အခန်း (၁၈၁-၁၈၅)
Vol. 11-15 Ch. 181-185
Chapter 181
"မဟာအကြီးအကဲက တစ်ကယ်ကိုပဲ သာမာန်မဟုတ်တဲ့ပညာရပ်ကို အသုံးပြုနိုင်တာပဲ"
"အကြီးအကဲရဲ့အရည်အချင်းက ပြိုင်ဘက်ကင်းပြီး....ဒီကမ္ဘာလောကမှာ ယှဉ်ပြိုင်နိုငိတဲ့သူမရှိဘူး"
ရှလုံထျန်း၏နောက်မှ လိုက်ပါလာကြသည့် ကျင့်ကြံသူများအုပ်စုက သူကို မြှောက်ပင့်ပြီးချီးမွမ်းပြောဆိုနေကြ၏။
ရှလုံထျန်းက အေးတိအေးစက် နှာမှုတ်လိုက်သည်။ သူက ဝန်ကြီးများနှင့်အရာရှိများအားလုံးကို တစ်ချက်ကြည့်ပြီးနောက် သူ၏နောက်ရှိ ကျင့်ကြံသူအုပ်စုကို အေးစက်တင်းမာစွာဖြင့် မေးမြန်းလိုက်လေ၏။
"ဒီ သေမျိုးနိုင်ငံကို ဘယ်သူကတာဝန်ယူစီမံတာလဲ"
ကျင့်ကြံသူတစ်ယောက်က တုန်တုန်ရီရီဖြင့် ရှေ့တိုးလာပြီး လေသံတိုးတိုးဖြင့်ဖြေကြားလိုက်သည်။
"မဟာ အကြီးအကဲ....ဒီနိုင်ငံရဲ့တာဝန်ရှိတဲ့သူက ကျွန်တော်ပါ"
ဖြောင်း....
ရှလုံထျန်းက ပါးတစ်ချက်ရိုက်လိုက်သည်တွင် ထိုကျင့်ကြံသူက မြေပြင်ပေါ်သို့ လွင့်စင်ကျသွားခဲ့သည်။
"မင်းက ဒီလိုကိစ္စငယ်လေးကိုတောင် မလုပ်နိုင်ဘူးဆိုမှတော့.....ရှကူးက မင်းတို့အားလုံးကို မြေတောင်မြှောက်ပေးခဲ့တာက အချိန်ဖြုန်းတာသက်သက်ပဲ"
ရှလုံထျန်းက ဒေါသတကြီးအော်ဟစ်လိုက်သည်။
ရှလုံထျန်း၏ ပါးရိုက်ခြင်းခံလိုက်ရသော်လည်း ထိုကျင့်ကြံသူသည် အထွန့်မတတ်ရဲဘဲ သူ၏ခေါင်းကိုသာ တွင်တွင်ညိမ့်၍ သဘောတူထောက်ခံနေလေ၏။
ရှလုံထျန်းက စိတ်မရှည်တော့ပုံဖြင့် သူ၏လက်ကိုဝှေ့ယမ်းလိုက်သည်။
"သေမျိုးနိုင်ငံတော်တော်များများကိုသွားပြီး တစ်ချက်ကြည့်ကြစမ်း....ဟိုကောင်လို ကျင့်ကြံသူမျိုးတွေ ပုန်းအောင်းနေသေလားဆိုတာ ငါတို့ရှာကြည့်ရအောင်....တွေ့တာနဲ့ ငါတို့စစ်နတ်ဘုရားဂိုဏ်းကိုဝင်ချင်ဝင် မဝင်ဘူးဆိုရင်သတ်ပစ်လိုက်"
"ဟုတ်ကဲ့....အဆင့်မြင့်အကြီးအကဲ"
ကျင့်ကြံသူများက အလောသုံးဆယ် ပြန်ဖြေလိုက်ကြပြီး ရှလုံထျန်းကို ကြောက်ရွံမှုများပြည့်နှက်နေသည့် မျက်လုံးများဖြင့်ကြည့်ရှုလိုက်ကြသည်။
"ဒီကောင်လေးက ငါတို့စစ်နတ်ဘုရားဂိုဏ်းရဲ့ဂိုဏ်းခေါင်းဆောင်ကို သတ်ဖြတ်ခဲ့တယ်....သူကို သင်ခန်းစာမပေးဘူးဆိုရင် အနာဂတ်မှာ သေမျိုးနိုင်ငံတော်က ကျင့်ကြံသူတွေပေါ်ထွက်လာရင် စည်းမျဉ်းတွေကို နားမလည်မှာ ငါ စိုးရိမ်မိတယ်"
ရှလုံထျန်းက ရုတ်တရက် ကျင့်ကြံသူတစ်ယောက်ကို လက်ညှိုးထိုး၍ ခိုင်းစေလိုက်သည်။
"သွားပြီး ကောင်လေးရဲ့မိသားစုကို ဖျက်ဆီးပစ်စမ်း....မင်း ဘာလုပ်သင့်တယ်ဆိုတာ မင်းသိတယ်မလား"
ရှလုံထျန်း လက်ညှိုးထိုးခြင်းခံရသည့် ကျင့်ကြံသူသည် တုန်ရီနေပြီး အလျှင်အမြန်ဖြင့် သူ၏ခေါင်းကိုညိတ်လိုက်သည်။
"ဟုတ္ကဲ့....မဟာအႀကီးအကဲ"
ထိုအချိန်မှာပင် ကျင့်ကြံသူက ရုတ်တရက် အံ့အားသင့်တုန်လှုပ်သောအမူအယာမျိုး ဖြစ်သွားခဲ့သည်။
"အမ်....မဟာအကြီးအကဲ...ခင်ဗျားရဲ့နောက်မှာ..."
ကျင့်ကြံသူက တုန်ရီစွာဖြင့် ပြောဆိုလိုက်၏။
ရှလုံထျန်း၏မျက်ခုံးများ မြင့်တတ်သွားခဲ့သည်။ သူက နောက်သို့ပြန်လှည့်ကြည့်ချင်သေည်လည်း ရုတ်တရက်ဆိုသလိုပင် တစ်စုံတစ်ယောက်၏လက်က သူ၏လည်ပင်းကိုချုပ်ကိုင်ထားပြီး သူအား လှုပ်ရှားမရအောင်တားဆီးထားခြင်းကိုခံစားမိသည်။
"အမြူ တေဖွဲ့စည်းခြင်းနယ်ပယ် နဝမအဆင့်...ခင်ဗျား ဘယ်လိုတောင် လေ့ကျင့်ခဲ့တာလဲ"
လုယွီ၏အသံက ရှလုံထျန်း၏နောက်မှ ထွက်ပေါ်လာသည်။
ရှလုံးထျန်းသည် ရုတ်တရက် သူ၏လည်ပင်းစီသို့ တိုးဝင်လာသည့် ကြီးမားသည့်ခွန်အားကိုခံစားနေရသည်။ ရုတ်ချည်းဆိုသလိုပင် ရှလုံထျန်း၏ခန္ဓာကိုယ်တစ်ခုလုံး ချာချာလည်သွားပြီး သူ၏မျက်စိရှေ့မှ အရာရာတိုင်းသည်လည်း ချာချာလည်နေလေ၏။
ဘုန်း....
ညည်းတွားသံတစ်သံနှင့်အတူ ရှလုံထျန်း လွင့်စင်ထွက်သွားခဲ့သည်။
ရှလုံထျန်းသည် နန်းတော်နံဘေးရှိ နန်းဆောင်ငယ်တစ်ခုပေါ်သို့ တည့်တည့်ကျဆင်းသွားလေသည်။ တောင့်တင်းခိုင်မာပုံရသည့် နန်းဆောင်ငယ်သည် ရှလုံထျန်းကြောင့် ကျိုးပဲ့သွားပြီး တခဏအချိန်မှာပင် ပြိုလဲကျသွားကာ အပျက်အစီးများအဖြစ်သို့ ပြောင်းလဲသွားသည်။
ထိုအချိန်တွင် မီးခိုးနှင့်ဖုန်မှုန့်များက ဘက်ပေါင်းစုံသို့ လွင့်စင်ထွက်သွားလေ၏။
"မဖြစ်နိုင်ဘူး....ဘယ်လိုလုပ် ငါရဲ့ဓားပျံတွေနဲ့ရိုက်ခတ်မိတာတောင် မင်းက မတ်တတ်ရပ်နိုင်သေးတာလဲ"
ရှလုံထျန်းက အံ့အားသင့်တုန်လှုပ်စွာဖြင့် ရေရွတ်မိသည်။ သူက နဝမအဆင့်အမြူ တေဖွဲ့စည်းခြင်းနယ်ပယ် ထိပ်သီးကျွမ်းကျင်သူတစ်ယောက် ဖြစ်ပါလျက်နှင့် မည်သည်ကြောင့် ဤကလေးတစ်ယောက်ကို မကိုင်တွယ်နိုင်ရသနည်း။
လုယွီ၏အဝတ်အစားမျာသည် ဓားပျံများကြောင့် ပြတ်တောက်နေသော်လည်း သူ၌ထိခိုက်ဒဏ်ရာများ ရှိမနေချေ။ သူက လေထုအတွင်း၌ မတ်တတ်ရပ်နေပြီး သူ၏ခြေထောက်အောက်တွင် ခေါင်းဖြတ်ဆေဘာဓားရှိနေခဲ့သည်။
"ကောင်လေး...သေစမ်း"
လုယွီက အကောင်းပကတိရှိနေသည်ကိုမြင်ရသော ရှလုံထျန်းက ကူရာကယ်ရာမဲ့စွာဖြင့် ဒေါသအကြီးအကျယ်ထွက်နေခဲ့သည်။ သူက မြေပြင်ပေါ်တွင် ခြေဆောင့်နင်းလိုက်ရာ အစွမ်းထက်သည့်လေစီးကြောင်းက သူ၏ခြေထောက်အောက်တွင်ထွက်ပေါ်လာပြီး လုယွီထံသို့ တည့်တည့်ခုန်ဝင်လိုက်သည်။
"အမြူ တေဖွဲ့စည်းခြင်းနယ်ပယ် နဝမအဆင့်ကို ဆေးဝါးအကူအညီနဲ့ ရောက်ရှိခဲ့တဲ့လူပဲ...ခင်ဗျားက ဟန်ပြပဲရှိတဲ့သူတစ်ယောက်ထက် မပိုဘူး"
လုယွီက တည်ငြိမ်အေးဆေးစွာဖြင့် ရှလုံထျန်း၏ကျင့်ကြံမှုကို မှတ်ချက်ပြုလိုက်လေ၏။
ရှလုံထျန်းကို လူအများက သိုင်းနတ်ဘုရားအဖြစ်တင်စားကြသည်။ မည်သည်ကြောင့် ဤကဲ့သို့လူငယ်တစ်ယောက်က သူကိုတန်ဖိုးဖြတ်နေခြင်းအပေါ် သည်းခံနိုင်မည်နည်း။
ဘုန်း....
ရှလုံထျန်းသည် ကျန်းချီပမာဏအမြောက်အများကို ထိန်းချုပ်ပြီး ကြီးမားသည့်ဓားပျံကြီးတစ်ချောင်းကို ဖွဲ့စည်းလိုက်သည်။
ထိုဓားသည် အနည်းဆုံး ခြောက်မီတာခန့်ရှည်လျား၏။ ထိုထူးခြားသည့်ဓားပျံကြီး၏ပတ်လည်တွင် ကျန်းချီများက လေထုကိုအထက်ဘက်သို့ တိုက်ခတ်နေပုံမြင်နေရသည်။
"ငါအတွက် ဖြတ်တောက်လိုက်စမ်း"
ရှလုံထျန်းက လုယွီအားညွှန်ပြလိုက်လေ၏။
ဓားပျံကြီးက တဝီဝီမြည်သံကြီးနှင့်အတူ လုယွီထံသို့ ပျံဝဲ၍ဝင်သွားခဲ့သည်။
"ဒါက ဟာကွက်တွေအပြည့်ပဲ"
လုယွီက ခေါင်းခါယမ်း၍ သူ၏လက်ကိုဆန့်ထုတ်ပြီး ကျန်းချီဓားကြီးကို သူ၏လက်ဖြင့် ဆုပ်ဖမ်းလိုက်သည်။
Chapter 182
ဟမ္....
ကျင့်ကြံသူတစ်ချို့သည် ကူရာကယ်ရာမဲ့စွာဖြင့် သူတို့၏မျက်လုံးများကိုပွတ်သပ်နေကြပြီး သူတို့၏ရှေ့၌ဖြစ်ပျက်နေသည့်ကိစ္စရပ်များကို ယုံကြည်နိုင်စွမ်းမရှိကြချေ။
ထိုဓားချီသည် အမြူ တေဖွဲ့စည်းခြင်းနယ်ပယ်၏စွမ်းအားအကုန်ဖြင့် ထိုးနှက်ချက်ဖြစ်သည်။ သူတို့၏ရှေ့မှကောင်လေးက ထိုဓားချီကို လက်ချည်းသက်သက်ဖြင့် ဟန့်တားလိုက်သလော။
လုယွီက ရှလုံထျန်းကို အေးတိအေးစက်ကြည့်လိုက်၏။ သူက လက်ဝါးအတွင်းသို့ အင်အားတစ်ချို့ ထပ်မံစိုက်ထုတ်လိုက်ရာ ကျန်းချီဓားပျံကြီး၏မျက်နှာပြင်သည် ချက်ချင်းပင် အပိုင်းပိုင်းအစစကွဲထွက်သွားပြီး တုန်ခါနေသောအက်ကွဲသံကြီးများ အတွဲလိုက်ထွက်ပေါ်လာသည်။
ခရက်....ခရက်
ကျန်းချီဓားပျံကြီးသည် အက်ကွဲသံများနှင့်အတူ လွင့်ပြယ်သွားခဲ့သည်။ ရုတ်ချည်းဆိုသလိုပင် လုယွီ၏ပုံရိပ်သည် မီးခတ်ကျောက်မှမီးတစ်ပွင့်ခတ်ထုတ်ချိန်အတောအတွင်းမှာပင် လျှပ်ပြက်သလို ရှလုံထျန်း၏ရှေ့၌ ထွက်ပေါ်လာသည်။
"ကောင်လေး....မင်းက အတော်စွမ်းဆောင်နိုင်တာပဲ"
နောက်ဆုံးတွင်မူ ရှလုံထျန်း၏မျက်လုံးများအတွင်းတွင် အလေးအနက်ထားသည့်အရိပ်အယောင်များ ထင်ဟပ်လာသည်။ သူ၏ခန္ဓာကိုယ်မှ စမ်းချောင်းကဲ့သို့ ကျန်းချီလှိုင်းလုံးကြီးများ တလိမ့်လိမ့်စီးဆင်းနေပြီး ချက်ချင်းပင် လုယွီထံသို့ ပစ်လွှက်လိုက်သည်။ ရှလုံထျန်း၏ခန္ဓာကိုယ်ပေါ်တွင် မှိန်ပျပျရွှေရောင်အလင်း တောက်ပနေလေ၏။
ရွှေရောင်အလင်းတန်းက ရှလုံထျန်း၏ပုံရိပ်ကို လွှမ်းခြုံထားသည်။ ရွှေရောင်အလင်းတန်းများအကြားမှ ရှလုံထျန်းသည် အဆပေါင်းများစွာပို၍ ကြီးမားလာလေ၏။
"ဒါက စစ်နတ်ဘုရားဂိုဏ်းရဲ့ဂိုဏ်းခေါင်းဆောင် အသုံးပြုခဲ့တဲ့ မန္တန်နဲ့အတူတူပဲ"
လုယွီ၏အကြည့်သည် အသည်းအသန်ဖြစ်စပြုလာသည်။
"စစ်နတ်ဘုရားဂိုဏ်းရဲ့ဒီနည်းစနစ်က ငါစီက ဆင်းသက်လာတာပဲ"
ရွှေရောင်အလင်းတန်းများ လွှမ်းခြုံထားသည့် ရှလုံထျန်းသည် ကျယ်လောင်သောကြံုးဝါးသံနှင့်အတူ သူ၏ဘေးပတ်ဝန်းကျင်ရှိလေထုသည် စတင်၍တုန်ခါလာခဲ့သည်။
"ကောင်းကင်ဘုံ...ဒါက အင်မော်တယ်တစ်ယောက်ရဲ့စွမ်းအင်လား"
"ငါတို့ အရိုအသေပြုနေရတဲ့ စစ်နတ်ဘုရားကို မင်း မေ့သွားပြီလား...စစ်နတ်ဘုရားကနေပြီး ဒီစစ်နတ်ဘုရားဂိုဏ်းကို ကိုယ်တိုင်ကိုယ်ကျ တည်ထောင်ခဲ့တာလေ"
"ဒီအင်မော်တယ်ရဲ့ခမ်းနားကြီးကျယ်မှုကိုကြည့်ပါအုံး....သူနဲ့စစ်နတ်ဘုရားက အမှန်တစ်ကယ်ကို တူညီတဲ့ပုံရိပ်တစ်ချို့ရှိတယ်"
လုယွီနှင့်ရှလုံထျန်းတို့၏တိုက်ပွဲကို အဝေးမှကြည့်ရှုနေကြသည့် ဝန်ကြီးများအုပ်စုသည် ပြာအက်နေသည့်အသံများဖြင့် ဆွေးနွေးပြောဆိုနေကြ၏။
လုယွီ၏မျက်လုံးများသည် အေးစက်တင်းမာမှုသို့ ပြောင်းလဲသွားပြီး သူ၏အရှိန်အဝါသည်လည်း ပြောင်းလဲသွားလေသည်။
"စွမ်းအားဌားယူတာလား...ခင်ဗျားက အများကြီးလိုသေးတယ်"
လုယွီသည် ထူးဆန်းပြီး နားလည်ရန်ခက်ခဲသည့် မန္တန်တစ်ပုဒ်ကို ရုတ်တရက်ရွတ်ဖတ်ပြီးနောက် သူ၏ခန္ဓာကိုယ်မှနေ၍ အနက်ရောင်အော်ရာများ ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။
အနက်ရောင်အခိုးအငွေ့များအထက်ရှိ ပါးလွှာသောလေထုအတွင်းတွင် လွန်စွာကြီးမားသည့်ပုံရိပ်ကြီးတစ်ခု တည်ရှိနေလေသည်။ ကြမ်းကြုတ်ရက်စက်ပုံရသည့် ဧရာမနတ်ဘုရားရုပ်ထုကြီးသည် သူ၏အစွယ်များကိုထုတ်၍ ရှလုံထျန်းနှင့် မျက်နှာချင်းဆိုင်လိုက်သည်။
"အဲ့ဒီ မန္တန်က ဘယ်လိုဟာမျိုးလဲ"
ရှလုံထျန်းသည် ဟန်မဆောင်နိုင်တော့ဘဲ အန္တရာယ်ကျရောက်တော့မည့်အာရုံကို ခံစားမိသည်။ သူ၏မသိစိတ်မှနေ၍ သူရှေ့ရှိလူငယ်သည် အလွန်အမင်းအန္တရာယ်များကြောင်း ပြောနေလေသည်။
ဤအရာက မည်သို့ဖြစ်နိုင်မည်နည်း...ထိုကောင်လေးက အသက်မည်မျှကြီးသေးလို့နည်း...
"မဖြစ်နိုင်ဘူး...ဘယ်လိုလုပ် ငါလိုလူမျိုးက...ငါရဲ့စစ်နတ်ဘုရားက မင်းလိုကလေးတစ်ယောက်ကို ကြောက်ရွံရမှာလား"
ရှလုံထျန်းက စိတ်အတွင်းမှနေ၍ ကြွေးကြော်လိုက်ပြီး သူကိုယ်သူအားတင်း၍ လုယွီထံသို့ ဓားဖြင့်ထိုးသွင်းလိုက်သည်။
ဝွစ္...
လေထုကို ထွင်းဖောက်လာသည့်အသံ မြည်ဟီးလာပြီးနောက် ဓားပျံသည် လုယွီ၏ရှေ့သို့ လျှပ်ပြက်သလို ရောက်ရှိခဲ့သည်။
ဓားပျံသည် လုယွီ၏အနားသို့ ရောက်ရှိလာစဉ်တွင် လုယွီက သူ၏မျက်လုံးများကိုဖွင့်လိုက်သည်။
"အရာအားလုံးကို သုတ်သင်ဖယ်ရှားမယ်...မြေအောက်လောကနတ်ဘုရား ဆင်းသက်လာစေ"
လုယွီက အေးစက်စက်နှာမှုတ်လိုက်၏။ သူ၏နောက်ရှိ ပုံရိပ်ကြီးမှ ရှလုံထျန်းကိုဦးတည်၍ လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်သည်။
ဘုန်း....
လုယွီက အရင်ဆုံးဓားပျံများနှင့် ရင်ဆိုင်ဆုံတွေ့မိသည်။ ခန့်ညားစွာပျံဝဲနေသည့် ဓားပျံများသည် လုယွီ၏ပုံရိပ်မှထွက်ပေါ်လာသည့်အလင်းတန်းများ၏အောက်တွင် ကြေမွလွယ်သော စက္ကူ တစ်ချပ်ဖြင့်သာ တူညီနေသည်။
ရလဒ်အနေဖြင့် ရှလုံထျန်းသည် ဒဏ်ရာရရှိသွားပုံရပြီး သွေးများအန်ထုတ်လိုက်လေ၏။ သူက အမှန်တစ်ကယ်ပင် အပြင်းအထန်ဒဏ်ရာရရှိသွားပုံပေါ်သည်။
"ဆေးစွမ်းအား မြှင့်တင်ခြင်း"
ရှလုံထျန်းက ကျယ်လောင်စွာအော်ဟစ်လိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်ပတ်လည်ရှိ ရွှေရောင်အလင်းတန်းသည် ပို၍တောက်ပလာခဲ့သည်။ ရှလုံထျန်း၏နဖူးပြင်မှ ရွှေရောင်အမြူ တေတစ်ခု မျောလွင့်ထွက်ပေါ်လာလေ၏။
ထိုအမြူ တေထွက်ပေါ်လာချိန်တွင် ရှလုံထျန်း၏အော်ရာသည် ယခင်နှင့်မတူဘဲ အလွန်ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းလာလေသည်။
သူ၏အော်ရာသဘ်လည်း ကမ္ဘာမြေသင်္ကေတနယ်ပယ်၏အော်ရာဖြင့် လွန်စွာနီးကပ်နေပေသည်။ အမြူ တေ၏မျက်နှာပြင်ပေါ်တွင် သဘာဝအတိုင်းဖြစ်ပေါ်နေသည်နှင့်တူညီသော သစ်ရွက်တစ်ရွက်ရှိနေသည်။
"ဒါက ကျင်းထန်သစ်ရွက်တစ်ရွက်ပဲ....ဘယ်လိုကြောင့် ငါရှေ့မှာလာပြီးတောက်ပနေဝံ့တာလဲ"
လုယွီက ကျင်းထန်သစ်ရွက်(သက်စောင့်သစ်ရွက်)ကိုမြင်သော်လည်း ဂရုစိုက်ခြင်းမရှိချေ။
ရှလုံထျန်းသည် ဒေါသများရောယှက်နေသောအသံဖြင့် အော်ဟစ်လိုက်၏။
"ကောင်လေး....မောက်မာဖို့မကြိုးစားစမ်းနဲ့...သေစမ်း"
"သေသင့်တဲ့သူက ခင်ဗျားပဲ"
လုယွီ၏မျက်နှာအမူအယာသည် ရေခဲတမျှအေးစက်နေပြီး သူက လက်ဝါးကိုဆန့်ထုတ်၍ ရှလုံထျန်းအား အပြင်းအထန်ရိုက်လိုက်သည်။
Chapter 183
ဘုန်း
ကောင်းကင်ယံမှ ကျယ်လောင်သည့်အသံတစ်သံ ထွက်ပေါ်လာသည်။
ဝန်ကြီးတစ်ချို့သည် မိုးခြိမ်းသံတမျှကျယ်လောင်သည့်အသံကြောင့် ထိတ်လန့်သွားကြသည်။ တစ်ချို့ဝန်ကြီးများဆိုလျှင် သူတို့၏နားများကိုဖုံးအုပ်၍ မြေပြင်ပေါ်၌လူးလိမ့်နေလေ၏။ "အူး...."
ကျင့်ကြံသူများပင်လျှင် ယခုမြင်ကွင်းကိုကြည့်ပြီး သူတို့၏စိတ်တုန်ရီလာသကဲ့သို့ ခံစားရသဖြင့် ကျန်းချီများကိုအသုံးပြု၍ သူတို့၏စိတ်ကိုကာကွယ်လိုက်ကြသည်။
"ဒီကလေးက မဟာအကြီးအကဲနဲ့တောင် လက်ရည်တူယှဉ်ပြိုင်နိုင်ပါလား"
စစ်နတ်ဘုရားဂိုဏ်းမှကျင့်ကြံသူများ၏မျက်လုံးများတွင် အံ့အားသင့်တုန်လှုပ်မှုများထင်ဟပ်နေသည်။
ဤသူသည် သူတို့၏ အမြူ တေဖွဲ့စည်းခြင်းနယ်ပယ် နဝမအဆင့်ဖြစ်သော မဟာအကြီးအကဲဖြစ်ပေသည်။ ထိုသူမျိုးက လူငယ်တစ်ယောက်အားကိုင်တွယ်နိုင်စွမ်းမရှိချေ။ လူငယ်က မဟာအကြီးအကဲကို ဖိနှိပ်နေသကဲ့သို့ပင် ကျင့်ကြံသူအုပ်စုက ခံစားနေမိသည်။
"စစ်နတ်ဘုရားဂိုဏ်းက သူတို့ခွန်အားကိုတိုးမြှင့်ဖို့ ထင်ယောင်ထင်မှားနတ်ဘုရားရဲ့စွမ်းအားကို ဌားယူတဲ့နည်းစနစ်ကိုပဲ အသုံးပြုကြတယ်"
လျှပ်ပြက်သလိုမြန်ဆန်သည့်အကြည့်တစ်ချက်ဖြင့်ပင် လုယွီက စစ်နတ်ဘုရားဂိုဏ်းမှနည်းစနစ်၏သော့ချက်ကို သိရှိသွားခဲ့သည်။
သူ၏အသိစိတ်ပင်လယ်တွင် မြေအောက်လောကတာအိုသခင်၏မှတ်ဉာဏ်များအပြင် ကောင်းကင်ဘုံအင်ပါယာ၏တန်ဖိုးကြီးသောမှတ်ဉာဏ်များလည်း ရောယှက်နေသည်။
ပင်လယ်လေးခု...ကျယ်ပြောသောစကြာဝဠာ အပြင် မြောက်များစွာသည့် ကျင့်ကြံနည်းစနစ်များသည် သူ၏လက်အတွင်း၌ရှိနေသည်။
"ခင်ဗျားရဲ့ ဌားယူခြင်းနည်းစနစ်က အပြင်ခွန်အားပေါ်ကို မှီခိုနေရတာ...ကျုပ်က သရဲတစ္ဆေတွေနဲ့နတ်ဘုရားတွေကို အမိန့်ပေးပြီး ဌားယူခဲ့တာ...အနှစ်သာရခြင်းကွာခြားလွန်းတယ်"
လုယွီက ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်ချိန်တွင် သူ၏နောက်ရှိ မြေအောက်လောကနတ်ဘုရား၏ဧရာမပုံရိပ်ကြီးမှ နားအူမတတ်အော်ဟစ်လိုက်သည်။
"ဝီ...ဝီ...."
ရှလုံထျန်းသည် သူ၏နားစည်များကြေမွတော့မည်ကဲ့သို့ ခံစားနေရ၏။ သူက ချက်ချင်းပင် ကျန်းချီများကိုလှည့်ပတ်၍ သူ၏ဒွာရကိုးပေါက်ကို ပိတ်ဆို့ကာကွယ်လိုက်သည်။
သို့ရာတွင် ထိုအစွမ်းထက်သည့်အသံကြီး၏ ရိုက်ခတ်မှုကြောင့် သူ၏စစ်နတ်ဘုရားပုံရိပ်မှ ရွှေရောင်အလင်းတန်းများသည် မှေးမှိန်ပြီး လှုပ်ခတ်လာလေ၏။
"မင်းမှာ ဒီလိုအစွမ်းထက်တဲ့မန္တန်မျိုးရှိနေတာ...မင်း ဘယ်သူလဲ"
ရှလုံထျန်းက ဗလုံးဗထွေးအသံဖြင့် အော်ဟစ်လိုက်သည်။
အမှန်အကန်ကိုပင် သူက အလွန်စိတ်ထိခိုက်နေခဲ့သည်။ စစ်နတ်ဘုရားဂိုဏ်းကို သူ၏တပည့်ရှကူးထံသို့လွှဲအပ်ပြီး ရှလုံထျန်းသည် ကျင့်ကြံမှုတွင်သာ အာရုံစူးစိုက်ခဲ့ခြင်းကြောင့်သာ သူကအမြူ တေဖွဲ့စည်းခြင်းနယ်ပယ်နဝမအဆင့်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
ဤကျင့်ကြံခြင်းအဆင့်သည် ရှလုံထျန်းအား တောင်ပိုင်းစွန့်ပစ်ကုန်းမြေရှိ ထိပ်သီးဂိုဏ်းကြီးများသို့ လှည့်လည်သွားရန် လုံလောတ်နေပြီဖြစ်သည်။ သူသည် ယခင်က လုယွီ၏နောက်ခံကို စူးစမ်းရှာဖွေခဲ့သော်လည်း ထိုကောင်လေးသည် သေမျိုးနိုင်ငံတစ်ခုမှ သာမာန်လူတစ်ယောက်ဟုသာ တွေ့ရှိခဲ့သည်။ ထိုကောင်လေးသည် မူလက ဉာဏ်ရည်မမှီသောအရူးတစ်ယောက်သာဖြစ်ပြီး တစ်ချို့သောအကြောင်းပြချက်များကြောင့် ရုတ်တရက်ဉာဏ်အလင်းပွင့်လာသည်ဟုသာ ကြားသိခဲ့ရသည်။
ကောင်လေးသည် သူထက်အဆများစွာသန်စွမ်းသည့် သိုင်းပညာရှင်များကိုသတ်ဖြတ်ခဲ့သည့်အပြင် သေမျိုးတစ်ယောက်၏ခွန်အားဖြင့် အင်မော်တယ်များကိုသတ်ဖြတ်ခဲ့သည်ဟုလည်း ကြားခဲ့သည်။
ရှလုံထျန်းသည် သာမာန်လူတစ်ယောက်သည် ရုတ်တရက် ဤကဲ့သို့အခြေအနေသို့မရောက်ရှိနိုင်ဟု ကောင်းစွာသိရှိလေ၏။
လုယွီဟူသောကောင်လေးသည် ကံကြမ္မာကောင်းတစ်ခုဖြင့်သာ ရင်ဆိုင်တွေ့ခြင်းမရှိလျှင် မည်သည့်နည်းဖြင့်အလွန်သန်မာလာမည်နည်း။
ဝေါင်း....
လုယွီ၏အထက်ရှိ ပုံရိပ်ကြီးထံမှ နောက်ထပ်နားအူလုမတတ်အသံကြီးကို ထုတ်လွှတ်လိုက်သည်။
ဤတစ်ကြိမ်တွင် ရှလုံထျန်းအားဝန်းရံထားသည့် စစ်နတ်ဘုရားပုံရိပ်မှ ရွှေရောင်အလင်းတန်းများသည် အပြည့်အဝပျောက်ကွယ်သွားခဲ့သည်။ သူ၏ခန္ဓာကိုယ်တွင် ပါးလွှာသည့်ကျန်းချီအကာအကွယ်အလွှာတစ်ခုသာ ကျန်ရစ်ပြီး ရှလုံထျန်း၏နောက်ဆုံးခုခံမှုလည်းဖြစ်ပေသည်။
ခရက်....ခရက်....
ရှလုံထျန်း၏နဖူးပေါ်ရှိ သက်စောင့်အမြူ တေ၏မျက်နှာပြင်တွင် အက်ကွဲကြောင်းများစတင်ထွက်ပေါ်လာလေ၏
"ငါရဲ့ သက်စောင့်အမြူ တေ ပျက်စီးတော့မယ်"
ရှလုံထျန်းသည် သူ၏စိတ်ဝိညာဉ်အတွင်းမှနေ၍ တုန်ရီသွားခဲ့သည်။
အမြူ တေဖွဲ့စည်းခြင်းနယ်ပယ်ရှိ ကျင့်ကြံသူများ၏ ကျင့်ကြံမှုအခြေခံများသည် ထိုသက်စောင့်အမြူ တေအတွင်းတွင်ပါဝင်နေသည်။ အကယ်၍ သူ၏သက်စောင့်အမြူ တေသာ ထိခိုက်ဒဏ်ရာရရှိသွားလျှင် သူ၏အနာဂတ်ကျင့်ကြံမှုကိုထိခိုက်နိုင်သည်သာမက လက်ရှိကျင့်ကြံမှုအဆင့်လည်း ကျဆင်းသွားနိုင်သည်။
ရှလုံထျန်းသည် မူလက သူ၏သက်စောင့်အမြူ တေကိုထုတ်သုံးရခြင်းမှာ လုယွီအား ထိခိုက်စေလို၍ဖြစ်သည်။ ယခုလက်ရှိတွင် သူ ရှုံးနိမ့်ခဲ့ပြီဖြစ်၍ သူ၏သက်စောင့်အမြူ တေလည်း ထိခိုက်ဒဏ်ရာရရှိမည်ဖြစ်ပေ၏။
"ထြက္သြားမယ္"
ရှလုံထျန်းက တိကျပြတ်သားသည့်ဆုံးဖြတ်ချက်ချလိုက်သည်။ သူ၏လက်ချောင်းထိပ်မှ သင်္ကေတအဆောင်တစ်ခုထွက်ပေါ်လာပြီးနောက် ပြင်းထန်သည့်လေဟာနယ်စွမ်းအားကို ထုတ်လွှတ်လိုက်လေ၏။
ထိုလေဟာနယ်စွမ်းအားသည် ရှလုံထျန်းအား ချက်ချင်းပင်လွှမ်းခြုံသွားပြီး သူကိုယ်သူ လုံကျင်းနှင့်အဝေးတစ်နေရာသို့ ထွက်ပြေးချင်ခဲ့သည်။
"ခင်ဗျားက ထွက်သွားချင်တာလား"
လုယွီက ဒေါသတကြီးအော်ငေါက်လိုက်၏။
လုယွီနောက်မှ မြေအောက်လောကနတ်ဘုရားပုံရိပ်ကြီးထံမှ လက်တစ်ဖက်ဆန့်ထွက်လာပြီး လေဟာနယ်အဆောင်ကိုအသုံးပြု၍ ထွက်ခွာရန်ဟန်ပြင်နေသည့် ရှလုံထျန်းကို အင်ပြည့်အားပြည့် ဆွဲထားလေ၏။
ထို့နောက် လုယွီက လက်ညှိုးညွှန်လိုက်သည်။
နတ်ဘုရားပုံရိပ်ကြီးသည်လည်း သူ၏လက်ညှိုးကို ရှလုံထျန်း၏နဖူးသို့ ညွှန်ပြလိုက်သည်။
ဤအခြင်းအရာက စက္ကူ တစ်ရွက်ကို ချွန်ထက်သည့်ဓားဖြင့်ထိုးဖောတ်သည်နှင့် တူညီနေသည်။
ရှလုံထျန်း၏ဦးခေါင်းသည် ကျယ်လောင်သောမြည်သံကြီးနှင့်အတူ ပေါက်ကွဲသွားပြီး လေထုအတွင်းတွင် သွေးမြူ များပြန့်ကြဲသွားလေ၏။
Chapter 184
"ဝွစ္"
ရှလုံထျန်း၏ကျိုးကြေနေသော ရုပ်အလောင်းမှနေ၍ သက်စောင့်အမြူ တေထွက်ပေါ်လာသည်။ သက်စောင့်အမြူ တေ၏မျက်နှာပြင်သည် မှုန်မှိုင်းနေပြီး အက်ကွဲကြောင်းများစွာရှိနေလေသည်။
္စ"ခင်ဗျား ဘယ်နေရာသွားမှာလဲ"
လုယွီက ရုတ်တရက်ကြုံးဝါးလိုက်ပြီး လေထုအတွင်းပျံဝဲကာ အောက်သို့ကျဆင်းနေသည့်သက်စောင့်အမြူ တေကို လက်ညှိုးထိုးလိုက်သည်။
ဝွစ္....
လေထုအား ချိုးဖျက်သံကြီး မြည်ဟီးလာလေ၏။ သက်စောင်အမြူ တေက လုယွီ၏လက်အတွင်းသို့ ခိုင်မြဲစွာကျရောက်သွားပြီး ရွေ့လျားနိုင်ခြင်းမရှိတော့ချေ။
လုယွီ၏လက်အတွင်းသို့ကျရောက်နေသည့် သက်စောင့်အမြူ တေသည် အဆတ်မပြတ်တုန်ခါနေပြီး သူ၏ချုပ်ကိုင်ထားမှုမှ လွတ်မြောက်နိုင်ရန် ရုန်းကန်နေပေ၏။
"တစ်ကယ်လို့ ခင်ဗျား တစ်စုံတစ်ယောက်ကို အပြစ်တင်ချင်တယ်ဆိုရင်....ကျုပ်ရဲ့အဖေကို နယ်ရုပ်တစ်ရုပ်လို အသုံးပြုတဲ့ ခင်ဗျားရဲ့စစ်နတ်ဘုရားဂိုဏ်းကိုပဲအပြစ်တင်ပေတော့"
လုယွီက သူ၏လက်ကိုတင်းတင်းဆုပ်လိုက်ရာတွင် သက်စောင့်အမြူ တေသည် အပိုင်းပိုင်းအစစပေါက်ကွဲထွက်သွားလေ၏။
လေထုအတွင်းတွင် ငိုကြွေးမြည်တမ်းသံထွက်ပေါ်လာသော်လည်း မျက်စိတစ်မှိတ်စာအချိန်အတွင်းမှာပင် ပျောက်ကွယ်သွားခဲ့သည်။ ဤအရာက ရှလုံထျန်း၏အစစ်အမှန်သေခြင်းဟု ယူဆနိုင်ပေသည်။
ရှလုံထျန်း၌ ပြန်လည်မွေးဖွားခြင်းစက်ဝန်းသို့ ဝင်ရောက်နိုင်ရန်ပင် အခွင့်အရေးမရှိတော့ချေ။
လုယွီ၏ခန္ဓာကိုယ်အထက်မှ မြေအောက်လောကနတ်ဘုရားပုံရိပ်ကြီးလွင့်ပြယ်သွားသော်လည်း ဖိအားတစ်ရပ်က ကြွင်းကျန်နေသေးသည်။
"စီနီယာ...ကျွန်တော်တို့...."
ရှလုံထျန်း၏နောက်သို့လိုက်ပါလာကြသည့် စစ်နတ်ဘုရားဂိုဏ်းမှ ကျင့်ကြံသူများ၏မျက်နှာများတွင် ရှက်ရွံသိမ်ငယ်မှုများရှိနေသည်။
ရှလုံထျန်းသည် စစ်နတ်ဘုရားဂိုဏ်း၏အစွမ်းထက်ဆုံး ထိပ်သီးကျွမ်းကျင်သူဖြစ်သည်။ သူက လုယွီ၏ပြိုင်ဘက်မဖြစ်နိုင်ဟု သူတို့ မျှော်လင့်ထားခြင်းမရှိချေ။ သူတို့အများစုသည် လုံချီနယ်ပယ်ကျင့်ကြံသူများဖြစ်ပေ၏။ သူတို့၏ကျင့်ကြံမှုအဆင့်သည် လုယွီထက်ပို၍မြင့်မားသော်လည်း မည်သူကမျှတိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိပေ။
"ခင်ဗျား....ဒီကိုလာခဲ့"
လုယွီက ကျင့်ကြံသူတစ်ယောက်ကို လက်ညှိုးညွှန်လိုက်သည်။ ထိုကျင့်ကြံသူသည် တာလျန့်နိုင်ငံတော်၏အရေးကိစ္စတွင် တာဝန်ခံဖြစ်သည်။ လုယွီက သူအားလက်ညှိုးညွှန်လိုက်သည်ကိုမြင်ချိန်တွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံး တသိမ့်သိမ့်တုန်သွားခဲ့သည်။
သို့သော် သူက လုယွီ၏အမိန့်ကို မနာခံဘဲမနေဝံ့လေရာ သူက ဂရုတစိုက်လျှောက်လှမ်းသွားလိုက်သည်။
"ခင်ဗျားတို့ စစ်နတ်ဘုရားဂိုဏ်းမှာ တစ်ခြားတာဝန်ခံမယ့်သူရှိသေးလား"
လုယွီက လေးနက်သောအသံဖြင့် မေးမြန်းလိုက်၏။
ထိုကျင့်ကြံသူက လုယွီကို ကြောက်ရွံမှုအပြည့်ဖြင့်ကြည့်ပြီး သူက ခါးသက်သက်ပြုံးလိုက်လေ၏။
"ဂိုဏ်းကို တာဝန်ယူထားတဲ့သူတွေက ဂိုဏ်းခေါင်းဆောင်နဲ့မဟာအကြီးအကဲပဲရှိတာပါ....တစ်ခြားအကြီးအကဲတွေက သီးခြားကျင့်ကြံနေတာများတယ်"
"ပြန်သွားပြောလိုက်...သီးခြားတံခါးပိတ်ကျင့်ကြံနေသူတွေကို ထပ်ပြီးကျင့်ကြံဖို့မလိုတော့ဘူးလို့...စစ်နတ်ဘုရားဂိုဏ်းက ကျုပ်ရဲ့အဖေကို အပေါင်ပစ္စည်းအဖြစ်စီမံခဲ့မှတော့ ကျုပ်က စစ်နတ်ဘုရားဂိုဏ်းကို မဖျက်ဆီးရရင် အရမ်းစိတ်မကောင်းဖြစ်မိမယ်ဆိုတာပြောလိုက်"
လုယွီက သူ၏လက်ချောင်းနှစ်ချောင်းကိုထောင်ပြီး အေးစက်စက်ပြောဆိုလိုက်သည်။
"ကျုပ် ခင်ဗျားတို့ကို ရွေးချယ်စရာနှစ်ခုပေးမယ်...တစ်ခုက ပြန်သွားပြီးစစ်နတ်ဘုရားဂိုဏ်းကို ဖျက်သိမ်းရမယ်...အခုချိန်ကစပြီး တောင်ပိုင်းစွန့်ပစ်ကုန်းမြေမှာ စစ်နတ်ဘုရားဂိုဏ်းက ဘယ်ကျင့်ကြံသူကိုမှ ကျုပ်မမြင်ချင်ဘူး"
အင်မော်တယ်ဂိတ်တံခါးကို ဖျက်သိမ်းရမည်ဟုဆိုလိုက်သလော...
ကျင့်ကြံသူများသည် စိတ်ပိုင်းဆိုင်ရာအရပြင်ဆင်ထားသော်လည်း ဤသတင်းကိုကြားရချိန်တွင် သူ၏စိတ်နှလုံးသားတစ်ခုလုံးတုန်ခါသွားခဲ့သည်။
စစ်နတ်ဘုရားဂိုဏ်းသည် အဆင့်နိမ့်အင်မော်တယ်ဂိုဏ်းသာဖြစ်သော်လည်း သမိုင်းကြောင်းရှည်ကြာခဲ့ပြီဖြစ်သည်။ သို့သော် သူတို့၏ဂိုဏ်းသည် လူငယ်တစ်ယောက်ကြောင့် ဤကဲ့သို့ဖျက်ဆီးခံရမည်ဟု မည်သည့်အချိန်ကမျှ မျှော်လင့်မထားမိချေ။
"ကျုပ် ခင်ဗျားတို့ကို ရွေးချယ်စရာ နောက်ထပ်လမ်းကြောင်းတစ်ခုပေးမယ်...ဒါက ခင်ဗျားတို့ လုမိသားစုရဲ့ဧည့်စစ်သည်တော်အဖြစ်နေပေးရမယ်...တစ်ကယ်လို့ ခင်ဗျားတို့ စစ်နတ်ဘုရားဂိုဏ်းကသူအားလုံး ကျုပ်တို့လုမိသားစုနဲ့ပတ်သတ်နေမယ်ဆိုရင်တော့ ခင်ဗျားတို့ရဲ့စစ်နတ်ဘုရားဂိုဏ်းကို ဖျက်သိမ်းစရာမလိုဘူး...အခုချိန်ကစပြီး စစ်နတ်ဘုရားဂိုဏ်းက လုမိသားစုကိုဝင်ရောက်ရမယ်...ပြီးတော့ ခင်ဗျားတို့က နှစ်စဉ်နှစ်တိုင်း လုံလောတ်တဲ့အခွန်အခပေးရမယ်"
ဧည့်စစ်သည်တော်...
ကျင့်ကြံသူ၏မျက်လုံးများ ပြူ းကျယ်နေပြီး လုယွီကို မယုံကြည်နိုင်ဟန်ဖြင့် ကြည့်ရှုနေမိသည်။
"မင်းက ငါတို့ကိုသေမျိုးမိသားစုတစ်စုကို ဝင်စေချင်ပြီး ငါတို့ရဲ့အပြစ်ကိုဝန်ခံခိုင်းတာလား"
ကျင့်ကြံသူက အချိန်တခဏအကြာမှသာ စကားပြောဆိုနိုင်သည်။ ထိုစကားပြောချိန်တွင် သူတို့ကိုအလွန်အမင်းအနိုင်ကျင့်ခံနေရသည်ဟုယူဆမိသဖြင့် သူ၏မျက်နှာနီမြန်းနေလေသည်။
ယခင်က သေမျိုးနိုင်ငံများကသာ အင်မော်တယ်ဂိတ်တံခါးကို ထောက်ပံမှုများပေးကမ်းရသည့်အဖြစ်သာရှိခဲ့သည်။ ယခု အခြေအနေက ပြောင်းပြန်ဖြစ်လာသလော။
သို့သော် လုယွီက ကျင့်ကြံသူပြောသည်ကို သဘောတူညီပုံမရဘဲ တည်ငြိမ်စွာဖြင့်ပြောဆိုလိုက်သည်။
"လမ်း...ကျူပ် ခင်ဗျားတို့ကို လမ်းကြောင်းရွေးချယ်ခိုင်းပြီးပြီ....ဘာရွေးချယ်မယ်ဆိုတာ ခင်ဗျားတို့ကိစ္စပဲ"
ကျင့်ကြံသူ၏မျက်နှာသည် အပြည့်အဝနီမြန်းနေသော်လည်း လုယွီ၏ရှေ့၌ငြင်းဆန်ပြောဝံ့သည့်သတ္တိမရှိချေ။ သူက ရှလုံထျန်း၏အလောင်းကို သယ်ဆောင်၍သာ တိတ်တဆိတ် ထွက်ခွာလိုက်တော့သည်။
"အဖေ...အဆင်ပြေရဲ့လား"
ကောင်းကင်ယံမှ ဆင်းသက်လာသည့် လုယွီတွင် မည်သည့်ထိခိုက်ဒဏ်ရာမျှရရှိထားခြင်းမရှိချေ။
"ကောင်းတယ်...ကောင်းတယ်...ကောင်းတယ်"
လုခိုင်ရှမ်၏မျက်လုံးများ ဝင်းလက်တောက်ပနေပြီး သူ၏သားထံသို့လျှောက်လှမ်းလာကာ သားဖြစ်သူ၏ပခုံးအား ပုတ်လိုက်လေသည်။
Chapter 185
"လုယွီက စစ်နတ်ဘုရားဂိုဏ်းရဲ့မဟာအကြီးအကဲကို တစ်ကယ်သတ်ပစ်မယ်လို့ ငါ ထင်မထားမိဘူး"
"အဲ့သူက ဂိုဏ်းခေါင်းဆောင်ထက်တောင် အဆင့်မြင့်တဲ့ စစ်နတ်ဘုရားဂိုဏ်းရဲ့မဟာအကြီးအကဲလေ...လုယွီက သူကိုတောင်သတ်ပစ်နိုင်တယ်ဆိုမှတော့ သူရဲ့ကျင့်ကြံမှုအဆင့်က ဘယ်လောတ်တောင်ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းတဲ့နယ်ပယ်ကို ရောက်နေပြီလဲ"
မူလက သူတို့၏ကိုယ်ပိုင်အတွေးများနှင့် ပြန့်ကျဲနေကြသည့်ဝန်ကြီးများသည် ယခုချိန်တွင် သူတို့၏အတွေးများကိုဖယ်ရှားပြီး လုယွီကို ကြည်ညိုလေးစားမှုအပြည့်ဖြင့် ကြည့်ရှုလိုက်ကြသည်။
လုယွီ၏အကြည့်က ဘေးပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ကျရောက်သွားသည်။ လုယွီ၏အကြည့်ကျရောက်သည့် မည်သည့်ဝန်ကြီးမဆို သူတို့၏ခေါင်းများကို အောက်ငုံလိုက်ကြသည်။
"ဒီနေ့ကနေစပြီး...တာလျန့်နိုင်ငံတော်ရဲ့အရေးကိစ္စတွေဟာ ကျုပ်တို့လုမိသားစုနဲ့ဘာမှမသက်ဆိုင်တော့ဘူး....ခင်ဗျားတို့ရဲ့အင်ပါယာမင်းအသစ်ကို သွားပြီးနှုတ်ဆတ်ကြတော့"
လုယွီက တည်ကြည်လေးနက်သောအသံဖြင့် ပြောဆိုလိုက်လေ၏။
ဝန်ကြီးများသည် ထိုစကားသံကိုကြားကြားချင်း အစပထမတွင် ကြက်သေသေနေကြသော်လည်း တစ်ချို့ဖြတ်ထိုးဉာဏ်ရှိသူများကမူ အလျှင်အမြန်တုံပြန်လိုက်သည်။
လုမိသားစုသည် အင်မော်တယ်များကိုပင် ဧည့်စစ်သည်တော်အဖြစ် လက်ခံနေသည့်အတွင် သူတို့ကဲ့သို့သာမာန်သေမျိုးများသည် သူစိမ်းများသာဖြစ်မည်မှာ ပုံမှန်ကိစ္စရပ်ပင်ဖြစ်လေ၏။
လုယွီ၏ရှေ့တွင် မည်သူကမျှ အထွန့်တတ်ဝံ့ခြင်းမရှိချေ။ ဝန်ကြီးများအုပ်စုသည် အမိန့်နာခံသည့်အနေဖြင့် နန်းတော်အတွင်းသို့ဝင်၍ တာလျန့်နိုင်ငံတော်၏အင်ပါယာမင်းအသစ်ကို အရိုအသေပြုလိုက်ကြသည်။
******
လုံကျင်း....ယုံဖျင်အိမ်တော်
အမှိုက်များကိုရှင်းလင်းပြီးနောက် လုမိသားစုတစ်စုလုံးသည် သူတို့၏မူလတည်ငြိမ်အေးချမ်းမှုကို ပြန်လည်ရရှိလာခဲ့သည်။ အထူးသဖြင့် နျူ နျူ ကဲ့သို့သော ကလေးမတစ်ယောက်ရှိခြင်းသည် ယုံဖျင်အိမ်တော်ကို ပို၍အသက်ဝင်စေခဲ့သည်။
"အမကြီး...ဒါက နျူ နျူ အနောက်ဘက်ခြံဝန်းက ကောက်ယူလာတဲ့ခွေးလေးလေ...သူက အရမ်းသနားဖို့ကောင်းတယ်...ကျွန်မတို့ သူကို ခေါ်ထားလို့ရမလား"
နျူ နျူ က ညစ်ပတ်နေသည့်ခွေးငယ်လေးတစ်ကောင်ကို ချီမပြီး လုလမ်ရွှမ်း၏ရှေ့တွင် သနားစဖွယ်အမူအယာဖြင့် လေသံတိုးတိုးလေးပြောဆိုနေသည်။
လုလမ်ရွှမ်းက နျူ နျူ ၏ခေါင်းသေးသေးလေးကို ချစ်ခင်နှစ်သက်စွာဖြင့် ပွတ်သပ်ရင်းပြောဆိုလိုကိသည်။
"ဒါက အိမ်တော်ကိုခိုးပြီးဝင်လာတဲ့ ခွေးလေးဖြစ်နိုင်တယ်...ဦးလေးကျုံးကို သန့်ရှင်းရေးလုပ်ခိုင်းပေးမယ်...ဒါပေမယ့် နျူ နျူ က ဒီခွေးလေးကိုမွေးစားချင်တယ်ဆိုရင် နောင်ကျရင် ကိုယ်ဟာကိုယ်ထိန်းကျောင်းရမယ်နော်"
နျူ နျူ က တည်ငြိမ်စွာဖြင့် ခေါင်းညိမ့်ပြလိုက်၏။
"သူက အရမ်းငယ်သေးတယ်....နျူ နျူ က သူကို ဂရုတစိုက်သေချာစောင့်ရှောက်မယ်"
အကြောင်းပြချက်တစ်ချို့ကြောင့် ရေခဲအလှပိုင်ရှင်လုလမ်ရွှမ်းသည် နျူ နျူ အပေါ် အလွန်အမင်းနူးညံသိမ်မွေ့စွာဆတ်ဆံလေသည်။
ထိုအချိန်မှာပင် တံခါး၏အပြင်ဘက်မှ ရေးကြီးသုတ်ပြာဖြင့်လာနေသော ခြေလှမ်းသံများထွက်ပေါ်လာသည်။
"သခင်မလေး...အင်ပါယာနန်းတော်က အမိန့်တစ်ခုထုတ်ပြန်ဖို့ရောက်လာတယ်"
ထိုအချိန်မှာပင် ဦးလေးကျုံးက အလျှင်စလိုဖြင့် အခန်းအတွင်းသို့ ပြေးဝင်လာခဲ့သည်။
လုလမ်ရွှမ်းက မျက်မှောင်ကြုပ်လိုက်မိသည်။
"ငါတို့ လုမိသားစုကို မနှောက်ယှက်ဖို့ သူတို့ကိုမှာကြားထားတာ မဟုတ်ဘူးလား"
ကျုံးပက သူ၏နဖူးပေါ်မှ ချွေးများကိုသုတ်ပြီး အပြံုးဖြင့်ပြောဆိုလိုက်လေ၏။
"ကျွန်တော်ပြောချင်တာက အင်ပါယာအမိန့်တော်က လုမိသားစု လက်ခံနိုင်တဲ့အချက်ဆိုရင် အဆင်ပြေမှာပါ..သခင်မလေး...ကျွန်တော်တို့ သူတို့ကို လက်ခံတွေ့ဆုံသင့်လား"
ဦးလေးကျုံးသည် လုယွီက အလွန်သန်မာပြီး အင်မော်တယ်များကိုပင် ခြိမ်းခြောက်နိုင်စွမ်းရှိသည်ကိုသိသော်လည်း နှစ်ပေါင်းများစွာသေမျိုးဘဝဖြင့်သာနေထိုင်ခဲ့သူဖြစ်၍ သူ၏တွေးခေါ်မှုများတွင်အကန့်အသတ်ရှိပေသည်။ နန်းတော်မှ အင်ပါယာအမိန့်တော်လာသည်ကို သိရသည်နှင့် သူက အမိန့်တော်ကိုလက်ခံခြင်းသည် ပို၍ကောင်းမွန်သည်ဟုသာ ခံစားမိနေဆဲဖြစ်သည်။
"သွားကြစို့"
လုလမ်ရွှမ်းက မတ်တတ်ထရပ်ပြီး ယုံဖျင်အိမ်တော်၏အရှေ့တံခါးစီသို့ လျှောက်လှမ်းသွားလေသည်။
ယုံဖျင်အိမ်တော်၏ဝင်ပေါတ်တွင် သားရေဝတ်စုံဖြင့်မိန်းမစိုးတစ်ချို့က အပြုံးများဖြင့် မတ်တတ်ရပ်နေကြသည်။
"ဒီ အစေခံက ဗိုလ်ချုပ်လုကို နှုတ်ခွန်းဆတ်သပါတယ်...ဘိုးဘေး လုနဲ့ မြင့်မြတ်တဲ့ သခင်လေးတို့ ဒီနေရာမှာရှိနေလားဆိုတာ ကျွန်တော်သိခွင့်ရှိမလား"
မိန်းမစိုးတစ်ယောက်က ပြုံးရွှင်ရယ်မောရင်းမှ ပြောဆိုလိုက်သည်။
လုလမ်ရွှမ်းက တည်ငြိမ်စွာဖြင့်သာ ပြန်လည်ပြောဆိုလိုက်၏။
"တစ်ကယ်လို့ နင်မှာပြောစရာရှိရင် ငါကိုပြောနိုင်တယ်...ပြီးတော့ ငါက တာလျန့်နိုင်ငံတော်ရဲ့ဗိုလ်ချုပ်မဟုတ်တော့ဘူး"
"ဟုတ်တယ်..မှန်တာပေါ့...ဒီအစေခံအိုကြီးက မှားယွင်းပြီးပြောမိပါတယ်"
မိန်းမစိုးပ သူကိုယ်သူ အချက်အနည်းငယ်ပါးရိုက်လိုက်ပြီးနောက် အင်ပါယာအမိန့်တော်အား လုလမ်ရွှမ်းထံသို့ တရိုတသေပေးအပ်လိုက်သည်။
လုလမ်ရွှမ်းက အင်ပါယာအမိန့်တော်ကို ဖွင့်ပြီး အတွင်းတွင်ပါဝင်သည့်အကြောင်းအရာကို ဖတ်ရှုလိုက်လေ၏။
"အင်ပါယာမင်းက ငါရဲ့အဖေကို အင်ပါယာစစ်ဗိုလ်ချုပ်ဘွဲ့...ငါရဲ့အမေကို နိုင်ငံရဲ့မိခင်ဘွဲ့...ပြီးတော့ ရှောင်ယွီကို မြင့်မြတ်တဲ့မဟာစစ်ဗိုလ်ချုပ်....ငါက စစ်ဗိုလ်ချုပ် လုံဝူ...ဒါပြင် နျူ နျူ တောင်မှ နိုင်ငံဂုဏ်ထူးဆောင်ဘွဲ့ထူးတဲ့လား"
လုလမ်ရွှမ်းက မျက်မှောင်ကြုပ်လိုက်သည်။
မိန်းမစိုးက အပြုံးဖြင့်ပြောဆိုလိုက်သည်။
"အရှင်မင်းမြတ်က ဒါတွေက ရာထူးဂုဏ်ထူးသက်သက်ပါလို့ မှာကြားလိုက်ပါတယ်...ဒီနည်းလမ်းကပဲ တိုင်းသူပြည်သားတွေက သခင်မလေးတို့မိသားစု တိုင်းပြည်အတွက်လုပ်ဆောင်ခဲ့တဲ့အရာတွေကို သိရှိကြလိမ့်မယ်လို့ အမှာပါးလိုက်ပါတယ်"
လုလမ်ရွှမ်းက စိတ်လက်ပေါ့ပါးသွားပုံဖြင့် အင်ပါယာအမိန့်တော်ကို စနစ်တကျသိမ်းဆည်းပြီး ဦးလေးကျုံးထံသို့ လွှဲပြောင်းပေးလိုက်သည်။
"ငါတို့က အင်ပါယာမင်းရဲ့ကြင်နာမှုကို လက်ခံပါတယ်...ဒါပေမယ့် ငါတို့ လုမိသားစုက နောင်လာမယ့်အနာဂတ်မှာ သာမာန်တိုင်းရေးပြည်ရေးကိစ္စတွေကို ဝင်ဖြေရှင်းပေးမှာမဟုတ်ဘူးလို့ နင်က အင်ပါယာမင်းကို ပြောပေးပါ...သူက လုမိသားစုကို အနှောက်အယှက်မပေးဖို့ ငါ မျှော်လင့်ပါတယ်"
လုလမ်ရွှမ်းက တည်ငြိမ်အေးဆေးစွာဖြင့် ပြောဆိုလိုက်သည်။
မိန်းမစိုး၏နဖူးပေါ်တွင် ချွေးများယိုစီးစပြုလာသည်။ သူက အလျှင်စလိုဖြင့် ပြောကြားလိုက်လေ၏။
"ဟုတ်ကဲ့...သခင်မလေး ပြောတာတွေကို ဒီအစေခံက အရှင်မင်းမြတ်ကို သေချာပြောလိုက်ပါမယ်"
မိန်းမစိုးက အလျှင်အမြန်ထွက်ခွာသွားလေ၏။ လုလမ်ရွှမ်းက သူမ၏ခေါင်းကို ခါယမ်းပြီး ဦးလေးကျုံးကိုကြည့်၍ မေးမြန်းလိုက်သည်။
"အဖေနဲ့ကောင်ငယ်လေးလု...သူတို့နှစ်ယောက်လုံး ထွက်မလာကြသေးဘူးလား"