← Chapters

အခန်း (၁၄၁-၁၄၅)

Vol. 6-10 Ch. 141-145

အခန်း (၁၄၁-၁၄၅)

Vol. 6-10 Ch. 141-145

Chapter 141

"မင်း ဘယ်သူလဲ"

ကျန်းထျန်းဖန်က သူ၏ရှေ့ရှိမြင်ကွင်းကို အံ့အားသင့်တုန်လှုပ်စွာဖြင့် စိုက်ကြည့်နေမိသည်။ အချိန်တခဏအကြာတွင်မူ သူ၏အော်ဟစ်မေးမြန်းသံကြီး ထွက်ပေါ်လာလေ၏။

တစ်ခြားသူများကမူ နေရာမှာပင်ကျောက်ရုပ်ကဲ့သို့ဖြစ်နေကြပြီး မည်သို့ပြုလုပ်ရမည်မှန်း မသိရှိကြတော့ပေ။

လုယွီက ကျန်းထျန်းဖန်ကို ပြန်လည်ဖြေကြားခြင်းမရှိပေ။ ယခုလက်ရှိတွင် သူ၏စိတ်တစ်ခုလုံးက မုရွှယ်လန်အပေါ်တွင်သာ အပြည့်အဝအာရုံစူးစိုက်ထားခဲ့သည်။

"သောက်ခွေးပဲ"

သူကို လျစ်လျှူ ရှုခြင်းခံလိုက်ရသည်ကိုကြည့်ပြီး ကျန်းထျန်းဖန်က သည်းမခံနိုင်တော့ဘဲ ဒေါသအမျက်ချောင်းချောင်းထလာခဲ့သည်။

ယခုနေရာ၏ ကြီးမားသည့်ဖိအားအောက်တွင် ကျန်းထျန်းဖန်၏မျက်လုံးများ၌ အေးတိအေးစက်အလင်းရောင်များ ထင်ဟပ်လာသည်။

"မင်းက သေချင်နေမှတော့....အဲ့ဒီအတွက် ငါ့ကိုအပြစ်မတင်နဲ့"

ကျန်းထျန်းဖန်က သူ၏လက်အတွင်း၌ အဆောင်သင်္ကေတတစ်ခုကို လှည့်ပတ်လိုက်သည်။ ရုတ်ချည်းဆိုသလိုပင် အဆောင်သင်္ကေတက အနက်ရောင်အမိန့်ပေးတံဆိပ်ပြားပေါ်သို့ ကျဆင်းသွားသည်။

"ဝီ....ဝီ.."

ထိုအဆောင်သင်္ကေတ အသက်ဝင်လာသည်နှင့် တံဆိပ်ပြား၏မျက်နှာပြင်က စတင်၍တုန်ခါလာခဲ့သည်။

"အဲ့ဒီကောင်ကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် ဖြတ်တောက်ပစ်စမ်း"

ကျန်းထျန်းဖန်က လုယွီကိုညွှန်ပြ၍ အော်ဟစ်လိုက်သည်။

ကျန်းထျန်းဖန်၏အမိန့်သံနှင့်အတူ အမိန့်ပေးတံဆိပ်ပြားက အစပျိုးလာပုံရပြီး တုန်ခါနေသောအသံများကို စတင်ထုတ်လွှတ်ပေးနေသည်။

ကောင်းကင်ယံအတွင်း၌ မှိန်ပျပျအနက်ရောင်စာလုံး 'မြင့်မြတ်သောဗိုလ်ချုပ်' ဟူသည်က အနက်ရောင်အလင်းတန်းနှင့်အတူ တောက်ပလာခဲ့သည်။

တံဆိပ်ပြား၏အကျိုးသက်ရောက်မှုကြောင့် သရဲတစ္ဆေစစ်သားအများစုသည် တုန်ရီလာကြသည်။

ထိုမြင်ကွင်းကိုမြင်ချိန်တွင် ကျန်းထျန်းဖန်က အပျော်လွန်သွားခဲ့သည်။ သူက အေးတိအေးစက်ဖြင့် လှောင်ပြောင်သရော်လိုက်လေ၏။

"ကောင်စုတ်လေး....မင်းကငါရှေ့မှာမတ်တတ်ရပ်ဝံ့တာမို့ ငါကိုအပြစ်မတင်နဲ့"

လုယွီ၏စိတ်နှလုံးသားအတွင်းတွင်မူ ရှည်လျားသည့်သက်ပြင်းချသံပေါ်တွင်သာ နစ်မြုပ်ထားခဲ့သည်။ ထိုအသံမှနေ၍ လုယွီက ယဲ့ရွှယ်လန်၏ယေဘုယျတည်နေရာကို ခန့်မှန်းနိုင်ခဲ့သည်။

ရာမနန်းတော်၏အောက်ခြေတွင် မူလက နတ်ဆိုးစိတ်ဝိညာဉ်မြောက်များစွာကို ထိန်းသိမ်းထားသည့်အကျဉ်းထောင်တစ်ခုရှိသည်။ ယဲ့ရွှယ်လန်၏သက်ပြင်းချသံက ထိုအကျဉ်းထောင်၏အနက်ရှိုင်းဆုံးအပိုင်းမှ ထွက်ပေါ်လာခြင်းဖြစ်သည်။

လုယွီက ကျန်းထျန်းဖန်ကို လျစ်လျှူ ရှုထားပြီး အကျဉ်းထောင်၏အနက်ရှိုင်းဆုံးအပိုင်းစီသို့သာ ဦးတည်ထွက်ခွာနေလေသည်။

"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ကျန်းထျန်းဖန်၏စိတ်နှလုံးသား ဝရုန်းသုန်းကားဖြစ်သွားပေ၏။ ထိုအမိန့်ပေးတံဆိပ်ပြားက သူအား နန်းတော်သခင်မှကိုယ်တိုင်ကိုင်ကျ ပေးအပ်ထားခြင်းဖြစ်ပြီး သရဲတစ္ဆေစစ်သားမျုား၏ဗိုလ်ချုပ်အဆင့်အမိန့်ပြားဖြစ်ပေသည်။

အပြင်ဘက်ရှိအလောင်းကောင်များပေါ်တွင် တံဆိပ်ပြားများပြဲကျန့်နေသော်လည်း နိမ့်ကျသောအဆင့်ရှိသည့်အရာများပင်ဖြစ်သည်။

ရှေးကျသောသက်ပြင်းရှိုက်သံက အဆုံးသတ်သွားခဲ့လေသည်။ အလွန်အမင်းဖိနှိပ်လွှမ်းမိုးနိုင်သည့်အော်ရာ လွင့်ပြယ်သွားခဲ့ပြီး ပတ်ဝန်းကျင်နေရာတစ်ခုလုံး ယခင်မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားတော့သည်။

"ကျန်းထျန်းဖန်....သေစမ်း"

ရုတ်တရက် ကျန်းထျန်းရှုံးက မြေပြင်ပေါ်၌မတ်တတ်ထရပ်လိုက်လေ၏။ သူ၏လက်ချောင်းများ လှုပ်ခါလိုက်မှုနှင်ာအတူ မြောက်များစွာသည့်မီးတောက်များက လေထုအတွင်းတွင် ထွက်ပေါ်လာခဲ့သည်။

သူ၏ရှေ့ရှိအရာအားလုံးကို ပြာချပစ်တော့မည့်အလား အလွန်ပူလောင်သည့်လေထုက ကျန်းထျန်းရှုံး၏နံဘေးပတ်လည်တွင်တည်ရှိနေပေသည်။

ကျန်းထျန်းဖန်၏မျက်နှာထားပြောင်းလဲသွားပြီး သူက လက်ဝါးတစ်ချက်ရိုက်ထုတ်၍ တိုက်ခိုက်လိုက်သည်။ သူ၏နောက်တွင် ကြီးမားသည့်အနက်ရောင်အစွယ်ကြီးတစ်ခုဖြစ်တည်လာရာတွင် မှော်စွမ်းအားနှစ်ခု ပြင်းပြင်းထန်ထန်ထိခိုက်မိသဖြင့် လေထုအတွင်းလှိုင်းများပြင်းထန်နေတော့သည်။

ယခုလက်ရှိတွင် ကျန်းထျန်းဖန်က သရဲတစ္ဆေစစ်သားများကိုထိန်းချုပ်နိုင်ခြင်းမရှိတော့ပေ။ ထိုသရဲတစ္ဆေစစ်သားများသည် စွမ်းအားတစ်ခု၏ထိန်းချုပ်မှုအောက်သို့ ကျရောက်နေခဲ့သည်။ သူတို့က ရုပ်သေးရုပ်များကဲ့သို့ မြေပြင်ပေါ်၌ မလှုပ်မယှက်ဒူးထောက်နေကြလေ၏။

ကျန်းထျန်းဖန်၏အမူအယာ ပျက်ယွင်းလာလေသည်။ ရုတ်တရက် သူ၏နံဘေးပတ်လည်ရှိ ဖိအားလျော့နည်းလာခြင်းကို ခံစားမိလေသည်။

"သွားကြစို့"

ကျန်းထျန်းဖန်က တွေဝေခြင်းမရှိတော့ဘဲ အနက်ရောင်မြူ ခိုးလုံးကြီးအတွင်းသို့ဝင်၍ လေထုအတွင်း၌ ပျောက်ကွယ်သွားလေသည်။

"မင်းက ထွက်သွားချင်သေးတာလား"

ကျန်းထျန်းရှုံးက ဒေါသတကြီးအော်ဟစ်ကြုံးဝါးပြီး ကျန်းထျန်းဖန်ထံသို့ ပြင်းထန်သည့်လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်

ဘုန်း....

ကျန်းထျန်းရှုံး၏မီးတောက်လက်ဝါးကြီးသည် လေထုကိုသာရိုက်မိပြီးနောက် မြေပြင်နှင့်အရှိန်ပြင်းစွာထိမိသဖြင့် နေရာအနှံမီးပွားများ လွင့်စင်ပြန့်ကျဲနေပေ၏။

"ကလန်ခေါင်းဆောင်ကျန်း...သစ္စာဖောက်ကောင်ကထွက်ခွာသွားပြီ.....ဘာလို့ ငါတို့လည်းဒီအခွင့်အရေးကိုယူပြီး ထွက်ခွာမသွားတာလဲ"

ဆရာသခင်ကျန့်၏ပါးစပ်တွင် သွေးစသွေးနများရှိနေဆဲဖြစ်ပြီး သူ စကားပြောသည့်အသံပင်လျှင် အက်ကွဲကွဲဖြစ်နေသည်။

ဤနေရာရှိလူများသည် အစောပိုင်းက ကျန်းထျန်းဖန်နှင့်ဆန်းကြယ်နန်းတော်သခင်၏ ဖိနှိပ်ထားခြင်းကိုခံခဲ့ရသူများဖြစ်သည်။

ယခုအခြေအနေက အသက်ရှင်နိုင်သည့်အခွင့်အရေးဖြစ်သည်။ သူတို့က ဤနေရာမှလွတ်မြောက်နိုင်လျှင် ဖိအား၏သက်ရောက်မှုကိုမခံရတော့ဘဲ သူတို့၏မူလစွမ်းအားများပြန်လည်ရရှိနိုင်တော့မည်ဟု ကျင့်ကြံသူများကတွေးတောနေကြသည်။

ထိုအချိန်ရောက်လျှင် သူတို့၏ရှေ့တွင် ကျန်းထျန်းဖန်ရှိနေလျှင်ပင် အနိုင်ယူနိုင်မည်ဟု ယုံကြည်ထားကြသည်။

ကျန်းထျန်းရှုံးက သူ၏ခေါင်းကိုငြိမ့်ပြပြီးနောက် စိတ်ဓာတ်ကျနေသည့်အမူအယာဖြင့် ပြောဆိုလိုက်သည်။

"ကောင်းပြီလေ....သွားကြစို့"

လူတိုင်း၏သဘောတူညီချက်နှင့်အတူ ဆရာသခင်ကျန့်က ဦးဆောင်၍ထွက်ခွာရန်ပြင်ဆင်လိုက်သည်။

ကျန်းယုချင်၏လှပသောမျက်လုံးလေးများက ရုတ်တရက် လုယွီကိုလှည့်ပြည့်မိပြီးနောက် အလောတကြီးအော်ဟစ်လိုက်လေ၏။

"လုယွီ...နင် ငါတို့နဲ့အတူမသွားချင်ဘူးလား"

လုယွီက သူမအား ပြန်လည်ဖြေကြားခြင်းမရှိဘဲ ရှေ့သို့သာ ဆတ်၍လျှောက်လှမ်းနေလေသည်။

လုယွီ၏ပုံရိပ်က တဖြည်းဖြည်းဖြင့် သရဲတစ္ဆေစစ်သားများကြားတွင်နစ်မြုပ်သွားပြီး တစ်ထြားသူများက သူအား ရှင်းရှင်းလင်းလင်းပင်မမြင်နိုင်တော့ချေ။

ဖန်းယွမ်က အေးတိအေးစက်ရယ်မောလိုက်သည်။

"နတ်သမီး ကျန်း....မင်းကဘာလို့ သူလိုလုံချီနယ်ပယ်ကျင့်ကြံသူတစ်ယောက်ကို ဂရုစိုက်နေရတာလဲ...တစ်ကယ်လို့ သူကသေချင်နေတာဆိုရင် လွှက်ထားလိုက်စမ်းပါ"

Chapter 142

ကျင့်ကြံသူများအားလုံးသည် ဤနေရာမှထွက်ခွာချင်နေကြသဖြင့် ခန်းမအတွင်းမှအပြင်သို့ တရကြမ်းတိုးထွက်နေကြသည်။

ကံဆိုးစွာဖြင့် ယခုနေရာရှိ အုတ်အော်သောင်းတင်းဖြစ်မှုသည် အလွန်ကြီးမားခဲ့သည်။ ပတ်ဝန်းကျင်နေရာတစ်ခုလုံး၌ နတ်ဆိုးစိတ်ဝိညာဉ်များနှင့်သရဲတစ္ဆေစစိသားများ အပြည့်ရှိနေဆဲဖြစ်သည်။

"ငါတို့ဘာလုပ်ကြမလဲ...ဒီနေရာမှာ နတ်ဆိုးစိတ်ဝိညာဉ်တွေ အများကြီးပဲ....တစ်ကယ်လို့ ငါမဆင်မခြင်တိုးထွက်မယ်ဆိုရင် လူတွေအများကြီးသေကုန်မှာကို ငါ စိုးရိမ်မိတယ်"

ကျန်းထျန်းရှုံး၏မျက်နှာအမူအယာ ပျက်ယွင်းနေလေ၏။

ပိန်ခြောက်ခြောက်အဖိုးအိုက ပိုင်ဆုချင်ဘက်သို့လှည့်ကြည့်လိုက်သည်။

"အကြီးအကဲပိုင်.....မင်း ဘယ်လိုစဉ်းစားထားလဲ"

ပိုင်ဆုချင်သည် အစောပိုင်းက ကျန်းထျန်းဖန်၏အဆောင်သင်္ကေတဖိအားကို တောင့်ခံနိုင်ရန်အတွက် သူမ၏ဆရာသခင်ပေးထားသည့် လျှို့ဝှက်နည်းစနစ်ကိုအသုံးပြုခဲ့ရသည်။ ယခုလက်ရှိတွင် သူမ၏အကန့်အသတ်သို့ ရောက်ရှိနေပေသည်။

အဖိုးအို၏စကားလုံးများကိုကြားရသော ဖြူ ရော်နေသည့်မျက်နှာဖြင့် ပိုင်ဆုချင်က သူမ၏ဦးခေါင်းကိုခါယမ်းလိုက်သည်။

"တစ်ခြားနည်းလမ်းမရှိဘူး...ကျွန်မတို့အသက်ရှင်ဖို့ ထိုးဖောက်ထွက်ရမှာပဲ"

"လုယွီရဲ့နံဘေးက သရဲတစ္ဆေစစ်သားတွေကိုကြည့်ရတာ သူကိုအရမ်းကြောက်နေပုံပဲ"

ဖန်းယွမ်ကရုတ်တရက် လုယွီထံသို့ ကြည့်လိုက်မိသည်။

ိထိုစကားသံနှင့်အတူ လူတိုင်း၏အကြည့်များက တစ်ညီတစ်ညာနည်း ကျရောက်သွားခဲ့သည်။

ဖန်းယွမ်က အံ့ကိုတင်းတင်းကြိတ်ရင်း ပြောဆိုလိုက်လေ၏။

"လူတိုင်းပဲ...ဟိုကောင်စုတ်လေးက ဒီနေရာမှာရှိတဲ့ ရတနာတစိခုခုကိုရရှိထားပုံပေါ်တယ်...ဖြစ်နိုင်တာတော့ သူက ကျန်းထျန်ဖန်ရဲ့ဗိုလ်ချုပ်အမိန့်တံဆိပ်ထက် ပိုအဆင့်မြင့်တဲ့ အမိန့်ပေးတံဆိပ်ပြား ရရှိထားပုံပဲ.....ဒါကြောင့် သရဲတစ္ဆေစစ်သားတွေက သူ့အမိန့်ကိုနာခံနေကြတာ"

တစ်ခြားကျင့်ကြံသူတစ်ယောက်က အထိတ်တလန့်ဖြင့်မေးမြန်းလိုက်သည်။

"ဒါဆို ငါတို့ဘာလုပ်ကြမလဲ....သူက အတွင်းပိုင်းကိုသွားနေတာ.....ငါတို့ သူရဲ့နောက်ကိုလိုက်သင့်တယ်လို့မင်းထင်လား"

ဖန်းယွမ်က အလွန်အမင်းဒေါသထွက်နေပုံဖြင့် ရယ်မောလိုက်လေ၏။

"မင်းက သူ့နောက်ကိုလိုက်သွားပြီး သေချင်နေတာလား...ငါတို့က သူရဲ့လက်ထဲက အမိန့်ပေးတံဆိပ်ပြားကို သွားပြီးလုယူလို့ရတာပဲ"

ကျန်းယုချင်က မျက်မှောင်ကြုပ်ပြီး မကျေမနပ်အော်ဟစ်ခဲ့သည်။

"မလုပ်ရဘူး"

ဖက်တီးကျန်းကလည်း ဝင်ရောက်ပြောဆိုလေ၏။

"ခန်းမသခင်ဖန်း...တစ်ကယ်လို့ လုယွီကြောင့်သာမဟုတ်ရင် ကျန်းထျန်းဖန်က ငါတို့ကိုသတ်ပြီးနေလောတ်ပြီ...ငါထင်တာတော့ လုယွီက အကျိုးမရှိတာကို လုပ်မှာမဟုတ်ဘူး...ငါတို့က ဘာလို့ သူနောက်ကိုလိုက်လို့မရမှာလဲ"

"ဟမ့်....သူရဲ့နောက်ကိုလိုက်သွားပြီး သေလမ်းရှာရမှာလား"

ဖန်းယွမ်က ခက်ထန်တင်းမာစွာဖြင့် ပြောဆိုနေပေ၏။

ထိုအချိန်တွင် ကျင့်ကြံသူတစ်ယောက်က ရုတ်တရက် အံ့အားသင့်စွာအော်ဟစ်လိုက်သည်။

"နတ်ဆိုးစိတ်ဝိညာဉ်တွေ လှုပ်ရှားနေကြပြီ"

ယခုလက်ရှိတွင် အပြင်သို့တိုးထွက်နေသည့် ကျင့်ကြံသူအုပ်စုသည် သရဲတစ္ဆေစစ်သားများနှင့်နတ်ဆိုးစိတ်ဝိညာဉ်များ၏ဝန်းရံထားခြင်း ခံနေရသည်။ မည်သူကမျှ မဆင်မခြင် မလှုပ်ရှားဝံ့တော့ပေ။

ယခုလက်ရှိတွင် မူလက ငြိမ်သက်စွာနေနေကြသည့် နတ်ဆိုးစိတ်ဝိညာဉ်များသည် ရုတ်တရက်မတ်တတ်ထရပ်လိုက်ကြပြီး လုယွီနောက်သို့ လိုက်ပါသွားကြသည်။

"သူတို့က ဘာလုပ်ချင်နေကြတာလဲ"

လူတိုင်းက သူတို့၏ရှေ့ရှိ ထူးဆန်းသောမြင်ကွင်းကို ပြောစရာစကားလုံးမရှိတော့သကဲ့သို့ အံ့အားသင့်တုန်လှုပ်နေကြသည်။

ဖန်းယွမ်က အံ့ကိုတင်းတင်းကြိတ်လိုက်သည်။

"ဒါတွေက ဟိုကောင်စုတ်လုယွီလုပ်တာပဲ ဖြစ်ရမယ်...ဒီလိုမှမဟုတ်ရင် ဒီသရဲတစ္ဆေစစ်သားတွေက သူ့အမိန့်ကိုဘာကြောင့် နာခံလိမ့်မတုန်း....တစ်ကယ်လို့ ငါတို့က သူဘာလုပ်မယ်ဆိုတာ မသိဘူးဆိုရင်တောင် သူစီက အမိန့်ပေးတံဆိပ်ပြားကို လုယူထားသင့်တယ်"

သရဲတစ္ဆေစစ်သားများက ရှေ့သို့သာဦးတည်သွားနေကြသည်။

အဝေးတစ်နေရာစီမှ မှိန်ပျပျအလင်းရောင်အောက်တွင် တိတ်ဆိတ်ငြိမ်သက်ပြီး မိန်းမောတွေဝေနေကြသည့် နတ်ဆိုးစိတ်ဝိညာဉ်များသည်လည်း တဖြည်းဖြည်းခြင်း လမ်းလျှောက်နေကြ၏။ ထိုမြင်ကွင်းက အလွန်အမင်း ထိတ်လန့်ကြောက်ရွံဖွယ်ဖြစ်ပေသည်။

"ငါတို့က ဒီနတ်ဆိုးစိတ်ဝိညာဉ်တွေ ထွက်ခွာသွားတဲ့အချိန်ထိ စောင့်လို့မရဘူးလား"

ကျင့်ကြံသူတစ်ယောက်က ဖြူ ရော်နေသောမျက်နှာဖြင့် လေသံနှိမ့်၍ မေးမြန်းလိုက်သည်။

"မျဖစ္နိုင္ဘူး"

ဆရာသခင်ကျန့်က သူ၏ခေါင်းကိုခါယမ်းပြီး လုယွီထွက်ခွာသွားသည့် ဦးတည်ဘက်သို့ညွှန်ပြလိုက်တော့သည်။ သူ၏မျက်နှာပေါ်တွင် အမူအယာအနည်းငယ်မျှပင် ပြောင်းလဲခြင်းမရှိဘဲ ပြောဆိုလိုက်သည်။

"ထွက်ပေါက်ရှိတဲ့နေရာက အဲ့ဒီလမ်းဖြစ်နိုင်တယ်"

ယခုမြင်ကွင်းသည် အလွန်ထူးဆန်းဖွယ်ဖြစ်သည်။

ကျင့်ကြံသူများက သရဲတစ္ဆေဒီရေလှိုင်း၏နောက်မှ ဂရုတစိုက်လိုက်ပါနေကြပြီး ထိုနတ်ဆိုးစိတ်ဝိညာဉ်များကို နိုးထသွားစေမည့် အသံအနည်းငယ်ထွက်မည်ကိုပင် ထိတ်လန့်ကြောက်ရွံနေကြသည်။

ဖန်းယွမ်က သူ၏တိုက်ရိုက်တပည့်ဖြစ်သူ လုံရွှင်းသည် လုယွီ၏လက်အတွင်း သေဆုံးခဲ့ရသဖြင့် ဒေါသတကြီးဖြင့် လုယွီအား ကြည့်နေခဲ့သည်။ ဖန်းယွမ်၏မျက်လုံးအတွင်းတွင် လုယွီသည် ကံကောင်းသောကောင်လေးတစ်ယောက်သာ ဖြစ်ပေသည်။

"ငါက သူစီက ရတနာတွေ ရကိုရရမယ်"

လောဘအရိပ်အယောင်များက ဖန်းယွမ်၏မျက်လုံးများအတွင်း ထင်ဟပ်လာခဲ့သည်။

ကျန်းထျန်းဖန်က မြောက်များစွာသည့်သရဲတစ္ဆေစစ်သားများကိုထိန်းချုပ်၍ အလယ်ပိုင်းကုန်းမြေမှထိပ်သီးကျွမ်းကျင်သူများကို ဖိနှိပ်ထားနိုင်သည့် မြင်ကွင်းအား သူ၏စိတ်အတွင်းတွင် အထင်းသားရှိနေဆဲဖြစ်သည်။

အကယ်၍ သူက လုယွီ၏ရတနာကိုသာရရှိခဲ့လျှင် ကျန်းမိသားစု၏ကန့်သတ်ထားခြင်းကိုမခံရဘဲ တာအိုဒုတိယအဆင့်သို့ ရောက်ရှိနိုင်ပေမည်။

ယခုနေရာရှိလူတိုင်းတွင် သူတို့၏အတွေးများကိုယ်စီကိုယ်ငှရှိနေကြသည်။

ဖက်တီးကျန်းက လုယွီ၏နံဘေးတွင် တစ်ချိန်လုံးရှိနေခဲ့သည်။ လုယွီ မတ်တတ်ထရပ်စဉ်ကတည်းက သူက နောက်ကလိုက်ပါသွားခြင်းဖြစ်သည်။

ဖက်တီးကျန်း၏ လက်မောင်းများကြားထဲမှ နျူ နျူ သည် ပတ်ဝန်းကျင်ရှိသရဲတစ္ဆေစစ်သားများက ရန်လိုပြီးသူတို့အားတိုက်ခိုက်လာမည်ကို ကြောက်ရွံနေသဖြင့် သတိမပြတ်စောင့်ကြည့်နေခဲ့သည်။

Chapter 143

ယဲ့ရွှယ်လန်၏အော်ရာသည် လုယွီ၏နံဘေးတွင်တစ်ချိန်လုံး မှိန်ပျပျထွက်ပေါ်နေပေသည်။

လုယွီက မြေအောက်လောကတာအိုသခင်၏အော်ရာကို အပြည့်အဝထုတ်လွှတ်လိုက်သည်။ ရုတ်ချည်းဆိုသလိုပင် ထိုအရှိန်အဝါက ပတ်ဝန်းကျင်နေရာတစ်ခုလုံးရှိ နတ်ဆိုးစစ်သားများအား သက်ရောက်သွားလေသည်။

ဤသရဲတစ္ဆေစစ်သားများသည် သွေးဆာပြီးရိုင်းစိုင်းသောနတ်ဆိုးစိတ်ဝိညာဉ်များနှင့် ကွဲပြားခြားနားပေသည်။

သူတို့၏စိတ်နှလုံးသားအတွင်းတွင် မြေအောက်လောကတာအိုသခင်ကို နက်ရှိုင်းစွာဖြင့် ကြည်ညိုလေးစားကြသူများဖြစ်သည်။ ထိုကြည်ညိုလေးစားမှုမျိုးသည် မည်သည့်အချိန်မျှ ပျတ်ပြယ်သွားမည်မဟုတ်ပေ။

လုယွီ၏ရှေ့တွင် ကြီးမားသောတံခါးတစ်ချပ် ရှိနေခဲ့သည်။

ထိုတံခါးသည် အကျဉ်းထောင်ခန်းမမှတံခါးထက် ပို၍ကျယ်ဝန်းပေသည်။ တံခါး၏ရှေ့တွင် ထူးဆန်းသောကျောက်ဆစ်ရုပ်နှစ်ခုရှိပြီး တစ်ခုခြင်းစီသည် ၁၅ပေမှ၆၀ပေအမြင့်ရှိသည်။ ၎င်းကျောက်ဆစ်ရုပ်ထု၏အစွယ်များကိုကြည့်ရသည်မှာ အလွန်အမင်းထိတ်လန့်ကြောက်ရွံဖွယ်ကောင်းပေ၏။

တံခါး၏မျက်နှာပြင်ပေါ်တွင် အပြားဝိုင်းပုံသော့ပိတ်ထားသည့်နေရာတစ်ခုရှိနေသည်။ ထိုအပြားဝိုင်းပေါ်တွင် သရဲတစ္ဆေစာလုံးအမျိုးမျိုးရေးထွင်းထားပြီး မြောက်များစွာသည့်သရဲတစ္ဆေများ၏လက်များလည်း ထွင်းထုထားသည်။

သော့အပြားဝိုင်း၏ပတ်လည်တွင် ချွန်ထက်သည့်ဆူးများ အမြောက်အများရှိနေလေ၏။ ကောင်းစွာသိမြင်နိုင်သည့်အမြင်ရှိသူတိုင်း ထိုသော့နေရာသည် စက်ယန္တရားတစ်ခုဖြစ်သည်ကို သိမြင်နိုင်သည်။

သော့ကိုဖွင့်ရန် မအောင်မြင်သည့်မည်သူမဆို ဆူးချွန်များကြောင့် အပိုင်းပိုင်းအစစဖြစ်သွားနိုင်ပေမည်။

လုယွီကမူ အနည်းငယ်မျှပင် တုန့်ဆိုင်းခြင်းမရှိဘဲ သော့ထံသို့တိုက်ရိုက် လျှောက်လှမ်းသွားခဲ့သည်။

ဖက်တီးကျန်းက အလျှင်အမြန်ဖြင့် လုယွီ၏လက်မောင်းကိုဆွဲပြီး တီးတိုးပြောဆိုလိုက်လေ၏။

"ညီလေး...မင်း ရူးသွားပြီလား"

ဖန်းယွမ်က နှာမှုတ်လိုက်လေသည်။

"ဟွန့်...အခုဒီနေရာမှာ မင်း ဘာလုပ်နိုင်မလဲဆိုတာ ငါကြည့်ဦးမယ်"

တစ်ခြားသူများကလည်း သူတို့သွားနေသည့်လမ်းကြောင်းမှာပင် ရပ်တန့်လိုက်ကြသည်။ သူတို့အားချည်ထားတုပ်ထားသလိုဖြစ်နေပြီး မည်သည့်အရာမျှလုပ်ဆောင်ရန် တွေးတော၍မရကြပေ။

"ဆရာသခင်...ကျွန်မတို့က လမ်းမှားပြီးသွားနေမိတာလား"

ကျန်းယုချင်က လေသံနှိမ့်၍ မေးမြန်းလိုက်သည်။

ဆရာသခင်ကျန့်က သူ၏မုတ်ဆိတ်မွှေးများကို ပွတ်သပ်ရင်း သက်ပြင်းတစ်ချက်ချလိုက်လေ၏။

"ငါက ဒီနေရာနဲ့ပတ်သတ်တဲ့အကြောင်းတွေကို တာအိုမိတ်ဆွေတစ်ချို့ကို မေးမြန်းခဲ့ဖူးတယ်...ဒီနေရာမှာ နက်နဲသိမ်မွေ့တဲ့ ဝင်္ကပါတစ်ခုရှိနေတယ်...ငါတို့ရဲ့အရည်အချင်းနဲ့ဆိုရင် ဒီဝင်္ကပါကို အနည်းငယ်ပဲထိုးထွင်းသိမြင်နိုင်တယ်...ဒါပေမယ့် ဒီနေရာက အပြင်ထွက်နိုင်မယ့်လမ်းကြောင်းဆိုတာတော့သေချာတယ်"

တစ်ခြားဝင်္ကပါပညာရှင်များကလည်း ခေါင်းငြိမ့်လိုက်ကြသည်။ သူတို့အနက်မှတစ်ယောက်က စကားပြောဆိုလိုက်လေ၏။

"တစ်ခြားနေရာတွေအကုန်လုံးက သေဆုံးခြင်းမြည်တမ်းသံတွေနဲ့ပဲပြည့်နေတယ်....ဒီနေရာတစ်ခုပဲ သက်ရှိအရိပ်အငွေ့ရှိနေတာ...ဒါက ငါတို့အတွင်းပိုင်းကိုဆတ်သွားတာနဲ့ အသက်ရှင်နိုင်ဖို့လမ်းတွေ့နိုင်လိမ့်မယ်"

ကျန်းယုချင်က လုယွီကိုတစ်ချက်ကြည့်ပြီး စိုးရိမ်တကြီးပြောကြားလိုက်လေ၏။

"ဆရာသခင်ကျန့်....ဘာလို့ ဆရာသခင်က လုယွီကိုသွားပြီးမကူညီတာလဲ....ဒီနေရာက အရမ်းထူးဆန်းတယ်...ဆရာသခင်က ဝင်္ကပါဖြိုခွင်းတဲ့နေရာမှာ တစ်ဖက်ကမ်းခပ်ကျွမ်းကျင်ပြီးသားပဲ...ဆရာသခင်ရဲ့အကူအညီနဲ့ဆိုရင် ကျွန်မတို့ ငြိမ်းငြိမ်းချမ်းချမ်းဖြတ်ကျော်နိုင်မှာသေချာတယ်"

ဆရာသခင်ကျန့်က တည်ငြိမ်အေးဆေးစွာဖြင့် ပြန်လည်ပြောဆိုလိုက်သည်။

"ထားလိုက်ပါတော့ မိတ်ဆွေငယ်လေးလု.....မင်းရဲ့ကျင့်ကြံမှုအတွေ့အကြုံနဲ့အသက်အရွယ်က နုနယ်ငယ်ရွယ်သေးတယ်...ငါတို့လိုလူအိုကြီးတွေက ဒီသော့က ဘယ်လိုအတားအဆီးမျိုးလဲဆိုတာကြည့်လိုက်ပါမယ်"

ဝင်္ကပါပညာရှင်တစ်ချို့ကလည်း သူတို့၏ဦးခေါင်းများကိုညိတ်လိုက်ကြီးနောက် တစ်ယောက်ပြီးတစ်ယောက် တံခါးကြီး၏အနီးသို့ရောက်ရှိလာခဲ့သည်။ သူတို့က တံခါးကြီးအား ထိကိုင်ရဲခြင်းမရှိကြဘဲ မလှမ်းမကမ်းမှသာကြည့်ရှုနေကြသည်။

"ညီလေး...ဒီအချိန်ကဟန်လုပ်နေရမယ့်အချိန်မဟုတ်ဘူး"

ဖက်တီးကျန်းက လုယွီအားနောက်သို့ ဆွဲခေါ်နေလေ၏။

ဆရာသခင်ကျန့်က လုယွီကိုတစ်ချက်ကြည့်ပြီး အထင်အမြင်သေးဟန်ဖြင့် သူ၏ဦးခေါင်းကို ခါယမ်းလိုက်သည်။

"ဒါက အရမ်းနက်နဲတဲ့ဝင်္ကပါတစ်ခုပဲ...လူငယ်လေး မင်းရဲ့အမိန့်ပေးတံဆိပ်ပြားက သရဲတစ္ဆေစစ်သားတွေကိုထိန်းချုပ်နိုင်လိမ့်မယ်....ဒါပေမယ့် ဒီဝင်္ကပါကိုဖြေရှင်းဖို့ကတော့ အသုံးမဝင်နိုင်ဘူး"

ဆရာသခင်ကျန့်သည် စကားဆုံးသည်နှင့် သူကလုယွီအား ထပ်မံအာရုံစိုက်ခြင်းမရှိတော့ပေ။ သူနှင့်တစ်ခြားဝင်္ကပါပညာရှင်များက မြေပြင်ပေါ်တွင် တပြိုင်နက်တည်း ထိုင်လိုက်ကြပြီး တံခါးပေါ်ရှိသော့ကို လေ့လာဆန်းစစ်နေလေ၏။

လူတိုင်း တိတ်ဆိတ်ငြိမ်သက်စွာဖြင့် စောင့်ဆိုင်းနေကြသည်။

သို့ရာတွင် ပတ်ဝန်းကျင်နေရာတစ်ခုလုံး သရဲတစ္ဆေစစ်သားများဖြင့်ပြည့်နှက်နေသည်အထိ သူတို့၏ကျောရိုးများ ချမ်းစိမ့်စိမ့်ဖြစ်နေမှုကို လူအများခံစားနေရသည်။

ဖန်းယွမ်က လုယွီကို ခက်ထန်စွာဖြင့်ပြောဆိုလိုက်သည်။

"ကောင်စုတ်လေး...သရဲတစ္ဆေစစ်သားတွေကို ဒီနေရာကမြန်မြန်ထွက်သွားခိုင်းစမ်း....မင်းဘာတွေ ကြံစည်နေတာလဲ...မင်းရဲ့နံဘေးနားမှာ သရဲတစ္ဆေစစ်သားတွေကို ဆင့်ခေါ်ထားပြီး ငါတို့ကိုတစ်ယောက်ခြင်း ချောင်ပိတ်ဖမ်းဖို့စီစဉ်နေတာလား"

ကွေ့ယွမ်ဂိုဏ်းမှတစ်ပည့်များက သူတို့၏ခန်းမသခင်ဘက်မှ ရပ်တည်နေကြသည်။ သူတို့အားလုံးကလည်း ဒေါသတကြီးပြောဆိုကြလေ၏။

"ဒါက အမှန်ပဲ...မင်းမှာ ဒီသရဲတစ္ဆေစစ်သားတွေကိုထိန်းချုပ်ဖို့ အမိန့်ပေးတံဆိပ်ပြားရှိတယ်မလား..အဲ့ဒါကို ငါတို့ကိုမြန်မြန်ပေးစမ်း....အဲ့ဒီအရာက လုံချီနယ်ပယ်ကျင့်ကြံသူတစ်ယောက် ပိုင်ဆိုင်သင့်တာမဟုတ်ဘူး"

ယခုနေရာရှိ လူတော်တော်များများသည် သူတို့အား တားဆီးခြင်းမရှိကြပေ။ သူတို့၏စိတ်အတွင်းမှနေ၍ လုယွီထံက အမိန့်ပေးတံဆိပ်ပြားကို လွှဲပြောင်းပေးရန် မျှော်လင့်နေကြသည်။

မည်သူမဆို သူတို့အားလုံးသည်လည်း သရဲတစ္ဆေစစ်သားများကို ထိန်းချုပ်လိုနေကြ၏။

Chapter 144

လုယွီက ဖန်းယွမ်ကို တည်ငြိမ်အေးဆေးစွာဖြင့်သာ တစ်ချက်ကြည့်လိုက်သည်။

"ခင်ဗျားကိုခင်ဗျား ဘာထင်နေတာလဲ...ဒီနေရာမှာ ရုတ်ရုတ်ရုတ်ရုတ်လာလုပ်မနေနဲ့"

လုယွီ ထိုစကားပြောကြားချိန်တွင် မကျေမချမ်းသံများထွက်ပေါ်လာလေသည်။

မြောက်များစွာသည့်လူများသည် ဖန်းယွမ်က တောင်ပိုင်းစွန့်ပစ်နယ်မြေရှိ အင်မော်တယ်ဂိုဏ်းတစ်ဂိုဏ်းဖြစ်သော ကွေ့ဟွမ်ဂိုဏ်းမှခန်းမသခင်ဖြစ်ကြောင်းကို သိရှိထားခဲ့သည်။

သို့သော် ယခုလက်ရှိတွင်မှု အမည်မရှိသည့်လူသစ်တစ်ယောက်၏ အော်ငေါက်ခြင်းကိုခံနေရသည်။

အရှက်ရခြင်းနှင့်ဒေါသထွက်ခြင်းများ ရောပြွန်းနေသော ဖန်းယွမ်က မည်သို့မျှထိန်းချုပ်နိုင်ခြင်းမရှိတော့ဘဲ ဒေါသတကြီးအော်ဟစ်လိုက်သည်။

"ကောင်လေး...မင်း ဘာပြောလိုက်တာလဲ"

"တစ်ကယ်လို့ ခင်ဗျားမသေချင်ဘူးဆိုရင်...ခင်ဗျားရဲ့ပါးစပ်ကိုပိတ်ထားလိုက်"

လုယွီက စကားပြတ်ပြတ်ပြောဆိုပြီးနောက် သူက ဖန်းယွမ်အား ထပ်မံအာရုံစိုက်ခြင်းမရှိတော့ပေ။

လုယွီ၏အပြုအမူနှင့်အပြောအဆိုများကြောင့် ဖန်းယွမ်၏စိတ်နှလုံးသားအတွင်းတွင် ဒေါသစိတ်များပြည့်နှက်သွားစေသည်။

"ခန်းမသခင်...ဘာဖြစ်ဖြစ် သူ့စီမှာက အမိန့်ပေးတံဆိပ်ပြားရှိနေတယ်...သူက သရဲတစ္ဆေစစ်သားတွေကို အမိန့်ပေးနိုင်တာမို့ ငါတို့သူနဲ့ထိပ်တိုက်မရင်ဆိုင်တာ ပိုကောင်းလိမ့်မယ်"

ကွေ့ယွမ်ဂိုဏ်းမှ တပည့်တစ်ယောက်က ဖန်းယွမ်၏နား အနီးသို့ကပ်၍ တီးတိုးပြောဆိုလိုက်သည်။

ဖန်းယွမ်၏အမူအယာ မတည်ငြိမ်နိုင်တော့ချေ။ ယခုလက်ရှိတွင် လုယွီက သရဲတစ္ဆေစစ်သားများကို ထိန်းချုပ်ထားသူဖြစ်သည်။ သူက တစ်ခြားသူများ၏ဂရုဏာသက်မှုကိုရရှိစေရန် ယခုလောလောဆယ်တွင် နှိမ့်ချနေရန်မှတစ်ပါး တစ်ခြားမရှိပေ။

"ငါ အပြင်ဘက်ကိုရောက်ပြီး ငါရဲ့ကျင့်ကြံဆင့်ပြန်ရတဲ့အထိစောင့်နေစမ်းပါ...ငါဘယ်လောက်အစွမ်းထက်တယ်ဆိုတာ ဒီကောင်လေးသိအောင် လုပ်ပြမယ်"

ဖန်းယွမ်က သူ၏လက်သီးကို တင်းတင်းကျပ်ကျပ်ဆုပ်ထားလေ၏။

တံခါးရှေ့တွင်ထိုင်နေကြသည့် ဝင်္ကပါပညာရှင်များသည် အချိန်အတော်ကြာသည်အထိ မည်သည့်စကားမျှမဆိုနိုင်ကြချေ။

ကျန်းယုချင်က စိုးရိမ်တကြီးပြောဆိုလိုက်သည်။

"ဒီ ဝင်္ကပါကအရမ်းထူးဆန်းတာပဲ....ဆရာသခင်တွေ ဖြေရှင်းနိုင်ပါစေလို့ပဲ ဆုတောင်းမိတယ်"

ကျန်းထျန်းရှုံးသည် အပြင်းအထန်ဒဏ်ရာရရှိထားလေ၏။ ယခုလက်ရှိတွင် သူ၏အကြည့်က ပိုင်ဆုချင်ပေါ်တွင်သာ အခိုင်အမာကျရောက်နေပြီး မေးမြန်းလိုက်သည်။

"အကြီးအကဲပိုင်....မင်း ဘယ်လိုထင်လဲ"

ပိုင်ဆုချင်က သူမ၏ဦးခေါင်းကိုခါယမ်းလိုက်သည်။

"အပြင်ဘက်မှာရှိနေတဲ့ ဝင်္ကပါကို ကျွန်မဖွင့်နိုင်တဲ့အကြောင်းအရင်းက ဂိုဏ်းကယူဆောင်လာတဲ့ ကောင်းကင်နယ်ပယ်ပစ္စည်းကြောင့်ပဲ...ဒါပေမယ့် အခုက အဲ့ဒီရတနာက တစ်ခါအသုံးပြုပြီးတာနဲ့ အစွမ်းကုန်သွားပြီ...ကျွန်မ ဒီတံခါးကိုမဖွင့်နိုင်တော့ဘူး"

လူအုပ်ကြီးက ကြက်သေသေသွားကြ၏။ ပိုင်ဆုချင်က အပြင်ဘက်ရှိ ဝင်္ကပါကြီးကိုဖွင့်ချိန်တွင် သစ်သားသေတ္တာလေးတစ်ခုအား အသုံးပြခဲ့သည်ကို လူများက ပြန်လည်တွေးတောမိကြသည်။

သို့ရာတွင် လင်းရှောင်ဂိုဏ်း၏စွမ်းအားကြောင့် ထိုသစ်သားသေတ္တာနှင့် ပတ်သတ်၍ ပိုင်ဆုချင်အား မည်သူကမျှမေးမြန်းဝံ့ခြင်းမရှိခဲ့ချေ။

"ဒီဝင်္ကပါက အမှန်တစ်ကယ်ကို လျှို့ဝှက်ဆန်းကြယ်လွန်းတယ်"

ဝင်္ကပါပညာရှင်တစ်ချို့က သူတို့၏မျက်လုံးများကို တင်းတင်းကျပ်ကျပ် ပိတ်လိုက်ကြသည်။ ဆရာသခင်ကျန့်ပင်လျှင် ချွေးများစိုရွှဲနေပြီး သူ၏ခန္ဓာကိုယ်အားမထိန်းချုပ်နိုင်တော့ဘဲ အဆတ်မပြတ်တုန်ရီနေကြသည်။

တစ်ချို့ဝင်္ကပါပညာရှင်များသည် သူတို့၏ပါးစပ်မှသွေးများယိုစီးကျလာပြီး အတွင်းဒဏ်ရာရရှိသွားသည်မှာ သေချာပေသည်။

"ဆရာသခင်တစ်ချို့က ခက်ခဲတဲ့အနေအထားကို ရောက်ရှိနေပြီ....ဒီဝင်္ကပါက ဒီလောက်အထိထူးခြားနေမယ်ဆိုတာ ငါ မသိခဲ့ဘူး"

ကျန်းယုချင်က တီးတိုးရေရွတ်နေရင်းမှ သူမက လုယွီဘက်သို့ လှည့်ကြည့်လိုက်သည်။

ဖက်တီးကျန်းက လုယွီ၏အနီးသို့သွားပြီး တီးတိုးပြောဆိုလိုက်လေ၏။

"ညီလေး...သူတို့ ဒီတံခါးကိုဖွင့်နိုင်မယ်ထင်လား"

ထိုအချိန်တွင် ဖက်တီးကျန်းပေါ်၌ တစ်ချိန်လုံးရှိနေသည့် နျူ နျူ က သူမ၏ခေါင်းကိုလုယွီဘက်သို့တိမ်းစောင်း၍ တီးတိုးပြောဆိုလိုက်သည်။

"အကိုကြီး...အထဲမှာ...ဒါက မမရဲ့အော်ရာပဲ"

နျူ နျူ ၏အသံသည် အလွန်တိုညင်းသော်လည်း လုယွီ၏မျက်နှာထားပြောင်းလဲသွားခဲ့သည်။

ီထိုအချိန်မှာပင် တံခါးရှေ့ရှိ ဝင်္ကပါပညာရှင်များအားလုံးက ရုတ်တရက် သွေးတစ်လုတ်အန်ထုတ်လိုက်ကြသည်။

ဆရာသခင်ကျန့်က အနောက်သို့လွင့်စင်သွားပြီး မြေပြင်ပေါ်လဲကျသွားကာ သူ၏ပါးစပ်ထောင့်မှသွေးများယိုစီးကျလာသည်။

"ဆရာသခင္"

ကျင့်ကြံသူအုပ်စုက အလျှင်စလိုအပြေးလာကြပြီး ဆရာသခင်ကျန့်အား မတ်တတ်ထရပ်နိုင်ရန် ကူညီပေးကြသည်။

"လူတိုင်းပဲ...ငါတို့က အသုံးမကျဘူး...ဒီဝင်္ကပါက အရမ်းလျှို့ဝှက်ဆန်းကြယ်တယ်..... ဒီဝင်္ကပါနဲ့ပတ်သတ်လို့ဘာမှမလုပ်နိုင်ဘူး"

ဆရာသခင်ကျန့်က လေးလံသောသက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်မိလေ၏။

ဝင်္ကပါပညာရှင်များပင် တံခါးပေါ်မှသော့ကို ဖွင့်နိုင်စွမ်းမရှိကြောင်းကြားမိချိန်တွင် လူတိုင်း၏အမူအယာပျက်ယွင်းသွားခဲ့သည်။

ယခုလက်ရှိအချိန်တွင် သူတို့က တံခါးကိုဖွင့်၍ ဤနေရာမှထွက်ခွာလိုကြ၏။

အကယ်၍ ယင်လော့ဂိုဏ်းမှလူများသာ ဤနေရာသို့ရောက်ရှိလာခဲ့လျှင် သူတို့အနက်မှမည်သူမျှ လွတ်မြောက်နိုင်မည်မဟုတ်ချေ။

"အကြီးအကဲပိုင်...ကျေးဇူးပြုပြီး မင်း ကြိုးစားကြည့်ပေးပါလား"

လူအုပ်ကြီး၏အကြည့်များသည် ပိုင်ဆုချင်ပေါ်သို့ကျရောက်လာခဲ့သည်။

လင်းရှောင်ဂိုဏ်း၏ဂုဏ်သတင်းသည် အစွမ်းထက်ကျင့်ကြံသူများကြားတွင် အလွန်ကျော်ကြားပေသည်။ အကယ်၍ သူတို့ဂိုဏ်းကသာ လှုပ်ရှားမှုပြုလုပ်ခဲ့လျှင် အောင်မြင်နိုင်ပေလိမ့်မည်။

ပိုင်ဆုချင်က သက်ပြင်းတစ်ချက်ရှိုက်လိုက်မိ၏။

"ကျွန်မ ကြိုးစားကြည့်မယ်"

လူအုပ်ကြီး၏မျှော်လင့်ချက်အပြည့်ရှိသော အကြည့်များအောက်တွင် ပိုင်ဆုချင်က တံခါးထံသို့ ညင်သာသောခြေလှမ်းများဖြင့် တစ်လှမ်းခြင်း လျှောက်လှမ်းလိုက်သည်။

ရုတ်တရက် လက်တစ်ဖက်က ပိုင်ဆုချင်၏ပခုံးကို ဖိလိုက်လေ၏။

"အဲ့ဒီနေရာကို မသွားနဲ့...အန္တရာယ်များတယ်"

Chapter 145

ပိုင်ဆုချင်အားစကားပြောဆိုလိုက်သူက သူမ မျှော်လင့်မထားမိသော လုယွီဖြစ်နေသည်။ အစောပိုင်းက လုယွီသည် သူတို့နှင့်ပါဝင်ပတ်သတ်ခြင်းမရှိဘဲ နံဘေး၌သာ မတ်တတ်ရပ်နေခြင်းဖြစ်သည်။

ပိုင်ဆုချင်ရှေ့ထွက်လာသည့်အချိန်ရောက်မှသာ လုယွီက လျှောက်လှမ်းလာပြီး သူမအားတားဆီးလိုက်ခြင်းဖြစ်သည်။

"ကောင်စုတ်...မင်း သေချင်နေတာလား"

"မင်းလက်ကိုဖယ်လိုက်စမ်း...မင်း သေပြီသာပြင်ထား"

"သူရဲဘောကြောင်တဲ့ကောင်ကများ...အကြီးအကဲပိုင်ရဲ့အဆင့်အတန်းကို မင်းသိလား"

သူတို့ရှေ့ရှိမြင်ကွင်းကိုကြည့်ပြီး လူတိုင်းက ဒေါသတကြီးဖြင့် လုယွီအားစတင်ကျိန်ဆဲနေကြ၏။

သို့ရာတွင် လုယွီက သရဲတစ္ဆေစစ်သားများအား ထိန်းချုပ်နိုင်နေသဖြင့် မည်သူကမျှမဆင်မခြင်မလုပ်ဝံ့ကြချေ။

ပိုင်ဆုချင်က ရပ်တန့်လိုက်သည်ကိုမြင်ရသော လုယွီသည် သူမအား လွှက်ပေးလိုက်သည်။

လုယွီဘက်သို့ လှည့်ကြည့်သော ပိုင်ဆုချင်၏မျက်လုံးများအတွင်းတွင် ဒေါသထွက်မှုအရိပ်အယောင်များမပါရှိချေ။ သူမ၏မျက်လုံးအတွင်းတွင် စိတ်ရှုပ်ထွေးမှုများသာရှိနေခဲ့သည်။ သူမက ဤနေရာသို့လာရခြင်းမှာ သေခြင်းရှင်ခြင်းမှတ်တမ်းအတွက်သာ ဖြစ်ပေသည်။

သို့ရာတွင် သူမ သေခြင်းရှင်ခြင်းမှတ်တမ်းကို တွေ့ရှိရချိန်တွင် ထိုအရာက အမှိုက်တစ်စဖြစ်နေပြီဖြစ်ကြောင်းကို သိရှိခဲ့ရသည်။

လုယွီ၏ခန္ဓာကိုယ်ပေါ်တွင် ပိုင်ဆုချင်က သေခြင်းရှင်ခြင်းမှတ်တမ်း၏အော်ရာကို ခံစားမိလေသည်။

"နင် ဘာလိုချင်လို့လဲ"

ပိုင်ဆုချင်၏အသံသည် အလွန်အမင်းအေးစက်နေလေ၏။

သူမက သွေးဆူတတ်သည့်လူစားမျိုးမဟုတ်သော်လည်း အကယ်၍ တစ်စုံတစ်ယောက်က သူမအားရိုင်းပျစွာဆတ်ဆံလျှင် ထိုသူ၏အသက်ကိုယူရန် တွနိ့ဆုတ်နေမည်မဟုတ်ချေ။

လုယွီက တည်ငြိမ်အေးဆေးစွာဖြင့်သာ ဖြေကြားလိုက်သည်။

"အဲ့ဒီလူတွေက အားအင်အပြည့်နဲ့ ဝင်္ကပါကိုဖြိုခွင်းဖို့လုပ်တာတောင် သူတို့က တားမြစ်စည်းကိုတောင်မဖျက်ဆီးနိုင်ကြဘူး....ဒီနေရာမှာ ဝင်္ကပါ စိတ်ဝိညာဉ်တစ်ယောက်ရှိနေတာ မင်း သူကိုသတိမပြုမိဘူးလား"

"ဝင်္ကပါ စိတ်ဝိညာဉ်လား...ဟမ့်..ဘယ်လောက်တောင်အရှက်မရှိ ဝင့်ကြွားနေတာလဲ....ဒီအဖိုးကြီးက ခုဏက ဝင်္ကပါကိုလေ့လာဆန်းစစ်နေချိန်မှာ ဝင်္ကပါရဲ့စိတ်ဝိညာဉ်အရိပ်အယောင်ကိုတောင် မတွေ့ရှိခဲ့ဘူး"

ဆရာသခင်ကျန့်က လုယွီ၏စကားကိုကြားချိန်တွင် သူ၏မျက်လုံးများကိုချက်ချင်းဖွင့်၍ သရော်တော်တော်ပြောလိုက်သည်။

တစ်ခြားဝင်္ကပါ ပညာရှင်များကလည်း သဘောတူထောက်ခံပေးလေ၏။ သူတို့က တံခါးပေါ်ရှိ သော့ကိုလေ့လာဆန်းစစ်ခဲ့သော်လည်း မည်သည့်ဝင်္ကပါစိတ်ဝိညာဉ်ကိုမျှ မြင်တွေ့ခဲ့ခြင်းမရှိချေ။

တစ်ချို့သော အဆင့်မြင့်ဝင်္ကပါဖွဲ့စည်းခြင်းများတွင် ဝင်္ကပါစိတ်ဝိညာဉ်ပါရှိကြသည်။

ထိုဝင်္ကပါစိတ်ဝိညာဉ်များတွင် သူတို့၏ကိုယ်ပိုင်အသိဉာဏ်ရှိပြီး အလွန်အမင်းလျှို့ဝှက်ဆန်းကြယ်ကြသည်။ သို့ရာတွင် သူတို့၏အရိပ်အယောင်ရှိမှသာလျှင် သူတို့အားရှာဖွေတွေ့ရှိနိုင်ပေမည်။

ဝင်္ကပါပညာရှင်များ၏စကားသံကိုကြားရသော ကျင့်ကြံသူများက လုယွီကို ဒေါသတကြီးစိုက်ကြည့်နေကြသည်။

ထိုကောင်လေးက ဤဝင်္ကပါသည် မည်သည့်အမျိုးအစားဖြစ်သည်ကိုပင် သိရှိပါသလော...

ဖန်းယွမ်ကအော်ဟစ်လိုက်လေ၏။

"မင်းက ဒီနေရာမှာ စကားဝင်ပြောဖို့အဆင့်ရှိလို့လား...မြန်မြန်ထွက်သွားစမ်း"

လုယွီက သူကို အေးတိအေးစက်ကြည့်လိုက်သည်။ လုယွီ၏သည်းခံနိုင်မှုသည်အကန့်အသတ်ရှိပြီး သူ၏စိတ်နှလုံးသားအတွင်းတွင်မူ ဖန်းယွမ်ကို သတ်ဖြတ်လိုသောစိတ်ဆန္ဒများ ဖြစ်ပေါ်နေခဲ့သည်။

ဖန်းယွမ်က လုယွီ၏မျက်လုံးအတွင်းရှိ သတ်ဖြတ်ချင်သောစိတ်ဆန္ဒများကို ကြောက်ရွံသွားပုံရပြီး သူက နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်သည်။ သိုာရာတွင် သူက ပြန်လည်တုန့်ပြန်သည့်အနေဖြင့် အော်ဟစ်လိုက်သည်။

"မင်းက ဒီနေရာကို ရှာဖွေဖူးလို့လား...အကြီးအကဲပိုင်က ဝင်္ကပါချိုးဖျက်မလို့ကို မင်းက သူမကိုတားဆီးနေခဲ့တယ်....မင်းက ယင်လော့ဂိုဏ်းကလူတွေလာပြီး ငါတို့ကိုတိုက်ခိုက်မှာကို စောင့်နေတာလား"

ဖက်တီးကျန်းက ဒေါသတကြီးအော်ငေါက်လိုက်လေသည်။

"ခွေးမသား...ငါညီလေး ဘာလုပ်မလဲဆိုတာ မင်းသိလို့လား....မင်းစကားတစ်ခွန်းပြောတာကိုတောင် ငါမကြားချင်ဘူး"

ထိုအချိန်မှာပင် ကျယ်လောင်သည့်တုန်ခါသံကြီးက တံခါးမှထွက်ပေါ်လာသည်။

တံခါးတစ်ခုလုံးက စတင်တုန်ခါနေလေ၏။ တံခါး၏မျက်နှာပြင်ပေါ်တွင် စိတ်ဝိညာဉ်စွမ်းအင်ဖြင့်စွန်းထင်းနေပုံရသည့် မြောက်များစွာသည့်ပုံစံများမှ မှိန်ပျပျအလင်းရောင်ကို စတင်ထုတ်လွှတ်နေခဲ့သည်။

"အဲ့ဒါက ဘာလဲ"

"တံခါးကြီးပွင့်သွားတော့မယ်လို့ ငါကိုမပြောကြနဲ့"

ကျင့်ကြံသူများက ထိုမြင်ကွင်းကိုမြငိချိန်တွင် မည်သည့်အရာများဖြစ်ပျက်နေသည်ကို သူတို့နားမလည်ကြတော့ချေ။

"ဒီနေရာကို လာကြစမ်း"

လုယွီက ရုတ်တရက် အော်ဟစ်ပြီး သူ၏နံဘေးနားရှိ သရဲတစ္ဆေစစ်သားများကို အမိန့်ပေးလိုက်သည်။

ဝှစ်...ဝှစ်...ဝှစ်..

လေတိုးသံများနှင့်အတူ မြောက်များစွာသည့် သရဲတစ္ဆေများက လုယွီ၏ရှေ့သို့ ရောက်ရှိလာကြသည်။

သရဲတစ္ဆေစစ်သားတစ်ချို့က လုယွီ၏ရှေ့၌ အမှန်တစ်ကယ်ကာဆီးထားကြမည်ဟု မည်သူကမျှမျှော်လင့်မထားမိပေ။

"ဒါက မလုံလောတ်သေးဘူး...အကုန်လုံးပဲ လူသားတွေရဲ့ရှေ့မှာသွားပြီးရပ်ကြ"

ရုတ်တရက် လုယွီက အော်ငေါက်လိုက်သည်။

တုန်ခါသံကြီးများနှင့်အတူ သရဲတစ္ဆေစစ်သားအုပ်စုက လုယွီ၏အမိန့်ကိုနာခံပြီး လူအုပ်ကြီး၏ရှေ့၌ ကာဆီးလိုက်ကြ၏။

ထိတ်လန့်တုန်လှုပ်ဖွယ်မြင်ကွင်းတစ်ခု ထွက်ပေါ်ခါပေ၏။

သွေးဆာနေသောသရဲတစ္ဆေစစ်သားများသည် လူတိုင်း၏ရှေ့တွင် အမြှောက်စာများကဲ့သို့ မတ်တတ်ရပ်ပေးနေကြသည်။

ထို့နောက်တွင် တံခါးထံမှအသံသည် ပို၍ကျယ်လေညင်လာလေ၏။

တောက်ပသောအလင်းရောင်တန်းတစ်ခုက ကျယ်လောင်သောပေါက်ကွဲသံနှင့်အတူ လေထုကိုဖြတ်သန်းလာသည်ကို လူတိုင်းတွေ့မြင်လိုက်ရသည်။

ကျယ်လောင်သောအသံကြီးသည် ကောင်းကင်နှင့်မြေပြင်တွင် ပဲ့တင်ထပ်နေပြီးမှ တဖြည်းဖြည်းလွင့်ပြယ်သွားခဲ့သည်။

သရဲတစ္ဆေစစ်သားအုပ်စုသည် အရိုးပုံများအဖြစ် ကြေမွသွားပြီး မြေပြင်ပေါ်၌ ပြန့်ကျဲနေလေ၏။

All Chapters