← Chapters

အခန်း (၂၁၆-၂၂၀)

Vol. 11-15 Ch. 216-220

အခန်း (၂၁၆-၂၂၀)

Vol. 11-15 Ch. 216-220

C216

ဆရာသခင်လို့က အလွန်လျှင်မြန်စွာဖြင့်ပင် လုယွီအား တွေ့ရှိလေသည်။

အမှန်အားဖြင့် လုယွီအားတွေ့ရှိရန်မှာ အလွန်လွယ်ကူပေသည်။ မြေကွက်လပ်တွင် လူအမြောက်အများကျန်ရှိသေးသော်လည်း လုယွီကဲ့သို့ တည်ငြိမ်အေးဆေးနေသူမှာ များများစားစားရှိမနေချေ။

"ကောင်စုတ်လေး....မင်းက ဒီနေရာကိုလာပြီး ကိုယ့်ဒုက္ခကိုယ် လာရှာနေမှတော့...ငါ့ကိုအပြစ်မတင်နဲ့"

ဆရာသခင်လို့၏မျက်လုံးများတွင် အေးစက်တင်းမာမှုများ ဖြတ်ပြေးနေလေသည်။ သူက လျှို့ဝှက်နဂါးနန်းတော်တွင် လုယွီ၏ဖုန်းရွှေဝင်္ကပါပန်းချီအား ရှုံးနိမ့်ခဲ့ရမှုကို အမှတ်ရနေဆဲဖြစ်သည်။

ထိုကိစ္စသည် သူ၏ဂုဏ်သတင်းကို အပြင်းအထန်ထိခိုက်စေခဲ့သည်။ သူကဲ့သို့ ဂုဏ်သတင်းကိုအကြီးအကျယ်တန်ဖိုးထားသည့် လူတစ်ယောက်အတွက် ဤကိစ္စသည် အကြွင်းမဲ့သည်းမခံနိုင်သည့်အရာဖြစ်လေ၏။

"မင်းက တည်ငြိမ်အေးဆေးနေသယောင် နေနေတာလား...ဒါဆို ငါမင်းအပေါ်ကို ဖိအားပိုပြီး ပေါင်းထည့်ပေးလိုက်မယ်"

ဆရာသခင်လို့က မည်သည့်စကားသံမျှထုတ်ဖော်မပြောသော်လည်း သူ၏လက်ညှိုးကို မြေကွက်လပ်တစ်နေရာသို့ ညွှန်ပြလိုက်သည်။

ရုတ်တရက် လုယွီ၏ခန္ဓာကိုယ်ပေါ်မှဖိအားသည် အဆများစွာ တိုးမြင့်သွားခဲ့သည်။

"ဟီး ဟီး...လျှိုမင်...တစ်ကယ်လို့ မင်း ဆတ်ပြီးမထိန်းထားနိုင်တော့ဘူးဆိုရင် မြန်မြန်ထွက်သွားစမ်း"

လျှိုချုံးက လျှိုမင်ကိုသာ ပစ်မှတ်ထားကြည့်ရှုနေပြီး လှောင်ပြောင်သရော်နေပေ၏။

လျှိုမင်ထံမှ ချွေးများမြောက်များစွာ ယိုစီးကျနေသည်။ ဤထိတ်လန့်တုန်လှုပ်ဖွယ်ဖိအားကို ယခုအချိန်ထိခုခံနိုင်ခြင်းသည် သူ၏အကန့်အသတ်သို့ ရောက်ရှိနေပြီဖြစ်ပေ၏။

ထိုမြင်ကွင်းကိုကြည့်ပြီး လျှိုချုံး၏အကြည့်သည် လုယွီထံသို့ ရောက်ရှိလာခဲ့သည်။

"ဟမ့်....တည်ငြိမ်အေးဆေးယောင်ဆောင်နေတယ်...မင်း ဘယ်လောတ်ကြာကြာခံမလည်းဆိုတာ ကြည့်ကြသေးတာပေါ့"

အထင်အမြင်သေးမှုအရိပ်အယောင်များက လျှိုချုံး၏မျက်လုံးများအတွင်းတွင် ထင်ဟပ်နေသည်။

သူတို့ကဲ့သို့ အမြူ တေဖွဲ့စည်းခြင်းနယ်ပယ်ကျင့်ကြံသူများပင် အတူတကွစုရုံး၍ ဖိအားအရှိန်အဝါကို တောင့်ခံနေခြင်းဖြစ်သည်။ နက္ခက်တာရာပြောင်းလဲခြင်းနယ်ပယ်ကျင့်ကြံသူတစ်ယောက်က အလွန်တည်ငြိမ်စွာဖြင့် ဤဖိအားကိုတောင့်ခံနိုင်မည်ဟု လျှိုချုံးက ယုံကြည်ခြင်းမရှိချေ

ဖိအားက ပိုမိုသက်ရောက်လာချိန်တွင် လုယွီက ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်မိသည်။ သူ၏အနီးအနားရှိဖိအားသည် နက္ခက်တာရာပြောင်းလဲခြင်းနယ်ပယ်ကျင့်ကြံသူထက်မြင့်မားသည့်အဆင့်များပင် တောင့်ခံနိုင်မည်မဟုတ်ချေ။ အမြူ တေဖွဲ့စည်းခြင်နယ်ပယ်ကျင့်ကြံသူပင်လျှင် ဤဖိအားကိုတောင့်ခံနိုင်ရန် မလွယ်ကူပေ။

ဝင်ခွင့်စာမေးပွဲသည် ဤမျှကြမ်းတမ်းသည်မှာ ဖြစ်သင့်သည့်ကိစ္စလော။

"တစ်ယောက်ယောက်က တစ်ခုခုလုပ်ထားတာဖြစ်နိုင်တယ်"

လုယွီက ခေါင်းမော့ပြီး စင်မြင့်ပေါ်သို့ ကြည့်ရှုလိုက်ရာတွင် ဆရာသခင်လို့ကို မြင်တွေ့မိသည်။

"ဒါဆို ခင်ဗျားပေါ့...ခင်ဗျားက ကျုပ်ကိုသတ်ဖို့ လူတွေလွှက်လိုက်တယ်...ကျုပ်က အဲ့ဒီကိစ္စကိုတောင် မဖြေရှင်းရသေးဘူး....အဲ့ဒီအစား ခင်ဗျားက ပိုပိုဆိုးလာတယ်"

လုယွီသည် ဤကဲ့သို့ယုတ်ညံ့သည့်စိတ်နေစိတ်ထားနှင့်လူ၏ လှုှပ်ရှားမှုများကို အလွန်ရှင်းလင်းစွာဖြင့် သိရှိထားပြီးဖြစ်သည်။

ထို့နောက် လုယွီက ဆောင့်ကြောင့်ထိုင်ချပြီး သူ၏လက်ကိုမြေပြင်ပေါ်သို့တင်လိုက်သည်။

"မင်းခုထိ ထိတ်လန့်မသွားသေးဘူးလား...မင်းက မြေပြင်ပေါ်မှာ ခွေးတစ်ကောင်လို နေနိုင်သေးတာပဲ"

လုယွီ၏ကိုယ်နေဟန်ထားကိုမြင်ချိန်တွင် ဆရာသခင်လို့၏မျက်လုံးအတွင်းရှိ လှောင်ပြောင်သရော်နေသောအရိပ်အယောင်များသည် ပို၍အားကောင်းလာပေ၏။

"ညီလေး လု...ငါ ထပ်ပြီးကြာကြာထိန်းမထားနိုင်တော့ဘူး....."

သူသည် လုယွီနှင့်အနီးစပ်ဆုံးနေရာတွင်ရှိနေသူဖြစ်၍ လျှိုမင်အပေါ်ကျရောက်သည့်ဖိအားသည် တခြားသူများထက် အဆများစွာပို၍ကြီးမားလေသည်။

လုယွီက တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်သည်။

"ခဏလေးပဲထိန်းထား....ဒါက မကြာခင်ပြီးတော့မှာ"

"ဒါပေမယ့် စမ်းသပ်ပွဲက နှစ်နာရီကြာမြင့်မှာလေ...အခုက အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းစာအချိန်တောင် ရှိအုံးမှာမဟုတ်ဘူး"

လျှိုမင်၏အသံသည် တုန်ခါနေလေ၏။

လုယွီက မည်သည့်စကားကိုမျှ ထပ်မံပြောဆိုခြင်းမရှိချေ။ ထိုအစား သူ၏မျက်လုံးများကိုစုံမှိတ်ပြီး သူ၏လက်ကို မြေပြင်ပေါ်သို့ ဆတ်လတ်တင်ထားလိုက်သည်။

"ဟမ့်....အမှိုက်ကတော့ တစ်ကယ်ကိုအမှိုက်ပါပဲ...လျှိုမင်တို့အုပ်စုကိုကြည့်စမ်း...ဘယ်ကောင်မှ အလားအလာရှိတဲ့ကောင်မပါဘူး....အစောပိုင်းက တည်ငြိမ်ချင်ယောင်ဆောင်နေကြတာ....အခုတော့ မြေပြင်ပေါ်ထိုင်နေရပြီ"

လျှိုမင်က မောက်မာစွာဖြင့် ခေါင်းကိုမော့လိုက်ပြီး သူ၏မျက်လုံးများအတွင်းတွင် အထင်အမြင်သေးမှုများဖြင့် ပြည့်နှက်နေသည်။

လုယွီက ပတ်ဝန်းကျင်ရှိလူများ၏အတွေးများကို အာရုံစူးစိုက်ခြင်းမရှိချေ။ သူ၏လက်ကို မြေပြင်ပေါ်သို့ တင်လိုက်သည့်အချိန်မှစ၍ သူ၏စိတ်ဝိညာဉ်သည် ဝင်္ကပါနှင့်ချိတ်ဆက်မိပြီးဖြစ်သည်။

"ဒီလောတ်ရိုးရှင်းတဲ့ ဖိအားဝင်္ကပါကိုတောင် ခင်ဗျားက ရှုပ်ထွေးအောင်ခင်းကျင်းထားသေးတယ်"

လုယွီက ခေါင်းခါယမ်းလိုက်၏။

ကြီးမားပြီးအစွမ်းထက်သည့် ဝင်္ကပါဖြစ်လေလေ ရိုးရှင်းသည့်နိယာမများကိုပို၍ အသုံးပြုထားလေဖြစ်ပေ၏။

ဆရာသခင်လို့က ရှုပ်ထွေးသောခင်းကျင်းမှုဖြင့် ဝင်္ကပါကိုဖန်တီးထားခြင်းသည် တစ်ခြားသူများအား ချိုးဖျက်ရန်အခွင့်အရေးပိုရစေမည်ဖြစ်သည်။

"ကောင်းပြီလေ...ခင်ဗျားက ဝင်္ကပါကိုအသုံးပြုပြီး ကျုပ်ကိုရင်ဆိုင်ချင်မှတော့....အစစ်အမှန်ဝင်္ကပါဆိုတာဘာလဲ ခင်ဗျားကို သိခွင့်ပြုရတာပေါ့"

လုယွီက ရုတ်တရက် သူ၏လက်ချောင်းများကို ရွေ့လျားလိုက်ပြီး အလျှင်အမြန်ဖြင့်မြေပြင်ပေါ်သို့ ညွှန်ပြလိုက်လေ၏။ ချက်ချင်းပင် မြေကွက်လပ်ပေါ်ရှိလူများပေါ်သို့ သက်ရောက်နေသည့်ဖိအားသည် ရုတ်တရက်ပျောက်ကွယ်သွားခဲ့သည်။

"ဘာတွေ ဖြစ်ကုန်တာလဲ"

"စမ်းသပ်ပွဲရဲ့အဆုံးသတ်က အရမ်းမြန်နေပါလား...ဘယ်လိုဖြစ်တာလဲ"

မြောက်များစွာသည့်လူတို့ အံ့အားသင့်ကုန်ကြ၏။ သူတို့က အချိန်အတော်ကြာ တောင့်ခံနိုင်ရန် ရုန်းကန်ခဲ့ကြသော်လည်း ယခုလက်ရှိတွင် ဖိအားအရှိန်အဝါက ရုတ်တရက်ပျောက်ကွယ်သွားလေ၏။

ဆရာသခင်လို့က မျက်မှောင်ကြုတ်လိုက်မိသည်။ မသည်သည့်ကိစ္စရပ်ဖြစ်ပျက်သွားသည်ကို သူ နားလည်နိုင်စွမ်းမရှိချေ။

ရုတ်တရက် သူ၏ခန္ဓာကိုယ်ပေါ်သို့ ပြင်းထန်သောဖိအား ကျရောက်လာခဲ့သည်။ ထိုဖိအားက တောင်ကြီးတစ်လုံးကဲ့သို့လေးလံပြီး ဆရာသခင်လို့ ထံသို့သာဦးတည်၍ တိုးဝင်လာခြင်းဖြစ်သည်။

C217

"ဖူး...."

ဖိအားအရှိန်အဝါ၏အောက်တွင် ဆရာသခင်လို့က သူကိုယ်သူမထိန်းချုပ်နိုင်တော့ဘဲ သွေးတစ်လုတ်အန်ထုတ်လိုက်ရသည်။

"ဆရာသခင် လို့....ဘာမှားယွင်းနေတာလဲ"

ဆရာသခင်လို့၏နံဘေး၌ မတ်တတ်ရပ်နေသည့် ဖန်းယင်က စိုးရိမ်တကြီးဖြင့်အလျှင်အမြန်မေးမြန်းလိုက်သည်။

ဆရာသခင်လို့သည် ယခင်ကဲ့သို့ အေးဆေးတည်ငြိမ်သည့်အခြေအနေတွင်မရှိတော့ဘဲ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် စိုးရိမ်ဖွယ်အခြေအနေသို့ ရောက်ရှိနေခဲ့သည်။

သူ၏ပါးစပ်မှသွေးများအဆတ်မပြတ် ယိုစီးကျနေပြီး သူထိုင်နေသောထိုင်ခုံမှာလည်း ကျယ်လောင်သောပေါတ်ကွဲသံနှင့်အတူ ကျိုးပဲ့သွားသည်။ တူညီသောအချိန်မှာပင် သူသည်လည်း မြေပြင်ပေါ်သို့လဲကျသွားတော့သည်။

"ဆရာသခင် လို့"

နံဘေးရှိအစေခံများက အလျှင်စလိုဖြင့် ဆရာသခင်လို့အားကူညီရန် ပြေးလွှားလာကြသည်။

"သူကို မထိနဲ့....သူက ဝင်္ကပါရဲ့တန်ပြန်တိုက်ခိုက်တာကို ခံနေရတာ"

စမ်လို့က အော်ဟစ်လိုက်၏။

အစေခံများသည် ချက်ချင်းရပ်တန့်လိုက်ပြီး ရှေ့သို့ဆတ်မတိုးဝံ့ကြတော့ချေ။

စမ်လို့က သူ၏လက်ကိုဆန့်ထုတ်လိုက်သည်တွင် သူ၏လက်ချောင်းထိပ်မှနေ၍ အဖြူ ရောင်အလင်းတန်း ထွက်ပေါ်လာသည်။

အဖြူ ရောင်အလင်းတန်းက ဆရာသခင်လို့ထံသို့ ကျရောက်သွား၏။ ထိုအလင်းတန်းက ဆရာသခင်လို့၏ခန္ဓာကိုယ်နှင့်ထိတွေ့မိချိန်တွင် လင်းလက်တောက်ပစပြုလာခဲ့သည်။ ဆရာသခင့်လို့အား အဖြူ ရောင်အလင်းတန်းက အပြည့်အဝအကာအကွယ်ပေးလိုက်လေ၏။

"ဝင်္ကပါကို မြန်မြန်ရပ်လိုက်တော့....မဟုတ်ရင် ကျုပ် ခင်ဗျားကို ကယ်နိုင်မှာမဟုတ်ဘူး"

စမ်လို့ စိုးရိမ်တကြီးပြောဆိုလိုက်သည်။

ဆရာသခင်လို့က ထိုစကားကြားသည်နှင့် သူ၏ကြွင်းကျန်ရစ်သော ကျန်းချီများကိုချက်ချင်းလှည့်ပတ်ပြီး လေထုအတွင်းမျောလွင့်နေသည့် သင်္ကေတတစ်ခုအသွင်ပြောင်းလဲလိုက်သည်။

"ရပ်လိုက်စမ်း"

ဆရာသခင်လို့က လက်သင်္ကေတများကိုဖော်ထုတ်နေရင်းမှ အော်ဟစ်လိုက်လေ၏။

သို့ရာတွင် ဝင်္ကပါက သူအားအသိအမှတ်ပြုပုံမရဘဲ ပို၍အစွမ်းထက်သည့်ဖိအားကို ထုတ်လွှတ်နေပေသည်။

"ကျုပ် ရပ်လို့မရဘူး"

ဆရာသခင်လို့၏အသံက အနည်းငယ်တုန်ခါနေသည်။

"ဝီ....ဝီ"

ပတ်ဝန်းကျင်ရှိဖိအားသည် ပို၍ပင် ထိတ်လန့်တုန်လှုပ်ဖွယ်ဖြစ်လာ၏။

စမ်လို့၏မျက်လုံးများတွင် အေးစက်စက်အလင်းရောင်များ တောက်ပလာပြီးနောက် အနည်းငယ်မျှပင်တုန့်ဆိုင်းခြင်းမရှိဘဲ ကျန်းချီများကိုလှည့်ပတ်လိုက်ရာတွင် သူ၏လက်ကိုအဖြူ ရောင်အလင်းက လွှမ်းခြုံသွားတော့သည်။

စမ် ခန်းမသခင်၏နောက်တွင် အလင်းရောင်ဘီးတစ်ဘီးပုံစံ ထွက်ပေါ်လာလေ၏။ နေရောင်ခြည်၏ရောင်ပြန်ဟပ်မှုအောက်တွင် စမ်လို့က နတ်ဘုရားတစ်ပါးဖြင့်ပင် တူညီနေပေသည်။

"အဝိုင်းကြီးအဆင့် ထိပ်သီးပညာရှင်"

မြေကွက်လပ်ရှိ လူအုပ်ကြီးထံမှ အံ့သြတကြီးရေရွတ်သံများထွက်ပေါ်လာသည်။

အဖြူ ရောင်အလင်း၏အကာအကွယ်အောက်တွင် စမ်လို့က ဆရာသခင်လို့၏ဂုတ်မှဆွဲ၍ နောက်သို့ဆွဲထုတ်လိုက်သည်။

သို့သော် ဤဝင်္ကပါသည် ဆရာသခင်လို့ကိုသာ ပစ်မှတ်ထားနေသကဲ့သို့ သူ၏နောက်သို့သာ တရကြမ်းလိုက်နေပြီး အစွမ်းထက်သောအရှိန်အဝါက တောက်လျှောက်ဖိအားပေးနေသည်။

"ဖန်းယင်....ခင်ဗျား ဒီနေရာမှာနေပြီး ဝင်ခွင့်စာမေးပွဲကို ဆတ်ကြီးကြပ်လိုက်တော့....ကျုပ် သူကိုခေါ်သွားတော့မယ်"

စမ်လို့သည် ဆရာသခင်လို့အား ဆွဲခေါ်၍ အရှိန်ဖြင့်အဝေးသို့ခေါ်ဆောင်သွားလေသည်။

မြေကွက်လပ်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေပေ၏။

ဖြစ်စဉ်အစမှအဆုံးထိ လဖက်ရည်တစ်ခွက်ပြင်ဆင်စာ အချိန်ပမာဏသာကြာမြင့်သော်လည်း လူအုပ်ကြီးထဲမှ တစ်ဝက်ကျော်သည် စမ်းသပ်ပွဲမှနှုတ်ထွက်လိုက်ရပြီဖြစ်သည်။

သို့သော် ထိုသို့ဆိုလျှင်ပင် ထောင်ပေါင်းများစွာသောသူများသည် မြေပြင်ပေါ်၌ မတ်တတ်ရပ်လျက်ရှိနေဆဲဖြစ်၏။

"ဒီ ဝင်္ကပါက တန်ပြန်တိုက်ခိုက်လိမ့်မယ်လို့ ငါ ဘယ်တုန်းကမှတွေးမထားမိဘူး"

"ဒီလို အစွမ်းထက်တဲ့ဝင်္ကပါမျိုးကို ထိန်းချုပ်ရတာ အတော်ခက်ခဲတယ်....ဆရာသခင်လို့လိုပညာရှင်မျိုးတောင် အလွယ်တကူမစွမ်းဆောင်နိုင်ခဲ့ဘူး"

လူအုပ်ကြီးထံမှ ပျာယာခတ်ပြီးပြောဆိုဆွေးနွေးသံများက ဆူညံစွာထွက်ပေါ်နေသည်။

ထိုအချိန်မှာပင် ကွန်ဖြူ းရှပ်ဖန်းယင်က မတ်တတ်ထရပ်ပြီး ပြောဆိုလိုက်သံသည် ပတ်ဝန်းကျင်နေရာတစ်ခုလုံးကို ပဲ့တင်ထပ်ထွက်ပေါ်လာလေ၏။

"ဝင်ခွင့် စမ်းသပ်ပွဲပထမအဆင့်က ထုံးစံအတိုင်း ပြီးဆုံးသွားပြီ...အခု မင်းတို့အားလုံး ရေးဖြေစာမေးပွဲကို ဝင်ရောက်ဖြေဆိုနိုင်ပြီ"

ပညာရှင်ဖန်းယင်က လေးနက်သောလေသံဖြင့် ပြောဆိုလိုက်သည်။

ရုတ်ချည်းဆိုသလိုပင် ဝမ်းသာအားရအော်ဟစ်သံများက မြေကွက်လပ်တစ်ခုလုံး ဆူညံသွားစေသည်။

ဝင်ခွင့်စာမေးပွဲပထမအဆင့်ကို လွယ်လင့်တကူဖြတ်ကျော်နိုင်မည်ဟု မည်သူကမျှမျှော်လင့်ထားခြင်းမရှိချေ။

"အမှိုက်တစ်စုရဲ့အလိုဆန္ဒပြည့်သွားတာပေါ့...ရေးဖြေစာမေးပွဲဝင်ဖြေခွင့်ရတယ်ဆိုရင်တောင် မင်းတို့လိုကောင်တွေက ဘာလုပ်နိုင်မှာမလို့လဲ...မင်းတို့လိုအမှိုက်ကောင်တွေက အနှေးနဲ့အမြန်ဖယ်ထုတ်ခံရမှာပဲ"

လျှိုမင်သည်လည်း ရေးဖြေစာမေးပွဲကို ဝင်ဖြေခွင့်ရသည်ကို လျှိုချုံးသိရှိသွားချိန်၌ သူ၏နှလုံးသားအတွင်းမှ အလွန်အမင်းစိတ်မကျေမနပ်ဖြစ်နေသကဲ့သို့ ခံစားရသည်။

ယခင်စာမေးပွဲများတွင် လျှိုမင်သည် ရေးဖြေစာမေးပွဲအဆင့်သို့ပင်ရောက်ရှိခြင်းမရှိ၍ လျှိုချုံး၏လှောင်ပြောင်မှုကို အမြဲတစေခံခဲ့ရ၏။

အလွန်လျှင်မြန်စွာဖြင့်ပင် ကြီးကြပ်သူတစ်ယောက်က မြေကွက်လပ်၌ကျန်ရှိနေသည့်လူများကို သမင်ဖြူ တောင်သို့ခေါ်ဆောင်သွားလေသည်။

တောင်တတ်လမ်းကြောင်းတစ်လျှောက် သွားလာနေကြသည့် လူထောင်ပေါင်းများစွာသည် နောက်ဆုံး၌ ကျယ်ဝန်းသောခြံဝင်းတစ်ခုအတွင်းသို့ ရောက်ရှိခဲ့ကြသည်။

"မင်းတို့က ရေးဖြေစာမေးပွဲအတွက် အချိန်နှစ်နာရီရမယ်....အချိန်စေ့တာနဲ့ မင်းတို့ရဲ့အဖြေလွှာတွေကို အပ်ရမယ်"

ကြီးကြပ်သူတစ်ယောက်က အမူအယာကင်းမဲ့စွာဖြင့် စည်းမျဉ်းများအားဖတ်ပြပြီးနောက် လူတိုင်းသည် သူတို့၏တံဆိပ်ပြားပေါ်မှ နံပါတ်များအလိုက် ထိုင်လိုက်ကြသည်။

ဤသည်က သေမျိုးမျုား၏စာမေးပွဲနှင့် တူညီပေသည်။ သို့သော် ကြီးကြပ်သူများကမူ ကျင့်ကြံသူများဖြစ်ကြလေ၏။

C218

သမင်ဖြူ ကျောင်းတော်၏အစွန်အဖျုားကျသောတောင်ထိပ်တစ်ခု၌.....

စမ်ခန်းမသခင်က ဆရာသခင်လို့ကို ဤနေရာသို့ခေါ်ဆောင်လာချိန်တွင် အစေခံအုပ်စုက ချက်ချင်းပင်ဝန်းရံလာကြ၏။

"သူကို ပြုစုပေးထားကြ"

ထိုစကားပြောကြားပြီးသည်နှင့် စမ်ခန်းမသခင်က ထွက်ခွာသွားတော့သည်။

"ဆရာသခင်...အဆင်ပြေရဲ့လား"

အစေခံတစ်ယောက်က စိုးရိမ်တကြီး မေးမြန်းလိုက်လေ၏။

သို့ရာတွင် အစေခံများကရှေ့တိုးလာသည်နှင့် ဆရာသခင်လို့က ချက်ချင်းတွန်းထုတ်နေပေသည်။

"မင်းတို့အားလုံး...ထွက်သွားကြစမ်း"

ဆရာသခင်လို့က အော်ဟစ်လိုက်သည်။

အစေခံများသည် သူ၏အနီးသို့ မချဉ်းကပ်ဝံ့သောကြောင့် အဝေးသို့ထွက်ခွာသွားကြသည်။

ဆရာသခင်လို့၏မျက်လုံးအတွင်းတွင် ပြင်းထန်သည့်အငြှိုးတရားအရိပ်အယောင်များ ထင်ဟပ်နေပြီး သူက ချက်ချင်းပင် ပြေးထွက်၍ လုယွီအား သတ်ချင်နေပေသည်။

ယခုချိန်မှသာ ဝင်္ကပါ၏ပြောင်းလဲမှုများသည် လုယွီရှိရာနေရာမှလာခြင်းကို ဆရာသခင်လို့က ရှင်းရှင်းလင်းလင်းခံစားနိုင်ခဲ့သည်။

"ဖြစ်နိုင်တာတော့ ဒီခွေးကောင်စီမှာ ဖုန်းရွှေဝင်္ကပါပန်းချီထပ်ရှိနေသေးပုံပဲ....နောက်ဆုံးတစ်ကြိမ်တုန်းက ဖုန်းရွှေဝင်္ကပါပန်းချီကို ကျောင်းအုပ်ကြီးက ရရှိသွားခဲ့တယ်....ဒီတစ်ကြိမ်တော့ ငါ ဖုန်းရွှေပန်းချီကို ရမှဖြစ်မယ်"

ဆရာသခင်လို့၏မျက်လုံးများသည် အမုန်းတရားများထင်ဟပ်နေရာမှ လောဘကြီးမှုသို့ ပြောင်းလဲသွားလေ၏။

အကယ်၍ သူ၌သာ ဖုန်းရွှေဝင်္ကပါပန်းချီရှိပါက သူ၏စွမ်းအား အလွန်တရားအားကောင်းလာမည်ဖြစ်သည့်အပြင် ဝင်္ကပါပညာရပ်တွင်လည်း အဆင့်သစ်တစ်ခုသို့ချိုးဖျက်နိုင်ပေမည်။

******

သမင်ဖြူ တောင်တန်း၏တစ်ခြားတောင်ထိပ်တစ်ခုတွင် ပွဲကြည့်စင်တစ်ခု ရှိနေသည်။

"သမင်ဖြူ ကျောင်းတော်ကို လူတွေအများကြီးက ဝင်ချင်နေကြတာ...သူတို့ထဲက ဘယ်လောတ်များများ ကျောင်းတော်ကို ဝင်နိုင်မလဲဆိုတာ ကျွန်မ မျှော်လင့်နေမိတယ်"

ထိုင်ခုံပေါ်၌ထိုင်နေသည့် လုဝမ်ရှင်းက အောက်သို့ငုံကြည့်ရင်းမှ ပြောဆိုလိုက်သည်။

သူမ၏နံဘေးတွင်မူ ပညာရှင်ဝတ်စုံဖြင့် လူကြီးတစ်ယောက်က မတ်တတ်ရပ်နေသည်။ ရေးဖြေစာမေးပွဲကျင်းပရာနေရာတွင် လုဝမ်ရှင်းအနားရှိနေသူမှာ ဆရာဝေ့ ဖြစ်ပေ၏

"ရှေးအချိန်တွေကတည်းက တောင်ပိုင်းကုန်းမြေက ကျင့်ကြံသူတွေက နယ်နမိတ်ကိုဖြတ်ပြီး အလယ်ပိုင်းကုန်းမြေကိုသွားချင်နေကြတာလေ....ဒီလူအုပ်စုက ထိပ်သီးအင်မော်တယ်ဂိုဏ်းတွေကို ဝင်ရောက်ပြီး အရည်အချင်းပြည့်မှီရင် အထီးကျန်နတ်ဘုရားလှေကို အသုံးပြုနိုင်မယ်ဆိုတာပဲသိထားကြတာ....ဒါပေမယ့် သူတို့က အထီးကျန်နတ်ဘုရားလှေကို ထိန်းချုပ်နေတဲ့သူတွေရဲ့ ကျွန်သာသာပဲဆိုတာကိုမသိကြဘူး"

ဆရာဝေ့က ကူရာကယ်ရာမဲ့စွာဖြင့် ပြောဆိုလိုက်လေ၏။

လုဝမ်ရှင်းက ရယ်မောလိုက်သည်။

"ဒါက သာမာန်ဖြစ်ရိုးဖြစ်စဉ်ပါပဲ....အထီးကျန်နတ်ဘုရားလှေကို မောင်းနှင်ဖို့ လိုအပ်တဲ့စွမ်းအားပမာဏက အရမ်းများတယ်....ကျွန်မတို့ ထိပ်သီးဂိုဏ်းခုနစ်ဂိုဏ်းလုံး ပူးပေါင်းပြီးလုပ်ဆောင်ရင်တောင်မှ ဒါကိုရွေ့လျားနိုင်စေရုံပဲရမယ်"

ဆရာဝေ့က ရုတ်တရက် မျက်မှောင်ကြုတ်လိုက်၏။

"အကြီးဆုံးသခင်မလေး...မင်းက တောင်ပိုင်းစွန့်ပစ်ကုန်းမြေမှာပဲ ဆတ်နေဖို့ဆန္ဒရှိနေတုန်းပဲလား....ဒီနေရာမှာနေရတာ လုံခြုံတယ်ဆိုပေမယ့် အလယ်ပိုင်းကုန်းမြေကလာတဲ့သူတွေကို ရှောင်ရှားဖို့ခက်ခဲလိမ့်မယ်...ဒါပြင် ဒီနေရာမှာဆတ်နေမယ်ဆိုရင် မင်းရဲ့ကျင့်ကြံမှုကိုပါ အကျိုးရှိစေမှာမဟုတ်ဘူး"

လုဝမ်ရှင်းသည် အဝိုင်းကြီးနယ်ပယ် နဝမအဆင့်သို့ ရောက်ရှိနေသူဖြစ်သည်။ သို့သော် တောင်ပိုင်းစွန့်ပစ်ကုန်းမြေတွင် သူမအတွက် နယ်ပယ်အသစ်သို့ ချိုးဖျက်ဝင်ရန်မဖြစ်နိုင်ချေ။

လုဝမ်ရှင်းက ခေါင်းခါယမ်းလိုက်သည်။

"ကျွန်မ ဒီနေရာမှာ ကာကွယ်ရမယ့် တစ်စုံတစ်ရာရှိနေတယ်...အသက်ရှည်ခြင်းက ကျွန်မအတွက်တော့ အများကြီးမက်မောစရာမရှိတော့ဘူး"

ဆရာဝေ့၏မျက်နှာအမူအယာသည်လည်း အထီးကျန်ဆန်နေဟန် ထင်ဟပ်လာခဲ့သည်။

"အကြီးဆုံးသခင်မလေး မင်းက ငယ်ပါသေးတယ်...အနာဂတ်မှာ မင်း နားလည်လာလိမ့်မယ်"

ထို့နောက် ဆရာဝေ့က တစ်စုံတစ်ခုကိုစဉ်းစားမိပုံရပြီး ပြောဆိုလိုက်သည်။

"ဒီနှစ်တွေမှာ သခင်လေးခိုင်က တစ်စုံတစ်ယောက်ရဲ့ချိတ်ပိတ်ခြင်း ခံထားရတယ်....ဒီနှစ်တွေအတွင်းမှာ သူက ရှီထျန်းနယ်ပယ်မှာပဲရပ်တန့်နေပြီး ရူးသွပ်နေတဲ့သားတစ်ယောက်တောင်ရှိနေတယ်...သခင်လေး ခိုင်ရှမ်ရဲ့သမီးက ရေခဲစိတ်ဝိညာဉ်ခန္ဓာကိုယ်ပိုင်ဆိုင်တယ်လို့တော့ ကျွန်တော် ကြားထားတယ်...သူမကိုဒီခေါ်ပြီး အကောင်းဆုံးပြုစုပျိုးထောင်ပေးရင် မကောင်းဘူးလား"

လုဝမ်ရှင်းက တခဏမျှတွေဝေသွားလေသည်။ သို့ရာတွင် သူမက ခေါင်းခါယမ်းလိုက်သည်။

"ကျွန်မရဲ့အကိုက ငြိမ်းချမ်းတဲ့ဘဝကို လိုချင်နေမှတော့....သူကို မနှောင့်ယှက်တာပိုကောင်းလိမ့်မယ်"

အချိန်တခဏအကြာတွင်မူ လုဝမ်ရှင်း၏အကြည့်သည် ရေးဖြေစာမေးပွဲကျင်းပနေသည့် ခြံဝန်းအတွင်းသို့ ကျရောက်သွားခဲ့သည်။

"ကျွန်မ ဒီနေ့ ရှင်ကို ဒီနေရာလာခိုင်းရတာက မျိုးစေ့ကောင်းလေးတွေရှိမလားဆိုတာ ကြည့်ခိုင်းချင်လို့ပဲ...သူတို့ကိုအလယ်ပိုင်းကုန်းမြေကိုပို့ပြီး အစောင့်အရှောက်အိုကြီးကို ဖြေရှင်းချက်တစ်ခုပေးရမယ်"

လုဝမ်ရှင်းက တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်လေ၏။

ဆရာဝေ့က ခြံဝန်းအတွင်း၌ အသည်းအသန် ရေးသားဖြေဆိုနေကြသည့် လူများကိုကြည့်ပြီး ခေါင်းခါယမ်းလိုက်သည်။

စွန့်ပစ်ကုန်းမြေကဲ့သို့နေရာမျိုး၌ ပါရမီရှင်များရှိနေမည်ဟု သူယုံကြည်ချက်မရှိချေ။

****

ခြံဝန်းအတွင်း၌....

လုယွီက စာရွက်ကိုဖွင့်ပြီး ပါဝင်သည့်အကြောင်းအရာများကို ဖတ်ရှုလိုက်သည်။

"အသက်ရှည်ခြင်းနဲ့သူတော်စင်တွေရဲ့ကြား...ဘယ်ဟာကအရေးပါလဲ"

လုယွီက မျက်မှောင်ကြုတ်လိုက်၏။

ဤကဲ့သို့မေးခွန်းကြီးသည် တာအိုပထမအဆင့်သာရှိသေးသော ကျင့်ကြံသူများ အမှန်တစ်ကယ် ဖြေဆိုရမည့်အရာဖြစ်သလော....

C219

ထိုမေးခွန်းကိုကြည့်ပြီး လုယွီ၏မျက်ခုံးများ တွန့်သွားခဲ့ပြီး သူက အလျှင်စလိုဖြေဆိုခြင်းမပြုချေ။ ထိုအချိန်တွင် လူတစ်ချို့ကမူ ရေးသားဖြေဆိုနေကြသည်။ ဤကဲ့သို့ မေးခွန်းမျိုးကို အချိန်တိုအတွင်းဖြေရှင်းနိုင်လိမ့်မည် မဟုတ်ချေ။ လုယွီက မျက်လုံးကိုစုံမှိတ်ပြီး တည်ငြိမ်စွာဖြင့် စတင်တွေးတောလိုက်သည်။

"ဆရာ....ဒီ မေးခွန်းကြီးက အရမ်းမခက်လွန်းဘူးလား"

စင်မြင့်ပေါ်တွင် ကြီးကြပ်သူတစ်ယောက်က လေသံနှိမ့်၍ မေးမြန်းလိုက်လေ၏။

ဖန်းယင်က ခေါင်းခါလိုက်သည်။

"ဒီ မေးခွန်းက ခက်ခဲတယ်ဆိုပေမယ့် အဖြေတွေအများကြီး ထွက်ပေါ်လာနိုင်တယ်...ဒီတစ်ကြိမ်မှာ မေးခွန်းကို ငါ ဆုံးဖြတ်တာမဟုတ်ဘဲ ကျောင်းအုပ်ကြီးကိုယ်တိုင်လုပ်ခဲ့တာ"

"ဒါက တစ်ကယ်ကို ကျောင်းအုပ်ကြီး မေးခွန်းထုတ်တာလား....သာမာန်မေးခွန်းတွေလို ရိုးရှင်းမှုမရှိမှာကို ကျွန်တော်စိုးရိမ်မိတယ်"

ကြီးကြပ်သူ၏စိတ်အနည်းငယ် လှုပ်ရှားသွားသည်။

ထိုအချိန်မှာပင် ကြမ်းကြုတ်ရက်စက်သည့်သားရဲတစ်ကောင်၏ဟိန်းသံက စာမေးပွဲဖြေဆိုနေသည့်နေရာမှထွက်ပေါ်လာသည်။

လူတိုင်းသည် ထိုအသံထွက်ပေါ်ရာသို့ ကြည့်ရှုလိုက်ကြ၏။ သူတို့၏ရှေ့တွင်မတ်တတ်ရပ်နေသည့် ကွန်ဖြူ းရှပ်ကျောင်းတော်သားတစ်ယောက်ကို မြင်တွေ့ရသည်။ ဖုန်တိမ်တိုက်ကြီးက သူ၏စာဖြေလွှာပေါ်၌ ထွက်ပေါ်နေလေ၏။

သဲနှင့်ဖုန်တိမ်တိုက်အတွင်းတွင် ကြမ်းကြုတ်ရက်စက်သည့်သားရဲတစ်ကောင်၏ပုံရိပ်ကထွက်ပေါ်နေပြီး ကောင်းကင်ယံသို့ဦးတည်ကာ အဆတ်မပြတ်ဟိန်းဟောက်နေလေသည်။

"ထူးဆန်းတဲ့အရာတွေက အလျှင်အမြန်ကိုထွက်ပေါ်လာပြီပဲ....ကြည့်ရတာတော့ ဒီတစ်သုတ်မှာ မျိုးစေ့ကောင်းလေးတွေ ပါပုံရတယ်"

ကြီးကြပ်သူက စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်လေ၏။

ထိုသားရဲဟိန်းသံ၏နောက်မှလိုက်ပါ၍ တစ်ခြားသော သဘာဝပုံရိပ်များလည်း ပေါ်ပေါတ်လာခဲ့သည်။

အချိန်တခဏအကြာမှာပင် ရေစီးဆင်းသံ လေတိုက်ခတ်သံနှင့်ဓားအိမ်မှဓားထွက်လာသံ အစရှိသည့်အသံများသည် ဖြေဆိုသူများ၏စာလိပ်များမှထွက်ပေါ်လာသည်။

ထိုကွန်ဖြူ းရှပ်ကျောင်းတော်သားများ၏ လက်ရေးလှစာလုံးများသည် ကောင်းကင်နှင့်မြေကြီး၏ဥပဒေသများနှင့် ပြည့်လျှမ်းနေသဖြင့် အကျိုးဆတ်အနေဖြင့် သဘာဝပုံရိပ်များကို ဆင့်ခေါ်နိုင်ခြင်းဖြစ်သည်။

ယခုမှရေးသားရန်ပြင်ဆင်နေသော လူတစ်ချို့သည် ထိုသဘာဝပုံရိပ်များကိုမြင်ချိန်တွင် ကူရာကယ်ရာမဲ့စွာဖြင့် သူတို့၏မျက်နှာအမူအယာများ ပျက်ယွင်းသွားကြသည်။

ရေးဖြေစာမေးပွဲသည် ယခုမှအစရှိသေးသော်လည်း အောင်မြင်ရန်ကံဇာတာပါရှိသူများက ထွက်ပေါ်နေပြီဖြစ်လေ၏။

သူတို့၏စာရေးသားခြင်းတွင် သဘာဝပုံရိပ်များကို ဆင့်ခေါ်နိုင်သူက တစ်ခြားသူများထက် ပို၍အားကောင်းသည်မှာ သိသာထင်ရှားပေ၏။

တောင်ထိပ်မှနေ၍ တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ကြည့်နေသည့် ဆရာဝေ့၏မျက်လုံးများအတွင်းတွင်မူ လှိုင်းဂယက်တစ်ခုပင်ထသွားခြင်းမရှိချေ။

"ဒီလူတွေကို ဆရာဝေ့ ဘယ်လိုထင်လဲ"

လုဝမ်ရှင်းက မေးမြန်းလိုက်သည်။

ဆရာဝေ့က ခေါင်းခါပြလိုက်လေ၏။

"လုမိသားစုရဲ့ဝမ်ယွမ်ခန်းမက တပည့်မတစ်ယောက်ဆိုရင် အသက်ဆယ်နှစ်မှာတင် စာတမ်းရေးသားနိုင်ပြီး သူမရဲ့သဘာဝပုံရိပ်ကို ပြသနိုင်ခဲ့တယ်....ခု စာတမ်းရေးသားနေတဲ့လူတွေက ထူးဆန်းတဲ့ပုံပန်းသွင်ပြင်တွေဆင့်ခေါ်နေပေမယ့် သာမာန်ပုံရိပ်တွေပဲဖြစ်ပြီး ထည့်ပြောစရာတောင်မလိုဘူး"

လုဝမ်ရှင်းက တခစ်ခစ်မြည်သည်အထိ ရယ်မောနေလေ၏။

"ဆရာဝေ့....ရှင် ဟာသသိပ်ပြောတာပဲ....ဒီနေရာက တောင်ပိုင်းစွန့်ပစ်ကုန်းမြေလေ....ဒီကကျင့်ကြံသူတွေက အလယ်ပိုင်းကုန်းမြေကသူတွေနဲ့တူညီတဲ့ ကျင့်ကြံမှုအရင်းအမြစ်တွေမှမရကြတာ"

"ကွန်ဖြူ းရှပ်တာအိုကျင့်ကြံမှုက စိတ်နှလုံးသားရဲ့ကျင့်ကြံမှုအပေါ်ပဲမူတည်တာ...အရင်းအမြစ်ပေါ်မှာမဟုတ်ဘူး....ဒီလူတွေက စင်ကြယ်တဲ့သူတော်ကောင်းတရားစာအုပ်တွေကို လေ့လာကြပေမယ့် လုမိသားစုကကွန်ဖြူ းရှပ်ကျောင်းတော်သားတွေရဲ့ နားလည်နိုင်စွမ်းနဲ့ အဝေးကြီးလိုသေးတယ်"

ဆရာဝေ့က သက်ပြင်းချလိုက်၏။

စာဖြေရာကွင်းပြင်၌...

အချိန်ကုန်ဆုံးလာသည်နှင့်အမျှ သဘာဝပုံရိပ်များကို ဆင့်ခေါ်နိုင်သူ ပို၍များပြားလာခဲ့သည်။

ထိုအချိန်မှာပင် ရောင်စုံအလင်းတန်းများက စာဖြေရာကွင်းပြင်၏အရှေ့ဘက်မှ ထွက်ပေါ်လာခဲ့သည်။

ထိုရောင်စုံအလင်းတန်းများနှင့်ယှဉ်တွဲ၍ ဖီးနစ်ဌက်တစ်ကောင်၏ငိုကြွေးသံက ပဲ့တင်ထပ်နေပေသည်။ ရောင်စုံအလင်းတန်းများအကြားမှ ဖီးနစ်ဌက်တစ်ကောင်က အမှန်တစ်ကယ်ပင် ပျံဝဲထွက်လာလေသည်။

ဖီးနစ်ဌက်၏ခန္ဓာကိုယ်ကို မီးတောက်များဖြင့် ဖုံးလွှမ်းနေသည်။ ဖီးနစ်ဌက်သည် သူ၏တောင်ပံများကို တဖျပ်ဖျပ်ခတ်ရင်းပျံသန်းနေရာ လေထုအတွင်း ပူပြင်းသည့်မီးတောက်အရိပ်အငွေ့များကို ချန်ထားခဲ့လေသည်။

လူတိုင်းက လှည့်ပတ်ကြည့်ရှုလိုက်ရာတွင် ဖီးနစ်ဌက်ပုံရိပ်ထွက်ပေါ်လာသည့် စားပွဲတွင်ထိုင်နေသူမှာ အမျိုးသမီးငယ်တစ်ယောက်ဖြစ်သည်ကို တွေ့မြင်ရသည်။

ထိုအမျိုးသမီးသည် ပညာရှင်ဝတ်စုံကိုဝတ်ဆင်ထားပြီး သူမ၏စုတ်တံသည်လည်း စာရေးသားခြင်းပြီးဆုံး၍ ရပ်တန့်နေပြီဖြစ်ပေ၏။ သူမ၏ရှေ့ရှိစာတမ်းပေါ်တွင် ရောင်စုံအလင်းတန်းအမြောက်အများက ဖြာထွက်တောက်ပနေလေသည်။

လူအုပ်ကြီးက အမျိုးသမီးငယ်၏မျက်နှာကို မြင်လိုက်ချိန်တွင်မူ သူမကိုသိရှိသောသူများက အံ့အားသင့်ခြင်းမရှိတော့ချေ။

သူမက ကွန်ဖြူ းရှပ်ဖန်းယင်၏တပည့် ကျီးချန်ယု ဖြစ်ပေ၏။ ကျေုာ်ကြားသည့်ဆရာတစ်ယောက်က ထူးချွန်သည့်တပည့်တစ်ယောက်အား မွေးထုတ်နိုင်ခြင်းသည် သာမာန်ကိစ္စသာ ဖြစ်လေသည်။

"ဒါက ဖီးနစ်သဘာဝပုံရိပ်ပဲ...ပညာရှင်ဖန်းယင်ရဲ့တပည့်မက သူမရဲ့ကျော်ကြားတဲ့ဂုဏ်သတင်းနဲ့ အမှန်တစ်ကယ် ကိုက်ညီပါပေတယ်"

ကြီးကြပ်သူက မြှောက်ပင့်ပြောဆိုလိုက်သည်။

ဖန်းယင်သည် သူ၏မုတ်ဆိတ်ကိုကိုင်ရင်းမှ ရယ်မောနေ၏။

"ဆည်းဆာငါးလေးက အသက်ငယ်ပြီး အတွေ့အကြုံနည်းပါးသေးတယ်...တစ်ကယ်လို့ သူမက ကွန်ဖြူ းရှပ်တာအိုကိုဆတ်ပြီးကျင့်ကြံမယ်ဆိုရင် အတွေ့အကြံုအများကြီးရှာဖို့လိုသေးတယ်"

ထိုအချိန်မှာပင် ထူးဆန်းသည့်မြင်ကွင်းတစ်ခုက စာဖြေရာကွင်းပြင်၏အနောက်ဘက်ခြမ်းမှ ထပ်မံထွက်ပေါ်လာခဲ့သည်။

"ဂရား..."

ကောင်းကင်ဘုံများအထိပင် တုန်ခါသွားစေသည့် ဟိန်းဟောက်သံနှင့်အတူ ကွင်းပြင်ရှိ တစ်ခြားသဘာဝပုံရိပ်များပင် မထင်မရှားဖြစ်သွားလေသည်။

ပါးလွှာသောလေထုအတွင်းတွင် နဂါးစိမ်းတစ်ကောင်က တိမ်တိုက်များကြားမှတိုးထွက်လာပြီး ကျယ်လောင်စွာ ဟိန်းဟောက်နေလေသည်။ ထိုနဂါးစိမ်းသည် အချိန်အတော်ကြာသည်အထိ လွင့်ပြယ်သွားခြင်းမရှိဘဲ စာဖြေကွင်းပြင်၏အထက်၌ ပျံဝဲနေလေသည်။

C220

အသူရာနဂါး သဘာဝပုံရိပ်

လူများ ဆွံအသွားကြ၏။

စင်မြင့်ပေါ်ရှိ ကြီးကြပ်သူများပင် အနည်းငယ်လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။

"ဘယ္သူ လုပ္တာလဲ"

ကြီးကြပ်သူတစ်ယောက်က အံ့အားသင့်ခြင်းများဖြင့် လှည့်ပတ်ကြည့်ရှုလိုက်သည်။

"ခုံနံပတ် ၃၄..လုရွှမ်အာလား...ဒါဆို သူမပေါ့....သူမက ဒီလိုအဆင့်မြင့်တဲ့ သဘာဝပုံရိပ်မျိုးကို ဆင့်ခေါ်နိုင်တာ အံ့သြစရာမရှိတော့ဘူး"

ကြီးကြပ်သူများအနက်မှတစ်ယောက်က လူစာရင်းကိုကြည့်ရှုပြီးနောက် ချက်ချင်းပင် နားလည်သဘောပေါတ်သွားပေ၏။

လုရွှမ်အာ...သူမက ကျောင်းအုပ်ကြီးလု၏သမီး မဟုတ်လော...

ဖန်းယင်၏မျက်လုံးများတွင် အံ့အားသင့်မှုအရိပ်အယောင်ဖြတ်ပြေးသွားသော်လည်း တခဏအကြာတွင်မူ ပြန်လည်တည်ငြိမ်သွားလေ၏။

"ရွှမ်အာက ထပ်ရှုပ်နေပြန်ပြီလား....အကြိမ်တိုင်း ဒီကလေးမက ဝင်ခွင့်စာမေးပွဲကိုဝင်ဖြေပြီး ဆော့ကစားချင်နေတာ...အစက ဒီမေးခွန်းက အတော်ခက်ခဲတာမို့ သူမက နောက်ဆုတ်သွားလိမ့်မယ်လို့ ကျွန်မထင်ထားခဲ့တာ...ဒီကလေးမက အရှုံးမပေးဘဲ အောင်မြင်သွားမယ်လို့ ကျွန်မ မတွေးခဲ့မိဘူး"

လုဝမ်ရှင်းက ခေါင်းခါလိုက်သည်။

"အကြီးဆုံးသခင်မလေးက ဒီလိုလုပ်ဖို့မလိုပါဘူး...ရွှမ်အာက ဒါကိုကြိုက်နှစ်သက်တယ်ဆိုမှတော့ သူစိတ်ချမ်းသာသလိုလုပ်ပါစေ...ဒါပေမယ့် ရွှမ်အာရဲ့ပါရမီကို တောင်ပိုင်းစွန့်ပစ်ကုန်းမြေလိုနေရာမျိုးမှာ အလကားဖြုန်းတီးပစ်တာတော့ မဖြစ်သင့်ဘူး...ဘာလို့ ကျွန်တော်ကို အလယ်ပိုင်းကုန်းမြေစီ ရွှမ်အာကိုခေါ်ဆောင်သွားဖို့ ခွင့်မပြုတာလဲ...သူမရဲ့အနာဂတ်က အကန့်အသတ်မရှိဘူး"

ဆရာဝေ့က အကြံပြုလိုက်လေ၏။

လုဝမ်ရှင်းက ဆိတ်ဆိတ်သာနေနေသည်။

သူမ လှုပ်ရှားမှုမရှိသည်ကိုကြည့်ပြီး ဆရာဝေ့က အလျှင်စလိုဖြင့် ထပ်မံတိုက်တွန်းပြောဆိုလိုက်သည်။

"အကြီးဆုံးသခင်မလေး...ရွှမ်အာက အရွယ်ရောတ်နေပြီ....မင်း မြင်တဲ့အတိုင်းပဲ....သူမက ကွန်ဖြူ းရှပ်တာအိုကျင့်ကြံတာမှာ ပါရမီရှင်တစ်ယောက်ပဲ....သူမရဲ့အနာဂတ်အတွက် သူမကိုယ်တိုင်ဆုံးဖြတ်ချက်ချသင့်တယ်

လုဝမ်ရှင်းက စကားပြန်မပြောမှီ အချိန်တခဏကြာတွေဝေနေခဲ့သည်။

"ရွှမ်အာ ပြန်ရောက်တာနဲ့...ကျွန်မ သူကို ဆုံးဖြတ်ချက်ချခိုင်းမယ်"

ဆရာဝေ့က စာဖြေကွင်းပြင်စီသို့ ကြည့်နေရင်းမှ သက်ပြင်းတစ်ချက်ချလိုက်သည်။

"မီးဖီးနစ်သဘာဝပုံရိပ်က အရမ်းထူးချွန်တယ်လို့ယူဆနိုင်တယ်...ရွှမ်းအာရဲ့အသူရာနဂါးသဘာဝပုံရိပ်ကိုတောင် အဲ့ဒါကယှဉ်ပြိုင်နိုင်တယ်....တောင်ပိုင်းစွန့်ပစ်ကုန်းမြေလိုနေရာမျိုးမှာ ဒီလိုသဘာဝပုံရိပ်တွေ တွေ့ရလိမ့်မယ်လို့ ကျွန်တော် ဘယ်တုန်းကမှ တွေးမထားခဲ့ဘူး"

စာဖြေကွင်းပြင်၌....

နဂါးနှင့်ဖီးနစ် သဘာဝပုံရိပ်နှစ်ခုက လေထုအတွင်း မျောလွင့်နေသည်။

ထိုသဘာဝပုံရိပ်နှစ်ခုထွက်ပေါ်ပြီးချိန်တွင် တစ်ခြားစာတမ်းများမှ အားနည်းသောသဘာဝပုံရိပ်များသာ ထွက်ပေါ်နေပေသည်။

"ကြည့်ရတာ ရွှမ်းအာတစ်ယောက်တည်းကပဲ ဆည်းဆာငါးကို ယှဉ်ပြိုင်နိုင်မယ်ထင်တယ်"

ကြီးကြပ်သူတစ်ယောက်က သက်ပြင်းချလိုက်၏။

"ဝီ....."

ရုတ်တရက် လေထုကို ထွင်းဖောတ်လာသောအသံထွက်ပေါ်လာသည်။

တူညီသောအချိန်နီးပါးပင် သဘာဝပုံရိပ်များအားလုံး တပြိုင်နက်တည်း မှုန်ဝါးသွားပေ၏။

"ဘာဖြစ်တာလဲ"

မြောက်များစွာသည့် ကျောင်းတော်သားကျင့်ကြံသူများက ခေါင်းမော့ကြည့်လိုက်ကြ၏။

ထိုအချိန်တခဏတွင် သူတို့စိတ်ဝိညာဉ်များ၏အနက်ရှိုင်းဆုံးအပိုင်းမှ တုန်ခါလာမှုကို ခံစားရသည်။

တောင်၏တဖက်ခြမ်းတွင် ထင်ရှားကြည်လင်ခြင်းမရှိသေးသည့် ပုံရိပ်တစ်ခု ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။

ထိုပုံရိပ်သည် ထင်ထင်ရှားရှားမမြင်နိုင်သေးမှီကပင် အလွန်အမင်းလွှမ်းမိုးနိုင်သည့်အရှိန်အဝါ ပါရှိပေသည်။ ပုံရိပ်ထွက်ပေါ်လာသည့် အချိန်တခဏတွင် သမာဓိချီများဝန်းရံလှည့်ပတ်နေပြီး အားကောင်းလှပေ၏။

"သူတော်စင်က မင်းကို အသိအမှတ်ပြုတယ်"

"ဘယ်သူ....ဘယ်သူက ဝမ်ရှန့်ရဲ့အသိအမှတ်ပြုမှုကိုရတာလဲ"

ကြီးကြပ်သူများ၏မျက်နှာအမူအယာများ ချက်ချင်းပင်ပြောင်းလဲသွားပြီးနောက် ကွန်ဖြူ းရှပ်ဖန်းယင်ပင်လျှင် မတ်တတ်ထရပ်လိုက်၏။

ကောင်းကင်ယံမှနေ၍ မရေမတွက်နိုင်သည့် သမာဓိစွမ်းအင်များက ဆင်းသက်လာပြီး စာဖြေကွင်းပြင်တစ်နေရာစီသို့ တိုးဝင်သွားသည်။

"ဝီ....ဝီ...."

သမာဓိစွမ်းအင်လှိုင်းကဆင်းသက်လာပြီးနောက် လူတစ်ယောက်၏ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းသွားခြင်းကို လူတိုင်းတွေ့မြင်လိုက်ရသည်။

ထိုလူပုဂ္ဂိုလ်အား လျှို့ဝှက်ဆန်းကြယ်သည့်အရှိန်အဝါတစ်ခုက လွှမ်းခြုံထားပေ၏။ စာတမ်းအတွင်းတွင် သူတော်စင်တစ်ယောက်၏ မန္တန်ရွတ်ဆိုသံကို လူတိုင်းကြားနေရနိုင်သည်။ ထိုအသံက ကွင်းပြင်တစ်ခုလုံး နားအူလုမတတ်ထွက်ပေါ်လာလေ၏။

"ခုံနံပါတ် ၂၀၁"

"မြန်မြန်....သူ ဘယ်သူလဲဆိုတာရှာဖွေကြ"

ကြီးကြပ်သူများက အလျှင်အမြန်ဖြင့် လူစာရင်းကို ကြည့်လိုက်ကြသည်။

"လျှိုချုံး...လျှိုချံုးက ဘယ်သူလဲ"

တောင်ထိပ်တွင် လုဝမ်ရှင်းနှင့်ဆရာဝေ့တို့ကလည်း ယခုမြင်ကွင်းကို တပြိုင်နက်တည်းကြည့်ရှုလိုက်ကြ၏။

လုဝမ်ရှင်းက အံ့သြတကြီး ရေရွတ်လိုက်၏။

"ဒီနေရာမှာရှိတဲ့ တစ်စုံတစ်ယောက်က ဝမ်ရှန့်ရဲ့အသိအမှတ်ပြုမှုကို ခံရမယ်လို့ ကျွန်မ ထင်မထားမိဘူး"

ဝမ်ရှန့်၏အသိအမှတ်ပြုမူကိုရရှိသူသည် သမင်ဖြူ ကျောင်းတော်ကို ဝင်ရောက်ခွင့်ရရှိမည်မှာ သေချာပေသည်။

အမှန်အားဖြင့် သမင်ဖြူ ကျောင်းတော်မှဆရာတိုင်းပင်လျှင် သူတော်စင်၏အသိအမှတ်ပြုမှုကိုမခံရချေ။

ဝှစ်...ဝှစ်...ဝှစ်

လူရိပ်တစ်ချို့က စာဖြေကွင်းပြင်ပေါ်သို့ ဆင်းသက်လာလေသည်

"လျှိုချုံး....ဒီလို ခွန်အားမျိုးနဲ့ဆိုရင် ဘာလို့လူအုပ်ကြားထဲဆတ်နေနေတာလဲ...ငါတို့ရဲ့သမင်ဖြူ ကျောင်းတော်က မင်းကိုတိုက်ရိုက်လက်ခံဖို့ ဆန္ဒရှိတယ်"

ဖန်းယင်က စာဖြေကွင်းပြင်ထံသို့ ပျံဝဲဝင်လာပြီးနောက် အော်ဟစ်လိုက်၏။

စာဖြေဆိုနေသည့်ဆဲဆဲသာရှိသေးသော လျှိုချုံး၏ခန္ဓာကိုယ် တုန်ရီသွားလေသည်။

ဘာ...သူအား အမှန်တကယ် ခေါ်လိုက်သလော...

All Chapters