← Chapters

အခန်း (၁၅၆-၁၆၀)

Vol. 6-10 Ch. 156-160

အခန်း (၁၅၆-၁၆၀)

Vol. 6-10 Ch. 156-160

Chapter 156

ကျန်းထျန်းရှုံးက စကားပြောဆိုနေစဉ်မှာပင် သူ၏အကြည့်က လုယွီ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာခဲ့သည်။ သူက ရုတ်တရက် အေးခဲပြီး မျက်မှောင်ကြုပ်လိုက်မိသည်။ အချိန်အတော်ကြာမှသာလျှင် သူက ဖြည်းဖြည်းခြင်း စကားပြောဆိုလိုက်သည်။

"ထူးဆန်းလိုက်တာ...သူနဲ့ငါ ပထမဆုံးစတွေ့တဲ့အချိန်ကိုငါမှတ်မိသေးတယ်...အဲ့ချိန်တုန်းက သူ ရှီထျန်းနယ်ပယ်ပဲရှိသေးတယ်....ခုဏကတင် သူက လုံချီနယ်ပယ်ရောက်ရှိသွားတဲ့အင်အားကို ထုတ်ဖော်ပြသခဲ့တယ်"

ကျန်းယုချင်၏အကြည့်သည်လည်း လုယွီထံသို့သာ အခိုင်အမြဲစွဲကပ်နေခဲ့သည်။ ရုတ်တရက် သူမ၏ခန္ဓာကိုယ်တုန်ရီသွားလေ၏။

"မဖြစ်နိုင်ဘူး....ကျွန်မ သူကို စတွေ့ချိန်တုန်းက ရှီထျန်းနယ်ပယ်ဆိုတာသေချာတယ်....ကျွန်မ မမှားနိုင်ဘူး"

ရှီထျန်းနယ်ပယ်....တစ်ရက်ပင်မပြည့်သေးသောအချိန်ကာလတွင် လုယွီက အမှန်တစ်ကယ်ပင် နက္ခက်တာရာပြောင်းလဲခြင်းနယ်ပယ်သို့ ရောက်ရှိသွားခဲ့သည်။

ထိုသို့အဆင့်ချိုးဖျက်နိုင်သည်ဟု တစ်ခြားသူများကပြောလျှင် ကျန်းယုချင် ယုံကြည်မည်မဟုတ်ပေ။ သို့သော် သူတို့၏မျက်လုံးရှေ့၌ပင် အမှန်တရားက ထွက်ပေါ်လာခဲ့သည်။

"ဘယ်လောတ်တောင် နှမြောဖို့ကောင်းလိုက်လဲ....သူ အရွယ်ရောက်လာတဲ့အခါကျရင် အလယ်ပိုင်းကုန်းမြေမှာ ထိပ်သီးကျွမ်းကျင်သူတစ်ယောက်ဖြစ်လာနိုင်တယ်...ကောင်လေးက ငယ်ရွယ်ပြီး စိတ်ကြီးဝင်နေတော့ ကောင်းကင်ဘယ်လောတ်မြင့်ပြီး ကမ္ဘာမြေကြီးဘယ်လောက်နက်ရှိုင်းတယ်ဆိုတာ သူ မသိဘူး...သူက လမ်းခုလတ်မှာတင် ဒီလိုလွယ်လွယ်နဲ့သေရတော့မှာလား"

ကျန်းထျန်းရှုံှးက သက်ပြင်းမောကြီးတစ်ချက် ချလိုက်မိ၏။

သူသည်သာမက တစ်ခြားကျင့်ကြံသူများကလည်း လုယွီကို သတိပြုမိလေသည်။

"ဒီကောင်စုတ်က သေချင်နေမှတောာ ယင်လော့ဂိုဏ်းရဲ့လက်ထဲမှာ အဆုံးသတ်ခွင့်ပေးရတာပေါ့...ထိပ်သီးကျွမ်းကျင်သူတစ်ယောက်က အပြင်ထွက်ဖို့နည်းလမ်းရှာတွေ့တာနဲ့...ငါ ဒီနေရာက မြန်မြန်ထွက်သွားမယ်"

ဖန်းယွမ်၏မျက်လုံးများတွင် ထူးဆန်းသည့်အလင်းရောင်များ တောက်ပနေခဲ့သည်။

ဘုန်း...ဘုန်း...ဘုန်း...

မြေပြင်တစ်ခုလုံး တုန်ခါနေလေ၏။ လုယွီ၏အမိန့်အောက်တွင် သရဲတစ္ဆေစစ်သားများက ဆန်းကြယ်နန်းတော်သခင်ထံသို့ တဟုန်ထိုး တိုးဝင်သွားကြသည်။

"မင်း တစ်ယောက်တည်းနဲ့များ...ငါရဲ့ရှေ့မှာ သရဲတစ္ဆေစစ်သားတွေကို အသုံးပြုပြီး ရိုင်းပျဝံ့တယ်ပေါ့"

ဆန်းကြယ်နန်းတော်သခင်က မကျေမချမ်းကြုံးဝါးလိုက်ပြီး သူ၏အကျႌလက်အတွင်းမှ အမိန့်ပေးတံဆိပ်တစ်ခုကို ထုတ်ယူလိုက်သည်။

ထိုအမိန့်ပေးတံဆိပ်ပြားသည် အစောပိုင်းက ကျန်းထျန်းဖန်အသုံးပြုခဲ့သည် ဗိုလ်ချုပ်အမိန့်ပေးတံဆိပ်ပြားထက် အဆင့်ပိုမြင့်ပေသည်။

တံဆိပ်ပြား၏မျက်နှာပြင်ပေါ်တွင် ဂရုတစ်စိုက်ရေးထွင်းထားသည့် ကျားပုံသဏ္ဌာန်များစွာရှိနေသည်။ ကြီးမားသည့်အနက်ရောင်စာလုံးနှစ်လုံး "ဘုရင်ခံ"ဟူသည်က ထွက်ပေ့်လာပြီး လေထုအတွင်းတွင်မျောလွင့်နေသည်။

"မင်းတို့အားလုံး...ထွက်သွားကြစမ်း"

ဆန်းကြယ်နန်းတော်သခင်က သရဲတစ္ဆေစစ်သားများကို အမိန့်ပေးလိုက်လေ၏။

အမိန့်ပေးတံဆိပိပြားမှ စူးရှသည့်အလင်းရောင်ထွက်ပေါ်လာပြီး သရဲတစ္ဆေစစ်သားများကို လွှမ်းခြုံသွားခဲ့သည်။

"သေစမ်း...ဆန်းကြယ်နန်းတော်သခင်က အဆင့်မြင့်တဲ့ အမိန့်ပေးတံဆိပ်ပြားကို ကိုင်ထားတာပဲ"

ကျန်းယုချင်က စိုးရိမ်တကြီး ရေရွတ်လိုက်သည်။

ထိုအမိန့်ပေးတံဆိပ်ပြားထွက်ပေါ်လာသည်နှင့် သရဲတစ္ဆေစစ်သားများအားလုံး ရပ်တန့်သွားကြသည်။

ထိုမြင်ကွင်းကို မြင်နေရသော်လည်း လုယွီက အံ့အားသင့်သွားခြင်းမရှိပေ။ သူက ထိုအမိန့်ပြားကို မှတ်မိနေဆဲဖြစ်သည်။

ဤသရဲတစ္ဆေမြို့တော်၏ဘုရင်ခံသည် သူ၏စိတ်ဝိညာဉ်သားရဲ ခေါင်းသုံးလုံးမီးတောက်ခွေးကြီး ဖြစ်ပေသည်။ လုယွီ၏အကြည့်က ဆန်းကြယ်နန်းတော်သခင်ထံသို့ ကျရောက်သွားပြီး သူက တည်ငြိမ်စွာဖြင့်မေးမြန်းလိုက်သည်။

"ဒီတံဆိပ်ပြား....ခင်ဗျား အဲ့ဒါကိုဘယ်နေရာက ရလာတာလဲ"

ဆန်းကြယ်နန်းတော်သခင်က တုံပြန်ဖြေကြားခြင်းမရှိချေ။ သူက လုယွီ၏အသက်ကို ခန့်မှန်းမိပြီးဖြစ်၍ အထင်အမြင်သေးမှုများမှာ ပို၍အားကောင်းလာခဲ့သည်။

ထိုကောင်လေးသည် အသက်တစ်ဆယ့်ခုနစ်နှစ်ပင် မကျော်လောတ်သေးချေ။

သူ၏ရှေ့တွင် အစွမ်းထက်သောဂိုဏ်းမှကျင့်ကြံသူတစ်ယောက်ရှိနေသည့်တိုင် မဆင်မခြင်ပြုမူဝံ့ခြင်းသည် သူနေရာသူမသိခြင်းသာဖြစ်သည်။

"မင်းနဲ့ဘာဆိုင်လို့လဲ...မင်း သေဖို့သာပြင်ထား"

ဆန်းကြယ်နန်းတော်သခင်က အလွန်စိတ်လက်မရှည်စွာဖြင့် လက်ဝါးရိုက်ချက်တစ်ချက်ကို လုယွီထံသို့ ထုတ်လွှတ်လိုက်သည်။

ရုတ်ချည်းဆိုသလိုပင် လုယွီ၏ခန္ဓာကိုယ်ရှိ ထိုက်ကျိအမှတ်အသားမှ အနက်ရောင်အခိုးအငွေ့များ အတောမသတ်နိုင်သည်အထိ ထွက်ပေါ်လာပြီး ကောင်းကင်ယံတိုင် ထိုးတတ်သွားခဲ့သည်။

ချက်ချင်းပင် လုယွီ၏ရှေ့မှမြင်ကွင်းတစ်ခုလုံးကို အစွမ်းထက်သောစိတ်ဝိညာဉ်စွမ်းအင်များဖြင့် ဖုံးလွှမ်းသွားသည်။

လုယွီ၏မျက်လုံးများက အေးစက်တင်းမာနေပြီး ဆန်းကြယ်နန်းတော်သခင်၏လက်ဝါးရိုက်ချက်ကို ရှောင်ရှားခြင်းမပြုဘဲ သူ၏ခြေထောက်ကိုဆောင့်နင်းပြီး အော်ဟစ်လိုက်သည်။

"သေလမ်းရှာနေတဲ့တစ်ယောက်က ခင်ဗျားပဲ"

ကြီးမားသောအနက်ရောင်လက်ဝါးကြီးသည် လုယွီ၏ရှေ့ လေထုအတွင်း၌ပင် ရပ်တန့်သွားခဲ့သည်။ သူ၏ရှေ့တွင် မမြင်နိုင်သည့်အတားအဆီးတစ်ခုက ကာကွယ်ပေးထားလေ၏။ အနက်ရောင်လက်ဝါးကြီးသည် ထိုအတားအဆီးကိုဖြတ်ကျော်နိုင်ခြင်းမရှိဘဲ လေထုအတွင်း၌ပင် ဖြည်းဖြည်းခြင်းလွင့်ပြယ်သွားတော့သည်။

လုယွီက နောက်ဆုတ်ခြင်းမရှိဘဲ ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်ရာ မြေပြင်တစ်ခုလုံးစတင်တုန်ခါလာခဲ့သည်။ လုယွီ၏အကြည့်က ခေါင်းတလားအတွင်း၌ လဲလျောင်းနေသည့် ယဲ့ရွှယ်လန်ပေါ်သို့ ဆင်းသက်သွားလေ၏။

ယဲ့ရွှယ်လန်၏လှပသောမျက်နှာလေးပေါ်တွင် အနက်ရောင်လက်ချောင်းနှစ်ချောင်းရာကြီးရှိနေသည်။ ထိုအရာသည် ဆန်းကြယ်နန်းတော်သခင် ထိကိုင်မှုကြောင့် ကျန်ရှိခဲ့ခြင်းဖြစ်သည်။

"ခင်ဗျားက သူမကို ထိကိုင်ဝံ့တယ်ပေါ့...ခင်ဗျား သေပြီသာပြင်ထား"

Chapter 157

ဘုန်း

မြေပြင်က ပြင်းထန်စွာတုန်ခါလာပြီးနောက် မည်သည့်နေရာမှ ထွက်ပေါ်လာမှန်းမသိသည့် ကျောက်ဆောင်ကြီးတစ်ခုက ဆန်းကြယ်နန်းတော်သခင်ထံသို့ အပြင်းအထန်တိုးဝင်သွားခဲ့သည်။

ဆန်းကြယ်နန်းတော်သခင်သည် အလွန်အမင်းထိတ်လန့်သွားခဲ့၏။ လုယွီ၌ ဤကဲ့သို့စွမ်းရည်မျိုး ရှိမည်ဟု သူ မည်သည့်အချိန်ကမျှတွေးတောမိခြင်းမရှိချေ။

ဤစွမ်းအားက နက္ခက်တာရာပြောင်းလဲခြင်းနယ်ပယ်ကျင့်ကြံသူ၏ ခွန်အားလော....မည်သို့ဖြစ်နိုင်မည်နည်း။

ဆန်းကြယ်နန်းတော်သခင် မည်သည့်တုံပြန်မှုမျှ မပြုလုပ်နိုင်မှီမှာပင် လုယွီက နောက်ထပ်လှုပ်ရှားမှုတစ်ခုကို ပြုလုပ်လိုက်သည်။ သူက ခြေလှမ်းတစ်လှမ်းရှေ့တိုးလိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်မှ မြင့်မြတ်စွမ်းအားများကို စတင်ထုတ်လွှတ်လိုက်လေ၏။

ထိုမြင့်မြတ်သောစွမ်းအားသည် ယခင်ကလုယွီထုတ်လွှတ်ဖူးသောစွမ်းအားအော်ရာထက် အဆတစ်ရာမက ပို၍အစွမ်းထက်ပေသည်။

လုယွီ၏နောက်တွင် ကြီးမားသည့်နတ်ဆိုးနတ်ဘုရားပူံရိပ်ကြီးထွက်ပေါ်လာပြီး ကြီးမားကျယ်ပြန့်လာခဲ့ရာ ဆန်းကြယ်နန်းတော်သခင်၏အနောက်ရှိ ရှင်းထျန်းနတ်ဆိုးအရှင်သခင်ပုံရိပ်ကို ဖိနှိပ်ထားနိုင်သည်အထိဖြစ်သည်။

"မဖြစ်နိုင်ဘူး....မင်းကဘယ်သူလဲ...ဘာလို့ နတ်ဆိုးအရှင်သခင် ဌားရမ်းခြင်းနည်းစနစ်ကိုသိနေရတာလဲ"

ဆန်းကြယ်နန်းတော်သခင် အံ့အားသင့်တုန်လှုပ်သွားရ၏။

နတ်ဆိုးအရှင်သခင်ဌားရမ်းခြင်းနည်းစနစ်သည် ယင်လော့ဂိုဏ်း၏ပြိုင်ဘက်ကင်းနည်းစနစ်ဖြစ်သည်။ ယင်လော့ဂိုဏ်း၏ပင်မအဖွဲ့ဝင်များသာ ထိုလျှို့ဝှက်နည်းစနစ်ကို သင်ယူနိုင်ပေသည်။

ကျန်းထျန်းဖန်ပင်လျှင် ထိုလျှို့ဝှက်နည်းစနစ်ကိုသင်ယူရန် အရည်အချင်းပြည့်မှီခြင်းမရှိချေ။ သို့သော် သူ၏ရှေ့ရှိ တာအိုပထမအဆင့်သာရှိသေးသည့် ကောင်စုတ်လေးက မည်သည်ကြောင့် ထိုမှော်နည်းစနစ်ကို တတ်မြောက်နေသနည်း။

"မင်းက နတ်ဆိုးအရှင်သခင်မှော်နည်းစနစ်ကို သိနေရင်တောင်မှ ဘာဖြစ်လဲ....မင်းက နက္ခက်တာရာပြောင်းလဲခြင်းနယ်ပယ်ပဲရှိသေးတာ...ငါက မင်းကိုခွေးတစ်ကောင်ကိုသတ်သလို သတ်ပစ်လို့ရတယ်"

ဆန်းကြယ်နန်းတော်သခင်က ကောင်းကင်နှင့်ကမ္ဘာမြေကြီးမှဖန်တီးထားသည့်ပုံရိပ်ကို အသုံးပြု၍ လုယွီထံသို့ ပို့လွှက်လိုက်သည်။

ဘန်း...ဘန်း...ဘန်း...

ပုံရိပ်ကြီးနှစ်ခုသည် တစ်ခုနှင့်တစ်ခု အပြင်းအထန်တိုက်မိခြင်းကြောင့် ပတ်ဝန်းကျင်ရှိလေဟာနယ်သည် တွန့်လိမ်ရှုံတွသွားပုံရလေ၏။

လုယွီက သူ၏လက်ကိုဆန့်ထုတ်လိုက်ရာ သူ၏နောက်ရှိ နတ်ဆိုးနတ်ဘုရားပုံရိပ်ကြီးသည်လည်း လက်ငါးချောင်းကိုဆန့်ထုတ်ပြီး ဆန်းကြယ်နန်းတောာသခင်၏နဖူးကို တောင်ကြီးတစ်လုံးကဲ့သို့ ဖိထားခဲ့သည်။

သူတို့နှစ်ယောက်စလုံးသည် အစွမ်းထက်သောမှော်နည်းစနစ်များကိုအသုံးပြုနေကြသဖြင့် မြေပြင်ပေါ်တွင်အက်ကွဲကြောင်းများဖြစ်ပေါ်လာပြီး မြောက်များစွာသည့်ကျောက်တုံးနှင့်အုတ်များလွင့်စင်ထွက်လာခဲ့သည်။

ဆန်းကြယ်နန်းတော်သခင်၏လက်မောင်းအောက်နားမှ သွေးများစတင်ယိုစီးကြလာသည်။

ဒေါင်..

နောက်ဆုံးတွင် အကြိမ်ရေအနည်းငယ်တိုက်ခိုက်ပြီးနောက် ဆန်းကြယ်နန်းတော်သခင်က ရုတ်တရက်ခြေတစ်လှမ်းနောက်ဆုတ်လိုက်သည်။

အဝေးမှကြည့်ရှုနေကြသည့် ကျင့်ကြံသူများသည် ထိုမြင်ကွင်းကြောင့် အံ့အားသင့်တုန်လှုပ်ကုန်ကြ၏။

ထိုကောင်လေးက ဆန်းကြယ်နန်းတော်သခင် နောက်ဆုတ်ရအောင်ပင် အမှန်တစ်ကယ်ပြုလုပ်နိုင်ခဲ့သလော...

တစ်ချို့ကျင့်ကြံသူများသည် လုယွီအားမသိရှိကြသော်လည်း လုယွီ၏ကျင့်ကြံဆင့်ကိုမူ သိရှိနေကြသည်။ နက္ခက်တာရာပြောင်းလဲခြင်းနယ်ပယ်မှကျင့်ကြံသူတစ်ယောက်က ယင်လော့ဂိုဏ်း၏ဆန်းကြယ်နန်းတော်သခင်ကို နောက်ဆုတ်ရန်ဖိအားပေးနိုင်ခဲ့လေသည်။

ဆန်းကြယ်နန်းတော်သခင်က နောက်သို့ဆုတ်ပြီးနောက် သူ၏မျက်လုံးများက အေးစက်စက်အလင်းရောင်များ တောက်ပလာခဲ့သည်။

"မင်းရဲ့အစစ်အမှန်က ဘာလဲ....ဘာလို့ ငါတို့ယင်လော့ဂိုဏ်းရဲ့လျှို့ဝှက်နည်းစနစ်ကို သိရှိနေရတာလဲ"

ဆန်းကြယ်နန်းတော်သခင်က အော်ဟစ်လိုက်တော့၏။

သူက အမှန်တစ်ကယ်ပင် စိတ်ဆိုးဒေါသထွက်နေခဲ့သည်။ သူသည် ယင်လော့ဂိုဏ်း၏လက်တစ်ဆုပ်စာသောနန်းတော်သခင်များအနက်မှတစ်ယောက်ဖြစ်သည်။ အလယ်ပိုင်းကုန်းမြေတွင်ပင် သူသည် ကျော်ကြားသောစစ်သည်တော်တစ်ယောက် ဖြစ်ပေ၏။

သို့သော်ယခုလက်ရှိချိန်တွင် ဤကဲ့သို့နာမည်မရှိသည့်ကောင်စုတ်လေးတစ်ယောက်ကြောင့် ထိခိုက်ဒဏ်ရာရခဲ့သည်။

"ဒါက ခင်ဗျားရဲ့နောက်ဆုံးစကားပြောခြင်းပဲ"

လုယွီ၏အသံက ရုတ်တရက် ဆန်းကြယ်နန်းတော်သခင်၏နားအတွင်းသို့ စူးရှစွာဖြင့်ဝင်ရောက်လာခဲ့သည်။

မည်သည့်အချိန်ကပင်မသိရဘဲ လုယွီက ဆန်းကြယ်နန်းတော်သခင်၏နောက်သို့ရောက်ရှိနေပြီး သူ့အား ပြင်းပြင်းထန်ထန်ထုနှက်လိုက်သည်။

သို့သော် ဆန်းကြယ်နန်းတော်သခင်သည် နှစ်ပေါင်းများစွာကျော်ကြားခဲ့သည့် ထိပ်သီးကျွမ်းကျင်သူတစ်ယောက်ဖြစ်သည်။ သူ၏တုံပြန်မှုအရှိန်သည် အလွန်အမင်း လျှင်မြန်လေ၏။ သူက ချက်ချင်းနောက်ပြန်လှည့်ပြီး လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်သည်။

လက်သီးနှင့်လက်ဝါး ဝင်ဆောင့်မိချိန်တွင် ပြင်းထန်သည့်လေပြင်းမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ခရက်...ခရက်...ခရက်

အရိုးကျိုးကြေသံများကို ကြားနေရပေ၏။

ဆန်းကြယ်နန်းတော်သခင်၏လက်မောင်း တွန့်လိမ်သွားသည်ကိုမြင်နေရသော ပတ်ဝန်းကျင်ရှိလူများ အံ့အားသင့်တုန်လှုပ်ကုန်ကြ၏။

"မင်း ဘယ်လိုလုပ်နိုင်တာလဲ...ဒါက မင်းမှာရှိသင့်တဲ့စွမ်းအားမျိုးမဟုတ်ဘူး"

ဆန်းကြယ်နန်းတော်သခင်က သူ၏ပုံပျက်နေသောလက်မောင်းကို ဆုပ်ကိုင်းရင်းမှ ထိတ်လန့်တုန်လှုပ်စွာဖြင့် နောက်သို့ဆုတ်လိုက်သည်။

လုယွီက ရှေ့သို့ခြေလှမ်းလှမ်းလာခဲ့ရာ ခြေလှမ်းတိုင်းသည် မြေပြင်ပေါ်၌ ခြေရာများနက်ရှိုင်းစွာကျန်ရစ်ခဲ့သည်။

"မဖြစ်နိုင်ဘူး...ဒါက မင်းပိုင်ဆိုင်တဲ့စွမ်းအားမဟုတ်ဘူး"

ဝါးခမောက်အောက်ရှိ ဆန်းကြယ်နန်းတော်သခင်၏မျက်လုံးများမှ ရုတ်တရက် မှိန်ပျပျအပြာရောင်မီးတောက်ထွက်ပေါ်လာခဲ့သည်။

မီးတောက်များ၏အောက်တွင် ပတ်ဝန်းကျင်ရှိပြောင်းလဲမှုများကို သူက ထွင်းဖောက်မြင်နိုင်ခဲ့သည်။

ခန်းမကြီးတစ်ခုလုံးသည် လုယွီနောက်သို့လိုက်ပါနေပုံရပြီး သူခြေလှမ်းလှမ်းချိန်တိုင်းတွင် ခန်းမကြီးက ပြောင်းလဲနေခဲ့သည်။

"ဒါက ဝင်္ကပါတစ်ခုပဲ...မင်းက ဝင်္ကပါပညာရှင်တစ်ယောက်လား...ဒါပြင်မင်းက ဒီခန်းမကိုတောင်ထိန်းချုပ်နိုင်သေးတယ်...မင်းက ဘယ်လိုငရဲမျိုးလဲ"

ဆန်းကြယ်နန်းတော်သခင် ရုတ်တရက် အလွန်အမင်းထိတ်လန့်သွားလေ၏။

Chapter 158

"ခင်ဗျားက သေခါနီးနေတာတောင် သွေးရူးသွေးတန်းတွေပြောနိုင်သေးတယ်....နားငြီးလိုက်တာ"

လုယွီက ခက်ထန်စွာဖြင့်ပြောပြီးနောက် ဆန်းကြယ်နန်းတော်သခင်ကို လက်သီးဖြင့်တစ်ချက်ထိုးလိုက်သည်။

ဆန်းကြယ်နန်းတော်သခင်က အလျှင်စလိုတုံပြန်ပြီး သူ၏လက်ကိုဆန့်ထုတ်လိုက်၏။ သို့ရာတွင် သူ၏ရှေ့ရှိခွန်အားသည် တောင်ကြီးတစ်လုံးကဲ့သို့ သန်မာသည်ကို ရှာဖွေတွေ့ရှိလိုက်ရသည်။ ထိုနတ်ဘုရားတမျှကြီးမားသည့်စွမ်းအားကို သူခုခံနိုင်ရန် နည်းလမ်းမရှိချေ။

"ဝွစ္"

ဆန်းကြယ်နန်းတော်သခင်သည် လေးကြိုးမှလွှက်လိုက်သည့် မြှားကဲ့သို့နောက်သို့လွင့်စင်ထွက်ပြီး နံရံနှင့်ပြင်းထန်စွာဆောင့်မိလေသည်။

မြေပြင်ပေါ်တွင် နက်ရှိုင်းသည့်စွက်ကြောင်းကြီးများက နန်းတော်သခင်လွင့်စင်ထွက်သွားသည့် လမ်းကြောင်းတစ်လျှောက်လုံးတွင် ဖြစ်ပေါ်နေသည်။

ယခုနေရာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေပေ၏။ ယင်လော့ဂိုဏ်းမှကျင့်ကြံသူများပင်လျှင် ဤမြင်ကွင်းကို ထိတ်လန့်တုန်လှုပ်စွာဖြင့် ကြည့်ရှုနေကြသည်။

"အဟွက်...အဟွက်...အဟွက်..."

ရုတ်တရက် မသဲမကွဲချောင်းဆိုးသံတစ်သံထွက်ပေါ်လာသည်။

ဆန်းကြယ်နန်းတော်သခင်သည် ရုတ်တရက် သူ၏ရင်ဘတ်ကိုဆုပ်ကိုင်ပြီး ပြင်းပြင်းထန်ထန်ချောင်းဆိုးနေလေ၏။ ချောင်းဆိုးသံနှင့်အတူ ဆန်းကြယ်နန်းတော်သခင်၏ပါးစပ်မှ သွေးများစတင်ယိုစီးကျလာခဲ့သည်။ မြေပြင်ပေါ်တွင် သွေးစိမ်းများပြန့်ကျဲနေလေရာ လူတိုင်းအား ကြောက်ရွံတုန်လှုပ်သွားစေသည်။

လူတိုငက လုယွီဤမျှထိသန်မာသည်ကိုကြည့်ပြီး အံ့အားသင့်တုန်လှုပ်နေကြသည်။

ဤနေရာ၌ ဝင်္ကပါတစ်ခုရှိနေသည်မှာ အမှန်လော....

နက်နဲခြင်းအဆင့်ဝင်္ကပါပညာရှင်တစ်ယောက်သည် သူတို့၏ဝင်္ကပါကိုအမှီပြု၍ သူတို့ထက်များစွာအစွမ်းထက်သည့်လူများကို အနိုင်ယူနိုင်ပေသည်။

ထိုအကြောင်းပြချက်က ဝင်္ကပါပညာရှင်များသည် ဤကမ္ဘာလောကတွင် အဖိုးတန်နေရခြင်းကိုလည်း ဖော်ပြနေသည်။ ကျွမ်းကျင်သည့် ဝင်္ကပါပညာရှင်တစ်ယောက်တွေ့ရှိရန်အလွန်ရှားပါးပြီး သူတို့အားရင်ဆိုင်ရန်မှာလည်းအလွန်ခက်ခဲပေသည်။

ဆရာသခင်ကျန့်၏မျက်နှာသည် ဖြူ လိုက် နီလိုက် တစ်လှည့်စီဖြစ်ပေါ်နေသည်။ ဤလေဟာနယ်စွန့်ပစ်နယ်မြေအတွင်းသို့ မဝင်ရောက်ခင်က သူသည် လုယွီအား အကောင်းမြင်ခြင်းမရှိချေ။ လမ်းတစ်လျှောက်လုံးတွင်လည်း သူ၏စကားများသည် လုယွီအား အထင်အမြင်သေးမှုများနှင့်သာ ပြည့်နေခဲ့သည်။

သို့ရာတွင် ယခုလုယွီ၏ဝင်္ကပါစွမ်းရည်သည် ယင်လော့ဂိုဏ်း၏နန်းတော်သခင်ကိုပင် အနိုင်ယူနိုင်ခဲ့သည်။ သူပင်လျှင် လုယွီကဲ့သို့ မပြုလုပ်နိုင်ပေ။

ကျန်းထျန်းရှုံးက မျက်လုံးများတောက်ပနေရင်းမှ သူ၏မုတ်ဆိတ်မွှေးကို ပွတ်သပ်နေလေသည်။

"တွေးကြည့်ရင် သူက ဝင်္ကပါပညာရှင်တစ်ယောက်ဖြစ်နိုင်တယ်...သူရဲ့အသက်အရွယ်တုန်းက ငါတောင်ဒီလောက်ထိ အောင်မြင်ခဲ့လို့လား"

ကျန်းထျန်းရှုံးက လုယွီကို စုန်ချည်ဆန်ချည်ကြည့်ပြီးနောက် သူ၏မျက်လုံးအတွင်းရှိအလင်းရောင်သည် ပို၍ပို၍တောက်ပလာလေ၏။

ရုတ်တရက် သူ၏နံဘေးမှ ပိုင်ဆုချင်ကို သတိပြုမိသွားသည်။

ပိုင်ဆုချင်သည် ကမ္ဘာလောကတွင် မည်သည့်အချိန်ကမျှ ထွက်ပေါ်မလာဘူးသော နတ်သမီးတစ်ယောက်ကဲ့သို့ သူမ၏မျက်နှာအမူအယာက တစ်ချိန်လုံးအေးစက်တင်းမာနေသူဖြစ်သည်။

သို့သော် ယခုလက်ရှိတွင်မူ ပိုင်ဆုချင်သည် လုယွီကို အလွန်အမင်းစိတ်ဝင်စားနေပုံရပြီး ခြေဆုံးခေါင်းဆုံးကြည့်ရှုနေခဲ့သည်။

ကျန်းထျန်းရှုံးသည် သူ၏စိတ်အတွင်းမှနေ၍ လေးလေးနက်နက်တွေးတောလိုက်သည်။ သူတို့၏ကျန်းကလန်သည် အလယ်ပိုင်းကုန်းမြေရှိ ထိပ်သီးအင်အားစုဖြစ်သော်လည်း မည်သည့်အချိန်ကမျှ လူငယ်ဝင်္ကပါပညာရှင် ပေါ်ထွက်လာခြင်းမရှိချေ။

သူတို့က ဝင်္ကပါပညာရှင်များလိုအပ်သည့်အချိန်တိုင်း ကြေးကြီးကြီးပေး၍ တောင်းဆိုရသည်။

"သူက အရမ်းငယ်သေးတယ်...တစ်ကယ်လို့ သူသာ မိသားစုကြီးထဲကဆိုရင် အစွမ်းထက်တဲ့ဝင်္ကပါပညာရှင်တစ်ယောက်ဖြစ်လာလိမ့်မယ်"

ရုတ်တရက် ကျန်းထျန်းရှုံးက သူ၏မြေးမလေးကိုကြည့်ပြီး လုယွီအားတစ်ဖန်ထပ်၍ ကြည့်လိုက်သည်။ သူ မည်သည့်အရာကိုတွေးတောနေသည်အား မည်သူမျှမသိရှိကြချေ။

ဆန်းကြယ်နန်းတော်သခင်က သွေးများအန်ထွက်နေသော်လည်း လုယွီက သူ့အားအလွတ်ပေးရန် ရည်ရွယ်ချက်မရှိပေ။ လုယွီက ဆန်းကြယ်နန်းတော်သခင်၏ရှေ့သို့ ခြေလှမ်းတစ်လှမ်းခြင်းလျှောက်သွားပြီး စကားတစ်ခွန်းမျှမဆိုဘဲ လက်သီးနှင့်ထိုးနှက်လိုက်သည်။

ဘန်း...ဘန်း...ဘန်း..

လုယွီ၏လက်သီးချက်တိုင်းသည် ဆန်းကြယ်နန်းတော်သခင်၏ဝမ်းဗိုက်ပိုင်းသို့ အညှာအတာကင်းမဲ့စွာဖြင့် ထိုးနှက်နေခဲ့သည်။

ဆန်းကြယ်နန်းတော်သခင်တွင် အကာအကွယ်စိတ်ဝိညာဉ်စွမ်းအင်ရှိသော်လည်း လုယွီ၏နတ်ဘုရားတမျှခွန်အားအောက်တွင် ကျိုးပျက်သွားရသည်။

"ေခြးမသား"

ဆန်းကြယ်နန်းတော်သခင်သည် ဒေါသအမျက်ချောင်းချောင်းထနေလေ၏။ ရုတ်တရက် သူက မန္တန်တစ်ပုဒ်ကိုရွတ်ဆိုလိုက်ချိန်တွင် သဲရှင်ဂိတ်တံခါး၏ဦးခေါင်းကိုးလုံးက ချက်ချင်းပျံဝဲလာလေသည်။

ေဝါ.....

ထိုဦးခေါင်းများသည် ပါးစပ်ကြီးများကိုကျယ်ပြန့်စွာ ဖွင့်ထားကြပြီး လုယွီအားဝါးမြိုနိုင်ရန် တိုးဝင်လာကြသည်။

လေထုအတွင်း နာကျည်းချက်များပြည့်နှက်နေပြီးနောက် သဲရှင်ဦးခေါင်းကိုးလုံးသည် နတ်ဆိုးစိတ်ဝိညာဉ်များ၏ပုံပန်းသွင်ပြင်နှင့်တူညီနေကြပြီး သူတို့၏မျက်နှာများက ကြမ်းကြုတ်ရက်စက်ပုံ ပေါ်လွင်နေသည်။

"ထွက်သွားကြစမ်း"

လုယွီ၏မျက်လုံးများခက်ထန်တင်းမာသွားပြီး သူက နောက်လှည့်၍အော်ဟစ်လိုက်ကာ လက်သီးတစ်ချက်ထိုးနှက်လိုက်သည်။

ခန်းမကြီးတစ်ခုလုံးသည် လုယွီ၏ထိန်းချုပ်မှုအောက်တွင်ရှိနေသဖြင့် ထိုဦးခေါင်းများသည်လည်းစတင်၍ယိမ်းခါနေတော့သည်။

မူလက ထိုဦးခေါင်းများတွင်ရှိသောယင်ချီသည် ခန်းမအတွင်းရှိ ရေအတွင်းတွင်ကူးနေသည့်ငါးများနှင့်တူညီသည်။ သို့သော် ယခုလက်ရှိတွင်မူ ခန်းမကြီး၏စွမ်းအားသည် သူတို့အားဖျက်ဆီးပစ်တော့မည့်ပုံ ပေါ်လွင်နေ၏။

လုယွီက ထိုဦးခေါင်းများကို လက်ညှိုးညွှန်ပြီး အေးစက်စက်အော်ဟစ်လိုက်သည်။

"ပေါက်ကွဲသွားစမ်း"

ဘုန်း...ဘုန်း...ဘုန်း...

ဦးခေါင်းကိုးလုံးသည် သွေးမြူ များအဖြစ်သို့ ပေါက်ကွဲသွားကြသည်။

Chapter 159

လုယွီက သူ၏ရှေ့ရှိ ဆန်းကြယ်နန်းတော်သခင်ကို တည်ငြိမ်အေးဆေးစွာဖြင့် ကြည့်လိုက်သည်။

ထိုသူက တာအိုဒုတိယဆင့်ဟူသည်ပင် မည်သည့်အရေးနည်း...ယခုလက်ရှိတွင် လုယွီသည် ခန်းမအတွင်းရှိ ဝင်္ကပါအား အပြည့်အဝထိန်းချုပ်ထားသူဖြစ်သည်။ ကြီးမြတ်သောကျွမ်းကျင်သူပင် သူ၏ရှေ့တွင် မည်သို့မျှပြုလုပ်နိုင်မည်မဟုတ်ချေ။

"ကောင်လေး...မင်းက ငါတို့ရဲ့ယင်လော့ဂိုဏ်းကို ဆန့်ကျင်ဝံ့တာလား...မင်း သေမှာမကြောက်ဘူးလား....တစ်ကယ်လို့ မင်း ငါကိုသတ်ရဲရင် ယင်လော့ဂိုဏ်းက မင်းကိုတစစီလုပ်ပစ်လိမ့်မယ်"

ဆန်းကြယ်နန်းတော်သခင်က ဒေါသတကြီး အော်ဟစ်လိုက်လေ၏။

လုယွီက မည်သို့မျှတုန့်ပြန်ခြင်းမပြုသည်ကိုကြည့်ပြီး ကြောက်ရွံနေသည်ဟု ဆန်းကြယ်နန်းတော်သခင်က တွေးထင်သွားခဲ့သည်။ ထို့ကြောင့် သူ၏မျက်နှာအမူအယာသည် ပို၍စိတ်ကြီးဝင်လာခဲ့သည်။

"ဟား ဟား...မင်း မသိသေးတာဖြစ်နိုင်တယ်...ဒီမြေအောက်ကမ္ဘာလောကမှာ တစ်ချို့ဂိုဏ်းကြီးတွေဖန်တီးထားတဲ့ ပြန်လည်မွေးဖွားခြင်းစက်ဝန်းတွေကလွဲပြီး ဘယ်သူပဲဖြစ်နေပါစေ...သေဆုံးသွားပြီဆိုရင် သူတို့ရဲ့ဝိညာဉ်တွေက ငါတို့ယင်လော့ဂိုဏ်းရဲ့ ထိန်းချုပ်မှုအောက်မှာရှိတယ်...အကျိုးဆတ်ကတော့ ငါတို့ယင်လော့ဂိုဏ်းကို ဘယ်သူကမှ ရန်မစဝံ့ကြဘူး....ဒါကြောင့် မင်းက ဝင်္ကပါပညာရပ်မှာ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်တော့လည်း ဘာအရေးလဲ...မင်း သေသွားပြီဆိုတာနဲ့ အမှိုက်တစ်စဖြစ်သွားမှာပဲ....မင်းရဲ့ဝိညာဉ်က မြေအောက်လောကကိုးခုကို မဝင်ရောက်နိုင်ဘဲ ခြေချစရာနေရာမရှိဖြစ်သွားမယ်"

ဆန်းကြယ်နန်းတော်သခင်၏လေသံသည် ပြင်းထန်သောအာဃာတများဖြင့် ပြည့်နှက်နေလေ၏။

လုယွီက ဆန်းကြယ်နန်းတော်သခင်ကို ကြည့်ပြီး ရုတ်တရက် သူ၏ခေါင်းကို ခါယမ်းလိုက်သည်။

"ခင်ဗျားတို့က သံသရာစက်ဝန်းကို ခင်ဗျားတို့အပိုင်အဖြစ်ထိန်းချုပ်ပြီး မြေအောက်လောကကိုအုပ်စိုးဝံ့တယ်လား....ခင်ဗျားတို့ သတ္တိတော်တော်ကောင်းတာပဲ"

လုယွီက ဆန်းကြယ်နန်းတော်သခင်ကို စိုက်ကြည့်ပြီးနောက် ရုတ်တရက် လုယွီသည် သာမာန်ကာလျှံကာပုံစံဖြင့် ထိုသူ၏အောက်ရှိမြေပြင်ကို လက်ညှိုးညွှန်လိုက်သည်။

ရုတ်ချည်းဆိုသလိုပင် မြောက်များစွာသည့်ယင်ချီများက ဆန်းကြယ်နန်းတော်သခင်၏ခြေဖဝါးအောက်တွင် စုဝေးလာကြပြီး ကြီးမားသောအနက်ရောင်နဂါးပျံကြီးများကိုဖွဲ့စည်းလိုက်လေ၏။

ထိုနဂါးပျံများသည် အလွန်အမင်းကြီးမားကာ လုယွီကိုအပြည့်အဝလွှမ်းခြုံထားကြပြီး လေထုအတွင်းရှိအခိုးအငွေ့များနှင့်တူသည့် သူတို့၏ပါးစပ်ကြီးများကို ဟထားကြသည်။

နဂါးပျံများ၏ယင်ချီအော်ရာနှင့် ထိတွေ့မိသော အနီးအနားရှိ သရဲတစ္ဆေစစ်သားတစ်ချို့၏အရိုးများ ချက်ချင်းကျိုးကြေသွားကြ၏။ သရဲတစ္ဆေစစ်သားများစွာသည်လည်း ပြာပုံအဖြစ်သို့ပြောင်းလဲသွားရသည်။

"ဒီ ဝင်္ကပါက ဘယ်လိုမျိုးလဲ"

ဆန်းကြယ်နန်းတော်သခင်က အံ့အားသင့်တုန်လှုပ်နေပြီး ကူရာကယ်ရာမဲ့စွာဖြင့် အော်ဟစ်လိုက်သည်။

ဆရာသခင်ကျန့်နှင့်တစ်ခြားဝင်္ကပါပညာရှင်များပင်လျှင် ကြက်သေသေပြီး ဆွံအနေခဲ့သည်။

သာမာန်ဝင်္ကပါများသည် အစွမ်းထက်သောနည်းစနစ်များကိုအသုံးပြု၍ စိတ်ဝိညာဉ်ဝင်္ကပါကိုဖွဲ့စည်းခြင်း သို့မဟုတ် တစ်ခြားအထောက်အကူပစ္စည်းများကိုအသုံးပြု၍ ခင်းကျင်းရပေသည်။

သို့ရာတွင် သူတို့၏ရှေ့ရှိ ဝင်္ကပါသည်မူ လုယွီလက်ညွှိုးညွှန်ပြရုံဖြင့် အစွမ်းထက်သောဖွဲ့စည်းခြင်းမျိုးဖြစ်ပေါ်လာခြင်းမှာ မည်သည်ကြောင့်ဖြစ်သနည်း..

"ကြည့်ရတာ ငါတို့က သူကို အကဲခတ်တာမှားသွညးပြီထင်တယ်"

ဝင်္ကပါပညာရှင်အားလုံးနီးပါး နက်နက်ရှိုင်းရှိုင်း တုန်လှုပ်နေကြသည်။

တစ်ခြားကျင့်ကြံသူများ၏ဝင်္ကပါပညာရပ်အပေါ် ရှုထောင့်အမြင်နှင့် ဝင်္ကပါပညာရှင်များ၏အမြင်သည် ကွဲပြားခြားနားပေသည်။

ေဝါ...ေဝါ..

လေထုကိုဖြတ်သန်းနေသော ဧရာမနဂါးပျံကြီးများ၏အသံကို လူတိုင်း ကြားနေရသည်။

ဆန်းကြယ်နန်းတော်သခင်သည် ပတ်ဝန်းကျင်မှဖိအားကြောင့် အလွန်အမင်းထိတ်လန့်နေခဲ့သည်။ သူ၏ရှေ့၌ ဧရာမနဂါးပျံကြီးများ ရောက်ရှိလာသည်ကိုမြင်ချိန်တွင် ကြောက်မက်ဖွယ်အရှိန်ဖြင့် သူ၏ခန္ဓာကိုယ်မှ စိတ်ဝိညာဉ်စွမ်းအင်များ ယိုစိမ့်ထွက်နေခြင်းကို ခံစားမိလေသည်။

"ဒါက တော်တော်ဆိုးတာပဲ"

ဆန်းကြယ်နန်းတော်သခင်က စိတ်အတွင်း၌ပင် ငိုကြွေးနေမိသည်။ မည်သည့်တုန့်ဆိုင်းနေခြင်းမျှမရှိတော့ဘဲ သူ၏ခန္ဓာကိုယ်ရှိစွမ်းအင်အားလုံးကိုစုစည်း၍ လက်ဝါးရိုက်ချက်တစ်ချက်ဖြင့်ခုခံလိုက်သည်။

ဖုန်း...

ဆန်းကြယ်နန်းတော်သခင်၏ပါးစပ်မှ သွေးများယိုစီးကျလာပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို သွေးမြူ များ လွှမ်းခြုံသွားတော့သည်။

သွေးမြူ များအကြားရှိ ဆန်းကြယ်နန်းတော်သခင်၏ပုံရိပ်သည် အလွန်အမင်းဝေဝါးနေပြီး သူ၏အော်ရာမှာလည်း အနည်းငယ်မျှပင် စွမ်းအားအရှိန်အဝါမရှိတော့ချေ။

"မင်း စောင့်နေ...ယင်လော့ဂိုဏ်းက မင်းကိုအမြဲသတိရနေမှာပါ"

ဆန်းကြယ်နန်းတော်သခင်က အလျှင်စလိုနောက်လှည့်ပြီး ထွက်ပြေးရန်ပြင်ဆင်လိုက်သည်။

လုယွီ၏ ယင်ချီထိန်းချုပ်မှုများအောက်တွင် နန်းတော်သခင်၏အသက်အရွယ်သွင်ပြင်သည်လည်း လျှင်မြန်စွာဖြင့် အိုမင်းနေလေသည်။

လုယွီက အေးစက်တင်းမာစွာဖြင့် နှာမှုတ်လိုက်သည်။

"ကျုပ် ခင်ဗျားကို လမ်းလျှောက်ခွင့်ပြုလို့လား"

ရႈး....ရႈး...

ဧရာမနဂါးပျံကြီးနှစ်ကောင်က တစ်ကောင်နှင့်တစ်ကောင် ဝိုင်းပတ်နေရင်းမှ ဆန်းကြယ်နန်းတော်သခင်အား တိုက်ခိုက်လိုက်သည်။

"ရှင်းထျန်းက ဒေါသတကြီးငိုကြွေးနေပြီ"

ဆန်းကြယ်နန်းတော်သခင်က ရုတ်တရက် ဒေါသတကြီးအော်ဟစ်လိုက်ပြီးနောက် သူ၏နောက်ရှိ ပုံရိပ်ကြီးမှ အစွမ်းထက်အော်ရာများပေါက်ကွဲထွက်လာပြီး လုယွီထံသို့ ပြေးဝင်သွားခဲ့သည်။

ေဝါ...ေဝါ...

အစွမ်းထက်သောကြုံးဝါးသံနှင့်ယှဉ်တွဲ၍ ကောင်းကင်ဘုံအပြစ်ပေးသူရှင်းထျန်း၏ပုံရိပ်ကြီးသည် လုယွီထံအရောက်တွင်မူ အလွန်လျှင်မြန်သောအရှိန်ဖြင့် အားပျော့သွားခဲ့သည်။

"ခင်ဗျားက ကျုပ်ရဲ့ဓားတွေယူထားတာ...ပြန်ပေးစမ်း"

လုယွီက ဆန်းကြယ်နန်းတော်သခင်ကို လက်ညွှိုးညွှန်၍ ပြောဆိုလိုက်သည်။

ဆန်းကြယ်နန်းတော်သခင်၏ခန္ဓာကိုယ်တုန်ရီသွားပြီးနောက် သူထံမှဆေဘာဓားနှစ်ချောင်းက လုယွီထံသို့ ပျံဝဲထွက်သွားပြီး လုယွီရှေ့၌ ကျဆင်းသွားကြသည်။

"ဖူး...."

ဆန်းကြယ်နန်းတော်သခင်သည် ဒေါသတကြီးဖြစ်နေပြီး သူကိုယ်သူမထိန်းချုပ်နိုင်တော့ဘဲ သွေးတစ်လုတ်အန်ထုတ်လိုက်ရသည်။

Chapter 160

"မင်း ဒီနေရာက ထွက်ခွာတာနဲ့...ငါ မင်းကို အစိတ်စိတ်အမွှာမွှာစုတ်ဖြဲပစ်မယ်"

ဆန်းကြယ်နန်းတော်သခင်သည် သွေးမြူ များအတွင်း ရုတ်တရက်လှုပ်ခတ်လာသည့် စိတ်ဝိညာဉ်စွမ်းအင်မတည်ငြိမ်မှုများကြောင့် ပြင်းပြင်းထန်ထန်ကြုံးဝါးပြီး ထွက်ခွာရန်ပြင်ဆင်လိုက်သည်။

အေးစက်သောနှာမှုတ်သံနှင့်အတူ လုယွီက ဆန်းကြယ်နန်းတော်သခင်၏သွေးမြူ ပုံရိပ်ထံသို့ လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်သည်။

ဘုန်း...

မသဲမကွဲအသံနှင့်အတူ ဆန်းကြယ်နန်းတော်သခင်သည် ပြင်းထန်သောလက်ဝါးရိုက်ချက်ကို ခံစားလိုက်ရပုံ ပေါ်လွင်နေသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးက လေထုအတွင်းရပ်တန့်နေပြီး တခဏအကြာတွင်မူ သဲလွန်စပင်မကျန်သည်အထိ ပျောက်ကွယ်သွားခဲ့သည်။

ဆန်းကြယ်နန်းတော်သခင်ထံမှ သိမ်းယူခဲ့သော ဆေဘာဓားနှစ်ချောင်းသည် ယခုလက်ရှိတွင် လုယွီအားလှည့်ပတ်နေသည်။

ဆေဘာဓားရှည်၏ကိုယ်ထည်တစ်ခုလုံးကို သိပ်သည်းသောမီးတောက်များဖြင့် ဖုံးလွှမ်းထားသည်။ ဓားသွားတစ်ခုလုံးမှ မီးတောက်များထုတ်လွှက်ထားသဖြင့် အနီးအနားရှိလေထုကိုပင် ပူလောင်စေသည်။

ဆေဘာဓားတို၏မျက်နှာပြင်တွင်မူ အေးစက်ပြီးဆိုးညစ်သောအော်ရာစီးဆင်းနေသည်။ ဓား၏စူးရှသည့်ဓားသွားပေါ်တွင် တစ်စုံတစ်ယောက်၏ကျောရိုးအတွင်းထိ ချမ်းစိမ့်သွားစေသည့် အနက်ရောင်အလင်းတန်းတောင်ပနေသည်။

ဝီ...ဝီ...

ဆေဘာဓားနှစ်ချောင်းသည် လုယွီ၏ခန္ဓာကိုယ်ကို အဆတ်မပြတ်လှည့်ပတ်နေကြပြီး သူ့အား အသိအမှတ်ပြုနေကြသည်။

လုယွီ၏ခန္ဓာကိုယ်သည် လေထုအတွင်းတွင် နတ်ဘုရားတစ်ပါးကဲ့သို့မျောလွင့်နေပြီး သူအားကြည့်မိသူတိုင်းပင် မိန်းမောတွေဝေမှုအား ခံစားမိစေသည်။

"ယင်လော့ဂိုဏ်းရဲ့နန်းတော်သခင်က သူရဲ့လက်ထဲမှာ ရှုံးနိမ့်ရလိမ့်မယ်လို့ ငါဘယ်တုန်းကမှ မတွေးမိခဲ့ဘူး...ဒီကောင်လေးက အမှန်တစ်ကယ်ကို သန်မာတာပဲ"

"နတ်ဘုရားလက်နက်နှစ်ခုက သူရဲ့လက်ထဲမှာ အဆုံူသတ်သွားတာတော့ စိတ်ပျက်ဖို့ကောင်းတယ်"

ကျင့်ကြံသူများက သူတို့အခြင်းခြင်းတိုင်ပင်ဆွေးနွေးနေကြသောစကားလုံးများသည် လုယွီ၏အကြောင်းများဖြင့်သာ ပြည့်နှက်နေသည်။

လုယွီက ထိုစကားလုံးများကို ဂရုစိုက်ခြင်းမရှိချေ။ သူက ရှေ့သို့သာ တည့်တည့်သွားနေပြီး ယဇ်ပလ္လင်ပေါ်သို့ရောက်ရှိသွားခဲ့သည်။

ယဇ်ပလ္လင်ပေါ်ရှိ ခေါင်းတလားအတွင်းတွင် တိတ်ဆိတ်ငြိမ်သက်စွာလဲလျောင်းနေသည့် ယဲ့ရွှယ်လန်ရှိနေသည်။

ယခုလက်ရှိတွင် လုယွီသည် ဝင်္ကပါ၏ထောက်ပံမှုကို ရရှိထားသဖြင့် ယဲ့ရွှယ်လန်၏လက်ရှိအခြေအနေကို သူ၏အကြည့်တစ်ချက်ဖြင့်ပင်မြင်နိုင်လေသည်။

ယဲ့ရွှယ်လန်၏ခန္ဓာကိုယ်သည် အပြင်ပိုင်းတွင် မည်သည့်ထိခိုက်ဒဏ်ရာရရှိမှုမျှမရှိချေ။ သို့ရာတွင် သူမ၏မရီးဒါန်းများအားလုံး ကြေမွပျက်စီးနေပြီး သူ၏စိတ်ဝိညာဉ်ပင် အပြည့်အဝ ပျောက်ကွယ်နေခဲ့သည်။

သူ၏အတိတ်ဘဝတုန်းက မြေအောက်လောကတာအိုသခင်ဖြစ်စဉ်တွင် မည်သူကိုမျှ သူ့အား အနိုင်ယူခွင့်မပေးခဲ့ဘူးချေ။ သို့ရာတွင် သူ မဆင်မခြင်လုပ်ခဲ့သည့်အမှားကြောင့် တောက်လျှောက်မှားယွင်းမှုများဖြစ်ပေါ်ခဲ့ရသည်။

ယခုက သူ၏စိတ်နှလုံးသားအတွင်းတွင် ရှန်းလင်းလုံကိုနှစ်သက်မှုများဖြင့်သာ ပြည့်နှက်နေသည်။ သူ၏နံဘေးနားတွင် အမြဲတစေတိတ်ဆိတ်ငြိမ်သက်စွာပေးဆပ်နေသည့် ယဲ့ရွှယ်လန်ကိုမူ လျစ်လျှူ ပြီး အသုံးချမှုများသာ ရှိခဲ့သည်။

"ဝါး....ဝါး...ဝါး...မမ...ထပါတော့"

ရုတ်တရက် နျူ နျူ သည် ဖက်တီးကျန်း၏လက်မောင်းများအတွင်းမှ ရုန်းကန်ထွက်လာပြီး ခေါင်းတလား၏နံဘေးဘက်ကိုကိုင်၍ မျက်ရည်များစိုရွှဲကျလာသည်အထိ အော်ဟစ်ငိုယိုနေလေသည်။

ခန်းမကြီးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေလေ၏။ နျူ နျူ ၏အော်ဟစ်ငိုယိုသံကသာလျှင် ခန်းမကြီးအတွင်းတွင် ပဲ့တင်ထပ်နေခဲ့သည်။

ထိုအချိန်တခဏတွင် လုယွီသည် ယဲ့ရွှယ်လန်၏ခန္ဓာကိုယ်မှ လှုပ်ခတ်မှုအနည်းငယ်ကို ရုတ်တရက်ခံစားမိလေ၏။

ယဲ့ရွှယ်လန်နှင့်နျူ နျူ အကြားတွင် ဆတ်သွယ်မှုလှိုင်းများရှိနေခဲ့သည်။

"ဒီကေလးမေလးက....."

ရုတ်တရက် လုယွီက မျက်မှောင်ကြုပ်လိုက်မိ၏။

သူက အရေးပါသောအမှားကြီးတစ်ခု တွေးတောမိခဲ့ခြင်းကို ရုတ်တရက်သိနားလည်လိုက်သည်။ ဤနေရာက ကောင်းကင်ဘုံနယ်ပယ်ဖြစ်ပေ၏။

ကြယ်တိုင်းတွင် အစွမ်းထက်သော ကောင်းကင်ဘုံတာအိုအကာအကွယ်များ ပါရှိပေသည်။ သူ၏စိတ်ဝိညာဉ်ရတနာများပင်လျှင် ကောင်းကင်ဘုံတာအိုနိယာမ၏အလွန်အမင်းဖျက်ဆီးပစ်ခြင်း ခံခဲ့ရသည်။

အစွမ်းထက်သော သရဲတစ္ဆေစစ်သားမြောက်များစွာ၏စစ်ဗိုလ်ချုပ်များအားလုံးပင် သေဆုံးသွားကြသည်။

မည်သည်ကြောင့် ယခုကဲ့သို့ ကလေးမလေးတစ်ယောက်က ထွက်ပေါ်လာရသနည်း။

လုယွီက သူ၏လက်ကို နျူ နျူ ၏နဖူးပေါ်တွင် တင်ကြည့်လိုက်သည်။ ချက်ချင်းပင် သူက ရင်းနှီးကျွမ်းဝင်သောအော်ရာကို ခံစားမိလေ၏။

သူက ထိုအော်ရာကို မည်သည့်အချိန်မျှ မေ့လျော့မည်မဟုတ်ချေ။

"စိတ်ဝိညာဉ် ပြန်လည်ဖွဲ့စည်းမွေးဖွားခြင်း...ငါတို့က တူညီတဲ့နည်းလမ်းကိုပဲ ရွေးချယ်မယ်လို့ ငါ ဘယ်တုန်းကမှ မတွေးမိခဲ့ဘူး"

လုယွီ၏နှုတ်ခမ်းထောင့်ကွေးသည် ကူရာကယ်ရာမဲ့ပုံဖြင့် တွန့်လိမ်သွားခဲ့သည်။

သူနှင့်ယဲ့ရွှယ်လန်နှစ်ယောက်စလုံးသည် ရှန်းလင်းလုံ၏သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ သို့ရာတွင် သူတို့နှစ်ယောက်စလုံးသည် တူညီသောနည်းလမ်းကိုအသုံးပြု၍ ပြန်လည်မွေးဖွားခဲ့ကြသည်။

အကယ်၍ စိတ်ဝိညာဉ်သည် ပျက်စီးသွားခြင်းမရှိလျှင် ထိုနည်းလမ်းကိုအသုံးပြု၍ ပြန်လည်မွေးဖွားနိုင်ပေသည်။

ထိုမိန်းကလေးက ယဲ့ရွှယ်လန်ကို မတွေ့မိတော့ဟုဆိုသည်မှာ အံသြစရာမရှိတော့ချေ။

သူမက ယဲ့ရွှယ်လန်၏အော်ရာနှင့် အလွန်ရင်းနှီးကျွမ်းဝင်နေသည်မှာ အံသြစရာမရှိတော့ချေ။

အမှန်တစ်ကယ်အားဖြင့် နျူ နျူ သည် ယဲ့ရွှယ်လန်ပြန်လည်မွေးဖွားလာခြင်းဖြစ်သည်။ သို့ရာတွင် သူမ၏မှတ်ဉာဏ်များကမူ အပြည့်အဝပျောက်ဆုံးသွားခဲ့သည်။

All Chapters