အခန်း (၁၇၁-၁၇၅)
Vol. 6-10 Ch. 171-175
Chapter 171
ယွမ်ယင်၏မျက်နှာ ရှုံမဲ့သွားလေ၏။ ချက်ချင်းပင် စစ်သားတစ်ယောက်က လုခိုင်ရှမ်ကို မြေကွက်လပ်စီသို့ တရွတ်တိုက်ဆွဲခေါ်လာခဲ့သည်။
ရှကူး၏အမူအယာ တည်ငြိမ်နေဆဲဖြစ်သည်။ သူက မြေကွက်လပ်သို့ဆွဲထုတ်ခြင်းခံလာရသည့် လုခိုင်ရှမ်အားညွှန်ပြပြီး မည်သည့်စကားမျှထပ်မဆိုတော့ချေ။
"ဒီသေမျိုးက ငါရဲ့ညီလေးကိုသတ်တဲ့သူတဲ့လား"
ဟူယန်းချီက သူ၏ပါးစပ်ကိုဟ၍ ရက်စက်ဟန်ပေါက်နေသည့် အပြုံးကိုထုတ်ဖော်လိုက်သည်။
ထိုအချိန်တခဏမှာပင် ယခုနေရာ၌ရှိနေသည့် လူမြောက်များစွာသည် လေအေးတစ်ချက်ရှိုက်သွင်းမိကြ၏။
ဟူယန်းချီ၏ပွင့်ဟနေသောပါးစပ်ကြီးတွင် ချွန်ထက်သည့်သွားအတန်းနှစ်တန်း ပေါ်ထွက်နေခဲ့သည်။ သူက နတ်ဆိုးသားရဲတစ်ကောင်သာဖြစ်ပေသည်။ သူ၏ပါးစပ်နှစ်ခြမ်းလုံးတွင် အလွန်အမင်းထိတ်လန့်ဖွယ်ကောင်းသည့် စူးရှချွန်ထက်သည့်သွားရှည်ကြီးများရှိနေသည်။
ဟူယန်းချီက လုခိုင်ရှမ်ထံသို့ လျှောက်လှမ်းလာလေ၏။ သူ၏ခန္ဓာကိုယ်သည် အလွန်အမင်းကြီးမားသဖြင့် လုခိုင်ရှမ်၏နံဘေး၌ မတ်တတ်ရပ်နေကြသည့် စစ်သားများသည် မသိစိတ်မှနေ၍ နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်မိကြ၏။
"ရှီထျန်းနယ်ပယ်...အဲဒါ သူပေါ့....သူက ငါရဲ့ညီလေးကိုသတ်နိုင်တာလား"
ဟူယန်ချီ၏လုခိုင်ရှမ်ကို ခြေဆုံးခေါင်းဆုံးကြည့်နေသော မျက်လုံးများအတွင်းတွင် အထင်အမြင်သေးမှုများ ပြည့်နှက်နေသည်။
ရှကူးသည် တည်ငြိမ်အေးဆေးစွာဖြင့် ပြောဆိုလိုက်လေ၏။
"မမေ့နဲ့ဦး...ငြိမ်းချမ်းရေးယူဖို့ အရင်စပြောတာ မင်းတို့အင်္သချေသားရဲဂိုဏ်းကဆိုတာကို..."
ဟူယန်းချီ၏ပါးစပ်တွန့်လိမ်သွားပြီးနောက် ချက်ချင်းပင် ရက်စက်ယုတ်မာတော့မည်ာအပြုံးက သူ၏မျက်နှာပေါ်၌ပေါ်ထွက်လာသည်။
"ဘိုးဘေးရဲ့အမိန့်ကြောင့်မဟုတ်ရင်...ငါ မင်းရဲ့ခေါင်းကိုဖြတ်ပစ်တယ်"
ဟူယန်းချီက ဒေါသတကြီး ပြောဆိုလိုက်လေ၏။
ရှကူးက သဘောကျလက်ခံဟန်ရှိမနေချေ။
"မင်းတို့ဘိုးဘေး တံခါးပိတ်ကျင့်ကြံနေတဲ့အချိန်ကျမှ မင်း ငါကိုအဲ့လိုစကားမျိုးပြောတာပိုအဆင်ပြေမယ်....မင်း သိလား...ရှေ့ဆတ်ရမယ့်လမ်းက အရှည်ကြီးရှိသေးတယ်"
ဟူယန်းချီက မကျေမချမ်းဖြင့်နှာမှုတ်လိုက်ပြီး သူ၏ခန္ဓာကိုယ်မှ ပြင်းထန်သည့်ကျန်းချီလှိုင်းများကို ထုတ်လွှတ်လိုက်သည်။ လေပြင်းမုန်တိုင်းတိုက်ခတ်လာသကဲ့သို့ ပတ်ဝန်းကျင်ရှိလူများသည် အားကောင်းသည့်ဖိအားကိုခံစားကြရ၏။ ဟူယန်းချီ၏အရည်ပြားအပေါ်ယံတွင် သားရဲအမှတ်အသားဖြစ်သည့် အနီရောင်အမှတ်အသားက တဖြည်းဖြည်းထွက်ပေါ်လာလေသည်။ ဟူယန်းချီ၏မျက်လုံးများတွင်လည်း သတ်ဖြတ်ချင်နေသောအရိပ်အငွေ့များထင်ဟပ်လာပြီး သူက ရှကူးထံသို့ လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်သည်။
ဝေါင်း...
လေထုအတွင်းတွင် သားရဲတစ်ကောင်၏ဟိန်းဟောကာသံက ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။
ရှကူးသည်လည်း ဟူယန်းချီဤကဲ့သို့လှုပ်ရှားလိမ့်မည်ကို မျှော်လင့်ထားပုံရသည်။ ဟူယန်းချီလှုပ်ရှားသည်နှင်ာတပြိုင်နက်တည်း ရှကူး၏ခန္ဓာကိုယ်မှရွှေရောင်အလင်းတန်းများထွက်ပေါ်လာပြီး သူ့တစ်ကိုယ်လုံးအား လွှမ်းခြုံသွားခဲ့သည်။
အချိန်တစ်ချိန်တည်းမှာပင် ရှကူး၏ပုံရိပ်သည် အဆပေါင်းများစွာကြီးထွားလာပြီး ဟူယန်းချီထက် အရပ်ပိုမြင့်သော ရွှေရောင်လူကြီးအသွင်သို့ ပြောင်းလဲသွားခဲ့သည်။
ဘုန်း...
သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် အပြင်းအထန်လုံးထွေးသတ်ပုတ်နေကြ၏။ ပြင်းထန်သည့်စွမ်းအားလှိုင်းများရိုက်ခတ်လာမှုကြောင့် ပတ်ဝန်းကျင်ရှိလူများသည် နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ကြရသည်။
ခလွမ်...ခလွမ်...ခလွမ်
သူတို့၏အရေပြားများသည် သံနှင့်ပြုလုပ်ထားသည့်အလားမာကြောနေသည်။ တစ်ယောက်နှင့်တစ်ယောက် ရိုက်ခတ်မိသည့်အချိန်တိုင်း သတ္ထုထိခတ်သံများထွက်ပေါ်နေသည်။
"မဖြစ်နိုင်တာ...ပြန်တွေးကြည့်ရင် မင်းထွက်ခွာသွားချိန်တုန်းက နက္ခက်တာရာပြောင်းလဲခြင်းနယ်ပယ်ပဲရှိသေးတာ....ဘယ်လိုလုပ်ပြီး နှစ်အနည်းငယ်အတွင်းမှာ မင်းက အမြူ တေဖွဲ့စည်းခြင်းနယ်ပယ်ကိုရောက်ရှိသွားတာလဲ"
ရှကူးက မယုံကြည်နိုင်ပုံဖြင့် သက်ပြင်းချလိုက်သည်။
ဟူယန်းချီက ကျယ်လောင်စွာအော်ဟစ် ရယ်မောလိုက်၏။
"မင်းတို့ကောင်တွေက တစ်ချိန်လုံး တောင်ပိုင်းစွန့်ပစ်ကုန်းမြေမှာနေပြီး အရမ်းကိုတိုးတတ်မှုနှေးကွေးတာကို....ငါ မင်းကို ကြည့်မရတာတော်တော်ကြာနေပြီ...တစ်ကယ်လို့ မင်းကငါနဲ့တိုက်ခိုက်ဖို့ လုံလောတ်တဲ့အင်အားမရှိဘူးဆိုရင်လည်း....ငါ မင်းကိုသတ်မှာကို ခံယူသင့်တယ်"
"ဟမ့်....မင်း အမြူ တေဖွဲ့စည်းခြင်းနယ်ပယ်ရောက်တော့ကော ဘာဖြစ်မှာမို့လဲ...အဲဒါက ပြင်ပသွင်ပြင်ထက်မပိုဘူး"
ရှကူးကလည်း ဟူယန်းချီနှင့်တူညီစွာပင် ရိုင်းစိုင်းစွာဖြင့် တုန့်ပြန်လိုက်သည်။
သူတို့နှစ်ယောက် တိုက်ခိုက်နေကြသော ပတ်ဝန်းကျင်နေရာတစ်ခုလုံး စိတ်ဝိညာဉ်စွမ်းအင်များဖြင့် ပြည့်နှက်နေသည်။ လူတိုင်းက ယခုတိုက်ပွဲသည် သူတို့အပေါ်အကျိုးသက်ရောက်လာမည်ကို စိုးရွံကြသည့်အတွက် အဝေးမှသာကြည့်ရှုနေကြသည်။
ထိုအချိန်မှာပင် လူရိပ်တစ်ချို့က ဖြတ်ခနဲရောက်ရှိလာခဲ့သည်။ ထိုအနက်ရောင်လူရိပ်များသည် အလွန်အမင်းမြန်ဆန်ပြီး တိုက်ပွဲအပေါ်မည်သည့်စိုးရိမ်ကြောင့်ကြမှုမျှမရှိဘဲ ရှေ့သို့သာ သွားနေလေ၏။ ပတ်ဝန်းကျင်နေရာရှိ မည်သူကမျှ အချိန်မှီတုန့်ပြန်နိုင်ခြင်းမရှိကြချေ။
ဖုန်း..ဖုန်း....
မသဲမကွဲအသံတစ်ချို့ထွက်ပေါ်လာပြီး လုခိုင်ရှမ်ကို စောင့်ကြပ်နေကြသည့် စစ်သားများ မြေပြင်ပေါ်သို့ ပြိူလဲကျသွားကြသည်။
"မကောင်းတော့ဘူး....တစ်ယောက်ယောက်က လုခိုင်ရှမ်ကိုကယ်တင်ဖို့ ကြိုးစားနေတယ်"
ဝန်ကြီးတစ်ယောက်က အော်ဟစ်လိုက်လေ၏။
ပတ်ဝန်းကျင်ရှိလူများသည် ထိုအချိန်ကျမှသာ အသိပြန်ဝင်လာကြပြီး သူတို့၏လက်နက်များကို ထုတ်၍တစ်ယောက်ပြီးတစ်ယောက် တရကြမ်းပြေးဝင်လိုက်ကြသည်။
ထိုအချိန်မှာပင် ကြယ်ပျံတူကြီးတစ်ခုက လေထုကိုထွင်းဖောက်၍ ဖြတ်သန်းရောက်ရှိလာခဲ့သည်။ ရှေ့ဆုံးမှထွက်လာသော စစ်သားတစ်ချို့သည် ကြယ်ပျံတူကြီးနှင့်တိုက်ရိုက်ထိမှန်ပြီး နောက်သို့လွင့်စင်သွားကာ နေရာတစ်ခုလုံးသွေးများပြန့်ကျဲသွားလေသည်။
"ဘယ်ကောင် ငါကိုတားရဲလဲ...သေစမ်း"
ကျယ်လောင်သော အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။ ထိုသူက သံချပ်ကာဝတ်စုံ ဝတ်ဆင်ထားသည့် စစ်သားတစ်ယောက်ပင် ဖြစ်လေ၏။
"မင်းတို့ကောင်တွေ ဘာလုပ်တာလဲ....မင်းတို့က ပုန်ကန်ဖို့ ကြိုးစားနေကြတာလား"
"မဟုတ်သေးဘူး...သူတို့က လုခိုင်ရှမ်ရဲ့ကိုယ်ပိုင်စစ်သားတွေပဲ"
လုပ်ကြံသူများ၏သရုပ်သကန်ကို သိရှိပြီးနောက်တွင် ယွမ်ယင်ကို စစ်သားများက ဝန်းရံ၍အကာအကွယ်ပေးလိုက်ကြသည်။
ယွမ်ယင်က ထိုမြင်ကွင်းကိုမြင်ချိန်တွင် သူ၏ပါးစပ်က လှောင်ပြောင်ချင်ပုံဖြင့် မြင့်တတ်သွားလေသည်။
"ကောင်းတယ်...မင်းတို့က အချိန်ကောင်းကိုရောက်ရှိလာမှတော့ လုခိုင်ရှမ်ရဲ့ယုံကြည်ရတဲ့ သူတွေအားလုံးကိုပါ တစ်ခါတည်းဖမ်းဆီးပြီး သုတ်သက်ဖယ်ရှားရတာပေါ့"
Chapter 172
"သူတို့အားလုံးကိုသတ်"
ယွမ်ယင်က တုန့်ဆိုင်းခြင်းမရှိဘဲ အမိန့်ပေးလိုက်သည်။ ရုတ်ချည်းဆိုသလိုပင် စစ်သားတစ်စုကရှေ့သို့တတ်လာပြီး လုခိုင်ရှမ်၏ကိုယ်ပိုင်စစ်သားများကို ဝိုင်းလိုက်ကြသည်။
ကြယ်ပျံတူကြီးအားကိုင်ဆောင်ထားသည့် စစ်သားက သူ၏မျက်နှာဖုံးကိုချွတ်လိုက်ချိန်တွင် မုတ်ဆိတ်မွှေးငုတ်တိုများပြည့်နှက်နေသည့် မျက်နှာတစ်ခုထွက်ပေါ်လာခဲ့သည်။ သူသည် လုံကျင်းသို့ အကူအညီတောင်းခံရန် အပြေးအလွှားသွားခဲ့သည့် လုချီ ဖြစ်ပေ၏။
"ခွေးနဲ့တူတဲ့ အင်ပါယာမင်း"
လုချီက မကျေမချမ်းပြောဆိုလိုက်၏။
"မင်းအဖေ ငါက ဒီနေ့မင်းကိုသတ်ဖို့လာတာ"
ယွမ်ယင်က ကျယ်လောင်စွာအော်ဟစ်ရယ်မောလိုက်သည်။
"မင်းလား....မင်းက ငါကိုသတ်ဖို့လာတာလား...ဟား ဟား ဟား"
"သတ်စမ်း"
အင်ပါယာမင်း၏အမိန့်ရရှိသည်နှင့် စစ်သားများက လုချီတို့လူစုထံသို့ အရူးအမူးတိုးဝင်လိုက်ကြသည်။
စူးရှသည့် ဓားလှံအလင်းရောင်များက ယပ်တောင်ပုံသဏ္ဌာန်ဖွဲ့စည်းလိုက်ပြီး လုချီတို့လူစုအား ထိုးဖောက်နိုင်ရန်အတွက် လွှမ်းခြုံသွားခဲ့သည်။
သူတို့က လုချီတို့လူစုအားသတ်ရန်ကြံစည်နေချိန်တွင် လုချီတို့ထံမှ အစွမ်းထက်သည့်အော်ရာများ ပေါက်ကွဲမတတ်ထွက်လာလေသည်။
"ဘုန်း...ဘုန်း....ဘုန်း"
လေထုအတွင်းတွင် ပေါက်ကွဲသံများအတွဲလိုက် မြည်ဟီးနေသည်။
ပေါက်ကွဲသံများထွက်ပေါ်လာချိန်တွင် ဓားလှံအလင်းရောင်သည် လေထုအတွင်း၌ အတားအဆီးတစ်ခုခုနှင့် တွေ့ဆုံမိသကဲ့သို့ အနည်းငယ်မျှပင်ရှေ့သို့ဆတ်မတိုးနိုင်တော့ချေ။
စစ်သားများက နောက်ဆုတ်ရန်ပြင်ဆင်လိုက်ကြသော်လည်း အလွန်နောက်ကျသွားပြီဖြစ်လေ၏။ ဓားလှံများ၏အဖျားမှ ပြင်းထန်သည့်အားတစ်ခုက စစ်သားများ၏လက်ဝါးပေါ်သို့ တိုးဝင်သွားခဲ့သည်။
ဘုန်း...ဘုန်း...ဘုန်း
စစ်သားများစွာသည် ပြင်းထန်သည့်အင်အား၏တွန်းကန်မှုကြောင့် ချက်ချင်းပင်နောက်သို့လွင်စင်ထွက်သွားကုန်၏။ ရုတ်ချည်းဆိုသလိုပင် သူတို့၏အရိုးများ ကျိုးပဲ့ကုန်ပြီး နာကျင်မှုကြောင့် ငိုကြွေးမြည်တမ်းသံများက ပဲ့တင်ထပ်ထွက်ပေါ်လာသည်။
လုချီ၏ခန္ဓာကိုယ်မှ ကျန်းချီများထုတ်လွှတ်ထားပြီးနောက် သူ၏ခေါင်းပေါ်တွင် ဧရာမကြယ်ပျံတူကြီးက ပေါ်ထွက်လာခဲ့သည်။ လုချီသည် သူ၏ကျန်းချီဖြင့်ဖန်တီးထားသည့် တူကြီးကို အစွမ်းကုန်ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် အစွမ်းထက်သည့်အင်အားက ပတ်ဝန်းကျင်ရှိစစ်သားများပေါ်သို့ ကျဆင်းသွားလေသည်။
ဖုန်း...ဖုန်း...ဖုန်း..
ခပ်အုပ်အုပ်အသံများ တစ်သံပြီးတစ်သံကို ကြားနေရနိုင်သည်။ ပတ်ဝန်းကျင်ရှိစစ်သားများစွာသည် မိုးကြိုးဖြင့်ပစ်ခတ်ခြင်းခံလိုက်ရသကဲ့သို့ လွင့်စင်ထွက်သွားကြပြီး မြေပြင်နှင့်အပြင်းအထန် ရိုက်ခတ်မိကြသည်။
ထို့နောက် လုချီ၏နောက်မှ လက်အောက်ငယ်သားများသည် သူတို့၏ကျန်းချီများကို လှည့်ပတ်၍ စစ်မြေပြင်သို့ တိုးဝင်လာကြသည်။ ကျယ်လောင်သောဆူညံသံများနှင့်အတူ စစ်သားများသည် တစ်ယောက်ပြီးတစ်ယောက် ကောက်ပင်ကိုရိပ်လှီးလိုက်သကဲ့သို့ ပြိုလဲကျသွားလေသည်။
"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
"သူတို့...သူတို့အားလုံးက ရှီထျန်းနယ်ပယ်ကျွမ်းကျင်သူတွေပဲ"
"ဘယ်လိုလုပ်ပြီးတော့ ယုံဖျင်အမတ်ကြီးကို ဒီလောက်များတဲ့ထိပ်သီးကျွမ်းကျင်သူတွေက ကူညီပေးနေတာလဲ...ဒီနေရာမှာ မြင့်မြတ်တဲ့အင်မော်တယ်တွေရှိနေတာတော့ ဆိုးတာပဲ...မဟုတ်ရင် ယုံဖျင်အမတ်ကြီး အနိုင်ကျင့်ခံရမှာမဟုတ်ဘူး"
"ခွေးမသား အင်ပါယာ...သေစမ်း"
လုချီက အော်ဟစ်ကြုံးဝါးပြီးနောက် ယွမ်ယင်၏ရှေ့သို့ရောက်ရှိလာပြီး သူ၏ကျန်းချီကြယ်ပျံတူကြီးဖြင့် ထုချလိုက်သည်။ ကျန်းချီများဖြင့်ဖွဲ့စည်းထားသည့် တူကြီးသည်သိသာထင်ရှားစွာပင် ယွမ်ယင်၏ဦးခေါင်းပေါ်သို့ ကျရောက်လုဆဲဆဲဖြစ်နေသည်။ ယွမ်ယင်သည် ထိတ်လန့်တုန်လှုပ်သွားပြီး ကျယ်လောင်စွာအော်ဟစ်လိုက်လေ၏။
"မြင့်မြတ်တဲ့ အင်မော်တယ်...ကျွန်တော်ကို ကယ်ပါဦး"
ထိုအဖြစ်အပျက်ကိုမြင်လိုက်သည့် ဟူယန်းချီနှင့်တိုက်ခိုက်နေသော ရှကူးသည် လုချီထံသို့ လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်သည်။
ဘုန်း....
မူလက လေထုအတွင်းခုန်တတ်နေသည့် လုချီသည် ရှကူး၏လက်ဝါးရိုက်ချက်ကြောင့် မြေပြင်ပေါ်သို့ ပြုတ်ကျလာခဲ့သည်။
မာကြောသည့်မြေပြင်ပေါ်တွင် မြောက်များစွာသည့်အက်ကွဲကြောင်းများ ဖြစ်ပေါ်သွားလေသည်။ လုချီ၏ခန္ဓာကိုယ်သည်လည်း မြေပြင်နှင့်ပြင်းထန်စွာရိုက်ခတ်မိပေ၏။ သူ၏ခန္ဓာကိုယ်ကိုကာကွယ်ထားသည့် ကျန်းချီများသည်လည်း လွင့်ပြယ်သွားပြီး လုချီတစ်ကိုယ်လုံး ဆိုးဆိုးရွားရွား ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်။
ဤအရာက လက်ဝါးရိုက်ချက်တစ်ချက်သာ ဖြစ်ပေ၏။
ရှီထျန်းနယ်ပယ်ကျင့်ကြံသူပင်လျှင် ထိုလက်ဝါးရိုက်ချက်ကြောင့် အပြင်းအထန်ဒဏ်ရာရရှိခဲ့သည်။
အစောပိုင်းက ကြောက်ရွံတုန်လှုပ်နေကြသည့် ဝန်ကြီးများနှင့်စစ်သားများသည် ယခုမှသာ စိတ်သက်သာရာရသွားပုံဖြင့် လေအေးတစ်ချက်ရှိုက်သွင်းလိုက်ကြသည်။
ထိုအရာက အင်မော်တယ်တစ်ယောက်၏စွမ်းအားဖြစ်ပေ၏။ သေမျိုးတစ်ယောက်က မည်မျှပင်အစွမ်းထက်နေပါစေ အင်မော်တယ်တစ်ယောက်၏ရိုးရှင်းသည့်လက်ဝါးရိုက်ချက်တစ်ချက်က အနိုင်ယူနိုင်လေသည်။
လူတိုင်းက ရှကူးနှင့်တစ်ခြားကျင့်ကြံသူများကို ကြောက်ရွံမှုများပြည့်နှက်နေသည့်မျက်လုံးများဖြင့် ကြည့်ရှုနေကြသည်။
ရှကူးက အရေးမပါသောကိစ္စတစ်ရပ်ကို ပြုလုပ်လိုက်ရသကဲ့သို့ သူ၏ခေါင်းကိုသာ ခါယမ်းလိုက်သည်။
သူက မြေပြင်ပေါ်၌လဲလျောင်းနေရသည့်လုချီကိုတစ်ချက်ကြည့်ပြီး ဟူယန်းချီဘက်သို့လှည့်၍ အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်သည်။
"မင်းရဲ့ညီကို ဘယ်သူသတ်တာလဲဆိုတာ ငါစိတ်မဝင်စားဘူး...ဒါပေမယ့် မင်း ပြဿ နာဆတ်ရှာနေအုံးမယ်ဆိုရင်တော့ မင်းတို့ရဲ့တောင်းဆိုမှုတွေကို ငါ သဘောမတူနိုင်တော့ဘူး"
ဟူယန်းချီ၏မျက်နှာအမူအယာ မှုန်မှိုင်းသွားလေ၏။ သူက အမြူ တေဖွဲ့စည်းခြင်းနယ်ပယ်သို့ရောက်ရှိနေသော်လည်း ရှကူးအား အနိုင်တိုက်ခိုက်နိုင်ရန်မှာ နည်းလမ်းမရှိဖြစ်နေဆဲပင်။ ထို့ပြင် ရှကူးသည် အမြူ တေဖွဲ့စည်းခြင်းနယ်ပယ်သို့ ရောက်ရှိနေသည်မှာ နှစ်ပေါင်းများစွာကြာနေပြီဖြစ်၍ သူ၌တစ်ချို့သော ဝှက်ဖဲပညာရပ်များရှိနေပေအုံးမည်။
"ကောင်းပြီလေ....ငါ ဒီနေတော့ မင်းကိုအလွတ်ပေးလိုက်မယ်"
ထို့စကားပြောပြီးနောက် ဟူယန်းချီက လက်ညှိုးညွှန်လိုက်ပြီး လုခိုင်ရှမ်ပေါ်သို့ သူ၏လက်ကကျရောက်သွားခဲ့သည်။
Chapter 173
ဟူယန်းချီ၏ခန္ဓာကိုယ်မှ ကျန်းချီစွမ်းအားများသည် လွင့်ပြယ်ခြင်းမရှိသေးပေ။ သူက မကျေမချမ်းဖြင့် လုခိုင်ရှမ်ကို ဖမ်းဆွဲလိုက်သည်။
"ဒီအဖိုးကြီးက အလယ်ပိုင်းကုန်းမြေကိုသွားတဲ့အချိန်မှာ တစ်ခြားသင်ယူခဲ့တာမည်မည်ရရ မရှိပေမယ့် သူများကိုနှိပ်စက်တာတွေကိုတော့ ကောင်းကောင်းသင်ယူခဲ့တယ်...မင်းလိုကောင်ကများ ငါရဲ့ညီလေးကို ချောင်းမြောင်းလုပ်ကြံဝံ့တယ်ပေါ့....ဟမ့်....ငါ မင်းကို နောင်တရအောင်လုပ်ပြမယ်"
ရှကူးက မျက်နှာအမူအယာပြောင်းလဲခြင်းမရှိဘဲ ပြောဆိုလိုက်လေ၏။
"အဲ့ကောင်ကို ခေါ်သွားလိုက်....အခုချိန်ကစပြီး မင်းတို့အင်္သချေသားရဲဂိုဏ်းနဲ့ငါတို့စစ်နတ်ဘုရားဂိုဏ်းကြားက ပြဿ နာကဖြေရှင်းပြီးသွားပြီမှတ်ပါ....ဒီလိုမှမဟုတ်ရင် ငါ မင်းကိုနောင်တရအောင်လုပ်မယ်"
"ဟမ့်...စောင့်ကြည့်ကြသေးတာပေါ့"
ဟူယန်းချီက နှာမှုတ်လိုက်ပြီး လုခိုင်ရှမ်ကိုဆွဲခေါ်၍ သူ၏နောက်လိုက်တပည့်လက်အတွင်းသို့ ပစ်လိုက်သည်။
"အမတ်ကြီးကို လွှက်ပေး"
လုခိုင်ရှမ်၏လက်အောက်ငယ်သားများက သူတို့၏ကျန်းချီများကိုလက်နက်အသွင်ဖွဲ့စည်း၍ ဟူယန်းချီထံသို့ ပစ်လွှက်လိုက်ကြသည်။ သူတို့အားလုံးသည် ရှီထျန်းအဆင့်ပညာရှင်များဖြစ်၍ သူတို့၏ကျန်းချီများသည် လက်နက်များအသွင်ဖြင့် ဟူယန်းချီထံသို့ခုက်ပိုင်းရန် တိုးဝင်လာကြသည်။
"ဒီနေရာမှာ သေမှာမကြောက်တဲ့ကောင်တွေ ရှိနေတာပဲ"
ူဟူယန်းချီ၏မျက်လုံးများတွင် အေးစက်စက်အလင်းရောင်ထင်ဟပ်လာပြီးနောက် သူက လက်ဝါးရိုက်ချက်တစ်ချက်ဖြင့် ထိုလူအုပ်စုကိုတိုက်ခိုက်လိုက်သည်။
ဘုန်း....
သူတို့၏ကျန်းချီလက်နက်များသည် ဟူယန်းချီ၏လက်ဝါးကြောင့် လေထုအတွင်းမှာပင် ပြန့်ကျဲသွားခဲ့သည်။
လုခိုင်ရှမ်၏ကိုယ်ပိုင်စစ်သားများအားလုံး နောက်ဆုတိလိုက်ကြ၏။ သူတို့၏စုပေါင်းတိုက်ခိုက်မှုသည် ဟူယန်းချီ၏ လွယ်လင့်တကူချေဖျက်ခြင်းခံလိုက်ရတော့၏။
"မင်းတို့အားလုံး သေကြစမ်း"
ဟူယန်းချီ၏ ဒေါသတကြီးအော်ဟစ်သံတွင် ကျန်းချီများပြည့်နှက်နေသည်။
"ဘုန်း...ဘုန်း...ဘုန်း"
လေထုက တုန်ခါနေပြီးနောက် မမြင်နိုင်သည့် အသံစွမ်းအင်လှိုင်းများက လုချီတို့လူစုပေါ်သို့ ကျဆင်းသွားခဲ့သည်။
လုချီတို့လူစုသည် ကူရာကယ်ရာမဲ့စွာဖြင့် သွေးတစ်လုတ်အန်ထုတ်လိုက်ကြပြီး တစုတစည်းတည်းနောက်ဆုတ်လိုက်ကြသည်။ နောက်ဆုံးတွင်တော့ သူတို့က ဟူယန်းချီအား တားဆီးနိုင်ခြင်းမရှိခဲ့ချေ။
"သေသင့်တဲ့တစ်ယောက်က ခင်ဗျားပဲ"
ကြည်လင်သောကောင်းကင်တွင် မိုးခြိမ်းသံအလားအသံတစ်သံထွက်ပေါ်လာသည်။ ကောင်းကင်ယံရှိ လေထုအတွင်းမှ ဒေါသတကြီးအော်ဟစ်သံတစ်သံက ထွက်ပေါ်လာလေသည်။
ဓားပျံပေါ်၌စီးနင်းလာသည့် လုယွီက တိုက်ပွဲကွင်းပြင်နှင့်နီးကပ်လာချိန်တွင် သူ၏ဓားပျံကိုထိန်းချုပ်၍ ဟူယန်းချီထံသို့ဦးတည်ပျံသန်းလိုက်သည်။
"ဒီကောင်ကို ကူညီမယ့်သူတစ်ယောက်ရှိနေတာပဲ"
ဟူယန်းချီက အံအားသင့်တုန်လှုပ်သွားပြီး လျှင်မြန်စွာဖြင့် တုန့်ပြန်ရန်ပြင်ဆင်လိုက်လေ၏။ ဟူယန်းချီ၏ခန္ဓာကိုယ်တစ်ခုလုံးမှ ကြွက်သားများကားထွကာလာပြီးနောက် ဧရာမဆင်ကြီးတစ်ကောင်က သူ၏ခြေထောက်အောက်တွင် ထွက်ပေါ်လာခဲ့သည်။ သူက လုယွီထံသို့ တိုးဝင်လိုက်လေ၏။
ထပ်...ထပ်...
လုယွီက သူ၏ခြေဖဝါးကို ဟူယန်းချီ၏ဦးခေါင်းပေါ်သို့ နင်းပြီးသူ၏ခွန်အားကို စိုက်ထုတ်လိုက်ရာတွင် "ဘုန်း"ဟူသောအသံနှင့်အတူ ဧရာမဆင်ကြီးက လုယွီ၏အစွမ်းထက်သောအင်အားကို တောင့်မခံနိုင်တော့ဘဲ မြေပြင်ပေါ်သို့ဒူးထောက်လျက်သား ပြိုလဲကျသွားလေသည်။
"မင်း ဘယ်သူလဲ"
ဟူယန်းချီက အော်ဟစ်မေးမြန်းလိုက်ပြီး သူ၏ကြီးမားသောခန္ဓာကိုယ်ကြီးသည် ယခင်ထက်အဆပေါင်းများစွာ ပို၍အားကောင်းလာခဲ့သည်။
ဟူယန်းချီ၏ခန္ဓာကိုယ်ပတ်လည်တွင် အနက်ရေညင်အလင်းတန်းများထွက်ပေါ်လာပြီးနောက် သူ့တစ်ကိုယ်လုံးမှ အမွှေးများထွက်ပေါ်လာလေသည်။ သူ၏မျက်လုံးများသည်လည်း သားရဲတစ်ကောင်၏မျက်လုံးများအသွင်သို့ စတင်၍ပြောင်းလဲသွားခဲ့သည်။
ဝေါင်း.....
ဟူယန်းချီက ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ၏လက်နှစ်ဖက်ဖြင့် သူ့ဦးခေါင်းထက်မှ လုယွီ၏ခြေထောက်နှစ်ဖက်ကိုကိုင်၍ လုယွီကိုဖယ်ရှားရန် ပြင်ဆင်လိုက်သည်။
"ကျုပ် ခင်ဗျားကို လှုပ်ရှားခိုင်းလို့လား"
လုယွီက ဟူယန်းချီ၏လက်မောင်းကို ပြင်းထန်စွာဖိနင်းလိုက်လေ၏။
ဟူယန်းချီသည် သူ၏စိတ်နှလုံးသားအတွင်းမှ တင်းကြပ်လာသကဲ့သို့ ခံစားနေမိ၏။ သူ၏ပါးစပ်မှ ခါးသက်သက်ခံစားရပြီး သွေးတစ်လုတ်အန်ထုတ်လိုက်ရသည်။
လုယွီ၏နောက်ထပ်ကန်ချက်တစ်ချက်နှင့်အတူ ဧရာမဆင်ကြီးက နာကျင်စွာဖြင့် အော်ဟစ်မြည်တမ်းပြီး မြေပြင်ပေါ်သို့ ပြိုလဲကျသွားခဲ့သည်။
"အား..အား..အား..အား...ကောင်လေး...မင်း ဘယ်သူလဲ"
ဟူယန်းချီသည် အလွန်အမင်းစိတ်ဓာတ်ကျမှုကို ခံစားနေရသည်။ သူ၏ရှေ့မှောက်ရှိ လူငယ်လေးသည် မည်သူမည်ဝါဖြစ်မှန်း သူ မသိရသေးသော်လည်း သူတုန့်ပြန်တိုက်ခိုက်နိုင်ရန်ပင် အခွင့်အရေးမရရှိချေ။ ဟူယန်းချီ၏ မောက်မာတတ်သည့် သဘောသဘာဝအရ ဤကဲ့သို့အဖြစ်မျိုးကို လက်မခံနိုင်ပေ။ သို့သော် ဤအခြင်းအရာက အမှန်တရားပင် ဖြစ်ပေ၏။
လုယွီ၏ခန္ဓာကိုယ်တစ်ခုလုံး ကျန်းချီများဖြင့် ပြည့်နှက်နေသည်။ လုယွီက သူ၏လက်ကိုဆန့်ပြီး ဟူယန်းချီကိုဂုတ်မှဆွဲ၍ မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။
"အဟွက်...အဟွက်...အဟွက်....အဟွက်"
ဟူယန်းချီသည် အပြင်းအထန်ချောင်းဆိုးနေပြီးနောက် သူက လုယွီအားကြည့်၍ တုန်ရီနေသောအသံဖြင့် စကားပြောဆိုလိုက်လေ၏။
"စီနီယာ...ကျွန်တော်က စီနီယာကို ဘာများအပြစ်ပြုခဲ့မိလို့လဲမသိဘူး...ကျေးဇူးပြုပြီး ဒီနိမ့်ကျတဲ့လူကို ခွင့်လွှက်ပေးပြီး သွားခွင့်ပြုပါ"
ကျင့်ကြံခြင်းလောကတွင် နယ်ပယ်အမြင့်ဆုံးရောက်ရှိသူကသာ အကြီးမြတ်ဆုံးဖြစ်ပေသည်။ လုယွီ၏ခွန်အားသည် ဟူယန်းချီထက် အားကောင်းနေလေသည်။ ဟူယန်းချီမည်မျှအသက်ကြီးနေပါစေ သူက လုယွီအား စီနီယာတစ်ယောက်အဖြစ် တရိုသေဆတ်ဆံရမည်သာဖြစ်သည်။
လုယွီက ဟူယန်းချီကိုကြည့်ပြီး သူ၏ဦးခေါင်းကိုသာ ဖြည်းညင်းစွာဖြင့် ခါယမ်းလိုက်လေ၏။
"ခေါင်းပြတ်သရဲတစ်ကောင်အဖြစ်နဲ့ ခင်ဗျား ငရဲကိုသွားပေတော့"
လုယွီက သူ၏လက်ကို ရုတ်ချည်းဆန့်ထုတ်၍ ဟူယန်းချီ၏ဦးခေါင်းကို ဂျွတ်ခနဲမြည်အောင် ချိုးဖြတ်လိုက်သည်။
Chapter 174
ဖတ္...
သွေးသံရွှဲရွှဲနှင့်ဦးခေါင်းတစ်လုံးသည် မြေပြင်ပေါ်သို့ကျဆင်းလာပြီး ရွှံနွံများအတွင်းသို့ တလိမ့်လိမ့်ရောက်ရှိသွားခဲ့သည်။
ပတ်ဝန်းကျင်နေရာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်ခြင်းအတိဖြစ်သွားလေ၏။ လူတိုင်းသည် သူတို့ရှေ့၌ဖြစ်ဖျက်သွားသည့် မြင်ကွင်းကိုကြည့်ပြီး ဆွံအနေကြသည်။ သူတို့က သူတို့၏မျက်လုံးကိုပင် မယုံကြည်ကြတော့ချေ။
လုယွီက ဟူယန်းချီကို သတ်ဖြတ်ပြီးနောက် ဖြတ်ခနဲ လုခိုင်ရှမ်၏နံဘေးသို့ ရောက်ရှိလာသည်။
"ထွက်သွားကြစမ်း"
လုယွီက ဒေါသတကြီးအော်ဟစ်လိုက်ရာတွင် လုခိုင်ရှမ်၏နံဘေး၌ စောင့်ကြပ်နေကြသည့် အင်္သချေသားရဲဂိုဏ်းမှတပည့်များ လွင့်စင်သွားကြ၏။ သူ၏ကျန်းချီတစ်လှိုင်းပစ်ခတ်မှုနှင့်အတူ လုခိုင်ရှမ်၏ခန္ဓာကိုယ်မှ သံကြိုးများသည် အမှုန်အမွှားများအဖြစ် လွင့်ပြယ်သွားလေသည်။
"အဖေ....အဆင်ပြေရဲ့လား"
လုယွီက လုခိုင်ရှမ်အား မတ်တတ်ထရပ်နိုင်ရန် ကူညီပေးလိုက်သည်။
လုခိုင်ရှမ်က ပင်ပန်းနွမ်းနယ်နေသည့် သူ၏မျက်လုံးများကိုအားယူ၍ ဖွင့်လိုက်လေ၏။ လုယွီကိုမြင်လိုက်သည့်အချိန်တွင်မူ သူကိုယ်သူမထိန်းချုပ်နိုင်တော့ဘဲ စိုးရိမ်တကြီးပြောဆိုမိတော့သည်။
"မင်း ဒီကို ဘာလာလုပ်တာလဲ...ဘာလို့ထွက်မသွားသေးတာလဲ"
လုယွီက သူ့နှလုံးသား၏အနက်ရှိုင်းဆုံးတစ်နေရာမှ တုန်ရီသွားသကဲ့သို့ ခံစားရလေ၏။ ယခုဘဝသက်တမ်းတွင် သူ၏ယခင်ဘဝကဲ့သို့ အထီးကျန်နေလိုခြင်းမရှိချေ။ ယခုလက်ရှိတွင် သူ၌မိသားစုရှိနေပြီး အနည်းဆုံး သူ ပြင်ပ၌သွားလာနေစဉ်တွင် အိမ်၌စိုးရိမ်ပူပန်ပေးမည့် တစ်စုံတစ်ယောက် ရှိနေပေလိမ့်မည်။
"အဖေ...ဒီကိစ္စတွေကို ကျွန်တော်ကိုဂရုစိုက်ခွင့်ပြုပါ"
လုယွီသည် လုခိုင်ရှမ်၏ခန္ဓာကိုယ်ကို အဆတ်မပြတ်ထိတွေ့လိုက်ပြီးနောက် သူ၏လက်ဝါးကိုအသုံးပြု၍ ဖခင်ဖြစ်သူအားတစ်ချက်ရိုက်လိုက်လေ၏။
ဘုန်း....
လုခိုင်ရှမ်၏ခန္ဓာကိုယ်မှ မသဲမကွဲကြားရသောအသံတစ်သံ ထွက်ပေါ်လာသည်။
လုခိုင်ရှမ်၏ကျင့်ကြံမှုအား ဖိနှိပ်ထားသည့် ချိပ်စည်းသည် လုယွီ၏ လွယ်လင့်တကူချိုးဖျက်ခြင်းအား ခံလိုက်ရသည်။
လုခိုင်ရှမ်၏မျက်လုံးများ တောက်ပသွားလေ၏။ သူက ကျယ်လောင်စွာဖြင့် အော်ဟစ်ကြုံးဝါးလိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်မှ ရှီထျန်းနယ်ပယ်အထွက်အထိပ်၏အင်အား ပေါက်ကွဲထွက်လာခဲ့သည်။
"ယွမ်ယင်...သေပေတော့"
လုခိုင်ရှမ်က ကြုံးဝါးပြီး လေထုအတွင်းသို့ ခုန်တတ်လိုက်သည်။ တစ်ချက်ခုန်လိုက်သည်နှင့် သူကမီတာ၅၀ခန့်အကွာသို့ရောက်ရှိလာပြီး ယွမ်ယင်ထံသို့ တရကြမ်း တိုးဝင်လိုက်၏။
"ငါ့ကို ကာကွယ်ကြ....ငါ့ကို ကာကွယ်ကြ"
ယွမ်ယင်သည် အံ့အားသင့်ပြီး ထိတ်လန့်တုန်လှုပ်နေ၏။ သူက နံဘေးနားရှိစစ်သားများကို တိုက်ပွဲဝင်ဝင်္ကပါဖွဲ့စည်း၍ သူ့အားကာကွယ်ရန် အမိန့်ပေးညွှန်ကြားလိုက်သည်။
"မင်းတို့အားလုံး ထွက်သွားကြစမ်း"
လုခိုင်ရှမ်၏လက်သီးတစ်ချက် ထိုးနှက်မှုနှင့်အတူ ယွမ်ယင်၏ရှေ့ရှိ စစ်သားများအားလုံး လွင့်စင်သွားပြီး မြေပြင်ပေါ်သို့ပြိုလဲကျသွားကြသည်။
အခြေအနေသည် မျက်တောင်တစ်ခတ်အချိန်အတွင်းမှာပင် ပြောင်းပြန်ပြောင်းလဲသွားခဲ့သည်။ အစောပိုင်းက ကျင့်ကြံခြင်းချိပ်ပိတ်ခံထားရသည့် လုခိုင်ရှမ်သည် ယခုချိန်၌ ဖျက်လက်တက်ကြွပြီးအားအင်ပြည့်ဝနေမည်ဟု မည်သူကမျှတွေးထင်ထားခြင်းမရှိချေ။
"ငါ မြင်နေရတာတွေ ငါမယုံနိုင်တော့ဘူး....ကြီးမြတ်တဲ့အကြီးအကဲ....သူက တစ်ကယ်သေဆုံးသွားပြီလား"
"သူကိုသတ်ပြီး အကြီးအကဲအတွက် လက်စားချေရမယ်"
"မင်း ရူးနေလား....သူက ကြီးမြတ်တဲ့အကြီးအကဲကိုတောင် သတ်နိုင်မှတော့ အဲ့ဒီနေရာကိုသွားတာက သေဖို့သွားတာနဲ့ အတူတူပဲဖြစ်နေမှာပေါ့"
အင်္သချေသားရဲဂိုဏ်းမှကျင့်ကြံသူများသည် တစ်ယောက်နှင့်တစ်ယောက် စိတ်ပျက်လက်ပျက်ကြည့်ရှုလိုက်ကြ၏။ အဆုံးသတ်တွင်မူ သူတို့က ဟူယန်းချီ၏အလောင်းကို တိတ်ဆိတ်ငြိမ်သက်စွာကောက်ယူ၍ သားရဲဒီရေလှိုင်းနှင့်အတူ ဆုတ်ခွာထွက်သွားကြတော့သည်။
ရက်စက်ကြမ်းကြုတ်သော သားရဲဒီရေလှိုင်း ဆုတ်ခွာသွားပြီးနောက် အင်မော်တယ်ဂိတ်တံခါးတွင်ရှိနေသည့် လူများအပေါ်ကျရောက်နေသည့် ဖိအားသည်ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။
ဝှစ်
ရုတ်တရက် လေထုအားထွင်းဖောက်သွားသည့်အသံတစ်သံအား ကြားလိုက်ရသည်။ အခြေအနေမလှသည်ကို မြင်နေသော ရှကူးသည် သူ၏ဓားပျံကိုစီးနင်း၍ ထွက်ခွာရန် ပြင်ဆင်လိုက်ခြင်းဖြစ်သည်။
ဟူယန်းချီ အသတ်ခံရခြင်းကို ရှကူးမြင်တွေ့ချိန်တွင် သူက သံနံရံကြီးတစ်ခုအား ကန်မိပြီဖြစ်ကြောင်းကို သိရှိလိုက်သည်။ သူက ကျင့်ကြံခြင်းလောကတွင် ကျင်လည်ကျက်စားနေသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်၍ သူ မည်သည့်အရာကိုလုပ်ဆောင်ရမည်အား သိရှိပြီးဖြစ်သည်။
"ခင်ဗျား လွတ်မြောက်နိုင်မယ်လို့ ထင်နေတာလား"
လုယွီက သူ၏ခေါင်းဖြတ်ဆေဘာဓားကိုထိန်းချုပ်၍ ရှကူး၏ထွက်ခွာသွားသောပုံရိပ်ထံသို့ ဦးတည်ပစ်လွှက်လိုက်သည်။
"ကောင်လေး...အရမ်းလွန်မလာနဲ့"
ရှကူးသည် လေထုအတွင်းရှိနေစဉ်တွင် သူ၏နောက်မှ စူးရှသောလေပြင်းတစ်ချက်တိုက်ခတ်လာသည်ကို ခံစားမိသည်။ သူက ကြောက်ရွံမှုကြောင့် ပျာယာခတ်သွားပြီး ကျယ်လောင်စွာအော်ဟစ်ကြုံးဝါးလိုက်လေ၏။ ရှကူး၏ခန္ဓာကိုယ်ပတ်လည်တွင် ကျန်းချီများစုဝေးလာပြီး လေးမီတာခန့်မြင့်သည့်ရွှေရောင်ဧရာမလူဘီလူးကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။
ရှကူးသည် ဧရာမရွှေရောင်လူဘီလူးကြီးအသွင်သို့ ပြောင်းလဲပြီးနောက် သူ၏နောက်ရှိခေါင်းဖြတ်ဓားထံသို့ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။
ဖတ္...
ခေါင်းဖြတ်ဆေဘာဓားသည် မျက်တောင်တစ်ခတ်စာအချိန်အတွင်း အနက်ရောင်အရိပ်တစ်ရိပ်အဖြစ်ပြောင်းလဲပြီး ရှကူး၏ခန္ဓာကိုယ်ကို ဖြတ်ကျော်သွားသည်။
ရှကူး၏ခန္ဓာကိုယ် တုန်ရီနေပြီး လေထုအတွင်း၌ပင် ရပ်တန့်၍ မလှုပ်ရှားနိုင်တော့ချေ။
"ဘာဖြစ်နေတာတုန်း"
လူတိုင်းက ခေါင်းမော့၍ ကောင်းကင်ယံထံသို့ ကြည့်ရှုလိုက်ကြသည်။
အနက်ရောင်အရိပ်အဖြစ်ပြောင်းလဲသွားသည့် ဆေဘာဓားသည် လုယွီ၏နံဘေး၌ ပြန်လည်ပေါ်ထွက်လာခဲ့သည်။ ဆေဘာဓား၏ကိုယ်ထည်မှ တုန်ခါနေသည့်အသံများကို ထုတ်လွှက်နေဆဲဖြစ်သည်။
ခေါင်းဖြတ်ဆေဘာဓား၏အစွန်းဘက်မှ သွေးများတစ်စက်စက်ကျနေလေ၏။ ရှကူး၏နဖူးပေါ်တွင် သွေးထွက်နေသောအပေါက်တစ်ပေါက်က ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။
ရှကူး၏ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းနေလေ၏။ ထို့နောက်တွင်မူ သွေးထွက်သံယိုအပေါက်က တဖြည်းဖြည်းကွဲထွက်လာပြီး နောက်ဆုံးတွင်ကျယ်လောင်သည့်မြည်ဟီးသံကြီးထွက်ပေါ်လာသည်။
ဘုန်း...
ရှကူး၏ဦးခေါင်း ပေါတ်ကွဲသွားပြီးနောက် သွေးမြူ များသည် မြေပြင်ပေါ်သို့ ပြန့်ကျဲကျလာခဲ့သည်။
Chapter 175
"ဂိုဏ်းခေါင်းဆောင် အသတ်ခံလိုက်ရပြီ"
စစ်နတ်ဘုရားဂိုဏ်းမှ ကျင့်ကြံသူများအုပ်စုသည် လုယွီအား တုန်ရီစွာဖြင့် ကြည့်ရှုလိုက်ကြသည်။
"ကောင်းကင်ဘုံ....ဒီ ကျွမ်းကျင်သူက ဘယ်နေရာကနေ ရောက်ရှိလာတာလဲ...သူက သန်မာလွန်းတယ်"
လုယွီက သူ၏ခေါင်းဖြတ်ဓားကို ပြန်လည်ဆင့်ခေါ်ပြီးနောက်တွင် ရှကူး၏ခန္ဓာကိုယ်ကြီးက ကောင်းကင်ယံမှမြေပြင်ပေါ်သို့ ကျဆင်းလာလေသည်။
ထိုအချိန်တွင် လုခိုင်ရှမ်၏တိုက်ပွဲသည်လည်း အဆုံးသတ်သို့ရောက်ရှိခါနီးပြီ ဖြစ်ပေ၏။ သူ၏ ရှီထျန်းနယ်ပယ်အထွက်အထိပ်စွမ်းအားဖြင့် သာမာန်သေမျိုးစစ်သားများကို ရင်ဆိုင်ရသည်မှာ သူ့လက်တစ်ဖက်လှုပ်ခတ်သကဲ့သို့ပင် လွယ်ကူပေသည်။
"လုခိုင်ရှမ်....ငါကို မသတ်ပါနဲ့....ငါကို ဒီလိုလုပ်ဖို့ အတင်းအကျပ်ဖိအားပေးခံရလို့ပါ....ငါက တရားရုံးကောင်စီရဲ့သွေးဆောင်မှုကိုခံရတာမို့...မင်းက နောင်တရစရာဘာမှမလုပ်တာ ပိုကောင်းလိမ့်မယ်"
ယွမ်ယင်က နောက်သို့သာ တဆုတ်တည်းဆုတ်နေခဲ့သည်။ ထို့ပြင် သူ၏ရှေ့ရှိစစ်သားများသည်လည်း လုခိုင်ရှမ်အား အနည်းငယ်မျှပင် တားဆီးထားနိုင်ခြင်းမရှိချေ။
"မင်း အခုကြောက်ရွံရတယ်ဆိုတာ သိသွားပြီလား...အရမ်းနောက်ကျသွားပြီ"
လုခိုင်ရှမ်က မြေပြင်ပေါ်၌ ခြေထောက်ဆောင့်နင်းလိုက်ရာတွင် မြေပြင်တစ်ခုလုံး တုန်ခါသွားလေသည်။
သူနှင့် မလှမ်းမကမ်းအကွာအဝေးတွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာသည်။ စစ်သားများသည် နက်ရှိုင်းသောအက်ကွဲကြောင်းကြီးများအတွင်းသို့ လဲကျသွားသည့်အချိန်တွင် ထိခိုက်မှုကြောင့် နာကျင်စွာဖြင့်အော်ဟစ်လိုက်ကြသည်။
လုခိုင်ရှမ်က ရှေ့သို့တိုးဝင်သွားပြီးနောက် ယွမ်ယင်ကိုဂုတ်မှကိုင်၍ ဆွဲထုတ်လိုက်လေ၏။
ယွမ်ယင်၏ခေါင်းထက်မှ ရွှေရောင်သရဖူသည် မြေပြင်ပေါ်သို့ပြုတ်ကျသွားပြီး သူဝတ်ဆင်ထားသော နဂါးဝတ်ရုံသည်လည်း ဖုန့်အလိမ်းလိမ်းဖြစ်နေရာ သူကိုကြည့်ရသည်မှာ သူဖုန်းစားတစ်ယောက်နှင့် အလွန်အမင်းတူညီနေပေသည်။
"အမတ်ကြီး ယုံဖျင်...ရပ်လိုက်ပါတော့...မင်းနှလုံးသားရဲ့နက်ရှိုင်းတဲ့နေရာကနေ စဉ်းစားကြည့်...မင်း တစ်ကယ်သစ္စာဖောတ်တော့မှာလားဆိုတာ...မင်းက မိသားစုကိုးစုကို တစ်ကယ်ရှုပ်ထွေးအောင် လုပ်တော့မှာလား"
ဝန်ကြီးတစ်ယောက်က ဝင်ရောက်အကြံပေးလိုက်၏။
လုခိုင်ရှမ်က ထိုဝန်ကြီးကို တစ်ချက်ကြည့်ပြီး အော်ဟစ်လိုက်သည်။
"ထွက်သွားစမ်း"
ထိုဝန်ကြီးသည် လုခိုင်ရှမ်၏ခြိမ်းခြောက်နိုင်သော အရှိန်အဝါဖြင့် ရင်ဆ်ုင်တွေ့မိချိန်တွင် သူက နောက်သို့ခြေလှမ်းအတော်များများ ဆုတ်လိုက်ရသည်။
"လုခိုင်ရှမ်...မင်း ပုန်ကန်ချင်နေတာလား"
ယွမ်ယင်က ခြောက်လှန့်လိုက်လေ၏။
လုခိုင်ရှမ်က ယွမ်ယင်ကို အေးစက်စက်ကြည့်ရင်း ပြောဆိုလိုက်သည်။
"ဒါ မှန်တာပေါ့....မင်းအဖေ ငါက ဒီနေ့ပုန်ကန်တော့မှာလေ"
ဘာ....
လူတိုင်း ဆွံအသွားကြ၏။ တာလျန့်နိုင်ငံတော်ကို သေသည်အထိ သစ္စာစောင့်သိမည်ဟု သူတို့ယူဆခဲ့ကြသည့် ယုံဖျင်အမတ်ကြီးက ထိုစကားများကိုပြောလိုက်သလော။
"စစ်တပ်စဖွဲ့စည်းပြီဆိုကတည်းက ငါက မင်းနောက်ကိုလိုက်ပြီး မြောက်ပိုင်းကိုခရီးထွက်ခဲ့တယ်...ငါက မြို့တွေကိုတိုက်ခိုက်ပြီး သန်မာအောင်စုစည်းခဲ့တယ်...ငါ ရှေ့တန်းကနေမတိုက်ခိုက်ခဲ့တဲ့အချိန်ဆိုတာရှိခဲ့ဘူးလား"0
"တာလျန့်နိုင်ငံတော် တည်ထောင်ပြီးချိန်မှာ နယ်နမိတ်တွေကို မသတ်မှက်ရသေးဘူး ပြီးတော့ မီးခိုးတွေက နေရာအနှံမှာပျံလွင့်နေတယ်...မင်းအဖေ ငါက နေရာတိုင်းကိုလှည့်ပတ်ပြီး ပတ်ဝန်းကျင်က ရန်သူမှန်သမျှကို ဖယ်ရှားရှင်းလင်းခဲ့တယ်"
"မင်းက ငါကို အမတ်ကြီးရာထူးပဲ ပေးခဲ့တာတောင်မှ ငါမှာ မကျေမနပ်ဖြစ်တာမရှိခဲ့ဘူး....ဘာလဲ...မင်းက မြစ်ကိုဖြတ်ကူးပြီးတာနဲ့ တံတားကိုဖျက်ဆီးချင်တာလား....ငါကို သေအောင် ဖိအားပေးခဲ့တာမလား"
လုခိုင်ရှမ်က ယွမ်ယင်အား ကန်ကျောက်လိုက်သည်တွင် သူက မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။ မြေပြင်ပေါ်၌ လဲကျနေသည့် ယွမ်ယင်၏ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ်တုန်ရီနေခဲ့သည်။
ဤလမ်းကြောင်းက ခွေးတစ်ကောင်၏အဆုံးသတ်သာ ဖြစ်ပေ၏။
ယွမ်ယင်အား ကယ်တင်ရန်ပြေးလာကြသည့်လူများသည် သူတို့၏လမ်းကြောင်းများမှာပင် ရပ်တန့်သွားကြသည်။ လက်ရှိအခြေအနေကိုကြည့်ခြင်းအားဖြင့် အနိုင်ရသူနှင့် ရှုံးနိမ့်သူအား သူတို့ကွဲကွဲပြားပြားသိမြင်ရပြီဖြစ်လေ၏။
ဤနေရာရှိ လုခိုင်ရှမ်ကိုပင် သူတို့တားဆီးနိုင်စွမ်းမရှိလျှင် အင်မော်တယ်များကို သတ်ဖြတ်ခဲ့သည့် လူငယ်ဆိုလျှင် ပို၍ပင်ဆိုးပေလိမ့်မည်။
"လုခိုင်ရှမ်...ငါကို ခွင့်လွှက်ပါ....ငါ မင်းကို ထီးနန်းလွှဲပြောင်းပေးပါမယ်....တာလျန့်နိုင်ငံတော်...တာလျန့်နိုင်ငံတော်က မင်းအပိုင်ပါ"
ယွမ်ယင်၏နဖူးမှချွေးများယိုစီးကျနေပြီး သူက မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ပြီး ခွင့်လွှက်မှုရရှိရန် အသနားခံနေလေ၏။
ဝန်ကြီးများ၏မျက်လုံးများအတွင်းတွင် စက်ဆုပ်ရွံရှာမှုအရိပ်အယောင်များ ထင်ဟပ်နေခဲ့သည်။
ဤသူက ယခင်ကသူတို့ ရိုသေလေးစားခဲ့သည့် ဧကရာဇ်ဖြစ်ပါသလော...
အကြွင်းမဲ့ခွန်အား၏ရှေ့တွင် သူတို့၏ဧကရာဇ်က သနားစဖွယ်ခွေးတစ်ကောင်သာဖြစ်နေခဲ့သည်။
"မင်းကငါကို သတ်ဖို့စဉ်းစားပြီးကတည်းက ဖြစ်လာမယ့်အကျိုးဆတ်တွေကို မင်း တွေးတောခဲ့သင့်တယ်"
လုခိုင်ရှမ်က အချိန်မဖြုန်းတော့ဘဲ အနီးအနားရှိစစ်သားတစ်ယောက်ထံမှ ဆေဘာဓားတစ်ချောင်းကို ချက်ချင်းဆွဲထုတ်လိုက်သည်။
ဓားက ကောင်းကင်ပေါ်မှ ကျဆင်းလာလေ၏။
ဖုတ္...
ယွမ်ယင်၏ဦးခေါင်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီးနောက် သွေးများက နေရာအနှံပြန့်ကျဲသွားလေသည်။
"တာလျန့်နိုင်ငံတော်ရဲ့ အုတ်တစ်ချပ် သဲတစ်ပွင့်စီတိုင်းကို ငါ တည်ထောင်ခဲ့တာ...အနာဂတ်မှာ လုမိသားစုကို အပြစ်ကျူ းလွန်ထားတဲ့ ယွမ်မိသားစုက ထပ်ပြီးတည်ရှိစရာမလိုတော့ဘူး"
လုခိုင်ရှမ်က လေးလေးနက်နက် ပြောဆိုလိုက်လေ၏။
ပတ်ဝန်းကျင်ရှိလူများသည် ကြက်သေသေနေကြ၏။ အဖြစ်အပျက်များက မြန်ဆန်လွန်းပေသည်။
သို့သော် လျှင်မြန်စွာအသိဝင်လာသည့် လူတစ်ချို့ရှိနေဆဲဖြစ်သည်။ သူတို့က မည်သို့ဖြစ်ပျက်သွားသည်ကို ချက်ချင်းပင်နားလည်လိုက်ကြပြီး လုခိုင်ရှမ်ထံသို့ဦးတည်၍ မြေပြင်ပေါ်၌ ဒူးထောက်လိုက်ကြသည်။
"ကျွန်တော်တို့ရဲ့ အရှင်မင်းမြတ်ကို အရိုအသေပြုပါတယ်"
"အင်ပါယာမင်းမြတ် သက်တော်ရာကျော်ရှည်ပါစေ"
မြောက်များစွာသည့် ဝန်ကြီးများနှင့်စစ်သားများက မြေပြင်ပေါ်၌ ဒူးထောက်ပြီး ကျယ်လောင်စွာအော်ဟစ်လိုက်ကြသည်။