အခန်း (၁၅၁-၁၅၅)
Vol. 6-10 Ch. 151-155
Chapter 151
ရုတ်တရက်ထွက်ပေါ်လာသည့် ဆေဘာဓားနှစ်ချောင်း၏အသွင်အပြင်သည် လူတိုင်း၏စိတ်အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။
"ခေါင်းတလားထဲမှာ လဲလျောင်းနေတာဘယ်သူလဲ"
"သူမက လေဟာနယ်စွန့်ပစ်နယ်မြေရဲ့အရှင်သခင်ဖြစ်နိုင်တယ်....သူမက အရမ်းငယ်ရွယ်လိမ့်မယ်လို့ ငါမျှော်လင့်မထားမိဘူး"
"ကြည့်စမ်း...သူမရဲ့နံဘေးမှာ မှော်ရတနာနှစ်ခုရှိနေတယ်...ဖြစ်နိုင်တာက ပြင်ပကမ္ဘာမှာမရှိတဲ့ အဖိုးအတန်ဆုံးမှော်ရတနာဖြစ်နိုင်တယ်"
ထွက်ခွာရန်ပြင်ဆင်နေကြသည့် ကျင့်ကြံသူများ၏မျက်လုံးများ ရဲရဲနီလာကြသည်။ ထိုမှော်ရတနာများသည် လေဟာနယ်စွန့်ပစ်နယ်မြေမှ အစွမ်းထက်ကျင့်ကြံသူတစ်ယောက် ပိုင်ဆိုင်ခဲ့သည့်အရာများဖြစ်နိုင်ပေသည်။
"ယင်လော့ဂိုဏ်းက နတ်ဘုရားလက်နက်ကို ယူပြီးတော့ ငါတို့ကိုသတ်ချင်နေတာ"
"ငါတို့ သူကို အောင်မြင်ခွင့်ပြုလို့မဖြစ်ဘူး....မြန်မြန်သွားပြီး အဲ့ဒီမှော်ရတနာတွေကို လုယူရအောင်"
ပတ်ဝန်းကျင်နေရာတစ်ခုလုံး၌ အားကောင်းသည့်ကျန်းချီလှိုင်းများ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ လောဘကြီးမှုသည် သူတို့၏စိတ်နှလုံးသားအတွင်းရှိ ဆင်ခြင်တုံတရားကို သိမ်းပိုက်သွားလေ၏။
ချမ်းသာခြင်းသည် အန္တရာယ်ကြားမှလာသည်...
ကျင့်ကြံသူတစ်ချို့က ချက်ချင်းပင် သူတို့၏သိုလှောင်အိတ်များအတွင်းမှ နောက်ဆုံးဝှက်ဖဲဖြစ်သော အဆောင်သင်္ကေတများနှင့်ဆေးပြားများကိုထုတ်ယူပြီး ခေါင်းတလားထံသို့ တိုးဝင်သွားကြသည်။
"မင်းတို့ သေချင်နေတာလား"
ဆန်းကြယ်နန်းတော်သခင်၏အသံသည် မိုးခြိမ်းသံအလားကျယ်လောင်နေသည်။ သူ၏လက်ဝါးကိုဖြန့်လိုက်ရာတွင် သိပ်သည်းသောအနက်ရောင်မြူ ခိုးများက သူ၏နံဘေးပတ်လည်တွင် ထွက်ပေါ်လာခဲ့သည်။
အနက်ရောင်မြူ ခိုးများမှနေ၍ မြောက်များစွာသည့်လက်များဖြစ်ပေါ်လာပြီး ကျင့်ကြံသူများထံသို့ တိုးဝင်သွားလေသည်။
သွေးပျက်ဖွယ်အော်ဟစ်ငိုကြွေးသံများသည် တစ်နေရာပြီးတစ်နေရာမှ ထွက်ပေါ်လာခဲ့သည်။ ကျင့်ကြံသူများသည် ထိုမြူ ခိုးလက်ကြီးများ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်နှင့် နုပ်နုပ်စဉ်းခံလိုက်ရသကဲ့သို့ အပိုင်းပိုင်းအစစဖြစ်သွားခဲ့သည်။
"မင်းတို့က မင်းတို့ကိုယ်မင်းတို့ အထင်ကြီးနေတာပဲ...ထွက်သွားကြစမ်း"
ဆန်းကြယ်နန်းတော်သခင်က ဒေါသတကြီး အော်ဟစ်လိုက်လေ၏။
ဆန်းကြယ်နန်းတော်သခင်၏လုပ်ရပ်များသည် လူအနည်းငယ်ကို အမှန်တစ်ကယ်ပင် ဟန့်တားနိုင်ခဲ့သည်။ သို့သော် ဤနေရာသို့လာရောက်ကြသော ကျင့်ကြံသူအများစုသည် သာမာန်လူပုဂ္ဂိုလ်များမဟုတ်ကြပေ။
သူတို့က ယင်လော့ဂိုဏ်းနှင့် ရန်ငြှိုးဖွဲ့မိပြီးဖြစ်သောကြောင့် နောက်သို့ဆုတ်ရန်အတွက် ရွေးချယ်ခြင်းမပြုနိုင်ချေ။
ဤမျှလောက်ထိ ဖရိုဖရဲဖြစ်နေသောအခြေအနေကြားတွင် လုယွီက မြေပြင်ပေါ်၌ ပလ္လင်ခွေထိုင်နေလေ၏။ သူက ခန်းမကြီး၏တစ်ဘက်ခြမ်းတွင်ရှိနေပြီး မြောက်များစွာသည့်သရဲတစ္ဆေစစ်သားများဝန်းရံနေလေသည်။ လက်ရှိအချိန်တွင် ယင်လော့ဂိုဏ်းဖြစ်စေ ကျင့်ကြံသူများဖြစ်စေ မည်သူကမျှ သူ့အားသတိမပြုမိကြချေ။
အကယ်၍ တစ်စုံတစ်ယောက်က နီးကပ်စွာသွားရောက်ကြည့်ရှုလျှင် လုယွီ၏နံဘေးပတ်လည်တွင် အနက်ရောင်ချီများ မရပ်မနားလှည့်ပတ်နေခြင်းကို မြင်နိုင်ပေမည်။
တူညီသောအချိန်မှာပင် လုယွီ၏ကျင့်ကြံမှုသည်လည်း တဖြည်းဖြည်းခြင်း မြင့်တက်လာခဲ့သည်။
"ညီလေး...ဒါက ကျင့်ကြံဖို့အချိန်ကောင်း မဟုတ်ဘူးထင်တယ်"
ဖက်တီးကျန်းက စိုးရိမ်တကြီးဖြင့် သူ၏ခြေထောက်ကို ဆောင့်နေလေ၏။
ပိုင်ဆုချင်ကလည်း နေရာ၌သာရပ်နေဆဲဖြစ်သည်။ သူမသည် လင်းရှောင်ဂိုဏ်းမှလူများ၏ရှေ့မှ ဖယ်ရှားဝံ့ခြင်းမရှိချေ။
မည်သို့ပင်ဆိုစေကာမူ ဖက်တီးကျန်းသည် ကုန်သည်တစ်ယောက်သာဖြစ်ပေ၏။ သူ၏ရှေ့ရှိ မှော်ရတနာများကိုမြင်ချိန်တွင် သူကိုယ်သူမထိန်းချုပ်နိုင်တော့ဘဲ လုယက်ပွဲကြီးအတွင်း ဝင်ရောက်ဆင်နွှဲလိုစိတ် ပြင်းပြနေလေသည်။
"အစ်မကြီး...နျူ နျူ က အစ်မကိုသွားရှာချင်တယ်"
နျူ နျူ က ငိုယိုနေဆဲဖြစ်ပေ၏။
ဖက်တီးကျန်းက လျှင်မြန်စွာဖြင့် နျူ နျူ ကိုချီပိုးပြီး ဝမ်းနည်းနေသောမျက်နှာဖြင့်ပြောဆိုလိုက်သည်။
"ငါက ကလေးတစ်ယောက်ကိုချီပြီး သွားလုယက်ရမှာလား...ဘာတွေဖြစ်ကုန်တာလဲကွာ"
လုယွီက ကျင့်ကြံနေသော်လည်း ပတ်ဝန်းကျင်ရှိမြင်ကွင်းများကို အာရုံခံစားမိပြီးဖြစ်သည်။ သူက သရဲတစ္ဆေစစ်သားများကို အမိန့်တစ်ခုပေးထားခဲ့သည်။ အကယ်၍ တစ်စုံတစ်ယောက်က ဤအနီးအနားသို့ရောက်ရှိလာခဲ့လျှင် သရဲတစ္ဆေစစ်သားများက ရောက်ရှိလာသူအားသတ်ဖြတ်ပစ်ရန်ဖြစ်သည်။
တစ်ခြားသူများသည် သူတို့၏ပတ်ဝန်းကျင်တွင် မျောလွင့်နေသည့် သရဲတစ္ဆေအငွေ့အသက်များကို စုပ်ယူနိုင်စွမ်းမရှိကြချေ။ လုယွီ တစ်ယောက်သာလျှင် ထိုအငွေ့အသက်များကို မည်သည့်ဟန့်တားမှုမျှမရှိဘဲ စုပ်ယူနိုင်လေသည်။
လုယွီ၏ရင်ဘတ်ပေါ်ရှိ ထိုက်ကျိအမှတ်အသားသည်လည်း ထပ်မံ၍ လည်ပတ်လာခဲ့သည်။ ပြင်းထန်သောစုပ်ယူအားနှင့်အတူ သရဲတစ္ဆေအငွေ့အသက်များသည် လုယွီ၏မရီးဒါန်းများအတွင်းတွင် ပြည့်နှက်သွားခဲ့သည်။
တဖြည်းဖြည်းဖြင့် လုယွီ၏အော်ရာသည် ပို၍အားကောင်းလာလေ၏။
လုံချီနယ်ပယ် ဒုတိယအဆင့်...
လုံချီနယ်ပယ် တတိယအဆင့်...
လုံချီနယ်ပယ် စတုတ္ထအဆင့်...
လုယွီ၏အော်ရာ အဆတ်မပြတ်မြင့်တတ်လာခြင်းကို ဖက်တီးကျန်းသည်လည်း အာရုံခံစားမိသည်။
"ဒီလိုအချိန်မျိုးမှာ မင်းက နက္ခက်တာရာပြောင်းလဲခြင်းနယ်ပယ်ကိုရောက်ရှိသွားရင်တောင် ဘာမှအသုံးဝင်မှာမဟုတ်ဘူး"
ဖက်တီးကျန်းက စိုးရိမ်တကြီး ရေရွတ်လိုက်လေ၏။
သူတို့နှင့်မလှမ်းမကမ်းတွင် ထိတ်လန့်တကြားအော်ဟစ်ငိုကြွေးသံများ တစ်နေရာပြီးတစ်နေရာမှ ကြားနေရဆဲဖြစ်သည်။ ကျင့်ကြံသူများနှင့် ယင်လော့ဂိုဏ်းမှလူမျုးသည် တိုက်ခိုက်နေကြရာ ဖရိုဖရဲအနေအထားများဖြစ်ပေါ်နေခဲ့သည်။
ဖက်တီးကျန်း၏လည်ပင်းက နောက်သို့သာစောင်းလိမ်နေခဲ့သည်။ သူ၏ရှေ့၌ နတ်ဘုရားလက်နက်နှစ်ခုကိုမြင်နေရသော်လည်း ထိုနေရာသို့သွား၍ မဆင်မခြင်မလုပ်ဝံ့ချေ။
"ကိစ္စမရှိပါဘူး....မင်းတို့ကောင်တွေ ဒီဟာတွေကိုရအောင်ယူထားကြ...အဲ့ဒီနတ်ဘုရားလက်နက်တွေက အနှေးနဲ့အမြန် ငါပိုင်ဆိုင်တာဖြစ်လိမ့်မယ်"
ဖက်တီးကျန်းက တီးတိုးကြုံးဝါးလိုက်လေ၏။
ရုတ်တရက် လေထုအတွင်းမှ တဝီဝီမြည်သံအား ကြားလိုက်ရသည်။ ဖက်တီးကျန်းက သူ၏ခေါင်းကိုလှည့်၍ လုယွီကို အံ့အားသင့်တုန်လှုပ်စွာဖြင့် ကြည့်ရှုလိုက်သည်။
"ဒါ အမှန်မဖြစ်နိုင်ဘူး...ဒီလောက်တိုတောင်းတဲ့အချိန်ကာလအတွင်းမှာ သူက လုံချီနယ်ပယ်ကိုချိုးဖျက်နိုင်ပြီး နက္ခက်တာရာပြောင်းလဲခြင်းနယ်ပယ်ကိုရောက်ရှိသွားတာလား"
Chapter 152
လုယွီ၏ခန္ဓာကိုယ်ဘေးပတ်လည်တွင် ယင်ချီဝဲကတော့ကြီး ထွက်ပေါ်နေလေ၏။ နှစ်ပေါင်းကြာရှည်စွာ ငြိမ်သက်နေပုံရသည့် ယင်ချီအခိုးအငွေ့များသည် နောက်ဆုံး၌ ထွက်ပေါက်တွေ့သွားသဖြင့် လုယွီ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာကြသည်။
ဘုန်း....ဘုန်း....ဘုန်း....
လုယွီ၏ခန္ဓာကိုယ်အတွင်းတွင် မိုးခြိမ်းသံများပဲ့တင်ထပ်ထွက်ပေါ်နေပြီး ပတ်ဝန်းကျင်တွင်ဂယက်လှိုင်းများထနေလေသည်။
"ကောင်းလိုက်တဲ့ကောင်...ငါရဲ့မျက်လုံးတွေက ဒီနေ့ငါကိုလှည့်စားနေတာလား....တစ်ရက်တောင်မကြာသေးဘူး...သူက လုံချီနယ်ပယ်ကို ဖြတ်ကျော်သွားနိုင်ပြီ"
ဖက်တီးကျန်း၏ပါးစပ်ပွင့်ဟနေပြီး သူ၏မျက်လုံးများကလည်း အံ့အားသင့်တုန်လှုပ်မှုများပြည့်နှက်နေသည်။
လုံချီနယ်ပယ်အဆင့်မှ ဤကဲ့သို့ဖြတ်ကျော်နိုင်သည့်နည်းလမ်းမျိုးရှိသည်မှာ အမှန်ပင်လော...
အလယ်ပိုင်းကုန်းမြေတွင် မရေမတွက်နိုင်သည့် ပြိုင်ဘက်ကင်းပါရမီရှင်များ ရှိကြ၏။ သူတို့၏ကျင့်ကြံဆင့်ချိုးဖျက်နှုန်းသည် ဖော်ပြနိုင်စွမ်းမရှိသည်အထိ လျှင်မြန်သော်လည်း သူတို့အနက်မှတစ်ဦးတစ်လေမျှ လုယွီကဲ့သို့ အဆင့်ချိုးဖျက်ခြင်းမရှိကြချေ။
ထိုသို့ အဆင့်ချိုးဖျက်ခြင်းက မည်သည့်အခြင်းအရာမျိုးဖြစ်သနည်း။ သူ၏ခွန်အားကိုမြင့်တတ်စေရန်အတွက် ကျင့်ကြံရန်လိုအပ်ခြင်းမရှိသလော။
"ယင်ချီတွေက မလုံလောတ်ဘူး"
ရုတ်တရက် လုယွီက မကြုံစဖူးတောက်ပနေခဲ့သည့် သူ၏မျက်လုံးများကို ဖွင့်လိုက်လေ၏။
ယခုလက်ရှိတွင် သူက လုံချီနယ်ပယ်၏နဝမအဆင့်သို့ရောက်ရှိနေပြီး နက္ခက်တာရာပြောင်းလဲခြင်းနယ်ပယ်သို့ရောက်ရှိရန်ခြေတစ်လှမ်းသာလိုတော့သည်။
ဤခန်းမနေရာသည် လုယွီ၏အတိတ်ဘဝတွင် သူနေထိုင်ခဲ့သည့်နေရာဖြစ်သည်။ ထို့ကြောင့် လုယွီက ဤနေရာနှင့် အလွန်ရင်းနှီးကျွမ်းဝင်ပေသည်။
မူလက ဤနေရာတွင် အလွန်ကြီးမားသည့်နဂါးပလ္လင်ကြီးရှိပြီး မြေအောက်လောကဘုံ၁၈ခုမှ မရေမတွက်နိုင်သည့်ထိပ်သီးကျွမ်းကျင်သူများက မြေအောက်လောကတာအိုသခင်ကို လာရောက်ဂါရဝပြုကြသည့်နေရာဖြစ်သည်။
သို့သော် ယခုလက်ရှိတွင်မူ အရာရာတိုင်းပျောက်ဆုံးကုန်ပြီသာ ဖြစ်ပေ၏။
စင်မြင့်ပေါ်တွင် နဂါးပလ္လင်က ပျောက်ဆုံးသွားပြီး ခေါင်းတလားတစ်လုံးသာ ကျန်ရစ်တော့သည်။ စင်မြင့်၏အောက်ခြေတွင် မြေအောက်လောကတာအိုသခင်ကို သစ္စာစောင့်သိခဲ့ကြသော ထိပ်သီးကျွမ်းကျင်သူများသည် အရိုးတစ်ပုံထက်ပို၍ တည်ရှိခြင်းမရှိကြတော့ချေ။
လုယွီ၏ရင်ဘတ်မှ လျှို့ဝှက်ဆန်းကြယ်သော ထိုက်ကျိအမှတ်အသားသည် ယင်ချီအမြောက်အများလိုအပ်ပေသည်။ ထို့ကြောင့် လုယွီသည် ယင်ချီလုံလောက်ခြင်းမရှိသဖြင့် အဆင့်ချိုးဖျက်နိုင်ခြင်းမရှိခဲ့ချေ။
ရုတ်တရက် လုယွီ၏အကြည့်သည် စင်မြင့်ပေါ်ရှိ ခေါင်းတလားပေါ်သို့ ကျရောက်သွားခဲ့သည်။
သူမက မုရွှယ်လန်ဖြစ်ပေ၏။ လုယွီက ယဲ့ရွှယ်လန်ကို မြင်နေရသော်လည်း သူမ၏အော်ရာကို ခံစားနိုင်ခြင်းမရှိခဲ့ချေ။ တစ်ခြားတစ်နည်းဖြင့်ဆိုရလျှင် ယဲ့ရွှယ်လန်က သေဆုံးသွားခဲ့ပြီဖြစ်သည်။
သူမ မည်သည်ကြောင့် သေဆုံးသွားရသနည်း...
ယဲ့ရွှယ်လန်သည် နူးညံသိမ်မွေ့သည့် သဘောထားရှိသူဖြစ်ပြီး ရန်သူမရှိသလောတ်ရှားပါးလေသည်။
ထပ်ပေါင်းပြောရလျှင် သူမသည်လည်းတာအိုသခင်တစ်ယောက်ဖြစ်ပေ၏။ သူမအားရင်ဆိုင်တိုက်ခိုက်နိုင်သည့်လူသည် ကမ္ဘာလောကဆယ်ခုအတွင်းတွင်ပင် လက်တစ်ဖက်စာမပြည့်ချေ။
ထိုအချိန်မှာပင် ယင်လော့ဂိုဏ်းနှင့်ကျင့်ကြံသူများကြားရှိ တိုက်ပွဲသည်လည်း အထွက်အထိပ်သို့ရောက်ရှိနေခဲ့သည်။
"ငါ မင်းတို့ကို ထွက်သွားဖို့ပြောခဲ့တယ်...ဒါပေမယ့် မင်းတို့က မသွားဘူး....မင်းတို့ သေဖို့သာပြင်ထားကြ"
ဆန်းကြယ်နန်းတော်သခင်သည် ဒေါသထွက်နေလေ၏။ မူလက သူသည် နည်းလမ်းတစ်ချို့ကိုအသုံးပြု၍ ယဇ်ပလ္လင်ကိုကာကွယ်ထားသည့် ဝင်္ကပါစိတ်ဝိညာဉ်ကိုရင်ဆိုင်ရန် စီစဉ်ထားခဲ့သည်။
သို့ရာတွင် ထိုကျင့်ကြံသူများက ဤနေရာ၌ ပေကပ်နေပြီး သူ၏အစီအစဉ်များကို ကြားဖြတ်နှောက်ယှက်မည်ဟု မျှော်လင့်ထားခြင်းမရှိပေ။
ကျန်းထျန်းရှုံးက ကြည်လင်ပြတ်သားသောအသံဖြင့် ပြောဆိုလိုက်သည်။
"ယင်လော့ဂိုဏ်း....မင်းတို့ရဲ့သားရဲတွင်းကို ပြန်သွားကြစမ်း...ဒီနေရာက မင်းတို့မဆင်မခြင်လုပ်လို့ရတဲ့နေရာမဟုတ်ဘူး"
ယခုအချိန်တွင် ဝင်္ကပါပညာရှင်များသည်လည်း အားအင်ပြန်လည်ပြည့်ဖြိုးနေပြီဖြစ်သည်။ ကျင့်ကြံသူများက သူတို့၏ဆေးပြားများကို ဝင်္ကပါပညာရှင်များထံပေးအပ်၍ ပြန်လည်ကုစားစေခြင်းဖြစ်သည်။
သူတို့က ချက်ချင်းပင် ဝင်္ကပါပုံစံကိုခင်းကျင်း၍ အဆတ်မပြတ်ရှေ့သို့ ဖိအားပေးလိုက်သည်။ ယင်လော့ဂိုဏ်းမှလူများသည် သူတို့ကိုအပြည့်အဝ ဟန့်တားနိုင်ခြင်းမရှိတော့ဘဲ အမှန်တစ်ကယ်ကိုပင် နောက်သို့ဆုတ်ပေးလိုက်ရသည်။
"ငါက မင်းတို့ကို မျက်နှာသာပေးခဲ့ပေမယ့် မင်းတို့က ငြင်းဆန်ခဲ့ကြတယ်...သေကြစမ်း"
ဆန်းကြယ်နန်းတော်သခင်က ရုတ်တရက် သူ၏သိုလှောင်အိတ်အတွင်းမှ အနက်ရောင်ကျောက်တုံးအနည်းငယ်ကို ထုတ်ယူလိုက်သည်။
အပေါ်ယံတွင်မူ ထိုကျောက်တုံးများနှင့်ပတ်သတ်၍ မည်သည့်ထူးခြားချင်မျှ ရှိပုံမရချေ။ သို့သော် ကျန်းထျန်းရှုံးတို့ထိပ်သီးကျွမ်းကျင်သူတစ်စုက ထိုကျောက်တုံးများကို မြင်ချိန်တွင် သူတို့၏စိတ်နှလုံးသားများ တင်းကျပ်သွားပြီး အော်ဟစ်လိုက်ကြသည်။
"တစ္ဆေဘုရင် မိုးကြိုး"
"သွားကြစို့"
မည်သည့်တုံဆိုင်းနေခြင်းမျှမရှိဘဲ ကျန်းထျန်းရှုံးတို့လူစုက ထွက်ခွာရန် ပြန်လှည့်လိုက်ကြသည်။
ဆန်းကြယ်နန်းတော်သခင်က အေးစက်စက်ရယ်မောလိုက်လေ၏။
"မင်းတို့ လွတ်မြောက်နိုင်မယ်လို့ ထင်နေကြတာလား"
ဝွစ္....
ထိုအနက်ရောင်ကျောက်တုံးများသည် ဆန်းကြယ်နန်းတော်သခင်က ပစ်လွှက်လိုက်သည်နှင့် ချက်ချင်းပင် ပေါက်ကွဲသွားကြသည်။
ဘုန်း...
ကောင်းကင်နှင့်မြေကြီးပင်တုန်ဟီးသွားစေသော ပေါက်ကွဲသံကြီးအား လူတိုင်းကြားလိုက်ရသည်။
ကျင့်ကြံသူတစ်ချို့သည် အချိန်မှီ ရှောင်ရှားနိုင်ခြင်းမရှိသဖြင့် ပေါက်ကွဲမှုနှင့်ရိုက်ခတ်မိပြီး ချက်ချင်းဆိုသလိုပင် သူတို့၏စိတ်ဝိညာဉ်များ ပျောက်ဆုံးသွားခဲ့သည်။
"ဒီခေါင်းတလားထဲက ရတနာက ငါတို့ယင်လော့ဂိုဏ်းပိုင်ဆိုင်တာ...ပုရွတ်ဆိတ်တစ်စုကများ ငါရဲ့ရတနာတွေကို မျက်စောင်းလာထိုးဝံ့တယ်"
ဆန်းကြယ်နန်းတော်သခင်က ကျင့်ကြံသူတစ်စုကို အထင်အမြင်သေးစွာဖြင့်ကြည့်ရှုလိုက်ပြီးနောက် သူကထပ်မံ၍ လက်ဝါးရိုက်ချက်တစ်ချက်ကို ဖော်ထုတ်လိုက်သည်။
တုန်ခါနေသောအသံကြီးနှင့်အတူ ဝင်္ကပါစိတ်ဝိညာဉ်၏ပုံရိပ်က ပို၍မှေးမှိန်လာခဲ့သည်။
"တာအိုသခင်....အစေခံအိုကြီးက ထပ်ပြီးအကာအကွယ်မပေးနိုင်တော့ဘူး"
ဝင်္ကပါစိတ်ဝိညာဉ်၏ပူဆွေးဝမ်းနည်းနေသောအသံက ခန်းမကြီးအတွင်းတွင် ပဲ့တင်ထပ်နေလေသည်။
"အိုမင်းနေတဲ့ဟာကြီး...ခင်ဗျားအသက်ရှင်နေတာလုံလောတ်ပြီ...သေစမ်း"
ဆန်းကြယ်နန်းတော်သခင်သည် အေးစက်စက်ရယ်မောပြီးနောက် သူက ဝင်္ကပါစိတ်ဝိညာဉ်ထံသို့ လက်ဝါးတစ်ချက်ရိုက်ထုတ်လိုကိသည်။
Chapter 153
ဝင်္ကပါစိတ်ဝိညာဉ်၏ခါးကုန်းနေသောခန္ဓာကိုယ်သည် တဟုန်ထိုးတိုက်ခိုက်လာမှုများနှင့် ရင်ဆိုင်ရချိန်တွင် သေးငယ်သွားပုံမြင်ရသည်။
"ထွက်သွားစမ်း"
ဆန်းကြယ်နန်းတော်သခင်က ကျယ်လောင်စွာအော်ဟစ်လိုက်ပြီးနောက် သူ၏လက်ဝါးမှစွမ်းအင်များ ပေါက်ကွဲထွက်လာပြီး ခါးကုန်းအဖိုးအိုအား အမှန်တစ်ကယ်ပင် နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်သွားစေသည်။
ခါးကုန်းအဖိုးအို၏နောက်ဆုတ်ရာလမ်းတစ်လျှောက်တွင် များစွာသောအက်ကွဲကြောင်းများက မြေပြင်ပေါ်တွင် ထွင်းထုထားသကဲ့သို့ ထွက်ပေါ်လာသည်။
ယဇ်ပလ္လင်တစ်ခုလုံးကို ဤနေရာတွင် အခိုင်အမာတည်ဆောက်ထားသော်လည်း ဆန်းကြယ်နန်းတော်သခင်၏အစွမ်းထက်သောတိုက်ခိုက်မှုအောက်တွင် အနည်းငယ်ယိုယွင်းပျက်စီးခဲ့ရသည်။
ခါးကုန်းအဖိုးအို၏ပုံရိပ်သည် ရှင်းလင်းသဲကွဲစွာ မမြင်ရလုနီးပါး အခြေအနေထိ အဆတ်မပြတ်မှေးမှိန်လာခဲ့သည်။
နောက်ဆုံးတွင် ကမ္ဘာပျက်လုမတတ်တုန်ခါသံနှင့်အတူ အဖိုးအို၏ခြေထောက်အောက်ရှိ အက်ကွဲကြောင်းကြီးများသည် ပြန့်ကျဲလာလေ၏။
မြောက်မြားစွာသည့် အက်ကွဲကြောင်းများ ပျံ့နှံ့နေလေသည်။ အဖိုးအိုက ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး နောက်ဆုံးတွင်မူ သဲလွန်စမကျန်ရှိတော့ဘဲ ပျောက်ကွယ်သွားတော့သည်။
"ဟား ဟား...အခု ဒီနတ်ဘုရားလက်နက်နှစ်ခုက ငါ့ဟာဖြစ်ပြီကွ"
ဆန်းကြယ်နန်းတော်သခင်၏လက်များက နတ်ဘုရားလက်နက်နှစ်ခုကို ထိကိုင်လိုက်လေ၏။
ဝီ....ဝီ....ဝီ....
ချိပ်ပိတ်ထားမှုများမှ အသက်ဝင်လာခဲ့ပြီး နတ်ဘုရားလက်နက်နှစ်ခုမှ တစ္ဆေအလင်းရောင် တောက်ပလာလေသည်။
"ဒါက တစ်ကယ်ကို ပစ္စည်းကောင်းတွေပဲ"
ဆန်းကြယ်နန်းတော်သခင်၏မျက်လုံးများ တောက်ပသွားလေ၏။ သူက ထိုအခြေအနေကို မျှော်လင့်ထားပြီးပုံရသည်။
ရုတ်တရက် သူ၏ပါးစပ်မှနေ၍ ရှည်လျှားသည့် မန္တန်တစ်ပုဒ်ထွက်ပေါ်လာခဲ့သည်။ ထိုမန္တန်ရွတ်ဆိုသံကိုကြားရသည့် မည်သူမဆို မိန်းမောတွေဝေမှုကို ခံစားမိလေသည်။
"ယင်လော့ဂိုဏ်းရဲ့ နတ်ဆိုးအရှင်သခင်မန္တန်"
ကျန်းထျန်းရှုံး၏အမူအယာ ပျက်ယွင်းသွားလေ၏။
ပိုင်ဆုချင်က သူမ၏ကြာပွတ်ကိုလှုပ်ခတ်လိုက်သည်တွင် ယင်လော့ဂိုဏ်းမှလူများလွင့်စင်ထွက်သွားကြသည်။ သူတို့က ဆန်းကြယ်နန်းတော်သခင်မန္တန်ရွတ်ဆိုနေသည့် မြင်ကွင်းကိုမြင်ချိန်တွင် နောက်သို့ဆုတ်လိုက်ကြသည်။
ကျင့်ကြံသူများသည် ယခုလက်ရှိတွင် ဘေးကျပ်နံကျပ်အနေအထားသို့ ရောက်ရှိနေကြပြီး နန်းတော်သခင်ပြုလုပ်နေသည့်အရာကို မတားဆီးနိုင်ကြသည့်အတွက် စောင့်ကြည့်နေရုံသာ တတ်နိုင်ပေသည်။
"နတ်ဆိုးအရှင်သခင်က ကမ္ဘာလောကကို ဆင်းသက်လာပြီ...ကောင်းကင်ဘုံရဲ့အပြစ်ဒဏ် ကျဆင်းစေ"
ဆန်းကြယ်နန်းတော်သခင်က သူ၏လက်ဝါးနှစ်ဖက်ကို အထက်သို့မြှောက်ထားသည်။ မန္တန်ရွတ်ဆိုသံနှင့်အတူ သူ၏အော်ရာသည်လည်း ပို၍အံ့အားသင့်တုန်လှုပ်ဖွယ် ကောင်းလာခဲ့သည်။
သူ၏ခြေထောက်အောက်ရှိမြေပြင်သည် စတင်တုန်ခါလာလေ၏။ မြောက်များစွာသည့် ကျောက်တုံးကြီးများသည် ခန်းမကြီး၏မျက်နှာကြက်မှ မြေပြင်ပေါ်သို့ အဆတ်မပြတ်ကျဆင်းလာခဲ့သည်။
ဆန်းကြယ်နန်းတော်သခင်၏ခန္ဓာကိုယ်အထက်တွင် ကြီးမားသည့်ပုံရိပ်ကြီး ထွက်ပေါ်လာလေ၏။ ထိုပုံရိပ်သည် ဖော်ပြမစွမ်းသည်အထိ မြင့်မားပေသည်။ ပုံရိပ်တွင် ဦးခေါင်းပါရှိခြင်းမရှိဘဲ လူရိုင်းဝတ်စုံကို ဝတ်ဆင်ထားခဲ့သည်။ သူထံမှ အရှိန်အဝါများ အရူးအမူးထွက်ပေါ်နေပြီး ပြိုင်ဘက်ကင်းသောနတ်ဆိုးအရှင်သခင်နှင့် တူညီနေသည်။
ဆန်းကြယ်နန်းတော်သခင်သည် ထိုပုံရိပ်ကိုထိန်းချုပ်၍ ခေါင်းတလားအတွင်းရှိ ဆေဘာဓားနှစ်ချောင်းကို ဆွဲယူလိုက်သည်။
ဝီ....ဝီ....
ဆေဘာဓားနှစ်ချောင်းသည် အသက်ဝင်လာကြပြီး ထိတ်လန့်ကြောက်ရွံဖွယ်အော်ရာကို ထုတ်လွှတ်နေခဲ့သည်။
အစွမ်းထက်သောအင်အားနှစ်ခုသည် တစ်ချိန်တည်း တစ်ခုနှင့်တစ်ခု ဆန့်ကျင်တိုက်ခိုက်မိစဉ်တွင် လေထုအတွင်း၌ပင် ကြီးမားသည့်အက်ကွဲကြောင်းကြီးတစ်ကြောင်းဖြစ်ပေါ်သွားစေသည်။
"အဲ့ဒါတွေ ငါကိုပေးစမ်း"
ဆန်းကြယ်နန်းတော်သခင်က ရုတ်တရက် ပို၍ပင်အားကောင်းသည့် စွမ်းအင်ကိုထုတ်လွှတ်လိုက်သည်။
ထူထဲသောသွေးပြန်ကြောများသည် ရှန်းထျန်းကောင်းကင်ဘုံ၏နတ်ဆိုးအရှင်သခင် ထင်ယောင်ထင်မှားခန္ဓာကိုယ်ပေါ်ရှိ လက်မောင်းများပေါ်တွင် ထွက်ပေါ်လာခဲ့သည်။ တောင်ကြီးနှစ်လုံးကဲ့သို့လေးလံသောဆေဘာဓားနှစ်ချောင်းသည် နတ်ဆိုးအရှင်သခင်၏မယူခြင်း ခံလိုက်ရသည်။
"ယင်လော့ဂိုဏ်းရဲ့နန်းတော်သခင် အောင်မြင်သွားပြီ"
"နောက်ဆုတ်ကြ"
ပိုင်ဆုချင်နှင့်ကျန်းထျန်းရှုံးတို့သည် တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြပြီး တပြိုင်နက်တည်းနောက်ဆုတ်လိုက်ကြသည်။
သို့ရာတွင် သူတို့ထွက်ခွာရန်ပြင်ဆင်နေစဉ်မှာပင် ဆန်းကြယ်နန်းတော်သခင်က သူ၏ခေါင်းကိုလှည့်ပြီး လွတ်မြောက်ရန်ကြိုးစားနေသည့်ကျင့်ကြံသူများကို ကြည့်လိုက်သည်။
"အခုက မင်းတို့သွားဖို့ အရမ်းနောက်ကျသွားပြီ"
ဆန်းကြယ်နန်းတော်သခင်၏ ရက်စက်ယုတ်မာတော့မည့်အသံကြီးသည် ခန်းမတစ်ခုလုံး၌ ပဲ့တင်ထပ်နေခဲ့သည်။
"မင်းတို့က ငါတို့ယင်လော့ဂိုဏ်းရဲ့ လျှို့ဝှက်ချက်တွေကို သိသွားပြီဆိုမှတော့ ထွက်သွားဖို့မစဉ်းစားကြနဲ့"
"ကောင်းကင်ပျံဝဲတာအိုသခင်...သခင်ရဲ့တော်ဝင်စီရင်ချက်က လေကဲ့သို့ပျံ့နှံ့ပါစေ"
ပိုင်ဆုချင်က သူမ၏ကြာပွတ်ကို လှုပ်ယမ်းလိုက်သည်တွင် မန္တန်စာလုံးရှစ်လုံးက ဆန်းကြယ်နန်းတော်သခင်ထံသို့ တိုးဝင်သွားကြသည်။
"ထပ်ပြီးတိုက်ခိုက်ရဲသေးတာလား...ဟမ့်....ကိုယ်နေရာကိုယ်မသိတဲ့ကောင်မလေးပဲ....ကြည့်ရတာတော့ လင်းရှောင်ဂိုဏ်းမှာ အသုံးဝင်လာမယ့် ပါရမီရှင်မျိုးမရှိဘူးထင်တယ်"
နန်းတော်သခင်က လှောင်ပြောင်ပြောဆိုလိုက်ပြီးနောက် နတ်ဆိုးအရှင်သခင်ရှင်းထျန်း၏ဧရာမခန္ဓာကိုယ်ကြီးမှ ပုဆိန်ကြီးတစ်ခုထွက်ပေါ်လာပြီး ပိုင်ဆုချင်အား ခုတ်ပိုင်းချလိုက်သည်။
ဝွစ္...
လေထုကိုပိုင်းဖြတ်လိုက်သော ပုဆိန်သံကြီး ပေါ်ထွက်လာလေ၏။
ခန်းမရှိ မြောက်များစွာသောအုတ်များ ပြန့်ကျဲသွားပြီးနောက် မြေပြင်ပေါ်တွင်နက်ရှိုင်းသည့် အက်ကွဲကြောင်းကြီးလည်း ရုတ်တရက်ဖြစ်ပေါ်လာခဲ့သည်။
ကျင့်ကြံသူများအနက်မှတစ်ယောက်သည် ရှောင်လွှဲရန်အချိန်မရသဖြင့် ပုဆိန်ခုတ်ချက်ကြောင့် နှစ်ခြမ်းကွဲသွားခဲ့သည်။ ၊ကျိုးပဲ့နေသောအလောင်းသည် ပုဆိန်၏အရှိန်အဝါကြောင့် အပိုင်းပိုင်းအစစဖြစ်သွားခဲ့သည်။
"ငါမှာ မင်းတို့ကိုဖမ်းပြီးရင် လုပ်ရမယ့်ကိစ္စတွေရှိသေးတယ်"
ဆန်းကြယ်နန်းတော်သခင်က နောက်သို့ပြန်လှည့်ပြီး ခေါင်းတလားအတွင်းရှိမိန်းမပျို၏ရုပ်အလောင်းကို ကြည့်ရှုလိုက်သည်။
"တစ်ကယ်လို့ ကောင်းကင်ဘုံနယ်ပယ်ထိပ်သီးကျွမ်းကျင်သူတစ်ယောက်ကို အလောင်းရုပ်သေးအဖြစ်သာ သန့်စင်နိုင်ရင် သူမက ဘယ်လောက်ထိသန်မာမယ်ဆိုတာ ငါ အံသြမိတယ်"
ဆန်းကြယ်နန်းတော်သခင်၏မျက်လုံးများ ဝင်းလက်တောက်ပသွားလေ၏။
Chapter 154
ထိုအချိန်မှာပင် သရဲတစ္ဆေစစ်သားများ ဝန်းရံနေသည့် လုယွီ၏ရှေ့တွင် ပုံရိပ်တစ်ခုထွက်ပေါ်လာခဲ့သည်။ ထိုပုံရိပ်သည် အစောပိုင်းက ယဇ်ပလ္လင်အားစောင့်ကြပ်နေပြီး ဆန်းကြယ်နန်းတော်သခင်၏လက်ချက်ဖြင့် လွင့်ပြယ်ခဲ့သော ဝင်္ကပါစိတ်ဝိညာဉ်ဖြစ်သည်။
သို့သော် ယခုလက်ရှိချိန်တွင် ဝင်္ကပါစိတ်ဝိညာဉ်က အလွန်အမင်းအားနည်းနေလေ၏။ သူ၏ပုံရိပ်ပင်လျှင် အလွန်ပင် မှုန်ဝါးဝါးဖြစ်နေခဲ့သည်။
"မင်းက..."
ခါးကုန်းအဖိုးအိုက သူ၏မျက်စိများကိုစောင်း၍ လုယွီကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်သည်။
သို့သော် သူ၏မှတ်ဉာဏ်များအတွင်းတွင် လုယွီအား သိရှိခြင်းရှာဖွေမတွေ့ချေ။ ယခုလက်ရှိတွင် ခါးကုန်းအဖိုးအိုသည် ဆန်းကြယ်နန်းတော်သခင်ကြောင့် ဖျက်ဆီးခံထားရပြီး လုယွီက အချိန်မှီ သူ၏စိတ်ဝိညာဉ်ပျက်စီးခြင်းမှ ကယ်တင်ခဲ့ခြင်းဖြစ်သည်။
ခန်းမအတွင်းရှိ ဝင်္ကပါတစ်ခုလုံးကို လုယွီက အပြည့်အဝထိန်းချုပ်ထားပြီးဖြစ်သည်။ တစ်ခြားတစ်နည်းပြောရလျှင် လုယွီသည် ယခင်ကတည်းက ဤဝင်္ကပါကြီးကိုခင်းကျင်းခဲ့သူဖြစ်သဖြင့် ၎င်းကိုထိန်းချုပ်နိုင်ရန် အားစိုက်ထုတ်စရာမလိုခဲ့ချေ။
"မဟုတ်သေးဘူး...အဟွက်....အဟွက်...အဟွက်...မင်းက ဘာလို့ ဝင်္ကပါကိုထိန်းချုပ်နိုင်ရတာလဲ...မင်းက ဘယ်သူလဲ"
ခါးကုန်းအဖိုးအိုက တုန်ရီနေသောလေသံဖြင့် မေးမြန်းလိုက်သည်။
"ရှောင်ရှန့်...ခင်ဗျား တစ်ကယ်ကို အိုမင်းသွားပြီပဲ"
လုယွီက လေးလံသည့်သက်ပြင်းတစ်ချက် ချလိုက်လေ၏။
ထိုနာမည်ခေါ်သံကိုကြားချိန်တွင် ခါးကုန်းအဖိုးအို၏မိန်းမောတွေဝေနေသည့် မျက်လုံးများက ရုတ်တရက် တောက်ပသွားခဲ့သည်။
ရုတ်ချည်းဆိုသလိုပင် လုယွီ၏ခန္ဓာကိုယ်မှနေ၍ထုတ်လွှတ်ထားသည့် အော်ရာတစ်ခုကို ဝင်္ကပါစိတ်ဝိညာဉ်က ခံစားမိလေ၏။ ထိုအော်ရာသည် သူ၏အရိုးအတွင်းထိ နက်ရှိုင်းစွာဖြင့် ထိုးဖောက်ဝင်ရောက်ပြီးသား ဖြစ်ပေသည်။ အကယ်၍ သူသေဆုံးသွားလျှင်ပင် ထိုအော်ရာကို မေ့လျော့မည်မဟုတ်ချေ။
"မင်းက.....တာအိုသခင်...ကျွန်တော်သိပါပြီ...ဒီကျွန်အိုကြီးက တာအိုသခင်ကိုမမှတ်မိတဲ့အတွက် သေသင့်ပါတယ်"
ခါးကုန်းအဖိုးအို၏မျက်လုံးများအတွင်းတွင် မျက်ရည်များစိုရွှဲနေလေ၏။
လုယွီ၏စိတ်နှလုံးသားသည်လည်း မိတ်ဆွေဟောင်းတစ်ယောက်ကို ဤနည်းဖြင့် ပြန်လည်ဆုံတွေ့ရသည့်အတွက် သည်းထန်စွာနာကျင်နေခဲ့သည်။
"ပြင်ပကမ္ဘာလောကမှာ အရှင်ကိုသေပြီဆိုပြီးပြောနေကြပေမဲ့ ကျွန်တော်တို့က မယုံကြည်ခဲ့ဘူး...တာအိုသခင်က အသက်ရှင်နေဆဲ....."
ခါးကုန်းအဖိုးအို၏ပုံရိပ်သည် အဝေးသို့စတင်လွင့်ပါးစပြုလာတော့သည်။
ဝင်္ကပါစိတ်ဝိညာဉ်သည် ဝင်္ကပါကိုမှီခို၍ အသက်ရှင်နေရခြင်းဖြစ်သည်။ လက်ရှိဝင်္ကပါသည် ဆန်းကြယ်နန်းတော်သခင်၏လက်ချက်ဖြင့် နေရာတော်တော်များများ ပျက်စီးခဲ့ပြီးဖြစ်သည်။
ဝင်္ကပါစိတ်ဝိညာဉ်သည် သူ၏မှီတွယ်စရာနေရာ ပျောက်ဆုံးသွားသဖြင့် တဖြည်းဖြည်းစတင်လွင့်ပါးလာခြင်းဖြစ်သည်။
"ယဲ့ရွှယ်လန်က အရှင်သေချာပေါက်ပြန်လာလိမ့်မယ်လို့ ပြောခဲ့တယ်....သူမက အရှင်ကိုတစ်ချိန်လုံးစောင့်နေခဲ့တာ...."
်ခါးကုန်းအဖိုးအို၏အသံသည် တစတစဖြင့် တိမ်ဝင်သွားခဲ့သည်။
ဝင်္ကပါစိတ်ဝိညာဉ်သည် ဝင်္ကပါမှမွေးဖွားလာပြီး ဝင်္ကပါပျက်စီးလျှင် သေဆုံးရပေမည်။
ထိုအရာက သူ၏ကံကြမ္မာဖြစ်ပေသည်။
ဖက်တီးကျန်း၏ပါးစပ်အဟောင်းသားပွင့်နေပြီး လုယွီကို မယုံကြည်နိုင်မှုများဖြင့် ငေးမောကြည့်နေမိသည်။ လုယွီသည် ဤနေရာမှ ဝင်္ကပါစိတ်ဝိညာဉ်ဖြင့် သိကျွမ်းနေမည်ဟု သူ မည်သည့်အချိန်ကမျှ တွေးတောထားခြင်းမရှိချေ။
လုယွီက ယခုလက်ရှိတွင် သူ၏နံဘေးပတ်လည်၌ ဖြစ်ပျက်နေသည်များကို အာရုံစူးစိုက်ခြင်းမရှိတော့ဘဲ မျက်လုံးစုံမှိတ်ပြီး သူ၏ကျင့်ကြံမှုတွင်သာ နစ်မြုပ်ထားလေသည်။
ဝင်္ကပါစိတ်ဝိညာဉ်နောက်ဆုံးလွင့်ပြယ်မသွားခင် ဝင်္ကပါမှ သူစုဆောင်းထားခဲ့သည့် ယင်ချီအားလုံးကို လုယွီ၏ခန္ဓာကိုယ်အတွင်းသို့ လွှဲပြောင်းပေးခဲ့သည်။ ထိုယင်ချီများသည် ဝင်္ကပါ၏အဖိုးတန်ဆုံးအပိုင်း ဖြစ်လေ၏။
မြောက်များစွာသည့် ယင်ချီပမာဏသည် အနက်ရောင်တိမ်တိုက်ကြီးတစ်ခုကဲ့သို့ လုယွီထံသို့ ဘက်ပေါင်းစုံမှ တိုးဝင်လာပြီး ဖိနှိပ်ထားကြသည်။
"ငါ့မှာ စွမ်းအင်စုပ်ယူနိုင်တဲ့ ထိုက်ကျိအမှတ်အသားရှိပြီး စကြာဝဠာခန္ဓာကိုယ်က အဲဒါတွေကို သန့်စင်ပေးနိုင်လိမ့်မယ်...ငါက ဒီယင်ချီတွေကို အပြည့်အဝစုပ်ယူနိုင်လိမ့်မယ်"
လုယွီ၏မျက်လုံးများ တောက်ပသွားလေ၏။
ဝွစ္...
ကြီးမားသည့်ဖိအားတစ်ရပ်က လုယွီ ရှိနေသောနေရာတွင် ဆင်းသက်လာခဲ့သည်။
ဤတစ်ကြိမ်တွင်မူ ဖက်တီးကျန်းက အပြည့်အဝ အသက်ထွက်လုမတတ် အံ့အားသင့်နေခဲ့သည်။
သူ့မျက်လုံးရှေ့၌ ဖြစ်ပျက်နေသည့်အရာဟူသမျှသည် သူ၏နားလည်နိုင်စွမ်းကို ကျော်လွန်သွားခဲ့သည်။
"သူက လုံချီနယ်ပယ်နဝမအဆင့်ကို ရောက်ရှိခဲ့ပြီးပြီ...အခု သူက နက္ခက်တာရာပြောင်းလဲခြင်းနယ်ပယ်ကို ချိုးဖျက်ဝင်ရောက်တော့မှာလား"
ဖက်တီးကျန်း၏ဦးနှောက်သည် တွေးတောရလွန်းသဖြင့် ချာချာလည်နေခဲ့သည်။
လုယွီကို ပါရမီရှင်တစ်ယောက်ဟုပင် ထပ်မံခေါ်ဆို၍ မရတော့ချေ။ သူက နတ်ဆိုးတစ်ကောင်သာ ဖြစ်ပေလိမ့်မည်။
ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက်ပင်လျှင် နယ်ပယ်တစ်ခုမှ တစ်ခြားနယ်ပယ်သို့ ချိုးဖျက်လျှင် နှစ်ပေါင်းများစွာလိုအပ်ပေလိမ့်မည်။
သို့ရာတွင် ယခုနေရာပတ်ဝန်းကျင်၌ မည်သည့်စိတ်ဝိညာဉ်စွမ်းအင်မျှမရှိဘဲ မည်သည့်နည်းလမ်းကိုအသုံးပြု၍ သူကကျင့်ကြံနေသနည်း။
ထိုအချိန်မှပင် ခရုသင်းမှုတ်သံကဲ့သို့အသံတစ်သံက လေထုအတွင်း မြည်ဟီးလာခဲ့သည်။
လုယွီ၏ခန္ဓာကိုယ်ပေါ်ရှိကျန်းချီများသည် တဖြည်းဖြည်း ခရမ်းရောင်သို့ပြောင်းလဲလာသည်ကို မြင်လိုက်ချိန်တွင် ဖက်တီးကျန်း၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားလေ၏။
မူလက လုယွီ၏ နူးညံသိမ်မွေ့သောကျန်းချီများသည် တဖြည်းဖြည်းဖြင့် ပို၍သိပ်သည်းလာခဲ့သည်။ သူ၏ကျန်းချီအနားသတ်များပင်လျှင် ရွှေရောင်သို့ စတင်ပြောင်းလဲလာခဲ့သည်။
ရုတ်တရက် လုယွီ၏ခန္ဓှာကိုယ်တစ်ခုလုံး တုန်ရီသွားလေ၏။ သူ၏ခန္ဓာကိုယ်မှ အလင်းရောင်များတောက်ပလာပြီးနောက် သူ၏စိတ်ဝိညာဉ်အာရုံများ ပို၍ကြည်လင်ပြတ်သားပြီး ထင်ရှားလာလေသည်။
ရုတ်တရက် လုယွီက သူ၏မျက်လုံးများကို ဖွင့်လိုက်လေ၏။ သူ၏မျက်လုံးမှနေ၍ တစ်ခြားသူများ၏စိတ်အာရုံကို ဆွဲဆောင်နိုင်သည့် အလင်းရောင်တန်း ထွက်ပေါ်လာပေသည်။
ဖက်တီးကျန်းက ကြောက်ရွံတုန်လှုပ်မှုကြောင့် ဖြူ ဖတ်ဖြူ ရော် ဖြစ်သွားခဲ့သည်။
"တော်လိုက်တဲ့ကောင်...မင်းက နက္ခက်တာရာပြောင်းလဲခြင်းနယ်ပယ်ကို ရောက်သွားပြီပေါ့"
Chapter 155
ယဇ်ပလ္လင်ပေါ်တွင် ရုတ်တရက် ဆန်းကြယ်နန်းတော်သခင်က သူ၏လက်ကို ခေါင်းတလားအတွင်းမှအမျိုးသမီး၏နဖူးပေါ်သို့ တင်လိုက်သည်။
သေဆုံးနေသည့်တိုင် ထိုမိန်းမပျို၏ပြိုင်ဘက်ကင်းအလှက အနည်းငယ်မျှပင် ယုတ်လျော့သွားခြင်းမရှိပေ။ ထိုအစား သူမထံမှ တောက်ပသည့်အရောင်များပင်ထွက်ပေါ်နေသည်။
ဆန်းကြယ်နန်းတော်သခင်က သေဆုံးနေသောမိန်းမပျိုကို ထွင်းဖောက်မြင်နေရသည့်အလား ထိန်းမနိုင်သိမ်းမနိုင် ကြည့်ရှုနေခဲ့သည်။
"ကောင်းတယ်...အရမ်းကောင်းတယ်"
ဆန်းကြယ်နန်းတော်သခင်၏မျက်လုံးများ ဝင်းလက်တောက်ပနေလေ၏။
ယင်လော့ဂိုဏ်း၏ကျင့်ကြံမှုနည်းစနစ်များတွင် အလောင်းကောင်များကိုထိန်းချုပ်၍ သူတို့၏ကိုယ်ပိုင်ခွန်အားတိုးစေသောနည်းလမ်းများရှိပေသည်။
အသက်ရှင်စဉ်က အစွမ်းထက်သောကျင့်ကြံသူတစ်ယောက်သည် အလောင်းရုပ်သေးအဖြစ်သို့ ပြောင်းလဲခြင်းခံရစဉ်တွင်လည်း ပိုမိုအားကောင်းလေ၏။
ဆန်းကြယ်နန်းတော်သခင်က ရုတ်တရက် သူ၏လက်ကိုဆန့်ထုတ်ပြီး မိန်းမပျို၏လှပသောမျက်နှာလေးကို ကြင်နာစွာပွတ်သပ်လိုက်သည်။
"သူမ အမှန်တစ်ကယ် သေဆုံးသွားတာ...ဘယ်လောက်သနားဖို့ကောင်းလဲ...တစ်ကယ်လို့ ငါ့နေရာမှာ နန်းတော်ကိုးခုကလူတွေဆိုရင် မင်းရဲ့အလောင်းကိုဖျက်ဆီးပစ်မှာ ငါစိုးရိမ်မိတယ်"
ဆန်းကြယ်နန်းတော်သခင်က သံဝေဂရနေပုံဖြင့် တီးတိုးရေရွတ်လိုက်လေသည်။
"ဟင်း...."
ရှည်လျားသည့် သက်ပြင်းချသံနှင့်အတူ ဆန်းကြယ်နန်းတော်သခင်က သူ၏လက်ကို မိန်းမပျိုထံသို့ ထပ်မံဆန့်တန်းလိုက်သည်။
ဝွစ္...
ရုတ်တရက် စူးရှသည့်ဓားသွားအလင်းရောင်က လေထုကိုဖြတ်သန်းလာလေ၏။
ဆန်းကြယ်နန်းတော်သခင်သည် ဆွံအသွားလေ၏။ သူက နောက်သို့လှည့်ကြည့်လိုက်ရာ သူထံသို့ဦးတည်လာနေသည့် ဆေဘာဓားအလင်းကို မြင်တွေ့ရသည်။
"ေခြးမသား.."
ဆန်းကြယ်နန်းတော်သခင်သည် ဒေါသအမျက်ပြင်းစွာထွက်သွားခဲ့သည်။ ယခုအချိန်တွင် သေဆုံးရန်မကြောက်ရွံသောသူသာလျှင် သူထံသို့တိုးဝင်တိုက်ခိုက်ပေလိမ့်မည်။ သူက ချက်ချင်းပင် နောက်လှည့်၍ လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်သည်။ ကြီးမားသည့်အနက်ရောင်တိမ်စိုင်ကြီးထွက်ပေါ်လာပြီး ဝင်ရောက်တိုက်ခိုက်လာသောလူပုဂ္ဂိုလ်ထံသို့ အပြင်းအထန်တိုးဝင်သွားခဲ့သည်။
ခရက္...
ထိုလူသည် လွင့်စင်ထွက်သွားပြီး ခန်းမ၏နံရံနှင့်အပြင်းအထန်ဆောင့်မိသွားပြီး နံရံပေါ်တွင်အက်ကွဲကြောင်းကြီးများဖြစ်ပေါ်သွားစေသည်။
"ဟမ့်...မင်းက မင်းကိုယ်မင်း အရမ်းအထင်ကြီးနေတာပဲ"
ဆန်းကြယ်နန်းတော်သခင်က အေးတိအေးစက်နှာမှုတ်လိုက်ပြီးနောက် ရုတ်တရက်ထွက်ပေါ်လာသည့် လူပုဂ္ဂိုလ်၏ပုံပန်းသွင်ပြင်ကို လျစ်လျှူ ရှုလိုက်သည်။
သို့သော် ပြိုကျနေသောနံရံများမှ ဖုန်မှုန့်များလွင့်ပြယ်သွားချိန်တွင်မူ နန်းတော်သခင်၏မျက်လုံးများက ရုတ်တရက်အေးစက်တင်းမာသွားခဲ့သည်။
ဘာ...
ထွက်ပေါ်လာသည်က သရဲတစ္ဆေစစ်သားတစ်ယောက်ဖြစ်နေခဲ့သည်။
ဝှစ်...ဝှစ်...ဝှစ်
လေထုကိုထွင်းဖောက်လာသော အသံတစ်ချို့နှင့်အတူ မြောက်များစွာသည့်သရဲတစ္ဆေစစ်သားများက တရကြမ်းတိုးဝင်လာကြသည်။
ထိုသရဲတစ္ဆေစစ်သားများက လက်နက်များကိုကိုင်ဆောင်၍ ဆန်းကြယ်နန်းတော်သခင်အား ဝင်ရောက်တိုက်ခိုက်နေကြခြင်းဖြစ်သည်။
"အစုတ်အပြတ်တစ်သိုက်ကများ....ငါရဲ့ရှေ့မှာ ရိုင်းရိုင်းပျပျလုပ်ဝံ့တယ်ပေါ့"
ဆန်းကြယ်နန်းတော်သခင်က ခက်ထန်စွာဖြင့်အော်ဟစ်လိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်မှ စွမ်းအင်များပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
ဘုန်း....
ချက်ချင်းဆိုသလိုပင် ထိုအချိန်တခဏ၌ ပတ်ဝန်းကျင်ရှိ ဝရုန်းသုန်းကားအသံများအားလုံးသည် တိတ်ဆိတ်သွားပုံရသည်။
သရဲတစ္ဆေစစ်သားများသည် ဆန်းကြယ်နန်းတော်သခင်၏အားနှင့် ထိတွေ့မိချိန်တွင် သူတို့အားလုံးလွင့်စင်ထွက်သွားပြီး မြေပြင်နှင့်ပြင်းထန်စွာရိုက်ခတ်မိလေသည်။
တစ်ချို့သရဲတစ္ဆေစစ်သားများသည် အပြည့်အဝဖျက်ဆီးခံလိုက်ရပြီး သူတို့၏အရိုးများသည် တဖြည်းဖြည်းကြေမွလာပြီး ယင်ချီများလွင့်ပြယ်သွားကာ ပြာများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ခွပ်...ခွပ်...
ပြင်းထန်သည့်ခြေလှမ်းသံများက မြေပြင်ပေါ်တွင်ထွက်ပေါ်လာခဲ့သည်။
မူလကနံဘေးတွင် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် မတ်တတ်ရပ်နေကြသောသရဲတစ္ဆေစစ်သားများသည် ယခုချိန်၌ သူတို့ကအမိန့်တစ်ခုကို တပြိုင်နက်တည်းလက်ခံရရှိခဲ့ပုံပေါ်လွင်နေသည်။ သူတို့က တိုက်ပွဲဝင်ဝင်္ကပါပုံစံကိုဖွဲ့စည်းပြီး ယဇ်ပလ္လင်ပေါ်ရှိ ဆန်းကြယ်နန်းတော်သခင်ထံသို့ လျှောက်လှမ်းသွားကြသည်။
ဆန်းကြယ်နန်းတော်သခင်က မကျေမချမ်းနှာမှုတ်ပြီးနောက် သူ၏အကြည့်က သရဲတစ္ဆေစစ်သားများအကြားမှ လမ်းလျှောက်လာသည့် လုယွီထံသို့ကျရောက်သွားသည်။
"အဲ့ဒီကောင်လေးက ရူးနေတာလား"
"သူက ဘာသွားလုပ်တာလဲ...သူမှာ အဆင့်မြင့်အမိန့်ပေးတံဆိပ်ပြားရှိပြီး သရဲတစ္ဆေစစ်သားတွေကိုအမိန့်ပေးနိုင်ရင်တောင် ယင်လော့ဂိုဏ်းရဲ့နန်းတော်သခင်ရှေ့မှာ အသုံးဝင်မှာမဟုတ်ဘူး"
ကျင့်ကြံသူများအားလုံးက လုယွီကိုစိတ်ရှုပ်ထွေးစွာဖြင့်ကြည့်၍ ဝေဖန်ပြောဆိုနေကြချိန်တွင် ကျန်းယုချင်ကမူ ပို၍ပင်စိတ်ပူပန်တကြီး ဖြစ်နေခဲ့သည်။
"အဖိုး...လုယွီ အဆင်ပြေပါ့မလား"
ကျန်းယုချင်က မေးမြန်းလိုက်လေ၏။
ကျန်းထျန်းရှုံး၏နဖူးပြင်ပေါ်တွင် ချွေးစေးများထွက်ပေါ်လာခဲ့သည်။ ယခုလက်ရှိတွင် သူနှင့်ပိုင်ဆုချင်သည် ဆန်းကြယ်နန်းတော်သခင်၏ကောင်းကင်ဘုံအပြစ်ပေးပုဆိန်လက်အတွင်းမှ အသက်အနည်းငယ်ကယ်တင်နိုင်လျှင်ပင် အကောင်းဆုံးဖြစ်ပေမည်။
ထို့ပြင် လက်ရှိရှိနေသောလူတော်တော်များများသည် သူတို့၏စိတ်ဝိညာဉ်စွမ်းအင်များ ကုန်ဆုံးနေခဲ့ပြီသာဖြစ်လေ၏။
ကျန်းထျန်းရှုံးက လုယွီကို အချိန်အတော်ကြာစိုက်ကြည့်နေပြီးနောက် သူက ကူရာကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်သည်။
"တစ်ခြားနည်းလမ်းမရှိတော့ဘူး...တစ်ကယ်လို့ လုယွီက အတင်းအကျပ်သေချင်နေတာဆိုရင်...ငါတို့က သူကိုလက်လွှက်ဖို့ပဲရှိတယ်"
ကျန်းယုချင်၏မျက်လုံးများ ပြူ းကျယ်သွားလေ၏။
"သူက ကြၽန္မအသက္ကိုကယ္တင္ခဲ့တာ"
"ေပါက္ကရေတြ"
ကျန်းထျန်းရှုံးသည် ချက်ချင်းပင်အော်ငေါက်လိုက်ပြီးနောက် သူက ကျန်းယုချင်ကို ဒေါသတကြီးကြည့်ရှုလိုက်သည်။
"ဆန်းကြယ်နန်းတော်သခင် ဆင့်ခေါ်ခဲ့တာက ရှင်းထျန်းနတ်ဆိုးအရှင်သခင်ပဲ...ငါတို့က လုယွီကို အခွင့်အရေးပေးခဲ့ပေမယ့် သူက ဒီလိုမျိုးသေဆုံးရတော့မယ်....သူကိုကယ်တင်ဖို့အတွက် မင်းရဲ့အသက်ကိုပေးမယ်လို့တော့ ငါကိုမပြောနဲ့"