အခန်း (၂၂၆-၂၃၀)
Vol. 11-15 Ch. 226-230
C226
"မဖြစ်နိုင်ဘူး"
လျှိုချုံးက သူ၏မျက်လုံးကိုပင် သူမယုံနိုင်တော့ချေ။
ဤအရာသည် စာပေစမ်းသပ်ပွဲ၏ဒုတိယနေရာဖြစ်ပေ၏။ လျှိုမင်၏စာတမ်းသည် ကောင်းကင်နှင့်မြေကြီး၏သဘာဝပုံရိပ်များကိုပင် ဖော်ထုတ်နိုင်စွမ်းမရှိဘဲ မည်သည်ကြောင့် ဒုတိယနေရာကိုရရှိခဲ့သနည်း။
အချိန်တခဏကြာစဉ်းစားပြီးနောက် လျှိုချုံးက အသိပြန်ဝင်လာခဲ့သည်။
"ဒါက ဟိုကောင်နဲ့နာမည်တူနေတာပဲဖြစ်မှာပါ...မင်းနဲ့နာမည်တူတယ့်လူတစ်ယောက် အေးစက်မိုးတိမ်မြို့မှာရှိလိမ့်မယ်လို့ ငါမျှော်လင့်မထားမိဘူး....ကံဆိုးစွာနဲ့ နာမည်တူပေမယ့် ကံကြမ္မာက မတူညီနိုင်ဘူး....ဟိုလျှိုမင်ဆိုတဲ့သူက ဒုတိယနေရာတောင်ရမှတော့ စာပေလမ်းကြောင်းမှာ အစွမ်းထက်တဲ့ကျင့်ကြံသူဖြစ်ရမယ်....သူက မင်းလိုအမှိုက်ကောင်နဲ့ တူညီတဲ့နေရာမရှိနိုင်ဘူး"
"တော်စမ်း"
လုယွီက ဤသို့ပျင်းရိငြီးငွေ့ဖွယ်ကောင်းသူမျိုးနှင့် စကားမပြောချင်သော်လည်း မကျေမချမ်းဖြင့်အော်ဟစ်လိုက်သည်။ မည်သို့ပင်ဖြစ်စေ လျှိုမင်သည် သူ၏မိတ်ဆွေတစ်ယောက်ဖြစ်သည်။ လျှိုမင်အား အမှိုက်ဟု မကြာခဏခေါ်ဆိုနေခြင်းကို လုယွီသည် မည်သည့်အရာမျှမလုပ်ဘဲ ထိုင်ကြည့်နေမည်မဟုတ်ချေ။
"တစ်ကယ်လို့ မင်းရဲ့ပါးစပ်ကိုမထိန်းချုပ်နိုင်ဘူးဆိုရင်...အဲ့အတွက်အကျိုးဆတ်ကိုမင်းခံရမယ်"
လုယွီက တည်ငြိမ်သောလေသံဖြင့် ပြောဆိုလိုက်၏။
လျှိုချုံး၏ခေါင်းကပြူ ထွက်လာပြီး လုယွီကိုကြည့်ကာ ရယ်မောလိုက်သည်။
"လျှိုချုံးရဲ့ငနုံငအ သူငယ်ချင်းပဲ...ဘာလဲ ငါက အမှန်တွေပြောမိလို့လား...တစ်ကယ်လို့ မင်း ငါကိုရိုက်ချင်တယ်ဆိုရင် ငါက သမင်ဖြူ ကျောင်းတော်ရဲ့အတွင်းစည်းတပည့်ဆိုတာကိုအသာထား...ငါရဲ့ အမြူ တေဖွဲ့စည်းခြင်းနယ်ပယ်ကျင့်ကြံသူကို မင်းလိုနက္ခက်တာရာပြောင်းလဲခြင်းနယ်ပယ်ကျင့်ကြံသူလေးတစ်ယောက်က စိန်ခေါ်ရတာလား"
"ဟူး...အမှိုက်နဲ့အရူးတွေက အတူတူတွဲနေကြတာပဲ...လျှိုမင် မင်းကတော့မျှော်လင့်ချက်မဲ့နေပြီ"
လျှိုချုံးသည် ကူရာကယ်ရာမဲ့ပုံဖြင့် သူ၏ခေါင်းကို ခါယမ်းလိုက်၏။
"ထူးဆန်းလိုက်တာ...အောင်စာရင်းရဲ့ထိပ်ဆုံးနေရာကို ဘာလို့အနက်ရောင်အဝတ်စနဲ့ ဖုံးအုပ်ထားတာလဲမသိဘူး"
"အမှန်ပဲ...ငါလည်း ပထမ ဘယ်သူရတာလဲဆိုတာ သိချင်နေတယ်"
"မင်းတို့ အဲ့ဒီနေ့က သူတော်စင်တွေရဲ့အသိအမှတ်ပြုခံရသူကိုမမှတ်မိဘူးလား...သူက လျှိုချုံးလို့ ခေါ်တဲ့တစ်ယောက်လေ...ငါထင်တာတော့ သူပဲဖြစ်လိမ့်မယ်"
ပတ်ဝန်းကျင်ရှိလူများ၏ပြောဆိုနေသံများသည် လျှိုချုံး၏နားအတွင်းသို့ဝင်ရောက်လာချိန်တွင် လျှိုချံုး၏မျက်နှာပေါ်ရှိအပြံုးသည် နားသို့တတ်ချိတ်မတတ်ပင်ဖြစ်ပေါ်လာခဲ့သည်။
"ငါက ရေးဖြေစမ်းသပ်ပွဲရဲ့ပထမနေရာကိုရမှာ သေချာတယ်...ငါက ပါရမီရှင်တစ်ယောက်ပဲ...ငါက ကောင်းကင်မှာပျံဝဲနိုင်မှာသေချာတယ်"
ယခုအချိန်တွင် လျှိုချုံး၏စိတ်နှလုံးသားအတွင်း၌ သူကိုယ်သူလူစွမ်းကောင်းတစ်ယောက်ဟုသာ မှတ်ယူထားလေသည်။
ထိုအချိန်မှာပင် ပညာရှင်ဖန်းယင်က လျှိုချုံးကိုသတိပြုမိပြီး သူ၏အနားသို့ လျှောက်လှမ်းလာခဲ့သည်။
"ဆရာ"
လျှိုချံက ကွန်ဖြူ းရှပ်ပညာရှင်ဖန်းယင်အားမြင်ချိန်တွင် အလျှင်စလိုဖြင့် တလေးတစားအရိုအသေပြုလိုက်သည်။
လျှိုချုံးက ခေါင်းညိတ်ရုံသာညိတ်ပြပြီး မလှမ်းမကမ်းအကွာအဝေးရှိ တိတ်ဆိတ်ငြိမ်သက်နေသောလျှိုမင်အား သတိပြုမိသွားပေ၏။
"မင်းက လျှိမင်လား...'အသက်ရှည်ခြင်း၏ဖြစ်ရိုးဖြစ်စဉ်နည်းလမ်းများ'ကိုရေးခဲ့တဲ့သူလား"
ဖန်းယင်က ပြုံးရယ်ရင်းမှ မေးမြန်းလိုက်သည်။
လျှိုမင်သည် အချိန်တခဏကြာ အံ့အားသင့်သွားသော်လည်း အလျှင်အမြနာအသိဝင်လာပြီး တလေးတစားပြန်လည်ဖြေကြားလိုက်လေ၏။
"ဟုတ်ပါတယ်...ဒီကျောင်းသားကရေးခဲ့တာပါ...ဒီကျောင်းသားက အရည်အချင်းမရှိတာမို့ ဆရာကိုမျက်နှာမပြဝံ့ပါဘူး"
ဖန်းယင်က သူ၏မုတ်ဆိတ်မွေးကိုကိုင်ရင်း လျှိုမင်းကို အလွန်အမင်းစိတ်ကျေနပ်နေသောအကြည့်ဖြင့် ကြည့်ရှုနေခဲ့သည်။
"ဒါဆို ငါမင်းကိုမေးပါရစေ....မင်းက ငါကိုဆရာအဖြစ်အသိအမှတ်ပြုပြီး ကျင့်ကြံဖို့အတွက်သမင်ဖြူ ကျောင်းတော်ကိုဝင်ရောက်ချင်လား"
လျှိုမင်သည် သူ၏မျက်လုံးရှေ့တွင်ဖြစ်ပျက်နေမှုများမှာ အစစ်အမှန်ဖြစ်သည်ဟု မယုံကြည်နိုင်ချေ။ သူအား လုယွီက တို့ထိလိုက်မှသာလျှင်အသိပြန်ဝင်လာခဲ့၏။ ရုတ်ချည်းဆိုသလိုပင် သူက မြေပြင်ပေါ်တွင် ဒူးထောက်ပြီး ဖန်းယင်ထံဦးတည်၍ အရိုအသေသုံးကြိမ်ပြုလိုက်သည်။
"တပည့်က ဆရာကို ဂါရဝပြုပါတယ်"
"မင်းက ငါရဲ့သင်ပြမှုအောက်ကို ရောက်လာပြီဆိုမှတော့ သမင်ဖြူ ကျောင်းတော်ရဲ့အဓိကတပည့်ဖြစ်သွားပြီ...မင်းက ကြိုးကြိုးစားစားကျင့်ကြံမယ်ဆိုရင် သူတော်စင်တွေရဲ့လမ်းညွှန်ပြသမှုကိုလည်းရရှိလိမ့်မယ်"
ဖန်းယင်က ညွှန်ပြလိုက်လေ၏။
လျှိုမင်က မတ်တတ်ထမရပ်မီ ဆရာဖြစ်သူအား သုံးကြိမ်ထပ်မံ၍ အရိုအသေပြုလိုက်သည်။
ထိုမြင်ကွင်းကိုကြည့်ပြီး လျှိုချုံး၏ခန္ဓာကိုယ်တစ်ခုလုံး ရုတ်တရက်တုန်ရီသွားလေ၏။
"ဒါကအမှန်မဟုတ်ဘူးလေ....ဆရာသခင် အမှားတစ်ခုခုများလုပ်မိတာလား...လျှိုမင်က ကျွန်တော်ရဲ့ညီဝမ်းကွဲဆိုပေမယ့် သူကစာပေလမ်းကြောင်းကျင့်ကြံမှုကို ဘာမှသိတဲ့သူမဟုတ်ဘူး"
လျှိုချုံးက ပြောဆိုလိုက်သည်။
ဖန်းယင်က မျက်မှောင်ကြုတ်ရင်း လျှိုချုံးအား လှည့်ကြည့်လိုက်လေသည်။
"တစ်ကယ်လို့ မင်းက သူတော်စင်တစ်ယောက်ရဲ့အသိအမှတ်ပြုမှုကိုရမယ်ဆိုရင်လည်း ငါက တပည့်အဖြစ်လက်ခံမှာပဲ...ကံဆိုးစွာနဲ့ မင်းက အဆင့်မမှီဘူး"
ဖန်းယင်က ဆတ်လက်၍ လေးနက်သောလေသံဖြင့် ပြောဆိုလိုက်၏။
"မင်းတို့စာဖြေကွင်းပြင်မှာ ရှိနေတဲ့အချိန်တုန်းက ကြီးကြပ်သူက ထိုင်ခုံနံပါတ်ကိုမှားယွင်းပြီးပြောဆိုခဲ့တယ်...ဒါပေမယ့် နောက်ပိုင်းမှာ မင်းရဲ့စာတမ်းက သူတော်စင်တွေရဲ့အသိအမှတ်ပြုမှုကိုရရှိခဲ့တာမဟုတ်ဘူးဆိုတာကို စုံစမ်းနိုင်ခဲ့တယ်...ငါတို့ ကွန်ဖြူ းရှပ်ကျင့်ကြံသူတွေက ကြည်လင်တဲ့အသိစိတ်နဲ့ကျင့်ကြံရတယ်.....မင်းရေးခဲ့တဲ့စာတမ်းမဟုတ်ကြောင်း အမှန်တရားကို ရိုးရိုးသားသားနဲ့ ပြောပြခြင်းမရှိခဲ့ဘူး...အဲ့ဒီတော့ ငါက မင်းကို တပည့်အဖြစ်လက်ခံဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား"
ဖန်းယင်က ခေါင်းခါပြီး ထပ်မံပြောဆိုလိုက်သည်။
"ဒီအဖိုးကြီးက ကိုယ့်စကားကိုယ်တည်မှာပါ....မင်းက သမင်ဖြူ ကျောင်းတော်ကို အတွင်းစည်းတပည့်အဖြစ်ဝင်ရောက်နိုင်ပြီး ငါက မင်းကိုမောင်းထုတ်မှာမဟုတ်ဘူး...မင်းဘာမင်းဂရုစိုက်တာတော့ပိုကောင်းလိမ့်မယ်"
C227
ပညာရှင်ဖန်းယင်၏စကားသံသည် လျှိုချုံးအား ပါးရိုက်လိုက်သည်နှင့်တူညီနေသည်။
အစောပိုင်းက သူသည် လျှိုမင်အား လှောင်ပြောင်သရော်နေခဲ့သည်။ ယခုလက်ရှိတွင် လျှိုမင်က အဓိကတပည့်တစ်ယောက်ဖြစ်လာပြီး ပညာရှင်တစ်ယောက်၏ရွေးချယ်ခြင်းကို ခံရသည်။ သို့ရာတွင် သူကမူ ပညာရှင်ဖန်းယင်က သူ၏စကားကိုထိန်းသိမ်းချင်သည့်အတွက်သာ ထုတ်ပယ်ခြင်းမရှိဘဲ အတွင်းစည်းတပည့်အဖြစ်လက်ခံခဲ့လေသည်။
"သူတော်စင်ရဲ့အသိအမှတ်ပြုမှုကိုရတယ့်စာတမ်းရေးသူကို ကြီးကြပ်သူတွေက မှားယွင်းကြေငြာမိမယ်လို့ ငါမျှော်လင့်မထားမိဘူး"
"အဲ့ဒီလူက တစ်ကယ်အရှက်မရှိတာဘဲ....သူက ရဲရဲဝံ့ဝံ့နဲ့တောင် သူရေးတာပါလို့ ဝန်ခံရဲသေးတယ်"
ပတ်ဝန်းကျင်ရှိလူတစ်ချို့သည် ပညာရှင်ဖန်းယင်၏စကားကိုကြားပြီးနောက် မည်သည့်ကိစ္စရပ်များဖြစ်ပျက်နေသည်ကို သိနားလည်သွားပေ၏။
လျှိုချုံးကို ကြည့်နေကြသောလူများ၏အကြည့်များသည် အထင်အမြင်သေးမှုများဖြင့် ပြည့်နှက်နေသည်။
သူ့အားကြည့်ရှုနေသောအကြည့်များသည် စူးရှချွန်ထက်သောမြှားများဖြင့် သူအားထိုးဖောတ်နေသကဲ့သို့ လျှိုချုံး ခံစားနေမိသည်။ သူဝတ်ဆင်ခဲ့သည့်အဖြူ ရောင်ဝတ်စုံသည် သမင်ဖြူ ကျောင်းတော်၏အတွင်းစည်းတပည့်ဟူသော သင်္ကေတဖြစ်သည်။ ယခုလက်ရှိတွင် ထိုဝတ်စုံက အပ်များဖြင့်သူ၏ခန္ဓာကိုယ်အား ထိုးဖောတ်နေသကဲ့သို့ ခံစားမိလေသည်။
"မဖြစ်နိုင်ဘူး....ဘာလို့ လျှိုမင်က ငါထက်သာသွားရတာလဲ....ဘယ်လိုလုပ်ပြီး သူက သူတော်စင်ရဲ့အသိအမှတ်ပြုမှုကိုရရှိသွားတာလဲ"
လျှိုချုံးသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ သွေးများဆူပွက်လာသကဲ့သို့ ခံစားနေရ၏။ သူ၏မျက်နှာသည် ဒေါသကြောင့် နီမြန်းနေသော်လည်း မည်သည့်စကားမျှ ပြောမထွက်ချေ။ သို့သော် တဆတ်ဆတ်တုန်နေသော သူ၏လက်သီးကိုမူ တင်းတင်းဆုပ်ထားလေ၏။
"ဆရာသခင်....ညီလေးလုရဲ့ဉာဏ်ရည်က ကျွန်တော်ထက်အများကြီးပိုကောင်းတယ်...ဆရာသခင်က ဘာလို့ လုယွီကိုတပည့်အဖြစ်လက်မခံတာလဲဆိုတာ ကျွန်တော်အံသြနေမိတယ်"
ရုတ်တရက် လျှိုမင်က ပြောဆိုလိုက်၏။
ဘာ....
လူတိုင်း အလွန်အမင်း အံ့အားသင့်ကုန်ကြ၏။ လျှိုမင်က ဤကဲ့သို့စကားမျိုးပြောမည်ဟု သူတို့မျှော်လင့်ထားခြင်းမရှိပေ။
ပညာရှင်ဖန်းယင်၏နဖူးကြောများ ရှုံတွသွားလေသည်။
"မင်းပြောမယ့်စကားကို မပြောခင်စဉ်းစားတာပိုကောင်းလိမ့်မယ်...ငါရဲ့တပည့်ဖြစ်ဖို့ သတ်မှတ်တဲ့စံနှုန်းက အရမ်းမြင့်တယ်...မင်းသူငယ်ချင်းရဲ့စာတမ်းက လုံလောတ်အေင်ထူးချွန်မနေဘူးဆိုရင် ငါက တပည့်အဖြစ်ရွေးချယ်မှာမဟုတ်ဘူး"
လျှိုချုံး၏မျက်နှာအမူအယာသည် တစ်စတစ်စ ပို၍မှောင်မည်းလာလေ၏။ သူက လျှိုမင်ကို အေးစက်စက်ကြည့်ပြီး မကျေမချမ်းပြောဆိုလိုက်သည်။
"ပညာရှင်ဖန်းယင်က တွေ့ကရာလူတိုင်းကို တပည့်အဖြစ်လက်ခံမယ်လို့ မင်းထင်နေတာလား..မင်းက ကံကောင်းလို့သာ ဆရာသခင်ရဲ့တပည့်ဖြစ်လာခဲ့တာ...အရူးတစ်ကောင်ကို သမင်ဖြူ ကျောင်းတော်ကို ဝင်ရောက်စေချင်သေးတာလား"
"ေနဦး"
ပညာရှင်ဖန်းယင်က ရုတ်တရက် တစ်စုံတစ်ခုကို မသင်္ကဖြစ်သွားပုံဖြင့် လုယွီအားကြည့်ရှုလိုက်လေ၏။
"မင်းနာမည်က လုယွီလား"
လုယွီက ခေါင်းညိတ်ပြလိုက်၏။
ဖန်းယင်သည် အလွန်အမင်းစိတ်လှုပ်ရှားသွားခဲ့၏။ သူ၏လက်ဖြင့် အောင်စာရင်းထိပ်ဆုံးမှနာမည်အားဖုံးအုပ်ထားသည့် အနက်ရောင်အဝတ်စအား ဖယ်ရှားလိုက်သည်။
"မင်းက ဒီတစ်ကြိမ်ရေးဖြေစာမေးပွဲရဲ့ ပထမပဲ"
ဖန်းယင်က အသက်ပြင်းပြင်းရှုလိုက်ပြီး လျှိုမင်နှင့်လုယွီအား တောက်ပနေသည့်မျက်လုံးများဖြင့် ကြည့်ရှုနေလေ၏။
"ကောင်းတယ်....လုယွီ...မင်းက သိုင်းပညာစမ်းသပ်ပွဲကို ဝင်ပြီးယှဉ်ပြိုင်စရာမလိုတော့ဘူး..မင်း သမင်ဖြူ ကျောင်းတော်ကို တိုက်ရိုက်ဝင်ရောက်နိုင်တယ်"
ဖန်းယင်က ကျေနပ်အားရနေသောလေသံဖြင့် ပြောဆိုလိုက်၏။
လူအုပ်ကြီးထံမှ အံ့သြတကြီးအော်ဟစ်သံများ ပွင့်ထွက်လာခဲ့သည်။ ဤကိစ္စသည် ရုတ်တရက်ဖြစ်ပွားခဲ့ပြီး မည်သူသမျှ သူတို့၏စိတ်ကိုပြင်ဆင်ထားခြင်းမရှိပေ။
လုယွီဆိုသူက ဤကဲ့သို့ သမင်ဖြူ ကျောင်းတော်ကို တတ်ရောက်ခွင့်ရရှိသွားသလော....ဤအရာက အလွန်ရိုးရှင်းနေသည်မဟုတ်လော....
"ဆရာသခင်....ဒါဆို လုယွီကို ဆရာသခင်ရဲ့တပည့်အဖြစ်ရွေးချယ်ဖို့ သဘောတူပြီလား"
လျှိုမင်က စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းလိုက်၏။
"ငါက သူရဲ႕ဆရာမျဖစ္နိုင္ဘူး"
ဖန်းယင်က သူ၏ခေါင်းကို လုယွီဘက်သို့လှည့်ပြီး ရိုသေလေးစားနေသော လေသံဖြင့် ပြောဆိုလိုက်လေသည်။
"မင်းကို မသိရှိခဲ့တာ ဒီအဖိုးကြီးရဲ့အပြစ်ပါ...တာအိုအိတ်ဆွေလေး လုယွီ...မင်းမှာ ငါတို့သမင်ဖြူ ကျောင်းတော်ကို တတ်ရောက်ချင်တဲ့ဆန္ဒရှိလား"
လုယွီ ပြန်လည်ဖြေကြားခြင်းမပြုမှီ လျှိုချုံးက အလုအယက်ဝင်ရောက်ပြောဆိုလိုက်၏။
"ဆရာသခင်...ဒါက စည်းမျဉ်းတွေကိုသွေဖယ်နေတာမဟုတ်ဘူးလား"
လျှိုချုံးက ဒေါသတကြီးဖြင့် ပြောဆိုနေခြင်းဖြစ်သည်။
ပြင်းထန်သည့် အမုန်းတရား မနာလိုမှုများနှင့် ဒေါသထွက်မှုများကြောင့် လျှိုချုံး၏မျက်လုံးများ ဝင်းဝင်းတောက်နေခဲ့သည်။ ထိုမစ္ဆိယတရားများသည် လျှိုချံုး စိတ်နှလုံးသား၏အနက်ရှိုင်းဆုံးနေရာမှ စတင်လောင်ကျွမ်းနေပြီး သူ၌ ထပ်မံ၍ထိန်းချုပ်ထားနိုင်စွမ်းမရှိတော့ချေ။
ပညာရှင်ဖန်းယင်၏မျက်ခုံးများ တွန့်သွားခဲ့သည်။
"မင်းမှာ ငါဘာလုပ်သင့်တယ်ဆိုတာ သင်ကြားပေးနိုင်တဲ့အစွမ်းအစရှိလို့လား"
"ဆရာသခင်ဖန်းယင်...ကျွန်တော်အမှတ်မမှားဘူးဆိုရင် သမင်ဖြူ ကျောင်းတော်ရဲ့ဝင်ခွင့်စည်းမျဉ်းတွေက အရမ်းတင်းကြပ်ပါတယ်...ဝင်ခွင့်စစ်ဆေးတဲ့နှစ်စဉ်နှစ်တိုင်း လူတစ်ယောက်ကိုသာ စမ်းသပ်မှုပြုလုပ်ခြင်းမရှိဘဲ ကျောင်းတော်ကိုတတ်ရောက်ခွင့်ပြုတယ်....ဒါက လူတွေကို ကိုယ်ရေးကိုယ်တာပတ်သတ်မှုကိုအကြောင်းပြပြီး ကျောင်းတော်ကိုဝင်ရောက်မှာကိုတားဆီးဖို့ ထုတ်ပြန်ထားတဲ့စည်းမျဉ်းမဟုတ်ဘူးလား"
"မင်းက ဒီအဖိုးကြီးကို ပုဂ္ဂိုလ်စွဲထားပြီး လုယွီကိုကျောင်းတော်ကိုတတ်ရောက်စေတယ်လို့ စွပ်စွဲနေတာလား"
ဖန်းယင်သည်လည်း ဒေါသထွက်လာသဖြင့် သူ၏ခန္ဓာကိုယ်မှ ကျန်းချီလှိုင်းများ ထွက်ပေါ်လာခဲ့သည်။
ဖန်းယင်၏အနီးရှိလူတစ်ချို့သည် သူတို့ထံသို့ဦးတည်လာသည့်လေပြင်းများကို ခံစားမိသဖြင့် ကြောက်ရွံမှုကြောင့် တုန်ရီနေကြသည်။
"စည်းမျဉ်းကစည်းမျဉ်းပဲ"
လျှိုချုံးက အံ့ကိုတင်းတင်းကြိတ်၍ ဆတ်လက်ပြောဆိုလိုက်သည်။
"နောက်ထပ် စမ်းသပ်ခြင်းတစ်ခုကျန်ပါသေးတယ်...သူတို့နှစ်ယောက်ထဲက တစ်ယောက်ကတော့ အဲ့ဒီပွဲကို ပါဝင်ယှဉ်ပြိုင်ရလိမ့်မယ်"
C228
မြေကွက်လပ်တစ်ခုလုံးရှိလူများသည်လည်း လုယွီတို့အနီးအနားတွင် စုရုံးရောက်ရှိနေကြ၏။ လူတိုင်းက ပြပွဲကောင်းတစ်ခုကို စောင့်ကြည့်နေကြလေသည်။ ဤကဲ့သို့ ကိစ္စရပ်မျိုးက နှစ်တစ်ရာတွင်ပင်တစ်ကြိမ် ဖြစ်ပွားလေ့မရှိသော ရှားပါးသောဖြစ်ရပ်ဖြစ်သည်။ ဤနေရာ၌ အမှန်တစ်ကယ်ကိုပင် ကျောင်းသားတစ်ယောက်က ပညာရှင်တစ်ယောက်ကို ဆန့်ကျင်ပြောဆိုနေခြင်းဖြစ်သည်။
လျှိုချုံးက သူတောင်းဆိုချင်သည့်အချက်ကိုပြောဆိုပြီးနောက် ငြိမ်ကျသွားခဲ့သည်။ ယခုလက်ရှိတွင် သူသည် ပညာရှင်ဖန်းယင်ကို အတိုက်အခံပြောဆိုပြီးဖြစ်၍ အနာဂတ်တွင် သမင်ဖြူ ကျောင်းတော်၌ တစ်လက်မခန့်လှုပ်ရှားရန်ပင် ခက်ခဲသွားပြီဖြစ်ပေ၏။
သူသည် သမင်ဖြူ ကျောင်းတော်၌ပင် ဆတ်လက်နေထိုင်ရန်ပင် ဖြစ်နိုင်ချေမရှိသလောတ်နည်းပါးသွားပေသည်။ သို့သော် သူ၏နှလုံးသားကိုလောင်ကျွမ်းနေသည့် မနာလိုအပူမီးများက သူ၏စဉ်းစားဆင်ခြင်နိုင်စွမ်းကို ဖုံးလွှမ်းသွားခဲ့ပြီဖြစ်ပေ၏။
အမှိုက်ကောင်ဖြစ်သော သူ၏ဝမ်းကွဲညီသည် အဓိကတပည့်အဖြစ် ပညာရှင်ဖန်းယင်၏ခေါ်ယူခြင်းခံရသည်။ မည်သည်ကြောင့်နည်း။ အရူးမှသာလျှင် သမင်ဖြူ ကျောင်းတော်ကို ဝင်ရောက်နိုင်မည်လော။ သူ၏ဂုဏ်ကျက်သရေသည် ကောင်းကင်ယံထိထွန်းလင်းတောက်ပမည်ဖြစ်ပြီး အရာအားလုံးသည် သူ၏အပိုင်သာဖြစ်ရပေမည်။
""အဲ့ဒီတော့ မင်းက လက်မခံနိုင်ဘူးလား"
ဖန်းယင်သည် လျှိုချုံး၏စိတ်အခြေအနေကို အကြည့်တစ်ချက်ဖြင့်ပင် ထွင်းဖောက်မြင်နိုင်ခဲ့သည်။
လျှိုမင်က ရုတ်တရက် ဝင်ရောက်ပြောဆိုလိုက်၏။
"ဆရာသခင်....ဒီလိုစည်းမျဉ်းရှိတယ်ဆိုရင် သိုင်းပညာစမ်းသပ်ပွဲမှာ ကျွန်တော်ကိုပါဝင်ယှဉ်ပြိုင်ခွင့်ပြုပါ...ဘယ်လိုဖြစ်ဖြစ် ကျွန်တော်ရဲ့ကျင့်ကြံမှုအဆင့်နဲ့ သိုင်းပညာစမ်းသပ်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုရင် အနိုင်ယူနိုင်မှာပါ"
လျှိုမင်သည် နက္ခက်တာရာပြောင်းလဲခြင်းနယ်ပယ် အဋ္ဌမအဆင့်ဖြစ်ပြီး လုယွီကမူ နက္ခက်တာရာပြောင်းလဲခြင်းနယ်ပယ်ဆဋ္ဌမအဆင့်ဖြစ်လေ၏။
ဖန်းယင်က သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။ လူမြောက်များစွာ၏မျက်လုံးများအောက်တွင် သူက စည်းမျဉ်းများကိုချိုးဖောက်နိုင်မည်မဟုတ်ပေ။
လုယွီသည် ကျောင်းအုပ်ကြီးနှင့်ဆရာဝေ့ကပင် ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံမည်ဟု ဆုံးဖြတ်ထားသူဖြစ်သည်။ ဖန်းယင်က လုယွီသည် နက္ခက်တာရာပြောင်းလဲခြင်းနယ်ပယ်ဆဋ္ဌမအဆင့်သာရှိသူဖြစ်ကြောင်း မြင်တွေ့မိသည်။ သမင်ဖြူ ကျောင်းတော်၏ဝင်ခွင့်စာမေးပွဲတွင် ဤကျင့်ကြံဆင့်သည် အမှန်တစ်ကယ်ပင် နိမ့်ပါးလှပေသည်။
"သိုင်းပညာစမ်းသပ်ပွဲက ရေးဖြေစမ်းသပ်ပွဲနဲ့ကွာခြားတယ်....မင်းတို့ ဂရုစိုက်ရမယ်"
ဖန်းယင်သည် လုယွီနှင့်လျှိုမင်ကို ညွှန်ကြားလိုက်၏။
ထို့နောက် ဖန်းယင်က လျှိုချုံးအား လှည့်ကြည့်လိုက်လေသည်။
"မင်းက စည်းမျဉ်းကိုအသုံးချပြီး ငါကိုဖိနှိပ်တယ်ပေါ့....တော်တော်ကောင်းတာပဲ...ဒီအဖိုးကြီးက ဒီလိုမျိုးကိစ္စမျိုးနဲ့မကြုံတွေ့ရတာ နှစ်ပေါင်းတော်တော်ကြာနေပြီ...မင်းရဲ့အစီအစဉ်က သူတို့နှစ်ယောက်ထဲက တစ်ယောက်ကို သိုင်းပညာယှဉ်ပြိုင်ပွဲမှာ အပြင်းအထန်ထိခိုက်ဒဏ်ရာရစေချင်တာ ဒါမှမဟုတ် သေတောင်သေစေချင်နေတာမလား....ဒီလိုမှသာ မင်းပျော်ရွှင်နိုင်ပြီး မင်းရဲ့စိတ် ကျေနပ်နှစ်သိမ့်မှုရမှာလေ"
ဖန်းယင်က လျှိုချုံးကို စူးစူးဝါးဝါးစိုက်ကြည့်၍ ထပ်မံပြောဆိုလိုက်ပေ၏။
"မင်း ဘာစဉ်းစားနေတာလဲဆိုတာ ဒီအဖိုးကြီးမသိဘူးထင်နေလား....မင်းက သူတို့ကိုသိုင်းပညာစမ်းသပ်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်စေချင်မှတော့ မင်းလည်းဝင်ရောက်ယှဉ်ပြိုင်သင့်တယ်...ဒါက သမင်ဖြူ ကျောင်းတော်ရဲ့ကြီးကြပ်သူဖြစ်တဲ့ ငါရဲ့အခွင့်အာဏာအရပဲ....မင်းက သမင်ဖြူ ကျောင်းတော်ကို သိုင်းပညာစမ်းသပ်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ပြီးမှသာ ဝင်ရောက်နိုင်မယ်"
လျှိုချုံး၏မျက်နှာသည် ဖြူ ဖတ်ဖြူ ရော်ဖြစ်သွားလေ၏။
ထိုအချိန်တွင် သူက စိတ်တည်ငြိမ်မှုရရှိနေပြီဖြစ်သော်လည်း ကူရာကယ်ရာမဲ့စွာဖြင့် သူ၏စိတ်နှလုံးသားအတွင်းမှ အလွန်အမင်းနောင်တရနေခဲ့သည်။
ကောင်းစွာသိမြင်နိုင်သူတိုင်းက သူသည် ပညာရှင်ဖန်းယင်အား ပြစ်မှားမိပြီဖြစ်ကြောင်းကို ကောင်းစွာသိရှိနိုင်ပေသည်။ အနာဂတ်တွင် အကယ်၍ သူက သမင်ဖြူ ကျောင်းတော်၌သင်ယူနိုင်လျှင်ပင် လူမြောက်များစွာ၏ပြစ်မှတ်ထားခြင်းခံရပေမည်။ ဤကဲ့သို့ ပညာရှင်မျိုးတွင် မြောက်များစွာသည့်တပည့်များရှိပြီး သူတို့အနက်မှမည်သူမဆို သူထက် အဆများစွာပို၍သန်မာပေသည်။
"ဒါတွေအားလုံးက မင်းတို့နှစ်ယောက်ကြောင့်ပဲ"
လျှိုချုံးက လုယွီနှင့်လျှိုမင်ကို မနာလိုခြင်း မုန်းတီးခြင်းများနှင့် စိုက်ကြည့်နေလေသည်။ သူ ဤကဲ့သို့ခက်ခဲသည့်အခြေအနေသို့ ကျရောက်ရခြင်းမှာ ထိုသူနှစ်ယောက်ကြောင့်ဖြစ်ပေ၏။
သူတို့နှစ်ယောက်သည် အမှိုက်ကောင်များဆိုသည်မှာ သိသာထင်ရှားနေသည်။ တိတ်ဆိတ်ငြိမ်သက်စွာနေသော ထိုသူနှစ်ယောက်သည် ယခုချိန်တွင် အမြင့်မားဆုံးသို့ရောက်ရှိသွားသည်မှာ သူအတွက် ကောင်းမွန်သောအရာမဟုတ်ပေ။
လျှိုချုံးက လျှိုမင်ကို စူးစူးဝါးဝါးကြည့်လိုက်သည်။
"ဝမ်းကွဲ...တစ်ကယ်လို့ ငါက သမင်ဖြူ ကျောင်းတော်ကို ဝင်ရောက်ခွင့်မရဘူးဆိုရင်တောင် မင်းနဲ့ငါကြားမှာ ဘယ်လောက်ကွာခြားလည်းဆိုတာ ငါမင်းကို ကိုယ်တိုင်ကိုယ်ကျသင်ကြားပေးမယ်"
"ကောင်းပြီလေ"
တစ်ချိန်လုံး တိတ်ဆိတ်ငြိမ်သက်နေသည့် လုယွီက ရုတ်တရက်ပြောဆိုလိုက်ခြင်းဖြစ်သည်။
သူက လျှိုချုံးထံသို့ တည့်တည့်မတ်မတ်လျှောက်သွားပြီး အတည်အလင်းပြောကြားလိုက်သည်။
"မင်းက သေချင်နေမှတော့ လျှိုမင်ကိုအကူအညီတောင်းစရာမလိုဘူး....သမင်ဖြူ ကျောင်းတော်ရဲ့သိုင်းပညာစမ်းသပ်ပွဲမှာ တပည့်အချင်းချင်းလည်း စိန်ခေါ်ခွင့်ရှိတယ်လို့ ငါသိထားတယ်"
လုယွီ၏မျက်လုံးများက လျှိုချုံး၏အဖြူ ရောင်ဝတ်စုံပေါ်သို့ ကျရောက်လာပြီး တည်ငြိမ်အေးဆေးစွာဖြင့်ပြောဆိုလိုက်သည်။
"မင်းကို ကျောင်းတော်ရဲ့အတွင်းစည်းတပည့်လို့ ယူဆနိုင်တယ်...ငါကလည်း ရေးဖြေစာမေးပွဲကိုဖြတ်ကျော်ပြီးတာမို့ မင်းကိုစိန်ခေါ်ဖို့ အရည်အချင်းပြည့်မှီတယ်လို့ပြောနိုင်တယ်...ငါရဲ့စိန်ခေါ်မှုကို မင်း လက်ခံမှာလား"
"မင်းက ငါကိုစိန်ခေါ်တာလား"
လျှိုချုံးသည် ပြက်လုံးတစ်ခုကိုကြားလိုက်ရသကဲ့သို့ အူလှိုက်သည်းလှိုက်ရယ်မောနေလေ၏။
"ညီလေး လု...မဆင်မခြင်မလုပ်နဲ့"
လျှိုမင်က လုယွီအား အလျှင်အမြန်သတိပေးလိုက်လေ၏။
လုယွီက ခေါင်းခါယမ်းရင်းမှ ပြောဆိုလိုက်သည်။
"ငါက မင်းကိုကူညီဖို့ ကြိုးစားနေတာမဟုတ်ဘူး....ငါ သူကိုရိုက်ချင်နေတာ"
C229
လုယွီသည် နက္ခက်တာရာပြောင်းလဲခြင်းနယ်ပယ်ဖြစ်၍ လျှိုချုံးသည် အမြူ တေဖွဲ့စည်းခြင်းနယ်ပယ်သို့ရောက်ရှိနေသူဖြစ်သည်။ အသက်အရွယ်အားဖြင့်လည်း လျှိုချံုးသည် အသက်နှစ်ဆယ်ဖြစ်ပြီး လုယွီသည် အသက်တစ်ဆယ့်ခုနစ်နှစ်သာရှိသေးသော ဆယ်ကျော်သက်တစ်ယောက်ဖြစ်ပေ၏။
အသက်အရွယ်အရရော ကျင့်ကြံမှုအရပါဆိုရလျှင် လျှိုချုံးဘက်က သာနေပေသည်။
လျှိုချုံးက လုယွီကိုကြည့်၍ လှောင်ပြောင်သရော်လိုက်သည်။
"ကောင်လေး....မင်းက အမှန်တစ်ကယ်ကိုရူးသွပ်နေတာလို့တော့ ငါကိုမပြောနဲ့....မင်းက ငါနဲ့တိုက်ခိုက်ဝံ့တာလား...မင်း အသက်ရှင်ရတာကို ငြီးငွေ့နေပြီထင်တယ်"
လုယွီက မေးမြန်းလိုက်လေ၏။
"မင်း မတိုက်ခိုက်ရဲဘူးလား"
"ငါက မတိုက်ခိုက်ရဲဘူးလား"
လျှိုချုံးက သရော်ချင်ဟန်ဖြင့်ရယ်မောရင်းမှ ပြန်လည်ပြောဆိုလိုက်သည်။
"မင်းလိုကောင်လောတ်နဲ့ ငါက မတိုက်ခိုက်ရဲစရာလား"
"အရမ်းကောင်းတယ်.....ငါက သိုင်းပညာယှဉ်ပြိုင်ပွဲကို လေးစားတဲ့အနေနဲ့ လျှိုမင်ရဲ့အစား မင်းကိုတိုက်ခိုက်ပြမယ်"
လုယွီက ပြောဆိုလိုက်လေ၏။
လျှိုမင်သည် စိတ်လှုပ်ရှားစွာဖြင့် ဝင်ရောက်ပြောဆိုမိတော့၏။
"ညီလေးလု....ဒါက ငါတို့မိသားစုအရေးကိစ္စပါ...မင်းကို ဝင်ပါခွင့်မပြုဘူး"
"မင်းတို့ဆတ်ပြီး အငြင်းပွားနေစရာမလိုဘူး....သမင်ဖြူ ကျောင်းတော်ရဲ့စည်းမျဉ်းတွေအရ ရေးဖြေစာမေးပွဲပြီးတာနဲ့ သိုင်းပညာစမ်းသပ်ပွဲကျင်းပတာပဲ...ကောင်စုတ်လေး မင်းကဆိုးဆိုးရွားရွားသေချင်နေမှတော့ လာခဲ့စမ်း"
"လျှိုမင်....ငါ ဒီအမှိုက်ကိုဖြေရှင်းပြီးတဲ့ချိန်ထိ မင်းစောင့်နေ"
လျှိုချုံးသည် စကားပြောဆိုပြီးသည်နှင့် သိုင်းပညာယှဉ်ပြိုင်ပွဲစင်မြင့်ပေါ်သို့ လျှောက်လှမ်းသွားလေသည်။
လျှိုမင်ကိုကြည့်ရသည်မှာ တစ်စုံတစ်ခုကိုပြောဆိုချင်နေပုံပေါ်နေသော်လည်း လုယွီက သူ၏ပခုံးကိုပုတ်လိုက်၏။
"ဘာမှစိတ်ပူမနေနဲ့...အဲ့ကောင်မှာ နောက်ထပ်စကားပြောဖို့ အခွင့်အရေးရှိမှာမဟုတ်တော့ဘူး"
ဖန်းယင်သည် မျက်မှောင်ကြုတ်ပြီး တစ်စုံတစ်ခုကိုပြောဆိုချင်နေပုံပေါ်သော်လည်း သူက သက်ပြင်းတစ်ချက်သာရှိုက်လိုက်သည်။
"ကိစ္စတွေက ဒီလိုဖြစ်လာမှတော့ မင်း အချိန်ခဏအကြာကြရင် ကျောင်းတော်ကိုပြန်လာနိုင်တယ်...ဒါက ငါရဲ့အမိန့်တံဆိပ်ပြားပဲ...ဒီအမိန့်တံဆိပ်ပြားနဲ့ဆိုရင် မင်းဟာငါတပည့်မှန်း လူတိုင်းသိလိမ့်မယ်"
ပညာရှင်ဖန်းယင်က အမိန့်ပေးတံဆိပ်ပြားတစ်ခုကိုထုတ်ယူပြီး လျှိုမင်ထံပေးအပ်လိုက်လေ၏။
လျှိုမင်က အရိုအသေပြုရင်းမှ ပြောကြားလိုက်တော့သည်။
"ကျေးဇူးတင်ပါတယ် ဆရာသခင်"
ရေးဖြေစာမေးပွဲကို လူအယောက်တစ်ထောင်ခန့် အောင်မြင်ပေသည်။ ဤတစ်ထောင့်ခန့်သောလူများသည် သိုင်းပညာစမ်းသပ်ပွဲယှဉ်ပြိုင်ပြီး ရလဒ်ထွက်ပေါ်လာမှသာလျှင် သမင်ဖြူ ကျောင်းတော်သို့တတ်ရောက်နိုင်ရန် အရည်အချင်းပြည့်မှီသည် မမှီသည်ကို ဆုံးဖြတ်နိုင်ပေမည်။
သမင်ဖြူ ကျောင်းတော်သည် သူတို့အချင်းချင်း၏တိုက်ခိုက်မှုများကိုလည်း ထိန်းချုပ်ဟန့်တားခြင်းမရှိပေ။ အားနည်းသောဖြေဆိုသူသည် ထုတ်ပယ်ခံရမည်ဖြစ်ပြီး စာတမ်းကောင်းမွန်စွာရေးသားနိုင်ပြီး သိုင်းပညာကျွမ်းကျင်မှုအဆင့်မြင့်မားသူကိုသာ ရွေးချယ်မည်ဖြစ်ပေ၏။
တိုက်ပွဲစင်မြင့်နှင့် မလှမ်းမကမ်းအကွာအဝေးတွင် မြင့်မားသောအဆောတ်အအုံကြီးတစ်ခုတည်ရှိသည်။ ထိုအဆောက်အအုံ၏ထိပ်ဆုံးထပ်တွင် လေသာဆောင်တစ်ခုရှိပေ၏။ ထိုနေရာမှကြည့်လျှင် တိုက်ပွဲစင်မြင့်မှမြင်ကွင်းကို ကွက်ကွက်ကွင်းကွင်းမြင်နိုင်ပေသည်။
ထိုလေသာဆောင်တွင် လုဝမ်ရှင်း ဆရာဝေ့နှင့်ခန်းမသခင်စန့်တို့ ထိုင်နေကြသည်။ ထိုအချိန်မှာပင် ပညာရှင်ဖန်းယင်က လေသာဆောင်သို့ ရောက်ရှိလာသည်။
"ဘာလဲ...ရှင် အဲ့ဒီသူကိုရှာမတွေ့ဘူးလား"
ဖန်းယင်နှင့်အတူ မည်သူမျှပါမလာသည်ကို မြင်မိသော လုဝမ်ရှင်းက မေးမြန်းလိုက်၏။
ဖန်းယင်သည် သက်ပြင်းတစ်ချက်ရှိုက်ပြီး လုဝမ်ရှင်းအား ဖြစ်စဉ်အလုံးစုံကို ပြောပြလိုက်တော့သည်။
ဆရာဝေ့ကမူ မျက်မှောင်ကြုတ်နေလေ၏။ အကယ်၍ ဖန်းယင်နေရာ၌ သူဖြစ်ခဲ့လျှင် စည်းမျဉ်းများကိုဆန့်ကျင်တိုက်ခိုက်ရသည်ဖြစ်စေ ထိူသူကိုအပါခေါ်လာမည်ဖြစ်သည်။ ထိုသူက နတ်ဘုရားမိုးကြိုးကိုပင်ဆင့်ခေါ်နိုင်ပြီး မြောက်များစွာသောသူတော်စင်များက အရိုအသေပြုကြသည့် စာတမ်းကိုရေးသားခဲ့သူဖြစ်သည်။
ဤကိစ္စရပ်ထက်ပိုပြီး ပါရမီရှင်ဟု ဖော်ပြညွှန်းဆိုနိုင်သူ ရှိမည်မဟုတ်ချေ။ အလယ်ပိုင်းကုန်းမြေမှ ပညာရှင်တစ်ယောက်ပင် ဤကဲ့သို့စွမ်းဆောင်နိုင်မည်မဟုတ်ပေ။
ဆရာဝေ့က ထိုသူသည်မည်သူဖြစ်သည်ကို သိချင်စိတ်ပြင်းပြနေသည်။
"အဲ့ဒီသူအကြောင်း စုံစမ်းတာဘယ်လိုအခြေအနေရှိလဲ"
ဆရာဝေ့သည် ကြီးကြပ်သူဘက်သို့လှည့်ပြီး မေးမြန်းလိုက်၏။
ကြီးကြပ်သူက တလေးတစားဖြင့် ပြန်လည်ဖြေကြားလိုက်လေသည်။
"အဲ့ဒီကောင်လေးက အေးစက်မိုးတိမ်မြို့ကို လွန်ခဲ့တဲ့ရက်အနည်းငယ်ကမှရောက်လာတာပါ ဆရာသခင်...သူနဲ့ပတ်သတ်တဲ့ သတင်းအချက်အလက်က အရမ်းနည်းတယ်...ဒါပေမယ့် ကျွန်တော် ကျောင်းအုပ်ကြီးလုကို တစ်ခုတော့တင်ပြစရာရှိပါတယ်"
"ဘာမို့လို့လဲ"
ဆရာဝေ့က လုဝမ်ရှင်းအား တစ်ချက်ကြည့်လိုက်၏။
ကြီးကြပ်သူက ပြန်လည်ဖြေကြားလိုက်သည်။
"အဲ့ဒီကောင်လေးက လျှို့ဝှက်နဂါးနန်းတော်ကိုလာပြီး ပစ္စည်းတစ်ခုကိုလေလံတင်ဖို့ အပ်နှံခဲ့တယ်...အဲဒီပစ္စည်းက အရင်ရက်ကကျောင်းအုပ်ကြီးလု လေလံပွဲမှာရရှိခဲ့တဲ့ ဖုန်းရွှေဝင်္ကပါပန်းချီပါ"
လုဝမ်ရှင်း၏မျက်နှာအမူအယာသည် စိတ်တည်ငြိမ်အေးဆေးနေပုံမပေါ်တော့ချေ။
"အဲ့ဒီဖုန်းရွှေဝင်္ကပါပန်းချီက သူပိုင်ဆိုင်တဲ့ဟာတဲ့လား"
လုဝမ်ရှင်းက မယုံကြည်နိုင်မှုများဖြင့် ရေရွတ်မိသည်။
ဆရာဝေ့က သူ၏မုတ်ဆိတ်မွှေးကိုသာ ဆွဲကိုင်နေလေသည်။ သူက အချိန်အတော်ကြာတိတ်ဆိတ်ငြိမ်သက်နေပြီးမှ ပြောဆိုလိုက်သည်။
"ဖြစ်နိုင်တာတော့ အဲ့ဒီလူက ဖုန်းရွှေဆရာသခင်တစ်ယောက်များဖြစ်နေမလား...ပြောကြတာတော့ ပန်းချီကားထဲမှာ ဖုန်းရွှေစိတ်ဆန္ဒတွေကို ထည့်သွင်းနိုင်တဲ့သူက ပတ်ဝန်းကျင်မှာရှိတဲ့ လေနဲ့မိုးကိုကမောက်ကမဖြစ်စေနိုင်ပြီး သဘာဝပုံရိပ်ကိုဖော်ထုတ်နိုင်တယ်လို့ ဆိုကြတယ်"
လုဝမ်ရှင်းက သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။
"အဲ့ဒီသူရဲ့ သိုင်းပညာစမ်းသပ်ပွဲရလဒ် ဘာဖြစ်နေနေ အရေးမကြီးဘူး...ကျွန်မတို့သမင်ဖြူ ကျောင်းတော်က သူကိုရအောင်ခေါ်ယူရမယ်....နောက် သိုင်းပညာစမ်းသပ်ပွဲအတွင်းမှာ သူကိုအထိအခိုက်မဖြစ်အောင် စောင့်ရှောက်ကြပါ"
C230
စင်မြင့်ပေါ်တွင်...
နောက်ဆုံးစမ်းသပ်စစ်ဆေးပွဲက တရားဝင်စတင်ပြီဖြစ်သည်။
မြေကွက်လပ်တွင်လူအမြောက်အများကျန်ရှိနေခြင်းကြောင့် တိုက်ပွဲစင်မြင့်အမြောက်အများသည် တပြိုင်နက်တည်းပေါ်ထွက်လာလေ၏။
စည်းမျဥ်းသည်အလွန်အမင်းရိုးရှင်းပြီး ပြိုင်ဘက်ကိုဖယ်ရှားနိုင်လျှင် နောက်တစ်ဆင့်တတ်နိုင်ပေမည်။ တစ်ချို့လူများသည် အားနည်းသောပြိုင်ဘက်နှင့်တွေ့ပါက အလွန်လွယ်ကူစွာပင် သမင်ဖြူကျောင်းတော်သို့ဝင်ရောက်နိုင်မည်သာဖြစ်လေ၏။ သို့သော် တစ်ချို့ကံဆိုးသူများသည် အားကောင်းသောပြိုင်ဘက်နှင့် ကြုံတွေ့ရပါက ကျောင်းတော်သို့ဝင်ခွင့််ရမည့်အပြင် သူတို့၏ဂုဏ်သတင်းသည် အောက်ခြေထိကျဆင်းသွားပေမည်။
ခွန်အားအပြင် ကံကြမ္မာလည်းအရေးပါသော ယှဥ်ပြိုင်ပွဲတစ်ပွဲဖြစ်သည်။
"ကောင်လေး....မင်းဘဝရဲ့နောက်ဆုံးအချိန်လေးကိုတန်ဖိုးထား...ဘာလို့လဲဆိုတော့ မင်းကမနက်ဖြန်နေထွက်တာကိုမြင်ရတော့မှာမဟုတ်လို့ပဲ"
လျှိုချုံးက ဒေါသတကြီးဖြင့် ကြုံးဝါးလိုက်လေ၏။
လုယွီက ပေါ့ပါးသောအပြုံးတစ်ချက်ဖြင့်သာ တုန့်ပြန်လိုက်သည်။ သူ၏ရှည်လျားလှသောအတိတ်ဘဝတွင် ဤကဲ့သို့ခြိမ်းခြောက်သူပေါင်းများစွာကို တွေ့ကြုံခဲ့ပြီးဖြစ်သည်။ ထိုကဲ့သို့သောလူစားမျိုးကို ရင်ဆိုင်သည့် လုယွီ၏တစ်ခုတည်းသောနည်းလမ်းမှာ သူတို့၏မျက်နှာကိုဖြတ်ရိုက်ပစ်ခြင်းသာဖြစ်သည်။
အကယ်၍ လုယွီနေရာ၌ အစစ်အမှန်ကွန်ဖြူးရှပ်ပညာရှင်တစ်ယောက်ဆိုလျှင် ကိစ္စရပ်များကိုငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းပေလိမ့်မည်။ သို့သော် လုယွီကမူ မလုပ်နိုင်ချေ။
လောကဘုံအားလုံးတွင် မြေအောက်လောကတစ်ဆယ့်ရှစ်ခုသည် အကျော်ကြားဆုံးနေရာဖြစ်သည်။ နတ်ဆိုးဂိုဏ်းမှကျင့်ကြံသူများသည် တာအိုကျင့်ကြံရာတွင်သာ စိတ်နှလုံးသားကိုနှစ်မြှုပ်ထားပြီး သေမျိုးလောကများ၏စည်းမျဥ်းဥပဒေသများကို ဂရုစိုက်ခြင်းမရှိကြချေ။
လုယွီသည် လျှိုချုံးကိုအခွင့်အရေးများစွာပေးခဲ့သော်လည်း တန်ဖိုးထားခြင်းမရှိပေ။
"နောက်တစ်ပွဲ လုယွီနဲ့ကျန်းလုံ"
အလွန်လျှင်မြန်စွာဖြင့်ပင် စင်မြင့်ပေါ်သို့သွားရန်လုယွီ၏အလှည့်သို့ ရောက်ရှိလာခဲ့သည်။ စင်မြင့်ပေါ်တွင် လုယွီ၏ရှေ့၌ အရပ်မြင့််မားပြီးတောင့်တင်းခိုင်မာသူတစ်ယောက် မတ်တတ်ရပ်နေလေသည်။
ထိုလူငယ်သည် ဝက်ဝံတစ်ကောင်နှင့်တူညီနေပြီး လုယွီ၏ရှေ့မှနေရောင်ကိုပင် ပိတ်ကွယ်ထားပေ၏။
"ညီအကိုယွီ...ကျေးဇူးပြု၍"
လူငယ်ကိုကြည့်ရသည်မှာ ကြမ်းတမ်းရက်စက်ပုံပေါ်နေသော်လည်း အလွန်ယဥ်ကျေးသိမ်မွေ့သူတစ်ယောက်ဖြစ်နေခဲ့သည်။ သိသာထင်ရှားစွာပင် လူငယ်သည် ကွန်ဖြူးရှပ်ပညာရှင်တစ်ယောက်ဖြစ်ပေသည်။
လုယွီကလည်း ထိုလူငယ်အား ပြန်လည်တုန့်ပြန်နှုတ်ဆတ်လိုက်သည်။
"ကျေးဇူးပြု၍"
"ဘုန်း"
လူငယ်သည် စင်မြင့်ပေါ်၌ ခြေဆောင့်နင်းလိုက်ချိန်တွင် မိုးကြိုးပစ်သံတစ်မျှ ကျယ်လောင်သည့်မြည်ဟီးသံကြီးထွက်ပေါ်လာပြီး စင်မြင့်ကိုပင်အက်ကွဲသွားစေခဲ့သည်။ ထိုအသံနှင့်ယှဥ်တွဲ၍ လူငယ်သည် လေးကြိုးမှပစ်လွှက်လိုက်သည့်မြှားတစ်စင်းကဲသို့ လုယွီထံတည့်တည့်မတ်မတ်တိုးဝင်လာခဲ့သည်။
ကျန်းချီလှိုင်းများထွက်ပေါ်လာပြီးနောက် လူငယ်၏နံဘေးပတ်လည်တွင် အကာအကွယ်အလွှာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
"နက္ခက်တာရာပြောင်းလဲခြင်းနယ်ပယ် နဝမအဆင့်"
ပတ်ဝန်းကျင်ရှိလူများသည် စူးစူးဝါးဝါးအော်ဟစ်လိုက်ကြသည်။ လူငယ်သည် နက္ခက်တာရာပြောင်းလဲခြင်းနယ်ပယ်နဝမအဆင့်ဆိုသည်မှာသိသာထင်ရှားနေပြီး ဤကျင့်ကြံမှုအဆင့်သည် နိမ့်ပါးသောအဆင့်မျိုးမဟုတ်ချေ။
လုယွီသည် လူငယ်ကိုတစ်ချက်ကြည့်လိုက်သော်လည်း သူက မည်သည့်လှုပ်ရှားမှုကိုမျှပြုလုပ်ခြင်းမရှိဘဲ လက်နောက်ပစ်ထားသောအနေအထားဖြင့် အေးဆေးတည်ငြိမ်နေဆဲဖြစ်သည်။
"ညီအကို ယွီ...တစ်ကယ်လို့ မင်းငါကို ထိပ်တိုက်ရင်ဆိုင်မတိုက်ခိုက်ဘူးဆိုရင် ငါရဲ့လက်သီးကျဆင်းလာတာနဲ့ မင်းအပြင်းအထန်ဒဏ်ရါရသွားနိုင်တယ်"
လူငယ်က သတိပေးလိုက်လေ၏။
ပွဲကြည့်ပရိတ်သတ်များအကြားတွင်မူ လျှိုချုံးရှိနေပေသည်။ သူက လှောင်ပြောင်သရော်လိုက်လေ၏။
"မင်း ရူးများနေတာလား...ကြည့်ရတာတေယ့ ဘယ်လိုပြန်တိုက်ခိုက်ရမယ်ဆိုတာတောင် မသိတဲ့ပုံပဲ"
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် လူငယ်၏လက်သီးချက်က လုယွီ၏ခန္ဓာကိုယ်ပေါ်သို့ကျရောက်လာခဲ့သည်။ သို့သော် ထိုအချိန်တခဏမှာပင် လူငယ်သည် နာကျင်မှုကြောင့်အော်ဟစ်နေပြီး လွင့်စင်ထွက်သွားခဲ့သည်။
ဘုန်း...
လူငယ်သည် စင်မြင့်ပေါ်မှနေ၍ မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန်ကျဆင်းလာခဲ့သည်။ သို့သော် သူသည် သက်ရောက်မှုအားကိုတောင့်ခံနိုင်ခဲ့ပြီး ထိခိုက်မှုမရှိဘဲ မြေပြင်ပေါ်၌နက်ရှိုင်းသော ချိုင့်ကြီးတစ်ခုသာ ဖြစ်ပေါ်သွားစေသည်။
လူတိုင်း ဆွံအကုန်ကြ၏။ သူတို့က လုယွီ၏လှုပ်ရှားခြင်းကိုမမြင်လိုက်ရဘဲ လူငယ်လွင့်စင်ထွက်လာသည်ကိုသာ မြင်ကြရသည်။
"သူ ခြေချော်သွားတာလား"
စင်မြင့်၏အောက်ရှိ လူတစ်ယောက်က သံသယအပြည့်ဖြင့်မေးမြန်းလိုက်လေသည်။
"ဒီလို မြန်ဆန်တဲ့စွမ်းရည်မျိုး"
တစ်ခြားသူများက မမြင်တွေ့လိုက်သော်လည်း ဆရာဝေ့ကမူ အကြည့်တစ်ချက်ဖြင့်ပင် လုယွီ၏လှုပ်ရှားမှုကို ပြောနိုင်ပေသည်။
လျှပ်စီးတစ်မျှမြန်ဆန်သည့် လက်သီးတစ်ချက်က လူငယ်၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခြင်းဖြစ်သည်။ ထိုထက်မက လုယွီ၏တိုက်ခိုက်ရာ၌ ခွန်အားထိန်းချုပ်မှုသည် ကောင်းမွန်ပြည့်စုံပေသည်။ သူသည် လူငယ်ကိုမြေပြင်ပေါ်သို့ လွင့်စင်ထွက်သွားစေသော်လည်း အနည်းငယ်မျှပင် ဒဏ်ရါရရှိစေခြင်းမရှိချေ။
"ကြည့်ရတာတော့ သူမှာတစ်ချို့စွမ်းရည်တွေ ရှိနေသေးပုံပဲ....ကောင်းကင်ဘုံကချီးမြှောက်ရတဲ့ စကားလုံးမဲ့စာတမ်းကိုရေးတဲ့သူက ဒီလေါက်ထိငယ်ရွယ်လိမ့်မယ်လို့ ငါ မျှော်လင့်မထားမိဘူး"
ဆရာဝေ့က ရုတ်တရက် တစ်စုံတစ်ခုကိုတွေးတောမိပြီး မေးမြန်းလိုက်သည်။
"သူ့နာမည်က ဘာလဲ"
ဖန်းယင်က ဖြေကြားလိုက်လေ၏။
"အဲ့ခလေးရဲ့နာမည်က လုယွီပါ"
"လုယွီ......."
လုဝမ်ရှင်း မျက်မှောင်ကြုပ်လိုက်မိလေ၏။ သူမအကို၏သားဖြစ်သူနာမည်သည် လုယွီဖြစ်ကြောင်းကို မှတ်မိနေဆဲဖြစ်သည်။ သို့သော် သူမ၏တူဖြစ်သူသည် မွေးဖွားလာစဥ်ကတည်းက စိတ်ဖောက်ပြန်နေပြီး အရူးတစ်ယောက်သာဖြစ်ပေသည်။
"နာမည်တူတာပဲ ဖြစ်မှာပါလေ"
လုဝမ်ရှင်းက ခေါင်းခါယမ်းလိုက်လေ၏။