အခန်း (၉၁-၉၅)
Vol. 6-10 Ch. 91-95
Chapter 91
လုယွီက လှိုဏ်ဂူအတွင်းတွင် ပလ္လင်ခွေထိုင်နေသည်။ အချိန်အတော်အကြာတွင်မူ သူ၏မျက်လုံးများအား ဖွင့်လိုက်သည်။
"ဒီ ဖုန်းရွှေရတနာမြေမှာရှိတဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေအကုန်လုံးကို ငါ အကုန်သုံးပြီးသွားပြီးပဲ"
လုယွီက အနည်းငယ်မျက်မှောင်ကြုပ်လိုက်မိသည်။
ဤဖုန်းရွှေရတနာမြေသည် သူ့အား လုံချီနယ်ပယ်ကိုချိုးဖျက်ဝင်ရောက်နိုင်ရန် လုံလောတ်လိမ့်မည်ဟု မူလက သူ တွေးထင်ထားခဲ့သည်။
သို့သော် ယခုလက်ရှိတွင် သူ၏မရီးဒါန်းများအားလုံး အစွမ်းထက်သောကျန်းချီများနှင့် ပြည့်နှက်နေသော်လည်း လုံချီနယ်ပယ်သို့ရောက်ရှိရန်အတွက် ဆံချည်တစ်မျှင်စာမျှလိုအပ်နေလေ၏။
"ဒါက ငါခန္ဓာကိုယ်ပေါ်က ထူးဆန်းတဲ့ထိုက်ကျိအမှတ်အသားကြောင့်ဖြစ်ရမယ်...ငါရဲ့ စိတ်ဝိညာဉ်စွမ်းအင် ဝါးမြိုနိုင်တဲ့အရှိန်တိုးလာတဲ့အပြင် ငါပြန်ရရှိတဲ့ ကျန်းချီကလဲ ပိုပြီးသန့်စင်လာတယ်"
လုယွီက ထိုက်ကျိအမှတ်အသားနှင့်ပတ်သတ်၍ သဲလွန်စတစ်ချို့ကို ရှာဖွေတွေ့ရှိမိလေသည်။
ထိုက်ကျိအမှတ်အသားသည် လုံလောတ်သော စိတ်ဝိညာဉ်စွမ်းအင်များကိုစုပ်ယူပြီးနောက် သူကိုယ်သူဖုံးကွယ်၍ နေနေလေသည်။
"ကြည့်ရတာတော့ နောက်ထပ်နယ်ပယ်တစ်ခုကို ချိုးဖျက်ဝင်ရောက်နိုင်ဖို့ အရင်ကထက်အများကြီး ပိုခက်ခဲတော့မယ်"
လုယွီက ကူရာကယ်ရာမဲ့စွာဖြင့် သူ၏ခေါင်းကိုသာ သွင်သွင်ခါယမ်းမိတော့သည်။
ယခုနေရာသည် သူအတွက်အသုံးမဝင်တော့ပြီဖြစ်သဖြင့် လုယွီက ထွက်ခွာရန် ပြင်ဆင်လိုက်သည်။ သို့ရာတွင် ထိုအချိန်တခဏမှာပင် လုယွီက ရေစီးသံခပ်သဲ့သဲ့အား ကြားလိုက်ရသည်။
ထိုအသံထွက်ပေါ်သည့်နေရာက လှိုဏ်ဂူနှင့်အလှမ်းမဝေးပေ။ ထိုရေစီးသံက မြေအောက်မြစ်တစ်စင်း စီးဆင်းနေခြင်း ဖြစ်နိုင်ပေ၏။
ယခင်က လုယွီသည် ထိုရေစီးသံကိုသတိပြုမိသော်လည်း ဂရုစိုက်ခြင်းမရှိပေ။ သို့ရာတွင် သူထွက်ခွာရန်ပြင်ဆင်နေချိန်၌ သူ၏စိတ်ဝိညာဉ်အာရုံမှ ရုတ်တရက် တစ်စုံတစ်ခုအား ရှာဖွေတွေ့ရှိမိခြင်းဖြစ်သည်။
သူ၏စိတ်ဝိညာဉ်သည် တာအိုသခင်၏စိတ်ဝိညာဉ်ဖြစ်ပေ၏။ ယခုလက်ရှိတွင် သူ၏စိတ်ဝိညာဉ်သည် ထိခိုက်ထားပြီး မူလစွမ်းအားထက် ယုတ်လျော့နေသော်လည်း မြေအောက်မြစ်တွင်ဖြစ်ပျက်နေသည့် ပြောင်းလဲမှုများကို ရှင်းရှင်းလင်းလင်း သိရှိနိုင်လေသည်။
"မြေအောက်မြစ်ထဲမှာ တစ်စုံတစ်ခု ရှိပုံရတယ်....."
လုယွီက တီးတိုးရေရွတ်လိုက်လေ၏။
လုယွီက သူ၏လက်ကို မြေပြင်ပေါ်တွင် ဖိနှိပ်ပြီး အချိန်တခဏကြာ တီးတိုးရေရွတ်နေခဲ့သည်။ ထို့နောက် သူက နေရာတစ်ခုကိုသေသေချာချာရွေးချယ်ပြီး ပြင်းထန်စွာထုနှက်လိုက်သည်။
ဘုန်း....
ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ မြေပြင်ပေါ်တွင် ကြီးမားသည့်တွင်းကြီးတစ်တွင်းဖြစ်ပေါ်လာခဲ့သည်။ တွင်း၏ထိပ်မှနေ၍ မြေစမြေနများဆက်လက်ပြုတ်ကျနေပြီးနောက် စီးဆင်းနေသည့်မြစ်တစ်စင်းထွက်ပေါ်လာလေသည်။
"ဝုန်း....."
အနည်းငယ်မျှပင် တုံဆိုင်းခြင်းမရှိဘဲ လုယွီက မြစ်အတွင်းသို့ ခုန်ချလိုက်သည်။
ထိုမြစ်အတွင်းတွင် လှိုင်းများက တလိမ့်လိမ့်မြင့်တက်နေသည်။ မြစ်ရေသည် သူတွေးထင်ထားသကဲ့သို့ အေးမြခြင်းမရှိဘဲ ပူနွေးနေလေ၏။
လုယွီက မြစ်ရေအတွင်းသို့ငုပ်လျှိုးလိုက်ပြီး သူကိုယ်သူကာကွယ်နိုင်ရန် ကျန်းချီများအား ချက်ချင်းလှည့်ပတ်လိုက်သည်။ လုယွီက သူအာရုံခံစားမိသည့်အော်ရာနောက်သို့လိုက်ပါသွားရာ အလွန်ပူပြင်းသည့်အပူရျိန်ကိုခုတ်လွှတ်ပေးနေသည့်အရာတစ်ခုအား လျှင်မြန်စွာဖြင့် ရှာဖွေတွေ့ရှိလိုက်သည်။
"ဒါက တစ်ကယ်ကို ပြင်းထန်သောမီးတောက်ပန်း ပဲ...ပစ္စည်းကောင်းလေးပါလား"
လုယွီ၏မျက်လုံးမျာ တောက်ပသွားလေသည်။
ထို ပြင်းထန်သောမီးတောက်ပန်းသည် များသောအားဖြင့် မီးတောင်များ၏အစွန်းများတွင်သာ ပေါက်ပြီး မီးကဲ့သို့ပူပြင်းသည့်ပန်းပွင့်ဖြစ်သည်။
သို့သော် တစ်ချို့သောအခြေအနေများအောက်တွင် ဤကဲ့သို့ပန်းပွင့်များ ပေါက်ရောက်သည့် တစ်ခြားနေရာများလည်းရှိနေဆဲဖြစ်သည်။
ထို ပြင်းထန်သောမီးတောက်ပန်းသည် မြောက်များစွာသောနေရာများတွင် အသုံးပြုနိုင်သည်။ သို့ရာတွင် ယခုလက်ရှိ လုယွီအတွက် အရေးအကြီးဆုံးကိစ္စမှာ ကမ္ဘာငယ်အတွင်းရှိ ပိုင်တိုကောင်းကင်ဘုံဂိုဏ်းအတွင်းတွင် ကျင့်ကြံ၍မရခြင်းဖြစ်သည်။
လေဟာနယ်မှော်ရတနာပစ္စည်းများကို ပြုပြင်ရန်အတွက် မရှိမဖြစ်အရေးကြီးသော မတူညီသည့် ပစ္စည်းနှစ်မျိုးလိုအပ်ပေသည်။ ထိုပစ္စည်းများက အပူပြင်းဆုံး ယန်နှင့် နူးညံသိမ်မွေ့မှုအရှိဆုံး ယင်ဓာတ်ရှိသည့်ပစ္စည်းများဖြစ်သည်။ ယခု ပြင်းထန်သောမီးတောက်ပန်းပွင့်သည် အပူပြင်းဆုံးယန်ပစ္စည်းများအနက်မှ တစ်ခုဖြစ်ပေ၏။
လုယွီ၏လက်များက ပြင်းထန်သောမီးတောက်ပန်းပွင့် ထံသို့ရောက်ခါနီးတွင် ရုတ်တရက် အနက်ရောင်ပုံရိပ်တစ်ခုက သူ၏နံဘေးနားတွင် မျှော်လင့်မထားမိဘဲ ထွက်ပေါ်လာခဲ့သည်။
"ဟွန့်....ကောင်းကင်နဲ့မြေကြီးက ရတနာတွေရဲ့ အစောင့်အရှောက်စိတ်ဝိညာဉ်သားရဲပဲ"
လုယွီ၏မျက်လုံးများက ရေခဲတမျှ အေးစက်သွားလေ၏။ သူက ထိုစိတ်ဝိညာဉ်သားရဲအမျိုးအစားမျိုးနှင့် ပတ်သတ်ယှက်နွယ်လိုစိတ်မရှိပေ။
"ဝီ..ဝီ....."
ရုတ်ချည်းဆိုသလိုပင် လုယွီက သူ၏တာအိုသခင်စိတ်ဝိညာဉ်အော်ရာအား ထုတ်လွှတ်လိုက်သည်။ ထိုအချိန်တွင် စိတ်ဝိညာဉ်သားရဲသည် သူ၏ကိုယ်ပိုင်ရင်းမြစ်အတွင်းမှခြိမ်းခြောက်မှုတစ်ခုအားခံစားရပြီး လုယွီထံတိုးဝှင်လာသည်ကိုရပ်တန့်ကာ ကြောက်ရွံမှုဖြင့်စိုက်ကြည့်နေလေ၏။
"ထွက်သွားစမ်း"
လုယွီက ကျန်းချီလှိုင်းတစ်လှိုင်း ပစ်လွှက်လိုက်သည်နှင့် မြစ်ရေအတွင်းတွင် ပူဖောင်းတစ်ခုထွက်ပေါ်လာကာ စိတ်ဝိညာဉ်သားရဲအားထိမှန်သွားပြီး လွင့်ထွက်သွားလေတော့သည်။
စိတ်ဝိညာဉ်သားရဲက လုယွီ မည်မျှထိအစွမ်းထက်ကြောင်းကို သိရှိနေပုံဖြင့် ချက်ချင်းပင် လှည့်ထွက်ပြေးလေ၏။
လုယွီက ပြင်းထန်သောမီးတောက်ပန်းပွင့်ကို သူ၏သိုလှောင်အိတ်အတွင်းသို့ ထည့်လိုက်သည်။ လက်ရှိတွင် သူက ပျက်စီးနေသည့် ကမ္ဘာငယ်လေးအားပြုပြင်နိုင်ရန် အလွန်အမင်းနူးညံသိမ်မွေ့သည့် ယင်ပစ္စည်းတစ်ခု လိုအပ်နေသေးသည်။
လုယွီက လေးလံသော သက်ပြင်းတစ်ချက်ချလိုက်မိသည်။ သူက ပြင်းထန်သောမီးတောက်ပန်းကို သိမ်းဆည်းပြီးဖြစ်သဖြင့် ယခုနေရာ၌ဆက်လက်နေရန် အစီအစဉ်မရှိတော့ပေ။
မြေအောက်မြစ်တစ်လျှောက် လိုက်ပါရင်း နောက်ဆုံး၌ လုယွီက ထွက်ပေါက်အား တွေ့မြင်မိသည်။
"ခရက္"
လုယွီက မြစ်ရေအတွင်းမှခုန်တတ်လိုက်ရာ ချက်ချင်းပင် မြူ ခိုးများက သူ့အားလွှမ်းခြုံထားသည်အား ခံစားမိသည်။
ပြင်းထန်သောမီးတောက်ပန်း၏ အာနိသင်ဖြင့် ပတ်ဝန်းကျင်ရှိ ရေအပူချိန်သည် အလွန်မြင့်မားနေပြီး သိသာထင်ရှားစွာဖြင့် ယခုနေရာ၌ ရေပူစမ်းတစ်ခု ရှိနေလေ၏။
လုယွီက မြစ်ရေအတွင်းမှ ထွက်လိုက်ချိန်တွင် ရုတ်တရက် သူ၏ခန္ဓာကိုယ်အေးခဲသွားပေသည်။
သူ၏ရှေ့တွင် လှပသောပုံရိပ်တစ်ခုအား မြင်တွေ့နေရသည်။
ထိုပုံရိပ်က ရေပူစမ်းအတွင်းတွင် ရေချိုးနေပုံရသည့် အဝတ်ဗလာဖြင့်မိန်းကလေးတစ်ယောက် ဖြစ်ပေသည်။
သူမက တစ်စုံတစ်ယောက်သည် မြေအောက်မြစ်အတွင်းမှ ထွက်ပေါ်လာမည်ကို မျှော်လင့်မထားမိပုံဖြင့် လုယွီကို အံ့အားသင့်မှုများဖြင့် စိုက်ကြည့်နေခဲ့သည်။
Chapter 92
လုယွီ၏မြင်ကွင်းအတွင်းသို့ အဖြူ ရောင်ကျောက်စိမ်းပုံလေး ဝင်ရောက်လာလေ၏။
လုယွီနှင့်မိန်းကလေးတို့နှစ်ဦးစလုံး ဆွံအနေကြပြီးနောက် မိန်းကလေးက ဒေါသတကြီးဖြစ်လာခဲ့သည်။ သူမ၏ကျောက်စိမ်းကဲ့သို့ဖြူ နုသော လက်ချောင်းထိပ်မှ ဓားချီစီးကြောင်းတစ်ခုထွက်လာပြီး လုယွီထံသို့ ပစ်လွှက်လိုက်သည်။
"ဝွစ္..."
လေထုအားထွင်းဖောက်လာသည့်အသံနှင့်အတူ ဓားချီစီးကြောင်းပါလာသည့်အသံကို လုယွီ ကြားလိုက်မိသည်။ ထိုဓားချီက အလွန်အန္တရာယ်များပြီး သူရှောင်ရန်လိုအပ်သည်ကိုလည်း လုယွီ ကောင်းစွာသဘောပေါက်ပေ၏။
သူ၏ရှေ့မှ ထိုမိန်းကလေးသည် တာအို၏ပထမအဆင့်ဖြစ်သော အဝန်းကြီးနယ်ပယ်၏အထွက်အထိပ်တွင် ရောက်ရှိနေသူဖြစ်လေသည်။
ဖတ္....
လုယွီက ရှောင်တိမ်းလိုက်နိုင်သော်လည်း ထိုဓားချီသည် အလွန်လျှင်မြန်သဖြင့် သူ၏ပခုံးအား ပြတ်ရှသွားစေခဲ့သည်။ လုယွီ၏ပခုံးပေါ်ရှိဒဏ်ရာမှနေ၍ သွေးများက တဖြည်းဖြည်းစီးကျလာသည်။
"သူက ရှောင်နိုင်တယ်ပေါ့"
မိန်းကလေး၏လှပသောမျက်လုံးများအတွင်းတွင် အံ့အားသင့်မှုအရိပ်အယောင်များ ထင်ဟပ်သွားခဲ့သည်။
ထိုအချိန်တခဏအတွင်းမှာပင် သူမ၏လက်ချောင်းများကို ပေါ့ပါးစွာဖြင့်လှုပ်ရှားလိုက်ရာ ရေမျက်နှာပြင်မှနေ၍ ဇီသာတေးသံလှိုင်းများက ပဲ့တင်ထပ်ထွက်ပေါ်လာခဲ့သည်။
ရေမျက်နှာပြင်တွင် ဇီသာတေးသံ ပဲ့တင်ထပ်နေပြီးနောက် ချက်ချင်းပင် ရေအောက်မှနေ၍ ရေဓားများ ပေါ်ထွက်လာလေသည်။ ထိုဓားများအားလုံးက အေးစက်စက်အလင်းရောင်များဖြာထွက်နေပြီး လုယွီအား ပစ်မှတ်ထားနေကြသည်။
မိန်းကလေး၏အကြည့်က ရေခဲတမျှအေးစက်နေပြီး ရေမျက်နှာပြင်ပေါ်သို့ သူမ၏လက်ချောင်းများကို အသာအယာတို့ထိလိုက်သည်။ ထိုဇီသာတေးသံသည် ရေဓားများအတွက် နောက်ဆုံးသီချင်းတစ်ပုဒ်နှင့်တူညီနေပြီး ပြင်းထန်သည့်သတ်ဖြတ်ခြင်းစိတ်ဆန္ဒများကိုသယ်ဆောင်၍ လုယွီထံသို့ တရကြမ်းတိုးဝင်လာကြသည်။
လုယွီသည်လည်း အလွန်အမင်း ဒေါသထွက်နေလေ၏။
သူသည် ထိုမိန်းကလေးအား ကြည့်ရှုရန် ရေအောက်တွင် ရည်ရွယ်ချက်ရှိရှိ စောင့်ဆိုင်းနေခြင်းမဟုတ်ပေ။ ထိုဖြစ်ရပ်က မတော်တဆကိစ္စတစ်ခုဖြစ်သေည်လည်း သူမက သူအားအမှန်တစ်ကယ်ပင် သတ်ဖြတ်ချင်နေသည်။
လုယွီသည် ယခင်က သူ၏ကြင်နာမှုအတွက် ရန်ငြိုးဖြင့်ပြန်ပေးဆပ်ခဲ့သည့် မုန့်ကျူ းယွင်နှင့် တွေ့ဆုံပြီးချိန်မှစ၍ ယခုတစ်ကြိမ်တွင် မည်သည့်သနားညှာတာမှုကိုမျှမပြသတော့ဟု ဆုံးဖြတ်ထားခဲ့သည်။
လုယွီက သူ၏သိုလှောင်အိတ်အတွင်းမှ မှော်ရတနာများကိုထုတ်ယူ၍ မန္တန်တစ်ပုဒ်အားရွတ်ဆိုလိုက်သည်။ ထိုမှော်ရတနာပစ္စည်းများမှ ရွှေရောင်အလင်းတန်းအဖြစ်သို့ပြောင်းလဲသွားပြီး ပတ်ဝန်းကျင်တစ်ခုလုံးအား ပြန့်ကြဲသွားခဲ့သည်။
"ကောင်းကင်ဘုံအင်ပါယာ စစ်ဗုံသံ....နတ်ဆိုးများအား နှိမ်နင်းခြင်း"
ထိုစကားစုအားရွတ်ဆိုပြီးသည်နှင့် လုယွီ၏ဝင်္ကပါ ခင်းကျင်းမှု ပြီးဆုံးသွားလေသည်။
ဒေါင်.....ဒေါင်....ဒေါင်....
စစ်ဗုံများမှ ခပ်သဲ့သဲ့အသံများအား လေထုအတွင်း၌ ကြားနိုင်ပေ၏။ ဝင်္ကပါမှနေ၍ ပြင်းထန်သည့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒများအား ထုတ်လွှတ်ပေးနေသည်။
ထိုဝင်္ကပါက မဟာယုတိုင်းပြည်၏အုပ်ချုပ်သူ ကောင်းကင်ဘုံအင်ပါယာချန်ထားခဲ့သည် စစ်ဗုံသံဝင်္ကပါဖြစ်ပေသည်။
လေထုအတွင်းတွင် ဇီသာသံနှင့်စစ်ဗုံသံတို့က ပြင်းပြင်းထန်ထန် ဖီလာဆန့်ကျင်နေကြပြီး ရေမျက်နှာပြင်တွင်လည်း ကြီးမားသည့်လှိုင်းလုံးကြီးများ မြင့်တက်လာခဲ့သည်။
အနည်းငယ်ကျယ်လောင်သောအသံနှင့်အတူ ပတ်ဝန်းကျင်တွင် လုယွီနေရာချထားခဲ့သည့် မှော်ရတနာပစ္စည်းများ လွင့်စင်သွားပြီး သူသည်လည်း နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ရသည်။
သို့ရာတွင် စွမ်းအင်အထောက်အပံ လျော့နည်းသွားမှုကြောင့် ရေဓားများသည်လည်း တဖြည်းဖြည်း လွင့်ပြယ်သွားခဲ့သည်။
"တဏှာရူး...နင်မှာ စွမ်းရည်နည်းနည်းရှိနေတာပဲ"
ထိုမိန်းကလေးက အေးတိအေးစက်အော်ဟစ်လိုက်ပြီးနောက် သူမ၏လက်ဝါးအတွင်းတွင် ရေဓားများ ထွက်ပေါ်လာခဲ့သည်။
လုယွီက မိန်းကလေးကို ကြည့်ပြီး လေသံတိုးတိုးဖြင့် တုန့်ပြန်ပြောဆိုလိုက်သည်။
"ငါက မြေအောက်မြစ်ရေစီးကြောင်းအတိုင်းလိုက်လာပြီး မြစ်ရေအောက်ကထွက်လာခဲ့တာ...မင်း ဒီနေရာမှာ ရေချိုးနေမယ်လို့ ငါ ဘယ်လိုလုပ်သိမှာလဲ....စကားတစ်ခွန်းမှမပြောရသေးဘဲ လူတစ်ယောက်ကို တဏှာရူးလို့ခေါ်ရအောင်....ဒီသေမျိုးကောင်က မင်းလိုကျင့်ကြံသူကို မသတ်နိုင်ဘူးလို့ထင်နေတာလား"
သေမျိုး...
ထို့နောက် မိန်းကလေးက နားလည်သဘောပေါက်စပြုလာခဲ့သည်။ သူမက လုယွီကို စေ့စေ့စပ်စပ်ကြည့်လိုက်ရာ ရှီထျန်းနယ်ပယ်သာရှိသေးကြောင်း တွေ့ရှိလိုက်ရသည်။
အစောပိုင်းက သူမအသုံးပြုလိုက်သော ရေဓားများသည် သူမ၏စွမ်းအားအကုန်အစင်ကို ထုတ်ဖော်ထားခြင်းမရှိသော်လည်း သူမစွမ်းအား၏ ခုနစ်ဆယ် ရှစ်ဆယ် ရာခိုင်နှုန်းထိ ကျန်ရှိနေဆဲဖြစ်သည်။
သူမ၏ရှေ့မှ ရှီထျန်းအဆင့်သာရှိသောသူသည် သူမ၏ဇီသာမှော်တေးသံကို အမှန်တကယ်ပင် ပိတ်ပင်တားဆီးနိုင်ခဲ့သည်။
"အဲ့ဒီ လှုပ်ရှားမှုက ဘာများလဲ..အသံလှိုင်းနည်းစနစ်လား..ဒါမှမဟုတ်...ဝင်္ကပါ.."
မိန်းကလေးက မယုံသင်္ကာမှုများဖြင့် ရေရွတ်နေလေ၏။
လုယွီက မိန်းကလေးအား ခြေဆုံးခေါင်းဆုံးကြည့်လိုက်ပြီး လှောင်ပြောင်သရော်လိုက်လေ၏။
"ဘာ...မင်းက ငါကို တဏှာရူးလို့ပြောခဲ့တာပဲ.....အခုလဲ အဲဒီလိုထပ်ပြောအုံးလေ...မင်းက ငါကို တဏှာရူးတစ်ယောက် ဟုတ် မဟုတ် အတည်ပြုချင်တာနဲ့ ခုလိုနေနေတယ်လို့တော့ ငါကိုမပြောနဲ့နော်"
ယခုမှသာ မိန်းကလေးက သူမသည်မည်သည့်အဝတ်အသားမျှ ဝတ်ဆင်ထားခြင်းမရှိမှန်း သတိရသွားခဲ့သည်။ မိန်းကလေး၏မျက်နှာက ချက်ချင်းရဲရဲနီလာပြီး သူမက လုယွီအားကြည့်လိုက်ရာ သူကတစ်ဖက်သို့လှည့်ပြီးနေနေကြောင်း တွေ့ရှိလိုက်ရသည်။
"ငါက ဖြောင့်မတ်တဲ့လူတစ်ယောက်မဟုတ်ပေမယ့်....မိန်းမတစ်ယောက်ကိုတော့ ချောင်းကြည့်မယ့်လူစားမျိုးမဟုတ်ဘူး....အဲ့ဒီရေပူစမ်းရဲ့အောက်မှာ မြေအောက်မြစ်တစ်ခုစီးဆင်းနေပြီး ငါက မြစ်ကြောင်းတစ်လျှောက်ရောက်လာခဲ့တာ.....မင်း တစ်ကယ်လို့ ငါကိုမယုံရင် မင်းကိုယ်တိုင်သွားကြည့်နိုင်တယ်"
လုယွီက သူမအားနောက်ကျောပေးထားသည့်အနေအထားမှ တည်ငြိမ်အေးဆေးစွာဖြင့် ပြောဆိုလိုက်သည်။
Chapter 93
လုယွီသည် ကလေးငယ်တစ်ယောက် မဟုတ်သည့်အတွက် လှပချောမောသည့်မိန်းကလေးတစ်ယောက်ကိုမြင်ချိန်တွင် သူ၏စိတ်အားထိန်းချုပ်နိုင်ခြင်းမရှိသေးချေ။
သူ၏နှစ်ပေါင်းများစွာရှည်ကြာခဲ့သည့် အတိတ်ဘဝတွင် သူက လှပချောမောပြီးဆွဲဆောင်မှုရှိသည့် မိန်းမပျိုအများအပြားကို မြင်တွေ့ခဲ့ပြီးဖြစ်သည်။ သူတို့ထဲမှ တစ်ချို့မိန်းမပျိုများသည် တိုင်းပြည်တစ်ပြည်ပျက်စီးရနိုင်သည်အထိ လှပချောမောသူများဖြစ်ပေ၏။
သူ၏နောက်ရှိ ရှုးရှုးရှဲရှဲအသံကိုကြားလိုက်သည့်ချိန်တွင် ထိုမိန်းကလေးက သူမ၏အဝတ်အစားများကို ဝတ်ဆင်ပြီးသွားကြောင်းကို လုယွီ သိလိုက်သည်။
"မင်း ဝတ်ပြီးပြီလား"
လုယွီက မေးမြန်းလိုက်လေ၏။
"အင်း...""ဟုတ်တယ်...."
သူ၏နောက်ရှိ မိန်းကလေးသည် ခက်ခက်ခဲခဲဖြေကြားနေရပုံပေါ်နေသည်။
လုယွီက သူ၏ခေါင်းကိုလှည့်လိုက်ရာ ထိုမိန်းကလေးသည် ပုံမှန်မဟုတ်သောအမူအယာများ ဖြစ်ပေါ်နေကြောင်း တွေ့မြင်လိုက်ရသည်
မိန်းကလေး၏နူးညံချောမွေ့ပြီး ဆွဲဆောင်မှုရှိသော မျက်နှာပေါ်တွင် အနက်ရောင်အစက်အပျောက်များ ထွက်ပေါ်နေသည်။ နောက်ဆုံးတွင် သူမ၏မျက်နှာပေါ်၌ အနက်ရောင်ဦးခေါင်းခွံမှ ဖုံးလွှမ်းသွားခဲ့သည်။
မူလက လှပပြီးကျက်သရေရှိသော မိန်းကလေး၏မျက်နှာသည် ချက်ချင်းပင် ထူးထူးဆန်းဆန်း ပြောင်းလဲသွားလေသည်။
လုယွီက မျက်မှောင်ကြုပ်လိုက်မိပြီး သူမထံသို့ အပြေးအလွှားသွားလိုက်သည်။
မိန်းကလေးက စိတ်အတွင်းမှနေ၍ သူမကိုယ်သူမ အပြစ်တင်နေခဲ့သည်။ မည်သည်ကြောင့် ယနေ့သည် ထိုအရာဖြစ်ပွားမည့်နေ့ ဟူသည်ကို သူမမေ့လျော့သွားရသနည်း..။
သူမက တစ်ချိန်လုံး ဂိုဏ်းအတွင်းမှာပင် နေထိုင်နေခြင်းမှာ သူမ၏ခန္ဓာကိုယ်ပေါ်မှကျိန်စာကြောင့်ဖြစ်သည်။ သူမ၏အဘိုးဖြစ်သူမှ သူမကို ဤနေရာသို့ခေါ်လာရသည့် အကြောင်းအရင်းမှာလည်း ပြင်ပလေဟာနယ်စွန့်ပစ်နယ်မြေအတွင်းတွင် သူမ၏ကျိန်စာကိုဖယ်ရှားရန် နည်းလမ်းတစ်ခုခုရှာလိုခြင်းကြောင့်ဖြစ်သည်။
သူမ၏အဖိုးဖြစ်သူက မန္တန်ရွတ်ဆိုရာ၌ ကျန်းချီအမြောက်အမြားကိုအသုံးမပြုရန် ထပ်ခါထပ်ခါမှာကြားထားခဲ့သည်။
သို့ရာတွင် လုယွီက ရုတ်တရက်ပေါ်ထွက်လာချိန်၌ သူမကိုယ်သူမ မထိန်းချုပ်နိုင်တော့ဘဲ ချက်ချင်းပင် ဇီသာမှော်တေးသံအား အသုံးပြုလိုက်မိသည်။
"သေစမ်း...ကျိန်စာရဲ့စွမ်းအားက တစတစ ပိုပြီးအားကောင်းလာပြီ"
မိန်းကလေးက တိတ်တဆိတ်စိတ်လှုပ်ရှားနေပြီးနောက် ထိုအချိန်တခဏမှာပင် သူမ၏ခန္ဓာကိုယ်အတွင်း မည်သည့်ခွန်အားမျှမရှိတော့ကြောင်း တွေ့ရှိလိုက်ရသည်။
အကယ်၍ ယခုကိစ္စကို ယခင်ကသာကြိုသိခဲ့လျှင် သူမ ဤနေရာ၌ ရေချိုးနေမည်မဟုတ်ပေ။ ထို့ပြင် တစ်ခြားသူများဝင်ရောက်လာခြင်းမှကာကွယ်ရန် ဤနေရာပတ်လည်ကို သူမ အကာအကွယ်ဝင်္ကပါခင်းကျင်းထားခဲ့ပြီးဖြစ်သည်။
ထိုဝင်္ကပါကို ကျန်းကလန်၏ဝင်္ကပါပညာရှင်ကိုယ်တိုင် ပြုလုပ်ထားခြင်းဖြစ်သည်။ သူမက ဝင်္ကပါအတွင်းရှိနေစဉ်တွင် ဖြစ်ပျက်နေသောအခြေအနေများအား ပြင်ပရှိတစ်စုံတစ်ယောက်ထံသို့ အကြောင်းကြားနိုင်မည်မဟုတ်ပေ။
လုယွီက မိန်းကလေး၏ရှေ့တွင် ငြိမ်သက်စွာဖြင့် မတ်တတ်ရပ်နေပြီး သူမ၏မျက်နှာပေါ်မှ ထူထပ်သည်ထက်ထူထပ်လာသော အနက်ရောင်သွေးကြောပုံစံများအား ကြည့်ရှုနေခဲ့သည်။
"စကားလုံးခုနစ်လုံးသေခြင်းကျိန်စာ.....ဒီနေရာမှာ ငါက ခုလိုကျိန်စာမျိုးကိုတွေ့ရလိမ့်မယ်လို့ မျှော်လင့်မထားမိဘူး"
လုယွီက တီးတိုးရေရွတ်လိုက်လေ၏။ သူ၏ယခင်ဘဝတွင် ထိုကျိန်စာအား ကြုံတွေ့ခဲ့ဖူးပြီးနောက် ယခုတစ်ကြိမ်မှသာ ထပ်မံ၍ မြင်ရခြင်းဖြစ်သည်။
သူ၏အသံသည် ကျယ်လောင်ခြင်းမရှိသော်လည်း မိန်းကလေး၏နားအတွင်းတွင်မှု မိုးကြိုးပစ်ခတ်သံကဲ့သို့ မြည်ဟိန်းသွားသည်။
ကောင်းကင်ဘုံ...မည်သည်ကြောင့် ဤသေမျိုးကောင်လေးက စကားလုံးခုနစ်လုံးသေခြင်းကျိန်စာကို သိရှိနေရသနည်း....။
သူမ၏ခန္ဓာကိုယ်ပေါ်ရှိ မန္တန်ကျိန်စာကို အဖိုးဖြစ်သူက လင်းရှောင်ဂိုဏ်း၏ဋ္ဌာနချုပ်ကိုစီးနင်းပြီးချိန်မှပင် သူ ကိုယ်တိုင်ကိုယ်ကျ အတည်ပြုနိုင်ခြင်းဖြစ်သည်။ မည်သည်ကြောင့် သူက အကြည့်တစ်ချက်ဖြင့်ပင် ထ်ုကျိန်စာအားသိရှိသွားရသနည်း။
သို့ရာတွင် အချိန်တခဏအတွင်းမှာပင် သူမ၏ခန္ဓာကိုယ်တစ်ခုလုံးအား ပြင်းထန်သည့်နာကျင်မှုက ဖုံးလွှမ်းလာခဲ့ပြီး သူမ၏မသိစိတ်မှနေ၍ မသဲမကွဲညည်းညူ သံများထွက်ပေါ်လာခဲ့သည်။
လုယွီက သူမကိုကြည့်ရှုပြီး သက်ပြင်းရှည်ကြီးချလိုက်မိသည်။ သူက သူတော်စင်တစ်ယောက်မဟုတ်ပေ။ သူမမှာသာ အခွင့်အရေးရှိလျှင် သူအား သတ်ဖြတ်မည်ဖြစ်သည့်သူမျိုးကို မည်သည်ကြောင့် သူက ကယ်တင်ရမည်နည်း...။
"ရွှယ်လန်...ရွှယ်လန်...မင်းက တစ်ကယ်ပဲ ငါကိုနာကျင်စေတယ်"
လုယွီက ခါးသည်းစွာပြုံးရင်း သူ၏ခေါင်းကိုခါယမ်းလိုက်မိသည်။
အတိတ်တုန်းက လုယွီသည်လည်း ယခုကဲ့သို့ တူညီသည့်ကျိန်စာမျိုးကို ခံစားခဲ့ဖူးသည်။ ယဲ့ရွှယ်လန်က အကယ်၍ အနာဂတ်တွင် လုယွီအသက်ရှင်သန်ခဲ့လျှင် သူ၏စွမ်းအားအကုန်အစင်ကိုအသုံးပြု၍ လူအများကိုကယ်တင်ရန် မှာကြားထားခဲ့သည်။
နောက်ဆုံးတွင် ယဲ့ရွှယ်လန်၏စကားကို လုယွီသဘောတူညီခဲ့ရသည်။ သူကဲ့သို့သော မြေအောက်လောက၏တာအိုသခင်တစ်ယောက်သည် သူ၏မိတ်ဆွေသူငယ်ချင်းအား မည်သည့်အခါမျှ လိမ်ညာမည်မဟုတ်ပေ။
ထိုအခြင်းအရာကြောင့်ပင် လုယွီသည် ဝေဘုရင်အိမ်တော်သို့သွား၍ သူ၏အစ်မကိုကယ်တင်စဉ်က ပိတ်မိနေခဲ့သည့် အမျိုးသမီးလေးများကိုပါ ကယ်ဆယ်ခဲ့ခြင်းဖြစ်သည်။
ထိုအခြင်းအရာကြောင့်ပင် လုယွီက ချက်ချင်းထွက်ခွာရန် စဉ်းစားခဲ့သော်လည်း မုန့်ကျူ းယွင်၏နူးညံချောမွေ့သောခန္ဓာကိုယ်မှ ညှို့ဓာတ်သိမ်မွေ့ဆေးအာနိသင်အား ကူညီဖယ်ရှားပေးခဲ့မိခြင်းဖြစ်သည်။
လုယွီက မိန်းကလေး၏ရှေ့သို့လျှောက်လှမ်းသွားစဉ်တွင် သူမက ကြောက်ရွံမှုကြောင့် နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်သည်။
သူမ၏ကျင့်ကြံမှုနယ်ပယ်သည် လုယွီထက် အဆများစွာမြင့်မားသော်လည်း ယခုချိန်၌ သူမထံတွင် ခွန်အားအနည်းငယ်မျှပင်ကျန်ရှိခြင်းမရှိပေ။
အကယ်၍ လုယွီက သူမအပေါ်၌ ဆိုးရွားသောအကြံအစည်တစ်ခုခုရှိနေခဲ့လျှင် ယခုချိန်၌ သူမ ခုခံကာကွယ်နိုင်မည်မဟုတ်ချေ။
"နင်....နင် ဘာလုပ်ချင်နေတာလဲ"
မိန်းကလေးက သူမ၏အရှိန်နှုန်းပင်လျှင် အားပျော့စပြုနေပြီဖြစ်ကြောင်း သိနားလည်သွားခဲ့သည်။
ရုတ်တရက် လုယွီသည် ထိုမိန်းကလေးအား မြေပြင်ပေါ်သို့ တွန်းလှဲချလိုက်ပြီး သူက လေးနက်သောအသံဖြင့်ပြောကြားလိုက်သည်။
"တစ်ကယ်လို့ မင်းအသက်ရှင်ချင်တယ်ဆိုရင်....မလှုပ်နဲ့"
Chapter 94
လုယွီ၏စကားများကို ထိုမိန်းကလေးကြားလိုက်ချိန်တွင် သူမ၏ခန္ဓာကိုယ်လေးမှာ တဆတ်ဆတ်တုန်ရီနေလေသည်။
သို့သော် တခဏအကြာတွင်မှု လုယွီက သူမကို မြေကြီးပေါ်တွင်ဖိသာဖိထားပြီး မည်သည့်အရာမျှမလုပ်ကြောင်း သိရှိလိုက်ရသည်။
လုယွီက သူမကို ထိကိုင်ထားပြီးနောက် အေးဆေးတည်ငြိမ်စွာဖြင့် ပြောဆိုလိုက်သည်။
"မင်းရဲ့ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ စကားလုံးခုနစ်လုံးကျိန်စာက တစ်ယောက်ယောက်ကပြုလုပ်ထားခဲ့တာ...တစ်ကယ်လို့ ငါက မင်းရဲ့ကျိန်စာကို ဖယ်ရှားလိုက်မယ်ဆိုရင်....မင်းကို ကျိန်စာတိုက်ထားတဲ့သူက ချက်ချင်းသိသွားလိမ့်မယ်"
မိန်းကလေး၏မျက်လုံးများသည် အံ့အားသင့်မှုများဖြင့် တောက်ပနေခဲ့သည်။
သူမ၏ရှေ့မှသာမာန်လူငယ်တစ်ယောက်က သူမခန္ဓာကိုယ်ပေါ်မှကျိန်စာအား ဖယ်ရှားပေးနိုင်မည်ဟူသည်မှာ ဖြစ်နိုင်ပါ၏လော.....
သို့ရာတွင် သူမ၏ခန္ဓာကိုယ်တစ်ကိုယ်လုံးအား ဆွဲဖြဲခံရသကဲ့သို့ နာကျင်မှုကလွှမ်းခြုံလာသဖြင့် သူမက အချိန်ထပ်မံ၍ မတုန့်ဆိုင်းဝံ့တော့ချေ
"တစ်ကယ်လို့ နင်က ငါကိုကူညီပြီး ငါရဲ့ခန္ဓာကိုယ်ပေါ်က ကျိန်စာကိုဖယ်ရှားပေးနိုင်မယ်ဆိုရင်....နင်က ငါတို့ကျန်းကလန်ရဲ့ ဂုဏ်သရေရှိဧည့်သည်တစ်ယောက်ဖြစ်လာလိမ့်မယ်....ငါ ကိုယ်ပေါ်မှာ ကျိန်စာချန်ခဲ့တဲ့ လူကတော့ ငါရှေ့မှာ ထပ်ပြိးပေါ်လာဝံ့မှာမဟုတ်ဘူး"
မိန်းကလေးက စကားပြောတေချိန်တွင် သူမ၏မျက်လုံးများက တောက်ပရွှန်းလဲ့နေလေ၏။
"မင်းက ကျန်းကလန်ကလား....ကျန်းထျန်းရှုံးနဲ့မင်းနဲ့ ဘာပတ်သတ်လဲ"
လုယွီက မိန်းကလေးအား မေးမြန်းလိုက်သည်။
မိန်းခလေးက သူမ၏မျက်ခုံးများကိုပင့်၍ အံ့အားသင့်ဟန်ဖြင့်ဖြေကြားလိုက်သည်။
"ငါ့နာမည်က ကျန်းယုချင်....ကျန်းထျန်းရှုံးက ငါ့အဘိုးပါ"
"အော်...ဒါက ဘယ်လိုတောင်ဖြစ်ရတာလဲ"
လုယွီက တီးတိုးရေရွတ်လိုက်မိသည်။ ယခုကဲ့သို့တိုတောင်းသောအချိန်အတွင်းတွင် သူက ကျန်းကလန်အဖွဲ့ဝင်နှစ်ယောက်အား အကူအညီပေးရမည်ဟု သူမျှော်လင့်မထားမိပေ။
ထို့နောက် လုယွီက အချိန်ထပ်မံ၍ တုံဆိုင်းခြင်းမရှိတော့ချေ။ သူက လက်ချောင်းများကို ဆန့်ထုတ်ပြီး ကျန်းယုချင်ဟုအမည်ရသည့် မိန်းကလေး၏နောက်ကျောပေါ်သို့ လျှင်မြန်စွာဖြင့် ထိတွေ့လိုက်သည်။
ကျန်းယုချင်သည် မိုးကြိုးပစ်ခတ်ခံရသကဲ့သို့ခံစားလိုက်ရပြီး သူမ၏ခန္ဓာကိုယ်တစ်ခုလုံး မာတောင့်တောင့်ဖြစ်သွားခဲ့သည်။
သို့ရာတွင် ကျန်းယုဖျင်၏မျက်နှာအမူအယာကမူ ပြောင်းလဲနေဆဲဖြစ်သည်။ သူမက ဒေါသတကြီးဖြင့်ပြောဆိုလိုက်လေ၏။
"နင် ဘာလုပ်တာလဲ.....ငါ ဘာလို့လှုပ်မရတာလဲ"
လုယွီက သူမကို တစ်ချက်ကြည့်လိုက်သည်။ ကျန်းယုချင်၏ကျင့်ကြံမှုနယ်ပယ်သည် အဆင့်နိမ့်ခြင်းမရှိသော်လည်း သူမ၏အတွေ့အကြုံမှာမူ လွန်စွာနည်းပါးလေသည်။
ထိုအရာက သေမျိုးများအကြားတွင် သာမာန်အသုံးပြုသော ခန္ဓာကိုယ်ချိပ်ပိတ်နည်းစနစ်ဖြစ်သည်။ လုယွီက ကျန်းယုချင်မှ သူ့အား ရုတ်တရက်ပြင်းပြင်းထန်ထန် တိုက်ခိုက်မည်အား စိုးရိမ်ပူပန်နေခဲ့သည်။ ယခင်က မုန့်ကျူ းယွင်၏ဖြစ်စဉ်ဖြစ်ပျက်ထားသည်မှာ အချိန်မကြာသေးပေ။
"ငါ မင်းကို ကူညီပြီး ဒီကျိန်စာအဆိပ်ကို ဖယ်ရှားပေးစေချင်တယ်ဆိုရင်...မင်း ပါးစပ်ကိုပိတ်ထားလိုက်"
ထို့နောက် လုယွီက သူ၏သိုလှောင်အိတ်အတွင်းမှ မှော်ရတနာပစ္စည်းများကို ထုတ်ယူ၍ ကျန်းယုချင်၏ဘေးပတ်လည်တွင် တိကျသောအစီအစဉ်ဖြင့် နေရာချထားလိုက်သည်။
သူက ဖူးလူ(သင်္ကေတအဆောင်)တစ်ခုကိုလည်း ထုတ်ယူလိုက်ပြီး လေထုအတွင်းသို့ပစ်လိုက်သည်။ ချက်ချင်းဆိုသလိုပင် သင်္ကေတအဆောင်က မီးလောင်ကျွမ်းသွားခဲ့သည်။
မှော်ရတနာများသည် ၎င်းတို့အားဆင့်ခေါ်သံကို ကြားလိုက်သကဲ့သို့ လေပေါ်သို့မြောက်တတ်လာကြပြီး ကျန်းယုချင်၏နံဘေးပတ်လည်တွင် လှည့်ပတ်နေလေသည်။
"ချိုးဖျက်ကြစမ်း"
လုယွီက စကားလုံးတစ်စုအား အော်ဟစ်လိုက်လေ၏။
ပတ်ဝန်းကျင်နေရာတစ်ခုလုံး၌ရှိသော မှော်ရတနာများအားလုံး ချက်ချင်းပေါက်ကွဲကုန်ကြသည်။ သို့ရာတွင် ထိုပေါက်ကွဲမှုက ကျန်းယုချင်အပေါ်တွင် သက်ရောက်မှုမရှိဘဲ ၎င်းတို့ထံမှစွမ်းအားများသာ ဖြည်းဖြည်းခြင်းထွက်ပေါ်လာခဲ့သည်။
ကျန်းယုချင်က အံ့အားသင့်သွားသည်။ သူမက တီးတိုးမြည်တမ်းလိုက်မိလေ၏။
"ဒါက....ဝကၤပါတစ္ခုလား"
"ပါးစပ်ပိတ်ထားစမ်း"
လုယွီက အော်ငေါက်လိုက်ချိန်တွင် ကျန်းယုချင်က ချက်ချင်း သူမ၏ပါးစပ်အားပိတ်လိုက်သည်။
လုယွီ၏ကျင့်ကြံမှုအဆင့်သည် ကျန်းယုချင်၏ခန္ဓာကိုယ်ပေါ်မှ ကျိန်စာအဆိပ်အား ဖယ်ရှားပေးနိုင်ရန် လုံလောတ်ခြင်းမရှိသေးပေ။
ကံကောင်းထောက်မစွာဖြင့် သူ၏သိုလှောင်အိတ်အတွင်းတွင် ပိုင်တိုကောင်းကင်ဘုံဂိုဏ်းမှ မှော်ရတနာပစ္စည်းမြောက်များစွာရှိနေခဲ့သည်။
ထိုမှော်ရတနာပစ္စည်းများသည် သာမာန်အဆင့်များသာဖြစ်ကြသော်လည်း ၎င်းတို့အားလုံးပေါင်းစည်းခြင်းမှပေါက်ကွဲထွက်လာသော စိတ်ဝိညာဉ်စွမ်းအင်သည် သင့်တော်သောဝင်္ကပါတစ်ခုအား ခင်းကျင်းနိုင်ရန်အတွက် လုံလောတ်ပေသည်။
ရုတ်တရက် လုယွီက သူ၏လက်ကို ရှေ့သို့ဆန့်ထုတ်လိုက်ရာ စိတ်ဝိညာဉ်စွမ်းအင်အားလုံးသည် သူ၏လက်ဝါးအတွင်းသို့ စုပ်ယူခြင်းခံလိုက်ရသည်။
"သူ ဘာလုပ်ဖို့ကြိုးစားနေတာလဲ"
ကျန်းယုချင်က အံ့အားသင့်တုန်လှုပ်နေခဲ့သည်။
သူမက လုယွီ၏လက်ဝါးအတွင်းမှ ထုတ်လွှတ်ထားသည့် အော်ရာအား မြင်တွေ့ရချိန်တွင် ကြောက်ရွံခြင်းနှင့်တုန်လှုပ်ခြောက်ခြားခြင်းတို့အား ခံစားမိနေသည်။
တစ်ခြားတစ်ဖက်မှ လုယွီကမူ ကျန်းယုချင်နှင့် တူညီသည့်အတွေးမျိုးမရှိပေ။ အကယ်၍ ဤကျိန်စာအဆိပ်အားပြုလုပ်သူသည် ကောင်းကင်ဘုံသင်္ကေတနယ်ပယ်သာရှိသော ဘိုးဘေးကျိုက်ကဲ့သို့သူမျိုးဖြစ်နေလျှင် လုယွီက အနည်းငယ်အင်အားစိုက်ထုတ်ရုံဖြင့် သူက ကျိန်စာအားဖယ်ရှားပေးနိုင်စွမ်းရှိသည်။
သို့ရာတွင် ယခုကျိန်စာပြုလုပ်ထားသူသည် စံတင်လောက်သူတစ်ယောက်ဖြစ်နေခဲ့လျှင် အခြေအနေက ခြားနားသွားပေလိမ့်မည်။
တာအိုဒုတိယအဆင့်၏ နောက်ဆုံးနယ်ပယ်သည် သိုင်းပညာသူတော်စင်နယ်ပယ်ဖြစ်ပေသည်။
သူ၏ယခင်ဘဝတွင်မူ ထိုသိုင်းပညာသူတော်စင်နယ်ပယ်(ကျစ်ကျွင်း)ရောက်ရှိနေသူသည် သူ၏ဖိနပ်ကိုကိုင်ဆောင်ရန်ပင် အရည်အချင်းမပြည့်မှီပေ။
သို့သော် ယခုလက်ရှိတွင်မူ လုယွီက ကူရာကယ်ရာမဲ့စွာဖြင့် သက်ပြင်းတစ်ချက်ချလိုက်သည်။ အကယ်၍ သူက ထိုကျိန်စာအဆိပ်အား ဖယ်ရှားပေးလိုလျှင် သူ အင်အားအများကြီးစိုက်ထုတ်ရပေမည်။
"နက်နဲသိမ်မွေ့မြေအောက်လောက ဝင်္ကပါ...ပညာရပ်တစ်သောင်း ထွင်းထုခြင်း
Chapter 95
လုယွီ၏အော်ဟစ်သံဆုံးသည်နှင့် ပတ်ဝန်းကျင်ရှိစိတ်ဝိညာဉ်စွမ်းအင်များသည် ရုတ်တရက် အပူချိန်မြင့်တတ်လာခဲ့သည်။
အပူချိန်က လျှင်မြန်စွာဖြင့် မြင့်တက်နေလေသည်။ ကျန်းယုချင်သည် သူမ၏နဖူးပေါ်မှ ချွေးများတစ်စက်စက်ကျနေသည်ကို ခံစားမိလေသည်။
လုယွီ၏ လက်ဝါးအတွင်းတွင် အနက်ရောင်မီးတောက်တစ်ခု ထွက်ပေါ်လာသည်။ ထိုမီးတောက်သည် မြေအောက်လောက၏ဥဒမ်ဘာရာပန်းပွင့်(ကောင်းကင်ဘုံမှဆင်းသက်လာသည့်မြင့်မြတ်သည့်ပန်း)၏ အော်ရာများဖြင့် ပြည့်နှက်နေသည်။ ထိုအရာက လုယွီ ကိုယ်ပိုင်စိတ်ဝိညာဉ်၏မီးတောက်ဖြစ်သည်။
စကားလုံးခုနစ်လုံးသေခြင်းကျိန်စာသည် သေခြင်းနှင့်ရှင်ခြင်းအား ပြောင်းပြန်လှန်ပစ်နိုင်စွမ်းရှိသည်။ ထိုကျိန်စာက လူတစ်ယောက်၏သက်တမ်းကို အားအင်အပြည့်ဖြင့် တိုးတတ်စေနိုင်သောအရာတစ်ခုလည်း ဖြစ်နေပြန်သည်။
စကားလုံးခုနစ်လုံးဟုခေါ်ဆိုကြခြင်းမှာ ဤမန္တန်တစ်ပုဒ်လုံးကို စာကြောင်းခုနစ်ကြောင်းဖြင့် ကဗျာတစ်ပုဒ်အဖြစ် ရေးဖွဲ့ထားခြင်းကြောင့်ဖြစ်သည်။ ထိုစာကြောင်းခုနှစ်ကြောင်းက ကျိန်စာ၏သက်ရောက်ခြင်းခံရသောသူ၏ အခြေအနေအား ဖော်ပြပေးလေသည်။
ထိုကဗျာသည် အချိန်ကာလတစ်ခုကြာတိုင်း ပို၍ကြောက်လန့်ဖွယ်ကောင်းလာပြီး မန္တန်သက်ရောက်ခံနေရသောသူသည် တဖြည်းဖြည်းစိတ်သောကရောက်လာကာ နောက်ဆုံး ကဗျာအဆုံးသတ်အရောက်တွင်မူ သေဆုံးရပေသည်။
ထို့ပြင် ကဗျာ၏စာကြောင်းတစ်ကြောင်းစီအတွက် ပေးဆပ်ရသည့်တန်ကြေးမှာ ရှင်သန်နေသည့်သက်ရှိလူသားဖြစ်ပေ၏။
အပြစ်ကင်းစင်သူများ၏အသက်ကိုအသုံးပြု၍ သူတို့ကိုဝမ်းနည်းကြေကွဲစွာဖြင့် သေဆုံးစေပြီး သူတို့၏နာကြည်းချက်များအား ဆွဲထုတ်ကာ မန္တန်အဖြစ်ဖွဲ့စည်းခြင်းကသာ စကားလုံးခုနစ်လုံးကျိန်စာ၏အမြင့်ဆုံးစွမ်းအားကို ဖော်ထုတ်နိုင်ပေမည်။
"ငါ မင်းကို ထိတွေ့ဖို့လိုလိမ့်မယ်"
ရုတ်တရက် လုယွီက ကျန်းယုချင်၏ရင်ဘတ်အား ထိတွေ့လိုက်သည်။ ထိုအထိအတွေ့မှနေ၍ နူးညံမှုကို ခံစားလိုက်ရသော်လည်း လုယွီက ကျိန်စာကိုဖယ်ရှားနိုင်ရန်သာ အာရုံစူးစိုက်နေသဖြင့် ထိုကိစ္စကို သူကမညာသည့်နည်းဖြင့်သတိပြုနိုင်မည်နည်း..။
ကျန်းယုချင်ကမူ သူမ၏ခန္ဓာကိုယ်သည် အလွန်နာကျင်နေသဖြင့် စကားပြောနိုင်ရန်ပင်ခက်ခဲနေခဲ့သည်။ ထို့ကြောင့် သူမကလည်းဂရုမစိုက်နိုင်တော့ချေ။
လုယွီ၏အသိစိတ်သည် လျှင်မြန်စွာဖြင့် ကျန်းယုချင်၏အသိစိတ်ပင်လယ်အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။
ကျန်းယုချင်၏အသိစိတ်ပင်လယ်အထက်တွင် ကြီးမားသည့်အနက်ရောင်အရိုးစုပုံစံကြီးရှိနေပြီး နှေးကွေးစွာဖြင့် မျောလွင့်နေလေသည်။
"သူက ဒီနေရာမှာ အမြစ်တွယ်ထားတာပေါ့....တစ်ကယ့်ကို ယုတ်မာတာဘဲ"
ယခုလက်ရှိတွင် လုယွီက ကျိန်စာနှင့် နောက်တစ်ဖန်ကြုံတွေ့ရခြင်းဖြစ်ရာ သူက ဒေါသအလွန်ထွက်နေခဲ့သည်။
"မင်းက ဒီလိုမျိုး စက်ဆုပ်ရွံရှာဖို့ကောင်းတဲ့ ကျိန်စာကို အသုံးပြုခဲ့တာမို့....ငါရဲ့ရိုင်းပျမှုအတွက်အပြစ်မတင်နဲ့"
ရုတ်တရက် လုယွီက ကျန်းယုချင်၏အသိစိတ်ပင်လယ်အတွင်းသို့ အစွမ်းထက်သောစိတ်ဝိညာဉ်စွမ်းအင်များ ထည့်သွင်းလိုက်သည်။
အနက်ရောင်အရိုးစုကြီးက လုယွီကို အာရုံခံစားမိပုံဖြင့် ရက်စက်ယုတ်မာပုံရသည့် မျက်နှာခုနှစ်ခု ထွက်ပေါ်လာခဲ့ပြီးနောက် သူတို့က နားပင်းလုမတတ်အော်ဟစ်လိုက်ကြသည်။
ထိတ်လန့်တကြားအော်ဟစ်သံများက လုယွီ၏စိတ်ဝိညာဉ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်လာခဲ့သည်။
"ဖီလာဆန့်ကျင်တဲ့နည်းလမ်း"
"ဟွန့်"
လုယွီက အေးတိအေးစက်ဖြင့် နှာမှုတ်လိုက်ပြီး တာအိုသခင်စိတ်ဝိညာဉ်၏အစွမ်းထက်အော်ရာအား ထုတ်လွှတ်လိုက်သည်။
ရုတ်ချည်းဆိုသလိုပင် ထိုမျက်နှာခုနစ်ခုသည် သူတို့ကြောက်ရွံရသည့်အရာအားတွေ့ရှိသွားသကဲ့သို့ ထိတ်လန့်တကြားဖြင့် နောက်ပြန်ဆုတ်လိုက်ကြသည်။
"မင်းက ထွက်သွားချင်သေးတာလား...ပြန့်ကြဲသွားစမ်း"
လုယွီ၏စိတ်ဝိညာဉ်မှ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ လူမျက်နှာခုနစ်ခုက ချက်ချင်းပင် ထိတ်လန့်တကြားဖြစ်သွားကြပြီး ကျန်းယုချင်၏ဒွာရခုနစ်ပေါက်မှနေ၍ လွတ်မြောက်နိုင်ရန်ကြိုးပမ်းလိုက်ကြသည်။
လုယွီက နောက်ဆုံးရန်ငြှိုးထားသည့်ဝိညာဉ်အား ဖယ်ရှားပြီးနောက်တွင် ပြင်းထန်သောအော်ဟစ်လိုက်သံကြီး ပေါ်ထွက်လာလေ၏။
"ဘယ်သူက အတင့်ရဲပြီး ငါတို့ ယင်လော့ဂိုဏ်းရဲ့ ကံကြမ္မာကောင်းကို ဖျက်ဆီးဝံ့တာလဲ"
လုယွီက ယင်လော့ဂိုဏ်းအကြောင်းကို တွေးတောကြည့်လိုက်သည်။
ထိုဂိုဏ်းသည် ဆမ်ဆာရာတံတား(ပြန်လည်မွေးဖွားခြင်းစက်ဝန်း)၏ရှေ့တွင် လူအများ၏သက်တမ်းကိုရယူရန် ပိတ်ဆို့တားဆီးခဲ့သည့်ဂိုဏ်းဖြစ်ကြောင်း သူက သတိရမိသည်။
"ထွက်သွားစမ်း"
လုယွီက ထိုသူနှင့် အချိန်ဖြုန်းလိုခြင်းမရှိတော့သည့်အတွက် သူ၏စိတ်ဝိညာဉ်မှ ကြီးမားသည့်စွမ်းအားကို ထုတ်လွှတ်ပြီး ထိုအသံအားတိုက်ရိုက်ဖျက်ဆီးပစ်လိုက်သည်
ထိုအရာအားလုံးကိုလုပ်ဆောင်ပြီးနောက် လုယွီက သူ၏စိတ်ဝိညာဉ်အာရုံအား ပြန်လည်ရုတ်သိမ်းလိုက်လေ၏။
လုယွီနှင့်ကျန်းယုချင်တို့နှစ်ယောက်စလုံး တပြိုင်နက်တည်း မျက်စိပွင့်လာကြပြီး တစ်ယောက်နှင့်တစ်ယောက် ကြည့်နေမိကြသည်။
မုန့်ကျူ းယွင်အား သူအဆိပ်ဖြေပေးစဉ်ကနှင့် မတူညီသည်မှာ စကားလုံးခုနစ်လုံးသေခြင်းကျိန်စာသည် ကျန်းယုချင်၏အသိစိတ်ပင်လယ်အတွင်း၌ ထိုးဖောတ်ဝင်နေခြင်းဖြစ်သည်။ ထို့ကြောင့် လုယွီက သူ၏စိတ်ဝိညာဉ်ကိုအသုံးပြု၍ ကျန်းယုချင်၏အသိစိတ်ပင်လယ်အတွင်းသို့ ဝင်ရောက်ခဲ့ရခြင်းဖြစ်သည်။
အမှန်တစ်ကယ်ကိုပင် ကျန်းယုချင်က သူမ၏အသိစိတ်ပင်လယ်မှတစ်ဆင့် လုယွီလုပ်ဆောင်လိုက်သည့်အရာများအား ရှင်းရှင်းလင်းလင်းသိမြင်ခဲ့ရသည်။
သူမအား အချိန်တိုင်းလိုလို ရှုပ်ထွေးစေသည့် ကျိန်စာမန္တန်ကို လုယွီက လွယ်လင့်တကူ ဖယ်ရှားနိုင်ခဲ့ခြင်းအား သူမ ယုံကြည်ရခက်ခဲနေခဲ့သည်။
သို့သော် ချက်ချင်းပင် ကျန်းယုချင်က တစ်စုံတစ်ခု ထူးဆန်းနေသည်ကို ခံစားလိုက်ရသည်။
"ရှင်ရဲ့လက်......."
ကျန်းယုချင်က တီးတိုးရေရွတ်လိုက်ပြီးနောက် သူမ၏မျက်နှာသည် အနီရောင်သမ်းသွားလေသည်။
ချက်ချင်းပင် လုယွီက အသိစိတ်ပြန်ဝင်လာခဲ့ပြီး သူ၏လက်များကို အလျှင်စလိုပြန်ရုတ်သိမ်းရင်းဖြင့် ပြောဆိုလိုက်သည်။
"ငါ တောင်းပန်ပါတယ်....ငါ အာရုံအရမ်းစူးစိုက်နေတာမို့ ငါရဲ့ကိုယ်နေဟန်ထားကို တစ်ကယ်ကိုမေ့သွားခဲ့တယ်"
ယခုအချိန်တွင် ကျန်းယုချင်က သူမ၏မူလကျင့်ကြံမှုအဆင့်အား ပြန်လည်ရရှိနေပြီဖြစ်သည်။ သူမထံမှ အဝန်းကြီးနယ်ပယ်ကျွမ်းကျင်ပညာရှင်တစ်ယောက်၏အော်ရာ ထွက်ပေါ်နေသည်။
သို့ရာတွင် လုယွီ၏အရှေ့တွင်မူ သူမ၏ကျင့်ကြံမှုအဆင့်သည် အရေးမပါဟု ကျန်းယုချင်က ခံစားမိလေသည်။
သူမ၏အဖိုးဖြစ်သူပင် မည်သို့မျှမပြုလုပ်နိုင်သော ကျိန်စာမန္တန်ကို ရှီထျန်းနယ်ပယ်အဆင့်လူငယ်တစ်ယောက်ဖြစ်သော လုယွီက ဖယ်ရှားပေးနိုင်ခဲ့သည်။
ကျန်းယုချင်၏လှပသောမျက်လုံးလေးများက လုယွီအား စိုက်ကြည့်နေပြီးနောက် သူမက မေးမြန်းလိုက်သည်။
"ရှင်က ဝင်္ကပါပညာရှင်တစ်ယောက်လား"