အခန်း (၁၃၁-၁၃၅)
Vol. 6-10 Ch. 131-135
Chapter 131
ကျန်းထျန်းရှုံး၏မျက်နှာထားသည် အလွန်အမင်း တည်ကြည်လေးနက်သွားလေ၏။
ကျန်းထျန်းရှုံး၏စကားများကိုကြားရသော တောင်ပိုင်းစွန့်ပစ်နယ်မြေမှကျင့်ကြံသူများက မည်သို့မျှခံစားရခြင်းမရှိသော်လည်း အလယ်ပိုင်းကုန်းမြေမှ ကျင့်ကြံသူများ၏မျက်နှာအမူအယာများ ပြောင်းလဲသွားခဲ့သည်။
"ကလန်ခေါင်းဆောင်ကျန်း...ဖြစ်နိုင်တာ သူတို့တွေက တာအိုဌားရမ်းထားတဲ့ ဒဏ္ဌာရီလာသရဲစစ်သားတွေလား"
ပိန်ခြောက်ခြောက်အဖိုးအိုက တုန်လှုပ်မှုအပြည့်ဖြင့်ပြောဆိုလိုက်သည်။
ကျန်းထျန်းရှုံးက လေးနက်တည်ကြည်စွာဖြင့် သူ၏ခေါင်းကိုညိတ်ပြလိုက်လေ၏။ အလယ်ပိုင်းကုန်းမြေမှ ထိပ်သီးပညာရှင်များသည် စွန့်ပစ်နယ်မြေအတွင်း ဖြစ်ပျက်နေသည့်ကိစ္စရပ်တိုင်းအား သိရှိထားပြီးဖြစ်သည်။
ဥပမာအနေဖြင့် ထိုထိတ်လန့်ကြောက်ရွံဖွယ်သရဲစစ်သားများကို တာအိုကသာလျှင် ခေါ်ယူအသုံးပြုနိုင်သည်။
ဤနေရာသည် ပြင်ပလေဟာနယ်စွန့်ပစ်နယ်မြေတစ်ခုဖြစ်သော်လည်း အတွင်းတွင်မည်သည့်သက်ရှိသင်္ကေတမျှရှိမနေသဖြင့် ကြီးမားသောသချႋုင်းဂူကြီးဟုခေါ်ဆိုလျှင် ပို၍သင့်တော်ပေမည်။
ယခုနေရာ၌တည်ရှိသော တစ်ခုတည်းသောအရာများမှာ သွေးဆာပြီးရက်စက်ကြမ်းကြုတ်သည့် နတ်ဆိုးစိတ်ဝိညာဉ်များနှင့်သရဲတစ္ဆေများသာရှိပေသည်။
လူသေစစ်သားများသည် ထိုနတ်ဆိုးစိတ်ဝိညာဉ်များအကြားတွင် စွမ်းအားအကောင်းဆုံးဖြစ်ပြီး သူတို့၏အရေအတွက်မှာလည်း အလွန်အမင်းများပြားလေ၏။ သူတို့နှင့် ရင်ဆိုင်တိုက်ခိုက်ရန်မှာလည်း အလွန်အမင်းသတိထားရန် လိုအပ်ပေသည်။
ပိုင်ဆုချင်၏အသားအရေပင် ဖြူ ဖတ်ဖြူ ရော်ဖြစ်နေခဲ့သည်။
လက်ရှိအခြေအနေတွင် တံခါးကပွင့်နေခဲ့သည်။ သူမ၏လက်ကိုဝှေ့ယမ်းပြီး ပိုင်ဆုချင်က လှို့ဝှက်မှော်ရတနာနှစ်ခုကို တံခါးစီသို့ပစ်လွှက်လိုက်သည်။
ေဝါ.....ဝေရာ....ေဝါ...
နားပင်းလုမတတ်ဆူညံသံကြီးနှင့်အတူ တံခါးကြီးက တဖြည်းဖြည်း ပိတ်သွားလေသည်။
ပိုင်ဆုချင်က တံခါးပေါက်အနားမှနေ၍ နူးညံညင်သာသောခြေလှမ်းများဖြင့် နောက်သို့ဆုတ်လာခဲ့သည်။ သူမက လူတိုင်းကိုကြည့်ပြီး အေးတိအေးစက်ပြောဆိုလိုက်သည်။
"မင်းတို့ရဲ့အသက်ရှုနှုန်းကိုထိန်းပြီး အာရုံစူးစိုက်ထား....စကားတစ်ခွန်းမှမပြောနဲ့"
ဖက်တီးကျန်းက နျူ နျူ ကိုအလျှင်အမြန် ချီမ၍ လုယွီ၏နံဘေးသို့ အပြေးသွားလိုက်သည်။ နျူ နျူ က သူကိုကယ်တင်လိုစိတ်ဖြင့် ဖန်းယွမ်၏ရိုက်နှက်ခြင်းကို ခံခဲ့ရခြင်းဖြစ်ပေသည်။
လုယွီက နျူ နျူ ၏ခန္ဓာကိုယ်ပေါ်မှ ထိခိုက်ဒဏ်ရာရနေသောနေရာများကိုမြင်ချိန်တွင် သူက သည်းမခံနိုင်တော့ဘဲ မကျေမချမ်းအမူအယာဖြစ်သွားခဲ့သည်။
ဖက်တီးကျန်းက သူ၏မျက်လုံးများကိုအသုံးပြု၍ လုယွီကိုအချက်ပြနေပြီး သူ၏နှုတ်ခမ်းများက ဖန်းယွမ်ရှိရာနေရာသို့ ညွှန်ပြလိုက်သည်။
ဖန်းယွမ်ကမူ လှောင်ပြောင်သရော်ဟန်များ အထင်းသားရှိနေဆဲဖြစ်ပြီး သူက လုယွီကို တစိုးတစိမျှဂရုမစိုက်ချေ။
တံခါးကြီးက ပိတ်နေသော်လည်း ချမ်းစိမ့်စိမ့်လေလှိုင်းမျုားက တံခါးအတွင်းသို့ အက်ကွဲကြောင်းများမှတစ်ဆင့် တိုးဝှေ့ဝင်လာခဲ့သည်။
ဘုန်း...ဘုန်း....ဘုန်း...
ကျယ်လောင်သော ဆူညံသံများနှင့်အတူ တံခါးကြီးကွဲအက်လာသော အသံများက ပဲ့တင်ထပ်နေခဲ့သည်။
ကျင့်ကြံသူအားလုံးက တံခါးအနီးသို့တိုးကပ်ရမည်ကို ကြောက်ရွံနေကြပုံဖြင့် နောက်သို့သာဆုတ်နေကြလေ၏။
တံခါးကြီးသည် အကြိမ်ပေါင်းများစွာ အဆက်မပြတ်ထုနှက်ခြင်းခံနေရသည်။ ကြည့်ရပုံမှာ ထိုတံခါးကြီးက ထုနှက်မှုအားတောင့်မခံနိုင်တော့ပုံဖြင့် ပြိုလဲလုနီးနီး ဖြစ်နေလေသည်။
နောက်ဆုံးတွင် ကျယ်လောင်သောပေါက်ကွဲသံကြီးနှင့်အတူ တံခါးတစ်ခုလုံး မြေပြင်ပေါ်သို့ ကွဲအက်ကျလာခဲ့သည်။
လေထုအတွင်းတွင် ဖုန်မှုန့်များတလိပ်လိပ်ထနေခြင်းနှင့်အတူ အနက်ရောင်ပုံရိပ်အုပ်စုတစ်စုက တံခါး၏အပြင်ဘက်တွင် ထွက်ပေါ်လာသည်။
သူတို့အားလုံးသည် ပြောင်လက်နေသည့်အနက်ရောင်သံချပ်ကာဝတ်စုံများကို ဝတ်ဆင်ထားကြပြီး သူတို့၏မျက်နှာထားများမှာမူ နှစ်သန်းပေါင်းများစွာကြာသည်အထိ အေးခဲနေကြသဖြင့် အသက်မဲ့သည့်အမူအယာများဖြစ်နေသည်။
ထိုလူများ၏လက်အတွင်းတွင်ရှည်လျားသည့် လှံများ သို့မဟုတ် ဆေဘာဓားများကို ကိုင်ဆောင်ထားကြလေ၏။ သူတို့က ခြေတစ်လှမ်းရှေ့တိုးလိုက်သည်နှင့် ချမ်းစိမ့်စိမ်ာအော်ရာတစ်ခုက သူတို့ထံမှယိုစိမ့်ထွက်လာခဲ့သည်။
သူတို့က သရဲတစ္ဆေစစ်သားများ ဖြစ်ပေ၏။
မည်သူကမျှ စကားတစ်လုံးပင် မဟရဲကြချေ။ အကယ်၍ ထိုနတ်ဆိုးစိတ်ဝိညာဉ်များသာ လှည့်လည်သွားလာနေပါက အလွန်ကြီးမားသည့်စစ်တပ်ကြီးတစ်တပ်ဖြစ်ပေမည်။
မည်မျှမြင့်မားသည့် ကျင့်ကြံမှုအခြေခံရှိသည့် ကျင့်ကြံသူဖြစ်ပါစေ ဤမျှများပြားသည့် သရဲတစ္ဆေစစ်သားများ၏ရှေ့တွင် သတ်ဖြတ်ခြင်းခံရမည်သာ ဖြစ်ပေ၏။
ပိုင်ဆုချင်က လူအုပ်ကြီး၏ရှေ့တွင် မတ်တတ်ရပ်နေခဲ့သည်။ ကျင့်ကြံသူအားလုံးကလည်း မသိစိတ်မှနေ၍ သူမကို သူတို့အားလုံး၏နောက်ဆုံးမှီခိုရာအဖြစ် ယူဆထားကြပြီးဖြစ်သည်။
သရဲတစ္ဆေစစ်သားများက လူစိမ်းများ၏အနံ့ကိုရရှိသွားပုံဖြင့် သူတို့က ခန်းမအတွင်းသို့ ဒေါသတကြီး ကြုံးဝါးပြီး တိုးဝင်လာကြသည်။
မြေပြင်ကြီးသည် တုန်ခါနေလေ၏။
"အား...."
နျူ နျူ က ဖက်တီးကျန်း၏ပွေ့ဖက်ထားမှုအောက်တွင် ပုန်းအောင်းနေပြီး သူမတစ်ကိုယ်လုံး တဆတ်တတ်တုန်ရီနေခဲ့သည်။
ဖက်တီးကျန်းက အလျှင်အမြန်ဖြင့် ကလေးမလေးကို တင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားပြီး သူမကိုနှစ်သိမ့်ပေးနေလေ၏။
ရုတ်တရက် ကျန်းထျန်းရှုံးက သူ၏ခန္ဓာကိုယ်ပတ်လည်ရှိ ကျန်းချီများကို အသက်သွင်းလိုက်ရာ သူ့ရှေ့တွင် အရှိန်ဟုန်းဟုန်းထနေသော ငရဲမီးများထွက်ပေါ်လာခဲ့သည်။
အလယ်ပိုင်းကုန်းမြေမှ တစ်ခြားအစွမ်းပညာရှင်များကလည်း ခုခံတားဆီးနိုင်ရန် သူတို့၏မန္တန်များကိုရွတ်ဆို၍ သူတို့ပြုလုပ်နိုင်သမျှ အကောင်းဆုံးဆောင်ရွက်နေကြသည်။
ဝှစ်....
အားကောင်းသော လေပြင်းတစ်ချက်တိုက်ခတ်လာပြီးနောက် ကြီးမားသည့် မီးတောက်ကြီးများက ချက်ချင်းမြင့်တတ်လာခဲ့ပြီး သရဲတစ္ဆေစစ်သားတိုင်း၏ခန္ဓာကိုယ်ပေါ်တွင် ဖုံးလွှမ်းသွားခဲ့သည်။
ထိုမီးတောက်များက အဆုံးမရှိသောလောင်ကျွမ်းခြင်းစွမ်းအားများဖြင့် တောက်လောင်နေသကဲ့သို့ သရဲတစ္ဆေစစ်သားများသည် နာကျင်မှုကြောင့် စူးစူးဝါးဝါးအောာဟစ်ကြကုန်၏။
ပိုင်ဆုချင်က လှုပ်ရှားမှု မပြုလုပ်သေးပေ။ သူမက မျက်မှောင်အနည်းငယ်ကြုတ်ပြီး ညင်သာသောအသံဖြင့် မေးမြန်းလိုက်သည်။
"ဘယ်သူက ဒီသရဲတစ္ဆေစစ်သားအုပ်စုကို ထိန်းချုပ်နေတာလဲ....ထွက်လာခဲ့ပါ"
Chapter 132
ရုတ်ချည်းဆိုသလိုပင် ပိုင်ဆုချင်၏မျက်လုံးများက အေးစက်စက်အလင်းတန်းက တောက်ပလာပြီး အနက်ရောင်သရဲတစ္ဆေစစ်သားအုပ်စု၏နောက်သို့ ထိုးဖောက်ကျရောက်သွားခဲ့သည်။
ထိုသရဲတစ္ဆေစစ်သားများသည် နှိုင်းယှဉ်စရာမရှိအောင် ရက်စက်ကြမ်းကြုတ်ပြီး သူတို့၏ခန္ဓာကိုယ်များမှ အလွန်အမင်းဆိုးရွားသည့်အော်ရာများက သူတို့ပေါ်တွင် မျောလွင့်နေလေရာ လူအများ၏နောက်ကျောရိုးထိတိုင် ချမ်းစိမ့်စိမ့်ဖြစ်လာမှုကို ခံစားရသည်။
ဤနေရာတွင် သရဲတစ္ဆေစစ်သားမြောက်များစွာ ရှိနေခဲ့သည်။ တာအိုဒုတိယဆင့် ထိပ်သီးပညာရှင်များပင် အခြေအနေကိုထိန်းထားရုံသာ တတ်နိုင်ခဲ့သည်။ သူတို့အတွက် ဤသရဲတစ္ဆေစစ်သားများကို ဆန့်ကျင်တိုက်ခိုက်ရန်မှာအလွန်ခက်ခဲနေပေသည်။
တောင်ပိုင်းစွန့်ပစ်ကုန်းမြေမှ ကျင့်ကြံသူများကမူ ထိပ်သီးပညာရှင်များ၏နောက်တွင်သာ ပုန်းအောင်းနေကြပြီး သူတို့က ခြေတစ်လှမ်းရှေ့မတိုးဝံ့ကြပေ။
"ဟီး ဟီး....မင်းက လင်းရှောင်ဂိုဏ်းရဲ့ရှားပါးတဲ့ပါရမီရှင်တစ်ယောက်လို့ အမှန်တစ်ကယ်ခေါ်ဆိုထိုက်ပါတယ်.....ဒီအဖိုးကြီးရှိနေတာကို မင်းက ရှာဖွေနိုင်ခဲ့တယ်"
သရဲတစ္ဆေစစ်သားများ၏နောက်မှနေ၍ အတိတ်နမိတ်မကောင်းသည့်အသံတစ်သံက ထွက်ပေါ်လာခဲ့သည်။
လူတိုင်းက အံ့အားသင့်တုန်လှုပ်ကုန်ကြ၏။ ဤသရဲတစ္ဆေစစ်သားများကို အမှန်တစ်ကယ်ထိန်းချုပ်နေသည့် တစ်စုံတစ်ယောက် ရှိနေသလော။
ကောင်းကင်ဘုံ...ဤအရာက မည်ကဲ့သို့တည်ရှိမှုမျိုးဖြစ်သနည်း။
"လူကြောက်ကြီး....ကျွန်မထင်တာတော့ ရှင်က မျက်နှာမပြရဲတဲ့ သူရဲဘောကြောင်တဲ့ကောင်တစ်ကောင်ပဲ"
ပိုင်ဆုချင်က ရုတ်တရက် ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်ပြီး သူမမျက်လုံးများသည်လည်း အေးစက်စက်လင်းလက်နေလေ၏။
ထို့နောက် တောက်ပသည့်အဖြူ ရောင်အလင်းရောင်က ရုတ်တရက် ပိုင်ဆုချင်၏ဘေးပတ်လည်တွင် တောက်ပလာခဲ့သည်။
ထိုအဖြူ ရောင်အလင်းသည် အပြစ်ကင်းစင်ပြီး အမှောင်ထုအားလုံးကိုဖယ်ရှားရှင်းလင်းနိုင်ပုံရသည်။ သရဲတစ္ဆေစစ်သားများသည် အဖြူ ရောင်အလင်းတန်းနှင့်ထိခတ်မိသောအခါတွင် သူတို့ကထိတ်လန့်တကြားအော်ဟစ်မြည်တမ်းလိုက်ကြသည်။
သရဲတစ္ဆေစစ်သားများသည် ပိုင်ဆုချင်၏လက်ချက်ဖြင့် နောက်သို့မီတာများစွာ ဆုတ်လိုက်ကြရသည်။
ပိုင်ဆုချင်၏အလွန်ရဲရင့်မှုကိုကြည့်ပြီး ကျန်ရှိနေသည့်ကျင့်ကြံသူများကလည်း စိတ်ဝိညာဉ်ခွန်အားများ မြင့်တတ်လာကြသည်။
ရုတ်တရက် အနက်ရောင်မြူ ခိုးများက အဖြူ ရောင်အလင်းများ၏အပေါ်တွင် မျောလွင့်လာခဲ့သည်။ ထူထပ်သိပ်သည်းသော အနက်ရောင်မြူ ခိုးများက တဖြည်းဖြည်းပျံ့နှံ့လာပြီး အဖြူ ရောင်အလင်းအား လွှမ်းခြုံသွားခဲ့သည်။ အဖြူ ရောင်အလင်း၏ပြင်ပတွင် မည်သည့်အရာများဖြစ်ပျက်နေသည်ကို မည်သူမျှမမြင်နိုင်ပေ။
"အယောင်ဆောင် သရဲတစ္ဆေတွေ"
ကျန်းထျန်းရှုံးက ကျယ်လောင်စွာအော်ဟစ်ပြီး သူ၏လက်ချောင်းထိပ်မှနေ၍ မီးတောက်တစ်ခုမြင့်တတ်လာခဲ့သည်။
ဆူညံသံတစ်သံနှင့်အတူ ကျန်းထျန်းရှုံး၏မီးတောက် သက်ရောက်သွားသော အနက်ရောင်မြူ ခိုးများသည် အက်ကွဲသံများအတွဲလိုက်မြည်ဟီးလာခဲ့သည်။ အဆုံးသတ်တွင် အနက်ရောင်မြူ ခိုးများသည် မည်သည့်အရာမျှမရှိခဲ့သကဲ့သို့ တစတစလွင့်ပြယ်သွားလေ၏။
ထိုအနက်ရောင် မြူ ခိုးတိမ်များအကြားမှနေ၍ တိုးညင်းသောအသံတစ်သံက အံ့အားသင့်ဖွယ်ထွက်ပေါ်လာခဲ့သည်။
"အကိုကြီး.....မင်းရဲ့စွမ်းအားက တိုးလာတာပဲ"
အဝေးရှိအနက်ရောင်မြူ ခိုးများမှနေ၍ အဖိုးအိုတစ်ယောက်၏ပုံရိပ်က လျှောက်လှမ်းထွက်လာလေသည်။
ထိုအဖိုးအိုက အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး သူ၏လက်နှစ်ဖက်ကိုနောက်ပစ်ထားခဲ့သည်။ သူ၏အော်ရာတစ်ခုလုံးကို ထိန်းချုပ်ထားသော်လည်း သူ၏မျက်လုံးအတွင်းတွင် ဖုံးကွယ်ရန်ခက်ခဲသည့် အေးစက်စက်အလင်းရောင်များရှိနေသည်။
ထို့ထက်ပို၍ ထူးဆန်းအံ့သြဖွယ်ဖြစ်ရပ်တစ်ခုမှာ အဖိုးအို၏မျက်နှာအနေအထားသည် ကျန်းထျန်းရှုံးနှင့်တူညီနေခြင်းဖြစ်သည်။
"ကျန်းထျန်းဖန်....အဲ့ဒါမင်းလား"
ကျန်းထျန်းရှုံး၏ဂိုဏ်းသားများသည် ထိုအဖိုးအိုအား မယုံကြည်နိုင်မှုများဖြင့် ငေးစိုက်ကြည့်မိနေကြသည်။
တစ်ခြားသူများကလည်း အနက်ရောင်ဝတ်စုံနှင့်အဖိုးအိုကို မြင်ပြီးနောက်တွင် သူတို့၏မျက်နှာထားများ အကြီးအကျယ်ပြောင်းလဲသွားတော့သည်။
"ကလန်ခေါင်းဆောင်ကျန်း....သူက အရင်တုန်းက ကျန်းကလန်ကို သစ္စာဖောက်ခဲ့တဲ့ ကျန်းထျန်းဖန်မဟုတ်လား"
"အဲဒါက သူပါ...အရင်တုန်းက.....ငါ သူကိုသိခဲ့တာ တော်တော်ကြာခဲ့ပြီ....သူရဲ့ ပုံပန်းသွင်ပြင်အရတော့ သူဆိုတာမမှားနိုင်ဘူး"
အလယ်ပိုင်းကုန်းမြေမှထိပ်သီးပညာရှင်များ၏မျက်နှာများ မှုန်မှိုင်းနေကြပြီး သူတို့ကဆွေးနွေးပြောဆိုနေကြသည်။ သူတို့၏စကားလုံးများသည် သူတို့ရှေ့ရှိအဖိုးအိုကို ကြောက်ရွံမှုများဖြင့် ပြည့်နှက်နေလေ၏။
"ကျန်းထျန်းရှုံး.....ကျန်းထျန်းဖန်...ဟီး ဟီး...စိတ်ဝင်စားစရာပဲ"
ဖက်တီးကျန်းက တီးတိုးရေရွတ်နေလေသည်။ သူက ထိုကိစ္စရပ်နှင့်ပတ်သတ်ပြီး အတော်များများသိရှိထားပုံရသည်။
ကျန်းထျန်းရှုံးက အနက်ရောင်ဝတ်စုံဖြင့်အဖိုးအိုအားမြင်ချိန်တွင် သူက ဒေါသတကြီး ပျံဝဲသွားခဲ့ပြီး သူ၏လက်အတွင်းမှမီးတောက်များပင် ပို၍အားကောင်းလာပုံရသည်။ ထိုမီးတောက်များက ဧရာမမီးတောက်နဂါးကြီးနှင့်တူညီနေပြီး ကျန်းထျန်းဖန်ထံသို့ တိုးဝင်သွားကာ သူအားဝါးမြိုပစ်လိုသောစိတ်ဆန္ဒရှိနေခဲ့သည်။
ကျန်းထျန်းဖန်က စိတ်အေးလက်အေးသာ ပြုံးနေရင်းမှ သူ၏ခေါင်းကိုခါယမ်းလိုက်သည်။
"အကိုကြီး....နှစ်ပေါင်းများစွာကြာနေတာတောင် မင်းက တဇွတ်ထိုးလုပ်ချင်တုန်းပဲ"
"ခွေးမသား.....မင်းက ယင်လော့ဂိုဏ်းနဲ့ဆတ်သွယ်ပြီးကတည်းက ဒီအဖိုးကြီးက မင်းနဲ့ပတ်သတ်စရာဘာအကြောင်းမှမရှိတော့ဘူး....မင်းကို ကျန်းမိသားစုကနေ ထုတ်ပယ်ပြီးသွားပြီ....ဒီနေ့ကနေစပြီး မိသားစုနာမည်ကျန်းဆိုတာကို မင်းဘယ်တော့မှ အသုံးမပြုနဲ့"
ကျန်းထျန်းရှုံးက အော်ဟစ်ကြုံးဝါးလိုက်လေ၏။
"ဟား...ဟား...ဟား"
ကျန်းထျန်းဖန်က ရုတ်တရက် သရော်တော်တော်ပြန်လည်ပြောဆိုလိုက်သည်။
"မင်းက ကျန်းမိသားစုဘိုးဘေးဖြစ်လာတာ အရမ်းကောင်းတယ်လို့ ထင်နေတာမလား....မင်းက အဆင့်ချိုးဖျက်တဲ့အချိန်မှာ ချီလမ်းကြောင်းဖောက်ပြန်ပြီး မသေဘဲကျန်နေလိမ့်မယ်လို့ ငါ မျှော်လင့်မထားမိဘူး....ကံဆိုးစွာနဲ့ မင်းရဲ့ကံကောင်းမှုတွေက ဒီနေရာမှာပဲ အဆုံးသတ်သွားတော့မယ်"
Chapter 133
ကျန်းထျန်းဖန်၏မျက်နှာပေါ်တွင် မောက်မာသည့်အရိပ်အယောင်များ ထင်ဟပ်နေပြီး ယခုနေရာ၌ရှိနေသော ကျင့်ကြံသူများကို သူက မျက်လုံးထဲပင်မထည့်ချေ။
ကျန်းထျန်းရှုံးကမူ ဒေါသတကြီးဖြစ်နေပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးဖြင့် လျှပ်စီးကြောင်းတစ်ခုကဲ့သို့ ကျန်းထျန်းဖန်ထံသို့တိုးဝင်သွားခဲ့သည်။ သူတို့နှစိယောက်က ချက်ချင်းပင် အသေသတ်ပွဲကြီးအား တိုက်ခိုက်နေကြလေ၏။
ဘုန်း....ဘုန်း....ဘုန်း...
ထိုးနှက်သံများနှင့်ကန်ကျောက်သံများက လေထုအတွင်းတွင် မြည်ဟီးနေလေသည်။ အနက်ရောင်ပုံရိပ်နှစ်ခုကရောထွေးနေလေရာ မည်သို့ဖြစ်ပျက်နေသည်ကို ခန့်မှန်းရန်မဖြစ်နိုင်ပေ။ သူတို့၏အရှိန်များသည် အလွန်မြန်သဖြင့် မည်သူမည်ဝါဟု ပုံရိပ်ဖော်ရန်မှာလည်း လွန်စွာခက်ခဲပေသည်။
ကျန်းထျန်းရှုံး၏ခန္ဓာကိုယ်ပတ်လည်တွင် မီးနဂါးတစ်ကောင်က ရစ်ခွေထားလေ၏။ သူ၏အော်ရာသည် အလွန်အမင်း လွှမ်းမိုးနိုင်စွမ်းရှိပြီး တစ်ခြားသူများကို ကြောက်ရွံမှုကြောင့်တုန်ရီနေစေသည်။
"အကိုကြီး....နှစ်တွေအများကြီး ကြာခဲ့တာတောင်မှ...မင်းရဲ့တိုးတတ်မှုက မဆိုသလောက်ပါလား"
ရုတ်တရက် ကျန်းထျန်းဖန်က အေးစက်စက်ရယ်မောပြီး လျှို့ဝှက်ဆန်းကြယ်သည့်လက်ဝါးရိုက်ချက် စွမ်းအင်တစ်ခုဖြင့် ကျန်းထျန်းရှုံး၏ခန္ဓာကိုယ်ပေါ်သို့ ရိုက်ချလိုက်သည်။
ကျန်းထျန်းရှုံးက နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ရသော်လည်း သူ၌ကြီးကြီးမားမားအခက်အခဲမရှိပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူက လွှားခနဲခုန်၍ နောက်တစ်ကြိမ် ကျန်းထျန်းဖန်အား ထပ်မံတိုက်ခိုက်နေလေ၏။
သူတို့နှစ်ယောက်၏ တစ်ယောက်နှင့်တစ်ယောက်လုံးထွေးသတ်ပုတ်နေမှုကြောင့် ကျယ်လောင်သောဆူညံသံများက ခန်းမတစ်ခုလုံး ပဲ့တင်ထပ်နေခဲ့သည်။
မြေပြင်သည်လည်း အပြင်းအထန်တုန်ခါနေပေသည်။ အထွက်အထိပ်ပညာရှင်နှစ်ယောက်အကြားမှ တိုက်ပွဲဖြစ်၍ တစ်ခြားသူများက ဝင်ရောက်စွက်ဖက်နိုင်စွမ်းလည်းမရှိချေ။
"မင်းက ငါကိုအနီးကပ်တိုက်ခိုက်နေတာလား....ဒီနေရာမှာ မင်းကိုဖိနှိပ်ထားခံနေရတာကို မင်းမခံစားမိဘူးလား....မင်းမှာ အသုံးပြုရွတ်ဖတ်စရာ ဂါထာမန္တန်မရှိတော့တာလား"
ကျန်းထျန်းဖန်က ကျယ်လောင်စွာရယ်မောပြီးနောက် သူ၏လက်ဝါးအတွင်းတွင် များပြားသောအနက်ရောင်ချီများက သိပ်သည်းလာလေသည်။
အနက်ရောင်မြူ ခိုးများအတွင်းတွင် မြောက်များစွာသည့်ဦးခေါင်းခွံများက မှိန်ပျပျထွက်ပေါ်လာပေ၏။ ဦးခေါင်းခွံတစ်ခုချင်းစီသည် နာကျင်မှုကြောင့်ထိတ်လန့်တကြားအော်ဟစ်နေကြသကဲ့သို့ ပါးစပ်ကြီးများပွင့်ဟနေကြသည်။
"ဒါက ယင်လော့ဂိုဏ်းရဲ့နတ်ဆိုးပညာပဲ"
"ကျန်းထျန်းဖန်...မင်းက တစ်ကယ်ကိုပဲ ယင်လော့ဂိုဏ်းကို သစ္စာခံလိုက်တာပေါ့...မင်း အရှက်မဲ့တဲ့လူယုတ်မာကောင်"
အလယ်ပိုင်းကုန်းမြေမှ ထိပ်သီးပညာရှင်များသည်လည်း ကျန်းထျန်းရှုံး၏နံဘေးသို့လာ၍ သူတို့၏အစွမ်းထက်ကျန်းချီများကို ထုတ်ဖော်လိုက်ကြသည်။
ယခုအချိန်တွင် ကျန်းထျန်းဖန်၏တိုက်ခိုက်မှုကို ရင်ဆိုင်ရန် ထိပ်သီးပညာရှင်များအားလုံးသည် သူတို့၏ကိုယ်ရေးကိုယ်တာရန်ငြှိုးများကို ဘေးဖယ်၍တစ်ဖက်တည်း ရပ်တည်ပြီး အကာအကွယ်အတားအဆီးကြီးတစ်ခုကို ဖန်တီးလိုက်ကြသည်။
ကျန်းထျန်းဖန်က ကျယ်လောင်စွာရယ်မောပြီး အနက်ရောင်အခိုးအငွေ့များကို ကြီးမားသည့်လက်ကြီးအသွင် ဖွဲ့စည်းလိုက်သည်။ ထိုလက်ကြီးက အညှာအတာကင်းမဲ့စွာဖြင့် ကျင့်ကြံသူများအသုံးပြုထားသည့် အကာအကွယ်အတားအဆီးကို ဖမ်းဆုပ်ပစ်လိုက်သည်။
ခရက်.....ခရက်....
အက်ကွဲသံများနှင့်အတူ မြောက်များစွာသောကျင့်ကြံသူများ၏အမူအယာများ ပြောင်းလဲသွားကြသည်။ သူတို့၏ပေါ်သို့ အလွန်လေးလံသည့်တောင်ကြီးတစ်တောင်က ဖိနှိပ်ထားသကဲ့သို့ ခံစားနေရသည်။
"မင်းတို့က ငါကိုဆန့်ကျင်ရဲတယ်ပေါ့...ထွက်သွားကြစမ်း"
ကျန်းထျန်းဖန်က ရုတ်တရက် လှုပ်ရှားမှုတစ်ခုကိုပြုလုပ်လိုက်ရာ သူ၏ဧရာမလက်ဝါးကြီးနှင့် အတားအဆီးပေါ်သို့ အရှိန်ပြင်းပြင်းရိုက်ချလိုက်သည်။
နောက်ဆုံးတွင် ထိပ်သီးပညာရှင်များ၏ကျန်းချီများစုပေါင်း၍ ဖန်တီးထားသည့် အကာအကွယ်အတားအဆီးသည် ကျန်းထျန်းဖန်၏ပြင်းထန်သောရိုက်နှက်ချက်အောက်တွင် ပျက်စီးသွားတော့သည်။
အနက်ရောင်မြူ ခိုးများက ထိပ်သီးပညာရှင်များ၏ခန္ဓာကိုယ်များပေါ်သို့ ကျရောက်လာလေ၏။
အား....အား....အား..
နာကျင်မှုအပြည့်ဖြင့်အော်သံများ ထွက်ပေါ်နေခဲ့သည်။ အနက်ရောင်မြူ ခိုးများအတွင်းရှိ နတ်ဆိုးသရဲတစ္ဆေများသည် သူတို့၏ပါးစပ်များကိုဖွင့်ဟ၍ ထိပ်သီးပညာရှင်များကို ကိုက်နေလေသည်။
ကျန်းထျန်းရှုံး၏နံဘေး၌ တစ်ချိန်လုံးမတ်တတ်ရပ်နေခဲ့သည့် ပိန်ခြောက်ခြောက်အဖိုးအိုသည် အသက်ရှင်လျှက်ဆုတ်ဖြဲခံလိုက်ရပြီး စိတ်မချမ်းမြေ့ဖွယ်အနေအထားကိုမြင်တွေ့နေရသည်။
"မင်းတို့ရဲ့ကျင့်ကြံမှုအဆင့်တွေက ဒီနေရာမှာ ကန့်သတ်ခံထားရတယ်.....အခု မင်းတို့မူလခွန်အားရဲ့တစ်ဆယ်ရာခိုင်နှုန်းလောတ်ကိုပဲ အသုံးပြုနိုင်တာ...ဒါတောင် မင်းတို့က ငါနဲ့တိုက်ခိုက်ရဲသေးတယ်ပေါ့...ဟား ဟား ဟား"
လှပချောမောသော အမျိုးသမီးကျင့်ကြံသူတစ်ဦးသည် တုန်လှုပ်နေရာမှ သူမက အလျှင်စလိုတောင်းပန်လိုက်သည်။
"အကိုကျန်း....ကျန်းထျန်းရှုံးနဲ့ပဲပြဿ နာကိုဖြေရှင်းပါလား....ကျွန်မတို့ကိုအလွတ်ပေးပါ"
"ပါးစပ်ပိတ်ထားစမ်း....မိန်းမပျက်မ"
ရုတ်တရက် ကျန်းထျန်းဖန်က အမျိုးသမီးကျင့်ကြံသူကို ပါးရိုက်လိုက်ရာ သူမ၏မျက်နှာပေါ်တွင်လက်ဝါးရာကြီးပေါ်လာပြီး သွေးစီးကြောင်းများကမြေပြင်ပေါ်၌ ဖြာခနဲကျလာလေသည်။
"မင်းကများ ငါကိုအရင်က ကဲ့ရဲ့နေခဲ့တာမလား....ငါ ကိုနင်းခြေထားခဲ့တဲ့အချိန်တွေကို မင်းက မေ့သွားပြီလား"
ကျန်းထျန်းဖန်သည် မည်သူကမျှမတားဆီးနိုင်သည့် နတ်ဆိုးတစ်ယောက်နှင့် တူညီနေသည်။
ကျန်းထျန်းဖန်၏ရှေ့တွင် ထိပ်သီးပညာရှင်ဟုခေါ်ဆိုခံရသူများသည် တုန့်ပြန်ရန်ပင်အချိန်မရဘဲ အပြင်းအထန်ရိုက်နှက်ခြင်းခံနေရသည်။
"တော်သင့်ပြီ"
တစ်ချိန်လုံး တိတ်ဆိတ်ငြိမ်သက်နေသည့် ပိုင်ဆုချင်က ရုတ်တရက် လေးနက်သောအသံဖြင့်ပြောဆိုလိုက်သည်။
"ကျန်းထျန်းဖန်....ရှင်က ကျွန်မတို့လင်းရှောင်ဂိုဏ်းက ဖမ်းမိန့်ထုတ်ထားတဲ့ ရာဇဝတ်သားတစ်ယောက်ပဲ....ကျွန်မရဲ့ဆရာသခင်က ရှင်ကိုကိုယ်တိုင်ကိုယ်ကျလိုက်လံဖမ်းဆီးခဲ့ပေမယ့် ရှင်ကလွတ်မြောက်နေခဲ့တယ်...ဘယ်လိုသတ္တိမျိုးနဲ့ ရှင်က ကျွန်မရှေ့မှာပေါ်လာဝံ့တာလဲ"
မောက်မာနေသော ကျန်းထျန်းဖန်က ရယ်မောနေရာမှ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ သူက ပိုင်ဆုချင်ကို ဒေါသတကြီးစိုက်ကြည့်ပြီး ခက်ထန်တင်းမာစွာဖြင့်ပြောဆိုလိုက်သည်။
"ခွေးမလေး...မင်း ဘာပြောလိုက်တာလဲ"
Chapter 134
ပိုင်ဆုချင်က ကျန်းထျန်းဖန်ကို အနည်းငယ်မျှပင် ကြောက်ရွံခြင်းမရှိပေ။ သူမက တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်လေ၏။
"ယင်လော့ဂိုဏ်းက ကျန်ရှိနေတဲ့ရှင်ရဲ့ဘဝသက်တမ်းတစ်လျှောက်လုံးကို အကာအကွယ်ပေးနိုင်မယ်လို့ ရှင် ထင်နေတာလား"
ကျန်းထျန်းဖန်က လှုပ်ရှားမှုပြုလုပ်ခြင်းမရှိဘဲ သူက လှောင်ပြောင်သရော်လိုက်သည်။
"မင်းရဲ့ကိုယ်ပိုင်အသက်လေးကိုပဲ မင်းစိတ်ပူသင့်တယ်"
ထိုစကားဆုံးသည်နှင့် ကျန်းထျန်းဖန်က ရှေ့သို့ခြေလှမ်းလှမ်းလိုက်လေသည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိအဆောင်များသည် အံ့အားသင့်ဖွယ်ကောင်းလှသည်။ ပတ်ဝန်းကျင်နေရာတစ်ခုလုံးအားဖိနှိပ်ထားသောစွမ်းအားသည် သူ၏ကျင့်ကြံမှုကို အနည်းငယ်မျှပင် ဖိနှိပ်ထားခြင်းမရှိချေ။ ထိုအစား သူက ပို၍ပင်သန်မာအားကောင်းလာပေ၏။
သူ၏အကျႌလက်များမှနေ၍ လေပြင်းများကထွက်လာပုံရပြီး အချိန်မရွေးဘက်ပေါင်းစုံသို့ ပေါက်ကွဲထွက်တော့မယောင် မြင်နေရသည်။
ပိုင်ဆုချင်၏လက်ဝါးအတွင်းတွင် ဖုန်မှုန့်များတုန်ခါလာပြီး မြောက်များစွာသည့် နတ်ဘုရားပုံရိပ်များပေါ်ထွက်လာခဲ့သည်။
ထိုနတ်ဘုရားများ ပေါ်ထွက်လာသည်နှင့် ပတ်ဝန်းကျင်ရှိမှုန်မှိုင်းပြီး ထိတ်လန့်ဖွယ်အော်ရာသည် အတော်အသင့်လွင့်ပြယ်သွားတော့သည်။ အကျဉ်းထောင်ခန်းမတစ်ခုလုံး အဖြူ ရောင်အလင်းက လွှမ်းခြုံသွားလေသည်။
ကျန်းထျန်းဖန်၏မျက်လုံးများ တောက်ပသွားပေ၏။
"မင်းရဲ့ဆရာသခင်က သူမအသုံးပြုနေတဲ့ မှော်ရတနာပစ္စည်းကိုတောင် မင်းကိုပေးလိုက်မယ်လို့ ငါ မျှော်လင့်မထားမိဘူး"
ပိုင်ဆုချင်က ကျန်းထျန်းဖန်ကို မည်သည့်ခွန်းတုန့်ပြန်ခြင်းမျှ မပြုလုပ်ပေ။ သူမ၏လက်ကောက်ဝတ်လှုပ်ခါလိုက်မှုနှင့်အတူ ထိုနတ်ဘုရားပုံရိပ်ကြီးများက ပြင်းထန်သောအရှိန်အဟုန်ဖြင့် ကျန်းထျန်းဖန်ထံသို့ တိုးဝင်သွားကြသည်။
ေဝါ....ဝေရာ...ဝေရာ...
ဆူညံသောအသံကြီးများ မြည်ဟီးနေလေ၏။
ဤနတ်ဘုရားပုံရိပ်များသည် အတိတ်မှသူတော်စင်များဖြစ်ပုံရသည်။ ထို့ပြင် နတ်ဘုရားပုံရိပ်တစ်ခုခြင်းစီသည် ဖြောင့်မတ်မှန်ကန်သည့် ကြီးမားသောအသိစိတ်ပါရှိပုံမြင်နေရသည်။
ကျန်းထျန်းဖန်အတွက်ကမူ သမာဓိချီလှိုင်းများသည် ပြင်းထန်သည့်ခြိမ်းခြောက်မှုဖြစ်ပေ၏။
သို့ရာတွင် ကျန်းထျန်းဖန်၌ နတ်ဘုရားပုံရိပ်များကို တိမ်းရှောင်ရန် အစီအစဉ်မရှိပေ။ သူက ပိုင်ဆုချင်ထံသို့ ဦးတည်၍ ဆက်လက်လျှောက်လှမ်းနေလေသည်။
"တစ်ကယ်လို့ မင်းရဲ့ဆရာသခင် ဒီနေရာမှာရှိနေရင် ငါက နည်းနည်းတော့ ကြောက်နေမိအုံးမယ်...မိုက်မဲတဲ့ကလေးမတစ်ယောက်က မှော်ပညာကိုအသုံးပြုပြီး ငါကိုဆန့်ကျင်ရဲတယ်ပေါ့"
ကျန်းထျန်းဖန်က ဒေါသတကြီးဖြင့် ပြောဆိုလိုက်လေ၏။
ဘုန်း...ဘုန်း....ဘုန်း...
ယခုလက်ရှိတွင် ကျန်းထျန်းဖန်အပေါ်သို့ အဖြူ ရောင်အလင်းများက မည်သည့်သက်ရောက်မှုမျှမရှိချေ။
နတ်ဘုရားပုံရိပ်တစ်ခုခြင်းစီသည် ကျန်းထျန်းဖန်၏ခန္ဓာကိုယ်အတွင်းသို့ ထိုးဖောတ်ဝင်ရောက်သွားခဲ့သည်။ သို့ရာတွင် သူ၏ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင်ချီများသာ အနည်းငယ်လျော့ပါးစေပြီး ကျန်းထျန်းဖန်အားမည်သည့်ထိခိုက်ဒဏ်ရာမျှ ပေးစွမ်းနိုင်ခြင်းမရှိပေ။
ကျန်းထျန်းဖန်က အူလှိုက်သည်းလှိုက်ရယ်မောနေလေ၏။
"လင်းရှောင်ဂိုဏ်းမှာ ဒီစွမ်းရည်က အကောင်းဆုံးတဲ့လား...ရှက်ဖို့တောင်ကောင်းတယ်"
စကားပြောဆိုပြီးသည်နှင့် ကျန်းထျန်းဖန်က လက်ဝါးရိုက်ချက်တစ်ချက် ရိုက်လိုက်သည်။ ကြီးမားသည့်လက်ဝါးကြီးက လေထုအတွင်းတွင် ချက်ချင်းဖြစ်ပေါ်လာလေ၏။
"ငရဲကို သွားကြစမ်း"
ကျန်းထျန်းရှုံး၏မျက်လုံးအတွင်းတွင် သတ်ဖြတ်ခြင်းစိတ်ဆန္ဒများထင်ဟပ်လာခဲ့ပြီး သူ၏စွမ်းအားများက တစ်ဟုန်ထိုးမြင့်တတ်လာခဲ့သည်။
လေထုအတွင်းတွင် တည်ရှိနေသည့် ကြီးမားသည့် စွမ်းအင်လက်ဝါးကြီးမှလည်း ဆူညံနေသောအသံများ ထွက်ပေါ်နေပေ၏။
ထိုအချိန်တွင် ပါးလွှာသောလေထုအတွင်းတွင် အတားအဆီးတစ်ခုထွက်ပေါ်လာပြီး ကျန်းထျန်းဖန်၏စွမ်းအင်လက်ဝါးကြီးကို ပိတ်ပင်တားဆီးလိုက်သည်။
"ဟွန့်"
ကျန်းထျန်းဖန်သည် ဒေါသထွက်မှုနှင့်အံ့အားသင့်တုန်လှုပ်မှုများကို ခံစားနေရသည်။
ကျန်းထျန်းဖန်၏ခြေထောက်အောက်တွင် မှော်စွမ်းအင်ဝင်္ကပါဖွဲ့စည်းမှုပုံစံတစ်ခုက ရုတ်တရက်ထွက်ပေါ်လာသည်ကို သူတို့အားလုံးမြင်လိုက်ရလေ၏။
ထိုကြီးမားသည့်မှော်ဝင်္ကပါ အစီအရင်ကြီးသည် အလွန်အမင်းထင်ရှားပြီး မကောင်းဆိုးရွားဆန်သည့်အလင်းရောင်ကိုမှိန်ပျပျ ထုတ်လွှတ်ထားလေသည်။ လေဟာနယ်ပြောင်းလဲမှုများအကြားတွင် ကျန်းထျန်းဖန်က ပိတ်မိနေပုံရပြီး သူက မည်သည့်လှုပ်ရှားမှုမျှပြုလုပ်နိုင်ခြင်းမရှိတော့ချေ။
"အကြီးအကဲပိုင်...နောက်ကိုဆုတ်တော့....ဒီကိစ္စကို ကျုပ်တို့နဲ့ထားခဲ့ပါ"
ထိုအချိန်မှာပင် ဆရာသခင်ကျန့်က အော်ဟစ်လိုက်လေ၏။
ကျန်းထျန်းဖန်၏ပတ်ဝန်းကျင်တွင် နဂိုကတည်းက ဝင်္ကပါပညာရှင်များစုရုံးပြီး အစီအရင်တစ်ခုကို တိတ်တဆိတ်ခင်းကျင်းထားခြင်းဖြစ်သည်။
ကျင့်ကြံသူများ၏စွမ်းအားများသည် ဖိနှိပ်ထားခြင်းခံရသော်လည်း အားအကောင်းဆုံးစွမ်းအားကို ထုတ်ဖော်နိုင်ရန်အတွက် ဝင်္ကပါပညာရှင်များက အစီအရင်ကိုခင်းကျင်းနိုင်ဆဲဖြစ်ပေသည်။
"သာမာန်လူတစ်ချို့က မဖြစ်စလောက်မန္တန်လေးတွေကိုသုံးပြီး ငါရှေ့မှာလာကစားဝံ့တယ်ပေါ့"
ကျန်းထျန်းဖန်၏ ကြုံးဝါးသံနှင့်အတူ သူ၏ခြေထောက်အောက်ရှိ ဝင်္ကပါပေါ်တွင် မြောက်များစွာသည့်အက်ကွဲကြောင်းများ စတင်ထွက်ပေါ်လာလေ၏။
ထိုအက်ကွဲကြောင်းများက ကျန်းထျန်းဖန်၏ခြေထောက်အောက်မှနေ၍ ဘက်ပေါင်းစုံသို့ ပျံ့နှံ့သွားတော့သည်။
"ကျိုးပျက်စမ်း"
ရုတ်တရက် ကျန်းထျန်းဖန်က အော်ဟစ်ပြီးနောက် သူ့အားပိတ်လှောင်ထားသည့် ဝင်္ကပါကြီး ကြေမွပျက်စီးသွားပေ၏။
ဆရာသခင်ကျန်နှင့်ကျန်သည့်ဝင်္ကပါပညာရှင်များသည် လျှပ်စီးထိမှန်ကဲ့သို့ ခံစားလိုက်ရသည်။ သူတို့က နောက်သို့လွင့်စင်ထွက်သွားကြပြီး သွေးများအန်ထုတ်ကြကာ သူတို့၏နဂိုမူလ တည်ကြည်သောအသွင်အပြင်များလည်း အရိပ်အယောင်ပင်မကျန်ရှိတော့ပေ။
ကျန်းထျန်းဖန်က သူတို့ကို အထင်အမြင်သေးသော အကြည့်ဖြင့်ကြည့်ပြီး ပိုင်ဆုချင်ထံသို့ လျှောက်လှမ်းသွားခဲ့သည်။
"အခု လင်းရှောင်ဂိုဏ်းကလူတွေက ဘာစွမ်းဆောင်နိုင်မလဲဆိုတာ ငါမြင်ချင်တယ်"
ပိုင်ဆုချင်က နောက်သို့ အဆက်မပြတ်ဆုတ်နေခဲ့သည်။ ရုတ်တရက် သူမ၏ခြေဖဝါးက လူတစ်ယောက်၏ခြေထောက်ကို နင်းမိလေသည်။
လုယွီက မျက်တောင်တစ်ချက်မျှမခတ်ဘဲ သူ၏ခြေထောက်ကိုရွှေ့လိုက်သည်။ သို့ရာတွင် သူက ခြေတစ်လှမ်းမျှနောက်ဆုတ်ခြင်းမရှိဘဲ ပိုင်ဆုချင်၏နံဘေးတွင် ရပ်နေလေ၏။
Chapter 135
ဤနေရာတွင် လုယွီ၏ကျင့်ကြံမှုသည် အဆင့်အနိမ့်ဆုံးဖြစ်ပေ၏။
သူက လုံချီနယ်ပယ်သာရှိသူဖြစ်ပြီး ကျန်းထျန်းဖန်ပင်လျှင် ငယ်ရွယ်သည့်လူငယ်တစ်ယောက်အား သတိပြုမိခြင်းမရှိပေ။ ထို့ပြင် ကျန်းထျန်းဖန်က ဤကဲ့သို့အဆင့်သာရှိသည့် ကျင့်ကြံသူတစ်ယောက်နှင့် ရေးကြီးခွင်ကျယ်လုပ်ပြီး စိတ်အနှောက်အယှက်ဖြစ်နေစရာမလိုပေ။
"မင်းရဲ့ဆရာသခင်က အရင်နှစ်တွေအကြာကတည်းက ငါကိုခက်ခက်ခဲခဲလိုက်လံဖမ်းဆီးနေခဲ့တယ်...ဟီး ဟီး....မင်းက မဆိုးဘူး...ငါရဲ့ သရဲတစ္ဆေအစေခံဖြစ်လာနိုင်တယ်"
ကျန်းထျန်းဖန်က ရုတ်တရက် ပိုင်ဆုချင်အား ခြေဆုံးခေါင်းဆုံး ကြည့်နေခဲ့သည်။
ပိုင်ဆုချင်က နှင်းပွင့်ကဲ့သို့ဖြူ စွက်နေသည့်အဝတ်အစားကို ဝတ်ဆင်ထားခဲ့သည်။ သူမ၏ဆံပင်များပင် ဖြူ စွက်နေသေည်လည်း ထိုငွေဖြူ ရောင်ဆံပင်များက သူမ၏အသက်အရွယ်ကြီးရင့်သည်ဟု ဖြစ်ပေါ်စေခြင်းမရှိပေ။ ဆန့်ကျင်ဘက်အနေဖြင့် ထိုဆံနွယ်များက အလွန်အမင်းနူးညံပျော့ပျောင်းပြီး သူမနှင့်လိုက်ဖက်နေပေ၏။
အကယ်၍တစ်စုံတစ်ယောက်က နီးကပ်စွာကြည့်လျှင် ပိုင်ဆုချင်သည် အသက်နှစ်ဆယ်သာရှိသေးသည့် မိန်းမပျိုလေးတစ်ယောက်ဆိုသည်ကို တွေ့မြင်ရပေမည်။
သူမ၏ခန္ဓာကိုယ်ပေါ်ရှိ အလွန်သိမ်မွေ့နူးညံပြီးစင်ကြယ်သည့် အော်ရာက သူမနှင့်ရင်ဆိုင်သည့်လူတိုင်း မိမိကိုယ်မိမိ အဆင့်အတန်းနိမ့်သည်ဟု ခံစားမိစေသည်။
ပိုင်ဆုချင်၏မျက်နှာထားသည် မူလအတိုင်းတည်ငြိမ်အေးဆေးနေဆဲဖြစ်သည်။ သူမက တစ်ခြားနည်းလမ်းမရှိတော့သည်ကို တွေ့မြင်ပြီးနောက် ဆတ်ခနဲခါယမ်းလှုပ်ရှားလိုက်သည်။
ထို့နောက် ပိုင်ဆုချင်၏သွယ်လျသည့် လက်လေးများမှ ရုတ်တရက် လက်သင်္ကေတများကို ဖွဲ့စည်းပြီး သူမက ဂါထာမန္တန်များကိုစတင်ရွက်ဆိုလိုက်သည်။ ပိုင်ဆုချင်က နားလည်ရန်ခက်ခဲသည့် မန္တန်တစ်ပုဒ်ကို ရွတ်ဆိုနေပေ၏။
ရှည်လျားသည့်မန္တန်ရွတ်ဆိုသံက ပတ်ဝန်းကျင်အတွင်းတွင် ပဲ့တင်ထပ်နေပြီး ပိုင်ဆုချင်၏ဘေးပတ်လည်တွင် အစွမ်းထက်ပြီးမြင့်မြတ်သည့်အော်ရာတစ်ခု ထွက်ပေါ်လာခဲ့သည်။
"ဒါက လင်းရှောင်ဂိုဏ်းရဲ့ အက္ခရာရှစ်ခုပုံရိပ်ယောင်ပဲ...ဒီဟာက အရင်တုန်းက စီနီယာဝူမြန်ရဲ့အမှတ်သေင်္ကတပဲ....အမှန်တစ်ကယ်ကိုပဲ စီနီယာက သူမရဲ့တပည့်ကိုသင်ကြားပေးထားတယ်"
"ကောင်းလိုက်တာ...အကြီးအကဲပိုင်က တစ်ကယ်အစွမ်းထက်တာပဲ....ကျန်းထျန်ဖန်က ဆက်ပြီးမောက်မာနိုင်အုံးမှာလား ကြည့်ကြရအောင်"
လျှို့ဝှက်ဆန်းကြယ်ပြီးရဲစွမ်းသတ္တိပါဝင်သည့် အဖြူ ရောင်အလင်းတန်းက ကျန်းထျန်းဖန်ထံသို့ တိုးဝင်သွားခဲ့သည်။ ကျယ်လောင်သော ဆူညံသံကြီးနှင့်အတူ လူတိုင်းက မသိစိတ်မှနေ၍ သူတို့၏မျက်လုံးများမှိတ်လိုက်မိကြ၏။
ကျန်းထျန်းဖန်၏မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့သည်။ ထိုအဖြူ ရောင်အလင်းတန်းက သူကို ခြိမ်းခြောက်နိုင်စွမ်းရှိသည်ကို ခံစားမိလေသည်။
သူက လျှင်လျှင်မြန်မြန်နောက်သို့ဆုတ်ပြီး သူ၏နောက်ရှိလေဟာနယ်ထံသို့ လက်ဝါးတစ်ချက်ဆန့်ထုတ်ပြီး ဖမ်းဆုပ်သည့်လှုပ်ရှားမှုအား ပြုလုပ်လိုက်သည်။ ပေသုံးဆယ်ကျော်သည့် မြင့်မားသည့်အနက်ရောင်အခိုးအငွေ့အများအပြားက ကျန်းထျန်းဖန်၏ဘေးပတ်လည်မှ ထွက်ပေါ်လာလေ၏။
ထိုအနက်ရောင်စွမ်းအင်များသည် ကျန်းထျန်းဖန်၏နံဘေးပတ်လည်တွင် တောက်ပနေပေသည်။ အမှောင်စွမ်းအင်အတွင်းတွင် ကြီးမားသည့်အရိုးစုကြီးတစ်ခု မတ်တတ်ရပ်နေသည်ကို မှိန်ပျပျမြင်နေရသည်။ အရိုးစုကြီးက သူ၏ပါးစပ်ကြီးကိုဖွင့်ဟပြီး အနက်ရောင်စာလုံးများက အရိုးစုပေါ်တွင်တောက်ပစွာပေါ်ထွက်နေလေသည်။
"ပန်ဂုရဲ့ ရှေးဟောင်းနဂါးပုံရိပ်...."
ကျန်းထျန်းဖန်က အော်ဟစ်လိုက်သည်တွင် ကြီးမားသည့်အရိုးစုကြီးက ပိုင်ဆုချင်ကို အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲပစ်ချင်ပုံဖြင့် ရှေ့သို့တရကြမ်း တိုးဝင်သွားခဲ့သည်။
ရွဲ.....ရွဲ....
အဖြူ ရောင်အလင်းတန်းက အရိုးစုကြီး၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားချိန်တွင် ရေခဲနှင့်မီးတွေ့သကဲ့သို့ အသံမျိုးထွက်ပေါ်လာသည်။ ရုတ်တရက် လေထုအတွင်းတွင် အစိမ်းရောင်အခိုးအငွေ့များက အမြောက်အမြားမြင့်တတ်လာခဲ့သည်။
ကြီးမားသည့်အရိုးစုကြီးက ရုတ်တရက် မြေပြင်ပေါ်၌ လှုပ်ရှားမှုမရှိတော့ဘဲ ရပ်တန့်သွားလေသည်။
"အကြီးအကဲပိုင်က အရမ်းအစွမ်းထက်တာပဲ"
"ဆိုးမိုက်တဲ့သူက ကြာကြာမောက်မာမနေနိုင်ပါဘူးကွာ....သူမက လင်းရှောင်ဂိုဏ်းရဲ့ထိပ်သီးကျွမ်းကျင်သူ ပီသပါပေတယ်"
ကျင့်ကြံသူများအားလုံး အံ့အားသင့်စွာဖြင့်အော်ဟစ်နေကြပြီး ကျန်းထျန်းရှုံး၏မျက်လုံးများအတွင်းတွင်လည်း လေးနက်မှုအရိပ်အယောင်များ ထင်ဟပ်နေခဲ့သည်။
"အခု သူကိုဖယ်ရှားရှင်းလင်းပစ်ဖို့ အချိန်ကျပြီ"
ကျန်းထျန်းရှုံးက ရုတ်တရက် ကြုံးဝါးလိုက်လေ၏။
ပတ်ဝန်းကျင်ရှိလူများသည်လည်း မိန်းမောတွေဝေနေရာမှ အသိပြန်ဝင်လာကြသည်။
"အမှန်ပဲ...သူကိုသတ်ကြမယ်"
အကယ်၍ အရိုးစုကြီးသာ ပြန်လည်ကောင်းမွန်လာခဲ့လျှင် သူတို့အားလုံးသေသွားနိုင်လေသည်။ ရုတ်ချည်းဆိုသလိုပင် ကျင့်ကြံသူများအားလုံးက ဒေါသတကြီးကြုံးဝါးလိုက်ကြပြီး အစွမ်းထက်သောကျန်းချီလှိုင်းများကို ရှေ့သို့တွန်းထုတ်ကြလေသည်။ မန္တန်စွမ်းအင်များက ပြင်းထန်စွာဖြင့် ကျန်းထျန်းဖန်ထံသို့ တိုးဝင်သွားတော့သည်။
ကျန်းထျန်းဖန်၏ခန္ဓာကိုယ်တစ်ခုလုံးကို အနက်ရောင်မြူ ခိုးများက ဖုံးလွှမ်းထားသည်။ သူကိုကြည့်ရသည်မှာ စိတ်အာရုံတည်ဆောက်နေသည့်အခြေအနေတွင် ရှိနေပုံပေါ်သည်။
သို့ရာတွင် လူတိုင်း၏ကျန်းချီစွမ်းအင်များက သူ့အနားသို့ချဉ်းကပ်လာချိန်တွင်မူ ကျန်းထျန်းဖန်၏ရယ်မောသံကြီးက ရုတ်တရက်ကျယ်လောင်စွာထွက်ပေါ်လာလေ၏။
"ဟား ဟား ဟား....အသုံးမကျတဲ့ အမှိုက်တစာစုကများ....မင်းတို့အားလုံးက ဒီနေရာမှာ ငါကိုသတ်ချင်နေကြတာလား"
ကျန်းထျန်းဖန်က ရက်စက်ယုတ်မာတော့မည်ာပုံဖြင့်ရယ်မောနေရင်း သူ၏နံဘေးရှိ ကြီးမားသည့်အရိုးစုကြီးက ရုတ်တရက်ဖောင်းကားလာခဲ့သည်။
ထိုအရိုးစုကြီးက ခန်းမတစ်ခုလုံးနီးပါးကို နေရာယူထားခဲ့ပေ၏။ အရိုးစုကြီးက မယှဉ်သာအောင်ကြီးမားလာပြီး အဆုံး သို့မဟုတ် အနားသတ်ကိုပင်မမြင်နိုင်တော့ချေ။
"ဟူး.......""ဟူး......."
ဝေါ... ဝေါ... ဝေါ...
ကျန်းထျန်းဖန်က ရုတ်တရက် ပတ်ဝန်းကျင်ကိုလှည့်ပတ်ပြီး သူ၏လက်ဝါးကိုအသုံးပြု၍ အလယ်ပိုင်းကုန်းမြေမှထိပ်သီးပညာရှင်များ၏ တိုက်ခိုက်မှုကိုပိတ်ပင်တားဆီးလိုက်သည်။
"ဒီနေရာမှာ...ငါက ကောင်းကင်ဘုံပဲ"
ကျန်းထျန်းရှုံးက မောက်မာစွာဖြင့်ရယ်မောလိုက်ပြီးနောက် ဧရာမအရိုးစုကြီးက အောက်သို့အရှိန်အဟုန်ပြင်းပြင်းဖြင့် ရိုက်ချလိုက်သည်။ ထိုရိုက်ချက်ကြောင့် အလယ်ပိုင်းကုန်းမြေမှပညာရှင်များသည် နာကျင်မှုကြောင့် စူးစူးဝါးဝါးအော်ဟစ်လိုက်ကြပြီး လေထုအတွင်းမှနေ၍ မြေပြင်ပေါ်သို့ပြင်းထန်စွာကျဆင်းလာကြသည်။
ကျန်းထျန်းဖန်က မြေပြင်ပေါ်၌ ခြေဆောင့်လိုက်လေ၏။ ချက်ချင်းပင် မြေပြင်တစ်ခုလုံး တုန်ခါလာပြီး မြောက်မြားစွာသည့်အက်ကွဲကြောင်းကြီးများက စတင်ထွက်ပေါ်လာလေသည်။
"ငါက မင်းကိုအရင်သတ်ပြီး....ငါကိုအနှောက်အယှက်ပေးတဲ့ အကျိုးဆက်ကို မင်းရဲ့ဂိုဏ်းကို မြင်အောင်ပြရမယ်"