အခန်း (၁၂၁-၁၂၅)
Vol. 6-10 Ch. 121-125
Chapter 121
ခလွမ်!
ကွဲအက်သွားသည့် အသံတစ်သံထွက်ပေါ်လာခဲ့သည်။ လူတိုင်းက ခန်းမအတွင်းသို့လွင့်စင်၍ဝင်လာခဲ့သူကို ကြည့်လိုက်ကြရာ ဘုန်းကြီးတစ္ဆေ၏ဖြစ်နေကြောင်း သိလိုက်ရသည်။
ဘုန်းကြီးတစ္ဆေက အသက်ရှုသံမမှန်တော့သည့်အပြင် သူ၏အရိုးအကြောများအားလုံး ကြေမွပျက်စီးနေလေရာ တုန်ရီပြီးဟောဟဲထိုးနေပေသည်။
မည်သည့်စွမ်းအာမျိုးက ဤကဲ့သို့ကြောက်မက်ဖွယ်အရာကြီးကို ယခုအခြေအနေထိရောက်ရှိအောင် လုပ်ဆောင်လိုက်သနည်း...
"ဟား...ဟား...ဟား...ခန်းမသခင်ရဲ့မှန်းဆချက်က တစ်ကယ်မှန်တာပဲ....ဒီနေရာမှာ တစ်ကယ့်ကို ရတနာတွေအများကြီးရှိနေတယ်"
တံခါး၏အပြင်ဘက်မှနေ၍ နှိုင်းယှဉ်၍မရနိုင်သည်အထိ မောက်မာဝင့်ကြွားနေသည့် အသံတစ်သံထွက်ပေါ်လာသည်။
တစ်စုံတစ်ယောက်က အခန်းအတွင်းသို့ ဝင်လာခဲ့လေ၏။ လူတိုင်းက ထိုသူသည်အမောတကောဖြင့် ထွက်ပြေးသွားခဲ့သည့် လုံရွှင်းဖြစ်မည်ဟု မျှော်လင့်မထားမိကြချေ။
လုံရွှင်းက အခန်းအတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် သူက ဒြပ်စင်ငါးပါးဂိုဏ်းမှလူများကို မြင်တွေ့သွားတော့သည်။
သူတို့၏အကြည့်များ ဆုံမိကြချိန်တွင် လုံရွှင်းက နေရာမှာပင် အေးခဲသွားလေ၏။
"မင်း...ကွေ့ဟွမ်ဂိုဏ်းက ခွေးသူခိုး...မင်းက ငါရှေ့မှာ ပေါ်လာရဲသေးတယ်ပေါ့"
ဖန့်ကျွင်းက ဒေါသအကြီးအကျယ်ထွက်သွားလေသည်။ သူက မှော်ရတနာကိုချက်ချင်းအသက်သွင်း၍ လုံရွှင်းထံသို့ ပစ်လွှက်လိုက်သည်။
ဒြပ်စင်ငါးပါးဂိုဏ်းမှ တပည့်များသည်လည်း ဖန့်ကျွင်းနှင့်တူညီစွာပင် ဒေါသထွက်နေကြသည်။ သူတို့နစ်ယောက်ပြီး တစ်ယောက်က ကိုယ်ပိုင်မန္တန်များကိုရွတ်ဆို၍ လုံရွှင်းထံသို့ ပစ်လွှက်ကြကုန်၏။
"ဘယ်သူ တိုက်ခိုက်ဝံ့လဲ ကြည့်ကြသေးတာပေါ့"
ရုတ်တရက် စွမ်းအားအပြည့်ပါသည့်အသံတစ်သံက လုံရွှင်း၏နောက်မှ ထွက်ပေါ်လာသည်။
ပန်းထိုးထားသည့်အဝတ်အစားကိုဝတ်ဆင့်ထားသည့် သက်လတ်ပိုင်းအရွယ်လူကြီးတစ်ယောက်က ရှေ့သို့တိုးလာပြီး အစွမ်းထက်သောအော်ရာကို ထုတ်လွှတ်လိုက်သည်။ ဒြပ်စင်ငါးပါးဂိုဏ်းမှတပည့်များ၏မြောက်များစွာသောမန္တန်များသည် ဝါဂွမ်းများလေထုထဲရောက်ရှိသွားသကဲ့သို့ အစအနမကျန်ရှိဘဲ ပျောက်ကွယ်သွားသည်။
သက်လတ်ပိုင်းအရွယ်လူကြီးသည် ဒြပ်စင်ငါးပါးဂိုဏ်းမှကျင့်ကြံသူများကို သိမ်းကျုံးကြည့်လိုက်ပြီး လှောင်ပြောင်သရော်လိုက်သည်။
"ဘာလဲ....မင်းတို့က ငါဆရာသခင်မပါဘူးထင်ပြီး မောက်မာနေကြတာလား....ဒါက မင်းတို့ ဒြပ်စင်ငါးပါးဂိုဏ်းကလူအိုကြီး သင်ကြားပေးထားတဲ့ပုံစံလား"
ဖန့်ကျွင်းက ထိုသက်လတ်ပိုင်းအရွယ်လူကြီးကိုမြင်လိုက်ချိန်တွင် သူ၏အမူအယာများ ချက်ချင်းပြောင်းလဲသွားခဲ့သည်။
လုံရွှင်းကို ဒေါသတကြီးစိုက်ကြည့်နေရင်း ဖန့်ကျွင်းက သူ၏လက်သီးကိုဆုပ်၍ အရိုအသေပြုလိုက်သည်။
"ခန်းမသခင် ဖန်း..ဒါက နားလည်မှုလွဲမှားတာပါ"
သို့ရာတွင် လုံရွှင်းက ဒြပ်စင်ငါးပါးဂိုဏ်းမှကျင့်ကြံသူတစ်ယောက်ကို အတင်းအကျပ်ဖမ်းဆီး၍ ဘုန်းကြီးတစ္ဆေ၏ဆိုးရွားသောရိုက်ချက်အောက်သို့ တွန်းပို့ခဲ့သည်။ ထိုအဖြစ်အပျက်က လုံရွှင်း၏အပြစ် မဟုတ်သလော။
သို့ရာတွင် ဤကဲ့သို့အစွမ်းထက်သောလူတစ်ယောက်၏ မျက်နှာကိုထောက်၍ ဖန့်ကျွင်းက အလျှော့ပေးရန်ကိုသာ လိမ္မာပါးနပ်စွာဖြင့်ရွေးချယ်ခဲ့သည်။
သက်လက်ပိုင်းအရွယ်လူကြီးသည် တောင်ပိုင်းစွန့်ပစ်နယ်မြေ၏ထိပ်တန်းအင်မော်တယ်ဂိုဏ်းခုနစ်ဂိုဏ်းအနက်မှ တစ်ခု၏ခန်းမသခင် ဖန်းယွမ်ဖြစ်ပေသည်။
သူသည် အဝိုင်းကြီးအဆင့်ထိပ်သီးပညာရှင်တစ်ယောက်ဖြစ်သည့်အတွက် လူတိုင်း၏ကျင့်ကြံမှုအဆင့်များ ဖိနှိပ်ခံနေရချိန်တွင်ပင် ဖန်းယွမ်က အစွမ်းထက်သောခွန်အားကို ပြသနိုင်ပေသည်။
လုံရွှင်းက စိတ်ကြီးဝင်နေသည့်မျက်နှာပေးဖြင့် ဖန့်ကျွင်းကိုကြည့်ပြီး အေးတိမေးစက်နှာမှုတ်လိုက်သည်။ ကွေ့ဟွမ်ဂိုဏ်းမှတစ်ပည့်အုပ်စုကလည်း လုံရွှင်း၏နောက်တွင် အုပ်စုလိုက်ရှိနေလေ၏။
"ခန်းမသခင်....ဒီနေရာမှာ ရတနာတွေအများကြီးရှိနေတယ်"
လုံရွှင်း၏အကြည့်က သူ၏နံဘေးပတ်လည်တွင်ရှိနေသည့် ရတနာများအပေါ်သို့ ကျရောက်သွားသည်။
အကျဉ်းထောင်ခန်းမအတွင်းတွင် ပြန့်ကြဲနေသည့် မှော်ရတနာများပြားစွာရှိနေသည်။ ထိုမှော်ရတနာပစ္စည်းများတွင် ယခင်က ၎င်းတို့နှင့်ချိတ်ဆက်ထားသည့်သခင်များရှိနေသော်လည်း ယခုအချိန်တွင် ပိုင်ရှင်မဲ့ပစ္စည်းများဖြစ်နေပြီသာဖြစ်သည်။
ခန်းမအတွင်းသို့ဝင်လာသော ကွေ့ဟွမ်ဂိုဏ်းမှတပည့်အုပ်စုသည် ထိုမှော်ရတနာပစ္စည်းများကိုမြင်ချိန်တွင် သူတို့၏မျက်လုံးများ တောက်ပသွားကြသည်။
ထို့ပြင် သူတို့က စွန့်ပစ်နယ်မြေအတွင်းသို့ ရတနာများရှာဖွေရန်ရည်ရွယ်၍ လာရောက်ခဲ့ခြင်းဖြစ်သည်။ ကွေ့ဟွမ်ဂိုဏ်းသားများသည် ယခင်က နတ်ဆိုးစိတ်ဝိညာဉ်များနှင့် ကြုံတွေ့ပြီးစိတ်ပျက်နေခဲ့သော်လည်း ယခု ရတနာပစ္စည်းများကိုမြင်လိုက်သည့်အချိန်တွင်မူ သူတို့၏မျက်လုံးများ ဝင်းဝင်းတောက်နေခဲ့သည်။
"ဟား ဟား...ဒီကြေးမုံက ပစ္စည်းကောင်းတစ်ခုပဲ"
ကွေ့ဟွမ်ဂိုဏ်းသားတစ်ယောက်က နံရံပေါ်မှကြေးမုံတစ်ချပ်အား ဖြုတ်ယူလိုက်သည်။
သူက ကြေးမုံကိုချိန်ဆကြည့်နေပြီး ကြေးမုံကိုစမ်းသပ်ကြည့်နေသည်။
ထိုအချိန်မှာပင် ကြေးမုံအတွင်းမှနေ၍ ပုံရိပ်တစ်ခုက ရိပ်ခနဲပေါ်လာခဲ့သည်။ ထိုပုံရိပ်က ကွေ့ဟွမ်ဂိုဏ်းသားနှင့် တစ်ထပ်တည်းတူညီနေသော်လည်း သူ၏မျက်နှာပြင်ပေါ်တွင် ရက်စက်ယုတ်မာသည့်သရော်ပြုံးရှိနေလေသည်။
"အား....."
ထိုကျင့်ကြံသူက အံ့အားသင့်တုန်လှုပ်သွားပြီး ထိုကြေးမုံကို အဝေးသို့လွှင့်ပစ်လိုက်သည်။
သို့ရာတွင် ကိစ္စရပ်များက အလွန်နောက်ကျသွားပြီဖြစ်ပေ၏။
ရုတ်တရက် ကြေးမုံမှန်မှနေ၍ အဖြူ ရောင်လက်နှစ်ဖက်ပေါ်လာပြီး ကွေ့ဟွမ်ဂိုဏ်းသားကို ဖမ်းကိုင်၍ ကြေးမုံအတွင်းသို့ ဆွဲသွင်းလိုက်သည်။
ထိုကျင့်ကြံသူက ငယ်သံပါသည်အထိအော်ဟစ်နေရင်းမှပင် သူအားကြေးမုံက ဝါးမြိုသွားခဲ့သည်။
တစ်ချို့ကွေ့ဟွမ်ဂိုဏ်းသားများသည် မူလက ပတ်ဝန်းကျင်ရှိ ရတနာများ၏အနီးအနားရောက်ရှိနေကြသော်လည်း သူတို့က ရုတ်တရက် ရပ်တန့်လိုက်ကြသည်။
ဤသာမာန်ဖြစ်နေပုံပေါ်သည့် မှော်ရတနာပစ္စည်းများသည် အလွန်အန္တရာယ်များမည်ဟု မည်သူကမျှ တွေးထင်ထားခြင်းမရှိချေ။
"သေမျိုးကောင်....မင်း ဘာလုပ်နေတာလဲ"
ရုတ်တရက် လုံရွှင်း၏အော်သံကြီးထွက်ပေါ်လာလေ၏။
Chapter 122
ကွေ့ဟွမ်ဂိုဏ်းသား၏ဖြစ်ရပ်ကိုကြည့်၍ ဒြပ်စင်ငါးပါးဂိုဏ်းမှတပည့်များသည် ကြိတ်၍ပျော်မြူ းနေကြသည်။
ဤနေရာသို့ သူတို့ အရင်ဦးဆုံးရောက်ခဲ့စဉ်ကလည်း အချိန်အတော်ကြာသည်အထိ အနီးအနားရှိမှော်ရတနာများအပေါ် မျက်စိကျနေကြသည်။
ကံကောင်းထောက်မစဖြင့် လုယွီက သူတို့ကိုသတိပေးထားခဲ့သည်။ ထိုသို့မဟုတ်လျှင် သူတို့၏ကံကြမ္မာသည် ယခုကြေးမုံမှန်၏ဝါးမြိုခြင်းခံရသူထက် ပို၍သာလွန်မည်မဟုတ်ချေ။
ထိုအချိန်တခဏမှာပင် လုံရွှင်းက လုယွီကို မြင်သွားခဲ့ခြင်းဖြစ်သည်။
ယခုအချိန်တွင် လုယွီက ခန်းမ၏အလယ်ရှိကုလားထိုင်ပေါ်တွင်ထိုင်နေပြီး သေခြင်းရှင်ခြင်းမှတ်တမ်းမှထုတ်လွှတ်ထားသည့်ကျန်းချီလှိုင်းများက သူကိုလွှမ်းခြုံထားလေသည်။
"သူက ကျင့်ကြံနေတာလား"
လုယွီ၏အော်ရာသည် တဖြည်းဖြည်းနှင့်ပို၍သန်မာလာသည်ကို အာရုံခံစားမိသော လုံရွှင်း၏မျက်လုံးများတွင် အေးစက်စက်အလင်းရောင် တောက်ပနေလေ၏။
ယခင်စတွေ့ချိန်မှစ၍ လုံရွှင်းသည် လုယွီအား ဆူးညှောင့်ခလုတ်တစ်ခုအဖြစ် သတ်မှတ်ထားခဲ့သည်။ လုယွီက အဆင်ပြေချောမွေ့စွာ အဆင့်ချိုးဖျက်နိုင်မည်ကို သူ မည်သို့မျှ ခွင့်မပြုနိုင်ပေ။
လုံရွှင်း၏လက်ချောင်းများမှ ကျန်းချီစီးကြောင်းတစ်ကြောင်းထွက်လာပြီး လုယွီထံသို့ အေးစက်စက်မျက်နှာပေးနှင့် လျှောက်သွားလိုက်သည်။
"ကောင်လေး...နောက်ထပ်ခြေတစ်လှမ်း ရှေ့တိုးဝံ့တိုးကြည့်စမ်း"
ရုတ်တရက် ဖက်တီးကျန်းက မြေပြင်ပေါ်သို့ ခြေတစ်ချက်ဆောင့်ပြီး ဒေါသတကြီးအော်ဟစ်လိုက်သည်။
ဖက်တီးကျန်း၏အသံနှင့်အတူ ခန့်ညားထည်ဝါပြီးဖိနှိပ်နိုင်သည့် အော်ရာတစ်ခုက သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေခဲ့သည်။ ထိုအော်ရာက ကောင်းကင်ယံမှဆင်းသက်လာပြီး သူ၏လမ်းကြောင်းရှိအရာရာတိုင်းကို ဖျက်ဆီးလိုသောအရှိန်အဝါမျိုးပင် ဖြစ်ပေ၏။
"မင်းကလား....မင်းက ဒီကောင်ကို အမှန်တစ်ကယ် ကာကွယ်ပေးချင်နေတာလား"
လုံရွှင်း၏အမူအယာ အနည်းငယ်ပြောင်းလဲသွားပြီး သူက ခြေလှမ်းအနည်းငယ်နောက်ဆုတ်လိုက်သည်။
သို့ရာတွင် လုံရွှင်း၏နောက်ကျောအား ခန်းမသခင် ဖန်းယွမ်က အနောက်မှကိုင်ထားခဲ့သည်။
"စိတ်အေးအေးထား....ဘာမှစိုးရိမ်စရာမရှိဘူး"
ဖန်းယွမ်က အရေးမကြီးသကဲ့သို့ ခပ်ပေါ့ပေါ့အမူအယာဖြင့် ပြောကြားလိုက်သည်။
ဖက်တီးကျန်းက ဟန်လုပ်၍ပြုံးရင်း ပြောဆိုလိုက်လေ၏။
"မင်းက ဘာကောင်တုန်း...ငါ မင်းကိုစကားပြောခွင့်ပေးလို့လား"
ယခုအချိန်တွင် ဖက်တီးကျန်းထုတ်လွှတ်ထားသော အော်ရာသည် တာအိုဒုတိယအဆင့်၏စွမ်းအားဖြစ်သည်။
ဖန်းယွမ်ကမူ သူသည်အဝိုင်းကြီးနယ်ပယ်ကျင့်ကြံသူတစ်ယောက်ဖြစ်သော်လည်း အဆုံးသတ်တွင် သူက တာအိုပထမဆင့်ပညာရှင်တစ်ယောက်သာဖြစ်သည်။
ဤသူနှစ်ယောက်၏ကြားတွင် ကမ္ဘာကြီးတစ်ခုလောတ်ပင် ခြားနားမှုရှိနေသည်။
ဖန်းယွမ်က ခပ်သဲ့သဲ့ပြုံးရင်းပြောဆိုလိုက်သည်။
"လအနည်းငယ်အကြာက လင်းရှောင်ဂိုဏ်းကသူတော်စင်ရတနာတစ်ခုကို ခြေသလုံးအိမ်တိုင်သွားလာနေတဲ့ ကုန်သည်တစ်ယောက်က လိမ်လည်လှည့်ဖျားပြီးယူသွားခဲ့တယ်လို့ ငါ ကြားခဲ့တယ်...အဲ့ဒီကုန်သည်က သူရဲ့ကျင့်ကြံမှုကို ဖုံးကွယ်တဲ့နေရာမှာ အရမ်းတော်တယ်ဆိုပဲ....အမှန်ကတော့ သူရဲ့ကျင့်ကြံဆင့်က ကမ္ဘာမြေသင်္ကေတနယ်ပယ်မှာပဲရှိသေးတယ်"
ဖက်တီးကျန်း၏မျက်နှာအမူအယာ ပျက်ယွင်းသွားသော်လည်း သူက အေးဆေးတည်ငြိမ်ဟန်ဆောင်နေဆဲဖြစ်သည်။
"မင်း ဘာပြောလိုက်တာလဲ....သေချင်နေတာလား"
ဖန်းယွမ်က မအောင့်အည်းနိုင်တော့ပုံဖြင့် သူ၏ခေါင်းကိုခါယမ်းလိုက်သည်။
"လင်းရှောင်ဂိုဏ်းက အလိုရှိတယ်ဆိုတဲ့နံရံကပ်စာစောင်တွေကို တောင်ပိုင်းစွန့်ပစ်နယ်မြေကို ဖြန့်ဝေထားပြီးပြီ....တစ်ကယ်လို့ မင်းကိုဖမ်းမိရင် လင်းရှောင်ဂိုဏ်းက ထိပ်တန်းအဆင့်စိတ်ဝိညာဉ်ကျောက်တုံးသန်း၉၀ ဆုချမယ်လို့ ငါကြားထားတယ်"
"ငါက အရမ်းစိတ်ဝင်စားတာပဲ....မင်းက လင်းရှောင်ဂိုဏ်းကို ဘာအပြစ်ပြုခဲ့လို့ ဒီလောက်ထိကြီးမားတဲ့ဆုလာဒ်ထုတ်ထားရတာလဲဆိုတာကို..."
ဖန်းယွမ်က ရုတ်တရက် လှုပ်ရှားမှုတစ်ခုပြုလုပ်လိုက်ပြီး ဖက်တီးကျန်းထံသို့ လက်ဝါးရိုက်ချက်တစ်ချက် ဆန့်ထုတ်လိုက်သည်။
ဖုန်း....
ဖက်တီးကျန်းသည် မိုးကြိုးထိမှန်ခြင်းခံရသကဲ့လို့ လွင့်စင်ထွက်သွားခဲ့သည်။ သူက သွေးတစ်လုတ်အန်ထွက်လာပြီး မြေပြင်ပေါ်၌ခွေခေါက်နေလေ၏။
"အကိုကြီး ဝက်ခေါင်း"
ကလေးမလေး နျူ နျူ က ငိုကြွေးလုနီးပါးဖြစ်နေပြီး သူမက အလျှင်အမြန်ပြေးဝင်လာခဲ့သည်။
ဖန်းယွမ်က ဖက်တီးကျန်း၏ရှေ့သို့သွား၍ဆွဲမပြီး လှောင်ပြောင်သရော်လိုက်သည်။
"မင်းက ငါရှေ့မှာလှည့်စားဝံ့တယ်ပေါ့....မင်းမှာ ရတနာတစ်ချို့ရှိတယ်လို့ ငါကြားထားတယ်...အဲ့ဒါတွေကို ငါ့လက်ထဲအပ်မယ်ဆိုရင် မင်း အသက်ကို ငါချမ်းသာပေးမယ်"
"ကိုကြီး ဝက်ခေါင်းကိုမရိုက်နဲ့"
မည်သည့်နေရာက သတ္တိများထွက်လာမှန်းမသိသော နျူ နျူ က ရုတ်တရက် ဖန်းယွမ်၏ခြေထောက်ကို ဖမ်းဆွဲပြီး အဝေးသို့ဆွဲခေါ်နေခဲ့သည်။
"ထွက်သွားစမ်း"
တောင်ပိုင်းစွန့်ပစ်ကုန်းမြေ၏ ထိပ်သီးကျင့်ကြံသူများအနက်မှတစ်ယောက်ဖြစ်သော ဖန်းယွမ်က မည်သည့်အကြောင့်ဖြင့် ဤကလေးမလေးကို သူမျက်လုံးအတွင်းထည့်မည်နည်း။
နျူ နျူ သည်လည်း လွင့်စင်ထွက်လာခဲ့သည်။ သူမက မြေပြင်နှင့်ပြင်းထန်စွာရိုက်ခတ်မိပြီး သတိလစ်မေ့မျောသွားလေသည်။
ဖက်တီးကျန်း၏မျက်လုံးများက နီရဲတွက်နေပြီး ဖန်းယွမ်အား စူးစူးဝါးဝါးစိုက်ကြည့်နေခဲ့သည်။ ရုတ်တရက် သူက ဖန်းယွမ်၏မျက်နှာထံသို့ သွေးတစ်လုတ်အန်ချပြီး လှောင်ပြောင်သရော်လိုက်သည်။
"မင်းက ငါကိုစော်ကားဝံ့တယ်ဆိုမှတော့...မင်း သေဖို့သေချာသွားပြီ"
"ဟွန့်.....မင်းမှာ စကားပြောဖို့ခွန်အားရှိသေးတယ်လား"
ဖန်းယွမ်က သရော်ပြီးနောက် ဖက်တီးကျန်း၏ခန္ဓာကိုယ်အား ထပ်မံရိုက်နှက်လိုက်လေ၏။
ဖက်တီးကျန်းက နောက်ထပ်သွေးတစ်လုတ်အန်ထုတ်လိုက်ရသည်။ သို့ရာတွင် ယခုတစ်ကြိမ်တွင်မူ သူ၏မျက်လုံးများက အေးစက်သထက်အေးစက်လာလေသည်။
"လင်းရှောင်ဂိုဏ်းက ငါကို ဘာဖြစ်လို့ ဘာမှမလုပ်နိုင်တာလဲဆိုတာ မင်းသိလား....ဒီကျင့်ကြံခြင်းလောကကို ငါ သွားလာနေတဲ့အချိန်မှာ ငါရဲ့ကျင့်ကြံခြင်းနယ်ပယ်တစ်ခုကိုပဲ မှီခိုနေတာလို့မင်းထင်နေတာလား"
ရုတ်တရက် ဖက်တီးကျန်းက သူ၏သိုလှောင်အိတ်အတွင်းမှ ပုလဲတစ်လုံးကိုထုတ်ယူလိုက်သည်။ ထိုပုလဲထွက်ပေါ်လာချိန်တွင် ဗုဒ္ဓဂိုဏ်းမှဂါထာမန္တန်သံများက အလွန်ကျယ်လောင်စွာထွက်ပေါ်လာပြီး ကောင်းကင်နှင့်ကမ္ဘာမြေကြီးတစ်ခုလုံး မြည်ဟိန်းသွားလေသည်။
Chapter 123
ဘုန်း....
ဖက်တီးကျန်း၏လက်အတွင်းရှိ ပုလဲလုံးထံမှ ဗုဒ္ဓဂါထာတော်များ မြည်ဟိန်းနေလေသည်။
ဖန်းယွမ်သည် အဝိုင်းကြီးအဆင့်အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ဖြစ်သော်လည်း သူက ဗုဒ္ဓပုလဲလုံး၏ဖိအားကြောင့် ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ရသည်။
ဖန်းယွမ်က အံ့အားသင့်မှုနှင့်ဒေါသထွက်မှုတို့ကို တပြိုင်နက်တည်း ခံစားရပြီး ဒေါသတကြီးအောာဟစ်လိုက်သည်။
"ဗုဒ္ဓအယူဝါဒရဲ့ မြင့်မြတ်တဲ့ရှေးဟောင်းပစ္စည်း....မင်းမှာ အဲ့လိုမျိုးအရာတွေဘယ်လိုလုပ်ရှိနေတာလဲ"
"ငါ့မှာ ရတနာတွေအများကြီးရှိတယ်....ငါ မင်းကို သေတဲ့အထိပစ်ခတ်မယ်"
ဖက်တီးကျန်းသည်လည်း ဒေါသတကြီးဖြစ်နေလေ၏။ သူ၏လက်ထဲမှ အဆင့်မရှိပုံရသည့် ရတနာပစ္စည်းများဖြင့် ဖန်းယွမ်ထံသို့ အဆက်မပြတ်ပစ်ပေါက်နေပေသည်။
ဘုန်း...ဘုန်း....ဘုန်း....
ဖက်တီးကျန်း၏လက်အတွင်းမှ မှော်ရတနာများသည် ကုန်ဆုံးမည့်ပုံမရချေ။ မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် သူက မှော်ရတနာပစ္စည်းငါးခု ခြောက်ခုခန့်ကို ဖန်းယွမ်ထံသို့ပစ်ပေါက်ခဲ့ပြီးဖြစ်သည်။
ထိုရတနာများသည် ရပ်တန့်နေခြင်းမရှိဘဲ တစ်ခုပြီးတစ်ခုဆက်တိုက်ပေါက်ကွဲနေပေ၏။
ဖန်းယွမ်သည် အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ဖြစ်သော်လည်း သူကပေါက်ကွဲမှုများ၏တုန်ခါလှိုင်းများအောက်တွင် ရုန်းကန်နေရပြီး ခြေလှမ်းအနည်းငယ်နောက်ဆုတ်ရန် ဖိအားပေးခံလိုက်ရသည်။
"ငါယိုးမသား ဖက်တီး....မင်းသေပေတော့"
ဖန်းယွမ်သည် ဂိုဏ်းခေါင်ဆောင်တစ်ယောက် ဖြစ်လာနိုင်ခြေရှိသောကြောင့် သာမာန်အားဖြင့် ဤကဲ့သို့သေးနုပ်သည့်လူမျိုးနှင့် အချိန်ဖြုန်းလိုခြင်းမရှိပေ။
ဖန်းယွမ်က မိုးကြိုးလုံးများကိုဆင့်ခေါ်လိုက်ရာ သူ၏လက်အတွင်းတွင်လျှပ်စီးလုံးများ ပေါ်ပေါက်လာသည်။ လေထုအတွင်းတွင်လည်း မိုးကြိုးပစ်ခတ်သံများက ယခုနေရာတစ်ခုလုံးအား ခြိမ်းခြောက်နေသကဲ့သို့ထွက်ပေါ်နေသည်။
"ငါက မင်းကို ငါတို့ကွေ့ဟွမ်ဂိုဏ်းရဲ့ ဓမ္မမိုးကြိုးကို မြည်းစမ်းခွင့်ပြုမယ်"
ဖန်းယွမ်က ဒေါသတကြီးကြိမ်းဝါးပြီး သူ၏လက်အတွင်းမှ သိပ်သည်းသောမိုးကြိုးလှိုင်းများဖြင့် ဖက်တီးကျန်းထံသို့ ပြင်းပြင်းထန်ထန်ရိုက်ချလိုက်သည်။
သူတို့နှစ်ဦးတိုက်ခိုက်နေစဉ်တွင် လုယွီက ကျင့်ကြံမှု၏ အရေးကြီးသောအပိုင်းသို့ ရောက်ရှိနေခဲ့သည်။
သေခြင်းရှင်ခြင်းမှတ်တမ်းက လေထုအတွင်းတွင် မျောလွင့်နေပြီး အနက်ရောင်မှိန်ပျပျအလင်းတန်းက ၎င်း၏မျက်နှာပြင်တွင် တောက်ပနေသည်။ သေခြင်းရှင်ခြင်းမှတ်တမ်းမှဆွဲထုတ်ခြင်းခံရသည့် နတ်ဆိုးစိတ်ဝိညာဉ်များ၏အော်ဟစ်မြည်တမ်းသံများကိုလည်း ကြားနေရပေသည်။
လုယွီက ပလ္လင်ခွေထိုင်နေပြီး သူ၏ရင်ဘတ်ပေါ်ရှိ ထိုက်ကျိအမှတ်အသားက အသက်ဝင်နေသည့်အလား အနည်းငယ်ထူးဆန်းနေပေသည်။
"သူက ပိုပြီးအားကောင်းလာပြီ"
လုံရွှင်း၏မျက်လုံးများက အလွန်စူးရှပြီး သူက ချက်ချင်းပင် လုယွီ၏ပြောင်းလဲမှုများကို သတိပြုမိသည်။ သူက လုယွီကို အချိန်တစ်လျှောက်လုံးပစ်မှတ်ထားနေခဲ့သည်ဖြစ်၍ ယခုထက်ပို၍ လုယွီအစွမ်းထက်သွားမည်ကို မည်သို့မျှခွင့်မပြုနိုင်ပေ။
"မင်း ဘာလုပ်ဖို့ကြိုးစားနေတာလဲ"
ဖန့်ကျွင်းက လုံရွှင်း၏ရှေ့တွင် ပိတ်ရပ်ပြီး သူအားမဆင်မခြင်ပြုလုပ်ရန် ခွင့်ပြုခြင်းမရှိပေ။
လုံရွှင်းက လှောင်ပြောင်သရော်သံဖြင့် ပြောဆိုလိုက်သည်။
"အဲ့ဒီကောင်လေးနဲ့မင်းနဲ့ ဘာဆိုင်လို့လဲ....ဘေးမှာ သွားနေစမ်း....အဲ့ဒီလိုမှမဟုတ်ရင် ငါက ခန်းမသခင်ကိုခေါ်ပြီး မင်းကိုဂရုစိုက်ခိုင်းရလိမ့်မယ်"
ဝှစ်....ဝှစ်...ဝှစ်
ရုတ်ချည်းဆိုသလိုပင် ကွေ့ဟွမ်ဂိုဏ်းသားတစ်စုက တရကြမ်းတိုးဝင်လာပြီး ဒြပ်စင်ငါးပါးဂိုဏ်းသားများအား တားဆီးထားလေသည်။
ဖန့်ကျွင်းသည် အလွန်အမင်းဒေါသထွက်နေသော်လည်း ကွေ့ဟွမ်ဂိုဏ်းမှ တပည့်အမြောက်အများက သူ၏ရှေ့တွင်ထွက်ပေါ်လာပြီး သူ့သွားမည့်လမ်းကြောင်းကိုပိတ်ဆို့ထားခဲ့သည်။
"ငါ့ရှေ့က ဖယ်ကြစမ်း...တစ်ယောက်ယောက်အန္တရာယ်တွေ့နေချိန်မှာ အခွင့်အရေးယူတဲ့ကောင်က လူယုတ်မာပဲ"
ဖန့်ကျွင်းက ဓားရှည်တစ်လက်ကို ဆွဲထုတ်၍ ကွေ့ဟွမ်ဂိုဏ်းသားများနှင့် တိုက်ခိုက်နေပေသည်။
"မင်းက ဒီနေရာမှာ ရိုရိုကျိုးကျိုးလေး စောင့်ဆိုင်းနေသင့်တယ်...ငါ မင်းနဲ့ ပြီးမှဖြေရှင်းမယ်"
လုံရွှင်းက လှောင်ပြောင်သရော်ပြီး သူ၏လက်ချောင်းများကိုတောက်လိုက်ရာ ကျန်းချီစီးကြောင်းတစ်ကြောင်းက လုယွီထံသို့ တိုးဝင်သွားလေ၏။
ဒေါင်
နားကွဲလုမတတ်ဆူညံသံကြီးတစ်သံ ထွက်ပေါ်လာခဲ့သည်။
လုံရွှင်း၏ကျန်းချီများက ရှေးဟောင်းခေါင်းလောင်းကြီးတစ်လုံးပေါ်သို့ ကျရောက်သွားသည်နှင့်တူညီနေပြီး လေထုအတွင်း ပဲ့တင်ထပ်နေသည်။
"ဘာ...."
လုံရွှင်း၏မျက်စိသူငယ်အိမ်များ ကျွက်ကျလုမတတ်ပြူ းကျယ်သွားခဲ့သည်။ သူ၏ လုယွီအပေါ်တိုက်ခိုက်မှုက အကျိုးမဲ့ဖြစ်သွားမည်ဟု သူမျှော်လင့်မထားမိချေ။
ရုတ်တရက် လုယွီ၏ခန္ဓာကိုယ်မှနေ၍ ရှေးကျသောအော်ရာတစ်ခု ထွက်ပေါ်လာခဲ့သည်။
ထိုအခြင်းအရာသည် တစ်စုံတစ်ယောက်က တာအိုကျမ်းစာများကို ညင်သာစွာရွတ်ဆိုနေပြီး လေဟာနယ်အတွင်းတွင် လှိုင်းဂယက်ထလာစေကာ ဘက်ပေါင်းစုံသို့ပျံ့နှံ့နေသည်နှင့်တူညီနေပေရာ လူတိုင်းကို ကြောက်ရွံမှုကြောင့်တုန်ရီနေစေသည်။
လုယွီ၏ခန္ဓာကိုယ်ပေါ်မှ ထိုက်ကျိအမှတ်အသားသည် ရုတ်တရက် ထိတ်လန့်ကြောက်မက်ဖွယ်ဝါးမြိုခြင်းဖိအားတစ်ရပ်ကို ပေါက်ကွဲထွက်လာစေပြီး သေခြင်းရှင်ခြင်းမှတ်တမ်းအတွင်းရှိ ကျန်ရှိနေသောစွမ်းအာများကို ဝါးမြိုနေလေသည်။
"ဒီကောင်လေးကိုကြည့်ရတာ ကံကြမ္မာကောင်းတစ်ခုရရှိထားပုံပဲ....သေစမ်း..အဲ့ဒါက ငါအတွက်ပဲဖြစ်သင့်တယ်"
လုံရွှင်း၏မျက်လုံးများအတွင်းတွင် မနာလိုမှုအရိပ်အယောင်များ ထင်ဟပ်လာပြီး သူ၏လက်ဝါးအတွင်းရှိကျန်းချီများတွင်လည်း သတ်ဖြတ်ခြင်းစိတ်ဆန္ဒများ ပို၍အားကောင်းလာခဲ့သည်။
'ဒီ ကောင်ကိုသတ်ပြီး သူရဲ့ကံကြမ္မာကို ရယူမယ်'
လုံရွှင်းက ဓားရှည်တစ်ချောင်းကိုဆွဲထုတ်ပြီး ကျန်းချီပါးစပ်တစ်လုတ်စာကို ၎င်းပေါ်သို့ ဖြန်းပက်လိုက်သည်
ဝီ....ဝီ...
ဓားရှည်က ပဲ့တင်သံများထွက်ပေါ်လာပြီးနောက် လုံရွှင်းက ၎င်းဓားဖြင့် လုယွီထံသို့ တည့်မတ်စွာချိန်ရွယ်လိုက်သည်။
"ငရဲကိုသွားတော့"
လုံရွှင်းက ဒေါသတကြီးကြုံးဝါးလိုက်လေ၏။ သူ၏ဓားရှည်က အနက်ရောင်အရိပ်တစ်ခုအသွင်သို့ ပြောင်းလဲသွားခဲ့ပြီး လုယွီထံသို့တိုးဝင်သွားတော့သည်။
Chapter 124
ပြင်ပတွင် ဖရိုဖရဲအနေအထားများဖြစ်ပျက်နေသော်လည်း လုယွီကမူ ကျင့်ကြံနေခြင်းအခြေအနေမှ နိုးထလာခြင်းမရှိသေးချေ။
လုယွီ၏စိတ်ဝိညာဉ်အာရုံသည် ယခုလက်ရှိတွင် ပရမ်းပတာအခြေအနေသို့ရောက်ရှိနေခဲ့သည်။ သူ၏အသိစိတ်ပင်လယ်အတွင်းတွင် သူသတိမပြုမိခဲ့သော ဖရိုဖရဲနယ်မြေတစ်ခုတည်ရှိနေခဲ့သည်။
"ဒီနေရာက ဘာလဲ"
အတွေးတစ်ချက်နှင့်အတူ လုယွီ၏စိတ်ဝိညာဉ်က မူလဘုတဖရိုဖရဲနယ်မြေ၏နက်ရှိုင်းသောအပိုင်းသို့ ဝင်ရောက်သွားခဲ့သည်။
ဤနေရာသည် လုယွီ၏ပိုင်တို့ကောင်းကင်ဘုံဂိုဏ်း၏ကမ္ဘာငယ်လေးနှင့် တစ်ချို့နေရာများတွင်တူညီနေလေသည်။ နေရာများစွာသည် အပျက်အယွင်းများဖြင့် ပြည့်နှက်နေပြီး အတွင်း၌ဖုံးကွယ်ထားသည့် ခက်ခဲနက်နဲသော ဝင်္ကပါတစ်ခုလည်းရှိနေသည်။
"ဒီနေရာက နည်းနည်းတော့ရင်းနှီးနေသလိုပဲ"
လုယွီက သိမ့်ခနဲလှုပ်ရှားမှုကို ခံစားမိလေ၏။ ထိုအော်ရာကို သူအမှန်တစ်ကယ်ပင် ရင်းနှီးကျွမ်းဝင်နေခဲ့သည်။
နောက်ကြောင်းကိုပြန်တွေးကြည့်လျှင် မြေအောက်လောကတာအိုသခင်နှင့်ကောင်းကင်ဘုံအင်ပါယာတို့သည် တာအိုသခင်အယောက်တစ်ရာကျော်၏ ဝန်းရံတိုက်ခိုက်ခြင်းကိုခံခဲ့ရသည်။ ထိုသေရေးရှင်ရေးအချိန်ကာလတွင် လုယွီက ယခုအော်ရာကို ခံစားမိခြင်းဖြစ်သည်။
ထိုက်ကျိအမှတ်အသားနှင့်တူညီစွာပင် ထိုအရာက တစ်ခြမ်းကအဖြူ ရောင်ဖြစ်ပြီး ကျန်တစ်ခြမ်းကအနက်ရောင်ဖြစ်ပေသည်။
ထိုအချိန်မှာပင် လုယွီက ထိုအရာသည် ကောင်းကင်ဘုံအင်ပါယာထိုက်ခို၏တာအိုနည်းစနစ်ဖြစ်မည်ဟု တွေးတောမိသွားသည်။ သို့ရာတွင် လုယွီက ကောင်းကင်ဘုံအင်ပါယာထိုက်ခို၏စိတ်ဝိညာဉ်ကို ဝါးမြိုပြီးဖြစ်၍ သူ၏မှတ်ဉာဏ်များအတွင်းတွင် ရှာဖွေကြည့်လိုက်သော်လည်း ထိုအော်ရာနှင့်ပက်သတ်၍ မည်သည့်မှတ်တမ်းမျှ ရှာဖွေတွေ့ရှိခဲ့ခြင်းမရှိချေ။
ဖြစ်နိုင်သည်က ထိုအော်ရာသည် ကောင်းကင်ဘုံအင်ပါယာ ပိုင်ဆိုင်သည့်အရာ မဟုတ်သလော....
လုယွီ၏နားအတွင်းတွင် တာအိုဂါထာ ရွတ်ဖတ်သံများက ပေါက်ကွဲဝင်လာခဲ့ပြီး တခဏအကြာမှာပင် အောာ်ရာတိုင်းက အနည်းငယ်မှုန်ဝါးသွားခဲ့သည်။
ထိုအချိန်မှာပင် လုယွီက မြူ မှုန်များရစ်သိုင်းလွှမ်းခြုံနေသည့် ကြီးမားသည့်နန်းတော်တစ်ခုအားမြင်လိုက်ရသည်။ ထိုနန်းတော်ကြီးအတွင်းတွင် မြောက်မြားစွာသည့်အင်မော်တယ်များက ဖြတ်သန်းသွားလာနေပေ၏။
ယခုနေရာရှိ ကောင်းကင်ယံတွင်လည်း ရောင်စုံအလင်းတန်းများတောက်ပနေပြီး မရေမတွက်နိုင်သည့်မှော်ရတနာများနှင့်ပျံသန်းနိုင်သည့်ရတနာများက ကူးသန်းသွားလာနေလေ၏။
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ထိုမြင်ကွင်းက ပျောက်ကွယ်သွားပြီး မူလဖရိုဖရဲနယ်မြေအဖြစ်သာ ကြွင်းကျန်ရစ်တော့သည်။
သို့ရာတွင် ထိုမြင်ကွင်းရပ်တန့်သွားသော အချိန်တခဏမှာပင် မူလဘုတဖရိုဖရဲအမှတ်အသားအဖြစ်သို့ ပြောင်းလဲသွားပြီး လုယွီ၏အသိစိတ်ပင်လယ်အတွင်းတွင် အဆက်မပြတ်လှည့်ပတ်နေခဲ့သည်။
"ငါရဲ့အသိစိတ်ပင်လယ်ထဲမှာ ဒီလိုရတနာမျိုးရှိနေတာကို ငါ အမှန်တစ်ကယ် သတိမထားမိခဲ့ဘူး..ဒါပေမယ့် ဒီရတနာကိုကြည့်ရတာ မူလဘုတရတနာနဲ့တော့ တူညီနေသလိုပဲ"
လုယွီက သူ၏နှလုံးသားအတွင်းတွင် အလွန်တည်ငြိမ်နေခဲ့သည်။ သူက လှို့ဝှက်မှုကိုသိရှိသွားသောပျော်ရွှင်မှုကိုပင် မခံစားရဘဲ သူ၏နှလုံးသားသည် ရေကဲ့သို့တည်ငြိမ်နေခဲ့သည်။
သေခြင်းရှင်ခြင်းမှတ်တမ်းအတွင်းမှ နတ်ဆိုးစိတ်ဝိညာဉ်များ၏ကျင့်ကြံမှုအားလုံးကို အစွမ်းထက်သောစုပ်ယူအားမှတဆင့် လုယွီ၏ကိုယ်ပိုင်ကျင့်ကြံမှုအဖြစ်သို့ အသွင်ကူးပြောင်းပြီးဖြစ်သည်။
ဒုန်း....ဒုန်း....ဒုန်း...
လုယွီ၏ရင်ဘတ်မှနေ၍ စစ်ဗုံသံကဲ့သို့အသံတစ်သံက တာအိုဂါထာရွတ်ဖတ်သံများနှင့်အတူ ထွက်ပေါ်လာခဲ့သည်။
အသံနှစ်ခုက အတူတကွရောနှောသွားပြီး ရှားပါးသည့်အံ့ဖွယ်ဖြစ်စဉ်တစ်ခု ပေါ်ပေါက်လာခဲ့သည်။
"သူက လုံချီနယ်ပယ်ကို ချိုးဖျက်ဝင်ရောက်သွားနိုင်ပြီလား....ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
လုံရွှင်း၏မျက်လုံးအတွင်းတွင် ထိတ်လန့်မှုအရိပ်အယောင်များ ဖြတ်ပြေးနေလေသည်။
ထိုကောင်လေးက သေမျိုးအဆင့်ကနေ လုံချီနယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ခြင်းသာဖြစ်သည်။ မည်သည်ကြောင့် ဤကဲ့သို့အံ့ဖွယ်ဖြစ်ရပ်မျိုးကို ဖြစ်ပေါ်စေသနည်း။
"မင်းက လုံချီနယ်ပယ်ကိုရောက်သွားရင်တောင်.....ငါက မင်းကိုသတ်ပစ်နိုင်တုန်းပဲ"
ချက်ချင်းပင် လုံရွှင်း၏မျက်လုံးအတွင်းတွင် သတ်ဖြတ်ခြင်းစိတ်ဆန္ဒများ မြင့်တတ်လာခဲ့သည်။
'ဒါက အမှန်ပဲလေ...ငါက မင်းကိုဘာလို့မသတ်နိုင်ရမှာလဲ...ဒီနေ့ ငါမင်းကိုသတ်ကိုသတ်ရလိမ့်မယ်"
လုံရွှင်း၏သိပ်သည်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒများနောက်ကွယ်တွင် ကြောက်ရွံမှုအရိပ်အယောင်များ စွက်ဖက်ပါဝင်နေလေသည်။
အကယ်၍ ဤကဲ့သိုသူမျိုးကို ဖွံဖြိုးတိုးတတ်ရန်နေရာပေးလိုက်လျှင် နောင်အနာဂတ်တွင် သူ၏တိုးတတ်လာမှုသည် မည်မျှထိကြောက်မက်ဖွယ်ကောင်းသည်အထိ မြင့်မားသွားမည်ဆိုသည်မှာ ယုံကြည်နိုင်ရန်ပင်ခက်ခဲပေသည်။
လုံရွှင်း၏ကျန်းချီများသည် လုယွီထံသို့ ရောက်လုရောင်ခင် အခြေအနေတွင်ဖြစ်သည်။
ထိုအချိန်မှာပင် လုယွီ၏ခန္ဓာကိုယ်မှနေ၍ ထူထပ်သောမြူ ခိုးများ ရုတ်တရက် ထွက်ပေါ်လာပြီး သူ့အား အလွန်အမင်းမှုန်ဝါးစွာပင် မြင်နိုင်တော့သည်။
ရုတ်တရက် လုယွီ၏ရေခဲတမျှအေးစက်သည့်အကြည့်က မြူ ခိုးများအတွင်းမှပေါ်ထွက်လာပြီး လုံရွှင်း၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာခဲ့သည်။
လုံရွှင်းက အပြင်းအထန်တုန်လှုပ်သွားလေ၏။ ချက်ချင်းဆိုသလိုပင် သူအားထိတ်လန့်ဖွယ်နဂါးတစ်ကောင်က စိုက်ကြည့်နေသကဲ့သို့ အမှန်တစ်ကယ်ပင် ခံစားလိုက်ရသည်။
မဟုတ်ဘူး....အဲ့ဒီကောင်က သေမျိုးတစ်ယောက်လေ...
သူက လုံချီနယ်ပယ်ကိုခုမှချိုးဖျက်ဝင်ထားတဲ့ ပုရွတ်ဆိတ်တစ်ကောင်ပဲလေ...
လုံရွှင်းက ဒေါသတကြီးကြုံးဝါးနေရင်း သူ၏ခန္ဓာကိုယ်မှအစွမ်းထက်သောကျန်းချီများက လုယွီထံသို့ အပြင်းအထန်တိုးဝင်သွားခဲ့သည်။
ထိုအချိန်တွင် လုယွီက မြူ ခိုးများအတွင်းတွင် မတ်တတ်ရပ်နေလေ၏။
"ငါ မင်းကို အကြိမ်ပေါင်းများစွာ ခွင့်လွှက်ပေးပြီးပြီ....ကြည့်ရတာတော့ မင်းက အမှန်တစ်ကယ်ကို သေလမ်းရှာနေပုံပဲ"
လုယွီ၏ အသံကမြူ ခိုးများကြားမှထွက်ပေါ်လာခဲ့သည်။
ဝွစ္...
အစွမ်းထက်သောအော်ရာတစ်ခုက စတင်ပေါ်ထွက်လာပြီး နဂါးအော်သံခပ်သဲ့သဲ့က ခန်းမတစ်ခုလုံးတွင် ပဲ့တင်ထပ်ပျံ့နှံ့သွားလေသည်။
လုံချီနယ်ပယ်.....
Chapter 125
လုယီံ၏အစွမ်းထက်သောအော်ရာ ထုတ်လွှတ်ထားချိန်တွင် လူတိုင်းက စိတ်နှင့်ကိုယ်ကင်းလွတ်သွားသကဲ့သို့ ခံစားနေရသည်။
မည်သို့ဖြစ်နိုင်မည်နည်း...ဤကဲ့သို့အော်ရာက လုံချီနယ်ပယ်ကျင့်ကြံသူတစ်ယောက် ထုတ်လွှတ်သည့်အရာဖြစ်နိုင်သလော.....
ယခုလက်ရှိ ဤနေရာ၌ရှိနေကြသော ကျင့်ကြံသူအားလုံးတို့ကို မမြင်နိုင်သောဖိအားတစ်ရပ်ဖြင့် ဖိနှိပ်ထားခြင်းခံရပြီး အင်အားပြည့်ထုတ်ဖော်နိုင်ခြင်းမရှိပေ။
သို့ရာတွင် ယခုလောလောဆယ် လုယွီ ထုတ်လွှတ်ထားသောခွန်အားမှာ လူတိုင်းကို တုန်လှုပ်သွားစေရန် လုံလောတ်ပေသည်။
မည်သည့်စွမ်းအားမျိုးက သူကို ယခုကဲ့သို့သောစွမ်းအားမျိုးထုတ်ဖော်ခွင့်ပြုသနည်း..။
ရုတ်တရက် လုယွီက သူ၏လက်ကိုဆန့်ထုတ်ပြီး လုံရွှင်း၏လည်ပင်းကိုဖမ်းဆုပ်ကာ အမှတ်မထင် ကိုင်ပေါက်ပစ်လိုက်သည်။
လုံရွှင်းသည် ကမ္ဘာမြေသင်္ကေတနယ်ပယ်ပညာရှင်တစ်ယောက်ဖြစ်သော်လည်း လုယွီ၏လက်အတွင်းတွင် မည်သည့်ခုခံကာကွယ်မှုမျှမပြုလုပ်နိုင်သည့် အမှိုက်တစနှင့်တူနေသည်။
"အဟွက်....အဟွက်....အဟွက်"
လုံရွှင်းက ချောင်းအကြိမ်ကြိမ်ဆိုးပြီး သွေးတစ်လုတ်အန်ထွက်လာခဲ့သည်။
သို့ရာတွင် လုယွီက သူကို လွယ်လင့်တကူလွှက်ပေးရန် အစီအစဉ်မရှိပေ။ ဤလူက လုယွီကျင့်ကြံနေစဉ်တွင် သတ်ဖြတ်ရန်ကြံစည်ဝံ့သူဖြစ်သည်။
အနက်ရောင်ပုံရိပ်တစ်ခုလက်ခနဲဖြစ်သွားပြီး လုယွီက လုံရွှင်း၏ရှေ့သို့ တည့်တည့်မတ်မတ်ရောက်သွားခဲ့သည်။ သူ၏လက်က လုံရွှင်း၏နဖူးပေါ်သို့ ကျရောက်သွားတော့သည်။
"ခွေးမသား....မင်း ငါကိုထိဝံ့တယ်ပေါ့"
လုံရွှင်းက ဒေါသတကြီးဖြစ်နေလေ၏။ သူ၏ကျန်းချီများကိုအသုံးပြု၍ ဓားပျံများကို လုယွီထံသို့စေလွှက်လိုက်သည်။
လုံရွှင်းသည် သူ၏ကျန်းချီများကို အင်အားပြည့်လှည့်ပတ်၍ အကောင်းဆုံးကြိုးစားကာ လုယွီထံသို့ တည့်တည့်မတ်မတ်ပစ်လွှက်လိုက်ခြင်းဖြစ်သည်။
ကလမ်...ကလမ်..
ရုတ်တရက် သတ္ထုများအက်ကွဲသံအား ကြားနေနိုငါသည်။
လုယွီက သူ၏လက်ချောင်းကိုဆန့်ထုတ်ပြီး လုံရွှင်း၏ဓားပျံများကို သူ၏လက်ချောင်းများဖြင့် ဖမ်းယူလိုက်သည်။
ဘာ....
လုံရွှင်း အံ့အားသင့်တုန်လှုပ်သွားလေ၏။ သူက အလျှင်စလိုဖြင့် သူ၏ကျန်းချီများကိုလှည့်ပတ်ပြီး မှော်ရတနာပစ္စည်းကို ပြန်သိမ်းယူနိုင်ရန်ကြိုးစားလိုက်သည်။
"မင်းက ငါလို ဒီလိုအမှိုက်တွေနဲ့ သတ်ချင်တာလား"
လုယွီက အေးတိအေးစက်ပြောပြီး သူ၏လက်ချောင်းများမှ အားကိုအသုံးပြု၍ ဓားပျံကိုချိုးပစ်လိုက်သည်။
ခက်.....ခရက်....
မြောက်များစွာသော အက်ကွဲကြောင်းများက ဓားပျံ၏မျက်နှာပြင်ပေါ်တွင် ဖြစ်လာပြီး ကြွပ်ဆတ်ဆတ်အသံများနှင့်အတူ ပေါက်ကွဲသွားတော့သည်။
ထိုဓားပျံက လုံရွှင်း၏အသက်မှော်ရတနာဖြစ်ပေ၏။ ယခု သူ၏အသက်မှော်ရတနာ ချိုးဖျက်ခံရချိန်တွင် လုံရွှင်း၏တစ်ကိုယ်လုံး တဆ်ဆတ်တုန်ရီနေပြီး သူ၏ပါးစပ်မှ သွေးများပန်းထွက်လာခဲ့သည်။
လုယွီက လုံရွှင်း၏ခေါင်းကိုကိုင်ပြီး သူအား မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ပစ်ချလိုက်သည်။
ဤနေရာတွင် လုယွီသည် အရာခပ်သိမ်း၏ဘုရင်ဖြစ်ပေ၏။ သူ၏ကျင့်ကြံမှုအဆင့်ကို ယခုနေရာ၌ တစိုးတစိမျှ ဖိနှိပ်ထားခြင်းမခံရချေ။
လုံရွှင်း၏ဦးခေါင်းက မြေပြင်အတွင်းနစ်မြုပ်နေခဲ့သည်။ သူ၏မျက်နှာသည် ဖုန်မှုန့်နှင့်ရွှံများ ပြည့်နှက်နေပြီး ကြည့်ရသည်မှာ အလွန်စိတ်ပျက်ဖွယ်ကောင်းနေသည်။
ဘုန်း....
နံဘေးတစ်နေရာတွင် ဖန်းယွမ်က လက်ဝါးတစ်ချက်နှင့်အတူ ဖက်တီးကျန်းအား လွင့်စင်ထွက်သွားစေခဲ့သည်။ သူက ချက်ချင်းလုယွီဘက်လှည့်၍ ဒေါသတကြီးအော်ဟစ်လိုက်သည်။
"ကောင်စုတ်လေး...ရပ်စမ်း"
ဖန်းယွမ်က သူ၏အကြီးဆုံးတပည့်အား လုယွီပြုမူလိုက်ပုံကိုမြင်ချိန်တွင် ဒေါသတကြီး ကြုံးဝါးလိုက်သည်။
ဖန်းယွမ်၏အသံကိုကြားချိန်တွင် လုံရွှင်းက ကယ်တင်ရှင်တွေ့ရှိသွားပုံရပြီး သူကအော်ဟစ်လိုက်သည်။
"ခန်းမသခင်....ကျွန်တော်ကိုကယ်ပါ"
ဖန်းယွမ်က ခြေတစ်လှမ်းရှေ့တိုးလိုက်ရာ လုယွီ၏ရှေ့၌ ရောက်ရှိလာပြီး ခက်ထန်တင်းမာစွာပြောကြားလိုက်သည်။
"ဒီလောတ်အသက်ငယ်ငယ်လေးမှာတောင် မင်းမှာသတ်ဖြတ်ခြင်းစိတ်ဆန္ဒက အရမ်းပြင်းထန်နေတာပဲ...ကြည့်ရတာ ဒီအဖိုးကြီးက မင်းကို ဖယ်ရှားပစ်မှရတော့မယ်...ဒီလိုမှမဟုတ်ရင် မင်း ကြီးပြင်းလာတဲ့အချိန်ကျရင် မင်းကသွေးဆာနေတဲ့နတ်ဆိုးတစ်ကောင်ဖြစ်လာလိမ့်မယ်"
ဖက်တီးကျန်းသည် အပြင်းအထန်ဒဏ်ရာရရှိထားသော်လည်း ဖန်းယွမ်၏စကားကိုကြားချိန်တွင် သူက ဖွီခနဲတံတွေးထွေးချပြီး လှောင်ပြောင်သရော်လိုက်သည်။
"မင်းရဲ့ ရာထူးနဲ့လာခြိမ်းခြောက်မနေစမ်းနဲ့...မင်းကသာ အဲ့လိုကြီးပြင်းလာလို့ မကောင်းတာတွေလုပ်နေတာ"
ဖန်းယွမ်က ဂရုမစိုက်ပုံဖြင့် အေးစက်စက် နှာမှုတ်လိုက်သည်။
သူ၏ရှေ့၌ရှိသော လုံချီနယ်ပယ်သို့ ယခုမှဝင်ရောက်နိုင်သည့် လုယွီဟူသောကောင်က မည်သို့လုပ်ဆောင်နိုင်မည်နည်း။ ထိုကောင်က ပုရွတ်ဆိတ်တစ်ကောငမထက် မပိုသောအနေအထားရှိနေဆဲဖြစ်သည်။
လုယွီက ဖန်းယွမ်ကို ကြည့်နေသော်လည်း သူ၏လက်များက လုံရွှင်း၏ဦးခေါင်းကို မြေပြင်ပေါ်၌ဖိနှိပ်ထားဆဲဖြစ်သည်။
"ဒီလိုဆိုတော့ ခင်ဗျားရဲ့တပည့်ကကျ ကျုပ်ကိုသတ်လို့ရတယ်...ဒါပေမယ့် ကျုပ်က ခင်ဗျားတပည့်ကိုသတ်ရင်တော့ သွေးဆာတဲ့နတ်ဆိုးပေါ့..အဲ့ဒီလိုလား"
လုယွီက တည်ငြိမ်စွာဖြင့် ပြောကြားလိုက်သည်။
ဖန်းယွမ်က အေးတိအေးစက်သရော်တော်တော် ပြောလိုက်လေ၏။
"ငါရဲ့တပည့် လုံရွှင်းက မြင့်မြတ်တဲ့ကလန်တစ်ခုကလာတာ....ဒါနဲ့ မင်း....မင်းကတော့ ဘယ်နေရာကနေသိလာမှန်းမသိတဲ့ နတ်ဆိုးပညာတွေနဲ့သေမျိုးတစ်ယောက်လေ.....မင်းက အဲ့ဒီနတ်ဆိုးရတနာတွေကနေ ကျန်းချီတွေကို အမှန်တကယ်ရယူနိုင်ခဲ့တယ်..သူက မင်းကိုသတ်တာက နတ်ဆိုးကိုဖယ်ရှားပြီး တာအိုကိုကာကွယ်တာပဲ....မင်း လုပ်မိတဲ့အမှားတွေ မင်းသိလား"
လုံရွှင်းက လုယွီကို ကိုယ်ရေးကိုယ်တာရန်ငြှိုးများကြောင့် သတ်လိုသည်မှာ ထင်ရှားပေ၏။
သို့ရာတွင် ဖန်းယွမ်၏စကားများအရ လုယွီကို ကြောက်မက်ဖွယ်အကောင်းဆုံးပြစ်မှုများကို ကျူ းလွန်ထားသူအဖြစ် ပြောဆိုနေသည်မှာ ထင်ရှားပေသည်။
လုယွီက သူ၏ခေါင်းကိုခါယမ်းပြီး ထူးမခြားနားလေသံဖြင့်သာပြောဆိုလိုက်သည်။
"ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှပြောစရာမရှိတော့ဘူး"
ဘုန်း.....
လုယွီက သူ၏လက်သီးကိုတင်းတင်းကျပ်ကျပ်ဆုပ်၍ လုံရွှင်း၏ဦးခေါင်းအား ထိုးနှက်လိုက်သည်။
လုံရွှင်း၏ဦးခေါင်းသည် ဖရဲသီးတစ်လုံးကွဲကြေသွားသကဲ့သို့ ပေါက်ကွဲသွားတော့သည်။