အခန်း (၁၂၆-၁၃၀)
Vol. 6-10 Ch. 126-130
Chapter 126
လုယွီက လုံရွှင်း၏ဦးခေါင်းကို လက်တစ်ဖက်တည်းဖြင့် ခြေမွပစ်ခဲ့သော်လည်း သူ မည်သည့်အရာမျှမလုပ်ခဲ့သည့်အလား အေးဆေးတည်ငြိမ်သောအမူအယာဖြင့်သာ ငြိမ်သက်နေခဲ့သည်။
ဖန်းယွမ်ကမူ ဒေါသတကြီးဖြစ်နေလေ၏။ လုယွီက ဤကဲ့သို့လုပ်ရပ်မျိုးကို သူ၏ရှေ့၌ လုပ်ဝံ့လိမ့်မည်ဟု သူ မည်သည့်အချိန်ကမျှ တွေးမထင်မိခဲ့ပေ။
"မင်း....သေဖို့ပြင်ထားတော့"
ဖန်းယွမ်က ဒေါသတကြီးကြုံးဝါးပြီး သူ၏ကျန်းချီများကိုပေါက်ကွဲစေ၍ ရှေ့သို့တိုးလာခဲ့သည်။
ပတ်ဝန်းကျင်ရှိလူများသည် ဖန်းယွမ် ချိန်ရွယာထားသည့်ပစ်မှတ်က သူတို့မဟုတ်သည်တောင်မှ သူတို့ထံသို့ ဘက်ပေါင်းစုံမှတိုးဝင်လာသည့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒများကို ခံစားနေရလေသည်။
ဤသူက မည်သို့သောကျွမ်းကျင်ပညာရှင်ဖြစ်သနည်း....အကယ်၍ သူတို့သာ ဖန်းယွမ်နှင့်ရင်ဆိုင်ရလျှင် မြှုပ်နှံစရာမြေမရှိဘဲ သေဆုံးရမည်မှာ သေချာပေသည်။
ဖန်းယွမ်၏လက်ဝါးပေါ်တွင် မိုးကြိုးလှိုင်းများထွက်ပေါ်လာပြီး တဖျစ်ဖျစ် တဖြောက်ဖြောက်မည်နေခဲ့သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို မိုးကြိုးလျှပ်စီးများဖြင့် ဝန်းရံနေပေ၏။ အဝေးမှကြည့်လျှင် ဖန်းယွမ်သည် လေထုအတွင်း မတ်တတ်ရပ်နေသည့် မိုးကြိုးနတ်ဘုရားတစ်ပါးဖြင့်ပင်တူညီနေသည်။
လုယွီက မျက်မှောင်ကြုပ်မိလေ၏။
"လ်ွပ္စီးမိုးႀကိဳးသဘာဝ ပညာရွင္လား"
"ဟား ဟား ဟား....ကောင်လေး...မင်းသိလား....ဘယ်သူမှ ငါရဲ့မိုးကြိုးမှော်ပညာအောက်မှာ အသက်မရှင်ဖူးဘူး...တစ်ကယ်လို့ မင်းက ငါကိုလှုပ်ရှားမှုတစ်ခုပြုလုပ်ဖို့ ဖိအားပေးန်ုင်တယ်ဆိုရင်ကို မင်း နောင်တမရဘဲ သေလိုာရပြီ"
လုယွီ၏မျက်လုံးအတွင်းတွင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြတ်ပြေးသွားခဲ့သည်။
လျှပ်စီးမိုးကြိုးပညာရပ်များသည် လုယွီနှင့်အလွန်အကျွမ်းတဝင်ရှိသောအရာများဖြစ်သည်။ အတိတ်ကာလတွင် သူက ရှန်းလင်းလုံကျင့်ကြံနိုင်ရန်အတွက် လျှပ်စီးမိုးကြိုးကျင့်စဉ်များကိုရှာဖွေခဲ့ဖူးသည်။
ရှန်းလင်းလုံ၏ကျင့်ကြံမှုအတွက်ရည်ရည်၍ လုယွီက လျှပ်စီးမိုးကြိုးကျောင်းတော်သို့သွားရောက်၍ သူတို့တောင်းဆိုသမျှအား လိုက်လျောခဲ့ရသည်။ ထိုအခြင်းအရာက သူသည်ရှေးဟောင်းလျှပ်စီးမိုးကြိုးကျင့်စဉ်တစ်ချို့ ရရှိစေရန်ဖြစ်ပေသည်။
ထိုနှစ်များအတွင်းတွင် လုယွီ၏ဘဝတစ်ခုလုံးသည် ရှန်းလင်းလုံပေါ်တွင်သာ အာရုံစူးစိုက်ထားခဲ့သည်။
ယခုလက်ရှိတွင် ထိုအကြောင်းများကို သူပြန်တွေးမိချိန်တွင် ရှန်းလင်းလုံ၏မျက်လုံးအတွင်းတွင် လုယွီဟူသည့်သူက သူမအသုံးပြုခဲ့သည့်စစ်တုရင်ရုပ်တစ်ရုပ်သာဖြစ်ပေသည်။
"ညီလေး...နည်းလမ်းရှာပြီးမြန်မြန်ထွက်သွား....ဒီခွေးမသားရဲ့ မိုးကြိုးဓမ္မက အလွယ်တကူရင်ဆိုင်လို့ရတဲ့ဟာမဟုတ်ဘူး"
ဖက်တီးကျန်းက နံဘေးဘက်မှနေ၍ စိုးရိမ်ပူပန်တကြီး အော်ဟစ်လိုက်လေ၏။
ဖန့်ကျွင်းသည်လည်း အံ့အားသင့်တုန်လှုပ်နေပေ၏။ သူက ကြားဝင်ရန်ဆန္ဒမရှိသော်လည်း လုယွီက သူ၏အသက်ကိုကယ်တင်ခဲ့ဖူးသည်။
"ငါတော့ သွားပြီ....တစ်ကယ်သွားပြီ...ငါကို ကြက်သွေးရောင်နတ်ဘုရားသစ်သီးပေးမယ့်သူမရှိမှာကို ငါစိုးရိမ်မိတယ်"
ဖက်တီးကျန်း၏မျက်နှာပေါ်တွင် နောင်တရနေသောအမူအယာများ ထွက်ပေါ်လာခဲ့သည်။
ထိုအချိန်တုန်းက လုယွီသည် နတ်ဘုရားသစ်သီးများပေးမည်ဟု သူကိုကတိပြုထားခဲ့သည်။ သို့ရာတွင် အကယ်၍လုယွီသာ သေဆုံးခဲ့လျှင် သူကမည်သည့်နည်းဖြင့် ကြက်သွေးရောင်နတ်ဘုရားသစ်သီးများရရှိတော့မည်နည်း။
"ဒီလောက် မိုးကြိုးနည်းနည်းလေးထုတ်သုံးနိုင်ရုံနဲ့ မင်းကိုယ်မင်းလျှပ်စီးမိုးကြိုးသဘာဝပညာရှင်လို့ ခေါ်ဝံ့တာလား"
လူတိုင်း၏ အံ့အားသင့်နေသောအကြည့်အောက်တွင် ရုတ်တရက် လုယွီက ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်သည်။
သူ မည်သည့်အရာကိုလုပ်ဆောင်ချင်နေသနည်း...
လူတိုင်းက သူတို့ရှေ့ရှိမြင်ကွင်းကို စိုက်ကြည့်နေမိကြသည်။ ဒြပ်စင်ငါးပါးဂိုဏ်းမှတစ်ပည့်ဖြစ်စေ ကွေ့ဟွမ်ဂိုဏ်းမှတပည့်ဖြစ်စေ သူတို့ကတိုက်ခိုက်ခြင်းကိုရပ်တန့်၍ သူတို့ရှေ့မှောက်ရှိမြင်ကွင်းအား ကြည့်ရှုနေကြသည်။
ဖန်းယွမ်သည် တောင်ပိုင်းစွန့်ပစ်ကုန်းမြေတွင် နှစ်ပေါင်းများစွာကြာအောင် လှည့်လည်ကျက်စားခဲ့သော ဝါရင့်ကျွမ်းကျင်သူတစ်ယောက်ဖြစ်သည်။ ယခုချိန်တွင် ဤကဲ့သို့မောက်မာရိုင်းစိုင်းစွာဖြင့် သူ့အား စိန်ခေါ်ဝံ့သူတစ်ယောက်ရှိလာခဲ့ပြီဖြစ်ပေ၏။
လုယွီ၏ခြိမ်းခြောက်နေသောအသံက ရုတ်တရက် ခန်းမတစ်ခုလုံးတွင် ပဲ့တင်ထပ်လာခဲ့သည်။
"ကျုပ်က တစ်ကယ့် လျှပ်စီးမိုးကြိုးမှော်ပညာကဘာလဲဆိုတာ ခင်ဗျားကို ပြသပေးမယ်"
လုယွီ၏လက်ဝါးအတွင်းတွင် အနက်ရောင်လျှပ်စီးများက ရုတ်တရက် ဝင်းလက်တောက်ပလာလေ၏။ ထို့နောက် လုယွီ၏ခန္ဓာကိုယ်တစ်ခုလုံးကို အနက်ရောင်မိုးကြိုးလှိုင်းများက ရုတ်ချည်းလွှမ်းခြုံလာခဲ့သည်။ ယခုနေရာ၌ လေတိုက်ခတ်ခြင်းမရှိသော်လည်း ဘက်ပေါင်းစုံမှ လေပြင်းတစ်ခုမွှေနှောက်တိုက်ခတ်နေသကဲ့သို့ လုယွီ၏အကျႌလက်များသည် တဖျပ်ဖျပ်ခတ်နေသည်။
ဘုန်း....ဘုန်း...ဘုန်း....
ဖိနှိပ်စေသောအသံများနှင့် ယှဉ်တွဲ၍ အနက်ရောင်မြူ ခိုးများက အကျဉ်းထောင်ခန်းမ၏အထက်တွင် နေရာအနှံ့ မျောလွင့်နေခဲ့သည်။
ထူထပ်သိပ်သည်းသောမြူ ခိုးများအတွင်းမှ ကြီးမားရှည်လျားသော မိုးကြိုးနဂါးကြီးတစ်ကောင်သည် လေထုအတွင်း ပျံဝဲနေလေသည်။
ထိုအချိန်တွင် လုယွီ၏ခြေထောက်နှစ်ဖက်လုံးက မြေပြင်နှင့်လွတ်ကင်းသွားခဲ့သည်။ အနက်ရောင်မြူ ခ်ုးများအကြားတွင် မတ်တတ်ရပ်နေသည့် လုယွီသည် နတ်ဘုရားတစ်ပါးနှင့် တူညီနေလေသည်။
ဖန်းယွမ်၏မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ရုတ်တရက် သူက ထိတ်လန့်တကြားအော်ဟစ်လိုက်သည်။
"မင်းကလည်း လျှပ်စီးမိုးကြိုးသဘာဝပညာရှင်ပဲလား...ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"
"ကျုပ်အတွက်တော့ ခင်ဗျားရဲ့လျှပ်စီးမိုးကြိုးနည်းစနစ်တွေက ပါးစပ်ထဲထည့်ပြောဖို့တောင်မတန်ဘူး"
လုယွီက အေးဆေးတည်ငြိမ်စွာဖြင့် ပြောကြားလိုက်လေ၏။
ဖန်းယွမ်၏မျက်လုံးများအတွင်းတွင် မယုံသင်္ကာဟန်များ ထင်ဟပ်လာခဲ့သည်။ သူက လုယွီဘက်သို့ကြည့်၍ အေးတိအေးစက် လှောင်ပြောင်သရော်လိုက်သည်။
"ဒါဆို မင်းကလည်း လျှပ်စီးမိုးကြိုးသဘာဝပညာရှင်တစ်ယောက်ပေါ့...ဟုတ်လား...ဘယ်လိုပဲဖြစ်ဖြစ် မင်းက သေးငယ်တဲ့လုံချီနယ်ပယ်ကျင့်ကြံသူပဲရှိသေးတာ....မင်းကိုသတ်ရတာ ခွေးတစ်ကောင်ကိုသတ်ရတာနဲ့ အတူတူပဲနေမှာ"
ဖန်းယွမ်က သူ၏အားအကောင်းဆုံး လျှပ်စီးမိုးကြိုးမန္တန်ကိုရွတ်ဆိုပြီး လုယွီထံသို့ အညှာအတာမဲ့စွာပစ်လွှက်လိုက်သည်။
လုယွီက တည်ငြိမ်စွာဖြင့် ဖန်းယွမ်ထံသို့ လက်ဝါးရိုက်ချက်တစ်ချက်သာ ရိုက်ထုတ်လိုက်လေ၏။ ကြီးမားရှည်လျားသည့် မိုးကြိုးနဂါးကြီးက ဟိန်းဟောက်သံပြုရင်း ဖန်းယွမ်ထံသို့ ချက်ချင်းတိုးဝင်သွားတော့သည်။
Chapter 127
လျှပ်စီးမိုးကြိုးလှိုင်းနှစ်ခု ထိပ်တိုက်တွေ့မိချိန်တွင် နားကွဲလုမတတ်ဆူညံသံကြီး မြည်ဟီးလာခဲ့သည်။
ပတ်ဝန်းကျင်ရှိကျင့်ကြံသူများသည် သူတို့၏နားများကိုပိတ်၍ နောက်သို့ဆုတ်လိုက်ကြလေ၏။ ဤကဲ့သို့တိုက်ပွဲအဆင့်မျိုးသည် သူတို့ပါဝင်ယှဉ်နွှဲနိုင့်မည့် တစ်စုံတစ်ရာမဟုတ်ချေ။
ဖက်တီးကျန်းက အလွန်မျက်စိရှင်သူတစ်ယောက်ဖြစ်ပေ၏။ လုယွီနှင့်ဖန်းယွမ်တို့၏တိုက်ပွဲမစတင်မှီကပင် သူက သတိလစ်မေ့မျောနေသော နျူ နျူ ကိူချီမ၍ နံရံဘက်ခြမ်းစီသို့ အပြေးအလွှားသွားခဲ့ပြီးဖြစ်သည်။
မန္တန်နှစ်ခုသည် အံ့အားသင့်ဖွယ် ထိခိုက်ပျက်စီးမှုများကိုဖြစ်ပေါ်စေခဲ့သည်။ မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို အတိအကျပုံဖော်ရန်ပင် အလွန်ခက်ခဲပေသည်။
ဖုန်မှုန့်များ တဖြည်းဖြည်း လွင့်ပြယ်သွားချိန်တွင် ပုံရိပ်တစ်ခုက ရုတ်တရက် နောက်သို့လွင့်ပျံထွက်သွားခဲ့သည်။
ဘုန်း.....
ထိုလူက ရုတ်တရက် သူ၏ညာခြေထောက်ကို မြေပြင်ပေါ်၍ ရပ်တန့်လိုက်ရာ အောက်ခြေရှိမြေသားများကွဲအက်သွားစေပြီး သူလွင့်ပျံထွက်နေသောအရှိန်က ရပ်တန့်သွားတော့သည်။
မီးခိုးနှင့်ဖုန်မှုန့်များ အပြည့်အဝလွင့်ပြယ်သွားချိန်တွင် လွင့်စင်ထွက်လာသူ၏မျက်နှာ ပေါ်ထွက်လာလေ၏။ လူတိုင်းက လေအေးတစ်ချက် ရှိုက်သွင်းမိကြသည်။ ထိုသူက အမှန်တစ်ငယ်ကိုပင် ဖန်းယွမ်ဖြစ်နေလေသည်။
ထိုအချိန်တွင် ဖန်းယွမ်း၏ခန္ဓာကိုယ်ပေါ်ရှိ ပိုးထည်အကျႌပေါ်တွင် ပြတ်ရှရာများအများအပြားရှိနေသည်။ သူ၏မျက်နှာသည် လောင်ကျွမ်းထားပုံရပြီး သူ့ဆံပင်များကလည်း ရှုပ်ပွနေလေ၏။ ဖန်းယွမ်၏ပါးစပ်ထောင့်မှ သွေးများယိုစီးကျနေပြီး ပြင်းထန်သောဒဏ်ရာကိုခံစားနေရပုံကို ညွှန်ပြနေသည်။
ခွပ်...ခွပ်...ခွပ်
လေးလေးနက်နက် ခြေလှမ်းသံတစ်ချို့က မီးခိုးနှင့်ဖုန်မှုန့်များအကြားမှ ထွက်ပေါ်လာခဲ့သည်။
လုယွီက လျှောက်လှမ်းလာပြီးနောက် ဖန်းယွမ်၏အရှေ့အရောက်တွင် ရပ်တန့်ပြီး သူ၏အကြည့်များက တည်ငြိမ်အေးဆေးနေခဲ့သည်။
"ဘာ....သူ...ဖြစ်နိုင်တာက ခန်းမသခင်က ရှုံးနိမ့်သွားတာလား....မဖြစ်နိုင်ဘူး....ဒါက မဖြစ်နိုင်ဘူး"
လူတိုင်း အံ့အားသင့်တုန်လှုပ်ကုန်ကြသည်။
လူတိုင်း၏အကြည့်များအောက်တွင် လုယွီ၏ခန္ဓာကိုယ်သည် ယခင်ကအတိုင်းပင်ရှိနေပြီး ထိခိုက်ဒဏ်ရာတစ်ခုတစ်လေမျှမရှိကြောင်း သူတို့မြင်တွေ့ရလေ၏။
ယခုလက်ရှိ ဖန်းယွမ်၏ပုံပန်းသွင်ပြင်နှင့် နှိုင်းယှဉ်ကြည့်လျှင် အနိုင်ရရှိသူသည် သိသာထင်ရှားနေပြီဖြစ်သည်။
"မဖြစ်နိုင်ဘူး....သူက လုံချီနယ်ပယ်ပဲရှိသေးတာ သေချာနေတာကို....သူက ဘယ်လိုလုပ် ခန်းမသခင်နဲ့ယှဉ်ပြိုင်တိုက်ခိုက်နိုင်ရတာလဲ"
ကွေ့ဟွမ်ဂိုဏ်းမှတပည့်များ၏အကြည့်များသည် စိတ်ရှုပ်ထွေးမှုများပြည့်နှက်နေသော ကြောက်ရွံမှုများအဖြစ် ပြောင်းလဲသွားတော့သည်။
အကယ်၍ လုယွီက အပြစ်တင်မည်ဆိုလျှင် မည်သည့်နည်းဖြင့် သူတို့က လုယွီ၏ဒေါသကို တောင့်ခံနိုင်မည်နည်း။
ဖန့်ကျွင်းသည်လည်း ကြက်သေသေနေမိ၏။ လုယွီက ခန်းမသခင်ဖန်းကို ရိုက်နှက်နိုင်လိမ့်မည်ဟု သူ မည်သည့်အချိန်ကမျှတွေးမထင်ခဲ့ပေ။
ဖက်တီးကျန်းကမူ သူ၏ပါးစပ်ကြီးဟောင်းလောင်းပွင့်နေခဲ့သည်။
"ငါ အမှားတစ်ခုပြုလုပ်မိပြီလား...သူက မြင့်မြတ်နယ်မြေတွေကနေ တောင်ပိုင်းစွန့်ပစ်ကုန်းမြေကို ရောက်လာတဲ့ ပြိုင်ဘက်ကင်းပါရမီရှင်များ ဖြစ်နေမလား"
ဖက်တီးကျန်းက တီးတိုးရေရွတ်မိလေ၏။
လူတိုင်းက လေသံတိုးတိုးဖြင့်သာ ပြောဆိုနေကြသော်လည်း အစွမ်းထက်ပညာရှင်တစ်ယောက်ဖြစ်သော ဖန်းယွမ်အတွက်ကမူ သဲသဲကွဲကွဲကြားနေရသည်။
ဖန်းယွမ်၏မျက်လုံးများတွင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများပြည့်နှက်နေခဲ့သည်။ သူ၏စိတ်နှလုံးသားသည် အရှက်ရမှုနှင့်ဒေါသထွက်မှု နှစ်မျိုးလုံးဖြင့်ပြည့်နေပြီး လုယွီအား အပိုင်းပိုင်းအစစပြုလုပ်ချင်သောဆန္ဒသာရှိနေခဲ့သည်။
"ကောင်စုတ်လေး....မင်းက နည်းစနစ်တချို့ တတ်မြောက်ထားတာနဲ့ ကိုယ်ကိုကိုယ်အထင်ကြီးနေတာလား...မင်းက ငါရဲ့စစ်မှန်တဲ့မိုးကြိုးဓမ္မကို ဘယ်လိုတောင်ယှဉ်ပြိုင်ဝံ့တာလဲ"
ဖန်းယွမ်က အေးတိအေးစက်ပြောကြားလိုက်သည်။
လုယွီက တည်ငြိမ်အေးဆေးစွာဖြင့်သာ တုန့်ပြန်လိုက်လေ၏။
"ခင်ဗျား အဲ့ဒီရလဒ်ကို လက်မခံနိုင်ဘူးဆိုရင်....ကျုပ်နဲ့လာတိုက်ခိုက်လေ"
"မင်း...."
ဖန်းယွမ်က လုယွီအား လက်ညှိုးညွှန်လိုက်ချိန်တွင် သူ၏မျက်လုံးအတွင်းတွင် ဖုံးကွယ်မထားနိုင်သောကြောက်ရွံမှုအရိပ်အယောင်တစ်ချို့ ထင်ဟပ်နေလေ၏။
သူ၏ရှေ့ရှိလူငယ်သည် ရိုးရှင်းသည့်သူတစ်ယောက် မဟုတ်သည်ကို ဖန်းယွမ် တိကျသေချာစွာ သိရှိသွားတော့သည်။ သူက နှစ်ပေါင်းများစွာကြာသည်အထိ ကျင့်ကြံခြင်းအဆင့်များစွာကိုကျော်ဖြတ်ခဲ့ပြီး မရေမတွက်နိုင်သည့်ပါရမီရှင်များအား မျက်မြင်တွေ့ခဲ့ဖူးသူတစ်ယောက်ဖြစ်သည်။
သို့ရာတွင် လုံချီနယ်ပယ်အဆင့်ကျင့်ကြံသူတစ်ယောက်က သူအားဆန့်ကျင်တိုက်ခိုက်နိုင်မည်ကိုမူ မည်သည့်အချိန်ကမျှ သူစိတ်မကူးမိခဲ့ချေ။
ဤကောင်လေးအား အသက်ချမ်းသာခွင့်ပေးရန် မဖြစ်နိုင်ပေ။ ဖန်းယွမ်က သူ၏စိတ်ကိုအဆင်သင့်ပြင်ဆင်ထားခဲ့သည်။ သူက လုယွီကို ယခုနေရာ၌သတ်မှသာ ဖြစ်ပေမည်။ ထိုသို့မှမဟုတ်လျှင် လုယွီသာကြီးပျင်းလာသည့်တစ်ချိန်ကျ ဖြစ်ပေါ်လာမည့်အကျိုးဆက်များသည် ပုံဖော်ပြရန်ပင် မဖြစ်နိုင်ပေ။
ထိုအချိန်မှာပင် တံခါး၏အပြင်ဘက်မှနေ၍ မှိန်ပျပျအဖြူ ရောင်အလင်းတန်းတောက်ပလာခဲ့သည်။ ကွေ့ဟွမ်ဂိုဏ်းမှတပည့်များ ခန်းမအတွင်းသို့ ဝင်လာစဉ်ကတည်းက တံခါးကိုပိတ်နှင့်ခဲ့ပြီးဖြစ်သည်။
သို့ရာတွင် တစ်စုံတစ်ယောက်က အပြင်ဘက်မှစက်ယန္တရားများကိုလှည့်နေပုံဖြင့် တံခါးကြီးက တဖြည်းဖြည်းပွင့်လာခဲ့သည်။
မည်သူဖြစ်သနည်း....
လူတိုင်းက သူတို့၏ဦးခေါင်းများကို တပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြ၏။ တံခါး၏အပြင်ဘက်တွင် မှော်ရတနာများကိုင်ဆောင်ထားသည့် ကျွမ်းကျင်ပညာရှင်တစ်ချို့မတ်တတ်ရပ်နေသည်ကို သူတို့အားလုံးမြင်လိုက်ရသည်။
ထိုလူစုအား ဦးဆောင်လာသူသည် ထိပ်သီးအင်အားစုများမှ ဌားရမ်းထားသည့် ဝင်္ကပါပညာရှင်များအနက်မှတစ်ယောက်ဖြစ်နေသည်။
"အကြီးအကဲပိုင်က တစ်ကယ်တော်တဲ့သူပဲ...သူမက ဒီနေရာမှာ ရတနာတွေရှိတယ်ဆိုတာ အမှန်တကယ်တွက်ချက်နိုင်ခဲ့တယ်"
လူအုပ်ကြီး၏အလယ်တွင် လင်းရှောင်ဂိုဏ်းမှအကြီးအကဲ ပိုင်ဆုချင် ရှိနေလေသည်။ လူအုပ်ကြီးထံမှ မြှောက်ပင့်နေသည့် စကားသံများကလည်း အဆက်မပြတ်ကြားနေရပေ၏။
Chapter 128
ထိုလူအုပ်စုထွက်ပေါ်လာချိန်တွင် ယခင်ကတင်းမာနေသောလေထုသည် ရုတ်တရက်ပြောင်းလဲသွားခဲ့သည်။
ဖန်းယွမ်၏အမူအယာသည်လည်းပြောင်းလဲသွားပြီး သူက အလျှင်စလိုဖြင့်နှုတ်ဆတ်လိုက်သည်။
"အႀကီးအကဲ ပိုင္"
ပိုင်ဆုချင်၏နောက်တွင်မူ ကျန်းထျန်းရှုံးရှိနေခဲ့သည်။ သူက ဖန်းယွမ်ကို တစ်ချက်ကြည့်ပြီး မျက်မှောင်ကြုပ်လိုက်သည်။
"ခန်းမသခင်ဖန်း...မင်းက ခွင့်ပြုချက်မရှိဘဲ ထွက်ခွာသွားခဲ့တယ်....ဖြစ်နိုင်တာက မင်းကဒီနေရာကို ခေါင်းဆောင်လုပ်ဖို့သက်သက်လာခဲ့တာလား"
ဖန်းယွမ်၏စိတ်နှလုံးသားများ တုန်ရီသွားလေ၏။ ကွေ့ဟွမ်ဂိုဏ်းသည် ကျန်းမိသားစုမှ တောင်ပိုင်းစွန့်ပစ်နယ်မြေအတွင်း မြေတောင်မြှေက်ပေးထားသည့် ဂိုဏ်းတစ်ဂိုဏ်းသာဖြစ်သည်။
အပေါ်ယံတွင် ဖန်းယွမ်ကိုကြည့်ရသည်မှာ အလွန်အထင်ကြီးဖွယ်ဖြစ်နေသော်လည်း ကျန်းကလန်အတွင်းတွင်မှု သူကအဆင့်မရှိသူတစ်ယောက်သာဖြစ်ပေ၏။
ဖန်းယွမ်၏မျက်လုံးများ ပုတ်ခတ်ပုတ်ခတ်ဖြစ်လာပြီး သူက ကြေကွဲဝမ်းနည်းနေသောလေသံဖြင့် ပြောဆိုလိုက်သည်။
"ဘိုးဘေးကျန်း....တစ်ယောက်ယောက်က ကျွန်တော်တို့ကွေ့ဟွမ်ဂိုဏ်းရဲ့တပည့်ခေါင်းဆောင်ကို အန္တရာယ်ပြုဖို့ကြိုးစားနေတာ ကျွန်တော်အာရုံခံမိခဲ့တယ်...ဒါကြောင့် ကျွန်တော်က အပြေးအလွှားလာပြီးစစ်ဆေးတာပါ..ဒါပေမယ့်....ဒါပေမယ့် ကျွန်တော်ခြေတစ်လှမ်းနောက်ကျသွားခဲ့တယ်"
လူတိုင်းပ ချက်ချင်းပင် မျက်မှောင်ကြုပ်လိုက်ကြ၏။ သူတို့က မည်သူသေသေရှင်ရှင် ဂရုစိုက်မည့်ပုံမပေါ်ကြပေ။
ယခုနေရာဝန်းကျင်တွင် မှော်ရတနာအများအပြားရှိနေခဲ့သည်။ ထို့ကြောင့် သူတို့ပို၍စိုးရိမ်ပူပန်သည့်ကိစ္စမှာ ယခင်ရောက်ရှိထားသူများသည် ရတနာများရယူထားခြင်းရှိမရှိကိုသာဖြစ်သည်။
"ခန်းမသခင် ဖန်း....အသုံးမဝင်တဲ့အရာတွေမပြောဘဲနေရအောင်...မင်းစီမှာ ဒီနေရာကမှော်ရတနာပစ္စည်းတစ်ခုခုများရှိနေလား"
ပိန်ခြောက်ခြောက်အဖိုးအိုတစ်ယောက်က သုန်မှုန်နေသောအမူအယာဖြင့် မေးမြန်းလိုက်သည်။
ဖန်းယွမ်၏အမူအယာပြောင်းလဲသွားပြီး သူ၏ခေါင်းကိုသာ သွင်သွင်ခါယမ်းပြလိုက်တော့သည်။
"ဂျူ နီယာက မလုပ်ဝံ့ပါဘူး....ဒီမှော်ရတနာပစ္စည်းတွေက အရမ်းထူးဆန်းတယ်...ကျွန်တော်ရဲ့တပည့်တစ်ယောက်တောင် ကြေးမုံမှန်တစ်ခုရဲ့ဝါးမြိုခြင်းခံလိုက်ရတယ်"
ပိန်ခြောက်ခြောက်အဖိုးအိုက ဖန်းယွမ်ကိုခြေဆုံးခေါင်းဆုံးကြည့်ပြီး သူလိမ်နေခြင်းဟုတ်မဟုတ် အတည်ပြုလိုက်သည်။ ထို့နောက်မှ အဖိုးအို၏အမူအယာသည် စိတ်သက်သာရာရသွားပုံပေါ်လာသည်။
ပိန်ခြောက်ခြောက်အဖိုးအိုက သူ၏လက်ကို ဆန့်ထုတ်လိုက်ရာ မူလက မြေပြင်ပေါ်၌ရှိနေသည့်ကြေးမုံမှန်က သူ၏လက်အတွင်းသို့ ရောက်ရှိလာသည်။
"ဟွန့်...ဒီ ကြေးမုံမှန်မှာ အစွမ်းတစ်ချို့ရှိနေတာပဲ"
သူက ကြေးမုံမှန်အား ကောက်ယူပြီးချိန်တွင် အဖိုးအို၏ရက်စက်ယုတ်မာပြီးထိတ်လန့်ကြောက်ရွံဖွယ်မျက်နှာက ကြေးမုံမှန်အတွင်း ထင်ဟပ်နေခဲ့သည်။
ထို့နောက်တွင်မူ အဖြူ ရောင်လက်မောင်းနှစ်ဖက် ထွက်လာပြီး အဖိုးအိုကို ကြေးမုံမှန်အတွင်းသို့ဆွဲသွင်းလေတော့သည်။
အဖိုးအိုက အေးတိအေးစက်နှာမှုတ်လိုက်သည်။ သူ၏လက်အတွင်းတွင် အဆောင်တစ်ခုကိုသိပ်သည်းစေပြီး ကြေးမုံ၏ထိန်းချုပ်မှုမှချိုးဖျက်ထွက်လိုက်သည်။ ထို့နောက် အဖိုးအိုက မန္တန်တစ်ချို့ကိုရွတ်ဆို၍ ကြေးမုံကို အပြည့်အဝချိပ်ပိတ်နိုင်ရန်ဆောင်ရွက်လိုက်သည်။
"ဟီး ဟီး...ဒီအဖိုးကြီးက ကြေးမုံမှန်ကို ယာယီလက်ခံရလိမ့်မယ်"
အဖိုးအိုက ရယ်မောရင်းမှ ကြေးမုံမှန်အား သူ၏သိုလှောင်အိတ်အတွင်းသို့ ထည့်သွင်းလိုက်သည်။
တစ်ခြားသူမျျားက အဖိုးအို၏လျှင်မြန်မှုကို ကျယ်လောင်စွာကျိန်ဆဲလိုက်ကြသည်။ အချိန်တခဏအကြာမှာပင် အကျဉ်းထောင်ခန်းမတွင် ရှိနေခဲ့သောမှော်ရတနာများအားလုံးကို အစွမ်းထက်ပညာရှင်များက သိမ်းဆည်းယူငင်လိုက်ကြသည်။
သူတို့၏ခွန်အားများသည် တာအိုပထမအဆင့်သာရောက်ရှိသေးသူများ မည်သို့မျှ ယှဉ်ပြိုင်နိုင်မည့်အရာမျိုးမဟုတ်ချေ။
တစ်ချို့မှော်ရတနာပစ္စည်းများသည် ထူးဆန်းနေသော်လည်း သူတို့ကဤလူအုပ်စု၏လက်အတွင်းမှ လွတ်မြောက်နိုင်ခြင်းမရှိပေ။
ကျန်းယုချင်က လုယွီ၏ပုံရိပ်ကို မြင်လိုက်ရလေ၏။ သူ အသက်ရှင်လျှက်ရှိနေအုံးမည်ဟု သူမမျှော်လင့်မထားမိချေ။ သူမ ထိခိုက်ဒဏ်ရာမရရှိခဲ့ခြင်းမှာ တာအိုဒုတိယဆင့်ကျင့်ကြံသူများ၏နောက်မှ လိုက်ပါနေမှုကြောင့်ဖြစ်သည်။ ထိုသို့ဆိုလျှင်ပင် ထိတ်လန့်ကြောက်ရွံဖွယ် နတ်ဆိုးစိတ်ဝိညာဉ်များကို သူမမျက်လုံးနှင့်ကိုယ်တိုင်မြင်တွေ့ရချိန်တွင် အေးစိမ့်မှုလှိုင်းများကို ခံစားမိခဲ့သည်။
လုယွီက အသက်ကြီးသူမဟုတ်သော်လည်း သူက မထင်မှတ်သည့် ထောင့်တစ်ထောင့်တွင်မတ်တတ်ရပ်နေခဲ့သည်။ သို့ရာတွင် အစောပိုင်းကရှိနေသောကျင့်ကြံသူများသည် လုယွီအား ကြောက်ရွံမှုများဖြင့်ကြည့်နေကြပုံမြင်နေရသည်။
"ဟမ်...ဒီကလေးက ကံကောင်းစွာနဲ့ အသက်ရှင်နေသေးတာပဲ"
လှောင်ပြောင်သရော်သံတစ်သံက နံဘေးမှထွက်ပေါ်လာလေ၏။ ဆရာသခင်ကျန့်၏မျက်လုံးများက လှောင်ပြောင်သရော်လိုဟန်များ ပြည့်နှက်နေပြီး သူကရယ်မောလိုက်သည်။
ရုတ်တရက် ပိုင်ဆုချင်က ခန်းမ၏အလယ်ဗဟိုစီသို့ ပေါ့ပါးသောခြေလှမ်းများဖြင့် လျှောက်လှမ်းသွားခဲ့သည်။ သူမသည် အမြဲတစေ လူအားလုံး၏အာရုံစူးစိုက်ရာ ဗဟိုချက်ဖြစ်ပေသည်။ သူမ၏လှုပ်ရှားမှုတိုင်းကို လူတိုင်းကစောင့်ကြည့်နေကြသည်။
ပိုင်ဆုချင်က သူမ၏လက်များကိုမြှောက်ပြီး ရုတ်တရက် စားပွဲပေါ်ရှိ သေခြင်းရှင်ခြင်းမှတ်တမ်းစာအုပ်ကို ကောက်ယူလိုက်သည်။ သေခြင်းရှင်ခြင်းမှတ်တမ်းစာအုပ် သူမလက်ထဲ ရောက်လာမှသာလျှင် ပိုင်ဆုချင်က အနည်းငယ်စိတ်အေးသွားခဲ့သည်။
တခဏအကြာတွင်မူ သူမက သေခြင်းရှင်ခြင်းမှတ်တမ်းစာအုပ်ကို လှန်လိုက်သည်။ သူမက အံ့အားသင့်ခြင်းအပြည့်ဖြင့် ဗလာဟင်းလင်းဖြစ်နေသည့် သေခြင်းရှင်ခြင်းမှတ်တမ်းစာအုပ်ကို ကြည့်နေမိလေသည်။ ပိုင်ဆုချင်၌ အရှုံးပေးရန်ဆန္ဒရှိပုံ မပေါ်ချေ။ သူမက စာအုပ်၏စာမျက်နှာများကို အဆက်မပြတ်လှန်လှောလိုက်လေ၏။
ဗလာ....
ဗလာ....
ထိုအရာက ဗလာကွက်လပ်ဖြစ်နေဆဲသာဖြစ်သည်။
ပိုင်ဆုချင်က သူမ၏နှုတ်ခမ်းများကို ဖိကိုက်လိုက်မိ၏။ သူမ၏စိတ်ဝိညာဉ်စွမ်းအင်အများအပြား ကုန်ဆုံးခဲ့ရပြီး ဤအရာကရလဒ်ဖြစ်နေခဲ့သည်။
"အဲ့ဒီစာအုပ္"
ဖန်းယွမ်၏မျက်လုံးများက ရုတ်တရက်တောက်ပလာပြီး သူက လုယွီကိုညွှန်ပြကာ အော်ဟစ်လိုက်လေ၏။
"အကြီးအကဲ ပိုင်...အဲ့ဒီမှော်ရတနာကို တစ်ခုခုလုပ်ထားတာ ဒီကောင်လေးပါ"
Chapter 129
ဖန်းယွမ်က ထိုစကားများကိုပြောလိုက်ချိန်တွင် လူတိုင်း၏အကြည့်များသည် လုယွီပေါ်သို့ ကျရောက်လာခဲ့သည်။
ပိုင်ဆုချင်ပင်လျှင် အလွန်လျှင်မြန်စွာဖြင့် သူမ၏ခေါင်းကိုလှည့်၍ကြည့်လိုက်သည်။ သူမက လုယွီကို ခြေဆုံးခေါင်းဆုံး ကြည့်ရှုနေလေ၏။
ဖန်းယွမ်က လုယွီကို ဒေါသတကြီးဖြင့် စူးစူးဝါးဝါးကြည့်လိုက်လေသည်။
"အဲ့ဒီအရာကို အကြီးအကဲပိုင်ကို မြန်မြန်ပေးလိုက်စမ်း....မင်း သေချင်နေတာလား"
လူတိုင်းက လုယွီ၏အနေအထား အထူးသဖြင့်သူ၏ကျင့်ကြံမှုနယ်ပယ်အား သတိပြုမိချိန်တွင် သူတို့က မျက်မှောင်ကြုပ်မိကြသည်။
လုံချီနယ်ပယ်....
ယခုလက်ရှိနေရာ၌ ရှိနေသေူသူတိုင်း၏ အနိမ့်ဆုံးကျင့်ကြံဆင့်ပင်လျှင် အမြူ တေဖွဲ့စည်းခြင်းအဆင့်ဖြစ်ပေ၏။ ဤနေရာ၌ မည်သည်ကြောင့် ယခုကဲ့သို့ လုံချီနယ်ပယ်ကျင့်ကြံသူတစ်ယောက် ပေါ်ထွက်လာရသနည်း။
ကျန်းထျန်းရှုံး၏မျက်လုံးများအတွင်းတွင် အံ့အားသင့်မှုအရိပ်အယောင်ထင်ဟပ်လာပြီး သူက ပိုင်ဆုချင်ထံသို့ ရယ်ရင်းမောရင်းလျှောက်လှမ်းသွားခဲ့သည်။
"အကြီးအကဲ ပိုင်...သူက ကျွန်တော်ရဲ့မိတ်ဆွေပါ...ငါရဲ့မျက်နှာထောက်ပြီး မင်းက သူကို စိတ်အနှောက်အယှက်မပေးလို့ရမလား"
ထိုစကားနှင့်အတူ ကျန်းထျန်းရှုံးက လုယွီဘက်သို့လှည့်၍ ပြုံးပြရင်းစကားပြောဆိုလိုက်သည်။
"မိတ်ဆွေငယ်လေးလု...ငါရဲ့တဲ့တိုးပြောမှုအတွက်တော့ ခွင့်လွှက်ပေးပါ...ဒါပေမယ့် ဒီနေရာမှာရှိတဲ့ ပစ္စည်းတွေက ငါတို့အတွက် အရမ်းတန်ဖိုးကြီးနေတယ်...မင်းက အသက်ငယ်ရွယ်သေးတာမို့ ရတနာအများစုရဲ့စွမ်းအားကို မင်း ထုတ်ဖော်နိုင်မှာမဟုတ်ဘူး....ငါအကြံပေးချင်တာက အကြီးအကဲပိုင်ကို မျက်နှာသာပေးတဲ့အနေနဲ့ မင်းစီကရတနာကို ရောင်းချပေးပြီး သူမနဲ့ဆတ်ဆံရေးကောင်း တည်ဆောက်လိုက်ပါလား"
ကျန်းထျန်းရှုံး၏စကားများကိုကြားချိန်တွင် လူတိုင်းက လုယွီ၏အဆင့်အတန်းကို ခန့်မှန်းနေကြသည်။
ကျန်းယုချင်ပင်လျှင် လုယွီကို အံ့အားသင့်မှုအပြည့်ဖြင့် စိုက်ကြည့်နေလေ၏။ တုန်လှုပ်မှုအရှိဆုံးသူကိုပြပါဟုဆိုလျှင် ဖန်းယွမ်သာ ဖြစ်ပေသည်။ လုယွီက ကျန်းထျန်းရှုံး၏ အသိအမှတ်ပြုခြင်းခံထားရသူဖြစ်မည်ဟု သူမျှော်လင့်မထားခဲ့ချေ။
ကျန်းထျန်းရှုံးသည် အလယ်ပိုင်းကုန်းမြေ၏ထိပ်သီးပညာရှင်တစ်ယောက်ဖြစ်လေ၏။ ဖန်းယွမ်က တောင်ပိုင်းစွန့်ပစ်နယ်မြေအတွင်း၌ ဂုဏ်သတင်းကြီးမားသည်ဟု မှတ်ယူနိုင်သော်လည်း သူက ကျန်းမိသားစု၏ယင်ကောင်တစ်ကောင်အဆင့်မျှသာဖြစ်သည်။
ကျန်းထျန်းရှုံးကို ပြစ်မှားမိမည်ကို ကြောက်ရွံမိသည့်အတွက် ဖန်းယွမ်က သူ၏ပါးစပ်ကို ပိတ်ထားလိုက်တော့သည်။
ထိုကိစ္စရပ်များကို လူအားလုံးကမြင်လိုက်ချိန်တွင် သူတို့က အနည်းငယ်ကြက်သေသေသွားကြသော်လည်း လျှင်လျှင်မြန်မြန်ပင် စိတ်အေးချမ်းသွားကြသည်။ ကျန်းထျန်းရှုံး ရှေ့ထွက်လာသည့်နောက်တွင် ကိစ္စအားလုံး အချိန်အနည်းငယ်အတွင်း ဖြေရှင်းပြီးသားဖြစ်ပေလိမ့်မည်။
သို့ရာတွင် လူတိုင်းက ယခုကိစ္စပြီးဆုံးသွားပြီဟု ထင်မြင်ယူဆနေချိန်၌ ရေခဲတမျှအေးစက်စက်အသံတစ်သံက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"ဒါက အစကတည်းက ကျုပ်ဟာလေ...ဘာလို့ ကျုပ်က သူမကိုပေးရမှာလဲ"
လုယွီက တည်ငြိမ်အေးဆေးစွာဖြင့် ပြောဆိုလိုက်လေ၏။
လူတိုင်းက သူတို့၏ဦးခေါင်းများကို လုယွီဘက်သို့လှည့်၍ အံ့အားသင့်တုန်လှုပ်စွာဖြင့် ကြည့်ရှုမိကြသည်။
ဘယ်လို....ဒီကောင် ရူးများနေတာလား...
ကျန်းထျန်းရှုံးပင်လျှင် ထိုကိစ္စကို မျှော်လင့်ထားပုံမရပေ။ သူက မျက်မှောင်ကြုပ်၍ တည်ကြည်လေးနက်စွာဖြင့် ပြောဆိုလိုက်သည်။
"မိတ်ဆွေငယ်လေး လုယွီ....ဒီအဖိုးကြီးက မင်းကိုကူညီနေတယ်ဆိုတာ မင်း မသိဘူးလား....လင်းရှောင်ဂိုဏ်းက ဒီအဖိုးကြီးတောင်လေးစားမှုပြသရတဲ့ အင်အားစုတစ်ခုပဲ....အခုလက်ရှိမှာ မင်းက လုံချီနယ်ပယ်ပဲရှိသေးတယ်...အခုကိစ္စကို မင်းက အကြီးအကျယ်ဖြစ်အောင်မလုပ်တာ အကောင်းဆုံးဖြစ်လိမ့်မယ်"
ကျန်းထျန်းရှုံးက သူ၏မုတ်ဆိတ်မွှေးများကို ပွတ်သပ်လိုက်သည်။
"လူငယ်တွေက စိတ်ကြီးဝင်တတ်ကြတယ်ဆိုရင်တောင်မှ..ဒီလိုမျိုးတော့မဖြစ်သင့်ဘူး"
လုယွီက ကျန်းထျန်းရှုံးကို တစ်ချက်ကြည့်ပြီး ပိုင်ဆုချင်အားကြည့်၍ပြောဆိုလိုက်လေ၏။
"မင်းလိုချင်တဲ့ဟာက သေခြင်းရှင်ခြင်းမှတ်တမ်းထဲမှာ မရှိမှာကို ငါ စိုးရိမ်မိတယ်...အဲ့ဒီအရာက မင်းအတွက်အသုံးမဝင်နိုင်ဘူး"
လုယွီစကားပြောနေချိန်တွင် လူတိုင်းက စကားပြောဆိုနေခြင်းများကိုရပ်တန့်ပြီး သူ့ကို အံ့အားသင့်မှုအပြည့်ဖြင့် ကြည့်ရှုနေကြသည်။
"ဟွန့်....မောက်မာလိုက်တဲ့ကောင်စုတ်...ငါထင်တာတော့ မင်းက အသက်ရှင်နေရတာ ပင်ပန်းနေပြီထင်တယ်"
ဖန်းယွမ်က လှောင်ပြောင်သရော်ပြီး သူက လုယွီကို သေလူတစ်ယောက်ကဲ့သို့ စိုက်ကြည့်နေခဲ့သည်။
လူတိုင်းနီးပါးသည်လည်း ဖန်းယွမ်နှင့်အမြင်တူညီကြပေ၏။
"အဲ့ဒါဟုတ်တယ်....ဒီပစ္စည်းပ အသုံးမဝင်တော့ဘူး"
ရုတ်တရက် ပြောဆိုလိုက်သော ပိုင်ဆုချင်၏အသံတွင် ကြေကွဲဝမ်းနည်းမှုအရိပ်အယောင်များ ရောယှက်နေလေသည်။
လူအုပ်ကြီးသည် တုန်လှုပ်သွားကြသည်။ ပိုင်ဆုချင်က ဤကဲ့သို့တုန့်ပြန်မှုမျိုးပြုလုပ်မည်ဟု သူတို့က မည်သည့်အချိန်ကမျှ မျှော်လင့်မထားမိပေ။
ပိုင်ဆုချင်က ပတ်ဝန်းကျင်သို့လှည့်ပတ်ကြည့်ပြီး လူအုပ်ကြီးအား ပြောဆိုလိုက်သည်။
"ငါ လိုအပ်တဲ့ တစ်စုံတစ်ခုရှိနေတုန်းပဲ....ငါက လှိုဏ်ခေါင်းရဲ့အနက်ပိုင်းကို သွားဖို့လိုလိမ့်မယ်...ဒါပြင် အဲ့ဒီပစ္စည်းက အရမ်းအန္တရာယ်များတယ်....တစ်ကယ်လို့ မင်းတို့ ငါနောက်ကလိုက်မယ်ဆိုရင် မင်းတို့အမှန်တစ်ကယ်ဒုက္ခတွေ့မှာကို ငါ စိုးရိမ်မိတယ်"
ကျန်းထျန်းရှုံးနှင့်အလယ်ပိုင်းကုန်းမြေရှိ တစ်ခြားကျွမ်းကျင်ပညာရှင်များသည် အံ့အားသင့်သွားပုံမရပေ။ သို့ရာတွင် ဖန်းယွမ်နှင့်တောင်ပိုင်းစွန့်ပစ်ကုန်းမြေမှကျင့်ကြံသူများ၏အမူအယာများမှာမူ ပြောင်းလဲသွားခဲ့သည်။
မူလအစကပင် သူတို့၏ခွန်အားများမှာ လုံလောတ်ခြင်းမရှိပေ။ ယခုနေရာသို့မရောက်ရှိမှီ မြောက်များစွာသည့်နတ်ဆိုးစိတ်ဝိညာဉ်များကို ရင်ဆိုင်စဉ်တွင်လည်း သူတို့၏ကျင့်ကြံသူတစ်ချို့ ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။
ဂိုဏ်းများမှ မြောက်များစွာသည့်ကျင့်ကြံသူများသည် နတ်ဆိုးစိတ်ဝိညာဉ်များ၏လက်အတွင်း၌ သေဆုံးကုန်ကြ၏။ အကယ်၍ သူတို့က ပို၍နက်ရှိုင်းသည့်နေရာသို့ သွားမည်ဆိုပါက ပို၍ပင်အခက်အခဲများဖြင့် ကြုံတွေ့ရပေလိမ့်မည်။
"ချမ်းသာကြွယ်ဝမှုဆိုတာ အန္တရာယ်ကလာတာပဲ...ငါတို့သွားကြစို့"
ဖန်းယွမ်၏မျက်လုံးများက လောဘအငွေ့အသက်များဖြင့် ဝင်းဝင်းတောက်နေလေသည်။
ရုတ်ချည်းဆိုသလိုပင် သူ၏အကြည့်က လုယွီပေါ်သို့ ကျရောက်သွားပြီး ခက်ထန်တင်းမာစွာဖြင့်ပြောဆိုလိုက်သည်။
"အကြီးအကဲပိုင်...ဒီကောင်လေးက အကျိုးအမြတ်တစ်ချို့ကို ရရှိထားမှတော့...ကျွန်တော်တို့ သူကို ဒီအတိုင်းတော့လွှက်ပေးလို့မဖြစ်ဘူး....ကျွန်တော်တို့ကို လှိုဏ်ခေါင်းရဲ့အနက်ပိုင်းကို ဦးဆောင်ဖို့ သူကိုခေါ်ဆောင်သွားတာကောင်းမယ်"
Chapter 130
ဖန်းယွမ်က လုယွီအား ညွှန်ပြလိုက်သည်တွင် လူတိုင်းက သူကိုထောက်ခံသည့်အကြည့်မျိုးဖြင့် ကြည့်ရှုနေကြသည်။
ယခုတစ်ကြိမ်တွင်မူ ဖက်တီးကျန်းက ဖန်းယွမ်အား ဆူပူအော်ငေါက်လိုက်တော့သည်။
"မင်း ခွေးကောင်...ငါရဲ့ညီလေးက လုံချီနယ်ပယ်ပဲရှိသေးတာ....မင်းက သူကိုဒီနန်းတော်ရဲ့ အနက်ရှိုင်းဆုံးအပိုင်းထဲကို သွားခိုင်းဝံ့တယ်ပေါ့"
ဖန်းယွမ်က ဖက်တီးကျန်း၏ပြောစကားများကို လျစ်လျှူ ရှုပြီး ရယ်မောနေခဲ့သည်။
"ဒါက မင်းရဲ့ညီဆိုတဲ့ကောင်က ဘယ်လိုကောင်လဲဆိုတာ မင်းမမြင်ဘူးလား....အကြီးအကဲပိုင် ပိုင်ဆိုင်တဲ့ရတနာကို ဒီကောင်စုတ်က ယူဆောင်သွားတယ်လေ....တစ်ကယ်လို့ ဒီကောင်လေးက ထူးခြားဆန်းကြယ်တဲ့ရတနာတွေကို အလစ်သုတ်ပြီးယူထားရင် ဘယ်လိုလုပ်မလဲ"
ဖက်တီးကျန်းက လှောင်ပြောင်သရော်လိုက်လေ၏။
"တစ်ကယ်လို့ ငါ့ညီလေးရဲ့ခန္ဓာကိုယိပေါ်မှာ ရတနာတွေရှိနေရင်တောင် အဲ့ဒါကသူရဲ့အပိုင်ပဲလေ....မင်းနဲ့ဘယ်လိုလုပ် သက်ဆိုင်သွားရတာလဲ"
ထိုအချိန်တွင် ကျန်းယုချင်က ရှေ့သို့ထွက်လာပြီး လေးနက်သောလေသံဖြင့်ပြောကြားလိုက်သည်။
"ကျွန်မ သဘောမတူနိုင်ဘူး....လုယွီရဲ့ကျင့်ကြံမှုက လုံလုံလောတ်လောတ်မြင့်မားမှုမရှိသေးဘူး...သူက ဒီနန်းတော်ရဲ့နက်ရှိုင်းတဲ့အပိုင်းကို သွားနိုင်မှာမဟုတ်ဘူး"
ဖန်းယွမ်က သူ၏ခေါင်းကိုခါယမ်းပြလိုက်လေ၏။
"နတ်သမီးကျန်း....မင်း စကားလုံးတွေက မှားယွင်းနေတယ်...ဒီကောင်စုတ်က အရမ်းဉာဏ်များလွန်းတယ်....မင်း သူရဲ့လှည့်စားမှုတွေထဲ ကျရောက်မှုမရှိရင် ပိုကောင်းလိမ့်မယ်....ဒါပြင် ဒီကောင်စုတ်က ဒီနေရာမှာနေခဲ့လိမ့်မယ်လို့လည်း ငါမထင်ဘူး"
လုယွီက သူ၏ခေါင်းကိုညိတ်ပြလိုက်၏။
"ခင်ဗျား ပြောတာမှန်တယ်...ကျုပ်က အမှန်တစ်ကယ်ကို ဒီနေရာမှာ နေခဲ့မှာမဟုတ်ဘူး"
ကျန်းယုချင်က စိုးရိမ်ပူပန်စပြုလာလေ၏။ လုယွီက သူမ၏ကျိန်စာအဆိပ်ကို ဖယ်ရှားပေးပြီးသည့်အချိန်မှစ၍ သူကို သူမ၏ကယ်တင်ရှင်အဖြစ်သတ်မှတ်ထားခဲ့သည်။ သူမက လုယွီ သေဆုံးရမည်ကို မတ်တတ်ရပ်မကြည့်နိုင်သည်မှာ ပုံမှန်အတိုင်းသာဖြစ်ပေသည်။
"နင် ဘာလုပ်ဖို့ကြိုးစားနေတာလဲ....ဘာလို့ ဒီနေရာက ထွက်ခွာချင်နေတာတုန်း.....နင် နတ်ဆိုးစိတ်ဝိညာဉ်တွေကိုမမြင်ဘူးလား....နင် ပိုပြီးနက်ရှိုင်းတဲ့နေရာကိုသွားလေလေ သူတို့ကပိုပြီးအန္တရာယ်များလာလေပဲ"
ကျန်းယုချင်က စိုးရိမ်တကြီးဖြင့် ပြောဆိုလိုက်လေ၏။
ဖန်းယွမ်က ကျယ်လောင်စွာရယ်မောကြီး လုယွီအား လက်ညှိုးထိုး၍ အော်ဟစ်လိုက်သည်။
"မင်းတို့အားလုံးမြင်ကြလား...သူက ဒီနေရာကနေထွက်ခွာမယ်လို့ပြောနေတာကို..."
လုယွီ၏အကြည့်က အေးစက်ခြင်းသို့ပြောင်းလဲသွားခဲ့သည်။
"ကျုပ်က ဒီနေရာကနေ ခင်ဗျားနဲ့အတူထွက်ခွာမယ်လို့ ပြောမိလို့လား....အရှုံးသမားတစ်ယောက်ကများ...ထွက်သွားစမ်း"
သူ၏နောက်ဆုံး'ထွက်သွားစမ်း'ဟူသောစကားလုံးအရောက်တွင် လုယွီက သူ၏ကျန်းချီများကို အသက်သွင်းထားခဲ့သည်။ သူ၏အသံသည် ဖိနှိပ်နိုင်သည့်ကျန်းချီစွမ်းအားများဖြင့် ပြည့်နှက်နေပြီး ဖန်းယွမ်၏ခန္ဓာကိုယ်အတွင်းသို့ တရစပ်ထိုးနှက်လိုက်သည်။
ဖန်းယွမ်သည် အလွန်အံ့အားသင့်နေခဲ့ပြီး သူကလျှင်လျှင်မြန်မြန်ဖြင့် နောက်သို့ဆုတ်လိုက်ရာတွင် နံရံနှင့်တိုက်မိသည့်တိုင် မည်သည့်စကားမျှပြောဆိုနိုင်ခြင်း မရှိတော့ချေ။ ရုတ်တရက် လုယွီသည် လုံချီနယ်ပယ်ကျင့်ကြံသူတစ်ယောက်သာ ဖြစ်သည်ကို ဖန်းယွမ်က သတိရသွားသည်။ ယခုလက်ရှိတွင် သူက အဝိုင်းကြီးနယ်ပယ်ပညာရှင်တစ်ယောက်ဖြစ်သော်လည်း လုယွီ၏ပြိုင်ဘက်မဟုတ်ခဲ့ပေ။
အကယ်၍ လုယွီသာကြီးပြင်းလာခဲ့လျှင် နောင်တစ်ချိန်၌ သူ ဒုက္ခရောက်ရပေမည်။ ဖန်းယွမ်က ဆွံအနေမိ၏။ သူစကားပြောရန်ပြင်ဆင်နေစဉ်မှာပင် ခန်းမတစ်ခုလုံး တုန်ယင်လာလေသည်။
မြောက်များစွာသည့် သဲမှုန်များနှင့်ကျောက်တုံးများက နံရံ၏အက်ကွဲကြောင်းများမှ ကျဆင်းလာပြီး ငလျှင်တစ်ခုလှုပ်ခတ်လာသကဲ့သို့ ခန်းမနံရံများက တုန်ခါနေခဲ့သည်။
ဘုန်း....ဘုန်း....ဘုန်း....
မြောက်များစွာသည့်လူများ လမ်းလျှောက်လာသကဲ့သို့ ပြင်းထန်သောခြေသံများက မြေပြင်ပေါ်၌ထွက်ပေါ်လာခဲ့သည်။
ကျင့်ကြံသူများအားလုံး၏ မျက်နှာအမူအယာများ ပြောင်းလဲကုန်ကြ၏။ ပိုင်ဆုချင်ပင် မျက်မှောင်အနည်းငယ်ကြုပ်လိုက်လေသည်။
"ဒီအသံတွေက နန်းတော်ရဲ့အတွင်းပိုင်းကလာတာ"
ကျန်းထျန်းရှုံးက ချက်ချင်းတုံပြန်ပြောဆိုလိုက်သည်။
ကျင့်ကြံသူအုပ်စုသည် မသိစိတ်၏လှုံဆော်မှုကြောင့် အတူတကွစုရုံးနေနေကြသည်။ ဤမှောင်မိုက်ပြီးထိတ်လန့်ကြောက်ရွံဖွယ်နေရာတွင် လူစုစုရုံးရုံးနေမှသာလျှင် လုံခြုံစိတ်ချရသည်ဟု သူတို့ကခံစားမိလေသည်။
ရုတ်တရက် ထိုခြေသံများက ရပ်တန့်သွားကြသည်။
လူတိုင်း ကြက်သေသေနေကြလေ၏။ ထိုခြေလှမ်းသံများ ရပ်လိုက်သည့်နေရာသည် သူတို့နှင့်မလှမ်းမကမ်း အကွာအဝေးတွင်ရှိကြောင်း အတိအကျသိရှိလိုက်ကြသည်။
ဂလု...
ကျင့်ကြံသူများအနက်မှတစ်ချို့က တံတွေးများမြိုချနေကြပြီး သူတို့၏နဖူးများပေါ်တွင်လည်း ချွေးစေးများက ဖုံးလွှမ်းနေလေသည်။
"ဖြစ်နိုင်တာက...အပြင်ဘက်မှာတစ်ခုခုများရှိနေမလား"
တစ်စုံတစ်ယောက်က တုန်ရီနေသောအသံဖြင့် ပြောဆိုလိုက်လေ၏။
ရုတ်တရက် ကျန်းထျန်းရှုံး၏လက်ဝါးအတွင်းတွင် မီးတောက်တစ်ခုထွက်ပေါ်လာပြီး အပြင်ဘက်သို့ပစ်လွှက်ရန် ကြံရွယ်လိုက်သည်။
"ေနဦး"
ပိုင်ဆုချင်က သူ့အား ဟန့်တားထားလေ၏။ သူမ၏မျက်နှာပေါ်တွင် မကြုံစဖူးလေးနက်သည့်အမူအယာထွက်ပေါ်လာခဲ့သည်။
"ငါတို့ ဖြည်းဖြည်းခြင်း နောက်ဆုတ်ကြရအောင်....အပြင်ဘက်က လူတွေကိုအနှောက်အယှက်မဖြစ်စေနဲ့"
မည်သည့်ကြောင့် ပိုင်ဆုချင်က ဤမျှထိအလွန်ကြောက်ရွံနေရသနည်း...
လူတိုင်းက မအောင့်အည်းနိုင်တော့ဘဲ လေအေးတစ်ချက် ရှိုက်သွင်းမိကြသည်။ သို့ရာတွင် ယခုလက်ရှိသည် မည်သည့်ကိစ္စကိုမျှ စဉ်းစားတွေးတောနေရမည့် အချိန်မဟုတ်ပေ။
အကျဉ်းထောင်ခန်းမ၏ဝင်ပေါက်တွင် မှိန်ပျပျအလင်းရောင်က တောက်ပလာခဲ့သည်။
ထိုမကောင်းဆိုးရွားဆန်သော အလင်းရောင်အတွင်းတွင် ဖုန်မှုန့်နှင့်မီးခိုးများကလည်း ရောယှက်၍ထွက်ပေါ်နေပေ၏။
တံခါး၏အပြင်ဘက်မှနေ၍ စစ်ဗုံသံအား စတင်၍ကြားလိုက်ရတော့သည်။ မီးခိုးနှင့်ဖုန်မှုန့်များအတွင်းတွင် မြောက်များစွာသော ပုံရိပ်များ ထွက်ပေါ်လာပေသည်။
သူတို့၏လက်များအတွင်းတွင် ချွန်ထက်သည့်ဓားများကို ကိုင်ဆောင်ထားကြပြီး တည့်တည့်မတ်မတ် မတ်တတ်ရပ်နေကြသည်။ လူအုပ်၏အလယ်တွင် မြောက်များစွာသည့်စစ်သားများက အတူတကွမတ်တတ်ရပ်နေကြပြီး သတ်ဖြတ်လိုသောအော်ရာများကို ထုတ်လွှတ်ထားကြသည်။
"ဒါက.....ထိတ်လန့်ဖွယ်စစ်သားတွေ လမ်းကြောင်းကိုဌားလာတာမလား"
ကျန်းထျန်းရှုံး၏မျက်နှာအမူအယာ ရုတ်တရက်ပြောင်းလဲသွားတော့သည်။