← Chapters

အခန်း (၂၂၁-၂၂၅)

Vol. 11-15 Ch. 221-225

အခန်း (၂၂၁-၂၂၅)

Vol. 11-15 Ch. 221-225

C221

ပညာရှင်ဖန်းယင်က ထပ်မံခေါ်ဆိုလိုက်ချိန်မှသာ လျှိုချုံးသည် သူ အခေါ်ခံရသည်ကို ယုံကြည်သွားခဲ့သည်။

လျှိုမင်သည် သူ၏စိတ်နှလုံးသားအတွင်းမှ စိတ်လှုပ်ရှားမှု၏ဖိနှိပ်ထားမှုကြောင့် ခန္ဓာကိုယ်တစ်ခုလုံးတုန်ရီနေရသည်။

ယခု သူက သမင်ဖြူ ကျောင်းတော်သို့ တိုက်ရိုက်ဝင်ခွင့်ရရှိခဲ့လေသည်။ ဤဖြစ်ရပ်က သူမျှော်လင့်ထားသောကိစ္စမျိုးမဟုတ်ချေ။

"ဟမ့်.....ဖြစ်နိုင်တာတော့ ငါရဲ့စာတမ်းကအရမ်းထူးချွန်နေတာမို့ သမင်ဖြူ ကျောင်းတော်ရဲ့အာရုံစူးစိုက်မှုကိုခံရတယ်ထင်တယ်"

လျှိုမင်၏မျက်လုံးများတွင် သူကိုယ်သူမထိန်းချုပ်နိုင်တော့ဘဲ စိတ်ကြီးဝင်မှုအရိပ်အယောင်များ ထင်ဟပ်လာလေသည်။

ပတ်ဝန်းကျင်ရှိလူများကို လျှိုချုံးက အထင်အမြင်သေးစွာဖြင့် လှည့်ပတ်ကြည့်ရှုပြီး နှာတစ်ချက်မှုတ်လိုက်သည်။ သူက မတ်တတ်ထရပ်ပြီး ပြောဆိုလိုက်လေ၏။

"ကျွန်တော်က လျှိုချုံးပါ"

လူတိုင်း၏အကြည့်က တညီတညာတည်း လျှိုချုံးပေါ်သို့ ကျရောက်လာကြသည်။

သူတို့၏မလှမ်းမကမ်းအကွာအဝေးရှိ လျှိုချုံး၏ပတ်လည်တွင် သမာဓိစွမ်းအင်များက ရစ်သိုင်းနေပေ၏။

ဖြစ်နိုင်သည်က ဤနေရာသို့ သဘာဝစွမ်းအင်များ ကျရောတ်နေသလော...

ဖန်းယင်က စိတ်ကျေနပ်မှုအပြည့်ဖြင့် ခေါင်းတညိမ့်ညိမ့်လုပ်နေလေ၏။

"မင်းက ဝမ်ရှန့်ရဲ့အသိအမှတ်ပြုမှုကို ရရှိခဲ့တာမို့....သမင်ဖြူ ကျောင်းတော်ကို တိုက်ရိုက်ဝင်ရောတ်နိုင်တယ်"

လျှိုချုံးက အပျော်လွန်နေလေ၏။ သူ၏လက်များကို အလျှင်အမြန်ဖြင့် လက်ဆုပ်ပြီးပြောဆိုလိုက်သည်။

"ကျေးဇူးတင်ပါတယ် ဆရာသခင်"

အချိန်တခဏကြာပြီးနောက် လျှိုချုံးက သူ၏ထိုင်ခုံသို့ ဂုဏ်ယူဝင့်ကြွားနေသည့် မျက်နှာအမူအယာဖြင့် ပြန်လည်ရောက်ရှိလာခဲ့သည်။ ယခုတစ်ကြိမ် ထပ်မံထိုင်ရခြင်းသည် သူအတွက် ယခင်နှင့်များစွာကွဲပြားခြားနားပေသည်။

ယခုလက်ရှိတွင် လျှိုချုံးသည် သမင်ဖြူ ကျောင်းတော်၏တရားဝင်တပည့်အဖြစ် ပညာရှင်များ၏ ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်ခြင်းခံထားရသူဖြစ်သည်။

ဤအခြင်းအရာက အနာဂတ်တွင် လျှိုချုံးရရှိမည့် အရင်းအမြစ်ပမာဏသည် သာမာန်တပည့်များထက် အဆပေါင်းများစွာ ပို၍များပြားမည်မှာ သေချာပေသည်။ သမင်ဖြူ ကျောင်းတော်တွင်ပင် သူက ထက်မြတ်ထူးချွန်သည့်ပုံရိပ်ကို ဖော်ဆောင်နိုင်ပေမည်။

လျှိုချုံးက စာရေးသားနေခြင်းကိုရပ်တန့်လိုက်သည့် လျှိုမင်ကို တစ်ချက်ကြည့်ပြီး သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ အေးစက်စက်ရယ်မောလိုက်သည်။

"အမှိုက်က တစ်ကယ်ကိုအမှိုက်ပါပဲ....သူရဲ့စာတမ်းက အတော်ကိုသာမာန်ဖြစ်နေပြီး ဘာသဘာဝပုံရိပ်မှဖြစ်ပေါ်ခြင်းမရှိဘူး"

အချိန်နှစ်နာရီက အလျှင်အမြန်ကုန်ဆုံးလာခဲ့၏။

လုယွီသည်လည်း ဖြေဆိုရေးသားခြင်းပြီးပြီဖြစ်၍ သူ၏စာအဖြေလွှာကို လိပ်လိုက်သည်။ ဤမေးခွန်းသည် မေးခွန်းကြီးဖြစ်သော်လည်း သူအတွက်ခက်ခဲမှုမရှိချေ။

"အချိန်စေ့ပြီ"

ကြီးကြပ်သူတစ်ယောက်သည် အမိန့်ပေးလိုက်ပြီးနောတ် သူ၏လက်ချောင်းများမှနေ၍ မန္တန်သင်္ကေတတစ်ခုကိုဖွဲ့စည်းလိုက်လေ၏။ ရုတ်ချည်းဆိုသလိုပင် မြောက်မြားစွာသည့် စာလိပ်များက လေထုအတွင်းပျံဝဲတတ်သွားပြီး သူ၏ရှေ့သို့ကျဆင်းလာကြသည်။

"သုံးရက်ကြာပြီးရင် ရေးဖြေစာမေးပွဲရဲ့ရလဒ်ကို ကြေငြာမယ်"

ကြီးကြပ်သူက လေးနက်တည်ကြည်သောအသံဖြင့် ပြောဆိုလိုက်သည်။

လျှိုမင်နှင့်လုယွီသည် ရှေ့ဆင့်နောတ်ဆင့်ထိုင်နေပြီး သာမာန်စာဖြေသူများလိုပင် ရိုးရှင်းစွာဖြင့်နေနေကြသည်။

"အမှိုက်တစ်ကောင်က အမှိုက်ပဲဆတ်ဖြစ်နေအုံးမှာပဲ...လျှိုမင် မင်းရဲ့အစွမ်းလောတ်နဲ့များ မိသားစုအရင်းအမြစ်တွေကို ငါနဲ့ယှဉ်ပြီးလုရဲတယ်ပေါ့...မင်းက တော်တော်ဆိုးရွားတဲ့ကောင်ပါလား"

လျှိုချုံးက အေးစက်စက်ရယ်မောရင်းမှ ပြောဆိုလိုက်သည်။

"လျှိုချုံး....မင်း ငါကိုဖိအားမပေးနဲ့"

လျှိုမင်းက အသံနက်ကြီးဖြင့် ပြန်လည်အော်ဟစ်လိုက်၏။

"မင်းက ဒေါသထွက်နေတာလား.....မင်းရဲ့အရည်အချင်းလောတ်နဲ့ သမင်ဖြူ ကျောင်းတော်ကို ဝင်ဖို့လုံလောတ်တယ်လို့ ထင်နေတာလား"

လျှိုချုံးသည် သူကိုယ်သူအားရကျေနပ်နေသဖြင့် ပျော်ရွှင်နေလေသည်။

လျှိုမင်ကမူ ဒေါသတကြီးဖြစ်နေလေ၏။ သူက ပြန်လည်ခွန်းတုန့်ပြန်ရန် ဟန်ပြင်လိုက်သော်လည်း လုယွီကတားဆီးထားလေ၏။

"လူသားဆန်သူတွေက ဆန္ဒရှိရာကို ရရှိနိုင်တယ်....မင်းကိုယ်မင်းသာဂရုစိုက်သင့်တယ် မဟုတ်ဘူးလား"

လုယွီက လျှိုမင်အား အကြံပေးလိုက်၏။

လျှိုမင်သည် အချိန်တခဏကြာစဉ်းစားပြီးနောက် လုယွီအား အရိုအသေပြုလိုက်သည်။

"ညီလေးလု ပြောတာမှန်တယ်....ငါက ဒီလိုလူစားမျိုးတွေနဲ့ ရေးကြီးခွင်ကျယ်လုပ်မနေသင့်ဘူး"

"ဟား ဟား ဟား.....မင်းတို့အားလုံး ဆတ်ပြီးသရုပ်ဆောင်နေကြ...မင်းကို လူပြက်တစ်ကောင်လို့မြင်လို့ ငါကိုသတ်ချင်နေတာလား"

လျှိုချံးက ကျယ်လောင်စွာဖြင့်လှောင်ပြောင်နေလေ၏။

လုယွီ၏မျက်နှာတွင် အပြုံးစထင်ဟပ်နေလေသည်။

"သိပ်မကြာခင်အချိန်မှာပဲ....ခွန်အားခြင်း ဘာကွာခြားတယ်ဆိုတာ ခင်ဗျားသိရမှာပေါ့"

လုယွီက တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်၏။

လုယွီတို့နှစ်ယောက် စာဖြေကွင်းပြင်မှ ထွက်ခွာသွားသည်ကိုကြည့်ပြီး လျှိုချုံးက အထင်အမြင်သေးဟန်ဖြင့် နှာမှုတ်နေလေသည်။

"လူပြက်တစ်သိုက်ကများ...မင်းတို့ကိုယ်မင်းတို့ အစွမ်းထက်တယ်လို့ အမှန်တစ်ကယ်များတွေးတောနေကြတာလား....မင်းတို့ရဲ့စာတမ်းကနေ သဘာဝပုံရိပ်တစ်ခုတောင် ဖော်ထုတ်နိုင်ခြင်းမရှိတာ...ဒါတောင် သမင်ဖြူ ကျောင်းတော်ကို ဝင်ဖို့စဉ်းစားရဲသေးတယ်ပေါ့...ဘယ်လိုဟာသမျိုးလဲ"

လျှိုချုံးက လှောင်ပြောင်သရော်နေလေ၏။

"ညီလေး လု....ငါ ပြန်သွားပြီး နောက်ထပ်သုံးနှစ် စာထပ်လေ့လာတော့မယ်...ကျင့်ကြံသူတစ်ယောက်အနေနဲ့ ငါမှာသက်တမ်းအရှည်ကြီးရှိတယ်...ဒါကြောင့် ငါက နောက်ထပ်စာမေးပွဲအတွက်ပြင်ဆင်ဖို့ အချိန်တွေအများကြီးကျန်ပါတယ်"

လျှိုမင်သည် စဉ်းစားတွေးတောနေရင်းမှ လုယွီအား ပြောဆိုလိုက်၏။

လုယွီက ခေါင်းခါယမ်းပြလိုက်သည်။

"အခုထိ ရလဒ်ကို မင်းသိသေးလို့လား...မင်းကိုယ်မင်း အလွယ်တကူ ဆုံးဖြတ်ချက်မချသင့်ဘူး"

လုယွီက သမင်ဖြူ ကျောင်းတော်ရှိရာသို့ ကြည့်လိုက်သည်။

"သုံးရက်အကြာမှာ...ငါတို့ရလဒ်ကိုသိရလိမ့်မယ်....တစ်ကယ်လို့ မင်းအခုပြန်သွားမယ်ဆိုရင် နောင်တရလိမ့်မယ်....မင်း အေးစက်မိုးတိမ်မြို့မှာပဲ စောင့်ဆိုင်းနေသင့်တယ်...မင်း သုံးနှစ်တောင် စောင့်နိုင်မှတော့ ဒီသုံးရက်ကို မစောင့်နိုင်ဘူးလား"

C222

သမင်ဖြူ ကျောင်းတော်...ဝမ်တောင်ခန်းမ

ဤနေရာသည် သာမာန်ကမ္ဘာလောကရှိ စာမေးပွဲအဖြေလွှာစစ်ဆေးသည့်နေရာများကဲ့သို့ မြောက်များစွာသည့် အဖြေလွှာများ၏ရလဒ်ကို ဆုံးဖြတ်သည့်နေရာဖြစ်သည်။

ကြီးကြပ်သူအများစုသည် ကျောင်းတော်၏နည်းပြများဖြစ်ကြ၏။ ကွန်ဖြူ းရှပ်ပညာရှင်များသည် တစ်ခြားသာမာန်သေမျိုးများနှင့်များစွာကွဲပြားခြားနားသည်။ အကြည့်တစ်ချက်ဖြင့် စာတမ်းဆယ်ကြောင်းခန့်ကို ကြည့်ရှုရုံဖြင့်ပင် ဖြေဆိုသူသည် အောင်မြင်သည် မအောင်မြင်သည်ကို ဆုံးဖြတ်နိုင်စွမ်းရှိသည်။

"ဒီနှစ်အတွက် ငါတို့ရဲ့သမင်ဖြူ ကျောင်းတော်က တပည့်သစ်သုံးရာကိုပဲ လက်ခံမယ်...ဒါပေမယ့် စည်းမျဉ်းအသေမဟုတ်ဘူး...တစ်ကယ်လို့ အရည်အချင်းမှီတဲ့သူမရှိဘူးဆိုရင် ငါတို့သမင်ဖြူ ကျောင်းတော်က တစ်ဦးတစ်ယောက်ကိုမှ လက်ခံမှာမဟုတ်ဘူး"

ဖန်းယင်သည် သူ၏သင်ကြားချိန်ပြီးသည်နှင့် ရောက်ရှိလာသည့်လုဝမ်ရှင်းကို ရိုသေလေးစားစွာဖြင့် ပြောဆိုလိုက်သည်။

"ကျောင်းအုပ်ကြီး...ဒါက သဘာဝပုံရိပ်တွေကို ဖြစ်ပေါ်စေတဲ့ စာလိပ်တွေပါ"

ဖန်းယင်၏စားပွဲပေါ်တွင် စာလိပ်များစွာရှိနေသည်။ စာလိပ်တစ်ခုစီတိုင်းသည် လျှို့ဝှက်ဆန်းကြယ်သောအလင်းရောင်များ တောက်ပနေလေ၏။

လုဝမ်ရှင်းနှင့်အတူ ဆရာဝေ့လည်း အတူရှိနေသည်။ ဤနေရာသို့ သူတို့ရောက်ရှိနေခြင်းမှာ တစ်ချို့သောအံ့အားသင့်စရာကောင်းသည့် စာလိပ်တစ်ချို့ကြောင့်ဖြစ်သည်။

လုဝမ်ရှင်းသည် သာမာန်ကာလျှံကာဖြင့် စာလိပ်တစ်ခုကိုဖွင့်လိုက်ရာ ရုတ်တရက် အဝါရောင်သဲများက မျောလွင့်လာခဲ့သည်။ အဝါရောင်သဲများက လေထုအတွင်းမျောလွင့်နေပြီး ရှေးကျသည့်အော်ရာကိုထုတ်လွှတ်ပေးနေသည်။

"ထာဝရအသက်နဲ့တမလွန်သံသရာကနေ ပြာအဖြစ်ပြောင်းလဲသွားတာကို သက်သေပြထားတာလား...ဒါက နည်းလမ်းကောင်းပဲ ဒါပေမယ့် လှည့်စားမှုတစ်ချို့တော့ရှိနေတယ်...တစ်ကယ်လို့ ဒီခလေးသာ သမင်ဖြူ ကျောင်းတော်ကို ဝင်ရောက်လာခဲ့ရင် အရည်အချင်းတစ်ချို့ရှိတယ်လို့ ယူဆနိုင်တယ်"

ဆရာဝေ့က စာလိပ်ကိုကြည့်ရင်း နံဘေးမှနေ၍ မှတ်ချက်ပြုလိုက်၏။

ဆရာဝေ့၏မှတ်ချက်စကားကိုကြားသော လုဝမ်ရှင်းကလည်း သဘောတူလက်ခံသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။

လုဝမ်ရှင်းသည် နောက်ထပ်စာလိပ်အနည်းငယ်ကိုလည်း ဆတ်လတ်လှန်လှောနေခဲ့သည်။ ထိုစာလိပ်များအားလုံးသည် ထူးဆန်းသောသဘာဝပုံရိပ်များကိုဖော်ထုတ်နိုင်ခဲ့ကြ၏။

ဤသဘာဝပုံရိပ်များ၏မြင်ကွင်းသည် သာမာန်လူများ၏အမြင်တွင် အံ့အားသင့်ဖွယ်ကောင်းနေမည်ဖြစ်သော်လည်း လုဝမ်ရှင်းနှင့်ဆရာသခင်ဝေ့၏မျက်လုံးများကမူ အနည်းငယ်မျှပင်ဂယက်ထသွားခြင်းမရှိချေ။

"ဒါက...ရႊမ္အာရဲ႕ စာလိပ္လား"

လုဝမ်ရှင်းက ရုတ်တရက် သမီးဖြစ်သူ၏စာလိပ်အား ဖြည်လိုက်သည်။ သူမ စာလိပ်ကိုဖွင့်လိုက်သည်နှင့် အတွင်းရှိ နဂါးဟိန်းသံထွက်ပေါ်လာသည်။ ခန်းမတစ်ခုလုံး အသူရာနဂါး၏ဒေါသတကြီးဟိန်းသံနှင့် ကြည့်နှက်သွားခဲ့သည်။ မူလက လင်းလက်တောက်ပနေသည့် စာလိပ်တစ်ချို့ပင် မှေးမှိန်သွားပေ၏။

ဆရာဝေ့က နံဘေးမှနေ၍ ချီးမွမ်းပြောဆိုနေလေသည်။

"ရွှမ်အာရဲ့ကွန်ဖြူ းရှပ်ကျင့်ကြံမှုက သေချာတဲ့အဆင့်တစ်ခုကိုရောက်နေပြီ...ငါက ဒီနှစ်တွေမှာ စာလိပ်တွေကိုအကဲဖြတ်နေခြင်းကြောင့်သာမဟုတ်ရင် ဒီလိုစာလိပ်မျိုးကို မြင်တွေ့ရမှာမဟုတ်ဘူး"

"ဆရာဝေ့က အရမ်းကြင်နာတတ်တာပဲ...ရွှမ်အာက အသက်ငယ်ငယ်လေးပဲရှိသေးပြီးတော့....ကျွန်မ ပိုပြီး သင်ကြားပေးဖို့လိုသေးတယ်"

လုဝမ်ရှင်းက တည်ငြိမ်စွာဖြင့် ပြောဆိုနေပြီး လုရွှမ်အာ၏စာတမ်းအား ကြည့်ရှုနေလေသည်။

ဆရာဝေ့က လုရွှမ်အာ၏စာရွက်အပေါ်ထောင့်ရှိ "လု"ဟုရေးသားထားသည့်စာလုံးပေါ်သို့ အကြည့်ရောကာသွားခဲ့သည်။

"ရွှမ်အာက လုမိသားစုအစစ်အမှန်မဟုတ်ပေမယ့်...အကြီးဆုံူသခင်မလေးရဲ့မွေးစားသမီးဖြစ်ပြီး ကောင်းမွန်တဲ့စွမ်းရည်လည်းရှိတယ်...ကျွန်တော်က သူကို လုမိသားစုစီခေါ်သွားချင်တယ်....အဲ့ဒီလိုသာဆိုရင် သခင်အိုကြီးက သူမကို လုမိသားစုကိုဝင်ရောက်ကျင့်ကြံဖို့ သဘောတူမှာသေချာတယ်"

ဆရာဝေ့က ထိုစကားများကို တစ်စုံတစ်ခုကိုရည်ရွယ်၍ ပြောဆိုလိုက်ခြင်းဖြစ်သည်။

လုဝမ်ရှင်းက ခေါင်းခါယမ်းလိုက်၏။ သူမက ဆရာဝေ့၏ရည်ရွယ်ချက်ကို ကောင်းစွာရိပ်စားမိပေ၏။ မည်သို့ပင်ဖြစ်စေ အရာအားလုံးသည် သူမ သမီးဖြစ်သူ၏ကိုယ်ပိုင်ဆုံးဖြတ်ချက်ပေါ်တွင်သာ မူတည်ပေသည်။ လုဝမ်ရှင်းက စာလိပ်ကိုပြန်ပိတ်ပြီး တစ်ခြားစာလိပ်များကို တစ်ခုပြီးတစ်ခု ကြည့်ရှုနေသည်။

ယခုအချိန်တွင် သူမ ယခင်ကကြည့်ရှုခဲ့သည့် သဘာဝပုံရိပ်အများအပြားသည် ပါးလွှာသောလေထုအတွင်း ပျောတ်ကွယ်စပြုလာခဲ့သည်။ သို့ရာတွင် တောက်လောင်နေသောမီးများကြားမှ ဖီးနစ်ပုံရိပ်နှင့်တိမ်များကိုစီးနင်းနေသည့် အသူရာနဂါးပုံရိပ်က လူတိုင်း၏အမြင်ကိုဖမ်းစားနိုင်စွာဖြင့် ကျန်ရှိနေဆဲဖြစ်သည်။

"သူတော်စင်တစ်ယောက်ရဲ့အသိအမှတ်ပြုမှုကို ရရှိတဲ့ စာတမ်းက ဘယ်မှာလဲ"

လုဝမ်ရှင်းက မေးမြန်းလိုက်၏။

ရုတ်ချည်းပင် ကြီးကြပ်သူတစ်ယောက်က လျှိုချုံး၏စာလိပ်ကို လုဝမ်ရှင်းထံသို့ လက်ကမ်းပေးလိုက်သည်။

လုဝမ်ရှင်းက ထိုစာလိပ်ကိုဖွင့်ချိန်တွင် အတွင်းမှနေ၍ ဌက်တစ်ကောင်၏ငိုကြွေးမြည်တမ်းသံ ထွက်ပေါ်လာသည်။ စာလိပ်အတွင်းမှ ဌက်တစ်ကောင်ပျံဝဲထွက်လာပြီး အနီးအနား၌ လှည့်ပတ်ပျံသန်းနေလေ၏။ သိသာထင်ရှားစွာပင် ဤဌက်သည် လျှိုချုံး၏စာတမ်းမှ သဘာဝပုံရိပ်ဖြစ်ပေသည်။

လုဝမ်ရှင်းက မျက်မှောင်ကြုတ်လိုက်၏။

"ရှင် တစ်ခုခုနဲ့များမှားပေးတာလား"

ကြီးကြပ်သူထံမှ ချွေးများယိုစီးထွက်လာပြီး သူက စာလိပ်ကို ဂရုတစိုက်စစ်ဆေးကာ ပြန်လည်ဖြေကြားလိုကာသည်။

"ကျောင်းအုပ်ကြီးကို သတင်းပို့ပါတယ်...ဒါက လျှိုချုံးရဲ့စာတမ်းအမှန်ပါပဲ"

နံဘေးမှ ပညာရှင်ဖန်းယင်က မတ်တတ်ထရပ်ပြီး တည်ကြည်လေးနက်စွာဖြင့် ပြောဆိုလိုက်၏။

"ဒီစာတမ်းက မဆိုးဘူးဆိုပေမယ့် ဝမ်ရှန့်ရဲ့အသိအမှတ်ပြုမှုကို ရရှိဖို့ မလုံလောတ်ဘူး...ဖြစ်နိုင်တာတော့ ဒီလူက လူလိမ်တစ်ယောက်များလား...ငါကို ထပ်ရှာပေးစမ်...ငါက ဝမ်ရှန့်ရဲ့အသိအမှတ်ပြုမှုကိုရရှိတဲ့စာတမ်းကို ဒီနေ့ရှာတွေ့နိုင်ရမယ်"

"ဟုတ်ကဲ့ပါ ဆရာဖန်းယင်"

ကြီးကြပ်သူက အလျှင်အမြန် ပြန်လည်ပြောဆိုလိုက်၏။

နံဘေး၌ရှိနေသည့် ဆရာဝေ့က သူ၏လက်ကိုဝှေ့ယမ်းလိုက်သည်။

"မင်း ဒုက္ခခံစရာမလိုပါဘူး...ငါကိုလုပ်ခွင့်ပြုပါ"

ထို့နောက်တွင်မူ ဆရာဝေ့ထံမှ ပြင်းထန်သည့်ဝိညာဉ်စွမ်းအင်လှိုင်းများထွက်ပေါ်လာခြင်းကို လူတိုင်း ခံစားမိသည်။

"ဒီ တစ္ခုပဲ"

ဆရာဝေ့၏မျက်လုံးများ တောက်ပသွား၏။ သူ၏စိတ်ဝိညာဉ်သည် လေထုအတွင်းမျောလွင့်နေပြီးအဖြူ ရောင်အလင်းတောက်ပနေသည့် စာလိပ်တစ်လိပ်၏အပေါ်၌ အေးခဲသွားလေသည်။

C223

"လာခဲ့"

ဆရာဝေ့က သူ၏လက်ကိုစာလိပ်ထံသို့ ဦးတည်ဝှေ့ယမ်းလိုက်၏။ သို့ရာတွင် ထိုစာလိပ်က ဆရာဝေ့အား ခုခံတွန်းလှန်နေပုံရပြီး လေထုအတွင်းမျောလွင့်နေရာမှ အဆတ်မပြတ်တုန်ခါနေသည်။

"ငါ မျှော်လင့်ထားသလိုပဲ...ဝမ်ရှန့်ရဲ့အသိအမှတ်ပြုမှုကိုရရှိထားတယ့်စာလိပ်က သာမာန်မဖြစ်နိုင်ဘူး...မဆိုးပါဘူး...ငါ အရမ်းမဆင်မခြင်လုပ်မိသွားတယ်"

ဆရာဝေ့က ရုတ်တရက်မတ်တတ်ထရပ်ပြီး စာလိပ်အနားသို့ လမ်းလျှောက်သွားကာ ဂရုတစိုက် ဖွင့်လိုက်လေ၏။

ဒေါင်....

တခဏချင်းမှာပင် သမင်ဖြူ တောင်၏တစ်ခြားဘက်ခြမ်းမှနေ၍ မိုးခြိမ်းသံများ ပဲ့ထပ်ထပ်ထွက်ပေါ်လာခဲ့သည်။ ထိုမိုးခြိမ်းသံနှင့်ယှဉ်တွဲ၍ မြင့်မားသည့်အဖြူ ရောင်ပုံရိပ်ကြီးက လေထုအတွင်းမျောလွင့်နေပေ၏။

"ဘာတွေ ဖြစ်နေတာလဲ"

"သူတော်စင်တစ်ပါးများ ထွက်ပေါ်လာတာလား...ဒါလည်းမဖြစ်နိုင်ဘူး"

"ဒါက မနေ့က သူတော်စင်ရဲ့အသိအမှတ်ပြုမှုကိုရတယ့် ဖြေဆိုသူရဲ့သဘာဝပုံရိပ်ဖြစ်ရမယ်....သူ ဘယ်သူလဲဆိုတာ ငါသိချင်နေမိတယ်...အရမ်းသန်မာတာပဲ"

သမင်ဖြူ တောင်ရှိကျင့်ကြံသူများသည် ထိုမြင်ကွင်းကိုမြင်ချိန်တွင် ကူရာကယ်ရာမဲ့စွာဖြင့် အံသြတကြီးရေရွတ်နေကြ၏။ သင်ကြားပေးနေသော နည်းပြပညာရှင်များပင် မြင့်မားလှသောပုံရိပ်ကြီးကိုမြင်ချိန်တွင် အနည်းငယ်စိတ်လှုပ်ရှားသွားပေသည်။

"စာလုံးတစ်ခုစီက ရတနာတစ်ခုနဲ့တူညီတယ်...ကောင်းကင်ယံမှာထွန်းလင်းတောက်ပနေတဲ့ လမင်းကြီးနဲ့တူညီတယ်....စာတမ်းတစ်ခုလုံးက ကြယ်တွေလိုထွန်းလင်းတောက်ပနေတာပဲ...အံသြစရာမရှိတော့ပါဘူး"

ဆရာဝေ့သည် စာတမ်းတစ်ခုလုံးကို ဖတ်ရှုပြီးချိန်တွင် သက်ပြင်းရှိုက်လိုက်မိ၏။

ထိုအချိန်မှာပင် လုဝမ်ရှင်းနှင့်ဖန်းယင်တို့ကလည်း ဆရာဝေ့အနားသို့ ရောက်ရှိလာကြသည်။

"ဒီမေးခွန်းက အရမ်းကျယ်ပြန့်ပြီး လေးနက်တယ်....ဖြေဆိုတဲ့ကျင့်ကြံသူတွေက သူတို့ရဲ့ကိုယ်ပိုင်အတွေးအခေါ်ကနေ စာလုံးတွေချရေးပြီးမှ သဘာဝပုံရိပ်တွေ ဖော်ထုတ်နိုင်တယ်....သူတို့ရဲ့အတွေးအခေါ်ကိုတောင် စီမံခန့်ခွဲနိုင်မှုမရှိဘူးဆိုရင် ဒီမေးခွန်းကို နားလည်သဘောပေါတ်နိုင်မှာမဟုတ်ဘူး"

လုဝမ်ရှင်းသည် သူမမေးခွန်း၏လေးနက်မှုကို ကောင်းစွာသိရှိပေ၏။

"ဒီစာကိုရေးတဲ့သူက မေးခွန်းကို အစစ်အမှန်နားလည်သဘောပေါတ်ပြီး သူတော်စင်ဝမ်ရဲ့အသိအမှတ်ပြုမှုကို ရရှိတာဖြစ်နိုင်တယ်...သူရဲ့ လေ့လာဆည်းပူးနိုင်မှုက အရမ်းမြင့်မားတဲ့အဆင့်ကိုရောက်နေပြီ"

စာတမ်းကိုဖတ်ရှုနေသည့် ဆရာဝေ့၏မျက်လုံးများက လင်းလက်တောက်ပနေခဲ့သည်။

"ဒီ အဖြေလွှာက ဘယ်သူဟာလဲ"

ဖန်းယင်ပညာရှိက မေးမြန်းလိုက်၏။

ကြီးကြပ်သူက ချက်ချင်းပင် လူစာရင်းကိုစစ်ဆေးပြီး ရိုသေစွာဖြင့် ပြန်လည်ဖြေကြားလိုက်သည်။

"ခုံနံပါတ် ၁၀၂....လျှိုမင်"

"လျှိုမင်တဲ့လား...အေးစက်မိုးတိမ်မြို့ကို မြန်မြန်သွားပြီးကြည့်စမ်း...ဒီလူ ထွက်ခွာသွားပြီလား မသွားသေးဘူးလားဆိုတာ....သူကို ကျောင်းတော်စီ မြန်မြန်ခေါ်လာခဲ့"

ဖန်းယင်က လေးနက်သောအသံဖြင့် ပြောကြားလိုက်၏။

လုဝမ်ရှင်းက ရုတ်တရက် သူမ၏လက်ကို ဝှေ့ယမ်းလိုက်လေ၏။

"ဒီလိုလုပ်ဖို့ မလိုပါဘူး...ဒီလူက အေးစက်မိုးတိမ်မြို့မှာပဲ နေနေအုံးမယ်လို့ ကျွန်မယုံကြည်တယ်"

လုဝမ်ရှင်း၏စကားကိုကြားသော ဖန်းယင်က နားလည်လက်ခံပုံဖြင့် ခေါင်းညိတ်လိုက်သည်။

"ဒါ အမှန်ပဲ....ဒီလို စာမျိုးရေးနိုင်တဲ့သူက စိတ်စွမ်းအားအရမ်းကောင်းမယ့်သူမျိုးဖြစ်မှာအသေအချာပဲ...သူက အလွယ်တကူ အရှုံးပေးမယ့်သူမျိုးမဖြစ်လောတ်ဘူး"

ထိုစဉ်က လျှိုချုံး၏အမည်ထွက်ပေါ်လာရခြင်းမှာ ကြီးကြပ်သူက အနည်းငယ်စိတ်လှုပ်ရှားပြီး ခုံနံပါတ်ကို မှားယွင်းစွာဖြင့် ကြည့်ရှုခဲ့မှုကြောင့်ဖြစ်သည်။ ထိုအချိန်မှာပင် ကြီးကြပ်သူ၏တုန်ရီသွားခြင်းကြောင့် စာလိပ်တစ်လိပ်က သူ၏လက်အတွင်းမှ ရုတ်တရက်လွတ်ကျသွားခဲ့သည်။ ကြီးကြပ်သူက အလျှင်စလိုဖြင့် ကောတ်ယူရန်ပြင်ဆင်လိုက်သောာလည်း ရုတ်တရက် ပတ်ဝန်းကျင်နေရာတစ်ခုလုံး မှိုင်းဝေလာလေ၏။

"ေနဦး"

ဆရာဝေ့သည် မျက်မှောင်ကြုတ်လိုက်၏။ လုဝမ်ရှင်းနှင့်ဖန်းယင်ကလည်း ယခုအခြေအနေကို သတိပြုမိသွားပြီး ကူရာကယ်ရာမဲ့ပုံဖြင့် မေးမြန်းလိုက်သည်။

"ဘာတွေ ဖြစ်နေတာလဲ"

ဆရာဝေ့က သူတို့နှစ်ယောက်နားသို့ ရောက်ရှိလာခဲ့သည်။

"ဒီ စာလိပ်က ဘာထူးဆန်းနေလို့လဲ"

လုဝမ်ရှင်းက မေးမြန်းလိုက်သည်။

ဆရာဝေ့က ခေါင်းကိုသာ သွင်သွင်ခါယမ်းနေလေ၏။

"ဒါက နည်းနည်းထူးဆန်းနေတယ်...ဒီစာလိပ်က ထုတ်လွှတ်တဲ့အော်ရာက သူတောင်စင်အသိအမှတ်ပြုခံထားရတဲ့ သဘာဝပုံရိပ်ကိုတောင် သက်ရောက်မှုရှိနေစေတယ်"

ထိုစကားနှင့်အတူ ဆရာဝေ့က စာလိပ်ကို ဖွင့်လိုက်၏။ မူလက နေရောင်အောက်တွင် တောက်ပနေသည့် အခန်းသည် ရုတ်တရက် မှောင်မိုက်သွားလေသည်။ ကြည်လင်သောကောင်းကင်ပြင်တွင်လည်း အနက်ရောင်တိမ်တိုက်များက ဖုံးလွှမ်းစပြုလာသည်။

ဘုန်း....ဘုန်း...

တိုးညင်းပြီးနက်ရှိုင်းပုံရသည့် မိုးခြိမ်းသံတစ်သံက တိမ်တိုက်များကြားမှ ထွက်ပေါ်လာခဲ့သည်။

"ဒါက....မကောင်းတော့ဘူး"

ဆရာဝေ့၏မျက်နှာအမူအယာ ပျက်ယွင်းသွားပြီး သူက အခန်းအတွင်းမှနေ၍ ချက်ချင်းထွက်ခွာလိုက်သည်။ လုဝမ်ရှင်းနှင့်ဖန်းယင်တို့သည်လည်း သူ့နောက်မှ ထပ်ချပ်မကွာ လိုက်သွားကြ၏။ သမင်ဖြူ ကျောင်းတော်အတွင်းရှိ ကျင့်ကြံသူများသည်လည်း ယောက်ယပ်ခတ်နေပေသည်။

"ကျောင်းအုပ်ကြီး...ဘာကိစ္စဖြစ်နေတာလဲ"

ထိုလူများသည် ပညာရှင်များဖြစ်ကြပြီး လုဝမ်ရှင်းအားမြင်ချိန်တွင် လေသံနှိမ့်၍ မေးမြန်းလိုက်သည်။

ကောင်းကင်ယံရှိ မိုးကြိုးများသည် လွင့်ပြယ်သွားခြင်းမရှိဘဲအဆတ်မပြတ်စုဝေးနေကာ စွမ်းအားအတိုင်းအတာတစ်ခုထိရောက်အောင် စောင့်ဆိုင်းနေပုံရသည်။

"နတ်ဘုရားမိုးကြိုးကိုကြည့်ရတာ ငါရဲ့လက်ထဲက စာလိပ်ကိုဖျက်ဆီးပစ်ချင်နေပုံပဲ"

ဆရာဝေ့က မျက်မှောင်ကြုတ်ရင်းမှ ရေရွတ်လိုက်လေ၏။

C224

"ဆရာဝေ့....ဒီမိုးကြိုးလှိုင်းတွေကို ကြည့်ရတာ အရမ်းအန္တရာယ်များတယ်....သမင်ဖြူ ကျောင်းတော်ကို ဒီမိုးကြိုးတွေမကျရောက်အောင် ဒီစာလိပ်ကိုချိတ်ပိတ်လိုက်ရင်မကောင်းဘူးလား"

ပညာရှင်တစ်ယောက်က အကြံပြုလိုက်၏။ ထိုသူ၏အကြံပြုချက်ကို တစ်ခြားသူများကလည်း သဘောတူထောက်ခံနေပေ၏။

ဆရာဝေ့က သဘောမတူဟန်ဖြင့် ခေါင်းခါယမ်းပြီး သူ၏လက်အတွင်းရှိစာလိပ်ကို ကြည့်ရှုလိုက်သည်။ သူ၏မျက်လုံးများအတွင်းတွင် သိရှိလိုစိတ်များက တောက်ပနေပေ၏။

"နတ်ဘုရားမိုးကြိုးဥပဒေသတွေကိုတောင် အစပျိုးနိုင်တဲ့ထိ စွမ်းဆောင်နိုင်တဲ့ ဒီစာကို ငါတစ်ကယ်ကြည့်ရှုချင်တယ်"

ဆရာဝေ့က သူ၏လက်အတွင်းရှိ စာလိပ်ကို ဖွင့်လှစ်လိုက်သည်။

ဝီ....ဝီ...

လေထုက တုန်ခါလာပေ၏။ ထိုအချိန်တခဏတွင် သမင်ဖြူ တောင်ပေါ်မှ ကျင့်ကြံသူအားလုံးနီးပါး သူတို့၏နားများကိုဖုံးအုပ်လိုက်ရသည်။ သို့သော် ထိုအသံသည် စိတ်ဝိညာဉ်၏အနက်ရှိုင်းဆုံးအပိုင်းထိ တိုးဝင်နေပုံရပြီး လူတိုင်း မထိန်းချုပ်နိုင်ကြတော့ဘဲ တုန်ရီနေကြ၏။

"ကောင်းကင်ဘုံက တာအိုမူလရင်းမြစ်ရဲ့နက်နဲသိမ်မွေ့မှုက မူလဘူတဖရိုဖရဲဖြစ်စဉ်တွေရဲ့ရင်သပ်ရှုမောဖွယ်ရာတွေထက် သာလွန်တယ်..."

စာလိပ်အတွင်းမှ မဟာတာအို၏အသံ ထွက်ပေါ်လာခဲ့သည်။ ပြင်းထန်သည့် သမာဓိချီလှိုင်းများက စာရွက်မှနေ၍ ထွက်ပေါ်လာပြီးနောက် အဖြူ ရောင်အလင်းတန်းက စာရွက်တစ်ခုလုံးအား ချက်ချင်းပင်လွှမ်းခြုံသွားခဲ့သည်။

အဖြူ ရောင်အလင်းတန်းထွက်ပေါ်လာသည်နှင့် စာလိပ်သည် ဆရာဝေ့၏ထိန်းချုပ်ထားမှုမှလွတ်ကင်းသွားပြီး လေထုအတွင်း မျောလွင့်နေလေ၏။ စာလိပ်၏ရန်စမှုကို အာရုံခံမိပုံဖြင့် ကောင်းကင်အတွင်းရှိ နတ်ဘုရားမိုးကြိုးများသည် ဒေါသပြင်းထန်ပုံဖြင့် ဆူညံစွာထစ်ချုန်းနေပေသည်။

"ဒီစာလိပ်ကို ယုံကြည်သက်ဝင်မှုတွေနဲ့ ထောက်ပံထားတာပါလား"

ဆရာဝေ့၏မျက်လုံးများအတွင်းတွင် တုန်လှုပ်မှုအရိပ်အယောင်များ ထင်ဟပ်နေလေ၏။

ဘုန်း....ဘုန်း...

နောက်ဆုံး၌ အချိန်အတော်ကြာဖိနှိပ်ထားသည့် နတ်ဘုရားမိုးကြိုးများက ကျဆင်းလာတော့သည်။

ခရက်....ခရက်

ကျယ်လောင်စွာမြည်ဟီးနေသည့် နတ်ဘုရားမိုးကြိုးက စာလိပ်နှင့် ထိခတ်မိလေသည်။ ထိုထိတ်လန့်တုန်လှုပ်ဖွယ် နတ်ဘုရားမိုးကြိုးသည် ကမ္ဘာလောကအတွင်းရှိအရာခပ်သိမ်းကို ဖျက်ဆီးပစ်နိုင်ပုံ ထင်နေရသည်။

သို့ရာတွင် စာလိပ်က မိုးကြိုးလှိုင်းများကို ထိတ်လန့်ကြောက်ရွံပုံမပေါ်ချေ။ မည်မျှပင် မိုးကြိုးများရိုက်ခတ်နေပါစေ ထိုစာလိပ်က တောက်ပပြီးဖြာထွက်နေဆဲဖြစ်သည်။ ထိတ်လန့်ဖွယ်မိုးကြိုးများက အမွှေးတိုင်တစ်တိုင်စာလောင်ကျွမ်းချိန်ခန့်ထိ အဆတ်မပြတ်ကျဆင်းနေခဲ့သည်။

ပညာရှင်များသည် အသက်ပင်ရဲရဲမရှုရဲကြချေ။ သူတို့ထဲကတစ်ချို့သည် လေထုအတွင်းမနေဝံ့ကြသဖြင့် မြေပြင်ပေါ်၌သာမတ်တတ်ရပ်နေကြသည်။

နတ်ဘုရားမိုးကြိုးများသည် နောက်ဆုံးတွင် ရပ်တန့်သွားပြီး လင်းရောင်ခြည်တန်းတစ်ခုက ကြေမွပျက်စီးနေသည့် သဘာဝပတ်ဝန်းကျင်၌ ထွက်ပေါ်လာခဲ့သည်။

"ဒါက...သူတော်စင်တစ်ယောက်က တပည့်လက်ခံတာလား"

"ကောင်းကင်ဘုံနယ်မြေက သူတော်စင်.....မြင့်မြတ်တဲ့သူတော်စင်က တိုက်ရိုက်တပည့်လက်ခံမလို့လား"

ပညာရှင်တစ်ချို့သည် ခြေဆုံးခေါင်းဆုံး တုန်ရီလာကြ၏။ တစ်ချိန်လုံး အေးဆေးတည်ငြိမ်နေပုံရသည့် ဆရာဝေ့ပင်လျှင် ထိုအချိန်တခဏ၌ သူ၏မျက်လုံးအတွင်းတွင် စိတ်လှုပ်ရှားမှုများ ထင်ဟပ်နေခဲ့သည်။

"ဒီလိုအတိတ်နမိတ်မျိုးက တောင်ပိုင်းစွန့်ပစ်ကုန်းမြေလိုနေရာမျိုးမှာ ထွက်ပေါ်လာတာလား"

ဆရာဝေ့၏အသံသည် အနည်းငယ်တုန်ခါနေသည်။ ဤဖြစ်စဉ်သည် အလွန်အမင်းရှားပါးပြီး လုမိသားစုမှတစ်စုံတစ်ယောက်ကသာ လုပ်ဆောင်နိုင်ခဲ့ဖူးသည်။ သူ၏မျက်လုံးရှေ့မှစာလိပ်သည် အမှန်တစ်ကယ်ပင် နတ်ဘုရားမိုးကြိုးကို အစပျိးစေခဲ့သည်။ ထို့ပြင် လုမိသားစုကသူထက်ပင် ပို၍ကြာမြင့်သည့် မိုးကြိုးများကျဆင်းပြီး ရောင်စုံအလင်းတန်းများကလည်းထွက်ပေါ်လာသေး၏။

"ဒါ ဘယ်လိုစာတမ်းမျိုးလဲ...ကံဆိုးချင်တော့ ငါ တစ်ချက်ပဲကြည့်လိုက်ရတယ်...တစ်ကယ်လို့ စာတမ်းတစ်ခုလုံးကိုသာငါဖတ်ရရင် စာပေလမ်းကြောင်းမှာ အဆင့်သစ်ကို ချိုးဖျက်နိုင်လိမ့်မယ်"

ဆရာဝေ့က သက်ပြင်းတစ်ချက် ရှိုက်လိုက်မိသည်။

"မဟုတ်ဘူး....ဒါက သူတော်စင်တစ်ယောက်က တပည့်လက်ခံတာမဟုတ်ဘူး"

ပညာရှင်တစ်ယောက်က ရုတ်တရက် အော်ဟစ်လိုက်သည်။

မိန်းမောတွေဝေနေသည့် ဆရာဝေ့က အလျှင်အမြန်ကြည့်ရှုလိုက်ရာ ကြည်လင်နေသောကောင်းကင်မှထွက်ပေါ်လာသည့် ပုံရိပ်တစ်ချို့အား မြင်တွေ့ရသည်။ ထိုပုံရိပ်များကိုတစ်ချက်ကြည့်မိသည်နှင့် ဆရာဝေ့သည် ထိတ်လန့်ကြောက်ရွံပြီး တုန်ရီသွားလေ၏။ သူပင် တုန်ရီနေလျှင် တစ်ခြားသူများမှာ ထည့်စဉ်းစားရန်ပင်မလိုတော့ချေ။

ထိပ်သီးပညာရှင်တစ်ချို့သာ ပုံရိပ်များကိုကြည့်ရှုနိုင်ကြပြီး သာမာန်ပညာရှင်များကမူ သူတို့၏ခေါင်းများကို အောက်သို့ငုံထားကြသည်။ သူတို့က ခေါင်းပင်မော့မကြည့်ရဲကြပေ။

ထိုပုံရိပ်များသည် စာပေလမ်းကြောင်းမှ သူတော်စင်များဖြစ်ကြသည်။ ထိုအချိန်တွင် ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသောမြင်ကွင်းထွက်ပေါ်လာ၏။ စာပေလောက၏သူတော်စင်များအားလုံးက တညီတညာတည်း စာလိပ်ထံဦးတည်၍ အရိုအသေပြုလိုက်ကြသည်။

ဘာ....

ဆရာဝေ့က ထိုစာလိပ်ကို ထိတ်လန့်တုန်လှုပ်မှုဖြင့် ကြည့်ရှုနေမိသည်။ သူ၏ရှေ့၌ ဖြစ်ပေါ်နေသည့် ကိစ္စရပ်များသည် သူ၏အသိပညာဗဟုသုတကို ကျော်လွန်သွားပြီသာဖြစ်ပေ၏။ ထိုစာလိပ်၏ဖြစ်တည်မှုအား သူတော်စင်များကပင် အရိုအသေပြုကြရသည်။

ထိုမြင်ကွင်းသည် အချိန်ကြာမြင့်ခြင်းမရှိချေ။ စွမ်းအားတစ်ခုက ကောင်းကင်ယံကိုဖုံးလွှမ်းသွားပြီးနောက် တိမ်များတဖြည်းဖြည်းပိတ်ဖုံးသွားကာ သူတော်စင်များ၏ပုံရိပ်များသည်လည်း ပျောက်ကွယ်သွားလေသည်။

စာလိပ်က မြေပြင်ပေါ်သို့ ပြုတ်ကျလာခဲ့၏။ လုဝမ်ရှင်းက အလျှင်စလိုဖြင့်ရှေ့တိုးပြီး စာလိပ်အားဖွင့်ကြည့်လိုက်သည်။ ရုတ်တရက် သူမက အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်လေ၏။

"စာလုံးတွေ မရှိတော့ဘူးလား"

စာလိပ်အတွင်းတွင် မည်သည့်စာလုံးမျှရှိမနေချေ။

ဆရာဝေ့က သက်ပြင်းတစ်ချက်ရှိုက်ရင်းမှ ပြောဆိုလိုက်သည်။

"ဒီလိုစာတမ်းမျိုးကို ကောင်းကင်ဘုံစာတမ်းလို့ ခေါ်ဆိုနိုင်တယ်....ငါရဲ့ကျင့်ကြံမှုက လုံလောတ်အောင်မမြင့်မားသေးတာမို့ အထဲမှာပါတဲ့အချက်အလက်တွေကို ရှင်းရှင်းလင်းလင်းမမြင်နိုင်ခဲ့ဘူး"

ထို့နောက် ဆရာဝေ့က ကြီးကြပ်သူဘက်သို့ လှည့်ကြည့်ပြီး ညွှန်ကြားလိုက်လေ၏။

"ဒီစာတမ်းကိုရေးသားတဲ့လူကို အောင်စာရင်းရဲ့ထိပ်ဆုံးမှာထားလိုက်....အဆင့်သတ်မှတ်ချက်ထုတ်ပြန်တဲ့နေ့ကျရင် သူကို ငါကိုယ်တိုင်တွေ့ချင်တယ်"

C225

သုံးရက်ကြာပြီးနောက်.....

ယနေ့သည် ဝင်ခွင့်စာမေးပွဲ၏ရလဒ် ထုတ်ပြန်ကြေငြာမည့်နေ့ဖြစ်သဖြင့် သမင်ဖြူ တောင်ခြေတွင် လူများစုရုံးရောက်ရှိနေကြ၏။

မနက်လင်းအားကြီးအချိန်မှာပင် လျှိုမင်က လုယွီကိုခေါ်ဆောင်၍ မြေကွက်လပ်တွင်လာရောက်စောင့်ဆိုင်းနေခဲ့သည်။

စာမေးပွဲရလဒ်ထုတ်ပြန်ကြေငြာတော့မည်ဖြစ်သဖြင့် လူအမြောက်အများသည် အချိန်အတော်ကြာစောင့်ဆိုင်းနေကြပုံရသည်။ မျက်စိတစ်ကမ်းအကွာအဝေးအတွင်းရှိ မြေကွက်လပ်ကြီးတွင် လူပင်လယ်ကြီးဖြင့် ပြည့်နှက်နေသည်။

"ဟီး ဟီး....လျှိုမင်...မင်း ဒီနေရာကိုလာရဲအုံးမယ်လို့ ငါမျှော်လင့်မထားမိဘူး...မင်းက စာရင်းထဲပါအုံးမယ်လို့ တွေးတောနေသေးတာလား...ဟာသမလုပ်စမ်းနဲ့....မင်းရဲ့စာတမ်းက ကောင်းကင်နဲ့မြေကြီးရဲ့သဘာဝပုံရိပ်ကိုတောင် ဖော်ထုတ်နိုင်စွမ်းမရှိတာ....ဒီလောက် သာမာန်စာပေကျင့်ကြံမှုအဆင့်နဲ့ သမင်ဖြူ ကျောင်းတော် စာမေးပွဲကို လာဖြေရဲတယ်လား"

အတိတ်နမိတ်မကောင်းသည့် အသံဆိုးကြီးက လျှိုချုံးထံမှ ထွက်ပေါ်လာခဲ့သည်။

လျှိုချုံးသည် သမင်ဖြူ ကျောင်းတော်အတွင်းစည်းတပည့်များ၏အဖြူ ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏နောက်တွင် စာအုပ်သယ်ဆောင်ရန်လူတစ်ချို့ပင် ခေါ်ဆောင်လာခဲ့သည်။

လျှိုချုံးလာရာလမ်းတစ်လျှောက်လုံးတွင် မြောက်များစွာသည့်လူတို့၏အကြည့်များသည် အားကျပြီးမနာလိုမှုများပေါ်လွင်နေကာ သူ့အားကြည့်ရှုနေကြသည်။

လျှိုချုံးက ထိုအကြည့်များအောက်တွင် အလွန်ပျော်ရွှင်နေလေ၏။ ထိုအရာက သူကို ကြီးမြတ်သူတစ်ယောက်အဖြစ် ခံစားမိစေသည်။

သူအား ပညာရှင်တစ်ယောက်မှ ကျောင်းတော်သို့ တိုက်ရိုက်ဝင်ရောက်ရန် ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။ သူက နောက်ဆုံးစာမေးပွဲကို ဝင်ရောက်ဖြေဆိုရန်ပင်မလိုအပ်ချေ။

လျှိုမင်က ခေါင်းခါယမ်းပြီး လျှိုချုံးအား လျစ်လျှူ ရှုလိုက်သည်။

သို့သော် လျှိုချုံး၏အမြင်တွင်မူ သူအားကြောက်ရွံနေသောကြောင့်သာ လျှိုမင်က ပြန်လည်ပြောဆိုနိုင်ခြင်းမရှိဟု ထင်မှတ်သွားခဲ့သည်။

လျှိုချုံး၏မျက်နှာပေါ်တွင် ဆိုးညစ်ပြီးပြံုးဖြဲဖြဲနိုင်နေမှုက အထင်းသားထွက်ပေါ်နေခဲ့သည်။

"လျှိုမင်....ငါ မင်းကိုပြောမယ်...မင်းရဲ့အဘိုးက အသက်ကြီးနေပြီ...ပြီးတော့ လူငယ်မျိုးဆတ်သစ်တွေကြားမှာ ငါက ဆတ်ခံသူဖြစ်ဖို့ အရည်အချင်းအရှိဆုံးပဲ"

"မင်းရဲ့မိသားစုခွဲမှာ အသက်ကြီးပြီး အားပျော့တဲ့ကောင်တွေပဲရှိတယ်...ဒါပြင် မင်းလိုအမှိုက်တစ်ကောင်က ငါတို့ရဲ့လျှိုမိသားစုကိုထိန်းချုပ်ဖို့ ဘာအခွင့်အရေးရှိလဲ"

လျှိုချုံးသည် လျှိုမင်ကို တစ်ဆင့်ပြီးတစ်ဆင့် ဖိအားပေးနေ၏။

သို့ရာတွင် လျှိုမင်က လျှိုချုံး၏စကားများကို မကြားသကဲ့သို့သာ ပြုမူနေသည်။ သူ၏မျက်လုံးများက အေးဆေးတည်ငြိမ်နေပြီး အောင်စာရင်းထွက်ပေါ်လာမည့်ဘက်ကိုသာ ကြည့်ရှုနေခဲ့သည်။

လျှိုချုံးက အလွန်အမင်းစိတ်မကျေမနပ်ဖြစ်နေသဖြင့် သူ၏လက်သီးကို လေထုအတွင်းလွှဲယမ်းလိုက်သည်။ ထို့နောက် လုယွီနှင့်လျှိုမင်ကိုကြည့်ပြီး အေးစက်စက်ရယ်မောလိုက်လေ၏။

"မင်းတို့က ဘာကိုကြည့်နေဦးမှာလဲ...မင်းတို့ကိုယ်မင်းတို့ သမင်ဖြူ ကျောင်းတော်ကို ဝင်ရောက်နိုင်မယ်လို့ထင်နေကြတာလား"

"တစ်ကယ်လို့ မင်း စကားမပြောဘဲနေရင်...မင်းကို လူတွေက အအလို့ထင်မှာစိုးလို့လား"

လုယွီသည် မျက်မှောင်ကြုတ်ရင်းမှ ပြောဆိုလိုက်သည်။

လျှိုချုံးသည် ဒေါသတကြီးဖြစ်သွားလေ၏။

"မင်း...ထပ်ပြောစမ်း"

ထိုအချိန်မှာပင် ရုတ်တရက် အဝေးတစ်နေရာမှ ခေါင်းလောင်းသံတစ်သံ မြည်ဟီးလာသည်။

"ကြည့်ကြစမ်း....ကွန်ဖြူ းရှပ်ဖန်းယင်ရောက်လာပြီ"

"နာမည်စာရင်းက သူနဲ့ပါလာပြီ....မြန်မြန်သွားကြည့်ရအောင်...သမင်ဖြူ ကျောင်းတော်ကိုဘယ်သူတွေ ဝင်ခွင့်ရလဲမသိဘူး"

သမင်ဖြူ တောင်ခြေရှိတံခါးကြီးပွင့်လာပြီး ဖန်းယင်နှင့်ကြီးကြပ်သူတစ်စုက ထွက်လာခဲ့သည်။ ကွန်ဖြူ းရှပ်ပညာရှင်တစ်စုကလည်း လေးလံသည့်စာရွက်လိပ်ကြီးကို သယ်ဆောင်လာလေ၏။

လူတိုင်း၏အကြည့်များသည် နာမည်စာရင်းပေါ်တွင်သာ တပြိုင်နက်တည်းကျရောက်နေကြသည်။ ထိုနာမည်စာရင်းသည် လူတစ်ယောက်၏ကံကြမ္မာကို ဆုံးဖြတ်ပေးနိုင်၏။

"ငါက သူတော်စင်တစ်ယောက်ရဲ့အသိအမှတ်ပြုမှုကို ရရှိခဲ့တာကြောင့် ငါပဲပထမဖြစ်ရမယ်...လျှိုမင် အောင်စာရင်းထွက်လာတဲ့အချိန်ကျရင် မင်းနဲ့ငါကြားက ကွာခြားချက်ကိုသိလိမ့်မယ်"

လျှိုချုံးက မောက်မာပြီးအပိုင်တွက်ထားပုံဖြင့် ပြောဆိုနေလေသည်။

သမင်ဖြူ ကျောင်းတော်သည် အောင်စာရင်းကို ထုတ်ပြန်လိုက်ပြီဖြစ်၏။ ရေးဖြေစာမေးပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည့်မည်သူမဆို အဆိပ်ခန်းမအတွင်း၌ အဆင့်သတ်မှတ်ခံရပေမည်။

သမင်ဖြူ ကျောင်းတော်သို့ဝင်ရောက်နိုင်ရန် မျှော်လင့်ချက်မရှိတော့သည့် လူတစ်ချို့ရှိနေသော်လည်း သူတို့နှင့်သက်တူရွယ်တူများကြားရှိ သူတို့၏အဆင့်ကိုစမ်းသပ်ရန် ဝင်ရောက်ဖြေဆိုသူများလည်းရှိပေသည်။

"ဒီနေ့က အောင်စာရင်းထုတ်ပြန်ကြေငြာမယ့်နေ့ပဲ...နာမည်ကိုအနီရောင်နဲ့ရေးထားတဲ့သူတိုင်းက နောက်စာမေးပွဲကို ဝင်ရောက်ဖြေဆိုဖို့အခွင့်အရေးရမယ်"

ဖန်းယင်က အော်ဟစ်ပြောဆိုလိုက်၏။

ရုတ်ချည်းဆိုသလိုပင် လူတိုင်းစိတ်လှုပ်ရှားကုန်ကြ၏။

နောက်ဆုံးတွင် လူထောင်သောင်းများစွာ၏အကြည့်များအောက်တွင် အောင်စာရင်းက တဖြည်းဖြည်းထွက်ပေါ်လာခဲ့သည်။ မြောက်များစွာသောနာမည်စာရင်းများက စာရွက်၏ထိပ်မှအောက်ခြေထိ အဆင့်အစီအစဉ်အတိုင်း ရေးသားထားလေသည်။

လက်ရှိနေရာရှိ လူများသည် ကျင့်ကြံသူများဖြစ်၍ အံ့အားသင့်ဖွယ်အမြင်အာရုံများရှိပြီး စာဆယ်ကြောင်းခန့်ကို အကြည့်တစ်ချက်ဖြင့် ကြည့်ရှုနိုင်ကြသည်။

မူလက အလွန်ဆူညံနေသည့်မြေကွက်လပ်သည် ယခုအချိန်တွင်တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ လူတိုင်းက အသက်ရှုနှုန်းကိုတည်ငြိမ်အောင်ထိန်းသိမ်းပြီး အောင်စာရင်းကို စိုက်ကြည့်လိုက်ကြ၏။

"ဝမ်းကွဲ လျှိုမင်...ငါ မင်းအဆင့်ကိုရှာပေးရမလား"

လျှိုချုံးက လှောင်ပြောင်သရော်လိုက်သည်။ သူ၏အကြည့်က ချက်ချင်းပင် အောင်စာရင်းပေါ်သို့ကျရောက်သွားပြီး စတင်ရှာဖွေလိုက်တော့သည်။ သို့သော် အကြည့်တစ်ချက်ဖြင့်ပင် လျှိုချံုးက နေရာ၌ပင် အေးခဲသွားရသည်။

အောင်စာရင်းပေါ်ရှိ ဒုတိယနေရာတွင် "လျှိုမင်"ဟူသော စာလုံးနှစ်လုံးရှိနေပေသည်။

All Chapters