← Chapters

အခန်း (၁၄၆-၁၅၀)

Vol. 6-10 Ch. 146-150

အခန်း (၁၄၆-၁၅၀)

Vol. 6-10 Ch. 146-150

Chapter 146

ပေါက်ကွဲသံကြီးက တဖြည်းဖြည်းဖြင့် လွင့်ပြယ်သွားခဲ့သည်။

တုန်ခါနေသည့်စူးရှသောအလင်းရောင် ပျောက်ကွယ်သွားပြီးနောက် တံခါးကြီးသည် မူလအခြေအနေသို့မရောက်ရှိမှီ ၎င်းတံခါးမှထုတ်လွှတ်နေသောဖိအားက တိုတောင်းသောအချိန်ကာလအတွင်း ပေါက်ကွဲခဲ့ပုံထင်ရသည်။

တံခါးကြီးသည် ချိပ်ပိတ်နေဆဲဖြစ်ပြီး မည်သူကမျှလေ့လာစူးစမ်းဝံ့ခြင်းမရှိကြချေ။

မြေပြင်ပေါ်၌ဖုံးလွှမ်းနေသည့် သရဲတစ္ဆေစစ်သားများ၏အရိုးများကိုကြည့်မိမှသာလျှင် အစောပိုင်းကမည်သည့်အရာများဖြစ်ပျက်သွားသည်ကို ခန့်မှန်းသိရှိနိုင်ပေ၏။

"ဒီတံခါးက....."

ကျင့်ကြံသူအများစု၏မျက်နှာများ ဖြူ ရော်နေကြသည်။ သူတို့က အလျှင်စလို နောက်ဆုတ်လိုက်ကြပြီး တံခါးအနီးသို့မကပ်ဝံ့ကြချေ။

ပိုင်ဆုချင်၏မျက်နှာအမူအယာသည်လည်း ပျက်ယွင်းသွားလေ၏။ တံခါးမှထုတ်လွှတ်လိုက်သည့်အရှိန်အဝါသည် သိုင်းသူတော်စင်တစ်ယောက်၏စွမ်းအားအပြည့်ရိုက်ခတ်မှုနှင့် နှိုင်းယှဉ်နိုင်ပေသည်။

ယခုလက်ရှိတွင် ပိုင်ဆုချင်က သူမ၏ဆရာသခင် ပေးအပ်ထားသည့် စွမ်းအားကိုအသုံးပြုထားပြီးဖြစ်သည်။ ထို့ပြင် သူမက ကျန်းထျန်းဖန်နှင့်တိုက်ခိုက်စဉ်တွင် မှော်စွမ်းအင်အမြောက်အများ ကုန်ဆုံးခဲ့သည်။ ထို့ထက်မက ဤနေရာရှိဖိအားသည် အလွန်များပြားသည့်ပမာဏဖြစ်သည်။

အကယ်၍ သူမကိုသာ တံခါးမှအော်ရာ၏ ရိုက်ခတ်ခြင်းခံရလျှင် သူမ၏အသက်အန္တရာယ်ပင်စိုးရိမ်ရနိုင်သည်။

တံခါးထံမှ တိုက်ခိုက်မှုတစ်ခုနှင့်ပင် သရဲတစ္ဆေစစ်သားတစ်ဝက်ခန့် သေဆုံးသွားရ၏။ မြေပြင်ပေါ်တွင် အရိုးစုများနှင့် ပြည့်နှက်နေသည်မှာ အလွန်ပင်တုန်လှုပ်ဖွယ်ကောင်းပေသည်။

"အဲ့ဒီကောင်စီမှာရှိတာ ဘာအဆင့်အမိန့်ပေးတံဆိပ်ပြားဖြစ်နိုင်မလဲ...သူက သရဲတစ္ဆေစစ်သားတွေကို သေဆုံးစေတဲ့အထိတောင် အမိန့်ပေးနိုင်တယ်"

ဖန်းယွမ်၏မျက်လုံးများတွင် လောဘအငွေ့အသက်များ အပြည့်ဖြစ်နေ၏။ သူက ထိုအရာကို ရရှိနိုင်ရပေမည်။

ပိုင်ဆုချင်က လုယွီကို ဝေခွဲရခက်နေသည့် အမူအယာဖြင့်ကြည့်ရှုလိုက်သည်။ ယခုအချိန်တွင် သူမက လုံချီနယ်ပယ်ကျင့်ကြံသူတစ်ယောက်ကို လေးစားမှုဖြင့်ကြည့်ရှုလိုက်ခြင်းဖြစ်သည်။

အစောပိုင်းက သူမသည် လုယွီအား ရတနာပစ္စည်းများခိုးယူရန်လာသည့် သာမာန်ကျင့်ကြံသူတစ်ယောက်ဟုသာ တွေးထင်ခဲ့သည်။ သို့သော် ထိုအကြောင်းများကို ဂရုတစိုက်တွေးကြည့်လျှင် သူမ ဤနေရာသို့ရောက်ရှိလာခြင်းမှာ ကောင်းကင်ဘုံမှ မြေပုံအပိုင်းအစလေးရရှိခဲ့ခြင်းကြောင့်ဖြစ်သည်။ မည်သည်ကြောင့် သာမာန်ကျင့်ကြံသူတစ်ယောက်က သေခြင်းရှင်ခြင်းမှတ်တမ်းစာအုပ်မှ အကျိုးကျေးဇူးကိုရရှိနိုင်မည်နည်း။

"ကျေးဇူးအများကြီးတင်ပါတယ်..."

ပိုင်ဆုချင်က အံတင်းတင်းကြိတ်ပြီးမှ အဆုံးသတ်တွင် လုယွီအား ကျေးဇူးတင်စကားပြောလိုက်သည်။

လုယွီက နားမကြားသကဲ့သို့သာနေနေပြီး သူက လူအများဘက်သို့လှည့်၍ လေးလေးနက်နက်ပြောကြားလိုက်လေ၏။

"ခင်ဗျားတို့အားလုံး နောက်မှာနေကြ....ရှေ့ကိုတိုးမလာကြနဲ့"

ထိုစကားပြောပြီးနောက် လုယွီက တံခါးကြီးထံသို့ ဦးတည်သွားလေသည်။

လုယွီ၏အပြုအမူများကြောင့် လူတိုင်းက အံ့အားသင့်တုန်လှုပ်နေကြသည်။ ထိုတံခါး၏ရိုက်ခတ်မှုတစ်ခုက အလွန်အစွမ်းထက်သည့် သရဲတစ္ဆေစစ်သားများကိုပင် သေစေခဲ့သည်။ မည်သည်ကြောင့် သူက ထိုနေရာသို့ လျှောက်သွားဝံ့သနည်း။

ဖန်းယွမ်က လှောင်ပြောင်သရော်လိုက်လေ၏။

"သူက သေလမ်းရှာနေတာပဲဖြစ်ရမယ်...ဝင်္ကပါပညာရှင်တွေတောင် တံခါးပေါ်ကသော့ကိုချိုးဖျက်ဖို့ နည်းလမ်းမရှိဘူး...ခုမှလုံချီနယ်ပယ်ရောက်တဲ့ကောင်က ဘာလုပ်နိုင်မှာမလို့လဲ"

တစ်ခြားသူများက ထိုစကားသံကိုကြားချိန်တွင် သူတို့ကထုတ်ဖော်မပြောကြသော်လည်း စိတ်အတွင်းမှလှောင်ပြောင်နေကြသည်။ သူတို့သည် အစောပိုင်းက ထိတ်လန့်တုန်လှုပ်မှုမှပြန်လည်ကောင်းမွန်လာကြပြီဖြစ်၏။ သရဲတစ္ဆေစစ်သားများ၏အရိုးစုများကသာလျှင် သူတို့ထိတ်လန့်ကြောက်ရွံခဲ့ရမှု၏ ပြယုင်္ဂအဖြစ်ကျန်ရှိနေသည်။

လုယွီထံ၌ အဆင့်မြင့်အမိန့်ပေးတံဆိပ် ရှိရပေမည်ဟု သူတို့ကတွေးထင်နေကြသည်။ သရဲတစ္ဆေများကို အမိန့်ပေးနိုင်သည့်မည်သူမဆို လုယွီကဲ့သို့ လုပ်ဆောင်နိုင်လိမ့်မည်ဟုသာ သူတို့အားလုံး ယူဆထားကြသည်။

ဆရာသခင်ကျန့်က သူ၏ဦးခေါင်းကို ခါယမ်းလိုက်သည်။

"သူက အရမ်းငယ်သေးတယ်...ဒီဝင်္ကပါကိုဖြိုခွင်းဖို့ဆိုတာ အတော်မလွယ်တဲ့ကိစ္စပဲ....ဒီအဖိုးကြီးရဲ့ဆင်ခြင်သုံးသပ်မှုတွေကို အခြေခံပြီး အင်အားပြည့်အသုံးပြုခဲ့ရင်တောင်မှ ဒီလှို့ဝှက်ဆန်းကြယ်တဲ့ဝင်္ကပါကို အလုံးစုံနားလည်ဖို့ နှစ်ဝက်လောတ်အချိန်ယူရမယ်"

"နှစ်တစ်ဝက်...."

လူတိုင်းအံ့အားသင့်တုန်လှုပ်သွားပြီး တစ်ချို့ကျင့်ကြံသူများက တုန်ရီလာကြပြီး ပြောဆိုလိုက်သည်။

"ဆရာသခင်....ကျေးဇူးပြုလို့ ဒါနဲ့ပတ်သတ်ပြီး ရယ်စရာမပြောပါနဲ့နော်..ကျွန်တော်တို့ ဒီနေရာကိုလာတုန်းက ဆေးဝါးတွေအနည်းငယ်ပဲယူဆောင်လာခဲ့တာ...ပြီးတော့ ဒီနေရာမှာ စိတ်ဝိညာဉ်စွမ်းအင် စုပ်ယူလို့မရဘူး...ကျွန်တော်ရဲ့စွမ်းအင်ကုန်ဆုံးသွားတာနဲ့ ဒီနေရာမှာသေရလိမ့်မယ်"

ဆရာသခင်ကျန့်က ယုံကြည်ချက်ရှိစွာပြုံးရင်း ပြောဆိုလိုက်သည်။

"ဒါက အဆင်ပြေသွားမှာပါ...ကံကောင်းစွာနဲ့ ငါရဲ့တာအိုမိတ်ဆွေတွေစီက အကူအညီအများကြီးရရှိထားပါတယ်...ငါ ပြန်ကောင်းလာတာနဲ့ ဒီဝင်္ကပါကိုဖြိုခွင်းနိုင်မှာသေချာပါတယ်"

လူတိုင်းက အပျော်လွန်သွားကြပြီး ဆရာသခင်ကျန့်အား ဝိုင်းဝန်းမြှောက်ပင့်ကြလေ၏။

ထိုအချိန်တွင် လုယွီက တံခါးကြီး၏ရှေ့တွင် မတ်တတ်ရပ်နေဆဲဖြစ်သည်ကို ဖန်းယွမ်တွေ့မြင်လိုက်သည်။ သူက မအောင့်အည်းနိုင်တော့ဘဲ သရော်တော်တော်ပြောဆိုလိုက်တော့သည်။

"ဘာဖြစ်နေတာလဲ ကောင်စုတ်လေး....မင်းက ဒီဝင်္ကိပါကို မဖြေရှင်းနိုင်ဘူးဆိုတာကို လက်မခံနိုင်သေးဘူးလား...တံခါးရှေ့ကမြန်မြန်ထွက်သွားစမ်း....ဆရာသခင်တွေ ဝင်္ကပါဖြေရှင်းမှာကို အနှောက်အယှက်မလုပ်စမ်းနဲ့"

"သေချာတာပေါ့...တစ်ကယ်လို့ မင်းက အရှုပ်အထွေးဖြစ်စေပြီး ဆရာသခင်တွေ ဝင်္ကပါမဖြေရှင်းနိုင်ရင်..အဆုံးသတ်မှာ အရာအားလုံးက မင်းရဲ့တာဝန်ဖြစ်သွားမယ်"

လူတိုင်းက လုယွီအားပြဿ နာကောင်တစ်ကောင်ကဲ့သို့ ဝိုင်းဝန်း၍ပြစ်တင်ရှုတ်ချနေကြသည်။

လုယွီက သူတို့ကိုလျစ်လျှူ ရှုထားပြီး တံခါးပေါ်ရှိသော့ခလောက်နေရာသို့လှည့်လိုက်သည်။

လုယွီ လှည့်ကြည့်လိုက်စဉ်တွင် သော့ခလောက်နံဘေးရှိဆူးချွန်များက စက်ယန္တရားများဆွဲငင်ခြင်းခံရသဖြင့် သူအား ချိန်ရွယ်ထားကြသည်။

Chapter 147

ေဝါ...ဝေရာ...ဝေရာ

စက်ယန္တရားများ၏လည်ပတ်သံနှင့်ယှဉ်တွဲ၍ ဆူးချွန်များက လုယွီ၏အနီးသို့ နီးကပ်လာခဲ့သည်။

ထိုမြင်ကွင်းကိုမြင်နေရသောလူတိုင်း အံ့အားသင့်တုန်လှုပ်ကုန်ကြ၏။

ထိုကောင်စုတ်လေးက ရူးသွပ်သွားသလော...

တံခါးပေါ်တွင် အလွန်အမင်းအန္တရာယ်များသည့်ထောင်ချောက်တစ်ခုရှိနေသည်ကို အခြေအနေကိုကြည့်ခြင်းဖြင့် အရူးတစ်ယောက်ကပင်သိနိုင်သည်။

ဖြစ်နိုင်ချေရှိသည်မှာ အမှားတစ်ခုပြုလုပ်မိသည်နှင့် တံခါးကြီး၏ဝင်္ကပါဖွဲ့စည်းပုံမှ ကွင်းဆက်တုံပြန်မှုများဖြစ်ပေါ်နိုင်ပေမည်။ အစောပိုင်းက သရဲတစ္စေစစ်သားများ၏အရိုးစုများက ထိုအခြေအနေကိုအပြည့်အဝရှင်းပြနိုင်စွမ်းရှိပေသည်။

သူက မည်သည့်ကြောင့် တံခါးကိုလှည့်ဖွင့်ဝံ့သနည်း..

ဖန်းယွမ်က သရော်ချင်ဟန်ဖြင့် ပြောဆိုလိုက်သည်။

"သွားသေလိုက်စမ်း ကောင်လေး....ကောင်းကင်ဘယ်လောက်မြင့်ပြီး မြေကြီးကဘယ်လောက်နက်ရှိုင်းတယ်ဆိုတာမသိတဲ့ကောင်"

ဆရာသခင်ကျန့်ကလည်း သက်ပြင်းချလိုက်လေ၏။

"ဟင်း...ငါက သူကိုဖြောင့်ဖျခဲ့ပြီးပြီ...ဒါပေမယ့် သူက ငါကိုမယုံကြည်ဘူး....အခု သူက ဝင်္ကပါကိုကိုယ်တိုင်ကိုယ်ကျ ထိကိုင်ခဲ့တာမို့ ဝင်္ကပါရဲ့စက်ယန္တရားတွေက သူကို ပစ်မှတ်ထားနေကြပြီ....တစ်ကယ်သို့ သူနဲ့အတူ သရဲတစ္ဆေစစ်သားတွေကို ခေါ်ဆောင်သွားနိုင်ရင်တောင်မှ သူဘာမှလုပ်နိုင်မှာမဟုတ်ဘူး"

လူတိုင်းက လုယွီကို သေလူတစ်ယောက်ကဲ့သို့သာကြည့်ရှုနေကြသည်။

ခက်....ခရက်...

ရုတ်တရက် သော့ခလောက်မှနေ၍ အလင်းရောင်နှင့်အတူအသံတစ်သံထွက်ပေါ်လာသည်။ ထိုအသံသည် တိုးညင်းသော်လည်း တိတ်ဆိတ်နေသောပတ်ဝန်းကျင်တွင် အလွန်ရှင်းလင်းစွာကြားနိုင်ပေသည်။ အက်ကွဲသံများသည်လည်း တဖြည်းဖြည်းနှင့်ထွက်ပေါ်လာပြီးနောက် သော့ခလောက်က နှေးကွေးစွာဖြင့် လှည့်ပတ်နေလေ၏။

"ကြည့်ကြစမ်း....ဟိုရုပ်ထုရဲ့မျက်နှာက တစ်ကယ်ကြီး ပြုံးနေတယ်"

လူတိုင်းက အသံကြားရသည်နှင့် တံခါးဘက်သို့လှည့်ကြည့်လိုက်ကြသည်။

မူလက ထူးဆန်းသည့်နတ်ဆိုးသရဲတစ္ဆေများက တံခါးပေါ်တွင် အစွယ်တဖြဲဖြဲနှင့်ရှိနေခဲ့သည်။ ယခုအချိန်တွင်မူ ထိုနတ်ဆိုးသရဲတစ္ဆေ၏မျက်နှာသည် ပြုံးယောင်သန်းနေလေ၏။

မည်သည့်ကြောင့် ထိုရုပ်ထုက ပြုံးလာရသနည်း...

လူတိုင်းသည် သူတို့၏ကျောရိုးများတလျှောက်ချမ်းစိမ့်စိမ့်ဖြစ်လာမှုကို ခံစားလိုက်ရသည်။

သို့ရာတွင် သူတို့၌ ကြာရှည်အံ့အားသင့်နေရန်အချိန်မရှိပေ။ ကြည့်ရသည်မှာ လုယွီက ကန့်သတ်ချက်များကိုချိုးဖျက်နိုင်ပုံရပြီး တံခါးကြီးက တဖြည်းဖြည်းပွင့်ဟလာခဲ့သည်။

တံခါး၏အနောက်တွင် ခန်းမအလွတ်တစ်ခုက လူတိုင်း၏ရှေ့၌ ထွက်ပေါ်လာလေ၏။

ဘာ....

လုံချီနယ်ပယ်ကျင့်ကြံသူတစ်ယောက်က ဤဝင်္ကပါကို အမှန်တစ်ကယ်ပင် ချိုးဖျက်နိုင်ခဲ့သလော....

"မျဖစ္နိုင္ဘူး"

ဖန်းယွမ်က ငိုကြွေးလုမတတ်အော်ဟစ်လိုက်သည်။ သူက လုယွီသည် မြောက်များစွာသည့်ဆူးချွန်များကြောင့် အပိုင်းပိုင်းအစစဖြစ်သွားသည်ကို မြင်လိုနေသူဖြစ်သည်။ ဤအရာက မည်သို့ဖြစ်နိုင်မည်နည်း။ သို့သော် ယခုလက်ရှိတွင် လုယွီက အပြည့်အဝကောင်းမွန်စွာဖြင့် သူ၏ရှေ့၌ ရှိနေခဲ့သည်။

တစ်ခြားကျင့်ကြံသူများကလည်း ဖန်းယွမ်နှင့်တူညီစွာ ခံစားနေရ၏။

ဆရာသခင်ကျန့်ကမူ အံ့အားသင့်တုန်လှုပ်နေပြီး မည်သည့်စကားကိုမျှမဆိုနိုင်တော့ချေ။

သူတို့က ဝင်္ကပါကိုကိုယ်တိုင်ကိုယ်ကျလေ့လာဆန်းစစ်ခဲ့သည်။ မည်သည့်နည်းဖြင့် ထိုကောင်လေးက ဝင်္ကပါကိုဖြိုခွင်းနိုင်ခဲ့သနည်း။

ဖက်တီးကျန်းက ကျယ်လောင်စွာဖြင့် ရယ်မောလိုက်လေ၏။

"ငါရဲ့ညီလေးက တစ်ကယ်အစွမ်းထက်တာပဲ....မင်းတို့လူအိုကြီးတွေ ယုံကြပြီမလား"

နျူ နျူ က ရုတ်တရက် ခန်းမ၏ဘေးတစ်နေရာကို ညွှန်ပြပြီး အမောတကောပြောကြားလိုက်သည်။

"အကိုကြီး....ညီမလေးခံစားမိတာ အဲ့ဒီနေရာပဲ"

လုယွီလည်း ထိုအရာကိုခံစားမိလေ၏။

ယဲ့ရွှယ်လန်၏အော်ရာသည် သူ၏အရိုးအတွင်းထိနက်ရှိုင်းစွာ နစ်မြုပ်နေပြီးဖြစ်၍ မေ့လျော့ပစ်ရန်မဖြစ်နိုင်သောအရာဖြစ်သည်။

လုယွီက ယဲ့ရွှယ်လန်၏အော်ရာထွက်ပေါ်လာသောနေရာစီသို့ တစ်လှမ်းခြင်းလျှောက်လှမ်းသွားခဲ့သည်။ သို့သော် တစ်ခြားကျင့်ကြံသူများ၏အမြင်တွင်မူ လုယွီကလွတ်မြောက်နိုင်ရန် ပြင်ဆင်နေသကဲ့သို့ ဖြစ်နေပေသည်။

"အဲ့ဒီကောင်လေးကို ဖမ်းထားကြ....သူကို အဝေးကိုထွက်မသွားစေနဲ့"

ဖန်းယွမ်က အရင်ဆုံး လုယွီထံသို့ တဟုန်ထိုး ပြေးသွားခဲ့သည်။ ကွေ့ဟွမ်ဂိုဏ်းမှတပည့်များအုပ်စုသည်လည်း ဖန်းယွမ်နောက်မှ လိုက်ပါလာလေ၏။

လူအုပ်ကြီးက ပိုင်ဆုချင်ကို စိုက်ကြည့်နေကြသည်။ သူမကသာ နောက်ဆုံးဆုံးဖြတ်ချက်ကိုပေးနိုင်သူဖြစ်သည်။

ပိုင်ဆုချင်က သူမ၏ရှေ့ရှိ လုယွီ၏နောက်ကျောကိုကြည့်ပြီး တွေဝေနေခဲ့သည်။ သူမက စကားတစ်ခွန်းမျှမဆိုဘဲ လုယွီ၏နောက်သို့လိုက်သွားခဲ့သည်။

ပိုင်ဆုချင်က လှုပ်ရှားလိုက်သည်ကို လူအုပ်ကြီးမြင်ချိန်တွင် ကျန်သောသူများကလည်းလိုက်ပါလာကြသည်။ ဆရာသခင်ကျန့်နှင့်တစ်ခြားဝင်္ကပါပညာရှင်များကိုလည်း တပည့်အချို့ကတွဲကူ၍ လိုက်ပါလာကြလေ၏။

ဂါဝရခန်းမအတွင်းတွင် မှောင်မှိုင်းနေခဲ့သည်။

ဤနေရာပတ်လည်ရှိ ဗိသုကာလက်ရာများသည် ရှေးကျသောလက်ရာများဖြစ်ပြီး ပြင်ပမှနေရောင်ခြည်သည် ဤနေရာသို့ မရောက်ရှိနိုင်ပေ။ သို့ရာတွင် တနေရာရာမှ တစ္ဆေအလင်းရောင်က ထွက်ပေါ်နေပြီး လူများကိုကြောက်ရွံမှုကြောင့်တုန်ရီသွားစေသည်။

ဂါရဝခန်းမ၏မလှမ်းမကမ်းတွင် လူအုပ်စုတစ်စုထွက်ပေါ်လာခဲ့သည်။

"ယင်လော့ဂိုဏ်း"

လူတိုင်း၏မျက်နှာအမူအယာများ အကြီးအကျယ်ပျက်ယွင်းသွားတော့သည်။

မည်သူက ယင်လော့ဂိုဏ်းကို ဤနေရာ၌ ဆုံတွေ့မည်ဟု တွေးထင်မိမည်နည်း...

ထိုလူများက အနက်ရောင်ဝတ်ရုံများခြုံလွှမ်းထားပြီး တစ်ချို့လူများ၏လက်အတွင်းတွင် သံကြိုးကြီးများကိုကိုင်ဆောင်ထားကြသည်။ သံကြိုးများ၏အစွန်းဘက်တွင် သံချိတ်တစ်ခုစီရှိပြီး သံချိတ်တစ်ခုစီတိုင်းတွင် သရဲတစ္ဆေတစ်ကောင်စီကို ချည်နှောင်ထားလေသည်။

ထိုသရဲတစ္ဆေများသည် အလွန်အမင်းနာကျင်နေသကဲ့သို့ ပြင်းထန်သည့်အမူအယာများရှိနေကြသည်။

သို့ရာတွင် သံချိတ်ဖြင့် ထိုနတ်ဆိုးစိတ်ဝိညာဉ်များကိုလှောင်ပိတ်ထားပြီး သူတို့အား လှုပ်ရှားမှုမပြုနိုင်စေရန်တားဆီးထားခဲ့သည်။

Chapter 148

နန်းတော်၏အလယ်ဗဟို၌ ယဇ်ပလ္လင်တစ်ခုရှိနေသည်။ ထိုယဇ်ပလ္လင်သည် လေးထောင့်ပုံဖြစ်ပြီး အနက်ရောင်အုတ်များဖြင့်ပြုလုပ်ထားကာ မှိန်ပျပျအလင်းရောင်များထွက်ပေါ်နေသည်။

ယဇ်ပလ္လင်၏နံဘေးပတ်လည်တွင် မြောက်များစွာသည့်အလောင်းကောင်များရှိပြီး သူတို့အားလုံးကမြေပြင်ပေါ်၌ ဒူးထောက်နေကြသည်။

ထိုအရိုးစုများသည် မြို့ပြင်ပ၌မြင်တွေ့ခဲ့ရသည့်နတ်ဆိုးစိတ်ဝိညာဉ်များဖြင့်တူညီလေ၏။ သူတို့၏ ကိုယ်နေဟန်ထားသည် တောင့်တင်းကြံခိုင်ပြီး သူတို့မသေဆုံးမှီက လူ့ဘီလူးကြီးများဖြစ်ပုံရသည်။

ထိုအရိုးစုများက ယဇ်ပလ္လင်ပတ်လည်တွင် စောင့်ကြပ်နေသည့် သစ္စာရှိအစောင့်များ ဖြစ်နိုင်ပေသည်။

ယင်လော့ဂိုဏ်းမှလူများသည် ယဇ်ပလ္လင်နှင့်မလှမ်းမကမ်းတွင် မတ်တတ်ရပ်နေကြပြီး သူတို့ကိုမမြင်နိုင်သည့်ဖိအားတစ်ရပ်က တားဆီးထားသကဲ့သို့ ရှေ့ကိုမချဉ်းကပ်ဝံ့ကြပေ။

တစ်ချို့ယင်လောဂိုဏ်းတပည့်များက သူတို့၏လက်များတွင် မီးအိမ်များကိုင်ထားပြီး မန္တန်ကိုစတင်ရွတ်ဆိုနေကြသည်။ သူတို့၏မီးအိမ်များသည် မသဲကွဲသည့် မန္တန်ရွတ်ဖတ်သံနှင့် ယှဉ်တွဲ၍ ထူးဆန်းသောအလင်းရောင်ကို စတင်ထုတ်လွှတ်ပေးနေခဲ့သည်။

ရုတ်တရက် အရိုးစုများမှ တစ္ဆေအလင်းရောင်ထွက်ပေါ်လာပြီးနောက် ၎င်းတို့ထံမှ ယင်ချီစီးကြောင်းများလည်း ထွက်ပေါ်လာခဲ့သည်။

ယင်ချီအခိုးအငွေ့များက မီးအိမ်အတွင်းသို့ စီးဝင်လာသည်နှင့် မီးအိမ်၏မှိန်ပျပျအလင်းရောင်သည် ပို၍တောက်ပလာလေ၏။

"ယင်လော့ဂိုဏ်းကလူတွေက ဘာလုပ်ချင်နေကြတာလဲ"

ကျန်းထျန်းရှုံး၏မျက်နှာ သုန်မှုန်သွားခဲ့သည်။ လက်ရှိအနေအထားတွင် သူနှင့်ပိုင်ဆုချင်ကို ဤကျင့်ကြံသူတစ်စု၏ အဓိကတိုက်ခိုက်နိုင်သူများဟု ယူဆနိုင်သည်။

ဤခန်းမအတွင်းသို့ ကျင့်ကြံသူများဝင်လာချိန်တွင် ဝရုန်းသုန်းကားဖြစ်သွားမှုကြောင့် ယင်လော့ဂိုဏ်းမှသူများကလည်း သူတို့လူစုကိုအာရုံစိုက်မိလေ၏။

မြောက်များစွာသည့် အနက်ရောင်ဝတ်ရုံနှင့်လူများရှေ့တွင် လျှို့ဝှက်ဆန်းကြယ်နန်းတော်သခင်က မတ်တတ်ရပ်နေခဲ့သည်။ သူ၏လက်နှစ်ဖက်က ကြီးမားသည့်အရိုးစုကြီးနှစ်စုပေါ်တွင် နေရာယူထားခဲ့သည်။

အရိုးစုကြီးများ၏အတွင်းတွင် ရုန်းကန်လှုပ်ရှားနေသည့် မီးတောက်ဘောလုံးကြီးများရှိနေသည်။ ဆန်းကြယ်နန်းတော်သခင်၏လက်များသည် လက်ချောင်းငါးချောင်းပုံသဏ္ဌာန်တောင်ကြီးတစ်လုံးနှင့်တူညီနေပြီးမီးတောက်များ မည်မျှပင်လှုပ်ခတ်ပါစေ သူ၏ထိန်းချုပ်ထားမှုအောက်မှလွတ်မြောက်သွားခြင်းမရှိပေ။

"မင်းက အညံမခံချင်မှတော့ သေလိုက်တော့"

ဆန်းကြယ်နန်းတော်သခင်၏မျက်လုံးများအတွင်းတွင် ခက်ထန်တင်းမာသောအရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့သည်။ ရုတ်ချည်းဆိုသလိုပင် အရိုးစုကြီးနှစ်ခု၏နဖူးများ ကြေမွပျက်စီးသွားတော့သည်။

ဦးခေါင်းခွံသည် အရိုးစုကြီးများ၏မာကြောမှုအရှိဆုံးအပိုင်းဟု ယူဆနိုင်သော်လည်း ဆန်းကြယ်နန်းတော်သခင်၏လက်အတွင်းတွင်မူ အသုံးဝင်ခြင်းမရှိပေ။

"ဒီအစောင့်တွေကို မြန်မြန်ဖယ်ရှားကြစမ်း...ငါ ပိုပြီးအရေးကြီးတဲ့အရာ လုပ်ဖို့ရှိတယ်"

ဆန်းကြယ်နန်းတော်သခင်က ခက်ထန်တင်းမာစွာဖြင့် အမိန့်ပေးလိုက်လေ၏။

ယင်လော့ဂိုဏ်းမှလူများသည် ထိုအမိန့်ပေးသံကိုကြားချိန်တွင် သူတို့က ချက်ချင်းပင် မန္တန်တစ်ပုဒ်ကို သံပြိုင်ရွတ်ဆိုလိုက်ကြသည်။

ဆန်းကြယ်နန်းတော်သခင်က သူ၏ခေါင်းကို ကျန်းထျန်းရှုံးဘက်သို့လှည့်၍ တည်ငြိမ်စွာဖြင့်ပြောဆိုလိုက်သည်။

"မင်းတို့အမှိုက်တစ်သိုက်က အချိန်ကောင်းကိုရောက်လာတာပဲ"

ကျန်းထျန်းရှုံးက လေသံတိုးတိုးဖြင့်ပြန်လည်ပြောဆိုလိုက်လေ၏။

"မင်းတို့နဲ့ ငါတို့လင်းရှောင်ဂိုဏ်းကြားမှာ တစ်ဂိုဏ်းနဲ့တစ်ဂိုဏ်း ဘာပတ်သတ်မှုမှမရှိဘူး...မင်းတို့ ဒီနေရာမှာလုပ်ချင်နေတဲ့ကိစ္စက ငါတို့နဲ့မဆိုင်ဘူး"

"မင်းတို့က ပါဝင်ပတ်သတ်ဖို့ဆန္ဒမရှိဘူးဆိုရင် ထွက်သွားကြစမ်း"

ဆန်းကြယ်နန်းတော်သခင်က အနည်းငယ်မျှပင်တုန့်ဆိုင်ခြင်းမရှိဘဲ အော်ငေါက်လိုက်သည်။

ကျန်းထျန်းရှုံး၏မျက်နှာအမူအယာ ပျက်ယွင်းသွားခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ သူက အလယ်ပိုင်းကုန်းမြေ၏ကလန်ကြီးတစ်ခုမှ ဘိုးဘေးတစ်ယောက်ဖြစ်ပေသည်။ သို့သော် ယခုလက်ရှိတွင်မူ သူ့အား ဤကဲ့သို့ရိုင်းပျစွာဆတ်တံခြင်းကို ခံနေရသည်။

သို့ရာတွင် သူ၏အထွက်အထိပ်အခြေအနေတွင် ရှိနေလျှင်ပင် ထိုနန်းတော်သခင်၏ပြိုင်ဘက်မဖြစ်နိုင်မှန်းကိုလည်း သူ၏စိတ်အတွင်းမှနေ၍ ကောင်းစွာသိရှိထားလေ၏။

ထို့ထက်မက ယခုလက်ရှိတွင် သူက ပတ်ဝန်းကျင်နေရာမှဖိနှိပ်ထားသောစွမ်းအားကြောင့် အားအင်ပြည့်ထုတ်သုံးနိုင်စွမ်းလည်းမရှိပေ။

"ကောင်းပြီလေ...သွားကြစို့"

ကျန်းထျန်းရှုံးက ယင်လော့ဂိုဏ်း၏နန်းတော်သခင်နှင့် အတိုက်အခံလုပ်လိုစိတ်မရှိချေ။ သူ၌ ရွေးချယ်စရာ အခွင့်အရေးရှိနေခြင်းကြောင့် ထွက်သွားခြင်းသာလျှင် အကောင်းဆုံးဖြစ်ပေမည်။

အကယ်၍ ယင်လော့ဂိုဏ်းကသာ သူတို့၏ကိစ္စများလုပ်ဆောင်ပြီးသွားလျှင် သူတို့ထွက်ခွာရန်နောက်ကျသွားပေလိမ့်မည်။

ကျန်းထျန်းရှုံးက အံ့ကိုတင်းတင်းကြိတ်၍ ထွက်ခွာရန်ပြင်ဆင်လိုက်သည်။ သို့သော် ထိုအချိန်မှာပင် ခန်းမတစ်ခုလုံးတွင် ရုတ်တရက် ဝရုန်းသုန်းကားလှိုင်းများ ရိုက်ခတ်လာခဲ့သည်။

ကျန်းထျန်းရှုံးက ယဇ်ပလ္လင်၏အပေါ်တွင် အဖြူ ရောင်အလင်းထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်သည်။

ဝုန်း...ဝုန်း....ဝုန်း...

စက်ယန္တရားများလည်ပတ်သံနှင့်အတူ ယဇ်ပလ္လင်၏အထက်ပိုင်းက ဖြည်းဖြည်းခြင်းပွင့်လာပြီး အပေါက်တစ်ခုဖြစ်ပေါ်လာသည်။

ထိုအပေါက်၏အတွင်းတွင် ရွေ့လျားမှုမရှိဘဲဒေါင်လိုက်ထောင်ထားသည့် ခေါင်းတလားတစ်လုံးရှိနေသည်။ ခေါင်းတလားတစ်ခုလုံးကို အဖြူ ရောင်ကျောက်စိမ်းဖြင့် ပြုလုပ်ထားပြီး ၎င်းပေါ်သို့တစ္ဆေအလင်းအများအပြားကျရောက်နေကာ အလင်းရောင်တန်းကြီးကို ဖြစ်ပေါ်စေသည်။

ခေါင်းတံလားထွက်ပေါ်လာချိန်တွင် ပတ်ဝန်းကျင်ရှိဖိအားသည် ပို၍ထိတ်လန့်ကြောက်ရွံဖွယ်ကောင်းစပြုလာသည်။

ကျန်းထျန်းရှုံး ပိုင်ဆုချင်နှင့်တစ်ခြားကျင့်ကြံသူများအားလုံးပင်ဖြူ ရော်သွားကြရာ တောင်ပိုင်းစွန့်ပစ်ကုန်းမြေမှ ကျင့်ကြံသူများမှာမူ ဖော်ပြရန်ပင်မလိုတော့ချေ။

ဖက်တီးကျန်းက အော်ဟစ်လိုက်၏။

"သောက်ခွေး....ဒါကြီးက ဘယ်လိုငရဲမျိုးလဲကွာ"

ဖက်တီးကျန်း၏ပခုံးပေါ်တွင် လဲလျောင်းနေသည့် နျူ နျူ က ရုတ်တရက် ခေါင်းတံလားကိုလက်ညှိုးညွှန်ပြလိုက်သည်။ သူမ၏မျက်လုံးများက မျက်ရည်များစိုရွှဲနေပြီး သူမက ငိုယိုနေလေ၏။

"ဒါက အစ်မကြီးပဲ...ကျွန်မ အဲ့ဒါကို ခံစားနိုင်တယ်...အဲ့ဒီနေရာမှာ ကျွန်မရဲ့အစ်မရှိတယ်"

Chapter 149

ခန်းမအတွင်းရှိဖိအားက ပို၍အားကောင်းလာခဲ့ပြီး ကျင့်ကြံသူများအားလုံး နေရာမှာပင် ရပ်တန့်သွားကြသည်။

သူတို့က နုံအနေသောလူများမဟုတ်ကြချေ။ ယခုလက်ရှိတွင် ယင်လော့ဂိုဏ်းက အလယ်ပိုင်းကုန်းမြေမှ မြောက်မြားစွာသည့်မိသားစုကြီးများနှင့် ရန်ငြှိုးဖွဲ့ပြီးဖြစ်သည်။ ထိုထက်မက သူတို့သည် ဤနေရာတိတ်ဆိတ်ငြိမ်သက်နေစေရန်အတွက်ဖြင့် လင်းရှောင်ဂိုဏ်းဖြင့် အတိုက်အခံပြုလုပ်ရန်ကိုလည်း ကြောက်ရွံခြင်းမရှိကြပေ။

ယင်လော့ဂိုဏ်းက ဤစွန့်ပစ်နယ်မြေအတွင်းသို့ ရည်ရွယ်ချက်တစ်ခုဖြင့်လာခြင်းဖြစ်နိုင်သည်။

ဆန်းကြယ်နန်းတော်သခင်သည် ကျင့်ကြံသူများအုပ်စု ဤနေရာ၌ နေဝံ့သေးသည်ကိုမြင်ချိန်တွင် သူကဒေါသတကြီး အော်ငေါက်လိုက်သည်။

"ထွက်သွားကြစမ်း...မင်းတို့ သေချင်နေတာလား"

ကျန်းထျန်းရှုံးက ထိုအသံကိုကြားချိန်တွင် အသိပြန်ဝင်လာခဲ့သည်။ ဤနေရာတွင် ဆန်းကြယ်နန်းတော်သခင်၏စွမ်းအားသည် လူတိုင်းကိုဖိနှိပ်ထားနိုင်စွမ်းရှိပေ၏။ သို့သော် ယခုလက်ရှိတွင်မူ ဆန်းကြယ်နန်းတော်သခင်က သူတို့ကိုထွက်ခွာခွင့်ပြုနေခဲ့သည်။

ဆန်းကြယ်နန်းတော်သခင်၌ ကြင်နာသနားတတ်သောနှလုံးသားရှိမည်ဟု ကျန်းထျန်းရှုံးက တွေးတောထားခြင်းမရှိပေ။ ဖြစ်နိုင်သည့် အမှန်တစ်ကယ်အကြောင်းပြချက်မှာ ဆန်းကြယ်နန်းတော်သခင်သည် သူ့အလုပ်ကိုသာဂရုစိုက်နေရသဖြင့် အလွန်အလုပ်ရှုပ်နေခြင်းကြောင့်သာဖြစ်ပေမည်။

"ဟမ့်....မင်းတို့က ထွက်ခွာမသွားချင်မှတော့...ငရဲကိုသွားကြစမ်း"

ဆန်းကြယ်နန်းတော်သခင်၏မျုက်လုံးများက ရုတ်တရက် ခက်ထန်တင်းမာသွားခဲ့သည်။

သူက ယဇ်ပလ္လင်အနီးမှဖယ်ခွာလာပြီး လက်ဝါးရိုက်ရိုက်တစ်ချက်ကို ကျန်းထျန်းရှုံးတို့လူစုထံသို့ ရိုက်ထုတ်လိုက်သည်။

"သူ့ကို တားကြ"

ကျန်းထျန်းရှုံးက ကျယ်လောင်စွာကြုံးဝါးပြီးနောက် သူ၏အကျႌလက်ကိုခါယမ်းလိုက်ရာ များပြားသည့်စိတ်ဝိညာဉ်စွမ်းအင်များထွက်ပေါ်လာခဲ့သည်။

တစ်ခြားကျင့်ကြံသူများကလည်း သူတို့၏ခွန်အားအကုန်လုံးကိုအသုံးပြု၍ စိတ်ဝိညာဉ်စွမ်းအင်နှင့်ကျန်းချီများကို ထုတ်လွှတ်လိုက်ကြပြီး ထိုလက်ဝါးရိုက်ချက်ကို ပိတ်ဆို့လိုက်ကြသည်။

"ဖူး"ဟူသောအသံနှင့်အတူ ကျင့်ကြံသူအုပ်စုသည် နောက်သို့လွင့်စင်၍ မြေပြင်ပေါ်ပြုတ်ကျသွားကြပြီး သူတို့၏ပါးစပ်မှသွေးများပန်းထွက်လာကြသည်။

သူတို့နှစ်ဘက်၏စွမ်းအားများသည် အလွန်ကွဲပြားခြားနားပေ၏။

"မဖြစ်နိုင်ဘူး...မင်းက ဘာလို့ဒီနေရာရဲ့ ဖိနှိပ်မှုကိုလုံးဝမခံရတာလဲ"

ကျန်းထျန်းရှုံးက ကြွေးကြော်အော်ဟစ်လိုက်သည်။

ဆန်းကြယ်နန်းတော်သခင်၏ဝါးခမောက်အောက်မှ မျက်လုံးတစ်စုံသည် အေးစက်တင်းမာနေလေ၏။

ထိုအချိန်မှာပင် ယဇ်ပလ္လင်ပေါ်မှမြင်ကွင်းသည် တစ်ဖန်ပြောင်းလဲသွားခဲ့သည်။

အဖြူ ရောင်ကျောက်စိမ်းခေါင်းတံလားမှနေ၍ အသံများထွက်ပေါ်လာလေ၏။

ဒေါင်...ဒေါင်...ဒေါင်

ခေါင်းတံလားအတွင်းတွင် အပြင်သို့ထွက်လိုနေသော တစ်စုံတစ်ခုရှိပုံရသည်။

ဆန်းကြယ်နန်းတော်သခင်က အနည်းငယ်မျှပင် တုန့်ဆိုင်းနေခြင်းမရှိဘဲ ဖြောင့်တန်းစွာဖြင့် ယဇ်ပလ္လင်ထံသို့ ဖြတ်ခနဲရောက်ရှိသွားခဲ့သည်။

ခရက်...ခရက်....ခရက်

စက်ယန္တရားများ၏အသံများနှင့်အတူ ယဇ်ပလ္လင်ပတ်လည်ရှိ မြောက်များစွာသောအလောင်းကောင်များက တပြိုင်နက်တည်း မတ်တတ်ထရပ်လိုက်ကြသည်။

သူတို့၏အရိုးများသည် လုယွီရှေ့ရှိ သရဲတစ္ဆေစစ်သားများနှင့်တူညီပေသည်။ သို့ရာတွင် သူတို့က ပို၍အရပ်မြင့်ကြသည်။

"ဟမ့်...နတ်စိတ်ဝိညာဉ်လောက်နဲ့ ထွက်လာရဲတယ်ပေါ့"

ဆန်းကြယ်နန်းတော်သခင်က မကျေမချမ်းပြောလိုက်လေ၏။

ဘာ...ဝင်္ကပါစိတ်ဝိညာဉ်တဲ့လား....

ဘေးဘက်မှကြည့်နေသော ကျင့်ကြံသူများသည်လည်း အံ့အားသင့်တုန်လှုပ်သွားကြ၏။

သူတို့ကြည့်စဉ်တုန်းက ရင်ဆိုင်ခဲ့ရသော ဝင်္ကပါသည် အသက်မဲ့နေပြီး မည်သူကမျှထိန်းချုပ်ထားခြင်းမရှိပေ။

မည်သည်ကြောင့် ဝင်္ကပါစိတ်ဝိညာဉ်က ရောက်ရှိလာသနည်း...

ဆန်းကြယ်နန်းတော်သခင်၏စကားသံနှင့်အတူ မှိန်ပျပျပုံရိပ်တစ်ခုက အဖြူ ရောင်ကျောက်စိမ်းခေါင်းတံလား၏နံဘေးတွင် ထွက်ပေါ်လာခဲ့သည်။

ထိုသူက အိုမင်းနေသည့်ခါးကုန်းကြီးတစ်ယောက်ဖြစ်ပေသည်။ သူ၏လက်အတွင်းတွင် တောင်ဝှေးတစ်ချောင်းကိုကိုင်ဆောင်ထားပြီး သူကိုကြည့်ရသည်မှာ အလွန်အိုမင်းနေပုံပေါ်လွင်နေသည်။ သို့ရာတွင် ထိုအဖိုးအိုထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်ရှိ ဖိအားအော်ရာက ပို၍အားကောင်းလာခဲ့သည်။

"မင်းတို့အားလုံး...မြန်မြန်ထွက်သွားကြစမ်း"

အဖိုးအို၏အသံက လူတိုင်း၏နားအနီးတွင် ပေါက်ကွဲသံကဲ့သို့ ကြားလိုက်ရသည်။ ထိုအသံနှင့်အတူ ဖိအားအော်ရာလှိုင်းက ဂါရဝခန်းမတစ်ခုလုံးအတွင်းတွင် အဆတ်မပြတ် ပဲ့တင်ထပ်နေလေ၏။

လူတိုင်း၏အမူအယာများ ပျက်ယွင်းသွားကြသည်။ သူက ဝင်္ကပါစိတ်ဝိညာဉ်တစ်ယောက်ဖြစ်ပေ၏။ ဖြစ်နိုင်သည်က ဤဖိအားသည် ဝင်္ကပါစိတ်ဝိညာဉ်မှ ထုတ်လွှတ်ထားခြင်း ဖြစ်နေသလော။

ထိုသို့ဆိုလျှင် အဖိုးအိုက မည်မျှထိ အားကောင်းနေသနည်း..

ဆန်းကြယ်နန်းတော်သခင်က မည်သည့်စကားမျှဆိုခြင်းမရှိဘဲ သူ၏အကျႌလက်အတွင်းမှ သံကြိုးရှည်ကြီးနှစ်ချောင်းကိုထုတ်ယူလိုက်သည်။

ဝှစ်....ဝှစ်...

လေတိုးသံသဲ့သဲ့နှင့်အတူ သံကြိုးရှည်ကြီးနှစ်ချောင်းက ပျံဝဲတတ်သွားခဲ့သည်။ ထိုသံကြိုးကြီးများက ယဇ်ပလ္လင်ပေါ်ရှိ ခေါင်းတံလားထံသို့ ဦးတည်နေခြင်းဖြစ်သည်။

အဖိုးအိုက သံကြိုးကြီးများကို မမြင်သကဲ့သို့ မည်သည့်လှုပ်ရှားမှုမျှ မပြုလုပ်ချေ။

ကလန်...ကလန်...

လေထုအတွင်းတွင် သတ္ထုနှင့်ကျောက်တုံးတို့ ထိခတ်မိသောအသံထွက်ပေါ်လာသည်။ သံကြိုးကြီးများက မမြင်နိုင်သည့်နံရံတစ်ခုနှင့် ဝင်ဆောင့်မိပုံရပြီး နောက်သို့ပြန်ကန်ထွက်လာလေ၏။

အဖိုးအိုက ဆန်းကြယ်နန်းတော်သခင်ကိုကြည့်ပြီး တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်သည်။

"ကျင့်ကြံသူ...ငါမင်းကို ထပ်ပြီးသတိပေးမယ်...ချက်ချင်းထွက်သွားပါ"

ဆန်းကြယ်နန်းတော်သခင်က သရော်တော်တော် တုံပြန်ပြောဆိုလိုက်လေ၏။

"စိတ်ဝိညာဉ်အကြွင်းအကျန်ဖြစ်တဲ့ ဝင်္ကပါစိတ်ဝိညာဉ်လောက်နဲ့များ....မင်းရဲ့အနည်းငယ်သာရှိတဲ့ စိတ်ဝိညာဉ်စွမ်းအင်လေး ကုန်ဆုံးသွားတာနဲ့...မင်း ဘာလုပ်နိုင်မလဲဆိုတာ ငါကြည့်အုံးမယ်"

Chapter 150

ဆန်းကြယ်နန်းတော်သခင်သည် ဝင်္ကပါစိတ်ဝိညာဉ်၏စွမ်းအာ ကြာရှည်ခံမည်မဟုတ်ကြောင်းကို ခန့်မှန်းမိပုံရသည်။

သူက ဝင်္ကပါစိတ်ဝိညာဉ်၏ပြောဆိုနေမှုကို မကြားသကဲ့သို့သာပြုမူနေသည်။ ဆန်းကြယ်နန်းတော်သခင်က သူ၏နောက်တွင်ရှိသော သူများကိုအချက်ပေးလိုက်လေ၏။ ရုတ်တရက် ယင်လော့ဂိုဏ်းမှတပည့်များ၏လက်အတွင်းရှိ မီးအိမ်များမှ အလင်းရောင်တန်းများထွက်ပေါ်လာခဲ့သည်။

အလင်းစီးကြောင်းများသည် ဆန်းကြယ်နန်းတော်သခင်၏လက်ဝါးအတွင်းတွင် စုဝေးသွားလေ၏။ ထိုအလင်းရောင်စီးကြောင်းများနှင့်အတူ ဧရာမဦးခေါင်းကြီးကိုးခုကထွက်ပေါ်လာပြီး သူတို့၏ပါးစပ်များကိုဖွင့်၍ နာကျင်စွာဖြင့် စူးစူးဝါးဝါး အော်ဟစ်နေကြသည်။

"ဒါက သဲရှင်ဂိတ်တံခါးရဲ့ ဦးခေါင်းတွေမဟုတ်ဘူးလား"

"မြင့်မြတ်တဲ့ မီးတောက်နတ်ဘုရားဂိုဏ်းရဲ့အကြီးအကဲတစ်ယောက်က လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်မှာ ထူးထူးဆန်းဆန်းပျောက်ဆုံးသွားဖူးတယ်....သူက ယင်လော့ဂိုဏ်းရဲ့လက်ထဲ ကျရောက်သွားလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ"

ကျန်းထျန်းရှုံးနှင့်အလယ်ပိုင်းကုန်းမြေမှတစ်ခြားထိပ်သီးပညာရှင်များ၏မျက်နှာအမူအယာများ အကြီးအကျယ်ပျက်ယွင်းသွားလေ၏။ ထိုဦးခေါင်းများသည် အလယ်ပိုင်းကုန်းမြေမှ ထိပ်သီးကျွမ်းကျင်သူတစ်ယောက် ပိုင်ဆိုင်သည့်အရာဖြစ်ပေသည်။

ယခုလက်ရှိတွင် ထိုအရာများက ဆန်းကြယ်နန်းတော်သခင်၏လက်အတွင်းမှ ထွက်ပေါ်လာလေရာ ယင်လော့ဂိုဏ်းမည်မျှထိ ထိတ်လန့်ကြောက်ရွံဖွယ်ကောင်းသည်ကို ပြသရန်လုံလောတ်နေပေသည်။

"ယင်လော့ဂိုဏ်းက ကျွန်မတို့ကို သွားခွင့်ပြုပါ့မလားဆိုတာ ကျွန်မစိုးရိမ်နေမိတယ်"

ရုတ်တရက် ပိုင်ဆုချင်က အေးတိအေးစက်ဖြင့် ပြောဆိုလိုက်သည်။

ထိုစကားကြားရသည်နှင့် လူတိုင်းက ထိတ်လန့်တုန်လှုပ်မှုကြောင့် ကြက်သေသေသွားကြသည်။

ယင်လော့ဂိုဏ်းက ဤစွန့်ပစ်နယ်မြေသို့ လူများကိုလိမ်လည်လှည့်ဖြားရန် ရောက်ရှိလာခြင်းဖြစ်သည်။

ယခုလက်ရှိတွင် ဆန်းကြယ်နန်းတော်သခင်က အလယ်ပိုင်းကုန်းမြေမှထိပ်သီးပညာရှင်၏ပစ္စည်းများကိုထုတ်ဖော်ပြသခဲ့သည်။ ဆိုလိုသည်မှာ သူက လက်ရှိရှိနေသောလူများကို အမှုမထားသည့်သဘောဖြစ်သည်။

"အဲ့ဒီခေါင်းတလားထဲမှာ ယင်လော့ဂိုဏ်းလိုချင်တာရှိနေမှာ ကျုပ်စိုးရိမ်မိတယ်...တစ်ကယ်လို့ သူ အောင်မြင်သွားတာနဲ့ ငါတို့ကိုတိုက်ခိုက်လိမ့်မယ်"

ကျင့်ကြံသူတစ်ယောက်က အခြေအနေကို ဝေဖန်သုံးသပ်လိုက်လေ၏။

ယခုလက်ရှိတွင် အကျပ်အတည်းအနေအထားသို့ ရောက်ရှိနေကြသဖြင့် လူတိုင်း၏စိတ်အာရုံများ အလွန်အမင်းယောက်ယပ်ခတ်နေကြသည်။

ပိန်ခြောက်ခြောက်အဖိုးအိုတစ်ယောက်က လေးနက်သည့်အသံဖြင့်ပြောကြားလိုက်သည်။

"ငါတို့ရဲ့ ကျင့်ကြံမှုအဆင့်တွေက ဒီနေရာမှာ ဖိနှိပ်ခံထားရတယ်....ဒါကြောင့် ငါတို့ရဲ့စွမ်းအားအပြည့်ကို ထုတ်သုံးနိုင်စွမ်းမရှိဘူး....တစ်ကယ်လို့ ငါတို့က ဆန်းကြယ်နန်းတော်သခင်နဲ့ ရင်ဆိုင်ရမယ်ဆိုရင်...ငါတို့မှာ အနိုင်ယူနိုင်တဲ့အခွင့်အရေးရှိမှာမဟုတ်ဘူး"

လူတိုင်း၏မျက်လုံးများ ချက်ချင်းပင် မှေးမှိန်သွားကြသည်။

အမှန်တစ်ကယ်ကိုပင် သူတို့သာ ဆန်းကြယ်နန်းတော်သခင်နှင့် ထိပ်တိုက်ရင်ဆိုင်ရလျှင် နန်းတော်သခင်၏ထိတ်လန့်ဖွယ်စွမ်းအားကြောင့် သူတို့မည်သည်ကိုမျှစွမ်းဆောင်နိုင်မည်မဟုတ်ချေ။

"ကျွန်မတို့က ဆရာသခင်တွေရဲ့စွမ်းအားပေါ်ကိုပဲ မှီခိုရတော့မယ်"

ပိုင်ဆုချင်က ပင့်သက်တစ်ချက်ရှိုက်လိုက်လေ၏။ အမှန်တစ်ကယ်ကိုပင် တစ်ခြားမည်သည့်နည်းလမ်းမျှမရှိပေ။

ထိုအချိန်မှာပင် ဆန်းကြယ်နန်းတော်သခင်က ယဇ်ပလ္လင်ပေါ်ရှိ ခါးကုန်းအဖိုးအိုထံသို့ လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်သည်။

အဖိုးအို၏ပုံရိပ်သည် အစစ်အမှန်မဟုတ်သကဲ့သို့ အလွန်မှုန်ဝါးနေခဲ့သည်။ သို့ရာတွင် သူ၏ခြေဖဝါးနှစ်ဖက်သည် ဖြတ်သန်းမရနိုင်သော တောင်ကြီးတစ်လုံးနှင့်တူညီနေပြီး မည်သည့်တိုက်ခိုက်မှုကိုမျှ တားဆီးခြင်းမရှိချေ။

ဝုန်း...ဝုန်း...

ခါးကုန်းအဖိုးအို၏ရှေ့တွင် မြောက်များစွာသည့်အလင်းရောင်တန်းများ ကျဆင်းလာပြီး ၎င်းတို့က မမြင်နိုင်သောအတားအဆီးနှင့် ဝင်ဆောင့်မိကြသည်။

ခါးကုန်းအဖိုးအိုအား တစ္ဆေအလင်းတန်းများက ဝန်းရံတိုက်ခိုက်နေကြသော်လည်း ၎င်းတို့က ရှေ့သို့အနည်းငယ်မျှပင် ရွေ့လျားလာခြင်းမရှိကြချေ။

"ခင်ဗျားပိုင်ဆိုင်တဲ့ ဝင်္ကပါရဲ့နေရာအများစုကို ကျုပ် ဖျက်ဆီးခဲ့ပြီးပြီ....အိုမင်းနေတဲ့အရာကြီး...ခင်ဗျားဘယ်လောက်ကြာကြာတောင့်ခံနိုင်မှာလဲ"

ဆန်းကြယ်နန်းတော်သခင်က ရိုင်းပျစွာဖြင့် ရယ်မောလိုက်ပြီး သူက ထူးဆန်းပြီးမသဲကွဲသော မန္တန်တစ်ပုဒ်ကို ရေရွတ်လိုက်လေ၏။

ရုတ်ချည်းဆိုသလိုပင် ဧရာမဦးခေါင်းကြီးကိုးလုံးက ခါးကုန်းအဖိုးအိုကို ကိုက်နိုင်ရန် ရှေ့သို့တရကြမ်းတိုးဝင်သွားကြသည်။

ထိုဦးခေါင်းကြီးများက သူတို့၏ပါးစပ်များကို ကျယ်ပြန့်စွာဖွင့်ထားကြပြီး လူသားတစ်ယောက်၏ခန္ဓာကိုယ်အကန့်အသတ်ကိုချိုးဖျက်ပြီးဖြစ်သဖြင့် ဦးရေပြားများထုံကျင်နေမှုသာခံစားရပေမည်။

ခါးကုန်းအဖိုးအို၏ခန္ဓာကိုယ်မှ စိတ်ဝိညာဉ်စွမ်းအင်စီးကြောင်းများမျောလွင့်လာပြီး ဦးခေါင်းကြီးများ၏ပါးစပ်များအတွင်းသို့ ဝင်ရောက်သွားသည်။

"အဟွက်...အဟွက်...အဟွက်.."

ခါးကုန်းအဖိုးအိုထံမှလည်း ပြင်းထန်သည့်ချောင်းဆိုးသံများထွက်ပေါ်လာခဲ့သည်။

"ဝင်္ကပါစိတ်ဝိညာဉ်ကိုကြည့်ရတာ အချိန်သိပ်မကျန်လောတ်တော့ဘူး"

တစ်စုံတစ်ယောက်က ထိုအခြင်းအရာကိုသတိပြုမိသွားပြီး ချက်ချင်းပင် တအံတသြရေရွတ်လိုက်သည်။

ထိုအချိန်မှာပင် အဖြူ ရောင်ကျောက်စိမ်းခေါင်းတလားထံမှ တိုးခွေ့နေသောအသံသည် တဖြည်းဖြည်း ရပ်တန့်သွားလေ၏။

ခရက္...

ခေါင်းတလား၏အဖုံး တဖြည်းဖြည်း ပွင့်ဟလာခဲ့သည်။

လူတိုင်း၏အကြည့်က ခေါင်းတလားပေါ်တွင်သာ ကျရောက်နေကြ၏။ တုန်လှုပ်ဖွယ်ကောင်းစွာဖြင့် ခေါင်းတံလားအတွင်းတွင် အမျိုးသမီးတစ်ယောက်ရှိနေခဲ့သည်။

ထိုအမျိုးသမီးက အဖြူ ရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး အိပ်မောကျနေသည့်ကလေးတစ်ယောက်ကဲ့သို့ ခေါင်းတလားအတွင်းတွင် သူမ၏မျက်လုံးများကို မှိတ်ထားလေသည်။

သူမ၏နံဘေးတွင်မူ ဆေဘာဓားနှစ်ချောင်းရှိနေခဲ့သည်။

ဆေဘာဓားနှစ်ချောင်းအနက်မှတစ်ချောင်းသည် လူထွားကြီးတစ်ယောက်ခန္ဓာကိုယ်၏တစ်ဝက်ခန့်ရှိသည်။ ထိုဆေဘာဓားပေါ်ရှိ ဓားသွားများတွင် မီးတောက်အငွေ့အသက်များပင်ရှိနေခဲ့သည်။

တစ်ခြားဆေဘာဓားကမူ အနည်းငယ်တိုပေသည်။ ၎င်းကိုကြည့်ရသည်မှာ ဓားမြှောင်တစ်ချောင်းဖြင့်ပင် တူညီနေသည်။ ထိုဆေဘာဓားက အေးစက်စက်တောက်ပနေပြီး ဓားသွားမျက်နှာပြင်ပေါ်တွင် မှိန်ပျပျအလင်းရောင်က ထွက်ပေါ်နေခဲ့သည်။

All Chapters