အခန်း (၁၁၁-၁၁၅)
Vol. 6-10 Ch. 111-115
Chapter 111
ဖက်တီးကျန်း၏နှုတ်ခမ်းများမဲ့ရွဲ့သွားပြီး လုယွီ ပြောလိုက်သည့်စကားကို သဘောတူလိုခြင်းမရှိသည်မှာ သိသာထင်ရှားနေသည်။
"ငါတို့က စီးပွားရေးအတူလုပ်နေတဲ့သူတွေလေ...ငါက လူတွေကို ဘေးဒုက္ခမကျအောင်ကူညီပေးပြီးမှ အကျိုးအမြတ်ယူတာပါ....ဒီဝင်္ကပါက ငါမဖြေရှင်းနိုင်မယ့် လှို့ဝှက်ဆန်းကြယ်တဲ့ဟာမျိုးမဟုတ်ဘူး"
ဖက်တီးကျန်းက သူ၏နည်းစနစ်များအကြောင်းကို လုာွီအား ဆက်လက်၍ကြွားဝါပြောဆိုနေပေသည်။
လုယွီက ပြန်လည်ဖြေရှင်းနေခြင်းမပြုဘဲ နန်းတော်ထံသို့ လျှောက်လှမ်းသွားနေခဲ့သည်။
"ညီငယ်လေး....ဟူး....ငါတို့ နောက်ကျမှဆွေးနွေးလို့ရတယ်လေ...တစ်ကယ်လို့ မင်းမှာ ကြက်သွေးရောင်နတ်ဘုရားသစ်သီးတစ်လုံး ရှိနေရင်ပေါ့...ဒီ ရှေးဟောင်းနယ်မြေထဲမှာ မင်း လုံခြုံစိတ်ချစေရမယ်လို့ ငါ ရဲရဲကြီးအာမခံနိုင်တယ်"
ဖက်တီးကျန်းက အလျှင်စလိုဖြင့် လုယွီ နောက်သို့လိုက်ပါသွားခဲ့သည်။
ကွေ့ဟွမ်ဂိုဏ်းမှလူများက လုယွီ အတွင်းသို့ဝင်လာသည်ကိုမြင်ချိန်တွင် သူတို့က မအောင့်အည်းနိုင်တော့ဘဲ လှောင်ပြောင်သရော်သည့်အပြုံးများကို ထုတ်ဖော်လိုက်ကြသည်။
ဆရာသခင်ကျန့်ကလည်း လုယွီကိုတစ်ချက်ကြည့်ပြီး သရော်တော်တော်ပြောဆိုလိုက်လေ၏။
"ဘိုးဘေး ကျန်း....ဒီနေရာက အပြင်နဲ့မတူဘူး...ငါတောင်မှ အရမ်းသတိထားနေရတယ်....ငါက ရှီထျန်းသေမျိုးတစ်ယောက်ကို မစောင့်ရှောက်နိုင်မှာကို စိုးရိမ်မိတယ်"
ကျန်းထျန်းရှုံးက ခေါင်းညိတ်ပြလိုက်သည်။ ဤနေရာသည် အလွန်အမင်းအန္တရာယ်များသဖြင့် သူသည်ပင် သတိမလပ်နေရသောနေရာဖြစ်သည်။
သူက လုယွီအား ခင်မင်လိုစိတ်ရှိသူဖြစ်သည်။ အရင်ဦးဆုံး လုယွီက သူ၏အသက်ကိုကယ်တင်ခဲ့ပြီး ဒုတိယအနေဖြင့် လုယွီထံမှစိတ်ပိုင်းဆိုင်ရာကျင့်ကြံနည်းစနစ်ကိုရရှိရန်ဖြစ်သည်။
ပြန်ပြောင်းတွေးကြည့်လျှင် သူက ထိုနည်းစနစ်၏အစိတ်အပိုင်းတစ်ခုကိုသာကြားနိုင်ခဲ့ပြီး လုယွီထံတွင် နည်းစနစ်တစ်ခုလုံး အပြည့်အစုံရှိနေမည်ကို သူ သေချာသိရှိထားသည်။
"မိတ်ဆွေငယ်လေး လုယွီ....ငါတို့က ဒီနေရာအတွင်းထဲကို ဝင်ရလိမ့်မယ်....မင်းရဲ့ ကျင့်ကြံမှုကအတော်နိမ့်ကျနေသေးတယ်...မင်း အန္တရာယ်တစ်ခုခုဖြစ်မှာကို ငါစိုးရိမ်မိတယ်"
ကျန်းထျန်းရှုံးက အကြံဉာဏ်ပေးလိုက်လေ၏။
လုံရွှင်းက ရယ်ရင်းပြုံးရင်းမှ ဝင်ရောက်ပြောဆိုလိုက်သည်။
"စီနီယာ...ဒီလိုလူမျိုးတွေနဲ့ အချိန်ဖြုန်းနေစရာမလိုပါဘူး....တစ်ခြားဂိုဏ်းကသူတွေ ဝင်သွားကုန်ကြပြီ...ကျွန်တော်တို့ရဲ့အချိန်ကို ကောင်းကောင်းအသုံးချဖို့ လိုအပ်လိမ့်မယ်"
ကျန်းယုချင်ကလည်း လုယွီကိုကြည့်၍ သူမ၏ခေါင်းကိုခါယမ်းပြီး အတွင်းသို့ဝင်မလာရန် အချက်ပြလိုက်လေသည်။
"ကောင်းပြီလေ....သွားကြစို...သေမျိုးတစ်ယောက်နဲ့ စကားပြောနေဖို့ မလိုအပ်ပါဘူး"
လုံရွှင်းက လုယွီအား တစ်ချက်ကြည့်၍ လှောင်ပြောင်သရော်နေလေ၏။
ချက်ချင်းဆိုသလိုပင် ကျင့်ကြံသူအားလုံးက ခန်းမတစ်ခုအတွင်းသို့ တိုးဝင်လိုက်ကြသည်။
လုယွီက နျူ နျူ အား သူ၏ကျောပေါ်တင်၍ သယ်ဆောင်ထားခဲ့သည်။
ဖက်တီးကျန်းက သူ၏လက်များကိုပွက်သပ်နေရင်းမှ ရယ်မောလိုက်သည်။
"ညီလေး...မင်းက ခလေးတစ်ယောက်ကိုလည်း မင်းနဲ့အတူ ခေါ်ဆောင်ထားသေးတယ်...မင်းက ငါကိုဘာလို့ သူမကို လုံခြုံအောင် စောင့်ရှောက်ခွင့်မပြုနိုင်ရတာလဲ....အခကြေးငွေလား....ဟီး ဟီး....ကြက်သွေးရောင်နတ်ဘုရားသစ်သီးတစ်လုံးဆို လုံလောတ်ပါပြီကွာ"
ထိုလောဘကြီးသောဖက်တီးကမူ မည်သည့်စွမ်းဆောင်မှုမျှ မပြုလုပ်ရသေးခင် အကျိုးအမြတ်အရင်ရယူရန်သာ တွေးတောနေလေသည်။
လုယွီက ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်ပြီးနောက် ဖက်တီးကျန်းအား တည်ငြိမ်အေးဆေးစွာဖြင့် ပြောကြားလိုက်သည်။
"ငါမှာ နတ်ဘုရားသစ်သီးတွေရှိတယ်....ဒါပေမယ့် မင်းငါရဲ့ကူဖော်လောင်ဖက်အဖြစ် အချိန်အတိုင်းအတာတစ်ခုထိ နေပေးရမယ်...ငါတို့ စွန့်ပစ်နယ်မြေက ထွက်ခွာသွားပြီးချိန်ကျရင် ငါမင်းကို ကြက်သွေးရောင်နတ်ဘုရားသစ်သီးကိုးလုံးထပ်ပေးမယ်"
ဖက်တီးကျန်း၏မျက်လုံးများ ချက်ချင်းပင် ဝင်းဝင်းတောက်သွားလေသည်။
"ညီလေးလုက အမြင်ကောင်းရှိတာပဲ....ငါက စီးပွားရေးသမားတစ်ယောက်ဆိုပေမယ့် တိုက်ခိုက်ရေးမှာလဲ ကျွမ်းကျင်သူပါကွ"
လုယွီက ဖက်တီးကျန်းကို သည်းမခံနိုင်တော့ပုံဖြင့် သူ၏ခေါင်းကိုခါယမ်းလိုက်သည်။
"မင်း တစ်ခြားသူတွေကိုပဲ လိမ်ညာတာပိုကောင်းလိမ့်မယ်....မင်းက ကမ္ဘာမြေသင်္ကေတနယ်ပယ်ပဲရှိသေးတာ....မင်းရဲ့ခွန်အားက လုံရွှင်းလောတ်တောင် မသန်မာဘူးဆိုတာ ငါတွက်ချက်ပြီးသား...ငါတို့ နန်းတော်ထဲဝင်တဲ့အခါကျရင်...မင်းက ငါ့စကားကိုနားထောင်ပြီး ငါအတွက်တစ်ခုခုလုပ်ပေးရုံပဲ"
လုယွီက စကားပြောဆိုပြီးသည်နှင့် နျူ နျူ ကိုခေါ်၍ ခန်းမအတွင်းသို့ ဝင်သွားခဲ့သည်။
ဖက်တီးကျန်း၏ခန္ဓာကိုယ်က တုန်ရီနေပြီး သူကလုယွီ၏ကျောပြင်ကို မယုံကြည်နိုင်မှုများဖြင့်ကြည့်ရှုနေသည်။
"ထူးဆန်းတယ်....လင်းရှောင်ဂိုဏ်းက သူတွေတောင် ငါရဲ့ကျင့်ကြံဆင့်ကိုမသိခဲ့တာ...အဲ့ဒီကောင်လေးက ဘယ်လိုလုပ်ထွင်းဖောက်မြင်နိုင်တာလဲ"
ဖက်တီးကျန်းက တီးတိုးရေရွတ်မိလေသည်။
လုယွီက ခန်းမအတွင်းသို့ ဝင်မိသည်နှင့် သူက ပတ်ဝန်းကျင်ရှိလေထုသည် ရေခဲတမျှအေးစက်နေသည်ကို ချက်ချင်းခံစားမိလေသည်။
နျူ နျူ က နှာချေလိုက်ရင်းမှ လုယွီအား ညင်သာစွာပြောဆိုလိုက်သည်။
"အကိုကြီး...ဒီနေရာက အရမ်းအေးတာပဲ"
"ကောင်မလေး...ဒါက မီးဝိညာဉ်ကျောက်စိမ်းပုတီးပဲ...ဒါကိုယူထား...အဲ့ဒါဆို နင် မအေးတော့ဘူး"
ဖက်တီးကျန်းက နီရဲတွက်နေသောပုတီးစေ့တစ်စေ့ကို နျူ နျူ ၏လက်အတွင်းသို့ ထည့်ပေးလိုက်သည်။
နျူ နျူ က ထိုပုတီးစေ့လေးကို ဆုပ်ကိုင်မိသည်နှင့် သူမပတ်ဝန်းကျင်တွင်ရှိသည့် အအေးဓာတ်များအားလုံး လွင့်ပါးသွားသည်ကို ခံစားလိုက်ရသည်။
"ဟေ့...ဒါကအလကားပေးတာနော်...ငါက ဒီကလေးမကို သက်သက်လက်ဆောင်ပေးတာ...ငါက ပစ္စည်းတစ်ခုကို ဝယ်ဖို့ ဒါမှမဟုတ် ရောင်းဖို့ကို ဘယ်တော့မှ အတင်းအကျပ်မလုပ်ဘူး"
ဖက်တီးကျန်းက အလွန်အမင်း သဘောထားကြီးပြနေလေ၏။
ထိုမီးဝိညာဉ်ကျောက်စိမ်းပုတီးသည် အဆင့်မမှီသော မှော်ရတနာတစ်ခုသာဖြစ်သည်။ ၎င်း၏တစ်ခုတည်းသောလုပ်ဆောင်ချက်မှာ ကိုင်ဆောင်ထားသည့်သူကို နွေးထွေးစေခြင်းသာဖြစ်လေ၏။
လုယွီက ဖက်တီးကျန်း၏ပုတီးစေ့ကို ဂရုပင်မစိုက်ချေ။ သူ၏ ကြက်သွေးရောင်နတ်ဘုရားသစ်သီးများကသာ ရှားပါးသည့်ရတနာဖြစ်သည်။ ယခုတစ်ကြိမ်တွင် ဖက်တီးကျန်း အကျိုးအမြတ်များစွာရမည်မှာ သေချာပေသည်။
နန်းတော်ရှိ ခန်းမအတွင်းတွင် ကျောက်ရုပ်ထုအကျိုးအပဲ့များ ပြန့်ကျဲနေလေသည်။
"အာ့...ဟိုလူတွေ ဘယ်ရောက်သွားလဲ...သူတို့အကုန်လုံး ဘယ်ထွက်သွားကြတာလဲ"
ဖက်တီးကျန်းက သူ၏ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ရာ အစောပိုင်းက အတွင်းသို့ဝင်သွားကြသည့် ကျင့်ကြံသူများအားလုံး အစအနမကျန်အောင် ပျောက်ကွယ်သွားသည်ကို မြင်တွေ့ရသည်။
"သွားကြစို့"
လုယွီ၏အသံက ဖက်တီးကျန်း၏နားအတွင်းသို့ ဝင်ရောက်လာခဲ့သည်။
ရုတ်တရက် ဖက်တီးကျန်းက ဘက်ပေါင်းစုံမှနေ၍ စိတ်ဝိညာဉ်စွမ်းအင် မငြိမ်မသက်ဖြစ်လာသည်ကို ခံစားမိလေ၏။ သူက ထိတ်လန့်တကြား အာခေါင်ခြစ်၍ အော်ဟစ်လိုက်သည်။
"ဝကၤပါလား....."
ရွှမ်း....ရွှမ်း
ခန်းမအတွင်းမှနေ၍ လုယွီတို့လူစု၏ပုံရိပ် ပျောက်ကွယ်သွားတော့သည်။
Chapter 112
အချိန်တခဏကြာပြီးနောက်တွင် လုယွီတို့လူစု၏ ပုံရိပ်များသည် ပိန်းပိတ်သည်အထိမှောင်နေသောလမ်းကြောင်းမှတစ်ဆင့် လှိုက်ခေါင်းတစ်ခုအတွင်းတွင် ထွက်ပေါ်လာခဲ့သည်။
"ငါက ခန်းမထဲကိုရောတ်တဲ့အချိန်တုန်းက....ဝင်္ကပါရှိတာကို အာရုံမခံစားမိဘူး"
ဖက်တီးကျန်းက ပြောရင်းဆိုရင်းနှင့် ဘေးပတ်ဝန်းကျင်ရှိနံရံများအား ထိတွေ့မိလေသည်။
လှိုက်ခေါင်းအတွင်းရှိ နံရံများကို ဆေးရောင်မြောက်များစွာဖြင့် ဆေးခြယ်ထားသည်။ တစ်ချို့နေရာများတွင် ဆေးများကွက်နေပြီးမှုန်ဝါးဝါးသာကျန်ရှိတော့သော်လည်း သရဲတစ္စေအုပ်စုတစ်စု၏အစွယ်များလှစ်ဟပြနေပြီး ခြေစွယ်လက်စွယ်များကို ဝှေ့ယမ်းနေပုံကို တွေ့မြင်နိုင်သည်။
"ကံကောင်းထောက်မစွာနဲ့ ငါ ဒီနေရာကိုမလာခင်ကတည်းက ကြိုတင်ပြင်ဆင်ထားမိတာ"
ရုတ်တရက် ဖက်တီးကျန်းက သူ၏သိုလှောင်အိတ်အတွင်းမှ မီးအိမ်တစ်ခုကိုထုတ်ယူလိုက်သည်။ သူ၏လက်ချောင်းလှုပ်ခါလိုက်သည်နှင့် မီးအိမ်မှမီးတောက်တစ်ခုထွက်ပေါ်လာပြီး စတင်ထွန်းလင်းလာလေသည်။
ယခုနေရာတွင် လေတိုက်ခတ်နေခြင်းမရှိသော်လည်း မီးတောက်ကိုကြည့်ရသည်မှာ တစ်စုံတစ်ခုကဆွဲနေသကဲ့သို့ ဦးတည်ချက်တစ်ဖက်တည်းကိုသာ ယိမ်းယိုင်နေသည်။
"ကောင်းပြီလေ...ဒီနေရာမှာ ရတနာပစ္စည်းကောင်းတွေ အများကြီးရှိနိုင်တယ်"
ဖက်တီးကျန်း၏မျက်နှာက ဝင်းလက်တောက်ပနေပေ၏။
ဖက်တီးကျန်းက သူ၏ဝက်ခေါင်းမျက်နှာဖုံးကြီးကို ချွတ်ထားပြီးပြီဖြစ်၍ သူ၏အဆီပြည့်ဖြိုးနေသောမျက်နှာကြီးတွင် မျက်နှာဖုံးတပ်ထားသည့်အရာများကျန်ရှိနေသည်။ သူကိုကြည့်ရသည်မှာ အလွန်ရယ်ရွှင်ဖွယ်အတိဖြစ်နေလေ၏။
လုယွီက မည်သည့်စကားကိုမျှပြောဆိုခြင်းမပြုဘဲ သူက ဖက်တီးကျန်း၏နောက်မှလိုက်ပါသွားခဲ့သည်။
ဤအနက်ရောင်လှိုဏ်ခေါင်းသည် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေပြီး သူတို့လူစု၏ခြေလှမ်းလှမ်းသံများကိုသာကြားနေရသည့်အတွက် အလွန်ချောက်ချားဖွယ်ဖြစ်နေသည်။
"ဟူး....."
မီးအိမ်က မီးတောက်ငြိမ်းသွားခဲ့ပြီး ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မိုက်ငြိမ်သက်သွားတော့သည်။
ဖက်တီးကျန်းက စိတ်ရှုပ်ထွေးစွာဖြင့် ပြောဆိုလိုက်သည်။
"အမ်....ဒါက အစစ်အမှန်မှော်ရတနာမီးတောက်လေ...ဘယ်လိုလုပ် ငြိမ်းသွားရတာလဲ"
ရှပ် ရှပ် ရှပ်....ရှပ် ရှပ် ရှပ်
လှိုက်ခေါင်း၏ အဆုံးသတ်နေရာမှနေ၍ ခြေလှမ်းလှမ်းသံအတွဲလိုက် ထွက်ပေါ်လာခဲ့သည်။
ဖက်တီးကျန်း၏အမူအယာက ရုတ်တရက်ပြောင်းလဲသွားခဲ့သည်။ ယခင်က အလွန်တိတ်ဆိတ်ငြိမ်သက်နေသော ဤနေရာတွင် မည်သည့်ကြောင့် ရုတ်တရက်အသံများထွက်ပေါ်လာရသနည်း။
"ဒီနေရာက နည်းနည်းတော့ထူးဆန်းနေတယ်...ဒီမှာ သရဲတစ္စေတွေများရှိနေလားမသိဘူး"
ဖက်တီးကျန်းက နောက်သို့ပြန်ဆုတ်လိုက်သည်။
လုယွီက မျက်မှောင်ကြုပ်နေခဲ့သည်။ တစ်ခြားသူများက ပတ်ဝန်းကျင်ရှိလေထုသည် အေးစက်နေသည်ဟု ခံစားနေရသော်လည်း သူက ပတ်ဝန်းကျင်ရှိယင်ချီများကို တိကျစွာအာရုံခံစားမိနေသည်။
ထိုယင်ချီအော်ရာကို သရဲတစ္စေများကသာလျှင် ထုတ်လွှတ်ပေးနိုင်သည်။
အမှန်တစ်ကယ်ကိုပင် အချိန်တခဏကြာပြီးနောက် မရေမတွက်နိုင်သောပုံရိပ်များက မှောင်မိုက်နေသောလှိုဏ်ခေါင်း၏အဆုံးသတ်မှ ထွက်ပေါ်လာခဲ့သည်။
"ဝူး.....ဝူး....."
ထိုသရဲတစ္စေများက မြည်တမ်းနေကြပြီး သူတို့၏မျက်လုံးများက သွေးနီရောင်သမ်းနေခဲ့သည်။
သူတို့က နေရာအတည်တကျမရှိသော ဝိညာဉ်အုပ်စုဖြစ်သည်။ ပုံမှန်အားဖြင့် သူတို့သည် လှိုဏ်ခေါင်းများအတွင်းတွင် လှည့်လည်သွားလာနေကြသော်လည်း ယခုက်ရှိလူသားများကို တွေ့ရှိရသည့်အခါတွင်မှု ထိတ်လန့်တုန်လှုပ်ဖွယ် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများကို ထုတ်လွှတ်ထားကြသည်။
"အကိုကြီး...နျူ နျူ ကြောက်တယ်"
နျူ နျူ က သူမ၏မျက်လုံးများကို လက်များဖြင့်ဖုံးအုပ်ထားခဲ့သည်။
လုယွီက မြေပြင်ပေါ်တွင်ရပ်နေသည့် နျူ နျူ ကို သူ၏နောက်သို့ပို့၍ လှည့်လည်သွားလာနေသောဝိညာဉ်အုပ်စုရှိနေသည့် မြင်ကွင်းကို ကာရံထားလိုက်သည်။
"ငါက စွန့်ပစ်နယ်မြေတွေ အများကြီးကို လှည့်လည်သွားလာခဲ့ဖူးတယ်...ဒီနေ့ကျမှ သရဲတစ္စေဆိုတာကို အမှန်အကန်မြင်ဖူးတာပဲ"
ဖက်တီးကျန်းက တုန်လှုပ်သွားပြီးနောက် သူက အလျင်စလိုဖြင့် မန္တန်တစ်ပုဒ်ကို ရေရွတ်နေလေသည်။
ဘုန်း....
မန္တန်ဆုံးသည်နှင့် ဖက်တီးကျန်းထံမှ မြောက်များစွာသောကျန်းချီများသည် ခြေသလုံးအိမ်တိုင်ဝိညာဉ်အုပ်စုထံသို့ တိုးဝင်သွားခဲ့သည်။
ထိုလှုပ်ရှားမှုက ခြေသလုံးအိမ်တိုင်ဝိညာဉ်အုပ်စုကို ဒေါသတကြီးဖြစ်သွားစေသည်။ ချက်ချင်းဆိုသလိုပင် ဝိညာဉ်အုပ်စု၏ ဟိန်းဟောက်သံများထွက်ပေါ်လာပြီး ဖက်တီးကျန်းထံသို့ ခုန်အုပ်ကြလေသည်။
ဖက်တီးကျန်းက တုန်လှုပ်နေသော်လည်း သူ၏သိုလှောင်အိတ်အတွင်းမှ ဗုဒ္ဓပုတီးကုံးတစ်ကုံးကို ထုတ်ယူလိုက်သည်။
"ဒီ ဆရာသခင်နဲ့တိုက်ခိုက်ချင်ကြတာလား...မင်းတို့ရဲ့ဝိညာဉ်တွေ ပြိုကွဲသွားစမ်း"
ဖက်တီးကျန်းက ဗုဒ္ဓပုတီးကုံးကို ဝိညာဉ်အုပ်စု၏အထက်သို့ ပစ်တင်လိုက်သည်။ ထို့နောက် သူ၏လက်ကို ဗုဒ္ဓပုတီးကုံးထံသို့ဆန့်တန်း၍ မန္တန်သင်္ကေတများကို ထပ်ခါတလဲလဲဖွဲ့စည်းနေခဲ့သည်။ ချက်ချင်းဆိုသလိုပင် ဗုဒ္ဓပုတီးကုံးမှနေ၍ ရွှေရောင်အလင်းတန်းများ တောက်ပလာခဲ့သည်။
ဗုဒ္ဓပုတီးစေ့တစ်စေ့ချင်းစီမှ ဗုဒ္ဓ၏ဂါထာတော်ရွတ်ဖတ်သံများ ပေါက်ကွဲထွက်လာခဲ့သည်။ တောက်ပသောရွှေရောင်အလင်းတန်းနှင့်ဂါထာမန္တန်သံများ တွဲဖက်၍ ခြေသလုံးအိမ်တိုင်ဝိညာဉ်အုပ်စုထံသို့ ဝေ့ဝိုက်ရောက်ရှိသွားခဲ့သည်။
"အူး..ဟူး...ဟူး...."
ခြေသလုံးအိမ်တိုင်ဝိညာဉ်အုပ်စု၏ခန္ဓာကိုယ်များထံမှ အစိမ်းရောင်မီးခိုးငွေ့များထွက်ပေါ်လာပြီး သူတို့ထဲမှအများစုက စိတ်မချမ်းမြေ့ဖွယ်အော်ဟစ်နေကြသည်။
"ဟွန်း....ဟွန်း....မင်းတို့က ငါရှေ့မှာ ရက်စက်ကြမ်းကြုတ်သလို ပြုမူနေဝံ့တယ်ပေါ့"
ဖက်တီးကျန်းက စိတ်ကျေနပ်မှုအပြည့်ဖြင့် ပြုံးလိုက်လေ၏။
ထိုအချိန်တခဏမှာပင် ဗုဒ္ဓပုတီးစေ့များမှ ရုတ်တရက် အနက်ရောင်အလင်းတန်းအား ထုတ်လွှက်လာခဲ့သည်။
အနက်ရောင်အလင်းတန်းက တဖြည်းဖြည်းနှင့် ဗုဒ္ဓပုတီးစေ့များ၏မျက်နှာပြင်ကို လွှမ်းမိုးနေလေသည်။ အချိန်တခဏအကြာမှာပင် ဗုဒ္ဓပုတီးကုံးတစ်ကုံးလုံး အနက်ရောင်သို့ ပြောင်းလဲသွားခဲ့သည်။
"ခရက္....."
ဗုဒ္ဓပုတီးစေ့များသည် ဂါထာမန္တန်သံများထွက်ပေါ်နေစဉ်မှာပင် တစ်စစီကြေမွသွားတော့သည်။
ရွှေရောင်အလင်းတန်းသည်လည်း သဲလွန်စပင်မကျန်ရှိအောင် ပျောက်ကွယ်သွားကုန်၏။ ခြေသလုံးအိမ်တိုင်ဝိညာဉ်အုပ်စုသည်လည်း သူတို့၏အထက်မှ ရွှေရောင်အလင်းတန်း၏တောက်ပမှုဒဏ်ကို မခံရတော့ချေ။
ဖက်တီးကျန်း၏မျက်နှာသည် ကြောက်ရွံမှုကြောင့် ဖြူ ဖတ်ဖြူ ရော်ဖြစ်နေသည်။
"သေစမ်း...ငါတော့ ဒီနေ့ သံနံရံကြီးကို ပြေးကန်မိပြီထင်တယ်"
ခြေသလုံးအိမ်တိုင်ဝိညာဉ်အုပ်စုသည် လျှင်မြန်စွာ ရွေ့လျားလာကြရာ လုယွီတို့အုပ်စုအနီးသို့ ရောက်ရှိလာကြသည်။
ထိုအချိန်မှာပင် လုယွီက ရုတ်တရက် အေးတိအေးစက်ဖြင့် နှာမှုတ်လိုက်သည်။
"မင်းတို့ကောင်တွေအားလုံး...အဲ့ဒီနေရာမှာရပ်နေကြစမ်း"
Chapter 113
ထူးဆန်းအံသြဖွယ်ဖြစ်ရပ်တစ်ခု ဖြစ်ပျက်လာလေ၏။
လုယွီ၏အမိန့်သံအောက်တွင် ခြေသလုံးအိမ်တိုင်ဝိညာဉ်များအားလုံး တပြိုင်နက်တည်းရပ်တန့်လိုက်ကြသည်။
ဖက်တီးကျန်းက သူ၏မျက်လုံးများကိုပွက်သပ်ပြီး အံ့အားသင့်စွာ ပြောဆိုလိုက်သည်။
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ....သူတို့အကုန်လုံး ရပ်တန့်ကုန်ကြပါလား"
ခြေသလုံးအိမ်တိုင်ဝိညာဉ်အုပ်စုသည် သူတို့ကြောက်ရွံသည့် တစ်စုံတစ်ခုအား တွေ့ရှိရပုံပေါ်ပြီး နေရာမှာတင် မတ်တတ်ရပ်နေကြသည်။
သူတို့၏ယခင်က ရူးသွပ်ပြီးရက်စက်ကြမ်းကြုတ်နေသည့် အမူအယာများကို မထုတ်ဖော်ထားဝံ့ကြပေ။ ထိုအစား သူတို့က တည်ငြိမ်စပြုလာကြ၏။
ပတ်ဝန်းကျင်နေရာတစ်ခုလုံးသည်လည်း မှောင်မှိုင်းနေပြီး လူအများ၏ကြောက်ရွံမှုကိုပင် ဖြစ်ပေါ်စေနိုင်သည်။
"သူတိုာတွေက ရာမခန်းမရဲ့အောက်မှာ အကျဉ်းချခံထားရတဲ့ သရဲတစ္စေတွေပဲ...ဘယ်လိုလုပ် သူတို့က အပြင်ရောက်နေကြတာလဲ"
လုယွီက ချက်ချင်းပင် သူ၏မျက်ခုံးများတွန့်သွားခဲ့သည်။
ထိုခြေသလုံးအိမ်တိုင်ဝိညာဉ်အုပ်စုသည် သာမာန်သရဲတစ္စေအုပ်စုသာဖြစ်သဖြင့် သူတို့က အစွမ်းထက်ခြင်းမရှိကြပေ။
အကျိုးဆက်အနေဖြင့် လုယွီက သူ၏အော်ရာကိုထုတ်လွှက်ပြီးနောက်တွင် ထိုဝိညာဉ်အုပ်စုသည် ကြောက်ရွံမှုအပြည့်ဖြင့် လုယွီ၏အမိန့်ကို နာခံကြကုန်၏။
ခြေသလုံးအိမ်တိုင်ဝိညာဉ်အုပ်စု၏လှုပ်ရှားမှုများ ရပ်တန့်သွားသည်ကိုကြည့်ပြီး ဖက်တီးကျန်းက သတ္တိမွေး၍ ရှေ့သို့လျှောက်လှမ်းသွားခဲ့သည်။
"တစ်ကယ်လို့ ငါဒီကောင်တွေကိုသာရောင်းလိုက်ရင်...စျေးကောင်းကောင်းရမှာပဲ"
သူ အဆင်ပြေနေသည်ကိုသိရှိလိုက်သော ဖက်တီးကျန်းက သူ၏ကုန်သည်သဘာဝကို ထုတ်ဖော်ပြီး ခြေသလုံးအိမ်တိုင်ဝိညာဉ်အုပ်စုကို ငေးစိုက်ကြည့်နေလေ၏။
သို့သော် ဖက်တီးကျန်းက သူ၏ဦးခေါင်းကို ချက်ချင်းပင်ခါယမ်းလိုက်သည်။
"ငါက ဝိညာဉ်တွေကိုထိန်းသိမ်းနိုင်မယ့် ရတနာတစ်ခုတော့ လိုအပ်လိမ့်မယ်....တစ်ကယ်လို့ ငါက ဒီကောင်တွေကို ယင်လော့ဂိုဏ်းကိုသာ သွားရောင်းချနိုင်ရင် အကျိုးအမြတ်ကြီးကြီးရမှာသေချာတယ်"
လုယွီက ထိုခြေသလုံအိမ်တိုင်ဝိညာဉ်အုပ်စုကို တစ်ချက်ကြည့်လိုက်သည်။ သူတို့အားလုံးသည် အကျဉ်းသားဝတ်စုံများကို ဝတ်ဆင်ထားကြလေ၏။
ထိုအကျဉ်းသားဝတ်စုံများပေါ်တွင် ဝတ်ဆင်ထားသည့် သရဲတစ္စေ၏သဘောသဘာဝကို ရေးထိုးထားသည်။ သို့ရာတွင် သူတို့အားလုံးက အစွမ်းထက်ခြင်းမရှိသော အဆင့်နိမ့်သရဲတစ္စေများသာဖြစ်သည်။
"မင်းတို့ကိုထောက်ပံ့ပေးနိုင်မယ့် ငရဲဘုံကိုသွားနေကြ"
လုယွီက ခြေသလုံးအိမ်တိုင်ဝိညာဉ်အုပ်စုအား လမ်းညွှန်ပြလိုက်သည်။
ရုတ်တရက် ခြေသလုံးအိမ်တိုင်ဝိညာဉ်အုပ်စုက လုယွီ၏အမိနိ့ကိုကြားသည်နှင့် သူတို့ကချက်ချင်းထွက်ခွာသွားကြသည်။
ထိုဝိညာဉ်အုပ်စု ထွက်ခွာသွားသည်ကိုကြည့်ပြီး ဖက်တီးကျန်း၏မျက်လုံးအတွင်းတွင် နှမြောတသဖြစ်နေသည့်အရိပ်အယောင်များ ထင်ဟပ်နေသည်။
"ဘယ်လိုတောင် သနားစရာကောင်းတဲ့ ငါ့ဘဝလဲ...တစ်ကယ်လို့ ငါသာ သူတို့အားလုံးကိုဖမ်းဆီးနိုင်ပြီး ယူဆောင်သွားနိုင်မယ်ဆိုရင်...စိတ်ဝိညာဉ်ကျောက်တုံးတော်တော်များများနဲ့ သူတို့ကိုလဲလှယ်နိုင်မှာပဲ"
ထိုအချိန်မှာပင် လုယွီက လေးနက်သောအသံဖြင့် ဖက်တီးကျန်းအား ပြောဆိုလိုက်သည်။
"ဂရုစိုက်နေပါ....တစ်ကယ်လို့ ပိုပြီးအစွမ်းထက်တဲ့အရာတွေနဲ့ ထပ်ကြုံတွေ့ရမယ်ဆိုရင်...ငါ ဘာမှလုပ်နိုင်မှာမဟုတ်ဘူး"
ဖက်တီးကျန်းက အစောပိုင်းက လုယွီကမည်သည့်နည်းဖြင့် သရဲတစ္စေအုပ်စုကို ရပ်တန့်စေနိုင်ခဲ့သည်အား မေးမြန်းလိုပေသည်။ သို့ရာတွင် သူ၏စကားလုံးများသည် လျှာဖျားသို့အရောက်တွင် ရုတ်တရက်ရပ်တန့်သွားရသည်။
ယခုလောလောဆည် သူတွေးမိသည်က အကယ်၍ လုယွီ၏အော်ငေါက်လိုက်ခြင်းသာမရှိခဲ့လျှင် ထိုခြေသလုံးအိမ်တိုင်ဝိညာဉ်အုပ်စုသည် သူ၏အပေါ်သို့ခုန်အုက်ခဲ့ပြီးဖြစ်ပေမည်။
ဖက်တီးကျန်းတွင် လွက်မြောက်နိုင်ရန်နည်းလမ်းတစ်ခုရှိနေသော်လည်း နောက်ဆုံးမတတ်သာသည့်အချိန်၌သာ အသုံးပြုရန်ဖြစ်ပေ၏။
"ညီလေး....ငါတို့ အခုဘာလုပ်ကြမှာလဲ"
ဖက်တီးကျန်းက အလျှင်စလိုဖြင့် မေးမြန်းလိုက်သည်။
လုယွီက အချိန်တခဏကြာ တွေးတောပြီးနောက် တုံ့ဆိုင်းနေခြင်းမရှိတော့ဘဲ ရှေ့သို့ဆက်လျှောက်သွားလေသည်။
မြေအောက်လောက၏ ရာမခန်းမအောက်တွင် သူက သာမာန်ဝိညာဉ်များကိုသာ ထိန်းသိမ်းထားခြင်းဖြစ်သည်။
သို့ရာတွင် မြျေအာက်အကျဉ်းစခန်းတွင် အစစ်အမှန်ထိန်းသိမ်းထားသည့် နတ်ဆိုးစိတ်ဝိညာဉ်ကိုးဆယ့်ကိုးကောင်ကမူ ကောင်းကင်ဘုံကိုပင် တုန်ခါစေနိုင်မည့် တည်ရှိမှုကြီးများဖြစ်ပေသည်။
ထို့ပြင် သူတို့က လုယွီနှင့် နက်ရှိုင်းသောရန်ငြှိုးရှိသူများလည်းဖြစ်သည်။ အကယ်၍ လုယွီ၏လက်ရှိကျင့်ကြံခြင်းနယ်ပယ်ဖြင့် သူတို့နှင့်သာဆုံတွေ့ခဲ့လျှင် ပြင်းထန်သောတိုက်ပွဲတစ်ခုဖြစ်လာမည်မှာ သေချာပေသည်။
သို့သော် လုယွီက ရှေ့သို့ဆက်၍လျှောက်လှမ်းနေပြီး ဤနေရာတွင် မည်သည့်အရာများဖြစ်ပျက်သွားသည်ကို မြင်တွေ့ချင်နေလေသည်။
မူလက လုယွီသည် သူ၏ကျင့်ကြံမှုအဆင့်ကို တစ်ဆင့်ပြီးတစ်ဆင့် မြှင့်တင်ပြီးမှသာလျှင် မြေအောက်လောကထံသို့ပြန်ရန် စိတ်ကူးထားခဲ့သည်။ သို့ရာတွင် တစ်ချိန်က သူနေထိုင်ခဲ့သည့်မြို့တော်သို့ အမှတ်မထင် ပြန်လည်ရောက်ရှိခဲ့ရသည်။
"မင်း ဘယ်လောက်ထိပြဿ နာတွေရှာထားလဲဆိုတာ ငါမြင်ချင်တယ်....ရှန်းလင်းလုံ....ငါ မရှိတော့တဲ့မြေအောက်လောကဘုံကို မင်းဘာတွေလုပ်ထားလဲ"
လုယွီ၏မျက်လုံးအတွင်းတွင် ခက်ထန်တင်းမာမှုများ ထင်ဟပ်နေလေသည်။
လှိုဏ်ခေါင်း၏လမ်းကြောင်းအဆုံးသတ်တွင် လုယွီတို့လူစုက ကျယ်ပြန့်သောမြေကွက်လပ်တစ်ခုသို့ ရောက်ရှိလာကြသည်။
ထိုနေရာသည် ကျယ်ပြန့်သောဟင်းလင်းပြင်တစ်ခုဖြစ်သော်လည်း ဦးတည်ချက်ပေါင်းစုံနှင့် ဆက်သွယ်ထားသည့် လှိုက်ခေါင်းများရှိနေသည်။
ယခုနေရာတွင်လည်း မှောင်မိုက်နေဆဲဖြစ်ပြီး အသံနက်ကြီးများကလည်း ဘက်ပေါင်းစုံမှထွက်ပေါ်နေလေရာ လူတစ်ယောက်၏ခန္ဓာကိုယ်တစ်ခုလုံး မျောလွင့်နေသကဲ့သို့ မသက်မသာခံစားမှုမျိုးကို ခံစားစေနိုင်သည်။
အခန်း၏နံရံများပေါ်တွင် သံဖြင့်ပြုလုပ်ထားသော ညှင်းပန်းနှိပ်စက်သည့်ကိရိယာတစ်ချို့ရှိနေပြီး ထိုအရာများပေါ်တွင် သွေးစသွေးနအရိပ်အယောင်များကို ကွက်ကွက်ကွင်းကွင်း မြင်တွေ့ရပေသည်။
ဖက်တီးကျန်း၏နဖူးမှ ချွေးများယိုစီးကျလာခဲ့သည်။
"ညီလေး....ဒါက အကျဉ်းထောင်တစ်ခုနဲ့တူနေတယ်လို့ ငါ ဘာလို့ခံစားမိနေတာလဲ"
"ဒါက အကျဉ်းထောင်တစ်ခုပဲလေ"
လုယွီက လှောင်အိမ်တစ်ခုရှေ့သို့လျှောက်သွားပြီး သံတံခါးကို ဆွဲဖွင့်လိုက်သည်။
"ဒါပေမယ့်....ဒီထဲမှာ ချုပ်နှောင်ထားတဲ့ အကျဉ်းသားတွေအကုန်လုံး လွတ်မြောက်သွားကြပြီ"
Chapter 114
"အား...သရဲတစ္ဆေတွေ....အရမ်းများတဲ့သရဲတစ္ဆေတွ...."
"စီနီယာအစ်ကိုကြီး.....အစ်ကိုရဲ့ဓားက ကျွန်တော်ကို ဘာလို့ချိန်ထားရတာလဲ....ကျွန်တော်က ချန်ဖုန်းပါ"
အကျဉ်းထောင်၏နက်ရှိုင်းသောနေရာမှနေ၍ ထိတ်လန့်တကြားအော်ဟစ်နေသည့်အသံလှိုင်းများ ထွက်ပေါ်နေလေရာ လူများ၏နှလုံးသားအောက်ခြေထိတိုင် တုန်ခါမှုကို ဖြစ်ပွားစေသည်။
နျူ နျူ က လုယွီ၏နောက်ကျောတွင် တွဲလွဲခိုနေရင်းမှ သူမ၏နားများကိုပိတ်ထားခဲ့သည်။ သူမ၏ဦးခေါင်းငယ်လေးကိုမူ လုယွီ၏အဝတ်အစားများကြားထဲတွင် နစ်မြှုပ်ထားလေ၏။
ဖက်တီးကျန်း၏အမူအယာက ပြောင်းလဲသွားခဲ့သည်။
"သေစမ်း...ဖြစ်နိုင်တာက ဒီနေရာတစ်ခုလုံး သရဲတစ္စေတွေနဲ့ပဲ ပြည့်နေတာလား"
လုယွီက ရုတ်တရက် ထောင့်တစ်နေရာရှိခြောက်သွေ့နေသောအရိုးတစ်ချို့ကို ရိပ်ခနဲမြင်လိုက်သည့်အတွက် လုယွီ၏မျက်နှာအမူအယာ ပြောင်းလဲသွားသည်။
ထိုခြောက်သွေ့နေသောအရိုးစုများသည် အမှောင်ထုအတွင်း ဖုံးကွယ်နေခဲ့သည်။ အရိုးစုများက သေဆုံးခဲ့သည်မှာ အတော်ကြာနေခဲ့ပုံရပြီး ၎င်းတို့၏မျက်နှာပြင်ပေါ်တွင် ဖုန်မှုန့်တစ်ထပ်က ဖုံးလွှမ်းနေလေသည်။
လုယွီက ဖုန်မှုန့်များကို ဖယ်ရှားလိုက်ရာ ခြောက်သွေ့နေသောအရိုးစုများ၏ဝတ်စုံများအား မြင်တွေ့ရပေ၏။
ထိုအဝတ်အစားများသည် အလွန်သမားရိုးကျဆန်ပေသည်။ ဝတ်စုံ၏မျက်နှာပြင်တွင် သရဲတစ္ဆေစိတ်ဝိညာဉ်အငွေ့အသက်ဖြင့် ရေးသားထားသည့် 'တာဝန်ခံ'ဟူသော ကြီးမားသည့်စာလုံးများရှိနေသည်။
သူတို့က ယခုအကျဉ်းထောင်၏ထောင်ကြပ်များဖြစ်သည်။ မြေအောက်လောကဘုံတွင် သူတို့ကို သရဲတစ္ဆေအမှုထမ်းများဟု လူသိများသည်။
"သူတို့ရဲ့ ကြွက်သားတွေနဲ့အရိုးတွေအကုန်လုံး ကြေမွပျက်စီးနေတယ်...ဒါပြင် သူတို့ရဲ့မူလဘူတစိတ်ဝိညာဉ်တောင် စွန့်ခွာသွားနိုင်ခြင်းမရှိခဲ့ဘူး...ကြည့်ရတာ သူတို့က တုန့်ပြန်ချိန်မရဘဲ ချက်ချင်းသေဆုံးခဲ့တယ်ထင်တယ်"
လုယွီက အရိုးစုတိုင်းကို စစ်ဆေးနေလေ၏။
ထိုအချိန်မှာပင် ဗြောင်းဆန်နေသော ခြေသံများက ရုတ်တရက် လုယွီတို့အနားသို့ ချဉ်းကပ်လာသည်။
"အဲ့ဒီ နေရာမှာတစ်ယောက်ယောက်ရှိနေလား....ငါတို့ကိုကူညီပါ"
လုယွီက သူ၏ခေါင်းကိုလှည့်ကြည့်လိုက်ရာ ကျင့်ကြံသူတစ်ချို့သည် ကမူးရှုးထိုးပြေးလာကြသည်ကို တွေ့မြင်လိုက်ရသည်။
ထိုကျင့်ကြံသူများ၏အဝတ်အစားများသည် အပေါက်အပြဲများအပြည့်ဖြစ်နေပြီး သူတို့ကိုကြည့်ရပုံမှာ အလွန်စိုးရိမ်ဖွယ်အနေအထားသို့ရောက်ရှိနေကြသည်။
ရာမခန်းမတစ်ခုလုံးတွင် အားကောင်းသောဖိအားက လူတိုင်းအပေါ်သို့ ဆင်းသက်ခဲ့ခြင်းဖြစ်သည်။ ထိုကျင့်ကြံသူများက ပြင်ပလောကမှာကဲ့သို့ သူတို့၏စွမ်းအားများကို ထုတ်ဖော်နိုင်ခြင်းလည်း မရှိကြချေ။
ထို့ပြင် သူတို့၏နည်းစနစ်များသည် ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်မရှိသည့် စိတ်ဝိညာဉ်များကို ဆန့်ကျင်တိုက်ခိုက်နိုင်စွမ်းလည်း မရှိပေ။
လူငယ်ကျင့်ကြံသူတစ်ချို့က ပြေးလွှားနေကြပြီး သူတို့ထဲကအများစုသည် အမြူ တေဖွဲ့စည်းခြင်းနယ်ပယ် တစ်ပည့်များဖြစ်သည်။
ဖက်တီးကျန်းက သူ၏ခေါင်းကိုဆန့်ထုတ်ပြီး လူအုပ်စု၏နောက်သို့ ကြည့်လိုက်သည်။ သူက ချက်ချင်းပင် အံ့အားသင့်တုန်လှုပ်သွားတော့သည်။
"ကောင်းကင်ဘုံ...မင်းတို့ရဲ့နောက်က ဘာကြီးလဲ"
ကျင့်ကြံသူအုပ်စု၏နောက်တွင် အနီရောင်နတ်ဆိုးစိတ်ဝိညာဉ်များ လိုက်ပါနေသည်ကို ဖက်တီးကျန်းမြင်လိုက်ရခြင်းဖြစ်သည်။ ထိုနတ်ဆိုးစိတ်ဝိညာဉ်များသည် မြောက်မြားစွာသောပုံရိပ်များ ဖြစ်လေ၏။
လုယွီက အနက်ရောင်လှိုက်ခေါင်းအတွင်းတွင် ကြုံတွေ့ခဲ့ရသည့်ဝိညာဉ်များနှင့်မတူညီသည်မှာ ယခုနတ်ဆိုးစိတ်ဝိညာဉ်များသည် ပိုမိုအားကောင်းသည့်အော်ရာများပါရှိကြပြီး မည်သည့်ကျင့်ကြံသူကမျှ သူတို့ကိုခုခံနိုင်ခြင်းမရှိပေ။
ထိုကျင့်ကြံသူအုပ်စုက လုယွီနှင့်ဖက်တီးကျန်းကို မြင်တွေ့ရချိန်တွင် သူတို့၏မျက်နှာပေါ်မှ ဝမ်းမြောက်နေသောအမူအယာများသည် စိတ်ပျက်အားငယ်ခြင်းသို့ ပြောင်းလဲသွားကြသည်။
လူငယ်တစ်ယောက် စိတ်ဆင်းရဲဖွယ်လူဝကြီးတစ်ယောက်နှင့်ကလေးငယ်တစ်ယောက်သာ ဤနေရာ၌ရှိနေသည်။
"အား....ကြၽန္မကိုကယ္ပါ...စီနီယာ...ကြၽန္မကိုကယ္ပါ"
အနောက်တွင်ပြေးလွှားနေသည့် အမျိုးသမီးကျင့်ကြံသူတစ်ယောက်က သူမ၏ပခုံးကို နတ်ဆိုးစိတ်ဝိညာဉ်များ၏ဖမ်းဆွဲခြင်း ခံရသည့်အတွက် ထိတ်လန့်တကြားအော်ဟစ်လိုက်သည်။
"ဖွမ်း....."
ချက်ချင်းဆိုသလိုပင် ထိုအမျိုးသမီးကျင့်ကြံသူသည် မရေမတွက်နိုင်သောလက်ကြီးများ၏ အပိုင်းပိုင်းအစစ ဆုတ်ဖြဲခြင်းကို ခံလိုက်ရပြီး လေထုအတွင်းတွင် သွေးညှီနံများဖုံးလွှမ်းသွားလေသည်။
ကြွင်းကျန်နေသော ကျင့်ကြံသူများအားလုံး နဆတ်ဆတ်တုန်ရီသွားကြပြီး သူတို့တတ်စွမ်းသမျှ အားကုန်ထုတ်၍ တရကြမ်းပြေးကြပေ၏။
"မကောင်းတော့ဘူး...သူတို့က ငါတို့ကိုဖမ်းမိလုနီးပါးဖြစ်နေပြီ"
ကျင့်ကြံသူတစ်ယောက်က ထိတ်လန့်တကြား အော်ဟစာလိုက်သည်။
တစ်ခြားကျင့်ကြံသူများ၏အမူအယာများ ပြောင်းလဲသွားကြပြီး သူတို့၏သိုလှောင်အိတ်များအတွင်းမှ မှော်ရတနာများကိုထုတ်ယူကာ နောက်ဆုံးမျှော်လင့်ချက်အဖြစ် အသုံးပြုရန်ရည်ရွယ်လိုက်ကြသည်။
ရုတ်တရက် လုယွီက ထောင်ကြပ်၏အရိုးစုကို သာမာန်ကာလျှံကာ ထိတွေ့လိုက်သည်။
"ခရက်....ခရက်...."
ကြေမွအက်ကွဲသံများနှင့်အတူ ထိုအရိုးစုက မြေပြင်ပေါ်သို့ ပြိုလဲကျလာသည်။
နတ်ဆိုးစိတ်ဝိညာဉ်များအားလုံးက သူတို့သွားနေသည့်လမ်းကြောင်းမှာပင် ရပ်တန့်လိုက်ကြသည်။ သူတို့၏သွေးဆာနေသောမျက်လုံးများသည် ထောင်ကြပ်ဝတ်စုံဝတ်ဆင်ထားသည့်အရိုးစုအား ကြောက်ရွံမှုများဖြင့် ကြည့်နေကြသည်။
လေထုက အလွန်အမင်းညင်သာစွာတိုက်ခတ်နေသည်။ ရူးသွပ်နေကြသော နတ်ဆိုးစိတ်ဝိညာဉ်များသည်လည်း အရိုးစုအားစိုက်ကြည့်၍ မည်သည့်လှုပ်ရှားမှုကိုမျှ မပြုလုပ်ဝံ့ကြချေ။
"ကြည့်ကြစမ်း...သူတို့မလှုပ်ကြတော့ဘူး"
ကျင့်ကြံသူတစ်ယောက်က အံ့အားသင့်မှုကြောင့် လွှက်ခနဲအော်ဟစ်မိလေသည်။
ကျန်သည့်ကျင့်ကြံသူများကလည်း ဤအခြင်းအရာကိုမြင်ချိန်တွင် သူတို့ကိုယ်သူတို့မထိန်းချုပ်နိုင်တော့ဘဲ ပျော်ရွှင်သွားကြပြီး လုယွီ၏နံဘေးသို့ အလျှင်စလိုဖြင့် ဆုတ်ခွာလာကြသည်။
"ဒီနေရာမှာ အရိုးစုတွေ ထပ်ရှိနေတုန်းပဲ....သူတို့ကိုကြည့်ရတာ ဒီအရိုးစုတွေကို ကြောက်ပုံရတယ်....ဒါတွေကို သူတို့စီပစ်ထုတ်လိုက်ရမလား"
တစ်စုံတစ်ယောက်က အကြံပြုလိုက်သည်။
ထိုစကားစုက လူအုပ်စုကြီး၏ထောက်ခံမှုကို ရရှိသွားခဲ့သည်။ သူတို့က အရိုးစုတစ်ခုပြီးတစ်ခုကောက်ယူပြီး အနားတွင်ပတ်ပတ်လည်နေရာချထားလိုက်သည်။ အရိုးစုများဝန်းရံထားသော ယခုနေရာသည် ယာယီအားဖြင့် သူတို့၏ဘေးကင်းဇုန် ဖြစ်နေခဲ့သည်။
ထောင်ကြပ်များ၏အရိုးစုများသည် လုံခြုံစိတ်ချရသည့်အတားအဆီးတစ်ခုနှင့်တူညီနေပြီး မည်သည့်နတ်ဆိုးစိတ်ဝိညာဉ်မှ အတွင်းသို့ ခြေလှမ်းတစ်ဝက်ပင်မလှမ်းဝံ့ကြပေ။
Chapter 115
"ကံကောင်းလို့သာပဲ.....ငါကိုယ်ငါ သေပြီလို့ တွေးနေမိတာ"
"မှော်ရတနာတွေ....ဓားပျံတွေက သူတို့နဲ့တိုက်ခိုက်တဲ့နေရာမှာ အသုံးမဝင်ဘူး...ငါရဲ့ဆရာသခင်ကိုယ်တိုင် ဖန်တီးပေးထားတဲ့ အကာအကွယ်အဆောင်တောင် အသက်တစ်ရှိုက်မခံဘူး ပျက်စီးသွားခဲ့တာ.."
"ဂျူ နီယာညီမလေး လျန့်ကတော့ အဖြစ်ဆိုးသွားရှာတယ်..ငါတောင် အဲ့ဒီနတ်ဆိုးစိတ်ဝိညာဉ်တွေလက်ထဲ ကျရောက်ရတော့မလို့..."
လူငယ်ကျင့်ကြံသူအုပ်စုသည် သက်ပြင်းအခါခါချနေကြပြီး တစ်ချိန်တည်းမှာပင် သူတို့သည် အသက်ရှင်လျှက်ရှိနေသည်ကို ဝမ်းမြောက်နေကြသည်။
လုယွီက သူတို့ကို မေးမြန်းလိုက်လေသည်။
"မင်းတို့ဘာဖြစ်လာကြတာလဲဆိုတာ သေချာပြောပြကြစမ်းပါ"
ထိုကျင့်ကြံသူများသည် တုန်လှုပ်နေဆဲအခြေအနေတွင်ရှိနေဆဲဖြစ်ပြီး သူတို့ဖြစ်ပျက်ခဲ့သမျှကိစ္စရပ်တိုင်းကို လျှင်မြန်စွာဖြင့် လုယွီအားပြောဆိုလိုက်ကြသည်။
တောင်ပိုင်းစွန့်ပစ်နယ်မြေတွင် ထိပ်သီးအင်အားစုခုနစ်ခုရှိပြီး ခန်းမတစ်ခု ဂိုဏ်းကြီးငါးဂိုဏ်းနှင့် ကျောင်းတော်တစ်ခုတို့ဖြစ်ပေသည်။
ယခုကျင့်ကြံသူများသည် ဒြပ်စင်ငါးပါးဂိုဏ်းမှတစ်ပည့်များဖြစ်ကြသည်။
"ငါတို့က ဂိုဏ်းအကြီးအကဲတွေရဲ့ နောက်ကလိုက်ပြီး ခန်းမထဲကိုဝင်ခဲ့ကြတယ်...နောက်တော့ ငါတို့မျှော်လင့်မထားမိဘဲ ဝင်္ကပါထဲကိုဝင်လိုက်တာနဲ့ ဒီနေရာကို ပို့ဆောင်ခြင်းခံရတော့တာပဲ...ဒါပြင် ငါတို့မြေပြင်ပေါ်ကိုရောက်တာနဲ့ ဒီရက်စက်ကြမ်းကြုတ်တဲ့ သတ္တဝါတွေနဲ့ ဆုံတွေ့ရတာပဲ"
ကျင့်ကြံသူတစ်ယောက်ကလည်း ကြောက်ရွံမှုအပြည့်ဖြင့် ဝင်ရောက်ပြောဆိုခဲ့သည်။
"ဂိုဏ်းအကြီးအကဲတွေက အစွမ်းထက်တဲ့ နတ်ဆိုးစိတ်ဝိညာဉ်ဘုရင်တွေကို မျှားခေါ်သွားခဲ့တယ်...ဒါပြောင့် ငါတို့က ဒီနေရာမှာနေပြီး နတ်ဆိုးစိတ်ဝိညာဉ်တွေနဲ့တိုက်ခိုက်နေခဲ့တာ....ဒါပေမယ့် ဒီကောင်တွေက အင်အားအရမ်းများပြီး ငါတို့ရဲ့မှော်ရတနာတွေကလည်း သူတို့ကိုတိုက်ခိုက်တဲ့နေရာမှာအသုံးမဝင်ဘူး"
လုယွီ၏စိတ်ဝိညာဉ်နတ်ဆိုးများကိုကြည့်နေသော အမူအယာသည် လေးနက်နေပြီး သူ၏မျက်လုံးများတွင်လည်း တည်ကြည်မှုများထင်ဟပ်နေသည်။
တစ်ခြားသူများက ရာမခန်းမအတွင်းတွင် မည်မျှထိများပြားသည့်နတ်ဆိုးစိတ်ဝိညာဉ်များကို အကျဉ်းချထားကြောင်း မသိရှိနိုင်သော်လည် လုယွီကမူ သူ၏စိတ်နှလုံးသားအတွင်းထိ ရှင်းရှင်းလင်းလင်း သိနေခဲ့သည်။
"ရှန်းလင်းလုံက မြေအောက်လောကဘုံကို ဖျက်ဆီးပြီး အကျဉ်းကျနေတဲ့ နတ်ဆိုးစိတ်ဝိညာဉ်တွေအကုန်လုံးကို လွှက်ပေးလိုက်တာလား"
လုယွီက စဉ်းစားတွေးတောနေရင်း သူ၏အမူအယာသည် မှုန်သုန်လာခဲ့သည်။
ဖက်တီးကျန်းက လုယွီက မည်သည့်ကိစ္စကိုတွေးတောနေခြင်းအား မသိရှိပေ။ သို့ရာတွင် လုယွီ၏အမူအယာ ပြောင်းလဲနေသည်ကိုကြည့်ပြီး သူ့နှလုံးသား၏အနက်ရှိုင်းဆုံးနေရာမှ ချက်ချင်းပင်တုန်လှုပ်သွားရသည်။
"ညီလေး...ဘာလို့ ငါတို့ ပြန်မယ့်လမ်းကို မရှာတာလဲ"
ဖက်တီးကျန်းက လုယွီ၏နား အနီးသို့ကပ်၍ တီးတိုးပြောဆိုလိုက်သည်။
ဖက်တီးကျန်းက လုယွီသည် ခြေသလုံးအိမ်တိုင်ဝိညာဉ်အုပ်စုအား ဖြေရှင်းသည့်နည်းလမ်းကို မြင်တွေ့ခဲ့ပြီးဖြစ်သည်။ သို့ရာတွင် ယခုနတ်ဆိုးစိတ်ဝိညာဉ်များသည် ခြေသလုံးအိမ်တိုင်ဝိညာဉ်များနှင့် မည်သို့မျှနှိုင်းယှဉ်၍ မရနိုင်ကြောင်းကို သူက ရှင်းရှင်းလင်းလင်းသိရှိထားသည်။
အကယ်၍ လုယွီကသာ ထိုနတ်ဆိုးစိတ်ဝိညာဉ်များအပေါ် တစ်စုံတစ်ခုမပြုလုပ်နိုင်ခဲ့လျှင် သူက ယနေ့ အမှန်တစ်ကယ်သေဆုံးရတော့မည်သာဖြစ်သည်။
လုယွီကလည်း ဖိအားတစ်ရပ်ကိုခံစားနေရသည်။ သူ၏ယခုလက်ရှိ ကျင့်ကြံမှုနယ်ပယ်ဖြင့် သူ၏စိတ်ဝိညာဉ်စွမ်းအားကို အပြည့်အဝထုတ်လွှတ်နိုင်မည် မဟုတ်ချေ။ ထို့ပြင် ဤနေရာ၌လှောင်ပိတ်ခံထားရသည့်အရာများသည် သာမာန်နတ်ဆိုးစိတ်ဝိညာဉ်များ မဟုတ်ပေ။
"ဟိုဘက်မှာ တစ်ယောက်ယောက်ရှိနေတယ်....အဲ့ဒီနေရာကိုပြေးကြ"
လုယွီတို့လူစုက ခြေသံတစ်ချို့ထွက်ပေါ်လာသည်အား ကြားလိုက်ရသည်။ လုယွီတို့ မျှော်လင့်မထားမိစဉ်မှာပင် တစ်ခြားကျင့်ကြံသူအုပ်စုသည်ယခုနေရာသို့ ရူးသွပ်လုမတတ်ပြေးဝင်လာကြသည်။
လုယွီက ထိုကျင့်ကြံသူအုပ်စုကို တစ်ချက်ကြည့်လိုက်ရာ မမျှော်လင့်မိစွာဖြင့် သူ သိရှိထားသောသူများဖြစ်နေသည်ကို မြင်တွေ့လိုက်ရသည်။ ထိုကျင့်ကြံသူများက ကွေ့ဟွမ်ဂိုဏ်းသားများပင်ဖြစ်လေ၏။
ထိုလူများသည် ပျာသီးပျာယာဖြစ်နေပြီး အလွန်မောပန်းနေကြသည်။ သူတို့၏မျက်နှာများတွင် ဖှုန်နှင့်အညစ်အကြေးများက ဖုံးလွှမ်းနေပေ၏။ သူတို့၏ခန္ဓာကိုယ်များမှ ကျန်းချီများသည်လည်း ကုန်ဆုံးနေပြီဖြစ်ပြီး ယခင်ကတွေ့ခဲ့ဖူးသလို တည်ငြိမ်သောအမူအယာများမရှိတော့ပေ။
ရှေ့ဆုံးမှ ထွက်ပြေးလာသောသူမှာ ကွေ့ဟွမ်ဂိုဏ်း၏ အကြီးဆုံးစီနီယာအကိုကြီး လုံရွှင်းဖြစ်လေ၏။
"ဒါက ဒြပ်စင်ငါးပါးဂိုဏ်းက အဆွေတော်တို့မလား....ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ကူညီပေးပါ"
လုံရွှင်း၏မျက်လုံးများ တောက်ပသွားပြီး လုယွီတို့လူစုရှိနေသည့် မြေကွက်လပ်နေရာသို့ အပြေးအလွှားရောက်ရှိလာခဲ့သည်။
ဝေါင်း....ဝေါင်း...
ဟိန်းဟောက်နေသည့်အသံလှိုင်းများကို နေရာအနှံ့အပြားမှ ကြားနေရသည်။ အမှန်တစ်ကယ်ကိုပင် ကွေ့ဟွမ်ဂိုဏ်းမှတစ်ပည့်များ၏နောက်တွင်လည်း နတ်ဆိုးစိတ်ဝိညာဉ်အုပ်စုရှိနေလေ၏။
လူတိုင်းက နောက်ဆုံးကျန်ရှိနေသည့် ထောင်ကြပ်၏အရိုးစုကို ကွေ့ဟွမ်ဂိုဏ်းမှလူများအနီးတွင် နေရာချပေးလိုက်သည်။ ထိုအချိန်မှသာလျှင် နတ်ဆိုးစိတ်ဝိညာဉ်အုပ်စု ရပ်တန့်သွားလေသည်။ သို့ရာတွင် သူတို့၏သွေးဆာနေသော အကြည့်များဖြင့်စိုက်ကြည့်နေဆဲဖြစ်သည်။
"နောက်ဆုံးတော့ လွတ်မြောက်နိုင်ခဲ့ပြီ"
လုံရွှင်းနှင့်တစ်ခြားသူများသည် သူတို့၏နဖူးများမှချွေးစေးများကို သုတ်နေကြပြီး သူတို့၏မျက်လုံးများအတွင်းတွင်လည်း နောင်တတရားများဖြင့်ပြည့်နှက်နေသည်။
ထိုအချိန်မှာပင် လုံရွှင်း၏အကြည့်က လုယွီပေါ်သို့ ရုတ်ချည်းကျရောက်သွားခဲ့ပြီး သူ၏မျက်လုံးများက စူးရှလာခဲ့သည်။
"မင်းလို သေမျိုးကောင်က....ခုချိန်ထိမသေသေးဘူးလား"
"ကောင်စုတ်လေး....မင်း အရေပြားယားသလိုခံစားနေရလား...ငါ ပြောချင်တာက မင်းအရိုက်ခံချင်လို့ တောင့်တနေတာလား"
ဖက်တီးကျန်းက ခက်ထန်စွာဖြင့် အော်ဟစ်လိုက်သည်။
ဖက်တီးကျန်း၏ဖိအားပေးနိုင်သောအော်ရာသည် လုံရွှင်းကို အမှန်တစ်ကယ်ပင် ခြိမ်းခြောက်နိုင်ခဲ့သည်။ လုံရွှင်းက အေးစက်စက်နှာမှုတ်လိုက်ပြီး မည်သည့်စကားမျှထပ်မဆိုတော့ပေ။
လုယွီက လူအုပ်အတွင်းသို့ ကြည့်လိုက်ရာတွင် ကျန်းထျန်းရှုံးနှင့်ကျန်းယုချင်တို့အား မြင်တွေ့မိခြင်းမရှိချေ။ ကြည့်ရပုံမှာ ကျန်းမိသားစုဝင်များက တစ်ခြားနေရာသို့ရောက်ရှိသွားခြင်းဖြစ်ပေမည်။
ဖက်တီးကျန်းက လုံရွှင်းကို အလွတ်ပေးလိုဟန်မရှိသေးချေ။
"ဘာ သောက် ဆရာသခင်ကျန့်လဲ....မင်းတို့ကောင်တွေနဲ့အတူလာတာ မဟုတ်ဘူးလား...သူက တနေရာရာမှာ သေနေပြီလား"
လုံရွှင်းက ဒေါသတကြီးဖြစ်သွားခဲ့သည်။ သူက ဖက်တီးကျန်းအား တုံပြန်ပြောဆိုရန်ပြင်ဆင်ချိန်မှာပင် လှောင်အိမ်တစ်ခု၏ကျိုးပဲ့ပျက်စီးသံကို ကြားလိုက်ရသည်။
သူတို့နှင့် မလှမ်းမကမ်းအကွာအဝေးရှိ နတ်ဆိုးစိတ်ဝိညာဉ်များ၏ဟိန်းဟောက်သံများကလည်း ပို၍အားကောင်းလာခဲ့သည်။
မရေမတွက်နိုင်သော နတ်ဆိုးစိတ်ဝိညာဉ်များ၏ပုံရိပ်များသည် မျက်စိတစ်ဆုံးထွက်ပေါ်လာပေသည်။
လှောင်အိမ်အတွင်းမှ သရဲတစ္ဆေ အကောင်တစ်သိန်းခန့် လွတ်မြောက်လာလေသည်။