အခန်း (၂၀၁-၂၀၅)
Vol. 11-15 Ch. 201-205
C201
'ဘယ်လို...ဒီကောင်စုတ်က ဒီနေရာမှာ ဝင်္ကပါပန်းချီကား လာရောင်းတာတဲ့လား'
လူငယ်အုပ်စုသည် အချိန်တခဏကြာဆွံအသွားပြီးနောက် ကျယ်လောင်စွာအော်ဟစ်ရယ်မောလိုက်ကြသည်။
"ဒီနေရာကို ကမောက်ကမဖြစ်အောင်လုပ်တာ ရပ်လိုက်စမ်း....ဝင်္ကပါပန်းချီဆိုတာက ဝင်္ကပါပညာရှင်တွေက အင်အားအများကြီးစိုက်ထုတ်ပြီးလုပ်ရတာ...မင်းက ဝင်္ကပါပန်းချီကို ဂေါ်ဖီထုပ်လို့များထင်နေတာလား"
လူငယ်တစ်ယောက်က လုယွီကို အေးစက်တင်းမာစွာဖြင့် သရော်တော်တော်ပြောဆိုလိုက်လေ၏။
ထိုလူငယ်နံဘေးရှိ အမျိုးသမီးကျင့်ကြံသူကလည်း တူညီစွာပင် လုယွီအားမထီမဲ့မြင် ကြည့်ရှုနေပေသည်။
"ခန်းမသခင်....ကျွန်မက ဒီလိုလူတွေအများကြီးကိုမြင်ဖူးတယ်....သူက ဒီနေရာကနေ ဒီတိုင်းထွက်ခွာရမှာရှက်ရွံတာမို့ စာလိပ်တစ်လိပ်ကိုထုတ်ယူပြီး ဝင်္ကပါစာပန်းချီပုံဖမ်းပြီးထုတ်ပေးတာပဲဖြစ်ရမယ်....သူက အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးသန်းကိုးဆယ်တောင် ပြောရဲသေးတယ်....တော်တော်မျက်နှာအရေထူတဲ့သူပဲ"
အမျိုးသမီးကျင့်ကြံသူက အေးစက်စက်ပြောဆိုလိုက်လေ၏။
အမျိုးသမီးကျင့်ကြံသူ စကားပြောဆိုပြီးသွားသည်နှင့် လူငယ်များ၏အာရုံကိုဆွဲဆောင်လိုက်နိုင်ပြီး ချက်ချင်းပင်သဘောတူထောက်ခံသံများထွက်ပေါ်လာသည်။ တစ်ခြားသူများကလည်း သူမပြောဆိုသည့်စကားများကို ခေါင်းတညိမ့်ညိမ့်ဖြင့်ထောက်ခံနေကြလေ၏။
လုယွီက ထူးမခြားနားပုံစံဖြင့်သာ ပြောဆိုလိုက်သည်။
"ခင်ဗျားတို့ရဲ့ဟာကသာ ကျုပ်ရဲ့ဝင်္ကပါပန်းချီနဲ့မယှဉ်နိုင်မှာ....ဒါပြင် ကျုပ်က လေလံနဲ့ ဒီပစ္စည်းကိုရောင်းမှာ...အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးသန်းကိုးဆယ်က အဖွင့်စျေးပဲ....စျေးတစ်ကြိမ်တိုးတိုင်း တစ်သန်းထက်မနည်းရဘူး"
တစ်ခြားလူငယ်များက ထိုစကားကြားချိန်တွင် သူတို့၏အပြောင်အပျက်ပြောဆိုနေမှုများသည် ပို၍ပင်ရိုင်းစိုင်းလာကြသည်။
'ဒီငတိက ငွေလိုချင်လွန်းသဖြင့် ရူးများသွားသလား'
"ဆရာသခင်....ကျွန်တော်တို့ ဘာလို့မသွားသေးတာလဲ....ဒီကောင်လေးနဲ့အချိန်ဖြုန်းနေစရာမလိုအပ်ဘူးထင်တယ်"
"ငါ့က နှိုင်းယှဉ်လို့မရဘူးတဲ့လား"
ဆရာသခင်လို့၏မျက်လုံးများ ကျဉ်းမြောင်းသွားရင်းမှ သူက ပြုံးလိုက်သည်။
"ငါက ဒီလိုမောက်မာသောင်းကြမ်းတတ်တဲ့လူငယ်မျိုး မတွေ့မိတာ အချိန်အတော်ကြာခဲ့ပြီ....ဒီအဖိုးကြီးရဲ့ဝင်္ကပါပန်းချီကိုတောင် မင်းရဲ့ဟာနဲ့ယှဉ်ပြိုင်မရဘူးဆိုမှတော့.....မင်းရဲ့ဝင်္ကပါပန်းချီကို ငါ ကြည့်ချင်တယ်"
ဆရာသခင်လို့၌ ထွက်ခွာရန်ဆန္ဒမရှိသည်ကိုကြည့်ပြီး ကျန်ရှိသည့်လူငယ်များကလည်း နံဘေး၌စုဝေးလိုက်ကြကာ လုယွီက ပြက်လုံးတစ်ခုဖြင့် ဖြေဖျော်တော့မည်ကဲ့သို့ စောင့်ကြည့်နေကြသည်။
ထိုအချိန်မှာပင် လူများက လေလံပွဲ၏ကောင်တာနေရာသို့ ပစ္စည်းများရောင်းချရန်ရည်ရွယ်ချက်ဖြင့် တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြသည်။
တစ်ချို့လူများသည် အလုပ်သမားများထံမှ ဤနေရာ၌ဖြစ်နေသည့်အဖြစ်အပျက်များကိုကြားချိန်တွင် သူတို့အားလုံး စုဝေး၍ ကြည့်ရှုနေမိကြသည်။
ခန်းမသခင်က လုယွီကို ခြေဆုံးခေါင်းဆုံးကြည့်လိုက်ရာ သူရှေ့ရှိလူငယ်သည် နက္ခက်တာရာပြောင်းလဲခြင်းနယ်ပယ်သာရှိသေးသူဖြစ်ကြောင်း တွေ့မြင်မိသည်။
ဤကဲာသို့အသက်အရွယ်တွင် နက္ခက်တာရာပြောင်းလဲခြင်းနယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခြင်းသည် သေမျိုးနိုင်ငံများတွင် ထူးချွန်သူဟုဆိုနိုင်သော်လည်း တစ်ခြားတိုင်းနိုင်ငံများရှိ မြောက်များစွာသောပါရမီရှင်များရှေ့တွင်မူ မည်သို့မျှအရေးမပါချေ။
"လူငယ်လေး....မင်း ဘာစဉ်းစားနေတာလဲ"
ခန်းမသခင်က အပြုံးဖြင့်သာ မေးမြန်းလိုက်သည်။
"အဲ့ဒါကို ဖွင့်လိုက်"
လုယွီက ပြောဆိုလိုက်လေ၏။
လုယွီ၏အတင်းအကျပ်တောင်းဆိုနေမှုကိုကြည့်ပြီး ပတ်ဝန်းကျင်ရှိ တပည့်အုပ်စု၏မျက်လုံးများအတွင်းမှ ပြက်ရယ်ပြုလိုသောအရိပ်အယောင်များမှာ ပို၍အားကောင်းလာခဲ့သည်။
"ဒီကောင်က တစ်ကယ့်ကိုအရေထူတဲ့ကောင်ပဲ...သူ စင်ပေါ်မှာဘယ်လိုဖျော်ဖြေမလဲဆိုတာ ကြည့်ရအောင်"
"မင်းရဲ့ဝင်္ကပါပန်းချီက ဆရာသခင်လို့ရဲ့ဝင်္ကပါပန်းချီထက် ပိုပြီးအားကောင်းတယ်လို့ ကြေငြာဝံ့တယ်ပေါ့....မင်းက အမှန်တစ်ကယ်ကို ကောင်းကင်နဲ့မြေကြီးရဲ့အကန့်အသတ်ကိုမသိတာပဲ"
ပတ်ဝန်းကျင်ရှိတပည့်များသည် လုယွီအား ပြက်ရယ်ပြုနေကြ၏။
ခန်းမသခင်သည် အချိန်အတော်ကြာ တွေဝေနေပြီးမှ တုံပြန်ပြောဆိုလိုက်သည်။
"ကောင်းပြီလေ....မင်းက အတင်းအကျပ် တောင်းဆိုနေမှတော့ ငါ တစ်ချက်ကြည့်ကြည့်တာပေါ့"
္
ခန်းမသခင်က စာလိပ်ကိုဖွင့်လိုသဖြင့် လက်ကိုဆန့်တန်းလိုက်လေ၏။
"ဟမ္...."
ခန်းမသခင်က မျက်မှောင်ကြုပ်မိသွားသည်။ သူက ထိုစာလိပ်ကို ဖွင့်နိုင်စွမ်းမရှိသည်ကို ရုတ်တရက်သိရှိနားလည်သွားသည်။
"ဒါက.....ဝင်္ကပါတစ်ခုရဲ့စွမ်းအားပဲ"
ခန်းမသခင်က ချက်ချင်းပင် သူ၏အင်အားအပြည့်ကို ထုတ်လိုက်သည်။ သူ၏အစွမ်းထက်သော ကျန်းချီများအားလုံးကို ချိတ်ဆတ်၍ သူ၏ခွန်အားအလုံးစုံကိုအသုံးပြုပြီးမှသာလျှငိ ထိုစာလိပ်ကိုဖွင့်နိုင်ခဲ့သည်။
တစ်ခြားသူများက ခန်းမသခင်၏ပုံပန်းသွင်ပြင်ကိုမြင်ချိန်တွင် သူတို့က မအောင့်အည်းနိုင်တော့ဘဲ သိလိုစိတ်ပြင်းပျလာကြ၏။
မည်သည့်ဝင်္ကပါပန်းချီအမျိုးအစားက ခန်းမသခင်ကို ဤမျှထိအကျပ်အတည်းကျပြီး အစွမ်းကုန်ထုတ်သုံးစေသနည်း။
စာလိပ်က ဖြည်းဖြည်းခြင်း ပြေလာလေသည်။
စာလိပ်အတွင်းတွင် အလွန်သာမာန်ရိုးကျဖြစ်သော ရွာငယ်လေးတစ်ခုရှိနေသည်။ ရွာအတွင်းတွင် အကြမ်းဖျင်းတွက်ကြည့်ပါက မိသားစုသုံးဆယ်ထက်မပိုဘဲ ပတ်ဝန်းကျင်သည်လည်း ငြိမ်သက်အေးချမ်းနေပေ၏။ ရွာအတွင်းရှိလူများသည် ကြိတ်ဆုံလှည့်ခြင်း သို့မဟုတ် ရေငင်ခြင်းများကိုပြုလုပ်နေသူများပင်ရှိသည်။
မိုးမခပင်၏အောက်တွင် သက်ကြီးရွယ်အိုများက စကားဝိုင်းဖွဲ့ပြောရင်း ရယ်မောနေကြပြီး ကလေးများက နံဘေးတွင် လှည့်ပတ်ဆော့ကစားနေသည်။
ပန်းချီ၏ကျွမ်းကျင်မှုအရ သတ်မှတ်ရလျှင် ဤပန်းချီကားကို အဆင့်မြင့်ပန်းချီကားတစ်ချပ်ဟု ယူဆနိုင်ပေသည်။
"ဟား ဟား ဟား"
တပည့်အုပ်စုသည် ကျယ်လောင်စွာဖြင့် အော်ဟစ်ရယ်မောလိုက်ကြ၏။
"ဒီဝင်္ကိပါပန်းချီကနေပြီး စွမ်းအင်လှိုင်းအနည်းငယ် လှုပ်ခတ်နေခြင်းတောင်မရှိဘူး...ကြည့်ရတာတော့ ဒါကို သေမျိုးပန်းချီဆရာတစ်ယောက်က ရေးဆွဲထားတာထင်တယ်....ဟား ဟား"
ဆရာသခင် လို့ကလည်း ခေါင်းခါယမ်းလိုက်သည်။
"ဝင်္ကပါပန်းချီနဲ့သာမာန်ပန်းချီကားတွေရဲ့ကြားထဲက ကွဲပြားခြားနားချက်က ဝင်္ကပါပန်းချီကထွက်ပေါ်လာတဲ့ စွမ်းအင်လှိုင်းတွေပဲ....အဲ့ဒီစွမ်းအင်လှိုင်းတွေက သာမာန်ပန်းချီကားမှာ ပါဝင်မှုမရှိဘူး"
ခန်းမသခင်၏မျှော်လင့်တကြီး အကြည့်များသည် တဖြည်းဖြည်းနှင့် စိတ်ပျက်လက်ပျတ်ဖြစ်သွားခဲ့သည်။
"မိတ်ဆွေ....ဒါက မင်းပြောတဲ့ ဝင်္ကပါပန်းချီလား"
ခန်းမသခင် မေးမြန်းလိုက်သည့်အသံသည် ယခင်ကဲ့သို့ ယဉ်ကျေးနေခြင်းမျိုး မရှိတော့ချေ။
C202
လုယွီက ခန်းမသခင်ကို ကြည့်ရှုလိုက်လေ၏။
"ခင်ဗျားရဲ့အမြင်နဲ့ကတော့ ဒါကိုဘယ်လိုလုပ်မြင်နိုင်မလဲ"
"ဟား ဟား ဟား"
လုယွီ၏စကားကိုကြားချိန်တွင် ပတ်ဝန်းကျင်ရှိရယ်မောသံများသည် ပို၍ပင်အဆင်အခြင်မဲ့ကြမ်းတမ်းလာခဲ့သည်။
"ဘယ်လိုငရဲမျိုးလဲ....မင်းကိုယ်မင်း အရူးလုပ်လို့မဝသေးဘူးလား"
"ဝင်္ကပါပန်းချီက သာမာန်ပန်းချီနဲ့မတူဘူးဆိုတာ အမှန်တစ်ကယ်မသိတဲ့ကောင်ပဲ....ဟား ဟား...ငါ ရယ်ရလွန်းလို့သေတော့မယ်"
"မြန်မြန် ဒီကောင်လေးကိုထွက်သွားခိုင်းလိုက်ပါ...သူက ဝင်္ကပါပန်းချီနဲ့သက်ဆိုင်တဲ့တစ်ခုထုတ်မယ်ထင်ခဲ့တာ...ဒါပေမယ့် သာမာန်သေမျိုးပန်းချီကားတစ်ချပ်ဖြစ်မယ်လို့ မထင်မိဘူး"
ဆရာသခင်လို့၏တပည့်များသည် လုယွီအားမျက်နှာပြောင်တိုက်၍ အသေအချာပင်လှောင်ပြောင်နေကြသည်။
တစ်ချို့ကြားနေသမားများပင် သည်းမခံနိုင်တော့ဘဲ သူတို့၏ခေါင်းများကိုခါယမ်း၍ လုယွီအားထူးဆန်းသောအမူအယာများဖြင့် ကြည့်ရှုနေကြလေ၏။
သူတို့ရှေ့မှလူငယ်သည် လျှို့ဝှက်နဂါးနန်းတော်က မည်သည့်နေရာမျိုးဖြစ်သည်ကို မသိရှိသလော။
သူက ဤကဲ့သို့သာမာန်ပန်းချီကားကို အသုံးပြု၍ မဆင်မခြင်လုပ်ဝံ့သည်မှာ ထိုကောင်လေးသည် အမှန်တစ်ကယ်ပင်သတ္တိကောင်းလှပေ၏။
လုယွီ၏စကားကိုကြားရသော ခန်းမသခင်၏စိတ်နှလုံးသားတွင် ဒေါသထွက်မှုအနည်းငယ်ကိုခံစားမိလေသည်။ သို့ရာတွင် သူ၏အမျက်ကိုအပြင်မထွက်စေဘဲ လက်ကိုဝှေ့ယမ်း၍ပြောဆိုလိုက်သည်။
"မင်းရဲ့ဒီပန်းချီကားက ဝင်္ကပါပန်းချီတစ်ချပ်မဟုတ်ပေမယ့် လက်ရာမြောက်တဲ့ပန်းချီကားလို့ယူဆနိုင်တယ်...ငါက မင်းရဲ့ပန်းချီကားကို အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးနှစ်ရာပေးမယ်"
"ခန်းမသခင်က အမြဲစိတ်သဘောထားပြည့်ဝတဲ့သူပဲ....ဒီလို တဲကုပ်သာသာကိုရေးဆွဲထားတဲ့ ပန်းချီကားကိုများ အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးနှစ်ရာတောင် ပေးပြီးဝယ်တယ်"
ဘေးဘက်မှ တပည့်များက ဝိုင်းဝန်းပြီးမြှောက်ပင့်ချီးမွမ်းနေကြ၏။
ဆရာသခင်လို့က သူ၏မုတ်ဆိတ်မွှေးကိုကိုင်တွယ်ပြီး အပြုံးဖြင့်ပြောဆိုလိုက်သည်။
"ကောင်လေး....မင်းက ခန်းမသခင်ကိုကျေးဇူးတင်စကားမပြောသေးဘူးလား...မင်းက တော်တော်ကံကောင်းတာပဲ...တစ်ကယ်လို့သာ မင်းတစ်ခြားစိတ်သဘောထားဆိုးရွားတဲ့ ဝင်္ကပါဆရာသခင်နဲ့တွေ့ရင်မလွယ်ဘူး...ငါနဲ့ခန်းမသခင်လို စိတ်သဘောထားပြည့်ဝတဲ့လူတွေနဲ့တွေ့တာ မင်းတော်တော်ကံကောင်းသွားတယ်"
ခန်းမသခင်ကလည်း ရယ်ပြုံးရင်းမှ လက်ခုပ်တီးပြီး ဆိုင်အကူကို အဓိပ္ပါယ်ပါသောအကြည့်မျိုးဖြင့်ကြည့်လိုက်သည်။
ဆိုင်အကူသည်လည်း ချက်ချင်းပင်နားလည်သဘောပေါတ်၏။ သူက အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးနှစ်ရာကို သူ၏သိုလှောင်အိတ်အတွင်းမှထုတ်ယူပြီး လုယွီ၏ရှေ့သို့ပစ်ချလိုက်သည်။
လုယွီက ထိုငွေများကိုကောတ်ယူခြင်းမရှိချေ။ သူက ပတ်ဝန်းကျင်ရှိ လူအားလုံး၏မျက်နှာအမူအယာများကို စေ့စေ့စပ်စပ်ကြည့်ရှုလိုက်လေ၏။
"ခင်ဗျားတို့အားလုံးက ကျုပ်ရဲ့ပန်းချီကားကို ဝင်္ကပါပန်းချီမဟုတ်ဘူးလို့ပြောကြတယ်...ကောင်းပြီလေ...ဒီနေ့ခင်ဗျားတို့ကို အတွေ့အကြုံရအောင် ခွင့်ပြုလိုက်မယ်...ဘယ်ဟာက အစစ်အမှန်ဝင်္ကပါစာပန်းချီလဲဆိုတာကို ပြသပေးမယ်"
လုယွီက ရုတ်တရက်သူ၏လက်ကိုမြှောက်လိုက်ရာ မန္တန်တစ်ခုက သူ၏ရှေ့ရှိပန်းချီကားပေါ်သို့ကျဆင်းသွားခဲ့သည်။
ဒင္....
ဝင်္ကပါစာပန်းချီထံမှ အသံခပ်တိမ်တိမ်ထွက်ပေါ်လာပြီး အချိန်တခဏအကြာမှာပင် မြောက်များစွာသည့်ကမ္ပည်းစာများက ပန်းချီကားကိုအသက်သွင်းလိုက်သကဲ့သို့ သက်ဝင်လှုပ်ရှားလာခဲ့သည်။
ဝင်္ကပါပန်းချီက စတင်၍လှုပ်ရှားလာသည်။
သစ်ပင်များမှသစ်ရွက်များသည် လေတိုက်ခတ်မှုကြောင့် ကြွေကျလာလေ၏။ ရွာနံဘေးမှစမ်းချောင်းသည် တဖြည်းဖြည်းစတင်စီးဆင်းလာပြီး ရေများစီးဆင်းသံများပင် စာလိပ်မှထွက်ပေါ်နေလေသည်။
လူတိုင်း ဆွံအသွားကြ၏။ မည်သည့်ကိစ္စရပ်များ ဖြစ်ပျက်နေသလော။
ခန်းမသခင်၏အမူအယာသည်ပင် ပြောင်းလဲသွားသည်။ သူက ဝင်္ကပါစာပန်းချီကိုသာ ကြက်သေသေရင်းငေးမောနေမိပြီး ၎င်းမှထွက်ပေါ်နေသည့်စိတ်ဝိညာဉ်စွမ်းအင်များကိုပင် ခံစားမိသည်။
"ဒါက ဖုန်းရွှေမဟာဝင်္ကပါပဲ....ဒါက ဖုန်းရွှေအားလုံးကိုချိပ်ပိတ်ပြီး ပန်းချီကားထဲမှာသိုလှောင်ထားတာ...ဒီနည်းလမ်းက တစ်ကယ်ကိုထူးကဲဖြစ်ရပ်ပဲ"
ခန်းမသခင်၏မျက်လုံးများ ရုတ်တရက်ပြူ းကျယ်သွားရ၏။
"ခန်းမသခင်ရဲ့အမြင်များ မှားယွင်းနေမလား...ဒီအဖိုးကြီးက သေချာကြည့်ပြီးစစ်ဆေးပါရစေအုံး"
ဆရာသခင့်လို့က မည်းမှောင်နေသောမျက်နှာဖြင့် ရုတ်တရက်ပြောဆိုလိုက်သည်။
ဆရာသခင်လို့က ဝင်္ကပါစာပန်းချီ၏ရှေ့သို့ လျှောက်လှမ်းလာပြီး အနီးကပ်ကြည့်ရှုလိုက်သော်လည်း သူ၏တည်ငြိမ်အေးဆေးမှုကို ထိန်းသိမ်းထားဆဲဖြစ်သည်။
အချိန်တခဏအကြာတွင်မူ ဆရာသခင်လို့က ခေါင်ူခါယမ်းလိုက်သည်။
"ဒါက ဖုန်းရွှေဝင်္ကပါပန်းချီမဟုတ်ဘူး...အံ့သြစရာအဆင့်နိမ့် ဝင်္ကပါစာပန်းချီတစ်ခုသာသာပဲရှိတာပါ...ဒါပြင် ရွာငယ်လေးတစ်ခုက ဖုန်းရွှေကိုယူဆောင်တဲ့ကိစ္စပဲကို.... ဘာလို့ဒီလောတ်ထိခက်ခဲတဲ့ ဝင်္ကပါပန်းချီဖြစ်နိုင်မလဲ"
ဆရာသခင်လို့၏စကားကိုကြားရသော ခန်းမသခင်က သူ၏ရှေ့ရှိ ရှုခင်းပန်းချီကားကို ဂရုတစိုက်စစ်ဆေးရန် စတင်ကြည့်ရှုလိုက်သည်။
"ဘာမှထပ်ကြည့်စရာမလိုတော့ဘူး...ခင်ဗျားတို့ရဲ့အမြင်က ဒီလောက်ထိကောင်းနေမှတော့...ကျုပ် ဒီနေရာမှာ ထပ်ပြီးအချိန်ဖြုန်းစရာမလိုတော့ဘူး"
လုယွီက ပန်းချီကားကိုပြန်လည်သိမ်းဆည်းပြီး ချက်ချင်းပင်ထွက်ခွာရန် ပြင်ဆင်လိုက်တော့သည်။
"စောင့်ပါဦး"
ခန်းမသခင်က ရုတ်တရက်ဆိုသလိုပင် လုယွီအား ခေါ်ဆိုလိုက်လေ၏။
လူတိုင်းက ဆွံအနေကြပြီး ခန်းမသခင်က မည်သို့ပြုလုပ်လိုနေသည်ကို အံ့အားသင့်စွာကြည့်ရှုနေကြသည်။
"မိတ်ဆွေ....တစ်ကယ်လို့ မင်း စိတ်ဝိညာဉ်ကျောက်တုံးလိုချင်ရင်....ငါတို့က ဒီဝင်္ကပါပန်းချီကို အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးသန်းကိုးဆယ်နဲ့ရောင်းချဖို့ ကူညီပေးနိုင်ပါတယ်"
C203
လူတိုင်းက အံ့အားသင့်တုန်လှုပ်နေကြပြီး သူတို့နားကြားမှားနေသလောဟု တွေးထင်နေကြသည်။ ဤအရာက အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးသန်းကိုးဆယ်ဖြစ်သည်ကို မည်သည်ကြောင့် လျှို့ဝှက်နဂါးနန်းတော်၏ခန်းမသခင်က သဘောတူညီလိုက်သနည်း။
ဆရာသခင်ယုက မကျေနပ်ပုံဖြင့် မျက်မှောင်ကြုတ်လိုက်လေ၏။
"ခန်းမသခင်...မင်း အမှားတစ်ခုကျူ းလွန်နေတာဖြစ်နေမလား....မင်းက ဒီလိုချွတ်ယွင်းချက်ရှိတဲ့ပစ္စည်းမျိုးကို လေလံတင်မယ်ဆိုရင် မင်းတို့လျှို့ဝှက်နဂါးနန်းတော်ရဲ့ဂုဏ်သတင်းကို သက်ရောက်မှုကျရောက်စေနိုင်တယ်"
လူတိုင်းက ခန်းမသခင်ကိုသာ သိချင်စိတ်ပြင်းပြစွာဖြင့် စောင့်ကြည့်နေကြ၏။ သူတို့ကလည်း လုယွီ၏ဝင်္ကပါပန်းချီသည် မည်သည့်နေရာ၌ထူးခြားနေသည်ကို နားလည်နိုင်စွမ်းမရှိချေ။
ခန်းမသခင်က ဆရာသခင်လို့ကို အာရုံစူးစိုက်ခြင်းမရှိတော့ဘဲ ထိုအစား သူ၏အကြည့်က လုယွီပေါ်တွင်သာ အခိုင်အမာကျရောက်နေသည်။
"ငါက ခန်းမသခင်မုန့်လန်ပါ.....မင်းက ငါကိုစိတ်မဆိုးဘူးလို့ ငါမျှော်လင့်ပါတယ်...ငါရဲ့လျှို့ဝှက်နဂါးနန်းတော်က မင်းရဲ့ဝင်္ကပါပန်းချီကို ရောင်းချပေးဖို့ဆန္ဒရှိပါတယ်....မင်း ဘယ်လောတ်ငွေပမာဏနဲ့ရောင်းချနိုင်မလဲဆိုတာ ငါ သိနိုင်မလား"
ခန်းမသခင်၏လေသံသည် ပို၍လေးစားပုံပေါတ်လာခဲ့၏။
လုယွီက သူ၏ခေါင်းကိုလှည့်၍ ပြုံးရယ်ရင်းမှ ခန်းမသခင်ကိုကြည့်လိုက်သည်။
"ကျုပ်ရဲ့ဒီပန်းချီကားကို သာမာန်ကာလျှံကာပဲ လေလံတင်ချင်ခဲ့တာ...ဒါပေမယ့် အခု ကျုပ်စိတ်ပြောင်းသွားပြီ...အဖွင့်စျေးနှုန်းက အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံး သန်းတစ်ရာ....စျေးတစ်ခါတိုးရင် အနည်းဆုံးဆယ်သန်းပဲ"
လုယွီက တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်သည်။
ပတ်ဝန်းကျင်ရှိလူများသည် ကူရာကယ်ရာမဲ့စွာဖြင့် လေအေးတစ်ချက်ရှိုက်သွင်းမိလေ၏။ ဤလူငယ်၏ လောဘက အလွန်ကြီးမားနေသည်မဟုတ်ပေလော။ အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးသန်းတစ်ရာဟူသည်မှာ ဂိုဏ်းကြီးတစ်ဂိုဏ်းအတွက်ပင် နည်းပါးသောပမာဏမဟုတ်ချေ။
"မျဖစ္နိုင္တာ"
ဤအချိန်တွင် ဆရာသခင်လို့၏မျက်နှာသည် ရုတ်တရက်နီမြန်းလာသည်။ သူ၏မျက်လုံးများက လုယွီပေါ်တွင်သာ စွဲကပ်နေလေ၏။
"ဒီအဖိုးအိုက မမှားနိုင်ဘူး...မင်းရဲ့ပန်းချီကားက သာမာန်သေမျိုးပန်းချီကားတစ်ချပ်ပဲ"
လုယွီက သူကိုကြည့်လိုက်လေ၏။
"ကျုပ်တို့ တစ်ယောက်နဲ့တစ်ယောက်သိလို့လား"
ဆရာသခင်လို့ကလည်း ကြက်သေသေသွား၏။ သူက မည်သည်ကြောင့် လုယွီ ဤကဲ့သို့စကားမျိုးပြောသည်ကို မသိရှိချေ။
"ကျုပ်တို့ တစ်ယောက်နဲ့တစ်ယောက် မသိဘူးဆိုမှတော့...ကျုပ် ဟာကျုပ် ဘယ်လိုရောင်းရောင်း....ခင်ဗျားနဲ့ဘာဆိုင်လဲ"
လုယွီက တည်ငြိမ်စွာဖြင့်သာ ပြောဆိုလိုက်သည်။
"မင်း...."
ဆရာသခင်လို့၏မျက်နှာ နီမြန်းသွားသည်။ သူက ရုတ်တရက် စိတ်ဆိုးဒေါသထွက်သွားသော်လည်း အော်ဟစ်၍ရယ်မောလိုက်လေ၏။
"ကောင်းတယ်....ကောင်းတယ်....ဒီအဖိုးအိုက မင်းကို ကြင်နာတဲ့စိတ်နဲ့သတိပေးပြီးပြီ...မင်းက အခြေအနေကိုနားမလည်တဲ့ကောင်လို့ ငါတွေးမထားမိဘူး....မင်းရဲ့ ဝင်္ကပါပန်းချီက ဘာတွေထူးခြားနေလဲဆိုတာ ငါ ငြည့်ကြည့်ရသေးတာပေါ့"
ထိုစကားနှင့်အတူ ဆရာသခင်လို့က လှုပ်ရှားမှုတစ်ခုပြူလုပ်လိုက်သည်။ သူက မန္တန်တစ်ပုဒ်ကိုရွတ်ဆို၍ လုယွီ၏လက်အတွင်းရှိ ဝင်္ကပါပန်းချီထံသို့ ဦးတည်လိုက်သည်။
ဆရာသခင်လို့၏စိတ်စွမ်းအင်လှိုင်းအောက်တွင် သင်္ကေတအဆောင်တစ်ခုက လေထုအတွင်းမျောလွင့်နေသည်။ ပတ်ဝန်းကျင်နေရာတစ်ခုလုံးသည် ရုတ်ချည်းဆိုသလိုပင် အားကောင်းသောဖိအားသက်ရောက်လာလေ၏။
"ကောင်းကင်ဘုံသင်္ကေတနယ်ပယ် ကျွမ်းကျင်သူ.."
ပတ်ဝန်းကျင်ရှိလူအုပ်ကြီးမှ စူးစူးဝါးဝါးအော်ဟစ်သံများ ထွက်ပေါ်လာသည်။
ထိုအရာကိုကြည့်ပြီး လူအတော်များများက နေရာအနည်းငယ်ဖြန့်ကျဲလိုက်ကြရာ ချက်ချင်းပင် မြေကွက်လပ်တစ်ခုဖြစ်လာခဲ့သည်။
ဤအရာက လျှို့ဝှက်နဂါးနန်းတော်ဖြစ်သော်လည်း ခန်းမသခင်၌တားဆီးရန် ရည်ရွယ်ချက်ရှိပုံရသည်။ လုယွီက တစ်ချက်ကြည့်ပြီးနောက် ခန်းမသခင် မည်သည့်အရာကိုဆိုလိုချင်သည်အား နားလည်သဘောပေါတ်သွားခဲ့သည်။ ကြည့်ရပုံမှာ လုယွီ၏ဝင်္ကပါပန်းချီ မည်မျှထိအစွမ်းထက်ကြောင်းကို ခန်းမသခင်ကသိချင်နေပုံရသည်။
လုယွီသည် ဤမျှများပြားသည့်ပြဿ နာများကို ဖြေရှင်းချင်စိတ် အမှန်တစ်ကယ်ပင်မရှိသည့်အတွက် စိတ်မကျေမချမ်းဖြစ်နေသည်။
"ဒါလည်းကောင်းပါတယ်....ကျုပ်ကက ပေါ့ပေါ့ပါးပါးသာ ဒီကိစ္စတွေကိုပြီးသွားချင်ပေမယ့်....ဒီဝင်္ကပါပန်းချီက ခင်ဗျားလိုကောင်းကင်ဘုံသင်္ကေတနယ်ပယ်အဆင့်တစ်ယောက် ထိတွေ့လို့မရတဲ့ဟာဆိုတာ ပြရတာပေါ့"
လုယွီက ချက်ချင်းပင် သူ၏လက်အတွင်းရှိစာလိပ်ကို ဖြည်းဖြည်းချင်း ဖြည်ချလိုက်ပြီးနောက် သူ၏လက်ချောင်းထိပ်မှ မှော်စွမ်းအင်တစ်ခုက ၎င်းကိုဖြတ်သန်းပြီးတောက်ပသွားသည်။
ထိုလက်သင်္ကေတစည်းက ပန်းချီကားပေါ်သို့ကျရောက်သွားချိန်တွင် ပန်းချီကားတစ်ခုလုံး ဖြည်းဖြည်းချင်းပြောင်းလဲလာလေ၏။
ဆရာသခင်လို့၏ကျန်းချီကို အာရုံခံမိသော ပန်းချီကားပေါ်မှလူတိုင်းသည် အသက်ဝင်လာပုံရသည်။
မြေကွက်လပ်၌ကစားနေသည့် ကလေးသည် ရုတ်တရက် ခေါင်းကိုလှည့်ပြီး သူ၏အကြည့်သည် ပန်းချီကားပြင်ပရှိ ဆရာသခင်လို့ပေါ်သို့ကျရောက်သွားသည်။
"မင်း မြင်လိုက်လား....ဒီပန်းချီကားက အမှန်တစ်ကယ်ကြီး လှုပ်ရှားသက်ဝင်လာတယ်"
"ငါ ဘာမှမမြင်လိုက်ဘူး....ဟုတ်တယ်မလား...ဘယ်လိုလုပ် ပန်းချီကားတစ်ချပ်က လှုပ်ရှားသက်ဝင်တာဖြစ်နိုင်မလဲ"
ကလေးက ရုတ်တရက် ရုတ်တရက်ရယ်မောလိုက်ပြီး သူ၏သေးသွယ်သောလက်ကလေးကိုမြှောက်ကာ ဆရာသခင်လို့ထံ ဦးတည်၍ရိုက်ထုတ်လိုက်သည်။
ဘုန်း...
ဆရာသခင်လို့၏ကျန်းချီ ပန်းချီကားအတွင်းဝင်လာချိန်တွင် သူအားကော်ဖြင့်စွဲကပ်လိုက်သကဲ့သို့ခံစားမိပြီး မည်သို့မျှလှုပ်ရှားခြင်းမရှိနိုင်တော့ချေ။
ထိုအချိန်မှာပင် ကလေးငယ်၏လက်က ဆရာသခင်ကျန့်၏ကျန်းချီပေါ်သို့ ကျရောက်သွားလေသည်။ ခပ်အုပ်အုပ်အသံတစ်ခု ထွက်ပေါ်လာ၏။ ဆရာသခင် လို့က ရုတ်တရက်နောက်သို့ ပြန်ကန်ထွက်လာပြီး ရပ်တန့်မသွားခင် ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ရသည်။
ပြင်ပမှကြည့်ရှုနေကြသူများသည် အံ့အားသင့်နေကြပြီး ဆရာသခင်လို့က ဤကဲ့သို့နောက်ဆုတ်လိုက်ရမည်ဟု မျှော်လင့်ထားခြင်းမရှိတော့ချေ။
"ဘာ သောက် ဖုန်းရွှေ ဝင်္ကပါပန်းချီလဲ....ကြည့်နေစမ်း....ငါ အဲ့ဒါကိုဖျက်ဆီးပြမယ်"
ဆရာသခင်လို့၏မျက်နှာ ပျက်ယွင်းနေပြီး ရှက်ရွံမှုကြောင့် ဒေါသတကြီးအော်ဟစ်လိုက်သည်။
C204
ဆရာသခင်လို့က စိတ်ဆိုးစိတ်ယုတ်မာကပ်နေသဖြင့် ယုံကြည်သည်ဟုမပြောသော်လည်း လုယွီ၏ဖုန်းရွှေဝင်္ကပါပန်းချီစွမ်းအားကို ကြုံတွေမိပြီဖြစ်သည်။
"မင်းက လူတိုင်း ဖုန်းရွှေဝင်္ကပါပန်းချီကို ဖန်တီးနိုင်တယ်ထင်နေတာလား...တောင်ပိုင်းစွန့်ပစ်ကုန်းမြေတစ်ခုလုံးမှာတောင် ဖုန်းရွှေဝင်္ကပါပန်းချီကို ဖန်တီးနိုင်တာလူငါးယောက်မကျော်ဘူး"
ဆရာသခင်လို့က အော်ဟစ်ပြောဆိုပြီး ရုတ်တရက် သူ၏သိုလှောင်အိတ်အတွင်းမှ ပန်းချီစာလိပ်တစ်ခုကိုထုတ်ယူလိုက်သည်။ သူက မန္တန်တစ်ပုဒ်ရွတ်ဆိုပြီးနောက် သူ၏လက်ဝါးသည် ထိုပန်းချီကားပေါ်သို့ဆင်းသက်သွားလေသည်။ ပိတုန်းပျံဝဲနေသကဲ့သို့ တဝီဝီအသံများနှင့်အတူ ပန်းချီကားက ဖြည်းဖြည်းခြင်း စာလိပ်ပြည်သွားတော့သည်။
ဤတစ်ကြိမ်တွင် ပန်းချီကားပေါ်၌ ရေးဆွဲထားသည့်ပုံသည် မြို့တစ်မြို့မဟုတ်သကဲ့သို့ သာမာန်ရွာငယ်လေးလည်းမဟုတ်ချေ၏ထိုအရာက တိုင်းပြည်တစ်ခု၏အပြည့်အဝမြေပုံဖြစ်ပေသည်။
"နိုင္ငံတစ္နိုင္ငံလား"
ခန်းမသခင်က ထိုဝင်္ကပါပန်းချီကားကိုမြင်ချိန်တွင် သူကိုယ်သူမထိန်းချုပ်နိုင်တော့ဘဲ စိတ်လှုပ်ရှားသွားခဲ့သည်။
ဆရာသခင်လို့က ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်၏။
"ဒီ အဖိုးအိုက တောင်ပိုင်းစွန့်ပစ်ကုန်းမြေအနှံ လှည့်ပတ်သွားလာပြီး နဂါးသွေးကြောကိုရှာချိန်မှာ နိုင်ငံတစ်နိုင်ငံရဲ့စွမ်းအားကို ဝင်္ကပါပန်းချီထဲ ထည့်သွင်းထားခဲ့တယ်....မင်းရဲ့ ချာတူးလံရွာတစ်ရွာလောက်နဲ့ ငါရဲ့ဝင်္ကပါပန်းချီကို ဘယ်လိုတိုက်ခိုက်နိုင်မှာလဲ"
အမှန်တစ်ကယ်ကိုပင် ဆရာသခင်လို့၏အသံနှင့်အတူ နိုင်ငံစွမ်းအား၏ဝင်္ကပါပန်းချီမှနေ၍ မြောက်များစွာသောအသံများကို ကြားနေရပေသည်။ အကယ်၍ လူဆယ်သိန်းခန့်သည် လေသံတိုးတိုးဖြင့်အော်ဟစ်ကြလျှင်ပင် ထိုအသံက လောကကြီးအားတုန်ခါသွားစေနိုင်သည်။
ခန်းမတစ်ခုလုံး စတင်တုန်ခါနေပြီး အနီးပတ်ဝန်းကျင်ရှိသူများသည် ကူရာကယ်ရာမဲ့စွာဖြင့် သူတို့၏နားများကို ဖုံးအုပ်လိုက်ကြသည်။
"ဆရာသခင် လို့က ဒေါသအရမ်းထွက်နေပြီ...ဒီကလေးတော့ ကံဆိုးတော့မယ်ထင်တယ်"
"ဒီကလေးရဲ့ဝင်္ကပါပန်းချီက ထူးဆန်းပေမယ့် ဆရာသခင်လို့ရဲ့ ပြိုင်ဘက်မဟုတ်မှာကို ငါ စိုးရိမ်မိတယ်"
"ဒါ သိသာထင်ရှားနေတာပဲမဟုတ်ဘူးလား...ရွာတစ်ရွာက ဘယ်လောက်ပဲ အားကောင်းနေပါစေ....နိုင်ငံတစ်နိုင်ငံနဲ့ ယှဉ်နိုင်မလား"
ပတ်ဝန်းကျင်ရှိသူများအားလုံး တိုင်ပင်ဆွေးနွေးနေကြသည်။ သူတို့အနက်မှ မည်သူကမျှ လုယွီ၏ဝင်္ကပါပန်းချီနှင့်ပတ်သတ်၍ ယုံကြည်မှုမရှိကြချေ။
"နိုင်ငံစွမ်းအားကို သယ်ဆောင်ပြီး...သူတို့အားလုံးကို သတ်ပစ်စမ်း"
ဆရာသခင်လို့က သူ၏ဝင်္ကပါပန်းချီကို ညွှန်ပြလိုက်ရာ မြောက်များစွာသည့် စစ်သားများ တိုးထွက်လာကြသည်။ မြင့်မားပြီးတောင့်တင်းသည့် အောင်လံတံခွန်၏အောက်တွင် မြင်းစီးသူရဲများက အချင်းချင်းထိုးခုတ်နေကြသည်။ သတ်ဖြတ်လိုသည့်စိတ်ဆန္ဒလှိုင်းများက ဝင်္ကပါပန်းချီမှနေ၍ ထွက်ပေါ်နေသည်။
"ဒါက တိုက္ပြဲတစ္ခုပဲ"
ဝင်္ကပါပန်းချီအတွင်းရှိမြင်ကွင်းသည် လူတိုင်း၏အမြင်အာရုံကို ဆွဲဆောင်ထားပေသည်။ ဝင်္ကပါပန်းချီပေါ်၌ဖြစ်ပေါ်သည့်တိုက်ပွဲတစ်ခုကိုမြင်ရသည်မှာ အလွန်အမင်းရှားပါးပေသည်။ လူအုပ်ကြီး၏အကြည့်အောက်တွင် လုယွီ၏ဝင်္ကပါပန်းချီသည်လည်း ပြောင်းလဲသွားခဲ့သည်။
ရယ်မောပြီးပြေးလွှားဆော့ကစားနေကြသည့် ကလေးများအားလုံး ရုတ်တရက် ရပ်တန့်သွားကြသည်။ သစ်ပင်တစ်ပင်၏အောက်၌ စာဖတ်နေသည့် လူငယ်တစ်ယောက်မှလွဲ၍ လူတိုင်းလိုလို သူတို့ လုပ်ဆောင်နေသောအရာများမှ ရပ်တန့်လိုက်ကြသည်။
ရုတ်တရက်ဆိုသလိုပင် သူတို့အခြင်းခြင်းစကားပြောဆိုနေကြသည့် သက်ကြီးရွယ်အိုများကလည်း သူတိူ့၏လက်များကို ဆန့်ထုတ်၍ ဝင်္ကပါပန်းချီ၏ပြင်ပမှအရာများကိုဖမ်းဆုပ်ရန် ကြိုးပမ်းလိုက်လေသည်။
ဗုန်း..ဗုန်း....ဗုန်း..
မြောက်များစွာသည့် သံမဏိမြင်းစစ်သည်များသည် လေထုအတွင်းမှာပင် ရပ်တန့်သွားကြသည်။
ကလေးတစ်ယောက်သည် ပြေးလွှားနေရင်းမှ ပြုံးလိုက်ပြီး ကျောက်တုံးတစ်ခုကိုဖမ်းဆုပ်ပြီး အရှိန်အဟုန်ပြင်းပြင်းဖြင့် နိုင်ငံဝင်္ကပါပန်းချီထံသို့ ပစ်လိုက်သည်။
ရႊီ....
ကျောက်တုံးသည် နိုင်ငံဝင်္ကပါပန်းချီပေါ်သို့ ကျဆင်းသွားလေသည်။ ရုတ်တရက် နဂါးတစ်ကောင်၏စူးစူးဝါးဝါး နာကျင်စွာအော်ဟစ်သံသည် ဝင်္ကပါစာပန်းချီမှ ထွက်ပေါ်လာလေ၏။
"နိုင်ငံရဲ့နဂါးသွေးကြောက ကျိုးပျက်တော့မယ်"
ဆရာသခင်လို့က သတိပြုမိသွားပြီး ဝင်္ကပါပန်းချီအတွင်းရှိ သူ၏ကျန်းချီကို ရုတ်သိမ်းရန် အလျှင်စလိုကြိုးစားလိုက်သည်။
သို့သော် မည်သည့်နည်းလမ်းကို သူအသုံးပြုသည်ဖြစ်ပါစေ..သူ၏ ဝင်္ကပါပန်းချီသည် ဆတ်လတ်ပျက်စီးနေလေသည်။
နိုင်ငံ၏နဂါးသွေးကြောသည် ကြာရှည်သိပ်သည်းနိုင်ခြင်းမရှိတော့ဘဲ ပန်းချီကားအတွင်းရှိကုန်းမြေတစ်ခုလုံး စတင်၍ကွဲအက်လာခဲ့သည်။ မြောက်များစွာသည့် မြို့များပြိုယွင်းပျက်စီးနေပြီး မြေပြင်သည်လည်းတုန်ခါနေသည်။ ပြင်းထန်သည့်လေပြင်းများက ပန်းချီကားအတွင်းရှိ သေမျိုးနိုင်ငံတစ်ခုလုံးကို ဝေ့ဝိုက်တိုက်ခတ်နေပေ၏။
"မျဖစ္နိုင္ဘူး....မျဖစ္နိုင္ဘူး"
ဆရာသခင်လုကို ကြည့်ရသည်မှာ ရူးသွပ်လုနီးပါးပုံ ပေါတ်နေသည်။ သို့ရာတွင် သူ ပြုလုပ်နိုင်သည့်အရာမရှိချေ။
ဆရာသခင်လို့၏ဒေါသအရှိန်နှင့်အတူ ပန်းချီကားပေါ်မှမြင်ကွင်းသည် နောက်ဆုံး၌ပြန်လည်ရှင်သန်နိုင်ချေမရှိသည့်အနေအထားသို့ ရောက်ရှိသွားသည်။
မြေမျက်နှာပြင်ပေါ်၌ မြောက်များစွာသည့်အက်ကွဲကြောင်းများက အဘက်ဘက်သို့ ပျံနှံ့နေသည်။ မြေအောက်ရှိ ချော်ရည်များစိမ့်ထွက်လာပြီးနောက် မီးတောင်တစ်တောင်သည်လည်း ပေါက်ကွဲသွားတော့သည်။
လူတိုင်း၏မျက်စိရှေ့မှာပင် အနက်ရောင်အရိပ်တစ်ရိပ်က ဝင်္ကပါပန်းချီ၏ထောင့်တစ်နေရာမှ ပေါ်ထွက်လာပြီး စတင်ပျံနှံနေလေသည်။
အဆုံးသတ်တွင် အနက်ရောင်အရိပ်က ဝင်္ကပါပန်းချီတစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။
ခရက္....
ထိုပန်းချီကားသည် သူ၏နောက်ဆုံးစိတ်ဝိညာဉ်စွမ်းအား ကုန်ဆုံးသွားပုံဖြင့် လေပေါ်တွင်မျောလွင့်နေရာမှ မြေပြင်ပေါ်သို့ပြုတ်ကျလာပြီး စာရွက်အပိုင်းအစများအဖြစ်ပြောင်းလဲသွားလေ၏။
"ငါ မင်းကိုသတ်မယ်"
ဆရာသခင်လို့၏မျက်လုံးများ အပြည့်အဝနီမြန်းနေ၏။ သူက ကျယ်လောင်စွာကြုံးဝါးပြီး အနက်ရောင်ဓားပျံတစ်ချောင်းကိုဆင့်ခေါ်ကာ လုယွီထံသို့ ဦးတည်ခုတ်ပိုင်းလိုက်သည်။
C205
ကလမ္...
ဆရာသခင်လို့ ခုတ်ပိုင်းလိုက်သည့် ဓားပျံရိုက်ချက်သည် လုယွီ၏ရှေ့မီတာအနည်းငယ်အကွာတွင် ရုတ်တရက် တစ်စုံတစ်ခု၏ပိတ်ပင်တားဆီးခြင်းကိုခံရပြီး လွင့်စင်ထွက်သွားခဲ့သည်။
"ဘာ..."
ဆရာသခင်လို့က ဒေါသတကြီးကြည့်လိုက်ချိန်တွင် ခန်းမသခင်၏လက်မြှောက်ထားခြင်းကို မြင်မိသည်။
ခန်းမသခင်၏လက်အတွင်းမှ ကျန်းချီစီးကြောင်းက လုယွီ၏နံဘေးပတ်လည်ကို အကာအကွယ်အလွှာတစ်ခုအဖြစ်ဝိုင်းပတ်ပေးထားသည်။
"ဆရာသခင် လို့....ဒီနေရာက လျှို့ဝှက်နဂါးနန်းတော်ပါ...တစ်ကယ်လို့ ခင်ဗျားမှာ ပြဿ နာတစ်ခုခုရှိရင် အပြင်မှာပဲဖြေရှင်းသင့်တယ်....လျှို့ဝှက်နဂါးနန်းတော်အတွင်းမှာ အရှုပ်အထွေးမလုပ်ပါနဲ့"
ခန်းမသခင်က ရယ်မောရင်း ပြောဆိုလိုက်လေ၏။
ဆရာသခင်လို့က မျက်မှောင်ကြုတ်လိုက်သည်။ ထိုအချိန်တခဏတွင် သူက ဒေါသအမျက်ပြင်းစွာထွက်နေသော်လည်း မည်သည့်အမူအယာကိုမျှ ထုတ်ဖော်ပြသဝံခြင်းမရှိချေ။
လျှို့ဝှက်နဂါးနန်းတော်၏ခန်းမသခင်များသည် အနည်းဆုံး ကောင်းကင်ဘုံသင်္ကေနယ်ပယ်ကျင့်ကြံသူများဖြစ်ပေ၏။
"ခန်းမသခင်က ကျုပ်ကို တားဆီးနေမှတော့....ကျုပ်က ထပ်ပြီးမနှောင့်ယှက်တော့ပါဘူး...နှုတ်ဆတ်ခဲ့ပါတယ်"
ဆရာသခင်လို့က ပြတ်ပြတ်သားသားပင်ထွက်ခွာသွားခဲ့သည်။ သူက ထွက်ခွာမသွားခင် လုယွီအား အန္တရာယ်ပြုတော့မည့်အကြည့်မျိုးဖြင့် ကြည့်ရှုခဲ့လေသည်။
အစောပိုင်းက လုယွီကို လှောင်ပြောင်သရော်ခဲ့ကြသည့် ဆရာသခင်လို့၏တပည့်များသည် တိတ်ဆိတ်နေကြ၏။ လုယွီ၏ဝင်္ကပါပန်းချီသည် သူတို့ဆရာသခင်အားအနိုင်ယူနိုင်လိမ့်မည်ဟု တွေးထင်ထားခြင်းမရှိခဲ့ချေ။ ယခုအခြေအနေက သူတို့၏မျက်နှာများကို ဖြတ်ရိုက်သကဲ့သို့ပင်ခံစားမိသည်။ သူတို့က အလွန်ရှက်ရွံနေကြသဖြင့် ဆရာသခင်လို့၏နောက်သို့ အလျှင်အမြန်လိုက်ပါသွားကြသည်။
ဆရာသခင်လို့နှင့်တစ်ခြားသူများထွက်ခွာသွားပြီးနောက် အခန်းအတွင်းရှိလေထုသည် ချက်ချင်းပင် တိတ်ဆိတ်ငြိမ်သက်စပြုလာ၏။ လူတိုင်းက လုယွီကို ပို၍အတိအကျပြောရလျှင် လုယွီ၏လက်အတွင်းမှစာလိပ်ကို ကြည့်ရှုနေပေသည်။
မည်သည့်ဝင်္ကပါပန်းချီအမျိုးအစားက နိုင်ငံ၏စွမ်းအားဝင်္ကပါပန်းချီကို လွယ်လင့်တကူ ဖျက်ဆီးပစ်နိုင်သနည်း။ အမှန်တစ်ကယ်ကိုပင် ဝင်္ကပါပန်းချီများအနက် ဖုန်းရွှေဝင်္ကပါပန်းချီသည် အလွန်အမင်းရှားပါးသောအရာဖြစ်နေသလော။
"မိတ်ဆွေလေး...ငါက ဒီဖုန်းရွှေဝင်္ကပါပန်းချီအတွက် အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးသန်းတစ်ရာပေးမယ်....မင်း ငါကိုရောင်းနိုင်မလား"
အသံတစ်သံက ရုတ်တရက် လုယွီ၏နောက်မှထွက်ပေါ်လာခဲ့သည်။
တစ်ချို့လူများက လုယွီ၏လက်အတွင်းရှိ ဝင်္ကပါပန်းချီ၏တန်ဖိုးကိုတွက်ဆမိချိန်တွင် အပြိုင်အဆိုင်စျေးပေးလာကြသည်။
"ငါက သန်း တစ်ရာတစ်ဆယ်ပေးမယ်...မိတ်ဆွေလေး...မင်း ငါကို ဒီဝင်္ကပါပန်းချီရောင်းတာနဲ့ ချမ် မိသားစုရဲ့အထူးဧည့်သည်လည်းဖြစ်လာမယ်"
"ငါက သန်းတစ်ရာနှစ်ဆယ် စျေးပေးမယ်"
"ဟား ဟား ဟား..မိတ်ဆွေတို့..ခင်ဗျားတို့အားလုံးက ဒီဝင်္ကပါပန်းချီကိုယူဆောင်သွားချင်နေကြတာ...ဒီနေ့က လေလံပွဲပြုလုပ်နေတဲ့နေ့ဖြစ်တာမို့....ခင်ဗျားတို့ ဒီနေရာမှာပဲ ဘာလုပ်နေကြမှာလဲ"
ထိုအချိန်မှာပင် ခန်းမသခင်က လျှောက်လှမ်းလာပြီး ဝင်္ကပါပန်းချီကိုင်ဆောင်ထားသည့် လုယွီ၏ရှေ့၌ ရပ်လိုက်သည်။
လုယွီက လေသံတိုးတိုးဖြင့်ပြောဆိုလိုက်လေ၏။
"ဒီနေ့ လေလံတင်မယ်"
"ကောင်းပြီလေ"
ခန်းမသခင်က ဝင်္ကပါပန်းချီကိုယူဆောင်ပြီး ဘေးပတ်ဝန်းကျင်ကိုကြည့်ကာ ကျယ်လောင်စွာဖြင့်အော်ဟစ်လိုက်တော့သည်။
"လူတိုင်းပဲ...ဒီနေ့ လေလံပွဲမှာ ဒီအဖိုးတန်ဖုန်းရွှေဝင်္ကပါပန်းချီကို လေလံတင်ပါ့မယ်...တစ်ကယ်လို့ ခင်ဗျားတို့လိုချင်တယ်ဆိုရင် လေလံပွဲမှာ ပါဝင်ဆင်နွှဲလို့ရပါတယ်"
ပတ်ဝန်းကျင်ရှိလူများက ထိုအသံကိုကြားချိန်တွင် သူတို့၏မျက်လုံးများ ဝင်းလက်တောက်ပသွားကုန်၏။ ဆရာသခင်လို့ပင်လျှင် အရှုံးပေးခဲ့ရသော ဤဖုန်းရွှေဝင်္ကပါပန်းချီကို မည်မျှတန်ကြေးကြီးသည်ဖြစ်စေ အရယူရန်သာ တွေးတောနေကြသည်။
မူလက လေလံပွဲတွင် ဝင်ရောက်ဆင်နွှဲရန် အစီအစဉ်မရှိကြသည့် တစ်ချို့ကျင့်ကြံသူများသည် လေလံပွဲဝင်ရန်လိုအပ်ချက်များကို အလျှင်အမြန်စုံစမ်းရန် အပြေးအလွှားသွားကြတော့သည်။
"မိတ်ဆွေလေး...မင်းမှာ ဒီလိုဝင်္ကပါပန်းချီမျိုးရှိတာ ငါအံသြမိတယ်...တစ်ကယ်လို့ ဒီလိုမျိုးနောက်တစ်ခုရှိလာရင် လေလံပွဲမရှိရင်တောင် ငါတို့ရဲ့လျှို့ဝှက်နဂါးနန်းတော်ကို အချိန်မရွေး လာရောက်ရောင်းချဖို့ ဖိတ်ခေါ်ပါတယ်"
လုယွီက ခေါင်းခါယမ်းပြလိုက်၏။
"ဒီ တစ္ခုပဲရွိတယ္"
အချိန်တခဏအကြာတွင်မူ လုယွီက ပန်းချီကားကိုတစ်ချက်ကြည့်လိုက်ရာ အတွင်းရှိဇာတ်ကောင်များသည် သူတို့၏ကိုယ်ပိုင်ကိစ္စများကို ဆတ်လတ်လုပ်ဆောင်နေကြကြောင်း မြင်တွေ့မိသည်။ လုယွီ၏မျက်လုံးများအတွင်းတွင် ပြန်လည်လွမ်းဆွတ်မှုအရိပ်အယောင်တစ်ချို့ ဖြတ်ပြေးသွားပြီးနောက် သူက ချက်ချင်းပင်လှည့်ထွက်ခဲ့တော့သည်။
ဆရာသခင်လို့ တိုက်ခိုက်နေစဉ်တွင် ပန်းချီကားအတွင်းတွင် မည်သည့်လှုပ်ရှားမှုမျှရှိမနေသည့် လူတစ်ယောက်ကို မည်သူကမျှ သတိမပြုမိချေ။
သစ်ပင်၏အောက်တွင် စာထိုင်ဖတ်နေသော လူငယ်သည် လုယွီမှတစ်ပါးတစ်ခြားသူမဟုတ်ပေ။
ပြန်ပြောင်းတွေးကြည့်လျှင် လုယွီက ဘုရင်နယ်ပယ်ကိုချိုးဖျက်ဝင်ရောက်စဉ်တွင် သူက နတ်ဘုရားလောကသို့ရောက်ရှိနေသော်လည်း နတ်ဘုရားမိုးကြိုး၏ရိုက်ခတ်မှုကြောင့် အပြင်းအထန်ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာအပြင်းအထန်ရရှိပြီး လွင့်စင်ထွက်လာသည့်လုယွီအား ရွာသားတစ်စုမှတွေ့ရှိ၍ ပြုစုစောင့်ရှောက်ပေးခဲ့သည်။
ထိုရွာလေးသည် ကြီးမားခြင်းမရှိသော်လည်း အလွန်ကြည်နူးဖွယ်ကောင်းသောဘဝကို ရွာသားများက ပိုင်ဆိုင်ထားကြသည်။
လုယွီ၏ဒဏ်ရာများသက်သာပြီး သူ၏ခွန်အားကို ပြန်လည်ရရှိချိန်တွင် ရွာမှလူများအား မည်သို့ကျင့်ကြံရမည်ကို သင်ကြားပေးခဲ့သည်။ နောက်ပိုင်းတွင် ရွာအတွင်းရှိလူတိုင်းသည် ကျင့်ကြံခြင်းလောကစီသို့ ခြေချမိကြ၏။
ထို့ပြင် ရွာအတွင်းရှိသက်ရှိဟူသမျှပင် တာအိုသခင်အဆင့်သို့ တတ်လှမ်းနိုင်ခဲ့ကြသည်။
ပန်းချီကားအတွင်းရှိ အဖိုးအိုတစ်ယောက်သည် မြေအောက်လောကတစ်ဆယ့်ရှစ်ခု၏ဂိုဏ်းခွဲသခင်တစ်ယောက်ဖြစ်လာခဲ့သည်။
ကလေးငယ်သည် စကြာဝဠာတစ်ခုလုံး၏အုပ်ချုပ်သူဖြစ်လာခဲ့သည်။
ထိုကလေးငယ်၏နံဘေးရှိ အနက်ရောင်ခွေးကြီးပင်လျှင် တာအိုဘုရင်၏နောက်လိုက် ခွေးဘုရင်ကြီး ဖြစ်လာပေ၏။
လုယွီက ဤပန်းချီကားကို တာအိုသခင်၏စိတ်အသိကိုပါ ပေါင်းစပ်ရေးဆွဲခဲ့ခြင်းဖြစ်သည်။ ဤပန်းချီကားသည် သူ၏အထွက်အထိပ်အနုပညာလက်ရာမဟုတ်သေးသော်လည်း ဆရာသခင်လို့၏သာမာန်နည်းလမ်းမျိုးဖြင့်ရေးဆွဲထားသောအရာများ နှိုင်းယှဉ်နိုင်သည့်အရာမဟုတ်ချေ။