အခန်း (၁၃၆-၁၄၀)
Vol. 6-10 Ch. 136-140
Chapter 136
ကျန်းထျန်းဖန်၏ကြီးမားသည့်အရိုးစုကြီးက လက်ဝါးကြီးကိုဖြန့်လိုက်ရာတွင် အမှောင်တိမ်တိုက်ကြီးတစ်ခုကအောက်သို့နိမ့်ဆင်းလာပြီး ပိုင်ဆုချင်ကို ဖိနှိပ်ထားလေသည်။ ပိုင်ဆုချင်၏အက္ခရာရှစ်ခုမန္တန်သည် ထူးခြားဆန်းကြယ်သည့်စွမ်းအင်တစ်မျိုးဖြင့် ဖိနှိပ်ထားခြင်းခံလိုက်ရသည်။ ညအမှောင်ထုအတွင်းတွင် ကြယ်တစ်လုံးသာလင်းလက်နေသကဲ့သို့ ပိုင်ဆုချင်၏မန္တန်သည် တဖြည်းဖြည်း စတင်၍မှိန်ဖျော့လာခဲ့သည်။
ပိုင်ဆုချင်သည် သူမ၏စွမ်းအားကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန် ရုန်းကန်နေရလေ၏။ သို့ရာတွင် သူမက ကျန်းထျန်းဖန်၏အပြည့်အဝဖိနှိပ်ထားခြင်းကိုခံနေရသည်။ ကျန်းထျန်းဖန်ကိုကြည့်ရပုံမှာ မှော်ပညာရပ်များကိုအသုံးပြုရာ၌ အလွန်အမင်းကျွမ်းကျင်ပုံပေါ်နေသည်။
"ဟား...ဟား...ဟား....ဒါက ငါတို့ယင်လော့ဂိုဏ်းက အချိန်အကြာကြီးတွေးတောခဲ့ရတဲ့ ရှေးဟောင်းမန္တန်တစ်ခုပဲ...မင်းက ဇွက်တိုးဝင်ဝံ့တယ်ပေါ့"
ကျန်းထျန်းဖန်က လှောင်ပြောင်သရော်လိုက်လေ၏။
"ကျန်းထျန်းဖန်...သစ္စာဖောက်ကောင်....ဒီနေရာကိုလာပြီး မင်းက ရိုင်းရိုင်းစိုင်းစိုင်း ပြုမူနေတာလား"
ကျန်းထျန်းဖန်၏နောက်မှနေ၍ ဒေါသတကြီးအော်ဟစ်ကြုံးဝါးသံက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
မြေပြင်ပေါ်တွင် အစောပိုင်းကလဲကျနေခဲ့သည့် ကျန်းထျန်းရှုံးသည် မည်သည့်အချိန်ကတည်းကမတ်တတ်ရပ်နေသည်ကို မသိရှိရချေ။ သူ၏ဒေါသတကြီး ကြုံးဝါးသံနှင့်အတူ ကျန်းထျန်းရှုံး၏ခန္ဓာကိုယ်တစ်ခုလုံးကို အဖြူ ရောင်အခိုးအငွေ့များက လွှမ်းခြံုထားလေသည်။
ဤအဖြူ ရောင်အခိုးအငွေ့များက ကျန်းထျန်းရှုံး၏ပုံရိပ်တစ်ခုလုံးကို ဝေဝေဝါးဝါးသာမြင်ရစေသည်။ အဖြူ ရောင်မြူ ခိုးများကြားမှနေ၍ လေပူအမျှင်များထွက်ပေါ်လာပြီးနောက် လောင်ကျွမ်းနေသောမီးများအဖြစ်သို့ ပြောင်းလဲသွားသည်။
မီးတောက်တစ်ခုတောက်လောင်ရန် မီးခြစ်ကျောက်တစ်ချက်ခတ်စာအချိန်အတောအတွင်းမှာပင် ကျန်းထျန်းရှုံး၏ခန္ဓာကိုယ်တစ်ခုလုံးကို မီးတောက်များဖြင့် ဝန်းရံထားလေသည်။ အဝေးမှကြည့်လျှင် ကျန်းထျန်းရှုံးသည် လေဟာနယ်အတွင်း မတ်တတ်ရပ်နေသည့် မီးတောက်နတ်ဘုရားတစ်ပါးနှင့်တူညီနေသည်။
ဤကြီးမားသောမီးတောက်ကြီး၏အရွယ်အစားသည် ကျန်းထျန်းဖန်၏အမှောင်ချီအရိုးစုကြီးနှင့် နှိုင်းယှဉ်လာနိုင်ပေသည်။
"ဟွန့်....သူက လျှို့ဝှက်ပညာရပ်တစ်ခုကိုအသုံးပြုနေတာလား"
အထင်အမြင်သေးသည့် အရိပ်အယောင်များက ကျန်းထျန်းဖန်၏မျက်လုံးများအတွင်းတွင် ထင်ဟပ်နေလေ၏။
ကျန်းထျန်းဖန်က အေးတိအေးစက်ဖြင့် ကျန်းထျန်းရှုံးကိုစိုက်ကြည့်၍ သူက ခနဲ့တဲ့တဲ့စကားကိုပြောဆိုလိုက်သည်။
"တစ်ကယ်လို့ မင်းကလျှို့ဝှက်ပညာရပ်တွေကိုအသုံးပြုတယ်ဆိုရင်တောင်...ဘာထူးလာမှာလဲ....ဒီနေရာက ဥပဒေသတွေက မင်းကိုဖိနှိပ်ထားခဲ့တာ.....အခုမင်းက မင်း စွမ်းအားရဲ့တစ်ဆယ်ရာခိုင်နှုန်းကိုပဲအသုံးပြုနိုင်တာမလား...ဒါတောင် မင်းက ငါနဲ့တိုက်ခိုက်ချင်သေးတာလား"
ကျန်းထျန်းဖန်က အထင်အမြင်သေးစွာဖြင့် လက်ဝါးတစ်ချက်ရိုက်ထုတ်၍ ကျန်းထျန်းရှုံးအား ထိခိုက်သွားစေရန် ရည်ရွယ်လိုက်သည်။
သို့သော်ယခုတစ်ကြိမ်တွင်မူ ကျန်းထျန်းရှုံးက ရုတ်တရက်မန္တန်တစ်ပုဒ်ကိုရွတ်ဆိုလိုက်ရာတွင် ထူးခြားဆန်းကြယ်သည့်စွမ်းအင်တစ်ခုက သူ၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွားလေသည်။
အံ့အားသင့်မှုအရိပ်အယောင်များက ကျန်းထျန်းဖန်၏မျက်လုံးများအတွင်းဖြတ်ပြေးသွားခဲ့သည်။ ကျန်းထျန်းရှုံးက ဤကဲ့သို့စွမ်းရည်မျိုးပိုင်ဆိုင်လိမ့်မည်ဟု မည်သည့်အချိန်ကမျှ သူမျှော်လင့်ထားခြင်းမရှိတော့ပေ။
"အကိုကြီး...ဒါက ကျွန်တော်တို့ကျန်းမိသားစုရဲ့မှော်ပညာနဲ့ မတူပါဘူး"
ကျန်းထျန်းဖန်က အေးတိအေးစက်ပြောဆိုလိုက်သည်။ သူ၏အကြည့်များက ကျန်းထျန်းရှုံးကို စတင်၍သတိထားစပြုလာခဲ့သည်။
ကျန်းထျန်းရှုံး၏လက်များလှုပ်ရှားလိုက်သည်နှင့် သူ၏ခန္ဓာကိုယ်ပတ်လည်တွင် စွမ်းအင်စုပ်ဝဲကြီးတစ်ခုက လှည့်ပတ်နေလေသည်။
ကျန်းထျန်းရှုံး၏နံဘေးတွင် တစ်ခြားမှိန်ပျပျပုံရိပ်တစ်ခု ပေါ်ပေါက်လာခဲ့သည်။ ထိုပုံရိပ်သည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးမီးတောက်အခွေအလိပ်များဖြစ်ပေါ်နေသည်မှလွဲ၍ ကျန်းထျန်းရှုံးနှင့် အလွန်တူညီနေလေသည်။
ထိုမီးတောက်ပုံရိပ်သည် တဖြည်းဖြည်းခြင်း ကျန်းထျန်းရှုံး၏ခန္ဓာကိုယ်နှင့်တွယ်ကပ်လာခဲ့သည်။ အဆုံးသတ်တွင် ကျန်းထျန်းရှုံး၏အော်ရာသည် ပို၍ခန့်ညားထည်ဝါလာလေ၏။
"နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ်"
ကျန်းထျန်းဖန်က တခဏကြာအံသြသွားပြီးနောက် သူက ထိတ်လန့်တကြားအော်ဟစ်လိုက်မိသည်။
"မဖြစ်နိုင်ဘူး....ကျန်းမိသားစုရဲ့ကျင့်ကြံမှုနည်းစနစ်တွေကိုယ်တိုင်ကိုက ချို့ယွင်းချက်တွေရှိနေတာ....ဘိုးဘေးကြီးတောင်မှ နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ်ရောက်အောင် မကျင့်ကြံနိုင်ဘူး"
"အဖိုးကြီး ကျန်းက နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်နိုင်လိမ့်မယ်လို့ ငါမျှော်လင့်မထားမိဘူး"
မြေပြင်ပေါ်၌ လဲလျောင်းနေရသည့် ပိန်ခြောက်ခြောက်အဖိုးအိုက တီးတိုးရေရွတ်လိုက်လေ၏။
အလယ်ပိုင်းကုန်းမြေမှ တစ်ခြားထိပ်သီးပညာရှင်များကလည်း စိတ်ရှုပ်ထွေးခြင်းများက သူတို့မျက်နှာပေါ်တွင် အတိုင်းသားမြင်နေရရင်းမှ ကျန်းထျန်းရှုံး၏အေးစိမ့်ချီများကို စိုက်ကြည့်နေမိကြသည်။
နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ်သည် တာအိုဒုတိယအဆင့်တွင်ပင် နှိုင်းယှဉ်စရာမရှိသည်အထိ အစွမ်းထက်သောတည်ရှိမှုကြီးဖြစ်သည်။
ထိုနယ်ပယ်က အရေးပါသောအပြောင်းအလဲတစ်ခုဖြစ်ပေသည်။ ထိပ်သီးပညာရှင်များအနက်မှတစ်ချို့သည် နှစ်ပေါင်းများစွာကြာအောင် ကျင့်ကြံခဲ့သော်လည်း သူတို့က နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ်သို့ ရောက်ရှိနိုင်ခြင်းမရှိပေ။
ကျန်းထျန်းဖန်သည်တခဏအကြာ ကြက်သေသေသွားပြီးနောက် အသိစိတ်ပြန်ဝင်လာခဲ့သည်။ သူက သရော်တော်သာပြောလိုက်လေ၏။
"ဒါဆို မင်းက နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ်ကိုရောက်တာနဲ့ ငါကိုသတ်ဖြတ်နိုင်ပြီလို့ထင်နေတာလား"
ကျန်းထျန်းရှုံးက ခွန်းတုန့်ပြန်ခြင်းမရှိပေ။ သူ၏လက်ချောင်းများလှုပ်ခါမှုနှင့်အတူ မီးတောက်နဂါးကြီးတစ်ကောင်က ကျန်းထျန်းဖန်ကို ကိုက်တော့မည့်ပုံဖြင့် တိုးဝင်သွားတော့သည်။
ကျန်းထျန်းဖန်က ရှောင်ရှားခြင်းမပြုဘဲ ကျန်းထျန်းရှုံးကိုသာ လှောင်ပြောင်သရော်လိုသောအကြည့်ဖြင့် စိုက်ကြည့်နေခဲ့သည်။
ဘုန်း....
မီးတောက်နဂါးကြီးက ရုတ်တရက် လေထုအတွင်းမှာပင် ဖြတ်တောက်ခြင်းခံလိုက်ရသည်။ ကြီးမားသည့် အနက်ရောင်လက်ကြီးတစ်ဖက်က ရုတ်တရက်ထွက်ပေါ်လာပြီး မီးတောက်နဂါးကြီးကို ဖျက်ဆီးပစ်လိုက်ခြင်းဖြစ်သည်။
"လုံလောက်ပြီ"
အနက်ရောင်လူရိပ်တစ်ခုက လေထုအတွင်းတွင် မတ်တတ်ရပ်နေလေ၏။ သူ၏ခေါင်းပေါ်တွင် ဝါးဦးထုပ်တစ်လုံးကိုဆောင်းထားပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ဝတ်ရုံကြီးအောက်တွင် ဖုံးကွယ်ထားလေသည်။
Chapter 137
ထိုပုံရိပ်ထွက်ပေါ်လာသည်နှင့် ကျန်းထျန်းဖန်၏အမှောင်အရိုးစုကြီးနှင့်ကျန်းထျန်းရှုံး၏မီးတောက်နဂါးနှစ်ခုလုံး ဖိနှိပ်ထားခြင်းခံလိုက်ရသည်။
ကျန်းထျန်းဖန်က အလျှင်အမြန်သတိဝင်လာပြီး သူက မြေပြင်ပေါ်၌ ဒူးထောက်ထိုင်ချလိုက်သည်။
"နန်းတော်သခင်"
"ငါ ပြောထားတာကို မင်းလုပ်ပြီးပြီလား"
လျှို့ဝှက်ဆန်းကြယ်သောသူက သူ၏ခေါင်းကိုဖြည်းဖြည်းခြင်းလှည့်လာလေသည်။ ဝါးခမောက်၏အောက်တွင် သူ၏ရေခဲတမျှအေးစက်သောမျက်လုံးများက ကျန်းထျန်းဖန်၏ခန္ဓာကိုယ်ကို စူးရှချွန်ထက်သည့်ဓားနှင့် ထိုးဖောက်နေသည့်အလား စိုက်ကြည့်နေခဲ့သည်။
ကျန်းထျန်းဖန်သည် ကူရာကယ်ရာမဲ့စွာဖြင့် တဆတ်ဆတ်တုန်နေလေ၏။ ယခင်က အလွန်မောက်မာနေသောသူသည် ယခုအချိန်တွင်တစ်ကိုယ်လုံးချွေးစေးများထွက်နေတော့သည်။
နန်းတော်သခင်....
အလယ်ပိုင်းကုန်းမြေမှ ထိပ်သီးပညာရှင်များ၏မျက်နှာများ ဖြူ ဖတ်ဖြူ ရော်ဖြစ်ကုန်ကြ၏။
ယင်လော့ဂိုဏ်းအတွင်းတွင် ရာထူးဝါစဉ်သည် အလွန်တင်းကျပ်ပေသည်။ အလွန်မြင်တွေ့ရခဲသည့် ဂိုဏ်းချုပ်မှလွဲ၍ နန်းတော်သခင်ဆယ်ယောက်သည် ယင်လော့ဂိုဏ်းတွင် အစွမ်းအထက်ဆုံးဖြစ်သည်။
နန်းတော်သခင်ဆယ်ယောက်အတွင်းမှ မည်သူဖြစ်စေ ကုန်းမြေတစ်ခုလုံးကိုအုပ်ချုပ်နိုင်သည့် တည်ရှိမှုကြီးဖြစ်လေသည်။
သူတို့က မြေအောက်လောက၏ငရဲများကို ထိန်းချုပ်သူများဖြစ်ကြသည်။ လူတစ်ယောက်က မသေခင်တွင် မည်မျှအထိအစွမ်းထက်သူဖြစ်နေပါစေ သေဆုံးပြီးသရဲတစ္ဆေဘဝသို့ရောက်ရှိသည်နှင့် ယင်လော့ဂိုဏ်း၏ထိန်းသိမ်းခြင်းခံရမည်သာဖြစ်သည်။
သူတို့၏အရှေ့မှလူသည် နန်းတော်သခင်ဟု ဆိုလိုက်သလော....
ကျန်းထျန်းဖန်က တုန်ရီနေသောအသံဖြင့် ပြောဆိုနေလေ၏။
"နန်းတော်သခင် ကျွန်တော်ကိုညွှန်ကြားထားတဲ့ကိစ္စကို ဒီလက်အောက်ငယ်သားက နှောင့်နှေးကြန့်ကြာမနေဝံ့ပါဘူး...အခု သူတို့အားလုံးက ကျွန်တော်ရဲ့ထိန်းချုပ်မှုအောက်မှာပါ"
လျှို့ဝှက်ဆန်းကြယ်သည့်နန်းတော်သခင်က ကျန်းထျန်းဖန်၏ရှေ့ရှိ ကျန်းထျန်းရှုံးအား တစ်ချက်ကြည့်ပြီး အေးတိအေးစက်ရယ်မောလိုက်သည်။
"ဒါက မင်းဆိုလိုတဲ့'ထိန်းချုပ်ထားပြီးပြီ'ဆိုတာလား"
"နန်းတော်သခင်....ကျွန်တော်က သူကိုဖယ်ရှားရှင်းလင်းပစ်နိုင်မှာ သေချာပါတယ်....."
ကျန်းထျန်းဖန်က အလျှင်စလိုဖြင့် ပြောဆိုလိုက်လေ၏။
ရုတ်တရက် လျှပ်တပြက်အလင်းတန်းနှင့်အတူ လျှို့ဝှက်ဆန်းကြယ်သောနန်းတော်သခင်သည် ကျန်းထျန်းဖန်၏နံဘေး၌ ထွက်ပေါ်လာပြီး သူ၏လက်ဖြင့်ကျန်းထျန်းဖန်၏နဖူးကို ဖိလိုက်သည်။
"ကောင်းပြီလေ....မင်း စကားပြောနေတာ အခုရပ်နိုင်ပြီ"
နန်းတော်သခင်က တည်ငြိမ်အေးဆေးစွာဖြင့် ပြောဆိုနေခဲ့သည်။
ကျန်းထျန်းဖန်၏ဦးခေါင်းက မြေကြီးနှင့်ထိကပ်နေပြီး ကြည့်ရပုံမှာ သူက နန်းတော်သခင်အား ဦးညွှက်ထားပုံနှင့်တူညီနေသည်။
ဤအခြင်းအရာက အလွန်အနိုင်ကျင့်သည့် ပုံစံတစ်မျိုးသာဖြစ်ပေသည်။
သို့ရာတွင် ကျန်းထျန်းဖန်ကမှု ခြေဆုံးခေါင်းဆုံးတုန်ရီနေပြီး သူကမည်သည့်ခုခံကာကွယ်မှုမျိုးကိုမျှ မလုပ်ဝံ့ပေ။ လျှို့ဝှက်ဆန်းကြယ်သော နန်းတော်သခင်က သူ၏လက်ချောင်းများကို လှုပ်ခတ်လိုက်ရာတွင် အနက်ရောင်အလင်းတန်းတစ်ခု ပျံဝဲထွက်လာခဲ့သည်။ ထိုအနက်ရောင်အလင်းတန်းအတွင်းတွင် အနက်ရောင်စာလုံးများရေးထွင်းထားသည့် ဆေးကျိုအိုးတစ်လုံးရှိနေလေသည်။
ကြီးမားသောဆေးကျိုအိုးကြီးပေါ်တွင် မှိန်ပျပျအလင်းတန်းက တဖြည်းဖြည်းထင်ရှားလာခဲ့သည်။ သရဲတစ္ဆေများ၏ မြည်တမ်းသံလှိုင်းများနှင့်ဝံပုလွေအူသံများက ဆေးကျိုအိုး၏မျက်နှာပြင်မှ ထွက်ပေါ်နေသည်။
"မီးနဂါးဒေါသမျက်လုံး"
ကျန်းထျန်းရှုံးက ရုတ်တရက် အော်ဟစ်ကြုံးဝါးလိုက်ရာတွင် သူ၏ခန္ဓာကိုယ်ပတ်လည်တွင် မီးတောက်များထွက်ပေါ်လာခဲ့သည်။
ဤတစ်ကြိမ်တွင် မီးတောက်များက ပို၍ထိန်းချုပ်နိုင်စွမ်းမရှိတော့ပုံရပြီး ပတ်ဝန်းကျင်လေဟာနယ်တစ်ခုလုံး တွန့်လိမ်သည်ထက်တွန့်လိမ်လာတော့သည်။
လျှို့ဝှက်ဆန်းကြယ်သောနန်းတော်သခင်ကမူ အမူအယာကင်းမဲ့ပုံဖြင့်သာကျန်ရှိနေဆဲဖြစ်ပြီး ကျန်းထျန်းရှုံးအားလက်ညှိုးညွှန်ပြပြီး ကြေးနီဆေးကျိုအိုးကြီးကို သူထံသို့ ချက်ချင်းတိုးဝင်စေခဲ့သည်။
ဘုန်း.....
မိုးခြိမ်းသံကဲ့သို့ပေါက်ကွဲသံနှင့်အတူ ဆေးကျိုအိုးကြီးက ကျန်းထျန်းရှုံး၏ခန္ဓာကိုယ်ပေါ်သို့ကျဆင်းလာလေသည်။
ကျန်းထျန်းရှုံးသည် သူ၏ခန္ဓာကိုယ်ပေါ်သို့ ကြီးမားသည့်တောင်ကြီးဖိထားသကဲ့သို့ ခံစားနေရသည့်အပြင် သူ၏ခန္ဓာကိုယ်ရှိ အရိုးများမှလည်းအက်ကွဲသံများထွက်ပေါ်နေသည်။
ဖူး....
နောက်ဆုံးတွင်တော့ ကျန်းထျန်းရှုံးက ထပ်မံ၍တောင့်ခံနိုင်ခြင်းမရှိတော့ပေ။ ပါးစပ်အပြည့်သွေးများပန်းထွက်လာပြီးနောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံးရှိခွန်အားများ လျော့နည်းသွားလေသည်။
"အဖိုး"
ကျန်းယုချင်က ရုတ်တရက်သူမ၏လက်ဝါးကို လှုပ်ရှားလိုက်ပြီး သူမ၏ကျန်းချီများကို ဇီသာပုံစံသို့သိပ်သည်းလိုက်လေ၏။
ကျန်းယုချင်က သူမ၏လက်ကိုလှုပ်ခတ်လိုက်ရာတွင် အစွမ်းထက်သောဇီသာတေးဂီတလှိုင်းများ ထွက်ပေါ်လာပြီး နန်းတော်သခင်ထံသို့တိုးဝင်သွားခဲ့သည်။
"ဟမ့်"
လျှို့ဝှက်ဆန်းကြယ်သောနန်းတော်သခင်က အေးတ်အေးစက် နှာတစ်ချက်သာမှုတ်လိုက်လေ၏။
ဇီသာတေးဂီတလှိုင်းများက နန်းတော်သခင်ထံသို့မရောက်မှီ ခြေလှမ်းတစ်ဝက်စာမျှအလိုမှာပင် မည်သည့်အရာမျှမရှိခဲ့သကဲ့သို့ လွင့်ပြယ်သွားခဲ့သည်။ ကျန်းယုချင်သည်လည်း တန်ပြန်သက်ရောက်မှုခံရသည့်အနေဖြင့် လွင့်စင်ထွက်သွားပြီး နံရံနှင့်ပြင်းထန်စွာဆောင့်မိလေသည်။
လူတိုင်းသည် လေအေးတစ်ချက်ရှိုက်သွင်းမိတော့၏။ ထိုလျှို့ဝှက်ဆန်းကြယ်သော နန်းတော်သခင်ကား အမှန်တစ်ကယ်ပင် သန်မာလှပေသည်။
အကယ်၍ ကျန်းထျန်းရှုံးပင် နန်းတော်သခင်အား ရင်ဆိုင်နိုင်ခြင်းမရှိလျှင် တစ်ခြားသူများက မည်သို့မျှစွမ်းဆောင်နိုင်မည်မဟုတ်ဘဲ သူတို့၏စိတ်နှလုံးသားအတွင်းမှနေ၍ အစွမ်းမဲ့မှုကိုပင် ခံစားနေရသည်။
လျှို့ဝှက်ဆန်းကြယ်သောနန်းတော်သခင်က ယခုနေရာရှိလူတိုင်းကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး ရုတ်တရက်လှောင်ပြောင်သရော်လိုက်သည်။
"မင်တို့က မလာသင့်တဲ့နေရာကို လာခဲ့ကြတာပဲ...ဒါကြောင့်မို့ မင်းတို့ဒီနေရာမှာပဲ တစ်သက်လုံးနေကြတော့"
ဘာ...
ပိန်ခြောက်ခြောက်နှင့်အဖိုးအိုက ဒေါသတကြီး အော်ဟစ်လိုက်သည်။
"မင်း လုပ်ရဲလား....မင်းက ငါတို့တွေကိုဖမ်းဆီးထားရင်..... ယင်လော့ဂိုဏ်းက ဒါကိုဖုံးကွယ်ထားလို့ရမယ်ထင်လား"
ဘုန်း....
ပိန်ခြောက်ခြောက်နှင့်အဖိုးအို၏ခေါင်းသည် နန်းတော်သခင်၏ခြေထောက်ဖြင့် မြေကြီးအတွင်းသို့ဆောင့်နင်းခြင်းခံလိုက်ရသည်။
"မင်းက စကားပြောတာလား"
လျှို့ဝှက်ဆန်းကြယ်သောနန်းတော်သခင်က အေးတိအေးစက်ပြောလိုက်လေ၏။
Chapter 138
ကျန်းထျန်းရှုံးကဲ့သို့ပင် ထိုပိန်ခြောက်ခြောက်အဖိုးအိုကိုလည်း အလယ်ပိုင်းကုန်းမြေ၏အာဏာရှိသူတစ်ယောက်ဟု ယူဆနိုင်သည်။
သို့သော် ဤကဲ့သို့ထိပ်သီးကျွမ်းကျင်သူတစ်ယောက်ပင် လျှို့ဝှက်ဆန်းကြယ်သောနန်းတော်သခင်၏လက်အတွင်းတွင် အနည်းမျှပင်ပြန်၍ခုခံတိုက်ခိုက်နိုင်စွမ်းမရှိပေ။
"ကျောက်တုံးကြီးဂိတ်တံခါးရဲ့ အကြီးအကဲစွေ့တောင် မြေပြင်ပေါ်ကို ဟိုလူရဲ့ဖိနင်းထားခြင်းခံရတယ်"
"ဒါ....ငါတို့တော့သွားပြီထင်တယ်...ဒီလူက ပြိုင်ဘကာကင်းကျွမ်းကျင်သူတစ်ယောက်ဖြစ်မှာသေချာတယ်....ပြီးတော့ ငါတို့ရန်စစော်ကားလို့ရမယ့်သူမျိုးမဟုတ်ဘူး"
တောင်ပိုင်းစွန့်ပစ်နယ်မြေမှကျင့်ကြံသူများသည် ယင်လော့ဂိုဏ်းက မည်မျှထိအစွမ်းထက်ကြောင်းကို မသိရှိကြသော်လည်း အလယ်ပိုင်းကုန်းမြေမှ သူတို့၏လေးစားရသောစီနီယာမှာ လွယ်လင့်တကူ ရှုံးနိမ့်သွားသည်ကိုမြင်ချိန်တွင် သူတို့က သေလုမြောပါးဖြူ ဖတ်ဖြူ ရော်ဖြစ်သွားကြသည်။
"ငါရဲ့ယင်လော့ဂိုဏ်းက မင်းတို့လိုကောင်တွေကို ခွေးတွေကိုသတ်သလို လွယ်လွယ်လေးသတ်ပစ်နိုင်တာတောင် ငါကိုခြိမ်းခြောက်ရဲတယ်....မင်းတို့ကိုယ်မင်းတို့ ဘာထင်နေကြတာလဲ"
လျှို့ဝှက်ဆန်းကြယ်သောခန်းမသခင်၏လေသံသည် အရာအားလုံးကဖောာပြရန်ပင်မထိုက်တန်သကဲ့သို့ ပေါ့ပေါ့ပါးပါးဖြင့်သာမာန်ကာလျှံကာသာ ပြောဆိုလိုက်ခြင်းဖြစ်သည်။
ကျန်းထျန်းဖန်က ရိုသေလေးစားစွာဖြင့် ပြောဆိုလိုက်သည်။
"နန်းတော်သခင်က မယုံကြည်နိုင်အောင် အစွမ်းထက်တာပဲ....အခု သူတို့အားလုံးကို ဂရုစိုက်ပေးသင့်တဲ့အချိန်ရောက်ပြီလို့ ကျွန်တော်ထင်တာပဲ"
ကျန်းထျန်းရှုံးသည် မြေပြင်ပေါ်၌လဲကျနေသော်လည်း သူ၏မျက်လုံးများက ဒေါသအရှိန်အဟုန်ဖြင့် မီးဝင်းဝင်းတောက်နေခဲ့သည်။
"ကျန်းထျန်းဖန်....မင်း လုပ်ရဲလား"
လျှို့ဝှက်ဆန်းကြယ်သော နန်းတော်သခင်က ခန်းမအတွင်းရှိ လူအားလုံးကို တစ်ချက်ကြည့်ပြီး အေးတိအေးစက်လှောင်ပြောင်သရော်လိုက်လေ၏။
"သူတို့က ငါနဲ့တိုက်ခိုက်ဖို့ထိုက်တန်တဲ့ကောင်တွေမဟုတ်ဘူး...ငါရဲ့ယင်လော့ဂိုဏ်းက ပိုပြီးအရေးကြီးတဲ့ လုပ်စရာတွေရှိသေးတယ်...ဒီကိစ္စတွေကို မင်းဖြေရှင်းလိုက်"
နန်းတော်သခင်က ကျန်းထျန်းဖန်၏ပခုံးကိုပုတ်ပြီးနောက် အရိပ်အယောင်ပင်မကျန်ရှိဘဲ ပျောက်ကွယ်သွားလေသည်။
ကျန်းထျန်းဖန်က သူ့အား ထောက်ပံမှုတစ်စုံတစ်ခု ရရှိသွားသကဲ့သို့ ခံစားလိုက်ရပြီး သူ၏မျက်နှာအရောင် ပြန်လည်ရရှိသွားတော့သည်။
သူက လူအုပ်ကြီးကိုကြည့်ပြီး ခြောက်ကပ်ကပ်ရယ်မောလိုက်လေ၏။
"ငါမှာ မရေမတွက်နိုင်တဲ့ သရဲတစ္ဆေစစ်သည်တွေရှိတယ်....ဒီနေ့ မင်းတို့အားလုံးဒီနေရာမှာပဲ နေကြရမယ်"
ကျန်းထျန်းဖန်၏အနောက်ရှိ သရဲတစ္ဆေစစ်သားများသည် လူသားများ၏သွေးရနံ့ကိုရသဖြင့် အရူးအမူးအော်ဟစ်နေကြပြီး သူတို့က ပြေးဝင်ပြီး လူသားများကိုအစိတ်စိတ်အမွှာမွှာဆွဲဖြဲပစ်ရန်ကိုလည်း မစောင့်နိုင်ကြတော့ချေ။
ရုတ်တရက် ပိုင်ဆုချင်က ဆတ်ခနဲလှုပ်ရှားပြီးအော်ဟစ်လိုက်သည်။
"မကြောက်ကြနဲ့....သူကိုတားဆီးဖို့ ဝင်္ကပါဖွဲ့စည်းမယ်"
ထိုအချိန်မှသာ ကျင့်ကြံသူများက အသိစိတ်များပြန်ဝင်လာကြသည်။ ယခုအခြေအနေအား သေရေးရှင်ရေးအခြေအနေဟု ယူဆနိုင်သည်။ သူတို့က အလွန်အရေးကြီးအခြေအနေသို့ ရောက်ရှိနေမှန်းသိသဖြင့် မှောက်လက်နက်များကို ထုတ်ယူလိုက်ကြသည်။
"သူကို သေတဲ့အထိတိုက်ခိုက်ကြ"
ကျင့်ကြံသူများက တညီတညာတည်းအော်ဟစ်လိုက်ကြသည်။ သူတို့၏ကျန်းချီလှိုင်းများနှင့်စွမ်းအင်လှိုင်းများက ကျန်းထျန်းဖန်ကိုပိတ်ပင်တားဆီးထားကြလေ၏။ ။
"အသုံးမကျတဲ့ ကြွက်တစ်အုပ်ကများ...သူတို့ကိုသွားသတ်ကြစမ်း"
ကျန်းထျန်းဖန်က ရုတ်တရက် တံဆိပ်ပြားတစ်ခုကို သူ၏အကျႌလက်အတွင်းမှ ထုတ်ယူလိုက်သည်။
ထိုလည်ဆွဲတံဆိပ်သည် ပိန်းပိတ်သည်အထိနက်မှောင်နေပြီး မှိန်ပျပျအနက်ရောင်အလင်းတန်းများထွက်ပေါ်နေသည်။ အကယ်၍ ထိုတံဆိပ်ပြားကို တစ်စုံတစ်ယောက်က နီးကပ်စွာကြည့်ရှုမိပါက အနည်းငယ်မူးဝေမှုကိုခံစားရပေမည်။
လည်ဆွဲတံဆိပ်ပေါ်တွင် သရဲတစ္ဆေဝိညာဉ်ပုံထွင်းထုထားပြီး "စစ်ဗိုလ်ချုပ်ဝေ့"ဟုရေးထိုးထားသည့် အနက်ရောင်စာလုံးကြီးများရှိနေသည်။
သရဲတစ္ဆေစစ်သားများကို ထိုတံဆိပ်ပြားနှင့်ထိန်းချုပ်ထားပုံရသည်။ သရဲတစ္ဆေတစ်ကောင်ခြင်းစီ၏မျက်လုံးများသည် ရဲရဲနီနေပြီး ကြမ်းကြုတ်ရက်စက်သောစိတ်ဆန္ဒများထင်ဟပ်နေသည်။
ဤနေရာရှိကျင့်ကြံသူများသည် ရူးသွပ်နေသူများမဟုတ်ကြချေ။ အကြည့်တစ်ချက်ဖြင့်ပင် ကျန်းထျန်ဖန်၏လက်အတွင်းရှိ လည်ဆွဲတံဆိပ်မှထူးခြားချက်များကို မြင်နိုင်ခဲ့သည်။
"သူက သရဲတစ္ဆေစစ်သားတွေကိုထိန်းချုပ်ဖို့ အမိန့်ပေးတံဆိပ်ပြားကိုသုံးနေတာပဲ"
"ကျုပ် မြို့ပြင်မှာတုန်းက အဲ့ဒီလိုတံဆိပ်ပြားတွေကို အလောင်းကောင်တွေပေါ်မှာမြင်ခဲ့တယ်"
"ငါတို့ကောက်ယူလာတဲ့ တံဆိပ်ပြားတွေနဲ့ သရဲတစ္ဆေစစ်သားတွေကို ထိန်းချုပ်နိုင်မလားကြည့်ရအောင်"
ရုတ်ချည်းဆိုသလိုပင် လူတိုင်းက သူတို့၏သိုလှောင်အိတ်များအတွင်းတွင် စတင်ရှာဖွေလိုက်ကြသည်။ အချိန်အနည်းငယ်အကြာမှာပင် တစ်စုံတစ်ဟောက်က တံဆိပ်ပြားအနည်းငယ်ကိုတွေ့ရှိသွားခဲ့သည်။
သူတို့ကတံဆိပ်ပြားများကို ကျန်းချီလှိုင်းများနှင့်စွမ်းအင်လှိုင်းများ ထည့်သွင်းလိုက်ကြရာတွင် ရုတ်တရက် မြောက်မြားစွာသည့်တံဆိပ်ပြားများက လေထုအတွင်းမျောလွင့်လာကြပြီး အနက်ရောင်အလင်းတန်းကြီးကို ထုတ်လွှတ်ပေးနေလေသည်။
ထိုတံဆိပ်ပြားများလေထုအတွင်းမျောလွင့်နေရင်းမှ ကြီးမားသည့်အနက်ရောင်စာလုံးများက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာလေ၏။
သို့ရာတွင် ထိုတံဆိပ်ပြားများသည် အရာရှိ သို့မဟုတ် တပ်မှူ းအဆင့်သာရှိပြီး အဆင့်မြင့်သောတံဆိပ်ပြားများမဟုတ်ကြပေ။
သရဲတစ္ဆေစစ်သားများသည် ယခင်ကအနည်းငယ်တွေဝေနေကြသော်လည်း တခဏအကြာတွင်မူ သူတို့က ပို၍အစွမ်းထက်လာပုံဖြင့် ကြုံးဝါးလိုက်ကြပြီး သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ပြည့်နှက်လာပေ၏။
ကျန်းထျန်းဖန်ကမောက်မာစွာဖြင့် ရယ်မောလိုက်သည်။
"မင်းတို့ရဲ့ အရာရှိငယ်တံဆိပ်ပြားတွေနဲ့ ငါရဲ့တံဆိပ်ပြားကိုယှဉ်ဝံ့တယ်ပေါ့...မင်းတို့သေဖို့ပြင်ထားကြ"
"လင်ရှောင်ရွှေ့....ပြိုင်ဘက်ကင်းတာအိုတမ်းချင်း"
ပိုင်ဆုချင်က တည်ငြိမ်သောအမူအယာဖြင့် မန္တန်တစ်ပုဒ်ကိုရွတ်ဆိုလိုက်ရာတွင် မြောက်များစွာသည့်အဖြူ ရောင်အလင်းများက လူအုပ်ကြီး၏ဘေးတွင် ထွက်ပေါ်လာသည်။
သို့သော် သရဲတစ္ဆေစစ်သားများက ကောင်းကင်နှင့်မြေကြီးပိတ်ကွယ်သည်အထိများပြားနေပြီး သူတို့ကအဖြူ ရောင်အလင်းအား အရေးစိုက်ခြင်းမရှိကြပေ။
Chapter 139
ဘုန်း....
နားကွဲလုမတတ်ပေါက်ကွဲသံကြီးနှင့်အတူ သရဲတစ္ဆေစစ်သားများက ကျင့်ကြံသူများနှင့် စတင်၍ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ခဲ့ကြသည်။
သရဲတစ္ဆေစစ်သားများသည် အလွန်ရက်စက်ကြမ်းကြုတ်စွာဖြင့်တိုက်ခိုက်ကြရာတွင် ကျင့်ကြံသူများပြုလုပ်ထားသည့် အကာအကွယ်အတားအဆီးများသည် တမုမဟုတ်ခြင်းလဲပြိုသွားလေ၏။
"ခရက္....."
အလယ်ပိုင်းကုန်းမြေမှ အစွမ်းထက်သူများအပါအဝင် ကျင့်ကြံသူများအားလုံးနောက်ဆုတ်လိုက်ကြရသည်။
ဤနေရာရှိ ဖိနှိပ်ထားသည့်စွမ်းအားကလည်း ရိုးရှင်းစွာပင် အလွန်အားကောင်းပေ၏။
သူတို့က အပြင်ဘက်ကမ္ဘာလောကတွင် ပြိုင်ဘက်ကင်းသောတည်ရှိမှုကြီးများဖြစ်သော်လည်း ဤစွန့်ပစ်လေဟာနယ်အတွင်းတွင်မူ သူတို့၏စွမ်းအားအပြည့်ကို ထုတ်ဖော်နိုင်ခြင်းမရှိကြပေ။
"ငါက ဒီနေ့ ဒီနေရာမှာသေရတော့မှာလား"
ဖက်တီးကျန်း၏မျက်နှာပေါ်တွင် စိတ်ပျက်အားငယ်သောအရိပ်အယောင်များ ထင်ဟပ်နေလေသည်။
သို့ရာတွင် ဖက်တီးကျန်း၏လက်အတွင်းတွင် လေဟာနယ်အဆောင်တစ်ခုကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားသည်အား လုယွီမြင်နေရသည်။
အကယ်၍ သူ၏အမြင်မှားယွင်းမှုမရှိလျှင် ထိုအဆောင်သည် ဖက်တီးကျန်းအား ယခုနေရာ၏အပြင်ဘက်သို့ ချက်ချင်းကူးပြောင်းရောက်ရှိစေမည့် အစွမ်းထက်လေဟာနယ်အဆောင် ဖြစ်ပေမည်။
အမှန်အားဖြင့် ယခုနေရာရှိ လူတော်တော်များများတွင် အသက်ကယ်မှော်ရတနာပစ္စည်းများ ပါရှိကြသည်။ သို့ရာတွင် သူတို့က အမှန်တစ်ကယ်လိုအပ်ခြင်းမရှိသေးဘဲ အသက်ကယ်နည်းလမ်းများကို မဆင်မခြင်အသုံးပြုကြမည်မဟုတ်ပေ။
ချမ်းသာကြွယ်ဝခြင်းသည် အန္တရာယ်ကြားမှရရှိသည် ဟူသောစည်းမျဉ်းကို လူတိုင်းကနားလည်ထားလေ၏။
ထို့ပြင် ဤနေရာသို့ ယင်လော့ဂိုဏ်းပင်ရောက်ရှိလာခဲ့သည်။ ဆိုလိုသည်မှာ ဤလေဟာနယ်စွန့်ပစ်နယ်မြေအတွင်းတွင် ရတနာတစ်ချို့ရှိ၍သာလျှင် ယင်လော့ဂိုဏ်းက နန်းတော်သခင်တစ်ယောက်ကိုစေလွှက်၍ လင်းရှောင်ဂိုဏ်းကို ထိပါးခြင်းဖြစ်ပေမည်။
"ငရဲကိုသြားၾက"
ကျန်းထျန်းဖန်က မောက်မာစွာဖြင့် ရယ်မောလိုက်သည်။
လူတိုင်းသည် သူတို့၏အကောင်းဆုံးစွမ်းရည်များဖြင့် တောင့်ခံနိုင်ရန် ကြိုးစားနေကြသည်။ နောက်ဆုံးတွင် ပိုင်ဆုချင်က တည်ငြိမ်စွာဖြင့်အော်ဟစ်လိုက်သည်။
"ရှင်တို့ တတ်စွမ်းတာအကုန်လုံးနဲ့တိုက်ခိုက်ကြ....ရှင်တို့ ဒီနေရာမှာတော့မသေချင်ဘူးမလား"
ပိုင်ဆုချင်၏နံဘေးရှိ လင်းရှောင်ဂိုဏ်းမှလူများသည် အနည်းငယ်မျှပင် တုန့်ဆိုင်းခြင်းမရှိကြဘဲ သူတို့ကိုယ်သူတို့ ထုနှက်လိုက်ကြသည်။ ရုတ်ချည်းဆိုသလိုပင် လေထုအတွင်း သွေးမြူ များပြည့်နှက်လာပြီး လင်းရှောင်ဂိုဏ်းမှလူများ၏အော်ရာများသည် ပို၍အားကောင်းလာလေ၏။ ထိုလူများက သူတို့၏မှော်ရတနာပစ္စည်းများကို ထုတ်ယူပြီး မန္တန်များရွတ်ဆိုလိုက်ကြသည်။ ပတ်ဝန်းကျင်နေရာတစ်ခုလုံးတွင် အော်သံတစ်သံက ရုတ်တရက်ပဲ့တင်ထွက်လာလေသည်။
လေထုအတွင်းတွင် ကျမ်းစာများက ထင်ထင်ရှားရှားထွက်ပေါ်ပြီး သရဲတစ္ဆေစစ်သားများ၏လမ်းကြောင်းကို ပိတ်ပင်ထားလေသည်။ သရဲတစ္ဆေစစ်သားများက နံရံကြီးတစ်ခုနှင့် ဝင်ဆောင့်မိပုံရပြီး ဘန်း ဘန်း ဟူသောအသံများထွက်ပေါ်နေသည်။
တစ်ချို့သရဲတစ္ဆေစစ်သားများသည် သူတို့၏ဦးခေါင်းများဖြင့်နံရံဖြင့်ဆောင့်မိရာတွင် မြောက်မြားစွာသည့်အရိုးများပြန့်ကြဲသွားလေ၏။
"ဒါက လင်းရှောင်ဂိုဏ်းရဲ့ လျှို့ဝှက်နည်းစနစ်လား...ဒါက အမှန်တစ်ကယ်ကိုအစွမ်းထက်တာပဲ"
လူတိုင်း အံ့အားသင့်တုန်လှုပ်ကုန်ကြ၏။
ကျန်းထျန်းဖန်၏အမူအယာသည်လည်း ပြောင်းလဲသွားခဲ့သည်။ သို့ရာတွင် သူက လှောင်ပြောင်သရော်နေဆဲဖြစ်သည်။
"မင်းတို့ကောင်တွေ ဘယ်လောက်ကြာကြာတောင့်ခံနိုင်မှာလဲ....ဒီလျှို့ဝှက်နည်းစနစ်ပြီးသွားတာနဲ့ မင်းတို့ကောင်တွေက အားနည်းသွားပြီး ငါရဲ့စစ်သားတွေက မကုန်ဆုံးနိုင်ဘူး"
ဤကဲ့သို့အစွမ်းထက်သောရန်သူနှင့် ရင်ဆိုင်နေကြချိန်တွင် မည်သူကမျှ မြောက်များစွာသည့်သရဲတစ္ဆေများကို ကြာရှည်ရင်ဆိုင်နိုင်မည်မဟုတ်ပေ။
ပိုင်ဆုချင်၏အမူအယာသည်လည်း ပြောင်းလဲသွားခဲ့သည်။ ကျန်းထျန်းဖန်ပြောဆိုနေသည်က အမှန်တရားဖြစ်ပြီး ထိုနည်းစနစ်ကကြာရှည်တောင့်ခံနိုင်တော့မည်မဟုတ်ချေ။
ပိုင်ဆုချင်က အံ့ကိုတင်းတင်းကြိတ်ပြီး သူမ၏လက်အတွင်းရှိ မြင်းမြှီးကြာပွတ်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်သည်။ ထိုမြင်းမြှီးကြာပွတ်သည် သူမ ဆရာသခင်၏မှော်ရတနာဖြစ်သည့်အပြင် သူမဆရာသခင်၏စွမ်းအားပြည့်တိုက်ခိုက်မှုပါဝင်လေသည်။
အကယ်၍ အမှန်တစ်ကယ်လိုအပ်မှုမရှိလျှင် ထိုအရာကိုအသုံးပြုရန် သူမရွေးချယ်မည် မဟုတ်ပေ။ သို့ရာတွင် ယခုချိန်၌ သူမလှုပ်ရှားမှုမပြုလုပ်လျှင် ထိုသရဲတစ္ဆေဒီရေလှိုင်းက တရကြမ်းတိုးဝင်လာတော့မည်ဖြစ်လေ၏။
ကျန်းထျန်းဖန် ပြောဆိုသကဲ့သို့ပင် တခဏအကြာတွင် လင်ရှောင်ဂိုဏ်းမှတပည့်များသည် အတားအဆီးအား ဆတ်လတ်၍ထိန်းသိမ်းမထားနိုင်တော့ပေ။ သူတို့က ပို၍အားကောင်းလာသည်မှာ အမှန်ဖြစ်သော်လည်း သူတို့ရှေ့ရှိသရဲတစ္ဆေများသည် အတောမသတ်နိုင်သည်အထိများပြားပေသည်။
ရုတ်တရက် ပိုင်ဆုချင်က သူမ၏ကြာပွတ်ကို ခါယမ်းလိုက်ရာတွင် အဖြူ ရောင်အလင်းတန်းထွက်ပေါ်လာခဲ့သည်။ ဘန်းခနဲ အသံတစ်ချက်နှင့်အတူ သရဲတစ္ဆေစစ်သားများအားလုံး ခြေတစ်လှမ်းနောက်ဆုတ်သွားကြသည်။
သရဲတစ္ဆေစစ်သားများ၏ခန္ဓာကိုယ်များမှ အနက်ရောင်မီးခိုးစီးကြောင်းများထွက်ပေါ်လာပြီး သူတို့ကိုမိုးကြိုးများဖြင့်ပစ်ခတ်ခံရသကဲ့သို့ မြေပြင်ပေါ်၌ပြိုလဲကျသွားလေသည်။
"မင်းက အတော်စွမ်းဆောင်နိုင်တာပဲ...ကောင်မလေး"
ကျန်းထျန်းဖန်၏မျက်လုံးများအတွင်းတွင် ထူးဆန်းသည့်အကြည့်တစ်ချက်ဖြတ်ပြေးသွားလေ၏။ သူ၏လက်ဝါးတစ်ဝိုက်တွင် အနက်ရောင်ချီများဝန်းရံလာပြီးနောက် သူက ချက်ချင်းပင် ပိုင်ဆုချင်၏ရှေ့၌ ထွက်ပေါ်လာခဲ့သည်။
ပိုင်ဆုချင်၏မျက်လုံးများအတွင်းတွင်မူ တစ်စုံတစ်ခုကို ဆုံးဖြတ်ချက်ချလိုက်သည့် အရိပ်အယောင်ထင်ဟပ်လာသည်။ ရုတ်တရက် သူမ၏ကြာပွတ်ကိုပစ်လိုက်ရာတွင် မျက်လုံးကန်းမတတ်စူးရှသည့်အဖြူ ရောင်အလင်းတန်းကြီး ထွက်ပေါ်လာခဲ့သည်။
"သောက်ခွေး....ဒါက ကျစ်ကျွန်းနယ်ပယ်ထိပ်သီးတစ်ယောက်ရဲ့အော်ရာပဲ"
ကျန်းထျန်းဖန်က ရုတ်တရက် တအံတသြရေရွတ်လိုက်လေသည်။
Chapter 140
ထိုအချိန်တခဏတွင် ပိုင်ဆုချင်၏လက်အတွင်းရှိ ကြာပွတ်သည် စွမ်းအားပြင်းထန်စွာဖြင့် ပေါက်ကွဲသွားပြီးဖြစ်သည်။
အကြွင်းမဲ့ဖိနှိပ်နိုင်သောအရှိန်အဝါနှင့်အတူ ကျယ်ပြန့်ပြီးခမ်းနားသည့်အော်ရာတစ်ခုက ကျန်းထျန်းဖန်ထံသို့တိုးဝင်သွားတော့သည်။
ကျန်းထျန်းဖန်သည် လိပ်ပြာလွင့်လုမတတ် အံ့အားသင့်တုန်လှုပ်နေခဲ့သည်။ ထိုအော်ရာက သူ၏ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာချိန်တွင် သူ၏စိတ်အတွင်း၌ လုံးလုံးလျားလျား ထိတ်လန့်ကြောက်ရွံနေခဲ့သည်။
"ဟင်း..."
သို့သော် ထိုအချိန်တခဏမှာပင် နန်းတော်၏နက်ရှိုင်းသောနေရာမှ ရှည်လျားသည့်သက်ပြင်းချသံတစ်သံထွက်ပေါ်လာခဲ့သည်။ ထိုသက်ပြင်းချသံသည် ရှေးဟောင်းအချိန်ကာလတစ်ခုမှ ထွက်ပေါ်လာသည်နှင့်တူညီနေပြီး အဆုံးမဲ့ပူဆွေးသောကများပြည့်နှက်နေသည့်အရှိန်အဝါဖြစ်ပေသည်။
ပတ်ဝန်းကျင်ရှိဖိအားသည် ပို၍ပင်အားကောင်းလာလေ၏။
"ဝီ...ဝီ...."
လေထုက စတင်တုန်ခါလာပြီးနောက် ပြင်းထန်စွာဒဏ်ရာရထားသည့် ကျင့်ကြံသူတစ်ချို့ မြေပြင်ပေါ်သို့ လဲကျသွားကြသည်။
ထိုအချိန်တွင် သူတို့၌မတ်တတ်ရပ်ရန်ပင် ခွန်အားမရှိကြတော့ချေ။
ပိုင်ဆုချင်၏ ကြာပွတ်စွမ်းအားသည် အလွန်အမင်းကျဆင်းသွားရသည်။ သူမ၏စွမ်းအားကို သက်ပြင်းချသံ၏စွမ်းအားက ဖိနှိပ်လိုက်ပုံပေါ်နေသည်။
နံဘေးဘက်ရှိ ကျင့်ကြံသူများအားလုံးက ထိုမြင်ကွင်းကို အံ့အားသင့်တုန်လှုပ်စွာဖြင့် ကြည့်ရှုနေကြသည်။
"အဲ့ဒီနေရာမှာ ဘာဖြစ်နေတာလဲ...ဘာလို့ ဒီနေရာကဖိအားကပိုပြီးအားကောင်းလာရတာလဲ"
ဖက်တီးကျန်းက တအံ့တသြမေးမြန်းလိုက်လေ၏။
လုယွီက သူ၏ခန္ဓာကိုယ်တုန်ရီသွားခြင်းကို ရုတ်တရက်ခံစားမိသည်။
သူ၏နှလုံးသားအတွင်းတွင် တစ်စုံတစ်ခုက လှုပ်ခတ်လာခဲ့သည်။ အတိတ်ကာလမှမြင်ကွင်းများက သူ၏စိတ်အတွင်းတွင် ထွက်ပေါ်လာခဲ့သည်။
ထိုအသံက ယဲ့ရွှယ်လန်၏အသံဖြစ်ပေ၏။
အတိတ်ကာလအတွင်းတွင် ယဲ့ရွှယ်လန်သည် သူ၏နောက်မှနေ၍ အမြဲတစေထောက်ပံကူညီပေးသူဖြစ်သည်။ သူ၏ယခင်ဘဝတွင် လုယွီက ရှန်းလင်းလုံအတွက်သာ အရာရာတိုင်းကိုလုပ်ဆောင်ခဲ့သည်။
သို့သော် နောက်ကြောင်းပြန်တွေးကြည့်လျှင် ယဲ့ရွှယ်လန်က ခြားနားနေသည်မဟုတ်လော...
လုယွီ၏အတိတ်ကာလတွင် သူက မြေအောက်လောက၏တာအိုသခင်ဖြစ်ပြီး သူ၏နံဘေးနားတွင် အမျိုးသမီးမိတ်ဆွေအမြောက်အများရှိနေခဲ့သည်။ သို့ရာတွင် သူ၏နံဘေးနားမှ တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ပေးဆပ်နေခဲ့သည့် ထိုအမျိုးသမီးကိုမူ အမြဲတစေမေ့လျော့နေခဲ့သည်။ ယဲ့ရွှယ်လန်သည် အစ်မတစ်ယောက်သဖွယ် လုယွီအား ဂရုစိုက်ခဲ့သူဖြစ်သည်။
"ငွေနှင်းဖြူ ..."
လုယွီက တီးတိုးရေရွတ်လိုက်မိ၏။
သူက ရုတ်တရက် တစ်စုံတစ်ခုကိုတွေးတောမိပြီး ဤလူအုပ်စုအတွင်း ရောနှောနေမိသည့် သူကိုယ်သူ စတင်၍ အပြစ်တင်မိသည်။
သူက ဤနေရာသို့ အတိတ်ဘဝမှအောက်မေ့စရာများကို လာရောက်ရှာဖွေခြင်းဖြစ်သော်လည်း အရေးအကြီးဆုံးအချက်က ယဲ့ရွှယ်လန်မည်သည့်နေရာသို့ ရောက်ရှိနေသနည်းဆိုသည်ပင်။
"မမ....ငါ မမ ျပန္လာတာကိုခံစားမိတယ္"
နျူ နျူ က ရုတ်တရက် သူမ၏မျက်ရည်ရွှဲနေသည့် မျက်လုံးများဖြင့် ကျယ်လောင်စွာဖြင့် အော်ဟစ်ငိုကြွေးလိုက်သည်။
ဖက်တီကျန်းက အလျှင်စလိုဖြင့် နျူ နျူ ကိုပွေ့ဖက်ပြီး ပြောဆိုလိုက်သည်။
"ငါရဲ့ဘိုးဘေးငယ်လေး...ကျေးဇူးပြုပြီး ပြဿ နာမရှာပါနဲ့"
ရုတ်တရက် လုယွီက မတ်တတ်ထရပ်လိုက်သည်။ ဖိအားများ၏အောက်တွင် သူက အမှန်တစ်ကယ်ပင် တဖြည်းဖြည်းဖြင့် မတ်တတ်ထရပ်လာနိုင်လေ၏။
ဖက်တီးကျန်းက အံ့အားသင့်စွာဖြင့်ပြောဆိုလိုက်သည်။
"ညီလေး....မင်း ဘာလုပ်မလို့လဲ"
လူတိုင်းက ယခုဖိအားအော်ရာ၏အောက်တွင် ထိုင်နေကြပြီး ကျန်းထျန်းဖန်ပင် ချွင်းချက်မရှိချေ။
လုယွီက မတ်တတ်ထရပ်ချိန်တွင် လူတိုင်း၏အာရုံကို ချက်ချင်းဆွဲဆောင်သွားနိုင်လေ၏။
ဒဏ်ရာရရှိထားသည့် ကျန်းယုချင်သည် သူမ၏အသက်ရှုသံပုံမှန်အခြေအနေသို့ မရောက်ရှိသေးပေ။ သူမက လုယွီကိုကြည့်ပြီး စိုးရိမ်တကြီးပြောဆိုလိုက်သည်။
"လုယွီ....နင်ဘာလို့ ထိုင်မနေတာလဲ...ဘာလို့မတ်တတ်ထရပ်ရတာလဲ"
ကျန်းထျန်းဖန်၏မျက်လုံးများအတွင်းတွင် နားမလည်နိုင်သောအရိပ်အယောင်များထင်ဟပ်နေသည်။ လုယွီက ဤဖိအား၏အောက်တွင် မတ်တတ်ထရပ်နိုင်စွမ်းရှိမည်ဟု သူကတွေးထင်ထားခြင်းမရှိချေ။ သို့ရာတွင် ကျန်းထျန်းဖန်က လှောင်ပြောင်သရော်လိုက်လေ၏။
"မင်းက သေချင်နေတာဖြစ်နိုင်တယ်"
ကျင့်ကြံသူအများစုသည် လုယွီအား သိရှိထားခြင်းမရှိပေ။ သို့သော် လုယွီ၏ကျင့်ကြံဆင့်သည် လုံချီနယ်ပယ်သာရှိသေးသည်ကို သူတို့တွေ့ရှိမိလေသည်။
ဤနေရာတွင် လုံချီနယ်ပယ်ဆိုသည်မှာ မည်သည့်အရာမျှမရှိသကဲ့သို့ပင်ဖြစ်သည်။ လူတိုင်း၏အမြင်တွင် လုယွီက သေလူတစ်ယောက်သာဖြစ်ပေ၏။
"မိတ်ဆွေငယ်လေးလုယွီ....မဆင်မခြင်မလုပ်ပါနဲ့"
ကျန်းထျန်းရှုံးက အသံတိုးတိုးဖြင့် ပြောဆိုလိုက်သည်။
လုယွီက ပိုင်ဆုချင်၏နံဘေးသို့ လျှင်မြန်စွာဖြင့် ရောက်ရှိသွားသည်။ ခြေတစ်လှမ်းဖြင့်ပင် သူက ပိုင်ဆုချင်အား ဖြတ်ကျော်သွားလေ၏။
"ကောင်စုတ်လေး....မင်း သေပြီသာမှတ်ပေတော့"
ယခုကဲ့သို့အချိန်မျိုးတွင် ရှေ့သို့ထွက်လာဝံ့သူတစ်ယောက်ရှိမည်ဟု ကျန်းထျန်းဖန်က မျှော်လင့်မထားမိချေ။
သို့ရာတွင် ရှေ့သို့ထွက်လာသည့် မည်သူမဆို သေရမည်သာဖြစ်သည်။
ကျန်းထျန်းဖန်၏မျက်လုံးများတွင် ခက်ထန်တင်းမာမှုများ ထင်ဟပ်သွားခဲ့သည်။ သူက ချက်ချင်းပင် အမိန့်ပေးတံဆိပ်ပြားကို ဆွဲထုတ်ပြီးအော်ဟစ်လိုက်သည်။
"သူ့ကိုသတ်ကြ"
သို့ရာတွင် သရဲတစ္ဆေစစ်သားအုပ်စုသည် မည်သည့်လှုပ်ရှားမှုမျိုးကိုမျှ ပြုလုပ်ခြင်းမရှိပေ။
ပလုတ္...
လုယွီ၏အနီးရှိ သရဲတစ္ဆေစစ်သားတစ်ကောင်က မြေပြင်ပေါ်၌ ဒူးထောက်လိုက်လေ၏။
ထို့နောက်မှနေ၍....
သရဲတစ္ဆေစစ်သား တစ်ကောင်ပြီးတစ်ကောင် ဒူးထောက်ချပြီး သူတို့၏ဦးခေါင်းများကို အောက်သို့နှိမ့်ထားကြသည်။
လုယွီက ခြေတစ်လှမ်းချင်းနင်းလျှောက်သွားချိန်တွင် သူ၏ရှေ့ရှိသရဲတစ္ဆေစစ်သားများက လမ်းကြောင်းဖွင့်ပေးလိုက်ကြသည်။
ထိုအခြင်းအရာက သူတို့၏အရှင်သခင်ကို ရိုသေလေးစားစွာဖြင့် နှုတ်ဆတ်ကြိုဆိုနေကြသကဲ့သို့ပင်ဖြစ်ပေ၏။