← Chapters

အခန်း (၁၆၁-၁၆၅)

Vol. 6-10 Ch. 161-165

အခန်း (၁၆၁-၁၆၅)

Vol. 6-10 Ch. 161-165

Chapter 161

လုယွီက သူ၏လက်ကို ခေါင်းတလားပေါ်သို့ တင်လိုက်ချိန်တွင် ရုတ်ချည်းဆိုသလို ယဇ်ပလ္လင်တစ်ခုလုံး တုန်ခါသွားခဲ့သည်။

ကျယ်လောင်သောတုန်ခါသံနှင့်ယှဉ်တွဲ၍ ခေါင်းတလားကြီးသည် ယဇ်ပလ္လင်၏အောက်ခြေသို့ တဖြည်းဖြည်းခြင်း စတင်နစ်မြုပ်သွားတော့သည်။

ယဇ်ပလ္လင်ကို စောင့်ကြပ်နေကြသည့် အရိုးစုများသည် သူတို့၏နောက်ဆုံးတာဝန်ပြီးမြောက်သွားပုံရသည့်အတွက် သူတို့၏အရိုးများက လေထုအတွင်းစတင်မျောလွင့်လာပြီး တဖြည်းဖြည်းခြင်း ပျောက်ကွယ်သွားကြသည်။

"ယင်လော့ဂိုဏ်းကလူတွေ...ထွက်ပြေးဖို့ကြံစည်နေကြတယ်"

"ဘယ်ကောင့်ကိုမှ အသက်ရှင်လျက် ချန်မထားနဲ့...သူတို့အားလုံးကိုသတ်ပစ်"

ဆန်းကြယ်နန်းတော်သခင်ထွက်ခွာသွားပြီးနောက် ခေါင်းဆောင်မရှိတော့သောယင်လော့ဂိုဏ်းမှလူများသည် ကျင့်ကြံသူများ၏အမဲလိုက်ခြင်းကို ခံလိုက်ရသည်။

ကျင့်ကြံသူများသည် အစောပိုင်းက ယင်လော့ဂိုဏ်းမှလူများ၏ဖိနှိပ်ထားခြင်းကို ခံနေရသော်လည်း နောက်ဆုံးတွင် အခြေအနေတစ်ပတ်ပြန်လည်လာပြီး အခွင့်အရေးရရှိလာသဖြင့် လူတိုင်းတတ်ကြွနေလေသည်။

ပြေးကြ..

ယင်လော့ဂိုဏ်းမှလူများသည် နောက်ဆုတ်လိုက်ကြပြီး သူတို့အနက်မှအများစုသည် နောက်ပြန်လှည့်၍ ထွက်ပြေးကြသည်။

ကျင့်ကြံသူများက မည်သည်ကြောင့် အလွတ်ပေးနိုင်မည်နည်း။ သူတို့တစ်ယောက်ခြင်းစီ၏အစွမ်းထက်ဆုံးနည်းစနစ်များကိုအသုံးပြု၍ ယင်လော့ဂိုဏ်းမှလူများကို လိုက်လံသတ်ဖြတ်ကြလေသည်။

အချိန်တခဏအကြာတွင် ယင်လော့ဂိုဏ်းမှလူအားလုံးသတ်ဖြတ်ခြင်းခံလိုက်ရသည်။ ထို့နောက်တွင်မူ ခန်းမကြီးတစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်သွားပြီး ကျင့်ကြံသူများက လုယွီဘက်သို့လှည့်ကြည့်လိုက်ကြသည်။

"ကျေးဇူးတင်ပါတယ်...မိတ်ဆွေငယ်လေးလု...မင်းက ငါတို့ကို ယင်လော့ဂိုဏ်းထံကနေ ကယ်တင်ခဲ့တယ်...ဒါ မင်းက ငါတို့ကျန်းမိသားစုကို တတိယအကြိမ်ကယ်တင်ခြင်းပဲ...အခုချိန်ကစပြီး မင်းက ငါတို့ကျန်းမိသားစုရဲ့ဂုဏ်သရေရှိဧည့်သည်တော်ဖြစ်သွားပြီ...တစ်ကယ်လို့ အနာဂတ်မှာ ငါတို့ကျန်းမိသားစုရဲ့အကူအညီကိုမင်းလိုအပ်မယ်ဆိုရင်....ငါကို အချိန်မရွေးပြောပါ"

ကျန်းထျန်းရှုံးက ရယ်ပြုံးနေရင်းမှ လုယွီအားပြောဆိုလိုက်သည်။

"ကလန်ခေါင်းဆောင်ကျန်း...ခင်ဗျားက အရမ်းသွက်နေပါလား...တစ်ကယ်လို့ ကျုပ်သာ မိတ်ဆွေငယ်လေးနေရာမှာဆိုရင် ခင်ဗျားတို့ကျန်းကလန်ကိုလာဖို့ စိတ်မဝင်စားမှာသေချာတယ်....မိတ်ဆွေငယ်လေး...မင်းက ငါတို့အားလုံးရဲ့အသက်ကိုကယ်ခဲ့တာပါ"

ပိန်ခြောက်ခြောက်အဖိုးအိုက ကျန်းထျန်းရှုးအား လှောင်ပြောင်လိုက်လေ၏။

ပိန်ခြောက်ခြောက်အဖိုးအိုက သူ၏လက်နှစ်ဖက်ကိုဆုပ်ပြီး လေးစားသမှုဖြင့် လုယွီအားပြောဆိုလိုက်သည်။

ဒါနဲ့ မိတ်ဆွေငယ်လေးလု...ဒီအဖိုးကြီးက ကျောက်တုံးကြီးဂိုဏ်းက စွေ့မုန်ပါ....ငါတို့ရဲ့ကျောက်တုံးကြီးဂိုဏ်းက လင်းရှောင်ဂိုဏ်း ယင်လော့ဂိုဏ်းတို့နဲ့ မယှဉ်နိုင်ပေမယ့် အလယ်ပိုင်းကုန်းမြေက ထိပ်သီးဂိုဏ်းဆယ်ဂိုဏ်းထဲက တစ်ဂိုဏ်းဖြစ်တယ်...မိတ်ဆွေငယ်လေး...မင်းရဲ့ ဝင်္ကပါရပ်က အံ့အားသင့်စရာကောင်းတယ်...တစ်ကယ်လို့ မင်းက ငါတို့ကျောက်တုံးကြီးဂိုဏ်းကို ကျင့်ကြံဖို့လာမယ်ဆိုရင် ငါတို့ရဲ့ဂိုဏ်းက အရင်းအမြစ်တွေထောက်ပံပေးမယ်...အနာဂတ်မှာ မင်းက ဂိုဏ်းရဲ့အကြီးအကဲတစ်ယောက် ဖြစ်လာလိမ့်မယ်"

လူအုပ်ကြီးအတွင်းရှိလူများစွာက အံ့အားသင့်နေကြပြီး လုယွီကို မနာလိုခြင်းများဖြင့် ကြည့်ရှုနေကြသည်။

ထိုအရာက ကျောက်တုံးကြီးဂိတ်တံခါးမှ ဖိတ်ခေါ်ချက်ဖြစ်သည်။ တောင်ပိုင်းစွန့်ပစ်ကုန်းမြေမှ ကျင့်ကြံသူများဖြစ်သော သူတို့ပင်လျှင် ထိုအင်မော်တယ်ဂိုဏ်းများသို့ ဝင်ရောက်နိုင်ရန် လွန်စွာခက်ခဲပေသည်။

ကျောက်တုံးဂိတ်တံခါးမှအကြီးအကဲ၏စကားများသည် အကြွင်းမဲ့မှန်ကန်ပေသည်။

"ဟိ ဟိ..စွေ့အဖိုးကြီး...ရှင်ရဲ့ကျောက်တုံးကြီးဂိတ်တံခါးရဲ့ကျင့်ကြံမှုတွေက အရမ်းကြမ်းတမ်းလွန်းတယ်...ရှင်က ဒီလူငယ်လေးကို ရှင်ရဲ့နေရာမှာတစ်ကယ်ကို ဝေဒနာခံစားစေချင်နေတာလား...မိတ်ဆွေငယ်လေး...ဒီအဖိုးကြီးရဲ့ ပေါက်တတ်ကရစကားတွေကို မယုံနဲ့နော်...မင်းရဲ့ဝင်္ကပါပညာကျွမ်းကျင်မှုနဲ့ဆိုရင် ဘာလို့ ငါတို့နတ်ဘုရားပုံရိပ်ယောင်ဂိုဏ်းကိုလာပြီး ကြိုးစားမကြည့်တာလဲ...မင်းက ငယ်ရွယ်ပြီး တာအိုလက်တွဲဖော်မရှိလောတ်သေးဘူး...ငါတို့ရဲ့ နတ်ဘုရားပုံရိပ်ယောင်ဂိုဏ်းမှာ အမျိုးသမီးကျင့်ကြံသူတွေအများကြီးရှိပြီး မင်းရဲ့ကျင့်ကြံမှုမှာတာအိုလက်တွဲဖော်အဖြစ် ရွေးချယ်နိုင်မယ်"

လှပသောအမျိုးသမီးတစ်ယောက်က လုယွီထံသို့ လျှောက်လှမ်းလာပြီး သူမ၏အသံတွင် ဖြှားယောင်းသွေးဆောင်မှုများပြည့်နှက်နေသည်။

သူတို့အားလုံးသည် အလယ်ပိုင်းကုန်းမြေ၏ထိပ်သီးအင်အားစုကြီးများဖြစ်ကြသည်။ သူတို့က အမှန်တစ်ကယ်ပင် တပြိုင်နက်တည်း လုယွီအား သံလွင်ခက်ကမ်းပေးနေကြသည်။ (အခွင့်အရေးပေးတာလို့ ထင်တာပဲ)

တစ်ခြားဂိုဏ်းများမှအကြီးအကဲများကလည်း ထိုအချိန်တွင် လှုပ်ရှားလာလေ၏။ သူတို့က လုယွီ၏ပြောင်းလဲမှုများကို မြင်တွေ့ခဲ့ပြီးဖြစ်သည်။

အကယ်၍ သူတို့၏ဂိုဏ်းများတွင်သာ ငယ်ရွယ်သည့် ဝင်္ကပါပညာရှင်တစ်ယောက်ရှိခဲ့လျှင် သူတို့၏ကံကြမ္မာကောင်းဖြစ်ပေလိမ့်မည်။

သူတို့ဂိုဏ်းများ၏စွမ်းအားသည် ကျောက်တုံးကြီးဂိုဏ်းနှင့်နတ်ဘုရားပုံရိပ်ယောင်ဂိုဏ်းတို့လောတ် ကြီးမားခြင်းမရှိချေ။ ထို့ကြောင့် လုယွီကို မြေတောင်မြှောက်ပေးရန် လိုအပ်သည့်အရာရာတိုင်းကို ထောက်ပံပေးမည်ဟု အပြိုင်အဆိုင်ကတိပြုနေကြသည်

လုယွီက ယဇ်ပလ္လင်ပေါ်တွင်ထိုင်နေလေ၏။ သူက ရုတ်တရက် ကျန်းထျန်းရှုံးကို ခေါ်ဆိုလိုက်သည်။

"ဘိုးဘေး ကျန်း"

"မိတ်ဆွေငယ်လေးလု...မင်း စဉ်းစားပြီးသွားပြီလား"

ကျန်းထျန်းရှုံး၏ပြန်လည်မေးမြန်းလိုက်သံက ချိုသာနေလေသည်။

လုယွီက သူ၏ခေါင်းကိုခါယမ်းပြီးပြောဆိုလိုက်သည်။

"ကျုပ် ခင်ဗျားကို ပြောချင်တာက...ခင်ဗျား ကျုပ်ကို ထိပ်တန်းအဆင့်စိတ်ဝိညာဉ်ကျောက်တုံး သန်းတစ်ထောင်ပေးရအုံးမှာနော်....ခင်ဗျားရဲ့ကတိကိုစောင့်ထိန်းပြီး ကျုပ်ဖိအားပေးရအောင်မလုပ်ဘူးလို့ ကျုပ်မျှော်လင့်ပါတယ်"

လုယွီက စကားပြောဆိုပြီးသည်နှင့် သူ၏ခြေဖဝါးအောက်တွင် အစွမ်းထက်သည့်စိတ်ဝိညာဉ်စွမ်းအင်လှုပ်ခတ်မှုများဖြစ်ပေါ်လာသည်။

လုယွီ၏ဘေး၌ ရှိနေသော ဖက်တီးကျန်းနှင့်နျူ နျူ တို့သည်လည်း ထိုလှုပ်ခတ်မှုကိုခံစားမိလေသည်။

သူတို့နစ်ယောက် အံ့အားသင့်နေစဉ်မှာပင် ဝင်္ကပါကြီးက ပို၍အားကောင်းလာခဲ့သည်။ အချိန်တခဏအတွင်းမှာပင် သူတို့သုံးယောက်သည် အရိပ်အယောင်ပင်မကျန်ရှိတော့ဘဲ အဝေးသို့ကူးပြောင်းသွားတော့သည်။

Chapter 162

"ဒါက...သူတို့က ဒီလိုပဲ ထွက်သွားကြတာလား"

ယခုနေရာရှိကျင့်ကြံသူများအားလုံး ဆွံအသွားကြ၏။

လုယွီက အင်မော်တယ်ဂိုဏ်းကြီးများမှ ကိုယ်တိုင်ကိုယ်ကျ ဖိတ်ကြားခြင်းခံရသည့်တိုင် နှုှုတ်ဆတ်စကားတစ်ခွန်းမျှမဆိုဘဲနှင့် ထွက်ခွာသွားခဲ့သည်။

"မိတ်ဆွေငယ်လေးလုက...တစ်ကယ်ကို စိတ်ကြီးဝင်နေတာပဲ"

အချိန်အတန်ကြာမှသာလျှင် ပိန်ခြောက်ခြောက်အဖိုးအိုက တီးတိုးရေရွတ်မိတော့သည်။

တစ်ခြားထိပ်သီးကျွမ်းကျင်သူများကလည်း နောင်တရသကဲ့သို့ ခံစားနေမိသည်။ သူတို့၏ရှေ့မှ ဝင်္ကပါပါရမီရှင်တစ်ယောက်ကိုခေါ်ယူရန် မဆွဲဆောင်နိုင်ခဲ့သည့်အတွက် နောင်တရနေကြလေ၏။

ရုတ်တရက် ခန်းမကြီးတစ်ခုလုံး တုန်ခါသံများ ပဲ့တင်ထပ်လာခြင်းကို လူတိုင်းကြားလိုက်ရသည်။ ခန်းမကြီး၏အမိုးမှနေ၍ မြောက်များစွာသောကျောက်တုံးများတုန်ခါနေပြီး သဲများနှင့်ကျောက်စကျောက်နများက အဆတ်မပြတ်ကျဆင်းနေသည်။

ခန်းမကြီး၏ပတ်ဝန်းကျင်နေရာတစ်ခုလုံးသည် သွပ်သွပ်ခါသည်အထိ တုန်ခါနေလေ၏။

"ဒီနေရာကြီးက ပြိုကျတော့မှာလား"

တစ်စုံတစ်ယောက်က တအံတသြ အော်ဟစ်လိုက်သည်။

"လူတိုင်းပဲ....ငါတို့က ထွက်ပေါက်ကိုရှာတွေ့ထားပြီ...ငါတို့ အခုချက်ချင်းထွက်ခွာကြရအောင်"

ဆရာသခင်ကျန့်က ရုတ်တရက်ပြောဆိုလိုက်လေ၏။

သူ ထိုစကားများကိုပြောချိန်တွင် ကျင့်ကြံသူများအားလုံးအပျော်လွန်သွားကြသည်။ ဆရသခင်ကျန့်နှင့်တစ်ခြားဝင်္ကပါပညာရှင်များက စကားပြောဆို၍ အချိန်ဖြုန်းမနေတော့ပေ။ သူတို့က ခန်းမကြီး၏နံရံတစ်ဘက်စီသို့မျက်နှာမူ၍ မန္တန်များကိုရွတ်ဆိုလိုက်ကြသည်။

မူလက ချိပ်ပိတ်ထားသောနံရံသည် မန္တန်ရွတ်ဆိုသံကျဆင်းသွားသည်နှင့် ရောင်စုံအလင်းတန်းများချက်ချင်းပင် တောက်ပလာခဲ့သည်။

အလင်းတန်း၏အပေါ်ရှိ အုတ်တစ်ချို့စတင်ရွေ့လျားသွားလေ၏။ မကြာခင်မှာပင် သူတို့ရှေ့ရှိနံရံကြီးပွင့်သွားပြီး ပြင်ပမှအလင်းရောင်ကျရောက်လာတော့သည်။

"ဒီ စွန့်ပစ်နယ်မြေက ပျက်စီးတော့မှာ...သွားကြစို့"

လူတိုင်းက အရူးအမူးအော်ဟစ်ပြီး အပေါက်ကြီးကိုဖြတ်၍ ထွက်ခွာလိုက်ကြသည်။

ခန်းမကြီးမှထွက်ခွာပြီးနောက် ပတ်ဝန်းကျင်ရှိမြင်ကွင်းသည် လူတိုင်း၏အမြင်တွင် ထွက်ပေါ်လာခဲ့သည်။ မူလက ဤမြို့အတွင်းတွင် များပြားသည့်အဆောတ်အအုံများရှိနေခဲ့သည်။ ၎င်းတို့ထဲမှတော်တော်များများသည် ပျက်စီးယိုယွင်းနေသော်လည်း မူလပုံပန်းသွင်ပြင်ကိုထိန်းသိမ်းထားနိုင်ဆဲဖြစ်သည်။

သို့သော် ယခုလက်ရှိတွင်မူ မြို့တစ်မြို့လုံး တဖြည်းဖြည်းခြင်း အမှိုက်ပုံအဖြစ်သို့ပြောင်းလဲနေပေ၏။ ထိုအဆောတ်အအုံများရှိ ကြွင်းကျန်နေသောစိတ်ဝိညာဉ်စွမ်းအင်များသည်လည်း တဖြည်းဖြည်းလွင့်ပြယ်လာပြီး စွမ်းအားများခမ်းခြောက်သွားပုံ မြင်နေရသည်။

"ကံဆိုးတာက ငါရဲ့လက်ထဲမှာ အသုံးဝင်တဲ့ဘာမှော်ရတနာမှ မရရှိခဲ့တာပဲ"

တစ်ချို့ကျင့်ကြံသူများသည် သူတို့လက်ဗလာနှင့်ပြန်လာခဲ့ရသည်ကို တွေးတောမိချိန်တွင် မြေပြင်ပေါ်ခြေဆောင့်နေကြပြီး သက်ပြင်းများအဆတ်မပြတ်ချနေကြသည်။

"တော်သေးတာက ဒီအခြေအနေမှာ ငါရဲ့အသက်လေးကို ထိန်းသိမ်းနိုင်ခဲ့တာပဲ"

တစ်စုံတစ်ယောက်က စိတ်ဖြေသိမ့်လိုက်လေ၏။

ကျင့်ကြံသူများအားလုံး မြို့အတွင်းမှ ဒရောသောပါးပြေးထွက်နေကြသည်။ သူတို့မြို့အတွင်းမှထွက်ခွာပြီးသည်နှင့် သူတို့အားတစ်ချိန်လုံးလွှမ်းခြုံထားသည့်ဖိအားအော်ရာသည် ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။

ကျင့်ကြံသူများအားလုံးသည် သူတို့၏စိတ်အာရုံများကိုဖြန့်ကျက်ပြီး မှော်ရတနာပစ္စည်းများကို လျှင်မြန်စွာဖြင့်ထိန်းချုပ်လိုက်ကြသည်။ ယခုလက်ရှိတွင် သူတို့၏ကျင့်ကြံမှုအခြေခံများလည်း ပုံမှန်အခြေအနေသို့ပြန်လည်ရောက်ရှိနေပြီဖြစ်သည်။ ကျင့်ကြံသူများစွာသည် ယင်လော့ဂိုဏ်းမှတပည့်များ အနီးတဝိုက်တွင်ရှိနေမည်ကို စိုးရိမ်နေကြသဖြင့် သူတို့၏စီးနင်းနိုင်သောမှော်ရတနာပစ္စည်းများကိုဆင့်ခေါ်၍ ဤနေရာမှချက်ချင်းထွက်သွားကြသည်။

"လူတိုင်းပဲ....ဒီတစ်ကြိမ် ငါတို့စွန့်ပစ်နယ်မြေအတွင်းကိုဝင်ချိန်မှာ...ငါတို့ မမျှော်လင့်မိဘဲ ယင်လော့ဂိုဏ်းက ကြားဖြတ်နှောက်ယှက်ခဲ့တယ်...တောင်ပိုင်းစွန့်ပစ်နယ်မြေက ငါတို့ကလန်တွေရဲ့ထိန်းချုပ်မှုအောက်မှာ အမြဲတမ်းရှိခဲ့တာ...အခု ယင်လော့ဂိုဏ်းရဲ့လက်တံက တောင်ပိုင်းစွန့်ပစ်နယ်မြေကိုနယ်ချဲ့ချင်နေတယ်"

ကျန်းထျန်းရှုံးသည် အလယ်ပိုင်းကုန်းမြေမှထိပ်သီးကျွမ်းကျင်သူတစ်ချို့ကို တည်ငြိမ်စွာဖြင့်ပြောဆိုလိုက်သည်။

ကျောက်တုံးဂိတ်တံခါးမှပိန်ခြောက်ခြောက်အဖိုးအိုက မကျေမချမ်းဖြင့်နှာမှုတ်လိုက်သည်။

"ဟမ့်...ကျုပ် ဂိုဏ်းကိုပြန်ရောက်တာနဲ့ ဂိုဏ်းခေါင်းဆောင်ကိုသတင်းပို့ပြီး ယင်လော့ဂိုဏ်းကို တန်ကြေးပြန်ပေးဆပ်ခိုင်းမယ်"

"ယင်လော့ဂိုဏ်းက မောက်မာနေတာ အချိန်အတော်ကြာခဲ့ပြီ...မြေအောက်လောကက ဒီလိုကြီးမားတဲ့နေရာတွေကို သူတို့ဂိုဏ်းက အမြဲတမ်းလက်ဝါးကြီးအုပ်ထားဖို့မဖြစ်နိုင်ဘူး...တစ်နေ့နေ့ သူတို့လိုချင်တာရသွားတာနဲ့ မြေအောက်လောကကိုစွန့်ပစ်ပြီး နယ်ချဲ့လာကြလိမ့်မယ်"

နတ်ဘုရားပုံရိပ်ယောင်ဂိုဏ်းမှ လှပသည့်အမျိုးသမီးက ဝင်ရောက်ဆွေးနွေးပြောဆိုလိုက်၏။

ရုတ်တရက် ကျန်းထျန်းရှုံးက နောင်တရနေပုံဖြင့် ပြောဆိုလိုက်သည်။

"ဒီလိုနေရာမျိုးမှာ ဝင်္ကပါပညာရပ်ကို ပါရမီရှိတဲ့သူတစ်ယောက် ရှိလိမ့်မယ်လို့ ကျုပ် မျှော်လင့်မထားမိဘူး...ကျုပ်တို့က သူနဲ့ ရေစက်မဆုံနိုင်တာ စိတ်ပျက်စရာပဲ"

ပိန်ခြောက်ခြောက်အဖိုးအိုက လှောင်ပြောင်ပြောဆိုလိုက်လေ၏။

"ဟမ့်...အလယ်ပိုင်းကုန်းမြေမှာ ပြိုင်ဘက်ကင်းပါရမီရှင်တွေ အများကြီးရှိတယ်...တစ်ချို့တွေဆို သူ့ထက် အဆပေါင်းများစွာ အစွမ်းထက်တယ်...သူက ငယ်ရွယ်ပြီးမောက်မာလွန်းတယ်...နှစ်အနည်းငယ်ကြာရင် သူရဲ့ဆုံးဖြတ်ချက်ကို နောင်တရလာလိမ့်မယ်"

ကျန်းထျန်းရှုံးက တခဏမျှတွေဝေနေပြီးနောက် သူ၏မျက်နှာပေါ်တွင် စိတ်သက်သာရာရသည့်အပြုံး ပေါ်ထွက်လာလေသည်။ ပြန်တွေးကြည့်လျှင် သူက နက္ခက်တာရာပြောင်းလဲခြင်းနယ်ပယ်သာရှိသော လူငယ်ဂျူ နီယာတစ်ယောက်ကို အာရုံစူးစိုက်မိနေခဲ့သည်။ သူက အမှန်တစ်ကယ်ကိုပင် မှားယွင်းသည့်အတွေးများ တွေးတောနေခဲ့မိသည်။

ထိုကောင်စုတ်လေးသည် ယင်လော့ဂိုဏ်းမှဆန်းကြယ်နန်းတော်သခင်အား အနိုင်ယူနိုင်ခဲ့သည်ဆိုမှာလည်း ခန်းမအတွင်းရှိ ဝင်္ကပါကြောင့်သာဖြစ်ပေသည်။

အဓိကအချက်အနေဖြင့် လုယွီက သူ့အားထိပ်တန်းအဆင့်စိတ်ဝိညာဉ်ကျောက်တုံးသန်းတစ်ထောင်တောင်းခြင်းကို ကျန်းထျန်းရှုံးက ပြက်လုံးတစ်ခုကဲ့သို့ထင်မှတ်ထားသည်။

သူ၏ကျန်းမိသားစုသည် ချမ်းသာပြီး ထိပ်တန်းအဆင့်စိတ်ဝိညာဉ်ကျောက်တုံးသန်းတစ်ထောင်ကိုပေးနိုင်သော်လည်း လုယွီအား ကျန်းမိသားစုမှပေးမည်မဟုတ်သည်မှာ သေချာပေသည်။

Chapter 163

စွန့်ပစ်နယ်မြေ၏ကီလိုမီတာအနည်းငယ်အကွာအဝေးတွင် ပါးလွှာသည့်လေထုကိုဖြတ်၍ ပုံရိပ်သုံးခုထွက်ပေါ်လာခဲ့သည်။

"ဖူး.."

လုယွီက မြေပြင်ပေါ်သို့ရောက်ရှိသည်နှင့် သူက သွေးတစ်လုတ်အန်ထုတ်လိုက်ရသည်။

ဖက်တီးကျန်းက ထိတ်လန့်တုန်လှုပ်သွားပြီးနောက် အလျှင်စလိုဖြင့် လုယွီအားမတ်တတ်ထရပ်နိုင်ရန် ကူညီလိုက်သည်။

"ညီလေး...မင်း အဆင်ပြေရဲ့လား...တစ်ကယ်လို့ မင်း သေသွားမယ်ဆိုရင်တောင် ငါကို ကြက်သွေးရောင်နတ်ဘုရားသစ်သီးကိုးလုံးပေးခဲ့အုံး"

လုယွီက ဖက်တီးကျန်းကို ထူးဆန်းသည့်အမူအယာဖြင့် ကြည့်ရှုလိုက်မိ၏။ သူမျှော်လင့်ထားသလိုပင် ထိုငတိက ကုန်သည်တစ်ယောက်၏မျက်နှာအမူအယာသာရှိပြီး မည်သည့်အရာများဖြစ်ပျက်နေပါစေ ဖက်တီးကျန်း၏စိတ်သည် ပြောင်းလဲသွားခြင်းမရှိချေ။

အစောပိုင်းက ခန်းမကြီးအတွင်းတွင် လုယွီသည် ဝင်္ကပါကို အပြည့်အဝထိန်းချုပ်နိုင်ခဲ့သော်လည်း ယခုလက်ရှိသူ၏ကျင့်ကြံမှုအဆင့်သည် နိမ့်ပါးနေသေးသည်။

ကလေးတစ်ယောက်သည် ပြိုင်ဘက်ကင်းဓားရှည်ကြီးတစ်ချောင်းကို ဝှေ့ယမ်းနေသကဲ့သို့ သူ၏ဝင်္ကပါပညာရပ်မည်မျှနက်ရှိုင်းနေပါစေ ထိုဝင်္ကပါကိုထိန်းချုပ်နိုင်ရန် အလွန်ခက်ခဲခဲ့လေသည်။

"ဒါကို ယူလိုက္"

လုယွီက ချက်ချင်းပင် သူ၏သိုလှောင်အိတ်အတွင်းမှ နတ်ဘုရားသစ်သီးကိုးလုံးကိုထုတ်ယူ၍ ဖက်တီးကျန်း၏လက်အတွင်းသို့ ပစ်ပေးလိုက်သည်။

ဖက်တီးကျန်းက ထိုသစ်သီးများသည် ရတနာများဖြစ်သဖြင့် ဂရုတစိုက်ဖမ်းဆီးလိုက်လေ၏။ အလွန်အရှက်ကင်းမဲ့သည့်အပြုံးက သူ၏ဝဖြိုးနေသောမျက်နှာပေါ်တွင် ထွက်ပေါ်လာပြီးနောက် သူကပြောဆိုလိုက်သည်။

"မင်းက မနှမြောတတ်တဲ့လူဆိုတာ ငါသိပါတယ်...မင်းကို ထပ်ပြီးကာကွယ်ပေးဖို့ ငါကိုလိုအပ်သေးလား...ငါတို့ကအသိအကျွမ်းတွေဖြစ်သွားပြီဆိုတော့ နတ်ဘုရားသစ်သီးတစ်လုံးပဲပေးပါ"

အမှန်တစ်ကယ်အားဖြင့် ဖက်တီးကျန်းသည် အစောပိုင်းက အဖြစ်အပျက်တွင် မည်သည့်စွမ်းဆောင်မှုမျှ မရှိခဲ့ပေ။

လုယွီက ဖက်တီးကျန်းအား သည်းမခံနိုင်တော့ပုံဖြင့်စိုက်ကြည့်ပြီး ကူရာကယ်ရာမဲ့စွာဖြင့်ပြောဆိုလိုက်သည်။

"တစ်ကယ်လို့ ခင်ဗျားအခုထွက်သွားမယ်ဆိုရင် အနာဂတ်မှာ ပူးပေါင်းဆောင်ရွက်ဖို့အခွင့်အရေး ရရှိလိမ့်မယ်"

ရုတ်ချည်းဆိုသလိုပင် ဖက်တီးကျန်း၏အမူအယာ ပြောင်းလဲသွားလေ၏။ သူက ချက်ချင်းပင် သူ၏ရင်ဘတ်ကိုပုတ်ပြီး ပြောဆိုလိုက်သည်။

"ညီလေး...မင်းရဲ့ဒဏ်ရာတွေကိုသာ ဂရုစိုက်ပါ...ငါ ခုချက်ချင်း ထွက်သွားတော့မယ်"

ထို့နောက် ဖက်တီးကျန်းက နျူ နျူ ကို ကျီစယ်ရင်းမှ ပြုံးပြလိုက်သည်။

"ကောင်မလေး...အကိုကြီးက အခုထွက်သွားတော့မယ်"

"အကိုကြီးဝက်ခေါင်း...နျူ နျူ တို့နဲ့ အတူနေလို့မရဘူးလား"

နျူ နျူ က မျက်ရည်များကျဆင်းနေရင်းမှ မေးမြန်းလိုက်လေ၏။

ဖက်တီးကျန်းက ရယ်မောရင်းမှ နျူ နျူ ၏ဆံပင်ကို ပွတ်သပ်ပြီးနောက်စကားပြောဆိုလိုက်သည်။

"ကောင်မလေး....ဒီကျောက်စိမ်းကိုယူထား...ရေစက်ရှိရင် ငါတို့နောက်ထပ်ပြန်ဆုံကြအုံးမှာပေါ့"

ထိုကျောက်စိမ်းပြားသည် ထိပ်တန်းအဆင့်တိမ်ကျောက်စိမ်းဖြစ်ပြီး စိတ်ဝိညာဉ်စွမ်းအင်များစွာပါဝင်သည်ကို လုယွီ မြင်တွေ့မိသည်။ လုယွီ၏ ထိုဖက်တီးအပေါ် နားလည်သဘောပေါက်မှုအရ ထိုသူသည် ကုန်သည်စစ်စစ်တစ်ယောက်ဖြစ်ပေ၏။ ဖက်တီးကျန်းက နျူ နျူကို ထိုကဲ့သို့လက်ဆောင်မျိုးပေးမည်ဟု လုယွီ မည်သည့်အချိန်ကမျှ မျှော်လင့်မထားမိချေ။ ကြည့်ရသည်မှာ ဖက်တီးကျန်းက ထိုကလေးမလေးကို အမှန်တစ်ကယ်ပင် သဘောကျနေပုံရသည်။

ဖက်တီးကျန်းထွက်ခွာသွားပြီးနောက်တခဏအကြာမှာပင် လုယွီက နျူ နျူ ၏လက်ကိုဆွဲ၍ လေထုအတွင်းသို့ ခုန်တတ်လိုက်သည်။

"ဝွစ္"

လုယွီ၏ခြေထောက်အောက်တွင် ခေါင်းဖြတ်ဓားက ခိက်ချင်းထွက်ပေါ်လာပြီးနောက် ၎င်းကိုထိန်းချုပ်၍ လုယွီတို့နှစ်ယောက်က လေထုကိုဖြတ်၍ ထွက်ခွာခဲ့တော့သည်။

လုယွီ၏ယခင်ဘဝတွင် သူက ဆေဘာဓားသုံးချောင်းပိုင်ဆိုင်ခဲ့ပြီး ခေါင်းဖြတ်ဓားသည် သူနောက်ဆုံးရရှိခဲ့သောအရာဖြစ်ပေ၏။

တစ်ခြားဆေဘာဓားနှစ်ချောင်းသည် ယခင်ကလုယွီ ဂုဏ်ယူဝင့်ကြွားခဲ့ရဆုံးမှော်ရတနာများဖြစ်သည်။ မီးတောက်များလွှမ်းခြုံထားသည့် ဓားရှည်ကို 'ယန်ကြွယ်'ဟု ခေါ်ဆိုပေသည်။ ဓားမြှောင်နှင့်တူသော ဆေဘာဓားတို၏အမည်မှာမူ 'ယိုကျွင်း' ဖြစ်ပေသည်။ ထိုတေဘာဓားနှစ်ချောင်းစလုံးသည် အင်ပါယာအဆင့်မှော်ရတနာများဖြစ်ကြသည်။

သို့သော် ယခုလက်ရှိတွင် ထိုမှော်ရတနာနှစ်ခုသည် မပြည့်စုံသောမှော်ရတနာများဖြစ်နေကြသည်။ တစ်ချို့နေရာများတွင် ကျိုးပဲ့နေပြီး အစအနများသည်တစ်ခြားနေရာများသို့ ရောက်ရှိနေပုံရပေ၏။

လုယွီက ဆေဘာဓားနှစ်ချောင်းကို ပိုင်တိုကောင်းကင်ဘုံဂိုဏ်း၏ကမ္ဘာငယ်လေးအတွင်းတွင် ထည့်သွင်းထားခဲ့သည်။ အကယ်၍ သူက ၎င်းတို့ကိုယခုချိန်၌ ထုတ်ယူအသုံးပြုလျှင် ကြွားဝါခြင်းဖြစ်နေမည်သာမက ၎င်းတို့၏စွမ်းအားအပြည့်ကိုလည်း ထုတ်ဖော်နိုင်မည်မဟုတ်ချေ။

လဖက်ရည်တစ်ခွက်ပြင်ဆင်စာအချိန်ခန့်ကြာပြီးနောက် လုယွီတို့နှစ်ယောက်သည် သေမျိုးမြို့တစ်မြို့၏အစပ်သို့ရောက်ရှိလာခဲ့သည်။

ဝွစ္....

လုယွီနှင့်အတူ နျူ နျူ က တန်းလန်းတန်းလန်းဖြစ်နေသဖြင့် လူတိုင်း၏အာရုံစိုက်ခြင်းမှရှောင်လွှဲနိုငိရန် မြို့၏ထောင့်တစ်နေရာတွင် လုယွီကတိတ်ဆိတ်စွာဖြင့် မြေပြင်ပေါ်သို့ဆင်းသက်လိုက်သည်။

ဤနေရာသည် တာလျန့်နိုင်ငံတော်အတွင်းရှိ မြို့တစ်မြို့ဖြစ်ပေသည်။ တာလျန့်နိုင်ငံတော်သည် နတ်ဆိုးသားရဲများနှင့် နှစ်ပေါင်းရှည်ကြာစွာတိုက်ခိုက်နေရသည့်အတွက် နယ်စပ်မြို့လေးသည် အလွန်အမင်းခြောက်ကပ်နေခဲ့သည်။

ယခုမြို့တစ်မြို့လုံးသည် လုံကျင်းမြို့တော်ကဲ့သို့ ဆူညံနေခြင်းမရှိဘဲ လမ်းများပေါ်တွင်လည်း အသွားအလာကျဲပါးပေသည်။

လုယွီက စားသောက်ဆိုင်တစ်ဆိုင်ကို တွေ့ရှိမိပြီးနောက် အတွင်းသို့ဝင်လိုက်သည်။

"ငါက ထိပ်တန်းအဆင့်တည်းခိုခန်းလိုချင်တယ်...ဘယ်သူမှ ငါကိုမနှောက်ယှက်စေနဲ့"

လုယွီက ဆိုင်ပိုင်ရှင်၏လက်အတွင်းသို့ ငွေအိတ်တစ်အိတ်ပေးပြီး နျူ နျူ အားခေါ်ဆောင်၍ အပေါ်ထပ်သို့တတ်ရန်ဟန်ပြင်လိုက်သည်။

ဆိုင်ပိုင်ရှင်က ချက်ချင်းပင် သူ၏လက်အတွင်းရှိ ငွေထုပ်ကိုချိန်ဆကြည့်ပြီး ချက်ချင်းပင် အားပါးတရပြုံးပြလိုက်လေ၏။

"ဧည့်သည်....ကျေးဇူးပြုပြီး အပေါ်ထပ်ကိုကြွပါ"

စားပွဲထိုးတစ်ယောက်က လုယွီကို အပေါ်ထပ်သို့ခေါ်ဆောင်သွားခဲ့သည်။ လုယွီက စားပွဲထိုးကိုငွေတစ်ချို့ပေး၍ အစားအစာများ ပြင်ဆင်ခိုင်းလိုက်၏။

"မင်းက အောက်ထပ်မှာတစ်ခုခုအရင်သွားစားနှင့်...အကိုကြီး ခဏနေရင်ဆင်းလာခဲ့မယ်"

လုယွီက နျူ နျူ ကို ရယ်ပြုံးရင်းမှပြောဆိုလိုက်သည်။

နျူ နျူ က ခေါင်းညိတ်ပြလိုက်၏။

"အကိုကြီး...နျူ နျူ က အောက်ထပ်ကစောင့်နေမယ်နော်"

Chapter 164

လုယွီက အခန်းအတွင်းသို့ရောက်ရှိသည်နှင့် သူကိုယ်သူမထိန်းချုပ်နိုင်တော့ဘဲ သွေးတစ်လုပ်အန်ထုတ်လိုက်ရသည်။ လုယွီက အိပ်ယာပေါ်တွင် ပလ္လင်ခွေထုတ်လိုက်ပြီးနောက် သူ၏သိုလှောင်အိတ်အတွင်းမှ စိတ်ဝိညာဉ်စမ်းရေများကို ထုတ်လွှတ်ပြီး သူ၏ခန္ဓာကိုယ်မှ သွေးမြူ များကိုရှင်းလင်းလိုက်သည်။

အချိန်အတော်ကြာပြီးမှသာလျှင် လုယွီက သူ၏မျက်လုံးများကိုဖွင့်လိုက်ပြီး စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်လေသည်။

"ငါရဲ့လက်ရှိ ကျင့်ကြံမှုအဆင့်နဲ့ ငါထက်ပိုပြီးစွမ်းအားကောင်းတဲ့လူတွေကိုတိုက်ခိုက်ရတာ အရမ်းခက်ခဲတာပဲ.....ယင်လော့ဂိုဏ်းကနည်းစနစ်တွေကိုသာ ငါ ရင်းနှီးကျွမ်းဝင်မှုရှိမထားဘူးဆိုရင် အဲ့ဒီဆန်းကြယ်နန်းတော်သခင်ကို ဒီလောတ်လွယ်လွယ်ရိုက်နှက်နိုင်မှာမဟုတ်ဘူး"

"ဒီလိုလုပ်နေကြတာနဲ့ အနက်ရောင်အသူရာခန်းမရဲ့စွမ်းအင်တွေ အသုံးပြုပြီးသားဖြစ်မှာကို ငါစိုးရိမ်မိတယ်....ဒါပေမယ့် အဲဒါလည်းကောင်းပါတယ်...အနည်းဆုံးတော့ ငါ ရှိနေတယ်ဆိုတာကို တစ်ခြားတာအိုသခင်တွေ ထောက်လှမ်းနိုင်မှာမဟုတ်ဘူး"

လုယွီက တီးတိုးရေရွတ်လိုက်မိ၏။

ထို့နောက် လုယွီက သူ၏သိုလှောင်အိတ်အတွင်းမှ ကြက်သွေးရောင်နတ်ဘုရားသစ်သီးအနည်းငယ်ကိုထုတ်ယူပြီး တခါတည်းဝါးမြိုလိုက်တော့သည်။ ထိုကြက်သွေးရောင်နတ်ဘုရားသစ်သီးများအတွင်းတွင် စိတ်ဝိညာဉ်စွမ်းအင်များစွာပါရှိသည်။ လုယွီက ထိုအသီးများကို ဝါးမြိုနေစဉ်တွင် ၎င်းတို့အတွင်းလှည့်ပတ်နေသည့် အစွမ်းထက်သောဆေးစွမ်းအင်များကိုပင် ခံစားမိသည်။

တစ္လံုး...နွစ္လံုး...သံုးလံုး

ထိုနတ်ဘုရားသစ်သီးများသည် မည်သည့်တန်ကြေးမျှမရှိသကဲ့သို့ လုယွီက အဆတ်မပြတ်ဝါးမြိုနေလေ၏။

အကယ်၍ တစ်ခြားနက္ခက်တာရာပြောင်းလဲခြင်းနယ်ပယ်ကျင့်ကြံသူတစ်ယောက်သာဆိုလျှင် ထိုနတ်ဘုရားသစ်သီးများကို ဆေးပြားများအဖြစ်သန့်စင်ပြီးမှသာ တစ်ဖြည်းဖြည်းခြင်းသုံးစွဲမည်ဖြစ်သည်။

သို့သော် လုယွီအတွက်ကမူ ထိုသို့ပြုလုပ်ရန်မလိုအပ်ချေ။ သူ၏ခန္ဓာကိုယ်သည် မူလကပင် စကြာဝဠာခန္ဓာကိုယ်အမျိုးအစားဖြစ်ပြီး သူ့မရီးဒါန်းများ၏ခံနိုင်ရည်သည် တစ်ခြားသူများထက် များစွာပို၍သန်မာပေသည်။ ထိုကြက်သွေးရောင်နတ်ဘုရားသစ်သီးများတွင် အားကောင်းသောဆေးအာနိသင်များပါဝင်သော်လည်း လုယွီအတွက် အကျိုးကျေးဇူးများစွာမရှိပေ။

လုယွီသည် စားသောက်ဆိုင်၏အပေါ်ထပ်တွင် ကျင့်ကြံနေခြင်းဖြစ်၍ အောက်ထပ်ရှိဆူညံသံများ၏သက်ရောက်ခြင်းမရှိချေ။

"ကောင်မလေး...မင်း မှာထားတဲ့အစားအစာတွေရပါပြီ"

စားပွဲထိုးက အနီရောငါငါးနှပ်တစ်ပွဲကိုသယ်ဆောင်လာပြီး နျူ နျူ ၏စားပွဲပေါ်သို့ တင်ပေးလိုက်သည်။

စားပွဲပေါ်တွင် စားကောင်းသောတ်ဖွယ်အစုံအလင်အပြည့်ဖြစ်နေပြီးဖြစ်သည်။

နျူ နျူ ၏ပါးစပ်ထောင့်တွင် ထမင်းအစအနများပေကျံနေလေ၏။ သူမက အလွန်အမင်း ဆာလောင်မွတ်သိပ်နေပုံရသည်။ ယခင်က သူမအတွက် အစားအစာတစ်နပ်ပြည့်စုံစွာစားသုံးနိုင်ရန်မလွယ်ကူခဲ့လေရာ သူမကိုယ်သူမမထိန်းချုပ်နိုင်တော့ဘဲ အသည်းအသန်စားသောတ်နေခဲ့သည်။

စားပွဲထိုးက စားပွဲပေါ်၌ ဟင်းပွဲများချပေးပြီး မည်သည့်အသံမျှမပြုဘဲ လှည့်ထွက်လိုက်သည်။ သူက မီးဖိုချောင်သို့ပြန်လည်ရောက်ရှိချိန်တွင် စားသောက်ဆိုင်ပိုင်ရှင်က ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။

"အခြေအနေ ဘယ်လိုလဲ"

ဆိုင်ရှင်က စားပွဲထိုးအား မေးမြန်းလိုက်သည်။

စားပွဲထိုးက ခေါင်းညိတ်ပြရင်းမှ ရယ်ပြုံးရင်းပြန်ဖြေလိုက်လေ၏။

"ဆိုင်ရှင်....ကျွန်တော်ပြောနိုင်တယ်...အပေါ်ထပ်ကကောင်လေးစီမှာပဲ ငွေတွေရှိတာ...အောက်ထပ်က ကောင်မလေးစီမှာ ဘာငွေကြေးမှမရှိဘူး"

"ဟမ့်...အချိန်ဖြုန်းနေတာပဲ...ဆိုင်ရှင် ဘာလို့ ခင်ဗျားရဲ့ညီအကိုတွေကိုသတင်းပေးပြီး အပေါ်ထပ်ကကောင်လေးကိုသတ်ပြီး ငွေတွေလုမယူတာလဲ"

မီးဖိုချောင်ရှိ စားပွဲထိုးတစ်ယောက်က အော်ဟစ်ပြောဆိုလိုက်သည်။

ဆိုင်ပိုင်ရှင်က သူ၏ခေါင်းကို ခါယမ်းလိုက်လေ၏။

"အဲ့လိုလုပ်လို့မဖြစ်ဘူး....အခုလက်ရှိ နယ်စပ်မှာ အရေးပေါ်ကိစ္စဖြစ်နေတယ်...လူတိုင်းက မိုးတိမ်မြို့ကို အချိန်မရွေးရောက်လာနိုင်တယ်...ငါတို့က သံပြားကြီးတွေကိုမကန်မိစေမို့ ဂရုစိုက်ရမယ်"

စားပွဲထိုးက နှာတစ်ချက်မှုတ်လိုက်သည်။

"ဟမ့်...အဲ့ကောင်လေး ဘယ်လောက်ခေါင်းမာနိုင်မှာမို့လို့လဲ...အရွယ်မရောက်သေးတဲ့ကလေးမတစ်ယောက်နဲ့ ဆယ်ကျော်သက်အရွယ်ကောင်လေးတစ်ယောက်...သူတို့က ပိုက်ဆံချမ်းသာတဲ့မိသားစုတွေကနေ ထွက်လာတဲ့ကလေးတွေလို့ ငါ ခန့်မှန်းနိုင်တယ်"

ဆိုင်ပိုင်ရှင်က စားပွဲထိုး၏ခေါင်းနောက်ကိုတစ်ချက်ရိုက်လိုက်သည်။

"ငါ မင်းကို တစ်ချိန်လုံးသတိထားဖို့ပြောနေတာ...ငါ ဘယ်နှစ်ခါပြောရမှာတုန်း...တစ်ကယ်လို့ တစ်ခြားသူတွေကသာ ငါတို့ဆိုင်က ဒုစရိုက်ကျူ းလွန်တဲ့ဆိုင်လို့သိသွားကြရင် ဘယ်သူက လာတော့မှာလဲ"

စားပွဲထိုးက သူ၏ခေါင်းနောက်ကို ပွက်သပ်နေလေ၏။ သို့သော် သူက ထပ်မံ၍အထွန့်မတတ်ရဲတော့သည့်အတွက် တီးတိုးပြောဆိုရုံသာတတ်နိုင်တော့သည်။

"ဒါဆို ဆိုင်ပိုင်ရှင်က ဘာလုပ်ဖို့စီစဉ်ထားတာလဲ"

ဆိုင်ပိုင်ရှင်က အစားအစာ စားနေသောကောင်မလေးကို ခန်းဆီးနောက်ကွယ်မှတစ်ချက်ကြည့်ပြီး သူ၏လူများအား ပြောဆိုလိုက်သည်။

"အဲ့ဒီ ကောင်မလေးကနေစရအောင်....မင်းတို့လုပ်ရမှာက........."

စားပွဲထိုးက သူ၏လက်အတွင်းတွင် ရှေးဟောင်းရေတကောင်းတစ်ခုကိုကိုင်ဆောင်ပြီး မီးဖိုချောင်ထဲမှ ထွက်ခွာလာခဲ့သည်။ သူကိုကြည့်ရသည့်မှာ တစ်စုံတစ်ခုကြံစည်ထားပုံ ပေါ်လွင်နေသည်။ သူ၏လက်အတွင်းမှ ရေတကောင်းကို မြဲမြံစွာကိုင်ဆောင်ထားလေ၏။ သို့ရာတွင် သူက နျူ နျူ နားသို့အရောက်တွင်မူ ထိတ်လန့်တကြားအော်ဟစ်ပြီး မြေပြင်ပေါ်သို့လဲကျသွားခဲ့သည်။

"ကောင်းပြီလေ...ကောင်မလေး...ဒါက ငါတို့ဆိုင်ရဲ့ အဖိုးတန်ရတနာပဲ...နင်က ဒါကို ကွဲအောင်လုပ်ရဲတယ်ပေါ့...ငါကို ပြန်လျော်ပေးစမ်း"

စားပွဲထိုးက ရုတ်တရက် စူးစူးဝါးဝါးအော်ဟစ်လိုက်လေသည်။

Chapter 165

စားပွဲထိုး၏အသံသည် ကျယ်လောင်စူးရှနေသဖြင့် အနီးအနားရှိစားသောက်နေသူများမှ ကြည့်ရှုလိုက်ကြသည်။ သို့သော် ထိုသူများသည် အနီးအနားပတ်ဝန်းကျင်နေရာများတွင် နေထိုင်ကြသူများဖြစ်သည်။ သူတို့က ယခုအဖြစ်အပျက်ကိုမြင်ချိန်တွင် တစ်စုံတစ်ခုမှားယွင်းနေခြင်းကို သိရှိကြသည်။ အချိန်အတော်ကြာသည့်တိုင် မည်သူကမျှ ကြားဝင်စွက်ဖက်ဝံ့ခြင်းမရှိကြချေ။

နျူ နျူ သည် ထိတ်လန့်ကြောက်ရွံနေပြီး သူမ၏မျက်နှာသည် စက္ကူ တစ်ချပ်ကဲ့သို့ဖြူ ရော်နေလေ၏။ သူမက ထိုင်ခုံပေါ်တွင်ထိုင်နေရာမှမတ်တတ်ထရပ်ပြီး သူမ၏အဝတ်ကိုဆုပ်ခြေနေရင်းမှ ပြောဆိုလိုက်သည်။

"ကျွန်မ....ကျွန်မ အဲဒါကိုမမြင်ဘူး"

"မင်းမမြင်ဘူးဆိုပေမယ့် မင်းလုပ်လိုက်လို့ ရေတကောင်းကွဲသွားပြီလေ...မင်းက ငါရဲ့ပစ္စည်းကို ထိခိုက်ပျက်စီးစေတာကြောင့် ပိုက်ဆံမြန်မြန်ပေးစမ်း"

စားပွဲထိုးက နျူ နျူ အား အော်ငေါက်လိုက်လေ၏။

"ဒါပေမယ့်....ဒါပေမယ့် ကျွန်မမှာ ငွေမရှိဘူး"

နျူ နျူ ၏မျက်နှာနီရဲနေပြီး သူမ အကျႌထောင့်ကို တင်းတင်းဆုပ်ကိုင်ထားလေသည်။

ဖြောင်း...

စားပွဲထိုးက စားပွဲကိုပြင်းပြင်းထန်ထန်ရိုက်ပုတ်ပြီး ဒေါသတကြီးပြောဆိုလိုက်သည်။

"ငွေမရှိဘူး ဟုတ်လား...မင်းက ဒီနေရာကို ငွေမရှိဘဲ လာစားရဲတယ်ပေါ့...ဟန်ဆောင်နေတာရပ်လိုက်စမ်း..မင်းနဲ့အတူပါလာတဲ့ ပိုက်ဆံချမ်းသာပုံရတဲ့ကောင်လေးကိုခေါ်လိုက်"

နျူ နျူ သည် အလွန်အမင်းထိတ်လန့်တုန်လှုပ်နေလေ၏။ သူမကနောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ရာ လူတစ်ယောက်နှင့် ဝင်တိုက်မိလေသည်။

ထိုသူက 'အား'ဟု စူးစူးဝါးဝါးအော်ဟစ်ပြီး မြေပြင်ပေါ်တွင်လဲကျသွားကာ မထနိုင်တော့ချေ။

နျူ နျူ က ထိုသူကိုလျှင်မြန်စွာ လှည့်ပြည့်ပြီး စိုးရိမ်တကြီးမေးမြန်းလိုကာသည်။

"အကိုကြီး....နင် အဆင်ပြေရဲ့လား"

"အားရို....အားရို"

ထိုလူကိုကြည့်ရသည်မှာ အပြင်းအထန်ဒဏ်ရာရရှိသွားပုံရပြီး မြေပြင်ပေါ်တွင်လဲလျောင်းနေရင်း နာကျင်မှုကြောင့် အော်ဟစ်မြည်တမ်းနေလေ၏။

သို့ရာတွင် သူ၏ခန္ဓာကိုယ်ပေါ်တွင် မည်သည့်ထိခိုက်ဒဏ်ရာမျှ တွေ့ရှိရခြင်းမရှိပေ။

"ငါ ဒီထပ်ပိုပြီး တောင့်မခံနိုင်တော့ဘူး...ငါရဲ့ခါးကျိုးပြီထင်တယ်...အားရို.."

ထိုသူက နာကျင်နေပုံဖြင့် ဆတ်လတ်အော်ငြီးနေဆဲဖြစ်သည်။

"ကောင်းတယ်...မင်းက သူ့ကိုတောင် နာကျင်အောင်လုပ်ရဲတယ်ပေါ့..အရင်က မင်းအသက်ငယ်ငယ်လေးရှိသေးတာမို့ မင်းနဲ့အငြင်းမပွားချင်ခဲ့တာ....ဒါက ငါအကိုပဲ...ငါကိုပြောစမ်း...ဒီနေရာကနေ ငွေဒင်္ဂါးသုံး လေးရာ မပေးရင် ထွက်သွားဖို့မစဉ်းစားနဲ့"

စားပွဲထိုးက အော်ဟစ်ပြောဆိုလိုက်၏။

သူ စကားပြောနေစဉ်တွင် တစ်ခြားစားပွဲထိုးများကလည်း ထွက်လာကြသည်။ ထိုစားပွဲထိုးများသည် အစောပိုင်းက မည်သို့ဖြစ်ပျက်နေသည်ကို သေချာမသိရှိကြသော်လည်း သူတို့အားလုံးသည် ကြမ်းထော်သောအဝတ်အစားများကိုဝတ်ဆင်ထားပြီး သူတို့၏တောင့်တင်းခိုင်မာသောကြွက်သားများကို လှစ်ဟထားကြသည်။

သူတို့၏ခန္ဓာကိုယ်ပေါ်တွင် ဒေါသထွက်နေပြီးထိတ်လန့်တုန်လှုပ်ဖွယ် သားရဲအမှတ်အသားများရှိနေသည်။ သူတို့ကိုကြည့်ရသည်မှာ လမ်းပေါ်ရှိလူဆိုးလူမိုက်များဖြင့် ကွဲပြားခြားနားပုံမရှိပေ။

တစ်ချို့ဧည့်သည်များသည် ကလေးမလေးက အနိုင်ကျင့်ခံနေရသည်ကိုမြင်ချိန်တွင် အစောပိုင်းက ထိုသူများကိုတိုက်ခိုက်ဆန့်ကျင်ချင်သော်လည်း သူတို့၏ကိုယ်နေဟန်ထားကိုမြင်ချိန်တွင်မူ လက်လျှော့လိုက်ကြသည်။

ဤနယ်စပ်တွင် မိမိ၏အသက်ကို ကာကွယ်နိုင်ခြင်းကသာလျှင် အကောင်းဆုံးဖြစ်ပေသည်။

ထိုစားပွဲထိုးများသည် နျူ နျူ ၌ငွေကြေးမရှိသည်ကိုသိရှိပြီးဖြစ်သော်လည်း သူတို့က သူမကိုမှီခို၍ လုယွီထံမှ ငွေကြေးရယူနေလိုခြင်းဖြစ်သည်။

"သွားစမ်း...အပေါ်ထပ်ကိုသွားပြီး ဒီမိန်းကလေးရဲ့အစ်ကိုကိုသွားရှာကြ"

စားပွဲထိုးအုပ်စုသည် ချက်ချင်းပင် အပေါ်ထပ်မှ လုယွီ၏အခန်းသို့ ဦးတည်သွားလိုက်ကြသည်။

နျူ နျူ ၏မျက်ရည်များသည် မိုးရွာကျသကဲ့သို့ စိုရွှဲနေသည်။ သူမက ထိုမြင်ကွင်းမျိုးကို ယခင်တုန်းက မမြင်ဘူးခဲ့ချေ။

သို့သော် ထိုလူများက လုယွီထံသွားရောက်နေကြသည်ကို သူမကမြင်ချိန်တွင် အလျှင်အမြန်ပြေးသွားပြီး သူတို့အား တားဆီးလိုက်သည်။

"အကိုကြီးက ဒဏ်ရာရထားတာ...နင်တို့အားလုံး သူကိုမနှောက်ယှက်ပါနဲ့...ဘယ်လောတ်ပေးရမှာလဲ....ကျွန်မ...ကျွန်မ နည်းလမ်းရှာပါမယ်"

စားပွဲထိုးများသည် စိတ်လက်မရှည်ဖြစ်နေကြ၏။ သူတို့က နျူ နျူ ၏မျက်နှာကို ဖြတ်ရိုက်လိုက်ကြသည်။

ဖြောင်း...

နျူ နျူ က မြေမြင်ပေါ်သို့လဲကျသွားပြီး သူမ၏နူးညံသောပါးပြင်တွင် အနီရောင်လက်ဝါးရာကြီး စွဲထင်နေခဲ့သည်။

ထိုပါးရိုက်ချက်က ပြင်းထန်ပေရာ နျူ နျူ ၏မျက်နှာတွင် သွေးများ စွန်းထင်းကျန်ခဲ့သည်။

"ဆိုင်ရှင်....ဟိုကောင်စုတ်လေးက တံခါးကိုအတွင်းကနေ ပိတ်ထားတယ်"

စားပွဲထိုးတစ်ယောက်က ပြောဆိုလိုက်သည်။

ဆိုင်ပိုင်ရှင်သည် ဤနေရာတွင်မည်သည့်အရာမျှဖြစ်ပျက်နေခြင်းမရှိသကဲ့သို့ မီးဖိုချောင်အတွင်းမှ အေးအေးဆေးဆေး ထွက်လာခဲ့သည်။

"ငါ မင်းတို့ကို ဘယ်နှစ်ခါပြောရမှာလဲ...အရမ်းမကြမ်းတမ်းပါနဲ့လို့...ဧည့်သည်ကိုသာခေါ်ထုတ်ပြီး ဆိုင်အတွင်းက ဆုံးရှုံးမှုတွေကို လျော်ကြေးတောင်းစမ်းပါ"

ဆိုင်ပိုင်ရှင်က အေးဆေးတည်ငြိမ်စွာပြောဆိုလိုက်သည်။

စားပွဲထိုးက ချက်ချင်းပင် ရယ်မောရင်းပြန်လည်ပြောဆိုလိုက်သည်။

"ဆိုင်ရှင်ပြောတာမှန်တယ်"

ထို့နောက် ထိုစားပွဲထိုးက သူ၏ခေါင်းကိုပြန်လှည့်ပြီး စိတ်လက်မရှည်စွာဖြင့် ပြောဆိုလိုက်လေ၏။

"တံခါးက သော့ပိတ်ထားတယ်....ကျွန်တော်တို့ ချိုးဖျက်ဖွင့်ရမယ်ထင်တယ်...အဲ့ဒါနဲ့ပတ်သတ်ပြီး ညွှန်ကြားစရာများရှိသေးလား"

ဆိုင်ပိုင်ရှင်က ရယ်ပြုံးရင်းမှ သူတို့ကိုခေါင်းညိတ်ပြပြီး တစ်ဖက်သို့လှည့်၍ တံခါးကိုကန်ဖွင့်လိုက်သည်။

ဒုန်း...

တံခါးပွင့်သွားပြီးနောက် ထိုလူစုက အခန်းအတွင်းသို့ အေးစက်စက်အပြုံးများဖြင့် ဝင်လိုက်ကြတော့သည်။

All Chapters