← Chapters

အခန်း (၁၉၁-၁၉၅)

Vol. 11-15 Ch. 191-195

အခန်း (၁၉၁-၁၉၅)

Vol. 11-15 Ch. 191-195

Chapter 191

သုံးရက်ကြာပြီးနောက်.....

ယုံဖျင်အိမ်တော်၏အနောက်ဘက်ခြံဝန်းမှ စူးရှသည့်လေချွန်သံထွက်ပေါ်လာပြီး တံခါးကကျယ်လောင်သည့်အသံနှင့်အတူ ပွင့်လာခဲ့သည်။

"ဟား ဟား ဟား ...ဒီဘဝသက်တမ်းမှာ ငါက အင်မောတယ်တစ်ယောက်ဖြစ်လာဖို့ အခွင့်အရေးရှိမယ်လို့ ငါ မျှော်လင့်မထားမိဘူး"

"ဘာ အင်မော်တယ်လဲ....မင်းရူးနေတာလား....ငါတို့ကရှီထျန်းနယ်ပယ်ကို ချိုးဖျက်ပြီး ကျင့်ကြံသူတွေဖြစ်နေကြပြီလို့ မင်းပြောသင့်တာ....အင်မော်တယ်က ဘယ်နေရာက ထွက်လာမှာမို့လဲ"

ခြံဝန်းတံခါး၏နောက်တွင် လူတစ်ချို့က သူတို့ကိုယ်သူတို့မထိန်းချုပ်နိုင်တော့ဘဲ သူတို့၏မျက်နှာများတွင် စိတ်လှုပ်ရှားသည့်အမူအယာများဖြင့် လျှောက်လှမ်းနေကြသည်။

ထိုသူများသည် ယုံဖျင်အိမ်တော်၏အစောင့်ခေါင်းဆောင်များဖြစ်ကြ၏။ ယခုလက်ရှိချိန်တွင် သူတို့၏အော်ရာများသည် ယခင်ထက်များစွာပို၍သန်မာလာခဲ့သည်။

သူတို့သည် ယခင်က ရှီထျန်းနယ်ပယ်တွင်ရှိပြီး လုယွီ၏ဆေးပြားများအကူအညီဖြင့် လုံချီနယ်ပယ်သို့ အောင်မြင်စွာချိုးဖျက်ဝင်ရောက်နိုင်သူများဖြစ်ကြသည်။

"မင်းတို့ရဲ့ ကျင့်ကြံမှုနယ်ပယ်တွေက အခုတည်ငြိမ်မှုမရှိသေးဘူး...နောက်ထပ်ရက်အနည်းငယ်လောတ်ကြာရင် ငါ မင်းတို့ကို ဆေးပြားအနည်းငယ်ထပ်ပေးမယ်...မင်းတို့က ကျင့်ကြံမှုနယ်ပယ်ကို အခြေခိုင်အောင် လုပ်ပြီးတာနဲ့ ငါက ကျင့်ကြံနည်းစနစ်တွေ မင်းတို့ကိုပေးမယ်"

လုယွီက ခြံဝန်းအတွင်းသို့ ဝင်လာပြီးနောက် ပြောဆိုလိုက်သည်။

လုယွီကို မြင်တွေ့လိုက်သော အစောင့်များက ချက်ချင်းပင် ဦးခေါင်းညွှတ်၍ အရိုအသေပြုလိုက်ကြသည်။ လုယွီကိုကြည့်နေကြသော သူတို့၏မျက်လုံးများအတွင်းတွင် ကြည်ညိုလေးစားမှုများထင်ဟပ်နေလေသည်။

သူတို့ရှေ့မှလူငယ်သည် အင်မော်တယ်ဂိုဏ်းမှမဟာအကြီးအကဲကိုသတ်ပစ်နိုင်ရုံသာမက သာမာန်လူများကိုလည်း ကျင့်ကြံသူများဖြစ်အောင် စွမ်းဆောင်ပေးနိုင်သူဖြစ်သည်။

ဤသည်က ကျင့်ကြံသူဖြစ်ပေသည်။ သူတို့က ကျင့်ကြံသူများဖြစ်လာသည်နှင့် သူတို့၏ခွန်အားများကြီးမားစွာတိုးတတ်လာသည်သာမက သူတို့၏သက်တမ်းသည်လည်း ယခင်ထက်နှစ်ဆမက တိုးပွားလာပေသည်။

ဤကဲ့သို့ကိစ္စရပ်သည်သာ ကျင့်ကြံခြင်းလောကအတွင်း ပျံနှံသွားပါက မရေမတွက်နိုင်သည့်လူများသည် ထိုအခွင့်အရေးအားရရိရန် တိုးဝှေ့လာကြမည်မှာ သေချာပေသည်။

လုယွီက သူ၏လက်ကိုဝှေ့ယမ်းပြီး မြေပြင်ပေါ်၌ဒူးထောက်နေကြသည့် အစောင့်များကို မတ်တတ်ရပ်ခိုင်းလိုက်သည်။

အမှန်စင်စစ် သူသည် ဤကဲ့သို့အဓိပ္ပါယ်မရှိသောအလုပ်များအား ပြုလုပ်လိုသောဆန္ဒမရှိချေ။ ထိုလူများကို မြေတောင်မြှောက်ပေးရသည့် တစ်ခုတည်းသောအကြောင်းပြချက်မှာ သူတို့သည် လုမိသားစုအပေါ်နှစ်ပေါင်းများစွာကြာသည်အထိ သစ္စာစောင့်သိပြီးကာကွယ်ပေးခဲ့သောကြောင့်ဖြစ်သည်။

ပို၍အရေးကြီးသောအချက်မှာ လုယွီက ဤသေမျိုးနိုင်ငံမှ မကြာမီအချိန်အတောအတွင်းတွင် ထွက်ခွာသွားမည်ဖြစ်သည်။ သူ ထွက်ခွာမသွားမှီ သူ၏မိသားစုကို လုံလောတ်သည့်ကာကွယ်မှုပြုခဲ့မှသာလျှင် မတော်တဆဖြစ်ရပ်မျိုးမှ ကာကွယ်နိုင်ပေမည်။

"သခင်လေး.....သခင်ကြီးနဲ့သခင်မကြီးတို့က ပင်မခန်းမမှာ စောင့်နေကြတယ်"

အိမ်တော်ထိန်းကျုံးက အပြေးအလွှားရောက်ရှိလာပြီး အော်ဟစ်လိုက်လေ၏။

ကျုံးပသည်လည်း လုယွီ၏ဆေးပြားကိုသောတ်သုံးထားခဲ့သည်။ သူ၏အိုမင်းနေသောခန္ဓာကိုယ်သည် ဖြည်းဖြည်းခြင်းပြန်လည်ကောင်းမွန်နေသည်။ သူက သိုင်းပညာရှင်တစ်ယောက်မဖြစ်နိုင်တော့သော်လည်း အသက်ရှည်သည့်သာမာန်လူအဖြစ်ကျန်းမာသန်စွမ်းစွာ နေထိုင်သွားရပေမည်။

လုယွီက ခေါင်းညိတ်ပြလိုက်၏။

"ကောင်းပြီလေ....ကျွန်တော် အခု သွားလိုက်မယ်"

*****

ယုံဖျင်အိမ်တော်....ပင်မခန်းမ

လုခိုင်ရှမ်က အဓိကထိုင်ခုံတွင်ထိုင်နေပြီး သူ၏နောက်တွင် ယွီရုံရှိနေလေသည်။

ဤနေရာ၌ လုလမ်ရွှမ်းနှင့်နျူ နျူ ကမူ ရှိမနေချေ။ သူတို့နှစ်ယောက်က ယခုမနက်တွင် မြို့တော်မှထွက်ခွာ၍ ပြင်ပသို့သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း မည်သည့်နေရာသို့သွားမည်ကို မသိရှိကြချေ။

"ယွီအာ.....ထိုင်လေ"

လုခိုင်ရှမ်က ထိုင်ခုံကိုညွှန်ပြပြီး ပြောဆိုလိုက်သည်။

လုယွီက လေထုအနေအထားမကောင်းသည်ကို ခံစားမိသည်။ သူက လုခိုင်ရှမ်ကိုကြည့်ပြီး ရုတ်တရက်မျက်မှောင်ကြုတ်လိုက်မိသည်။

"အဖေ.....အဖေရဲ့ကျင့်ကြံမှုက......."

ဤအဖြစ်အပျက်က ပုံမှန်မဟုတ်ချေ။ လုယွီက သူထံမှအကောင်းဆုံးဆေးပြားများကိုသာ သူ၏မိသားစုကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။ သူ၏အရင်းအမြစ်များသည် သေမျိုးနိုင်ငံအတွင်းတွင်ဖြစ်၍ အကန့်အသတ်ရှိသော်လည်း သူက ထိပ်တန်းအဆင့်ဆေးပြားများကိုသာ သန့်စင်ပေးခဲ့ခြင်းဖြစ်သည်။

သူ၏ကျွမ်းကျင်မှုသည် ဆေးနတ်ဘုရားအဆင့်သို့ ရောက်ရှိနေပြီဖြစ်၍ သူသန့်စင်သောဆေးများသည် တစ်ခြားဆေးပြားများထက် ဆယ်ဆမကပို၍ကောင်းမွန်ပေသည်။

သို့သော် ယခုလက်ရှိတွင် လုခိုင်ရှမ်၏ကျင့်ကြံမှုသည် ရှီထျန်းနဝမအဆင့်တွင်သာ ရှိနေလေ၏။

"ငါ သိပါတယ်...ယွီအာက အခုသက်သေပြနေပြီလေ...သူက ကျင့်ကြံသူတစ်ယောက်ဖြစ်လာရုံသာမက ဆေးဝါးပညာရှင်တစ်ယောက်ဖြစ်နေတယ်...သူက ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက်ပါ"

လုခိုင်ရှမ်၏မျက်နှာပေါ်တွင် ရုတ်တရက် စိတ်သက်သာရာရသွားသည့်အပြုံးပေါ်ထွက်လာခဲ့သည်။

ထိုအချိန်တွင် သခင်မကြီးယွီရုံ၏မျက်နှာပေါ်၌ ထူးဆန်းသည့်အမူအယာဖြစ်ပေါ်နေသည်။ လုခိုင်ရှမ်၏စကားကို ကြားလိုက်သော သူမက မအောင့်အည်းနိုင်တော့ဘဲ သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်သည်။

လုယွီက မျက်မှောက်ကြုတ်နေရင်းမှ မေးမြန်းလိုက်လေ၏။

"အဖေ....ဘာတွေဖြစ်နေလို့လဲ"

လုခိုင်ရှမ်၏မျက်နှာအမူအယာသည် ရုတ်တရက် နွမ်းခြောက်ခြောက်ဖြစ်သွားလေသည်။

"အရင်တုန်းက မင်းတို့မောင်နှစ်မ ကြီးပြင်းလာတဲ့အချိန်ကျရင် ငါ အကုန်လုံးကိုထုတ်ဖော်ပြောမယ်လို့စီစဉ်ထားထဲ့တာ.....ကြည့်ရတာတော့ ငါ မင်းကို ထပ်ပြီးကွယ်ဝှက်ထားလို့မရတော့ဘူးထင်တယ်"

လုယွီ၏အမူအယာ ချက်ချင်းပင်ပျက်ယွင်းသွား၏။ သူ၏လက်များက လုခိုင်ရှမ်၏လက်ကောတ်ဝတ်ပေါ်သို့ ကျဆင်းသွားခဲ့သည်။

အသက်ရှုချိန်နည်းပါးစွာအချိန်မှာပင် လုယွီ၏မျက်လုံးများမှ ခက်ထန်တင်းမာသည့်အရိပ်အယောင်များ ပေါ်ထွက်လာလေသည်။

"အေဖ....ဒါ ဘယ္သူလုပ္တာလဲ"

လုယွီ၏အသံသည် တုန်ခါနေလေ၏။

လုခိုင်ရှမ်၏ခန္ဓာကိုယ်အတွင်းတွင် လျှို့ဝှက်ဖုံးကွယ်နေသော စည်းတံဆိပ်တစ်ခုရှိနေသည်။

ထိုစည်းတံဆိပ်ကြောင့် လုခိုင်ရှမ်၏ကျင့်ကြံမှုသည် ရှီထျန်းနယ်ပယ်တွင်သာ တစ်ဆို့နေမည်ဖြစ်ပြီး အထက်သို့ အနည်းငယ်မျှပင် တိုးတတ်မှုရှိမည်မဟုတ်ချေ။

လုခိုင်ရှမ်၏မျက်နှာပေါ်တွင် ခါးသည်းသောအပြုံးပေါ်ထွက်လာလေ၏။

"ဒါက အချိန်အတော်ကြာခဲ့ပြီ....အဲ့ဒီအချိန်တုန်းက ငါတို့မိသားစုကို အလယ်ပိုင်းကုန်းမြေမိသားစုရဲ့ မိသားစုခွဲတစ်ခုအဖြစ် ယူဆနိုင်တယ်"

Chapter 192

အလယ်ပိုင်းကုန်းမြေ...လုမိသားစု

လုယွီက 'အလယ်ပိုင်းကုန်းမြေ'ဟူသော စကားလုံးနှစ်လုံးကို အာရုံစိုက်မိသည်။ ပြန်တွေးကြည့်လျှင် ကျန်းမိသားစုနှင့်အနက်ရောင်အသူရာခန်းမရှိတစ်ခြားအင်အားစုများအားလုံးသည်လည်း အလယ်ပိုင်းကုန်းမြေမှလာကြခြင်းဖြစ်သည်။

လုယွီသည် ဖခင်ဖြစ်သူအား များစွာမေးမြန်းခြင်းမပြုသော်လည်း အလယ်ပိုင်းကုန်းမြေသည် တာလျန့်နိုင်ငံတော်တည်ရှိသည့် တောင်ပိုင်းစွန့်ပစ်ကုန်းမြေထက် များစွာပို၍ စည်ပင်ဝပြောသည်ကို သိရှိထားပေသည်။

"အလယ်ပိုင်းကုန်းမြေမှာ လုမိသားစုက ကျော်ကြားတဲ့မိသားစုလို့ ဆုံးဖြတ်နိုင်တယ်....အတိတ်မှာ ငါတို့က အလယ်ပိုင်းလုမိသားစုရဲ့အဖွဲ့ဝင်တွေပဲ"

"ဥပမာပေးပြောရရင် တာလျန့်ရဲ့စစ်နတ်ဘုရားဂိုဏ်း..ဒါမှမဟုတ် ရန်ဘက်နိုင်ငံတော်ရဲ့ အင်္သချေသားရဲဂိုဏ်း...ထပ်ပြောရရင် တောင်ပိုင်းစွန့်ပစ်ကုန်းမြေတစ်ခုလုံးရဲ့ ထိပ်သီးအင်မော်တယ်ဂိုဏ်းတွေတောင် လုမိသားစုရှေ့မှာဆို သူတို့ကအင်အားစုငယ်လေးတွေအဆင့်ပဲရှိတယ်"

လုခိုင်ရှမ်က လုယွီကို တည့်တည့်စိုက်ကြည့်ပြီးပြောနေချိန်တွင် သူ၏အသံက အလွန်အမင်းတည်ငြိမ်အေးဆေးနေသည်။

လုယွီ၏စိတ်အတွင်းတွင် အတိတ်မှဖြစ်ရပ်များကို အံ့အားသင့်မိလေ၏။

သူ့မူလစိတ်ဝိညာဉ်၏မှတ်ဉာဏ်များအတွင်းတွင် သူ၏မိဘများသည် တောင်ပိုင်းစွန့်ပစ်ကုန်းမြေတွင် နေထိုင်ကြသူများသာဖြစ်သည်။ သူတို့၏လုမိသားစုသည် အလယ်ပိုင်းကုန်းမြေမှအင်အားစုတစ်ခုနှင့် ဆတ်စပ်နေမည်ဟု မည်သူကတွေးတောမိမည်နည်း။

"အဖေ.....အဖေရဲ့ကျင့်ကြံမှုက ရှီထျန်းနဝမအဆင့်မှာပဲ ရပ်တန့်နေမှာကို ကျွန်တော်စိုးရိမ်မိတယ်"

လုယွီက လေးနက်သောအသံဖြင့် ပြောဆိုလိုက်သည်။

အစောပိုင်းက သူ လေ့လာဆန်းစစ်ပြီးနောက် လုခိုင်ရှမ်၏ဒန်တျန်အတွင်းတွင် အားကောင်းသည့်ကျန်းချီလှိုင်းများရှိနေသည်ကို အာရုံခံစားမိသည်။

အကယ်၍ လုခိုင်ရှမ်၏ဒန်တျန်ကိုသာ ချိပ်ပိတ်ထားခြင်းမခံရလျှင် သူ၏လက်ရှိကျင့်ကြံဆင့်သည် ဤနေရာ၌သာ ရပ်တန့်နေမည်မဟုတ်ချေ။

ၰ

လုခိုင်ရှမ်၏မျက်နှာတွင် ခါးသည်းသောအမူအယာပေါ်လာပြီး သူက သက်ပြင်းချလိုက်သည်။

"ပြန်တွေးကြည့်ရင် ငါ ငယ်ရွယ်တုန်းက ကမူးရှုးထိုးနိုင်ခဲ့တယ်...ငါက လုံချီနယ်ပယ်ကိုရောက်ရှိချိန်မှာပဲ လျှိုတားမြစ်နယ်မြေတစ်ခုအတွင်းမှာ မမျှော်လင့်တဲ့ကံဆိုးမှုတစ်ခုနဲ့ကြုံခဲ့တယ်....ငါရဲ့ လုံချီနယ်ပယ်ကျင့်ကြံမှုအဆင့်ကနေ အခု မင်းသိတဲ့အတိုင်းပဲ ရှီထျန်းနယ်ပယ်အဆင့်ထိ ပြန်လျောကျသွားခဲ့တယ်"

"လုကလန်အတွက်တော့ ရှီထျန်းနယ်ပယ်က အစောင့်တစ်ယောက်လို့ပဲ သတ်မှတ်နိုင်တယ်...ကလန်က ထိပ်သီးကျွမ်းကျင်သူတစ်ယောက်က ငါ့ကိုကူညီခဲ့ပေမယ့် ချိပ်ပိတ်ထားတာကို ချိုးဖျက်နိုင်ခြင်းမရှိခဲ့ဘူး...အဲ့ဒီအချိန်မှာ တစ်ခြားသူတွေရဲ့ လှောင်ပြောင်သရော်မှုတွေနဲ့ရန်စစော်ကားမှုတွေကို ငါ တောင့်မခံနိုင်တော့လို့ အလယ်ပိုင်းကုန်းမြေကိုစွန့်ခွာပြီး တောင်ပိုင်းစွန့်ပစ်ကုန်းမြေကိုလာခဲ့တာပဲ"

ထိုစကားများကိုပြောနေစဉ်တွင် လုခိုင်ရှမ်၏မျက်လုံးများအတွင်း၌ စိတ်ပျက်အားငယ်မှုများနှင့်မချင့်မရဲဖြစ်နေမှုများ ထင်ဟပ်နေသည်။

သခင်မကြီးယွီရုံသည် လုခိုင်ရှမ်ကို စ်တ်အနှောင့်အယှက်မဖြစ်စေလိုသည့်အတွက် လဖက်စိမ်းရည်ကိုတစ်ခွက်ကိုထည့်၍ သူမ၏ခင်ပွန်းလက်အတွင်းသို့ ထည့်ပေးလိုက်သည်။

"အဖေ....တားမြစ်နယ်မြေထဲမှာ အဖေကို အပြင်းအထန်ဒဏ်ရာရရှိအောင်လုပ်ခဲ့တာ ဘယ်သူလဲဆိုတာသိလား"

လုယွီက မေးမြန်းလိုက်လေ၏။

လုခိုင်ရှမ်က ခေါင်းခါယမ်းလိုက်သည်။

"အဲ့ဒီ အနက်ရောင်လူရိပ်က အရမ်းမြန်ဆန်ပြီး ငါက အဲ့ဒါ လူ ဟုတ်လား မဟုတ်ဘူးလားဆိုတာတောင် မသိခဲ့ရဘူး....ဒါပေမယ့် သေချာတာတစ်ခုက အဲ့ဒီအချိန်မှာ သူလည်း အပြင်းအထန်ဒဏ်ရာရရှိထားတယ်...မဟုတ်ရင် သူ ငါကို လွယ်လွယ်နဲ့အလွတ်ပေးမှာမဟုတ်ဘူး"

"ဒါပေမယ့် ငါ အလယ်ပိုင်းကုန်းမြေက ထွက်ခွာဖို့ ရွေးချယ်လိုက်တာကလည်း ကိစ္စကောင်းတစ်ခုပါပဲ"

လုခိုင်ရှမ်က ခြောက်ကပ်ကပ်ရယ်မောပြီး ထပ်မံပြောဆိုလိုက်သည်။

"တစ်ကယ်လို့ ငါက တောင်ပိုင်းစွန့်ပစ်ကုန်းမြေကိုသာ မလာခဲ့ရင်....ငါ ယွီရုံနဲ့တွေ့မှာမဟုတ်ဘူး...ကလန်ကြီးတစ်ခုမှာ လှောင်ပြောင်ရယ်မောခံပြီးနေရတာထက် ပျက်ဆီးနေတဲ့ကုန်းမြေမှာ တိတ်ဆိတ်ငြိမ်သက်တဲ့ဘဝနဲ့နေရတာက ပိုပြီးသာယာပျော်ရွှင်တဲ့ဘဝပဲ"

လုယွီက ရုတ်တရက် စကားဖြတ်ပြောလိုက်လေ၏။

"အဖေရဲ့ခန္ဓာကိုယ်က ချိပ်ပိတ်ခံထားရတာကို သားထပ်ပြီးကြည့်လို့ရမလား"

"ယွီအာ..အဲ့ဒီအကြောင်းကို မေ့ထားလိုက်ပါ...ကလန်ထဲက စီနီယာကျွမ်းကျင်သူတွေတောင် ဒီချိပ်စည်းကိုဘာမှမလုပ်နိုင်ဘူး...တစ်ကယ်က ဒီချိပ်စည်းကို ချိုးဖျက်ဖို့ကြိုးစားရင်း သူတို့တွေတောင်ချိပ်စည်းရဲ့တုန့်ပြန်မှုကြောင့် အတွင်းဒဏ်ရာတွေခံစားလိုက်ရတယ်...ဒါကို စိတ်ထဲမထားနဲ့"

လုခိုင်ရှမ်က သူ၏ခေါင်းကိုသာ တွင်တွင်ခါယမ်းနေတော့သည်။

"အဖေ....နောက်တစ်ခါလောတ်ပဲ ကြည့်ခွင့်ပြုပါ..ဘာမှစိုးရိမ်စရာမရှိပါဘူး"

လုယွီက ချက်ချင်းပင် မတ်တတ်ထရပ်လိုက်၏။

လုယွီ၏အပြင်းအထန်တောင်းဆိုနေမှုကြောင့် လုခိုင်ရှမ်က ထပ်မံတားဆီးရန် မကြိုးပမ်းတော့ချေ။

လုယွီက သူ၏လက်ကို လုခိုင်ရှမ်၏လက်ကောက်ဝတ်ပေါ်သို့ ချက်ချင်းတင်လိုက်သည်။ အတွေးတစ်ချက်ဖြင့်ပင် လုခိုင်ရှမ်၏ဒန်တျန်အတွင်းမှချိပ်စည်းကို လုယွီသိမြင်လိုက်ရသည်။

"ဒါက တစ္ကယ္ကို သူပါလား"

ရုတ်ချည်းဆိုသလိုပင် လုယွီက ရင်းနှီးကျွမ်းဝင်သော အော်ရာကို ခံစားမိသည်။

လုခိုင်ရှမ်က လုယွီမျက်မှောင်ကြုပ်နေသည်ကိုမြင်သည့်အခါတွင် ကုရာကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်သည်။

"ဟင်း....ယွီအာ ထားလိုက်ပါတော့...ငါရဲ့ဒန်တျန်ထဲမှာ ချိပ်စည်းရှိနေတာ တစ်ရက် နှစ်ရက်လည်းမဟုတ်တော့ဘူး"

လုယွီက ခေါင်းခါယမ်းလိုက်၏။

"ဒီချိပ်စည်းက လုံးဝကိုပြောင်းလဲသွားတာမရှိဘူး"

အကယ်၍ ကမ္ဘာပေါ်၌ ဤချိပ်စည်းနှင့်ရင်းနှီးကျွမ်းဝင်ဆုံးလူကိုပြပါဆိုလျှင် လုယွီဖြစ်မည်မှာ သေချာပေသည်။ ထို့နောက် လုယွီက ရုတ်တရက် လှုပ်ရှားမှုတစ်ခုပြုလုပ်ပြီး သူ၏လက်များဖြင့် လုခိုင်ရှမ်၏ခန္ဓာကိုယ်ကို အကြိမ်အနည်းငယ် ညွှန်ပြလိုက်သည်။ လုယွီ၏လက်ဝါးအတွင်း၌ ကျန်းချီများထည့်သွင်းထားပြီး ဝင်္ကပါပုံစံတစ်ခုဖြစ်ရန် ဖွဲ့စည်းနေလေသည်။

လုယွီ၏လက်လှုပ်ရှားမှုသည် အလွနသိမ်မွေ့သောကြောင့် လုခိုင်ရှမ်နှင့်ယွီရုံတို့ နားလည်သဘောပေါတ်နိုင်ခြင်းမရှိချေ။ လုယွီက သူ၏လက်ဝါးကို ပေါ့ပေါ့ပါးပါးရိုက်ထုတ်ပြီး ဝင်္ကပါပုံစံကို လုခိုင်ရှမ်၏ခန္ဓာကိုယ်အတွင်းသို့ တိတ်တဆိတ်ထည့်သွင်းလိုက်သည်။

"ယွီအာ...မင်း...."

လုခိုင်ရှမ်သည် တစ်စုံတစ်ခု ပြောဆိုချင်နေသော်လည်း ဆိုင်းငံသွားလေ၏။ ရုတ်တရက် သူ၏ခန္ဓာကိုယ်မှကျန်းချီများသည် အပြင်းအထန်တလိမ့်လိမ့်စီးဆင်းလာသည်အား ခံစားမိလေသည်။

"ဘာ...."

လုခိုင်ရှမ်၏မျက်လုံးများ ရုတ်တရက်ပြူ းကျယ်သွားလေသည်။

Chapter 193

မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် လုခိုင်ရှမ်၏အော်ရာအရှိန်အဟုန်သည် ရုတ်တရက်ကျဆငသွားသည်။ မမြင်နိုင်သော လေစီးကြောင်းတစ်ခုသည် သူ၏ခန္ဓာကိုယ်ပတ်လည်၌ ဖြည်းဖြည်းခြင်းလှည့်ပတ်နေပေသည်။

ခရက်...ခရက်

လုခိုင်ရှမ်က သူ၏လက်အတွင်းသို့ အင်အားအနည်းငယ်စိုက်ထုတ်လိုက်ရာ သူ၏အနီးရှိ သစ်သားစားပွဲသည် ပြိုလဲပြီးပျက်စီးသွားလေ၏။

သခင်မကြီးယွီရုံက မတ်တတ်ထရပ်ပြီး အံသြတကြီးမေးမြန်းလိုက်သည်။

"ယွီအာ...ဘာတွေဖြစ်နေတာလဲ"

"ဘာမှစိတ်မပူပါနဲ့အမေ....အဖေက မကြာခင်အသစ်ပြန်မွေးဖွားလာလိမ့်မယ်"

လုယွီက အော်ဟစ်ရယ်မောလိုက်၏။

အချိန်တခဏအကြာတွင်မူ လုခိုင်ရှမ်က ကျယ်လောင်သောကြုံးဝါးသံကြီး အောာဟစ်လိုက်သည်။ ပင်မခန်းမတစ်ခုလုံး တုန်ခါနေပေသည်။ လုခိုင်ရှမ်၏ခန္ဓာကိုယ်မှ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသည့်အော်ရာထွက်ပေါ်လာပြီး အနီးအနားရှိ ပရိဘောဂပစ္စည်းများ ကျိုးပဲ့ပျက်စီးသွားလေသည်။

လုယွီက မိခင်ဖြစ်သူယွီရုံကို ဘေးဘက်သို့ဆွဲခေါ်၍ သူမကို တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ကြည့်ခိုင်းလိုက်သည်။

သူက ဤချိပ်စည်းနှင့်ပတ်သတ်၍ အလွန်ပင်ရင်းနှီးကျွမ်းဝင်သည်။ အတိအကျပြောရလျှင် ဤချိပ်စည်းသည် သူဖန်တီးခဲ့သောအရာဖြစ်သည်။

"ဒီကမ္ဘာလောကက ငါ့ကိုတစ်ကယ်အံ့အားသင့်စေတယ်...အနက်ရောင်အသူရာခန်းမပေါ်ထွက်လာပြီး အခုဒီချိပ်စည်းပေါ်လာတယ်...ငါရဲ့စိတ်ဝိညာဉ်က ဒီကမ္ဘာလောကမှာပြန်လည်မွေးဖွားလာတာ အကြောင်းရင်းတစ်ခုခုများရှိနေမလားလို့ ငါစိုးရိမ်မိတယ်"

ယခုလက်ရှိ ကုန်ဆုံးသွားသောအချိန်သည် လဖက်ရည်တစ်ခွက်ပြင်ဆင်စာခန့်ကြာမြင့်သွားပြီဖြစ်သည်။

"ဟူး...."

လုခိုင်ရှမ်က ရုတ်တရက် စိတ်သက်ရာရသွားသည့် သက်ပြင်းတစ်ချက်ချလိုက်သည်။ လုခိုင်ရှမ်၏အသက်ရှုထုတ်မှုမှ အဖြူ ရောင်အခိုးအငွေ့များထွက်ပေါ်နေသည်ကို သာမာန်မျက်စိဖြင့်ပင်မြင်တွေ့နိုင်ပေသည်။

"လုံချီ နယ်ပယ်"

လုခိုင်ရှမ်က ရုတ်တရက် သူ၏မျက်လုံးများကိုဖွင့်လိုက်ပြီး သူ၏ခန္ဓာကိုယ်သည်လည်း စိတ်လှုပ်ရှားမှုကြောင့် တုန်ရီနေသည်။

နှစ်ပေါင်းများစွာကြာညောင်းခဲ့သော်လည်း လုခိုင်ရှမ်သည်စိတ်နှလုံးသားအတွင်းမှနေ၍ ဓားသွားပေါ်ရပ်နေသကဲ့သို့ခံစားနေရပြီး ကျားကုတ်ကျားခဲကြိုးစားခဲ့သည်။ သို့ရာတွင် သူ၏ခွန်အားကို ပြန်လည်ရရှိရန်မှာမူ တွေးတောရန်မဝံ့ခဲ့ချေ။

လုခိုင်ရှမ်သည် လုံချီနယ်ပယ်နဝမအဆင့်ကို ယခုတခဏအချိန်မှာပင် ချိုးဖျက်ဝင်ရောက်နိုင်ခဲ့သည်။ ယခုတွင် သူက နက္ခက်တာရာပြောင်းလဲခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်ဖြစ်လာရန် ခြေတစ်လှမ်းသာ လိုပေတော့သည်။

လုယွီက ရယ်ပြုံးရင်းမှ ပြောဆိုလိုက်၏။

"အဖေ....အဖေရဲ့လုံချီနယ်ပယ်ကျင့်ကြံဆင့် ပြန်လည်ရရှိသွားလို့ ဂုဏ်ယူပါတယ်"

လုခိုင်ရှမ်သည် နှစ်ပေါင်းများစွာကြာအောင် အတွေ့အကြုံရင့်ကျက်ခဲ့သူဖြစ်၍ အလျှင်အမြန်ပင် သူ၏အဆင့်တတ်မှုကြောင့် အပျော်လွန်နေခြင်းမှ အသိဝင်လာခဲ့သည်။

လုခိုင်ရှမ်က သူ၏သားကို ဝေခွဲရခက်သောအမူအယာဖြင့် ကြည့်မိလေသည်။

လုယွီက တည်ငြိမ်စွာဖြင့်ပြုံးလိုက်၏။

"ဒီချိပ်စည်း ချိုးဖျက်ဖို့ဆိုတာ တစ်ကယ်တော့မခက်ခဲပါဘူး....တိုက်တိုက်ဆိုင်ဆိုင် အရင်က ကျွန်တော် အဲဒါကိုသင်ယူခဲ့တာမို့ ဖြေရှင်းနိုင်တာပါ"

လုယွီက ထိုသို့ပြောကြားသော်လည်း လုခိုင်ရှမ်ကမူ သာမာန်မဟုတ်ဟုသာတွေးတောနေမိသည်။ ဤအရာက လုမိသားစု၏မည်သည့်ကျွမ်းကျင်ပညာရှင်မှ ချိုးဖျက်နိုင်ခြင်းမရှိသော ချိပ်စည်းဖြစ်ပေသည်။ သို့ရာတွင် လဖက်ရည်တစ်ခွက်ပြင်ဆင်သာအချိန်မှာပင် သူ၏ရူးသွပ်နေသောသားက ဖြေရှင်းနိုင်ခဲ့လေသည်။

"ယွီအာ...ငါက အိမ်မှာအမြဲရှိမနေခဲ့ဘူး...ဒါကြောင့် ငါက မင်းနဲ့ရွှမ်းအာကို ဂရုစိုက်ချိန်သိပ်မရှိခဲ့ဘူး...မင်းတို့အားလုံး ဒီအခြေအနေထိ ကြီးပြင်းလာကြမယ်လို့ ငါမျှော်လင့်မထားမိဘူး"

လုခိုင်ရှမ်၏မျက်နှာပေါ်တွင် စိတ်ကျေနပ်နေသောအပြုံးပေါ်လွင်နေသည်။

လုခိုင်ရှမ်သည် ရုတ်တရက်တစ်စုံတစ်ခုကို စဉ်းစားလိုက်ပြီးနောက် သူ၏ရင်ဘတ်ကြားမှသစ်သားသေတ္တာတစ်ခုကို ထုတ်ယူလိုက်လေ၏။ သစ်သားသေတ္တာအားဖွင့်ပြီးချိန်တွင် ရိုးရှင်းသောတံဆိပ်ပြားတစ်ခုပေါ်ထွက်လာသည်။ တံဆိပ်ပြားပေါ်တွင် မည်သည့်စာလုံးမှရေးထွင်းထားခြင်းမရှိဘဲ သာမာန်သစ်သားပြားတစ်ခုပုံဖြစ်နေသည်။ သို့သော် တစ်စုံတစ်ယောက်က တံဆိပ်ပြားကိုအနီးကပ်ကြည့်ရှုပါက ထိုအရာသည်တစ်ခုခုထူးခြားနေမည်ကို ခံစားမိပေမည်။

လုယွီ၏မျက်ခုံးများ မြင့်တတ်သွား၏။ သူက ထိုတံဆိပ်ပြားတွင် ဝင်္ကပါတစ်ခုတည်ရှိနေခြင်းကို အာရုံခံစားမိလေသည်။

"ဒါက အလယ်ပိုင်းကုန်းမြေက လုမိသားစုရဲ့ သက်သေခံတံဆိပ်ပြားပဲ....ဒီတံဆိပ်ပြားနဲ့ဆိုရင် မင်းက အလယ်ပိုင်းကုန်းမြေက လုမိသားစုစီကို သွားနိုင်တယ်"

လုခိုင်ရှမ်က သူ၏လက်အတွင်းမှ တံဆိပ်ပြားကို လုယွီထံသို့ လွှဲပြောင်းပေးလိုက်သည်။

လုယွီက ထိုတံဆိပ်ပြားကိုယူပြီး ထိုအရာ၏အလေးချိန်ကို ခံစားကြည့်မိသည်။ တံဆိပ်ပြား၏အပေါ်ယံကိုကြည့်လျှင် သစ်သားနှင့်ပြုလုပ်ထားပုံ ပေါ်နေသော်လည်း အလေးချိန်မှာ ကျောက်တုံးတစ်တုံးနှင့်တူညီနေသည်။

"မင်းက ဒီနေရာမှာ အကြာကြီးနေမှာမဟုတ်ဘူးဆိုတာ ငါသိတယ်...ယော်ကျားတစ်ယောက်ရဲ့ စိတ်နှလုံးသားက သူရဲ့ပြောဆိုမှုပေါ်မှာမူတည်တယ် ပြီးတော့ ဘာလုပ်သင့်တယ်ဆိုတာကိုသိရမယ်...မင်းက စွမ်းအားကောင်းတယ်ဆိုပေမယ့် ငါတို့စိတ်ပူစရာမလိုအောင်နေပါ"

လုခိုင်ရှမ်က သားဖြစ်သူကိုပြုံးပြရင်းမှ ဆတ်ပြောလိုက်သည်။

"အနာဂတ်မှာ....မင်းရဲ့ကျင့်ကြံမှုအခက်အခဲတစ်စုံတစ်ခုရှိတယ်ဆိုရင် ဒီတံဆိပ်ပြားကိုယူပြီး အလယ်ပိုင်းကုန်းမြေက လုမိသားစုကိုသွားပါ...သူတို့က မင်းကို ကူညီလိမ့်မယ်"

လုယွီက လုခိုင်ရှမ်ကို ကြည့်ပြီးပြောဆိုလိုက်လေ၏။

"အဖေ....အဖေရဲ့ခွန်အားကို ပြန်လည်ရရှိနေပြီလေ...ဘာလို့ ကျွန်တော်နဲ့လိုက်ပြီး လုမိသားစုစီကို ပြန်မသွားတာလဲ"

"ထွက်ခွာလာပြီးမှတော့ သေရေးရှင်ရေးကိစ္စမှမရှိတာ..ပြန်သွားဖို့မလိုအပ်တော့ဘူး"

လုခိုင်ရှမ်က သူ၏ခေါင်းကိုခါယမ်းလိုက်သည်။ ထို့နောက် တစ်စုံတစ်ခုကိုတွေးတောပြီးမှပြောဆိုလိုက်လေ၏။

"ဒါပေမယ့် မင်း အလယ်ပိုင်းကုန်းမြေကိုမသွားခင် မင်းအဒေါ်နေတဲ့နေရာကို အရင်သွားလိုက်အုံး"

Chapter 194

"အေဒၚလား"

လုယွီ မျက်မှောင်ကြုတ်လိုက်မိ၏။ သူ၌ အဒေါ်တစ်ယောက် အမှန်တစ်ကယ်ရှိနေမည်ဟု သူ မျှော်လင့်မထားမိချေ။

လုခိုင်ရှမ်က ခေါင်းညိတ်ပြပြီးနောက် သက်ပြင်းတစ်ချက်ချလိုက်သည်။

"အဲ့ဒီအကြောင်းပြောရရင် ငါ ငယ်ရွယ်ပြီးသန်မာဖျတ်လတ်နေတဲ့အချိန်ကတည်းက အိမ်ကထွက်လာပြီး ပြန်မသွားဖြစ်တော့ဘူး...ဒါပေမယ့် ငါရဲ့ညီမလေး လုဝမ်ရှင်းက လုမိသားစုကနေထွက်လာပြီး ငါကိုလိုက်ရှာနေတယ်ဆိုတာ သိခဲ့ရတယ်"

သခင်မကြီးယွီရုံက နံဘေးမှနေ၍ နွေးထွေးစွာပြောဆိုလိုက်လေ၏။

"ယော်ကျား....အရင်ကကိစ္စတွေအတွက် ဝမ်းနည်းမနေပါနဲ့တော့"

"ဟူး...."

လုခိုင်ရှမ်က သက်ပြင်းတစ်ချက်ရှိုက်ပြီး လုယွီအားကြည့်လိုက်သည်။

"မင်းရဲ့ အဒေါ်နာမည်က လုဝမ်ရှင်းလို့ခေါ်တယ်...အဲ့ဒီအချိန်တုန်းက သူမက ငါလို လုမိသားစုဝင်တစ်ယောက်ပဲ....လုမိသားစုမှာသာဆတ်နေရင် သူမရဲ့အနာဂတ်က အတိုင်းအဆမရှိတောက်ပနေမှာ...ခုတော့ နှမျောစရာပဲ"

လုမိသားစုသည် အလွန်ကြီးမားကြီး ဆရာသခင်အိုကြီးလု၌ မြောက်များစွာသည့်ကလေးများ ရှိပေသည်။ မိသားစုတစ်ခုလုံး၏အဆတ်အနွယ်များသည် သစ်ပင်မှအမြှစ်များကဲ့သို့ တစ်ခုနှင့်တစ်ခုယှက်နွယ်နေသည်။ ပြင်ပမှကြည့်လျှင် လုမိသားစုသည် သံမဏိပြားကြီးနှင့်တူညီသော်လည်း အတွင်းတွင်မူ အစီအစဉ်များနှင့်ကြံစည်မှုများဖြင့် အပြည့်ဖြစ်နေသည်။ ဤအရာက အလွန်ဆိုးရွားသည့်ကိစ္စဖြစ်ပေသည်။

လုဝမ်ရှင်းသည် လုခိုင်ရှမ်၏ညီမငယ်ဖြစ်၍ သူတို့နှစ်ယောက်ကြားမှ ဆတ်နွယ်မှုသည် အလွန်ပင်ရှင်းလင်းပေသည်။ လုခိုင်ရှမ်သည် လုမိသားစုမှထွက်ခွာလာစဉ်က လုဝမ်ရှင်းသည် မိသားစုအတွင်းတွင်အဓိကအဖွဲ့ဝင်တစ်ယောက်ဖြစ်ပေ၏။

အံ့အားသင့်ဖွယ်မရှိဘဲ လုဝမ်ရှင်းသည် လုမိသားစု၏အပြည့်အဝထောက်ပံမှုကိုရရှိသူဖြစ်သည်။ ကျင့်ကြံခြင်းနည်းစနစ်များ သို့မဟုတ် အရင်းအမြစ်များသည် သူမကဲ့သို့အဓိကအဖွဲ့ဝင်များသာ ဦးစားပေးအနေနှင့်ရရှိပေသည်။

သို့ရာတွင် လုခိုင်ရှမ် အိမ်မှထွက်ခွာသွားသည့်သတင်းကို လုဝမ်ရှင်းကြားသိချိန်တွင် သူမက မည်သည့်တုန့်ဆိုင်းမှုမျှမရှိဘဲ တောင်ပိုင်းစွန့်ပစ်ကုန်းမြေအထိ လိုက်လံရှာဖွေခဲ့သည်။

"အကိုကြီးတစ်ယောက်အနေနဲ့ ငါ အရမ်းရှက်တယ်....ငါက ငါညီမရဲ့အနာဂတ်ကို ကိုယ်တိုင်ကိုယ်ကျဖျတ်ဆီးခဲ့မိတယ်...ဟူး.....ကုန်ဆုံးသွားတဲ့နှစ်တွေမှာ ငါက မင်းရဲ့အဒေါ်ကိုသွားတွေ့ဖို့ သတ္တိမရှိခဲ့ဘူး"

အထီးကျန်ဆန်မှုအရိပ်အယောင်များက လုခိုင်ရှမ်၏မျက်နှာပေါ်တွင် ထင်ဟပ်နေလေ၏။

လုယွီက မေးမြန်းလိုက်သည်။

"အဖေ....ကိုယ်ကိုကိုယ် အပြစ်တင်နေဖို့မလိုပါဘူး....ကျေးဇူးပြုပြီး ကျွန်တော်ရဲ့အဒေါ် ဘယ်မှာနေတာလဲသာပြောပါ....ကျွန်တော် သေသေချာချာသွားလိုက်ပါ့မယ်"

လုခိုင်ရှမ်က သူ၏ခေါင်းကိုညိမ့်ပြပြီး ဆတ်လက်ပြောဆိုလိုက်လေ၏။

"တောင်ပိုင်းစွန့်ပစ်ကုန်းမြေနဲ့အလယ်ပိုင်းကုန်းမြေရဲ့ကြားမှာ နားလည်ရခက်ခဲတဲ့တွင်းနက်ကြီးတစ်ခုရှိတယ်...ကျင့်ကြံသူတစ်ယောက်တောင်မှ အဲ့ဒီအပေါ်ကနေပျံသန်းသွားဖို့ အရမ်းခက်ခဲလွန်းတယ်...တောင်ပိုင်းစွန့်ပစ်ကုန်းမြေရဲ့အထီးကျန်နတ်ဘုရားလှေကပဲ ဗဟိုလွင်ပြင်ကိုဦးတည်သွားနိုင်တယ်"

"အထီးကျန်နတ်ဘုရားလှေက ဧရာမပျံသန်းခြင်းမှော်ရတနာတစ်ခုပဲ....အဲ့ဒါက လူတွေကိုသယ်ဆောင်ပြီး အလယ်ပိုင်းကုန်းမြေကိုသွားနိုင်ပေမယ့် စိတ်ဝိညာဉ်ကျောက်တုံးတွေအများကြီးလိုအပ်တယ်...ငါ လုမိသားစုကနေထွက်လာတုန်းက ယူဆောင်လာတဲ့ စိတ်ဝိညာဉ်ကျောက်တုံးအများစုက အဲ့ဒီ အထီးကျန်နတ်ဘုရားလှေကို အသုံးပြုလို့ ကုန်ဆုံးသွားတာပဲ"

"နှစ်အနည်းငယ်အတွင်းမှာ ကောင်းတဲ့ကိစ္စကတော့ ရှေးဟောင်းအထီးကျန်နတ်ဘုရားလှေက တောင်ပိုင်းစွန့်ပစ်ကုန်းမြေက ထိပ်သီးအင်မော်တယ်ဂိုဏ်းကလူတွေကို တစ်နေရာစာစီးနင်းခွင့်ပေးထားတာပဲ...မင်းရဲ့အဒေါ်က တောင်ပိုင်းစွန့်ပစ်ကုန်းမြေမှာ အင်မော်တယ်ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ထားတယ်...တစ်ကယ်လို့ မင်း အလယ်ပိုင်းကုန်းမြေကိုသွားဖို့ ဆန္ဒရှိတယ်ဆိုရင် မင်းအဒေါ်ရဲ့ဂိုဏ်းကိုအရင်သွားပြီး မင်းအတွက်နေရာတစ်နေရာယူပေးဖို့ အကူအညီတောင်းတာ ပိုကောင်းလိမ့်မယ်"

ထို့နောက် လုခိုင်ရှမ်က သိုလှောင်အိတ်တစ်အိတ်ကို ထုတ်ယူ၍ လုယွီ၏လက်အတွင်းသို့ ထည့်ပေးလိုက်သည်။

"ငါ လုမိသားစုကနေ ထွက်လာတုန်းကယူလာတဲ့ စိတ်ဝိညာဉ်ကျောက်တုံး နည်းနည်းကျန်သေးတယ်...အဲ့ဒါကို ယူသွားလိုက်....ငါက အသက်ကြီးနေပြီ...ကျင့်ကြံဖို့အရွယ်ကောင်းကိုလည်း ကျော်လွန်လာခဲ့ပြီ...တစ်ကယ်လို့ ငါက လုံချီနယ်ပယ်ကနေ အဆင့်တတ်နိုင်မယ်ဆိုရင်တောင် ဘာမှထူးလာမှာမဟုတ်ဘူး"

ဤအချိန်တွင်မူ လုခိုင်ရှမ်၏မျက်နှာပေါ်တွင် ခြောက်ကပ်ကပ်အပြုံးတစ်ခု ထင်ဟပ်လာခဲ့သည်။

"ဒီနှစ်တွေမှာ ငါက ကိစ္စတွေ အများကြီးဖြတ်ကျော်ခဲ့ပြီးပြီ....ငါက အင်မော်တယ်တစ်ယောက် ဖြစ်ဖြစ် မဖြစ်ဖြစ် အရေးမပါတော့ဘူး...ငါ့မိသားစုရဲ့ဘေးနားမှာနေနိုင်ရင်ပဲ အရာရာတိုင်းကပြည့်စုံနေပြီ"

လုခိုင်ရှမ်က တည်ငြိမ်အေးဆေးစွာဖြင့် ပြောဆိုလိုက်၏။

*****

နေ့တစ်ဝက်ခန့်အကြာတွင်မူ လုလမ်ရွှမ်းက နျူ နျူ ကိုခေါ်၍ အိမ်တော်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ လုလမ်ရွှမ်းနှင့်နျူ နျူ သည် လုယွီ အိမ်မှထွက်ခွာမည့်အကြောင်းကိုကြားချိန်တွင် အံ့အားသင့်သွားပုံမရချေ။ သူတို့က ညစာစားချိန်တွင်သာ လုယွီကို အစားအစာများဂရုတစိုက် ကျွေးမွေးနေပြီး အကယ်၍ အပြင်၌အခြေအနေမကောင်းလျှင် အချိန်မရွေးပြန်လာရန်သာ သတိပေးနေခဲ့သည်။

အိမ်တွင်စားရသော နောက်ဆုံးညစာကိုစားပြီးနောက် လုယွီက သူ၏အခန်းကိုပြန်၍ သူ၏မှတ်ဉာဏ်များအတွင်းမှ ဆေးညွှန်းများကို တွေးတောလိုက်သည်။

လုယွီသည် သူ၏အခန်းအတွင်းတွင် ဆေးပြားများနှင့်ပိုင်တိုကောင်းကင်ဘုံဂိုဏ်းမှ သာမာန်အဆင့်မှော်ရတနာများကို ချန်ထားခဲ့လေသည်။

ထိုမှော်ရတနာပစ္စည်းများသည် အလွန်အစွမ်းထက်ခြင်းမရှိသော်လည်း အရည်အသွေးကောင်းမွန်သောပစ္စည်းများ ဖြစ်ကြသည်။ အကယ်၍ ၎င်းတို့ကိုအသုံးပြုလျှင် သာမာန်လက်နက်များထက်တော့ အဆပေါင်းများစွာပို၍အစွမ်းထက်ပေမည်။

ညချမ်းကျရောက်လာချိန်တွင်မူ လုယွီက လုံကျင်းမြို့၏အပြင်ဘက်ရှိ တောင်ထိပ်ပေါ်သို့ ရောက်ရှိနေပြီဖြစ်လေ၏။ ဤနေရာမှကြည့်လျှင် လုံကျင်းမြို့၏မြင်ကွင်းကို အသေးစိတ်မှအစ ကွက်ကွက်ကွင်းကွင်းမြင်နိုင်ပေသည်။

"ငါရဲ့ရန်သူကိုလက်စားချေပြီးတာနဲ့...ငါရဲ့အဖေလိုပဲ မိသားစုနဲ့အတူတူနေမယ်"

သူ၏လက်အတွင်းမှ တံဆိပ်ပြားကိုပွတ်သပ်လိုက်ရင်း လုယွီ၏မျက်လုံးများတွင် ခက်ထန်တင်းမာမှုများ ထင်ဟပ်လာခဲ့သည်။

"ရှန်းလင်းလုံ...မင်းစောင့်နေ"

Chapter 195

တောင်ပိုင်းစွန့်ပစ်ကုန်းမြေ၏မြောက်ဘက်နယ်စပ်ဒေသ.....သမင်ဖြူ တောင်တန်း

သမင်ဖြူ တောင်ခြေတွင် မြောက်များစွာသည့်ပွဲ့ကြည့်စင်များ အပြည့်ရှိသည့် အေးစက်မိုးတိမ်မြို့တည်ရှိသည်။ နေ့ဖြစ်စေ ညဖြစ်စေ ထိုနေရာသည် ဆူညံသံများ စိတ်လှုပ်ရှားမှုကြောင့်အော်ဟစ်သံများဖြင့် စည်ကားသိုက်မြိုက်သောမြို့တစ်မြို့ဖြစ်သည်။

အေးစက်မိုးတိမ်မြို့သည် အရပ်မျက်နှာပေါင်းစုံမှဆတ်သွယ်သွားလာနိုင်ပြီး မြောက်မြားစွာသည့်လမ်းများက မြို့ထံသို့ ဦးတည်ဖောတ်လုပ်ထားသည်။

အေးစက်မိုးတိမ်မြို့၏မြို့တံခါးအနီးတွင် ဧရာမဌက်ကြီးတစ်ကောင်က ကောင်းကင်ယံမှ ဆင်းသက်လာခဲ့သည်။ ထိုဌက်ကြီး၏အမွှေးအတောင်များအားလုံးက ဆွက်ဆွက်ဖြူ နေပြီး ခန္ဓာကိုယ်အရွယ်အစားသည် သုံးထပ်အဆောတ်အဦးတစ်ခုခန့် ကြီးမားပေသည်။ သူ၏အတောင်ပံများ တဖျတ်ဖျတ်ခတ်နေရာမှ ပြင်းထန်သည့်လေပြင်းများ တိုက်ခတ်နေပေသည်။

ဌက်ကြီး၏ကျောပေါ်တွင် အားနည်းသောစွမ်းအင်လှိုင်းတစ်ခုပါဝင်သည့် အဝတ်စတစ်ခုရှိနေသည်။ ကြည့်ရသည်မှာ ဌက်ကြီးကို တည်ငြိမ်အောင်ထိန်းသိမ်းနိုင်မည့် ဝင်္ကပါအခင်းအကျင်းတစ်ခု ထိုအဝတ်စတွင်ရေးထိုးထားပုံရသည်။

မြို့တံခါးတွင် လမ်းသွားလမ်းလာအများအပြား သွားလာလှုပ်ရှားနေကြသည်။ သူတို့က ဌက်ကြီး၏ပုံပန်းသွင်ပြင်ကိုမြင်သော်လည်း အံ့အားသင့်သွားခြင်းမရှိကြချေ။

အကယ်၍ တစ်စုံတစ်ယောက်က အနီးကပ်ကြည့်ရှုပါက လမ်းဘေးတွင်သွားလာနေကြသည့် လမ်းသွားလမ်းလာများ၏ခန္ဓာကိုယ်ပတ်လည်တွင် ကျန်းချီများစီးဆင်းနေသည်ကို မြင်တွေ့နိုင်ပေသည်။

မြို့အတွင်းရှိလူအများစုသည် သာမာန်လူများမဟုတ်ကြဘဲ ကျင့်ကြံသူများဖြစ်ကြသည်။ ဤနေရာက ကျင့်ကြံသူများ၏မြို့ ဖြစ်ပေ၏။

လုယွီက ဌက်၏နောက်ကျောပေါ်မှဆင်းပြီး အေးစက်မိုးတိမ်မြို့ကို ငေးမောကြည့်မိသည်။ သူက အတွေးများအတွင်းတွင်နစ်မြုပ်သွားလေ၏။

"ဒီမြို့က အေးစက်မိုးတိမ်မြို့ပဲ"

"သမင်ဖြူ ကျောင်းတော်ရဲ့ဝင်ခွင့်စာမေးပွဲက လာမယ့်ရက်အနည်းငယ်အတွင်းမှာ ကျင်းပလိမ့်မယ်....ငါက အရင်အကြိမ်တွေတုန်းက ကျရှုံးခဲ့ပေမယ့် နှစ်ပေါင်းများစွာကြာအောင် ခက်ခက်ခဲခဲလေ့လာပြီး သမင်ဖြူ ကျောင်းတော်ရဲ့ ထိပ်တန်းဝင်ခွင့်ရသူအဖြစ် အဆင့်သတ်မှတ်ခံရမှာသေချာတယ်"

ယုံကြည်ချက်များနှင့် ပြည့်နှက်နေသည့် အသံတစ်သံက လုယွီ၏နံဘေးမှ ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။

အဖြူ ရောင်ဝတ်စုံဖြင့်လူငယ်တစ်စုကလည်း မြို့အတွင်းသို့ ဝင်သွားခဲ့သည်။ သူတို့၏ခန္ဓာကိုယ်ပတ်လည်တွင် ကျန်းချီလှုပ်ခတ်မှုများရှိနေသည်သာမက သမာဓိတရားခပ်ဖျော့ဖျော့ကိုလည်း ရှိနေပေသည်။

ဤလူငယ်များအားလုံးက ကွန်ဖြူ းရှပ်ပညာရှင်များ ဖြစ်ပေ၏။

ကျင့်ကြံသူများသည် တာအိုကိုကျင့်ကြံရန် နည်းလမ်းများစွာရှိပေသည်။ တစ်ချို့က ဆေးတာအို....တစ်ချို့က ဝင်္ကပါတာအို စသဖြင့်ကျင့်ကြံကြသည်။ ကွန်ဖြူ းရှပ်တာအိုကို ကျင့်ကြံခြင်းသည်လည်း မြောက်များစွာသောတာအိုများအနက်မှတစ်ခုဖြစ်သည်။

'စာအုပ်တစ်သောင်းကို ဖတ်ရှုပါ....မိုင်တစ်သောင်းခရီးထွက်ပြီးလူတွေရဲ့ဆင်းရဲဒုက္ခတွေကို ကယ်တင်ပါ...စိတ်နှလုံးသားကို ဖြောင့်မတ်ခြင်းစိတ်ဝိညာဉ်ဖြစ်အောင် ပြုစုပျိးထောင်ပါ'

(ကွန်ဖြူ းရှပ်ဝါဒနဲ့အနည်းငယ်ကွဲလွဲမှုရှိနိုင်ပါတယ်...ညီမ internetလိုင်းအဆင်မပြေလို့ လေ့လာချိန်မရလို့ပါ)

ကွန်ဖြူ းရှပ်ကျင့်ကြံသူများသည် သာမာန်ပညာရှင်များမဟုတ်ကြချေ။ သူတို့၏ကွန်ဖြူ းရှပ်တာအို ကျင့်ကြံခြင်းကြောင့် သူတို့၏ခန္ဓာကိုယ်တစ်ခုလုံးတွင် သမာဓိစွမ်းအင်များ စီးဆင်းနေပေသည်။ သူတို့၏အော်ဟစ်သံတစ်သံဖြင့်ပင် နတ်ဆိုးလမ်းကြောင်းကိုကျင့်ကြံသည့် ကျင့်ကြံသူများ၏စိတ်ဝိညာဉ်များ ကွယ်ပျောက်သွားစေနိုင်သည်။

ယခင်က အနက်ရောင်အသူရာခန်းမတွင်ရှိခဲ့သည့် ကျင့်ကြံသူများအတွင်းတွင် ကွန်ဖြူ းရှပ်ပညာရှင်များသာ ပါရှိခဲ့လျှင် နတ်ဆိုးစိတ်ဝိညာဉ်များကို လွယ်လင့်တကူဖြေ ရှင်းနိုင်ပေမည်။

"အကို လု....ဒါက မင်း အေးစက်မိုးတိမ်မြို့ကို ပထမဆုံးရောက်ဖူးတာထင်တယ်"

လူငယ်ကျင့်ကြံသူတစ်ယောက်က လုယွီကို အပြုံးဖြင့်ပြောဆိုလိုက်သည်။

ထိုလူငယ်ကျင့်ကြံသူ၏နာမည်သည် လျိုမင်ဖြစ်ပြီး လုယွီနှင့်လမ်းတွင်တွေ့ဆုံကြခြင်းဖြစ်သည်။

လုယွီက ခေါင်းညိတ်ပြလိုက်၏။

"ငါက သမင်ဖြူ တောင်ခြေမှာရှိတဲ့ သမင်ဖြူ ကျောင်းတော်အကြောင်းကိုကြားခဲ့တယ်...ငါတို့ အခု သမင်ဖြူ တောင်ကိုသွားကြရအောင်"

"ဟမ့်...ဒီတောသားတွေက ဘယ်ကနေရောက်လာတာလဲဆိုတာ ငါအံသြမိတယ်....သမင်ဖြူ ကျောင်းတော်ကို သူတို့သွားချင်တိုင်း သွားလို့ရတဲ့နေရာများမှတ်နေကြလား မသိဘူး"

ရန်စပြောဆိုလိုက်သော အသံတစ်သံက ပေါ်ထွက်လာလေသည်။

လုယွီ၏အကြည့်သည် စကားသံထွက်ပေါ်ရာသို့ရောက်ရှိသွားရာ သူက မောက်မာသည့်အမူအယာဖြင့်အနက်ရောင်ဝတ်လူငယ်က လုယွီတို့နှစ်ယောက်ကို ကြည့်နေသည်ကို မြင်တွေ့မိသည်။

"ဘာလဲ....မင်းက လက်မခံနိုင်ဘူးလား"

လုယွီ၏အကြည့်က သူအပေါ်ကျရောက်လာသည်ကိုမြင်သော အနက်ရောင်ဝတ်စုံဖြင့်လူငယ်၏မျက်နှာပေါ်တွင် အေးစက်စက်အပြုံးတစ်ခုရှိနေခဲ့သည်။ သူ၏ခန္ဓာကိုယ်မှနေ၍ ချက်ချင်းပင် ထိတ်လန့်ကြောက်ရွံဖွယ်ကောင်းသောအော်ရာ ထွက်ပေါ်လာလေ၏။

ပတ်ဝန်းကျင်ရှိလူများက ဤအဖြစ်အပျတ်ကိုမြင်ချိန်တွင် သူတို့အားလုံး နောက်သို့ဆုတ်သွားကြသည်။ ထိုလူငယ်သည် အမြူ တေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်ဖြစ်ပေသည်။

"စီနီယာ....ကျွန်တော်ရဲ့ညီလေးက ခုမှအေးစက်မိုးတိမ်မြို့ကိုရောက်ဖူးတာမို့ စည်းမျဉ်းတွေကိုနားမလည်တာပါ...ကျေးဇူးပြုပြီး သူကို စိတ်ထဲမထားပါနဲ့"

လျှိုမင်က ချက်ချင်းပင် လုယွီကိုဘေးဘက်သို့ဆွဲ၍ လူငယ်အား အပြုံးဖြင့်ပြောဆိုလိုက်သည်။

"မင်းတို့က ဘာလို့သမင်ဖြူ ကျောင်းတော်ကို ဝင်ချင်ကြတာလဲ....ငါကို ပြက်ရယ်ပြုချင်နေတာမလား"

လူငယ်က အထင်သေးဟန်ဖြင့် သူ၏လက်ကိုဝှေ့ယမ်းပြီး ထွက်ခွာသွားလေသည်။

အနက်ရောင်ဝတ်စုံဖြင့်လူငယ် ထွက်ခွာသွားချိန်တွင် လျှိုမင်က လုယွီဘက်သို့လှည့်၍ လေသံနှိမ့်၍ ပြောကြားလိုက်သည်။

"ညီလေး လု....ဘေးဒုက္ခတွေက ပါးစပ်ကလာတယ်...နှိမ့်နှိမ့်ချချနေပြီး ပြဿ နာမရှာဘဲနေကြရအောင်"

လုယွီက ခေါင်းခါယမ်းလိုက်၏။

"မင်း ငါကိုဘာလို့ တားဆီးထားတာလဲ"

လျှိုမင်က ပြန်လည်ပြောဆိုလိုက်လေသည်။

"ညီလေးလုက ရန်လိုတတ်တဲ့လူတစ်ယောက်မဖြစ်သင့်ဘူးလေ....ငါက စိုးရိမ်တတ်တယ်...အမြူ တေဖွဲ့စည်းခြင်းနယ်ပယ်ကျင့်ကြံသူတစ်ယောက်က သမင်ဖြူ ကျောင်းတော်ရဲ့ အတွင်းစည်းတပည့်တစ်ယောက်ဖြစ်လာနိုင်တယ်....တစ်ကယ်လို့ တစ်ခြားနေရာတွေကိုသွားမယ်ဆိုရင် အဲ့ဒီအဆင့်ကျင့်ကြံသူတစ်ယောက်က ကိုယ်ပိုင်အင်မော်တယ်ဂိတ်တံခါးကို တည်ဆောတ်နိုင်ပြီး ဂိုဏ်းတစ်ခုရဲ့ဆရာသခင်ဖြစ်လာနိုင်တယ်"

"ဟူး.....သူပြောသွားတာလဲမှန်ပါတယ်...သမင်ဖြူ ကျောင်းတော်က ငါတို့သွားချင်တိုင်းအလွယ်တကူ သွားလို့ရတဲ့နေရာမဟုတ်ဘူး.....ငါထက် နှစ်ဆလောတ်ကြိုးစားအားထုတ်တဲ့သူတွေတောင် အဲ့ဒီနေရာကို ဝင်ခွင့်မရကြဘူး"

လျှိုမင်၏မျက်လုံးများအတွင်းတွင် စိတ်ပျတ်အားငယ်မှုများ ထင်ဟပ်နေလေ၏။

လုယွီက မျက်မှောင်ကြုတ်မိသွားပြီး သူက အေးစက်မိုးတိမ်မြို့၏နောက်ဘက်တွင် ကွက်ကွက်ကွင်းကွင်းမြင်နေရသည့် သမင်ဖြူ တောင်ကို ကြည့်လိုက်မိသည်။

"ဒါဆို ဒါကြီး ဒေါ်လေးတည်ထောင်ထားတယ်ဆိုတဲ့ ကျောင်းတော်လား"

လုယွီက တီးတိုးရေရွတ်လိုက်မိ၏။

All Chapters