အခန်း (၂၀၆-၂၁၀)
Vol. 11-15 Ch. 206-210
C206
"ေခြးမသား"
ဆရာသခင်လို့က စားပွဲကိုရိုက်ပုတ်လိုက်ရာတွင် သစ်သားစားပွဲသည့် ကျယ်လောင်သောကွဲအက်သံနှင့်အတူ အပိုင်းပိုင်းအစစကျိုးကြေသွားလေသည်။
"ဆရာသခင္"
ထိုမြင်ကွင်းကိုကြည့်ပြီး သူ၏တပည့်များက မည်သို့လုပ်ဆောင်ရမည်ကို မသိရှိကြတော့ချေ။
"ဆရာသခင်...ကျွန်တော် ထင်တာတော့ ဒီကောင်လေးက ကံကောင်းပြီးဖုန်းရွှေဝင်္ကပါပန်းချီကို မတော်တဆရရှိခဲ့တာဖြစ်မယ်...ဒီလိုမှမဟုတ်ရင် သူကဘယ်လိုလုပ် ဆရာသခင်ရဲ့ပြိုင်ဘက်ဖြစ်နိုင်မလဲ"
လူငယ်တပည့်တစ်ယောက်က ပြောဆိုလိုက်လေ၏။
"ဟုတ်တယ် ဆရာသခင်..ဘယ်လိုလုပ် ဖုန်းရွှေဝင်္ကပါပန်းချီကို သူလိုကောင်တစ်ကောင်က ရေးဆွဲနိုင်မှာလဲ...အဲဒါကိုရေးဆွဲဖို့က ဝင်္ကပါပညာရပ်မှာ အရမ်းကိုအဆင့်မြင့်တဲ့အနေအထားရှိရမယ်...သူ့လို တောသားကျင့်ကြံသူတစ်ယောက်မှာ ဘယ်လိုမှဒီလိုစွမ်းရည်မျိုးမရှိနိုင်ဘူး"
တစ်ခြား အမျိုးသမီးကျင့်ကြံသူတစ်ယောက်ကလည်း ဝင်ရောက်ပြောဆိုလိုက်သည်။
တပည့်များအားလုံး၏ဝိုင်းဝန်းဖြောင့်ဖျနေမှုကြောင့် ဆရာသခင်လို့၏မျက်နှာအမူအယာသည် ဖြည်းဖြည်းချင်းကောင်းမွန်လာခဲ့သည်။
"ဟူဖျင်နေခဲ့...ကျန်တဲ့သူတွေထွက်သွားတော့"
ဆရာသခင်လို့က လေးနက်သောအသံဖြင့် ပြောဆိုလိုက်သည်။
တပည့်များအားလုံးက အလျှင်အမြန်ပင် ထွက်ခွာသွားကြပြီး အခန်းအတွင်းတွင် လူငယ်တပည့်တစ်ယောက်သာ ကျန်ရစ်တော့သည်။
ဟူဖျင်းဟုခေါ်သည့် လူငယ်ကျင့်ကြံသူသည် ကောင်တာ၏ရှေ့တွင် လုယွီ၏နံဘေး၌ရှိခဲ့ဖူးသူဖြစ်သဖြင့် အံ့အားသင့်တုန်လှုပ်နေခဲ့သည်။
"အဲ့ဒီကလေးရဲ့ နောက်ခံကိုသွားပြီးစုံစမ်းစမ်း...အထူးသဖြင့် သူ ဖုန်းရွှေဝင်္ကပါပန်းချီကို ဘယ်နေရာကရတယ်ဆိုတာ ငါတို့သိရမှဖြစ်မယ်"
ဆရာသခင်လို့က လေးနက်သောအသံဖြင့် အမိန့်ပေးလိုက်သည်။
ဟူဖျင်းက လက်သီးဆုပ်၍အရိုအသေပြုပြီး ပြန်လည်ပြောဆိုလိုက်လေ၏။
"စိတ်အေးအေးနေပါ ဆရာသခင်....ကျွန်တော်က ဆရာသခင်အတွက် ဒီကိစ္စကို သေချာဖြေရှင်းပေးပါ့မယ်"
"ပြီးတော့ သူစီက စိတ်ဝိညာဉ်ကျောက်တုံးတွေကောပဲ"
ဆရာသခင်လို့၏မျက်လုံးများအတွင်းတွင် လောဘအရိပ်အယောင်များ ထင်ဟပ်နေပေ၏။
"တစ်ကယ်လို့ အဲ့ကောင်လေးက ဖုန်းရွှေဝင်္ကပါပန်းချီကို ရောင်းချပြီးပြီဆိုရင်....သူက စိတ်ဝိညာဉ်ကျောက်တုံး အများအပြားရမှာအသေအချာပဲ....အဲ့ဒါကြောင့် လူတော်တော်များများက သူကို စောင့်ကြည့်နေကြလိမ့်မယ်...မင်းက သေသေချာချာရှင်းလင်းအောင်လုပ်ပြီး တစ်ခြားသူတွေ လက်ဦးမှုမရစေနဲ့"
"တပည့် နားလည်ပါပြီ"
ထိုအချိန်မှာပင် တပည့်တစ်ယောက်၏အသံက ပြင်ပမှထွက်ပေါ်လာသည်။
"ဆရာသခင်...ကျွန်တော်က တပည့်တစ်ယောက်ကို လျှို့ဝှက်နဂါးလေလံပွဲကိုသွားပြီး သတင်းယူခိုင်းထားပါတယ်"
ဆရာသခင်လို့က မျက်မှောင်ကြုတ်လိုက်လေ၏
"ကောင်းပြီ...ငါ နားလည်ပြီ"
*****
လျှို့ဝှက်နဂါးနန်းတော်၏အတွင်းဘက်...
လေလံပွဲက ဆတ်လတ်ကျင်းပနေလေ၏။
လုယွီက မည်သည့်ထူးခြားချက်မျှမရှိသည့် မျက်နှာအမူအယာဖြင့် သူ၏ထိုင်ခုံရှိရာသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
တစ်ခြားတစ်ဘက်မှ လျှိမင်သည်မူ အလွန်အမင်းစိတ်လှုပ်ရှားနေပုံရ၏။ တစ်ကြိမ်ပြီးတစ်ကြိမ် သူ၏ခေါင်းကိုမော့ပြီး လေလံစင်မြင့်ရှိရာသို့ ကြည့်ရှုနေမိသည်။
လုယွီ ပြန်ရောက်လာသည်ကိုမြင်သော လျှိုမင်က ပြုံးပြလိုက်လေ၏။
"ညီလေးလု...မင်း ရောင်းဖို့ပစ္စည်းတွေ ပို့ခဲ့ပြီးပြီလား"
လုယွီက ခေါင်းညိတ်ပြလိုက်၏။
လျိုမင်က ရယ်မောရင်းပြောလိုက်သည်။
"ငါ အပြင်ထွက်တော့မယ်....ဟူး...စိတ်ဝိညာဉ်ကျောက်တုံးက တော်တော်အရေးပါတာပဲ....ငါတို့လို ဂိုဏ်းကြီးတွေရဲ့ထောက်ပံမှုကိုမရတဲ့သာမာန်ကျင့်ကြံသူတွေအတွက်တော့....ငါတို့မှာရှိတဲ့တစ်ချို့ပစ္စည်းတွေနဲ့စိတ်ဝိညာဉ်ကျောက်တုံးတွေ လဲလှယ်ရုံပဲရှိတယ်"
ထိုအချိန်မှာပင် လေလံစင်မြင့်မှနေ၍ ဇီသာတေးသံထွက်ပေါ်လာသည်။
"လူတိုင်းပဲ...ကျွန်တော်တို့က စင်မြင့်ရဲ့နောက်မှာ ရတနာပစ္စည်းအသစ်တစ်ခုကို ရရှိထားပါတယ်...ဒီရတနာပစ္စည်းက လူတိုင်းရဲ့စိတ်အာရုံကိုဆွဲဆောင်နိုင်မှာ သေချာပါတယ်....အဲ့ဒီမတိုင်ခင်က ခင်ဗျားတို့ဝယ်ယူထားတဲ့အရာတွေက ကိတ်မုန့်အပိုင်းအစလေးတွေပဲဖြစ်သွားမှာပါ"
မျက်နှာဖုံးစွပ်နှင့်လူကြီးက ရုတ်တရက် လက်ခုပ်တီးလိုက်၏။ ရုတ်ချည်းဆိုသလိုပင် အကူနှစ်ယောက်က သစ်သားသေတ္တာကိုယူဆောင်ပြီး ရောက်ရှိလာကြသည်။
"ဒီနေရာမှာရှိတဲ့လူတိုင်းက ဖုန်းရွှေဝင်္ကပါဆရာသခင်တွေအကြောင်းကြားဖူးမယ်လို့ ကျွန်တော်ယုံကြည်တယ်...ဟုတ်တယ်မလား"
မျက်နှာဖုံးစွပ်လူကြီးက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်၏။
လူများသည် 'ဖုန်းရွှေဝင်္ကပါဆရာသခင်'ဟူသည့်စကားကိုကြားချိန်တွင် သူတို့၏မျက်လုံးများ လင်းလက်တောက်ပသွားကြသည်။
"ဖုန်းရွှေဝင်္ကပါပညာရှင်တွေက ဖုန်းရွှေ(ရေနှင့်လေ)ကိုထိန်းချုပ်နိုင်ပြီး သူတို့ဖန်တီးတဲ့နေရာအတွင်းမှာ စိတ်ဝိညာဉ်စွမ်းအင်တွေကို သက်ရောက်စေနိုင်တယ်"
"တစ်ကယ်လို့ တစ်စုံတစ်ယောက်ကိုတိုက်ခိုက်ချင်တယ်ဆိုရင် အစွမ်းထက်တဲ့ ဖုန်းရွှေဆရာသခင်တစ်ယောက်က သူရဲ့ဖုန်းရွှေစွမ်းအင်နဲ့ တောင်တွေကိုရွေ့လျားစေပြီး ပင်လယ်တွေကိုကြည့်နှက်စေတဲ့အပြင် ဘယ်နေရာမှာပဲဖြစ်ဖြစ် မိုးကြိုးတွေကိုလည်းဆင့်ခေါ်နိုင်တယ်"
"ဒါပြင် ဖုန်းရွှေဝင်္ကပါပညာရှင်တွေက အရမ်းရှားပါးတယ်...တောင်ပိုင်းစွန့်ပစ်ကုန်းမြေတစ်ခုလုံးမှာတောင် ဖုန်းရွှေဝင်္ကပါဆရာသခင်လို့ယူဆနိုင်တဲ့သူ ငါးယောက်ထက်ပိုမရှိဘူး"
မျက်နှာဖုံးစွပ်လူကြီးက စင်မြင့်အောက်ရှိ တိုင်ပင်ဆွေးနွေးနေမှုများကို မြင်တွေ့နေရသည်။
လေထုက အလွန်အမင်းမြင့်တတ်နေသည်ကိုမြင်သော မျက်နှာဖုံးစွပ်လူကြီးက ရယ်မောလိုက်၏။
"ဒါပြင် အခုလေလံပစ်မှာက အရမ်းအဖိုးတန်တဲ့ ဖုန်းရွှေဝင်္ကပါပန်းချီပဲ...ရောင်းချသူရဲ့ဆန္ဒအရ ကျွန်တော်တို့က အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးသန်းတစ်ရာနဲ့စျေးစဖွင့်ပြီး စျေးတစ်ခါတိုးရင် အနည်းဆုံးဆယ်သန်းတိုးမြှင့်ပေးရပါမယ်"
မျက်နှာဖုံးစွပ်လူကြီးက စျေးနှုန်းအကြောင်းကိုပြောပြီးချိန်တွင် လေလံပွဲအတွင်းရှိလူတိုင်း ဆွံအသွားကြ၏။
ဘာ....သန်းတစ်ရာ...
ဤကဲ့သို့စျေးနှုန်းမျိုးသည် မိသားစုကြီးတစ်ချို့သာလျှင် တတ်နိုင်မည့်ပမာဏဖြစ်သည့်အပြင် တစ်ချို့မိသားစုများကို ယိုင်နဲ့သွားစေမည့်ပမာဏဖြစ်သည်။
လျှိုမင်ကမူ သူ၏လက်သီးကို စိတ်လှုပ်ရှားမှုကြောင့် ဝှေ့ယမ်းလိုက်လေ၏။
"အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံး သန်းတစ်ရာကျော်တန်တဲ့ ရှားပါးပစ္စည်းတစ်ခုကို မြင်တွေ့ရမယ်လို့ ငါ မျှော်လင့်မထားခဲ့ဘူး...ငါ ဒီတစ်ကြိမ်တော့ ရွှေထုပ်ကောတ်မိသလိုခံစားရတယ်"
လျှိုမင်က အံ့အားသင့်တုန်လှုပ်စွာဖြင့် ပြောဆိုလိုက်သည်။
C207
လေလံစျေးက စိတ်ဝိညာဉ်ကျောက်တုံးသန်းတစ်ရာနှင့် စဖွင့်ပြီးနောက်တွင် မူလက ဆူညံနေသည့် လေလံခန်းမသည် တိတ်ဆိတ်ငြိမ်သက်သွားပေ၏။
လူအများက ဖုန်းရွှေဝင်္ကပါပန်းချီ၏တန်ဖိုးကို သိရှိကြသော်လည်း စျေးနှုန်းအလွန်ကြီးမြင့်မှုကြောင့် လေလံဝင်ဆွဲရန်ပြင်ဆင်နေသူတစ်ချို့သည် လက်လျှော့လိုက်ကြသည်။
"အသုံးမဝင်တဲ့စကားတွေမပြောဘဲ...ဖုန်းရွှေဝင်္ကပါပန်းချီရဲ့အစွမ်းကို ကျုပ်တို့ကိုပြသပေးပါ"
လေလံစင်မြင့်အောက်ရှိ လူတစ်ယောက်မှ အော်ဟစ်လိုက်သည်။
ရုတ်ချည်းဆိုသလိုပင် လူအုပ်ကြီးထံမှ သဘောတူထောက်ခံသံများ ပေါ်ထွက်လာသည်။
မျက်နှာဖုံးစွပ်နှင့်လူကြီးက ဤအခြေအနေကို မျှော်လင့်ထားပုံရပြီး အေးဆေးတည်ငြိမ်စွာဖြင့် ပြောဆိုလိုက်လေ၏။
"လူတိုင်းပဲ....ဖုန်းရွှေဝင်္ကပါပန်းချီရဲ့ကြီးမြတ်တဲ့လုပ်ဆောင်မှုက ဖုန်းရွှေရှုမျှော်ခင်းကိုစွမ်းအားအဖြစ်ပြောင်းလဲနိုင်တာပဲ....တစ်ကယ်လို့ ဒါကို အခုအသုံးပြုပြီးသရုပ်ပြလိုက်မယ်ဆိုရင် ဖုန်းရွှေဝင်္ကပါပန်းချီရဲ့အရည်အသွေးကိုပျက်စီးစေပြီး စွမ်းအားကိုအပြည့်အဝပြသနိုင်မှာမဟုတ်ဘူး"
"စကားလုံးတွေက အခြေအမြစ်မရှိဘူး....ခင်ဗျားတို့လျှို့ဝှက်နဂါးနန်းတော်ရဲ့ဂုဏ်သတင်းက မဆိုးဘူးဆိုပေမယ့် ဒီဝင်္ကပါပန်းချီက အတုအယောင် မဟုတ်ဘူးဆိုတာ ကျုပ်တို့က ဘယ်လိုလုပ်သိနိုင်မှာလဲ"
လူအုပ်ကြီးက ထိုအရာကိုဝယ်ယူလိုစိတ်မရှိသည်မှာ သိသထင်ရှားနေပြီး ကျယ်လောင်စွာအော်ဟစ်နေကြ၏။
"အငြင်းပွားနေတာ ရပ်ကြတော့"
ထိုအချိန်မှာပင် ကျယ်လောင်ပြီး ကြည်လင်ပြတ်သားသောအသံတစ်သံသည် လေလံစင်မြင့်မှ ထွက်ပေါ်လာသည်။
လူတိုင်းက စင်မြင့်၏အစွန်၌ မတ်တတ်ရပ်နေသည့် ဝတ်ရုံရှည်နှင့်လူကြီးကို ကြည့်ရှုနေကြသည်။ သူ၏မျက်လုံးများက တောက်ပပြီး စိတ်ဝိညာဉ်စွမ်းအင်များ ပြည့်နှက်နေလေ၏။
"ဒီလူကိုကြည့်ရတာ အရမ်းရင်းနှီးနေသလိုပဲ"
"ပေါက်ကရတွေ....ဒီလူက တောင်ပိုင်းစွန့်ပစ်ကုန်းမြေရဲ့ထိပ်သီးဂိုဏ်းခုနစ်ဂိုဏ်းထဲက ထိုက်ယွမ်ဂိုဏ်းရဲ့ဂိုဏ်းခေါင်းဆောင် လော့ဝူတောက်လေ"
"အဲ့ဒါ တစ်ကယ်ကြီးကို သူလား....သူက အေးစက်မိုးတိမ်မြို့ကို လာလိမ့်မယ်လို့ ငါထင်မထားမိဘူး....ဒီမွန်းစတားအိုကြီးက ထိုက်ယွမ်ဂိုဏ်းမှာပဲ အမြဲနေနေတဲ့သူမဟုတ်ဘူးလား"
ပတ်ဝန်းကျင်ရှိလူအုပ်ကြီးသည် လော့ဝူတောက်၏အကြောင်းကို စိတ်အားထက်သန်စွာဖြင့် စတင်ဆွေးနွေးလိုက်ကြသည်။ လော့ဝူတောက်ကိုကြည့်သော သူတို့၏အကြည့်များတွင် ကြောက်ရွံမှုများဖြင့် ပြည့်နှက်နေသည်။
"ဖုန်းရွှေဝင်္ကပါပန်းချီထဲက လေနဲ့ရေက လေဟာနယ်ကိုအကျိုးသက်ရောက်စေပြီး ပြင်းထန်တဲ့မိုးကြိုးတွေကိုတောင်ခုခံနိုင်တယ်လို့ ပြောကြတယ်...ဒီအဖိုးအိုက ဒဏ္ဌာရီလာဖုန်းရွှေဝင်္ကပါပန်းချီဟာ အမှန်တစ်ကယ်ကို နတ်ဘုရားပစ္စည်းလားဆိုတာကို စမ်းသပ်ချင်ပါတယ်"
လော့ဝူတောက်၏အသံသည် အလွန်ကျယ်လောင်ပြီး ဖျတ်လတ်တတ်ကြွမှုများ အပြည့်ပါဝင်နေသည်။ သူကိုကြည့်ရသည်မှာ အဖိုးအိုတစ်ယောက်နှင့် လားလားမျှမတူညီချေ။
မျက်နှာဖုံးစွပ်နှင့်လူကြီး၏မျက်နှာတွင် ဟန်လုပ်ထားသောအပြုံးပေါ်ထွက်လာသည်။
"လူတိုင်းက သံသယရှိနေမှတော့....ဒီဖုန်းရွှေဝင်္ကပါပန်းချီက အစစ်လား အတုလားဆိုတာ ကျွန်တော်တို့ကိုကူညီပြီးစမ်းသပ်ပေးဖို့ ဂိုဏ်းခေါင်းဆောင်လော့ကို ဒုက္ခပေးရတော့မှာပဲ"
"ကောင်းပြီလေ"
လော့ဝူတောက်က စိတ်အားထက်သန်စွာဖြင့် ကြုံးဝါးလိုက်ရာတွင် အနီးအနားရှိလေထုပင် တုန်ခါသွားလေ၏။
လော့ဝူတောက်က ရွေ့လျားခြင်းမရှိချေ။ ထိုအစား သူ၏လက်ညှိုးကို ဖုန်းရွှေဝင်္ကပါပန်းချီသို့ ညွှန်ပြ၍ ကျန်းချီတစ်လှိုင်းပစ်လွှက်လိုက်သည်။
လူတိုင်း၏နားအတွင်းတွင် "ရွှမ်း ရွှမ်း"ဟူသောအသံကို ကြားမိလေ၏။ မီးခတ်ကျောက်မှမီးတစ်ပွင့်ဖြာထွက်စာအချိန်မှာပင် ထိုကျန်းချီလှိုင်းက ဖုန်းရွှေဝင်္ကပါပန်းချီပေါ်သို့ ကျရောက်သွားသည်။
လူအများက ရှင်းရှင်းလင်းလင်းမမြင်လိုက်သော်လည်း ကျန်းချီလှိုင်းများနှင့်ဖန်တီးထားသည့် ကြမ်းကြုတ်သော အဖြူ ရောင်ကြိုးကြာတစ်ကောင်သည် စင်မြင့်၏အလယ်တွင် ထွက်ပေါ်လာလေသည်။
ကျန်ချီများဖြင့် ဖွဲ့စည်းထားသော အဖြူ ရောင်ကြိုးကြာတွင် ထိတ်လန့်တုန်လှုပ်ဖွယ်အော်ရာတစ်ခုပါဝင်ပြီး ဖုန်းရွှေဝင်္ကပါပန်းချီထံသို့ တည့်တည့်မတ်မတ်ထိုးဆင်းသွားလေသည်။
"ကျွတ် ကျွတ်...လော့ဝူတောက်က အကြမ်းဖက်မှုကျူ းလွန်တဲ့နေရာမှာ မျက်လုံးတောင်မမှိတ်ဘူးဆိုတဲ့ ကောလဟာလအတိုင်းပါပဲလား....ထိုက်ယွမ်ဂိုဏ်းရဲ့အခြေခိုင်မာမှုကြောင့် စိတ်အေးလက်အေးတံခါးပိတ်ကျင့်ကြံနေတဲ့သူက ဒီတစ်ကြိမ်အပြင်ကိုထွက်လာခိမ့်မယ်လို့ ဘယ်သူကထင်မိမှာလဲ"
လျှိုမင်က သက်ပြင်းချလိုက်၏။
လေထုအတွင်းရှိ ကျန်းချီကြိုးကြာကိုမြင်ချိန်တွင် လုယွီ၏မျက်စိသူငယ်အိမ်များ ကျဉ်းမြောင်းသွားသည်။
ဤအရာက အစွမ်းထက်ကျွမ်းကျင်သူတစ်ယောက်၏ စွမ်းအားပြည့်လှည့်ပတ်မှုဖြစ်သည်။ ထို့ပြင် လုယွီ၏အမြင်အရ လော့ဝူတောက်၏ကျန်းချီများသည် အလွန်အမင်းသိပ်သည်းပြီး တာအိုဒုတိယအဆင့်သို့ချိုးဖျက်ဝင်ရောက်နိုင်ရန်ပင် လုံလောတ်နေပြီဖြစ်သည်။
သူ မျှော်လင့်ထားသလိုပင် ဝင်္ကပါပန်းချီပေါ်သို့ အဖြူ ရောင်ကြိုးကြာကျရောက်လာသည်နှင့် လေလံစင်မြင့်တစ်ခုလုံး စတင်တုန်ခါလာသည်။
ဖုန်းရွှေဝင်္ကပါပန်းချီသည် ထိုတိုက်ခိုက်မှုကို အာရုံခံမိပုံရသည်။ ပန်းချီကားအတွင်းရှိ ရွာသားများအနက်မှတစ်ယောက်က ပြန်လည်တိုက်ခိုက်လိုက်သည်တွင် အဖြူ ရောင်ကြိုးကြာသည် ပြာများအဖြစ်သို့ပြောင်းလဲသွားလေ၏။
ဘာ...
လူတိုင်း ဆွံအသွားကုန်၏။ အစွမ်းထက်ကျင့်ကြံသူတစ်ယောက်၏ကျန်းချီဖြင့်တိုက်ခိုက်မှုသည် ဤမျှအချိန်တိုအတွင်းမှာ လွင့်ပြယ်သွားလိမ့်မည်ဟု လူအများ တွေးထင်ထားခြင်းမရှိကြချေ။
"ဟား ဟား ဟား"
ဖုန်းရွှေဝင်္ကပါပန်းချီကြောင့် သူ၏ကျန်းချီပျက်ပြယ်သွားသည်ကိုမြင်ချိန်တွင် လော့ဝူတောက်က အနည်းငယ်မျှပင်ဂရုမစိုက်ဘဲ ကျယ်လောင်စွာရယ်မောလိုက်သည်။
"ဒီတိုက်ခိုက်မှုက ငါ့စွမ်းအားရဲ့ငါးဆယ်ရာခိုင်နှုန်းကိုအသုံးပြုထားတာ....ငါက ဒီလိုနေရာမျိုးမှာ ဖုန်းရွှေဝင်္ကပါပန်းချီလိုရတနာမျိုးကို တွေ့ရလိမ့်မယ်လို့ ဘယ်တုန်းကမှတွေးမထားမိဘူး....ဒီပစ္စည်းက အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံး သန်း၁၁၀တန်ပါတယ်.....ဒီအဖိုးကြီးက ဖုန်းရွှေဝင်္ကပါပန်းချီကိုလိုချင်တယ်"
လော့ဝူတောက်က လွှမ်းမိုးနိုင်သည့် အပြုအမူဖြင့် ပြောဆိုလိုက်လေ၏။
ရုတ်ချည်းဆိုသလိုပင် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
ဘယ်လို ဟာသမျိုးလဲ...ယခုလိုအချိန်မျိုး၌ လေလံဝင်ဆွဲဝံ့သူတစ်ယောက်သည် အသက်ရှင်ရသည်မှာ ပင်ပန်းနေခြင်းကြောင့်သာဖြစ်ပေမည်။
"သန်း ၁၂၀"
ထိုအချိန်မှာပင် အမျိုးသမီးတစ်ယောက်၏အေးစက်စက်အသံက စင်မြင့်တစ်ခုမှ ထွက်ပေါ်လာလေသည်။
C208
လူတိုင်းက အသံလာရာစီသို့ လှည့်ကြည့်လိုက်ကြသည်။ အသံထွက်ပေါ်ရာ စင်မြင့်ပေါ်တွင် အစိမ်းရောင်ဝတ်စုံဖြင့် ကျက်သရေရှိသောအမျိုးသမီးတစ်ယောက်ရှိနေပြီး သူမ၏လက်အတွင်းတွင် ယပ်တောင်တစ်ချောင်းကို ကိုင်ဆောင်ထားလေ၏။ သူမ၏မျက်နှာပေါ်ရှိ ခပ်ဖျော့ဖျော့အပြုံးကိုလည်း လူတိုင်းမြင်နိုင်ပေသည်။
အမျိုးသမီးကိုကြည့်ရသည်မှာ အသက်သုံးဆယ်ကျော် လေးဆယ်ပတ်ဝန်းကျင်သာရှိပုံရသည်။ သူမ၏ဆံပင်များကို စည်းနှောင်ထားပြီး ကြည့်ရပုံမှာ ဂုဏ်သရေရှိအမျိုးသမီးတစ်ယောက်ပုံ ပေါ်လွင်နေသည်။
ထိုအမျိုးသမီး၏ခန္ဓာကိုယ်မှ သမာဓိချီခပ်ဖျော့ဖျော့ကိုထုတ်လွှတ်ထားပြီး သူမကိုကြည့်မိသောလူများအား စိတ်တည်ငြိမ်အေးဆေးမှုကို ခံစားမိစေသည်။
"ဒါက သမင်ဖြူ ကျောင်းတော်ရဲ့အုပ်ချုပ်ရေးမှူ းလုပါလား"
"တပည့်က ဆရာကိုအရိုအသေပြုပါတယ်"
ကျောင်းတော်သားကျင့်ကြံသူများက မတ်တတ်ထရပ်ပြီး အမျိုးသမီးအား အရိုအသေပြုလိုက်ကြသည်။
လျှိုမင်သည်လည်းမတ်တတ်ရပ်၍ အမျိုးသမီးကို အရိုအသေပြုလိုက်လေ၏။
"ညီလေးလု....မြန်မြန်ထ..သူက သမင်ဖြူ ကျောင်းတော်ရဲ့ အုပ်ချုပ်ရေးမှူ းလုပဲ...တစ်ကယ်လို့ သူရဲ့အကြံဉာဏ်ပေးမှုကိုရမယ်ဆိုရင် ငါရဲ့အနာဂတ်က အကန့်အသတ်ရှိမှာမဟုတ်ဘူး"
လျှိုမင်က စိတ်လှုပ်ရှားစွာဖြင့် လုယွီအား ပြောဆိုနေသည်။
လုယွီက စင်မြင့်ပေါ်တွင်မတ်တတ်ရပ်နေသည့် အမျိုးသမီးထံသို့ အကြည့်ရောက်သွားသည်။ သူမ၏တင့်တယ်လှပသောမျက်ခုံးများမှနေ၍ ရင်းနှီးကျွမ်းဝင်သောအရှိန်အဝါတစ်ခုကို လုယွီ အာရုံခံစားမိသည်။
အမှန်စင်စစ်ပင် သူမက လုယွီ၏အဒေါ် လုဝမ်ရှင်းဖြစ်ပေ၏။ လုဝမ်ရှင်း၏ပုံပန်းသွင်ပြင်ကိုကြည့်ပြီး လော့ဝူတောက်က မျက်မှောင်ကြုတ်လိုက်သည်။
"အုပ်ချုပ်ရေးမှူ းလု....မင်းရဲ့သမင်ဖြူ ကျောင်းတော်မှာ ဝင်္ကပါပညာရှင်တွေရှိတယ်ဆိုတာ ကျုပ်ကြားထားတယ်...ဘာလဲ....မင်းက ကျုပ်တို့ထိုက်ယွမ်ဂိုဏ်းလိုချင်နေတဲ့ ဖုန်းရွှေဝင်္ကပါပန်းချီကို လုယူချင်တာလား"
လော့ဝူတောက်က ဒေါသတကြီးပြောဆိုလိုက်လေ၏။
လုဝမ်ရှင်းက သူကိုတစ်ချက်မျှပင် စောင်းငဲ့မကြည့်ဘဲ သူမက စကားပြတ်ပြတ်ပြောလိုက်သည်။
"ဒီစွန့်ပစ်နယ်မြေမှာ ဖုန်းရွှေဝင်္ကပါပန်းချီတွေအများကြီးရှိတယ်လို့များ ရှင် တွေးထားတာလား"
လော့ဝူတောက်၏မျက်လုံးများ အေးစက်သွားလေသည်။
"ထပ်ပြီးစကားရှည်နေစရာမလိုတော့ဘူး....မင်းဘယ်လောက်ထိ စျေးမြှင့်ပေးနိုင်မယ်ဆိုတာ ကြည့်ကြသေးတာပေါ့"
ထိုစကားနှင့်အတူ လော့ဝူတောက်က စင်မြင့်ပေါ်ရှိ မျက်နှာဖုံးစွပ်လူကြီးကိုကြည့်၍ ချက်ချင်းအော်ဟစ်လိုက်သည်။
"သန်း တစ်ရာ့သုံးဆယ်"
"သန်းတစ်ရာ့လေးဆယ်"
လုဝမ်ရှင်းက ချက်ချင်းပင် လေလံစျေးတိုးမြှင့်ပေးလေ၏။
"ကြည့်ရတာတော့ သမင်ဖြူ ကျောင်းတော်က အတော်ချမ်းသာတယ်ထင်တယ်....ဒါပေမယ့် ကောင်မလေး...ဒီအဖိုးကြီးနဲ့ယှဉ်ဖို့တော့ မင်းက တော်တော်လိုသေးတယ်....သန်း တစ်ရာ့ငါးဆယ်"
ဤအနေအထားသည် အပြည့်အဝတင်းမာသောအဆင့်သို့ ရောက်ရှိသွားပြီသာဖြစ်ပေ၏။
လူအများက သူတို့ရှေ့ရှိမြင်ကွင်းကိုကြည့်ပြီး အံ့အားသင့်တုန်လှုပ်နေကြသည်။ နှစ်ဘက်စလုံးက ရန်စောင်နေခြင်းကြောင့် မည်သူကမျှ လေလံစျေးမပေးဝံ့ချေ။
"ဖုန်းရွှေဝင်္ကပါဆရာသခင်တစ်ယောက်ဖြစ်ရတာ တစ်ကယ်ကို အကျိုးရှိတာပဲ...ငါသာ အဲ့လိုလူမျိုးတစ်ယောက်နဲ့သိလို့ကတော့ ဖုန်းရွှေဝင်္ကပါပန်းချီတွေအများကြီး ဆွဲခိုင်းပစ်မယ်...ဒါဆို ငါလည်းချမ်းသာပြီလေ"
လျှိုမင်က စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုလိုက်သည်။
"အဲ့လိုပညာရှင်တွေက မင်းလိုငွေမက်တယ်ထင်နေလား"
လုယွီက ရယ်သွမ်းသွေးလိုက်လေ၏။
"မင်းသား တစ်ပါးကငွေကိုချစ်တယ်..ဒါပေမယ့် မှန်ကန်တဲ့နည်းနဲ့ရယူမယ်...ငါ မမှားပါဘူး"
လျှိုမင်က ယုံကြည်ချက်ခိုင်မာစွာဖြင့် တုန့်ပြန်ပြောဆိုလိုက်သည်။
လေလံခန်းမအတွင်းတွင် လေထုက အထွက်အထိပ်သို့ ရောက်ရှိနေသည်။
လူအများသည် သူတို့၏ရှေ့ရှိ အပြိုင်အဆိုင်စျေးတိုးမြှင့်နေကြသောသူနှစ်ဦးကိုသာ ကြည့်ရှုနေမိသည်။ သူတို့၏မျက်လုံးများတွင် အံ့အားသင့်မှုများပြည့်နှက်နေပြီး သူတို့ရှေ့၌ဖြစ်ပျက်နေသည့်ကိစ္စကို အမှန်တရားဟု ယုံကြည်လက်ခံနိုင်ခြင်းမရှိကြချေ။
"ပြောကြတာတော့ လော့ဝူတောက်ရဲ့ထိုက်ယွမ်ဂိုဏ်းမှာ ဝင်္ကပါပညာရှင်နည်းနည်းပဲရှိတယ်...သူက ဒီလောတ်စျေးတိုးမြှင့်ပေးနေတာ ဘာလို့လဲဆိုတော့ သူ့ဂိုဏ်းအတွက် မဟာအကာအကွယ်ဝင်္ကပါကိုခင်းကျင်းချင်လို့ပဲ...ဒီဖုန်းရွှေဝင်္ကပါပန်းချီရဲ့အထောက်အပံနဲ့သာဆိုရင် အကာအကွယ်ဝင်္ကပါက သန်မာသွားရုံတင်မကဘူး ထိုက်ယွမ်ဂိုဏ်းရဲ့အနာဂတ်ကလည်း ပိုပြီးချောမွေ့သွားလိမ့်မယ်"
"အုပ်ချုပ်ရေးမှူ းလုကတော့... မင်း ခုဏကလူကိုမြင်လိုက်လား...အစောပိုင်းက စင်နောက်မှာ သမင်ဖြူ ကျောင်းတော်ရဲ့ဆရာသခင်လို့က ဒီဖုန်းရွှေဝင်္ကပါပန်းချီကို ရှုံးနိမ့်ခဲ့တယ်"
"အော်...အဲ့ဒီလူက သမင်ဖြူ ကျောင်းတော်က ဝင်္ကပါပညာရှင်တစ်ယောက်လား...ဒီလိုပန်းချီကားတစ်ချပ်က ဝင်္ကပါပညာရှင်တစ်ယောက်ကို အနိုင်ယူနိုင်မယ်လို့ ငါ မျှော်လင့်မထားမိဘူး....အုပ်ချုပ်ရေးမှူ းလုက ဒီပန်းချီကားကို အရမ်းစိတ်ဝင်စားနေတာ မယုံနိုင်စရာပဲ"
လူတိုင်း တိုင်ပင်ဆွေးနွေးနေကြချိန်တွင် လေလံစျေးနှုန်းသည် ထိတ်လန့်ကြောက်ရွံဖွယ်ပမာဏဖြစ်သည့် အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးသန်းနှစ်ရာသုံးဆယ်ထိ ရောက်ရှိနေပြီဖြစ်သည်။
လုဝမ်ရှင်းက သန်း၂၃၀အော်ပြီးချိန်တွင်တော့ နောက်ဆုံး၌ လော့ဝူတောက် တိတ်ဆိတ်ငြိမ်သက်သွားလေသည်။
"ကြည့်ရတာတော့ သမင်ဖြူ ကျောင်းတော်က အတော်ချမ်းသာတာပဲ....အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးသန်း၂၃၀ကို မျက်တောင်တစ်ချက်မှမခတ်ဘဲ ပေးနိုင်တယ်....ဒါပေမယ့် မင်းက ဖုန်းရွှေဝင်္ကပါပန်းချီကို ရရှိသွားတာမို့....ဖုန်းရွှေက မင်းရဲ့နေရာကို သဘောမတွေ့ဘဲ မင်းတို့သမင်ဖြူ ကျောင်းတော်ကကျောင်းသားတွေကို မသေအောင်ဂရုစိုက်ပါ"
လော့ဝူတောက်က ခက်ထန်တင်းမာစွာဖြင့် ခြိမ်းခြောက်လိုက်သည်။
လုဝမ်ရှင်းက တချွင်ချွင်မြည်သည်အထိရယ်မောလိုက်လေ၏။
"လော့ဝူတောက်....ရှင်က ကျွန်မလောတ်မချမ်းသာတာမို့...ရှင်ကိုယ်ရှင် အရှက်ရအောင်မလုပ်နဲ့"
C209
"သန်း နှစ်ရာသုံးဆယ်....ဖုန်းရွှေဝင်္ကပါပန်းချီကို ရရှိသွားတဲ့အတွက် အုပ်ချုပ်ရေးမှူ းလုကို ဂုဏ်ပြုပါတယ်"
မျက်နှာဖုံးစွပ်နှင့်လူကြီးက အော်ဟစ်ပြီးနောက် အစေခံတစ်ယောက်သည် ဖုန်းရွှေဝင်္ကပါပန်းချီကို လုဝမ်ရှင်းရှိရာ စင်မြင့်ပေါ်သို့ ယူဆောင်သွားလေသည်။
လုယွီ၏ပါးစပ်ထောင့်များ မဲ့ရွဲ့နေပေ၏။ သူပိုင်ဆိုင်သည့် ဖုန်းရွှေဝင်္ကပါပန်းချီသည် သူ၏အဒေါ်ကမတော်တဆရရှိသွားမည်ဟု မျှော်လင့်ထားခြင်းမရှိခဲ့ချေ။
တစ်ခြားတစ်ဖက်က လျှိုမင်သည်မူ လုယွီ၏အမူအယာပြောင်းလဲနေမှုကို သတိမပြုမိပေ။ သူ၏အကြည့်က လုဝမ်ရှင်းပေါ်တွင်သာ အခိုင်အမာစွဲကပ်နေလေသည်။
ဖုန်းရွှေဝင်္ကပါပန်းချီက လုဝမ်ရှင်း၏လက်အတွင်းသို့ ရောက်ရှိသွားချိန်တွင် လော့ဝူတောက်က မကျေမချမ်းနှာမှုတ်ပြီး သူ၏အကျႌလက်များကိုခါယမ်း၍ ထွက်ခွာသွားတော့သည်။
သူက ဤနေရာ၌ မျက်နှာပျက်ခဲ့ရသဖြင့် ထပ်မံ၍နေရန်အစီအစဉ်မရှိတော့ချေ။
လုယွီ၏ရည်ရွယ်ချက်သည် ပြီးမြောက်အောင်မြင်ခဲ့ရ၏။ ယခုနေရာသို့ သူလာရသည့်ရည်ရွယ်ချက်သည် စိတ်ဝိညာဉ်ကျောက်တုံးတစ်ချို့ရရှိရန်ဖြစ်သည်။ ယခု သူ၏ဆန္ဒပြည့်ဝသွားပြီဖြစ်၍ ဤနေရာ၌ဆတ်နေရန်အစီအစဉ်မရှိတော့ချေ။
"ညီလေး လု...မင်း သွားတော့မလို့လား"
လျှိုမင်က မေးမြန်းလိုက်သည်။
လုယွီက ခေါင်ညိတ်ပြလိုက်၏။
"ဒီနေရာမှာ ထပ်ပြီးကြည့်စရာ မကျန်လောတ်တော့ဘူး"
လျှိုမင်ကလည်း ခေါင်းညိတ်ပြပြီး ပြန်လည်တုံပြန်ကြောဆိုလိုက်သည်။
"ကောင်းပြီလေ...ဒီလို စိတ်လှုပ်ရှားစရာပစ္စည်းမျိုးကို လေလံတင်ပြီးမှတော့ ထပ်ပြီး ပစ္စည်းကောင်းတွေ လေလံတင်ဦးမယ်လို့ ငါလည်းမထင်တော့ဘူး...ငါတို့ အပြင်ထွက်ကြရအောင်"
သူတို့နှစ်ယောက်ထွက်ခွာရန်ပြင်ဆင်နေစဉ်တွင် ရုတ်တရက် လုယွီ၏ခြေလှမ်းများ ရပ်တန့်သွားခဲ့သည်။
"ဘာဖြစ်လို့လဲ ညီလေးလု"
လျှိုမင်က ကြောင်အသွားလေ၏။
လုယွီ၏အကြည့်သည် စူးရှသဖြင့် ချက်ချင်းပင် စင်မြင့်ပေါ်ရှိပစ္စည်းတစ်ခုကို မြင်တွေ့မိသည်။
"ငါတို့ ထွက်မသွားသေးဘဲ ခဏလောတ်စောင့်ရအောင်"
လုယွီက ချက်ချင်းပင် သူ၏ထိုင်ခုံ၌ ပြန်ထိုင်လိုက်သည်။
ထိုအချိန်မှာပင် လေလံစင်မြင့်ပေါ်၌ ရတနာအသစ်တစ်ခု ရောက်ရှိလာခဲ့သည်။ နူးညံသည့်သေတ္တာတစ်လုံးအတွင်းတွင် ၎င်းနှင့်အပ်စပ်မှုမရှိသည့် မာကျောသောကျောက်တုံးတစ်တုံးရှိနေသည်။
ကျောက်တုံး၏အပေါ်ယံသည် ပိန်းပိတ်အောင်မှောင်မည်းနေပြီး ကြည့်ရသည်မှာ သာမာန်ကျောက်တုံးတစ်တုံးနှင့် ကွဲပြားခြားနားမှုမရှိချေ။ ထိုကျောက်တုံး၏သာမာန်ထက်ပိုသောအချက်မှာ ၎င်း၏အပေါ်ယံတစ်ခုလုံး ကျောက်မီးသွေးတုံးကဲ့သို့ မည်းမှောင်နေခြင်းသာဖြစ်သည်။
"လူတိုင်းပဲ....ဒီရတနာက ကျုပ်တို့လျှို့ဝှက်နဂါးနန်းတော်က တောင်ပင်လယ်ရဲ့အနက်ရှိုင်းဆုံးအပိုင်းကနေ ရှာဖွေတွေ့ရှိခဲ့တာပါ.....ဒါပေမယ့် ရာဖြတ်တွေရဲ့အကဲဖြတ်ချက်အရ ဒီရတနာကိုဘယ်လိုအသုံးပြုရတယ်ဆိုတာ ကျုပ်တို့သိရှိခဲ့ရခြင်းမရှိဘူး...သေချာတဲ့တစ်ခုတည်းသောအရာကတော့ ဒီကျောက်တုံးက နှစ်တစ်ထောင်စပါးကြီးမြွေကာကွယ်ထားတဲ့ ရတနာတစ်ခုပဲ....ကျုပ်တို့ရဲ့လျှို့ဝှက်နဂါးနန်းတော်က ကျွမ်းကျင်သူတစ်ချို့တောင် ဒီရတနာအတွက်နဲ့ အသက်စွန့်ခဲ့ရတယ်....ဒီလိုအစွမ်းထက်တဲ့ နတ်ဆိုးသားရဲတစ်ကောင် စောင့်ကြပ်နေတဲ့အရာက သာမာန်ရတနာပစ္စည်းမဟုတ်နိုင်ဘူးဆိုတာတော့ ကျုပ်တို့စဉ်းစားမိတယ်....ဒါကြောင့် ဒီပစ္စည်းအတွက် အဖွင့်စျေးကတော့ အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးတစ်သောင်းဖြစ်ပြီးတော့ စျေးတစ်ခါတိုးရင် အနည်းဆုံး တစ်ထောင်စီတိုးပေးရပါမယ်"
မျက်နှာဖုံးစွပ်နှင့်လူကြီး၏စကားလုံးများကြောင့် ခန်းမတစ်ခုလုံး အုတ်အုတ်ကျတ်ကျတ်ဖြစ်သွားခဲ့သည်။
တစ်ချို့လူများက တဲ့တိုးဆန်စွာဖြင့် အော်ဟစ်လိုက်ကြ၏။
"လျှို့ဝှက်နဂါးနန်းတော်က ငွေလိုချင်လွန်းလို့ ရူးသွားတာလား....သူတို့က ချာတူးလန်ကျောက်တုံးတစ်တုံးအတွက်တောင် ငွေလိုချင်နေတယ်"
"ခင်ဗျားတို့ရဲ့ လျှို့ဝှက်နဂါးနန်းတော်တောင် လျှို့ဝှက်ချက်ကိုမရှာနိုင်မှတော့...ကျုပ်တို့က ဘာတတ်နိုင်မှာမလို့လဲ"
ရုတ်ရုတ်သဲသဲအခြေအနေ ဖြစ်နေသော်ငြားလည်း မျက်နှာဖုံးစွပ်နှင့်လူကြီးက ဒေါသထွက်ပုံမရချေ။
"မြွေနတ်ဆိုးသားရဲက စိတ်ဝိညာဉ်သားရဲတစ်ကောင်ပဲ...ဒီကျောက်တုံးရဲ့နံဘေးမှာ သူကစောင့်ကြပ်နေမှတော့ အကြောင်းပြချက်မရှိဘဲမနေလောတ်ဘူး...လူတိုင်းပဲ...ရတနာတစ်ခုကိုလွဲချော်မသွားပါစေနဲ့"
"ငါတို့အားလုံးကို မင်းက လူနုံလူအတွေလို့ထင်နေတာလား...ဒီလို ချာတူးလန်ကျောက်တုံးအတွက်နဲ့ ဘယ်သူက အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးတစ်သောင်း အကုန်ခံမှာလဲ"
တစ်ခြားသူများကလည်း လျှို့ဝှက်နဂါးနန်းတော်၏လှည့်ကွက်များကို ရင်းနှီးပြီးဖြစ်သဖြင့် ဆူပူသောင်းကျန်းနေကြ၏။
လုယွီက ကျောက်တုံးကိုကြည့်ပြီး အတွေးများအတွင်းတွင် အလျှင်အမြန်နစ်မျောသွားခဲ့သည်။
"ဘယ်သူက ဒီ အစုတ်အပြတ်ကျောက်တုံးကို ဝယ်မလဲဆိုတာ ငါ သိချင်မိတယ်....လျှို့ဝှက်နဂါးနန်းတော်က တစ်ကယ်ကို ကျောက်တုံးတစ်တုံးအတွက် အကျယ်ချဲ့နေတာပဲ"
လျှိုမင်က တီးတိုးရေရွတ်လိုက်သည်။
ထိုအချိန်မှာပင် လုယွီက သူ၏လက်အတွင်းရှိ ကဒ်ပြားကို ရုတ်တရက်မြှောက်လိုက်လေ၏။
"အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံး တစ်သောင်းတစ်ထောင်"
လုယွီက ကျယ်လောင်စွာဖြင့် အော်ဟစ်လိုက်သည်။
ထိုသို့စျေးပေးသည်နှင့် လေလံခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပေ၏။ မလှမ်းမကမ်းအကွာအဝေးမှ လူတစ်ချို့ဆိုလျှင် ကူရာကယ်ရာမဲ့စွာဖြင့်မတ်တတ်ထရပ်ပြီး လေလံဆွဲသူကို ရှာဖွေကြည့်ရှုလိုက်ကြသည်။
လုယွီက ပတ်ဝန်းကျင်ရှိလူများ၏အကြည့်များကို လျစ်လျှူ ရှုထားပြီး သူ၏လက်ထဲမှ ကဒ်ပြားကိုဆတ်လတ်၍ မြှောက်ထားလေ၏။
လေလံဆွဲသူလုယွီက လူငယ်တစ်ယောက်ဖြစ်သည်ကို မြင်တွေ့ရသော လူများက မအောင့်အည်းနိုင်တော့ဘဲလှောင်ပြောင်သရော်ကြတော့သည်။
ဤမိုက်မဲသောကောင်လေးက မည်သူနည်း...သူက လျှို့ဝှက်နဂါးနန်းတော်၏လှည့်ကွက်အတွင်းသို့ အမှန်တစ်ကယ်ပင် ကျရောက်သွားခဲ့ပြီဖြစ်ပေ၏။
ကဒ်ပြားကိုမြှောက်ထားသည့် လုယွီ၏အကြည့်မှာမူ လေလံစင်မြင့်ပေါ်ရှိ ကျောက်တုံးပေါ်တွင်သာ အာရုံစူးစိုက်ထားလေသည်။
ထိုသူများ ဤကျောက်တုံးကိုလှောင်ပြောင်နေကြခြင်းမှာ အမှန်အားဖြင့် ထိုအရာသည် ဤကမ္ဘာလောကနှင့်သက်ဆိုင်မှုမရှိသောနေရာမှလာခြင်းကြောင့်ဖြစ်သည်။
ကောင်းကင်ဘုံတွင် ဤကျောက်တုံးကို ယင်ကမ္ဘာကျောက်တုံးဟုခေါ်ဆိုပြီး နူးညံသိမ်မွေ့ဆုံးယင်ပစ္စည်းတစ်ခုဖြစ်သည်။
လုယွီက အထူးနည်းစနစ်များကိုအသုံးပြု၍ ယင်ကမ္ဘာကျောက်တုံးအား ဖွင့်လှစ်နိုင်ပေသည်။
လုယွီ၏သိုလှောင်အိတ်အတွင်းရှိ ကမ္ဘာငယ်လေးအားပြုပြင်နိုင်ရန် လိုအပ်နေသည့် နူးညံသိမ်မွေ့သောယင်ပစ္စည်းမှာ ထိုကျောက်တုံးပင်ဖြစ်လေ၏။
C210
"ညီလေး လု...မင်း သေချာလား....ဒီဟာက စုတ်ပြတ်သတ်နေတဲ့ ကျောက်တုံးတစ်ခုနော်...ဘာလို့ ဒီလောတ်အများကြီး ပေးဝယ်ရတာလဲ"
သူက လုယွီသည် လျှို့ဝှက်နဂါးနန်းတော်၏ထောင်ချောက်အတွင်းသို့ ကျရောက်သွားမည်ကို မည်သို့စောင့်ကြည့်နိုင်မည်နည်း။
တစ်ခြားတစ်ဘက်မှ လုယွီကမူ အေးဆေးတည်ငြိမ်စွာဖြင့် ပြုံးရယ်နေလေ၏။
"ငါက ဒီပစ္စည်းကို အသုံးချရမယ့် နေရာတစ်ခုရှိတယ်"
လေလံခန်းမအတွင်းတွင် မည်သည့်စျေးပေးသံကိုမျှ ထပ်မံမကြားရတော့ချေ။ လူတိုင်းက လုယွီကို အရူးတစ်ယောက်ကဲ့သို့သာ ကြည့်ရှုနေကြသည်။
ဤသည်က မည်သည့်နေရာကလာမှန်းမသိနိုင်သည့် ရူးသွပ်နေသောကောင်လေးတစ်ယောက်ဖြစ်ပြီး ယခုကဲ့သို့ အသုံးမဝင်သောအရာမျိုးကို သူက အမှန်တစ်ကယ်ပင် လိုချင်နေပုံရသည်။
"ဆရာ ဝေ့...အဲ့ဒီကျောက်တုံးက ဘာလဲဆိုတာ ရှင် သေသေချာချာပြောနိုင်လား"
ပွဲကြည့်စင်ပေါ်မှ လုဝမ်ရှင်းက သူမနံဘေးမှလူအား မေးမြန်းလိုက်သည်။
လုဝမ်ရှင်း၏နံဘေးတွင် ပညာရှင်ဆန်သည့်ဝတ်စုံဖြင့်လူကြီးတစ်ယောက် မတ်တတ်ရပ်နေပေသည်။ သူမက လက်အတွင်းရှိ ခေါက်ထားသောယပ်တောင်ကိုဖြန့်၍ ညင်သာစွာဝှေ့ယမ်းရင်းမှ မေးမြန်းလိုက်ခြင်းဖြစ်သည်။
ထိုမေးမြန်းသံကိုကြားသည်နှင့် လူကြီးက မျက်မှောင်ကြုတ်ရင်းမှ ပြန်လည်ဖြေကြားလိုက်သည်။
"ကျောင်းအုပ်ကြီး...ဒီကျောက်တုံးက ရှေးဟောင်းမှတ်တမ်းအတွင်းက ရတနာစာရင်းထဲမှာမပါပါဘူး....ကျုပ်ရဲ့အမြင်အရဆိုရင်တော့ ဒါက သာမာန်ကျောက်တုံးတစ်ခုပဲဖြစ်နိုင်တယ်"
"စိတ်ဝိညာဉ်သားရဲတွေက စိတ်ဝိညာဉ်စွမ်းအင်တွေဖြစ်တည်တဲ့ နေရာမှာပဲ နေထိုင်လေ့ရှိတယ်ဆိုပေမယ့်...ဒါက လုံးဝသေချာတဲ့ကိစ္စတစ်ရပ်တော့မဟုတ်ဘူး....ဖြစ်နိုင်တာက လျှို့ဝှက်နဂါးနန်းတော်ကသူတွေက မြွေနတ်ဆိုးသားရဲရဲ့အသိုက်ကို သွားနှောင့်ယှက်လို့ တိုက်ခိုက်ခံရတာပဲ....ဒီကျောက်တုံးကတော့ ကျုပ်က သာမာန်ကျောက်တုံးတစ်ခုဆိုတာထက် ပိုပြီးမမြင်ဘူး"
လုဝမ်ရှင်းက သဘောတူထောက်ခံပုံဖြင့် ခေါင်းညိတ်လိုက်လေ၏။ သူမက လက်အတွင်းတွင် ဖုန်းရွှေဝင်္ကပါပန်းချီကို ကိုင်ဆောင်ထားခဲ့သည်။ ထိုစာလိပ်ကို သူမက ဖြည်ထားခြင်းမရှိသော်လည်း ၎င်းမှထွက်ပေါ်နေသည့် လျှို့ဝှက်ဆန်းကြယ်သောစွမ်းအားကို ခံစားနိုင်ဆဲဖြစ်သည်။
"ဒီနေရာမှာ ဖုန်းရွှေဝင်္ကပါပန်းချီလို ရတနာမျိုးနဲ့ကြုံတွေ့ရလိမ့်မယ်လို့ ကျွန်မ ဘယ်တုန်းကမှ မတွေးမိခဲ့ဘူး....ကျွန်မကြားတာတော့ ဆရာသခင်လို့တောင် ဒီဖုန်းရွှေဝင်္ကပါပန်းချီကို ရှုံးနိမ့်ခဲ့တယ်ဆိုပဲ"
လုဝမ်ရှင်းက လေသံတိုးတိုးဖြင့် ပြောဆိုလိုက်သည်။
ပညာရှင်ပုံစံဖြင့်လူကြီးက ရယ်မောရင်းမှ ပြန်လည်ပြောဆိုလိုက်လေ၏။
"ဒီ ငယ်သားက ပန်းချီကားနဲ့ပတ်သတ်လို့ လူလွှက်ပြီး စုံစမ်းစစ်ဆေးပြီးပါပြီ...ဒီဖုန်းရွှေဝင်္ကပါပန်းချီကို လူငယ်တစ်ယောက်က ရောင်းချခဲ့တာ....ဒီနေရာမှာ ဖုန်းရွှေဝင်္ကပါပညာရှင်တစ်ယောက်များ ရှိနေမလားလို့ ကျုပ် စိုးရိမ်နေမိတယ်"
"ဘာကိစ္စပဲရှိရှိ...သဲလွန်စရှိနေသမျှ ကျွန်မအရှုံးမပေးဘူး....ဖုန်းရွှေဝင်္ကပါပညာရှင်တစ်ယောက်က ဖီးနစ်ဌက်မွှေးနဲ့ချီလင်ဦးချိုလို ရှားပါးတယ်...ဘယ်လောတ်ပဲပေးရပါစေ ကျွန်မတို့ သူကိုရအောင်ဖိတ်ကြားရမယ်....လူငယ်ကိုသွားရှာလိုက်...ကျွန်မက သူကို ကိုယ်တိုင်ကိုယ်ကျ မေးမြန်းချင်တယ်"
လုဝမ်ရှင်းက ညွှန်ကြားလိုက်လေ၏။
"ဟုတ်ကဲ့ ကျောင်းအုပ်ကြီး"
လူကြီးက သဘောတူလက်ခံပြီးနောက် သူ၏မျက်လုံးများက အောက်ဘက်ရှိလူတစ်ယောက်ထံရောက်ရှိသွားပြီး အဓိပ္ပါယ်ပါသောအကြည့်ဖြင့် ကြည့်ရှုလိုက်သည်။
"အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံး သောင်းတစ်ထောင်...လေလံစျေးပေးမယ့်သူ တစ်ယောက်ယောက်ရှိသေးလား"
မျက်နှာဖုံးစွပ်လူကြီး၏အသံသည် ခန်းမတစ်ခုလုံးကို ပျံနှံ့သွားပေသည်။
"ဖြစ်နိုင်တာတော့...ဒါက ပြိုင်ဘက်ကင်းရတနာတစ်ခုဖြစ်ရမယ်.....တစ်ကယ်လို့ မင်းတို့အခွင့်အရေးကောင်းကိုလွဲချော်သွားရင် နောက်ထပ်အခွင့်အရေးရမှာမဟုတ်ဘူးနော်"
မျက်နှာဖုံးစွပ်လူကြီး၏အသံသည် ဖြားယောင်းသွေးဆောင်မှုများနှင့် ပြည့်နှက်နေလေ၏။
"နှစ်သောင်း"
နောက်ဆုံး၌ တစ်စုံတစ်ယောက်က စျေးတိုးမြှင့်ပေးလိုက်သည်။
"သုံးသောင်း"
အနည်းငယ်မျှပင် တုန့်ဆိုင်းခြင်းမရှိဘဲ လုယွီက စျေးကိုဆတ်လတ်တိုးမြှင့်လိုက်ပေ၏။
"လေးသောင်း"
ထိုသူကလည်း အရှုံးပေးလိုစိတ်ရှိပုံမပေါ်ဘဲ စျေးကိုဆတ်လတ်တိုးမြှင့်နေလေသည်။
"တစ်သိန်း"
လုယွီက ထပ်မံ၍ စျေးမြှင့်ပေးလိုက်သည်။
"တစ်သိန်း တစ်သောင်း"
"သုံးသိန်း"
ဤတစ်ကြိမ်တွင်တော့ အသံများအားလုံး ရုတ်ခနဲရပ်တန့်သွားခဲ့သည်။
လူတိုင်းသည် လုယွီအား ထူးဆန်းသည့်မျက်လုံးများဖြင့် ကြည့်ရှုနေကြ၏။
ဖြစ်နိုင်သည်က ထိုကျောက်တုံးသည် ရတနာတစ်ခုများ ဖြစ်နေသည်လော...
"ညီလေးလု....မင်း အရမ်းချမ်းသာမယ်လို့ ငါမျှော်လင့်မထားမိဘူး"
လျှိုမင်သည် လုယွီအား လူစိမ်းတစ်ယောက်ကို ကြည့်ရှုသကဲ့သို့ မယုံကြည်နိုင်မှုများဖြင့် ကြည့်ရှုနေလေသည်။
အချိန်တခဏအကြာမှာပင် တစ်ခြားတစ်ဖက်မှ လေလံအပြိုင်ဆွဲနေသူသည် ထပ်မံ၍စျေးတိုးမြှင့်ခြင်းမရှိတော့ချေ။
"အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံး သုံးသိန်း....တောင်ပင်လယ်ရဲ့စိတ်ဝိညာဉ်ပစ္စည်းက မိတ်ဆွေလေးရဲ့အပိုင်ဖြစ်သွားပါပြီ"
မျက်နှာဖုံးစွပ်လူကြီးက အော်ဟစ်လိုက်တော့သည်။
လေလံပွဲပြီးဆုံးသွားပြီဖြစ်ပေ၏။
******
"ဆရာ.....ဒီမှာ ဖုန်းရွှေဝင်္ကပါပန်းချီကို လေလံတင်ရောင်းချလို့ရတဲ့ အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံး သန်း၂၃၀ပါ....ကျွန်တော်တို့ရဲ့လေလံကြေးနဲ့ထိန်းသိမ်းမှုအခငွေအပြင် မင်းဝယ်ယူထားတဲ့ တောင်ပင်လယ်စိတ်ဝိညာဉ်ရတနာဖိုးပါနှုတ်ပြီး ကျန်ရှိတဲ့ပမာဏဖြစ်တယ်....အဲဒါတွေအကုန်လုံး ဒီသိုလှောင်အိတ်အတွင်းမှာ ပါပါတယ်"
ခန်းမသခင်က ယဉ်ကျေးသိမ်မွေ့စွာဖြင့် သိုလှောင်အိတ်တစ်အိတ်ကို လုယွီထံသို့ ပေးလိုက်သည်။
သိုလှောင်အိတ်အတွင်းသို့ လုယွီ၏စိတ်ဝိညာဉ်အာရုံကျဆင်းသွားသည်နှင့် အတွင်း၌ တောင်ငယ်တစ်လုံးစာပမာဏရှိသော စိတ်ဝိညာဉ်ကျောက်တုံးများကို မြင်တွေ့မိသည်။ ယင်ကမ္ဘာကျောက်တုံးသည်လည်း သိုလှောင်အိတ်အတွင်းတွင် ရှိနေလေသည်။
"မင်း အချိန်ရရင် ပြန်လာလည်ပါဦး"
ခန်းမသခင်က ရယ်မောရင်းမှ ပြောဆိုလိုက်သည်။
လုယွီက ခေါင်းညိတ်ပြပြီး လျှိုမင်နှင့်အတူ လျှို့ဝှက်နဂါးနန်းတော်မှ ထွက်ခွာခဲ့တော့သည်။
အေးစက်မိုးတိမ်မြို့သို့ပြန်ရောက်ချိန်တွင် ညချမ်းအချိန်ဖြစ်သော်လည်း မြို့အတွင်းရှိယောက်ယက်ခတ်သွားလာနေမှုများမှာ ရပ်တန့်ခြင်းမရှိသေးချေ။
"မင်း အရင်ပြန်သင့်တယ်...ငါ မပြန်ခင် မြို့ထဲမှာ နည်းနည်းလောတ်လျှောက်ပတ်ကြည့်အုံးမယ်"
လုယွီက လျှိုမင်အား ရုတ်တရက် ပြောဆိုလိုက်၏။