဆောင်သွားလိုက်သည်။
လမ်းတစ်လျှောက်လုံးတွင် လုယွီက ပြင်းပြင်းထန်ထန်ဒဏ်ရာရနေသည့် စစ်သားများအား မြင်တွေ့နေရသည်။ သူတို့ထဲမှတစ်ချို့သည် စောင်များပေါ်တွင်လဲလျောင်းနေရင်းမှ အသက်မဲ့နေကြပြီဖြစ်သည်။
လုယွီက မျက်မှောင်ကြုပ်မိလိုက်ပြီးနောက် သူက ကြီးမားသောရွက်ဖျင်တဲကြီးတစ်လုံးအတွင်းတွင် ကုလားထိုင်ပေါ်ထိုင်နေပြီး ခန္ဓာကိုယ်အပေါ်ပိုင်းဗလာကျင်းထားသည့် ဒဏ်ရာရနေသော သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်အား တွေ့မြင်လိုက်ရသည်။
သူ၏နောက်ကျောတွင် နက်ရှိုင်းသည့် ဓားဒဏ်ရာတစ်ခုရှိနေသည်။ ဒဏ်ရာမှသွေးများကခဲနေသော်လည်း အနာ၏အောက်ခြေတွင် အရိုးများအားမြင်နေနိုင်ရာ ထိုအရာကိုကြည့်မိသူတိုင်း တုန်လှုပ်သွားပေလိမ့်မည်။
ရွက်ဖျင်တဲအတွင်းတွင် ပြင်းထန်သောဆေးနံများဖြင့် ပြည့်နှက်နေပြီး ဒဏ်ရာရသူ၏အဖော်အပေါင်းများမှာလည်း အလုပ်ရှုပ်နေကြသည်။
"ဆရာသခင် ဟို...ကျွန်တော်တို့မှာ ထုံဆေးနည်းနည်းမှမရှိတော့ဘူး....ဒါကြောင့်မို့ အဲဒါက အနည်းငယ်နာကျင်နိုင်တယ်...ကျေးဇူးပြုပြီး တောင့်ခံထားပါ"
သမားတော်တစ်ယောက်က သူ၏နဖူးပြင်မှယိုစီးကျနေသည့် ချွေးများကိုသုတ်ရင်း လေသံတိုးတိုးဖြင့် ပြောကြားလိုက်သည်။
သက်လက်ပိုင်းအရွယ်လူကြီးက ခေါင်းညိတ်ပြပြီး အမှုမထားဟန်ဖြင့် ပြန်လည်ပြောကြားလိုက်လေ၏။
"လုပ်စရာရှိတာလုပ်ပါ...ငါကို ဘာမှထည့်တွက်မနေနဲ့"
သက်လက်ပိုင်းအရွယ်လူကြီး၏ စကားပြောဆိုပြီးသည်နှင့် လက်ထောက်တစ်ယောက်က ဒဏ်ရာအား ဂရုတစိုက်စစ်ဆေးလိုက်သည်။
ထို့နောက် သူက ဒဏ်ရာအား တစ်ဖန်ထပ်၍ ဖွင့်ပြီး အနာသစ်ဖြစ်ရန်လုပ်ဆောင်လိုက်လေသည်။ ဒဏ်ရာမှ သွေးများက တရဟောစီးကျလာခဲ့သည်။ သို့ရာတွင် သက်လတ်ပိုင်းအရွယ်လူကြီးကမူ ထိုနာကျင်မှုအားသတိမပြုမိသကဲ့သို့ သူ၏မျက်ခုံးပင်တွန့်မသွားပေ။
နောက်ဆုံးတွင် သမားတော်က သက်လတ်ပိုင်းအရွယ်လူကြီး၏အနာအား ပြန်လည်ချုပ်ပြီးမှသာလျှင် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်တော့သည်။
"ဆရာသခင် ဟို....ခင်ဗျားရဲ့ဒဏ်ရာတွေက အင်မော်တယ်တစ်ယောက်ကြောင့်ဖြစ်တာ....ကျွန်တော်တို့က ခင်ဗျားရဲ့အပေါ်ယံဒဏ်ရာကိုပဲ ကုသပေးနိုင်တယ်...ဒါပေမယ့် ကျွန်တော်စိတ်ပူတာက ခင်ဗျားရဲ့အတွင်းဒဏ်ရာတွေက ပြန်ကောင်းလာဖို့ဆိုတာ အချိန်ကြာမှာကိုပဲ"
သမားတော်က ပြောကြားလိုက်လေ၏။
သက်လတ်ပိုင်းအရွယ်လူကြီးက ခေါင်းညိတ်ပြသော်လည်း သူ၏အကြည့်က စားပွဲတစ်လုံးပေါ်တွင်သာရှိနေသည်။
သူက လုယွီ၏ဖခင် တာလျန့်နိုင်ငံတော်၏အမတ်ကြီး လုခိုင်ရှန် ဖြစ်ပေ၏။
"ဆရာသခင် ဟို"
ထိုအချိန်မှာပင် စိတ်လှုပ်ရှားမှုဖြင့်ပြည့်နှက်နေသည့်အသံဖြင့် အော်ဟစ်နေသော လုချီက ရွက်ဖျင်တဲအတွင်းသို့ ဝင်လာခဲ့သည်။
လုချီ၏အသံကို ကြားလိုက်ချိန်တွင် လုခိုင်ရှန်က မျက်မှောင်ကြုပ်လိုက်သည်။ လုခိုင်ရှန်က သူ၏ခေါင်းကိုမော့၍ လုချီအားကြည့်ပြီး လေးနက်တည်ကြည်သောအသံဖြင်ဖြင့် မေးမြန်းလိုက်သည်။
"ငါမင်းကို စစ်ကူသွားတောင်းခိုင်းတာမဟုတ်ဘူးလား...အချိန်ဘယ်လောတ်မှ မကြာသေးဘဲ မင်းကပြန်ရောက်လာပြီလား'
လုချီက ပြုံးပြံုးရွှင်ရွှင်ဖြင့် ပြန်လည်ဖြေကြားလိုက်သည်။
"ဆရာသခင် ဟို....မြို့ပြင်မှာရှိတဲ့ နတ်ဆိုးသားရဲတွေအကုန်လုံး သေကုန်ကြပါပြီ"
Chapter 79
"မင်း ဘာပြောလိုက်တာလဲ"
လုခိုင်ရှန၏မျက်လုံးများက အေးစက်စက်အလင်းရောင်ဖြင့် တောက်ပပြီးပြူ းကျယ်သွားခဲ့သည်။
ယခုလက်ရှိတွင် သူက ဒဏ်ရာရရှိပြီး ထိုင်ခုံပေါ်တွင်ထိုင်နေရသော်လည်း ရက်စက်ကြမ်းကြုတ်ခြင်းကိုဖုံးကွယ်၍ တိုက်ခိုက်ရန်ချောင်းမြောင်းနေသည့် သားရဲတစ်ကောင်နှင့် တူညီနေသည်။
လုချီ၏ စိတ်နှလုံးသည်လည်း တုန်ယင်သွားလေ၏။ သူက လုခိုင်ရှန်၏နောက်သို့ လိုက်ပါခဲ့သည်မှာ အချိန်အတော်ကြာပြီဖြစ်သော်လည်း ဆရာသခင်ဖြစ်သူအား လေးစားရိုသေမှုနှင့်ကြောက်ရွံမှုများ ပြည့်နှက်နေဆဲဖြစ်သည်။
"ဟုတ်ပါတယ်....သားရဲတွေအကုန်လုံးကို သခင်လေးက သတ်ပစ်ခဲ့တာပါ"
လုချီက တုန်ယင်နေသောအသံဖြင့် ဖြေကြားလိုက်လေ၏။
"သခင်လေး....ဘယ်မိသားစုရဲ့သခင်လေးလဲ"
ရုတ်တရက် လုခိုင်ရှန်က မျက်မှောင်ကြုပ်လိုက်မိသည်။ သို့ရာတွင် သူက လုချီကို ငယ်စဉ်ကတည်းက မြေတောင်မြှောက်ပေးခဲ့သူဖြစ်သဖြင့် လုချီက သူ့အားလိမ်ညာပြောမည်မဟုတ်ပေ။
"အဲဒါ...အဲဒါက သခင်လေး လုယွီပါ"
ထိုအချိန်တွင်ပင် လုယွီက လှုပ်ရှားလိုက်ရာ လုခိုင်ရှန်၏ရှေ့သို့ ရောက်ရှိသွားတော့သည်။
"ယွီအာ....မင်းက ဒီနေရာကို ဘယ်လိုရောက်လာတာလဲ"
လုခိုင်ရှန်က ကြက်သေသေသွားသော်လည်း သူ၏ရှေ့ရှိလူငယ်လေးအား ချက်ချင်းသတိပြုမိသွားသည်။
ထိုလူငယ်လေးက သူ၏သား မဟုတ်ပေလော..
သူက လုံကျင်းမှာ ရှိနေသည်မဟုတ်သလော...မည်သည်ကြောင့် မြောက်ပိုင်းနယ်မြေသို့ ရောက်ရှိလာရသနည်း..။
လုခိုင်ရှန်၏မျက်လုံးများသည် ရုတ်တရက် အေးစက်စက်အလင်းရောင်များတောက်ပလာပြီး လုယွီအား ထွင်းဖောက်လုမတတ်ကြည့်လိုက်သည်။
လုချီ၏စိတ်နှလုံးသား တဆတ်ဆတ်တုန်လာပြီး လျှင်မြန်စွာဖြင့် ဝင်ရောက်ရှင်းပြလေသည်။
"ဆရာသခင်ဟို...သခင်လေးက အရင်ကနဲ့မတူတော့ဘဲ ဉာဏ်ရည်ပြန်လည်ကောင်းမွန်လာပါပြီ...ဒါပြင် မြို့ပြင်မှာရှိတဲ့ နတ်ဆိုးသားရဲတွေအကုန်လုံးကိုလည်းသခင်လေးက သတ်ဖြတ်ခဲ့တာပါ...ဒီလိုမှမဟုတ်ရင် ကျွန်တော် မြို့တော်ကတောင်ပြန်လာနိုင်မှာ မဟုတ်ပါဘူး"
ထိုအချိန်မှာပင် လုယွီက ခြေတစ်လှမ်း ရှေ့တိုးလိုက်ပြီး ရိုသေလေးစားစွာဖြင့် ခေါ်ဆိုလိုက်သည်။
"အေဖ....."
လုခိုင်ရှန်က သူ၏သားဖြစ်သူကို သေချာစိုက်ကြည့်နေခဲ့သည်။ သူ့သား၏ ပုံပန်းသွင်ပြင်မှာ ပြောင်းလဲသွားခြင်းမရှိသော်လည်း သားဖြစ်သူထံမှ ခက်ခဲနက်နဲသည့်အော်ရာတစ်ခုအား ခံစားမိနေသည်။
"ရှီထျန်းအဆင့်....ယွီအာ....သားက ရှီထျန်းနယ်ပယ်ကိုတောင် ရောက်နေပြီလား"
လုခိုင်ရှန်က မယုံသင်္ကာမှုများဖြင့် မေးမြန်းလိုက်သည်။
လုယွီက သူ၏ကျင့်ကြံခြင်းအခြေခံတစ်ချို့ကို ဖုံးကွယ်ထားသော်လည်ူ သူ၏ရှီထျန်းနယ်ပယ်တည်ရှိမှုကိုဖိနှိပ်ထားခြင်းမရှိပေ။ ထို့ကြောင့် လုခိုင်ရှန်က အကြည့်တစ်ချက်ဖြင့်ပင် သူ၏ကျင့်ကြံဆင့်အား သိရှိသွားခြင်းဖြစ်သည်။
လုခိုင်ရှန်က ချက်ချင်းပင် မတ်တတ်ထရပ်လိုက်သည်။ သူ၏ခန္ဓာကိုယ်မှနာကျင်မှုကိုပင် အမှုမထားတော့ဘဲ လုယွီအား ထပ်မံ၍ သေသေချာချာကြည့်ရှုလိုက်လေ၏။ သူ၏မျက်လုံးအတွင်းတွင်လည်း ပို၍ ပို၍ အံ့အားသင့်နေမှုများ ထင်ဟပ်လာခဲ့သည်။
လုခိုင်ရှန်၏အကြည့်ကို သတိပြုမိသော လုယွီက နှုတ်ခမ်းများတွန့်ကွေးသည်အထိပင် ပြုံးလိုက်မိသည်။ ဤအရာက သူယခင်ဘဝက မရရှိခဲ့ဘူးသည့် ခံစားချက်မျိုးဖြစ်ပေသည်။
သူ၏အတိတ်ဘဝတွင် သူသန်မာအားကောင်းလာသည့်အချိန်တိုင်း ဝန်းရံတိုက်ခိုက်ကြပြီး အမျိုးမျိုးသောအင်အားစုများ၏ လိုက်လံသတ်ဖြတ်ခြင်းအားသာ ခံခဲ့ရသည်။
သို့သော် ယခုလက်ရှိတွင်မူ သူ၏တိုးတတ်လာမှုအတွက် ပျော်ရွှင်နေသောလူတစ်ယောက်ကြောင့် သူ အမှန်တစ်ကယ်ခံစားနေရသည်။
"ကောင်းတယ်...ကောင်းတယ်"
လုယွီ၏ပခုံးကိုပုတ်ရင်း ပြောလိုက်သော လုခိုင်ရှန်၏မျက်နှာအမူအယာမှာ ကျေနပ်အားရမှုအပြည့်ရှိနေလေသည်။
လုခိုင်ရှန်က သူ၏ခေါင်းကို လုချီဘက်သို့လှည့်ပြီး မေးမြန်းလိုက်သည်။
"ဒီတစ်ကြိမ်...မင်းတို့လုံကျင်းကပြန်လာချိန်မှာ...ဘာတွေဖြစ်ခဲ့တာလဲဆိုတာ ငါကို သေချာပြောပြစမ်း"
လုချီက ဖြစ်ပျက်ခဲ့သမျှအရာရာတိုင်းကို လုခိုင်ရှန်အား သွက်သွက်လက်လက်ရှင်းပြလိုက်သည်။
လုယွီက နတ်ဆိုးသားရဲဒီရေကို အမြစ်ပြတ်သုတ်သက်ခဲ့ပြီး နန်းတော်မှဝန်ကြီးများအားမောင်းထုတ်ခဲ့သည့်အကြောင်းကို ကြားရချိန်တွင် လုခိုင်ရှန်၏မျက်နှာတွင် မယုံကြည်မှုများပြည့်နှက်လာသည်။
ထိုအရာက မဖြစ်နိုင်ပေ။ အကယ်၍ သူ၏သားဖြစ်သူသည် ရုတ်တရက် ဉာဏ်ရည်ပြန်လည်ရရှိလာသည်ဆိုလျှင်ပင် ယခုလောတ်ထိတော့ အစွမ်းမထက်သင့်ချေ။
"ဆရာသခင် ဟို...တစ်ကယ်လို့ ဆရာ ကျွန်တော်ကိုမယုံဘူးဆိုရင် မြို့ပြင်ကိုထွက်ပြီး တစ်ချက်လောတ်ကြည့်ကြည့်ပါ"
လုချီက ပြောဆိုလိုက်လေ၏။
လုခိုင်ရှန်က ခေါင်းညိတ်ပြလိုက်သည်။ ယခင်ကတည်းက သူသည် နေ့စဉ်နေ့တိုင်း မြို့တံတိုင်းများအား လှည့်ပတ်စစ်ဆေးသည့်အကျင့် ရှိနှင့်ပြီးသားဖြစ်လေ၏။ ယနေ့ကမူ အပြင်ကိုထွက်၍ ကြည့်ရှုရန် အကောင်းဆုံးအခွင့်အလမ်း ဖြစ်ပေါ်လာခဲ့သည်။
"မင်းရဲ့အမေက မင်းကို မြောက်ပိုင်းနယ်မြေကိုလာဖို့ အမှန်တစ်ကယ်ခွင့်ပြုလိုက်တယ်ပေါ့...ဘယ်လိုတောင် ပေါ့လျော့နေကြတာလဲ"
လုခိုင်ရှန်က သူ၏သားကို တွေ့မြင်ရသည့်အတွက် အလွန်ပျော်ရွှင်နေသော်လည်း လုယွီက သားရဲဒီရေလှိုင်းအားသုတ်သင်ပစ်နိုင်ခဲ့သည် ဟူသည်ကိုမူ အပြည့်အဝယုံကြည်ခြင်းမရှိသေးချေ။
သူ၏သားဖြစ်သူက ရှီထျန်းအဆင့်ဖြစ်နေလျှင်ပင် သားရဲဒီရေကို သုတ်သင်ဖို့ဆိုသည်ကိုအသာထား၍ ထိတ်လန့်တုန်လှုပ်စရာ နတ်ဆိုးသားရဲများကြားတွင်ခအသက်ရှင်သန်နိုင်ရန်ပင် မဖြစ်နိုင်ပေ။
သူတို့လူစုက ရွက်ဖျင်တဲအတွင်းမှ အတူတကွ ထွက်ခွာခဲ့ကြသည်။ ထိုအချိန်တွင်ပင် တပ်မှူ းတစ်ယောက်ရောက်လာပြီး စစ်ရေးကိစ္စများကို လုခိုင်ရှန်အား သတင်းပို့နေသဖြင့် လုယွီတို့က စောင့်ဆိုင်းနေကြရသည်။
လုယွီ၏အကြည့်က ဖခင်ဖြစ်သူ လုခိုင်ရှန်၏ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာစီသို့ အခိုင်အမာ ကျရောက်သွားခဲ့သည်။
သူ့မျက်လုံးရှေ့ရှိဒဏ်ရာသည် ချွန်ထက်သောဒဏ်ရာကြောင့်ဖြစ်သည်မှာ သိသာထင်ရှားနေပြီး နတ်ဆိုးသားရဲများကြောင့် ရရှိခြင်းမဖြစ်နိုင်ပေ။
"လုချီ...ကျုပ်အဖေရဲ့ဒဏ်ရာက ဘာဖြစ်တာလဲ"
လုယွီက လေသံနှိမ့်၍ မေးမြန်းလိုက်သည်။
လုချီကလည်း လေသံတိုးတိုးဖြင့်ပြန်လည်ဖြေကြားလိုက်လေ၏။
"သခင်လေး...ကျွန်တော် အထီးကျန်မြို့တော်က ထွက်ခွာလာတုန်းက အမတ်ကြီးက အကောင်းအတိုင်းပဲ....အခုလောလောဆယ်မှာ ရထားတဲ့ဒဏ်ရာပဲဖြစ်ရမယ်...ကျွန်တော် လုဝူကိုသွားမေးလိုက်မယ်"
လုဝူသည်လည်း လုခိုင်ရှန်၏ကိုယ်ရံတော်များအနက်မှ တစ်ယောက်ဖြစ်ပေသည်။ လုယွီက သူ့အားတွေ့လိုကြောင်း ကြားသိချိန်တွင် လုဝူက အလျှင်အမြန်ပြေးလာပြီး သူ၏လက်သီးကိုတင်းတင်းဆုပ်၍ အရိုအသေပြုလိုက်သည်။
"သခင်လေး'
လုယွီက သူ၏လက်ကို ဝှေ့ယမ်းလိုက်လေသည်။
"လုဝူ....ငါ မင်းကိုမေးစရာရှိတယ်...ငါရဲ့အဖေက ဘယ်သူကြောင့်ဒဏ်ရာရတာလဲ"
လုဝူက လုယွီအား ယခင်ကမြင်တွေ့ဖူးခြင်းမရှိပေ။ သို့ရာတွင် သူရှေ့မှလူသည် သူ၏သခင်လေးဆိုသည်ကို သိရှိနေခြင်းကြောင့် ဖုံးကွယ်မထားရန် ဆုံးဖြတ်လိုက်သည်။
"အဲဒါက အင်္သေချေသားရဲဂိုဏ်းက အင်မော်တယ်တစ်ယောက်လုပ်တာပါ...သူက မြို့ကိုခုခံကာကွယ်နေတဲ့အချိန်မှာ သခင်ကြီးတစ်ယောက်တည်းက နတ်ဆိုးသားရဲတွေအများကြီးကိုသတ်ပစ်ပြီး သားရဲဒီရေကို ရှေ့ဆတ်မတိုးနိုင်အောင်ဟန့်တားထားတာကို မြင်သွားခဲ့တယ်...အဲ့ဒါကြောင့် သူက သခင်ကြီးကိုဦးတည်တိုက်ခိုက်ခဲ့တာပါ"
လုဝူထံတွင် အကြောက်တရားများကျန်ရှိနေဆဲဖြစ်ပုံရပြီး သူက ဆတ်ပြောလိုက်သည်။
"အဲ့ဒီနေ့က စစ်နတ်ဘုရားဂိုဏ်းက အင်မော်တယ်သာ ရောက်မလာခဲ့ဘူးဆိုရင်...ကျွန်တော်စိတ်ပူတာက...အမတ်ကြီး....သူ....ဟူး...."
Chapter 80
"အင်္သချေသားရဲဂိုဏ်းက လူတွေလုပ်တာတဲ့လား"
လုယွီက တီးတိုးရေရွတ်လိုက်ပြီး သူ၏မျက်လုံးအတွင်းတွင် သတ်ဖြတ်ချင်သည့်စိတ်ဆန္ဒအရိပ်အယောင်များ ဖြတ်ပြေးသွားလေ၏။
သူ၏ဖခင်အား ဒဏ်ရာရရှိစေရန်ပြုလုပ်သူသည် မည်သူမည်ဝါဖြစ်ပါစေ တန်ကြေးပြန်လည်ပေးဆပ်ရပေလိမ့်မည်။
လုယွီ၏သတ်ဖြတ်ချင်နေသော စိတ်ဆန္ဒကို အာရုံခံမိသော လုဝူ၏စိတ်အတွင်းတွင် ကူရာကယ်ရာမဲ့စွာဖြင့် တဆတ်ဆတ်တုန်ယင်နေပေသည်။ သူက ကြောက်ရွံမှုအား အမှန်တကယ်ပင်ခံစားနေရလေ၏။
"ငါရဲ့နတ်ဆိုးသားရဲတွေကို ဘယ်ကောင်ဖျက်ဆီးပစ်တာလဲ"
ထိုအချိန်မှာပင် ကြည်လင်နေသောမိုးကောင်းကင်မှ မိုးကြိုးပစ်သံကဲ့သို့ ဒေါသတကြီး ကြုံးဝါးလိုက်သံက အဝေးတစ်နေရာမှ ထွက်ပေါ်လာခဲ့သည်။
ထိုအသံက ရုန့်ရင်းကြမ်းတမ်းသည့် မိုးကြိုးတစ်စင်းက ကောင်းကင်ဘုံမှ နားပင်းလုမတတ်မြည်ဟိန်းသံကြီးနှင့်အတူ ဆင်းသက်လာသံနှင့်တူညီပြီး မြို့တစ်မြျို့လုံးအနှံ ပဲ့တင်ထပ်ပျံ့နှံ့သွားလေသည်။
မြို့အတွင်းရှိလူတိုင်းသည် ထိုပေါက်ကွဲနေသော အော်ဟစ်သံကြီးကို အတိုင်းသားကြားနေရပေ၏။
လုဝူ၏အမူအယာက ချက်ချင်းပြောင်းလဲသွာသည်။
"အဲဒါက အင်္သေချေသားရဲဂိုဏ်းက အင်မော်တယ်ပဲ"
အသံနက်ကြီးနောက်မှကပ်ပါလာသည့် အနက်ရောင်ပုံရိပ်တစ်ရိပ်သည် လေထုအတွင်းတွင် သူ၏လက်များကိုနောက်ပစ်၍ မတ်တတ်ရပ်နေသည်အား လူတိုင်းမြင်တွေ့နိုင်ပေ၏။
ထိူသူက ကြမ်းတမ်းသောအော်ရာနှင့် အဖိုးအိုတစ်ယောက်ဖြစ်သည်။ သူ၏ခန္ဓာကိုယ်ပေါ်တွင် သားရဲတစ်ကောင်၏သားရေကိုဝတ်ဆင်ထားပြီး သူ၏မျက်နှာမှာလည်း မုတ်ဆိတ်မွှေးထူလဗျစ်ဖြင့် ဖြစ်လေ၏။
သူသည် အင်္သချေသားရဲဂိုဏ်း၏အကြီးအကဲတစ်ယောက်ဖြစ်သော ဟူယန်းလီ ဖြစ်ပေသည်။
ယူယန်းလီက နယ်စပ်တွင်အလွန်ထိတ်လန့်ဖွယ်ကောင်းသော တည်ရှိမှုကြီးဖြစ်သည်။ သူ၏ကျင့်ကြံခြင်းအခြေခံသည် နက္ခတ်တာရာပြောင်းလဲခြင်းနယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်သည့်အပြင် လူအများအားကြောက်ရွံတုန်လှုပ်သွားစေမည့် ဆင့်ခေါ်ခြင်းနည်းစနစ်များကိုလည်း သူက အသုံးပြုနိုင်လေသည်။
ကောလဟာလများအရ ဟူယန်းလီသည် တစ်ခါက ရှေးဟောင်းစွန့်ပစ်နယ်မြေတစ်ခုအတွင်းသို့ ဝင်သွားခဲ့ပြီး သူက သားရဲစိတ်ဝိညာဉ်တစ်ခုကိုရှာဖွေတွေ့ရှိခဲ့ကာ ၎င်းနှင့်သူ၏ခန္ဓာကိုယ်အား ပေါင်းစည်းခဲ့သည်ဟု သတင်းထွက်ပေါ်ဖူးသည်။
ထိုအချိန်မှစ၍ သူ၏အော်ရာတွင် ရှေးဟောင်းသားရဲတစ်ကောင်၏အော်ရာ ပါရှိနေခဲ့သည်။
ဟူယန်းလီ အမိန့်ပေးလိုက်သည်နှင့် မရေမတွက်နိုင်သည့်နတ်ဆိုးသားရဲများက သူထံရောက်လာပြီး သူ၏အမိန့်ကို နာခံကြပေသည်။
တာလျန့်နိုင်ငံတော်၏မြောက်ဘက်အကျဆုံးနယ်မြေမှစစ်တပ်ကြီးသည် သူ၏နတ်ဆိုးသားရဲများကြောင့် ရပ်တန့်နေရခြင်းဖြစ်သည်။
စစ်နတ်ဘုရားဂိုဏ်းမှ အကြီးမြင့်ဆုံးအင်မော်တယ်ကြောင့်သာမဟုတ်လျှင် ဟူယန်းလီ၏သားရဲဒီရေသည် သေမျိုးများအား ဝါးမြိုပြီးဖြစ်မည်မှာ အချိန်အတော်ပင်ကြာနေပြီဖြစ်လေသည်။
"စစ်နတ်ဘုရားဂိုဏ်းက ခွေးမသား....ဒီနေရာကို ချက်ချင်းထွက်လာခဲ့စမ်း....အရမ်းတွန့်ဆုတ်မနေစမ်းနဲ့...မင်းက ငါရောက်လာတာကိုမြင်တာနဲ့ ကြောက်လန့်နေပြီလား"
ဟူယန်းလီက အော်ဟစ်လိုက်လေ၏။
သူ၏အသံသည် ကောင်းကင်ယံမှမိုးကြိုးပစ်ချလိုက်သည်နှင့်တူညီပေရာ လူတိုင်း၏ကျောရိုးများပင် ချမ်းစိမ့်စိမ့်ဖြစ်သွားစေသည်။
ဟူယန်းလီက သူ၏သားရဲဒီရေသည် သေမျိုးများကြောင့် သေကြေပျက်စီးရသည်ဟု လုံးဝမယုံကြည်ပေ။ သူသည် နယ်စပ်တွင် သားရဲဒီရေအုပ်ပေါင်းများစွာကို စေလွှက်ထားပြီး သားရဲဒီရေတိုင်းသည် သားရဲဘုရင်များ၏ထိန်းချုပ်မှုအောက်တွင် တည်ရှိသည်။ ထိုသားရဲဘုရင်များအား ဟူယန်းလီ၏နှလုံးသားနှင့် ချိတ်ဆတ်ထားပေရာ အကယ်၍ တစ်စုံတစ်ခုဖြစ်ပျက်သည်နှင့် သူအရင်ဆုံးသိရှိနိုင်မည် ဖြစ်လေ၏။
သို့သော် ယနေ့တွင်မူ သူ၏သားရဲဘုရင်တစ်ကောင်က ရုတ်တရက် သေဆုံးသွားခဲ့သည်။
မူလက ဟူယန်းလီသည် ကျင့်ကြံနေခြင်း၏အလယ်၌ရောက်ရှိနေသော်လည်း သူက ချက်ချင်းနိုးထလာပြီး ရုတ်တရက် သွေးတစ်ပွက်အန်ထုတ်လိုက်ရသည်။
အဆိုးဆုံးက သူသည် ကျင့်ကြံခြင်းအဆင့်အားချိုးဖျက်ရန်စီစဉ်ထားသော်လည်း ကံဆိုးစွာဖြင့် အချိန်တခဏအလိုမှာပင် ကြားဝင်နှောက်ယှက်ခြင်းကို ခံလိုက်ရခြင်းဖြစ်လေ၏။
ထို့ကြောင့် ဟူယန်းလီက အလွန်အမင်း စိတ်ဆိုးဒေါသထွက်နေပေသည်။
"နောက်ဆုံးတစ်ကြိမ်တုန်းက မင်းတို့ရဲ့ သောက်အကြီးအကဲက မင်းတို့ကိုကယ်တင်သွားခဲ့တာ...ကြည့်ရတာတော့ မင်းတို့ကောင်တွေက အမှတ်သည်းခြေမရှိဘူးထင်တယ်....ဟိုကောင်...မင်းထွက်မလာသေးဘူးလား....မင်းထွက်မလာရင် ဒီမြို့ထဲမှာရှိတဲ့ သေမျိုးအားလုံးကို ငါက သတ်ပစ်မယ်"
ဟူယန်းလီက အော်ဟစ်လိုက်လေ၏။
အထီးကျန်မြို့တစ်မြို့လုံး တိတ်ဆိတ်ငြိမ်သက်နေသည်။ မည်သူကမျှ အသံမထွက်ဝံ့ကြပေ။
သူတို့က တာလျန်နိုင်ငံတော်အတွက် တ်ုက်ခိုက်ရန်အဆင်သင့်ဖြစ်နေသည့် ရဲရင့်သောစစ်သားများဖြစ်သော်လည်း ဤကဲ့သို့ကျွမ်းကျင်သူတစ်ယောက်အား မျက်နှာမူ၍ပြန်လည်ပြောဆိုရန်မှာမူ တီးတိုးရေရွတ်ရန်ပင် သတ္တိအနည်းငယ်မျှမရှိကြပေ။
ယခုချိန်တွင် ခြေတစ်လှမ်းရှေ့တိုးဝံသည့်မည်သူမဆို အသတ်ခံရမည်မှာ သံသယဖြစ်ဖွယ်မရှိပေ။
"ဟူယန်းလီ....မင်းက ဂိုဏ်းနှစ်ဂိုဏ်းကြားက သဘောတူညီချက်ကိုချိုးဖျက်ပြီး ဒီနေရာကိုဖိအားလာပေးဝံ့တယ်လား"
ရုတ်တရက် တစ်စုံတစ်ယောက်က မြေပြင်ပေါ်မှနေ၍ မြို့ရိုးပေါ်သို့ ခုန်တတ်ပြီး ပြောဆိုလိုက်သည်။ ထိုသူက လုခိုင်ရှန်ပင် ဖြစ်လေ၏။
လုခိုင်ရှန်၏ချုပ်နှောင်ထားသောဒဏ်ရာများသည် နောက်တစ်ဖန် ပွင့်ထွက်သွားပြန်သည်။ သူ၏အဖြူ ရောင်ဝတ်စုံသည်လည်း ချက်ချင်းပင် သွေးများစွန်းထင်းလာခဲ့သည်။
ဟုယန်းလီက လုခိုင်ရှန်ကို သတိပြုမိသွားပြီး လှောင်ပြောင်သရော်လိုက်သည်။
"ပုရွတ်ဆိတ်လေးပါလား..နောက်ဆုံးတစ်ကြိမ်တုန်းက ဒီအဖိုးကြီးက မင်းကိုအသက်ရှင်ရက်လွှက်ပေးခဲ့ပြီးပြီ...ဘာလို့လဲ...မင်းအသက်ရှင်ရတာကြာနေပြီလို့ ထင်နေလို့လား"
ချက်ချင်းပင် ဟူယန်းလီက သူ၏လက်ကို စိတ်မရှည်လက်မရှည်ဖြင့် ဝှေ့ယမ်းလိုက်လေသည်။
"ငါမင်းနဲ့စကားပြောပြီး အချိန်မဖြုန်းနိုင်ဘူး...အဲ့ဒီ စစ်နတ်ဘုရားဂိုဏ်းကကောင်ကို မြန်မြန်ထွက်လာခိုင်းလိုက်....အဲ့လိုမှမဟုတ်ရင် ဒီနေရာမှာရှိနေတဲ့ သေမျိုးအားလုံးသေရမယ်"
"စစ်နတ်ဘုရားဂိုဏ်း.....ဒီနေရာမှာ စစ်နတ်ဘုရားဂိုဏ်းက အင်မော်တယ်တစ်ယောက်ရှိနေလို့လား"
လုခိုင်ရှန်က သံသယများ ပေါတ်ဖွားလာခဲ့သည်။
သို့ရာတွင် အချိန်တခဏကြာပြီးနောက် သူ၏အကြည့်က မြို့ပြင်၌ အတုံးအရုံးရှိနေသည့် နတ်ဆိုးသားရဲအသေကောင်များပေါ်သို့ ကျဆင်းသွားခဲ့သည်။
မည်သူက ထိုနတ်ဆိုးသားရဲများကို သတ်ဖြတ်ပစ်သနည်း...။
လုခိုင်ရှန်၏စိတ်နှလုံးသား တုန်လှုပ်သွားလေ၏။ သူကတီးတိုးရေရွတ်မိသည်။
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"