အခန်း (၁၇၆-၁၈၀)
Vol. 6-10 Ch. 176-180
Chapter 176
"အကိုကြီး....ကျွန်မ ကြောက်တယ်"
နျူ နျူ က အပြေးအလွှားလာပြီး လုယွီ၏အကျႌထောင့်ကို တင်းတင်းဆုပ်ကိုင်လိုက်သည်။
လူမြောက်များစွာက တစ်ချိန်တည်းမှာပင် အော်ဟစ်မှုကြောင့် ထွက်ပေါ်လာသောအသံသည် နားအူပြီးခြိမ်းခြောက်နိုင်စွမ်းအပြည့်ရှိနေသည်။
လုယွီက နျူ နျူ ကိုချီပိုး၍ ကြက်သေသေနေကြသည့် စစ်နတ်ဘုရားဂိုဏ်းမှ ကျင့်ကြံသူများရှေ့သို့ လျှောက်လှမ်းသွားလိုက်သည်။
"ခင်ဗျားတို့ဂိုဏ်းမှာ ကျန်နေသေးတဲ့ အကြီးအကဲတွေကို ကျုပ် သတင်းစကားတစ်ခုပေးလိုက်မယ်...သူတို့ကို ငါ သုံးရက်အတွင်း လုံကျင်းမှာတွေ့ချင်တယ်....မလာဘူးဆိုရင်တော့ အကျိုးဆတ်ကို ခင်ဗျားတို့ဂိုဏ်းတစ်ခုလုံး ခံရမယ်"
လုယွီက လေးနက်သောလေသံဖြင့် ပြောဆိုလိုက်လေ၏။
ထိုကျင့်ကြံသူများသည် မူလက လုယွီက သူတို့အားလုံးကို သတ်ဖြတ်ပစ်လိမ့်မည်ဟု တွေးထင်ထားခဲ့သည်။ သို့ရာတွင် ယခု လုယွီ ပြောလ်ုက်သည့်စကားများကို ကြားရသည့်အခါတွင် သူတို့က လွတ်ငြိမ်းချမ်းသာခွင့်ရရှိသွားသကဲ့သို့ ရုတ်ချည်းခံစားမိလေသည်။
"စီနီယာ...ကျေးဇူးပြုပြီး စိတ်ချလက်ချနေပါ....ကျွန်တော်တို့က စီနီယာရဲ့ဆန္ဒကို သေသေချာချာ ပြောလိုက်ပါမယ်"
ထိုစကားပြောပြီးသည်နှင့် လုယွီစိတ်ပြောင်းသွားမည်ကိုကြောက်ရွံကြသဖြင့် စစ်နတ်ဘုရားဂိုဏ်းမှတပည့်များသည် သူတို့၏ဓားပျံများကိုစီးနင်း၍ အလျှင်စလိုထွက်ခွာလိုက်ကြသည်။
"အမတ်ငယ်လေး....မင်း အဆင်ပြေနေတာ အရမ်းကောင်းတာပဲ....မြင့်မြတ်တဲ့အင်မော်တယ်က မင်းကိုလိုက်လံဖမ်းဆီးနေတဲ့ အချိန်တုန်းက ငါတို့သေလုမတတ်စိတ်ပူခဲ့ရတာ"
လုချီက ထော့နဲ့ထော့နဲ့ဖြင့်လုယွီထံသို့ လမ်းလျှောက်လာပြီး သူ၏အသံသည် တုန်ရီနေလေ၏။
လုချီသည် ရှကူး၏လက်ဝါးရိုက်ချက်ကို အပြင်းအထန်ခံယူလိုက်ရသဖြင့် ယခုလက်ရှိတွင် သူက အတွင်းဒဏ်ရာများကို ခံစားနေရသည်။
"အခု ဘာစကားမှမပြောနဲ့အုံး....ဒါကိုစားလိုက်"
လုယွီက သူ၏သိုလှောင်အိတ်အတွင်းမှ ကြက်သွေးရောင်နတ်ဘုရားသစ်သီးတစ်လုံးကို ထုတ်ယူ၍ လုချီ၏လက်အတွင်းသို့ ထည့်ပေးလိုက်သည်။
လုချီက ကြက်သွေးရောင်နတ်ဘုရားသစ်သီးကိုယူလိုက်၏။ အသက်ပြင်းပြင်းရှုရှိုက်မိသည်နှင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံး လန်းဆန်းသွားပြီး သူ၏ကျန်းချီများလည်း အနည်းငယ်ပို၍သိပ်သည်းလာသည်ကို ခံစားမိလေသည်။
"ဒါက ဘယ်လိုရတနာမျိုးလဲ"
လုချီက အပြင်းအထန် အံအားသင့်သွားသော်လည်း တုန့်ဆိုင်းခြင်းမရှိဘဲ သူက ထိုသစ်သီးကို ဝါးမြိုလိုက်သည်။
ထိုကြက်သွေးရောင်နတ်ဘုရားသစ်သီးကို ကုန်စင်အောင်စားသုံးပြီးချိန်တွင် ချက်ချင်းပင် သူ၏ခြေလက်အဂါင်္များပူနွေးလာသည်ကို ခံစားမိသည်။ သူ၏ကျန်းချီများပင်လျှင် မရီးဒါန်းများကိုဖြတ်၍ သူ၏ဒန်တျန်အတွင်းသို့ စီးဝင်လာလေသည်။ လုချီ၏မျက်နှာအမူအယာသည် ပြောင်းလဲသွားပြီး ချက်ချင်းပင် မြေပြင်ပေါ်သို့ထိုင်ချလိုက်သည်။
လုယွီက အနည်းငယ်မျှပင် အံအားသင့်မှုမျိုး မခံစားရဘဲ သူ၏သိုလှောင်အိတ်အတွင်းမှ ကြက်သွေးရောင်နတ်ဘုရားသစ်သီးတစ်ချို့ကို ထပ်မံထုတ်ယူ၍ လုမိသားစု၏အစောင့်အကြပ်များအား ပေးလိုက်လေ၏။
လုမိသားစုအစောင့်အကြပ်များသည် မည်သည့်တုန့်ဆိုင်းခြင်းမျှမရှိဘဲ သစ်သီးများကို ယူလိုက်ကြသည်။ သူတို့က သစ်သီးကိုစားသုံးပြီးသည်နှင့် ချက်ချင်းပင် မြေပြင်ပေါ်သို့ ထိုင်ချလိုက်လေ၏။
"စစ်သားတွေကို ခေါ်သွားပြီးတော့ မြို့သူမြို့သားတွေနဲ့နယ်စပ်ပြင်ပက လေလွင့်သူတွေကို စုစည်းခိုင်းလိုက်...ယွမ်ယင် ချမှတ်ခဲ့တဲ့ မတန်တဆအခွန်ငွေကောတ်ခံတာကို ဖျက်သိမ်းမယ်...ပြီးတာနဲ့ စစ်တပ်တစ်ခုလုံး မြို့တော်ကို ချက်ချင်းပြန်မယ်"
လုခိုင်ရှမ်က အမိန့်ထုတ်ပြန်လိုက်လေ၏။
လုခိုင်ရှမ်သည် ယခင်ကတည်းက အလွန်ထူးချွန်သည့် စစ်ဗိုလ်ချုပ်ကြီးတစ်ယောက်ဖြစ်သည့်အတွက် ယခု အမိန့်ပေးစေခိုင်းရာတွင် ပို၍ပင်ကျွမ်းကျင်နေပေသည်။
"ကျွန်တော်မျိုးတို့က အမိန့်တော်ကို နာခံပါတယ်"
ဝန်ကြီးများအုပ်စုသည် အမိန့်နာခံကြောင်း ကျယ်လောင်စွာအော်ဟစ်လိုက်ကြပြီး သူတို့၏ကိုယ်ပိုင်အရေးကိစ္စများကိုပြုလုပ်ရန် ထွက်ခွာလိုက်ကြသည်။
"အေဖ"
လုယွီက နျူ နျူ ကိုခေါ်၍ လုခိုင်ရှမ်၏ရှေ့သို့ လျှောက်လှမ်းသွားလိုက်သည်။
"ယွီအာ...နောက်ဆုံးတော့ သား အရွယ်ရောတ်လာပြီပဲ"
လုခိုင်ရှမ်က သူ၏ခေါင်းကိုလှည့်၍ သားဖြစ်သူကို ဝေခွဲရခက်နေသည့်မျက်နှာအမူအယာဖြင့် ကြည့်နေမိသည်။
ရက်အနည်းငယ်သာကြာသေးသော်လည်း သူ၏ရှေ့ရှိ သားဖြစ်သူ၏လုပ်ဆောင်မှုများသည် လုခိုင်ရှမ်အား အံ့အားသင့်တုန်လှုပ်စေသည်။
"သွားကြစို့...အရင်ရက်တွေတုန်းက မြို့တော်ကနေ စာတွေအများကြီးရောတ်လာတယ်...ငါတို့ လုံကျင်းကို ချက်ချင်းပြန်မှရမယ်"
လုခိုင်ရှမ်သည် ဝန်ထုပ်ဝန်ပိုးများအားလုံးကို ဖယ်ရှားရှင်းလင်းနိုင်ခဲ့ပုံရသော်လည်း သူကိုကြည့်ရသည်မှာ အနည်းငယ်နွမ်းနယ်နေခဲ့သည်။
ယခင်က သူ၏ဖခင်ဖြစ်သူနှင့်ယွမ်ယင်သည် ယခင်က မိတ်ဆွေကောင်းများဖြစ်ခဲ့သည်ကို လုယွီက စိတ်အတွင်းမှနေ၍ သိရှိနားလည်မိသည်။
ယခုကဲ့သို့ဖြစ်ရခြင်းမှာ လူများ၏စိတ်သဘောသည် အချိန်နှင့်အမျှ ပြောင်းလဲတတ်ခြင်းကြောင့်ဖြစ်ပေ၏။
"ငါ အဆင့်ချိုးဖျက်နိုင်ပြီကွ"
"ငါ အခု ရှီထျန်းဆဠမအဆင့်ကို ရောက်သွားပြီ...ဟား ဟား...ငါက တပြိုင်နက်တည်း အဆင့်နှစ်ဆင့်ကို ချိုးဖျက်နိုင်လိမ့်မယ်လို့ ဘယ်တုန်းကမှ မျှော်လင့်မထားမိဘူး"
ပတ်ဝန်းကျင်မှ ပျော်ရွှင်စွာအော်ဟစ်နေကြသည့် အသံလှိုင်းများထွက်ပေါ်လာပြီးနောက် လုမိသားစုတပ်သားများသည် မြေပြင်ပေါ်၌ မတ်တတ်ထရပ်လိုက်ကြသည်။
လုချီ၏မျက်လုံးများလည်း တောက်ပနေလေ၏။ သူ၏အတွင်းဒဏ်ရာများ ပျောတ်ကင်းသွရုံသာမက သူ၏ကျင့်ကြံမှုသည်လည်း ပို၍ပင်တည်ငြိမ်လာခဲ့သည်။
"သခင်လေးက အရမ်းကြင်နာတတ်တာပဲ...ကျွန်တော်တို့ ဘယ်သောအခါမှ မေ့မှာမဟုတ်ဘူး"
လုမိသားစုတပ်သားများက လုယွီရှေ့တွင် ဒူးထောက်လိုက်ပြီး ကြည်ညိုလေးစားသော အပြုအမူများဖြင့် ပြောဆိုလိုက်ကြသည်။
လုယွီက တည်ငြိမ်စွာဖြင့် ပြုံးနေရင်းမှ သူ၏လက်ကိုမြှောက်လိုက်သည်။
"မင်းတို့အားလုံးက ငါရဲ့လုမိသားစုအဖွဲ့ဝင်တွေပဲ...ထပ်ပြီး အရိုအသေပြုနေစရာမလိုဘူး...မင်းတို့တွေ လုမိသားစုကို သစ္စာစောင့်သိနေသမျှကာလပတ်လုံး... အနာဂတ်မှာ မင်းတို့ အကြီးအကျယ်အကျိုးခံစားခွင့်ရမယ်"
လုယွီက သူတို့အားလုံးကို လုမိသားစု၏အဖွဲ့ဝင်များအဖြစ် အသိအမှတ်ပြုထားပြီးဖြစ်ပေ၏။
ကောင်းကင်ဘုံ...ငါတို့ရဲ့သခင်လေးက အင်မော်တယ်တွေကိုတောင် သတ်ပစ်နိုင်ခဲ့တဲ့ တည်ရှိမှုကြီးလေ...
ငါတို့ရဲ့အနာဂတ်က အကန့်အသတ်ရှိတော့မှာ မဟုတ်ဘူး....
စစ်တပ်ကို ပြင်ဆင်ဖွဲ့စည်းရန်မှာလည်း အချိန်အများကြီးယူရန် လိုအပ်မည်မဟုတ်ချေ။ လုခိုင်ရှမ် ပြောသွားသကဲ့သို့ပင် တာလျန့်နိုင်ငံတော်တစ်ခုလုံး၏တစ်ဝက်ကျော်သည် သူ၏စွမ်းအားကြောင့် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
ယွမ်ယင်သည် နှစ်ပေါင်းအတော်ကြာ ထီးနန်းရယူခဲ့သော်လည်း အင်ပါယာတရားရုံးရှိ လုခိုင်ရှမ်၏သိက္ခာကြီးမြတ်မှုသည် အလွန်အမင်းမြင့်မားသည့်နေရာတွင် တည်ရှိပေသည်။
Chapter 177
တာလျန့်နိုင်ငံတော်...လုံကျင်း
အင်ပါယာမင်း ယွမ်ယင် သေဆုံးသည့်သတင်းသည် လုံကျင်းမြို့တော်တစ်ခုလုံး ပျံ့နှံ့သွားလေ၏။ ယခုအချိန်တွင် မြို့တော်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သည့်အခြေအနေသို့ ရောက်ရှိနေခဲ့သည်။
"ဘယ်လို...လုခိုင်ရှမ်က ပုန်ကန်ပြီးတော့ အင်ပါယာမင်းကို သတ်ပစ်ခဲ့တာလား"
"ယွမ်မိသားစုက အဆုံးသတ်သွားပြီလား...မောက်မာနေတဲ့ အင်ပါယာမင်း သေပြီပေါ့....သူရဲ့နံဘေးနားမှာ ရှီထျန်းအဆင့်တွေအများကြီးရှိပြီး သူကိုအင်မော်တယ်တစ်ယောက်က ကျောထောက်နောတ်ခံပြုထားတယ်ဆိုပြီး အင်ပါယာမင်းက မာနတွေထောင်လွှားနေခဲ့တာ....ဒါဆို လုခိုင်ရှမ်ကလည်း သေချင်နေလို့ အင်ပါယာမင်းကိုသတ်ပစ်တာလား"
လုံကျင်းရှိ မြောက်များစွာသော အထက်တန်းလွှာများနှင့်ဝန်ကြီးများက သတင်းစကားကြားရချိန်တွင် သူတို၏နားများကိုပင် မယုံကြည်နိုင်တောာချေ။
လုယွီက လုံကျင်းတွင်ပြုလုပ်ခဲ့သော ကိစ္စရပ်များကပင် လူတိုင်းကို ဆွံအစေပြီးဖြစ်သည်။ လုယွီက မင်းသားနှစ်ပါးကို သတ်ဖြတ်ခဲ့ပြီး အရှေ့နန်းတော်ကိုဖျက်ဆီးခဲ့သည့်အပြင် အစောင့်အကြပ်ခန်းမတစ်ခုလုံးကိုလည်း အပိုင်းပိုင်းအစစ ခြေမွခဲ့လေသည်။
ထိုပြစ်မှုများအနက်မှတစ်ခုကပင် လုယွီအား အင်ပါယာမင်းမှ ခေါင်းဖြတ်သတ်ရန်လုံလောတ်ပေသည်။ ထို့အပြင် လုယွီက စစ်နတ်ဘုရားဂိုဏ်းမှ အင်မော်တယ်ကို သတ်ဖြတ်ခဲ့သည့် ပြစ်မှုသည် ပို၍ပင်ဆိုးပေ၏။
စစ်နတ်ဘုရားဂိုဏ်းမှအင်မော်တယ်တစ်ယောက်သည် တာလျန့်နိုင်ငံတော်တစ်ခုလုံးကို ထိန်းချုပ်နိုင်ပေ၏။ အကယ်၍ ထိုအင်မောိတယ် သတ်ဖြတ်ခံရသည်ကိုသိလျှင် စစ်နတ်ဘုရားဂိုဏ်းသည် ပြစ်မှုကျူ းလွန်သူအား အလွတ်ပေးလိမ့်မည် မဟုတ်ချေ။
သူတို့က စစ်နတ်ဘုရားဂိုဏ်းသည် လုမိသားစုအား ဖျက်ဆီးမည်ကို စောင့်ကြည့်နေရမည်သာဖြစ်လေ၏။
"စစ်နတ်ဘုရားဂိုဏ်းရဲ့အင်မော်တယ်က ဘယ်မှာလဲ....အင်ပါယာမင်းက စစ်နတ်ဘုရားဂိုဏ်းရဲ့ မြင့်မြတ်တဲ့အင်မော်တယ်ကို မဖိတ်ကြားခဲ့ဘူးလား"
"ဘယ်လို....စစ်နတ်ဘုရားဂိုဏ်းက အင်မော်တယ်အသတ်ခံရတဲ့အပြင် အင်္သချေသားရဲဂိုဏ်းက အကြီးအကဲတောင် အသတ်ခံလိုက်ရတာလား...ကမ္ဘာလောကကြီးက ဘာတွေများဖြစ်ကုန်ပါလိမ့်"
"ငါကို ပြောပြပါအုံး....အဲ့ဒီကိစ္စတွေက လုယွီလုပ်တာတဲ့လား"
သတင်းကို လက်ခံရရှိခဲ့သော အထက်တန်းလွှာများ၏ မျက်နှာထားများ ပျတ်ယွင်းသွားကြ၏။ ထိုသို့ အဆုံးသတ်မျိုး ဖြစ်သွားလိမ့်မည်ဟု သူတို့မည်သည့်အချိန်ကမျှ တွေးထင်ထားခြင်းမရှိခဲ့ချေ။
ယခင်က လုမိသားစုကို အနှောက်အယှက်ပြုမိသည့်လူများသည် သူတို့၏ပိုင်ဆိုင်မှုများကို ထုပ်ပိုး၍ မြို့တော်မှ အလောသုံးဆယ်ထွက်ခွာလိုက်ကြသည်။
လုမိသားစုနှင့်ဆတ်ဆံရေးကောင်းရှိသူများမှာမူ အလွန်ပင်ပျော်ရွှင်နေကြသည်။
ရုတ်တရက်ဆိုသလိုပင် လုမိသားစုနှင့် သိကျွမ်းသူဖြစ်စေ မသိကျွမ်းသူဖြစ်စေ သူတို့က လက်ဆောင်များကိုသယ်ဆောင်၍ လုမိသားစုထံသို့ ဦးတည်သွားလိုက်ကြသည်။
****
လုံကျင်း...ယုံဖျင်အိမ်တော်
"တရားရေးဌာနရဲ့ဒုတိယဝန်ကြီး ကျန်းတာ့ကျစ်က တောင်ပိုင်းပင်လယ်ပုလဲတွေယူဆောင်လာပြီး သခင်မကြီးကိုတွေ့ခွင့်တောင်းပါတယ်"
"ချမ်းသာကြွယ်ဝကျားစခန်းမှ စစ်ဗိုလ်ချုပ်လျိုက မြောက်ပိုင်းကုန်းမြေက သက်ရှည်ကျောက်တုံးတွေယူဆောင်လာပြီး သခင်မကြီးကို နှုတ်ခွန်းဆတ်သပါတယ်"
"ဝန်ကြီးချုပ်...."
အရာရှိများသည် ယုံဖျင်အိမ်တော်၏ဝင်ပေါတ်တွင် အရာရှိများက မတ်တတ်ရပ်နေကြပြီး ဝင်းလက်တောက်ပနေသောမျက်နှာများဖြင့် အော်ဟစ်နေကြသည်။
လုမိသားစု၏ပင်မတံခါးတွင် လက်ဆောင်များပြည့်နှက်စွာ တင်ဆောင်ထားသည့် တန်ဖိုးကြီးမြင်းရထားများသည် အတန်းအရှည်ကြီးဖြစ်နေသည်။
မင်းညီမင်းသားများကဲ့သို့ နေထိုင်ကြသည့် ဝန်ကြီးများသည် သူတို့၏အဆောင်အယောင်များကိုဖယ်ရှား၍ အပြုံးများဝေဆာစွာပြံုးနေရင်းမှ လုအိမ်တော်အား လက်ဆောင်များပေးနေကြသည်။
***
ယုံဖျင်အိမ်တော်၏အတွင်းဘက်...
"သခင်မကြီး....အရာရှိတွေက အရှေ့ခြံဝန်းအတွင်းမှာ စောင့်ဆိုင်းနေကြတယ်...ကျွန်တော်တို့ အပြင်ထွက်ပြီး သူတို့ကို ကြိုဆိုသင့်လား"
ကျုံးပသည် ရိုသေလေးစားစွာဖြင့် မေးမြန်းလိုက်လေ၏။
သခင်မကြီးယွီရုံသည် အစောပိုင်းက ထိုင်ခုံပေါ်တွင်ထိုင်နေခဲ့သည်။ အချိန်တခဏကြာစဉ်းစားပြီးနောတ်တွင် သူမက မတ်တတ်ထရပ်ရင်းမှ ပြောဆိုလိုက်သည်။
"ဒါ မှန်တယ်....ငါတို့ တစ်ခြားသူတွေကို သွားရောက်တွေ့ဆုံတာပိုကောင်းလိမ့်မယ်"
"အေမ"
လုလမ်ရွှမ်းက မိခင်ဖြစ်သူကို ဝေဖန်ပြောဆိုလိုက်လေ၏။
"အမေက အရမ်းနူးညံသိမ်မွေ့လွန်းတယ်...ဒီလူတွေက အရင်တုန်းကဆို လုမိသားစုနဲ့ဆတ်ဆံရေးကို ဖြတ်တောက်ပစ်ချင်ကြတဲ့လူတွေ...အခု သမီးတို့လုမိသားစုရဲ့ အခြေအနေက အထွက်အထိပ်ပြန်ရောက်လာပြီဆိုတာသိလို့ သူတို့က လာရောက်ဝန်းရံနေကြတာ...အဲ့လို သာရာကူးတတ်တဲ့သူတွေကို သွားတွေ့နေစရာမလိုအပ်ဘူး"
သခင်မကြီးယွီရုံက မျက်မှောင်ကြုတ်ပြီး သက်ပြင်းချလိုက်သည်။
"သူတို့လုပ်ခဲ့တာတွေက သူတို့ကိစ္စပဲ...ငါတို့ရဲ့လုမိသားစုက မလေးမစားမလုပ်သင့်ဘူးလေ"
ထိုအချိန်မှာပင် အိမ်ရှေ့ခြံဝန်းမှ အံသြတကြီး အော်ဟစ်သံတစ်သံအား ကြားလိုက်ရသည်။
အစေခံတစ်ယောက်က အလျှင်အမြန် အိမ်တော်အတွင်းသို့ပြေးဝင်လာပြီး စိတ်လှုပ်ရှားနေသော အမူအယာဖြင့် ပြောဆိုလိုက်လေ၏။
"သခင်မကြီး...သခင်မလေး...သခင်ကြီးနဲ့သခင်လေးတို့ ပြန်လာကြပြီ"
အနက်ရောင်သံချပ်ကာဝတ်စုံဝတ်ဆင်ထားသည့် တပ်စုတစ်စုသည် လုမိသားစု၏တံခါးရှေ့သို့ ရောက်ရှိလာကြသည်။
မြင်းရထားလှည်းမှသူများက ထိုသံချပ်ကာစစ်တပ်ကိုမြင်ချိန်တွင် သူတို့၏သတ္တိများ ပျောက်ဆုံးကုန်ပြီး လမ်းဖယ်ပေးလိုက်ကြသည်။
ရုတ်ချည်းဆိုသလိုပင် လုမိသားစု၏တံခါးရှေ့တွင် မြေကွက်လပ်ကြီးဖြစ်ပေါ်သွားလေ၏။
သခင်မကြီးယွီရုံနှင့်လုလမ်ရွှမ်းက စိတ်လှုပ်ရှားမှုဖြင့် ပြေးထွက်လာကြျပြီး လုယွီနှင့်လုခိုင်ရှမ်အား ကြည့်ရှုလိုက်ကြသည်။
"အေမ....မမ"
လုယွီသည် ဓားပျံကိုထိန်းချုပ်၍ စီးနင်းနိုင်သော်လည်း သူ၏ဖခင်နှင့်အတူ မြင်းစီး၍ လုံကျင်းသို့ ပြန်လာခဲ့ခြင်းဖြစ်သည်။
လုယွီသည် အိမ်မှထွက်ခွာခဲ့သည်မှာ ရက်အနည်းငယ်သာရှိသေးသော်လည်း လုခိုင်ရှမ် ထွက်ခွာခဲ့သည်မှာ အချိန်အတော်ကြာပြီဖြစ်လေ၏။ သခင်မကြီးယွီရုံနှင့်လုလမ်ရွှမ်းတို့က လုခိုင်ရှမ်အားမြင်ချိန်တွင် သူတို့၌ပြောစရာကိစ္စရပ်အများအပြားရှိပုံဖြင့် နှုတ်ခမ်းများတုန်ရီနေကြသည်။
Chapter 178
"ဒီငယ်သားက အရှင်မင်းမြတ်ကို ကြိုဆိုပါတယ်"
"အင်ပါယာမင်းမြတ် သက်တော်ရာကျော်ရှည်ပါစေ"
လုခိုင်ရှမ်ပြန်လာသည်ကိုမြင်သောအခါတွင် တစ်ချို့သောသတင်းကောင်းစွာရရှိထားသည့် ဝန်ကြီးတစ်ချို့သည် ချက်ချင်းပင် မြေပြင်ပေါ်၌ ဒူးထောက်လိုက်ကြသည်။
တစ်ခြားသူများသည် မြောက်ပိုင်း၌ မည်သည့်ကိစ္စရပ်များဖြစ်ပျက်သွားသည်ကို သိရှိကြခြင်းမရှိသော်လည်း မည်သူတစ်ဦးတစ်ယောတ်မျှ လူနုံလူအများမဟုတ်ကြချေ။ အရူးတစ်ယောတ်ပင်လျှင် ဤအခြေအနေမျိုးတွင် မည်ကဲ့သို့ပြုလုပ်ရမည်ကို သိရှိကြပေမည်။
ရုတ်တရက်ဆိုသလိုပင် လက်ဆောင်များသယ်ဆောင်လာကြသည့် အမတ်များနှင့်အရာရှိများက မြေပြင်ပေါ်၌ ဒူးထောက်လိုက်ကြသည်။
လုခိုင်ရှမ်က သူ၏ခေါင်းကိုခါယမ်းပြီး ထ်ုလူအုပ်စုကိုလျစ်လျှူ ရှုကာ ယုံဖျင်အိမ်တော်အတွင်းသို့သာ ဝင်သွားခဲ့သည်။
လုယွီက ကြက်သေသေနေသည့်မျက်နှာအမူအယာများဖြင့် ရှိနေသောအရာရှိများကို တစ်ချက်ကြည့်ပြီး အမိန့်ပေးလိုက်သည်။
"ဦးလေးကျုံး....သူတို့အားလုံးကို သွားခိုင်းလိုက်တော့..ဒီမှာတစ်ယောက်မှမနေစေနဲ့ မျက်စိရှုပ်တယ်"
"ဟုတ်ကဲ့ သခင်လေး"
လုခိုင်ရှမ်သည် ပင်မခန်းမအတွင်းသို့ ဝင်လိုက်လေ၏။ ယခုအချိန်သည် သူတို့မိသားစုပြန်လည်ဆုံစည်းသည့် အခါသမယဖြစ်ပေသည်။ သူတို့အားလုံး၏မျက်နှာပေါ်၌ အပြုံးများဖြင့်ဝင်းလက်တောက်ပနေကြသည်။
ယုံဖျင်အိမ်တော်တွင် စားကောင်းသောတ်ဖွယ်များကို အချိန်အတော်ကြာကတည်းက ပြင်ဆင်ထားပြီး မိသားစုလေးယောက်က စားပွဲပတ်လည်ရှိထိုင်ခုံများပေါ်၌ ထိုင်လိုက်ကြသည်။ လုယွီက သူ၏မိခင်မျက်နှာပေါ်မှ အပြုံးကို ရှားရှားပါးပါးတွေ့မြင်လိုက်ရသည်။
"အကိုႀကီး...."
နျူ နျူ က အနည်းငယ်ရှက်ရွံနေလေ၏။ သူမက စားပွဲ၏နံဘေးတွင် မတ်တတ်ရပ်နေပြီး လုယွီအနီးသို့ မချဉ်းကပ်ဝံချေ။
"လာပါ...ကြောက်မနေနဲ့...သူတို့တွေက ငါရဲ့မိသားစုတွေပဲ...ဒီနေ့ကစပြီး သူတို့အားလုံးက နျူ နျူ ရဲ့မိသားစုဖြစ်သွားပြီ"
လုယွီက ကလေးမလေး၏ခေါင်းကို ပွတ်သပ်ပေးပြီးနောက် သခင်မကြီးယွီရုံအား ထိုမိန်းကလေး၏မူလဇစ်မြစ်ကို ရှင်းပြလိုက်သည်။
လုယွီက မြေအောက်နန်းတော်အတွင်းတွင် ဖြစ်ပျက်ခဲ့သည့်ကိစ္စရပ်များကိုမူ အမှန်တစ်ကယ်ပင် ချန်လှပ်၍ မိခင်ဖြစ်သူအား ပြောပြခဲ့ခြင်းဖြစ်သည်။ လုယွီက ထိုကလေးမလေးကို ကံကြမ္မာအရဆုံတွေ့ခဲ့ခြင်းဖြစ်သည်ဟုသာ ပြောကြားခဲ့သည်။ သူမ၏ ချစ်ခင်သနားဖွယ် ပုံပန်းသွင်ပြင်ကြောင့် သူ၏ညီမငယ်လေးအဖြစ် သူမကိုလက်ခံခဲ့ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့လေသည်။
"ရှောင်ယွီ....မင်းအစောကတည်းက ဘာလို့မပြောတာလဲ...ဒီကိုမြန်မြန်လာ...အစ်မကြီးက မင်းကိုချီကြည့်ရအောင်"
လုလမ်ရွှမ်း၏မျက်လုံးများက နျူ နျူ ကိုမြင်ချိန်တွင် တောက်ပသွားလေ၏။ သူမက လျှင်မြန်စွာဖြင့် နျူ နျူ အား ကောတ်ချီလိုက်လေသည်။
လုခိုင်ရှမ်ကတော့ ထိုကိစ္စရပ်များကိုသိရှိပြီးဖြစ်သည်။ လမ်းခရီးတွင် လုယွီက နျူ နျူ နှင့်ပတ်သတ်သည့်ကိစ္စများကို သူ့အားရှင်းပြပြီးဖြစ်သည်။
သခင်မကြီးယွီရုံက နျူ နျူ ကို ချစ်ခင်နှစ်သက်ပုံဖြင့်ကြည့်ပြီး နူးညံသိမ်မွေ့စွာဖြင့် ပြောဆိုလိုက်သည်။
"ဘယ်လောတ်တောင် သနားစရာကောင်းတဲ့ကလေးလဲ...အခုချိန်ကစပြီး ဒီအိမ်က မင်းရဲ့အိမ်ပဲ....အပြင်မှာထပ်ပြီး ဒုက္ခခံစရာမလိုတော့ဘူး"
ူူသူမ၏နံဘေးမှ လုလမ်ရွှမ်းနှင့်နျူ နျူ တို့ထံမှ အော်ဟစ်ရယ်မောသံများ ထွက်ပေါ်နေသည်။ နျူ နျူ သည် စားသောက်ဆိုင်တွင် တစ်စုံတစ်ခုစားသောက်ခဲ့သော်လည်း မတော်တဆဖြစ်ရပ်ကြောင့် အစာများများမစားခဲ့ရချေ။
ယခု လုလမ်ရွှမ်း၏ရှေ့တွင် စားကောင်းသောတ်ဖွယ်များအစုံအလင်ရှိနေလေရာ ကလေးမလေးသည် သူမနှင့်အလျှင်အမြန်ပင် ရင်းနှီးကျွမ်းဝင်သွားခဲ့သည်။ နျူ နျူ ၏ပါးစပ်မှ ဆီစဆီနများကိုလည်း လုလမ်ရွှမ်းက တစ်ကြိမ်ပြီးတစ်ကြိမ် သုတ်ပေးနေပေသည်။
"အဖေ....အဖေက ဒီသေမျိုးနိုင်ငံရဲ့အင်ပါယာမင်း တစ်ကယ်လုပ်မလို့လား"
လုယွီက လုခိုင်ရှမ်ဘက်သို့လှည့်၍ မေးမြန်းလိုက်လေ၏
လုယွီက ထိုစကားကိုပြောလိုက်ချိန်တွင် သခင်မကြီးယွီရုံ လုလမ်ရွှမ်း နှင့် အနီးအနားတွင်တာဝန်ထမ်းဆောင်နေကြသည့် အစေခံများပင် လုခိုင်ရှမ်ထံသို့ အကြည့်ရောက်လာကြသည်။
ယခုလက်ရှိတွင် လုမိသားစုသည် တာလျန့်နိုင်ငံတော်၏အစွမ်းထက်ဆုံးအင်အားစုဖြစ်ပေ၏။
အင်မော်တယ်များပင် လုယွီ၏ပြိုင်ဘက်မဟုတ်ပေ။ ထို့ကြောင့် တာလျန့်နိုင်ငံတော်ရှိ မည်သူကမျှ လုမိသားစုအား စိန်ခေါ်ဝံ့မည်မဟုတ်ပေ။
အကယ်၍ လုခိုင်ရှမ်ကသာ အင်ပါယာမင်းဖြစ်လိုသည်ဆိုလျှင် သူ၏လက်တစ်ချောင်းလှုပ်ခတ်လိုက်သကဲ့သို့ပင် လွယ်ကူပေမည်။
"ဒါက တစ်ခြားသူတွေရဲ့ထင်မြင်ချက်သက်သက်ပါ"
လုခိုင်ရှမ်က သက်ပြင်းတစ်ချက်ချပြီး ရုတ်တရက် သူ၏ဦးခေါင်းကို ခါယမ်းလိုက်သည်။
ဘယ္လို....
အင်ပါယာမင်းဖြစ်ရန် ဆန္ဒမရှိသောသူ ရှိနေသေးသည်လော....
ပတ်ဝန်းကျင်ရှိ အစေခံများ၏မျက်လုံးများအတွင်းတွင် စိတ်ရှုပ်ထွေးမှုများပြည့်နှက်နေသော်လည်း သူတို့၏ပါးစပ်ကို ဖွင့်ဟ၍မမေးမြန်းဝံ့ကြချေ။
လုခိုင်ရှမ်က သူ၏ခွက်အတွင်းရှိဝိုင်အရက်များကို တစ်ကျိုက်တည်းမော့ချပြီး ကျယ်လောင်စွာအော်ဟစ်ရယ်မောလိုက်သည်။
"ငါရဲ့ဘဝက အရမ်းရှုပ်ထွေးခဲ့တယ်....အရင်တုန်းက ငါရဲ့ညီအကိုအတွက် တိုက်ခိုက်ပေးခဲ့ပေမယ့် သူက ငါကိုရောင်းစားခဲ့တယ်...နောက်ဆုံးတော့ ငါ နားလည်သွားခဲ့ပြီ...ကြီးမြတ်တဲ့အာဏာဆိုတာက စိတ်အာရုံဖောတ်ပြန်စေတဲ့အရာတစ်ခုပဲ...မိသားစုနဲ့အတူနေထိုင်ရဖို့လည်း အရမ်းဝေးကွာခဲ့တယ်"
"ရှင်က အသက်ကြီးနေပါပြီ...ဘာလို့အပြင်ကိုထွက်ပြီး တိုက်ခိုက်အုံးမှာလဲ...အခု ယွီအာနဲ့ရွှမ်းအာလည်း ကြီးပြင်းလာပြီ...ကျွန်မတို့မိသားစုထဲကို ကလေးမလေးတစ်ယောက်လည်း ထပ်ရောက်လာပြီ....ရှင် အပြင်မှာသွားနေတဲ့နှစ်တွေမှာ ရှင်အကြောင်းကို ကျွန်မတို့နေ့တိုင်းတွေးနေတယ်ဆိုတာ ရှင်သိမှာမဟုတ်ဘူး"
သခင်မကြီးယွီရုံက လုခိုင်ရှမ်ကို အပြစ်တင်နေသော်လည်း သူမ၏မျက်နှာထက်မှ အပြုံးများကိုမူ ကွယ်ဝှက်မရနိုင်ချေ။
လုယွီ၏နှုတ်ခမ်းထောင့်များ တွန့်ကွေးသည်အထိ ပြုံးနေလေသည်။ သူက ဤကဲ့သို့ အိမ်၏နွေးထွေးသော အခြေအနေကို အမှန်တစ်ကယ်ပင် ကြိုက်နှစ်သက်လေ၏။
Chapter 179
နောက်တစ်နေ့တွင် လုခိုင်ရှမ်က အင်ပါယာနန်းတော်သို့ သွားခဲ့သည်။ လုခိုင်ရှမ်က မည်သည့်စကားမျှပြောဆိုခြင်း မရှိခဲ့သော်လည်း တစ်ခြားအရာရှိများက သူတို့၏သစ္စာစောင့်သိမှုကို ပြသသည့်အနေဖြင့် ယွင်မိသားစုမှ ဝန်ကြီးများနှင့်မင်းသားများကို ဖမ်းဆီး၍နာလျန့်နိုင်ငံတော်၏ပြင်ပသို့ နှင်ထုတ်ခဲ့ပြီးဖြစ်သည်။
ယခင်က ရူးသွပ်လုနီးပါးဖြစ်နေသည့်မိဖုရားကြီးနှင့် မာနထောင်လွှားနေခဲ့သည့်မင်းသားများသည် ယခုချိန်တွင် သူတို့၏ယခင် ဂုဏ်ကျက်သရေများပျောတ်ဆုံးသွားပြီး ကြံရာမရဖြစ်နေကြသည်။
ဝန်ကြီးများအားလုံးသည် နန်းတော်အရှေ့တွင် စိတ်ရှည်လက်ရှည်စောင့်ဆိုင်းနေကြ၏။
"မျက်တောင်တစ်ခတ်စာအချိန်မှာပဲ တာလျန့်နိုင်ငံတော်ရဲ့မိုးကောင်းကင်က ပြောင်းလဲသွားလိမ့်မယ်လို့ ငါ ထင်မထားမိဘူး"
"အမတ်ကြီးယုံဖျင်ရဲ့ရုးသွပ်နေတဲ့သားက တစ်ကယ်ကိုသန်မာတာပဲ....ကြည့်ရတာတော့ သူရဲ့သားက ဒီနှစ်တွေအတွင်းမှာ အရမ်းသည်းခံခဲ့ပုံရတယ်...မဟုတ်ရင် ခုလို ကြီးမားတဲ့စွမ်းရည်မျိုးရှိမှာမဟုတ်ဘူး"
"သူကို ယုံဖျင်အမတ်ကြီးလို့ ဆတ်ခေါ်နေတုန်းပဲလား..ဒီနေ့ကိုကျော်သွားတာနဲ့ လုမိသားစုက တော်ဝင်မိသားစုဖြစ်လာလိမ့်မယ်...အခုချိန်ကစပြီး ငါတို့က လုမိသားစုရဲ့အမိန့်ကို နာခံရလိမ့်မယ်"
ဝန်ကြီးများက တစ်ယောက်နှင့်တစ်ယောက် တိုင်ပင်ဆွေးနွေးနေကြသည်။ တစ်ချို့ဝန်ကြီးများက ပျော်ရွှင်နေချိန်တွင် တစ်ချို့ဝန်ကြီးများက ကြေကွဲဝမ်းနည်းနေပေ၏။
"လာနေပြီ....လာနေကြပြီ"
နောက်ဆုံး၌ လူအုပ်စုတစ်စုက အင်ပါယာနန်းတော်၏ရှေ့သို့ ရောက်ရှိလာကြသည်။ သူတို့သည် ဖြည်းဖြည်းခြင်းမောင်းနှင်လာသည့် မြင်းရထားလုံးများကို လိုက်လံစောင့်ကြပ်ပေးနေသည့် အနက်ရောင်သံချပ်ကာစစ်တပ်ဖြစ်သည်။
မြင်းရထားလှည်းများ၏ဘီးများသည် လူအများရှေ့၌ပင် ရပ်တန့်လိုက်သည်။ လုခိုင်ရှမ်က တည်ငြိမ်အေးဆေးသောမျက်နှာဖြင့် မြင်းရထားပေါ်မှ ဆင်းလာခဲ့သည်။
သို့ရာတွင် လုခိုင်ရှမ်၏နောက်တွင် လုယွီအပြင် တစ်ခြားသက်လတ်ပိုင်းအရွယ် မုတ်ဆိတ်မွှေးဖြူ အရှည်ကြီးနှင့်လူကြီးတစ်ယောက်ပါလာခြင်းကိုလည်း လူထုက မြင်တွေ့လိုက်လေသည်။
ထိုသတ်လတ်ပိုင်းအရွယ်လူကြီးသည်လည်း ရှီထျန်းအဆင့်ဆရာသခင်တစ်ယောက်ဖြစ်ပြီး သူ၏ကျန်းချီများကိုကြည့်၍ လုခိုင်ရှမ်နှင့်တန်းတူ ကျင့်ကြံဆင့်ရှိသည်ဟု ယူဆနိုင်သည်။
"ဒါက ဝမ်လော့အမတ်ကြီး ရှောင်းမိုမလား"
"သူ ကံကောင်းပြီထင်တယ်....ဒီနှစ်တွေမှာ လုခိုင်ရှမ်ဖိနှိပ်ခံနေရတုန်းက လုမိသားစုကို တိတ်တဆိတ်ကူညီနေခဲ့တာက အမတ်ကြီးရှောင်းမိုပဲ"
"အမတ်ကြီး ရှောင်းမိုကို အရင်က ယွမ်မိသားစုက စစ်ဆေးမေးမြန်းပြီးတော့ နယ်စပ်ကိုစောင့်ကြပ်ဖို့ စေလွှက်ခံခဲ့ရတာ.....အခြေအနေတွေက အခုလိုပြောင်းလဲသွားမယ်လို့ ငါမထင်ထားမိဘူး"
လူတိုင်းက အားကျခြင်းနှင့်မနာလိုခြင်းများ ပြည့်နှက်နေသည့်မျက်လုံးများဖြင့် သတ်လက်ပိုင်းအရွယာလူကြီးကို ကြည့်နေကြသည်။
ကိတ်မုန့်ပေါ်တွင်ပန်းပွင့်ထပ်ပေါင်းထည့်ခြင်းထက် နှင်းတောအတွင်းမှကျောက်မီးသွေးကိုထောက်ပံပေးသည်က ပို၍ကောင်းပေလိမ့်မည်။
တစ်ခြားတစ်နည်းပြောင်း၍တွေးကြည့်လျှင် သူတို့ယခင်ရက်ကမှ အကျိုးဆောင်ခဲ့သည်ဖြစ်ရာ လုခိုင်ရှမ်၏အမြင်တွင် ထိုကိစ္စများက မည်သည့်သက်ရောက်မှုမရှိချေ။
သို့သော် အမတ်ကြီးရှောင်းမိုကမူ လုမိသားစုကို တစ်ချိန်လုံး ကူညီခဲ့သူဖြစ်ပေ၏။ ယခု လုမိသားစုမြင့်တတ်လာချိန်တွင် အမတ်ကြီးရှောင်းမိုအား ပစ်ပယာထားမည်မဟုတ်ချေ။
လုခိုင်ရှမ်က နန်းတော်ဂိတ်တံခါး၏ရှေ့၌ ရပ်တန့်လိုက်လေ၏။
အမတ်ကြီးရှောင်းမို၏မျက်နှာအမူအယာသည် တနေရာရာ၌ ဝေခွဲမရဟန်များ ထင်ဟပ်နေသော်လည်း သူက နန်းတော်အတွင်းသို့ တစ်ယောက်တည်းလျှောက်လှမ်းဝင်သွားလေ၏။
ဘာ...
ဝန်ကြီးများနှင့်အရာရှိများအားလုံး ကြက်သေသေနေကြပြီး မည်သည့်ကိစ္စရပ်များဖြစ်ပျက်နေသည်ကို နားမလည်နိုင်တော့ချေ။
"အခုချိန်ကစပြီး အမတ်ကြီးရှောင်းမိုက တာလျန့်နိုင်ငံတော်ရဲ့အင်ပါယာမင်းပဲ...ရှောင်း မိသားစုက တာလျန့်နိုင်ငံတော်တစ်ခုလုံးရဲ့ တော်ဝင်မိသားစုအသစ်ဖြစ်သွားပြီ"
လုခိုင်ရှမ်၏အသံသည် နားပင်းလုမတတ် စူးရှစွာထွက်ပေါ်လာလေ၏။
လူတိုင်းက ဆွံအနေကြပြီး သူတို့နားကြားမှားနေသလောဟု တွေးတောနေမိကြသည်။
"အမတ်ကြီး....အမတ်ကြီးက ထီးနန်းမယူဘူးလား"
နောက်ဆုံး၌ အရာရှိတစ်ယောက်က မေးမြန်းလိုက်လေ၏။
"ငါတို့ လုမိသားစုက စစ်တပ်ကနေအငြိမ်းစားယူပြီး အင်ပါာာတရားရုံးရဲ့ကိစ္စရပ်တွေမှာလဲ ပါဝင်တော့မှာမဟုတ်ဘူး...ကောင်းပြီ...အခု မင်းတို့ နန်းတော်ထဲကိုဝင်ပြီး အင်ပါယာမင်းအသစ်ကို အရိုအသေပြုကြ"
လုခိုင်ရှမ်က လူထုအားပြောကြားလိုက်သည်။
အင်ပါယာမင်းမဖြစ်ချင်သောသူဟူ၍ ရှိနေသေးသလော....
မည်သူကမျှ လှုပ်ရှားခြင်းမပြုနိုင်ကြချေ။ ယခုလက်ရှိနေရာရှိလူတိုင်းသည် ထိုသတင်းကြောင့် မိန်းမောတွေဝေနေကြသည်။
ထိုအချိန်မှာပင် အဝေးရှိကောင်းကင်ယံတွင် အနက်ရောက်အစက်အပျောက်မြောက်များစွာ ထွက်ပေါ်လာခဲ့သည်။ လေထုအား ထွင်းဖောက်လာသည့်အသံနှင့်အတူ လူရိပ်တစ်ချို့က ကောင်းကင်ယံမှဆင်းသက်လာလေ၏။
ထိုလူများသည် ဓားပျံများပေါ်တွင် မတ်တတ်ရပ်စီးနင်းနေကြပြီး ကောင်းသောလာခြင်းမျိုးဖြစ်ဟန်မရှိချေ။ သူတို့၏မျက်နှာများသည် မှုန်မှိုင်းနေပြီး စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေလေ၏။
"ကြည့်ကြအုံး...ဒါက...သူတို့က အင်မော်တယ်တွေ မဟုတ်ဘူးလား"
"ဒီအချိန်မှာ အင်မော်တယ်တွေက ဘာလို့ရောက်လာတာလဲ...ဖြစ်နိုင်တာတော့ သူတို့က လုမိသားစုကိုလာရှာတာများဖြစ်နေမလား"
"ကောလဟာလတွေအရတော့ လုမိသားစုက စစ်နတ်ဘုရားဂိုဏ်းရဲ့ ထိပ်သီးအင်မော်တယ်တစ်ယောက်ကို သတ်ဖြတ်ခဲ့တယ်ဆိုပဲ....ငါ မှန်းကြည့်တာတော့ ဒီအင်မော်တယ်တွေက လုမိသားစုကိုလာရှာတာပဲဖြစ်မယ်"
လုံကျင်းရှိ မင်းညီမင်းသားများနှင့်ဝန်ကြီးများပင်လျှင် ကျင့်ကြံသူတစ်ယောက်အား တွေ့ရှိနိုင်ရန် အခွင့်အလမ်းနည်းပါးပေသည်။ ယခုအချိန်တွင် သူတို့က နီးကပ်လာသည့် ကျင့်ကြံသူအုပ်စုအားမြင်တွေ့ရသည့်အတွက် ရုတ်ချည်းဆိုသလိုပင် ဒူးထောက်လိုက်ကြသည်။
ကျင့်ကြံသူများသည် တစ်ခြားသူများကို ကြည့်ရှုခြင်းမရှိဘဲ လုခိုင်ရှမ်ထံသို့သာ ဦးတည်လျှောက်သွားကြလေသည်။ ပို၍ အတိအကျပြောရလျှင် သူတို့က လုယွီထံသို့သွားနေခြင်းဖြစ်ပေ၏။
"ကောင်လေး...ငါရဲ့တပည့်ကိုသတ်ပစ်တာ မင်းလား"
ကျင့်ကြံသူအုပ်စုကို ဦးဆောင်လာသည့် အဖိုးကြီးတစ်ယောက်က အော်ဟစ်လိုက်သည်။
Chapter 180
မုတ်ဆိတ်မွှေးရှည်ကြီးနှင့်အဖိုးအို၏မျက်နှာတွင် ခြိမ်းခြောက်ချင်သည့်အမူအယာပေါ်လွင်နေသည်။ သူ၏ခန္ဓာကိုယ်မှ ငိုက်မျဉ်းနေရာမှနိုးထလာသည့် သားရဲတစ်ကောင်ကဲ့သို့ မှန်းဆမရနိုင်သည့်အရှိန်အဝါ ထွက်ပေါ်နေသည်။
"ဒါဆို မင်းက အခုမှနက္ခက်တာရာပြောင်းလဲခြင်းနယ်ပယ်ရဲ့အစောပိုင်းအဆင့်ပဲရှိသေးတဲ့ ကောင်လေးတစ်ယောက်ပေါ့...မင်းက ငါရဲ့တပည့်ကို သတ်ဝံ့တာလား...မင်း သေဖို့ပြင်ထား"
အဖိုးအိုက ကျယ်လောင်စွာ အော်ဟစ်ကြုံးဝါးပြီးနောက် သူ၏လက်ချောင်းများထိပ်မှ မြောက်များစွာသည့်ဓားချီများကို လုယွီထံသို့ပစ်လွှက်လိုက်သည်။
ဓားချီမျာူသည် ကောင်းကင်ယံတစ်ခုလုံးအပြည့်ပြန့်ကျဲသွားပြီး မြောက်များစွာသည့်အက်ကွဲကြောင်းများ မြေပြင်ပေါ်၌ ထွက်ပေါ်လာလေသည်။ အဖိုးအိုက ခြေတစ်လှမ်းရှေ့တိုးလိုက်ရာ ဓားစွမ်းအင်ကြောင့် မြေပြင်ပေါ်၌ အက်ကွဲကြောင်းတစ်ကြောင်း ထင်ကျန်ခဲ့သည်။
မြေပြင်တစ်ခုလုံးတုန်ခါနေလေရာ ဝန်ကြီးများနှင့်အရာရှိများအားလုံး ထိတ်လန့်တုန်လှုပ်နေကြပြီး နံဘေးဘက်သို့ အလျှင်အမြန်ပြေးလိုက်ကြသည်။
ဤအရာက အင်မော်တယ်တစ်ယောက်၏စွမ်းအားဖြစ်၍ သူတို့ကဲ့သို့သာမာန်သေမျိုးများ နီးနီးကပ်ကပ်ခံယူဝံ့ခြင်းမရှိချေ။
"လုမိသားစုက အခက်အခဲတွေ့နေပြီ"
"ငါတို့ အခြေအနေကို စောင့်ကြည့်ကြရအောင်...လုယွီက အင်မော်တယ်တစ်ယောက်ကို သတ်ဖြတ်ခဲ့မှတော့ အင်မော်တယ်ဂိတ်တံခါးကလူတွေက အဲ့ဒီကိစ္စကို အလွတ်ပေးမှာမဟုတ်တာသေချာတယ်"
တိုက်ခိုက်မှုအား ကြည့်ရှုနေကြသည့်ဝန်ကြီးများသည် သူတို့အချင်းချင်း ပြောဆိုဆွေးနွေးနေကြသော်လည်း မည်သူကမျှရှေ့သို့ ခြေတစ်လှမ်းမတိုးဝံ့ကြချေ။
"ယွီအာ...မဆင်မခြင်မလုပ်နဲ့"
လုယွီ၏ခန္ဓာကိုယ်မှ ကျန်းချီများထုတ်လွှတ်လိုက်သည်ကို မြင်တွေ့မိသော လုခိုင်ရှမ်က အလျှင်စလိုပြောကြားလိုက်လေ၏။
လုယွီက သူ၏ဖခင်ဖြစ်သူကို ပြန်ကြည့်ပြီး ပြုံးပြလိုက်သည်။
"စိတ်မပူပါနဲ့ အဖေ.....သူက ကျွန်တော်ကို ဘာမှမလုပ်နိုင်ပါဘူး"
"ငါက မင်းကို ဘာမှမလုပ်နိုင်ဘူးတဲ့လား"
ဒေါသတကြီးဖြင့်အံ့အားသင့်တုန်လှုပ်နေသည့်အသံက လေထုအတွင်း၌ ထွက်ပေါ်လာပြီး အဖိုးအို၏မျက်နှာသည် ဒေါသကြောင့် နီမြန်းနေပေ၏။ သူ၏ခန္ဓာကိုယ်မှ ကျန်းချီများကို ဓားပျံများအတွင်းသို့စုစည်းပြီး လွှမ်းမိုးချုပ်ကိုင်နိုင်သည့်အရှိန်အဝါသည် အဖိုးအို၏နံဘေးပတ်လည်တွင် လှည့်ပတ်နေသည်။
"ငါက စစ်နတ်ဘုရားဂိုဏ်းရဲ့ အဆင့်မြင့်အကြီးအကဲ ရှလုံထျန်းပဲ....မင်းက ငါရဲ့တိုက်ရိုက်တပည့်ကိုဘသတ်ရဲတယ်ပေါ့...ကောင်လေး...ဒီအဖိုးကြီးက မင်းကိုမြှပ်နှံစရာမြေမရှိဘဲ သေအောင်သတ်ပစ်မယ်"
အဖိုးအိုက လွှမ်းမိုးချုပ်ကိုင်ချင်သော အမူအယာဖြင့် ပြောဆိုလိုက်သည်။
"အမြူ တေဖွဲ့စည်းခြင်းနယ်ပယ် နဝမအဆင့်လား"
လုယွီက မျက်မှောင်ကြုပ်လိုက်မိ၏။
အမြူ တေဖွဲ့စည်းခြင်းနယ်ပယ်သို့ရောက်ရှိသည့် အဆင့်တိုင်းသည် အရည်အချင်းမြင့်မားမှသာဖြတ်ကျော်နိုင်ပေသည်။
ဥပမာအနေဖြင့် ရှကူးနှင့်ဟူယန်းချီတို့သည် အစောပိုင်းအမြူ တေဖွဲ့စည်းခြင်းနယ်ပယ်၌သာ ရှိနေကြသူများဖြစ်သည်။ သူတို့သည် လုယွီနှင့် အဆင့်ကွာခြားသော်လည်း လုယွီ၏ပြိုင်ဘက်ဖြစ်ရန် အဆင့်မမှီချေ။
သို့ရာတွင် သူ၏ရှေ့ရှိအဖိုးအိုမှာမူ ကွဲပြားခြားနားပေသည်။
အမြူ တေဖွဲ့စည်းခြင်းနယ်ပယ် နဝမအဆင့်သည် ကမ္ဘာမြေသင်္ကေတနယ်ပယ်သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုပေတော့သည်။
ယခုလက်ရှိတွင် လုယွီက ရာမခန်းမမှာကဲ့သို့ ဝင်္ကပါ၏အကူအညီလည်း ရှိမနေချေ။ အတိအကျဆိုရလျှင် လုယွီသည် သူ၏ကိုယ်ပိုင်ကျင့်ကြံမှုဖြင့်သာ ဤကျွမ်းကျင်သူအား ရင်ဆိုင်ရမည်ဖြစ်ပေ၏။
"မင်းက ခုမှ နက္ခက်တာရာပြောင်းလဲခြင်းနယ်ပယ်ရောတ်တဲ့ ကလေးတစ်ယောက်အဖြစ်ပဲရှိသေးတာ...ဘာလို့ ငါရဲ့တပည့်ကို ထိရဲတာလဲ"
ရှလုံထျန်းက ဒေါသတကြီး ကြုံးဝါးလိုက်သည်တွင် ပတ်ဝန်းကျင်ရှိ မရေမတွက်နိုင်သည့်ဓားချီများက လုယွီထံသို့ တလိမ့်လိမ့်တိုးဝင်လာကြသည်။
လုယွီ၏မျက်လုံးများက အေးစက်စက်အလင်းရောင်တောက်ပလာပြီး သူ၏လက်ဖဝါးမှ စူးရှသည့်အော်ရာထွက်ပေါ်လာပြီး လုယွီ၏ရှေ့၌ ကာကွယ်တားဆီးလိုက်သည်။
ခရက်....ခရက်
ထိုဓားချီများသည် ချက်ချင်းပင် လုယွီ၏ရှေ့၌ ထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်အား ရစ်ပတ်နေလေသည်။
"ယြီအာ..."
လုခိုင်ရှမ်သည် ငေးစိုက်ကြည့်နေရာမှ ချက်ချင်းပင် သူ၏ကျန်းချီများကိုစုစည်း၍ ဓားမိုးထံသို့ ပစ်လွှက်လိုက်သည်။
သို့သော် သူ၏ရှီထျန်းနယ်ပယ် ကျန်းချီများသည် ဓားပျံများပေါ်သို့ကျရောက်သွားသော်လည်း အချည်းနှီးသာဖြစ်ပေ၏။
"ဟား ဟား...ရှီထျန်းတစ်ယောက်က ငါကိုတားဆီးချင်တာလား"
အဖြူ ရောင်ဝတ်စုံဖြင့် ရှလုံထျန်းက လေထုအတွင်းမှနေ၍ စိတ်တတ်ကြွစွာဖြင့် အော်ဟစ်ရယ်မောလိုက်သည်။
လုယွီ၏ပုံရိပ်သည် ထိုဓားပျံများ၏ အပြည့်အဝဖုံးလွှမ်းထားခြင်းကိုခံနေရပြီး သူက တစ်ခြားသူများ၏ပုံသဏ္ဌန်ကိုပင် သဲသဲကွဲကွဲမမြင်နိုင်တော့ချေ။
"ကြည့်ရတာတော့ လုမိသားစုက ကောင်လေးကို ကံကြမ္မာက အလေးမပေးဘူးထင်တယ်"
"ဒါ အမှန်ပဲလေ....သူက အသက်ဘယ်လောက် ကြီးသေးလို့လဲ....သူက တစ်ယောက်ယောက်ကိုသတ်ဖြတ်ခဲ့တယ်ဆိုပေမယ့် စစ်နတ်ဘုရားဂိုဏ်းက ဂိုဏ်းခေါင်းဆောင်ကို တစ်ကယ်သတ်နိုင်ခဲ့တာ ဟုတ်ပါ့မလား...ဒါက ဖြစ်နိုင်လို့လား"
"လုယွီရဲ့သေဆုံးခြင်းက သူတို့မိသားစုမှာ ရှီထျန်းနယ်ပယ်အဆင့်ပဲရှိတဲ့ လုခိုင်ရှမ်ပဲ အသန်မာဆုံးလူအဖြစ် ကျန်ရစ်လိမ့်မယ်...တာလျန့်နိုင်ငံတော်မှာ အာဏာရဖို့ နောက်ထပ်တိုက်ပွဲတွေဖြစ်လာအုံးမယ်ထင်တယ်"
ယခုလက်ရှိနေရာရှိ ဝန်ကြီးများတွင် ဆိုးညစ်သည့်ရည်ရွယ်ချက်များရှိနေကြပြီး သူတို့အချင်းချင်း တီးတိုးပြောဆိုနေကြသည်။
"သေစမ်း"
လေထုအတွင်းမှ ရှလုံထျန်းက ရုတ်တရက်အော်ဟစ်လိုက်လေ၏။
ကောင်းကင်ယံ၌ ပျံဝဲနေကြသည့်ဓားပျံများသည် လုယွီ၏ခန္ဓာကိုယ်သို့ ထပ်မံ၍ အပြင်းအထန်တိုးဝင်သွားကြသည်။
"ကောင်လေး....တစ်ကယ်လို့ မင်းကိုယ်မင်းသတ်သေမယ်ဆိုရင် ငါ အလွတ်ပေးလိုက်မယ်"
ရှလုံထျန်း၏မျက်လုံးများသည် ခက်ထန်တင်းမာမှုများဖြင့် တောက်ပနေသည်။