← Chapters

အခန်း (၁၀၁-၁၀၅)

Vol. 6-10 Ch. 101-105

အခန်း (၁၀၁-၁၀၅)

Vol. 6-10 Ch. 101-105

Chapter 101

လုယွီက ကောင်းကင်ယံအား မော့ကြည့်လိုက်ရာ အေးစက်စက်အလင်းရောင်တောက်ပနေသည်ကို မြင်တွေ့ရသည်။

မရေမတွက်နိုင်သောကျင့်ကြံသူများက သူတို့၏မှော်ရတနာများကိုစီးနင်း၍ ပြင်ပလေဟာနယ်စွန့်ပစ်နယ်မြေထံသို့ ဦးတည်သွားနေကြသည်။

ပုံမှန်အားဖြင့် ကွေ့ဟွမ်ဂိုဏ်းမှလူများသည် နောက်ကျကျန်နေလိုခြင်းမရှိကြပေ။ သူတို့က လုယွီကို ထပ်မံ၍အာရုံစိုက်ခြင်းမရှိတော့ဘဲ ဓားပျံများစီးနင်း၍ စွန့်ပစ်နယ်မြေထံသို့ ဦးတည်ထွက်ခွာလိုက်ကြသည်။

"မိတ်ဆွေငယ်လေးလု...မင်း ငါတို့နဲ့အတူတူသွားချင်လား"

မြင်းရထားလှည်း၏လိုက်ကာကိုဖွင့်ဟပြီး ကျန်းထျန်းရှုံး၏မျက်နှာ ထွက်ပေါ်လာလေ၏။

လုယွီက ခေါင်းညိတ်ပြပြီး ရှေ့သို့ဆတ်လျှောက်၍ မြင်းရထားလုံးအတွင်းသို့ ဝင်ရောက်လိုက်သည်။ မြင်းရထားလုံးကိုဆွဲနေသည်မှာ ကျန်းထျန်းရှုံး၏စိတ်ဝိညာဉ်သားရဲဖြစ်နေသည်။ ထိုသားရဲ၏ခန္ဓာကိုယ်ပေါ်တွင် ဖြည်းညင်းစွာလောင်ကျွမ်းနေသည့် မမြင်နိုင်သောမီးတောက်များဖြင့် ဖုံးလွှမ်းထားပြီး လူတစ်ယောက်၏စိတ်နှလုံးသားအတွင်းတွင် ကြောက်ရွံမှုအနည်းငယ်ဖြစ်ပေါ်စေနိုင်သည်။

လုယွီက မြင်းရထားလုံး၏အလယ်တွင် ထိုင်နေခဲ့သည်။ မြင်းရထားလုံးသည် အလွန်အမင်းကျယ်ဝန်းငေါ်လည်း သူ့အပြင် ကျန်းထျန်းရှုံးနှင့်ကျန်းယုချင်တို့နှစ်ဦးသာပါရှိသည်။

ယုအချိန်တွင် ဆရာသခင်ကျန့်က အရိပ်အယောင်ပင်မမြင်ရသည်အထိ ပျောက်ကွယ်နေသည်။ လုယွီက ရထားလုံး၏မှော်ဝင်္ကပါသည် ကောင်းစွာသက်ဝင်လှုပ်ရှားနေပုံရပြီး စိတ်ဝိညာဉ်ဖိအားများထုတ်လွှတ်ထားသည်အား တွေ့ရှိမိလေသည်။

ကျန်းထျန်းရှုံးက လုယွီအားကြည့်၍ လေးလေးနက်နက်ကတိပြုလိုက်သည်။

"မိတ်ဆွေငယ်လေး လု....ဘာမှစိုးရိမ်ပူပန်မနေပါနဲ့...မင်း ဒီနေရာမှာငါတို့နဲ့အတူရှိနေတာနဲ့ ဘာအန္တရာယ်မှကျရောက်မှာမဟုတ်ဘူး"

လုယွီက မြင်းရထားလုံး၏လိုက်ကာကို မတင်ကြည့်ချိန်တွင် အပြင်ဘက်မှမြင်ကွင်းက သူ၏မျက်လုံးအတွင်းသို့ ဝင်ရောက်လာခဲ့သည်။ ပြင်ပလေဟာနယ်စွန့်ပစ်နယ်မြေသည် ကြီးမားသည့်ရှေးဟောင်းမြို့တော်ကြီးတစ်မြို့ဖြစ်နေကြောင်း သူက သိရှိလိုက်ရသည်။

ထိုရှေးဟောင်းမြို့တစ်မြို့လုံးကို နက်မှောင်နေသည့်ပစ္စည်းများဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။ ရှည်လျားပြီးအလွန်မြင့်မားသည့် မြို့ရိုးများပေါ်တွင် မှိန်ပျပျအက္ခရာများရေးထွင်းထားရာ အလွန်အမင်းထူးဆန်းနေလေ၏။

မြောက်များစွာသောကျင့်ကြံသူများသည် မြို့၏အရှေ့တွင် ရပ်တန့်လိုက်ကြသည်။ သူတို့က ရွေးချယ်ရန်မရှိတော့ဘဲ ရပ်တန့်လိုက်ရခြင်းမှာ ထိုမြို့တွင် ကြောက်မက်ဖွယ်ကောင်းသောစိတ်ဝိညာဉ်ဝင်္ကပါရှိနေခြင်းကြောင့်ဖြစ်ပေသည်။

မည်သူမဆို အတင့်ရဲပြီး မြို့အတွင်းသို့ခြေလှမ်းလှမ်းလိုက်သည်နှင့် သူတို့၏ကျင့်ကြံမှုအဆင့်မည်မျှပင်ဖြစ်နေပါစေ ချက်ချင်းပင် ပြာပုံအဖြစ်သို့ ပြောင်းလဲသွားရသည်။

သို့ရာတွင် အဆုံးသတ်တွင်မူ သူတို့က နည်းလမ်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ ဤကဲ့သို့သေဆုံးရခြင်းများဖြစ်ပေါ်နေသည့်တိုင် ပြင်ပလေဟာနယ်စွန့်ပစ်နယ်မြေ၏ဝင်္ကပါသည် အားပျော့နေခြင်းကို သိရှိလိုက်သည်။

ထိပ်သီးအင်အားစုများက ပြင်ပလေဟာနယ်စွန့်ပစ်နယ်မြေကိုဖွင့်လှစ်လိုကြသဖြင့် ဝင်္ကပါပညာရှင်များကို တန်ကြေးကြီးကြီးပေး၍ ဖိတ်ခေါ်လိုက်ကြသည်။

"ဘယ်လောက်တောင် ခမ်းနားကြီးကျယ်တဲ့မြို့လဲ...ဒီမြို့ရဲ့အထွက်အထိပ်အခြေအနေမှာတုန်းကဆိုရင် လင်းရှောင်ဂိုဏ်းရဲ့ရတနာခန်းမကတောင်မှ ဝင်္ကပါကိုရပ်တန့်နိုင်မှာမဟုတ်လောတ်ဘူး"

ရုတ်တရက် ကျန်းယုချင်က လုယွီ၏အနားသို့ ရောက်ရှိလာခဲ့ပြီး လိုက်ကာအပြင်ဘက်ကို ကြည့်ရှုနေခဲ့သည်။

ထိုမြို့သည် တစ်ချို့နေရာများတွင် ထိခိုက်ပျက်စီးနေသော်လည်း ပြိုလဲကျနေသည့်မြို့ရိုးများနှင့်အပျက်အစီးများမှနေ၍ ယခင်က ခမ်းနားထည်ဝါမှုများအား တွေ့ရှိနိုင်သည်။

လုယွီက တိတ်ဆိတ်ငြိမ်သက်နေသည်ကို ကျန်းယုချင်က မြင်လိုက်သည့်အချိန်တွင် သူမကိုယ်သူမ မထိန်းချုပ်နိုင်တော့ဘဲ မေးမြန်းလိုက်သည်။

"သေမျိုးကောင်လေး...ရှင် အရင်က ပြင်ပစွန့်ပစ်နယ်မြေတွေကို မြင်ဖူးလား"

လုယွီက သူ၏ခေါင်းကိုပင် လှည့်မကြည့်ဘဲ ပေါ့ပေါ့ပါးပါးဖြေဆိုလိုက်သည်။

"ငါ မြင်ဖူးတယ်"

"ဟွန့်...ရှင် အခု လေလုံးထွားနေတာမလား"

ကျန်းယုချင်က လုယွီပြောသည့်စကားကို လုံးဝယုံကြည်ခြင်းမရှိချေ။

ယခု သူမ၏ခန္ဓာကိုယ်အတွင်းမှ ကျိန်စာအဆိပ်လွင့်ပြယ်သွားသည့်အပြင် သူမ၏နဂိုမူလ အေးစက်စက်အလှတရားတို့လည်း ရှိမနေလေရာ သူမ၏စိတ်နေသဘောထားသည် ယခင်ထက်ပို၍ကောင်းမွန်နေခဲ့သည်။

အနက်ရောင်အသူရာခန်းမ....

ထိုအရာသည် သူ၏အတိတ်ဘဝက ရတနာများအနက်မှတစ်ခုဖြစ်နေသည်။ လုယွီက ဤနေရာသို့အမှန်တစ်ကယ် ရောက်ရှိလာလိမ့်မည်ဟု မည်သည့်အချိန်ကမျှတွေးထင်ထားခြင်းမရှိခဲ့ပေ။

ထိုမှော်ရတနာကို မြို့တစ်မြို့အဖြစ် သူ ဖန်တီးခဲ့ပြီး မြေအောက်လောကအတွင်းတွင် နေရာချထားခဲ့ခြင်းဖြစ်သည်။

ပြန်တွေးကြည့်လျှင် လုယွီက ကောင်းကင်ဘုံအင်ပါယာနှင့်တ်ုက်ခိုက်နေစဉ်တွင် ထိုမှော်ရတနာအား ယူဆောင်လာခြင်းမရှိခဲ့ပေ။

ထိုမြို့အတွင်းတွင် မရေမတွက်နိုင်သည့် သက်ရှိသတ္တဝါများရှိနေခဲ့သည်။ သို့ရာတွင် ယခုမူကား အရာအားလုံး ပျောက်ဆုံးသွားပြီဖြစ်လေသည်။

ထိုမြို့သည် ခံစားခဲ့ရသည့်ထိခိုက်မှုများကို ပြသနေသကဲ့သို့ ကျိုးပဲ့နေသည့်အုတ်များနှင့် အပျက်အစီးများက မြေပြင်ပေါ်တွင် ပြန့်ကျဲနေပေသည်။

မည်သည်ကြောင့် ယခုကဲ့သို့ဖြစ်သွားရသနည်း...

လုယွီက သူ၏လက်သီးကို တင်းတင်းကျပ်ကျပ်ဆုပ်ထားရာ သူ၏မျက်လုံးက အေးစက်စက်အလင်းရောင်များ တဖျတ်ဖျတ်လက်နေခဲ့သည်။

တစ်ခြားတစ်ဖက်မှ ကျန်းယုချင်ကမူ လုယွီအား တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ကြည့်ရှုနေလေသည်။ ထိုဘူငယ်လေးသည် အလွန်ရယ်ရွှင်ဖွယ်ကောင်းသည်ဟု သူမက အမြဲတစေခံစားနေရသည်။

သူက ဤကဲ့သို့ ခံ့ညားထည်ဝါသည့်မြို့မျိုးကို ယခင်ကမြင်တွေ့ဖူးပုံမရဘဲ သူကိုယ်သူ အတွေ့အကြုံရင့်ကျက်သူဟန်ဆောင်နေသည်မှာ သိသာထင်ရှားနေပေသည်။

ကျန်းယုချင်က လုယွီအား ကျီစားမည်ဟုပြင်ဆင်လိုက်သော်လည်း ရုတ်တရက် သူမ၏မျက်လုံးများပြူ းကျယ်သွားပြီး အဝေးတစ်နေရာသို့ ငေးမောကြည့်မိသည်။

ဝင်္ကပါပညာရှင်များက မြို့ဝင်္ကပါကြီးကို ဖျက်စီးရန်ကြိုးစားနေကြစဉ်တွင် စူးစူးဝါးဝါးမြည်ဟီးသံကြီးထွက်ပေါ်လာပြီး ဝင်္ကပါပညာရှင်အများစု လွင့်စင်ထွက်သွားကြသည်။

Chapter 102

"အဟွတ်...အဟွတ်....အဟွတ်"

လွင့်စင်ထွက်လာသော ဝင်္ကပါပညာရှင်များထံမှ ပြင်းထန်သောချောင်းဆိုးသံများ ထွက်ပေါ်နေပေသည်။

"ဘယ်လောတ်တောင် အားကောင်းတဲ့ဝင်္ကပါလဲ...ငါတို့အားလုံးစုပေါင်းလိုက်ရင်တောင် ဒီဝင်္ကပါကိုချိုးဖျက်ဖို့ တတ်နိုင်မှာမဟုတ်ဘူး"

ဆရာသခင်ကျန့်၏ပါးစပ်ထောင့်မှ သွေးများယိုစီးကျနေပြီး သူကယခင်ကဲ့သို့ အေးဆေးတည်ငြိမ်နိုင်ခြင်းမရှိတော့ချေ။

တစ်ခြားဝင်္ကပါပညာရှင်များသည်လည်း တူညီစွာပင်ဖြစ်ပျက်မေကြသည်။ သူတို့၏မျက်လုံးများက အံ့အားသင့်တုန်လှုပ်မှုများအပြည့်ဖြစ်နေပြီး မလှမ်းမကမ်းရှိရှေးဟောင်းမြို့ကြီးကို မယုံကြည်နိုင်မှုများဖြင့် ကြည့်ရှုနေကြသည်။

ဝင်္ကပါပညာရှင်တစ်ယောက်က သူ၏ခေါင်းကိုခါယမ်းပြီးပြောဆိုလိုက်သည်။

"ငါတို့ မျှော်လင့်ထားသလိုပဲ...ဒါက ပြင်ပလေဟာနယ်ကျွမ်းကျင်ပညာရှင်ရဲ့ရှေးဟောင်းအမွေအနှစ်တစ်ခုပဲ...အခုလက်ရှိမှာ ဒီရှေးဟောင်းဝင်္ကပါက အားအနည်းဆုံးအချိန်ဖြစ်နေတာတောင်မှ ငါတို့ကအပေါက်တစ်ခုတောင်မဖွင့်နိုင်ခဲ့ဘူး"

ကျန်ရှိနေသောကျင့်ကြံသူများကလည်း ဝင်္ကပါပညာရှင်များအနီးသို့ဝန်းရံ၍ စိတ်ဝိညာဉ်ကျောက်တုံးများထုတ်ပေးကြပြီး သူတို့ကုန်ဆုံးသွားကြသည့်စိတ်ဝိညာဉ်စွမ်းအင်များကို ပြန်လည်ဖြည့်ဆည်းနိုင်ရန် ကူညီနေကြသည်။

"သူတို့လို ဝင်္ကပါပညာရှင်တွေတောင် မတတ်နိုင်ဘူးတဲ့လား...ဘယ်တုန်းကမှ ဒီလောက်အစွမ်းထက်တဲ့ဝင်္ကပါမျိုး ငါမမြင်ဖူးခဲ့ဘူး"

ကျန်းယုချင်က တီးတိုးရေရွတ်လိုက်မိသည်။

လုယွီက ရှေးဟောင်းမြို့အတွင်းရှိ မြေအောက်အကန့်အသတ်မဲ့ဘုရားကျောင်းကို ဆက်လက်ကြည့်ရှုနေပြီး သူ၏အတွေးများအတွင်းတွင် နစ်မြောနေခဲ့သည်။

ထိုအချိန်တွင် ခံ့ညားထည်ဝါသည့်ရွှေနဂါးလှေတစ်စီးက မြို့၏ရှေ့တွင် ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ နဂါးလှေသည် လေထုအတွင်းတွင်မျောလွင့်နေပြီး ကျင့်ကြံခြင်းလောကသို့ခြေလှမ်းချပြီးသော အစောင့်အကြပ်များနှင့်အဖွဲ့ဝင်အများအပြားက ဝန်းရံစောင့်ကြပ်နေကြသည်။

ရွှေနဂါးလှေပေါ်တွင် မြောက်များစွာသည့် တန်ဖိုးကြီးမားပြီးခံ့ညားထည်ဝါသော အဆောက်အအုံများအား စိုက်ထူထားသည်။ ထိုအဆောက်အအုံများကို အလွှာပေါင်းများစွာဖြင့်ပိုင်းခြားထားပြီး အလွှာတစ်ခုချင်းစီတွင် လူအမြောက်အများက မတ်တတ်ရပ်နေကြသည်။

"အဲဒါက ကောင်းကင်ပျံဝဲဂိုဏ်းက လူတွေပဲ"(လင်းရှောင်ဂိုဏ်း)

ကျန်းယုချင်၏အသံတွင် ကြောက်ရွံမှုအရိပ်အယောင် စွက်ဖက်နေလေ၏။

ထိုနဂါးလှေထွက်ပေါ်လာချိန်တွင် လူတိုင်းက စကားပြောဆိုနေခြင်းများကို ရပ်တန့်လိုက်ကြပြီး တိတ်ဆိတ်ငြိမ်သက်စွာဖြင့်ကြည့်ရှုနေကြသည်။

ထိုအရာသည် အလယ်ပိုင်းကုန်းမြေမှ အစွမ်းထက်ဆုံးအင်အားစုဖြစ်သည့် လင်းရှောင်ဂိုဏ်းဖြစ်ပေသည်။

လင်းရှောင်ဂိုဏ်း၏စွမ်းအားသည် အလယ်ပိုင်းကုန်းမြေအတွင်းရှိ မြောက်များစွာသောဂိုဏ်းကြီးများနှင့်မြင့်မြတ်မြေပြင်များပင် သူတို့အားမယှဉ်ပြိုင်ရဲလောက်အောင်အစွမ်းကြီးမားလှပေသည်။

နဂါးလှေက မြို့၏အရှေ့တွင်ရပ်တန့်လိုက်သည်။ ထို့နောက် လူတစ်စုက လှေပေါ်ရှိအဆောက်အအုံများမှနေ၍ ဆင်းသက်လာကြသည်။

ထိုလူအုပ်စုတွင် အိုမင်းသူများအပြင် ငယ်ရွယ်သူများပင်ပါဝင်နေသော်လည်း တူညီသည့်တစ်ခုတည်းသောအရာက သူတို့၏အစွမ်းထက်သောအော်ရာများဖြစ်ကြသည်။ အဝေးမှပင် သူတို့၏အော်ရာများကို နက်နက်ရှိုင်းရှိုင်းခံစားရနိုင်သည်။

လူအုပ်စု၏ခေါင်းဆောင်သည် ဝတ်ရုံဖားဖားကြီးဝတ်ဆင်ထားသည့် မိန်းမတစ်ယောက်ဖြစ်သည်။ ထိုအမျိုးသမီးသည် ရှားပါးသောငွေရောင်ဆံပင်ပိုင်ရှင်ဖြစ်ပြီး သူမ၏လက်အတွင်းတွင် လက်အပြည့်ဖုန်မှုန့်များသယ်ဆောင်ထားလေသည်။ သူမ၏မျက်ခုံးများကြားတွင် အလွန်သိမ်မွေ့နူးညံသည့်အော်ရာတစ်ခုကို ထုတ်ဖော်ထားခဲ့သည်။

ထိုအမျိုးသမီးထွက်ပေါ်လာချိန်တွင် လူတိုင်း၏အကြည့်များက သူမပေါ်သို့ ကျရောက်နေကြသည်။

"ဒါက အကြီးအကဲ ပိုင်ဆုချင်ပါလား...မင်းကို တွေ့ရတာ ငါအရမ်းဝမ်းသာတာပဲ"

အမျိုးသမီးကိုကြည့်နေကြသော ဝင်္ကပါပညာရှင်များက ချက်ချင်းပင် သူမ၏နံဘေးနားဝန်းရံလိုက်ကြပြီး ရိုသေလေးစားသောအမူအယာများဖြင့် နှုတ်ဆက်လိုက်ကြသည်။

ဝင်္ကပါပညာရှင်များနှင့်အတူ လိုက်ပါလာသောအစွမ်းထက်ကျွမ်းကျင်ပညာရှင်များကမူ သူတို့၏အမူအယာများပြောင်းလဲသွားကြပြီး ငွေရောင်ဆံပင်နှင့်အမျိုးသမီးကို ကြောက်ရွံမှုများဖြင့်ကြည့်နေကြသည်။

ကျန်းယုချင်က သူမ၏လက်များကို ပါးပေါ်တင်လိုက်ပြီး စိတ်ပျက်အားငယ်စွာဖြင့် ပြောဆိုလိုက်သည်။

"လင်းရှောင်ဂိုဏ်းရဲ့ ကျော်ကြားတဲ့ ပါရမီရှင်တစ်ယောက်ပဲ....သူမက အသက်ဆယ့်ကိုးနှစ်ကတည်းက အကြီးအကဲတစ်ယောက်ဖြစ်လာခဲ့တာ...သူမက တစ်ကယ့်ကို သာမာန်မဟုတ်ဘူး"

"ဒါက အဆင်ပြေပါတယ်....သေမျိုးကောင်လေး..ရှင်......"

ကျန်းယုချင်က လှည့်ပတ်ကြည့်ရှုလိုက်ရာ ရုတ်တရက် လုယွီ ပျောက်ဆုံးသွားသည်ကို သိရှိလိုက်ရသည်။

ထူးဆန်းလိုက်တာ....သူ ဘယ်မှာလဲ..

ပိုင်ဆုချင်က လူတိုင်းကိုခေါင်းညိတ်ပြနေသော်လည်း သူမ၏အကြည့်က ရှေးဟောင်းမြို့အပေါ်တွင်သာ ခိုင်ခိုင်မာမာကျရောက်နေသည်။

"အကြီးအကဲပိုင်...အခုထိ ကြီးမားတဲ့ဝင်္ကပါကြီးကို ချိုးဖျက်လို့မရသေးဘူး...လင်းရှောင်ဂိုဏ်းက ဘယ်လိုလုပ်နိုင်မလဲဆိုတာ ကျွန်တော်သိချင်မိတယ်"

ဝင်္ကပါပညာရှင်တစ်ယောက်က မေးမြန်းလိုက်လေ၏။

တစ်ခြားသူများကလည်း အလျှင်စလိုဖြင့် ဝိုင်းအုံကြည့်ရှုနေကြသည်။ အကယ်၍ လင်းရှောင်ဂိုဏ်းကသာ ဤဝင်္ကပါအား ဖွင့်လှစ်နိုင်ခြင်းမရှိလျှင် သူတို့၌တစ်ခြားနည်းလမ်းမရှိတော့ပေ။

ပိုင်ဆုချင်က သူမ၏ငွေရောင်ဆံပင်များကို ခါယမ်းလိုက်သည်။

"ရှင်တို့ရဲ့ နည်းလမ်းတွေက မှားယွင်းနေတယ်...တစ်ကယ်လို့ ရှင်တို့က ဒီဝင်္ကပါကို ဖွင့်လှစ်ချင်တယ်ဆိုရင် ရိုးရှင်းစွာပဲ အပြင်ဘက်ကနေဖွင့်လှစ်ဖို့ မဖြစ်နိုင်ဘူး"

'တစ်ကယ်လို့ ဝင်္ကပါကို အပြင်ကနေဖွင့်လို့မရဘူးဆိုရင် အတွင်းကဖွင့်ဖို့ရော ဖြစ်နိုင်မှာတဲ့လား'

တစ်ခြားသူများအားလုံးက ပဟေဠိဖြစ်သွားကြသော်လည်း မည်သူကမျှမကန့်ကွက်ဝံ့ကြချေ။ အကြောင်းအရင်းမှာ ဝင်္ကပါများကိုဖြေရှင်းရာတွင် သူတို့၏အောင်မြင်မှုများသည် ပိုင်ဆုချင်နှင့်မည်သို့မျှ နှိုင်းယှဉ်၍မရခြင်းကြောင့်ဖြစ်သည်။

ပိုင်ဆုချင်ကမူ မည်သူကမျှ သူမအားယုံကြည်သည်ဖြစ်စေ မယုံကြည်သည်ဖြစ်စေ ဂရုစိုက်မနေပေ။ ရုတ်တရက် ပိုင်ဆုချင်က သူမ၏စိတ်ဝိညာဉ်မှော်ရတနာမှ သစ်သားသေတ္တာတစ်လုံးကို ဆွဲထုတ်လိုက်သည်။

ထို့နောက် သူမက သစ်သားသေတ္တာအားဖွင့်လှစ်လိုက်ရာ အတွင်းတွင် ရွှေရောင်လင်းလက်နေသည့် ကျောက်တုံးတစ်တုံးရှိနေခဲ့သည်။

"ချိုးဖျက်စမ်း"

ပိုင်ဆုချင်က မြို့၏ကြီးမားသောဝင်္ကပါထံသို့ သူမ၏လက်ဖြင့် ညွှန်ပြလိုက်သည်။

Chapter 103

ဘုန်း...

ကျောက်ဆောင်ကြီးတစ်ဆောင်ပြိုကျသံနှင့်တူညီသည့် ကျယ်လောင်သောပေါက်ကွဲသံကြီးနှင့်အတူ လေပြင်းတစ်ချက်က မြို့အတွင်းသို့ဝင်ရောက်တိုက်ခတ်သွားသည်။

ထိုလေပြင်းအားကြည့်ရသည်မှာ အမိန့်တစ်ချို့ကို လက်ခံရရှိထားပုံဖြင့် မြို့တွင်းမှအရာများကို ဆွဲထုတ်နေပြီး မြို့ကိုကာကွယ်ထားသည့် ကြီးမားသည့်ဝင်္ကပါကြီးကို ပြင်းပြင်းထန်ထန် ဝင်ဆောင့်မိစေသည်။

"ခရက်....ခရက်....."

ကမ္ဘာလောကကြီးတစ်ခုလုံးပြိုလဲကျနေသည့်အလား လူတစ်ယောက်၏နားကို ကိုက်ခဲသွားစေသည့် အသံကြီးကလည်း မြည်ဟီးနေလေ၏။

မရေမတွက်နိုင်သည့် ကြီးမားလှသော အက်ကွဲကြောင်းကြီးများသည် မူလကခိုင်ခိုင်မာမာရှိနေသည့် စိတ်ဝိညာဉ်ဝင်္ကပါ၏မျက်နှာပြင်တွင် ထွက်ပေါ်လာခဲ့သည်။ ပင့်ကူအိမ်နှင့်တူသော ထိုအက်ကွဲကြောင်းများသည် တဖြည်းဖြည်း စတင်၍ပွင့်ဟလာခဲ့သည်။

ဘုန်း...

ဝင်္ကပါကြီးတစ်ခုလုံးသည် ကျယ်လောင်သောပေါက်ကွဲသံနှင့်အတူ ပေါက်ကွဲထွက်သွားပြီး လွှမ်းမိုးနိုင်သည့်အော်ရာတစ်ခုက ချက်ချင်းပင် လှိုင်းထသကဲ့သို့ တလိမ့်လိမ့်တက်လာလေသည်။

"ပလုတ်...ပလုတ်...."

ကောင်းကင်ပေါ်တွင် မှော်ရတနာများပေါ်၌ စီးနင်းနေကြသည့် ကျင့်ကြံသူများအားလုံးသည် သူတို့၏အပေါ်တွင် အစွမ်းထက်သောဖိအားတစ်ခု သက်ရောက်လာသည်အား ခံစားလိုက်ရသည်။

"ဘယ်လိုတောင် အားကောင်းတဲ့ဖိအားလဲ"

မြို့အနီးသို့ အနည်းငယ်ရောက်ရှိနေပြီးဖြစ်သော ကျင့်ကြံသူတစ်ချို့သည် မှော်ရတနာများအပေါ်မှ ပြုတ်ကျလာရသဖြင့် သူတို့၏မျက်နှာအမူအယာများ ပြောင်းလဲနေလေ၏။

အချိန်တခဏအကြာတွင်မူ ကောင်းကင်ယံပေါ်တွင် မည်သည့်တည်ရှိမှုမျှ မရှိတော့ပေ။

လင်းရှောင်ဂိုဏ်း၏နဂါးလှေပင်လျှင် ထိုဖိအားကြောင့် မြေပြင်ပေါ်သို့ဆင်းသက်ခဲ့ရသည်။

လုယွီက ကွေ့ဟွမ်ဂိုဏ်းမှကျင့်ကြံသူအုပ်စုအတွင်းတွင် ရောက်ရှိနေခဲ့သည်။ သူသည် မူလကတည်းက မြေပြင်ပေါ်တွင်မတ်တတ်ရပ်နေခြင်းဖြစ်သဖြင့် ကောင်းပင်ယံမှပြုတ်ကျလာပြီး စိုးရိမ်ရသောအခြေအနေရောက်ရှိနေရသည့် ကျင့်ကြံသူများထက် အခြေအနေများစွာ ပိုကောင်းပေသည်။

"လုယွီ....ရှင်က ဒီမှာပေါ့"

ထိုအချိန်မှာပင် ကျန်းယုချင်က လုယွီ၏နံဘေးသို့ လျှောက်လှမ်းလာခဲ့သည်။

သူမက မည်သည်ကြောင့် ဤသေမျိုးလူငယ်သည် အချိန်တစ်ချိန်လုံး တည်ငြိမ်အေးဆေးနေကြောင်းကို သူမ၏စိတ်အတွင်းမှနေ၍ သိချင်စိတ်ပြင်းပြနေမိသည်။

သူမတို့ကဲ့သို့သောကျင့်ကြံသူများပင် လေဟာနယ်စွန့်ပစ်နယ်မြေကို အလွန်စိတ်ဝင်စားနေကြသည်။

"သေမျိုးကောင်...မင်းက ဘာလို့ အတော်စိတ်ကြီးဝင်နေတာလဲ"

လုယွီက ကျန်းယုချင်နှင့် ယှဉ်တွဲနေသည်ကိုကြည့်ပြီး ကျင့်ကြံသူမြောက်များစွာက အန္တရာယ်ပြုချင်သည့်အမူအယာများကို ထုတ်ဖော်ထားကြသည်။

လုယွီက သူတို့ကို လျစ်လျှူ ရှုထားပြီး ရှေ့သို့သာဆက်၍ လျှောက်သွားလိုက်သည်။

ဖိအား၏သက်ရောက်မှုကြောင့် လူတိုင်းနီးပါးသည် ကျင့်ကြံမှုအဆင့်မည်မျှပင်ဖြစ်နေပါစေ မြေပြင်ပေါ်၌သာ လမ်းလျှောက်နိုင်ပေသည်။

"ကြည့်ရတာတော့ ဒီ ပြင်ပလေဟာနယ်စွန့်ပစ်နယ်မြေရဲ့ပိုင်ရှင်က ငါတို့စိတ်ကူးထားတာထက် အများကြီးပိုအဆင့်မြင့်ပုံပဲ"

ကျန်းထျန်းရှုံးက သက်ပြင်းချလိုက်မိလေ၏။

လုယွီက ကျန်ရှိနေသောလူအုပ်စုနောက်မှလိုက်ပါ၍ စွန့်ပစ်နယ်မြေအတွင်းသို့ ရောနှောဝင်လိုက်သည်။

မြို့ဂိတ်တံခါးထံသို့ သွားသည့်လမ်းကြောင်းသည် ကျန်းထျန်းရှုံးနှင့်တစ်ခြားကျွမ်းကျင်ပညာရှင်များက သူတို့၏စွမ်းအင်များကိုအသုံးပြု၍ ရှင်းလင်းထားသဖြင့် ချောမွေ့နေခဲ့သည်။

"အကြီးအကဲပိုင်က ပါရမီရှင် ဝင်္ကပါဆရာသခင်တစ်ယောက်လို့ ခေါ်ဆိုကြတာလည်း မမှားပါဘူး...ငါတို့က မှားယွင်းတဲ့ဆုံးဖြက်ချက်တွေကိုပဲ အသုံးပြုခဲ့ကြတာ"

ဆရာသခင်ကျန့်နှင့်တစ်ခြားဝင်္ကပါပညာရှင်များက သက်ပြင်းရှည်ကြီးချလိုက်မိကြသည်။

ပိုင်ဆုချင်က သူချိုးဖျက်ရန်မစွမ်းဆောင်နိုင်ခဲ့သော မဟာဝင်္ကပါကြီးကို ချိုးဖျက်သွားနိုင်လိမ့်မည်ဟု ဆရာသခင်ကျန့်က မျှော်လင့်မိခြင်းမရှိပေ။ ပိုင်ဆုချင်၏သစ်သားသေတ္တာအတွင်းတွင် မည်သည့်အရာပါရှိသည်ကို သူ အမှန်တစ်ကယ် မသိရှိနိုင်ချေ။

ထိုသစ်သားသေတ္တာအတွင်းတွင် မည်သည့်အရာပါရှိသည်ကို လူတိုင်းက သိချင်စိတ်ပြင်းပြနေကြသော်လည်း လင်းရှောင်ဂိုဏ်းမှလူများ၏ရှေ့တွင် မည်သူကမျှထုတ်ဖော်မေးမြန်းဝံ့သည့် သတ္တိမရှိပေ။

လုယွီက မြို့အတွင်းသို့ဝင်လိုက်သည်နှင့် ချမ်းစိမ့်စိမ့်အော်ရာတစ်ခုက သူ၏အသိစိတ်အတွင်းသို့ တရကြမ်းတိုက်ခိုက်လာလေသည်။

"ဒီနေရာက တော်တော်ထူးဆန်းတယ်.....စိတ်ဝိညာဉ်စွမ်းအင်တွေက ကြည့်ရတာ ကမောက်ကမဖြစ်နေပုံပဲ...ငါ အဲဒါတွေကိုစုပ်ယူနိုင်စွမ်းမရှိဘူး"

ကျန်းယူချင်၏အမူအယာက ထူးဆန်းနေလေ၏။

မြို့အတွင်းသို့ဝင်ရောက်လာသည့် တစ်ခြားကျင့်ကြံသူများကလည်း တစ်စုံတစ်ခုလွဲမှားနေသည်ကို ခံစားမိလေသည်။ သူတို့တွင်လည်း ဤနေရာရှိစိတ်ဝိညာဉ်စွမ်းအင်များကို စုပ်ယူနိုင်သည့် နည်းလမ်းမရှိပေ။

တစ်ခြားစကားလုံးပြောင်းသုံးရလျှင် ထိုကျင့်ကြံသူအားလုံး၏ စိတ်ဝိညာဉ်စွမ်းအင်နှင့်ကျန်းချီများသည် ဤနေရာတွင်အနည်းငယ်မျှသာ အသုံးပြုနိုင်ပေသည်။ သူတို့ထံတွင် ဆေးဝါးများပါရှိခဲ့လျှင်ပင် ယခုနေရာ၌ ကုန်ဆုံးသွားသောစွမ်းအားများကို ပြန်လည်ဖြည့်တင်းပေးနိုင်စွမ်းမရှိပေ။

လုယွီက ကျန်းယုချင်၏ဖြူ ရော်နေသောမျက်နှာကိုမြင်ချိန်တွင် သူမ၏လက်အတွင်းသို့ ကောင်းကင်မူလရွှေဆေးပြားတစ်ပြားကို ထည့်ပေးလိုက်သည်။

"ဒီ ဆေးပြားက စိတ်ဝိညာဉ်စွမ်းအင်တွေကို ပြန်လည်ဖြည့်တင်းပေးနိုင်တယ်"

"ဒါက....ကျွန်မကိုပေးတာလား"

ကျန်းယုချင်၏နှုတ်ခမ်းတွင် အပြုံးများတွဲလွဲခိုနေခဲ့သည်။

လုယွီက သူမ၏စကားကို တုန့်ပြန်ခြင်းမရှိဘဲ ရှေ့သို့သာဆက်လျှောက်သွားလေသည်။

ကျန်းယုချင်က အေးတိအေးစက်ဖြင့် နှာမှုတ်လိုက်သည်။ သူမအား ယခုကဲ့သို့ဆက်ဆံသည့်လူမျိုးကို ယခင်ကမကြုံတွေ့ခဲ့ဘူးပေ။

"ရှင်က အသက်ငယ်ငယ်လေးရှိသေးတာ အထင်အရှားပဲကို...အမြဲတမ်း ရှင်ကိုယ်ရှင် အသက်ကြီးနေတဲ့လူလိုဟန်ဆောင်နေတယ်....ရှင် ဘယ်လောက်ထိ ထိန်းထားနိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့"

ကျန်းယုချင်က လုယွီကို တစ်ချက်ကြည့်ပြီး ကောင်းကင်မူလရွှေဆေးပြားအား သိမ်းဆည်းထားလေသည်။

"နတ်သမီး ကျန်း"

လုံရွှင်းက ကျန်းယုချင်၏နံဘေးသို့ ရောက်ရှိလာခဲ့ပြီး အပြုံးများဖြင့်ပြောဆိုလိုက်သည်။

"နတ်သမီးကျန်း..ဒီတစ်ကြိမ်မှာ ကျွန်တော်က ဆေးဝါးနည်းနည်းယူလာခဲ့တယ်....ကျွန်တော်ပြင်ဆင်လာတဲ့အထဲမှာ ထိပ်တန်းအဆင့်ဆေးပြားတစ်ချို့လဲပါတယ်...တစ်ကယ်လို့ နတ်သမီးကျန်း နေလို့မကောင်းသလို ခံစားရရင်...ကျွန်တော်ကို အချိန်မရွေးပြောပါ"

ကျန်းယုချင်က သူမ၏ခေါင်းကိုသာညိတ်ပြလိုက်သည်။ သူမက လုံရွှင်းယူဆောင်လာသည့် ဆေးဝါးများကို လုံးဝစိတ်မဝင်စားပေ။

ကျန်းယုချင်က လုယွီ၏နောက်သို့ ပြေးလိုက်သွားသည်ကို မြင်ရချိန်တွင် လုံရွှင်း၏မျက်လုံးများအတွင်းတွင် သတ်ဖြတ်ချင်သည့်စိတ်ဆန္ဒများ ဖြတ်ပြေးသွားခဲ့သည်။

"ကောင်စုတ်လေး....မင်းအတွက် ဘာကကောင်းတယ်ဆိုတာကို ခုထိမသိသေးတာမို့...ငါကို အပြစ်မတင်နဲ့"

Chapter 104

မြင့်မြတ်ပြီးခံ့ညားထည်ဝါသည့် မြို့ရိုးများ၏အောက်တွင် လုယွီက အလွန်အမင်းအသေးအဖွဲတစ်ခုကဲ့သို့ ထွက်ပေါ်လာခဲ့သည်။

မြို့ရိုးအနားသို့ လူတစ်ယောက်ယောက်က နီးကပ်စွာချဉ်းကပ်မိသည်နှင့် နက်နက်ရှိုင်းရှိုင်းတုန်လှုပ်မှုအား ခံစားမိပေမည်။ ထိုဖိအားသည် လူတစ်ယောက်ကို အသက်ပင်မရှုနိုင်တော့သည်အထိ ပြင်းထန်လှပေ၏။

မြို့၏အရှေ့တွင် ဆိုးဆိုးရွားရွားထိခိုက်ပျက်စီးနေသည့် အလောင်းကြီးများရှိနေသည်။ ထိုအလောင်းများက လူသားများ၏အလောင်းဖြင့် တူညီခြင်းမရှိပေ။ အလောင်းတစ်လောင်းချင်းစီသည် အလွန်အမင်းကြီးမားပေ၏။ သူတို့၏ အရောင်လက်နေသောအရိုးများမှ အေးစက်စက်အလင်းရောင်ကိုထုတ်လွှတ်နေပြီး လူတိုင်း၏ကျောရိုးများကိုပင်ချမ်းစိမ့်သွားစေလေသည်။

"သူတို့တွေက နတ်ဆိုးသားရဲတွေ....ဒါပေမယ့် ဘာလို့သူတို့မှာ လူသားမျက်နှာရှိနေရတာလဲ"

"ငါ အဲ့ဒါတွေကို စမ်းသပ်ပြီးသွားပြီ....ငါရဲ့ဓားပျံက အလောင်းတွေရဲ့အရေပြားကိုတောင် မဖြတ်နိုင်ဘူး....ဒီအလောင်းကောင်တွေက သူတို့အသက်ရှင်တုန်းကဆိုရင် ဘယ်လောက်တောင်အစွမ်းထက်လိုက်မလဲ"

လူတိုင်းသည် သူတို့၏ရှေ့တွင် အလောင်းများက ရှုပ်ထွေးစွာဖြင့် နေရာတစ်ခုလုံး ပြန့်ကျဲနေသည်ကို မြင်တွေ့နေရသည်။

ကျန်းထျန်းရှုံးနှင့်တစ်ခြားကျွမ်းကျင်ပညာရှင်များသည် လင်းရှောင်ဂိုဏ်း၏လူများနောက်မှ ကပ်၍လိုက်ပါနေကြသည်။ ယခုနေရာကို သူတို့ထက် လင်းရှောင်ဂိုဏ်းမှလူများက ပို၍နားလည်ထားသည်ကို သူတို့ကောင်းစွာသိရှိထားကြသည်။

"ကြီးမားတဲ့ တိုက်ပွဲကြီးတစ်ခု ဒီနေရာမှာဖြစ်ခဲ့တာပဲ...ဒါပြင် အစွမ်းထက်တဲ့တည်ရှိမှုကြီးတွေလဲ ဒီနေရာမှာသေဆုံးခဲ့တယ်...သူတို့ ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာကို ငါအံသြနေမိတယ်"

ကျန်းယုချင်က သက်ပြင်းသွင်သွင်ချနေမိလေသည်။

လုယွီက အလောင်းကောင်ပုံကြီး၏ရှေ့တွင် မတ်တတ်ရပ်နေရင်းမှ အရာရာတိုင်းကို စေ့စေ့စပ်စပ်ကြည့်ရှုမိချိန်တွင် သူ၏မျက်လုံးအတွင်းမှ အေးစက်စက်အလင်းရောင်က ပို၍ပို၍ ပြင်းထန်လာခဲ့သည်။

သူတို့တွေက နတ်ဆိုးသားရဲများမဟုတ်ကြသကဲ့သို့ လူသားများလည်း မဟုတ်ကြပေ။

သူတို့က သရဲတစ္စေများ ဖြစ်ကြသည်။

မြေအောက်လောက...တစ်ဆယ့်ရှစ်ကမ္ဘာ...သူတို့က ငရဲဘုံရှိ အကန့်အသတ်မရှိသော နတ်ဆိုးများနှင့်လူဘီလူးကြီးများကို ထိန်းချုပ်ထားသည့်နေရာဖြစ်သည်။

လုယွီ၏ မြေအောက်အကန့်အသတ်မဲ့နန်းတော်သည် ဤသရဲတစ္စေများနေထိုင်သည့် နေရာဖြစ်ပေ၏။

ယခုမူကား သူတို့အားလုံး သေဆုံးနေကြပြီဖြစ်သည်။

သူ၏အတိတ်ဘဝတွင် တာအိုသခင်မြေအောက်ဘုံကို ချန်ထားရစ်ပြီးနောက် မည်သည့်ကိစ္စများဖြစ်ပွားခဲ့သည်ကို လုယွီ မသိရှိနိုင်ပေ။ သို့ရာတွင် ယခု သူတို့က အမှန်တစ်ကယ်ပင် သေဆုံးကြရပြီဖြစ်ပေ၏။

"မင်းတို့ကို ဒီလောတ်ထိဖြစ်သွားစေရအောင် ဘာတွေများ ဖြစ်ပျက်ခဲ့တာလဲ"

လုယွီက တီးတိုးရေရွတ်မိလေသည်။

ရုတ်တရက် လုယွီက မြေပြင်ပေါ်ကျနေသည့် တစ်စုံတစ်ခုကိုသတိပြုမိကာ သွား၍ကောက်ယူလိုက်သည်။ ထိုအရာက "အနက်ရောင်အသူရာခန်းမအမိန့်"ဟုရေးထွင်းထားသည့် တံဆိပ်ပြားတစ်ခုဖြစ်နေသည်။

"တစ်ခြားခန်းမတွေရဲ့ အခြေအနေတွေကိုလည်း ငါမသိရသေးဘူး...ဒါပေမယ့် အနက်ရောင်အသူရာခန်းမတောင် ဖျက်ဆီးခံရတယ်ဆိုရင် တစ်ခြားမှော်ရတနာတွေလည်း မလွတ်မြောက်နိုင်ပဲ အကုန်ပျက်စီးကုန်ကြမှာကို ငါ စိုးရိမ်မိတယ်"

လုယွီ၏ပြန့်ကြဲနေသောအတွေးများအား ရုတ်တရက် ကြားဖြက်နှောက်ယှက်ခြင်းခံလိုက်ရသည်။

လုံရွှင်းက ရုတ်တရက် လုယွီ၏ပခုံးပေါ်သို့ လက်တစ်ဖက်တင်ပြီး ခက်ထန်တင်းမာစွာဖြင့်မေးမြန်းလိုက်သည်။

"ကောင်လေး...မင်းရဲ့လက်ထဲမှာ ဘာကိုင်ထားတာလဲ...ငါတို့ကိုပြစမ်း"

လုံရွှင်း၏စကားဆုံးသည်နှင့် ကွေ့ဟွမ်ဂိုဏ်းမှတစ်ခြားသောကျင့်ကြံသူများက လုယွီကို မနှစ်မြို့သောအမူအယာများဖြင့် ဝန်းရံလိုက်ကြသည်။

လုယွီက လုံရွှင်းကို အပြည့်အဝ လျစ်လျှူ ရှုထားပြီး အမိန့်ပေးတံဆိပ်ပြားကို သူ၏သိုလှောင်အိတ်အတွင်းသို့ ပစ်ထည့်လိုက်သည်။

"မင်း လိုချင်တယ်ဆိုရင်....မင်းဟာမင်း သွားရှာ"

လုယွီက ရုတ်တရက် လှုပ်ရှားလိုက်သည်။ လုယွီ၏ပခုံးပေါ်သို့ဖိထားသည့် လုံရွှင်း၏လက်သည် အာရုံထိန်းချုပ်မှုလွတ်ကင်းသွားသကဲ့သို့ ခံစားရပြီး ချက်ချင်းပြုတ်ကျသွားခဲ့သည်။

"လုံရွှင်း...နင် ဘာလုပ်ချင်နေတာလဲ"

ကျန်းယုချင်က အေးတိအေးစက်ဖြင့် ဝင်ရောက်ပြောဆိုလိုက်သည်။

"နတ်သမီး ကျန်း....ကျွန်တော်ကို အပြစ်မတင်ပါနဲ့...ကျွန်တော်က ညီလေးလုယွီကို စနောက်နေတာပါ"

လုံရွှင်း၏မျက်နှာသည် မည်းမှောင်နေပြီး လုယွီအား စိုက်ကြည့်နေခဲ့သည်။ သူက သရော်ပြုံးပြံုးနေလေ၏။

"ငါရဲ့စိတ်ဝိညာဉ်စွမ်းအင် ပြန်ကောင်းလာတဲ့အချိန်ထိစောင့်နေ....ငါရဲ့မျက်လုံးထဲမှာ သေမျိုးတစ်ယောက်က ငါအချိန်မရွေးချေမွဖျက်ဆီးပစ်လို့ရတဲ့ ပုရွတ်ဆိတ်တစ်ကောင်ထက်မပိုဘူးဆိုတာ ငါမင်းကို သိအောင်ပြမယ်"

လုံရွှင်းက ကွေ့ဟွမ်ဂိုဏ်းမှကျင့်ကြံသူများကိုခေါ်ဆောင်၍ ထွက်ခွာသွားတော့သည်။

ကျန်းယုချင်က လုယွီအား ကြည့်နေမိသည်။ အချိန်တခဏအကြာတွင်မူ သူမက ပြောကြားလိုက်သည်။

"ဘာမှ စိတ်ပူမနေနဲ့...ရှင်က ကျွန်မနဲ့အတူရှိနေရင် ဘယ်သူမှ ရှင့်ကိုထိရဲမှာမဟုတ်ဘူး"

လုယွီက သူ၏ခေါင်းကို ခါယမ်းလိုက်သည်။ သူအတွက်ကမူ လုံရွှင်းဆိုသည်မှာ အဖက်လုပ်ရန်မတန်သူသာဖြစ်သည်။

"ကြည့်ရတာတော့ ငါရဲ့ခွန်အားကို တက်နိုင်သမျှမြန်မြန်မြှင့်တင်ဖို့လိုနေပြီ....ဒီလိုမှမဟုက်ရင် အဲ့ဒီကလေးတွေက ငါကိုအနိုင်ကျင့်ရတာလွယ်ကူတယ်လို့ ထင်နေကြမယ်"

လုယွီက စဉ်းစားတွေးတောနေလေ၏။

လုယွီနှင့်ကျန်းယုချင်က အတူတကွရှေ့ဆက်လျှောက်လှမ်းလာကြရာ ကျင့်ကြံသူများ၏အလောင်းအချို့အား တွေ့ရှိလိုက်ရသည်။

ထိုကျင့်ကြံသူများ၏ထိခိုက်ပျက်စီးနေသည့် လက်နက်များနှင့်သံချပ်ကာဝတ်စုံများကို ဂရုတစိုက်ကြည့်ရှုလျှင် သူတို့ထဲက တစ်ချို့ကိုစတင်၍တိုက်ခိုက်ခံခဲ့ပုံပေါ်နေသည်။

လုယွီက နေရာတစ်ခုလုံးအား ဝေ့ဝိုက်ကြည့်ပြီး ရန်သူများ၏အလောင်းများကို ရှာဖွေလိုခဲ့သည်။

သူသည် သူ၏အနက်ရောင်အသူရာခန်းမအား ပျက်စီးစေခဲ့သည့် လူကို ရှာဖွေနိုင်ရန် လိုအပ်ပေသည်။

ထိုအချိန်မှာပင် အဝေးတစ်နေရာစီမှ ထိတ်လန့်တကြားအော်ဟစ်သံကြီး ထွက်ပေါ်လာခဲ့သည်။

"ကြည့်ကြစမ်း...အဲ့ဒါကဘာလဲ"

"အံ့အားသင့်စရာပဲ....ဖြစ်နိုင်တာက ပြင်ပလေဟာနယ်က ထိပ်သီးကျင့်ကြံသူ ချန်ထားခဲ့တဲ့ တစ်ခုခုများဖြစ်နေမလား"

လုယွီက ထိုအသံထွက်ပေါ်လာသောနေရာစီသို့ အကြည့်ရောက်သွားခဲ့သည်။

ရုတ်တရက် သူက ကြက်သေသေသွားခဲ့သည်။

တောင်တစ်လုံး၏နံရံရှိ မက်စောက်သောချောက်ကမ်းပါးပေါ်တွင် အားကောင်းသည့်ကျန်းချီကိုအသုံးပြု၍ ရွှေရောင်စာလုံးများရေးထွင်းထားပြီး နဂါးများနှင့်ဖီးနစ်ဌက်များက ပျံသန်းနေကြလေသည်။

"ကောင်းကင်ဘုံအင်ပါယာ ရှန်းလင်းလုံ.....မြေအောက်လောကကိုသွေးနဲ့ဆေးကြောသန့်စင်မယ်"

Chapter 105

"ကြည့်ရတာတော့ ဒီဖြစိရပ်ဆိုးကြီးက ဒီလူကြောင့်ဖြစ်တာထင်တယ်"

"မင်း အဲ့ဒီအလောင်းတွေကိုမမြင်ဘူးလား..သူတို့က ချက်ချင်းသေဆုံးသွားရပြီး ပြန်တိုက်ခိုက်ဖို့တောင်မှ အခွင့်အရေးမရလိုက်ဘူး"

လူတိုင်းက စတင်၍ဆွေးနွေးပြောဆိုနေကြသော်လည်း သူတို့၏စကားလုံးများသည် ကောင်းကင်ဘုံအင်ပါယာရှန်းလင်းလုံ ဆိုသူအားရိုသေလေးစားမှုများ ပြည့်နှက်နေကြသည်။

သူတို့၏ရှေ့မှ အလောင်းကောင်များကမူ ဆိုးညစ်သောနတ်ဆိုးများသာ ဖြစ်ပေမည်။ ကြည့်ရပုံမှာ စီနီယာကောင်းကင်ဘုံအင်ပါယာက ထိုနတ်ဆိုးများ၏ဆိုးသွမ်းမှုများကြောင့် နှိမ်နင်းခဲ့ခြင်း ဖြစ်ပေမည်။

လုယွီက သူ၏လက်များကို တဖြည်းဖြည်း တင်းကြပ်စွာဆုပ်လိုက်မိသည်။

"ရှန်းလင်းလုံ.....မင်းက ငါကို နောက်ကွယ်ကနေချောင်းမြောင်းတိုက်ခိုက်ခဲ့တာ....ငါ သေဆုံးခဲ့ရတာတောင်မှ မင်းကငါရဲ့မြေအောက်လောကကို အမှန်တစ်ကယ်ဖျက်ဆီးပစ်ခဲ့တယ်"

လုယွီ၏မျက်လုံးများက အေးစက်တင်းမာနေလေသည်။

ရှန်းလင်းလုံက သူကိုသတ်ခဲ့ရသည့် အကြောင်းပြချက်တစ်ခုမှာ သူမက မြေအောက်လောကတစ်ခုလုံးကို အမြစ်ဖြတ်သုတ်သင်လို၍ဖြစ်ပေသည်။

မည်သူကမျှ လုယွီ၏စိတ်နှလုံးသားအတွင်းမှ ခံစားချက်များကိုမသိရှိကြပေ။

တစ်ခြားတစ်နည်းဆိုရလျှင် မည်သူကမျှ ရှီထျန်းအဆင့်သာရှိသော လုယွီ၏အမူအယာများကို ဂရုမစိုက်ကြချေ။

"ဟား ဟား...ငါက ရတာနာတစ်ခု ကောက်တွေ့ပြီကွ"

ကျင့်ကြံသူတစ်ယောက်က အလွန်ပျော်ရွှင်စွာဖြင့် ပြောဆိုလိုက်သည်။ သူ၏လက်အတွင်းတွင် အေးစက်စက်အလင်းရောင်တောက်ပနေသည့် အနက်ရောင်ဓားကောက်တစ်လက် ထွက်ပေါ်လာခဲ့သည်။

လူတိုင်း၏အကြည့်က သူအပေါ်တွင် ကျရောက်လာချိန်တွင်မူ ထိုကျင့်ကြံသူ၏အမူအယာ ပြောင်းလဲသွားခဲ့သည်။ ချက်ချင်းပင် သူက ဓားကောက်ကို သူ၏သိုလှောင်အိတ်အတွင်းထည့်သွင်း၍ ဂိုဏ်းအကြီးအကဲ၏နံဘေးသို့ အပြေးအလွှားသွားလိုက်သည်။

"မင်းတို့ ဘာကြည့်နေကြတာလဲ...တစ်ကယ်လို့ မင်းတို့ရတနာတွေလိုချင်တယ်ဆိုရင် မင်းတို့ဟာမင်းတို့ ရှာကြလေ"

သူ၏နံဘေးတွင်ရပ်နေသည့် ဂိုဏ်းအကြီးအကဲသည် အေးစက်စက်နှာတစ်ချက်မှုတ်ပြီး ပတ်ဝန်းကျင်နေရာတစ်ခုလုံးကို အစွမ်းထက်သောအော်ရာတစ်ခုဖြင့် ဖိအားပေးလိုက်သည်။

ထိုအကြီးအကဲသည် တာအို၏ဒုတိယအဆင့်တွင် ရောက်ရှိနေသူဖြစ်သောကြောင့် မြောက်များစွာသောလူများ၏အကြည့်များသည် ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။

ထို့နောက် လူအုပ်ကြီးသည် သူတို့၏အကြည့်များကို နံရံပေါ်ရှိ စာလုံးများထံမှလည်း ဖယ်ခွာလိုက်ကြပြီး မြို့၏တစ်ခြားတစ်ဖက်ခြမ်းသို့ လှည့်ထွက်သွားကြသည်။

မြို့တံခါးဖွင့်လှစ်ပြီးချိန်တွင် အတွင်း၌ သူတို့အားစောင့်ဆိုင်းနေကြသည့် ရတနာများစွာရှိနေနိုင်ပေသည်။

"သွားကြစို့"

ကွေ့ဟွမ်ဂိုဏ်းမှ ကျင့်ကြံသူများက မြို့အတွင်းသို့ အရင်ဆုံး တိုးဝင်လိုက်ကြသည်။ တစ်ခြားကျင့်ကြံသုများက မြင်လိုက်ချိန်တွင် သူတို့ကလည်း မြို့တွင်းသို့တရကြမ်းပြေးဝင်လိုက်ကြတော့သည်။

သူတို့က မြို့အတွင်းသို့ ဝင်ရောက်မိချိန်မှာပင် ပျက်စီးယိုယွင်းနေသော အဆောက်အအုံတစ်ခုအား မြင်တွေ့လိုက်ရသည်။ မြင့်မားသည့်အဆောက်အအုံများစွာကလည်း အပျက်အစီးများအဖြစ်သို့ ပြောင်းလဲသွားသည်ကိုလည်း မြင်တွေ့ရနိုင်ပေသည်။

လုယွီက ထိုမြင်ကွင်းကိုမြင်လိုက်ချိန်တွင် သူ၏မျက်လုံးအတွင်းတွင် နာကျင်မှုအရိပ်အယောင်များ ထင်ဟပ်နေလေသည်။

ဤနေရာက ပျားပန်းခပ်စည်ကားခဲ့သည့် နေရာတစ်ခုမဟုတ်လော.....

အနက်ရောင်အသူရာခန်းမသည် ရက်စက်ယုတ်မာပြီး ထိတ်လန့်ကြောက်ရွံဖွယ်ကောင်းသော နေရာတစ်ခုမဟုတ်ပေ။ ဤနေရာရှိ အရာအားလုံးသည် သေမျိုးလောကအတွင်းမှမြို့တစ်မြို့ကဲ့သို့ နေ့စဉ်လှုပ်ရှားမှုများဖြင့်စည်ကားနေသောနေရာတစ်ခုသာဖြစ်သည်။ မရေမတွက်နိုင်သော သရဲတစ္စေများက တိကျသည့်အမိန့်အာဏာအောက်တွင် နေထိုင်နေကြခြင်းသာဖြစ်သည်။

သို့ရာတွင် ရှန်းလင်းလုံက အရာရာတိုင်းကို မြှုပ်နှံပစ်ခဲ့သည်။

"လုယွီ..ကျွန်မ......ရတနာသွားရှာမလို့.....ရှင် ကျွန်မတဲ့အတူလိုက်ချင်လား"

ကျန်းယုချင်သည် အနည်းငယ်စိတ်လှုပ်ရှားနေလေ၏။ အကယ်၍ သူမက လေဟာနယ်စွန့်ပစ်နယ်မြေအတွင်းမှ ရတနာတစ်ချို့သာရရှိခဲ့လျှင် ထိုအရာကအမှန်တစ်ကယ်ပင် အခွင့်အလမ်းကောင်းကြီး ဖြစ်ပေလိမ့်မည်။

လုယွီက သူ၏ခေါင်းကို ခါယမ်းလိုက်သည်။

"ငါ စိတ်မဝင်စားဘူး...မင်းဘာသာသွားပါ"

ကျန်းယုချင်က လုယွီကိုတစ်ချက်ကြည့်လိုက်သည်။ သူက ငြင်းဆန်နေသည်ကိုကြည့်ပြီး သူမက မည်သည့်စကားမျှထပ်မဆိုတော့ပေ။

သူတို့နှစ်ယောက် လမ်းခွဲကြပြီးနောက် လုယွီက လူအုပ်အတွင်း၌ ရောနှောနေခဲ့သည်။

လောဘရမ္မက်များက ဤနေရာတွင် အညှောင့်ပေါက်စပြုလာခဲ့သည်။

မြို့တစ်မြို့လုံးသည် သေကြေပျက်စီးနေပုံသာရပြီး မည်သည့် သက်ရှိအကြွင်းအကျန်ကိုမှ မြင်တွေ့ရခြင်းမရှိပေ။

လုယွီက ရှေ့သို့သာ ဆက်လျှောက်လှမ်းနေပြီး ရတနာများအတွက် တိုက်ခိုက်နေကြသူများကို လျစ်လျှူ ရှုထားခဲ့သည်။

ကျင့်ကြံသူများကမူ လုယွီက သူတို့အား ဖြတ်လျှောက်သွားသည်ကိုမြင်ချိန်တွင် လှောင်ပြောင်သရော်လိုက်ကြသည်။

"ကံကောင်းထောက်မစွာနဲ့ မင်းလိုသေမျိုးတစ်ယောက်က မင်းနေရာမင်းသိသေးတယ်ပေါ့...ဒီနေရာထိ မင်းကိုခေါ်ဆောင်လာတာကိုက မင်းအတွက် ကောင်းကင်ဘုံကပေးတဲ့ဆုလာဒ်ဖြစ်နေပြီ"

ကွေ့ဟွမ်ဂိုဏ်းမှ ကျင့်ကြံသူတစ်ယောက်က လှောင်ပြောင်သရော်လိုက်လေ၏။

လုယွီက မြို့၏အလယ်ဗဟိုသို့ရောက်ရှိလာခဲ့သည်။

ဤနေရာတွင် ကြီးမားသည့်ရုပ်ထုကြီးစိုက်ထူထားသော်လည်း ရုပ်ထုကြီး၏ခေါင်းမှာမူ ပျောက်ကွယ်နေခဲ့သည်။ သို့ရာတွင် ထိုရုပ်ထု၏ကျိုးပဲ့နေသောခန္ဓာကိုယ်မှနေ၍ ယခင်က ကြီးကျယ်ခမ်းနားခဲ့ပြီးလွှမ်းမိုးနိုင်ခဲ့သည့်အရှိန်အဝါကို ပြသနေလေသည်။

ထိုရုပ်ထုသည် သူ့အားကိုယ်စားပြုသော မြေအောက်လောကတာအိုသခင်၏ရုပ်ထုဖြစ်ပေ၏။ နေ့စဉ်နေ့တိုင်း မြောက်များစွာသည့် သရဲတစ္စေများက ရုပ်ထုကြီးရှေ့သို့လာပြီး အမွှေးတိုင်ထွန်းကာ အရိုအသေပြုခဲ့ကြသည်။ နောက်ကြောင်းပြန်ကြည့်လျှင် ဤမြို့အတွင်းတွင် ကြီးကျယ်ခမ်းနားသည့်အခါသမယများစွာရှိခဲ့သည်။

ကံဆိုးစွာဖြင့် ယခုလက်ရှိတွင်မူ မြို့တစ်မြို့လုံးသည် အပျက်အစီးများဖြင့်သာ ပြည့်နှက်နေလေသည်။ ထို့ကြောင့် ဤရုပ်ထုအလွန်ထိခိုက်ပျက်စီးနေသည်မှာလည်း ပုံမှန်သာဖြစ်ပေ၏။

"ကောင်မလေး....မင်း ဘယ်နေရာကလာတာလဲ"

ရုတ်တရက် ခက်ထန်သောအသံတစ်သံက သူ၏နံဘေးမှ ထွက်ပေါ်လာခဲ့သည်။

All Chapters