အခန်း (၂၁၁-၂၁၅)
Vol. 11-15 Ch. 211-215
C211
"ကောင်းပြီလေ....ဒါက မင်း အေးစက်မိုးတိမ်မြို့ကို ပထမဆုံးရောက်တဲ့အချိန်ပဲ...သွားလေ"
အနည်းငယ်မျှပင်တုန့်ဆိုင်းခြင်းမရှိဘဲ လျှိုမင်က သဘောတူညီလိုက်ပြီး ထွက်ခွာသွားလေ၏။
သူတို့နှစ်ယောက် လမ်းခွဲသွားကြပြီးနောက် လုယွီက ချက်ချင်းပင် ချောင်ကျသောထောင့်တစ်နေရာသို့ ဦးတည်လျှောက်လှမ်းလိုက်သည်။ လုယွီသည် လျှိုမင်နှင့်အတူ လျှို့ဝှက်နဂါးနန်းတော်မှ ထွက်ခွာလာချိန်တွင် မတူညီသည့်နေရာနှစ်ခုမှ ထွက်ပေါ်လာသည့် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒနှစ်ခုကို အာရုံခံမိသည်။
ထိုသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒှများသည် ကောင်းစွာဖုံးကွယ်ထားသော်လည်း လုယွီ၏အစွမ်းထက်သော စိတ်ဝိညာဉ်အာရုံကြောင့် ချက်ချင်းပင် ရှာဖွေတွေ့ရှိခဲ့သည်။
"ခင်ဗျားတို့က ကျုပ်ကိုသတ်ပြီး ပစ္စည်းတွေလုယုချင်တာလား"
လုယွီသည် သူ၏ခန္ဓာကိုယ်ပေါ်တွင် ပါရှိသည့်စိတ်ဝိညာဉ်ကျောက်တုံးများကြောင့် မဖိတ်ခေါ်ထားသည့်ဧည့်သည်များ ရောက်ရှိလာမည်ကို ကြိုတင်ခန့်မှန်းမိပြီးဖြစ်သည်။
"ခင်ဗျားတို့က ကျုပ်ကိုသတ်ချင်တယ်ဆိုပေမယ့် အတွေ့အကြုံအများကြီးနုသေးတယ်"
လုယွီ၏မျက်လုံးများက အေးစက်သွားပြီး သူက အလျှင်အမြန်ဖြင့် ထွက်ခွာလိုက်သည်။
ထိုအသံကိုကြားရသော လုယွီနောက်လိုက်ပါနေသောလူ၏ခြေလှမ်းများသည်လည်း အရှိန်အဟုန်တိုးမြှင့်လာလေ၏။
ဤနေရာသည် မြို့၏အစွန်အဖျားကျသောလမ်းကြိုလမ်းကြားဖြစ်၍ မည်သည့်လမ်းသွားလမ်းလာမျှရှိမနေချေ။ လုယွီ၏စိတ်ဝိညာဉ်အာရုံမှနေ၍ သူ၏နောက်မှလိုက်ပါနေသောလူအုပ်စုအပြင် တစ်ခြားလူစုလည်းရှိသေးကြောင်း အာရုံခံစားမိနေသည်။
"ကောင်လေး...မင်း ဘယ်ပြေးမှာလဲ"
ပေါက်ကွဲလုမတတ်အော်ဟစ်သံကြီးက လုယွီ၏နောက်မှ ပေါ်ထွက်လာသည်။ တခဏအကြာတွင်မူ လေထုအားထွင်းဖောက်လာသည့်အသံများကို ကြားနေရပေသည်။
ဧရာမပုဆိန်ကြီးတစ်ခုက အစွမ်းထက်သောကျန်းချီလှိုင်းနှင့်အတူ လုယွီထံသို့ ပျံဝဲ၍ဝင်လာခဲ့သည်။
"လူရိုင်းမာန်ဟုန်ပုဆိန်...ငရဲကိုသွားစမ်း"
တောင့်တင်းသန်မာသည့်လူကြီးတစ်ယောက်က ရုတ်တရက် လုယွီ၏နောက်၌ ထွက်ပေါ်လာသည်။ လုယွီသေဆုံးမည်မှာ သေချာနေသကဲ့သို့ လူထွားကြီးက သူကိုယ်သူရုပ်ဖျက်ဖုံးကွယ်ထားခြင်းမရှိချေ။
"သေမင်းရဲ့ဒေါသအမျက်"
လုယွီက နောက်သို့လှည့်ပြီး အမှောင်အရှိန်အဝါများပါဝင်သည့် လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်သည်။
"မင်းက အဆင့်နိမ့်နက္ခက်တာရာပြောင်းလဲခြင်းနယ်ပယ်ပဲရှိတာတောင်...ငါရဲ့ရှေ့မှာ ရိုင်းရိုင်းပျပျနေဝံ့တယ်လား"
လူထွားကြီးက အူလှိုက်သည်းလှိုက်ရယ်မောနေပြီး သူ၏မျက်လုံးများအတွင်းတွင်လည်း အထင်သေးမှုအရိပ်အယောင်များထင်ဟပ်နေသည်။
ဘုန်း
စွမ်းအားနှစ်ခုထိပ်တိုက်ရင်ဆိုင်မိချိန်တွင် ထွက်ပေါ်လာသည့် လေလှိုင်းများက ပတ်ဝန်းကျင်ရှိနံရံများကိုပင် လွင့်ထွက်သွားစေသည်။
သူတို့နှစ်ယောက်စလုံး တပြိုင်နက်တည်း နောတ်ဆုတ်လိုက်ရ၏။ ထိုအချိန်တွင် လူထွားကြီးထံမှ တအံတသြရေရွတ်လိုက်သံ ထွက်ပေါ်လာသည်။
"တွေးကြည့်ရင် နက္ခက်တာရာပြောင်းလဲခြင်းနယ်ပယ်နဲ့ ဒီလိုအစွမ်းမျိုးရှိတယ်ပေါ့...ကြည့်ရတာတော့ မင်းက ရိုးရှင်းပုံမရဘူး"
လူထွားကြီးက ပြုံးဖြဲဖြဲဖြင့် ပြောဆိုလိုက်လေ၏။
ထို့နောက် လူထွားကြီး၏နဖူးပေါ်တွင် သင်္ကေတတစ်ခုက မှိန်ပျပျထွက်ပေါ်လာခဲ့သည်။ ထိုသင်္ကေတသည် ပုဆိန်တစ်ခုနှင့်တူညီပြီး ခန့်ညားထည်ဝါသည့်အရှိန်အဝါပါဝင်နေပေ၏။
ထိုသူက ကမ္ဘာမြေသင်္ကေတနယ်ပယ်ကျွမ်းကျင်သူတစ်ယောက်ဖြစ်ပေသည်။
"ခင်ဗျားကို ဘယ်သူလွှက်လိုက်တာလဲ"
လုယွီက တည်ငြိမ်စွာဖြင့်သာ မေးမြန်းလိုက်၏။
လူထွားကြီးက အေးစက်စက်ရယ်မောနေသည်။
"မင်းက သေတော့မယ့်ဟာကို...ဘာလို့ ဒါတွေသိချင်နေတာလဲ...မင်းမှာမရှိသင့်တဲ့အရာတစ်ခုရှိနေတဲ့အတွက် မင်းကိုယ်မင်းသာ အပြစ်တင်ပေတော့"
ဝှစ် ဝှစ် ဝှစ် ဝှစ်
လူထွားကြီး၏နောက်တွင် လူရိပ်တစ်ချို့ထွက်ပေါ်လာသည်။ သူတို့၏ခေါင်းပေါ်တွင် သင်္ကေတများက နှေးကွေးစွာလှည့်ပတ်နေလေ၏။ အံ့အားသင့်တုန်လှုပ်ဖွယ်ရာ သူတို့အားလုံးသည် ကမ္ဘာမြေသင်္ကေတနယ်ပယ်ကျွမ်းကျင်သူများ ဖြစ်ကြ၏။
လုယွီက လှောင်ပြောင်သလိုကြည့်ပြီး လှည့်၍ထွက်ခွာလိုက်တော့သည်။
"မင်း ဘယ်ကိုပြေးမှာလဲ"
လုယွီ ထွက်ခွာရန်ပြင်ဆင်နေသည်ကိုမြင်တွေ့သော လူထွားကြီးက ကျယ်လောင်စွာအော်ဟစ်ပြီး လိုက်လံဖမ်းဆီးလေတော့သည်။
လုယွီက သူ၏နောက်မှလူစုမှ လိုက်လံဖမ်းဆီးခြင်းခံနေရသော်လည်း အလည်အပတ်သွားနေသကဲ့သို့ စိမ်ပြေနပြေသွားနေခြင်းဖြစ်သည်။ သူ၏နတ်ဘုရားစိတ်အာရုံမှနေ၍ သူ၏နောက်သို့လိုက်လံဖမ်းဆီးနေသူများ မကြာခင်ရောက်ရှိလာမည်ကို သိရှိပြီးဖြစ်သည်။
"ကောင်လေး....ရပ်စမ်း"
လုယွီ၏ရှေ့တွင် အနက်ရောင်ဝတ်စုံဖြင့်လူတစ်စု ရုတ်တရက်ထွက်ပေါ်လာသည်။ ထိုလူများ၏တစ်ကိုယ်လုံး အနက်ရောင်ဝတ်စုံများဝတ်ဆင်ထားသည့်အပြင် သူတို့၏မျက်နှာများကိုလည်းဖုံးအုပ်ထားသည်။ သူတို့အား မည်သူမည်ဝါခန့်မှန်းရန်မှာ အလွန်ခက်ခဲပေမည်။
"ကျုပ်ကို ကူညီပြီး နောက်ကလိုက်လာတဲ့လူတွေကို တားဆီးပေးပါ"
ရုတ်တရက် လုယွီက အော်ဟစ်ပြီးနောက် ချက်ချင်းပက် အနက်ရောင်ဝတ်စုံဖြင့်လူအုပ်စုအနီးသို့ ချဉ်းကပ်သွားလိုက်သည်။
ဘာ...
အနက်ရောင်ဝတ်စုံနှင့်လူများသည် လုယွီက ရုတ်တရက် ဤကဲ့သို့စကားမျိုးပြောသည်ကို နားမလည်နိုင်သည့်အတွက် နေရာမှာပင်ကြက်သေသေနေကြသည်။ အချိန်မခြားခင်မှာပင် သူတို့နားလည်သွားကြ၏။
"ကောင်လေး...မင်းက အကူအညီခေါ်လာလိမ့်မယ်လို့ ငါမတွေးမိဘူး....ဒီခွေးမသား အမှိုက်တစ်စုနဲ့များ ငါကိုတားဆီးဝံ့တယ်"
လူထွားကြီး၏ကြမ်းတမ်းသောအသံသည် ဆူညံစွာဖြင့်ထွက်ပေါ်လာလေ၏။
ဘုန်း
လူထွားကြီးအုပ်စုသည် ရုန့်ရင်းကြမ်းတမ်းစွာဖြင့် စတင်တိုက်ခိုက်တော့သည်။ သူတို့က ပုဆိန်များကိုလွှဲယမ်း၍ အနက်ရောင်ဝတ်စုံဖြင့်လူအုပ်စုရှေ့သို့ ရောက်ရှိလာသည်။
အနက်ရောင်ဝတ်စုံဖြင့်လူအုပ်စုခေါင်းဆောင်သည် သူ၏နံဘေးမှလူများနှင့် အဝေးသို့ရောက်ရှိသွားသည်။ ပုဆိန်များ၏ရိုက်နှက်ခြင်းကိုခံရသော ရှေ့တွင်မတ်တတ်ရပ်နေသည့် အနက်ရောင်ဝတ်စုံဖြင့်လူများသည် ချက်ချင်းပင်သွေးအန်ပြီး မြေပြင်ပေါ်သို့ပြိုလဲကျသွားသည်။
"မလှုပ်နဲ့...ငါတို့ကလည်း....."
လူထွားကြီးက လက်အတွင်းမှပုဆိန်ကြီးနှင့်တရကြမ်းတိုးဝင်လာချိန်တွင် အနက်ရောင်ဝတ်စုံဖြင့်လူအုပ်စုခေါင်းဆောင်က ရှင်းပြရန်ကြိုးစားလိုက်သည်။
"ေခြးမသား"
သို့သော် သူ၏စကားကိုနားမထောင်ဘဲ လူထွားကြီးက ဆဲရေးတိုင်းထွာရင်း တိုက်ခိုက်လာခဲ့သည်။ ပုံမှန်အားဖြင့် သူသည် တစ်စုံတစ်ယောက်အား အထင်အမြင်လွဲပြီး တိုက်ခိုက်ချင်သူမဟုတ်ချေ။ လူထွားကြီးအုပ်စု၏ ယခုကဲ့သို့ဆတ်ဆံခြင်းကိုခံရသည့်အတွက် ဒေါသအမျက်ပြင်းပြင်းထွက်လာလေ၏။
အနက်ရောင်ဝတ်စုံဖြင့်လူကြီးသည် သူ၏ဓားရှည်ကိုဆွဲထုတ်ပြီး လူထွားကြီးအုပ်စုအား တန်ပြန်တိုက်ခိုက်ရန်ပြင်ဆင်လိုက်တော့သည်။
C212
အေးစက်မိုးတိမ်မြို့ရှိ တည်းခိုခန်းတစ်ခုအတွင်း....
လုယွီက အခန်းတစ်ခန်းအတွင်းတွင်ထိုင်နေပြီး စိတ်ထင်ယောင်ထင်မှားဝင်္ကပါတစ်ခုကို ခင်းကျင်းနေလေသည်။
လူအုပ်စုနှစ်စုတိုက်ခိုက်နေချိန်တွင် လုယွီက အလစ်ထွက်လာခြင်းဖြစ်ပြီး သူ၏မူလတည်းခိုခန်းသို့ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။ ထို့နောက်မှ သူက တစ်ခြားတည်းခိုအားတစ်ခုအား ပြောင်းရွှေ့ဌားရမ်းခဲ့တော့သည်။
ပြင်ပမှကြည့်လျှင် မည်သူတစ်ဦးတစ်ယောက်မျှ အခန်းအတွင်းရှိနေသည်ကို မြင်ရမည်မဟုတ်ချေ။ လျှိုမင်အား အကြောင်းကြားခဲ့သည်မှလွဲ၍ လုယွီက သူရှိသည့်နေရာကို မည်သူကိုမျှမပြောခဲ့ပေ။ သူအား လုပ်ကြံသတ်ဖြတ်ရန်ကြံစည်နေသည့်သူများရှိခြင်းကြောင့် လုယွီက မလိုလားအပ်သည့်ပြဿ နာများ မဖြစ်စေလိုချေ။
အနက်ရောင်ဝတ်စုံနဲ့လူတွေစီက သမာဓိချီအရိပ်အယောင် ထွက်ပေါ်နေတယ်...ကြည့်ရတာတော့ အဲ့ဒီလူတွေက သမင်ဖြူ ကျောင်းတော်ရဲ့ဝင်္ကပါပညာရှင်က လွှက်လိုက်တာပဲဖြစ်ရမယ်"
"အရင်ဆုံးတွေ့တဲ့ လူထွားကြီးတွေကတော့...သူတို့က ငါမှာမရှိသင့်တဲ့အရာကိုပိုင်ဆိုင်ထားတယ်လို့ ပြောသွားတယ်....ဖြစ်နိုင်တာတော့ သူတို့က ယင်ကမ္ဘာကျောက်တုံးအကြောင်းကိုများ သိနေတာလား"
လုယွီက အချိန်တခဏကြာတွေးတောပြီးနောက်တွင်မူ ထိုကိစ္စရပ်များစဉ်းစားနေခြင်းကို ရပ်တန့်လိုက်သည်။ မည်သို့ပင်ဖြစ်စေ ထိုသူများ၏လက်ရှိကျင့်ကြံဆင့်သည် သူ့ထက်မြင့်မားနေပေသည်။
သို့သော် လုယွီ၏အမြင်တွင် ထိုသူများသည် ပုရွက်ဆိတ်များဖြစ်နေဆဲပင်။
"အခု ငါမှာ ယင်ကမ္ဘာကျောက်တုံးရှိပြီဆိုမှတော့ ပိုင်တိုကောင်းကင်ဘုံကျောင်းရဲ့ကမ္ဘာငယ်လေးကို ပြုပြင်လို့ရပြီ"
လုယွီက ချက်ချင်းပင် သူ၏သိုလှောင်အိတ်ကို ထုတ်ယူလိုက်သည်။
ထို့နောက်လျှို့ဝှက်နဂါးနန်းတော်မှပေးသောသိုလှောင်အိတ်ကိုထပ်မံထုတ်ယူကာ စိတ်ဝိညာဉ်အာရုံကိုအသုံးပြု၍ အတွင်းရှိ ယင်ကမ္ဘာကျောက်တုံးကို ထုတ်ယူလိုက်လေ၏။
"ယင်စွမ်းအင်...မင်းရဲ့နှလုံးသားကိုစုစည်းပြီး ချိုးဖျက်စမ်း"
လုယွီက မန္တန်တစ်ပုဒ်ကိုရွတ်ဆိုပြီးနောက် သူ၏လက်ချောင်းဖြင့် ယင်ကမ္ဘာကျောက်တုံးကို တွေ့ထိလိုက်သည်။
ရုတ်တရက်ဆိုသလိုပင် ယင်ကမ္ဘာကျောက်တုံး၏အပေါ်ယံတွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာလေ၏။ အက်ကွဲကြောင်းများ တဖြည်းဖြည်းပျံနှံ့လာပြီးနောက် ကျောက်တုံး၏မျက်နှာပြင်တစ်ခုလုံးသို့ ချဲ့ထွင်သွားတော့သည်။
ခရက်...ခရက်
ကျောက်တုံးပေါ်ရှိ အက်ကွဲကြောင်းငယ်တစ်ခုမှနေ၍ ချီစီးကြောင်းတစ်ခု တည်ငြိမ်စွာဖြင့် ထွက်ပေါ်လာသည်။
ယင်ချီစီးကြောင်းတစ်ကြောင်းက လုယွီ၏လက်အတွင်းသို့ ရောက်ရှိလာပေ၏။ သူက ထိုယင်ချီကို သူ၏လက်ဖြင့် နူးညံသိမ်မွေ့စွာ ကိုင်တွယ်လိုက်သည်။
"ဒါက အမှန်တစ်ကယ်ကို စင်ကြယ်တဲ့ ယင်ကမ္ဘာကျောက်တုံးပဲ....ကံကောင်းစွာနဲ့ အဲ့ဒီနေရာကိုလာတဲ့သူတွေက ပစ္စည်းကောင်းကိုမသိကြလို့သာပဲ...မဟုတ်ရင် ငါ အင်အားအများကြီးစိုက်ထုတ်ရလိမ့်မယ်"
လုယွီက ယင်ချီစီးကြောင်းကို ပိုင်တိုကောင်းကင်ဘုံကျောင်း၏ကမ္ဘာငယ်လေးအတွင်းသို့ တိုက်ရိုက်ထည့်သွင်းလိုက်သည်။ ရုတ်ချည်းဆိုသလိုပင် ကမ္ဘာငယ်လေးတစ်ခုလုံး စတင်တုန်ခါလာပေ၏။
ကြည့်ရသည်မှာ အချိန်အတော်ကြာ ရေငတ်နေသည့်လူတစ်ယောက်က ရုတ်တရက်ရေသောတ်လိုက်ရသည်နှင့် တူညီနေသည်။
မဟာတောင်တန်းကြီး၏ပတ်ဝန်းကျင်ရှိ ပြင်းထန်သောလေပြင်းများနှင့်သိပ်သည်းသောမြူ ခိုးများသည် တဖြည်းဖြည်းပြန့်ကျဲသွားလေသည်။
ကမ္ဘာငယ်လေး၏ကောင်းကင်သည် နှင်းများအုပ်ဆိုင်းနေဆဲဖြစ်သော်လည်း မြူ ခိုးများကလွင့်ပြယ်သွားပြီဖြစ်ပေ၏။
ပိုင်တိုကောင်းကင်ဘုံကျောင်း၏ဆေးစိုက်ခင်းများအတွင်းတွင် ခပ်ဖျော့ဖျော့စိတ်ဝိညာဉ်စွမ်းအင် စီးဝင်လာပြီး ဖြည်းဖြည်းခြင်း ပြန်လည်ကောင်းမွန်နေလေသည်။
လေထုအတွင်းတွင် ယင်ချီနှင့်ယန်ချီတို့က စတင်၍တွေ့ဆုံနေပြီး နောက်ဆုံးတွင် လျှို့ဝှက်ဆန်းကြယ်သောထိုက်ကျိအမှတ်အသားအဖြစ်ဖွဲ့စည်းကာ နှေးကွေးစွာဖြင့် လှည့်ပတ်နေသည်။
ထိုက်ကျိအမှတ်အသားလှည့်ပတ်နေသည်နှင့်အမျှ ပိုင်တိုကောင်းကင်ဘုံဂိုဏ်းအတွင်းရှိအရာရာတိုင်းသည် သက်ဝင်လှုပ်ရှားလာလေ၏။
ဝုန်း....ဝုန်း....ဝုန်း
လုယွီ၏စိတ်ဝိညာဉ်အာရုံဖြင့် လမ်းညွှန်မှုအောက်တွင် တောင်တန်းများမှမရေမတွက်နိုင်သည့်ကျောက်တုံးများက ပိုင်တိုကောင်းကင်ဘုံဂိုဏ်းရှိ အပျက်အယွင်းများကိုဖုံးအုပ်သွားလေသည်။
ယိုယွင်းနေသည့်အပျတ်အစီးများသည် ဖြည်းဖြည်းခြင်း ပြန်လည်ကောင်းမွန်လာခြင်းကို လုယွီ မြင်တွေ့နေရသည်။
"လေဟာနယ်အက်ကွဲကြောင်းတွေ လွင့်ပြယ်သွားပေမယ့် ဒီနေရာမှာရှိတဲ့ဥပဒေသတွေက ကျိုးပျက်နေတုန်းပဲ...အဲ့ဒါတွေ အပြည့်အဝ ပြန်ကောင်းမွန်ဖို့ အချိန်တော်တော်ကြာကြာယူရမှာကိုပဲ ငါ စိုးရိမ်မိတယ်"
လုယွီက တခဏမျှတီးတိုးရေရွတ်ပြီးနောက် ခြေတစ်လှမ်းဖြင့်ပင် ကျင့်ကြံခြင်းမျှော်စင်ထံသို့ ရောက်ရှိသွားခဲ့သည်။
ထိုနေရာသို့ရောက်သည်နှင့် လုယွီက ပေါကြွယ်ဝသည့်စိတ်ဝိညာဉ်စွမ်းအင်များကို ရုတ်ချည်းပင် ခံစားမိသည်။
"ဒီနေရာမှာ လေဟာနယ်နဲ့အချိန်နိယာမတွေ အနည်းငယ်ရှိနေပေမယ့် မလုံလောတ်သေးဘူး"
လုယွီက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုပြီး ရုတ်ချည်းဆိုသလိုပင် အနေအထားကို အာရုံခံလိုက်သည်။
"ဒါလည်းကောင်းပါတယ်....လေဟာနယ်နဲ့အချိန်နိယာမတွေက ငါကိုအချိန်ကုန်သက်သာစေမယ်...ဒီနေရာမှာတစ်ရက်လေ့ကျင့်တာက ပြင်ပလောကမှာသုံးရက်လေ့ကျင့်တာနဲ့ ညီမျှတယ်"
လုယွီ၏မျက်လုံးများလင်းလက်တောက်ပသွားပြီး ချက်ချင်းပင် သူက ကျင့်ကြံခြင်းမျှော်စင်အတွင်းတွင် ထိုင်ချလိုက်သည်။ စိတ်ဝိညာဉ်စွမ်းအင်လှိုင်းများက သူ၏ခန္ဓာကိုယ်အတွင်းသို့ တရကြမ်းတိုးဝင်လာလေ၏။
"စိတ်ဝိညာဉ်ကျောက်တုံးသန်း၂၀၀က ငါအဆင့်ချိုးဖျက်ဖို့ လုံလောတ်ကောင်းပါတယ်"
လုယွီက သူ၏သိုလှောင်အိတ်အား ဖွင့်လိုက်လေ၏။
ရုတ်ချည်းပင် များပြားသောစိတ်ဝိညာဉ်ကျောက်တုံး အပုံလိုက်က လုယွီ၏ရှေ့၌ပေါ်ထွက်လာပြီး စိတ်ဝိညာဉ်စွမ်းအင်များ ပေါတ်ကွဲထွက်ပေါ်လာသည်။
လုယွီက သူ၏ပါးစပ်က်ုဟလိုက်သည်တွင် မရေမတွက်နိုင်သည့်စိတ်ဝိညာဉ်ကျောက်တုံးများကွဲအက်သွားပြီး အစွမ်းထက်သည့်စိတ်ဝိညာဉ်စွမ်းအင်က လုယွီ၏ကိုယ်တွင်းအင်္ဂါများအထိ အရူးအမူးတိုးဝင်လာလေ၏။
C213
လေ့ကျင့်မျှော်စင်အတွင်းဘက်...
လုယွီ၏မျက်လုံးများ ရုတ်တရက်ပွင့်လာပြီးနောက် သူ၏အကြည့်များက စူးရှသည့်အလင်းရောင်များ ဖြာထွက်နေသည်။
"ငါက အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံး သန်းတစ်ရာသုံးစွဲပြီးတာတောင် နက္ခက်တာရာပြောင်းလဲခြင်းနယ်ပယ်ဆဋ္ဌမအဆင့်ပဲရှိသေးတယ်...တစ်ကယ်လို့ ငါ နယ်ပယ်အသစ်ကိုအဆင့်တတ်ချင်တယ်ဆိုရင် ထိတ်လန့်ဖွယ်ကောင်းတဲ့ စိတ်ဝိညာဉ်စွမ်းအင်ပမာဏလိုအပ်လိမ့်မယ်"
လုယွီက မသိမသာ မျက်မှောင်ကြုတ်လိုက်မိ၏။ သူ၏စကြာဝဠာခန္ဓာကိုယ်အမျိုးအစားသည် မည်သို့ပင်ဖြည့်ပါစေမပြည့်နိုင်သည့်တွင်းနက်ကြီးတစ်ခုနှင့် တူညီပေသည်။ သူက စိတ်ဝိညာဉ်စွမ်းအင်များကို မည်မျှထိအသုံးပြုသည်ဖြစ်စေ ထိုအရာများကိုသူ၏ခန္ဓာကိုယ်က ဝါးမြိုပစ်လေသည်။
"ဒါပေမယ့်...ငါရဲ့အတိတ်ဘဝနဲ့နှိုင်းယှဉ်ကြည့်ရင် ငါ နက္ခက်တာရာပြောင်းလဲခြင်းနယ်ပယ်မှာရောက်နေတုန်းကထက် ငါရဲ့ကျန်းချီက အများကြီးပိုပြီးသိမ်မွေ့နက်နဲလာတယ်"
လုယွီက တီးတိုးရေရွတ်လိုက်၏။
သူ၏အတိတ်ဘဝတွင် စကြာဝဠာခန္ဓာကိုယ်ကိုပိုင်ဆိုင်ခဲ့သော်လည်း ယခုကဲ့သို့ လျှို့ဝှင်ဆန်းကြယ်သောထိုက်ကျိအမှတ်အသားရှိမနေချေ။
လုယွီ၏တွက်ချက်မှုများအရ ဤထိုက်ကျိအမှတ်အသားသည် သူ၏ယခင်ဘဝကကျင့်ကြံခြင်းနည်းစနစ်နှင့်ကောင်းကင်ဘုံအင်ပါယာ၏ကျင့်ကြံနည်းစနစ်တို့ပေါင်းစည်းပြီးဖြစ်ပေါ်လာသည့် နည်းစနစ်အသစ်ဖြစ်ပုံရသည်။
သို့သော် သူ၏လက်ရှိကျင့်ကြံခြင်းအဆင့်ဖြင့် လျှို့ဝှက်ဆန်းကြယ်သော ရှေးဦးမူလဘူတအမှတ်အသားကို အပြည့်အဝနားလည်နိုင်ရန် စွမ်းဆောင်နိုင်ခြင်းမရှိချေ။
"ဒီမျှော်စင်ထဲက လေဟာနယ်နဲ့အချိန်ဥပဒေသအရ ယခုလက်ရှိနဲ့ပြင်ပကတစ်ရက်လေ့ကျင့်တာက ညီမျှနေတယ်....ဒါက အရမ်းအားနည်းလွန်းတယ်....ငါက တာအိုဒုတိယအဆင့်ကို ရောက်ပြီဆိုတာနဲ့ ဥပဒေသတွေကိုပြင်ဆင်ပြီး ငါရဲ့ကျင့်ကြံမှုကိုတစ်ဝက်လောက်အားစိုက်ထုတ်တာနဲ့ နှစ်ဆအကျိုးရအောင်လုပ်ရမယ်"
လုယွီက သက်ပြင်းချလိုက်၏။
သူ၏ကျင့်ကြံမှုကိုမြှင့်တင်နိုင်ရန် မှော်ရတနာပစ္စည်းများကို ရှေးဦးစွာအဆင့်မြှင့်တင်ရန်လိုအပ်ပေမည်။ သူ၏အနက်ရောင်အသူရာခန်းမအတွင်းမှ ဆယ်နှစ်တာအချိန်သည် ပြင်ပကမ္ဘာလောက၏တစ်နှစ်တာအချိန်နှင့် တူညီပေ၏။
"ဟမ်...ဒီနေရာကို တစ်ယောက်ယောက်လာနေတယ်"
လုယွီ၏မျက်ခုံးများရုတ်တရက် မြင့်တတ်သွားပြီးနောက် ကျင့်ကြံခြင်းမျှော်စင်မှ ချက်ချင်းပင်ထွက်ခွာခဲ့တော့သည်။
စိတ်ထင်ယောင်ထင်မှားဝင်္ကပါ၏ပြင်ပတွင် လျှိုမင်က လုယွီအား စောင့်ဆိုင်းနေ၏။
"ညီလေး လု....ဒီနေ့က သမင်ဖြူ ကျောင်းတော်ရဲ့ဝင်ခွင့်စစ်ဆေးတဲ့နေ့လေ....ဒါက ရွှေရောင်အခွင့်အရေးကြီးပဲ....မြန်မြန်သွားကြရအောင်"
လျှိုမင်က စိတ်လှုပ်ရှားစွာဖြင့် လုယွီကိုတွေ့ချိန်၌ ပြောဆိုလိုက်သည်။
လုယွီက ခေါင်းခါယမ်းလိုက်လေ၏။
"ငါက ပညာရှင်မဖြစ်ချင်ဘူး...ပြီးတော့ သမင်ဖြူ ကျောင်းတော်ကိုတတ်ဖို့ကို ငါ စိတ်မဝင်စားဘူး"
"ညီလေးလုရဲ့စကားတွေက မှားယွင်းနေပြီ....မင်း ကောင်းကင်ဘုံလမ်းကြောင်းအကြောင်းကို ကြားဖူးလား"
လျှိုမင်က မေးမြန်းလိုက်သည်။
လုယွီက ထိုအကြောင်းကိုကြားဖူးသည့်အတွက် ခေါင်းညိတ်ပြလိုက်လေ၏။
"သုံးနှစ်အတွင်းမှာ ငါတို့က ကောင်းကင်ဘုံလမ်းကြောင်းကို ရောက်ရှိနိုင်လိမ့်မယ်...အဲ့ဒီအချိန်ကျရင် ထိပ်သီးပညာရှင်တွေအားလုံးစုစည်းပြီး ကောင်းကင်ဘုံနယ်မြေကို ရောက်ရှိနိုင်ဖို့အခွင့်အရေးအတွက် တိုက်ခိုက်ကြလိမ့်မယ်"
"ကောင်းကင်ဘုံ နယ်မြေကိုလား"
"ပြီးတော့ ကောင်းကင်ဘုံလမ်းကြောင်းက အလယ်ပိုင်းကုန်းမြေမှာပဲ ဖွင့်လှစ်နိုင်တယ်....သမင်ဖြူ ကျောင်းတော်ကို လူတွေအများကြီး တစ်ချိန်လုံးတတ်ရောက်ချင်နေရတဲ့အကြောင်းက ရှေးဟောင်းအထီးကျန်နတ်ဘုရားလှေကြောင့်ပဲ"
လျှိုမင်က သူ၏ခေါင်းကို ကူရာကယ်ရာမဲ့ပုံဖြင့်ခါယမ်းပြီး ဆတ်လတ်ပြောဆိုလိုက်သည်။
"ဒီ ခွဲတမ်းနေရာက အရမ်းတန်ဖိုးကြီးတယ်...အုပ်ချုပ်ရေးမှူ းလုတောင်မှ အဲ့ဒီနေရာတွေအပေါ်မှာ ဆုံးဖြတ်ခိက်မချပေးနိုင်ဘူး...တစ်ကယ်လို့ လူတစ်ယောက်က နေရာတစ်နေရာလိုချင်ရင် အဲ့ဒီလူရဲ့ခွန်အားပေါ်မူတည်လိမ့်မယ်....အလယ်ပိုင်းကုန်းမြေကလူတွေက ဒီနေရာကိုလာရတာလွယ်တယ်....ဒါပေမယ့် ငါတို့အတွက်ကတော့ တောင်ပိုင်းစွန့်ပစ်ကုန်းမြေကထွက်ခွာဖို့ဆိုတာ အရမ်းခက်ခဲလွန်းတယ်"
"ကောင်းပြီလေ....ငါက သမင်ဖြူ ကျောင်းတော်ကိုသွားပြီးကြိုးစားကြည့်တော့မယ်"
အချိန်တခဏကြာ ချီတုံချတုံဖြစ်ပြီးနောက် လုယွီက သဘောတူလိုက်ပြီး လျှိုမင်နှင့်အတူ သမင်ဖြူ ကျောင်းတော်သို့ ဦးတည်ထွက်ခွာခဲ့တော့သည်။
အေးစက်မိုးတိမ်မြို့၏လမ်းမကြီးနှင့်လမ်းကြိုလမ်းကြားများတွင် ကွန်ဖြူ းရှပ်ကျောင်းသားများနှင့်ပြည့်နှက်နေသည်။
"လူတွေအများကြီးက အေးစက်မိုးတိမ်မြို့မှာ မနှစ်က ကတည်းက ကြိုပြီးနေထိုင်နေကြတာ...သူတို့အားလုံးရဲ့ရည်ရွယ်ချက်က သမင်ဖြူ ကျောင်းတော်ရဲ့ဝင်ခွင့်စာမေးပွဲကို ဖြေဆိုဖို့ပဲ"
လျှိုမင်က လုယွီအား ရှင်းပြနေလေ၏။
သူတို့နှစ်ယောက်သည် အချိန်တခဏအကြာမှာပင် သမင်ဖြူ ကျောင်းတော်၏ဝင်ပေါတ်သို့ ရောက်ရှိလာကြသည်။ လက်ရှိတွင်သူတို့သည် သမင်ဖြူ တောင်ခြေတွင်ရောက်ရှိနေခြင်းဖြစ်ပြီး ကျောင်းတော်၏ဝင်ပေါတ်လည်းဖြစ်ပေ၏။
ကျောင်းတော်တံခါး၏ဘေးတွင် မြင့်မားသည့်စင်မြင့်တစ်ခုရှိနေသည်။ အကယ်၍ ထိုစင်မြင့်ပေါ်၌ တစ်စုံတစ်ယောက်ထိုင်နေလျှင် အောက်တွင်ရှိသည့်မြင်ကွင်းအားလုံးကိုမြင်နိုင်ပေသည်။ စင်မြင်၏အောက်ခြေတွင်မူ မြေကွက်လပ်တစ်ခုရှိနေ၏။
ယခုအချိန်တွင် မြေကွက်လပ်ကြီး၌ လူများအပြည့်ရှိနေသည်။ လူများ များပြားလွန်းသဖြင့် လူပင်လယ်ကြီးနှင့်ပင်တူညီနေလေ၏။
"ဘယ်သူမဆို သမင်ဖြူ ကျောင်းတော်ရဲ့ဝင်ခွင့်စာမေးပွဲကို ဝင်ဖြေဆိုခွင့်ပေးမထားဘူး...အရင်ဆုံး ငါတို့ရဲ့အရည်အချင်းတွေကို အစစ်ဆေးခံရမယ်...ပြီးတော့ မင်းရဲ့ကျင့်ကြံဆင့်က နက္ခက်တာရာပြောင်းလဲခြင်းနယ်ပယ်နဲ့အဲ့အထက်ကျင့်ကြံဆင့်တွေကပဲ ဝင်ရောတ်စမ်းသပ်ခံခွင့်ပြုထားတယ်...တစ်ကယ်လို့ မင်းမှာအဲ့ဒီကျင့်ကြံမှုနယ်ပယ် ရောက်ရှိမနေရင် အရည်အချင်းစစ်ပွဲကိုတောင် ဝင်ရောတ်နိုင်မှာမဟုတ်ဘူး"
လုယွီက လျှိုမင်၏နောက်မှလိုက်ပါရင်း လှည့်ပတ်ကြည့်ရှုလိုက်သည်။ အသေအချာပင် လူအုပ်စုတစ်စုက လမ်းကိုပိတ်ပင်တားဆီးထားခြင်းကို မြင်တွေ့ရသည်။
ထိုတားဆီးထားမှုအတွင်းသို့ မဝင်ရောက်မှီ လူများက သူတို့၏လက်ကို သလင်းဖန်လုံးပေါ်သို့ တင်လိုက်ရသည်။
ထိုသူ၏ကျန်းချီ သလင်းဖန်လုံးအတွင်းသို့ ဝင်ရောက်သွားသည်နှင့် ၎င်းက ကျန်းချီ၏အရည်အချင်းကိုလိုက်၍ ကွဲပြားခြားနားသည့်ရောင်ခြည်တန်းများကိုထုတ်လွှတ်ပြီး ကျင့်ကြံသူ၏အဆင့်ကို ဆုံးဖြတ်ပေးလေသည်။
လူအုပ်ကြီး၏နောတ်မှလိုက်ပါလာသည့် လုယွီက သူ၏အလှည့်ရောတ်ချိနတွင် သူ့လက်ကို သလင်းဖန်လုံးပေါ်သို့တင်လိုက်သည်။
ဒင္...
ရုတ်ချည်းဆိုသလိုပင် သလင်းဖန်လုံးမှအဖြူ ရောင်အလင်းတန်းအား ထုတ်လွှတ်ပေးလေ၏။
"နက္ခက်တာရာပြောင်းလဲခြင်းနယ်ပယ် ဆဋ္ဌမအဆင့်...ဒီမှာ မင်းရဲ့သက်သေခံတံဆိပ်ပြား"
သလင်းဖန်လုံးဘေးရှိ အစောင့်တစ်ယောက်က လုယွီကို ပျင်းရိလေးတွဲ့စွာတစ်ချက်ကြည့်ပြီး လျစ်လျှူ ရှုလိုက်တော့သည်။
C214
လျှိုမင်သည်လည်း စမ်းသပ်မှုကို အလျှင်အမြန်ဖြတ်ကျော်နိုင်ပြီး မြေကွက်လပ်သို့ရောက်ရှိလာသည်။
"ညီလေး လု...မင်းက ကွန်ဖြူ းရှပ်ပညာရှင်မဟုတ်ပေမယ့် သာမာန်လူတစ်ယောက်မဟုတ်ဘူးဆိုတာတော့ ငါ ခံစားမိတယ်...စိတ်အေးအေးထားနော်...ရေးဖြေစာမေးပွဲက ဒီဝင်ခွင့်စာမေးပွဲရဲ့အစိတ်အပိုင်းတစ်ခုပဲ...သိုင်းပညာစာမေးပွဲကသာ တစ်ကယ်အရေးကြီးတာ....မင်းရဲ့ပါရမီက ထူးချွန်နေတာနဲ့...မင်း သမင်ဖြူ ကျောင်းတော်ကို ဝင်ခွင့်ရမှာပဲ"
လျှိုမင်က ပြောဆိုလိုက်သည်။
လုယွီက သဘောတူညီပုံဖြင့် ခေါင်းညိတ်လိုက်သော်လည်း သူ၏အကြည့်ကမူ စင်မြင့်ပေါ်သို့သာ အာရုံစူးစိုက်နေပေ၏။
မလှမ်းမကမ်းအကွာအဝေးရှိ စင်မြင့်ပေါ်တွင် လူတစ်ချို့ထိုင်နေကြသည်။ ထိူသူများသည် သူတို့၏အဆင့်အတန်းအလိုက် ထိုင်နေကြခြင်းဖြစ်သည်။ ရှေ့ဆုံးတန်းတွင်မူ လူသုံးယောက်သာရှိလေ၏။
"ဒါက ဖန်းယင်ပဲ....သူလာလိမ့်မယ်လို့ ငါမျှော်လင့်မထားမိဘူး"
"သူက စမ်ခန်းမရဲ့ကြီးမြတ်တဲ့ပညာရှင်တစ်ယောက်ပဲ....ငါကြားတာတော့ သူကတံခါးပိတ်ကျင့်ကြံနေတာကြာပြီလို့...ဒါပေမယ့် ဒီနေ့ အမှန်တစ်ကယ်ကို သူက ရောက်လာခဲ့တာပဲ"
"ဒီလူ....သူက ဆရာသခင်လို့ပဲ....ဒီလူက ဒဏ္ဌာရီလာဝင်္ကပါပညာရှင်ဖြစ်ဖို့ အခွင့်အရေးရှိတယ်လို့ ယူဆထားကြတာ....ဒီနေ့ သူကိုတွေ့ရတာ တစ်ကယ်ကံကောင်းတာပဲ"
လူအမြောက်အများက စင်မြင့်ပေါ်ရှိ လူများကိုစိတ်လှုပ်ရှားစွာဖြင့် ကြည့်ရှုပြီး သူတို့အချင်းချင်းပြောဆိုနေသံများမှာလည်း ဆူညံစွာထွက်ပေါ်လာလေသည်။
စင်မြင့်ပေါ်တွင်....
"ကွန်ဖြူ းရှပ် ဖန်းယင်....ဆည်းဆာငါး ကလည်းဒီတကြိမ်ဝင်ခွင့်စာမေးပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ်လို့ပြောနေကြတယ်...သူမက ခင်ဗျားရဲ့ဂုဏ်ယူရတဲ့တပည့်လေ...တစ်ကယ်လို့ သူမကို ကျောင်းတော်ကိုဝင်စေချင်တယ်ဆိုရင် ခင်ဗျားစီက စကားတစ်ခွန်းပဲလိုတာမဟုတ်ဘူးလား"
ဆရာသခင်လို့က သူ၏မုတ်ဆိတ်ကို ဆွဲကိုင်ရင်းမှ ပြောဆိုလိုက်လေ၏။
ဖန်းယင်က ခေါင်းခါယမ်းပြလိုက်သည်။
"တစ်ကယ်လို့ သူမက သမင်ဖြူ ကျောင်းတော်ကိုဝင်ရောက်ချင်တယ်ဆိုရင်...ဝင်ခွင့်စာမေးပွဲကို ဖြတ်ကျော်ရမှာပဲ...ဒါက ကျောင်းအုပ်ကြီးကိုယ်တိုင် ချမှတ်ထားတဲ့စည်းကမ်း...ဘယ်သူကိုမှ ဖောတ်ဖျက်ခွင့်မပြုဘူး"
ဆရာသခင်လို့က ရယ်ပြုံးရင်းမှ ပြောဆိုလိုက်လေ၏။
"ဆည်းဆာငါးရဲ့အရည်အချင်းနဲ့ဆိုရင်...လူအနည်းစုလောတ်ကပဲ သူမရဲ့ပြိုင်ဘက်ဖြစ်နိုင်မှာ ကျုပ် စိုးရိမ်မိတယ်"
"အဲ့လောတ်ထိမဟုတ်သေးပါဘူး...ဒီကောင်မလေးမှာ ခုထိ အရည်အချင်းလိုနေသေးတယ်"
ဖန်းယင်က ပြုံးရယ်ရင်းမှ သူ၏ခေါင်းကို ခါယမ်းလိုက်လေ၏။
ရုတ်တရက်ဆိုသလိုပင် ဖန်းယင်က နံဘေးတွင်ထိုင်နေသည့် စမ်လို့ဘက်သို့ လှည့်ကြည့်လိုက်သည်။
"ညီအကို စမ်....ဒီဝင်ခွင့်စာမေးပွဲအတွင်းမှာ တပည့်တစ်ယောက်လောတ် ခေါ်ယူဖို့ အစီအစဉ်မရှိဘူးလား....ဒီသမင်ဖြူ ကျောင်းတော်တစ်ခုလုံးမှာ တပည့်တစ်ယောက်ပဲရှိတာ ခင်ဗျားပဲရှိတယ်"
ဖန်းယင်က ရယ်မောလိုက်လေ၏။
စမ်လို့က သူ၏မျက်လုံးများဖွင့်လိုက်ချိန်တွင် အေးစက်စက်အလင်းရောင်များ တောက်ပနေသည်။
"သူတို့က အများကြီးလိုသေးတယ်"
စမ်လို့က စကားပြောဆိုပြီးသည်နှင့် သူ၏နှုတ်ထွက်စကားသည် ရွှေနှင့်တန်ဖိုးတူသကဲ့သို့ သူ၏မျက်လုံးများကို ပြန်လည်မှိတ်ထားလိုက်သည်။
ဆရာသခင်လို့သည်လည်း ပြုံးနေပေ၏။ စမ်လို့၏စိတ်နေစိတ်ထားသည် ကျောင်းတော်တစ်ခုလုံးတွင် အေးစက်စက်အနိုင်ဆုံးလူဟု လူသိများကျော်ကြားပေသည်။
သူက တစ်နှစ်ပတ်လုံး တောင်ထိပ်တွင်သာနေထိုင်သည့် အလွန်အမင်းအထီးကျန်ဆန်သူတစ်ယောက်ဖြစ်ပြီး အစေခံတစ်ယောက်ပင် ထားရှိခြင်းမရှိချေ။
"လျှိုမင်...ငါတို့ ထပ်တွေ့ကြပြန်ပြီ"
ရေခဲတမျှအေးစက်စက်အသံတစ်သံ ထွက်ပေါ်လာပြီးနောတ် လုယွီနှင့်လျှိုမင်တို့နှစ်ယောက်လုံး သူတို့၏ခေါင်းများကို တပြိုင်နက်တည်းလှည့်၍ ကြည့်ရှုလိုက်ကြသည်။
လူငယ်တစ်ယောက်က လုယွီနှင့်လျှိုမင်၏အနောက်တွင် ရုတ်တရက်ထွက်ပေါ်လာသည်။ ထိုလူငယ်သည် အဖြူ ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏မျက်နှာပေါ်တွင် မောက်မာသည့်အမူအယာပေါ်လွင်နေသည်။ သူ၏နောက်တွင်လိုက်ပါနေသည့် နောက်လိုက်တစ်ချို့ရှိပြီး သူတို့အားလုံးသည် လူငယ်၏အမိန့်ကိုလိုက်နာရသည်မှာ သိသာထင်ရှားနေပေ၏။
"လျှို ချုံး"
လျှိုမင်၏မျက်နှာအမူအယာပျက်ယွင်းသွားပြီး သူ၏မသိစိတ်မှနေ၍ နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်မိသည်။
သို့သော် လျှိုမင် မျှော်လင့်မထားမိချိန်မှာပင် သူ၏နောက်တွင် လူအုပ်စုတစ်စုက ဝန်းရံထားခြင်းကို မြင်တွေ့ရသည်။
"ငါ အရင်ကလည်း ပြောဖူးပါတယ်....အမှိုက်က အမှိုက်ဘဝနဲ့ပဲ အဆုံးသတ်ရမှာပါလို့...နှစ်ပေါင်းများစွာကြာပြီးတာတောင်မှ မင်းက သနားစရာကောင်းလောတ်အောင် နက္ခက်တာရာပြောင်းလဲခြင်းနယ်ပယ်မှာပဲရှိသေးတာပါလား"
လူငယ်၏ခန္ဓာကိုယ် လှုပ်ရှားလိုက်သည်နှင့် သန်မာသည့်ကျန်းချီစီးကြောင်းက ထွက်ပေါ်လာခဲ့သည်။
"အမြူ တေဖွဲ့စည်းခြင်း"
လျှိုမင်၏မျက်နှာဖြူ ရော်သွားပြီး မည်သည့်တိုက်ခိုက်လိုစိတ်ကိုမျှ စုစည်း၍မရတော့ချေ။
"တူညီတဲ့ပြိုင်ပွဲမှာရှိနေတဲ့ ညီအကိုတွေမို့ ငါမင်းကို ရည်ရွယ်ချက်ကောင်းနဲ့သတိပေးလိုက်မယ်...မင်းကို သမင်ဖြူ ကျောင်းတော်ကို ဝင်ခွင့်မပြုနိုင်ဘူး"
လျှိုချုံးက လုယွီကိုလည်း တစ်ချက်ကြည့်ပြီး လှောင်ပြောင်သရော်လိုက်သည်။
"ငါ မျှော်လင့်ထားသလိုပဲ လူတွေက မျိုးတူတာစုနေတတ်တာပါလား....အမှိုက်တစ်ကောင်ရဲ့နံဘေးမှာ အမှိုက်တွေပဲ ရှိနေတာပဲ"
လုယွီက ပြုံးလိုက်လေ၏။
"တစ်ကယ်လို့ ခင်ဗျား နောက်ထပ်စကားတစ်ခွန်းထပ်ပြောမယ်ဆိုရင်.....ကျုပ်က ခင်ဗျားကို သနားစဖွယ်သေဆုံးအောင် လုပ်ပေးရလိမ့်မယ်"
လုယွီက ပေါ့ပေါ့ပါးပါးသာ ပြောဆိုလိုက်သည်။
"ဟား ဟား ဟား ဟား"
လျှိုချုံးက လုယွီပြောဆိုသည်ကို အရေးစိုက်ခြင်းမရှိချေ။ သူက ကျယ်လောင်စွာဖြင့် ရယ်မောနေလေသည်။
"လျှိုမင်...မင်းရဲ့သူငယ်ချင်းက အရူးတစ်ယောက်ဖြစ်နေမယ်လို့ ငါထင်မထားမိဘူး"
"ကြည့်နေ...မင်းနဲ့ငါနဲ့ကြားမှာ ဘယ်လောတ်ကွာခြားနေပြီလဲဆိုတာ ငါမင်းကိုသိခွင့်ပေးမယ်"
လျှိုချုံးက လျှိုမင်နှင့်လုယွီတို့ကို အပြည့်အဝ လျစ်လျှူ ရှုပြီး သူ၏ငယ်သားများကို ဦးဆောင်၍ ထွက်ခွာသွားတော့သည်။
သူတို့ထွက်ခွာသွားပြီးနောက် လျှိုမင်က ရှက်ရွံနေသည့်အမူအယာဖြင့် လုယွီအား စကားပြောဆိုလိုက်သည်။
"ညီလေးလု...ငါ တောင်းပန်ပါတယ်...သူက ငါရဲ့ဝမ်းကွဲတစ်ယောက်ပါ....သူက ငါ့မိသားစုနဲ့ပြဿ နာတစ်ချို့ရှိနေတာမို့ မင်းကိုပါဆွဲသွင်းမိသလိုဖြစ်သွားတယ်"
C215
"ကျုပ် အဆင်ပြေပါတယ်"
လုယွီက သူ၏လက်ကိုဝှေ့ယမ်းလိုက်သည်။
ဤကိစ္စသည် သေးငယ်သည့်မတော်တဆဖြစ်ရပ်တစ်ခုသာဖြစ်ကြောင်း လုယွီက ရှင်းရှင်းလင်းလင်းသိရှိထားသည်။ အကယ်၍ လျှိုချုံးသည် သူကိုယ်တိုင်အတွက်မည်သည့်အရာက ကောင်းမွန်သည်ကိုမသိဘဲ လုယွီအားထပ်မံရန်စစော်ကားပါက သူ့အားထာဝရပါးစပ်ပိတ်သွားစေရန် ပြုလုပ်ဖို့ကို လုယွီဝန်လေးနေမည်မဟုတ်ချေ။
"ဝင်ခွင့်စာမေးပွဲက စတင်တော့မယ်"
ကြီးကြပ်သူက ကျယ်လောင်စွာဖြင့်အော်ဟစ်ပြီးနောက် မြေကွက်လပ်ရှိ လူအားလုံး ချက်ချင်းပင်ငြိမ်ကျသွားကြ၏။
"လူတိုင်းပဲ...ဒီဝင်ခွင့်စာမေးပွဲက ငါတို့သမင်ဖြူ ကျောင်းတော်အတွက် တပည့်အသစ်တွေ ရွေးချယ်တဲ့ပွဲပဲ...တစ်ကယ်လို့ မင်းတို့က စမ်းသပ်မှုအားလုံူမှာအောင်မြင်တယ်ဆိုရင် ငါတို့သမင်ဖြူ ကျောင်းတော်ကို တတ်ရောက်ခွင့်ရမယ်...ငါ မလိုအပ်တဲ့စကားတွေ ထပ်မပြောတော့ဘူး....လူတိုင်းပဲ ဘာလုပ်သင့်တယ်ဆိုတာကို သိကြမယ်လို့ ငါယုံကြည်တယ်"
ကြီးကြပ်သူ၏အကြည့်က လူအုပ်ကြီးကိုဖြတ်၍ ကျရောက်လာပြီးနောက် သူက လေသံနှိမ့်၍ ပြောဆိုလိုက်သည်။
"ငါတို့ သမင်ဖြူ ကျောင်းတော်က အတော်အသင့်ထက်ပိုကောင်းတဲ့သူတွေကိုပဲလိုချင်တယ်....ဒါကြောင့် မင်းတို့အားလုံးကျရှုံးသွားမယ်ဆိုရင်တောင် ငါတို့က တစ်ဦးတစ်ယောက်ကိုမှ ချွင်းချက်ထားပြီးလက်ခံမှာမဟုတ်ဘူး"
"ပထမဆုံး စစ်ဆေးမှု....ဖိအား စမ်းသပ်ခြင်း"
ကြီးကြပ်သူ၏စကားဆုံးသည်နှင့် မီးကဲ့သို့နီရဲနေသော ပုံစံတစ်ချို့က မြေပြင်ပေါ်၌ ထွက်ပေါ်လာခဲ့သည်။
ပထမဆုံးအကြိမ်စမ်းသပ်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြသည့် စစ်ဆေးခံရသူတစ်ချို့သည် ချက်ချင်းပင် ကြောက်ရွံထိတ်လန့်ပြီး ကြံရာမရဖြစ်သွားကြ၏။ ရုတ်တရက်ဆိုသလိုပင် သူတို့၏ဦးခေါင်းများပေါ်သို့ ပြင်းထန်သည့်ဖိအားလှိုင်းတစ်လှိုင်း ကျရောက်လာခြင်းကို ခံစားမိလေသည်။
"ဘာတွေ ဖြစ်နေတာလဲ"
သူတို့ထဲမှတစ်ချို့သည် တောင့်မခံနိုင်ကြသဖြင့် မြေပြင်ပေါ်သို့ ပြိုလဲကျသွားတော့သည်။
"ဘာ ထူးဆန်းနေလို့လဲ....အမှိုက်တစ်သိုက် ပါလာတာပဲ"
အဝေးတစ်နေရာတွင် လျှိုချုံးက အမြူ တေဖွဲ့စည်းခြင်းနယ်ပယ်ကျင့်ကြံသူများနှင့်အတူ မတ်တတ်ရပ်နေလေသည်။ ထိုသူများသည် သူတို့၏ကျန်းချီများနှင့် နှလုံးမရီးဒါန်းများကို အပြည့်အဝကာကွယ်ထားကြရာ ဖိအားအရှိန်အဝါသည် သူတို့ပေါ်သို့ အနည်းငယ်မျှပင် သက်ရောက်မှုမရှိချေ။
လျှိုမင်၏အမူအယာသည်လည်း ပြောင်းလဲသွားပေသည်။ သို့ရာတွင် သူသည် ယခင်က ဤကဲ့သို့လေ့ကျင့်နည်းမျိုးကို ပါဝင်ဆင်နွှဲဖူးသဖြင့် အတွေ့အကြုံရှိသည်ဟု ယူဆနိုင်လေ၏။
"ညီလေးလု....ဒါက ဆရာသခင်လို့ ကိုယ်တိုင်ကိုယ်ကျ ခင်းကျင်းထားတဲ့ဝင်္ကပါတစ်ခုပဲ....ဒီဖိအားက ဖြည်းဖြည်းခြင်းအားကောင်းလာပြီး နှစ်နာရီဝန်းကျင်လောတ် ကြာလိမ့်မယ်....ငါတို့တောင့်ခံနိုင်တာနဲ့ ဒုတိယအချီစမ်းသပ်မှုကိုပါဝင်ဖို့ အရည်အချင်းမှီပြီပဲ"
လျှိုမင်က လုယွီအား ရှင်းပြလိုက်သည်။
ရုတ်တရက်ဆိုသလိုပင် လျှိုမင်က တစ်စုံတစ်ခုကို တွေးတောမိပြီး လုယွီအား ထပ်မံပြောဆိုလိုက်လေ၏။
"ညီလေး လု...တစ်ကယ်လို့ မင်း တောင့်ခံမထားနိုင်ရင် အတင်းကြီးမတ်တတ်ရပ်မနေနဲ့နော်...ဒီဖိအားက နည်းနည်းခြင်းအားကောင်းလာမှာ....တစ်ကယ်လို့ မင်းက အတင်းအကျပ်ဖိအားပေးပြီးနေနေရင် အတွင်းဒဏ်ရာရရှိသွားနိုင်တယ်"
လုယွီက သူ၏လက်ကိုဝှေ့ယမ်းပြလိုက်သည်။
"ကျုပ် အဆင်ပြေပါတယ်"
မူလကတည်းက တုန်ရီနေကြသည့်လူတစ်ချို့သည် ထိတ်လန့်တုန်လှုပ်ဖွယ် ဖိအားအရှိန်အဝါ၏ဖိနှိပ်ခြင်းကို ခံရသည်တွင် ချက်ချင်းပင် တောင့်မခံနိုင်ကြတော့ဘဲ သွေးများအန်ထွက်လာပြီး မြေပြင်ပေါ်သို့ လဲကျသွားကြ၏။
သူတို့က မြေပြင်ပေါ်သို့လဲကျသွားချိန်တွင် ထူးဆန်းသည့်အင်အားတစ်ခုက သူတို့၏ခန္ဓာကိုယ်များပေါ်သို့ကျရောက်လာပြီး သူတို့အား အဝေးသို့ဖယ်ရှားပို့ဆောင်လိုက်သည်။
မြေပြင်ပေါ်ရှိလူများသည် မြန်ဆန်သည့်အဟုန်ဖြင့် ဖယ်ရှားခြင်းခံနေရပြီး လူအနည်းငယ်သာလျှင် မြေကွက်လပ်၌ မတ်တတ်ရပ်လျက်အနေအထားဖြင့် ကျန်ရစ်ခဲ့သည်။ ယခုနေရာရှိ လူအရေအတွက်သည် နည်းပါးသည်ထက် နည်းပါးလာပေ၏။
လျှို မင်သည်လည်း ထပ်မံ၍တောင့်ခံနိုင်ပုံ မပေါ်တော့ချေ။ သူ၏ကျန်းချီများကို လှည့်ပတ်ထားသော်လည်း သူ့အပေါ်သို့သက်ရောက်နေသည့်ဖိအားသည်လည်း အားနည်းနေခြင်းမရှိပေ။ ထိုအစား ဖိအားက ပို၍ပို၍ပင် အားကောင်းလာလေ၏။
တစ်ခြားတစ်ဘက်မှ လုယွီကမူ လျှိုမင်နှင့်တူညီသောနေရာတွင်ရှိနေသော်လည်း မျက်တောင်တစ်ချက်ပင် ခတ်ပုံမရချေ။ အကယ်၍ တစ်စုံတစ်ယောက်က အနီးကပ်ကြည့်ရှုပါက လုယွီ၏ပတ်လည်ရှိလေဟာနယ်သည် အနည်းငယ် ပုံပျက်နေခြင်းကို သတိပြုမိပေမည်။
လုယွီ၏အတိတ်ဘဝတွင် တာအိုသခင်အသူရာချောက်နက်၏ထူးခြားဆန်းကြယ်သော ဝင်္ကပါများသည်သာ ကောင်းကင်ဘုံနယ်မြေအားလုံးတွင် သူ့အားယှဉ်ပြိုင်နိုင်သည့်အနည်းစုသောအရာများအနက်မှ တစ်ခုဖြစ်ခဲ့သည်။
ဆရာသခင်လို့၏ဝင်္ကပါအရည်အချင်းမျှကိုမူ လုယွီ၏အမြင်တွင် ရိုးရှင်းပြီးအားနည်းချက်များအပြည့်ဖြင့် ဆိုးရွားလှသောကြောင့် စကားထဲပင်ထည့်ပြောလိုစ်တ်မရှိပေ။
"တစ်ကယ်လို့ ခင်ဗျား ဆတ်ပြီးတောင့်မခံနိုင်တော့ဘူးဆိုရင်....ကျုပ်ရဲ့ဘေးကိုလာခဲ့"
လုယွီက လျှိုမင်ကို လေသံတိုးတိုးဖြင့်ပြောဆိုလိုက်သည်။ လုယွီ၏နံဘေးပတ်လည်တွင် ဝင်္ကပါ၏စွမ်းအားသည် သက်ရောက်ခြင်းရှိမနေချေ။
လျှိုမင်က တစ်ချက်ကြည့်လိုက်ရာတွင် စိတ်အေးလက်အေးအမူအယာဖြင့် လုယွီကို မြင်တွေ့ရသည်။ သူက မအောင့်အည်းနိုင်တော့ဘဲ စိတ်နှလုံးသားအတွင်းမှနေ၍ အံ့အားသင့်တုန်လှုပ်မိလေသည်။
သို့သော် တခဏအကြာတွင်မူ လျှိုမင်က ခေါင်းခါယမ်းလိုက်၏။
"ဒီလိုလုပ်ဖို့မလိုတော့ပါဘူး ညီလေးလု....ငါက ငါရဲ့ကိုယ်ပိုင်စွမ်းအားကိုပဲမှီခိုပြီး သမင်ဖြူ ကျောင်းတော်ကို ဝင်ရောက်ချင်တယ်"
လုယွီက လျှိုမင်၏စိတ်ဓာတ်ခိုင်မာမှုကို နှစ်ခြိုက်မိလေ၏။ လျှိုမင်က အလေးအနက်ထားနေသည်ကိုကြည့်ပြီး သူ၏စကားပြောဆိုနေခြင်းကိုရပ်တန့်လိုက်သည်။
စင်မြင့်ပေါ်၌ မည်သူကမျှသတိမပြုမိချိန်တွင် အစေခံတစ်ယောက်က ဆရာသခင်လို့၏နားအတွင်းသို့ စကားတစ်ချို့ကို တီးတိုးပြောဆိုလိုက်လေ၏။
"ဒီကောင်လေးက ငါရဲ့တံခါးရှေ့ကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝံ့မယ်လို့ ငါထင်မထားခဲ့ဘူး"
ဆရာသခင်လို့၏ပါးစပ်ထောင့်သည် အေးစက်စက်အပြုံးနှင့်အတူတွန့်ကွေးသွားပြီး သူက ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။