အခန်း (၁၈၆-၁၉၀)
Vol. 11-15 Ch. 186-190
Chapter 186
ယုံဖျင်အိမ်တော်...အနောက်ဘက်ခြံဝန်း..
တိတ်ဆိတ်ငြိမ်သက်သော ခြံဝန်းအတွင်းတွင် လုယွီက သူ၏မျက်လုံးများကိုမှိတ်၍ ပလ္လင်ခွေထိုင်နေသည်။ သူ၏ခန္ဓာကိုယ်ပတ်လည်တွင် လျှို့ဝှက်ဆန်းကြယ်သည့်ကျန်းချီများ အဆတ်မပြတ်လှည့်ပတ်နေပြီး နောက်ဆုံးတွင် လုယွီ၏ဒန်တျန်အတွင်း၌ စုဝေးသွားသည်။
ခြံဝန်းတစ်ခုလုံး အားကောင်းသည့်ဆေးရနံများဖြင့် ပြည့်နှက်နေပြီး ရှုရှိုက်မိသည့်မည်သူမဆို လန်းဆန်းတတ်ကြွခြင်း ဖြစ်ပေါ်စေပေမည်။
ဒေါင်...
လုယွီ၏ခန္ဓာကိုယ်အတွင်းပိုင်းမှနေ၍ ဗုံတီးသံနှင့်တူညီသည့် အသံတစ်သံထွက်ပေါ်လာသည်။
လုယွီက ရုတ်တရက်ဆိုသလိုပင် သူ၏မျက်လုံးများကို ဖွင့်လိုက်၏။ ထိုမျက်လုံးများက မီးပွင့်များကဲ့သို့ တောက်ပနေပေသည်။
"ဟူး...."
လုယွီက သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်သည်။ သူ၏အသက်ရှုခြင်းမှနေ၍ သာမာန်မျက်လုံးဖြင့်ပင်မြင်နိုင်သည့် အဖြူ ရောင်အခိုးအငွေ့များ မျောလွင့်နေလေသည်။
လုယွီ၏ခန္ဓာကိုယ်အရေပြားမျက်နှာပြင်တွင် မမြင်နိုင်သည့်ရွှေရောင်အကာအကွယ်အလွှာတစ်ခုက မှိန်ပျပျဖြစ်ပေါ်နေသည်။ နေရောင်ခြည်အောက်တွင် ထိုအကာအကွယ်မှနေ၍ တောက်ပနေသည့်အလင်းတန်းများကို ထုတ်လွှတ်ပေးနေသည်။
"နက္ခက်တာရာပြောင်းလဲခြင်းနယ်ပယ် ဒုတိယအဆင့်"
သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် ကျန်းချီများကိုအာရုံခံစားရင်း လုယွီက သက်ပြင်းတစ်ချက်ရှိုက်လိုက်မိသည်။
"ထိပ်တန်းအဆင့်ဆေးပြားအပြားနှစ်ဆယ်နဲ့ကြက်သွေးရောင်နတ်ဘုရားသစ်သီးအကုန်လုံး အသုံးပြုခဲ့တာတောင် ငါရဲ့ကျင့်ကြံမှုက အဆင့်ငယ်တစ်ဆင့်ပဲ မြက့်တတ်ပါလား"
လုယွီ၏မျက်ခုံးများ မသိမသာမြင့်တတ်သွားလေ၏။ ယခုလက်ရှိအချိန်တွင် သူကိုယ်သူ အလွန်ဆင်းရဲမွဲတေသည်ဟု အမှန်တစ်ကယ်ပင်ခံစားနေရသည်။
သူ၏ယခင်ဘဝတွင်လည်း လုယွီသည် အပြည့်အဝဆင်းရဲမွဲတေသူဖြစ်ပေ၏။ သူက မြောက်မြားစွာသည့် ကံကြမ္မာကောင်းများကိုကြုံတွေ့ပြီး စိန်ခေါ်မှုများစွာကို ရင်ဆိုင်ဖြေရှင်းပြီးမှသာ မြေအောက်လောကတာအိုသခင်အဖြစ်သို့ ရောက်ရှိခဲ့သည်။
သို့ရာတွင် လုယွီသည် ကောင်းကင်ဘုံအင်ပါယာ၏မှတ်ဉာဏ်များကို စုပ်ယူပြီးနောက်တွင် ကလန်ကြီးများမှတပည့်များသည် အစပထမတွင် သူထက်အဆင့်မြင့်မားကြောင်းကို သိရှိခဲ့လေသည်။ သူတို့တွင် ကြွယ်ဝချမ်းသာပြီး ကုန်ဆုံးသွားမည်မဟုတ်သည့်အရင်းအမြစ်များ အလျှံပယ်ရှိနေပေသည်။
"ငါရဲ့စိတ်ဝိညာဉ်က ဒီနေရာမှာရှိနေပြီ...ငါရဲ့မဟာတာအိုက ထိခိုက်နေပေမယ့်....တစ်ကယ်လို့ ငါရဲ့အထွက်အထိပ်အခြေအနေကို ပြန်ရောက်သွားပြီဆိုရင် ငါရဲ့မဟာတာအိုကိုလည်း အကုန်အစင်ထိန်းချုပ်နိုင်လိမ့်မယ်"
"ငါရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ထိုက်ကျိအမှတ်အသားကြောင့်သာမဟုတ်ရင် ငါရဲ့ကျင့်ကြံမှုတစ်ဆင့်ပြီးတစ်ဆင့်မြင့်တတ်ဖို့ကို စိုးရိမ်နေစရာမလိုဘူး...ဒါပေမယ့် ဒီအမှတ်အသားက ဖုံးကွယ်နေတဲ့ကံကောင်းခြင်းတစ်မျိုးလို့လည်း ယူဆနိုင်တယ်....ဒီထိုက်ကျိအမှတ်အသားရဲ့အကူအညီနဲ့ ငါရဲ့ကျန်းချီစုပ်ယူနှုန်းက နဂါးကိုးကောင်အာဏာရှင် ခန္ဓာကိုယ်နည်းစနစ်ကို အသုံးပြုတုန်းကထက် ဆယ်ဆမကပိုမြန်လာတယ်"
"အခုက ငါထွက်ခွာဖို့ အချိန်ကျပြီထင်တယ်"
လုယွီက သူ၏ခွန်အားအလွန်နည်းပါးနေသေးသည်ကို ရှင်းရှင်းလင်းလင်း သိရှိပေသည်။ သူ ကျွမ်းကျင်ခဲ့သည် မန္တန်များရွတ်ဆိုနိုင်ရန်အတွက် သူ၏ကျင့်ကြံမှုအား အဆင့်မြှင့်တင်ရန်လိုအပ်ပေသည်။
စစ်နတ်ဘုရားဂိုဏ်းမှ မဟာအကြီးအကဲသည် လွန်စွာအသုံးမကျသည့်နည်းစနစ်များကို အသုံးပြုခြင်းနှင့် သူ၏ကျင့်ကြံဆင့်သည် ဆေးဝါးများအပေါ်မှီခို၍ ရရှိလာခြင်းသာမဟုတ်လျှင် လုယွီသည် အလွန်ခက်ခဲကြမ်းတမ်းသည့် တိုက်ပွဲတစ်ပွဲကို ဆင်နွှဲရမည်မှာ သေချာပေသည်။
လုယွီက အသက်ပြင်းပြင်းရှုထုတ်လိုက်ပြီးနောက် သူ၏အကျႌလက်အတွင်းမှ သိုလှောင်အိတ်ကို ထုတ်ယူလိုက်သည်။
"ကျင့်ကြံမှုလမ်းကြောင်းမှာ စိတ်ဝိညာဉ်ရတနာတွေကို အသုံးပြုရင်တောင် အဆင့်တစ်ဆင့်တတ်ဖို့တောင်မှ အရမ်းခက်ခဲတာပဲ"
လုယွီက သူ၏စိတ်ဝိညာဉ်အာရုံကို သိုလှောင်အိတ်အတွင်းသို့ ထည့်သွင်းပြီး ယန်မီးတောက်ပန်းပွင့်ကိုထုတ်ယူလိုက်သည်။ ထိုပန်းပွင့် ထွက်ပေါ်လာချိန်တွင် ပတ်ဝန်းကျင်ရှိလေထုတစ်ခုလုံး လောင်ကျွမ်းသွားသကဲ့ပူပြင်းနေလေ၏။
ယန်မီးတောက်ပန်းပွင့်၏မျက်နှာပြင်ပေါ်တွင် မီးတောက်ဘောလုံးငယ်လေးများလောင်ကျွမ်းနေပြီး ပတ်ဝန်းကျင်ရှိလေထုသည် ခြောက်ကပ်စပြုလာခဲ့သည်။
"ယန်မီးတောက်ပန်းပွင့်က အရမ်းအစွမ်းထက်ပြီး စိတ်ဝိညာဉ်ရတနာပစ္စည်းတွေကို ပြန်လည်ပြုပြင်ဖို့ အကောင်းဆုံးပစ္စည်းတစ်ခုပဲ"
လုယွီ၏လက်ဖဝါးအတွင်းတွင် ရုတ်တရက် ရွှေရောင်မီးတောက်တစ်ခု တောက်ပလာသည်။ ထို့နောက် သူက ရုတ်ချည်းဆိုသလိုပင် ယန်မီးတောက်ပန်းပွင့်ကို ရွှေရောင်မီးတောက်အတွင်းသို့ ပစ်ထည့်လိုက်သည်။
ယန်မီးတောက်ပန်းပွင့်က မီးတောက်အတွင်းသို့ဝင်ရောက်သွားသည်နှင့် ရေအိုးအတွင်းသို့ပြုတ်ကျသွားသကဲ့သို့ ရှဲခနဲအသံထွက်ပေါ်လာသည်။ ချက်ချင်းပင် မီးတောက်က စတင်၍တလိမ့်လိမ့်ထိုးတတ်လာခဲ့သည်။
လဖက်ရည်တစ်ခွက်ပြင်ဆင်စာ အချိန်ခန့်အကြာတွင်မူ ယန်မီးတောက်ပန်းပွင့်သည် တဖြည်းဖြည်းစတင်အရည်ပျော်လာသည်။ လုယွီက အရည်ပျော်နေသည့် ယန်မီးတောက်ပန်းပွင့်ကို ဂရုတစိုက်ထိန်းချုပ်၍ သူ၏သိုလှောင်အိတ်အတွင်းသို့ ဖြည်းဖြည်းခြင်းလောင်းထည့်လိုက်သည်။
ဝီ....ဝီ....
သိုလှောင်အိတ်သည် ရုတ်တရက်တုန်ခါလာပြီး ၎င်း၏မျက်နှာပြင်မှနေ၍ ခမ်းနားထည်ဝါသည့်အရောင်များ ထုတ်လွှတ်ပေးနေသည်။
လုယွီ၏စိတ်ဝိညာဉ်အာရုံတွင် သူ၏သိုလှောင်အိတ်အတွင်းရှိ ကမ္ဘာငယ်လေးသည် အရည်အသွေးမြင့်တတ်လာသည်ကို ခံစားနေမိသည်။ ယခင်က အပျက်အယွင်းများသာရှိသောနေရာများသည် တဖြည်းဖြည်းခြင်း ပြန်လည်ပြုပြင်နေလေသည်။
ပူပြင်းသည့် ယန်စွမ်းအင်များက လေဟာနယ်အက်ကွဲကြောင်းများကိုဖာထေးနေသည်။ တစ်ချို့ဧရာမအက်ကွဲကြောင်းကြီးများသည် သာမာန်မျက်စိဖြင့်ပင်မြင်နိုင်သည့်အရှိန်အဟုန်ဖြင့်ပင် အလျှင်အမြန်ပြန်လည်ကောင်းမွန်လာခဲ့သည်။
လေဟာနယ်မုန်တိုင်းများကိုလည်း ယန်စွမ်းအင်များက သက်ရောက်သွားပုံရပြီး ပြတ်တောင်းပြတ်တောင်း ရပ်တန့်သွားလေသည်။ သို့သော် ဤနေရာ၌ လှည့်ပတ်တိုက်ခတ်နေသည့် လေလှိုင်းငယ်များ ကြွင်းကျန်နေပေသည်။
"အရမ်းသိမ်မွေ့တဲ့ယင်စွမ်းအင်ကသာ ဒီကမ္ဘာငယ်လေးကို အပြည့်အဝကောင်းမွန်အောင်လုပ်ဆောင်နိုင်မယ်"
လုယွီက ကူရာကယ်ရာမဲ့စွာဖြင့် သူ၏ဦးခေါင်းကို ခါယမ်းမိသည်။
Chapter 187
"အနက်ရောင်အသူရာခန်းမက မှော်ရတနာပစ္စည်းတွေမှာ ရှန်းလင်းလုံက တံဆိပ်ခတ်နှိပ်ထားခဲ့တယ်....တစ်ကယ်လို့ ငါက အဲဒါတွေကို မဆင်မခြင်သွားယူမိရင်..သူမကို သတိပေးလိုက်သလိုဖြစ်မှာ ငါစိုးရိမ်မိတယ်"
"ရှန်းလင်းလုံ....အတိတ်မှာတုန်းက ငါရဲ့စိတ်ဝိညာဉ်ပြန့်ကျဲခဲ့ရတာတောင် သူမက သတိကြီးကြီးထားပြီး စောင့်ကြည့်နေတုန်းပဲ...ဘယ်လောက်တောင် ကောင်းတဲ့ စီစဉ်မှုလဲ"
လုယွီ၏မျက်လုံးများတွင် အေးစက်တင်းမာမှုများ ထင်ဟပ်လာပြီးနောက် သူ၏လက်သီးကို တင်းတင်းဆုပ်လိုက်သည်။
"ဒါပေမယ့် အခုလက်ရှိအချိန်မှာ ငါက ကမ္ဘာငယ်လေးတစ်ခုကိုပိုင်ဆိုင်ထားတယ်....ဒါကြောင့် စိတ်ဝိညာဉ်ရတနာပစ္စည်းတွေနဲ့ပတ်သတ်ပြီး တွေးတောနေစရာမလိုဘူး"
ထိုသို့စဉ်းစားပြီးသည်နှင့် လုယွီက ချက်ချင်းပင်မတ်တတ်ထရပ်၍ တံခါးကိုတွန်းဖွင့်လိုက်သည်။ သူ၏စိတ်ဝိညာဉ်အာရုံမှနေ၍ ယုံဖျင်အိမ်တော်၏အပြင်ဘက်တွင် မြောက်မြားစွာသည့်အော်ရာများရှိနေသည်ကို အာရုံခံမိလေသည်။
***
ယုံဖျင်အိမ်တော်၏ပြင်ပ
"မင်းတို့အားလုံး......အရင်ဆုံး အပြင်ဘက်မှာခဏစောင့်ပါ"
တံခါးကိုစောင့်ကြပ်နေသည့် အစောင့်ကသူကိုယ်သူ သတ္တိမွေး၍ အားယူပြောလိုက်သည်။ သူ၏နောက်ကျောများ ချမ်းစိမ့်နေသည်အထိပင် တုန်လှုပ်ချောက်ချားနေလေသည်။
ယုံဖျင်အိမ်တော်၏အရှေ့တွင် လူတစ်ရာခန့်ရှိသော လူအုပ်စုတစ်စုရှိနေသည်။ ထိုလူအုပ်စုသည် အဖြူ ရောင်ဝတ်စုံများကို ဝတ်ဆင်ထားပြီး ကျင့်ကြံသူများ၏အပြုအမူများရှိနေသည်။ သူတို့က အမျိုးသား အမျိုးသမီး အိုမင်းသူနှင့်ငယ်ရွယ်သူ အစုံအလင်ပါဝင်ပြီး သူတို့အားလုံး၏မျက်နှာများပေါ်တွင် လေးနက်သည့်အမူအယာများရှိနေသည်။ သူတို့က ကောင်းကင်ယံမှ ဆင်းသက်လာကြခြင်းဖြစ်ပေ၏။
ယုံဖျင်အိမ်တော်တံခါးစောင့်များက သူတို့၏နှလုံးများ ရင်ဘတ်အတွင်းမှ ခုန်ထွက်သွားသကဲ့သို့ပင်ခံစားနေမိသည်။ သိသာထင်ရှားစွာပင် ထိုသူများက အင်မော်တယ်များဖြစ်ကြသည်။
လုယွီက ချက်ချင်းပင် တံခါးကိုဖွင့်၍ ထွက်လာလေသည်။
"သခင်လေး"
လုယွီ ထွက်လာသည်ကိုမြင်သော အစောင့်များက အရိုအသေပြုလိုက်ကြသည်။
လုယွီက ဦးဆောင်လာသူကို တစ်ချက်ကြည့်ပြီး တည်ငြိမ်စွာဖြင့် မေးမြန်းလိုက်သည်။
"ခင်ဗျားတို့ ဆုံးဖြတ်ပြီးပြီလား"
ကျင့်ကြံသူခေါင်းဆောင်သည် အသက်ငယ်ရွယ်သူမဟုတ်ပေ။ သူ၏မုတ်ဆိတ်မွှေးများပင် ဖြူ ဖွေးနေပြီး သူ၏လက်များကလည်း တောင်ဝှေးတစ်ချောင်းကို ကိုင်ဆောင်ထားသည်။
ထိုစကားကိုကြားသည်နှင့် အဖိုးအိုက လုယွီကို ဝေခွဲရခက်နေသည့်အမူအယာဖြင့်ကြည့်ရှုပြီး သက်ပြင်းမောကြီးကိုရှိုက်လိုက်လေ၏။
"ဟင်း....ငါက ရွှယ်ရုန်....စစ်နတ်ဘုရားဂိုဏ်းက အကြီးအကဲတစ်ယောက်ပါ...စစ်နတ်ဘုရားဂိုဏ်းမှာ ကျန်ရှိနေတဲ့ တပည့်တွေကိုခေါ်ပြီး လုမိသားစုကို လာခဲ့တာပါ....စီနီယာလု စိတ်မရှိဖို့ ငါ မျှော်လင့်ပါတယ်"
လုယွီ၏မျက်ခုံးများ တွန့်ကွေးသွား၏။ သူက ယခုနေရာ၌ရှိနေသော ကျင့်ကြံသူများကိုကြည့်၍ မေးမြန်းလိုက်သည်။
"ခင်ဗျားတို့ စစ်နတ်ဘုရားဂိုဏ်းမှာ လူဒီလောက်ပဲရှိတာလားဆိုတာ ငါ စိုးရိမ်မိတယ်"
ရွှယ်ရုန်၏မျက်နှာပေါ်တွင် ခါးသည်းသောအပြုံးတစ်ခု ပေါ်ထွက်လာသည်။
"သူတို့တွေက သေမျိုးမိသားစုတစ်စုနဲ့ဆတ်သွယ်ရမှာကိုသိသွားကြပြီး တစ်ချို့တွေက ဆန္ဒမရှိကြဘူး...လူအမြောက်အများက ဂိုဏ်းကိုစွန့်ခွာသွားကြတယ်"
"အဲဒါက ကောင်းပါတယ်...သူတို့က ထွက်ခွာသွားချင်နေမှတော့...ကျုပ်ကလည်း သူတို့ကိုမလိုအပ်ဘူး"
လုယွီက ကျင့်ကြံသူများကို ကြည့်ပြီး လေးနက်သောအသံဖြင့်ပြောဆိုလိုက်သည်။
"နားထောင်ကြစမ်း....ဒီပြဿ နာက ခင်ဗျားတို့ရဲ့ ဂိုဏ်းခေါင်းဆောင်နဲ့မဟာအကြီးအကဲကြောင့်ဖြစ်လာခဲ့တာ....ကျုပ်ရဲ့မကျေနပ်ချက်တွေက ခင်ဗျားနဲ့တော့ဘာမှမဆိုင်ဘူး....ဒါပေမယ့် စစ်နတ်ဘုရားဂိုဏ်းက ဆတ်လက်တည်ရှိဖို့ဆန္ဒရှိနေတယ်ဆိုရင်တော့ ကျုပ်တို့လုမိသားစုရဲ့ လက်အောက်ခံအဖြစ်နေပေးရမယ်"
"ဒီနေ့ကနေစပြီး စစ်နတ်ဘုရားဂိုဏ်းရရှိတဲ့ အကျိုးအမြတ်တွေရဲ့တစ်ဝက်တိတိကို လုမိသားစုကိုပေးရမယ်...နှစ်တိုင်း လုမိသားစုကနေ အဲ့ဒီအကျိုးအမြတ်တွေကိုစုဆောင်းဖို့ စစ်နတ်ဘုရားဂိုဏ်းကို လူလွှက်မယ်...လုမိသားစုက လုံလောတ်တဲ့အရည်အချင်းရှိသူတွေကို စစ်နတ်ဘုရားဂိုဏ်းကတာဝန်ယူသင်ကြားပေးရမယ်"
စစ်နတ်ဘုရားဂိုဏ်းမှကျင့်ကြံသူများသည် သူတို့၏စိတ်ကိုပြင်ဆင်ပြီးဖြစ်သော်လည်း လုယွီ၏စကားများကိုကြားချိန်တွင် သူတို့၏မျက်နှာအမူအယာများ ပျက်ယွင်းသွားကြသည်။ ဤအခြေအနေသည် သူတို့အတွင် အလွန်ရက်စက်သည့်အနေအထားဖြစ်ပေသည်။
ရွှယ်ရုန်၏မျက်နှာအမူအယာသည်လည်း ပျက်ယွင်းသွား၏။
"စီနီယာ လု....မင်း ပြောတဲ့အခြေအနေက....ငါတို့...."
"ကျုပ်က မတရားလုပ်တာလို့ ခင်ဗျားတို့ထင်နေတာလား"
လုယွီက သူတို့အားလုံးကို တစ်ချက်ကြည့်လိုက်သည်။
"ကျုပ်က ခင်ဗျားတို့ကို လုမိသားစုရဲ့ပြင်ပကိုယ်စားလှယ်အဖြစ်နေခွင့်ပြုခဲ့တယ်...ကျွန်တွေအဖြစ်မဟုတ်ဘူး...ခင်ဗျားတို့ ကိုယ်တာဝန်ကိုကျေပွန်တာနဲ့ ကျုပ်ကလည်း ခင်ဗျားတို့ အကျိုးကျေးဇူးခံစားစေရမယ်လို့ ပြောနိုင်တယ်"
အကျိုးကျေးဇူးဟု ဆိုလိုက်သလော...
ကျင့်ကြံသူများသည် မယုံသင်္ကာဖြစ်သွားကြသည်။ သူတို့က လုယွီ၏ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသည့်ခွန်အားကိုသိသော်လည်း သူ၌ သူတို့ကိုဆွဲဆောင်နိုင်မည့်ပစ္စည်းမျိုးရှိနိုင်မည်မဟုတ်ဟု တွေးတောနေကြသည်။
"ခင်ဗျားတို့က ကျုပ်ကိုမယုံကြည်ကြဘူးလား"
လုယွီက သူ၏သိုလှောင်အိတ်အတွင်းမှ သစ်သားသေတ္တာတစ်လုံးကိုထုတ်ယူပြီး ရွှယ်ရုန်ထံသို့ ပေးလိုက်သည်။
ရွှယ်ရုန်က တုန်ရီနေသောလက်များဖြင့် သစ်သားသေတ္တာကိုဖွင့်လိုက်လေ၏။ ချက်ချင်းပင် အားကောင်းသည့်ဆေးရနံ့က လေထဲတွင်ပျံနှံ့သွားသည်။
"ဒါက...."
ရွှယ်ရုန်၏မျက်လုံးများ မှေးစင်းသွားပြီးနောက် သူ၏ခန္ဓာကိုယ်ရုတ်တရက် တုန်ရီလာခဲ့သည်။
"ထိပ်တန်းအဆင့်ဆေးပြား....ဒီဆေးပြားက လူတစ်ယောက်ရဲ့သက်တမ်းကို တိုးစေတဲ့ဟာပဲ"
ရွှယ်ရုန်၏မျက်လုံးများက တုန်လှုပ်မှုများဖြင့်ပြည့်နှက်နေသည်။
ကျင့်ကြံသူများက ထိုစကားများကိုကြားချိန်တွင် သူတို့သည်လည်း အလွန်အမင်းတုန်လှုပ်သွားကြ၏။
"အကြီးအကဲ ရွှယ်....ဒါက တစ်ကယ်ကို ထိပ်တန်းအဆင့်ဆေးပြားလား"
ကျင့်ကြံသူတစ်ယောက်က အလျှင်စလိုမေးမြန်းလိုက်၏။
"ငါ မမွားနိုင္ဘူး"
ရွှယ်ရုန်က သူ၏လက်အတွင်းရှိ ဆေးပြားကိုကြည့်လိုက်သည်။ သူအတွက် ဤဆေးပြားက အလွန်အဖိုးတန်ပေသည်။
ရွှယ်ရုန်က အိုမင်းနေပြီး သူ၏အသက်စွမ်းအားများကင်းမဲ့နေပြီသာဖြစ်သည်။ ထို့ကြောင့် ဤသက်ရှည်ဆေးပြားက သူအတွက် ပြည့်စုံသည့်အရာတစ်ခုဖြစ်လေ၏။
"ခင်ဗျားတို့အားလုံးအတွက်လည်း ဆေးပြားတွေ ဒီမှာရှိတယ်...ခင်ဗျားတို့က လုမိသားစုအတွက် အလုပ်ကြိုးစားပေးမယ်ဆိုရင် ခင်ဗျားတို့ရရှိမယ့်ဆေးပြားတွေက အကြီးအကဲရွှယ်လက်ထဲက ဆေးပြားထက်ညံမှာမဟုတ်ဘူး"
လုယွီက သစ်သားသေတ္တာအပုံလိုက်ကို သူ၏သိုလှောင်အိတ်အတွင်းမှ ထပ်မံထုတ်ယူလိုက်သည်။
Chapter 188
"ဂလု"
မည်သူမည်ဝါမှန်းမသိရသော်လည်း ကျင့်ကြံသူတစ်ယောက်ထံမှ တံတွေးမြိုချသံထွက်ပေါ်လာသည်။ သို့ရာတွင် ယခုနေရာရှိ မည်သူကမျှ ထိုသူကို အာရုံစူးစိုက်ခြင်းမရှိကြချေ။ သူတို့၏မျက်လုံးများသည် လုယွီ၏လက်အတွင်းရှိ သစ်သားသေတ္တာပေါ်တွင်သာ အခိုင်အမာကျရောက်နေကြသည်။
အားကောင်းသည့်ဆေးရနံကလေထုအတွင်း ပျံနှံ့နေလေ၏။ လေတစ်ချက်အဝှေ့ဖြင့်ပင် သူတို့၏ကျင့်ကြံမှုများ အနည်းငယ်မြင့်တတ်လာသည်ဟု လူတိုင်းက ခံစားစေနရသည်။
"ဒါတွေအားလုံးက ငါတို့အတွက်လား"
ကျင့်ကြံသူတစ်ယောက်က တုန်ရီနေသောအသံဖြင့် မေးမြန်းလိုက်သည်။
လုယွီက သူတို့ကိုကြည့်ပြီး လေးနက်သောအသံဖြင့် ပြောဆိုလိုက်လေ၏။
"ကျုပ်က ဒီဆေးပြားတွေ ခင်ဗျားတို့ကိုပေးနိုင်တယ်...ဒါပေမယ့် ခင်ဗျားတို့လိုချင်တယ်ဆိုရင် ငါတို့လုမိသားစုရဲ့ ဧည့်စစ်သည်တော်လုပ်မယ်လို့ နှလုံးသားနတ်ဆိုးကိုတိုင်တည်ပြီး ကျိန်ဆိုရမယ်...ကျုပ်က ခင်ဗျားတို့ကို ခက်ခဲတဲ့အရာဘာတစ်ခုမှ မလုပ်ခိုင်းဘူး...နောက်ပြီး နှစ်နှစ်ဆယ်ပဲ လုမိသားစုအတွက် အလုပ်လုပ်ပေးရမှာ...နှစ်နှစ်ဆယ်ကျော်သွားတာနဲ့ ခင်ဗျားတို့ဆန္ဒရှိသလိုနေခွင့်ပြုမယ်"
နှစ်ပေါင်းနှစ်ဆယ်ဟူသည်မှာ သာမာန်လူတစ်ယောက်အတွက် အချိန်အကြာကြီးဖြစ်သည်။ သို့ရာတွင် ကျင့်ကြံသူတစ်ယောက်အနေနှင့်မူ နှစ်နှစ်ဆယ်ဟူသည်မှာ တိုတောင်းသည့်အချိန်သာဖြစ်သည်။ တစ်ချို့ဆိုလျှင် ဆယ်စုနှစ်များစွာအထိပင် တံခါးပိတ်ကျင့်ကြံသူများရှိကြသည်။
လူတိုင်းက ဆေးပြားများကို လိုချင်တပ်မက်နေကြပြီး တစ်ခြားတစ်ဖက်တွင်လည်း လုယွီ၏ဉာဏ်နီဉာဏ်နက်ကို ကျိတ်၍ကျိန်ဆဲနေကြသည်။
ကျင့်ကြံခြင်းလောကသည် လိမ်ညာလှည့်ဖျားမှုများဖြင့် ပြည့်နှက်နေသော်လည်း နှလုံးသားနတ်ဆိုးကျိန်ဆိုမှုသည် ကျင့်ကြံသူများအတွက်မလုပ်အပ်ဟု တားမြစ်ထားသည့်အရာဖြစ်သည်။
အကယ်၍ တစ်စုံတစ်ယောက်သည် နှလုံးသားနတ်ဆိုးကျိန်ဆိုမှုကို ဖောတ်ဖျတ်မိလျှင် ထိုသူအား နှလုံးသားနတ်ဆိုး၏နှောင့်ယှက်မှုခံရပေမည်။ ထိုအချိန်မှစ၍ ကျိန်ဆိုမှုဖောက်ဖျက်မိသူ၏ ကျင့်ကြံမှုသည် တစ်ဆင့်ပြီးတစ်ဆင့် အဆုံးမရှိသည့်တွင်းနက်ကြီးကဲ့သို့ ယုတ်လျော့သွားပေမည်။ အရေးအကြီးဆုံးကိစ္စရပ်မှာ ထိုသူသည် နောတ်ဆုံး၌ နှလုံးသားနတ်ဆိုး၏စိတ်ဝိညာဉ်တိုက်ခိုက်မှုကိုခံရပြီး အရူးတစ်ယောက်ကဲ့သို့ဖြစ်သွားလိမ့်မည်။
ယေဘုယျပြောကြားရလျှင် ကျင့်ကြံသူများသည် သူတို့၏အတွင်းနတ်ဆိုးကျိန်ဆိုမှုကို လွယ်လင့်တကူကျိန်ဆိုခြင်းမပြုလုပ်ကြချေ။
သို့ရာတွင် လုယွီလက်ထဲမှ ဆေးပြားများကိုကြည့်ပြီး ကျင့်ကြံသူအများစုသည် လက်လျှော့ရန်ရည်ရွယ်ချက်မရှိကြပေ။
အကယ်၍ ယခုချိန်၌ သူတို့ထွက်ခွာသွားလိုက်လျှင် တစ်ခြားဂိုဏ်းများနှင့်ဆတ်သွယ်နိုင်သော်လည်း သာမာန်ကျင့်ကြံသူများထက် အဆင့်အတန်းပိုမိုမြင့်မားလာမည်မဟုတ်ချေ။ ဂိုဏ်း၏ကာကွယ်ပေးမှုမရှိသည့် ကျင့်ကြံသူများ၏ဘဝသည် ပါးလွှာသည့်ရေခဲလွှာပေါ်တွင်လမ်းလျှောက်နေသကဲ့သို့ အချိန်မရွေးချော်ကျနိုင်ပေသည်။
"သေမျိုးမိသားစုတစ်စုကို စောင့်ကြပ်ပေးရမှာပဲမလား....ကျွန်တော်က နှလုံးသားနတ်ဆိုးကိုတိုင်တည်ပြီး ကျိန်ဆိုပါ့မယ်...တစ်ကယ်လို့ ကျွန်တော်က ကျိန်ဆိုမှုကိုဖောက်ဖျက်မိရင် နတ်ဆိုးအကုန်လုံးက ကျွန်တော်ရဲ့နှလုံးသားကိုဝါးမြိုပြီး ထိတ်လန့်တုန်လှုပ်ဖွယ်သေဆုံးခြင်းမျိုးနဲ့သေပါစေ"
ကျင့်ကြံသူတစ်ယောက်က ကျယ်လောင်စွာဖြင့် အော်ဟစ်လိုက်လေ၏။ ထိုသို့ကျိန်ဆိုပြီးသည်နှင့် ထိုသူသည် လုယွီထံသို့သွားပြီး ဆေးထည့်ထားသည့်သေတ္တာကိုယူဆောင်လိုက်တော့သည်။
ထိုဆေးအမျိုးအစားသည် ရွှယ်ရုန်၏လက်အတွင်းမှဆေးဖြင့်တူညီပြီး တစ်စုံတစ်ယောက်၏ဘဝသက်တမ်းကို ဆွဲဆန့်ပေးနိုင်သည့် ဆေးအမျိုးအစားဖြစ်သည်။
တစ်ခြားကျင့်ကြံသူများက ထိုမြင်ကွင်းကိုမြင်ချိန်တွင် သူတို့က ထိုသူ၏ဉာဏ်များမှုကို ကျိန်ဆဲကြပြီးနောက် သူတို့သည်လည်း နှလုံးသားနတ်ဆိုးကျိန်ဆိုခြင်းကိုပြုလုပ်လိုက်ကြသည်။
လုယွီ၏ခန္ဓာကိုယ်ပတ်လည်တွင် အလင်းတန်းများစုဝေးနေလေ၏။ အပြုံးတုတစ်ခုနှင့်အတူ လုယွီက ထိုအလင်းတန်းများကို သူ၏အကျႌလက်အတွင်းသို့ သွတ်သွင်းနေလေသည်။
ရွှယ်ရုန်သည် တခဏကြာအေးခဲနေပြီးနောက် သူက လုယွီကို ကြည်ညိုလေးစားစွာဖြင့်ကြည့်ရှုလိုက်သည်။ လူတစ်ရာကျော်ခန့်ကို အချိန်တစ်ချိန်တည်းဖြင့် နှလုံးသားနတ်ဆိုးကျိန်ဆိုခြင်းပြုလုပ်နိုင်စေသည့် လူများများမရှိချေ။
ထပ်ပေါင်းပြောရလျှင် လူတစ်ယောက်သည် နှလုံးသားနတ်ဆိုးကိုကျိန်ဆိုချိန်တွင် သူတို့၏စိတ်ဝိညာဉ်မှအပိုင်းတစ်ပိုင်းကိုဖြတ်ထုတ်၍ နတ်ဆိုးကိုပြုစုပျိုးထောင်ရန် အသုံးပြုရသည်။
သူ၏ရှေ့မှလူငယ်သည် လူတစ်ရာကျော်ခန့်က နှလုံးသားနတ်ဆိုးကျိန်ဆိုမှုပြုလုပ်နေသည့်တိုင် သူ၏မျက်နှာအမူအယာ ပြောင်းလဲသွားခြင်းမရှိချေ။ ရွှယ်ရုန်သည် သူကိုယ်သူမထိန်းချုပ်နိုင်တော့ဘဲ လုယွီ၏နောက်ခံအင်အားကို စတင်ခန့်မှန်းနေမိ၏။
"ဒါက ငါတို့ ခဏခဏစားရတဲ့ဟာတွေမဟုတ်ဘူးလား"
"ဟုတ်တယ်လေ...အိမ်တော်ထဲက အစေခံတော်တော်များများတောင် ဆုအဖြစ်နဲ့ အဲ့ဆေးတွေရသေးတာပဲ"
အိမ်တော်ဝင်ပေါတ်ရှိ အစောင့်များသည် မူလက ထ်ုအင်မော်တယ်များအပေါ် ရိုသေလေးစားနေကြသော်လည်း တခဏအကြာတွင်မူ မည်သည့်ကိစ္စများဖြစ်ပျက်နေသည်ကို နားလည်သွားကြသည်။
ထိုအင်မော်တယ်ဆိုသူများက သူတို့၏သခင်လေးထံမှ အကူအညီလာရောက်တောင်းခံခြင်းဖြစ်သည်ဟု အစောင့်များက ယူဆလိုက်သည်။
တစ်ချို့ နားပါးသည့်ကျင့်ကြံသူများသည် အစောင့်များ၏ပြောဆိုဆွေးနွေးနေမှုများကိုကြားချိန်တွင် သူတို့က သွေးအန်လုနီးပါးဖြစ်သွားခဲ့သည်။
ဘာ...ဒီဆေးတွေက အစေခံတွေကိုတောင် ပေးတာတဲ့လား...
"တစ်ကယ်လို့ ခင်ဗျားတို့အလုပ်လုပ်တာ ကောင်းမယ်ဆိုရင်...အနာဂတ်မှာ ဒီထက်ပိုကောင်းတဲ့ဆေးတွေ ကျုပ် ခင်ဗျားတို့ကိုပေးမယ်"
ထို့နောက် လုယွီက ရွှယ်ရုန်အားတစ်ချက်ကြည့်လိုက်သည်။
"စစ်နတ်ဘုရားဂိုဏ်းအတွက် ဂိုဏ်းခေါင်းဆောင်တစ်ယောက်ကို တတ်နိုင်သမျှမြန်မြန်ရွေးချယ်ပါ...ကျုပ်က ခင်ဗျားတို့ကို အသုံးချရမယ့် တစ်ချို့ကိစ္စတွေရှိနေတယ်"
"ဟုတ်ကဲ့...ဘိုးဘေးငယ်လေး"
ရွှယ်ရုန်၏လေသံ ပြောင်းလဲသွားလေ၏။
သူတို့အားလုံးက သေမျိုးမိသားစုတစ်ခု၏ဧည့်စစ်သည်တော်များဖြစ်နေပြီသာဖြစ်သည်။
"ဒါက နှစ်နှစ်ဆယ်လောတ်ပဲ....ဒီနှစ်နှစ်ဆယ်ကနေလွန်မြောက်တာနဲ့ ငါရဲ့စစ်နတ်ဘုရားဂိုဏ်းက တခါပြန်ပြီးထွန်းတောက်လာလိမ့်မယ်"
ရွှယ်ရုန်က စိတ်အတွင်းမှ ရေရွတ်နေလေသည်။
လုယွီက ရွှယ်ရုန်မည်သို့တွေးတောနေသည်ကို အနည်းငယ်မျှပင်ဂရုမစိုက်ပေ။ သူ၏မိသားစုအတွက် လုံလောတ်သည့်ကာကွယ်မှု စီစဉ်ပြီးသည်နှင့် ဤနေရာမှ သူထွက်သွားမည်သာဖြစ်သည်။
"ဦးလေး ကျုံး..လုံကျင်းမြို့တော်ရဲ့အပြင်ဘက်မှာ မြေကွက်လပ်အလွတ်ကြီးလုပ်ဆောင်ခိုင်းထားတာ ပြီးသွားပြီလား"
လုယွီက ကျုံးပဘက်သို့လှည့်၍ မေးမြန်းလိုက်သည်။
ကျုံးပက ရယ်ပြံုးရင်းမှ အလျှင်အမြန်ပြောဆိုလိုက်သည်။
"သခင်လေး စိတ်အေးလက်အေးသာနေပါ....လုံကျင်းရဲ့အပြင်မှာ အနီးတစ်ဝိုက် ဘာသက်ရှိမှရှိမနေတဲ့တောင်တစ်တောင်ရှိတယ်...အဲ့ဒီတောင်က ကျက်တီးတောင်တစ်တောင်ပဲ...ဒါပြင် အင်ပါယာမင်းက အဲ့ဒီမြေနေရာကို လုမိသားစုရဲ့အပိုင်လို့ အမိန့်ချမှတ်ပေးပြီးသွားပြီ"
Chapter 189
လုံကျင်းမြို့တော်၏ပြင်ပ..ထျန်းချို့တောင်တန်း...
စစ်နတ်ဘုရားစမ်းသပ်ပွဲကတည်းက လုယွီသည် လူတိုင်းကို အံ့အားသင့်တုန်လှုပ်ဖွယ်များ ပြုလုပ်ခဲ့သောကြောင့် ဤနေရာကို အင်ပါယာအစောင့်အရှောက်များက ဝန်းရံစောင့်ကြပ်နေကြသည်။ မည်သူကိုမျှ ဝင်ရောက်ခွင့်မပြုချေ။
"ဗိုလ်ချုပ်...အရှင်မင်းမြတ် မနေ့တုန်းက အမိန့်တော်ထုတ်ပြန်လိုက်ပါတယ်...ဒီနေ့ကစပြီး ဒီတောင်တန်းက လုမိသားစုအပိုင်ဖြစ်သွားပါပြီ...လုမိသားစု ဘာကိစ္စပဲလုပ်လုပ် အင်ပါယာတရားရုံးကဝင်ရောက်စွက်ဖက်ခွင့်မရှိဘူးလို့လည်း အမိန့်ချမှတ်ထားပါတယ်"
လုံကျင်းစီရင်စုနယ်၏အုပ်ချုပ်ရေးမှူ းက သူ၏မျက်နှာပေါ်တွင် အပြုံးများဝေဆာနေရင်းမှ ပြောဆိုလိုက်သည်။
ယခုလက်ရှိအချိန်တွင် အင်ပါယာမင်းအသစ်က လုယွီကို မဟာစစ်ဗိုလ်ချုပ်ဘွဲ့ ခန့်အပ်ထားခဲ့သည်။ လုယွီ၌ အမှန်တစ်ကယ်သြဇာအာဏာမရှိသော်လည်း အရာရှိများ၏အမြင်တွင်မူ သူက သြဇာအာဏာရှိသူတစ်ယောက်ဖြစ်ပေသည်။
"ကျေးဇူးပြုပြီး အင်ပါယာမင်းကို ကျုပ်က ကျေးဇူးတင်ပါတယ်လို့ပြောပေးပါ...ခင်ဗျားတို့သွားနိုင်ပြီ"
လုယွီက ပေါ့ပေါ့ပါးပါးပြောဆိုလိုက်သည်။
အရာရှိများသည် လေထုအတွင်းဓားပျံစီးနင်းပြီး ပျံဝဲနေသည့် လုယွီကိုကြည့်ပြီး ဤနေရာ၌ဆတ်မနေဝံ့ကြတော့ချေ။ သူတို့က လုယွီကို အရိုအသေပြုပြီး ထွက်ခွာသွားကြ၏။
ပတ်ဝန်းကျင်တစ်ခုလုံး အပြည့်အဝတိတ်ဆိတ်ငြိမ်သက်နေသည်။ ထျန်းချို့တောင်တန်းတစ်ခုလုံးအား လုယွီ၏ရှေ့၌ မြင်နေရသည်။ သို့ရာတွင် ယခင်က မြူ ခိုးများလည်း ပျောက်ကွယ်နေပြီး ယင်ချီများလည်း လွင့်ပြယ်နေလေသည်။
ဘိုးဘေးကျိုကာသည် သေဆုံးသွားခဲ့ပြီဖြစ်ပြီး မုန့်ကျူ းယွင်အား ထောင်ချောက်ဆင်ရန် သူတပ်ဆင်ခဲ့သည့် ယင်ချီမဟာဝင်္ကပါသည်သာ တည်ရှိတော့သည်။
"ဘိုးဘေးကျိုက်က နေရာကောင်းဘယ်လိုရှာရမလဲဆိုတာ တစ်ကယ်သိတာပဲ...ဒီနေရာက စိတ်ဝိညာဉ်စွမ်းအင်တွေစုစည်းဖို့ တစ်ကယ်ကောင်းတဲ့နေရာပဲ....ဒီနေရာမှာ ကျင့်ကြံတာက တစ်ဝက်လောတ်ကြိုးစားအားထုတ်တာနဲ့ နှစ်ဆ အကျိုးအမြတ်ရလိမ့်မယ်"
လုယွီက သူ၏ဘေးပတ်ဝန်းကျင်ကို လေ့လာဆန်းစစ်ပြီးနောက် သူ၏မျက်လုံးများ ရုတ်တရက်လင်းလက်တောက်ပသွားသည်။ သူက ခေါင်းဖြတ်ဓားပေါ်မှဆင်းသက်ပြီး မြေပြင်ပေါ်၌လျှောက်လှမ်းလိုက်၏။ ရုတ်ချည်းဆိုသလိုပင် သူက တောင်ထိပ်သို့ရောက်ရှိသွားသည်။
တောင်ထိပ်တွင် နေရာအနှံ ကျောက်ဆွယ်ကျောက်စွန်းများရှိနေ၏။ တောင်၏မျက်နှာယံတွင် သစ်ပင်များရှိမနေဘဲ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။ ဤနေရာ၌ သားရဲတိရစ္ဆာန်များ၏အသံများပင် ကြားရခြင်းမရှိချေ။
"ခင်ဗျားက အဲ့ဒါကိုကောင်းကောင်းသိုဝှက်ထားနိုင်တာပဲ...ဒါပေမယ့် စိတ်ဝိညာဉ်လမ်းကြောင်းရဲ့သဲလွန်စကို ဘယ်လိုဖျောက်ရမလဲဆိုတာ ခင်ဗျားမသိဘူး"
လုယွီ၏ပါးစပ်ထောင့်သည် အပြုံးများကြောင့် တွန့်ကွေးနေပေ၏။ သူက ရုတ်တရက် သူ၏လက်သီးကိုတင်းတင်းဆုပ်ပြီး သူ၏ရှေ့ရှိတောင်တစ်နေရာသို့ အပြင်းအထန် ထိုးချလိုက်သည်။
ဘုန်း....
တောင်တစ်ခုလုံး ကျယ်လောင်သည့်မြည်ဟီးသံကြီးထွက်ပေါ်လာပြီး တခဏအကြာတွင်မူ စတင်တုန်ခါလာခဲ့သည်။
သိပ်သည်းသောတောင်နံရံပေါ်တွင် တုန်လှုပ်ဖွယ်ရာအက်ကွဲကြောင်းများ တစ်ခုပြီးတစ်ခုထွက်ပေါ်လာသည်။ ထို့ပြင် ကြီးမားသည့်အက်ကွဲကြောင်းတစ်ခုက တောင်နံရံ၌ ဖြစ်ပေါ်နေလေ၏။
ထိုအက်ကွဲကြောင်းကိုမြင်သည်နှင့် လုယွီက တုန့်ဆိုင်းနေခြင်းမရှိဘဲ သူ၏လက်အတွင်းမှခေါင်းဖြတ်ဓားနှင့်အတူ တိုးဝင်လိုက်သည်။ ဤတောင်၏အတွင်းပိုင်းသည် အမှန်တစ်ကယ်ပင် အခေါင်းပေါတ်ကြီးဖြစ်ပေ၏။ ယခုနေရာ၌ ကြီးမားသည့်လေဟာနယ်ကွက်လပ်ကြီး ရှိနေသည်။
ပြင်ပမှနေရောင်ခြည်သည် အတွင်းသို့မကျရောက်နိုင်သည့်အတွက် ဥမင်လှိုဏ်ခေါင်းတစ်ခုလုံး မှောင်မည်းနေလေ၏။
ဝွစ္....
လုယွီက လှိုဏ်ဂူအတွင်းသို့ ဝင်လိုက်သည်နှင့် လေထုအားထွင်းဖောက်နေသည့်အသံများကိုကြားမိသည်။
"ငါ မျှော်လင့်ထားသလို...သူက ဒီအထဲမှာပုန်းအောင်းနေတာပဲ"
လေထုအားထွင်းဖောက်လာသည့်အသံများသည် လုယွီ၏နားဘေးတွင် ပေါက်ကွဲသွားပြီးနောက် လုယွီ၏လက်အတွင်းသို့ခေါင်းဖြတ်ဓားက ချက်ချင်းပင်ရောက်ရှိလာပြီး အနက်ရောင်ပုံရိပ်ကို အပြင်းအထန်ခုတ်ပိုင်းလိုက်သည်။
ကလမ်...ကလမ်...
သတ္တုအချင်းချင်းချင်းထိခတ်သံထွက်ပေါ်လာပြီးနောက် ခေါင်းဖြတ်ဓားမှမီးပွားများထွက်လာပြီး မြေပြင်ပေါ်သို့ကျဆင်းသွားသည်။
ဝေါင်း...
လှိုဏ်ဂူအတွင်းရှိ အနက်ရောင်ပုံရိပ်သည် အပြင်းအထန်ဒဏ်ရာရရှိထားပုံမြင်နေရသည်။ ထိုပုံရိပ် အနောက်သို့လွင့်စင်သွားချိန်တွင် မြေကြီးကချက်ချင်းတုန်ခါလာပြီး ကျောက်စကျောက်နများနှင့်သဲများက လှိုဏ်ဂူအမိုးမှကျဆင်းလာသည်။
လုယွီ၏မျက်လုံးများက အမှောင်ထုအတွင်းတွင် လင်းလက်တောက်ပနေသည်။ သူ၏သူငယ်အိမ်များအတွင်းတွင် ရွှေရောင်မီးတောက်က တဖြည်းဖြည်းခြင်းလောင်ကျွမ်းနေပေ၏။ လုယွီ၏ရှေ့တွင် တောင်တစ်လုံးစာအရွယ်ပမာဏရှိသော ကြီးမားသည့်သက်ရှိကြီးတစ်ကောင်ရှိနေသည်။
ထိုအရာက နဂါးတစ်ကောင်ပင်ဖြစ်လေ၏။ နဂါး၏ခန္ဓာကိုယ်တစ်ခုလုံးကို ကျောက်တုံးများဖြင့် ဖုံးလွှမ်းထားသည်။ မြေကြီး၏ရနံသည် နဂါး၏နှာခေါင်းအတွင်းသို့ တိုးဝင်သွားသည့်အခါတွင် ပြင်းထန်သည့်လေပြင်းမုန်တိုင်းက ပတ်ဝန်းကျင်၌ တိုက်ခတ်လာလေ၏။
"နောက်ဆုံးတစ်ကြိမ်...ငါက မင်းရဲ့စွမ်းအားကို ဌားယုတုန်းက မင်းကဉာဏ်ကောင်းတယ်လို့ ငါခံစားမိတယ်...အခု မင်းကိုကြည့်ရတာ မင်းရဲ့စိတ်ဝိညာဉ်အသိစိတ်က အတော်ကြီးထွားလာပုံရတယ်"
လုယွီက ရယ်မောလိုက်သည်။
လုယွီ၏ရှေ့တွင် သူ ဘိုးဘေးကျိုက်နှင့်ရင်ဆိုင်တိုက်ခိုပ်စဉ်က ထိန်းချုပ်အသုံးပြုခဲ့သည့် နဂါးသွေးကြောရှိနေသည်။
ယခုအချိန်၌ မြေကမ္ဘာနဂါးသွေးကြောသည် သူ၏အစစ်အမှန်ပုံသဏ္ဌန်ကို ထုတ်ဖော်ထားခဲ့သည်။ ၎င်းက ရေခဲတောင်ကြီး၏ထိပ်ပိုင်းတစ်ပိုင်းမျှသာဖြစ်သော်လည်း ကြီးမားနေဆဲဖြစ်သည်။
လုယွီ၏စကားကို နားလည်နေသကဲ့သို့ မြေကမ္ဘာနဂါးသွေးကြောက ရုတ်တရက်တုန်ခါလာလေ၏။
"မင်းရဲ့အသိစိတ်ပြန်ရနေပြီမို့ ငါ ပွင့်ပွင့်လင်းလင်းပဲပြောမယ်....တစ်ကယ်လို့ မင်းက ငါရဲ့လုမိသားစုကို နှစ်တစ်ရာစောင့်ရှောက်ပေးမယ်ဆိုရင် ငါ မင်းကိုကံကြမ္မာကောင်းတစ်ချို့ လက်ဆောင်ပေးမယ်"
လုယွီက တဲ့တိုးသာ ပြောလိုက်လေသည်။
Chapter 190
ဝီ.....ဝီ....
မြေကမ္ဘာနဂါးသွေးကြောသည် တဖြည်းဖြည်းအေးဆေးတည်ငြိမ်လာသော်လည်း ကျောက်တုံးများက စတင်၍ှတုန်ခါလာခဲ့သည်။
"မင်း မလုပ်ချင်ဘူးလား"
လုယွီက မျက်မှောင်ကြုတ်ပြီး.....
"မင်း အဲ့ဒီလိုပဲ တစ်ကယ်စဉ်းစားထားတာလား....ဒါက မင်းရဲ့နောက်ဆုံးအခွင့်အရေးနော်"
မြေကမ္ဘာနဂါးသွေးကြောသည် တည်ငြိမ်နေဆဲဖြစ်သည်။ သို့သော် သူ၏ကျောက်တုံးအရေပြားပေါ်တွင် မှိန်ပျပျအလင်းရောင်တောက်ပလာသည်။
ထိုရွှေရောင်အလင်းတန်းများသည် ကောင်းကင်နှင့်မြေကြီးမှစုဆောင်းထားသည့် စိတ်ဝိညာဉ်ချီများဖြင့် ဖန်တီးထားသည့် လျှို့ဝှက်ဆန်းကြယ်သောဝင်္ကပါဖြစ်သည်။ သာမာန်ဝင်္ကပါပညာရှင်တစ်ယောက်သည် ထိုအရာကိုရှာဖွေနိုင်ရန် လွန်စွာခက်ခဲပေ၏။
လုယွီက ထိုဝင်္ကပါအမှတ်အသားများကို တစ်ချက်ကြည့်ပြီး မြေကမ္ဘာနဂါးသွေးကြော မည်သည့်အရာကိုပြောဆိုချင်နေသည်အား သဘောပေါတ်နားလည်လိုက်သည်။
"မင်းက ဘယ်လိုကံကြမ္မာကောင်းမျိုးလဲဆိုတာ သိချင်နေတာလား"
လုယွီ၏နှုတ်ခမ်းတွန့်ကွေးသည်အထိပြုံးရင်း သူ၏လက်ကိုဆန့်ထုတ်ပြီး မြေကမ္ဘာနဂါးသွေးကြော၏မျက်နှာပြင်ကို ဖိနှိပ်လိုက်လေ၏။
မြေကမ္ဘာနဂါးသွေးကြော၏ခန္ဓာကိုယ်မှ မိုးခြိမ်းသံတမျှကျယ်လောင်သည့်အသံတစ်သံမြည်ဟီးလာသည်။
"ဒီဧရာမနဂါးသွေးကြောကို ချိုးဖျက်ပြီး လူသားတစ်ယောက်အဖြစ်ကျင့်ကြံချင်တယ်ဆိုရင် တာအိုအသိအမြင်ကို အရင်ဆုံးရှာဖွေရမယ်....အတိတ်မှာတုန်းက မြင့်မြတ်တဲ့ယွီနိုင်ငံတော်ရဲ့ နဂါးသွေးကြောက နဂါးငွေ့တန်းတွေကိုဖြတ်ပြီး အဆုံးမရှိတဲ့အထိ ချဲ့ထွင်ထွက်လာခဲ့ဖူးတယ်.....နဂါးသွေးကြောရဲ့နတ်ဘုရားစိတ်ဝိညာဉ်က သက်ရှိအဖြစ်အသွင်ပြောင်းလဲပြီး ကောင်းကင်ဘုံနယ်ပယ်မှာ လှည့်လည်ကျက်စားခဲ့တယ်"
လုယွီက ကောင်းကင်ဘုံအင်ပါယာ၏မှတ်ဉာဏ်တစ်ချို့ကို မြေကမ္ဘာနဂါးသွေးကြောထံသို့ လွှဲပြောင်းပေးလိုက်သည်။
"ဒီတာအိုက ကောင်းကင်ဘုံနဂါးကိုးကောင်သွေးကြောရဲ့ တာအိုပဲ....အခု အဲ့ဒါတွေ ငါမင်းကို လွှဲပြောင်းပေးနိင်တယ်...တစ်ကယ်လို့ မင်းက ဒီလမ်းကြောင်းကိုအခြေတည်ပြီး ကျင့်ကြံမှုမှာမြှပ်နှံနိုင်မယ်ဆိုရင် မင်းက သေချာပေါတ် ကောင်းကင်ဘုံနဂါးသွေးကြောဖြစ်လာလိမ့်မယ်"
လုယွီ၏လက်ချောင်းထိပ်မှနေ၍ တောက်ပသည့်ကြယ်ရောင်အလင်းက မြေကမ္ဘာနဂါးသွေးကြော၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားသည်။
မြေကမ္ဘာနဂါးသွေးကြောသည် တုန်ခါမှုရပ်တန့်သွားပြီး တဖြည်းဖြည်း တည်ငြိမ်အေးဆေးသောအခြေအနေသို့ ရောက်ရှိလာသည်။
အမွှေးတိုင်တစ်တိုင်စာလောင်ကျွမ်းပြီးချိန်တွင် လုယွီက သူ၏လက်ချောင်းကို ပြန်လည်ရုတ်သိမ်းလိုက်၏။
"ငါက မင်းကို အရင်ဆုံး ကျမ်းစာရဲ့တစ်ဝက်ကိုလွှဲပြောင်းပေးခဲ့ပြီ...တစ်ကယ်လို့ မင်းရဲ့ကတိကို စောင့်ထိန်းမယ်ဆိုရင် နှစ်တရာကုန်ဆုံးပြီးတဲ့နောက်မှာ ကျန်တဲ့တာအိုကျမ်းစာရဲ့တစ်ဝက်ကို ငါ မင်းကိုပေးမယ်...အဲဒါတွေကို မင်းဟာမင်း လေ့လာဆန်းစစ်နိုင်တယ်"
လုယွီက တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်သည်။
မြေကမ္ဘာနဂါးသွေးကြောက တဖြည်းဖြည်း သူ၏ခေါင်းကိုအောက်သို့နှိမ့်ချလိုက်ရာ အဖြူ ရောင်အလင်းတန်းတစ်ခုက သူ၏ဦးခေါင်းမျက်နှာပြင်မှ တောက်ပနေပေသည်။ ထွက်ပေါ်လာသည့်အဖြူ ရောင်အလင်းတန်း၏အတွင်းတွင် နဂါးငယ်လေးတစ်ကောင်က လှည့်လည်သွားလာနေလေသည်။
အကယ်၍ တစ်စုံတစ်ယောက်ကအနီးကပ်ကြည့်ရှုလျှင် ထိုနဂါးငယ်လေးသည် မြေကမ္ဘာနဂါးသွေးကြောနှင့် တူညီသည့်ပုံပန်းသွင်ပြင်ရှိသည်ကို မြင်တွေ့နိုင်သည်။ သို့သော် ယခုအဖြူ ရောင်အလင်းတန်းကမူ လက်တစ်ဖက်ဖြင့်ပင် လွယ်လင့်တကူဖမ်းဆုပ်နိုင်သည်အထိ အရွယ်ငယ်ပေသည်။
"ဒါက မြေကမ္ဘာနဂါးသွေးကြောရဲ့ အနှစ်သာရစိတ်ဝိညာဉ်ပဲ....မင်းက အဲ့ဒါကို ငါကိုပေးနေတာဆိုတော့.....မင်း ငါကိုသခင်အဖြစ်အသိအမှတ်ပြုလိုက်တာပေါ့....ငါက ဒီနေရာမှာဝင်္ကပါတစ်ခုခင်းကျင်းပြီး မင်းက စောင့်ကြပ်ရလိမ့်မယ်....နှစ်တစ်ရာအတွင်းမှာ မင်းကိုလွတ်လပ်မှုပေးဖို့ ငါ ပြန်လာခဲ့မယ်"
လုယွီက စကားပြောနေစဉ်မှာပင် ရှည်လျားသည့်ရုပ်ပုံစာလိပ်တစ်ခုကို ဖြန့်လိုက်သည်။ ထိုရုပ်ပုံစာလိပ်သည် လေးထောင့်ကျကျဖြစ်ပြီး ခမ်းနားထည်ဝါသောအငွေ့အသက်များရှိနေသည်။ ထိုအရာက ရှုမျှော်ခင်းပန်းချီကားတစ်ချပ်ဖြစ်ပေသည်။
ပန်းချီကားချပ်တစ်ခုလုံးသည် ကွက်ကွက်ကွင်းကွင်းမြင်နိုင်ပြီး သက်ဝင်လှုပ်ရှားနေသည်။ တောင်တန်းများနှင့်မြစ်ချောင်းများအတွင်းတွင် ပုန်းအောင်းနေသည့် ဌက်များနှင့်ပိုးမွှားများကပင် အသက်ဝင်နေသကဲ့သို့ ပေါ်လွင်ထင်ရှားပေ၏။
ပန်းချီကားအတွင်းတွင် ရေများတဟုန်ထိုးစီးဆင်းနေသည့် မြစ်ငယ်လေးတစ်စင်းရှိနေသည်။
"ပန်းချီကားထဲက ကမ္ဘာအတွက်ကို ငါက ဆယ်ရက်အချိန်ယူရေးဆွဲခဲ့ရတယ်....ဒါတောင်မှ တစ်ချိန်က ငါပိုင်ဆိုင်ခဲ့တဲ့စွမ်းအားအကြည့်ကို မထည့်သွင်းနိုင်ဘဲ ခက်ခက်ခဲခဲကြိုးစားခဲ့ရတယ်"
ဝင်္ကပါတစ်ခုတပ်ဆင်ရန်အတွက် လုယွီသည် လုမိသားစုနှင့်စစ်နတ်ဘုရားဂိုဏ်း၏သြဇာအာဏာကို အသုံးပြုခဲ့ပြီး နောက်ဆုံး၌ လိုအပ်သည့်ပစ္စည်းများကို စုဆောင်းနိုင်ခဲ့သည်။
ရှုမျှော်ခင်းပန်းချီကားသည် တစ်ဝက်တစ်ပျတ်သာပြီးသေးသော်လည်း လုယွီအတွက် မန္တန်ရွတ်ဖတ်ရန်လုံလောတ်သည့် အနေအထားဖြစ်သည်။
"အထဲကိုဝင်တော့"
လုယွီက မြေကမ္ဘာနဂါးသွေးကြောကို လမ်းညွှန်လိုက်သည်။
မြေကမ္ဘာနဂါးသွေးကြောက သဘောတူလက်ခံလိုက်ပြီးနောက် သူ၏အစစ်အမှန်နဂါးသွေးကြောဝိညာဉ်သည် ပန်းချီကားအတွင်းသို့ ဝင်ရောက်သွားသည်။
ပန်းချီကားအတွင်းရှိ စီးဆင်းနေသည့်မြစ်အတွင်းတွင် နဂါးတစ်ကောင် လှည့်ပတ်သွားလာနေလေ၏။
"ဒီမြစ်က ဘယ်တော့မှပျောက်ကွယ်သွားမှာမဟုတ်တဲ့အပြင် ဒီထဲကသက်ရှိတွေကလည်း ဘယ်တော့မှသေကြေရမှာမဟုတ်ဘူး....အနာဂတ်မှာ တာလျန့်နိုင်ငံတော် ချောချောမွေ့မွေ့ရွက်လွှင့်နိုင်ပြီး သူရဲကောင်းတွေအများကြီးထွက်ပေါ်လာလိမ့်မယ်...မင်းက ဒီနေရာမှာနေပြီး ဒီပန်းချီကားကိုစောင့်ကြပ်ရမယ်...နှစ်တစ်ရာအတွင်းမှာ ဘာအမှားအယွင်းမှမရှိဘူးဆိုရင် ငါက ကျန်ရှိနေတဲ့ တာအိုကျမ်းစာကို မင်းကိုပေးမယ်"
လုယွီက သူ၏လက်များကို အသုံးပြု၍ သင်္ကေတတစ်ချို့ကိုရေးဆွဲပြီး ပန်းချီကားပေါ်သို့ကျဆင်းသွားစေသည်။
ထို့နောက် သူက ပန်းချီကားကိုလိပ်ပြီး လှိုဏ်ဂူ၏အနက်ပိုင်းသို့ပစ်ထည့်လိုက်သည်။
တာလျန့်နိုင်ငံတော်အတွင်းရှိ မြောက်များစွာသည့်တိုင်းသူပြည်သားများသည် ရုတ်တရက် တစ်စုံတစ်ခုကြောင့် အံအားသင့်သွားသကဲ့သို့ခံစားရပြီး သူတို့၏ခေါင်းများကို မော့ကြည့်လိုက်ကြသည်။ သို့သော် မည်သည့်ကိစ္စရပ်ဖြစ်ပျက်နေသည်ကို သူတို့ရှာဖွေနိုင်ခြင်းမရှိကြချေ။
ကျင့်ကြံသူများကမူ ရုတ်တရက် မယုံကြည်နိုင်မှုများဖြင့် သူတို့၏မျက်လုံးများ ပြူ းကျယ်သွားခဲ့သည်။
"ဒီနေရာက အော်ရာက ဘာလို့ရုတ်တရက် အားကောင်းလာရတာလဲ"