အခန်း (၉၆-၁၀၀)
Vol. 6-10 Ch. 96-100
Chapter 96
လုယွီက ကျင်းယုချင်ပြောသည့်စကားကို ငြင်းပယ်လိုစိတ်မရှိပေ။ သူက အချိန်တခဏကြာ တိတ်ဆိတ်မိသွားပြီးနောက် သူ၏ခေါင်းကိုသာညိတ်ပြလိုက်သည်။
အကယ်၍ လုယွီက ဤဝင်္ကပါသည် ကောင်းကင်ဘုံအင်ပါယာ၏မှတ်ဉာဏ်ဟောင်းများအတွင်းမှ ရရှိခဲ့သည်ဟု သူမအားပြောလိုက်လျှင်ပင် ကျန်းယုချင်က သူ့အားယုံကြည်နိုင်မည်မဟုတ်ပေ။
ကျန်းယုချင်၏မျက်လုံးများ တောက်ပသွားလေသည်။
"ရှင်က ဒီလောတ်အသက်ငယ်ငယ်လေးနဲ့ ဝင်္ကပါပညာရှင်တစ်ယောက်ဖြစ်နေပြီ....ပြီးတော့ ကျွန်မရဲ့ခန္ဓာကိုယ်ပေါ်က ကျိန်စာကိုလဲဖယ်ရှားပေးနိုင်ခဲ့တယ်....ဒါနဲ့ ရှင်ကဘယ်သူလဲ"
သူမ၏ခန္ဓာကိုယ်ပေါ်ရှိ ကျိန်စာအဆိပ်သည် ဖယ်ရှားနိုင်ရန် အလွန်ခက်ခဲမည်ဖြစ်ကြောင်းကို ကျန်းယုချင်က သိရှိထားခဲ့သည်။
သူမက ထိုကျိန်စာအဆိပ်၏ ညှင်းပန်းနှိပ်စက်မှုဒဏ်ကြောင့် သေလုမျောပါးဖြစ်ခဲ့ရသည်။ ထိုကျိန်စာကို လုယွီက လွယ်လင့်တကူဖယ်ရှားပေးနိုင်မည်ဟုလည်း မည်သည့်အချိန်ကမျှ သူမ မျှော်လင့်ထားခြင်းမရှိချေ။
လုယွီက တည်ငြိမ်စွာဖြင့်ပင် ပြောကြားလိုက်သည်။
"အဲ့ဒါက ငါက ဒီကျိန်စာအဆိပ်နဲ့ပတ်သတ်ပြီး နည်းနည်းသိထားလို့ပါ"
ထို့နောက် လုယွီက မတ်တတ်ထရပ်ပြီး ထွက်ခွာရန်ပြင်ဆင်လိုက်သည်။
သူက အင်္သချေသားရဲဂိုဏ်းမှ အကြီးအကဲအား သတ်ဖြတ်ခဲ့သဖြင့် ထိုဂိုဏ်းသည် သူ့အား အလွတ်ပေးမည်မဟုတ်သည်မှာ သေချာပေသည်။
လုယွီက ဤသေမျိုးနယ်မြေမှထွက်ခွာရန် ကြံစည်းထားပြီးဖြစ်သည်။ သို့ရာတွင် သူမထွက်ခွာမှီအချိန်တွင် ရှုပ်ထွေးနေသောကိစ္စရပ်များအားလုံးသည် သူ့မိသားစုပေါ်တွင် သက်ရောက်မှုမရှိစေရန်အတွက် သူ ဖြေရှင်းခဲ့ရန်လိုအပ်လေသည်။
"မသွားနဲ့ဦး....ကျွန်မ ရှင့်နာမည်ကိုမသိရသေးဘူး"
ကျန်းယုချင်သည် တခဏတာအတွင်း စိတ်လှုပ်ရှားနေခဲ့သည်။
ယခင်က သူမ၏အဖိုးဖြစ်သူသည် သူ၏စိတ်စွမ်းအင်များကိုအသုံးပြု၍ ဝင်္ကပါပညာရှင်တစ်ယောက်အား ဖိတ်ကြားနိုင်ရန်စီစဉ်ခဲ့သည်။
ယခု သူမ၏ရှေ့တွင်မတ်တတ်ရပ်နေသော ဤကဲ့သို့မျိုးစေ့ကောင်းတစ်ခုကို တွေ့ရှိရသည့်အတွက် ကျန်းယုချင်က သူ့အားသိမ်းသွင်းရန် အကြံရရှိသွားခဲ့သည်။
လုယွီက ကျန်းယုချင်အား တစ်ချက်ပြန်လှည့်ကြည့်ပြီး နူးညံသိမ်မွေ့စွာဖြင့် ပြောဆိုလိုက်သည်။
"လုယြီ"
ကျန်းယုချင်သည် လုယွီ၏အေးတိအေးစက်သဘောထားကြောင့် သူမက စိတ်အနည်းငယ်ရှုပ်ထွေးသွားရသည်။
သူမ၏နံဘေးတွင် သူမအား လိုက်လံပိုးပမ်းနေကြသည့် အရူးအမူးဖြစ်နေကြသည့်လူငယ်များစွာရှိပေသည်။ သူမ၏ဉာဏ်ရည်ထက်မြက်မှုနှင့်လှပချောမောမှုများကြောင့် သူမအားမြင်တွေ့သည့်မည်သည့်ယော်ကျားမဆို အလွန်အမင်းပျာယာခတ်နေကြသည်။
သို့ရာတွင် လုယွီ၏သဘောထားကမူ သူမ ခန့်မှန်း၍မရနိုင်ပေ။
ကျန်းယုချင်က ရုတ်တရက် တစ်စုံတစ်ခုအား တွေးတောမိလေသည်။ ထွက်ခွာသွားနေပြီဖြစ်သော လုယွီအားကြည့်ပြီး သူမက သွက်သွက်လက်လက် ပြောဆိုလိုက်သည်။
"လုယွီ....အခုမသွားနဲ့အုံး....ရှင်က ကျွန်မအသက်ကိုကယ်တင်ခဲ့တာမို့...ကျွန်မရဲ့ကျန်းကလန်က ရှင်ကို သင့်တော်တာတစ်ခုခုပြန်ပေးမယ်"
လုယွီက ပြုံးပြလိုက်ရင်းမှ ကျန်းယုချင်အား ပြန်လည်ပြောဆိုလိုက်သည်။
"ကောင်းပြီလေ....ဒီတစ်ကြိမ်က ငါရဲ့စိတ်ဆန္ဒအတိုင်း လုပ်ဆောင်ခဲ့တာ...ပြန်ပေးဆပ်မယ်ဆိုတာကတော့ မင်းတို့ရဲ့ကျန်းကလန်မှာ ငါပိုင်ဆိုင်တာတစ်ခုခု ရှိနေပြီးသားပဲ"
ကျန်းယုချင်က ပဟေဋ္ဌိဖြစ်သွားခဲ့သော်လည်း ချက်ချင်းပင် သူမ၏ခေါင်းကို ခါယမ်းလိုက်မိသည်။
သူမက ကျန်းမိသားစု၏စွမ်းအားကို ယုံကြည်ထားသဖြင့် လုယွီကဲ့သို့သေမျိုးတစ်ယောက်က ကျန်းကလန်တွင်သူပိုင်ဆိုင်သောအရာရှိသည်ဆိုခြင်းမှာ မဖြစ်နိုင်ချေ။
သို့ရာတွင် ကျန်းယုချင်ထံ၌ လုယွီအား ထွက်ခွာသွားခွင့်ပြုရန်အစီအစဉ်မရှိပေ။
သူမက လုယွီသည် ပါရမီရှင်တစ်ယောက်ဖြစ်လိမ့်မည်ဟု ယူဆထားပြီးဖြစ်သည်။ သူ၏ ဝင်္ကပါပညာအရည်အချင်းအရဆိုလျှင်ပင် လုယွီက ပါရမီရှင်တစ်ယောက်ဖြစ်ရန် လုံလောတ်နေပေ၏။
ကျန်းကလန်သည် အလွန်ကြီးမားသော်လည်း ဂိုဏ်းအတွင်း၌ ဝင်္ကပါပညာရှင်တစ်ယောက်သာရှိသည်။
ပုံမှန်အားဖြင့် ကလန်မှတစ်စုံတစ်ယောက်က ဝင်္ကပါပညာရှင်အား လိုအပ်လာလျှင် တန်ကြေးကြီးကြီးပေး၍သာ တောင်းဆိုရလေသည်။
"သူက အခု ရှီထျန်းနယ်ပယ်အဆင့်ပဲရှိသေးတယ်...တစ်ကယ်လို့ ကလန်ကသာ သူကိုမြေတောင်မြှောက်ပေးလိုက်မယ်ဆိုရင်....သူ ကြီးပြင်းလာတဲ့အချိန်ကျရင် ကလန်အတွက်အခက်အခဲတွေကို ဖြေရှင်းပေးနိုင်မှာသေချာတယ်"
ကျန်းယုချင်၏မျက်လုံးများက တောက်ပရွှန်းစိုနေလေ၏။
လုယွီက ထွက်ခွာရန်ပြင်ဆင်နေသည်ကိုကြည့်ပြီး ကျန်းယုချင်က သူအားအောာဟစ်လိုက်သည်။
"အဲ့ဒိနေရာမှာ ဝင်္ကပါတစ်ခုခင်းကျင်းထားတယ်....ရှင် ထွက်ခွာဖို့ ခက်လိမ့်မယ်"
သိုရာတွင် လုယွီက ကျန်းယုချင်၏ပြောစကားများကို မကြားသကဲ့သို့သာ ပြုမူနေခဲ့သည်။ သူက တစ်ချက်ခုန်ထွက်လိုက်သည်နှင့် ဝင်္ကပါအတားအဆီး၏ပြင်ပသို့ ရောက်ရှိသွားလေသည်။
အို...ဘုရားသခင်
ကျန်းယုချင်က အံ့အားသင့်တုန်လှုပ်သွားခဲ့သည်။ ထိုဝင်္ကပါသည် ကျန်းမိသားစု၏ဝင်္ကပါပညာရှင်မှ ခင်းကျင်းထားခြင်းဖြစ်သည်။ ဝင်္ကပါထိန်းချုပ်သူ၏ခွင့်ပြုချက်မရှိဘဲ အပြင်သို့ထွက်ခွာရန် သို့မဟုတ် အတွင်းသို့ဝင်လာရန်မှာ လွန်စွာခက်ခဲပေသည်။
သို့ရာတွင် သူမ၏ရှေ့မှောက်မှာပင် လုယွီက အေးအေးဆေးဆေး ထွက်ခွာသွားနိုင်ခဲ့သည်။
"ေနဦး"
ကျန်းယုချင်မှ လုယွီအား အော်ခေါ်လိုက်သည်။
လုယွီက ပြန်လှည့်ကြည့်လိုက်လေ၏။
"မင်း ဘာလိုချင်ပြန်ပြီတုန်း"
ယခုလက်ရှိတွင် လုယွီက ဝင်္ကပါအပြင်ဘက်သို့ ရောက်ရှိနေပြီဖြစ်၍ ကျန်းယုချင်က အလျှင်စလိုဖြင့် ဝင်္ကပါအား ရုတ်သိမ်းလိုက်သည်။
"ရှင့်ကိုကြည့်ရတာ ဝင်္ကပါခင်းကျင်းတဲ့နေရာမှာ အတော်ထူးချွန်မယ့်ပုံပဲ...ရှင် ကျွန်မတို့နဲ့အတူလိုက်ပြီး ပြင်ပလေဟာနယ်စွန့်ပစ်နယ်မြေကိုသွားဖို့ စိတ်ဝင်စားလား"
ကျန်းယုချင်က လုယွီအား ဖိတ်ကြားမှုတစ်ခုအား ပြုလုပ်လိုက်လေ၏။
လုယွီက အချိန်တခဏကြာ စဉ်းစားတွေးတောနေမိသည်။ သူက ကျန်းယုချင် ညွှန်းဆိုသည့်အရာအား ရှင်းရှင်းလင်းလင်းသိရှိထားလေ၏။
သူက ဤတောင်တန်းအတွင်းသို့ ဝင်ရောက်လာစဉ်ကတည်းက ကောင်းကင်ယံမှထွက်ပေါ်နေသည့် အော်ရာတစ်ခုကို အာရုံခံစားမိပြီးဖြစ်သည်။
"ဒါက ကောင်းပါတယ်...ငါ အရမ်းစိတ်ဝင်စားတယ်"
လုယွီက တွန့်ဆုတ်နေခြင်းမရှိဘဲ ချက်ချင်းသဘောတူညီလိုက်သည်။
လုယွီက အလွန့်တည့်တိုးဆန်စွာဖြင့် သဘောတူညီလိုက်မည်ဟု ကျန်းယုချင်က မျှော်လင့်မထားမိပေ။ သူမက ထိုအကြောင်းကို ရှင်းပြရန်ပင် မလိုအပ်တောာချေ။
ကျန်းယုချင်က လျှင်မြန်စွာဖြင့် မတ်တတ်ထရပ်လိုက်သော်လည်း သူမထံတွင်မည်သည့်ခွန်အားမျှရှိမနေသောကြောင့် မြေပြင်ပေါ်သို့ပြိုလဲကျသွားခဲ့သည်။
ကျန်းယုချင်၏မျက်နှာတစ်ပြင်လုံး ဖြူ ဖတ်ဖြူ ရော်ဖြစ်နေပြီး သူမက ရှက်ကိုးရှက်ကန်းဖြင့် ပြောဆိုလိုက်သည်။
"ကျွန်မမှာ ဘာခွန်အားမှမရှိသေးဘူး...."
Chapter 97
သစ်တောအုပ်၏တောနက်ပိုင်းတွင် ပုံရိပ်တစ်ရိပ်က သစ်ပင်များ၏ထိပ်တွင် ရှေ့ နောက် ကူးသန်းသွားလာနေခဲ့သည်။
သူ၏ရွေ့လျားမှုသည် အလွန်အမင်းမြန်ဆန်ပြီး သွက်လက်ပေါ့ပါးနေလေသည်။ သူ၏ခြေဖဝါးက သစ်ကိုင်းပေါ်သို့ တစ်ချက်ထိလိုက်ရုံဖြင့် လေထုအတွင်းမှနေ၍ မီတာများစွာကွာဝေးသောနေရာသို့ ရောက်ရှိသွားလေသည်။
လုယွီက ကျန်းယုချင်ကိုကုန်းပိုး၍ ရှေ့သို့ဆက်လက်သွားလာနေရာ တဖြည်းဖြည်း တောင်တန်းများ၏အနက်ရှိုင်းဆုံးနေရာသို့ ရောက်ရှိလာခဲ့သည်။
ကျန်းယုချင်ကမူ သူမသည် လုယွီ၏နောက်ကျောတွင်မှီနေရင်းမှ သူမမနှလုံးသား၏နွေးထွေးလာမှုကို ခံစားမိသည်။
ယော်ကျားသားများကသာ သူမနှင့်နီးစပ်ခွင့်ရစေရန် ကြိုးပမ်းနေချိန်တွင် သူမက မည်သည်ကြောင့် လုယွီအား သယ်ဆောင်ခွင့်ပြုလိုက်သနည်းဟူသည်ကိုကား ကောင်းကင်ဘုံကသာလျှင် သိရှိနိုင်ပေမည်။
သူက အသက်မည်မျှကြီးသေးလို့ အလွန်နတ်ဆိုးဆန်နေရသနည်း...သူမ၏ခန္ဓာကိုယ်မှ ကျိန်စာဖယ်ရှားပေးနိုင်ရန် သူ၏လက်ဖြင့် သူမ၏ရင်ဘတ်ကို ထိတွေ့ကိုင်တွယ်ခဲ့ခြင်းကို သူမတွေးတောနေမိသည်။
ကျန်းယုချင်သည် ယော်ကျားသားများနှင့် ကင်းကင်းရှင်းရှင်းနေခဲ့သူ အေးစက်စက်အလှပိုင်ရှင်ဖြစ်သည်။ သို့ရာတွင် သူမခန္ဓာကိုယ်ပေါ်မှ စိတ်ပျက်ဖွယ်ကောင်းသော ကျိန်စာကို ဖယ်ရှားပြီးနောက်တွင် သူမက အလွန်စိတ်လှုပ်ရှားနေပြီး မိန်းမပျိုလေးတစ်ယောက်၏အမူအယာကို ရှားရှားပါးပါးဖော်ပြမိခဲ့သည်။
ကျန်းယုချင်၏မျက်နှာပေါ်တွင် အနီရောင်သမ်းနေဆဲဖြစ်ပြီး သူမ၏ရုပ်သွင်သည် ညှို့ယူဖမ်းစားနိုင်မှုများ ပြည့်နှက်နေသည်။
ထိုအကြောင်းများကို လုယွီကတော့ မည်သည်ကိုမျှမသိရှိချေ။
"ငါတို့ရောက်ပြီ"
လုယွီက လေသံတိုးတိုးဖြင့် ပြောကြားလိုက်သည်။
"အင်း...အို"
ကျန်းယုချင်က သူမ၏အသိစိတ်ပြန်ဝင်လာပြီး ချက်ချင်းတုံပြန်ပြောဆိုလိုက်သည်။
"ထူးဆန်းတယ်....ဒါက ဘယ်နေရာမှာရှိလဲဆိုတာ ရှင်ကိုကျွန်မ ပြောမပြပါဘူး.....ရှင် ဘယ်လိုသိတာလဲ"
လုယွီက မလှမ်းမကမ်းအကွာအဝေးမှ ကြီးမားသည့်မြင်းရထားလှည်းကြီးကို လက်ညှိုးညွှန်ပြလိုက်သည်။
"ဒါကြီးက ထင်းခနဲမြင်သာနေတာပဲကို...ဘယ်သူမဆိုရှင်းရှင်းလင်းလင်းမြင်နိုင်တယ်"
လုယွီက ထိုနေရာတွင်ရှိသော အံ့အားသင့်ဖွယ်ထွက်ပေါ်နေသည့် ကြီးမားသောလေဟာနယ်အပေါက်ကြီးကိုလည်း မြင်တွေ့ခဲ့ပြီးဖြစ်သည်။
မြေကွက်လပ်နေရာတွင်မူ လူအများ ပြည့်နှက်နေလေသည်။ ကျင့်ကြံသူများစွာသည် သူတို့၏မှော်ရတနာများအားစီးနင်း၍ ကြာပန်းပုံထိုင်နေခြင်း သို့မဟုတ် တစ်စုံတစ်ခုအားဆွေးနွေးပြောဆိုနေကြခြင်းတို့ကို ပြုလုပ်နေကြသည်။
သို့ရာတွင် ထိုကျင့်ကြံသူများအားလုံးတွင် သူတို့၏ကိုယ်ပိုင်ဂိုဏ်းအုပ်စုရှိကြသည်မှာ သေချာပေသည်။ သူတို့၏သက်ဆိုင်ရာယာယီနေရာမျုားတွင် လူအုပ်စုတစ်စုစီဖြင့် ခွဲခြားနေထိုင်နေကြခြင်းဖြစ်သည်။ သူတို့တစ်ဦးချင်းစီ၏မျက်နှာပေါ်တွင် ဂုဏ်ယူဝင့်ကြွားနေသည့်အမူအယာများ ထင်ဟပ်နေကြသည်။
"သူရဲ့ခန္ဓာကိုယ်တစ်ခုလုံး မီးတောက်တွေဖုံးလွှမ်းနေတဲ့ ရက်စက်ကြမ်းကြုတ်တဲ့သားရဲကို ရှင်မြင်လား...အဲ့ဒါက ကျွန်မအဖိုး ပြုစုပျိုးထောင်ခဲ့တဲ့ ပြင်းထန်မီးတောက်သားရဲလေ"
ကျန်းယုချင်၏လေသံတွင် ဂုဏ်ယူဝင့်ကြွားနေသောအရိပ်အယောင်များပါဝင်နေသည်။
လုယွီသည် ပြင်းထန်မီးတောက်သားရဲနံဘေးရှိ အားမာန်အပြည့်ပါဝင်သောအက္ခရာများဖြင့် "ကွေ့ယွမ်ခန်းမ"ဟု ကြီးမားစွာရေးထိုးထားသည့် အလံတစ်ခုကိုလည်းမြင်လိုက်ရသည်။
"အဲဒါက ကျွန်မတို့ကျန်းမိသားစုရဲ့လက်အောက်ခံဂိုဏ်းတစ်ခုပဲ.....အဲဒီဂိုဏ်းက တောင်ပိုင်းစွန့်ပစ်နယ်မြေမှာ ဂုဏ်သတင်းနည်းနည်းကြီးတယ်"
ကျန်းယုချင်က ရယ်မောရင်း ပြောကြားလိုက်လေ၏။
လုယွီသည် ယခင်ကတည်းက ကွေ့ယွမ်ဂိုဏ်းအကြောင်းကို ကြားသိခဲ့ပြီးဖြစ်သည်။ သူ ယခုနေထိုင်နေသောနေရာသည် တောင်ပိုင်းစွန့်ပစ်နယ်မြေအတွင်းတွင်ဖြစ်လေ၏။
ကွေ့ယွမ်ဂိုဏ်းသည် တောင်ပိုင်းစွန့်ပစ်ကုန်းမြေတစ်ခုလုံးရှိ ထိပ်တန်းအင်မော်တယ်ဂိုဏ်းခုနစ်ဂိုဏ်းအတွင်းတွင် တစ်ခုအပါအဝင်ဖြစ်သည်။
စစ်နတ်ဘုရားဂိုဏ်းနှင့်အင်္သေချေသားရဲဂိုဏ်းများကမူ ဂိုဏ်းကြီးများအတွင်း ဝင်ရောက်နိုင်ခြင်းမရှိသူများနှင့် ဖွဲ့စည်းထားသည့် အဆင့်နိမ့်ဂိုဏ်းများသာဖြစ်ပေသည်။ သူတို့က ထိပ်တန်းအင်မော်တယ်ဂိုဏ်းများဖြင့် တန်းတူရပ်တည်နိုင်ခြင်းမရှိကြပေ။
လုယွီက ကျန်းယုချီအားကျောပိုးထားရင်းမှ မြေပြင်ပေါ်သို့ဆင်းသက်လိုက်ချိန်တွင် သူအားဝိုင်းအုံနေကြသည့် မြောက်များစွာသောအကြည့်များကို သတိပြုမိသည်။
"ကောင်လေး...နတ်သမီးကျန်းကိုလွှက်လိုက်စမ်း"
ဓားပျံကိုစီးနင်းလာသည့် အဖြူ ရောင်ဝတ်စုံဖြင့် လူငယ်တစ်ယောက်က ချက်ချင်းပင် လုယွီ၏ရှေ့၌ဆင်းသက်လိုက်သည်။
ရွှစ်....ရွှစ်...ရွှစ်
ထိုအချိန်မှာပင် ကွေ့ယွမ်ဂိုဏ်းမှ မြောက်များစွာသည့်ကျင့်ကြံသူများကလည်း ဓားပျံများစီးနင်း၍ ရောက်ရှိလာကြပြီး လုယွီ၏ရှေ့တွင်ဆင်းသက်ကာ လမ်းပိတ်ထားကြသည်။
"နတ်သမီးကျန်းက မင်းထိလို့ရမယ့် တစ်စုံတစ်ယောက်မဟုတ်ဘူး....မြန်မြန် သူမကိုလွှက်ပေးစမ်း"
"အဲဒါအမှန်ပဲ....ရှီထျန်းအဆင့်ကျင့်ကြံသူကများ...မင်း သေချင်နေတာလား"
ထိုကျင့်ကြံသူအုပ်စုသည် လုယွီ၏ကျင့်ကြံမှုနယ်ပယ်အား ချက်ချင်းသိရှိသွားကြပြီး မထိန်းနိုင်မသိမ်းနိုင်ဖြင့် တင်းမာခက်ထန်စွာအော်ဟစ်လိုက်ကြသည်။
ဤအချိန်တွင် ကျန်းယုချန်က သူမ၏မျက်နှာဖုံးကို ပြန်လည်တပ်ဆင်ထားပြီး သူမ၏ခန္ဓာကိုယ်တစ်ခုလုံးမှ လှိူ့ဝှက်ဆန်းကြယ်သောအော်ရာအား ထုတ်ဖော်ထားလေသည်။
သူမရှေ့ရှိမြင်ကွင်းကိုကြည့်ပြီး ကျန်းယုချင်က တုံဆိုင်းမနေတော့ဘဲ လုယွီ၏ပခုံးပေါ်မှ သူမ၏လက်ကိုဖယ်ရှားလိုက်သည်။
"ဘာဖြစ်နေကြတာလဲ"
ခန့်ညားတည်ကြည်သောအသံတစ်သံ ပေါ်ထွက်လာပြီးနောက် ကျင့်ကြံသူအားလုံးက အလျှင်စလိုဖြင့် လမ်းဖွင့်ပေးကြသည်။
ကျင့်ကြံသူများ၏အနောက်မှ အဖိုးအိုတစ်ယောက်က လျှောက်လှမ်းလာခဲ့သည်။ သူက အနက်ရောင်ဝတ်ရုံရှည်ကြီးကိုခြုံလွှမ်းထားပြီး ခမ်းနားထည်ဝါသောအော်ရာအား ထုတ်ဖော်ပြသထားလေ၏။ သူသည် ယခင်ကလုယွီကူညီပေးခဲ့သည့် ကျန်းထျန်းရှုံးသာ ဖြစ်ပေသည်။
ကျန်းထျန်းရှုံး၏အနောက်တွင် အဖြူ ရောင်ဝတ်ရုံဖြင့်လူတစ်စုရှိနေသည်။ ကြည့်ရပုံမှာ ယနေ့တွင် ဤနေရာ၌ လူစုံတတ်စုံရှိနေကြပုံပေါ်နေသည်။
ကျန်းထျန်းရှုံးက လုယွီကို ချက်ချင်းအသိအမှတ်ပြုလိုက်ပြီး သူ၏မျက်လုံးများက တောက်ပသွားခဲ့သည်။
"ငါ မင်းကို ဒီနေရာမှာတွေ့ရမယ်လို့ မျှော်လင့်မထားမိဘူး"
ကျန်းယုချင်သည် လုယွီက သူမ၏အဖိုးဖြစ်သူအား ကူညီပေးခဲ့ခြင်းကို သိရှိထားခြင်းမရှိပေ။
ကျန်းထျန်းရှုံး စိတ်ဆိုးဒေါသထွက်နေလိမ့်မည်ဟု တွေးတောမိပြီး သူမက အလျှင်စလိုဖြင့် ဝင်ရောက်ရှင်းပြလိုက်သည်။
"အဖိုး....ဒါက လုယွီပါ....သူက သမီးရဲ့ခန္ဓာကိုယ်ပေါ်က ကျိန်စာကိုဖယ်ရှားပေးခဲ့တယ်"
Chapter 98
"ကောင်မလေး ကျန်း...နင်ရဲ့ကျိန်စာအဆိပ်ကို တစ်ယောက်ယောက်က ဖယ်ရှားပေးလိုက်တယ်လို့ ပြောလိုက်တာလား...ဟီး ဟီး....အဲ့ဒါက မဖြစ်နိုင်ဘူး"
မုတ်ဆိတ်ဖြူ ကြီးနှင့်အဖိုးအိုတစ်ယောက်က ကျန်းထန်းရှုံး၏အနောက်ရှိ မြင်းရထားပေါ်မှဆင်းလာပြီး အပြုံးနှင့်ပြောဆိုလိုက်သည်။
အဖိုးအို ရောက်ရှိလာခြင်းကိုမြင်သည်နှင့် ကျင့်ကြံသူများအားလုံး၏အမူအယာများ ချက်ချင်းလှုပ်ခတ်သွားခဲ့ပြီး သူတို့က လေးစားစွာဖြင့်အရိုအသေပြုလိုက်ကြသည်။
"ဆရာသခင် ကျန့်"
ကျန်းထျန်းရှုံးပင် ထိုအဖိုးအိုအားမြင်လိုက်ချိန်တွင် ယဉ်ကျေးစွာဖြင့် စကားပြောဆိုလိုက်သည်။
"ဆရာသခင် ကျန့်...ခင်ဗျားက ဘာလို့ဒီလိုပြောနိုင်ရတာလဲ"
ဆရာသခင် ကျန့်က ရယ်မောရင်းဖြင့် ပြောဆိုလိုက်လေ၏။
"ဘိုးဘေးကျန်း....အဲ့ဒီကျိန်စာက ယင်လော့ဂိုဏ်းရဲ့ဂိုဏ်းခေါင်းဆောင်ကိုယ်တိုင် မန္တန်ရွတ်ဖတ်ထားခဲ့တာ....ကျုပ်တောင်မှ အဲ့ဒီကျိန်စာကိုဖယ်ရှားဖို့ အကူအညီပေးနိုင်မှာမဟုတ်ဘူး"
ဆရာသခင်ကျန့်၏စကားလုံးများကို နားထောင်ရသည်မှာ အလွန်ပင်လက်ခံနိုင်သည့် အကြောင်းပြချက်တစ်ခုဖြစ်သည်။ ထိုအချိန်တခဏမှာပင် လူတိုင်းက ဆရာသခင်ကျန့်၏စကားများကို ယုံကြည်လက်ခံသွားကြပြီး သူတို့က လုယွီအား ဒေါသတကြီး ကြည့်ရှုလိုက်ကြသည်။
အရပ်မြင့်မြင့်နှင့်ကျင့်ကြံသူတစ်ယောက်က တင်းမာခက်ထန်စွာဖြင့် အော်ဟစ်လိုက်လေ၏။
"ကောင်လေး...ငါတို့ကိုလှည့်စားဖို့ မကြိုးစားစမ်းနဲ့...မင်း သေဖို့ပြင်ထားတော့"
လုယွီက မျက်မှောင်ကြုပ်လိုက်သည်။ ထိုလူအုပ်စုက တစ်ချိန်လုံးကျွက်ကျွက်ညံနေခြင်းအား သူကအလွန်စိတ်အနှောက်အယှက်ဖြစ်နေမိသည်။ သူက ပေါ့ပေါ့ပါးပါးလေသံဖြင့်သာ ပြောဆိုလိုက်သည်။
"ခင်ဗျားတို့ မလုပ်နိုင်ဘူးဆိုတာနဲ့...တစ်ခြားသူတွေကရော မလုပ်နိုင်တော့ဘူးလား"
ဆရာသခင်ကျန့်က အေးတိအေးစက်နှာမှုတ်ပြီး လုယွီအား လျစ်လျှူ ရှုလိုက်လေသည်။
တစ်ခြားကျင့်ကြံသူများကမူ ဆူညံပွက်လောရိုက်နေကြသည်။
"သေမျိုးကောင်.....မင်းရဲ့ငယ်ရွယ်တဲ့အသက်နဲ့ ကြည့်ရတာတော့ ဆရာသခင်ကျန့်ရဲ့ဂုဏ်သတင်းကို မကြားဖူးဘူးထင်တယ်....ဆရာသခင်ကျန့်တောင် မဖြစ်နိုင်ဘူးဆိုတဲ့အရာလို မင်းလိုကောင်စုတ်လေးက ဘာတတ်နိုင်မှာလဲ"
လုယွီ၏မျက်လုံးများက ရေခဲတမျှ အေးစက်သွားခဲ့သည်။ သူက ဤနေရာသို့လာရောက်ရခြင်းမှာ ပြင်ပလေဟာနယ်မှအော်ရာအား လာရောက်ကြည့်ရှုခြင်းသာဖြစ်သည်။
"လုံလောတ်ပြီ...တော်ကြစမ်း...မင်းတို့အားလုံး ပါးစပ်ပိတ်ထားကြ"
ကျန်းထျန်းရှုံး၏စကားဆုံးသည်နှင့် လူအုပ်ကြီးက ချက်ချင်းတိတ်ဆိတ်ငြိမ်သက်သွားလေ၏။
ရုတ်တရက် ကျန်းထျန်းရှုံးက လုယွီဘက်သို့လှည့်ပြီး နူးညံညင်သာစွာဖြင့် ပြောဆိုလိုက်သည်။
"မိတ်ဆွေလေး...ငါတို့ အချိန်မကြာသေးခင်မှာပဲ နောက်တခါထပ်တွေ့ရလိမ့်မယ်လို့ ငါမျှော်လင့်မထားမိဘူး"
လုယွီ၏နှုတ်ခမ်းထောင့် အနည်းငယ်တွန့်ကွေးသွားပြီး သူက အပြုံးဖြင့် ပြန်လည်ပြောဆိုလိုက်သည်။
"ဘိုးဘေးကျန်း....ယဉ်ကျေးနေစရာမလိုပါဘူး...ကျုပ်က ခင်ဗျားတို့အုပ်စုနဲ့ အတူတူခရီးသွားဖို့လာခဲ့တာ...ပြင်ပလေဟာနယ်ပျက်စီးနယ်မြေက ဘယ်လိုလဲဆိုတာ ကြည့်ချင်ရုံသက်သက်ပဲ"
လူတိုင်းက ထိုမြင်ကွင်းအား အံ့အားသင့်တုန်လှုပ်စွာဖြင့် ကြည့်ရှုနေပြသည်။ ကျန်းမိသားစု၏ဘိုးဘေးက ဤကဲ့သို့သေမျိုးကောင်လေးတစ်ယောက်နှင့် အမှန်တစ်ကယ်ပင် သိကျွမ်းနေလေသည်။
လူများစွာက ထိုအကြောင်းကို မယုံကြည်ချင်ကြသော်လည်း အမှန်တရားက သူတို့၏မျက်စိရှေ့တွင်ပင် တည်ရှိနေလေရာ သူတို့၌ရွေးချယ်စရာမရှိတော့ဘဲ ယုံကြည်လက်ခံလိုက်ရသည်။
"ရှင်က ကျွန်မအဖိုးနဲ့ အရင်ကတည်းက သိနေတာလား"
ကျန်းယုချင်က လုယွီအား အံ့အားသင့်မှုအပြည့်ဖြင့် စိုက်ကြည့်နေလေ၏။
"ဟား ဟား ဟား....ဆရာသခင်ကျန့်....မိတ်ဆွေငယ်လေး လုယွီ...ဒါတွေအကုန်လုံးက နားလည်မှုလွဲနေကြတာပါ....ရထားလုံးထဲဝင်ပြီး စကားပြောကြရအောင်"
ကျန်းထျန်းရှုံးက ပြုံးရင်းမှ လုယွီကိုသူ့အနားသို့လာရန် ခြေဟန်လက်ဟန်ပြလိုက်သည်။
လုယွီက ခေါင်းညိတ်ပြပြီး သူက ကျန်းယုချင်အား ညင်ညင်သာသာဖြင့် မြေပြင်ပေါ်ချပေးပြီး စကားပြောဆိုလေ၏။
"ခင်ဗျားရဲ့မြေးမက အခုလက်ရှိမှာ အရမ်းအားနည်းနေသေးတယ်...ခင်ဗျားက သူမကို အချိန်အနည်းငယ်လောတ်အနားယူခိုင်းသင့်တယ်"
ထိုအချိန်တွင် လူတိုင်း၏မျက်လုံးများက ကျန်းယုချင်ပေါ်သို့ ကျရောက်လာခဲ့သည်။
ရုတ်တရက် ကျန်းထျန်းရှုံးက မျက်မှောင်ကြုပ်လိုက်မိသည်။ သူက ရှေ့သို့တိုးဝင်ပြီး လုယွီ၏လက်အတွင်းမှ ကျန်းယုချင်အား ဆွဲယူလိုက်လေ၏။
"အဖိုး"
ကျန်းယုချင်က တီးတိုးရေရွတ်လိုက်သည်။
"မလှုပ်နဲ့"
ကျန်းထျန်းရှုံးက ရုတ်ခနဲ လက်ဝါးတစ်ချက်ကို ဆန့်ထုတ်ပြီး ကျန်းယုချင်၏ပခုံးပေါ်သို့ ညင်ညင်သာသာ တင်ထားလိုက်လေ၏။
ကျန်းယုချင်၏ခန္ဓာကိုယ် တုန်ရီသွားပြီး သူမကိုယ်သူမ မထိန်းချုပ်နိုင်တော့ဘဲ စူးစူးဝါးဝါးအော်ဟစ်နေခဲ့သည်။
ကျန်းထျန်းရှုံး၏ စိတ်ဝိညာဉ်အာရုံသည် အလွန်အမင်းအစွမ်းထက်လှသည်။ သူက ကျန်းယုချင်၏အသိစိတ်ပင်လယ်အတွင်းမှ ကျိန်စာအဆိပ်သည် လွင့်ပြယ်သွားပြီဖြစ်ကြောင်းကို ချက်ချင်းသိရှိသွားသည်။
သူပင်လျှင် ထိုကျိန်စာအဆိပ်အား ဖယ်ရှားပေးနိုင်စွမ်းမရှိခဲ့ပေ။ သူ၏ရှေ့ရှိလုယွီက မည်သို့ဖယ်ရှားပေးနိုင်ခဲ့သနည်း...။
ကျန်းထျန်းရှုံးက သူ၏ခေါင်းကိုဆတ်ခနဲမော့ပြီး လုယွီအား မယုံကြည်နိုင်မှုအပြည့်ဖြင့် စိုက်ကြည့်နေမိသည်။
ဆရာသခင်ကျန့်သည်လည်း မျက်မှောင်ကြုပ်နေခဲ့သည်။ ဖြစ်နိုင်သည်က ထိုကောင်လေးသည် အမှန်တစ်ကယ်ပင် ကျိန်စာအဆိပ်ကို လွင့်ပြယ်စေနိုင်ခဲ့သလော....
ထိုကျိန်စာသည် ထိပ်တန်းကျွမ်းကျင်ပညာရှင်တစ်ယောက်မှ ကျိန်ဆိုထားခြင်းဖြစ်သည်။ အကယ်၍ သူကဝင်္ကပါတစ်ခုကို အသုံးပြုလျှင်ပင် ထိုကျိန်စာအဆိပ်အား ဖယ်ရှားပေးနိုင်မည်ဟု အပြည့်အဝယုံကြည်ချက်မရှိပေ။ သေမျိုးကောင်လေးတစ်ယောက်က ဤမျှအထိ စွမ်းဆောင်နိုင်ခြင်းကို သူမည်သို့မျှ ယုံကြည်နိုင်ခြင်းမရှိတော့ပေ။
"အဖိုး...သမီးကို လုယွီက ကူညီပေးပြီးသွားပြီလို့ ပြောခဲ့တယ်မလား"
ကျန်းယုချင်က တီးတိုးရေရွတ်လိုက်သည်။
"ဟား ဟား ဟား....မိတ်ဆွေငယ်လေးလုယွီကတော့ ငါတို့ကျန်းမိသားစုရဲ့ ကယ်တင်ရှင်ပဲ"
ကျန်းထျန်းရှုံးက အူလှိုက်သည်းလှိုက် ရယ်မောနေပေ၏။
ကျန်းထျန်းရှုံးက ယခုနေရာသို့ လာရောက်စဉ်တွင် သူ၏မြေးမလေးထံမှ ကျိန်စာအဆိပ်ကြောင့် စိုးရိမ်ပူပန်နေမိသည်။
ယခု သူ၏မြေးမငယ်လေးက ကောင်းမွန်သွားပြီဖြစ်လေရာ သူ၌ စိုးရိမ်ကြောင့်ကြဖွယ်တစိုးတစ်မျှ ခံစားရခြင်းမရှိတော့ပေ။
လုယွီက ကျိန်စာအဆိပ်ကို ဖယ်ရှားပေးခဲ့သည့် ကိစ္စကိုမူ သူက အပြည့်အဝယုံကြည်နိုင်ခြင်းမရှိသေးချေ။
သူ၏စိတ်အတွင်းတွင် လုယွီကဲ့သို့သေမျိုးကောင်လေးတစ်ယောက်က ထိပ်တန်းအဆင့်ကျင့်ကြံနည်းစနစ်တစ်ခုအား မတော်တဆရရှိထားခြင်းဖြစ်သည်ဟုသာ တွေးတောနေမိသည်။
Chapter 99
ကျန်းထျန်းရှုံးသည် သူအား အချိန်ကာလကြာညောင်းစွာ စိတ်ဒုက္ခပေးနေခဲ့သည့် ပြဿ နာအား နောက်ဆုံးတွင် ဖြေရှင်းနိုင်ခဲ့ပြီ ဖြစ်ပေ၏။
ကျန်းထျန်းရှုံးက သူကိုယ်သူမထိန်းချုပ်နိုင်တော့ဘဲ အူလှိုက်သည်းလှိုက်ရယ်မောနေပြီး ပျော်ရွှင်မှု၏အရိပ်အယောင်များက သူ၏မျက်ခုံးနှစ်ခုကြားတွင် ထင်ဟပ်နေလေသည်။
"အဲ့ကောင်က...နတ်သမီး ကျန်း သူကို အရမ်းယုံကြည်နေအောင် ဘာနတ်ဆိုးနည်းစနစ်တွေများသုံးထားလဲလို့ ငါအံသြနေမိတယ်"
ကွေ့ဟွမ်ဂိုဏ်းမှ တစ်ချို့ကျင့်ကြံသူများသညိ လုယွီက ကျိန်စာအဆိပ်ကို ဖယ်ရှားပေးနိုင်ခဲ့သည်ဟူသည်ကို ယုံကြည်လက်ခံနိုင်ခြင်းမရှိကြပေ။
သူတို့အားလုံးက လုယွီကို သံသယအပြည့်ရှိသောအကြည့်များဖြင့် စိုက်ကြည့်နေကြပြီး သူထံမှလှို့ဝှက်ချက်တစ်ခုခု ရှာတွေ့လိုရှာတွေ့ငြား ကြိုးစားနေကြသည်။
လုယွီက ပြုံးလိုက်လေ၏။ သူက ရှင်းပြရမည်ကို အလွန်အင်မတန်ပျင်းရိသူဖြစ်သဖြင့် ကျန်းထျန်းရှုံး၏နောက်မှလိုက်ကာ ရထားလုံးအတွင်းသို့ဝင်လိုက်သည်။
တာလျန့်နိုင်ငံတော်တွင် လုမိသားစု၏မြင်းရထားလုံးသည် အလွန်တန်ကြေးကြီးမားသည်ဟု သတ်မှတ်နိုင်သည်။ သို့သော် ကျန်းထျန်းရှုံး၏မြင်းရထားလုံးအားမြင်ပြီးနောက် မြင်းရထားဆွဲသည့်မြင်းများကိုကြည့်လျှင်ပင် သူယခင်က မြင်ဖူးခဲ့သည့်အရာများက တန်ဖိုးမဲ့သွားကြောင်း တွေ့ရှိရသည်။
"ဒီနေရာမှာ....ဒါက လေဟာနယ်ဝင်္ကပါတစ်ခုလား"
လုယွီက တီးတိုးရေရွတ်လိုက်လေ၏။
ပြင်ပမှကြည့်လျှင် ဤမြင်းရထားလုံးသည် သာမာန်အရွယ်အစားသာဖြစ်သည်။ သို့ရာတွင် သူက အတွင်းသို့ဝင်ရောက်လိုက်သည်နှင့် ကျယ်ဝန်းသောအခန်းအတွင်းသို့ ရောက်ရှိသွားခြင်းကို တွေ့ရှိရသည်။
လုယွီ ပြောဆိုသည်ကိုကြားရသော ဆရာသခင်ကျန့်နှင့်ကျန်းထျန်းရှုံးတို့သည် နောက်သို့ပြန်လှည့်ပြီး လုယွီအား ထူးဆန်းသောအမူအယာများဖြင့် ကြည့်ရှုနေကြသည်။
ဆရာသခင်ကျန့်က ရယ်မောရင်း ပြောလိုက်သည်။
"မင်းမှာ အမြင်ကောင်းရှိတာပဲ သေမျိုးကောင်လေး...မဆိုးဘူး...ဒီလေဟာနယ်ဝင်္ကပါက ဒီအဖိုးကြီးကိုယ်တိုင်ခင်းကျင်းထားတဲ့ဟာပဲ"
ကျန်းထျန်းရှုံးကလည်း နံဘေးမှနေ၍ ဝင်ရောက်ချီးမွမ်းပြောဆိုလိုက်သည်။
"လေဟာနယ်ဝင်္ကပါတွေကို ခင်းကျင်းရတာ အလွန်ခက်ခဲတယ်လို့ လူတွေကပြောနေကြတာ...ဆရာသခင်ကျန့်က ဒီဝင်္ကပါကိုခင်းကျင်းဖို့ အမွှေးတိုင်တစ်တိုင်စာအချိန်ပဲယူခဲ့တယ်...ကြည့်ရတာတော့ ဆရာသခင်ကျန့်က ဝင်္ကပါခင်းကျင်းတဲ့နည်းစနစ်မှာ ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ရှိနေပြီထင်တယ်"
ဆရာသခင်ကျန့်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြုံးနေလေ၏။
"ကျုပ်က နှစ်ပေါင်းများစွာကြာအောင် ကျင့်ကြံရာမှာပဲ ကိုယ်ကိုကိုယ်မြှပ်နှံထားခဲ့တာ....ဒါကြောင့် အောင်မြင်မှုတစ်ချို့ရခဲ့တာက ပုံမှန်ပါပဲ....ကျုပ်က တစ်ချို့ကောင်စုတ်လေးတွေကို မြင်နေရတာမနှစ်သက်ဘူး....သေမျိုးအဆင့်နဲ့ဝင်္ကပါခင်းကျင်းဝံ့တဲ့ ကောင်မျိုးတွေကိုပေါ့"
လုယွီက ဆရာသခင်ကျန့်အား လျစ်လျှူ ရှုထားလိုက်သည်။ သူပြုလုပ်ရန်လိုအပ်သည့် တစ်စုံတစ်ခုက ကျန်ရှိနေဆဲဖြစ်သည်။ ထို့ကြောင့် လုယွီက တဲ့တိုးသာမေးချလိုက်တော့သည်။
"ဘိုးဘေးကျန်း...ခင်ဗျားတို့ လေဟာနယ်စွန့်ပစ်နယ်မြေကို ဘယ်ချိန်ဝင်ရောက်ဖို့စီစဉ်ထားကြလဲ"
"ဟား ဟား...မင်းက ပြင်ပလေဟာနယ်စွန့်ပစ်နယ်မြေအကြောင်းကို မိန်းကလေး ကျန်းစီကကြားထားတာ..ဟုတ်တယ်မလား...အင်အားစုတွေအများကြီးက ဒီလေဟာနယ်စွန့်ပစ်နယ်မြေကို စူးစမ်းရှာဖွေပြီးသွားပြီ...အဲ့ဒီအထဲမှာ ပြိုင်ဘက်ကင်းကျွမ်းကျင်သူတွေတောင် သေဆုံးနိုင်တယ်...အဲ့ဒီနေရာက အရမ်းအန္တရာယ်များပြီးတော့ သတိတစ်ချက်လွတ်တာနဲ့ မင်းက ပြိုလဲကျသွားနိုင်တယ်"
ဆရာသခင်ကျန့်က အထင်အမြင်သေးစွာဖြင့် လုယွီကိုတစ်ချက်ကြည့်ပြီး စကားဆတ်ပြောလိုက်သည်။
"အဲ့ဒီနေရာမှာ တစ်ကယ့်ကျင့်ကြံသူအစစ်အမှန်တွေတောင်မှ သေဆုံးနိုင်ချေရှိနေတုန်းပဲ....မင်းက လုံချီနယ်ပယ်ကိုတောင် မရောက်ရှိသေးတဲ့ ဂျူ နီယာတစ်ယောက်ပဲရှိသေးတာ....ဒီကိစ္စကို မကြိုးစားချင်စမ်းနဲ့"
ကျန်းထျန်းရှုံးက ဆရာသခင်ကျန့်သည် လုယွီအား ပစ်မှတ်ထား၍ ပြောဆိုနေခြင်းကို မြင်ရသည့်အခါတွင် သူက ချက်ချင်းပြေလည်စေရန် ကြိုးစားလိုက်သည်။
"ဟဲ ဟဲ...ဆရာသခင် ကျန့်....မိတ်ဆွေငယ်လေးလုယွီက ကျုပ်အသက်ကို ကယ်တင်ခဲ့ဖူးတယ်...ဒါကြောင့်မို့ သူလိုက်ချင်တယ်ဆိုရင် သူကိုလိုက်ခွင့်ပြုလိုက်ပါ"
ဆရာသခင်ကျန့်ထံမှ အေးတိအေးစက်ဖြင့်မကျေမနပ်သံ ထွက်ပေါ်လာခဲ့သည်။
"ဟွန့်....ကောင်းပြီလေ.....ဒါပေမယ့် ဘိုးဘေးကျန်း..ကျုပ်မှာ ရှီထျန်းနယ်ပယ်ကျင့်ကြံသူတစ်ယောက်ကို ကာကွယ်နိုင်ဖို့ စွမ်းရည်မရှိမှာကို ကျုပ် စိုးရိမ်မိတယ်"
ကျန်းထျန်းရှုံးက ယဉ်ကျေးစွာဖြင့်သာ ပြန်လည်တုန့်ပြန်လိုက်သည်။
"ဆရာသခင်ကျန့်....ကျေးဇူးပြုပြီး စိတ်အေးလက်အေးနေပါ....အချိန်ကျလာရင် ဒီအဖိုးကြီးက မိတ်ဆွေငယ်လေး လုယွီကို ကာကွယ်ပေးပါ့မယ်"
ရုတ်တရက် ကျန်းထျန်ရှုံက ဆရာသခင်ကျန့်ဘက်သို့လှည့်၍ လေးလေးနက်နက်ပြောဆိုလိုက်သည်။
"တောင်ပိုင်းစွန့်ပစ်ကုန်းမြေမှာရှိတဲ့ ထိပ်တန်းအင်မော်တယ်ဂိုဏ်းခုနစ်ဂိုဏ်းကို အင်အားကြီးအဖွဲ့အစည်းတွေက မြှင့်တင်ပေးထားမယ်လို့ ကျုပ်မျှော်လင့်မထားမိဘူး....မူလက ဒီ လေဟာနယ်စွန့်ပစ်နယ်မြေကို အရင်ဆုံးတွေ့ခဲ့တာ ကျုပ်တို့အရင်ဆုံးဖြစ်တယ်...ဒါပေမယ့် ဒီလှို့ဝှက်ချက်ကို ဘယ်သူစီကနေ ပေါက်ကြားသွားခဲ့လဲမသိဘူး...နတ်ဘုရားပုံရိပ်ယောင်ကျောင်းတော်နဲ့ကျောက်တုံးဂိတ်တံခါးကသူတွေကပါ ဒီသတင်းကို သိပြီးနေကြပြီ"
"အထူးသဖြင့် လင်းရှောင်ဂိုဏ်းက သူတွေလည်းလာမယ်လို့ ကျုပ်ကြားထားတယ်...ကျုပ်တို့ သတိထားဖို့လိုလိမ့်မယ်"
ကျန်းထျန်းရှုံးက ပွင့်လင်းစွာဖြင့် ပြောဆိုလိုက်သည်။
ဆရာသခင် ကျန့်၏အမူအယာက အနည်းငယ်လေးလံသွားခဲ့သည်။
"တစ်ကယ်လို့ တစ်ခြားတစ်ယောက်သာဆိုရင် အဆင်ပြေချင်မှပြေလိမ့်မယ်...ကျုပ်တောင်မှ လင်းရှောင်ဂိုဏ်းကို ခက်ခက်ခဲခဲရင်ဆိုင်ရလိမ့်မယ်"
ကျန်းထျန်းရှုံးနှင့်ဆရာသခင်ကျန့်တို့သည် လုယွီရှိနေသည်ကို စိုးရိမ်ပူပန်ခြင်းရှိပုံမရပေ။ သူတို့နှစ်ယောက်ကလွဲ၍ တစ်ခြားမည်သူမျှမရှိသည့်အလား အပြန်အလှန်ဆွေးနွေးတိုင်ပင်နေကြလေသည်။
တစ်ခြားတစ်ဖက်မှ လုယွီကမူ နံဘေးတွင်ငြိမ်သက်စွာထိုင်နေပြီး သူတို့နှစ်ယောက်၏ဆွေးနွေးပွဲပြီးသည်အထိ စောင့်ဆိုင်းနေခဲ့သည်။
အဖိုးအိုနှစ်ယောက်က သူတို့၏အစီအစဉ်များအကြောင်း ဆွေးနွေးတိုင်ပင်ပြီး နောက်ဆုံးတွင်မူ ကျန်းထျန်းရှုံးက လုယွီအား ပြုံးပြရင်းမှ ပြောဆိုလိုက်သည်။
"မိတ်ဆွေငယ်လေး လု....ဒီအဖိုးကြီးမှာ လုပ်စရာကိစ္စနည်းနည်းကျန်နေသေးတယ်...မိတ်ဆွေငယ်လေးကို ဒီနေရာမှာဆတ်ပြီး ဧည့်ခံနိုင်မှာမဟုတ်သေးဘူး...မိတ်ဆွေငယ်လေး အပြင်ဘက်မှာလှည့်ပတ်ကြည့်ရှုနေနိုင်ပါတယ်...ဒါပေမယ့် ကွေ့ဟွမ်ဂိုဏ်းရဲ့စခန်းနေရာကနေတော့ ထွက်ခွာမသွားမိဖို့ကို မင်း ဂရုစိုက်ပေးပါ"
လုယွီက ခေါင်းညိတ်ပြလိုက်ပြီး မြင်းရထားလုံးအတွင်းမှ ချက်ချင်းထွက်ခွာလိုက်သည်။
လုယွီအပြင်ထွက်လိုက်သည့်အချိန်မှာပင် သူက ရုတ်တရက် သူ၏နားအတွင်းသို့ ထူးဆန်းသည့်အသံတစ်သံ ဝင်ရောက်လာသည်အား ကြားလိုက်ရသည်။
"သေမျိုးကောင်လေး...အဲ့ဒီနေရာမှာရပ်နေစမ်း"
Chapter 100
လုယွီက လှည့်ပတ်ကြည့်လိုက်ရာ ကွေ့ဟွမ်ဂိုဏ်းမှ လူငယ်ကျင့်ကြံသူတစ်ချို့အား တွေ့ရှိရသည်။ သူတို့က ဤကဲ့သို့ငယ်ရွယ်သောအသက်အရွယ်တွင် မြင့်မားသောကျင့်ကြံမှုနယ်ပယ်သို့ ရောက်ရှိနေကြပြီးဖြစ်သည်ဖြင့် စိတ်ကြီးဝင်နေကြသည်မှာ ပုံမှန်အတိုင်းသာဖြစ်သည်။
"ကောင်စုတ်...ငါ မင်းကိုသတိပေးထားမယ်...နတ်သမီး ကျန်းက ငါတို့စီနီယာအကိုကြီးရဲ့ မိန်းကလေးပဲ....မင်းမှာ ဆန်းပြားတဲ့ရည်ရွယ်ချက်မရှိရင် ပိုကောင်းလိမ့်မယ်....ဒီလိုမှမဟုတ်ရင် ငါတို့ထဲကတစ်ယောက်ယောက် ထွက်လိုက်တာနဲ့ မင်းကိုလွယ်လွယ်လေး သတ်ပစ်နိုင်တယ်"
ငယ်ရွယ်သည့်ကျင့်ကြံသူတစ်ယောက်က လုယွီအား သတိပေးစကားပြောကြားလိုက်သည်။
လုယွီက သူတို့အားလုံးကို တစ်ချက်ကြည့်လိုက်သော်လည်း မည်သည်ကိုမျှ ရှည်ရှည်ဝေးဝေးရှင်းပြမနေပေ။
သူက ပြင်ပလေဟာနယ်၏အကြွင်းအကျန်ပိုင်ရှင်မှာ မည်သူဖြစ်ပြီး ထိုနေရာတွင် မည်သူသေဆုံးသွားသနည်း ဟူသည်များကိုသာ မြင်တွေ့ချင်စိတ်ရှိနေသည်။
ယခုနေရာ၏ပတ်ဝန်းကျင်တစ်ခုလုံးတွင် ခပ်မှိန်မှိန်အော်ရာတစ်ခုရှိပြီး လေထုအားမငြိမ်မသက်ဖြစ်နေစေသည်။ ထိုဖိအားသာ အစစ်အမှန်ဖြစ်ခဲ့လျှင် လူတိုင်းက ၎င်းဖိအားကိုခုခံနိုင်ရန် အကောင်းဆုံးကြိုးစားရပေမည်။ သို့ရာတွင် ယခုလက်ရှိတွင်မူ ထိုဖိအားကမည်သူအပေါ်ကိုမျှ သက်ရောက်စေခြင်း မရှိသေးချေ။
ထိုဖိအား၏အောက်တွင် လုယွီက ရင်းနှီးကျွမ်းဝင်နေမှုကို အာရုံခံစားမိနေသည်။
ဖြစ်နိုင်သည်က သူ၏ယခင်ဘဝတွင် ဤလေဟာနယ်စွန့်ပစ်နယ်မြေ၏ပိုင်ရှင်ဖြင့် သိကျွမ်းခဲ့ဖူးလောတ်ပေသည်။
လုယွီက မညာသည့်စကားမျှ ပြန်လည်ပြောဆိုခြင်းမရှိသည်ကို မြင်တွေ့ရသော လူငယ်ကျင့်ကြံသူများ၏မျက်နှာများက ချက်ချင်းပင်မည်းမှောင်လာကြသည်။
"သေမျိုးကောင်...ငါတို့ မင်းကိုစကားပြောနေတာလေ"
လူငယ်ကျင့်ကြံသူမြောက်များစွာသည် အော်ဟစ်လိုက်ကြ၏။
လုယွီက သူတို့အားလှည့်ကြည့်ပြီး တည်ငြိမ်စွာဖြင့်ပြောဆိုလိုက်သည်။
"ငါက မင်းတို့လိုကောင်တွေနဲ့ အချိန်ဖြုန်းရမှာ အရမ်းပျင်းတယ်...တစ်ကယ်လို့ မင်းတို့ သေချင်နေတယ်ဆိုရင်တော့ ငါနဲ့လာတိုက်ခိုက်ကြ...အဲ့ဒီနေရာကနေပြီး မင်းတို့ ဟောင်ဖွာဟောင်ဖွာလုပ်မနေကြနဲ့"
"မင်း ဘာပြောတာလဲ"
ယခုတစ်ကြိမ်တွင်မူ လူငယ်ကျင့်ကြံသူများက ဝိုင်းအုံပြီး ဒေါသတကြီးဖြစ်နေကြ၏။
သူတို့၏ရှေ့တွင် ဤကဲ့သို့စကားမျိုးကို မည်သူကမျှ မပြောဆိုဝံ့ကြပေ။ လူငယ်ကျင့်ကြံသူများအနက်မှတစ်ယောက်က ရုတ်တရက် သူ၏လက်မှကျင့်ကြံနည်းစနစ်တစ်ခုအား အသုံးပြုလိုက်ရာ သူ၏နံဘေးတွင် ချီစီးကြောင်းတစ်ခုက ချက်ချင်းထွက်ပေါ်လာခဲ့သည်။
ထိုလူငယ်ကျင့်ကြံသူက အမြူ တေဖွဲ့စည်းခြင်းနယ်ပယ်ကျင့်ကြံသူဖြစ်သည်။ သူသည် နက္ခတ်တာရာပြောင်းလဲခြင်းနယ်ပယ်အဆင့်ဖြစ်သော ဟုယန်းလီထက် အဆပေါင်းများစွာ ပို၍သန်မာပေသည်။ အကယ်၍ ဟုယန်းလီသာ ယခုကျင့်ကြံသူ၏ရှေ့၌မတ်တတ်ရပ်နေလျှင် သူထံ၌ အသက်ရှင်မည့်အခွင့်အရေးမရှိမည်မှာ သေချာပေသည်။
လုယွီက တည်ငြိမ်စွာဖြင့် ထိုကျင့်ကြံသူ၏လက်ဖဝါးအတွင်းမှ ဓားချီအားကြည့်ပြီး အေးတိအေးစက်သာ ရယ်မောနေလေသည်။
"ရပ်လိုက်ကြစမ်း"
ထိုအချိန်မှာပင် လူငယ်ကျင့်ကြံသူ၏အနောက်မှနေ၍ အသံတစ်သံထွက်ပေါ်လာခဲ့သည်။
အဖြူ ရောင်ဝတ်စုံဖြင့် အရပ်မြင့်မြင့်လူငယ်တစ်ယောက်က ရှေ့သို့ထွက်လာခဲ့သည်။ သူထွက်ပေါ်လာသည့်အချိန်တွင် ပတ်ဝန်းကျင်မှလူငယ်ကျင့်ကြံသူများ၏အော်ရာများအားလုံး ဖိနှိပ်ထားခြင်းခံလိုက်ရသည်။
"အႀကီးဆံုးစီနီယာအကိုႀကီး"
တိုက်ခိုက်ရန်ဟန်ပြင်နေသည့် လူငယ်ကျင့်ကြံသူက တလေးတစားဖြင့် နံဘေးဘက်သို့ဆုတ်ခွာသွားခဲ့သည်။ ထို့နောက် သူက ထိုအဖြူ ရောင်ဝတ်စုံဖြင့်လူငယ်ကျင့်ကြံသူကို အလေးပေးပြီး လုယွီဘက်သို့လှည့်၍ မိတ်ဆတ်ပေးလိုက်သည်။
"သူက ငါတို့ကွေ့ဟွမ်ဂိုဏ်းရဲ့ အကြီးဆုံးစီနီယာအကိုကြီး လုံရွှင်းပဲ"
"မင်းက နတ်သမီးကျန်းကို ကယ်တင်ခဲ့တယ်ဆိုတဲ့ သေမျိုးလား"
လုံရွှင်းက သေမျိုး ဟူသောစကားလုံးနှစ်လုံးကို တမင်သက်သက်ရည်ရွယ်၍ အသားပေးပြောကြားခဲ့သည်။
လုယွီက စကားတုန့်ပြန်ပြောဆိုမည်ကို စောင့်ဆိုင်းခြင်းမရှိဘဲ လုံရွှင်းက အထင်အမြင်သေးစွာဖြင့် ရယ်မောလိုက်သည်။
"ငါက မင်းလိုလူစားမျိုးတွေအကြောင်းကို ကောင်းကောင်းသိတယ်....မင်းက နတ်သမီးကျန်းကို အမှီပြုပြီး နဂါးဂိတ်တံခါးကို ခုန်တတ်နိုင်မယ်ထင်နေတာလား...ဘယ်လောတ်တောင် ရယ်ဖို့ကောင်းတဲ့ဟာသလဲ"
ရုတ်တရက် လုံရွှင်း၏ခန္ဓာကိုယ်မှနေ၍ ကျန်းချီများပေါက်ကွဲထွက်လာခဲ့သည်။ ထိုကျန်းချီများကို သူ၏ခန္ဓာကိုယ်ပတ်လည်တွင်လှည့်ပတ်လိုက်သည်နှင့် အဖြူ ရောင်ဓားပျံတစ်ချောင်းက သူ၏ခြေထောက်အောက်တွင် ထွက်ပေါ်လာခဲ့သည်။ သူက လေထုအတွင်းတွင် နတ်ဘုရားတပါးကဲ့သို့ တည်ငြိမ်စွာဖြင့် မျောလွင့်နေလေသည်။
သူ၏လက်ဝါးအတွင်းတွင်မူ မှိန်ပျပျခရမ်းရောင်ထုတ်လွှတ်ထားသည့် အဆောင်တစ်ခုရှိနေသည်။ လုံရွှင်းက ကမ္ဘာမြေသင်္ကေတနယ်ပယ် ကျင့်ကြံသူတစ်ယောက်ဖြစ်ပေသည်။
အစွမ်းထက်သောဖိအားတစ်ခုက လုယွီ၏ခန္ဓာကိုယ်ပေါ်သို့ ရုတ်ချည်းကျရောက်လာခဲ့သည်။ ခရမ်းရောင်အဆောင်အားကြည့်ရသည်မှာ အကန့်အသတ်မရှိသောအလင်းရောင်ကို ထုတ်လွှတ်နေပုံရပြီး ၎င်းကလုယွီ၏ အရွတ်အကြောနှင့်အရိုးများကို ဖျက်ဆီးပစ်လိုနေလေသည်။
လုယွီ၏မျက်လုံးများက အေးတိအေးစက်ဖြင့်တောက်ပနေသည်။ သူက လူတစ်ယောက်ကို အကြောင်းပြချက်များဖြင့် အနှောက်အယှက်ပေးမည့်လူစားမျိုးမဟုတ်ပေ။ သို့ရာတွင် အကယ်၍ တစ်စုံတစ်ယောက်က သူအားဆက်လက်၍ ရန်စစော်ကားနေလျှင် ထိုလူကိုဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲပေးရန် ဝန်လေးနေမည်မဟုတ်ချေ။
ထိုအချိန်မှာပင် အဝေးတစ်နေရာမှနေ၍ အားပြင်းသောဖိအားလှိုင်းတစ်ခု သက်ရောက်လာခဲ့သည်။ လူတိုင်းက ထိုဖိအားလာသည့် ဦးတည်ဘက်ရှိရာသို့ လှည့်ကြည့်လိုက်ရာ တောက်ပနေသည့်ရွှေရောင်အလင်းတန်းများအား မြင်တွေ့ရလေသည်။
"ဟမ်...ဝင်္ကပါပညာရှင်တွေက စတင်နေပြီပဲ"
လုံရွှင်းက မညာသည့်ကိစ္စဖြစ်ပျက်နေသည်ကို ချက်ချင်းပင်နားလည်သွားခဲ့သည်။
လူငယ်ကျင့်ကြံသူတစ်ယောက်က စိုးရိမ်တကြီးဖြင့် ပြောဆိုလိုက်သည်။
"စီနီယာအကိုကြီး...ဒီကောင်နဲ့အချိန်ဖြုန်းမနေပါနဲ့တော့...တစ်ကယ်လို့ ဝင်္ကပါပညာရှင်တွေက ပြင်ပလေဟာနယ်စွန့်ပစ်နယ်မြေရဲ့ဝင်ပေါက်ကို ချိုးဖျက်ပြီးပြီဆိုရင်....ကျွန်တော်တို့ အရင်ဆုံးဝင်နိုင်ဖို့လိုအပ်တယ်"
လုံရွှင်း၏မျက်လုံးများတွင် တွေဝေနေသောအရိပ်အယောင်များ ထင်ဟပ်လာသည်။ သူက လုယွီကိုတစ်ချက်ကြည့်ပြီး "မင်း ကံကောင်းသွားတယ်မှတ်ပါ"ဟုပြောဆိုကာ ထွက်ခွာသွားတော့သည်။
Thank For Reading.