← Chapters

အခန်း (၁၆၆-၁၇၀)

Vol. 6-10 Ch. 166-170

အခန်း (၁၆၆-၁၇၀)

Vol. 6-10 Ch. 166-170

Chapter 166

လုယွီ၏အခန်းအပြင်ဘက်တွင် ပြင်းထန်သည့်ဆေးရနံ့များ လေထုအတွင်းပြည့်နှက်နေသည်။ လူတိုင်းက မအောင့်အည်းနိုင်တော့ဘဲ အသက်ပြင်းပြင်းရှုလိုက်ကြ၏။ ရုတ်ချည်းဆိုသလိုပင် သူတို့၏ခန္ဓာကိုယ်အတွင်းတွင် နွေးထွေးပြီးသက်တောင့်သက်သာရှိသည့်ခံစားမှုမျိုး ပျံ့နှံ့သွားသည်ကို ခံစားရမိသည်။

"ဒါက ဘယ်လိုရတနာမျိုးပါလိမ့်....ဒီလိုမျိုးရနံ့ကိုတောင် ထုတ်လွှတ်ပေးနိုင်တယ်"

စားပွဲထိုးများသည် သူတို့အတွက်ပစ္စည်းကောင်းရတော့မည်ဟု သိရှိနေကြပုံဖြင့် သူတို့၏မျက်လုံးများ ဝင်းလက်တောက်ပလာကြသည်။

သူတို့က အခန်းအတွင်းသို့ ဝင်လိုက်ချိန်တွင် အိပ်ယာပေါ်၌ထိုင်နေသော လုယွီအား မြင်တွေ့မိသည်။

ထိုအချိန်တွင် လုယွီ၏မျက်လုံးများက တင်းတင်းကျပ်ကျပ်ပိတ်ထားပြီး သူ၏ခန္ဓာကိုယ်မှ မှန်းဆမရနိုင်သည့်အော်ရာကို ထုတ်လွှတ်ထားကာ သူကနက်ရှိုင်းစွာမိန်းမောတွေဝေနေပုံရသည်။

"အကိုကြီး..ဒီကောင်လေးကိုကြည့်ရတာ ကိုင်တွယ်ဖို့နည်းနည်းခက်ခဲမယ့်ပုံပဲ"

စားပွဲထိုးတစ်ယောက်သည် အသံအက်ကွဲကွဲဖြင့် ပြောဆိုလိုက်လေ၏။

ဆိုင်ပိုင်ရှင်၏မျက်နှာသည်လည်း မည်းမှောင်နေ၏။ အချိန်အတော်ကြာမှသာလျှင် နောက်ဆုံး၌ သူ၏စိတ်ကိုပြင်ဆင်ပြီးမှ ပြောဆိုလိုက်သည်။

"အဲဒါကို မေ့လိုက်ကြစမ်း....သူက အသက်ဘယ်လောက်ရှိအုံးမှာမို့လဲ....သူ ဘယ်လောက်အင်အားရှိမှာမို့လဲ"

လုယွီက အသက်တစ်ဆယ့်ခုနစ်နှစ်သာရှိသေးသဖြင့် လူငယ်တစ်ယောက်ပုံသာရှိသေးသည်။ တစ်ခြားသူများက သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်တော့ဘဲ လုယွီကိုကြည့်ရှုလိုက်ကြသည်။ စားပွဲထိုးများအနက်မှတစ်ယောက်က သူ၏လက်ကိုဆန့်ထုတ်ပြီး လုယွီ၏ခန္ဓာကိုယ်ပေါ်တင်၍ အော်ဟစ်လိုက်လေ၏။

"ကောင်လေး...ထစမ်း"

ဝီ....ဝီ....

သဲသဲကွဲကွဲမကြားရသည့် အသံတစ်သံက ထိုစားပွဲထိုး၏လက်မှထွက်ပေါ်လာသည်။ စားပွဲထိုး၏မျက်နှာအမူအယာ ပြောင်းလဲသွားပေ၏။ သူက လုယွီ၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အစွမ်းထက်သည့်စွမ်းအားကို ခံစားမိလေသည်။ ထိုအစွမ်းထက်သောစွမ်းအားကြောင့် သူက လုယွီ၏လက်မောင်းကိုဖျက်ဆီးရန် ချက်ချင်းပင် ကြံရွယ်လိုက်သည်။

ခရက်...ခရက်

သို့သော် စားပွဲထိုး၏လက်မောင်းမှ ကွဲအက်သံများသာထွက်ပေါ်လာခဲ့သည်။ အချိန်တခဏအတွင်းမှာပင် ထိုသူ၏လက်မောင်းသည် ထူးဆန်းသည့်အနေအထားမျိုးဖြင့် ကွေးကောက်သွားလေ၏။

"အား....ငါရဲ့လက်မောင်း ကျိုးပြီ"

စားပွဲထိုး၏မျက်နှာသည် ရဲရဲနီနေပြီး သူက နာကျင်မှုကြောင့် စူးစူးဝါးဝါးအော်ဟစ်နေရသည်။ သူက မြေပြင်ပေါ်သို့ ပြိုလဲကျသွားပြီး သူ၏ခန္ဓာကိုယ်သည် နာကျင်မှုကြောင့် တဆတ်ဆတ်တုန်ရီနေလေ၏။

တစ်ခြားသူများက ထိုအဖြစ်အပျက်ကိုမြင်ချိန်တွင် သူတို့က အလွန်အမင်းထိတ်လန့်သွားကြသည်။ သူတို့အထဲမှတစ်ချို့က သတ္တိမွေး၍ လဲကျနေသည့်စားပွဲထိုးကို ဆွဲခေါ်လိုက်ကြသည်။

သို့သော် လုယွီ၏ခန္ဓာကိုယ်မှထုတ်လွှတ်ထားသည့် အရှိန်အဝါသက်သက်ဖြင့်ပင် ထိူသူ၏လက်မောင်းကျိုးကြေသွားပြီ ဖြစ်ပေ၏။

လုယွီက ရုတ်တရက် သူ၏မျက်လုံးများဖွင့်လိုက်ရာတွင် အစွမ်းထက်သည့်အော်ရာတစ်ခုက အခန်းတစ်ခန်းလုံးပြည့်နှက်သွားခဲ့သည်။

ဘန်း....ဘန်း...ဘန်း...

လုယွီ၏အနီးတွင်ရှိနေသော စားပွဲထိုးအနည်းငယ်သည် လွင့်စင်ထွက်သွားပြီး အခန်းအတွင်းရှိစားပွဲနှင့်ကုလားထိုင်များနှင့် တိုက်မိကြသည်။

"ခင်ဗျားတို့က ဘယ်သူတွေလဲ"

လုယွီက လေးနက်သောအသုံဖြင့် မေးမြန်းလိုက်သည်။ ရုတ်တရက် လုယွီ၏မျက်လုံးများ အေးစက်သွားလေ၏။ မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် သူက နျူ နျူ ၏နံဘေးသို့ရောက်ရှိသွားခဲ့သည်။

နျူ နျူ သည် စားပွဲထိုးတစ်ယောက်၏ရိုက်ချက်ကြောင့် မြေပြင်ပေါ်၌ လဲကျနေပြီး သူမ၏ခန္ဓာကိုယ်တစ်ခုလုံး ရွှံများပေကျံနေလေသည်။

လုယွီရောက်ရှိလသည်ကိုမြင်ချိန်တွင် သူမက သူ၏ရင်ခွင်အတွင်းသို့ပစ်ဝင်ပြီး ကျယ်လောင်စွာဖြင့် အော်ဟစ်ငိုယိုလိုက်သည်။

"ဘာတွေ ဖြစ်နေတာလဲ"

လုယွီက နျူ နျူ ၏ပါးပြင်ပေါ်မှလက်ဝါးရာကိုမြင်ချိန်တွင် သူကိုယ်သူမထိန်းချုပ်နိုင်တော့ဘဲ အေးစက်တင်းမာစွာဖြင့်မေးမြန်းလိုက်သည်။

ထိုအချိန်တခဏမှာပင် လေထုအတွင်း သတ်ဖြတ်လိုခြင်းအငွေ့အသက်များပြည့်နှက်လာခဲ့သည်။ လူအများက လုယွီ၏သတ်ဖြတ်လိုသောစိတ်ဆန္ဒကို ခံစားမိချိန်တွင် ကူရာကယ်ရာမဲ့စွာဖြင့် နောက်သို့ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ကြသည်။

"မင်းတို့ကောင်တွေ ဘာလို့ကြောက်နေကြတာလဲ...သူက ခလေးသာသာရှိသေးတာ....မင်းတို့က ဒီလောက်တောင်ကြောက်နေကြတာလား...မင်းတို့အားနည်းချက်က အဲဒါပဲ"

စားပွဲထိုးတစ်ယောက်က အော်ဟစ်လိုက်လေ၏။

ထိုစားပွဲထိုးက ယုတ်မာကောက်ကျစ်ပုံဖြင့် ရယ်မောရင်း လုယွီအားကြည့်ရှုလိုက်သည်။

"မင်းရဲ့ညီမက ငါတို့ဆိုင်က ပစ္စည်းကိုပျက်စီးစေခဲ့တယ်...ဒါပြင် ငါရဲ့အကို ကိုလဲဒဏ်ရာရစေတယ်...မင်း ငါတို့ကို လျော်ကြေးပေးသင့်တယ်မထင်ဘူးလား...မင်းမှာရှိတဲ့ တန်ဖိုးရှိတဲ့ပစ္စည်းအကုန်လုံးကို မြန်မြန်ထုတ်ပေးစမ်း...ဒီလိုမှမဟုတ်ရင် မင်းအဖေ ငါကို ရိုင်းပျတယ်ဆိုပြီး အပြစ်မတင်နဲ့"

လုယွီက ထိုသူကို ခက်ထန်တင်းမာစွာဖြင့် ကြည့်ရှုပြီး မေးမြန်းလိုက်သည်။

"သူကိုရိုက်တာ မင်းလား"

စားပွဲထိုးသည် လုယွီ၏အကြည့်မှခြိမ်းခြောက်မှုကို ခံစားလိုက်ရသော်လည်း သူကအားတင်းပြီးပြောလိုက်လေ၏။ သူက လုယွီအား လှောင်ပြောင်သလိုပင် ဖြေကြားလိုက်သည်။

"ဒါက ငါလုပ်တာပဲ...မင်း ဘာလုပ်ချင်လဲ....ဒီကောင်မလေးကို မင်းအဖေငါက ရိုက်လိုက်တာ...မင်းက ငါကိုပြန်ရိုက်......"

သို့သော် လုယွီက သူ၏စကားပြီးဆုံးအောင်အထိပင် မစောင့်ဆိုင်းတော့ဘဲ သူ၏လက်များဖြင့် နျူ နျူ ၏မျက်လုံးကို ဖုံးအုပ်လိုက်သည်။

ဝွစ္...

လုယွီ၏ခေါင်းဖြတ်ဓားက အစွမ်းထက်သောအင်အားနှင့်အတူ စားပွဲထိုးထံသို့ခုတ်ပိုင်းလိုက်လေ၏။

ဖြန်း....

သွေးစိမ်းရှင်ရှင်များက ပြန့်ကျဲပြီး နံရံများပေါ်တွင်ပင် စွန်းထင်းသွားခဲ့သည်။ ထို့နောက် လုယွီက သူ၏ခေါင်းဖြတ်ဓားကိုထိန်းချုပ်ပြီး သူ၏နံဘေးရှိလူတိုင်းကို ခုတ်ပိုင်းလိုက်သည်။

ခြပ္...

ဦးခေါင်းတစ်လုံး မြေပြင်ပေါ်သို့ကျလာခဲ့၏။

မူလက မြေပြင်ပေါ်၌မတ်တတ်ရပ်နေကြသည့်လူများ၏ဦးခေါင်းများသည် တစ်လုံးပြီးတစ်လုံး ပြုတ်ကျလာလေသည်။ ကြွင်းကျန်နေသော ခေါင်းမရှိတော့သည့်ခန္ဓာကိုယ်ကြီးများသည် ခေတ္တယိမ်းယိုင်နေပြီးမှ မြေပြင်ပေါ်သို့ ပြိုလဲကျသွားကြသည်။

Chapter 167

အခန်းတစ်ခန်းလုံး သွေးနံများဖြင့် ပြည့်နှက်သွားခဲ့သည်။ လုယွီက နျူ နျူ ကို ချီမပြီးခြေတစ်လှမ်းဖြင့်ပင် စားသောက်ဆိုင်၏ပထမထပ်၌ ထွက်ပေါ်လာခဲ့သည်။

ဆိုင်ပိုင်ရှင်သည် တုန့်ပြန်နိုင်မှုကင်းမဲ့နေဆဲဖြစ်လေ၏။ သူက အပေါ်ထပ်မှအခြေအနေကိုနားထောင်နေသော်လည်း မည်သည့်အသံမျှ ကြားရခြင်းမရှိခဲ့ချေ။

ထိုအချိန်တွင် သူ၏ရှေ့၌အရိပ်တစ်ရိပ်ဖြတ်ခနဲဖြစ်သွားခြင်းကို ရုတ်တရက်ခံစားမိပြီးနောက် အမှန်တစ်ကယ်ကိုပင် လုယွီက သူ၏ရှေ့၌ရောက်ရှိနေခဲ့သည်။

ဘယ္လို...

"မင်း.....မင်း ဘယ်လိုလုပ်ပြီး ဒီနေရာကိုရောက်လာတာလဲ"

ဆိုင်ပိုင်ရှင်သည် ထိတ်လန့်ကြောက်ရွံနေပြီး သူ၏ဆံပင်များပင် ထောင်ထနေလေ၏။

ဆိုင်ပိုင်ရှင်သည် ယခင်ကဖြစ်ပျက်ခဲ့သည်များကို မမြင်တွေ့လိုက်ရသူဖြစ်သည်။ လုယွီက သူ၏ရှေ့တွင်ရုတ်တရက်ထွက်ပေါ်လာသည်ကိုမြင်ချိန်တွင် သာမာန်လူသားတစ်ယောက်ပြုလုပ်ရန်မဖြစ်နိုင်သည့်အရာမျိုးဟု ဆိုင်ပိုင်ရှင်ကတွေးတောမိသည်။

လုယွီက တင်းမာခက်ထန်စွာဖြင့်မေးမြန်းလိုက်လေ၏။

"ဟိုလူတွေကို လွှက်လိုက်တာ ခင်ဗျားလား"

ဆိုင်ပိုင်ရှင်သည် ကြောက်လန့်နေသဖြင့် အလျှင်စလိုဖြင့် လုယွီအားရှင်းပြရန် ကြိုးစားလိုက်သော်လည်း လုယွီက သူအားဆွဲမြှောက်ထားပြီးဖြစ်သည်။

ဆိုင်ပိုင်ရှင်က သူ၏ဝဖိုင့်နေသောခန္ဓာကိုယ်ကြီးအား အဆတ်မပြတ်ရုန်းကန်နေဆဲဖြစ်သော်လည်း လုယွီ၏လက်သည် သန်မာသောညှပ်ကြီးတစ်ခုကဲ့သို့ ခိုင်မြဲနေသည်။ သူမည်မျှပင်ရုန်းကန်သည်ဖြစ်စေ လုယွီ၏ဆုပ်ကိုင်ထားမှုမှ မလွတ်မြောက်နိုင်ပေ။

"အားရို....ငါကို လွှက်ပေးပါ"

ဆိုင်ပိုင်ရှင်က လုယွီအား တောင်းပန်နေလေ၏။

လုယွီက ငြိမ်သက်နေရင်းမှ သူ၏လက်ချောင်းဖြင့် ဆိုင်ပိုင်ရှင်၏နဖူးကို ညွှန်ပြလိုက်သည်။ အနက်ရောင်ကျန်းချီများကယိုစိမ့်ထွက်လာပြီး ဆိုင်ပိုင်ရှင်၏နဖူးအားထိုးဖောက်ဝင်ရောက်သွားခဲ့သည်။

"နောက်ဘဝမှာ...မဟုတ်သေးဘူး.....ခင်ဗျား နောင်ဘဝတောင်မရှိစေရဘူး"

လုယွီက တီးတိုးရေရွတ်လိုက်သည်။

လုယွီက ဆိုင်ပိုင်ရှင်ကို သတ်ဖြတ်ပစ်ရုံသာမက ထိုသူ၏စိတ်ဝိညာဉ်ကိုပင် ဖျက်ဆီးပစ်လိုက်ခြင်းဖြစ်သည်။

ဆိုင်ပိုင်ရှင်သည် ဤကမ္ဘာလောကအတွင်းမှ အပြည့်အဝပျောက်ကွယ်သွားမည်ဖြစ်ပေသည်။ သူက ပြန်လည်မွေးဖွားခြင်းစက်ဝန်းအတွင်းသို့ပင် ဝင်ရောက်နိုင်စွမ်းရှိတော့မည်မဟုတ်ချေ။

နံဘေးနားမှ ရပ်ကြည့်နေကြသောလူများသည် လုယွီထွက်ခွာနိုင်ရန် လမ်းဖွင့်ပေးလိုက်ကြသည်။ ထိုသူများသည် လုယွီက ကျွမ်းကျင်သူတစ်ယောက်ဖြစ်သည်ကို ရှင်းရှင်းလင်းလင်းတွေ့မြင်ပြီးဖြစ်သည်။ ထိုအချိန်တခဏမှစ၍ လုယွီအား မည်သူကမျှရန်စဝံ့ခြင်း မရှိတော့ချေ။

"ဘယ်ကောင်က မြို့အတွင်းမှာလာပြီး ပြဿ နာရှာဝံ့လဲ"

ထိုအချိန်မှာပင် စစ်သားတစ်စုခြံရံပြီး စစ်ဗိုလ်ချုပ်တစ်ယောက်က မြင်းစီးလာပြီး တရကြမ်းတိုးဝင်လာခဲ့သည်။

စစ်သားများအားလုံးသည် တာလျန့်နိုင်ငံတော်၏သံချပ်ကာဝတ်စုံကိုဝတ်ဆင်ထားပြီး သူတို့၏လက်များအတွင်းရှိ အလံများပေါ်တွင်လည်း တာလျန့်နိုင်ငံတော်၏အမှတ်အသားရေးထိုးထားသည်။

လုယွီက နျူ နျူ ကိုဆိုင်ပြင်သို့ ခေါ်ထုတ်လာချိန်၌ သူ၏ခန္ဓာကိုယ်ပေါ်တွင် သွေးများစွန်းထင်းနေဆဲဖြစ်သည်။ လုယွီအား ချက်ချင်းပင် စစ်သားများက ဝိုင်းလိုက်ကြ၏။

"ဒါက လူငယ်တစ်ယောက်ပါလား"

စစ်ဗိုလ်ချုပ်က မျက်မှောင်ကြုပ်လိုက်မိသော်လည်း သူ၏စစ်သားများအား စိတ်ချလက်ချနေခွင့်မပြုချေ။

စစ်သားအများစုသည်လည်း အသက်ငယ်ရွယ်စဉ်ကပင် သတ်ဖြတ်ရန်လေ့ကျင့်ခဲ့ရသည်။ သူ၏ရှေ့မှကောင်လေးသည် ငယ်ရွယ်သော်လည်း စစ်ဗိုလ်ချုပ်က လျော့တွက်ထားခြင်းမရှိပေ။

"မောက်မာတဲ့ခွေးမသား...မြန်မြန်ဒူးထောက်စမ်း"

စစ်ဗိုလ်ချုပ်က အော်ငေါက်လိုက်စဉ်တွင် စစ်သားများအားလုံး သူတို့၏လှံများကိုချက်ချင်းမြှောက်၍ လုယွီအားချိန်ရွယ်လိုက်ကြသည်။

လုယွီက သူတို့အားကြည့်ပြီးနောက် သူ၏သိုလှောင်အိတ်အတွင်းမှ တံဆိပ်ပြားတစ်ခုကိုထုတ်ယူ၍ စစ်ဗိုလ်ချုပ်အားပစ်ပေးလိုက်သည်။

စစ်ဗိုလ်ချုပ်က တံဆိပ်ပြားကိုယူ၍ သေချာစစ်ဆေးလိုက်သည်။ သူက မထိန်းချုပ်နိုင်တော့ဘဲ တအံတသြရေရွတ်လိုက်သည်။

"အမတ်ကြီးယုံဖျင်ရဲ့အိမ်တော်ကလား"

"ခင်ဗျားက ဘယ်သူရဲ့လက်အောက်ကလဲ"

လုယွီက လေးနက်သောအသံဖြင့် မေးမြန်းလိုက်သည်။

စစ်ဗိုလ်ချုပ်က ချက်ချင်းပင် သူ၏မြင်းပေါ်မှဆင်း၍ တံဆိပ်ပြားကို လုယွီထံသို့တရိုတသေပြန်ပေးလိုက်သည်။

"ကျွန်တော်က အမတ်ကြီးဝမ်လော့ဟိုအမိန့်တော်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့စစ်ဗိုလ်ချုပ်တစ်ယောက်ပါ...မင်းက ဘယ်သူလဲဆိုတာ ငါ သိခွင့်ရှိမလား"

"ငါက လုယွီ..ငါအဖေ ဘယ်လိုနေလဲ"

လုယွီက တည်ငြိမ်အေးဆေးစွာဖြင့် မေးမြန်းလိုက်သည်။

အမတ်ကြီးဝမ်လော့ဟိုနှင့်လုယွီ၏ဖခင်ဖြစ်သူ အမတ်ကြီးယုံဖျင်တို့သည် စစ်တပ်အတွင်းမှမိတ်ကောင်းဆွေကောင်းများဖြစ်ကြသည်။ လုယွီက တံဆိပ်ပြားကိုပြသနေစဉ်တွင် စစ်သားများ၏အလံများကိုမြင်မိသည့်အတွက် သူ၏ဖခင်အကြောင်းကို မေးမြန်းလိုက်ခြင်းဖြစ်သည်။

စစ်ဗိုလ်ချုပ်သည် လုယွီ၏အဆင့်အတန်းကိုသိရှိသွားပြီဖြစ်၍ လေးစားသည့်ပုံဖြင့် အရိုအသေပြုလိုက်သည်။

"ဒါဆို အမတ်ငယ်လေးပေါ့....အင်္သချေသားရဲဂိုဏ်းရဲ့အကြီးအကဲတစ်ယောက်ပျောက်နေတာကို အမတ်ငယ်လေးသိလား....အခု အဲ့ဂိုဏ်းရဲ့အင်မော်တယ်က စစ်နတ်ဘုရားဂိုဏ်းကို အကြောင်းပြချက်တောင်းနေတယ်....အင်္သချေသားရဲဂိုဏ်းရဲ့အင်မော်တယ်က အမတ်ကြီးယုံဖျင်နေတဲ့ အထီးကျန်မြို့တော်မှာ ပျောက်ဆုံးသွားတာလို့ ကျွန်တော် ကြားထားတာပဲ"

ထိုစစ်ဗိုလ်ချုပ်က စကားပြောပြီးချိန်တွင် သက်ပြင်းတစ်ချက်ချ၍ ထပ်မံပြောဆိုလိုက်သည်။

"အမတ်ကြီးယုံဖျင်နဲ့ကျွန်တော်ရဲ့ အရှင်တို့က မိတ်ဆွေဟောင်းကြီးတွေပါ....အင်ပါယာမင်းက အမတ်ကြီးယုံဖျင်ကို အပြစ်ရှာချင်နေတယ်...ကျွန်တော်ရဲ့အရှင်အမတ်ကြီးက အင်ပါယာမင်းပြောတာကို ကန့်ကွက်ခဲ့တဲ့အတွက် မြို့တော်ကနေနှင်ထုတ်ပြီး ဒီနယ်စပ်မြို့ကိုစောင့်ကြပ်စေခဲ့တာ...ဟင်း....."

Chapter 168

"ဘာ..."

လုယွီ၏အကြည့်သည် အေးစက်တင်းမာသွားလေ၏။ ရက်အနည်းငယ်အတောအတွင်းမှာပင် အင်္သချေသားရဲဂိုဏ်းက စစ်နတ်ဘုရားဂိုဏ်းကို အမှန်တစ်ကယ်တိုက်ခိုက်လိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ချေ။

တာလျန်နိုင်ငံတော်သည် သူ၏ဖခင်ဖြစ်သူအား အပြစ်ရှာရန် အမှန်တစ်ကယ်ပင်စီစဉ်နေခဲ့သည်။

လုယွီ၏ဖခင်ဖြစ်သူသည် ရှီထျန်းနယ်ပယ်ကျင့်ကြံသူတစ်ယောက်သာဖြစ်သော်လည်း တာ့လျန်နိုင်ငံတော်အတွင်းတွင် အလွန်အစွမ်းထက်သူဖြစ်သဖြင့် အင်ပါယာနန်းတော်မှလူများက စိုးရိမ်ကြောင့်ကြနေကြခြင်းဖြစာသည်။

အမှန်အားဖြင့် သူ့ဖခင်၏ရှီထျန်းနယ်ပယ်ကျင့်ကြံမှုအဆင့်ဖြင့် အင်မော်တယ်ဂိတ်တံခါးမှအကြီးအကဲမဆိုထားနှင့် သာမာန်ကျင့်ကြံသူဂိုဏ်းသားတစ်ယောက်ကိုပင် သတ်ဖြတ်နိုင်ရန် အလွန်ခက်ခဲပေလိမ့်မည်။

လုယွီ၏မျက်နှာသည် ချက်ချင်းပင်မှုန်မှိုင်းလာပြီး သူက အေးစက်စက်လေသံဖြင့် မေးမြန်းလိုက်သည်။

"ငါရဲ႕အေဖက အခုဘယ္မွာလဲ"

ထိုအချိန်တွင် လုယွီ၏ခန္ဓာကိုယ်တစ်ခုလုံးမှ ထိတ်လန့်တုန်လှုပ်ဖွယ်သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများကို ထုတ်လွှတ်ထားရာ အနီးအနားရှိလူများ တုန်ရီသွားကြသည်။

စစ်ဗိုလ်ချုပ်သည် လုယွီ၏အစွမ်းထက်သောအော်ရာကို အာရုံခံမိချိန်တွင် ကူရာကယ်ရာမဲ့စွာဖြင့် သူ၏တစ်ကိုယ်လုံးဖြူ ရော်သွားခဲ့သည်။ သူက တုန်ခါနေသောအသံဖြင့် လုယွီအားပြောဆိုလိုက်လေ၏။

"ပြောနေကြတာတော့ အင်ပါယာမင်းက အမတ်ကြီးယုံဖျင်ကိုလူလွှက်ဖမ်းဆီးပြီး အင်မော်တယ်ဂိတ်တံခါးမှာရုံးတင်စစ်ဆေးမယ်လို့ ကြားထားတယ်...ပြီးတာနဲ့ အမတ်ကြီးကို အင်္သချေသားရဲဂိုဏ်းကအင်မော်တယ်တွေစီကို လွှဲပြောင်းအပ်နှံမယ်တဲ့....ဒါက ဒီနေ့ပဲ အမတ်ငယ်လေး"

တခဏအကြာမှာပင် စစ်ဗိုလ်ချုပ်က လုယွီ၏မျက်နှာအမူအယာပျက်ယွင်းနေသည်ကိုကြည့်၍ တီးတိုးပြောဆိုလိုက်သည်။

"အမတ်ငယ်လေး...ကျွန်တော်မှာ လျှင်လျှင်မြန်မြန်သွားနိုင်တဲ့မြင်းတွေရှိတယ်...တစ်ကယ်လို့ ခုထွက်ခွာမယ်ဆိုရင် အင်မော်တယ်ဂိတ်တံခါးကို နေ့ဝက်နဲ့ရောက်ရှိနိုင်တယ်"

လုယွီ၏စိတ်နှလုံးသားအတွင်းတွင် မီးဟုန်းဟုန်းတောက်နေသကဲ့သို့ ပူပြင်းလောင်ကျွမ်းနေလေ၏။

သူက အနက်ရောင်အသူရာခန်းမတွင်အချိန်အကြာကြီး ဖြုန်းတီးမိခဲ့သဖြင့် သူ၏မိသားစုထိခိုက်နစ်နာနေစဉ်တွင် သူရှိမနေနိုင်ခဲ့ချေ။

ဝွစ္...

လုယွီ၏နောက်ကျောမှ ပြင်းထန်သောသွေးရနံများဖုံးလွှမ်းနေသည့် ခေါင်းဖြတ်ဓားက ပျံဝဲထွက်လာခဲ့သည်။

ဆေဘာဓား၏ကိုယ်ထည်တစ်ခုလုံး တုန်ခါနေပြီး အော်မြည်သံမျာပင်ထွက်ခွာနေသည်။ ထိုအခြင်းအရာသည် အချိန်အတော်ကြာ ရေငတ်နေသူတစ်ယောက်သည် နောက်ဆုံး၌ သူတို့၏စိတ်အတွင်းမှမျှော်လင့်တောင့်တနေသည့် ကြည်လင်သန့်ရှင်းသည့်ရေကို သောက်သုံးရသည်နှင့်တူညီနေသည်။

လုယွီက ဆေဘာဓားပေါ်သို့တက်ပြီး ကောင်းကင်ယံသို့ ပျံဝဲသွားလေသည်။

"ဒါ..ဒါ...ဒါက.....ဒါက အင်မော်တယ်တစ်ယောက်ပဲ"

စစ်ဗိုလ်ချုပ်၏ပါးစပ်အဟောင်းသားဖြစ်နေပြီး သူ့ရှေ့ရှိမြင်ကွင်းကို မယုံကြည်နိုင်မှုများဖြင့်ကြည့်ရှုနေသည်။

တစ်ခြားစစ်သားများကမူ ပို၍ပင်ဆွံအနေကြ၏။ စစ်သားတစ်ချို့ဆိုလျှင် သူတို့၏လက်အတွင်းမှ လက်နက်များပင် ပြုတ်ကျသွားသည်။

"ခုဏက ငါ အင်မော်တယ်တစ်ယောက်ကို လှံနဲ့ချိန်ရွယ်ထားမိတာလား"

စစ်သားတစ်ယောက်က တီးတိုးရေရွတ်လိုက်လေ၏

ပတ်ဝန်းကျင်ရှိသေမျိုးများကမူ စကားသံပင်မထွက်နိုင်တော့ပေ။ သူတို့က နယ်စပ်တွင်နေထိုင်ကြသော်လည်း ဤကဲ့သို့ကျင့်ကြံသူမျိုးကို ယခင်ကမြင်တွေ့ဖူးခြင်းမရှိချေ။ သူတို့က အံ့သြဖွယ်တစ်ခုဖြစ်ပျက်သွားသကဲ့သို့ ကောင်းကင်ယံကိုသာ မကြာခဏအကြည့်ရောက်နေကြသည်။

သူတို့က သက်ရှိလူသားတစ်ယောက် လေထုအတွင်းပျံသွားခြင်းကိုမြင်သည့်အချိန်၌ ချက်ချင်းပင် ဒူးထောက်အရိုအသေပြုနှင့်ပြီးဖြစ်လေ၏။

အချိန်အတော်ကြာမှသာလျှင် စစ်ဗိုလ်ချုပ်က အသိစိတ်ပြန်ဝင်လာခဲ့သည်။ သူက လုယွီထွက်ခွာသွားသည့်ဘက်သို့ ငေးမောကြည့်ရင်း သူ၏ခေါင်းကိုခါယမ်းလိုက်သည်။

"တာလျန့်နိုင်ငံတော်ရဲ့မိုးကောင်းကင်ကြီးက ပြောင်းလဲတော့မှာပဲ"

လုယွီသည် အလွန်အမင်းစိုးရိမ်ပူပန်နေ၏။ သူက ဆေဘာဓားကိုထိန်းချုပ်၍ အင်မော်တယ်ဂိတ်တံခါးသို့ ပျံဝဲသွားနေခဲ့သည်။

"အကိုႀကီး"

နျူ နျူ သည် အနည်းငယ်ကြောက်ရွံနေသဖြင့် လုယွီအား ဆတ်လက်၍တွဲလွဲခိုထားဆဲဖြစ်သည်။

လုယွီက နျူ နျူ ၏ဆံပင်များကို ပွတ်သပ်ပေးရင်းမှ အပြုံးဖြင့်ပြောဆိုလိုက်သည်။

"တော်တဲ့ကောင်မလေး...ဒီနေရာမှာရှိတဲ့ကိစ္စတစ်ချို့ကို ဖြေရှင်းပြီးသွားရင်...ငါ မင်းကို ငြိမ်းချမ်းသာယာတဲ့ဘဝတစ်ခုမှာ ရှင်သန်စေမယ်"

နျူ နျူ သည် ယဲ့ရွှယ်လန် ပြန်လည်ဝင်စားခြင်းဖြစ်သည်ကို သိရှိနေသည့်အတွက် ထင်ရာစိုင်းတတ်သောလုယွီလိုလူမျိုး၏စိတ်အတွင်းတွင် သူမက သူ၏အသက်သွေးကြောပင်ဖြစ်သည်။ သူ၏အတိတ်ဘဝတုန်းက အကြောင်းအရာများကြောင့် ယဲ့ရွှယ်လန်၏သေဆုံးမှုအတွက် သူ တာဝန်ယူရပေမည်။

ဤဘဝတွင်မူ လုယွီက မည်သူ၏သစ္စာဖောက်ခြင်းကိုမျှ ခွင့်ပြုမည်မဟုတ်ချေ။ လုယွီက သူ၏သိုလှောင်အိတ်အတွင်းမှ ဆေးပြားတစ်ပြားကိုထုတ်ယူပြီး ချေမွ၍ နျူ နျူ ၏မျက်နှာကို နူးညံညင်သာစွာပွက်တိုက်ပေးလိုက်သည်။

နျူ နျူ သည် စားသောက်ဆိုင်အတွင်းတွင် စားပွဲထိုး၏ရိုက်နှက်ခြင်းခံခဲ့ရသည်။ သူမ၏နူးညံသောမျက်နှာပေါ်တွင် ကြောက်ရွံဖွယ်လက်ဝါးရာကြီးရှိနေခဲ့သည်။ သို့သော် လုယွီ၏လက်ဝါးပြင်ရှိ ဆေး၏အကျိုးသက်ရောက်မှုကြောင့် နျူ နျူ ၏မျက်နှာပေါ်ရှိလက်ဝါးရာသည် တဖြည်းဖြည်းမှေးမှိန်ပျောက်ကွယ်သွားတော့သည်။

နျူ နျူ သည် သူမ၏မျက်နှာမှနွေးထွေးမှုကိုခံစားရပြီး အိပ်မောကျသွားလေ၏။ လုယွီက နျူ နျူ ကို သူ၏ပခုံးပေါ်တင်ထားပြီး သူ၏ခေါင်းဖြတ်ဆေဘာဓားကိုထိန်းချုပ်၍ အင်မော်တယ်ဂိတ်တံခါးသို့ အလျှင်အမြန်ဦးတည်သွားလိုက်သည်။

အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းစာခန့်အချိန်တွင် လုယွီက မလှမ်းမကမ်းရှိ မြို့နယ်နမိတ်ကို မြင်တွေ့ရသည်။ မြို့ရိုးပေါ်တွင် တာလျန့်နိုင်ငံတော်၏အလံများက လေထုအတွင်း တဖျပ်ဖျပ်ခတ်နေပြီး ရက်စက်ကြမ်းကြုတ်သည့်အရှိန်အဝါမျိုးထွက်ပေါ်နေသည်။ သံချပ်ကာဝတ်စုံဖြင့်စစ်သားများက မြို့ရိုးထိပ်တွင်မတ်တတ်ရပ်နေကြပြီး လေထုအတွင်း သတ်ဖြတ်ချင်သည့်အော်ရာများပြည့်နှက်နေလေ၏။

"အင်ပါယာ တာကျွမ်း....ခင်ဗျား တန်ကြေးပြန်ပေးဆပ်ရလိမ့်မယ်"

လုယွီ၏မျက်လုံးအတွင်းတွင် အေးတိအေးစက်အလင်းရောင် ဖြတ်သန်းသွားလေသည်။

Chapter 169

အင်မော်တယ်ဂိတ်တံခါး၏ပြင်ပတွင် စစ်သားများက လေးနက်တည်ကြည်သောအမူအယာများဖြင့် နေရာယူထားကြသည်။ သူတို့၏မျက်နှာများတွင် သတ်ဖြတ်ချင်သောစိတ်ဆန္ဒများပေါ်လွင်နေပြီ တိုက်ပွဲဝင်ဝင်္ကပါကိုခင်းကျင်းထားလေ၏။

စစ်သားများ၏သံချပ်ကာဝတ်စုံများသည် အလွန်တောက်ပပြီး ထူထပ်သောသံချပ်များဖြင့် သူတို့၏မျက်နှာများကိုဖုံးအုပ်ထားသည်။ သူတို့သည် တာလျန့်နိုင်ငံတော်၏ လက်ရွေးစင်စစ်သားများဖြစ်လေ၏။ သေမျိုးနိုင်ငံတော်များအကြားရှိ စစ်ပွဲများတွင် သူတို့မတိုက်ခိုက်ရဲသည့်ပွဲဟူ၍မရှိချေ။

ထိုအချိန်တခဏတွင် မြို့တံခါးရှေ့၌ လူအုပ်စုတစ်စုကို စစ်သားမြောက်များစွာက ဝန်းရံထားခဲ့သည်။ တာလျန့်နိုင်ငံတော်၏အင်ပါယာမင်း ယွမ်ယင် သည်တိုက်ပွဲဝင်ဝင်္ကပါ၏အရှေ့၌ နဂါးဝတ်ရုံကိုဝတ်ဆင်၍ မတ်တတ်ရပ်နေခဲ့သည်။

"အရှင်မင်းကြီး....စစ်နတ်ဘုရားဂိုဏ်းက အင်မော်တယ်က ရောက်ရှိလာပါပြီ"

ဝန်ကြီးတစ်ယောက်က အလောသုံးဆယ်ဖြင့် လျှောက်တင်လိုက်လေ၏။

ယွမ်ယင်မင်းကြီးက သူ၏ဝတ်ရုံကိုသပ်ရပ်အောင်ပြုပြင်ပြီး သူ၏မျက်နှာအမူအယာသည်လည်း တည်ငြိမ်နေခဲ့သည်။

ယွမ်ယင်၏အနောက်တွင် တာလျန့်နိုင်ငံတော်၏ဝန်ကြီးတစ်စုရှိနေ၏။ သူတို့အားလုံးသည်လည်း ရာထူးအဆင့်အလိုက် သက်ဆိုင်ရာဝတ်ရုံများဝတ်ဆင်ထားကာ သူတို့၏မျက်နှာများတွင်လည်း လေးနက်သောအမူအယာများရှိနေသည်။

အချိန်တခဏအကြာမှာပင် ကောင်းကင်ယံအတွင်း၌ အနက်ရောင်အစက်အပျောက်တစ်ချို့ ထွက်ပေါ်လာခဲ့သည်။ ထိုအနက်ရောင်အစက်အပျောက်များသည် တဖြည်းဖြည်းကျယ်ပြန့်လာလေ၏။ ထိုအရာများက ဓားပျံများစီးနင်းပြီး ကောင်းကင်ပေါ်ကဆင်းသက်လာသည့် လူတစ်စုပင်ဖြစ်ပေသည်။

"နှုတ်ခွန်းဆက်သပါတယ်....ဂုဏ်သိက္ခာရှိတဲ့ အင်မော်တယ်"

မည်သည့်တုန့်ဆိုင်းခြင်းမျိုးမျှမရှိဘဲ ယွမ်ယင်က မြေပြင်ပေါ်တွင်ဒူးထောက်၍ ထိုလူများကို အရိုအသေပြုလိုက်သည်။ သူသည် တာလျန့်နိုင်ငံတော်၏အင်ပါယာမင်းဖြစ်သော်လည်း ဤကဲ့သို့ တစ်ခြားသူများအား ဒူးထောက်အရိုအသေပေးခြင်းအပေါ် မည်သူကမျှထူးဆန်းသည် ုမထင်ချေ။

ခြပ္...

ရုတ်ချည်းဆိုသလိုပင် ပတ်ဝန်းကျင်ရှိစစ်သားများအားလုံးကလည်း ဒူးထောက်၍အရိုအသေပြုလိုက်ကြသည်။

ကောင်းကင်ယံမှဆင်းသက်လာသောလူဦးရေမှာ ဆယ်ယောက်ဖြစ်ပေ၏။ သူတို့က အသက်ကြီးသူရော ငယ်သူရောပါဝင်နေသော်လည်း သူတို့အားလုံး၏မျက်နှာများပေါ်တွင် မောက်မာ၍စိတ်ကြီးဝင်သောအမူအယာများရှိနေသည်။

"ဂိုဏ်းခေါင်းဆောင်...သူတို့တွေက သေမျိုးတစ်စုလေ...ဘယ်လိုလုပ်ပြီး အင်္သချေသားရဲဂိုဏ်းက အကြီးအကဲကိုသတ်နိုင်ရတာလဲ"

လူငယ်ကျင့်ကြံသူတစ်ယောက်က မျက်မှောင်ကြုပ်၍ မေးမြန်းလိုက်သည်။

လူစုအားဦးဆောင်လာသော မုတ်ဆိတ်ရှည်ကြီးနှင်ာသက်လတ်ပိုင်းအရွယ်လူကြီးသည် စွမ်းအင်ပြည့်ဝပြီးတက်ကြွမှုများပြည့်နှက်နေပုံ မြင်နေရသည်။ သူသည် စစ်နတ်ဘုရားဂိုဏ်း၏ခေါင်းဆောင် ရှကူး ဖြစ်ပေ၏။

ရှကူးက သူ၏မုတ်ဆိတ်ရှည်ကြီးကို ပွတ်သပ်နေရင်းမှ အေးစက်စက်ရယ်မောလိုက်သည်။

"မင်း သိတဲ့အတိုင်းပဲ...အင်္သချေသားရဲဂိုဏ်းနဲ့တိုက်ပွဲဆင်နွှဲရတာ ငါတို့ဂိုဏ်းကိုအရမ်းပင်ပန်းစေတယ်...သူတို့မှာဘာအစီအစဉ်ပဲရှိနေပါစေ...ဒီတစ်ကြိမ်တော့ ငါတို့က အင်္သချေသားရဲဂိုဏ်းနဲ့ ငြိမ်းချမ်းရေးယူရလိမ့်မယ်...သေမျိုးလူတွေ.....အင်္သချေသားရဲဂိုဏ်းကလူတွေက သူတို့ဂိုဏ်းက အကြီးအကဲတစ်ယောက်ကို သေမျိုးတွေကသတ်ပစ်တယ်ဆိုတာယုံမယ်လို့ မင်းထင်လား"

လူငယ်ကျင့်ကြံသူက တခဏမျှစဉ်းစားပြီးနောက် ချက်ချင်းပင် သူ၏ဦးခေါင်းကို ခါယမ်းလိုက်သည်။

ရှကူးသည် မကျေမချမ်းပုံဖြင့် နှာမှုတ်လိုက်လေ၏။

"အဲဒီအကြောင်းကို မင်းတို့ကောင်တွေကို ငါ ပြောပြမယ်...အင်္သချေသားရဲဂိုဏ်းကလည်း ငါတို့စစ်နတ်ဘုရားဂိုဏ်းနဲ့တိုက်ခိုက်ဖို့ ထောက်ပံငွေမကျန်ရှိတော့ဘူး...ပြောကြတာတော့ အင်္သချေသားရဲဂိုဏ်းရဲ့ဘိုးဘေးက အဆင့်တတ်ဖို့ကျင့်ကြံနေပြီး ဘယ်သူမှ သူကို မမြင်မတွေ့တာ ရက်ပေါင်းကြာနေပြီတဲ့...သူက အဆင့်တတ်တာကျရှုံးပြီး တံခါးပိတ်ကျင့်ကြံနေတယ်လို့ ပြောနေကြတယ်..ဒါကြောင့် သူတို့က အရှုပ်အထွေးအရမ်းမဖြစ်ချင်ဘူး...သူတို့အကြီးအကဲကိုသတ်တဲ့သူကို ခေါ်ဆောင်သွားချင်တယ်ဆိုရင် ငါတို့က သေမျိုးတွေကို အသုံးချပြီး သေခိုင်းလို့မရပေဘူးလား"

လူငယ်ကျင့်ကြံသူ၏မျက်လုံးများ တောက်ပသွားပေ၏။

"ဂိုဏ်းခေါင်းဆောင်....တစ်ကယ်လို့ အင်္သချေသားရဲဂိုဏ်းရဲ့ ဘိုးဘေး ဝမ်ရှို့ သေသွားမယ်ဆိုရင်....သူရဲ့ဂိုဏ်းကပိုင်ဆိုင်မှုတွေကို ကျွန်တော်တို့စစ်နတ်ဘုရားဂိုဏ်းက ပိုင်ဆိုင်နိုင်လိမ့်မလား"

ရှကူးသည် သူ၏ခေါင်းကိုခါယမ်းလိုက်၏။

"ငါတို့လှုပ်ရှားဖို့ တိကျသေချာတဲ့ သတင်းကိုအတည်ပြုနိုင်တဲ့အထိစောင့်ရမယ်....အင်္သချေသားရဲဂိုဏ်းရဲ့ဘိုးဘေးက အရမ်းကိုလိမ္မာပါးနပ်တယ်....တစ်ကယ်လို့ ငါတို့ တစ်ကွက်မှားတာနဲ့ သူရဲ့လှည့်ကွက်ထဲဝင်သွားနိုင်တယ်...အခြေအနေကို အရင်ဆုံးစောင့်ကြည့်ရအောင်"

ကျင့်ကြံသူများက သူတို့အချင်းချင်းသာ တိုင်ပင်ဆွေးနွေးနေကြပြီး တာလျန့်နိုင်ငံတော်၏အင်ပါယာမင်းကိုမူ သူတို့၏မျက်လုံးထဲပင်ထည့်မထားချေ။

ယွမ်ယင်၏နဖူးပေါ်တွင် ချွေးသီးချွေးပေါက်များ ထွက်ပေါ်နေသော်လည်း သူ၏ဦးခေါင်းကို မမော့ရဲပေ။ ကျင့်ကြံသူများအတွက်မူ သူတို့အားလုံးသည်သေမျိုးများသာဖြစ်ပါစေ။ ယွမ်ယင်သည် သေမျိုးနိုင်ငံတော်အတွင်းတွင် မည်မျှပင် အာဏာရှိနေပါစေ ကျင့်ကြံသူများ၏အမြင်တွင်မူ သူက ပုရွတ်ဆိတ်တစ်ကောင်ထက် မပိုချေ။

ထိုအချိန်မှာပင် ရှကူးက ယွမ်ယင်ကို ကြည့်ပြီး မေးမြန်းလိုက်သည်။

"မင်း ပြင်ဆင်ထားတယ်ဆိုတဲ့လူက ဘယ်မှာလဲ"

ယွမ်ယင်က တလေးတစားဖြင့် ပြန်လည်ဖြေကြားလိုက်လေ၏။

"အဆင်သင့်ပါပဲ...ကျွန်တော်က မြင့်မြတ်တဲ့အင်မော်တယ်က ဖြေရှင်းပေးမှာကို စောင့်နေတာပါ"

ရုတ်ချည်းဆိုသလိုပင် စစ်သားတစ်ယောက်က လူအုပ်အကြားမှလူတစ်ယောက်ကို ဆွဲထုတ်လာခဲ့သည်။ ထိုလူသည် ထောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး သူ၏ခန္ဓာကိုယ်တွင် သွေးများစွန်းထင်းနေလေသည်။ သူ၏ဆံပင်များသည် ဖရိုဖရဲဖြစ်နေပြီး သူ၏မျက်နှာတစ်ခုလုံးမှာလည်း ဖုန်နှင့်သွေးများရောစပ်၍ ပြည့်နှက်နေသည်။

ထိုသူသည် လုယွီ၏ဖခင် လုခိုင်ရှမ်ဖြစ်လေသည်။ တစ်ချို့ဝန်ကြီးများက လုခိုင်ရှမ်ကိုမကြည့်ရက်သည့်အတွက် အဝေးတစ်နေရာစီသို့ မျက်နှာများလွှဲလိုက်ကြသည်။

တစ်ချို့ဝန်ကြီးများက လုခိုင်ရှမ်ကိုကြည့်ပြီး တီးတိုးရေရွတ်မိကြသည်။

"ဒီတစ်ကြိမ်တော့ ယုံဖျင်အမတ်ကြီး သေရတော့မယ်ထင်တယ်...သူတို့လုမိသားစုကို ဒီလောက်ထိအစွမ်းထက်အောင် ဘာလို့လုပ်ခဲ့လဲ....အင်ပါယာမင်းက သူကိုအမျက်တော်ရှတာနဲ့ သူရဲ့အသက်ကိုရှင်သန်အောင် ထိန်းသိမ်းနိုင်ဖို့ အရမ်းခက်ခဲနေပြီ"

Chapter 170

"ယွမ်ယင်....ထွီ"

လုခိုင်ရှမ်ကိုကြည့်ရသည်မှာ ဝေဒနာများစွာခံစားရပုံပေါ်နေပြီး သူက ယွမ်ယင်ထံသို့ တံတွေးထွေးလိုက်သည်။

ယွမ်ယင်က ရှောင်တိမ်းပြီးနောက် လုခိုင်ရှမ်အား သရော်ချင်ဟန်ဖြင့်ကြည့်၍ အော်ဟစ်လိုက်လေ၏။

"လုခိုင်ရှမ်....တာလျန့်နိုင်ငံတော်ရဲ့အင်ပါယာမင်းကို မြင့်မြတ်တဲ့အင်မော်တယ်ရဲ့ရှေ့မှာပဲ မင်းက မရိုမသေပြုမူဝံ့တယ်ပေါ့...မင်းရဲ့ပြစ်မှုအတွက် မင်းကအကြိမ်ထောင်သောင်းမက သေသင့်တယ်....မင်း အပြစ်ကိုမင်းသိလား"

"ဟား ဟား ဟား"

လုခိုင်ရှမ်၏လေသံတွင် ကြေကွဲဝမ်းနည်းမှုများ ရောယှက်နေသည်။

"မင်းက ခွေးလောက်တောင်သစ္စာမရှိတဲ့ကောင်ပဲ....ငါ မင်းအတွက် တိုက်ခိုက်ပေးခဲ့တာတွေအတွက် အဆုံးသတ်က ဒါဆိုတာ ဘယ်သူမှတွေးမိမှာမဟုတ်ဘူး....ငါက မင်းကို ညီအကိုကောင်းတစ်ယောက်လို့ ယူဆထားခဲ့တာ"

"ညီအကိုလား....မင်းက ငါရဲ့ညီအကိုဖြစ်နိုင်တယ်လို့ မင်းထင်နေတာလား"

ယွမ်ယင်၏ပါးစပ်ထောင့်တွင် လှောင်ပြောင်သရော်လိုသောအပြုံးပေါ်ထွက်လာပြီးနောက် သူ၏လက်ကိုဝှေ့ယမ်းလိုက်လေ၏။

ရုတ်ချည်းဆိုသလိုပင် စစ်သားတစ်ချို့က သူတို့၏လက်အတွင်းတွင် လေးလံသောလက်ထိပ်များနှင့်ခြေကျဉ်းများသယ်ဆောင်လာပြီး ရောက်ရှိလာကြသည်။ သူတို့က လုခိုင်ရှမ်အား ခြေထိတ်လက်ထိတ်ခတ်ပြီးနောက် အဝတ်စဖြင့်ပင် သူ၏ပါးစပ်ကို ဆို့ထားလိုက်ကြသည်။

လုခိုင်ရှမ်သည် တတ်စွမ်းသမျှရုန်းကန်နေသော်လည်း သူ၏ကျင့်ကြံမှုကို ချိပ်ပိတ်ခံထားရသဖြင့် လှုပ်ရှားခြင်းမပြုနိုင်ချေ။ သူက အရာအားလုံး ဆုံးရှုံးခဲ့ရပေသည်။

ရက်အနည်းငယ်အကြာက အထီးကျန်မြို့တော်ကို စောင့်ကြပ်နေသည့်လုခိုင်ရှမ်သည် အင်ပါယာမင်းယွမ်ယင်၏အမိန့်ဖြင့် အင်မော်တယ်ဂိတ်တံခါးသို့ပြောင်းရွှေ့ခဲ့ရသည်။ လုခိုင်ရှမ်က အင်မော်တယ်ဂိတ်တံခါးသို့အရောက်တွင် ယွမ်ယင်က အင်အားသုံး၍ သူ့အားဖမ်းဆီးမည်ဟု သူ မမျှော်လင့်ခဲ့မိပေ။

လုခိုင်ရှမ်၏ကိုယ်ပိုင်စစ်သားများသည်လည်း ဖမ်းဆီးခြင်းခံလိုက်ရသည်။ ယွမ်ယင်သည် သူ့အပေါ်သစ္စာစောင့်သိသည့်ဝန်ကြီးတစ်ချို့နှင့်ပူးပေါင်း၍ လုခိုင်ရှမ်အား ဖမ်းဆီးနိုင်ရန် လှုပ်ရှားခဲ့ခြင်းဖြစ်ပေ၏။ သူက လုခိုင်ရှမ်အား ဖိနှိပ်နိုင်သည်နှင့် တပြိုင်နက်တည်း လုခိုင်ရှမ်၏ကျင့်ကြံမှုကို ချိပ်ပိတ်ပစ်ခဲ့သည်။

လုခိုင်ရှမ်သည် သေလုမတတ်ညှင်းပန်းနှိပ်စက်ခံရပြီး နောက်ဆုံးမှသာလျှင် မည်သည့်ကိစ္စရပ်များဖြစ်ပျက်နေသည်ကို သိရှိနားလည်ခဲ့ရသည်။ ယွမ်ယင်က သူ့အား ဖမ်းဆီးနိုင်ရန် ပြင်ဆင်ထားခဲ့ခြင်းဖြစ်ပေသည်။

ရှကူးသည် လုခိုင်ရှမ်အားတစ်ချက်ကြည့်လိုက်၏။ သူက သေမျိုးများ၏အသက်ကို လုံးဝဂရုစိုက်ခြင်းမရှိပေ။ အင်္သချေသားရဲဂိုဏ်းအား ရှင်းပြချက်ပေးနိုင်ရန် တစ်စုံတစ်ယောက်ရှိလျှင် လုံလောတ်ပြီသာဖြစ်သည်။

အချိန်တခဏကြာပြီးနောက် အင်မော်တယ်ဂိတ်တံခါး၏ပြင်ပတစ်ဘက်ခြမ်းတွင် သဲမုန်တိုင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

"မြေပြင်က ဘာလို့ဒီလောက်တောင် တုန်ခါနေရတာလဲ"

"မြန်မြန်...ဟိုနေရာကို ကြည့်ကြစမ်း...အဲဒါ နတ်ဆိုးသားရဲတွေမလား"

"ငါတို့ ထွက်ပြေးသင့်လား...ကြည့်ကြစမ်း....အဲဒီနေရာမှာ များပြားလွန်းတဲ့သားရဲဒီရေလှိုင်းကြီးရှိနေတယ်"

"ငါတို့က ဘာလို့ပြေးရမှာလဲ...ဒီနေရာမှာမြင့်မြတ်တဲ့အင်မော်တယ်တွေ ရောက်နေတာ မင်း မမြင်ဘူးလား...စစ်နတ်ဘုရားဂိုဏ်းက အင်မော်တယ်နဲ့ဆိုရင် ငါတို့က ဘာကိုကြောက်နေရမှာလဲ"

စစ်သားများက ယခုအခြေအနေအပေါ် တိုင်ပင်ဆွေးနွေးနေကြ၏။ နှစ်ပေါင်းများစွာကြာသည်အထိ နယ်စပ်ကိုစောင့်ကြပ်ရပြီးနောက် သူတို့အားလုံးသည် နတ်ဆိုးသားရဲများအကြောင်းကို အလွန်အမင်းသိရှိကြပေသည်။

အဝါရောင်သဲမုန်တိုင်းကြီး ဖြတ်သန်းသွားပြီးချိန်တွင် ကြီးမားသည့်ပုံရိပ်ကြီးများက လူတိုင်း၏အမြင်တွင်ထွက်ပေါ်လာခဲ့သည်။

ထိုနေရာတွင် သားရဲဒီရေလှိုင်း၏ရှေ့၌ မတ်တတ်ရပ်နေသော ပေ၅၀မှပေ၆၀အထိမြင့်သည့် ဆင်ကြီးများရှိနေသည်။ သူတို့၏နောက်တွင် ကောင်းကင်နှင့်မြေကြီးပျောက်ကွယ်လုမတတ် နတ်ဆိုးသားရဲပင်လယ်ကြီးရှိနေလေ၏။

စစ်သားများ၏မျက်နှာအမူအယာများ ပျက်ယွင်းသွားကြ၏။ အကယ်၍ စစ်နတ်ဘုရားဂိုဏ်းမှကျင့်ကြံသူများသာ ဤနေရာ၌ရှိမနေလျှင် သူတို့က အလျှင်အမြန်မြို့အတွင်းပြေး၍ ကာကွယ်ခုခံရပေမည်။

ရှကူးသည် ဧရာမဆင်ကြီးများပေါ်၌ထိုင်နေသည့် လူရိပ်ကိုမြင်ချိန်တွင် သူကမျက်မှောင်ကြုပ်လိုက်မိ၏။

"ဟူယန်းချီ...သူကိုယ်တိုင်ရောက်လာတာလား"

"အဲဒီသူက အင်္သချေသားရဲဂိုဏ်းရဲ့အကြီးအကဲ ဟူယန်းချီလား"

စစ်နတ်ဘုရားဂိုဏ်းမှ ကျင့်ကြံသူတစ်ချိ့ကလည်း အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်ကြသည်။

ရှကူးက ဆင်ပေါ်ရှိ မှုန်ဝါးဝါးသာမြင်ရသည့်ပုံရိပ်ကို ငေးစိုက်ကြည့်မိချိန်တွင် သူ၏မျက်လုံးအတွင်း၌ တစ်စုံတစ်ခုကိုသံသယဝင်နေသော အရိပ်အယောင်များ ထင်ဟပ်နေသည်။

"ဟီး ဟီး...ခေါင်းဆောင်ကူး...မင်းကိုယ်တိုင်လာလိမ့်မယ်လို့ ငါမျှော်လင့်မထားမိဘူး"

ဧရာမဆင်ကြီးပေါ်မှလူက မြေပြင်ပေါ်သို့ ခုန်ဆင်းလိုက်လေ၏။

ပေ ၆၀ခန့်အမြင့်မှ ထိုလူက ခုန်ချလိုက်ချိန်တွင် ကျယ်လောင်သည့်အသံနှင့်အတူ မြေပြင်ပေါ်၌ နက်ရှိုင်းသည့်တွင်းကြီးတစ်တွင်းဖြစ်ပေါ်သွားသည်။

ထိုသူသည် ဆံပင်များတခေါင်းလုံးဖြူ ဖွေးနေသည့် အဖိုးအိုတစ်ယောက်ဖြစ်ပေ၏။ သို့သော် သူကိုကြည့်ရသည်မှာ အိုမင်းပုံမပေါ်ပဲ ဖျတ်လက်တတ်ကြွနေသည်။ သူ၏ခန္ဓာကိုယ်မှ တောင့်တင်းသောကြွက်သားများကို လှစ်ဟထားပြီး သူ၏မျက်နှာပေါ်တွင် အမာရွတ်တစ်ခုရှိနေသည်။ သူကိုကြည့်ရသည်မှာ အလွန်ကြောက်ရွံဖွယ် ကောင်းလေ၏။

"ဟူယန်းချီ....မင်းက တစ်ကယ်ကို အလယ်ပိုင်းကုန်းမြေကနေ ပြန်လာခဲ့တာလား"

ရှကူး၏မျက်လုံးများတွင် သတိနိုးကြားမှုများ ထင်ဟပ်နေခဲ့သည်။ သူ၏ရှေ့မှလူသည် အမှန်တစ်ကယ်ကိုပင် အင်္သချေသားရဲဂိုဏ်း၏အကြီးအကဲ ဟူယန်းချီ ဖြစ်ပေ၏။

ထို့ပြင် သူသည် အင်္သချေသားရဲဂိုဏ်းမှ သေဆုံးသွားသည့် ဟူယန်းလီ၏အကိုဖြစ်ပေသည်။

"ငါကိုပြောစမ်း....ငါရဲ့ညီလေးကို ဘယ်ကောင်ကသတ်ရဲတာလဲဆိုတာ...."

ဟူယန်းချီ၏အကြည့်က စစ်နတ်ဘုရားဂိုဏ်းမှကျင့်ကြံသူများပေါ်သို့ ဝေ့ဝိုက်၍ကျရောက်လာသည်။

ဟူယန်းချီ၏အကြည့် ကျရောက်လာသည့်လူတိုင်းက သူတို့ကိုဖြတ်ကျော်သွားချိန်၌ ဓားတစ်ချောင်းဖြင့်ညင်သာစွာ ပွတ်ဆွဲခံရသကဲ့သို့ ကြောက်ရွံတုန်လှုပ်သွားကြသည်။ ကျင့်ကြံသူများအားလုံးထိတ်လန့်တုန်လှုပ်နေသည့်အတွက် သေမျိုးများသည် ဟူယန်းချီ၏မျက်လုံးကို ကြည့်ပင်မကြည့်ဝံ့ကြတော့ချေ။

ရှကူးသည် လုခိုင်ရှမ်ကို ညွှန်ပြပြီး ပြောဆိုလိုက်လေ၏။

"အဲဒါက သူပဲ...မင်း သူကို သတ်ချင်သတ် အပိုင်းပိုင်းအစစဆုတ်ဖြဲဖြဲ....မင်း ကြိုက်သလိုလုပ်နိုင်တယ်"

All Chapters