← Chapters

အခန်း (၂၆၆-၂၇၀)

Vol. 11-15 Ch. 266-270

အခန်း (၂၆၆-၂၇၀)

Vol. 11-15 Ch. 266-270

Chapter 266

လုယွီက ခြံဝန်းအတွင်းရှိ သူ၏အခန်းသို့ပြန်ရောက်သည်နှင့် ဝင်္ကပါတစ်ချို့ကို ခင်းကျင်းလိုက်သည်။ ကထိကခြံဝန်းများတွင် ဖုံးကွယ်ထားသောဝင်္ကပါများ ရှိနှင့်ပြီးဖြစ်သော်လည်း လုယွီ၏အကျင့်စရိုက်သည် သူတစ်ပါးစီစဥ်ထားသောအရာများကို အသုံးမပြုတတ်ချေ။

အခန်းအတွင်း၌ လုယွီက ပလ္လင်ခွေထိုင်နေ၏။ လုယွီ၏ရှေ့တွင် သာမာန်ပုံပေါတ်နေသောသေတ္တာတစ်လုံးက မြေပြင်ပေါ်၌ ငြိမ်သက်စွာရှိနေ၏။

"ကောင်းကင်ဘုံအင်ပါယာက အရမ်းစိတ်ပျက်ဖို့ကောင်းတာပဲ...ငါ့ကို အရူးလုပ်ဖို့ လှည့်ကွက်တွေဘယ်လောတ်များများထားခဲ့တယ်မသိဘူး"

လုယွီ၏စိတ်နှလုံးသားက အလွန်လေးလံနေလေသည်။

အကယ်၍ သူသာသမင်ဖြူကျောင်းတော်သို့လာရောက်ခြင်းမရှိခဲ့လျှင် ကောင်းကင်ဘုံအင်ပါယာချန်ရစ်ခဲ့သည့် သေတ္တာအား ကျန်ရှိသည့်သူ၏ဘဝသက်တမ်းတစ်လျှောက်လုံး တွေ့ရှိမည်မဟုတ်ချေ။

သစ်သားသေတ္တာကိုကြည့်ရသည်မှာ သာမာန်ဖြစ်သော်လည်း ကောင်းကင်ဘုံအင်ပါယာ၏အကြွင်းအကျန်စိတ်ဝိညာဥ် ပါဝင်နေပေ၏။

လုယွီက သေတ္တာကိုဖွင့်လိုက်ချိန်တွင် ရုတ်တရက် ရွှေရောင်အလင်းတန်းပေါ်ပေါတ်လာသည်။ ထိုရွှေရောင်အလင်းတန်းကိုမြင်ရပုံမှာ ခွန်အားအလုံအလောတ်ရှိနေပုံရပြီး သေတ္တာကိုဖွင့်လိုက်သည်နှင့် ၎င်းကအပြင်သို့ တိုက်ရိုက်ထွက်လာခဲ့သည်။ လုယွီက ရလဒ်ကိုမျှော်လင့်ပြီးထားပုံနှင့်တည်ငြိမ်အေးဆေးနေသည်။

ဒေါင်....

ရွှေရောင်အလင်းတန်းက နံရံနှင့်အပြင်းအထန်ရိုက်ခတ်မိသော်လည်း ခပ်သဲ့သဲ့အသံသာ ထွက်ပေါ်လာလေ၏။

အဖြူရောင်နံရံပေါ်တွင် ရုတ်တရက် စိတ်ဝိညာဥ်စွမ်းအင်မျဥ်းကြောင်းများ ပေါ်ပေါတ်လာသည်။ ထိုမျဥ်းကြောင်းများသည် အလွန်ရှုပ်ထွေးပြီး တစ်ခုနှင့်တစ်ခုရှုပ်ထွေးရစ်ပတ်နေကာ ရွှေရောင်အလင်းတန်းများ၏လမ်းကြောင်းကို ပိတ်ဆို့ထားသည်။

"နဂါးနက် လက်သည်း"

လုယွီက သူ၏လက်များဖြင့် ရွှေရောင်အလင်းတန်းထံသို့ ဖမ်းဆွဲလိုက်၏။

ရုတ်ချည်းဆိုသလိုပင် ရွှေရောင်အလင်းတန်းက ပါးလွှာသောလေထု၏ ရစ်ပတ်ခြင်းကိုခံရပြီး အထိန်းအကွပ်မဲ့စွာဖြင့် လုယွီထံသို့ ပျံသန်းလာခဲ့သည်။

ဝီ...

ရွှေရောင်အလင်းတန်းက ခုခံကာကွယ်နေပုံရပြီး ရုန်းကန်နေလေ၏။

"ခင်ဗျား ဖြစ်နေရင်တောင်မှ...ကျုပ်က ခင်ဗျားကိုတောင် သတ်ခဲ့ပြီးမှတော့ ဝိညာဥ်အပိုင်းအစလောတ်ကိုထည့်ပြောမနေနဲ့"

လုယွီ၏မျက်လုံးအတွင်းတွင် အေးစက်စက်အလင်းရောင်များ ဖြတ်ပြေးသွားပြီးနောက် သူ၏လက်မှထုတ်လွှက်ထားသော အင်အားသည် ပို၍ပင်ပြင်းထန်လာခဲ့သည်။

လေထုအတွင်း၌ အနက်ရောင်လက်သည်းပုံရိပ်ထွက်ပေါ်လာပြီး လေထုအတွင်းမှရွှေရောင်အလင်းတန်းသည် လုယွီ၏လက်အတွင်းသို့ ရောက်ရှိလာပေ၏။ အနက်ရောင်အခိုးအငွေ့များရစ်သိုင်းနေသည့်လက်မောင်းဖြင့် လုယွီက ရွှေရောင်အလင်းတန်းကို ကိုင်ဆောင်ထားသည်။

ဤအရာသည် ကျောက်တုံးအပိုင်းအစတစ်ခုပြီး ၎င်းအပေါ်၌ ရွှေရောင်စာလုံး "ရူ" ကို ရေးထိုးထားလေ၏။

"ဒါက.....ဥပဒေသတစ်ခုလား"

လုယွီ၏စိတ်အတွင်းမှ အနည်းငယ်တုန်လှုပ်သွားမိသည်။

လုယွီတုန်လှုပ်သွားရသည့် အကြောင်းအရင်းမှာ ဗုဒ္ဓ၏မြင့်မြတ်သောလမ်းစဥ်ကိုကျင့်ကြံပြီး ဥပဒေသများကိုပိုင်စိုးနိုင်သော တာအိုသခင်များသည် အသင်္ချေသောကမ္ဘာလောကများကို လွှမ်းမိုးချုပ်ကိုင်နိုင်သည်။

သာမာန်တာအိုသခင်တစ်ယောက်သည် ဥပဒေသတစ်ခု သို့မဟုတ် နှစ်ခုကိုသာ ချုပ်ကိုင်နိုင်ပြီး ဥပဒေသသုံးခုချုပ်ကိုင်နိုင်သူကို ခွန်အားကောင်းသူဟု ယူဆနိုင်သည်။

သူ၏အတိတ်ဘဝတွင် လုယွီက ဥပဒေသတစ်ဆယ့်ရှစ်ခုကို ကျွမ်းကျင်ပိုင်နိုင်ခဲ့သည်။ ထို့ကြောင့် သူသည် ဤဥပဒေသအပိုင်းအစနှင့်လွန်စွာရင်းနှီးကျွမ်းဝင်ပေ၏။

"ခင်ဗျားရဲ့စိတ်ဝိညာဥ်အပိုင်းအစကို ကျုပ်အာရုံခံနိုင်တာကနေရှောင်လွှဲဖို့ ဥပဒေသအပိုင်းအစတစ်ခုထဲကို မြှုပ်နှံခဲ့တယ်ပေါ့....ခင်ဗျားက တစ်ကယ်ကို အထင်ကြီးစရာပဲ"

လုယွီက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

ဤကဲ့သို့သော အကြံအစည်အား သူမျှော်လင့်ထားခြင်းမရှိပေ။

"သနားဖို့ကောင်းတာတော့ ခင်ဗျားအစွမ်းကုန်ကြိုးစားခဲ့ပေမယ့်....ကျုပ်က ခင်ဗျားကိုရှာတွေ့နေတုန်းပဲ"

လုယွီက သူ၏လက်ဖြင့် ဥပဒေသအပိုင်းအစအား ညင်သာစွာဖြင့်ထိတွေ့လိုက်လေ၏။ ရုတ်ချည်းဆိုသလိုပင် ဥပဒေသအပိုင်းအစမှ အနက်ရောင်မီးခိုးငွေ့များထွက်ပေါ်လာပြီး တဖြည်းဖြည်းလေထုအတွင်း၌ လွင့်စင့်သွားခဲ့သည်။

ဥပဒေသအပိုင်းအစအတွင်းရှိ အကြွင်းအကျန်စိတ်ဝိညာဥ်သည် လွင့်ပြယ်သွားပေ၏။

"ဒီနေရာက ကွန်ဖြူးရှပ်နဲ့တာအိုဝါဒတွေက ဒီသမင်ဖြူကျောင်းတော်ရဲ့ဥပဒေသအပိုင်းအစရဲ့ ဆွဲဆောင်နိုင်မှုကြောင့် ဖြစ်တည်လာပုံရတယ်"

လုယွီက ဥပဒေသအပိုင်းအစတစ်ခုကိုကောတ်ယူပြီး မည်သည့်တုံဆိုင်းခြင်းမျှမရှိဘဲ သူ၏ပါးစပ်အတွင်းသို့ပစ်ထည့်၍ ဝါးမြိုလိုက်သည်။

ထိုဥပဒေသအပိုင်းအစသည် လုယွီ၏ခန္ဓာကိုယ်အတွင်းသို့ဝင်ရောက်သွားသည်နှင့် တပြိုင်နက်တည်း လုယွီထံမှ အလင်းရောင်စွမ်းအင်လှိုင်းများ ထွက်ပေါ်လာ၏။

အားကောင်းသော အဖြူရောင်အလင်းများသည် လုယွီအား ချက်ချင်းပင်လွှမ်းခြုံသွားသည်။ မည်သည့်လေတိုက်ခတ်မှုမျှမရှိဘဲ သူ၏အင်္ကျီလက်များသည် တဖျပ်ဖျပ်ခတ်နေခဲ့သည်။ အခန်းတစ်ခန်းလုံး ကျမ်းစာမန္တန်ရွတ်ဖတ်သံများက ပဲ့တင်ထပ်ထွက်ပေါ်နေပေ၏။

ဤအချိန်တခဏတွင် မရေမတွက်နိုင်သည့်သူတော်စင်များ စုစည်းထားခဲ့သည့် ကွန်ဖြူးရှပ်နှင့်တာအိုဝါဒအတွေ့အကြုံများက လုယွီ၏အသိစိတ်ပင်လယ်အတွင်းသို့ ဝင်ရောက်လာသည်။

"ကောင်းကင်ဘုံအင်ပါယာက အတော်အစွမ်းထက်တာပဲ...ဒါတွေက ငါ မျှော်လင့်ထားတာထက်ကျော်လွန်နေပြီ"

လုယွီက တုန်လှုပ်သွားမိ၏။

ဤဥပဒေသအပိုင်းအစတွင် မြောက်များစွာသည့်သူတော်စင်များ၏ ကွန်ဖြူးရှပ်နှင့်တာအိုဝါဒအသိပညာများ ပါဝင်နေသည်။ ကောင်းကင်ဘုံအင်ပါယာသည် တာယွီအင်ပါယာ၏အုပ်ချုပ်သူဖြစ်ပြီး မြောက်များစွာသည့်သူတော်စင်များက သူထံတွင်ခစားကြသည်။ သူ၏ ဥပဒေသတစ်ခုတည်းတွင်ပင် တစ်ခြားတာအိုသခင်များ၏ဥပဒေသများ ပါဝင်နေပေသည်။

Chapter 267

အချိန်လေးနာရီ ကုန်ဆုံးသွားပြီဖြစ်လေ၏။ လုယွီက အခန်းအတွင်း၌ ကျောက်ရုပ်ကြီးတစ်ရုပ်ကဲ့သို့ ထိုင်နေဆဲဖြစ်သည်။ အချိန်ကုန်ဆုံးလာသည်နှင့်တမျှ လုယွီ၏အော်ရာအရှိန်အဝါသည် ပို၍ပို၍အားကောင်းလာခဲ့သည်။

ရုတ်တရက် လုယွီက သူ၏မျက်လုံးများကို ဖွင့်လိုက်၏။

လုယွီက လက်ကိုဆန့်ထုတ်ပြီး လေဟာနယ်အတွင်းတွင် 'စုစည်း' ဟူသောစာလုံးကို ရေးဆွဲလိုက်လေသည်။ လုယွီ၏လက်ချောင်းများ လှုပ်ခတ်သွားသည်နှင့် ရွှေရောင်အမှတ်အသားတစ်ခုဖြစ်ပေါ်လာပြီး လေထုအတွင်းတွင် ရွှေရောင်စာသားများထွက်ပေါ်လာ၏။

"လာခဲ့စမ်း"

လုယွီက တိုးညင်းစွာရေရွတ်လိုက်လေသည်။

ဝှီး...

ရုတ်ချည်းဆိုသလိုပင် လုယွီ၏အခန်းတစ်ခန်းလုံး၌ လေပြင်းများ တိုက်ခတ်လာသည်။ စိတ်ဝိညာဥ်စွမ်းအင်လှိုင်းများ တစ်လှိုင်းပြီးတစ်လှိုင်းသည် လုယွီ၏ခန္ဓာကိုယ်အတွင်းသို့ အရူးအမူးဝင်ရောက်လာလေ၏။ သူ၏စကားတစ်ခွန်းနှင့်အတူ ခြံဝန်းအတွင်းရှိ မူလစိတ်ဝိညာဥ်စွမ်းအင်စုစည်းခြင်းဝင်္ကပါ၏စုဆောင်းနိုင်သည့်အရှိန်သည် ယခင်ထက်ဆယ်ဆပိုမြင့်တတ်လာသည်။

လုယွီ၏ခန္ဓာကိုယ်ပေါ်ရှိ ထိုက်ကျိအမှတ်အသားက စတင်၍လည်ပတ်နေပေ၏။ ထိုက်ကျိအမှတ်အသား စတင်လည်ပတ်သည်နှင့် အားကောင်းသော ဝါးမြိုနိုင်သည့်စွမ်းအားထွက်ပေါ်လာပြီး ဘက်ပေါင်းစုံမှစိတ်ဝိညာဥ်စွမ်းအင်များကို အရူးအမူးဆွဲငင်စုပ်ယူတော့သည်။

အကန့်အသတ်မရှိသောစိတ်ဝိညာဥ်စွမ်းအင်များသည် လုယွီ၏မရီးဒါန်းများအတွင်းသို့ စီးဝင်သွားပြီး သူ၏ကျင့်ကြံဆင့်သည်လည်းမြင့်တတ်လာ၏။

ဘန်း...ဘန်း...

နက္ခက်တာရာပြောင်းလဲခြင်းနယ်ပယ် အဋ္ဌမအဆင့်...

နက္ခက်တာရာပြောင်းလဲခြင်းနယ်ပယ် နဝမအဆင့်....

ကျယ်လောင်သည့်အသံနှစ်သံနှင့်အတူ လုယွီက သဘာဝအတိုင်းကဲ့သို့ပင် အဆင့်သေးနှစ်ခုကို တိုက်ရိုက်ချိုးဖျက်နိုင်ခဲ့သည်။

လုယွီက သက်ပြင်းတစ်ချက် ရှိုက်လိုက်၏။ သူရှုထုတ်လိုက်သော ကျန်းချီများသည် အဖြူရောင်လေပြင်းတစ်ခုကဲ့သို့ဖြစ်ပေါ်လာပြီး သူ့အနီးအနား၌ လှည့်ပတ်နေသည်။

လဖက်ရည်တစ်ခွက်ပြင်ဆင်စာအချိန်ကြာပြီးနောက် လုယွီက ဖြည်းဖြည်းချင်း သူ၏အော်ရာများကို ပြန်လည်ရုတ်သိမ်းလိုက်လေ၏။ လုယွီ၏မျက်လုံးများ ဖွင့်လိုက်ချိန်တွင် သူ၏မျက်လုံးများက အဆုံးအစမရှိသည့်အသိပညာဗဟုသုတများ ကြွယ်ဝပုံပေါတ်နေသည်။ ကောင်းကင်ဘုံအင်ပါယာ၏လက်အောက်ခံသူတော်စင်များ စုစည်းထားသည့် အသိပညာများကလည်း လုယွီ၏အသိစိတ်ပင်လယ်အတွင်း၌ ရှိနေလေ၏။

"ငါ ဒီတစ်ကြိမ်မှာ အတော်ရိတ်သိမ်းနိုင်ခဲ့တာပဲ...ဒါပေမယ့် အမြူတေဖွဲ့စည်းခြင်းနယ်ပယ်ကို ရောက်ဖို့ဆိုတာတော့ တော်တော်လိုသေးတယ်"

ထို့နောက် လုယွီက သူ၏ခြံဝန်းအတွင်းမှ ထွက်ခွါလိုက်တော့သည်။

"ဂိုဏ်းအကျိုးဆောင်ရမှတ်တွေက ကျင့်ကြံခြင်းမျှော်စင်မှာအသုံးပြုလို့ရတယ်လို့ ပညာရှင်စန်လို့ကပြောသွားတယ်"

လုယွီကစိတ်အတွင်းမှ တွေးတောလိုက်ပြီးနောက် ကျင့်ကြံခြင်းမျှော်စင်ဘက်သို့ ဦးတည်သွားလိုက်၏။

……

လုယွီ၏ခြံဝန်းအပြင်ဘက်ရှိ အဆောင်ငယ်လေးတစ်ခုအတွင်းတွင် တပည့်တစ်ယောက်က ပလ္လင်ခွေထိုင်နေသည်။

ထိုတပည့်ကို ကြည့်လိုက်လျှင် တရားထိုင်၍ကျင့်ကြံနေပုံပေါတ်သော်လည်း သူက လုယွီထွက်ခွါလာသည်ကိုမြင်သည်နှင့် ရုတ်တရက်စိတ်လှုပ်ရှားသွားလေသည်။

"ကောင်လေး ထွက်သွားပြီ"

ထိုတပည့်၏မျက်လုံးများ တောက်ပလာပြီး သူလည်းနေရာမှ ထွက်ခွါလိုက်တော့သည်။ သူက တစ်ခြားခြံဝန်းတစ်ခု၏ရှေ့သို့ရောက်ရှိချိန်တွင်မူ ရပ်တန့်လိုက်၏။

ထိုခြံဝန်းအတွင်းမှ အမျိုးသမီးများ၏ရယ်မောသံများ ထွက်ပေါ်နေသည်။

"စီနီယာအကို ဟူဖျင်"

တပည့်တစ်ယောက်က ဦးခေါင်းညွှတ်၍ ဟူဖျင်အား အရိုအသေပြုလိုက်သည်။

အမျိုးသမီးအုပ်စုထဲမှ လူတစ်ယောက်က ခေါင်းထောင်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်လေ၏။ သူက ဆရာသခင်လို့၏တပည့် ဟူဖျင် ဖြစ်ပေ၏။

"မင်း ဘာလာလုပ်တာလဲ"

ဟူဖျင်က စိတ်မရှည်လက်မရှည်ပုံဖြင့် မေးမြန်းလိုက်သည်။

ထိုတပည့်က ပတ်ဝန်းကျင်ကိုကြည့်ပြီး စကားပြောရန် ချီတုံချတုံဖြစ်နေ၏။

ဟူဖျင်က သူ၏လက်ကိုဝှေ့ယမ်းလိုက်ပြီးနောက် သူ၏ဘေးပတ်လည်ရှိ အမျိုးသမီးများအားလုံး ထွက်ခွါသွားတော့သည်။ မည်သည့်မိန်းကလေးမျှ အခန်းအတွင်း၌ မကျန်ရှိတော့ချေ။

"စီနီယာအကို ဟူဖျင်....ဟိုကောင်လေး အပြင်ထွက်သွားပြီ"

တပည့်ဖြစ်သူက ဟူဖျင်အား တီးတိုးပြောဆိုလိုက်သည်။

"ဘယ်ကောင်လေးလဲ"

ဟူဖျင်က အနည်းငယ်ပဟေဠိဖြစ်သွားခဲ့သည်။ ထို့နောက်မှ ဟူဖျင်က အနည်းငယ်စဥ်းစားမိပြီး သူ၏မျက်လုံးများ တောက်ပသွားလေ၏။

"ကောင်းတယ်....သူ ထွက်လာမယ်လို့ ငါမမျှော်လင့်မိဘူး...ငါက သူတစ်ချိန်လုံး ကထိကခြံဝန်းထဲမှာ ပုန်းအောင်းနေမယ်ထင်ခဲ့တာ"

ဟူဖျင်က ဝမ်းသာအားရလေသံဖြင့် မေးမြန်းလိုက်သည်။

"သူ ဘယ်နေရာသွားတာလဲ"

"သူ ဦးတည်သွားတဲ့ဘက်ကိုကြည့်ရင် ကျင့်ကြံခြင်းမျှော်စင်ကို သွားတာဖြစ်နိုင်တယ်"

တပည့်က ပြန်​ဖြေကြားလိုက်လေ၏။

"မင်းက ကျင့်ကြံခြင်းကို တိုးတတ်အောင်လုပ်ဖို့ အလျှင်လိုနေတယ်ပေါ့...ဟမ့်....ဒါက ချက်ချင်းအမြင့်တတ်ချင်နေတာဘဲ"

ဟူဖျင်က အထင်အမြင်သေးဟန်ဖြင့် မတ်တတ်ထရပ်လိုက်သည်။

"သွားမယ်....ငါနဲ့ ကျင့်ကြံခြင်းမျှော်စင်ကို အတူသွားရအောင်"

တပည့်ဖြစ်သူက အနည်းငယ်တုန့်ဆိုင်းသွားပြီးမှ မေးမြန်းလိုက်လေ၏။

"စီနီယာအကို....ကျွန်တော်တို့ ဆရာသခင်ကိုပြောဖို့ မလိုဘူးလား"

သူတို့၏ဆရာသခင်သည် ဆရာသခင်လို့ဖြစ်ပေ၏။

ဟူဖျင်၏မျက်လုံးများက ချက်ချင်းပင် စူးရှတောက်ပသွားသည်။

"ဒီလေါက်သေးငယ်တဲ့ကိစ္စလောတ်နဲ့....ဆရာသခင်ကို အနှောက်အယှက်ပေးစရာလား...မင်းရဲ့ပါးစပ်ကို သေချာစောင့်စည်းထား...တစ်ကယ်လို့ မင်းက ဆရာသခင်ကိုစိတ်အနှောက်အယှက်ဖြစ်စေရင် ငါမင်းကိုခွင့်မလွှက်ဘူး"

"ဟုတ်ကဲ့...ဟုတ်ကဲ့"

တပည့်က အလျှင်စလိုဖြင့် သဘောတူညီကြောင်းပြောလိုက်သည်။

ဟူဖျင်၏ခေါင်းပြန်လှည့်လိုက်ချိန်တွင် သူ၏မျက်နှာကရုတ်တရက် အေးစက်တင်းမာသွားလေ၏။ လုယွီထံတွင် စိတ်ဝိညာဥ်ကျောက်တုံး အမြောက်အများပိုင်ဆိုင်ထားသော ကိစ္စကိုသတိရနေဆဲဖြစ်သည်။

မည်သည့်ကိစ္စပင်ဖြစ်ပါစေ...သူသည်သာ လုယွီ၏စိတ်ဝိညာဥ်ကျောက်တုံးများကို ပိုင်ဆိုင်ရပေမည်။ သူ၏ဆရာသခင်ဖြစ်နေလျှင်ပင် တစ်စိုးတစ်စိမျှ ခွဲမပေးနိုင်ပေ။

Chapter 268

ကျင့်ကြံခြင်းမျှော်စင်ဟူသည့် မြင့်မားသောမျှော်စင်ကြီးသည် တောင်ထိပ်တစ်ခုတွင်ရှိပြီး တိမ်တောင်တိမ်လိပ်များရစ်သိုင်း၍တည်ရှိပြီး သိပ်သည်းသောစိတ်ဝိညာဥ်စွမ်းအင်များက ဖြာထွက်နေပေ၏။

ဤနေရာသည် သမင်ဖြူကျောင်းတော်၏ကျင့်ကြံမှုများလေ့ကျင့်သော နေရာတစ်ခုဖြစ်သည်။ ကထိကဖြစ်စေ တပည့်ဖြစ်စေ ဂိုဏ်းအကျိုးဆောင်ရမှတ် ပေးနိုင်လျှင် ကျင့်ကြံခြင်းမျှော်စင်၌ လေ့ကျင့်နိုင်သည်။

လုယွီက ကျင့်ကြံခြင်းမျှော်စင်သို့ရောက်ချိန်တွင် လေ့ကျင့်ရန်လာရောက်ကြသည့် လူမြောက်များစွာကို တွေ့မြင်မိသည်။

ကျင့်ကြံခြင်းမျှော်စင်၏ပထမထပ်သည် လာရောက်သည့်ဧည့်သည်များကို လက်ခံသောနေရာဖြစ်သည်။ ခန်းမကျယ်ကြီးတစ်ခုတွင် တပည့်တစ်အုပ်စုသည် အလွန်အလုပ်ရှုပ်နေပုံဖြင့် ရှေ့နောက်ဥဒဟိုသွားလာနေကြသည်။

ကျင့်ကြံခြင်းမျှော်စင်မှခန်းမ၏ထိပ်ပိုင်းနေရာတစ်ခုတွင် သင်ပုန်းကြီးတစ်ချပ်ချိတ်ဆွဲထား၏။ သင်ပုန်းပေါ်ရှိစာလုံးများသည် လေ့ကျင့်ရေးခန်းတစ်ခုစီ၏အသုံးပြုနေခြင်းရှိမရှိကို ဖော်ပြပေးနေသည်။

ရက်စဥ်ရက်တိုင်း သင်ပုန်းပေါ်ရှိနံပါတ်များက ပြောင်းလဲနေ၏။

လုယွီက တစ်ချက်ကြည့်လိုက်သည်တွင် ထိုသင်ပုန်းကြီးသည် ကျင့်ကြံခြင်းမျှော်စင်အား ဝင်္ကပါတစ်ခုနှင့်ချိတ်ဆတ်ထား၍ နံပါတ်များကပြောင်းလဲနေခြင်းဖြစ်သည်။

"ဒါက အတော်ကြံကြံဖန်ဖန် လုပ်ထားတာပဲ"

လုယွီက ချီးမွမ်းပြောဆိုမိလေ၏။

လုယွီက စာရင်းပေးရာနေရာထံသို့ လမ်းလျှောက်သွားလိုက်သည်။

"ကျွန်တော် လေ့ကျင့်ရေးအခန်းတစ်ခန်းလောတ် လိုချင်လို့ပါ"

လုယွီက ပြောဆိုလိုက်လေ၏။

စာရင်းပေးရာနေရာ၏စားပွဲပေါ်၌ အဖြူရောင်ဝတ်စုံဖြင့်တပည့်တစ်ယောက်က ငိုက်မျဥ်းနေလေသည်။ သူက မျက်ခွံကိုပင့်တင်ပြီး လုယွီအား တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူ၏မျက်လုံးများကို တစ်ဖန်ပြန်ပိတ်လိုက်၏။

ထိုအဖြူရောင်ဝတ်စုံဖြင့်တပည့်က ပြန်လည်ငြိမ်သက်သွားသည်ကိုကြည့်ပြီး လုယွီက စားပွဲကိုခေါက်လိုက်လေသည်။

"ဘာလို့ဆူညံနေတာလဲ...သာမာန်တပည့်ကများ...သွား ဟိုဘက်ကို...ငါ့ကိုလာမနှောက်ယှက်နဲ့"

အဖြူရောင်ဝတ်စုံဖြင့်တပည့်က စိတ်မရှည်ပုံဖြင့်အော်ဟစ်ပြီး ဆတ်လက်ငိုက်မျဥ်းနေပေ၏။

လုယွီ၏စိတ် မကြည်မသာဖြစ်သွားခဲ့သည်။ ကျင့်ကြံခြင်းမျှော်စင်ကဲ့သို့ အလွန်အရေးကြီးသောနေရာမျိုးတွင် ယခုကဲ့သို့လူမျိုးရှိမည်ဟု သူမျှော်လင့်မထားမိပေ။

"ဂျူနီယာမောင်လေး...နင် ငါနဲ့လိုက်ခဲ့ပါ"

နူးညံညင်သာသောအသံတစ်သံက ထွက်ပေါ်လာ၏။

လုယွီက ကြည့်လိုက်ရာတွင် သူ့အားလက်ဝှေ့ယမ်းပြနေသည့် အမျိုးသမီးတပည့်တစ်ယောက်အား တွေ့မြင်မိသည်။

"စိတ်ထဲမထားပါနဲ့...ဒီနေရာက စီနီယာအကိုတွေရဲ့စိတ်နေသဘောထားက ဒီလိုပဲ...ငါရဲ့နာမည်က ရှန့်ယင်ယင်...ငါက ကျောင်းတော်ကို ခုနှစ်မှဝင်လာတဲ့ ကျောင်းသားသစ်တစ်ယောက်ပါ...နင်ရော ကျောင်းသားသစ်ပဲလား"

အမျိုးသမီးတပည့်က အလွန်ချိုသာစွာဖြင့် စကားဆိုလိုက်၏။

လုယွီက ခေါင်းညိတ်ပြလိုက်လေသည်။

"ငါ အဆင်ပြေပါတယ်"

"ကောင်းပြီလေ....ငါတို့က အချိန်တစ်ချိန်တည်း ကျောင်းတော်ကိုအတူတတ်ခဲ့ကြတာပဲ...နင်က ငယ်သေးတော့ ငါကို စီနီယာအမလို့ခေါ်...ဘယ်လိုလေ့ကျင့်ရေးအခန်းမျိုး လိုချင်တာလဲ...ငါတို့ကျောင်းတော်မှာ လေ့ကျင့်ရေးခန်းသုံးမျိုးသုံးစားရှိတယ်...သာမာန်လေ့ကျင့်ရေးအခန်းက တစ်ရက်ကိုဂိုဏ်းအကျိုးဆောင်ရမှတ်တစ်ရက်လိုအပ်တယ်...ဂျူနီယာလေး...နင်က ဂိုဏ်းအကျိုးဆောင်ရမှတ်များများစုဆောင်းပြီးမှ ဒီကိုလာသင့်တယ်...တစ်ကယ်လို့ နင်မှာ အမှတ်တွေမရှိတော့ရင် ကျင့်ကြံခြင်းမျှော်စင်ကနေကန်ထုတ်ခံရလိမ့်မယ်"

ရှန့်ယင်ယင်က လုယွီအား သတိပေးလိုက်၏။

လုယွီက ခေါင်းညိတ်ပြပြီးနောက် ထပ်မံမေးမြန်းလိုက်လေသည်။

"ကျင့်ကြံခြင်းမျှော်စင်မှာ တခြားအဆင့်မြင့်တဲ့ လေ့ကျင့်ရေးအခန်းတွေရောရှိလား"

"အင်း ရှိတာပေါ့...အဆင့်မြင့်လေ့ကျင့်ရေးခန်းက ကောင်းမွန်တယ်....ဒါပေမယ့် တစ်ရက်ကို ဂိုဏ်းအကျိုးဆောင်ရမှတ်၁၀၀မှတ် လိုအပ်တယ်...သာမာန်တပည့်တွေက လုပ်ငန်းတာဝန်တွေကို လုပ်ဆောင်နိုင်ရင်တောင်မှ အမှတ်နည်းနည်းပဲရတယ်...လက်ရင်းတပည့်တွေလောတ်သာ အဆင့်မြင့်တဲ့လေ့ကျင့်ရေးအခန်းတွေကို ရွေးချယ်ဖို့အခွင့်အရေးရှိကြတယ်"

ရှန့်ယင်ယင်၏မျက်လုံးများက မှုန်မှိုင်းသွားလေ၏။

လုယွီက မျက်မှောင်ကြုတ်ရင်း ပြောဆိုလိုက်သည်။

"အဆင့်မြင့်လေ့ကျင့်ရေးအခန်းထက် ပိုကောင်းတာရော မရှိတော့ဘူးလား"

"ဂျူနီယာမောင်လေးက အရမ်းစပ်စုမယ်လို့ ငါထင်မထားဘူး"

ရှန့်ယင်ယင်က သက်ပြင်းတစ်ချက် ရှိုက်လိုက်လေ၏။

"အမှန်တစ်ကယ်တော့...ပိုကောင်းတဲ့ လေ့ကျင့်ရေးအခန်းရှိပါတယ်...ဒီကျင့်ကြံခြင်းမျှော်စင်ရဲ့ ထိပ်ဆုံးမှာရှိတဲ့ ထိပ်တန်းအဆင့်လေ့ကျင့်ရေးအခန်းပဲ...အဲ့ဒီက ကျင့်ကြံခြင်းအရှိန်က သာမာန်လေ့ကျင့်ရေးအခန်းထက် အဆတစ်ထောင်လောတ်ပိုမြန်တယ်...ဒါပေမယ့် ငါတို့က အဲ့ဒီနေရာမှာတစ်ရက်လေ့ကျင့်နိုင်ဖို့ အမှတ်တစ်ထောင်လိုအပ်တယ်...ငါတို့လိုသာမာန်တပည့်တွေက အဲ့ဒီနေရာမျိုးမှာလေ့ကျင့်ဖို့ ဘယ်လိုလုပ်အခွင့်အရေးရှိမှာလဲ"

လုယွီက ခေါင်းညိတ်နေလေ၏။

"ကောင်းပြီလေ...ငါက ထိပ်တန်းအဆင့်လေ့ကျင့်ရေးအခန်းကိုယူမယ်"

ရှန့်ယင်ယင်က အသံများထွက်သည်အထိပင် ရယ်မောလိုက်သည်။

"ခစ် ခစ်...ဂျူနီယာမောင်လေး...မနောတ်ပါနဲ့....ငါက သာမာန်အခန်းထဲက အပေါ်ထပ်နဲ့အနီးဆုံးဖြစ်တဲ့ကောင်းမွန်တာလေးကို နင်အတွက်ရွေးချယ်ပေးမယ်...ဒီနည်းလမ်းနဲ့ နင်ရဲ့လေ့ကျင့်မှုက ပိုအဆင်ပြေသွားလိမ့်မယ်"

"ငါ နောတ်နေတာမဟုတ်ဘူး...ငါကို ထိပ်တန်းအဆင့်လေ့ကျင့်ရေးအခန်း၁၀ရက်စာပေးပါ"

လုယွီက သူ၏တံဆိပ်ပြားကို ထုတ်ယူလိုက်လေသည်။

ရှန့်ယင်ယင်က တံဆိပ်ပြားကိုယူဆောင်ပြီးနောက် ရယ်စရာတစ်ချို့ပြောရန် စီစဥ်နေခဲ့သည်။ သို့သော် သူမက တံဆိပ်ပြားပေါ်မှစာလုံးများကို မြင်ချိန်တွင်မူ အလွန်အမင်း အံ့အားသင့်သွားပေ၏။

"ကထိက တံဆိပ်ပြားလား"

တံဆိပ်ပြားပေါ်တွင် ကထိကဟူသောစာလုံးက ထင်ထင်ရှားရှား မြင်နေရသည်။ ကထိကဟူသောစာလုံး၏အောက်တွင် ၁၀၀၀၀ဟူသော တောက်ပသောအနီရောင်စာလုံးများရှိနေလေ၏။

Chapter 269

"ဂျူနီယာ မောင်လေး....ဒါက ဟာသလုပ်စရာမဟုတ်ဘူးနော်"

ရှန့်ယင်ယင်က တံဆိပ်ပြားကို လုယွီ၏လက်အတွင်းသို့ အလျှင်အမြန်ပြန်ပေးလိုက်၏။

သမင်ဖြူကျောင်းတော်တွင် အပြင်စည်းတပည့်တစ်ယောက်သည် အတွင်းစည်းတပည့်တစ်ယောက်အဖြစ် ဟန်ဆောင်ပါက ကြီးလေးသောပြစ်မှုဖြစ်သည်။ ကထိကအဖြစ်ဟန်ဆောင်ခြင်းကိုမူ သူမ ထည့်ပင်မပြောဝံ့ချေ။

လုယွီက သူ၏ခေါင်းကိုသာ ခါနေမိသည်။ ကြည့်ရသည်မှာ ဤကထိကတံဆိပ်ပြားသည် ကောင်းသောကိစ္စတစ်ရပ်မဟုတ်ရုံသာမက ပြဿနာများကိုပင် ခေါ်ဆောင်လာသောအရာဖြစ်သည်။

သူ၏အသက်အရွယ်နှင့်ကျင့်ကြံမှုနယ်ပယ်ကြောင့် လူတစ်ချို့ကသာ သူကိုကထိကအဖြစ် ယုံကြည်လက်ခံကြသည်။

"ဟား ဟား...ငါက အနယူနေခဲ့တာ...ဒါပေမယ့် ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ဖြစ်ရပ်မျိုးဖြစ်လာမယ်လို့ ငါ မမျှော်လင့်မိဘူး"

ကြားရသူအား ကျောချမ်းစေသည့် အသံတစ်သံက ထွက်ပေါ်လာ၏။

လုယွီက လှည့်ကြည့်လိုက်ရာတွင် ကောင်တာ၌ငိုက်မျဥ်းနေသည့်တပည့်က မတ်တတ်ထရပ်ပြီး သူထံသို့ လမ်းလျှောက်လာခြင်းကိုမြင်တွေ့မိသည်။

"ငါကို အဲ့ဒီတံဆိပ်ပြားပြစမ်း"

အဖြူရောင်ဝတ်စုံဖြင့်တပည့်က လက်လှမ်းပြီး ရှန့်ယင်ယင်၏လက်အတွင်းမှတံဆိပ်ပြားအား ယူဆောင်လိုက်လေသည်။

ထိုတပည့်က တံဆိပ်ကို တစ်ချက်ကြည့်ပြီးနောက် လုယွီအား ခြေဆုံးခေါင်းဆုံးကြည့်ကာ ခက်ထန်သောလေသံဖြင့် စကားပြောဆိုလိုက်၏။

"ဒါက အရမ်းတူတာပဲ....မင်း ဒီတံဆိပ်ပြားကို ဘယ်နေရာကနေရခဲ့တာလဲ"

လုယွီက တည်ငြိမ်စွာဖြင့်သာ တုံပြန်ခဲ့လေ၏။

"ဒါက အတုလား အစစ်လားဆိုတာ ....မင်းသေချာကြည့်တာပိုကောင်းလိမ့်မယ်"

တပည့်ဖြစ်သူက လုယွီအား လှောင်ပြောင်ချင်ပုံဖြင့် ကြည့်နေသည်။

"မင်းက သေချာကြည့်စေချင်တာလား....မင်းလို နက္ခက်တာရာပြောင်းလဲခြင်းနယ်ပယ်ပဲရှိသေးတဲ့ကျင့်ကြံသူက တပည့်တွေကို သင်ကြားပေးဖို့ ဘယ်လိုလုပ်အရည်အချင်းပြည့်မှီမှာလဲ"

"ဒါဆို သမင်ဖြူကျောင်းတော်ရဲ့သင်ကြားရေးက...ကျင့်ကြံမှုနယ်ပယ်ကို အခြေခံထားတာလား"

လုယွီက မေးခွန်းထုတ်လိုက်သည်။

သူ၏လက်များကိုနောက်ပစ်ထားရင်း အဖြူရောင်ဝတ်စုံဖြင့်တပည့်က ပြောဆိုလိုက်လေ၏။

"ငါက ပါရမီရှင်တစ်ယောက်မဟုတ်ဘူး...အခု ငါက အမြူတေဖွဲ့စည်းခြင်းနယ်ပယ် တတိယအဆင့်ကျင့်ကြံသူတစ်ယောက်....ဒါတေါင် ကျင့်ကြံခြင်းမျှော်စင်ရဲ့အတွင်းစည်းတပည့်တစ်ယောက်အဖြစ်ပဲရှိသေးတယ်....မင်း...ဟမ့်....မင်းက အယောင်ဆောင်ချင်ရင်တောင် အနည်းဆုံး ငါလောတ်တော့ကျင့်ကြံမှုအဆင့်မြင့်မားသင့်တယ်...မင်းမှာ ငါနဲ့ယှဥ်ပြိုင်နိုင်တဲ့အစွမ်းတောင်ရှိလို့လား...မင်းက တစ်ခြားသူတွေကို အရူးလို့ထင်နေတာလား"

ထို့နောက် တပည့်ဖြစ်သူက သူ၏ခေါင်းကိုခါပြီး တစ်ဖန်ထပ်၍ ပြောဆိုနေပေ၏။

"မေ့လိုက်တော့....မင်းလိုကောင်မျိုးနဲ့စကားပြောရတာ ငါအချိန်တွေဖြုန်းနေမိသလိုပဲ"

"ဘာတွေ ဖြစ်နေကြတာလဲ"

ထိုအချိန်မှာပင် ကျင့်ကြံခြင်းမျှော်စင်ပေါ်မှ ဂုဏ်သိက္ခာရှိပုံပေါတ်သော သက်လတ်ပိုင်းအရွယ်လူကြီးတစ်ယောက် ဆင်းလာခဲ့သည်။

"ကြီးကြပ်ရေးမှူး...ဒီကောင်လေးက တံဆိပ်ပြားအတုယူလာပြီး လိမ်လည်နေပေမယ့် ကျွန်တော်ကသိရှိခဲ့တယ်"

အဖြူရောင်ဝတ်စုံဖြင့်တပည့်က သူကိုယ်သူ အားရဂုဏ်ယူနေသောလေသံဖြင့် ပြောဆိုလိုက်သည်။

သက်လက်ပိုင်းအရွယ်လူကြီးသည် ကျင့်ကြံခြင်းမျှော်စင်၏ကြီးကြပ်ရေးမှူးဖြစ်သည်။

တပည့်၏စကားကိုကြားချိန်တွင် ကြီးကြပ်ရေးမှူးက မျက်မှောင်ကြုတ်ပြီး ပြောဆိုလိုက်သည်။

"ဘယ်လို အယောင်ဆောင်တာလဲ....ငါ့ကို အဲ့တံဆိပ်ပြားပေးစမ်း"

အဖြူရောင်ဝတ်စုံဖြင့်တပည့်က လုယွီအားခနဲ့တဲ့တဲ့ကြည့်နေရင်းမှ ကြီးကြပ်ရေးမှူးထံသို့ တံဆိပ်ပြားအားလက်ကမ်းပေးလေ၏။

သူက လုယွီအရှက်ကွဲမည့်ကိစ္စကို မြင်တွေ့ချင်နေသည်။

ကြီးကြပ်ရေးမှူးသည် တံဆိပ်ပြားကိုယူဆောင်ပြီး အချိန်တခဏကြာ ဂရုတစိုက်စစ်ဆေးနေလေ၏။ သူ၏မျက်လုံးများသည် တဖြည်းဖြည်းနှင့် တည်ကြည်လေးနက်လာခဲ့သည်။ သူက တံဆိပ်ပြားကို ဝင်္ကပါ၏တစ်နေရာသို့ထည့်သွင်းလိုက်ရာ ချက်ချင်းပင် ခရမ်းရောင်အလင်းတန်း ထွက်လာသည်။

"ကြီးကြပ်ရေးမှူး....ဒီကောင်လေးက ကထိကအဖြစ် အယောင်ဆောင်ရဲတယ်...သူကို စည်းမျဥ်းခန်းမကိုပို့သင့်တယ်...ဒီလိုအယောင်ဆောင်ကို အမိဖမ်းနိုင်တာ ကြီးမားတဲ့အောင်မြင်မှုတစ်ခုပဲ"

အဖြူရောင်ဝတ်စုံနှင့်တပည့်က စကားပြောဆိုနေဆဲဖြစ်သည်။

"မင်း ပါးစပ်ပိတ်ထားစမ်း"

ကြီးကြပ်ရေးမှူးက အော်ဟစ်ပြီး အဖြူရောင်ဝတ်စုံနှင့်တပည့်အား စကားထပ်မံမပြောဆိုရန် ဟန့်တားလိုက်သည်။

သူက လုယွီထံသို့ ဦးတည်သွားလိုက်ကာ ရိုသေလေးစားပုံဖြင့် ပြောဆိုလိုက်လေ၏။

"ကထိကခင်ဗျာ....ကျွန်တော်ရဲ့ လက်အောက်ငယ်သားကို ဆုံးမပဲ့ပြင်မှုအားနည်းမိတယ်...တောင်းပန်ပါတယ်....ကျွန်တော်က ကထိကကိုအခက်အခဲတွေ့စေမိတယ်"

လုယွီက သူ၏လက်ကိုသာဝှေ့ယမ်းလိုက်သည်။

"အရေးမကြီးဘူး...ကျွန်တော် ထိပ်တန်းအဆင့်လေ့ကျင့်ရေးအခန်းဆယ်ရက်လိုချင်တယ်...တံဆိပ်ပြားမှာ အမှတ်၁၀၀၀၀ပါဝင်တယ်...ခင်ဗျား စစ်ဆေးပြီးယူဆောင်လိုက်တော့"

ကြီးကြပ်ရေးမှူးက အပြုံးဖြင့်ပြန်လည်ပြောဆိုခဲ့လေသည်။

"ထိပ်တန်းလေ့ကျင့်ရေးအခန်းက ဆယ်ရက်ရရှိဖို့ အရမ်းခက်ခဲတယ်...ဒီလိုလုပ်ပါလား....ကျွန်တော်က ကထိကကို ငါးရက်ကြာနေခွင့်ရအောင်လုပ်ပေးမယ်လေ"

ကြီးကြပ်ရေးမှူးသည် ပြင်ပမှသတင်းများကို နားစွင့်ထားသူဖြစ်သည်။ တံဆိပ်ပြားသည်လည်း အစစ်အမှန်ဖြစ်ပြီး ယခုနှစ်ကျောင်းတော်သို့ဝင်လာသည့်တပည့်သစ်များအနက်မှတစ်ယောက်ကို တောင်သခင်က ကထိကအဖြစ်တိုက်ရိုက်ခန့်အပ်လိုက်ကြောင်းကို သူကြားသိထားပြီးဖြစ်သည်။ သာမာန်အားဖြင့် သူက ထိုလူငယ်ကထိကနှင့် မိတ်ဆွေအဖြစ်ဆတ်ဆံလိုပေသည်။

"ကောင်းပြီလေ"

လုယွီက ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။

အဖြူရောင်ဝတ်စုံဖြင့်တပည့်က အံ့အားသင့်သွားပုံဖြင့် ဝင်ရောက်ပြောဆိုခဲ့သည်။

"ကြီးကြပ်ရေးမှူး...ဒီကောင်လေး လှည့်စားတာမခံသင့်ဘူး...တံဆိပ်ပြားကအတုဆိုတာ သိသာထင်ရှားနေတယ်လေ...သူက နက္ခက်တာရာပြောင်းလဲခြင်းနယ်ပယ်......"

"သောက်ပေါတ်ပိတ်ထားစမ်း"

ကြီးကြပ်ရေးမှူးက ဒေါသတကြီးဖြစ်သွားလေ၏။

"ဒီနေ့ကစပြီး မင်း ပြင်ပရေးရာအဆောင်ကို ပြောင်းတော့...ဒီနေရာမှာနေပြီး ငါကိုစိတ်အနှောက်အယှက်မပေးနဲ့"

"ဘယ်လို....ဒါက....."

အဖြူရောင်ဝတ်စုံနှင့်တပည့်က နေရာမှာပင် ကြက်သေသေသွားခဲ့သည်။ ကျင့်ကြံခြင်းမျှော်စင်မှ သူ၏နေရာသည် တပည့်မြောက်များစွာ လိုချင်တပ်မက်နေကြသော ချမ်းသာကြွယ်ဝစေသည့်အလုပ်ဖြစ်သည်။

Chapter 270

"ကြီးကြပ်ရေးမှူး...ကျေးဇူးပြုပြီး ကျွန်တော်ကိုဒီတစ်ကြိမ်တော့ ခွင့်လွှက်ပေးပါ"

အဖြူရောင်ဝတ်စုံဖြင့်တပည့်က မြေပြင်ပေါ်၌ဒူးထောက်၍ ကြီးကြပ်ရေးမှူးအား တောင်းပန်နေလေ၏။ သူက ယခုကဲ့သို့နေရာကောင်းကို စွန့်ခွါလိုသည့် ဆန္ဒမရှိပေ။ သူ၏အဆင့်အတန်းသည် ဤအလုပ်ပေါ်တွင်သာ အများဆုံးမှီခိုနေရသည်။ တပည့်အများစုက လေးစားခံရသည့်လူတစ်ယောက်အဖြစ်မှ အောက်ခြေနင်းပြားဘဝသို့ ကျဆင်းသွားရမည့်အဖြစ်မျိုးကို သူ လက်မခံနိုင်ချေ။

"ထွက်သွားစမ်း...ငါ့ကိုလာမနှောက်ယှက်နဲ့"

ကြီးကြပ်ရေးမှူးသည် အဖြူရောင်ဝတ်စုံဖြင့်တပည့်အား ဘေးဘက်သို့တွန်းထုတ်လိုက်ပြီးနောက် ရှန့်ယင်ယင်အားကြည့်နေလေသည်။

"မင်း လုပ်တာကောင်းတယ်....မင်းက ကျင့်ကြံခြင်းမျှော်စင်ရဲ့ စာရင်းပေးရာနေရာနဲ့ သင့်တော်မယ်လို့ ငါထင်တယ်"

"ကျွန်မလား"

ရှန့်ယင်ယင်က အချိန်တခဏကြာ ဆွံအသွားပြီးနောက် သူမက အလွန်အမင်းစိတ်လှုပ်ရှားသွားခဲ့၏။ သူမက ကျင့်ကြံခြင်းမျှော်စင်သို့ လေ့ကျင့်ရန်လာသော သာမာန်တပည့်တစ်ယောက်သာဖြစ်သည်။ ယခုကဲ့သို့အခွင့်အရေးမျိုးရရှိလိမ့်မည်ဟု သူမ မျှော်လင့်မထားမိပေ။ သူမက လုယွီအား လေးစားမှုအပြည့်ထင်ဟပ်နေသော မျက်လုံးများဖြင့် ကြည့်နေလေ၏။

"ကျေးဇူးပြုပြီး....အထဲကိုဝင်ပါ"

ကြီးကြပ်ရေးမှူးက ခရီးဦးကြိုပြုပြီး လုယွီနှင့်အတူ မျှော်စင်အ​ပေါ်ထပ်သို့ တတ်သွားလိုက်တော့သည်။

သူတို့နှစ်ယောက်က ကျင့်ကြံခြင်းမျှော်စင်၏အပေါ်ဆုံးထပ်သို့ ရောက်ရှိလာကြသည်။ ဤနေရာသို့ရောက်ချိန်တွင် ဘက်ပေါင်းစုံ၌ ပျံနှံ့နေသောစိတ်ဝိညာဥ်စွမ်းအင်များကို လုယွီက အာရုံခံစားမိလေ၏။

"ဒါက ကျွန်တော်တို့သမင်ဖြူကျောင်းတော်ရဲ့ စိတ်ဝိညာဥ်စွမ်းအင်ပေါကြွယ်ဝဆုံးနေရာသုံးခုထဲကတစ်ခုပဲ....တစ်ချို့တပည့်တွေက သူတို့အဆင့်ချိုးဖျက်ခါနီးရင် ဒီနေရာကိုလာပြီး အောင်မြင်မှုရအောင် လုပ်ဆောင်ကြတယ်...ဒါပေမယ့် ဒီနေရာအတွက် ပေးချေရတဲ့ဂိုဏ်းအကျိုးဆောင်ရမှတ်က မနည်းတော့ လူအနည်းငယ်လောတ်ကသာ ဒီကိုလာပြီးလေ့ကျင့်နိုင်ကြတယ်"

ကြီးကြပ်ရေးမှူးက လုယွီကို မနာလိုအားကျမှုအပြည့်ပါသော မျက်လုံးများဖြင့် ကြည့်နေလေသည်။ သူပင်လျှင် ခွင့်ပြုချက်မရှိဘဲ ဤနေရာ၌ လေ့ကျင့်ခွင့်မရှိပေ။

လုယွီကမူ ကျောင်းတော်သို့ဝင်ရောက်ပြီး ရက်အနည်းငယ်အကြာမှာပင် ဂိုဏ်းအကျိုးဆောင်ရမှတ်၁၀၀၀၀ရရှိခဲ့သည်။

လုယွီက မေးမြန်းလိုက်သည်။

"စိတ်ဝိညာဥ်စွမ်းအင် ပေါကြွယ်ဝတဲ့ တစ်ခြားနေရာနှစ်ခုက ဘယ်နေရာတွေလဲ"

ကြီးကြပ်ရေးမှူးက သူ၏မုတ်ဆိတ်မွှေးများကို ပွတ်သပ်ရင်းမှ ပြန်လည်ဖြေဆိုလိုက်လေ၏။

"ကျောင်းတော်ရဲ့ စွမ်းအင်မြစ်နဲ့ ကျောင်းအုပ်ကြီးရဲ့အဆောင်ပဲ...ဒါပေမယ့် အဲ့ဒီနေရာနှစ်နေရာက ဂိုဏ်းအကျိုးဆောင်ရမှတ်တွေနဲ့ ဝင်လို့မရဘူး"

လုယွီ၏စိတ် လှုပ်ရှားသွား၏။ ကျောင်းအုပ်ကြီး၏အဆောင်တွင် စိတ်ဝိညာဥ်စွမ်းအင်များပေါကြွယ်ဝသည်မှာ သင့်တော်သောကိစ္စဖြစ်သည်။ မဟာကွန်ဖြူးရှပ်ပညာရှင်စန်လို့က စွမ်းအင်မြစ်အကြောင်း သူကိုပြောထားခဲ့သည်ကို အမှတ်ရမိလေ၏။ သူ၏လုပ်ငန်းတာဝန် ပြီးမြောက်သည်နှင့် စန်လို့က သူအတွက် စွမ်းအင်မြစ်ကိုအသုံးပြုပြီး သူ၏ကျင့်ကြံဆင့်ကို အလျှင်အမြန်တိုးတတ်စေနိုင်ပေမည်။

"ဒါက ထိပ်တန်းအဆင့်လေ့ကျင့်ရေးခန်းပါ...ဒီအထပ်တစ်ခုလုံးကို မင်း အသုံးပြုလို့ရတယ်"

ကြီးကြပ်ရေးမှူးက လုယွီအား ရှင်းပြနေလေ၏။

လုယွီက ခေါင်းညိတ်လိုက်သည်နှင့် ကြီးကြပ်ရေးမှူးက ချက်ချင်းထွက်ခွါသွားတော့သည်။

"ဒီနေရာက စိတ်ဝိညာဥ်စွမ်းအင်ပေါကြွယ်ဝမှုက ဆိုးတော့မဆိုးပါဘူး...ဒါပေမယ့် ပိုင်တိုကောင်းကင်ဘုံကျောင်းက ကျင့်ကြံခြင်းမျှော်စင်ကိုမှီဖို့ အများကြီးလိုသေးတယ်"

လုယွီက ညည်းတွားနေလေ၏။

သူ၏ပိုင်တိုကောင်းကင်ဘုံကျောင်းရှိ ကျင့်ကြံခြင်းမျော်စင်မှစိတ်ဝိညာဥ်စွမ်းအင်စုပ်ယူမှုနှုန်းသည် ဤနေရာထက်အနည်းဆုံးဆယ်ဆမက ပိုမြင့်မားသည်။

သို့သော် ပိုင်တိုကောင်းကင်ဘုံကျောင်းသည် ပြန်လည်ကုစားနေဆဲဖြစ်သည်။ ထို့ကြောင့် လုယွီက ထိခိုက်ပျက်စီးထားသော ကမ္ဘာငယ်လေးအတွင်းတွင် ကျင့်ကြံ၍မရသေးပေ။

"ဘယ်လိုပဲဖြစ်ဖြစ် ဒီနေရာကစိတ်ဝိညာဥ်စွမ်းအင်တွေက ငါ အမြူတေဖွဲ့စည်းခြင်းနယ်ပယ်ကိုချိုးဖျက်ဝင်ရောက်နိုင်ဖို့ အခွင့်ကောင်းပဲ"

လုယွီ၏မျက်လုံးများက တောက်ပသွားလေ၏။ ရုတ်ချည်းဆိုသလိုပင် လုယွီက သူ၏လက်ချောင်းများဖြင့် ပတ်ဝန်းကျင်ရှိလေဟာနယ်ကို အကြိမ်အနည်းငယ်တို့ထိလိုက်သည်။

သူ့လက်ချောင်း၏ထိတွေ့မှုတစ်ခုစီတိုင်းတွင် ရွှေရောင်စာလုံးတစ်လုံးစီသည် လေထုအတွင်း၌ ထွက်ပေါ်လာခဲ့သည်။

"ကွန်ဖြူးရှပ်နဲ့တာအိုဝါဒရဲ့ ဥပဒေသတွေက တစ်ကယ်ကို အံ့အားသင့်စရာကောင်းတယ်....စာပေသူတော်စင်တွေက မြေအောက်၁၈လောကရဲ့ကျင့်ကြံသူတွေကို အချိန်အတော်ကြာဖိနှိပ်ထားနိုင်တာ အံ့အားသင့်စရာမရှိတော့ဘူး"

လုယွီက သက်ပြင်းရှိုက်လိုက်မိလေ၏။

လေထုအတွင်း၌ တည်ရှိနေသော ရွှေရောင်စာလုံးများသည် လုယွီအား သူ၏ပတ်ဝန်းကျင်မှ ပိုင်းခြားထားသည့် အတားအဆီးတစ်ခုဖြစ်သွားသည်။

"ဝေလငါးက ချီမြစ်ကိုဝါးမြိုနိုင်တယ်"

လုယွီက ထပ်မံ၍ ရေးသားလိုက်ပြန်၏။ သူ၏ထိတွေ့ချက်တစ်ခုနှင့်အတူ ပြင်ပ၌ လျှပ်ပြက်သကဲ့သို့ အလင်းရောင်များ တောက်ပလာခဲ့သည်။

ထို့နောက် သူ၏ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဥ်စွမ်းအင်များသည် တစ်စုံတစ်ခု၏ဆွဲငင်ခြင်းခံလိုက်ရသကဲ့သို့ လုယွီထံသို့ တရကြမ်းတိုးဝင်လာကြသည်။

……

ကျင့်ကြံခြင်းမျှော်စင်၏ရှေ့တွင် အဖြူရောင်ဝတ်စုံနှင့်တပည့်က သူ၏ပစ္စည်းများကိုထုတ်ပိုးပြီး မျှော်စင်၏ထိပ်ပိုင်းကို အမုန်းတရားများပြည့်နှက်နေသောမျက်လုံးများဖြင့် ကြည့်ရှုနေလေ၏။

"ကောင်လေး...မင်း စောင့်နေ"

အဖြူရောင်ဝတ်စုံနှင့်တပည့်က ကြုံးဝါးရင်းနှင့် သူ၏လက်သီးအားတင်းတင်းကျပ်ကျပ် ဆုပ်ထားပေသည်။ သူ၏အမြင်အရ ထိုကောင်လေးသည် မည်သည့်နည်းနှင့်မျှ ကထိကတစ်ယောက်မဖြစ်နိုင်ပေ။

မည်သည်ကြောင့် ကြီးကြပ်ရေးမှူးက အချိန်စော၍ သို့မဟုတ် နောတ်ကျ၍ လာရသနည်း။ သူက လုယွီ ပြဿနာတတ်နေသည့်အချိန်အတိအကျ ရောက်ရှိလာခဲ့သည်။ ဖြစ်နိုင်သည်က ကြီးကြပ်ရေးမှူးနှင့်လုယွီတို့သည် သွေးသားတော်စပ်သူများဖြစ်သောကြောင့် ကျင့်ကြံခွင့်ပြုလိုက်ခြင်းသာဖြစ်ပေမည်။

"မင်း လာခဲ့စမ်း...ငါ ကျင့်ကြံဖို့အလျှင်လိုနေတယ်...ငါအတွက် ထိပ်တန်းလေ့ကျင့်ရေးအခန်း မြန်မြန်ပေးစမ်း'

ရုတ်တရက် ကြမ်းတမ်းသောအသံတစ်သံ ထွက်ပေါ်လာ၏။

All Chapters