← Chapters

အခန်း (၁၁၆-၁၂၀)

Vol. 6-10 Ch. 116-120

အခန်း (၁၁၆-၁၂၀)

Vol. 6-10 Ch. 116-120

Chapter 116

လူငယ်ကျင့်ကြံသူများအားလုံး နောက်သို့ထိတ်လန့်တကြား ဆုတ်လိုက်မိကြသည်။ ထိုနတ်ဆိုးစိတ်ဝိညာဉ်များသည် မည်မျှထိအစွမ်းထက်ကြောင်းကို သူတို့ကောင်းစွာသိရှိထားသည်။

သူတို့၏စိတ်ဝိညာဉ်စွမ်းအင်များ အစွမ်းကုန်ထုတ်သုံးမရနိုင်သည့် ဖိအားအော်ရာကလည်း သက်ရောက်နေဆဲဖြစ်သည်။

"ဒီ အရိုးစုတွေက ကြာကြာတောင့်ခံနိုင်ပါ့မလားလို့ ငါစိုးရိမ်မိတယ်"

ဒြပ်စင်ငါးပါးဂိုဏ်းမှ တစ်ပည့်တစ်ယောက်က ရုတ်တရက်စိုးရိမ်တကြီး မေးမြန်းလိုက်သည်။

"အော်မီတော်ဖော"

ထိုအချိန်မှာပင် ဗုဒ္ဓဂါထာတော်များရွတ်ဖတ်နေသည့် အသံလှိုင်းတစ်ခုက နတ်ဆိုးစိတ်ဝိညာဉ်များ၏အနောက်မှ ထွက်ပေါ်လာခဲ့သည်။

ဗုဒ္ဓဂါထာတော်ရွတ်ဖတ်သံကို ကြားရသည့်လူတိုင်း၏စိတ်ဝိညာဉ်များသည် ချက်ချင်းပင်တက်ကြွလာကြသည်။

"ဖြစ်နိုင်တာတော့ အနန္တတန်ခိုးရှင်ဗုဒ္ဓက ငါတို့ကိုလာပြီး ကယ်တင်တာများလား.....ဒါ အရမ်းကောင်းတာပဲ"

လုံရွှင်းက ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားခဲ့၏။

တစ်ခြားလူများ၏မျက်နှာများတွင်လည်း ပျော်ရွှင်မှုများ ထင်ဟပ်လာခဲ့သည်။ ဤနေရာတစ်ဝိုက်တွင် သူတို့၏ကျင့်ကြံမှုအဆင့်များသည်လည်း အပြည့်အဝ အသုံးပြုမရခဲ့ပေ။

ဖြစ်နိုင်ခြေရှိသည်မှာ ဗုဒ္ဓဂိုဏ်းနှင့်တာအိုဂိုဏ်းမှလူများသာလျှင် တစ္ဆေသရဲများကိုနှိမ်နင်းနိုင်သည့် သူတို့၏အထူးနည်းစနစ်များကိုအသုံးပြု၍ ယခုနတ်ဆိုးစိတ်ဝိညာဉ်များကို ရင်ဆိုင်နိုင်ပေမည်။

တစ်ခြားတစ်ဖက်မှ ဖက်တီးကျန်းကမူ သံသယအပြည့်ဖြင့် တီးတိုးရေရွတ်နေသည်။

"ဒါ မဟုတ်သေးဘူးနော်....တောင်ပိုင်းစွန့်ပစ်နယ်မြေထဲမှာ ဘယ်က ဘုန်းကြီးက ရှိလို့လဲ....ဖြစ်နိုင်တာက ခြေသလုံးအိမ်တိုင်ဘုန်းကြီးပဲလား"

လုယွီက ထိုအသံကိုကြားချိန်တွင်မူ သူက ချက်ချင်းဆိုသလိုပင် မျက်မှောင်ကြုပ်လိုက်မိသည်။

သူက နျူ နျူ ကိုကောက်ချီပြီး ဖက်တီးကျန်းအား စကားပြောဆိုလိုက်သည်။

"ကျန်းထောင်....မင်းရဲ့ကမ္ဘာမြေသင်္ကေတအဆင့်နဲ့ အခု ကျန်းချီပမာဏရာခိုင်နှုန်း ဘယ်လောက်များများ အသုံးပြုနိုင်မလဲ"

ဖက်တီးကျန်းက ထိတိလန့်တကြားဖြစ်သွားပြီး အလျှင်စလိုဖြင့် လုယွီအား တီးတိုးပြောဆိုလိုက်သည်။

"သောက်ခွေး....ညီလေး....ငါကို မခြောက်ပါနဲ့ကွာ"

"ငါ မေးတာဖြေ....."

လုယွီက အော်ဟစ်လိုက်လေ၏။

ဖက်တီးကျန်းက အချိန်တခဏကြာတုန့်ဆိုင်းသွားပြီးနောက် လေသံတိုးတိုးဖြင့် ဖြေဆိုလိုက်သည်။

"ဒီနေရာက ဖိအားအော်ရာက အရမ်းပြင်းထန်တယ်...ဖြစ်နိုင်တာတော့ အခုချိန်မှာ ငါရဲ့ကျန်းချီတစ်ဆယ်ရာခိုင်နှုန်းလောတ်ပဲ အသုံးပြုလို့ရမယ်"

လုယွီ၏အမူအယာက ချက်ချင်းပင် မှိုင်တွေသွားပြီး သူက ဖက်တီးကျန်းကို လေသံနှိမ့်၍ ပြောကြားလိုက်သည်။

"ငါ ပြောတာမှတ်ထား....ငါတို့လာခဲ့တဲ့လမ်းကြောင်းကို လုံးဝမမေ့စေနဲ့...ခဏလောတ်ကြာရင် နျူ နျူ ကိုခေါ်ပြီး ငါတို့ ဖောက်ထွက်မယ်"

ဖက်တီးကျန်းက တဆတ်ဆတ်တုန်ရီသွားလေ၏။

"မင်း ရူးနေလား....အပြင်မှာ အဲ့လောက်ထိ သရဲတစ္ဆေတွေပေါများနေတာ....မင်း သေကြောင်းကြံချင်နေတာလား"

လုယွီက သူ၏ခေါင်းကိုခါယမ်းပြလိုက်သည်။

"အဲ့ဒီ နတ်ဆိုးစိတ်ဝိညာဉ်တွေက ကြောက်ဖို့ကောင်းတဲ့ဟာတွေ မဟုတ်သေးဘူး...ဒါပေမယ့် တစ်ကယ်လို့ ဟိုဘုန်းကြီးရောက်လာခဲ့ရင် ငါတို့အားလုံးသေကုန်မှာကို စိုးရိမ်မိတယ်"

လုယွီ၏အသံသည် ကျယ်လောင်ခြင်းမရှိသော်လည်း ယခုနေရမှလူများအားလုံး သူပြောဆိုသည်များအားကြားနေရသည်။

လုံရွှင်းက လှောင်ပြောင်သရော်လိုက်သည်။

"ပေါက်ကရတွေ...တစ်ကယ်လို့ မင်းကြောက်နေတယ်ဆိုရင် မြန်မြန်ထွက်သွားပြီး သရဲတစ္ဆေတွေကို မင်းကိုယ်မင်း အစာအဖြစ်သွားကျွေးလေ"

တစ်ခြားကျင့်ကြံသူများက မည်သည့်စကားမျှမဆိုကြသော်လည်း သူတို့က လုယွီသည် ရှီထျန်းအဆင့်သာရှိကြောင်း သိရှိထားပြီးဖြစ်ကြသည်။

ထိုဘုန်းကြီးရောက်လာလျှင် လူတွေအားလုံး သေကြေကြလိမ့်မည်ဟု သူက မည်သည့်နည်းဖြင့်သိရှိနိုင်သနည်း။

လူတိုင်းက မလှုပ်ရှားကြသည်ကို ကြည့်ပြီး လုယွီက ထပ်မံ၍တိုက်တွန်းပြောဆိုခြင်း မပြုချေ။

"တစ်ကယ်လို့ မင်း ငါနဲ့လိုက်ခဲ့မယ်ဆိုရင် ဖြစ်နိုင်တာက အပြင်ရောက်ဖို့နည်းလမ်းတစ်လမ်းရှိလာနိုင်တယ်.....တစ်ကယ်လို့ မင်း ဒီနေရာမှာဆက်နေမယ်ဆိုရင်တော့ မင်းသေသွားမှာကို ငါ စိုးရိမ်မိတယ်"

လုယွီက ဖက်တီးကျန်းကို စိုက်ကြည့်ပြီး လေးလေးနက်နက်ပြောဆိုလိုက်သည်။

ဖက်တီးကျန်းက အချိန်တခဏကြာ စဉ်းစားတွေးတောပြီးနောက် သူက အပြုံးခပ်ယဲ့ယဲ့ဖြင့်သာ တုံပြန်ပြောဆိုလိုက်လေ၏။

"ညီလေး....မင်းက အတော်ဟာသပြောတဲ့ကောင်ပဲ...ကြက်သွေးရောင်နတ်ဘုရားသစ်သီးကိုးလုံးကြီးတောင် ရမယ့်ဟာကို....ဘာပဲဖြစ်လာဖြစ်လာ....ငါ လမ်းတစ်ဝက်နဲ့တော့အရှုံးမပေးနိုင်ဘူး"

ဖက်တီးကျန်းက သဘောတူညီလိုက်သည်ကို မြင်လျှင်မြင်ခြင်း လုယွီက တုန့်ဆိုင်းမနေတော့ဘဲ ဖက်တီးကျန်း၏ကျောပေါ်သို့ နျူ နျူ အား တင်ပေးလိုက်တော့သည်။

လုယွီတို့လူစု ထွက်ခွာရန်ပြင်ဆင်နေသည်ကိုကြည့်ပြီး လုံရွှင်းက အေးစက်စက်ရယ်မောလိုက်သည်။

"သူတို့က ဒီလောတ်တောင်သေချင်နေမှတော့ သူတို့ဟာသူတို့ သွားကြပါ့စေ...ဒီနတ်ဆိုးစိတ်ဝိညာဉ်တွေက သူတို့ကိုစားလို့ ဗိုက်ပြည့်သွားရင် ထွက်ခွာသွားနိုင်တယ်

ဖက်တီးကျန်းက သူ၏ခေါင်းကိုပြန်လှည့်ပြီး အေးစက်စက်နှာမှုတ်လိုက်သည်။

"မင်းတို့ကောင်တွေ မသိကြသေးတာက....ငါရဲ့ညီလေးက အရိုးစုကိုပစ်ခဲ့လို့သာ မင်းတို့နောက်လိုက်လာတဲ့ နတ်ဆိုးစိတ်ဝိညာဉ်တွေ ရပ်တန့်သွားတယ်ဆိုတာပဲ...သူက ဒီနေရာကို မင်းတို့ထက် အများကြီးပိုသိတယ်"

ကွေ့ဟွမ်ဂိုဏ်းမှကျင့်ကြံသူများသည် ဖက်တီးကျန်းပြောဆိုသည့် ကိစ္စကိုသိရှိခြင်းမရှိသော်လည်း ဒြပ်စင်ငါးပါးဂိုဏ်းကလူများကမူ ထိုအချိန်တုန်းက ရှိနေကြသည်။

ဒြပ်စင်ငါးပါးဂိုဏ်းမှသူများ၏ မျက်နှာထားများ ပြောင်းလဲကုန်ကြသည်။ သူတို့က လုယွီပြောသည့်စကားများမှာ ကျိုးကြောင်းသင့်လျော်သည်ဟုခံစားမိလေ၏။

"ငါတို့ ယုံကြည်တယ်ပဲထား...အပြင်မှာနတ်ဆိုးစိတ်ဝိညာဉ်တွေအများကြီးပဲ....ငါတို့ ဘယ်နည်းလမ်းနဲ့ အပြင်ထွက်ကြမှာလဲ"

ဒြပ်စင်ငါးပါးဂိုဏ်းမှကျင့်ကြံသူတစ်ယောက်က မေးမြန်းလိုက်သည်။

လုယွီက လူအားလုံးကို ဝေ့ဝိုက်ကြည့်ပြီး လေသံနှိမ့်၍ ပြောဆိုလိုက်သည်။

"ဒီနေရာက ထွက်ခွာချင်တဲ့ဘယ်သူမဆို...ငါ နောက်ကလိုက်ခဲ့"

"ဟွန့်....မင်းနောက်ကလိုက်ရမှာလား....ဒါက သေဖို့လမ်းရှာနေတာမဟုတ်ဘူးလား...ဆရာသခင် ကျန့်နဲ့စီနီယာကျန်းတို့ ခဏနေရောက်လာတော့မှာ...အဲ့ဒီအချိန်ကျရင် ငါတို့လုံခြုံပြီ"

လုံရွှင်းက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောဆိုလိုက်လေသည်။

လုယွီက ရှေ့သို့ခြေလှမ်းတစ်လှမ်း လှမ်းမိစဉ်မှာပင် ရုတ်တရက် သူက ရပ်တန့်သွားသည်။

"ဘာလဲ....မင်း ကြောက်နေတာလား"

လုံရွှင်းက လုယွီရပ်တန့်သွားသည်ကိုမြင်ချိန်တွင် သူ၏မျက်လုံးအတွင်းရှိ လှောင်ပြောင်သရော်လိုမှုများက ပို၍အားကောင်းလာခဲ့သည်။

မရေမတွက်နိုင်အောင်များပြားသည့် စိတ်ဝိညာဉ်နတ်ဆိုးများ၏ အမူအယာများသည် ရုတ်တရက် လေးလေးနက်နက်ဖြစ်စပြုလာသည်။

"အဲ့ဒါ ဘာႀကီးလဲ"

ကျင့်ကြံသူတစ်ယောက်က ထိတ်လန့်တကြားအော်ဟစ်လိုက်သည်။

စိတ်ဝိညာဉ်နတ်ဆိုးများ၏အလယ်မှ ဘုန်းကြီးအိုတစ်ပါးက လျှောက်လှမ်းနေလေသည်။ ထိုဘုန်းကြီးအို၏ လက်အတွင်းတွင် ဗုဒ္ဓကျိုင်းတံတစ်ခုကိုကိုင်ဆောင်ထားပြီး အေးစက်စက်ဖြင့်မှောင်မိုက်သော အော်ရာတစ်ခုကိုထုတ်လွှက်ထားသည်။

ဘုန်းကြီးအိုကြီးက လူအုပ်ကြီး၏ရှေ့သို့ ရောက်ရှိလာခဲ့ပြီးရုတ်တရက်သူ၏ဦးခေါင်းကိုမော့လိုက်သည်။

သူ၏မျက်နှာတစ်ခြမ်းမှ အမူအယာသည် အေးစက်တင်းမာနေပေ၏။

သူ၏တစ်ခြားမျက်နှာတစ်ဖက်ခြမ်းကမူ အသွေးအသားများဖြင့်ရှုပ်ပွနေလေသည်။

(စာကြွင်း....ဗုဒ္ဓကျိုင်းတံ=ဘုန်းကြီးများကိုင်သောတုတ်)

Chapter 117

"ဒီနေရာက မဖြိုခွဲနိုင်တဲ့ငရဲလို့ ကျော်ကြားနေတဲ့ မဟာငရဲလောကဘုံပဲ...ဒါကို မြေအောက်လောကဘုံလို့လည်း လူသိများတယ်"

ခန်းမတစ်ခုလုံးအတွင်းတွင် ဗုဒ္ဓဂါထာတော်များ၏တေးသံများနှင့်ထူးခြားဆန်းကြယ်သောအသံများက ပဲ့တင်ထပ်ပျံ့လွင့်နေပြီး လူတိုင်း၏နားများအတွင်းတွင် မြည်ဟီးနေလေသည်။

ဘုန်းကြီးအို၏မျက်နှာတစ်ခြမ်းသည် တစ်စုံတစ်ခု၏အကိုက်ခံထားရပုံပေါ်နေပြီး အရိုးများပင်ပေါ်နေလေရာ ထိတ်လန့်ဖွယ်ရုပ်သွင်ကြီးဖြစိနေပေ၏။

သူ၏သင်္ကန်းဝတ်ရုံသည် ဟောင်းနွမ်းနေပြီဖြစ်ပြီး ဝတ်ရုံတစ်ထည်လုံးကို ဖုန်မှုန့်များကဖုံးလွှမ်းထားသည်။ နတ်ဆိုးစိတ်ဝိညာဉ်များသည် ဘုန်းကြီးအိုကိုမြင်ချိန်တွင် သူတို့အားလုံးက အရိုအသေပြုသည့်အနေဖြင့် ဒူးထောက်လိုက်ကြသည်။

ခန်းမအတွင်းရှိ လေထုသည်လည်းမငြိမ်မသက်ဖြစ်နေသည်။ ထိုလေထုက ပိုပြီးမှုန်မှိုင်းလာကာ ထိတ်လန့်တုန်လှုပ်ဖွယ် အခြေအနေသို့ ပြောင်းလဲလာခြင်းဖြစ်သည်။

ယခုအချိန်တွင် ရူးသွပ်မိုက်မဲနေသောလူတစ်ယောက်ပင်လျှင် ဤဘုန်းကြီးအိုသည် သာမာန်ဘုန်းကြီးတစ်ပါးမဟုတ်သည်ကို သိရှိနိုင်ပေမည်။

သူသည် သင်္ကန်းဝတ်ရုံကိုဝတ်ဆင်ပြီး ဗုဒ္ဓဂါထာတော်များကိုရွတ်ဖတ်နေသော်လည်း ဤဘုန်းကြီးအိုသည် သရဲတစ္စေတစ်ယောက်သာဖြစ်မည်မှာ သိသာထင်ရှားနေသည်။

"သူတို့လာနေကြပြီ...အားလုံးပဲ အာရုံစူးစိုက်ကြ"

လူငယ်ကျင့်ကြံသူများသည် သူတို့၏မှော်ရတနာပစ္စည်းများကို ဆွဲထုတ်ပြီး ခုခံကာကွယ်နိုင်ရန် ပြင်ဆင်လိုက်ကြသည်။

လုယွီက ထောင်ကြပ်တစ်ယောက်၏အရိုးစုအစွန်နားတွင် မတ်တတ်ရပ်နေပြီး သူ၏မျက်လုံးများအတွင်းတွင်မူ အလေးအနက်ထားနေမှုများ ပေါ်လွင်နေပေ၏။

"ခရက္..."

ရုတ်တရက် ဘုန်းကြီးက ရှေ့သို့ ခြေလှမ်းလှမ်းလိုက်ရာ သူ၏အရှေ့ရှိ ထောင်ကြပ်၏အရိုးစု ကျိုးပဲ့သွားလေသည်။

'ဘန်း'ဟူသော အသံကြီးနှင့်အတူ ထိုအရိုးစုတစ်ခုလုံး ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားသည်။

ဘုန်းကြီးတစ္ဆေ၏ခြေထောက်က အရိုးမှုန့်များအပေါ်သို့ တတ်နင်းထားရင်း သူက လူအုပ်ကြီးကို ရက်စက်ကြမ်းကြုတ်သောအသွင်ဖြင့် စိုက်ကြည့်နေပေသည်။

"မကောင်းတော့ဘူး...သူ လာနေပြီ"

တစ်စုံတစ်ယောက်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

ချက်ချင်းဆိုသလိုပင် လူတိုင်းက တုန့်ပြန်သည့်အနေဖြင့် သူတို့၏မှော်ရတနာလက်နက်များဖြင့် ဘုန်းကြီးတစ္ဆေကိုချိန်ရွယ်လိုက်ကြသည်။

ကျင့်ကြံသူတစ်ယောက်က အဆောင်ငါးခုကို ထုတ်ယူပြီး သူ၏လက်ချောင်းများကို လှုပ်ခတ်လိုက်ရာ ရုတ်တရက် မီးတောက်များ ထွက်ပေါ်လာခဲ့သည်။

ထိုကျင့်ကြံသူက ထွက်ပေါ်လာသည့် မီးတောက်ငါးခုကို ဘုန်းကြီးတစ္ဆေထံသို့ညွှန်ပြလိုက်ရာ မီးတောက်များက သူထံသို့တိုးဝင်သွားကြသည်။

"ဖုန်း...ဖုန်း....ဖုန်း"

မီးတောက်များက ဘုန်းကြီးတစ္ဆေပေါ်သို့ ကျရောက်သွားသည့်အချိန်တွင် ချက်ချင်းဆိုသလိုပင် မီးတောက်များမှပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့သည်။

သို့ရာတွင် ထိုအသံကမသဲမကွဲဖြင့် ခပ်အုပ်အုပ်သာ ဖြစ်ပေါ်သွားသည်။ ထိုအဆောင်များမှ မီးပွားအနည်းငယ်သာထွက်ပေါ်လာပြီး ကြာရှည်ခံခြင်းမရှိဘဲ မီးငြိမ်းသွားတော့သည်။

"အိုး...ဘုရားသခင်....ငါရဲ့အဆောင်က သူရဲ့အပေါ်ယံကိုတောင် ထိခိုက်မှုမဖြစ်စေပါလား"

အဆောင်ပစ်လွှက်လိုက်သည့်ကျင့်ကြံသူက အံ့အားသင့်တုန်လှုပ်သွားပြီး နောက်သို့ကမန်းကတန်းဆုက်လိုက်သည်။

သို့ရာတွင် ဘုန်းကြီးတစ္ဆေက လူသားရနံ့ကိုအနံ့ခံမိသွားပုံရပြီး ပို၍ဒေါသူပုန်ထလာခဲ့သည်။

သူ၏ခန္ဓာကိုယ်မှ ထိတ်လန့်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒများထွက်ပေါ်လာပြီး လေထုအတွင်းသို့ လွှင့်တင်လိုက်သည်။ ဘုန်းကြီးတစ္ဆေ၏ မြေပြင်ပေါ်တွင်လျှောက်နေသည့် ခြေလှမ်းသံကလည်း ပဲ့တင်ထပ်ကြားနေရနိုင်သည်။

ကျင့်ကြံသူများအားလုံးသည် လက်ထဲရှိမှော်ရတနာများကို ပစ်လွှက်လိုက်ကြပြီး သူတို့၏ စွမ်းအားအကောင်းဆုံး အကာအကွယ်မှော်ပညာရပ်များကို အလျှင်စလိုအသုံးပြုလိုက်ကြသည်။

ဘုန်းကြီးတစ္ဆေက ထိုအစွမ်းထက်မှော်ပညာရပ်များကို ဂရုစိုက်ပုံမရပေ။ ထိုအရာများ မတည်ရှိနေသကဲ့သို့သာ သူက အေးဆေးတည်ငြိမ်နေသည်။

ဘုန်း....

ဘုန်းကြီးတစ္ဆေက အားပြင်းသည့် လက်သီးချက်တစ်ချက် ထုနှက်လိုက်ရာ အကာအကွယ်မှော်အတားအဆီးနှင့် ပြင်းပြင်းထန်ထန်ဆောင့်မိသွားသည်။

ဘုန်း ဟူသောမြည်သံကြီးနှင့်အတူ မှော်အကာအကွယ်၏မျက်နှာပြင်ပေါ်၌ မြောက်များစွာသည့်အက်ကွဲကြောင်းကြီးများ ထွက်ပေါ်လာခဲ့သည်။ ထိုအက်ကွဲကြောင်းများက တစတစပျံ့နှံ့လာပြီး နောက်ဆုံး၌ ပေါက်ကွဲသွားခဲ့သည်။

ဖူး....ဖူး...

လူငယ်ကျင့်ကြံသူတော်တော်များများထံမှ သွေးများအန်ထွက်လာကြသည်။ သူတို့က ပြင်းထန်သောဖိအားဆအာက်တွင် စွမ်းအားအပြည့်သုံးစွဲနိုင်မှုလည်း ကင်းမဲ့နေခဲ့သည်။

ဘုန်းကြီးတစ္ဆေက ရုတ်တရက် လူအုပ်အတွင်းသို့ တရကြမ်းတိုးဝင်လိုက်သည်။ သူက လူတစ်ယောက်၏ခေါင်းကို ဖမ်းဆွဲမိရာတွင် သူ၏လက်ဖြင့် ကြိတ်ချေလိုက်လေ၏။

ဖုန်း...

ထိုကျင့်ကြံသူ၏ဦးခေါင်းသည် ကျယ်လောင်သောအသံကြီးနှင့်အတူ ပေါက်ကွဲသွားပြီး သူ၏ခန္ဓာကိုယ်က မတ်မတ်ရပ်ကျန်နေဆဲဖြစ်သည်။ ထိုခေါင်းမပါသောခန္ဓာကိုယ်ကြီးက ယိုင်တိယိုင်တိုင်ဖြစ်သွားပြီးမှသာလျှင် မြေပြင်ပေါ်သို့ ပြိုလဲကျသွားသည်။

ဤကြောက်မက်ဖွယ်မြင်ကွင်းကို လူတိုင်းမြင်လိုက်ရပေ၏။

ထိုအချိန်မှာပင် ဘုန်းကြီးတစ္ဆေက လွှားခနဲတစ်ချက်ခုန်ပြီး လုံရွှင်း၏ရှေ့သို့ရောက်ရှိလာခဲ့သည်။

လုံရွှင်း၏မျက်နှာ ဖြူ ဖတ်ဖြူ ရော် ဖြစ်လာခဲ့သည်။ သူ၏ယခင်က တည်ငြိမ်အေးဆေးသောအမူအယာများလည်း ပျောက်ဆုံးသွားခဲ့လေသည်။ သူက ဘုန်းကြီးတစ္ဆေချဉ်းကပ်လာသည်ကိုမြင်ချိန်တွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ်တုန်ရီနေခဲ့သည်။

ရုတ်တရက် လုံရွှင်းက သူ၏နံဘေးရှိ ဒြပ်စင်ငါးပါးဂိုဏ်းမှကျင့်ကြံသူတစ်ယောက်ကို ဖမ်းဆွဲလိုက်ပြီး သူကိုသူကာကွယ်နိုင်ရန် ထိုကျင့်ကြံသူအား သူ၏အရှေ့တွင်ထားလိုက်သည်။

ဘန်း....

ဒြပ်စင်ငါးပါးဂိုဏ်းမှကျင့်ကြံသူသည် ဘုန်းကြီးတစ္ဆေ၏လက်များကြောင့် ချက်ချင်းပင်အစိတ်စိတ်အမွှာမွှာဖြစ်သွားခဲ့သည်။ သွေးများက နေရာအနှံလွင့်စင်ထွက်နေပြီး ထိုကျင့်ကြံသူ၏ခန္ဓာကိုယ်သည် ဆိုးဆိုးရွားရွားပင် ရုပ်ပျက်ဆင်းပျက်ဖြင့်သေဆုံးရပေသည်။

ဒြပ်စင်ငါးပါးဂိုဏ်းမှတစ်ပည့်များက ဒေါသတကြီးဖြင့် လုံရွှင်းကို အော်ဟစ်လိုက်ကြသည်။

"ကွေ့ဟွမ်ဂိုဏ်းကကောင်....မင်း သေပြီသာမှတ်တော့"

လုံရွှင်းက သူတ်ု့အားလုံးကို ဂရုစိုက်ခြင်းမရှိဘဲ သူကတုန့်ပြန်အော်ဟစ်လိုက်သည်။

"မင်းတို့အားလုံး သေကြ...ကွေ့ဟွမ်ဂိုဏ်းသားတွေ ငါနဲ့အတူတိုက်ခိုက်ကြ..."

Chapter 118

လုံရွှင်းက စကားပြောဆိုပြီးသည်နှင့် ကွေ့ဟွမ်ဂိုဏ်းမှ ကျင့်ကြံသူများကိုခေါ်ဆောင်၍ ထွက်ပြေးလေသည်။

နတ်ဆိုးစိတ်ဝိညာဉ်များက လူအုပ်စုအပေါ်သို့ ခုန်အုပ်နေချိန်ဖြစ်ပေရာ ဘေးစွန်းတစ်နေရာတွင်နေရာလွတ်တစ်ခုဖြစ်ပေါ်သွားပြီး ကွေ့ဟွမ်ဂိုဏ်းမှလူအုပ်စု ထွက်ခွာသွားနိုင်ရန် လမ်းကြောင်းပွင့်သွားခဲ့သည်။

ထိုအချိန်တွင် ပတ်ဝန်းကျင်နေရာတစ်ခုလုံး ဖရိုဖရဲဖြစ်နေပေ၏။ ထောင်ကြပ်များ၏အရိုးစုများမှ အဟန့်အတားမရှိတော့သဖြင့် နတ်ဆိုးစိတ်ဝိညာဉ်များက တရကြမ်းတိုးဝင်လာကြသည်။

ထိတ်လန့်တကြားအော်ဟစ်သံများမှာလည်း တစ်ကြိမ်ကြီးတစ်ကြိမ် ကြားနေရပေသည်။ ကျင့်ကြံသူများ၏မှော်လက်နက်များသည်လည်း ဤနေရာ၌ အသုံးမဝင်သလောတ်နီးပါးဖြစ်နေခဲ့သည်။

"ကွေ့ဟွမ်ဂိုဏ်းက ခွေးသူခိုးတွေ....ငါ မင်းတို့ကိုဘယ်တော့မှ အခဲမကျေဘူးကွ"

ဒြပ်စင်ငါးပါးဂိုဏ်းမှ ကျင့်ကြံသူများက အသံကုန်အော်ဟစ်လိုက်ကြသည်။

ပတ်ဝန်းကျင်တစ်ခုလုံးက ရှုပ်ထွေးနေဆဲဖြစ်သည်။ ယခုမခြေအနေသည် ကောင်းမွန်ခြင်းမရှိသည်ကိုကြည့်ပြီး ဖက်တီးကျန်းက လုယွီ၏အနားသို့ အလျှင်စလိုပြေးလာခဲ့သည်။

"ညီလေး.....သူ့ကို ရင်ဆိုင်နိုင်မယ့် နည်းလမ်းရှိလား"

လုယွီက မျက်မှောင်ကြုပ်ထားလေ၏။ သူ၏မူလကအစီအစဉ်မှာ ဤနေရာသို့ဘုန်းကြီးတစ္ဆေရောက်ရှိမလာခင် ထွက်ခွာသွားရန်ဖြစ်သည်။

သို့ရာတွင် ယခုလက်ရှိဖြစ်ပျက်နေပုံများအရ သူထွက်ခွာသွားရန် နောက်ကျသွားပြီဖြစ်ပေ၏။

ထိုအချိန်မှာပင် ဒြပ်စင်ငါးပါးဂိုဏ်းရှိလူငယ်ခေါင်းဆောင်တစ်ယောက်က ရုတ်တရက် မန္တန်တစ်ပုဒ်ကိုရွတ်ဖတ်လိုရာ သူ၏ပတ်ဝန်းကျင်တွင် အဖြူ ရောင်အလင်းတန်းများ ထွက်ပေါ်လာလေ၏။

ထို့နောက် သူ၏ဘေးပတ်လည်တွင် ဝိုးတဝါးစွမ်းအင်စီးကြောင်းငါးခုက တဖြည်းဖြည်းခြင်းလှည့်ပတ်နေပြီး နောက်ဆုံး၌ တစ်နေရာထဲတွင် ပေါင်းစည်းလာခဲ့သည်။ အဆုံးသတ်တွင် ထိုစွမ်းအင်စီးကြောင်းငါးခုမှ အစွမ်းထက်သော လင်းရောင်ခြည်တန်းများ ထုတ်လွှတ်ထားပြီး ဘုန်းကြီးတစ္ဆေ၏ရှေ့သို့ ကျဆင်းသွားလေသည်။

"ချုပ်နှောင်စမ်း"

ထိုကျင့်ကြံသူက အော်ဟစ်လိုက်သည်နှင် လင်းရောင်ခြည်တန်းငါးခုက သံကြိုးကြီးများသဖွယ်ဖြစ်ပေါ်လာပြီး ဘုန်းကြီးတစ္ဆေအား ချည်နှောင်နေကြသည်။

ဘုန်းကြီးတစ္ဆေကိုကြည့်ရသည်မှာ ထိုသံကြိုးက သူ၏စွမ်းအင်များကို ဖိနှိပ်ထားနိုင်ပုံရပြီး အမှန်တစ်ကယ်ကိုပင် လှုပ်ရှားမှုမရှိတော့ဘဲ ရပ်တန့်နေခဲ့သည်။

"အကြီးဆုံး စီနီယာအကိုကြီး....မင်းက အရမ်းတော်တာပဲ"

တစ်ခြားကျင့်ကြံသူများက အပျော်လွန်သွားကြပြီး ထိုသူကို ဝိုင်းဝန်းချီးမွမ်းလိုက်ကြသည်။

ထိုကျင့်ကြံသူက သူ၏နဖူးမှချွေးများကို သုတ်နေရင်းမှ အပြုံးဖြင့်ပြောဆိုလိုက်လေ၏။

"ကံကောင်းထောက်မစွာနဲ့ ငါ ဒီနေရာကို ထွက်မလာခင်မှာ ဆရာသခင်က ငါကို အသက်ကယ်အဆောင်တစ်ခုပေးခဲ့တယ်...အခု ငါက အဲ့ဒီအဆောင်ကိုအသုံးပြုလိုက်တာပဲ"

အစွမ်းထက်ဆုံးဘုန်းကြီးတစ္ဆေ ချောင်ပိတ်မိနေသည်ကိုကြည့်ရင်း သူတို့က ထပ်မံ၍အချိန်မဆွဲဝံ့ကြတော့ပေ။

"ဒီ နေရာမှာ လှိုဏ်ခေါင်းတွေအများကြီးရှိတယ်....ငါတို့ ဘယ်တစ်ခုကိုရွေးချယ်ပြီး ထွက်ခွာကြမလဲ"

ကျင့်ကြံသူတစ်ယောက်က ကသုတ်ကရက်ဖြင့် မေးမြန်းလိုက်သည်။

တစ်ခြားနတ်ဆိုးစိတ်ဝိညာဉ်များသည်လည်း ကျင့်ကြံသူများ၏နည်းစနစ်များကြောင့် နှောင့်နှေးနေကြသော်လည်း ထိုအရာက ယာယီအနေအထားသာဖြစ်သည်။ အချိန်အနည်းငယ်ကြာလာလျှင် နတ်ဆိုးစိတ်ဝိညာဉ်များက အားကောင်းလာကြမည်ဖြစ်လေ၏။

ယခုနေရာ၌ ဘက်ပေါင်းစုံကိုဦးတည်နေသော လှိုက်ခေါင်းများစွာ ရှိပေသည်။

"တစ်ကယ်လို့ မင်းတို့ ငါကိုယုံကြည်ကြတယ်ဆိုရင်တော့ ငါနဲ့အတူထွက်ခွာကြမယ်"

လုယွီ စကားပြောလိုက်စဉ်တွင် သူ၏ပတ်ဝန်းကျင်ရှိလူအားလုံး၏ အာရုံစူးစိုက်ခြင်းကိုခံလိုက်ရသည်။

တစ်ခြားကျင့်ကြံသူများက လုယွီကိုစိုက်ကြည့်နေကြသည်၏ယခုအချိန်တွင် သူတို့သည် နတ်ဆိုးစိတ်ဝိညာဉ်မျုားဖြင့် ရင်ဆိုင်တိုက်ခိုက်နေရသော်လည်း ခေါင်းမာစွာဖြင့် လုယွီကို လျစ်လျှူ ရှုနေကြဆဲဖြစ်သည်။

ကျင့်ကြံသူများ၏အတွေးများအတွင်းတွငိ လုယွီကဲ့သို့ ရှီထျန်းနယ်ပယ်သေမျိုးတစ်ယောက်က မည်သို့မျှလွတ်မြောက်စေရန်လုပ်ဆောင်ပေးနိုင်စွမ်းမရှိလောတ်ဟု ယူဆထားကြသည်။

"မကောင်းတော့ဘူး.....ငါတိုာ ကြာကြာထိန်းမထားနိုင်လောတ်တော့ဘူး"

ထိုအချိန်မှာပင် တစ်စုံတစ်ယောက်က အော်ဟစ်လိုက်လေ၏။

ရက်စက်ကြမ်းကြုတ်သော နတ်ဆိုးစိတ်ဝိညာဉ်များသည် ကျင့်ကြံသူများပြုလုပ်ထားသည့် အတားအဆီးကိုကျော်ဖြတ်၍ တဖြည်းဖြည်းဖြင့် သူတို့အနီးသို့ ရောက်ရှိလုနီးပြီဖြစ်ကြောင်းကို တွေ့ရှိလိုက်ရသည်။

ယခုအခြေအနေသည် အလွန်အမင်းစိုးရိမ်ဖွယ်အခြေအနေသို့ ရောက်ရှိလာခဲ့သည်။

"မင်း ဘယ်နေရာကိုသွားရမယ်ဆိုတာသိလား"

ကျင့်ကြံသူတစ်ယောက်က အထိတ်ထိတ်အလန့်လန့်ဖြင့် အော်ဟစ်လိုက်သည်။

လုယွီက အေးတိအေးစက်ဖြင့် ပြန်လည်ဖြေကြားလိုက်လေသည်။

"တစ်ကယ်လို့ မင်းတို့နောက်ထပ် အချိန်ဆွဲနေဦးမယ်ဆိုရင်....အဲ့ဒီဘုန်းကြီးတစ္ဆေက လွတ်မြောက်လာတော့မှာ"

ဘာ....

လူတိုင်းအား သတိပေးလိုက်သလိုဖြစ်သွားပြီး ဘုန်းကြီးတစ္ဆေအား မြန်မြန်ဆန်ဆန်ကြည့်လိုက်ကြသည်။ ဘုန်းကြီးတစ္ဆေအားချုပ်နှောင်ထားသည့် သံကြိုးကြီးများပေါ်တွင် မြောက်များစွာသည့်အက်ကွဲကြောင်းကြီးများ ဖြစ်ပေါ်နေသည်ကို တွေ့မြင်ရလေသည်။

ထိုအက်ကွဲကြောင်းများသည် စတင်၍ပျံ့နှံ့နေပြီဖြစ်ပြီး အချိန်အနည်းငယ်ကြာလျှင် မှော်သံကြိုးကြီးများ ကျိုးပဲ့ပျက်စီးသွားမည်သာ ဖြစ်ပေ၏။

"သွားမယ်....မြန်မြန်သွားကြစို့"

ဖက်တီးကျန်းက တုံ့ဆိုင်းနေခြင်းမရှိတော့ဘဲ သူက အော်ဟစ်လိုက်သည်။

"မင်းတို့အားလုံး ရူးနေကြပြီလား....မြန်မြန်ပြေးကြဟ"

ဖက်တီးကျန်းက နျူ နျူ ကို သူ၏နောက်ကျောတွင် ကျောပိုးထားလိုက်သည်။ မည်သည့်တုံ့ဆိုင်းမှုမှမရှိတော့ဘဲ လုယွီက သူ၏နဖူးကိုထိတွေ့ပြီး တာအိုသခင်၏အစွမ်းထက်သော စိတ်ဝိညာဉ်အော်ရာကို ထုတ်ဖော်လိုက်သည်။

ဘုန်း

လုယွီတို့လူစု၏ ပတ်ဝန်းကျင်နေရာတစ်ခုလုံးမှ နတ်ဆိုးစိတ်ဝိညာဉ်များအားလုံး ရုတ်တရပ် ရပ်တန့်သွားကြပြီး နေရာမှာပင်ငြိမ်သက်နေကြသည်။

လူတိုင်းက အံ့အားသင့်ကုန်ကြ၏။ မည်သည့်ကိစ္စ ဖြစ်ပျက်သွားသနည်း။

"မင်းတို့ဘာလို့ အဲ့ဒီနေရာမှာ မတ်တတ်ရပ်နေကြတာလဲ....ပြေးကြ"

ဖက်တီးကျန်းက ချက်ချင်းဆိုသလိုပင် လုယွီ၏နောက်သို့ အပြေးအလွှားလိုက်ပါသွားခဲ့သည်။

ကျန်ရှိနေသည့်ကျင့်ကြံသူများကလည်း တစ်ယောက်ပြီးတစ်ယောက် ဆတ်ခနဲလှုပ်ရှားလာပြီး ဖက်တီးကျန်း၏နောက်သို့ ပြေးလိုက်သွားကြသည်။

ယခုအချိန်တွင် အရူးတစ်ယောက်ကသာလျှင် မပြေးမလွှား နေပေလိမ့်မည်။

လုယွီက လမ်းကြောင်းများကိုဝေဖန်ခွဲခြားနေပြီး တခဏအကြာမှာပင် သူ ဦးတည်ရမည့်နေရာကို သိရှိသွားခဲ့သည်။

"ငါတို့က လှိုက်ခေါင်းရဲ့အနက်ပိုင်းကို သွားနေတာမဟုတ်ဘူးလား"

ကျင့်ကြံသူတစ်ယောက်က တအံတသြ ရေရွတ်လိုက်လေ၏။

ကျန်ရှိသည့် ကျင့်ကြံသူများကလည်း စိုးရိမ်တကြီးဖြစ်လာကြသည်။ မူလအစက သူတို့သည် ပြင်ပသို့ထွက်ခွာချင်နေသော်လည်း ယခုချိန်တွင် လှိုဏ်ခေါင်း၏အနက်ရှိုင်းဆုံးအပိုင်းသို့ ရောက်ရှိနေသည်မှာ သိသာထင်ရှားပေသည်။

ထိုအချိန်မှာပင်.....

ဘုန်း

ဘုန်းကြီးတစ္ဆေကို ချုပ်နှောင်ထားသည့် သံကြိုးကြီးများပြတ်တောက်သွားသည့်အသံက လူအုပ်ကြီး၏နောက်မှ ထွက်ပေါ်လာတော့သည်။

Chapter 119

"ဘုန်းကြီးတစ္ဆေ လွတ်မြောက်သွားပြီ"

ကျင့်ကြံသူတစ်ယောက်က သူ၏ခေါင်းကို အနောက်သို့လှည့်ကြည့်ရင်းမှ ထိတ်လန့်တကြားပြောဆိုလိုက်သည်။

လူတိုင်း တုန်ရီနေကြပြီး ချက်ချင်းဆိုသလိုပင် တရကြမ်းထွက်ပြေးကြလေသည်။

လုယွီက လမ်းကိုဦးဆောင်၍သွားနေစဉ်တွင် သူ၏အနီးအနားရှိနတ်ဆိုးစိတ်ဝိညာဉ်များသည် တာအိုသခင်စိတ်ဝိညာဉ်၏ ဖိအားပေးထားခြင်းကို ပြင်းပြင်းထန်ထန်ခံစားနေရသည်။

သို့ရာတွင် ထိုအခြင်းအရာက ယာယီအခိုက်အတန့်သာဖြစ်ပေ၏။

လုယွီ၏နဖူးပေါ်မှ ချွေးများကလည်း အဆက်မပြတ်စီးကျနေခဲ့သည်။

"ကြည့်ရတာတော့ ငါရဲ့ကျင့်ကြံမှုနယ်ပယ်ကိုမြှင့်တင်ဖို့ အချိန်ကျနေပြီထင်တယ်"

သူ၏လက်ရှိ ကျင့်ကြံမှုနယ်ပယ်အဆင့်ဖြင့် တာအိုသခင်၏စိတ်ဝိညာဉ်အော်ရာကို အချိန်အတော်ကြာဖော်ထုတ်ထားခြင်းသည် အလွန်ပင်စိတ်ဖိစီးမှုများပြားစေသည်။

လုယွီတို့လူစုက ရှေ့သို့ဆတ်၍လျှောက်လှမ်းခဲ့ရာတွင် ကြီးမားသောတံခါးကြီးတစ်ချပ်ရှေ့သို့ ရောက်ရှိလာခဲ့သည်။

ထိုတံခါးကြီး၏ထိပ်တွင် မရေမတွက်နိုင်သောရုပ်ထုများကို ထွင်းထုထားလေသည်။ ရုပ်ပုံအားလုံးသည် နတ်ဆိုးတစ္ဆေအစောင့်အရှောက်များ၏ အစွယ်များဖြဲပြီး ခြေစွယ်လက်စွယ်များဝှေ့ယမ်းနေကြပုံများ ဖြစ်ပေ၏။

လုယွီက ဤနေရာတွင် မည်သို့ရှေ့ဆက်သွားရမည်ကို သိရှိနေသဖြင့် တံခါးမှအုတ်ချပ်အနည်းငယ်ကို တို့ထိလိုက်ရာ တံခါးကြီးကတဖြည်းဖြည်းပွင့်လာခဲ့သည်။

ွွ

"ဘာ...."

တစ်ခြားလူငယ်ကျင့်ကြံသူများသည် လုယွီက ဤနေရာအကြောင်းကို အမှန်တစ်ကယ်ကို ကောင်းစွာသိရှိနေမညာဟု သူတို့ထင်မထားသောကြောင့် အံ့အားသင့်သွားကြသည်။

"မင်းတို့က ဘာကိုစောင့်နေကြတာလဲ....မြန်မြန်အထဲဝင်ကြ"

ဖက်တီးကျန်း၏ အသံကုန်အော်ဟစ်သံကြီး ကြားရသည့်အချိန်မှပင် လူတိုင်းက သူတို့၏အသိစိတ်များပြန်ဝင်လာလေ၏။

လူတိုင်း အလျှင်စလိုဖြင့် တံခါးကိုဖြတ်၍ဝင်နေချိန်တွင် လုယွီက နောက်သို့ပြန်လှည့်၍ တံခါးအားပိတ်ရန် စီစဉ်နေသည်။

သို့ရာတွင် မီးပွင့်တစ်ပွင့်ထွက်လာရန် မီးခတ်ကျောက်တစ်ခတ်ခြစ်စာမျှအချိန်တွင် အနက်ရောင်အရိပ်တစ်ခုမှ ပြင်ပမှပျံဝဲ၍ ရောက်ရှိလာပြီး ကျင့်ကြံသူတစ်ယောက်ကို ဖမ်းဆွဲလိုက်သည်။

ထိုပုံရိပ်က ဘုန်းကြီးတစ္ဆေပင် ဖြစ်လေ၏။

ဘုန်းကြီးတစ္ဆေက ရောက်ရှိလာသည်နှင့် ကျင့်ကြံသူတစ်ယောက်၏အဝတ်အစားများကို ဖမ်းဆွဲမိသွားသည်။ ဘုန်းကြီးတစ္ဆေက ထိုကျင့်ကြံသူအားရုတ်ခနဲ ဆောင့်ဆွဲပြီး အခန်းအပြင်သို့တရွတ်တိုက်ဆွဲထုတ်သွားလေသည်။

"ငါ့ကိုကယ္ပါ....ငါ့ကိုကယ္ပါ"

ထိုကျင့်ကြံသူက ကြောက်စိတ်မွှန်ပြီး ကျယ်လောင်စွာအော်ဟစ်နေပေသည်။

လုယွီက ထိုအဖြစ်အပျက်ကိုမြင်ချိန်တွင် သူက ရုတ်တရက် ကျင့်ကြံသူ၏နံဘေးသို့ ခုန်လိုက်သည်။ သူက နံရံ၏ထောင့်တစ်ထောင့်မှ ဆေဘာဓားရှည်တစ်ချောင်းကို ဆွဲထုတ်ပြီး ဘုန်းကြီးတစ္ဆေ၏လက်မောင်းကို ထိုးစိုက်လိုက်လေသည်။

"ခြၽမ္...."

ဘုန်းကြီးတစ္ဆေ၏လက်မောင်းကို ထိုးဖောက်သွားသော ချွန်ထက်သည့်ဓားက မည်သူမျှမမျှော်လင့်ထားမိဘဲ သတ္ထုအချင်းချင်းထိခတ်သံပေါ်ထွက်လာသည်။

သို့ရာတွင် ဘုန်းကြီးတစ္ဆေ၏ကျင့်ကြံသူကို ဆွဲထားသည့်လက်သည် အနည်းငယ်ပြေလျော့သွားသဖြင့် လုယွီက သူကိုအခန်းအတွင်းသို့ဆွဲသွင်းပြီး အလျှင်အမြန်တံခါးကိုပိတ်လိုက်သည်။

လုယွီ၏လှုပ်ရှားမှုများသည် အဆင်ပြေချောမွတ်နေပြီး မည်သည့်တုံ့ဆိုင်းနေခြင်းမျှမရှိပေ။

ဒေါက်....ဒေါက်....ဒေါက်...

တံခါး၏အပြင်ဘက်မှနေ၍ တံခါးခေါက်သံများထွက်ပေါ်လာသဖြင့် အခန်းအတွင်းရှိကျင့်ကြံသူများအားလုံး နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ကြသည်။ ကံကောင်းထောက်မစွာဖြင့် တံခါးသည်အလွန်ခိုင်ခံသောကြောင့် မည်သည့်ပြဿ နာမှ ဖြစ်ပေါ်လာခြင်းမရှိချေ။

"အကြီးဆုံး စီနီယာအကိုကြီး...မင်း အဆင်ပြေရဲ့လား"

လူငယ်ကျင့်ကြံသူအုပ်စုက လုယွီကယ်တင်လာခဲ့သောကျင့်ကြံသူထံ အပြေးအလွှားရောက်ရှိလာကြသည်။ အချိန်အနည်းငယ်အကြာမှသာလျှင် ထိုကျင့်ကြံသူက အသိစိတ်ပြန်ဝင်လာခဲ့သည်။

"တာအိုရောင်းရင်း....မင်းရဲ့အကူအညီအတွက် ကျေးဇူးအများကြီးတင်ပါတယ်....ငါက ဒြပ်စင်ငါးပါးဂိုဏ်းက ဖန့်ကျွင်းပါ"

ဖန့်ကျွင်းက သူ၏အဝတ်အစားများမှ ဖုန်မှုန့်များကိုပုတ်ချနေရင်းမှ လုယွီကို တလေးတစားပြောကြားလိုက်သည်။

လုယွီက သူ၏လက်ကိုသာဝှေ့ယမ်းပြလိုက်ပြီး ဘေးပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်ရှုနေခဲ့သည်။ ယခုနေရာသည် အကျဉ်းထောင်ခန်းမ၏ပထမထပ်ဖြစ်လေ၏။ လုယွီ၏မှတ်ဉာဏ်းများအတွင်းမှ ဤနေရာသည် အမှုအခင်းများကို ကြားနာစီရင်ရသည့်နေရာဖြစ်သည်။

သို့ရာတွင် ယခုမူကား ကြီးမားသည့်အကျဉ်းထောင်ခန်းမတစ်ခုလုံး အပြောင်းလဲကြီးပြောင်းလဲကုန်ပေ၏။

"ရှန်းလင်းလုံက ဒီနေရာမှာရှိတဲ့ နေရာတစ်ချို့ကိုဖျက်ဆီးပစ်ခဲ့တယ်...ဒါပေမယ့် ကံကောင်းချင်တော့ ရှေးဟောင်းအကျဉ်းထောင်ခန်းမက အကောင်းပကတိကျန်ရှိနေတုန်းပဲ"

လုယွီက လေးလံသောသက်ပြင်းတစ်ချက်ချမိလေသည်။

သူက စားပွဲတစ်လုံးပေါ်၌ထိုင်ပြီး ထိုစားပွဲပေါ်ရှိ သေခြင်းရှင်ခြင်းမှတ်တမ်းစာအုပ်ကို ဖွင့်လှစ်လိုက်သည်။

ထိုမှတ်တမ်းစာအုပ်သည် မြေအောက်လောကဘုံ၏ ပြိုင်ဘက်ကင်းရတနာတစ်ခုဖြစ်ပြီး မည်သည့်လူစိမ်းမျှ အသုံးပြု၍မရနိုင်ပေ။ သို့ရာတွင် လုယွီအတွက်မူ ဤအရာသည် သူ၏ကျင့်ကြံမှုအဆင့်ကိုမြှင့်တင်ပေးနိုင်သည့် ရတနာတစ်ပါးဖြစ်သည်။

"ညီလေး...မင်း ဘာတွေလုပ်နေတာလဲ"

ဖက်တီးကျန်းက လုယွီအား သံသယအပြည့်ဖြင့် မေးမြန်းလိုက်သည်။

လုယွီက သူ၏မျက်လုံးများကိုဖွင့်၍ လူတိုင်းအားကြည့်လိုက်လေသည်။

"ဒီနေရာမှာ လှို့ဝှက်ပုန်းကွယ်နေတဲ့ အရာတွေအများကြီးရှိတယ်....မင်းတို့က ဒီနေရာမှာ ကျင့်ကြံပြီးတော့ မင်းတို့ရဲ့ကျင့်ကြံမှုနယ်ပယ်စွမ်းအား ပြန်ရရှိအောင်လုပ်ကြ....တစ်ကယ်လို့ ငါတို့က နောက်ထပ်ဒီလိုအဖြစ်အပျက်မျိုးထပ်မံကြုံတွေ့ရမယ်ဆိုရင် ငါ မင်းတို့ကိုမကယ်တင်လိုက်နိုင်မှာစိုးရိမ်မိတယ်"

ဖန့်ကျင်းက သူ၏လက်များကိုဆုပ်၍ လေးစားသမှုပြုပြီးမှ လုယွီအားတုံ့ပြန်ပြောဆိုလိုက်သည်။

"စိတ်မပူပါနဲ့ တာအိုရောင်းရင်း.....ငါတို့ရဲ့အသက်တွေအကုန်လုံးကို မင်းက ကယ်တင်ခဲ့တာပါ...မင်းစီစဉ်တဲ့အတိုင်း အကုန်ဖြစ်စေရပါမယ်"

ဤခန်းမအတွင်းတွင် မြေအောက်လောကဘုံ၏ ရတနာတစ်ချို့ကို ခင်းကျင်းပြသထားသော်လည်း ဒြပ်စုငါးပါးဂိုဏ်းမှတပည့်များသည် ထိုပစ္စည်းများကိုထိကိုင်၍မရချေ။

လုယွီက ဖက်တီးကျန်းကိုကြည့်၍ လေးနက်တည်ကြည်စွာဖြင့် မှာကြားလိုက်သည်။

"ငါက အခု ငါရဲ့ကျင့်ကြံမှုကို စတင်တော့မယ်....ငါကို ကာကွယ်ပေးပြီး နျူ နျူ ကိုလည်း စောင့်ရှောက်ပေးထားပါ.....ဒီကိစ္စတွေအကုန်လုံးပြီးသွားရင် ငါ မင်းကို ကြက်သွေးရောင်နတ်ဘုရားသစ်သီး ဆယ့်ရှစ်လုံးပေးမယ်"

ဖက်တီးကျန်း၏မျက်လုံးများ လင်းလက်တောက်ပသွားပြီး ချက်ချင်းပင် သူ၏ရင်ဘတ်ကို ပုတ်ပြနေလေသည်။

"ဘာမှစိတ်မပူနဲ့...ညီငယ်လေး ငါဒီမှာစောင့်နေသမျှ မင်းကိုဘယ်သူမှမနှောက်ယှက်စေရဘူး"

နျူ နျူ ကလည်း လေသံတိုးတိုးဖြင့် ဝင်ရောက်ပြောဆိုလိုက်သည်။

"အစ်ကိုကြီး....နျူ နျူ ဘယ်ကိုမှလျှောက်မသွားဘူးနော်"

လုယွီက သူတို့ကို ခေါင်းညိတ်ပြပြီးနောက် သေခြင်းရှင်ခြင်းမှတ်တမ်းအား ဖွင့်လိုက်လေ၏။

"နတ်ဆိုးစိတ်ဝိညာဉ်တွေနဲ့ခြေသလုံးအိမ်တိုင်ဝိညာဉ်တွေအားလုံးက ဒီ သေခြင်းရှင်ခြင်းစာအုပ်ထဲမှာအကုန်ရှိတယ်....မင်းတို့အားလုံးက လွတ်မြောက်သွားတာနဲ့ သွေးဆာပြီး ရက်စက်ယုတ်မာတဲ့လုပ်ရပ်တွေလုပ်နေမှတော့ ငါ့ကိုအပြစ်မတင်နဲ့"

လုယွီ၏မျက်လုံးများက အလေးအနက်ထားနေသည့် အရိပ်အယောင်များထင်ဟပ်လာပြီး သေခြင်းရှင်ခြင်းမှတ်တမ်းပေါ်သို့ သူ၏လက်ကိုဖိလိုက်သည်။

Chapter 120

လုယွီက ရုတ်တရက် လက်ဝါးတစ်ချက်ရိုက်ပုတ်လိုက်ရာ စားပွဲပေါ်ရှိ သေခြင်းရှင်ခြင်းမှတ်တမ်းပေါ်သို့ ကျရောက်သွားခဲ့သည်။

ရုတ်ချည်းဆိုသလိုပင် သေခြင်းရှင်ခြင်းမှတ်တမ်း၏မျက်နှာပြင်ပေါ်မှ အနက်ရောင်အလင်းတန်းများ ဖြာထွက်လာပေ၏။ ထိုအလင်းတန်း၏တောက်ပမှုနှင့်အတူ အနက်ရောင်အခိုးအငွေ့များက လုယွီ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာခဲ့သည်။

"လျန်ကျစ်..သက်တမ်း ၂၆၁နှစ် တာအိုပထမအဆင့်"

"ဖန်းဟောင်ရန် အသက်တစ်နှစ် တာအိုပထမဆင့်"

"စင်ကြယ်ခြင်းနှင့်ခမ်းနားထည်ဝါခြင်း....သက်တမ်း နှစ်ပေါင်း ၂၉၀...တာအိုပထမအဆင့်..."

"--"

သေခြင်းရှင်ခြင်းမှတ်တမ်းအတွင်းတွင် ယခုနေရာ၌ အကျဉ်းချခံထားရသည့် နတ်ဆိုးစိတ်ဝိညာဉ်များအားလုံး၏မွေးဖွားသည့်နေ့စွဲများ၏မှတ်တမ်း ပါဝင်လေသည်။

နတ်ဆိုးစိတ်ဝိညာဉ်တို့၏ သေခြင်းနှင့်ရှင်ခြင်းကိုထိန်းချုပ်ရသည့် တရားသူကြီးတစ်ယောက်သည် သူတို့၏ကျင့်ကြံမှုအဆင့်များကို ဤမှတ်တမ်းစာအုပ်ပေါ်၌ ရေးထိုးထားခဲ့သည်။

"ဒါဆို ဘုန်းကြီးတစ္ဆေက တာအိုပထမဆင့်မှာပဲရှိနေသင့်တယ်...ဖြစ်နိုင်တာတော့ သူက တာအိုဒုတိယအဆင့်ကို တတ်လှမ်းနိုင်ခဲ့တယ်ထင်တယ်...တစ်ကယ်လို့ သူက ဒီထက်ပိုပြီးခွန်အားကောင်းနေရင်.....သူ့စွမ်းအားတွေကို ငါစုပ်ယူတဲ့နေရာမှာ အတော်ခက်ခဲနိုင်တယ်"

လုယွီက သူ၏စိတ်အတွင်းတွင် အရာရာတိုင်းသည် သူ၏ထိန်းချုပ်မှုအောက်တွင် ရှိနေဆဲဖြစ်သည်ကို ရှင်းရှင်းလင်းလင်း သိနားလည်သွားခဲ့သည်။

လုယွီက သူ၏ဒန်တျန်အတွင်းမှ ကျန်းချီများကို စုစည်းလိုက်ရာတွင် ထိုက်ကျိအမှတ်အသားက အစွမ်းထက်သောစုပ်ယူအားနှင့်အတူ ထွက်ပေါ်လာခဲ့သည်။

"မင်း ဘယ်လောက်ထိသွားနိုင်မလဲလို့ ငါကြည့်ဦးမယ်"

လုယွီက တီးတိုးရေရွတ်လိုက်လေ၏။

လုယွီက စတင်၍ ကျင့်ကြံနေခဲ့သည်။ ဤနေရာတွင် ကြုံတွေ့နေရသည့် လုယွီ၏လှုပ်ရှားမှုများသည် လူတိုင်း၏အာရုံကိုဆွဲဆောင်နိုင်ခဲ့သည်။ တစ်ခြားသူများကလည်း ထိုမြင်ကွင်းကို အံ့အားသင့်မှုအပြည့်ဖြင့် ကြည့်ရှုနေကြသည်။ ထိုလုယွီက ယခုလိုနေရာမျိုးတွင် အမှန်တစ်ကယ်ပင် ကျင့်ကြံနေနိုင်သည်ဟု လူတိုင်းကတွေးနေကြလေ၏။

"ဝီ....ဝီ...."

လုယွီ၏ခန္ဓာကိုယ်အတွင်းမှနေ၍ ဆူညံသောအသံများအဆက်မပြတ်ထွက်ပေါ်လာလေသည်။

မီးပန်းတစ်ခုပေါက်ကွဲနေသကဲ့သို့ လုယွီ၏ခန္ဓာကိုယ်မှအရိုးများသည် အဆတ်မပြတ်တဖျစ်ဖျစ်တဖြောတ်ဖြောတ်မြည်နေသည်။

သူ၏ခန္ဓာကိုယ်အတွင်းရှိ မရီးဒါန်းများတွင်လည်း မြောက်များစွာသောကျန်းချီများ ပြည့်နှက်နေပြီး လုယွီ၏ခန္ဓာကိုယ်မှနေ၍ အေးစက်ပြီးခန့်ညားထည်ဝါသောအော်ရာ ထွက်ပေါ်နေခဲ့သည်။

လုယွီသည် ရှီထျန်းနဝမအဆင့်သို့ ရောက်ရှိပြီးဖြစ်၍ နယ်ပယ်အသစ်တစ်ခုတက်လှမ်းနိုင်ရန် ပိတ်ဆို့မှုတစ်ခုသာကျန်ရှိနေသည်ဟု သတ်မှတ်နိုင်လေ၏။

နတ်ဆိုးစိတ်ဝိညာဉ်များ၏စွမ်းအားများကို လုယွီက သေခြင်းရှင်ခြင်းမှတ်တမ်းမှတစ်ဆင့် စတင်စုပ်ယူလိုက်သည်။

ထိုက်ကျိအမှတ်အသားသည် နဂါးကိုးကောင်အာဏာရှင်ခန္ဓာကိုယ်နည်းစနစ်ထက် များစွာပို၍အစွမ်းထက်ပေသည်။ ၎င်းအမှတ်အသားက အလွန်အမင်းလောဘကြီးပုံပေါ်ပြီး သေခြင်းရှင်ခြင်းမှတ်တမ်းမှစွမ်းအင်များကို အငမ်းမရ စတင်ဝါးမြိုလေသည်။

ယခုလက်ရှိတွင် ပို၍အံ့ဖွယ်ဖြစ်ရပ်က ထိုက်ကျီအမှတ်အသားသည် ဤမျှများပြားသည့်စွမ်းအင်များစုပ်ယူနေရသည်ကိုပင် တင်းတိမ်သေးပုံမရချေ။

"အဲ့ဒါက ခုထိ အဆုံးသတ်မဟုတ်သေးဘူးလား"

လုယွီကအံကိုတင်းတင်းကြိတ်ပြီး သူ၏မျက်လုံးများတွင်လည်း အေးစက်စက်အလင်းရောင်များတောက်ပနေသည်။

ဖက်တီးကျန်းက နျူ နျူ ကိုခေါ်ဆောင်၍ လုယွီ၏နံဘေးတစ်နေရာတွင် စောင့်ကြပ်နေသည်။

နျူ နျူ သည် အလွန်အသိတရားရှိသောကလေးတစ်ယောက်ဖြစ်လေ၏။ ခန်းမနံရံတွင်ရှိနေသော အစွယ်များ ခြေလက်စွယ်များ ထုတ်ဖော်ထားသည့် နတ်ဆိုးများ၏ရုပ်ပုံများမှာ အလွန်ကြောက်မက်ဖွယ်ကောင်းသော်လည်း သူမကိုယ်သူမ တည်ငြိမ်အောင်ထိန်းသိမ်း၍ လှေခါးထစ်တစ်ခုပေါ်တွင်သာ ငြိမ်သက်စွာထိုင်နေသည်။

လုယွီ၏လှုပ်ရှားမှုများကို ဖက်တီးကျန်းဖျတ်ခနဲကြည့်မိစဉ်တွင် မအောင့်အည်းနိုင်တော့ဘဲ သူ၏ခေါင်းကိုအောက်ငုံမိပြီး တွေးတောနေခဲ့သည်။

"အဲ့ဒီ ကောင်လေးက အရမ်းသန်မာတယ်...ဒီနေရာကို ရောက်တာနဲ့ သူက ရတနာကိုတန်းတွေ့တာပဲ...ဒါပေမယ့် အဲ့ဒီစာအုပ်နဲ့ပတ်သတ်လို့ထူးခြားတာကို ငါဘာလို့မမြင်ရတာလဲ"

ဒြပ်စင်ငါးပါးဂိုဏ်းမှတပည့်များသည် သူတို့၏ပတ်လည်တွင်ရှိသည့် ရတနာများကို သွားရည်ယိုနေကြသော်လည်း လုယွီ၏မှာကြားထားမှုကြောင့် လှုပ်ရှားမှုတစ်ခုတစ်လေမျှ ပြုလုပ်ဝံ့ကြခြင်းမရှိပေ။

သို့ရာတွင် တစ်ချို့ကျင့်ကြံသူများက ဤအခြေအနေကိုဆက်လတ်ထိန်းသိမ်းနိုင်ကြတော့ဘဲ သူတို့၏စီနီယာအကိုကြီး ဖန့်ကျွင်းကို ပြောဆိုလိုက်ကြသည်။

"အကြီးဆုံးစီနီယာ....ကျွန်တော်တို့က ဒီလိုကြီးပဲ ထိုင်စောင့်နေရမှာလား"

ဖန့်ကျွင်းက ကျင့်ကြံနေဆဲဖြစ်ပြီး ထိုစကားသံကိုကြားချိန်တွင် သူက မျက်လုံးကိုဖွင့်၍ပင်မကြည့်ချေ။

"ဟုတ်တယ်...ဒီတိုင်းပဲစောင့်နေကြ"

သူတို့၏အကြီးဆုံးစီနီယာအစ်ကိုကြီး ပြောဆိုသည်ကိုကြားလိုက်သော ဒြပ်စင်ငါးပါးဂိုဏ်းမှတစ်ပည့်များသည်လည်း ထပ်မံ၍စောဒကမတတ်ဝံ့တော့ဘဲ စတင်ကျင့်ကြံနေကြတော့သည်။

ဖန့်ကျွင်းက သူ၏မျက်လုံးများကိုဖွင့်ပြီး မလှမ်းမကမ်းအကွာအဝေးရှိ လုယွီအားတစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူ၏မျက်လုံးများအား ပြန်၍ပိတ်ထားလေ၏။

ဒြပ်စင်ငါးပါးဂိုဏ်းမှတပည့်များသည် အပြင်းအထန်ဒဏ်ရာရထားပြီး ပတ်ဝန်းကျင်၌လည်း သူတို့စုပ်ယူနိုင်သောစိတ်ဝိညာဉ်စွမ်းအင်မရှိပေ။ ထို့ကြောင့် သူတို့၏သိုလှောင်အိတ်များအတွင်းမှ စိတ်ဝိညာဉ်ဆေးပြားများကိုထုတ်၍ ပြန်လည်ကုသခြင်းကိုစတင်လုပ်ဆောင်လိုက်ကြသည်။

လူတိုင်းက တ်တ်ဆိတ်ငြိမ်သက်စွာ ကျင့်ကြံနေစဉ်တွင် ကျယ်လောင်သောအသံတစ်သံက ခန်းမ၏ထောင့်တစ်နေရာမှ ထွက်ပေါ်လာသည်။

ဒေါင်....

တိုးညင်းပြီး သိပ်သည်းသော အသံတစ်သံက ခန်းမတစ်ခုလုံးကို ပဲ့တင်ထပ်နေပေသည်။

လူတိုင်းက သူတို့၏မျက်လုံးများကို လျှင်မြန်စွာဖွင့်၍ တံခါးရှိရာတစ်ဘက်ခြမ်းသို့ ကြည့်လိုက်ကြသည်။

ဖြစ်နိုင်သည်က ဘုန်းကြီးတစ္ဆေများ ဖြစ်နေမည်လော...

အချိန်အနည်းငယ်ကြာပြီးနောက် ပြင်ပရှိပုဂ္ဂိုလ်သည် တံခါးကိုမည်သို့ဖွင့်ရမည်အား သိရှိသွားပုံရသည်။ ဆူညံနေသောအသံများ အဆက်မပြတ်ထွက်ပေါ်ပြီးနောက်တွင် တံခါးကြီးက တဖြည်းဖြည်းခြင်း ပွင့်လာခဲ့သည်။

အနက်ရောင်ပုံရိပ်တစ်ခုက အပြင်ဘက်မှနေ၍ ခန်းမအတွင်းသို့ ပျံဝဲ၍ဝင်လာလေ၏။

All Chapters