← Chapters

အခန်း (၁၀၆-၁၁၀)

Vol. 6-10 Ch. 106-110

အခန်း (၁၀၆-၁၁၀)

Vol. 6-10 Ch. 106-110

Chapter 106

ရုပ်ထုကြီး၏အောက်ခြေတွင် လူအုပ်စုတစ်စုက မိန်းကလေးငယ်တစ်ယောက်ကို ဝန်းရံထားကြပြီး ခြောက်လှန့်ပြောဆိုနေကြသည်။

ထိုကလေးမလေးက အသက် ခုနှစ်နှစ် ရှစ်နှစ်ခန့်သာရှိပံရြသည်။ သူမက ပါးလွှာသည့်ချည်ထည်ဝတ်စုံကို ဝတ်ဆင်ထားပြီး လူအုပ်ကြီးကို ကြောက်ရွံမှုများပြည့်နှက်နေသော မျက်လုံးများဖြင့် ငေးစိုက်ကြည့်နေသည်။

ကလေးမလေး၏မျက်နှာသည် ညစ်ပတ်ပေပွနေပြီး သူမ၏လက်အတွင်းတွင် တစ်စုံတစ်ယောက်မှလုယူသွားမည်ကို ကြောက်ရွံနေပုံဖြင့် ပစ္စည်းတစ်ခုကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားလေသည်။

"ကောင်မလေး.....နင် လက်ထဲမှာဘာကိုင်ထားတာလဲ...မြန်မြန်ပေးစမ်း"

ကျင့်ကြံသူတစ်ယောက်က အော်ဟစ်လိုက်လေ၏။

ထိုကျင့်ကြံသူ၏အသံက ကလေးမလေးကို ကြောက်ရွံသွားစေပြီး သူမတစ်ကိုယ်လုံးတုန်ရီနေခဲ့သည်။ သူမက ခြေတစ်လှမ်းနောက်ဆုတ်လိုက်ပြီး ရုပ်ထုကြီး၏အောက်တွင် ထိုင်ချလိုက်သည်။

အဝေးမှကျင့်ကြံသူတစ်ချို့က သူမအားတစ်ချက်ကြည့်လိုက်ကြသော်လည်း သူမက ကလေးမလေးတစ်ယောက်သာဖြစ်ကြောင်း မြင်လိုက်ရချိန်တွင် သူတို့က ထပ်မံ၍ အာရုံစူးစိုက်ခြင်းမရှိတော့ပေ။

မြို့၏ဖိအားအောက်တွင် လူတိုင်းက ခြေကျင်သာလမ်းလျှောက်နေရသည်။

ဖြစ်နိုင်သည်က အနီးအနားမှသေမျိုးတစ်ယောက်က လှို့ဝှက်ဝင်ရောက်လာခြင်းသာဖြစ်ပေမည်။ သူမက သာမာန်သေမျိုးကလေးမလေးသာဖြစ်သဖြင့် သူတို့၌သူမအား အာရုံစိုက်ရန်အချိန်မရှိပေ။

"ကြည့်ရတာ အဲ့ဒီကလေးမလက်ထဲမှာ ကျောက်စိမ်းအပိုင်းအစတစ်ခုရှိနေပုံပဲ...အဲဒါကနေ စိတ်ဝိညာဉ်စွမ်းအင်တွေဖြာထွက်နေတယ်....ကောင်မလေးက ခုလောတ်ထိ ဂရုစိုက်နေပုံရရင်...သူမလက်ထဲကဟာက ရတနာကောင်းတစ်ခုဖြစ်နိုင်တယ်"

ကျင့်ကြံသူတစ်ယောက်က ရယ်မောရင်း ပြောဆိုလိုက်သည်။

ကလေးမလေးက ကျင့်ကြံသူအုပ်စုဆွေးနွေးနေကြသည်ကိုကြားချိန်တွင် သူမ၏မျက်နှာပေါ်မှ ကြောက်ရွံတုန်လှုပ်နေမှုသည် ပို၍အားကောင်းလာခဲ့သည်။

ကလေးမလေးက သူမ၏လက်သေးသေးလေးဖြင့် ဆွဲပြားတစ်ခုကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားရင်းမှ နောက်သို့တဆုက်တည်းဆုက်နေရင်းမှ မဝံ့မရဲပြောဆိုလိုက်သည်။

"ဒါက ငါရဲ့အစ်မကြီးက ငါကိုပေးထားတာ....နင်တို့ကို မပေးနိုင်ဘူ

"ကောင်မလေး....ကြည့်ရတာတော့ နင်က အခွင့်အရေးပေးတာကို မယူတတ်ဘူးပဲ"

ထိုကျင့်ကြံသူက ဒေါသထွက်သွားပြီး ရုတ်တရက် သူ၏လက်ကို ကျောက်စိမ်းဆွဲပြားကိုဖမ်းဆွဲနိုင်ရန် ဆန့်ထုတ်လိုက်သည်။

မည်သည့်နည်းဖြင့် မိန်းကလေးငယ်တစ်ယောက်က ကျင့်ကြံသူတစ်ယောက်၏ပြိုင်ဘက်ဖြစ်နိုင်မည်နည်း..။ သူက လက်ဆန့်ထုက်ပြီးဖမ်းလိုက်သည်နှင့် ကလေးမလေးက အံ့အားသင့်သွားပြီး မြေပြင်ပေါ်သို့လဲကျသွားလေသည်။

သူမ၏မျက်လုံးအတွင်းတွင် မျက်ရည်များက စိုစွက်နေခဲ့သည်။

ကလေးမလေးက သူမ၏မျက်ရည်များကိုသုတ်ပြီး မတ်တတ်ထရပ်ကာ ကျင့်ကြံသူ၏လက်အတွင်းမှ ကျောက်စိမ်းဆွဲပြားကို ပြန်လည်လုယူနိုင်ရန်ကြိုးစားနေလေသည်။

"ဒီလို ရတနာမျိုးက မင်းလို ကောင်မလေးတစ်ယောက်ပိုင်ဆိုင်တဲ့အရာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ....အခုချက်ချင်း ဒီနေရာကထွက်သွားစမ်း.....တစ်ကယ်လို့ ဒီဘိုးဘိုးက စိတ်ဆိုးဒေါသထွက်လာပြီဆိုရင်....ငါနင်ကိုသေရင်တောင် ခန္ဓာကိုယ်အပြည့်အစုံနဲ့မသေရအောင် လုပ်ပစ်မိမယ်"

ကျင့်ကြံသူက ကျယ်လောင်သောအသံဖြင့်အော်ဟစ်လိုက်ပြီး သူ၏မျက်လုံးများတွင်လည်း လောဘများကဖုံးလွှမ်းနေကာ သူ၏လက်ဖဝါးအတွင်းရှိ ကျောက်ဆုံးဆွဲပြားကို ဖင်တပြန်ခေါင်းတပြန်ကြည့်ရှုနေခဲ့သည်။

ထိုကျောက်စိမ်းဆွဲပြားက အပြည့်အဝနက်မှောင်နေလေ၏။ ထူးဆန်းသော အက္ခရာတစ်ချို့ကိုလည်း ကျောက်စိမ်းပြား၏မျက်နှာပြင်ပေါ်တွင် ထွင်းထုထားခဲ့သည်။

ထိုကျောက်စိမ်းပြားကို သူလက်နှင့်ကိုင်ထားချိန်တွင် ကျင့်ကြံသူက သူ၏စိုးရိမ်ပူပန်မှုများအားလုံးလွှက်ပစ်လိုက်သကဲ့သို့ လန်းဆန်းမှုနှင့်ပျော်ရွှင်မှုကို ခံစားလိုက်ရသည်။

"ပစ္စည်းကောင်းပဲ"

ထိုကျင့်ကြံသူ၏မျက်လုံးများ တောက်ပသွားခဲ့သည်။ တစ်ခြားကျင့်ကြံသူများက ထိုအရာကိုမြင်ချိန်တွင် သူတို့ကလည်းအလိုရှိဟန်ဖြင့် အနည်းငယ်ကြည့်ရှုနေကြသည်။

ကလေးမလေးက မြေပြင်ပေါ်၌လဲကျနေလေ၏။ မြေပြင်ပေါ်တွင်စုပြုံနေသောဖုန်မှုန့်များက သူမ၏အဝတ်အစားငယ်လေးများကို ညစ်ပေသွားစေသည်။ ကလေးမလေးက ကျင့်ကြံသူအား မဝံ့မရဲကြည့်နေခဲ့သည်။ သူမက ကြောက်ရွံနေသော်လည်း ထိုကျောက်စိမ်းဆွဲပြားသည် သူမ၏အစ်မကြီးမှ ပေးခဲ့သောအရာဖြစ်သဖြင့် မည်သည့်နည်းနှင့်မျှ အဆုံးရှုံးမခံနိုင်ပေ။

"အကိုကြီး...ဘာလို့ နျူ နျူ ကို အဲဒါပြန်မပေးရတာလဲ"

ကလေးမလေးက တုန်ရီစွာဖြင့် ကျင့်ကြံသူ၏နံဘေးသို့လျှောက်သွားပြီး တောင်းပန်လိုက်သည်။

ကျင့်ကြံသူက မျက်မှောင်ကြုပ်ပြီး အော်ဟစ်လိုက်သည်။

"ထွက်သွားစမ်း"

ကလေးမလေးက အချိန်တခဏကြာ တုန့်ဆိုင်းသွားခဲ့သည်။ သူမက ရှေ့သို့ဆက်တိုး၍မရမှန်း သိရှိထားလေသည်။

"မင်းလက်ထဲကပစ္စည်း ငါ့ကိုပြစမ်း"

ရုတ်တရက် အေးစက်စက်အသံတစ်ခုက သူတို့၏နောက်ကွယ်မှ ထွက်ပေါ်လာခဲ့သည်။

ကျင့်ကြံသူများက သူတို့၏ခေါင်းများကိုလှည့်ကြည့်လိုက်ရာ သူတို့၏နောက်တွင်မတ်တတ်ရပ်နေသော လုယွီကိုသာ မြင်လိုက်ရသည်။

"မင်း ဘယ်သူလဲ....အမ်....ရှီထျန်းနယ်ပယ်လား"

ကျင့်ကြံသူတစ်ချို့သည် အစပိုင်းတွင်ကြောင်အသွားကြသော်လည်း သူတို့က လုယွီ၏ကျင့်ကြံဆင့်ကိုသိရှိသွားချိန်တွင်မူ အူလှိုက်သည်းလှိုက်ရယ်မောလိုက်ကြသည်။

"ဘာတွေဖြစ်ကုန်တာလဲဟ....ပြင်ပလေဟာနယ်စွန့်ပစ်နယ်မြေထဲကို သေမျိုးတွေအများကြီး အလစ်ချောင်းဝင်လာကြတာလား"

ထိုကျင့်ကြံသူက စိတ်မရှည်ပုံဖြင့် သူ၏လက်ကိုဝှေ့ယမ်းလိုက်သည်။

"ဒီနေရာက မြန်မြန်ထွက်သွားကြစမ်း.....မဟုတ်ရင် ငါ မင်းတို့ကိုသတ်မိလိမ့်မယ်"

လုယွီက ထိုကျင့်ကြံသူအားစိုက်ကြည့်ပြီး တည်ကြည်လေးနက်စွာဖြင့် ပြောကြားလိုက်လေ၏။

"ငါ ပြောနေတာမရှင်းလို့လား....မင်းလက်ထဲကဟာကိုပြဖို့ ငါမင်းကိုပြောနေတာ"

ကျင့်ကြံသူ၏အမူအယာ ပြောင်းလဲသွားခဲ့သည်။ လုယွီက ဤကဲ့သို့ ယုံကြည်မှုလွန်ကဲစွာဖြင့်ပြောဆိုလိမ့်မည်ဟု သူ မည်သည့်အချိန်ကမျှ မတွေးတောမိချေ။

"ကောင်လေး....သေပေတော့"

ကျင့်ကြံသူတစ်ချို့က ဒေါသတကြီးဖြစ်သွားကြကာ သူတို့၏ကျန်းချီများကို ချိတ်ဆက်၍ မှော်ရတနာများကိုထိန်းချုပ်ကာ လုယွီထံသို့ပစ်လွှက်လိုက်ကြသည်။

ဘုန်း..

လုယွီက သူထံတိုးဝင်လာကြသည့် မှော်ရတနာပစ္စည်းများကို အနည်းငယ်မျှပင်ဂရုမစိုက်ပေ။ သူ၏လက်သီးကို ဆန့်ထုတ်ပြီး ထိုမှော်ရတနာပစ္စည်းများပေါ်သို့ ပြင်းပြင်းထန်ထန် ထုနှက်လိုက်သည်။

"ခရက်....ခရက်....."

လုယွီ၏ရှေ့သို့ ရောက်ရှိနေကြသော မှော်ရတနာပစ္စည်းများ ပျက်စီးသွားသဖြင့် ကွဲအက်နေသောအသံများသည် ကြိမ်ဖန်များစွာမြည်ဟီးနေသည်။

"ဘာလဲဟ"

ထိုကျင့်ကြံသူတစ်စုသည် အံ့အားသင့်တုန်လှုပ်သွားကြသည်။

အရိပ်တစ်ခုက ဖြတ်ပြေးသွားပြီးနောက် လုယွီက ကျင့်ကြံသူ၏အရှေ့သို့ရောက်ရှိသွားကာ သူထံမှကျောက်စိမ်းဆွဲပြားအားလုယူလိုက်သည်။

"ထွက်သွားကြစမ်း"

လုယွီက ထိုကျင့်ကြံသူအုပ်စုကို ဒေါသတကြီးအော်ဟစ်လိုက်လေသည်။

Chapter 107

တစ်ခြားကျင့်ကြံသူများသည် လုယွီက မည်မျှထိအစွမ်းထက်ကြောင်း မြင်တွေ့လိုက်ရသည့်အတွင် သူ့နားသို့ အလျှင်စလိုမချဉ်းကပ်ဝံ့ကြပေ။

သူတို့က ထိုမှော်ရတနာပစ္စည်းများ၏စွမ်းအားကို ကောင်းစွာသိရှိထားကြသည်။ လုယွီက ထိုမှော်ရတနာများကို အပိုင်းပိုင်းအစစဖြစ်သည်အထိ လွယ်လင့်တကူဖျက်ဆီးနိုင်မည်ဟု သူတို့မျှော်လင့်မထားမိပေ။ ထိုအခြင်းအရာက သူတို့အား လုယွီ၏ခွန်အားကို ရှင်းရှင်းလင်းလင်းသိရှိသွားစေသည်။

"ကောင်လေး...မင်းစောင့်နေ"

ကျင့်ကြံသူအုပ်စုသည် လုယွီပြောသည့်ကြမ်းကြမ်းတမ်းတမ်းစကားကိုကြားပြီးနောက် ဒေါသတကြီးဖြင့်ထွက်ခွာသွားကြတော့သည်။

သို့ရာတွင် လုယွီက သူတို့ကို အာရုံစူးစိုက်နေရန် အချိန်မရှိတော့ပေ။

"ရွှယ်မင်.....နင် ငါကိုဘာလို့စကားမပြောတာလဲ"

"ရွှယ်မင်...နင် ငါကိုပေးတဲ့ ကျောက်စိမ်းဆွဲပြားအတွက် ငါ နင့်ကိုအရမ်းကျေးဇူးတင်တာပဲ...နင်ပေးသမျှလက်ဆောင်တွေထဲမှာ ငါ ဒီတစ်ခုကိုသဘောအကျဆုံးပဲ"

"ရွှယ်မင်....ကောင်းကင်ဘုံအင်ပါယာနဲ့စိန်ခေါ်ထားတာကို ဖျက်လိုက်ပါတော့...အဆင်ပြေတယ်မလား....ငါတို့က မြေအောက်လောကဘုံမှာ လုံလုံခြုံခြံုကျင့်ကြံနေနိုင်တာပဲ မဟုတ်ဘူးလား"

မိန်းကလေးတစ်ယောက်၏အသံက လုယွီ၏နံဘေးမှ ထွက်ပေါ်နေခဲ့သည်။ ထိုမိန်းကလေးသည် သူ၏ရှေ့တွင် သူ၏အတိတ်ဘဝမှနာမည်အား ခေါ်ဆိုနိုင်ခဲ့သည့် တစ်ယောက်တည်းသောသူဖြစ်ပေသည်။

ယဲ့ရႊယ္လန္.....

အတိတ်တုန်းက လုယွီသည် ခွန်းလွင်နတ်ဘုရားတောင်တန်းအတွင်းတွင် မြောက်များစွာသော သိုင်းပညာသူတော်စင်များက အငြှိုးတကြီးလိုက်လံဖမ်းဆီးနေစဉ်တွင် သူ့အားကူညီခဲ့သူမှာ ယဲ့ရွှယ်လန်သာဖြစ်သည်။

ထိုအချိန်မှစ၍ သူတို့နှစ်ယောက်သည် ရင်းနှီးသောမိတ်ဆွေများဖြစ်လာကြသည်။ သူတို့၏ကျင့်ကြံမှုလမ်းကြောင်းတွင်လည်း အပေါင်းအဖော်များအဖြစ် ဘေးချင်းယှဉ်လျှက် တိုက်ခိုက်ခဲ့ကြသည်။

အဆုံးသတ်တွင် လုယွီက ကောင်းကင်ဘုံအင်ပါယာကိုပင်ဆန့်ကျင်ဝံ့သော မြေအောက်လောက၏အစွမ်းထက်ဆုံး တာအိုသခင်ဖြစ်လာခဲ့သည်။ ယဲ့ရွှယ်လန်ကတော့ လုယွီ၏နံဘေးတွင်ပင် တစ်ချိန်လုံးရှိနေခဲ့သည်။

ယဲ့ရွှယ်လန်က သူအပေါ်တွင် ခံစားချက်များရှိနေခြင်းကို လုယွီသိရှိထားခဲ့သည်။ သို့ရာတွင် ထိုအချိန်တုန်းက သူ၏မျက်လုံးအတွင်းတွင် ရှန်းလင်းလုံတစ်ယောက်သာ ရှိနေခဲ့သည်။

"ရွှယ်လန်....မင်း အဆင်ပြေရဲ့လား"

လုယွီက ကျောက်စိမ်းဆွဲပြားလေးကို ပွက်သပ်နေရင်းမှ သူ၏မျက်လုံးအတွင်းတွင် အတိတ်ကိုပြန်ပြောင်းအောက်မေ့နေခြင်းများ ထင်ဟပ်နေလေသည်။

ဤကျောက်စိမ်းဆွဲပြားသည် ယဲ့ရွှယ်လန်၏မွေးနေ့အတွက် လက်ဆောင်အဖြစ် သူကိုယ်တိုင်ပေးထားခဲ့ခြင်းဖြစ်သည်။ ဤအရာက မူလဘူတမှော်ရတနာတစ်ခုဖြစ်ပြီး သာမာန်သန့်စင်ထားသည့်အသုံးအဆောင်ပစ္စည်းများနှင့် ကွဲပြားခြားနားပေသည်။ ၎င်းက ရှေးကျသောအချိန်မှစ၍ ကာလရှည်ကြာတည်ရှိခဲ့ပြီး အလွန်အမင်းရှားပါးသည့်ရတနာဖြစ်သည်။

သူ အမှတ်မမှားနိုင်ပေ။

ထိုကျောက်စိမ်းဆွဲပြား၏ထိပ်တွင် သူ၏လက်နှင့် ကိုယ်တိုင်ကိုယ်ကျ ရေးထွင်းထားသည့် စာလုံးများရှိပေသည်။

ကလေးမလေးက လုယွီ၏လက်အတွင်းမှ ကျောက်စိမ်းဆွဲပြားကို သနားချင့်စဖွယ်ကြည့်ရှုနေခဲ့သည်။

လုယွီက နူးညံညင်သာစွာဖြင့် မေးမြန်းလိုက်သည်။

"ညီမလေး....ဒီဆွဲပြားက မင်းကို ဘယ်သူပေးခဲ့တာလဲ"

ကလေးမလေးက သူကိုတစ်ချက်ကြည့်ပြီး လုယွီသည် ဆိုးသွမ်းသည့်လူမဟုတ်လောက်ဟု ဆုံးဖြတ်လိုက်သည်။ သူမက သတ္တိမွေး၍ လုယွီအားပြောဆိုလိုက်သည်။

"ဒါက အစ်မကြီးက သမီးကိုပေးခဲ့တာ"

လုယွီ၏နှလုံးသားများ ဗြောင်းဆန်သွားပြီး သူကိုယ်သူပင် မထိန်းချုပ်နိုင်တော့ဘဲ ကလေးမလေးကို ယဲ့ရွှယ်လန်၏ပုံပန်းသွင်ပြင်အား ပြောပြနေမိသည်။

ကလေးမလေး၏မျက်လုံးများ တောက်ပသွားခဲ့သည်။

"အကိုကြီး....ရှင်က အစ်မကြီးနဲ့သိတာလား....အစ်မကြီး ဘယ်နေရာမှာလဲဆိုတာ ရှင်သိလား"

လုယွီက မေးမြန်းလိုက်လေ၏။

"မင်း သူမကို နောက်ဆုံးမြင်ခဲ့တာ ဘယ်နေရာမှာလဲ"

ကလေးမလေးက ခေါင်းကိုသာညိတ်ပြီး ကြေကွဲဝမ်းနည်းမှုအပြည့်ဖြင့် ဖြေကြားလိုက်သည်။

"အစ်မကြီးက နျူ နျူ ကို အမြဲတမ်းစောင့်ရှောက်နေခဲ့တာ....ဒါပေမယ့် သမီးရဲ့အစ်မ ထွက်မသွားခင်က ဒီကျောက်စိမ်းအပိုင်းအစလေးကိုပေးခဲ့တာ....သူက သမီးကို ဒီနေရာမှာစောင့်နေဖို့ မှာသွားခဲ့တယ်"

"တစ်ယောက်ယောက်ကို စောင့်ဆိုင်းခိုင်းတာလား"

လုယွီက တီးတိုးရေရွတ်လိုက်မိ၏။

ကလေးမလေးက စကားဆက်ပြောလိုက်သည်။

"အစ်မက ဒီကျောက်စိမ်းဆွဲပြားကို အဲ့ဒီလူမြင်သွားမယ်ဆိုရင်...သူက မိုးကောင်းကင်ကိုနင်းချေရမယ်ဆိုရင်တောင်မှ အစ်မကိုတွေ့အောင်ရှာနိုင်လိမ့်မယ်တဲ့"

လုယွီ၏စိတ်နှလုံးသား တုန်ရီသွားလေသည်။

သူက ကျောက်စိမ်းဆွဲပြားကိုမြင်ချိန်ကတည်းက ဆိုးရွားသည့်ခံစားချက် ရရှိနေပြီးဖြစ်သည်။ သူက ကောင်းကင်ဘုံအင်ပါယာနှင့်စိန်ခေါ်တိုက်ခိုက်နေစဉ်တွင် ယဲ့ရွှယ်လန်က မြေအောက်လောကဘုံတွင်ရှိနေခဲ့သည်။

"သူမက အနက်ရောင်အသူရာခန်းမမှာတော့ ရှိမနေလောတ်ပါဘူးနော်..ဟုတ်တယ်မလား...ဒါက မဖြစ်နိုင်ဘူး....ဘယ်လိုလုပ် ဒီလောတ်ထိ တိုက်ဆိုင်နိုင်မှာလဲ"

လုယွီက တီးတိုးရေရွတ်နေရင်းမှ ကူရာကယ်ရာမဲ့စွာဖြင့် ကျောက်စိမ်းဆွဲပြားကိုသာ တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားခဲ့သည်။

"အကိုႀကီး..."

ရုတ်တရက် ကလေးမလေးက လုယွီကို မျက်ရည်ဝိုင်းနေသည့်မျက်လုံးများဖြင့် ကြည့်နေလေသည်။

"အကိုကြီး...ရှင်က အစ်မကြီး သမီးကိုစောင့်ခိုင်းထားတဲ့သူလား"

သူ ပြန်လည်မွေးဖွားလာစဉ်ကတည်းက သူ၏စိတ်အခြေအနေသည် ဤကဲ့သို့ပြင်းထန်သည့်ပြောင်းလဲမှုမျိုး တွေ့ကြုံရခြင်းမရှိပေ။

ယဲ့ရွှယ်လန် သေဆုံးသွားသည်လော....

သူမ မည်သည့်ကိစ္စများ ဖြစ်ပျက်ခဲ့သနည်း....လုယွီက စိတ်လှုပ်ရှားမှုကြောင့် လောင်ကျွမ်းလုမတတ် ခံစားနေရသည်။

လုယွီက ကျောက်စိမ်းဆွဲပြားလေးကို ကလေးမလေး၏လည်ပင်းတွင် ပြန်လည်ဆွဲပေးပြီး ညင်သာစွာပြောဆိုလိုက်သည်။

"ဟုတ်တယ်....ငါပါ....မင်းရဲ့အစ်မက အဆင်ပြေမှာပါ...ဒီနေရာကအလွန်အန္တရာယ်များတယ်...ငါ မင်းကိုအပြင်ကိုအရင်ပို့ပေးမယ်"

ကလေးမလေးက သူမ၏ခေါင်းကို ခါယမ်းလိုက်သည်။

"ဟင့်အင်း...အစ်မကြီး ပြောထားတာက အဲ့ဒီလူရောက်လာတာနဲ့ သမီးကအဲ့လူနောက်ကိုလိုက်သွားရမယ်တဲ့"

လုယွီက အချိန်တခဏကြာ ကြက်သေသေသွားပြီးနောက် ပြုံးမိသွားသည်။

"ကောင်းပြီလေ....ငါ နောက်လိုက်ခဲ့"

Chapter 108

လုယွီက သူ၏နောက်ကိုခေါ်ဆောင်သွားရန်အတွက် ကလေးမလေး၏လက်ကိုဆွဲကိုင်လိုက်သည်။

လုယွီသည် သူမကို ပိုင်တို့ကောင်းကင်ဘုံကျောင်းရှိရာ ကမ္ဘာငယ်လေးအတွင်းသို့ ထည့်သွင်းထား၍ရသော်လည်း ထိုနေရာက အလွန်အမင်းယိုယွင်းပျက်စီးနေပြီး လေဟာနယ်အက်ကွဲကြောင်းများနှင့် ပြည့်နှက်နေသည်။ သူက ထိုမိန်းကလေးအားတစ်ယောက်တည်း ထိုနေရာသို့ပို့ထားမိလျှင် လုယွီစိတ်အေးလက်အေးနေနိုင်မည်မဟုတ်ပေ။

မြို့အတွင်းသို့ သူတို့နှစ်ယောက်ပိုသွားမိသည်နှင့် ပျက်စီးနေသောအိမ်များပိုမိုများပြားလာပြီး မြေပြင်ပေါ်၌လည်း အက်ကွဲကြောင်းအများအပြားကိုတွေ့မြင်နေရသည်။

လုယွီက သူ၏လမ်းလျှောက်နှုန်းကိုအနည်းငယ်နှေးကွေးစေပြီး နျူ နျူ အားစောင့်၍ ခေါ်ဆောင်နေခဲ့သည်။

ကလေးမလေးက လုယွီက သူမကိုချီပိုးမည်ကိုမခံလိုသဖြင့် သူမက လုယွီ၏နောက်ကျောတွင်သာ ခေါင်းငိုက်စိုက်ဖြင့် လမ်းလျှောက်နေခဲ့သည်။ သူမ၏မျက်လုံးများက မဝံ့မရဲဖြင့် ပတ်ဝန်းကျင်တွင်ရတနာရှာဖွေနေကြသည့် ကျင့်ကြံသူများကို ခိုးကြည့်နေလေသည်။

"မင်းအစ်မကို ဘယ်ချိန်တုန်းက နောက်ဆုံးတွေ့ခဲ့တာလဲ"

လုယွီက မေးမြန်းလိုက်လေ၏။

နျူ နျူ က သူမ၏ခေါင်းကိုကုတ်ခြစ်နေပြီး စိတ်ပူပန်သောကတစ်ချို့ရှိနေသောအသံဖြင့် ဖြေကြားခဲ့သည်။

"နျူ နျူ မေ့သွားပြီ...ကြည့်ရတာတော့ အဲဒါက တော်တော်ကြာပြီထင်တယ်....အစ်မထွက်သွားတာကိုပဲ နျူ နျူ ခံစားမိတော့တယ်"

လုယွီက လေးသံသောသက်ပြင်းရှည်ကြီးတစ်ချက်သာ ချလိုက်မိသည်။ သူက ထိုကလေးမလေးကို ယခင်ကလည်း မေးမြန်းခဲ့ပြီးဖြစ်သည်။

ထိုကလေးမလေး၏မှတ်ဉာဏ်များကို စွမ်းအားတစ်မျိုးအသုံးပြု၍ ဖျက်ဆီးထားသည်မှာ သိသာထင်ရှားနေသည်။ သူမက မည်သည့်အရာများဖြစ်ပျက်ခဲ့သည်ကိုပင် မသိရှိတော့ပေ။

"ဟေး....ညီအကို....ခဏစောင့်ပါဦး"

ရုတ်တရက် မီးခိုးရောင်ဝတ်စုံနှင့်ကျင့်ကြံသူတစ်ယောက်က အခန်းတစ်ခုထဲမှထွက်လာပြီး လုယွီနံဘေးနားသို့ လျှောက်လှမ်းလာခဲ့သည်။

ထိုကျင့်ကြံသူ၏မျက်နှာပေါ်တွင် အဆီများဖုံးလွှမ်းနေပြီး သူ၏ခန္ဓာကိုယ်သည် အလွန်ဝဖြိုးလေ၏။ သူ၏ဝဖြိုးလွန်းသောခန္ဓာကိုယ်ကြီးကြောင့် သူဝတ်ဆင်ထားသည့် မီးခိုးရောင်ဝတ်စုံသည် ပြဲထွက်လုမတတ်ဖြစ်နေသည်။

လုယွီက သူအားလှည့်ကြည့်လိုက်ခြင်းကို မြင်သည့်အ ချိန်တွင် ဖက်တီး၏မျက်နှာပေါ်တွင် ချက်ချင်းအပြုံးများဝေဆာလာခဲ့သည်။

"ညီအကို....မင်းက ဒီထဲကိုဝင်လာတဲ့ထဲမှာ ရှီထျန်းနယ်ပယ်ပဲရှိသေးတဲ့ တစ်ယောက်တည်းသောသူပဲ....မင်း ခိုးပြီးဝင်လာခဲ့တာမလား....မင်းက တစ်ကယ်သတ္တိကောင်းတာပဲ"

ဖက်တီးက လုယွီအား လက်မထောင်ပြလိုက်လေ၏။

လုယွီက သူ၏ရှေ့မှ ဖက်တီးကောင်ကို သူမသိရှိသည့်အတွက် မျက်မှောင်ကြုပ်မိသွားသည်။

ဖက်တီးကိုကြည့်ရသည်မှာ လုယွီနှင့်ကာလရှည်ကြာ သိကျွမ်းခင်မင်ထားပုံပေါ်နေပြီး သူက ရယ်ရင်းပြုံးရင်းဖြင့် လုယွီ၏ပခုံးကို ဆုပ်ကိုင်လိုက်သည်။

"အိုး..မင်းက ဒီနေရာထိ မင်းရဲ့ညီမလေးကိုတောင်ခေါ်လာတယ်ပေါ့....ဒီတစ်ကြိမ်တော့ မင်းက ငါလိုဂုဏ်သိက္ခာရှိတဲ့သူနဲ့တွေ့ရတာ ကံကောင်းတယ်...တစ်ကယ်လို့ ဆိုးသွမ်းတဲ့လူနဲ့သာတွေ့ရင် မင်းသေနေတာကြာလောက်ပြီ"

ဖက်တီးကစကားပြောဆိုပြီးသည်နှင့် နျူ နျူ ဘက်သို့လှည့်၍ ကြည့်လိုက်သည်။

ကလေးမလေးက သူမ၏လက်ငယ်ငယ်လေးဖြင့် လုယွီ၏အကျႌစကိုတင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။ သူမက ဖက်တီးကို ကြောက်ရွံမှုဖြင့် ကြည့်ရှုနေလေ၏။

လုယွီက ထိုဖက်တီးဖြင့် အချိန်မဖြုန်းလိုတော့ပေ။ သူက နျူ းနျူ း၏လက်ကိုဆွဲ၍ ရှေ့သို့ဆက်သွားရန်ပြင်ဆင်လိုက်သည်။

"ဟီး ဟီး....မင်းက ရှီထျန်းနယ်ပယ်ပဲရှိသေးတာ ငါသိနေတယ်....မင်းမှာခုထိ ဓားကောင်းတစ်လက်မရှိသေးဘူးမလား....ဒီဓားက ခုဏက ငါကောက်ယူလာခဲ့တာ...ဘယ်လိုနေလဲ"

ဖက်တီးက သူ၏သိုလှောင်အိတ်အတွင်းမှ အနက်ရောင်ဓားရှည်တစ်လက်ကိုထုတ်ယူပြီး လုယွီအား ပြသလိုက်သည်။

ထိုအနက်ရောင်ဓားထွက်ပေါ်လာချိန်တွင် လေထုကပြင်းပြင်းထန်ထန်တိုက်ခတ်သွားပြီး သစ်ရွက်များက လေနှင့်အတူလွင့်ပါသွားလေသည်။

"ဝီ...ဝီ...ဝီ..."

အနက်ရောင်ဆေဘာဓား၏ကိုယ်ထည်က ရုတ်တရက်တုန်ခါလာခဲ့သည်။ ထိုဆေဘာဓားသည် သူ့အလိုလို ဖက်တီး၏လက်မှ ချော်ထွက်သွားပြီး လုယွီ၏လက်အတွင်းသို့ ဆင်းသက်လိုက်လေသည်။

"အာ့...ညီအစ်ကို...မင်း မြင်လိုက်လား....ဒီဓားက မင်းနဲ့ရေစက်ပါတယ်ထင်တယ်"

ဖက်တီးက သက်ပြင်းချနေလေသည်။

လုယွီက သူ၏လက်အတွင်းရှိ အနက်ရောင်ဆေဘာဓားကို ကိုင်လိုက်ချိန်တွင် သွေးထက်ပျစ်သောခံစားချက်တစ်ခုက သူ၏စိတ်နှလုံးသားအတွင်းသို့ တိုးဝင်လာခဲ့သည်။

လုယွီက သူ၏ယခင်ဘဝတွင် ဆေဘာဓားသုံးချောင်းကိုအသုံးပြုခဲ့ပြီး ဤဓားသည် ၎င်းတို့အနက်မှတစ်ခုဖြစ်ပေသည်။ ယခုဓားကို လုယွီက "ခေါင်းဖြတ်ဓား"ဟုအမည်ပေးထားခဲ့သည်။

ထိုဓားသည် လုယွီက ယဲ့ရွှယ်လန်အားပေးခဲ့သည့် ကျောက်စိမ်းဆွဲပြားနှင့် တူညီသော မူလဘူတမှော်ရတနာပင်ဖြစ်သည်။

အကယ်၍ ဤဓားသည် တစ်ခြားတစ်ယောက်၏လက်အတွင်းတွင်ရောက်ရှိနေလျှင် သာမာန်မှော်ရတနာတစ်ခုထက်ပိုမည်မဟုတ်ပေ။ ၎င်း၏ပိုင်ရှင်အစစ်အမှန်ရှေ့တွင်သာ စွမ်းအားအပြည့်ပြသနိုင်မည်ဖြစ်လေ၏။

ယခုချိန်တွင် လုယွီက သူ၏ခေါင်းဖြတ်ဓားကို ကိုင်၍လေထုအတွင်းသို့ ပေါ့ပါးစွာဖြင့်ဓားချက်တစ်ချက် ခုက်ပိုင်းလိုက်သည်။ ချက်ချင်းပင် သရဲတစ္စေတစ်ကောင်၏အော်သံကြီးကို ကြားနေရနိုင်ပေသည်။

"မင်း ဒီဓားကို ဘယ်ကရတာလဲ"

လုယွီက လေးလေးနက်နက်မေးမြန်းလိုက်သည်။

ဖက်တီး၏မျက်နှာပေါ်တွင် အပြုံးတစ်ပွင့်ရှိနေဆဲဖြစ်သော်လည်း လုယွီ၏မေးခွန်းကိုဖြေဆိုလိုသောဆန္ဒရှိပုံမရချေ။

"ညီအကို..ဒီဆေဘာဓားကို မင်း မျက်စိကျနေမှတော့...ပစ္စည်းလေးဘာလေး လဲလှယ်ကျရင်မကောင်းဘူးလား....ငါတို့က တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုရှိမှသာ အနာဂတ်မှာ အတူတူအလုပ်လုပ်ဖို့ အခွင့်အရေးတွေရှိလာမှာပေါ့"

လုယွီက ဖက်တီးကို တစ်ချက်ကြည့်ပြီးနောက် သူ၏သိုလှောင်အိတ်အတွင်းမှ ကြက်သွေးရောင်နတ်ဘုရားသစ်သီးကိုးလုံးကို ထုတ်ယူပြီး ဖက်တီးအားပေးလိုက်သည်။

ဖက်တီး၏မျက်လုံးများ လင်းလက်တောက်ပသွားပြီး သူကပျော်ရွှင်ဝမ်းမြောက်စွာဖြင့် ပြောဆိုလိုက်လေ၏။

"ဒီသစ်သီးက တစ်ကယ့်ကို ကောင်းကင်ဘုံကလာတဲ့စိတ်ဝိညာဉ်သစ်သီးပဲ....မင်းကိုကြည့်ရတာ အသက်နှစ်ဆယ်တောင်ပြည့်ပုံမရသေးဘူး....မင်းမှာ ဒီလိုမျိုးစိတ်ဝိညာဉ်သစ်သီးတွေရှိတယ်လား"

လုယွီက ဖက်တီးကို လျစ်လျှူ ရှုပြီး ဆေဘာဓားကိုသူ၏သိုလှောင်အိတ်အတွင်းသို့ထည့်၍ နျူ နျူ နှင့်အတူ ထွက်ခွာလိုက်တော့သည်။

"ညီအစ်ကို...မသွားနဲ့ဦး"

ဖက်တီးက အလျှင်စလိုဖြင့် လုယွီ၏နောက်မှလိုက်ပါသွားလေသည်။

Chapter 109

ဖက်တီးက လုယွီ၏နံဘေးတွင် တတွက်တွက်စကားပြောရင်း တောက်လျှောက်လိုက်ပါနေခဲ့သည်။

ဖက်တီး၏နာမည်သည် ကျန်းထောင်ဖြစ်ပြီး သူကတောင်ပိုင်းစွန့်ပစ်နယ်မြေမှမဟုတ်သလို အလယ်ပိုင်းကုန်းမြေမှလည်းမဟုတ်ချေ။

သူက မရေမတွက်နိုင်သည့်ကုန်းမြေများနှင့်စွန့်ပစ်နယ်မြေများတွင် လှည့်လည်သွားလာနေသည့် နေရာအတည်တကျမရှိသောကုန်သည်တစ်ယောက်သာ ဖြစ်ပေသည်။

"ညီအစ်ကို....ငါက ဒီဓားရှည်နဲ့ပတ်သတ်လို့ ဘာထူးခြားတာမှရှာမတွေ့ခဲ့ဘူး....မင်းလက်ထဲကိုရောက်သွားတဲ့အချိန်ကျမှ အဲ့ဒီဓားက အရမ်းအစွမ်းထက်လာမယ်လို့ ငါမမျှော်လင့်ခဲ့မိဘူး"

ကျန်းထောင်က လုယွီ၏နံဘေးသို့ ပိုမိုနီးကပ်အောင်သွားပြီး တတွက်တွက်ဖြင့်မရပ်မနားစကားပြောနေခဲ့သည်။

လုယွီက ကျန်းထောင်ကို အာရုံစူးစိုက်လိုခြင်းမရှိသည့်အတွက် နျူ နျူ ကိုသာဦးဆောင်၍ ရှေ့သို့ဆတ်လျှောကာသွားနေသည်။

ကျန်းထောင်က လုယွီ၏အေးတိအေးစက်အမူအယာအား စိတ်ထဲမထားချေ။ အကယ်၍ ကျန်းထောင်၏မျက်နှာကိုနံရံတစ်ချက်အဖြစ်အသုံးပြုမယ်ဆိုလျှင် အနက်ရောင်အသူရာခန်းမရှိနံရံများထက်ပင် ပိုထူပေလိမ့်မည်။

ခေါင်းဖြတ်ဆေဘာဓားက လုယွီ၏သိုလှောင်အိတ်အတွင်းတွင် ရောက်ရှိနေပြီဖြစ်သည်။ လုယွီ၏ဆေဘာဓားသုံးချောင်းအနက် ယခုဓားသည်အဆင့်အနိမ့်ဆုံးဖြစ်သည်။

လုယွီ၏စိတ်ဝိညာဉ်သည် မူလအတိုင်းရှိနေဆဲဖြစ်သဖြင့် သူ ဆန္ဒရှိသည်နှင့် ခေါင်းဖြတ်ဓားက သူ၏လက်အတွင်းချက်ချင်းပြန်ရောက်လာမည်ကို လုယွီက ရှင်းရှင်းလင်းလင်းသိရှိထားခဲ့သည်။

ကျန်းထောင်သည် လုယွီ၏တည်ငြိမ်အေးဆေးနေသည့်အမူအယာကို မြင်နေချိန်တွင် သူက အနည်းငယ်ပဟေဋ္ဌိဖြစ်နေပြီး တီးတိုးရေရွတ်နေမိသည်။

"ဒါက မဟုတ်သေးဘူး...ငါက လောကကြီးတစ်ခုလုံးကို နှစ်ပေါင်းအကြာကြီး လှည့်လည်သွားလာနေခဲ့တာ...ဒါပေမယ့် ငါ ဘယ်တုန်းကမှ ပစ္စည်းတစ်ခုကို ဒီလောက်လွယ်လွယ်နဲ့ရောင်းမထွက်ခဲ့ဖူးဘူး....ဖြစ်နိုင်တာက အဲ့ဒီဓားက တစ်ကယ့်ကိုရတနာတစ်ခုဖြစ်နေတာလား"

သို့သော် တခဏအကြာတွင်မူ ကျန်းထောင်က သူ၏ခေါင်းကိုခါယမ်းမိသည်။ သူသည် ှဗဟုသုတစုံလင်သူတစ်ယောက်ဖြစ်ပြီး ထိုဓားကို အတွင်းရော အပြင်ပါမကျန် စေ့စေ့စပ်စပ် စစ်ဆေးပြီးဖြစ်သည်။ ထိုဓားက သာမာန်မှော်ရတနာတစ်ခုထက်မပိုပေ။

မူလက သူသည် ထိုဓားကိုလွှင့်ပစ်ရန် ကြံရွယ်ထားခဲ့သည်။ သို့ရာတွင် သူရှိနေသည့်နေရာသို့ လုယွီဖြတ်သန်းချိန်နှင့် ကြုံတွေ့ချိန်တွင်မူ သူက လုယွီကို ဆေဘာဓားရောင်းလိုက်သည့်ကိစ္စ ဖြစ်ပွားလာခဲ့သည်။

ကျိုးပဲ့နေသော မှော်ရတနာတစ်ခုအတွက် ကြက်သွေးရောင်နတ်ဘုရားသစ်သီးကိုးလုံး သူရရှိခဲ့သည်။ ဤအလဲအလှယ်က သူ့အတွက် အမြတ်များစွာကျန်ပေ၏။

"ကံကောင်းတာ...ဒါက ငါ ကံကောင်းလာတာပဲဖြစ်နိုင်တယ်"

ကျန်းထောင်က သူကိုယ်သူအလွန်ယုံကြည်မှုရှိနေပြီး ရတနာများကို ထပ်မံရှာဖွေနိုင်ရန်အတွက် မအောင့်အည်းနိုင်တော့ဘဲ သူ၏လက်များကိုပွက်သပ်နေလေသည်။

"ဝင်္ကပါကို ဖွင့်လိုက်တဲ့တစ်ယောက်က လင်းရှောင်ဂိုဏ်းကလေ....သူတို့က အလယ်ပိုင်းကုန်းမြေမှာ ထိပ်သီးဂိုဏ်းတစ်ဂိုဏ်းဖြစ်ပြီး အရမ်းအစွမ်းထက်တယ်...ညီအစ်ကို ငါမင်းကိုသတိပေးထားရဦးမယ်....လင်ရှောင်ဂိုဏ်းကို မဆုံတွေ့မိအာင် ကြိုးစားတာ ငါတို့အတွက်အကောင်းဆုံးဖြစ်လိမ့်မယ်...သူတို့က ရူးသွပ်နေတဲ့ခွေးတွေလိုပဲ....သူတို့ရဲ့ခါးမှာ ဘာချိတ်ထားလဲ မင်းသိလား"

ကျန်းထောင်က လုယွီကို လင်းရှောင်ဂိုဏ်း၏အကြောင်းများအား တတွက်တွက်ပြောဆိုနေလေသည်။

လုယွီက ကျန်းထောင်ကို ထူးထူးဆန်းဆန်းအမူအယာဖြင့်ကြည့်လိုက်သည်။ မည်သည်ကြောင့် ဤဖက်တီးကောင်က ရတနာများရှာဖွေရန် မသွားသေးသနည်း။ ယခုမူ ဖက်တီးက သူနောက်သာ လိုက်ပါနေလေသည်။

ကျန်းထောင်က လုယွီ၏အကြည့်ကိုသတိပြုမိသွားပြီး ရှက်ကို့ရှက်ကန်းရယ်မောလိုက်သည်။

"ဟွန့်....ငါက လင်းရှောင်ဂိုဏ်းကို ခုဏသသာ အပြစ်မလုပ်ထားဘူးဆိုရင် ငါက မင်းကိုသတိပြုမိမှာတောင်မဟုတ်ဘူး...အမှန်က ငါ အဲ့ဒီနေရာမှာပုန်းအောင်းနေခဲ့တာ"

ထို့နောက် ကျန်းထောင်က သူ၏ရင်ဘတ်ကိုလက်ဖြင့်ပုတ်ရင်း ပြောဆိုလိုက်သည်။

"စိတ်မပူပါနဲ့ ညီအကို....ငါတို့ရဲ့ကိုယ်ပိုင်အစွမ်းအစကိုသုံးပြီး ရတနာတွေသွားရှာကြစို့"

အလွန်အလှမ်းမဝေးသည့်နေရာတစ်ခုတွင် ကြီးမားသောနန်းတော်ကြီးတစ်ခု တည်ရှိနေသည်။ ထိုနန်းတော်ကြီးသည် မြို့အတွင်းတွင်ရှိသော တခြားအပျက်အယွင်းများနှင့်ကွာခြားပေသည်။ အဝေးမှကြည့်လျှင်ပင် ရင်ပြင်အတွင်း၌ အရောင်စုံကွန့်မြူ းတောက်ပနေသောအလင်းတန်းများအား မြင်နိုင်ပေသည်။

နန်းတော်၏ထိပ်တွင် ရာမနန်းတော် ဟုရေးထိုးထားသည့်ဆိုင်းဘုတ်တစ်ချပ်ရှိနေသည်။

သူ၏ယခင်ဘဝကနေထိုင်ခဲ့သည့် နန်းတောာနေရာသို့ တစ်ခါပြန်ရောက်ရှိချိန်တွင် လုယွီ၏နှလုံးသားတစာခုလုံး စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။

သူက ဤနေရာသို့ပြန်ရောက်ခဲ့ရပြီဖြစ်သည်။ သူထွက်ခွာသွားပြီးနောက် မည်သည့်အရာများဖြစ်ပျက်ခဲ့သည်ကိုသာ လုယွီက ရှင်းရှင်းလင်းလင်းသိချင်နေမိသည်။

နန်းတော်၏ပြင်ပတွင် ကျင့်ကြံသူအုပ်စုတစ်စုက နန်းတော်ဝင်ပေါက်တွင်ရပ်ပြီး ပြောဆိုဆွေးနွေးနေကြသည်။

"ဆရာသခင် လီ...ကြည့်ရတာ ဒီတစ်ကြိမ်တော့ ခင်ဗျား အကျိုးအမြတ်တော်တော်ရလိုက်ပုံပဲ"

"အကြီးအကဲ ဟူ...ခင်ဗျား ရယ်စရာပြောနေတာလား...ခင်ဗျား ရတနာတွေအများကြီးရရှိခဲ့တာကို ကျုပ်မျက်စိနဲ့ကိုယ်တိုင်မြင်ခဲ့တာလေ"

လောဘ၏အကျိုးသက်ရောက်မှုသည် အလွန်မြင့်မားလေသည်။ ကျင့်ကြံသူအားလုံးနီးပါး ပစ္စည်းကောင်းများကို ရှာဖွေတွေ့ရှိထားကြသည်။

"ဒီနေရာက မြို့ရဲ့အလယ်ဗဟိုဖြစ်လောတ်တယ်...အပြင်ဘက်နံရံတွေကို ကြည့်ကြစမ်း....ထိခိုက်ပျက်စီးထားတဲ့အရိပ်အယောင် နည်းနည်းတောင်မရှိဘူး...ကြည့်ရတာတော့ ပစ္စည်းကောင်းလေးတွေ အထဲမှာရှိပုံပဲ"

ကျန်းထျန်းရှုံးက သူ၏မုတ်ဆိတ်မွှေးများကို ကိုင်နေရင်းမှ သက်ပြင်းချလိုက်သည်။

တာအိုဒုတိယအဆင့်ကျင့်ကြံသူအုပ်စုသည် လင်းရှောင်ဂိုဏ်းမှပိုင်ဆုချင်၏ဘေးပတ်လည်တွင် စုရုံးနေကြရာ သူမက အာရုံစူးစိုက်အခံရဆုံးလူဖြစ်နေသည်။

တစ်ခြားကျင့်ကြံသူများကမူ သူတို့၏လမ်းကြောင်းတွင်သာ ရပ်တန့်နေကြသည်။ လုယွီက ကျန်းယုချင်နှင့်ကွေ့ဟွမ်ဂိုဏ်းမှ ကျင့်ကြံသူအုပ်စုကို သတိပြုမိသော်လည်း သူကသွားရောက်၍ နှုတ်ဆတ်ခြင်းမပြုချေ။

"ထူးဆန်းလိုက်တာ...ဘာလို့ ဘယ်သူကမှ ဒီနန်းတော်ထဲကို မဝင်ကြသေးတာလဲ"

ကျန်းထောင်က စိတ်ရှုပ်ထွေးစွာဖြင့် သူ၏မေးစေ့ကိုပွက်သပ်နေမိသည်။ ကျန်းထောင်က မျက်နှာဖုံးတစ်ခုကို ဝတ်ဆင်ထားသော်လည်း သူ၏ကြီးမားသည့်မျက်နှာကြောင့် အသားများကအပြင်တွင်ပိုထွက်နေသည်။

"ဦးလေးဝက်ကြီး"

နျူ နျူ က ကျန်းထောင်နှင့်ရင်းနှီးစပြုလာပြီ ဖြစ်သဖြင့် သူမ၏လက်များဖြင့် ကျန်းထောင်၏အကျႌစကို ဆွဲထားလေသည်။

"လူဆိုးမလေး...ဘေးကိုသွားပြီး ကစားနေစမ်း"

ကျန်းထောင်က လျှင်မြန်စွာဖြင့် နံဘေးဘက်သို့ ရှောင်တိမ်းလိုက်သည်။

ထိုအချိန်မှာပင် နန်းတော်၏တံခါးမှနေ၍ လူရိပ်များစွာလွင့်ထွက်လာကြသည်။ သူတို့အားလုံးသည် အင်အားစုအသီးသီးမှ ဌားရမ်းလာကြသည့် ဝင်္ကပါဆရာသခင်များဖြစ်ကြသည်။ ယခုလက်ရှိတွင် ထိုဆရာသခင်များ၏ပါးစပ်ထောင့်များမှ သွေးများယိုစီးကျနေသည်။ သူတို့က ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိနေပုံမှာ သိသာထင်ရှားပေ၏။

Chapter 110

"ဆရာသခင်....ခင်ဗျားတို့ အဆင်ပြေရဲ့လား"

လူတိုင်းက တုန်လှုပ်နေပြီး အပြေးအလွှားရောက်ရှိလာကြသည်။

ကွေ့ဟွမ်ဂိုဏ်းမှ တစ်ပည့်တစ်ချို့ကလည်း အလျှင်အမြန်ရောက်ရှိလာပြီး ဆရာသခင်ကျန့်အား မတ်တတ်ရပ်နိုင်ရန် ကူညီပေးကြလေသည်။

ဆရာသခင်ကျန့်က လေးလံသောသက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်သည်။

"အဲ့ဒီနေရာမှာ တစ်ကယ့်ကို ဝင်္ကပါအကြီးကြီးတစ်ခုရှိနေတာပဲ....ငါတို့အကုန်လုံးရဲ့နည်းစနစ်တွေစုပေါင်းပြီးအသုံးပြုခဲ့တာတောင် ဝင်္ကပါရဲ့မျက်နှာပြင်မှာ ခြစ်ရာလေးတောင်မထင်ခဲ့ဘူး"

လူအုပ်ကြီး၏အမူအယာများသည် ချက်ချင်းပြောင်းလဲကုန်ကြ၏။ ဝင်္ကပါပညာရှင်များပင်လျှင် ထိုဝင်္ကပါကို မည်သို့မျှမဖြိုခွင်းနိုင်လျှင် မည်သူကပြုလုပ်မည်နည်း။

တစ်ခုသိထားရန်မှာ ကျင့်ကြံသူများသည် အရာရာတိုင်းကိုစွမ်းဆောင်နိုင်သူများမဟုတ်ချေ။ အထက်ကောင်းကင်အဆင့်ကျင့်ကြံသူတစ်ချို့ပင် ထူးဆန်းသောဝင်္ကများနှင့် ရင်ဆိုင်တွေ့သည့်အခါတွင် သူတို့ကဖြိုခွင်းနိုင်ခြင်းမရှိဘဲ အင်အားသုံး၍ဖောက်ခွဲပစ်ရန်သာ တတ်နိုင်ပေသည်။

"အကြီးအကဲ ပိုင်....မင်း ဘယ်လိုထင်လဲ"

ကျန်းထျန်းရှုံး၏အကြည့်က ပိုင်ဆုချင်ပေါ်သို့ ကျရောက်သွားသည်။

ပိုင်ဆုချင်က သူမ၏ခေါင်းကိုခါယမ်းပြလိုက်သည်။ ပိုင်ဆုချင်၏ငွေရောင်ဆံပင်များက နှင်းများဖြင့်တူညီနေပြီး သူမ၏လှပသောမျက်လုံးများက နန်းတော်ကိုစိုက်ကြည့်နေခဲ့သည်။

"ကျွန်မတိုာ လင်းရှောင်ဂိုဏ်းက ဒီနေရာမှာရှိတဲ့ဝင်္ကပါတွေကို ဖြေရှင်းနိုင်ဖို့အတွက် ကျွန်မတို့နည်းလမ်းနဲ့ကျွန်မတို့ရှိတယ်...ဒါပေမယ့် ကျွန်မတို့က ရှင်တို့ကို ပစ္စည်းအားလုံးယူဆောင်ခွင့်မပြုနိုင်ဘူး"

ပိုင်ဆုချင်၏အကြည့်က လူအုပ်ကြီးပေါ်သို့ ဖြတ်သန်းကျရောက်သွားသည်။

"ကျွန်မတို့ လင်းရှောင်ဂိုဏ်းက ဒီနေရာမှာရှိတဲ့ ပစ္စည်းတစ်ခုကိုပဲယူဆောင်မှာ...ကျွန်မတို့ အဲ့ဒီပစ္စည်းယူပြီးတာနဲ့ ထွက်ခွာသွားမယ်....ကျန်ရှိတဲ့ရတနာတွေအားလုံးအတွက်ကတော့ ကျွန်မတိုကဝင်ရောက်စွက်ဖက်မှာမဟုတ်ဘူး'

လူတိုင်းက ပိုင်ဆုချင်၏စကားဆုံးမှသာလျှင် သူတို့ သက်ပြင်းချနိုင်တော့သည်။

ကျန်းထျန်းရှုံးက သူ၏လက်သီးကိုဆုပ်၍ တလေးတစားပြောကြားလိုက်သည်။

"အကြီးအကဲပိုင်က မြင့်မြတ်ပါပေတယ်"

တစ်ခြားအင်အားစုများမှ ကျွမ်းကျင်သူများကလည်း ပိုင်ဆုချင်အား အရိုအသေပြုလိုက်ကြသည်။ လင်းရှောင်ဂိုဏ်းမှပြောဆိုသောစကားများသည် စည်းမျဉ်းတစ်ခုသာဖြစ်ပေသည်။

"လင်းရှောင်ဂိုဏ်းကသူတွေ အရင်ဝင်လိမ့်မယ်....ငါတို့က တခဏအကြာကျမှ သူတို့နောက်ကလိုက်ဝင်မယ်"

ကျန်းထောင်က လေသံနှိမ့်ပြီး သူ၏နံဘေးရှိလုယွီအား တီးတိုးပြောလိုက်သည်။

ဖက်တီးကျန်းက မျက်နှာဖုံးတပ်ဆင်ထားသော်လည်း သူကိုကြည့်ရသည်မှာ နန်းတော်တွင်းသို့ဝင်ရောက်ရန် စိတ်အားထက်သန်နေပုံရသည်။

"ဝက္မ်က္နွာဖံုးႀကီး"

နျူ နျူ က လုယွီ၏နားတွင်ကပ်နေသော်လည်း သူမ၏သေးငယ်သောလက်များဖြင့် ဖက်တီးကျန်း၏ရယ်ရွှင်ဖွယ်မျက်နှာဖုံးကို သွားရောက်နှောက်ယှက်၍ဆော့ကစားနေဆဲဖြစ်သည်။

ပိုင်ဆုချင်က နန်းတော်အတွင်းသို့ ခြေလှမ်းလှမ်းလိုက်ချိန်တွင် လင်းရှောင်ဂိုဏ်းမှသူများကလည်း သူမနောက်မှလိုက်ပါသွားကြသည်။

"ဆရာသခင်ကျန့်....အထဲမှာအခြေအနေ ဘယ်လိုရှိလဲ"

ကျန်းထျန်းရှုံးက အလေးအနက်ထား၍ မေးမြန်းလိုက်သည်။

ဆရာသခင်ကျန့်က သူ၏မုတ်ဆိတ်ကိုကိုင်ရင်းမှ သက်ပြင်းရှည်ကြီးတစ်ချက်ချ၍ ပြန်ဖြေလိုက်လေသည်။

"ကျုပ်က ဝင်္ကပါကိုမချိုးဖျက်နိုင်ပေမယ့် တစ်ချို့ပြင်ပနေရာတွေကိုတော့ ကျုပ်နောက်လိုက်လာတဲ့သူတွေကို ပြသနိုင်ခဲ့တယ်"

"ဆရာသခင်ကျန့်က တစ်ကယ်တော်တာပဲ"

လုံရွှင်းက နံဘေးမှနေ၍ ကပ်ဖားရက်ဖားဝင်ရောက်ပြောဆိုနေပေသည်။

ဆရာသခင်ကျန့်က စိတ်ကျေနပ်သွားပုံဖြင့် သူ၏ခေါင်းကိုညိတ်နေလေ၏။ သူက ထိုဝင်္ကပါကို အပြည့်အဝမချိုးဖျက်နိုင်သော်လည်း ဂုဏ်ယူဝင့်ကြွားစရာ တစ်စုံတစ်ခုကျန်ရှိနေဆဲဖြစ်သည်။

ဤဝင်္ကပါသည် ပြင်ပလေဟာနယ်၏ကျွမ်းကျင်ပညာရှင်မှ ချန်ရစ်ထားခဲ့သောအရာဖြစ်သည်။ သူက ဆံချည်တစ်မျှင်စာ ချိုးဖျက်နိုင်ခြင်းကပင်လျှင် ထိုဝင်္ကပါထံမှအကျိုးကျေးဇူး ကြီးမားစွာရရှိခဲ့ခြင်းဖြစ်သည်။

ကျန်းယုချင်က လူအုပ်ကြီး၏နံဘေးနားတွင်ရှိနေခဲ့သည်။ သူမ၏အမူအယာကို အကဲခတ်ကြည့်လျှင် သူမသည်လည်း ရတနာတစ်ချို့တစ်လေရရှိထားပုံ ပေါ်လွင်နေသည်။

သူမ၏လှပသောမျက်လုံးလေးများကို လှည့်ပတ်ကြည့်လိုက်ရာ လုယွီနှင့်ကလေးမလေးတစ်ယောက်ကို တွေ့ရှိလိုက်ရသည်။

"လုယြီ...ဒီ ကေလးက ဘယ္သူလဲ"

ကျန်းယုချင်က လုယွီ၏နံဘေးတွင် မတ်တတ်ရပ်နေသည့် နျူ နျူ အားမြင်ချိန်တွင် ချက်ချင်းမေးမြန်းလိုက်သည်။

လုယွီက သာမာန်ကာလျှံကာ ပြန်လည်ဖြေကြားလိုက်လေ၏။

"ငါတို့က မတော်တဆဆုံတွေ့ခဲ့တာပါ....မင်း နန်းတော်ထဲဝင်မလို့လား"

ကျန်းယုချင်က ခေါင်းညိတ်ပြလိုက်၏။

"ကျွန်မရဲ့ ကျိန်စာအဆိပ်က ဖယ်ရှားပြီးသွားတာမို့...ကျွန်မ ဒီအခွင့်အရေးရခဲ့တာပါ"

"ကောင်းပြီလေ....မင်း အထဲဝင်မယ်ဆိုရင် ပထမထပ်မှာပဲနေပါ....မြေအောက်နေရာကို လုံးဝမဝင်ဖို့ မှတ်ထားပါ"

လုယွီက ကျန်းယုချင်ကို တစ်ကြိမ်သာညွှန်ကြားပြီး တစ်ခြားမည်သည့်စကားကိုမျှ ထပ်မဆိုတော့ချေ။

ထိုအချိန်မှာပင် လုံရွှင်းက ရောက်ရှိလာခဲ့ပြီး လုယွီအား အထင်အမြင်သေးစွာဖြင့် စိုက်ကြည့်နေသေည်။

"သေမျိုးတစ်ယောက်ကများ...မင်း အပြင်မှာပဲနေခဲ့...ငါတို့ကမင်းကို တစ်လျှောက်လုံးခေါ်မသွားနိုင်ဘူး...ဝင်္ကပါပညာရှင်တစ်ယောက်က မင်းကိုလမ်းညွှန်မပေးဘဲနဲ့...အဲ့ဒီထဲမှာ မင်းအသက်ရှင်နိုင်မှာတောင်မဟုတ်ဘူး"

"သေချာတာပေါ့....မင်းအဆင့် မင်းသိတယ်မလား....ငါတို့ကို မြေအောက်ကိုမသွားနဲ့ဆိုတော့....မင်းက အဲ့ဒီနေရာကိုရောက်ဖူးလို့လား"

တစ်ခြားကျင့်ကြံသူများကလည်း လုယွီကိုဝိုင်းဝန်း၍ လှောင်ပြောင်သရော်လိုက်ကြသည်။

"မင်းတို့ကောင်တွေအားလုံး...ထွက်သွားကြစမ်း....ငါရဲ့ညီလေးကိုလာပြီးရိုင်းပျရဲတယ်ပေါ့....ထွက်သွားစမ်း"

ထိုအချိန်မှာပင် ဖက်တီးကျန်းက ဒေါသတကြီးအော်ဟစ်လိုက်သည်။

သာမာန်မျက်စိဖြင့်ပင်မြင်နိုင်သော အဖြူ ရောင်မြူ ခိုးများက ရုတ်တရက် ဖက်တီးကျန်း၏ခန္ဓာကိုယ်မှထွက်ပေါ်လာပြီး ကောင်းကင်ယံတိုင်ထိုးတတ်သွားလေသည်။ သူ၏ခန့်ညားထည်ဝါသော ပြုမူပြောဆိုပုံက ပတ်ဝန်းကျင်ရှိလေထုကိုပင် တုန်ခါသွားစေသည်။

လူအများပိုပြီး အံ့အားသင့်တုန်လှုပ်သွားသောအရာမှာ ဖက်တီးကျန်း၏လက်အတွင်းတွင် အစွမ်းထက်သောအဆောင်တစ်ခုရှိနေခြင်းကြောင့်ဖြစ်သည်။

လုံရွှင်း၏အမူအယာ ပြောင်းလဲသွားခဲ့သည်။ ဤမျှအချိန်တိုလေးအတွင်းတွင် လုယွီက အကူအညီရသွားလိမ့်မည်ဟု သူမျှော်လင့်မထားပေ။

"သွားကြစို့"

လုံရွှင်က လုယွီကို ဝါးစားလုမတတ်တစ်ချက်ကြည့်ပြီးမှ သူကနောက်သို့ပြန်လှည့်၍ ထွက်ခွာသွားတော့သည်။

ကျန်းယုချင်က လုယွီကို ကြည့်နေသော်လည်း နန်းတော်အတွင်းသို့ဝင်ရန် တင်းအကျပ်တိုက်တွန်းခြင်းမရှိပေ။ သူမသည် ဝင်္ကပါပညာရှင်တစ်ယောက်၏ဦးဆောင်လမ်းပြမှုမရှိဘဲ လုယွီက အတွင်းသို့ဝင်ရောက်လိုက်လျှင် ဝင်္ကပါအတွင်းပိတ်မိနေမည်ကို စိုးရိမ်ပူပန်နေလေ၏။

လူတိုင်းထွက်ခွာသွားကြသည်ကိုကြည့်ပြီး ဖက်တီးကျန်းက မကျေမချမ်းဖြင့်နှာမှုတ်လိုက်သည်။

"အမှိုက်တွေ...မင်းတို့ကောင်တွေက လူတွေကိုအရမ်းနှိမ်ချင်ကြတာ...ဒီ ဆရာသခင်က မင်းတို့လိုကောင်တွေအများကြီးမြင်ခဲ့ပြိးပြီ"

ထို့နောက် ဖက်တီးကျန်းက လုယွီဘက်သို့လှည့်၍ ပြုံးရြင်း စကားပြောလိုက်သည်။

"ညီငယ်လေး.....ဒီလိုဆိုရင်ရော ဘယ်လိုလဲ...မင်းက ငါ့ကို ကြက်သွေးရောင်နတ်ဘုရားသစ်သီးနည်းနည်းထပ်ပေးမယ်ဆိုရင် ငါ မင်းကိုအထဲခေါ်သွားမယ်...ဘယ်လိုလဲ"

ဖက်တီးကျန်းက သူ၏ရင်ဘတ်ကိုပုတ်ပြီး လုယွီအား ထပ်မံ၍ အာမခံချက်ပေးလိုက်လေ၏။

"မင်း ခုဏကမြင်တယ်မလား.....ငါရဲ့ကျင့်ကြံမှုအဆင့်ကို အဲ့ဒီကောင်တွေ ယှဉ်နိုင်မှာမဟုတ်ဘူး....ဒါပြင် ငါက ဝင်္ကပါပညာရပ်မှာလည်း နက်နက်ရှိုင်းရှိုင်းနားလည်ထားသေးတယ်...ဘယ်လိုလဲ"

လုယွီက သူ၏ခေါင်းကိုခါယမ်းပြီး ဖက်တီးကျန်း၏ကမ်းလှမ်းချက်ကို ငြင်းဆန်လိုက်သည်။

"ငါရဲ့အိမ်ကိုပြန်ဖို့ တစ်ယောက်ယောက်ရဲ့အကူအညီမလိုအပ်ဘူး"

All Chapters