← Chapters

အခန်း (၂၃၁-၂၃၅)

Vol. 11-15 Ch. 231-235

အခန်း (၂၃၁-၂၃၅)

Vol. 11-15 Ch. 231-235

C231

"ဒီကောင်ကံက တော်တော်ကောင်းတာပဲ"

လျှိုချုံး၏မျက်လုံးများအတွင်းတွင် မလိုလားမှုအရိပ်အယောင်များထင်ဟပ်နေလေသည်။

မူလက နက္ခက်တာရာပြောင်းလဲခြင်းနဝမအဆင့်လူငယ်သည် လုယွီအား သင်ခန်းစာပေးနိုင်လိမ့်မည်ဟု သူမျှော်လင့်ထားခဲ့သည်။ ထိုလူငယ်သည် ယုံကြည်စိတ်ချရခြင်းမရှိဘဲ စင်မြင့်ထက်မှနေ၍ လွင့်စင်ကျလာခဲ့သည်။

"နောက်ထပ်ပွဲစဥ်ကတော့ လုယွီက သမင်ဖြူကျောင်းတော်ရဲ့အတွင်းစည်းတပည့် လျှိုချုံးကိုစိန်ခေါ်တဲ့ပွဲဖြစ်တယ်...မင်းက မတိုက်ခိုက်ခင် ခွန်အားတွေပြန်လည်စုစည်းဖို့တစ်နာရီအချိန်ရမယ်"

ကြီးကြပ်သူက ကြေငြာချက်ထုတ်ပြန်လိုက်သည်။

လုယွီက ခေါင်းခါလိုက်လေ၏။

"တစ်နာရီအချိန်ယူစရာမလိုပါဘူး....ကျွန်တော် အခုတိုက်ခိုက်မယ်"

စကားဆုံးသည်နှင့် လုယွီက စင်မြင့်ပေါ်သို့ပြန်လည်ခုန်တတ်လိုက်သည်။

သူ၏ရန်ဘက်ဖြစ်သူ လုယွီပြောသောစကားကိုကြားသည်နှင့် လျှိုချုံး၏မျက်လုံးများ လင်းလက်တောက်ပသွားလေသည်။

"ကောင်းပြီလေ...ကောင်လေး....မင်းက ငါရဲ့တံခါးဝကို ကိုယ်တိုင်ကိုယ်ကျရောက်လာခဲ့တာပဲ...ဒီအတွက် ငါကိုအပြစ်မတင်နဲ့"

လျှိုချုံးက အူလှိုက်သည်းလှိုက်ရယ်မောလိုက်ပြီး စင်မြင့်ပေါ်သို့ခုန်တတ်လိုက်သည်။

"နှစ်ဘက်စလုံးက အနားမယူဘူးဆိုမှတော့ အခုစကြတာပေါ့"

ကြီးကြပ်သူက မည်သည့်အပိုစကားမျှမဆိုတော့ဘဲ ယှဥ်ပြိုင်ပွဲစတင်ရန် ကြေငြာလိုက်တော့သည်။

"နက္ခက်တာရာပြောင်းလဲခြင်းနယ်ပယ်ပဲရှိသေးတဲ့ ခလေးတစ်ယောက်က ဘယ်လိုနည်းနဲ့ငါကိုတိုက်ခိုက်မှာလဲ"

လျှို့ဝှက်ဖုံးကွယ်ထားသည့်အော်ရာတစ်ခုက လျှိုချုံး၏ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသည်။

လျှိုချုံး၏နဖူးပေါ်တွင် တောက်ပသည့်အမြူတေတစ်ခုက မျောလွင့်နေပေသည်။ အမြူတေ၏မျက်နှာပြင်ပေါ်၌ သစ်ရွက်နှစ်ရွက်ပုံစံက ထွက်ပေါ်လာခဲ့သည်။

"ဒါဆို သူက အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ရောက်နေတဲ့သူပဲ....သူရှေ့က ကောင်လေးက ချီစုစည်းခြင်းနယ်ပယ်ပဲရှိသေးတာ...ဒီတိုက်ပွဲက နည်းနည်းတော့ ဒွိဟဖြစ်စရာပဲ"

"ယုတ္တိကိုမရှိဘူး....ဘယ်လိုပဲဖြစ်ဖြစ် သူက သမင်ဖြူကျောင်းတော်ရဲ့အတွင်းစည်းတပည့်တစ်ယောက်လေ...သူက ကောင်လေးကိုနိုင်သွားတာနဲ့အတွင်းစည်းတပည့်တစ်ယောက်ဖြစ်တော့မှာ....သူ့ပြိုင်ဘက်က ဒီလေါက်ထိအားမနည်းသင့်ဘူးထင်တယ်"

တစ်ချို့သူများသည် ယခုဖြစ်ပျက်နေသောအခြေအနေကို နားမလည်နိုင်ကြသဖြင့် သူတို့အချင်းချင်းတိုင်ပင်ဆွေးနွေးနေကြ၏။ အမှန်အားဖြင့် လုယွီနှင့်လျှိုချုံးတို့၏ရန်စကို သိရှိထားကြသူများကလည်း အချင်းချင်းတီးတိုးပြောဆိုနေကြသည်။

ရုတ်ချည်းဆိုသလိုပင် လူအုပ်ကြီးသည် လျှိုချုံးကို လေးလေးနက်နက်ကြည့်ရှုနေတော့သည်။

ယခုအချိန်တွင် လျှိုချုံးသည် လူပရိတ်သတ်များ၏အကြည့်ကို အမှုထားခြင်းမရှိတော့ချေ။ သူက ယခုတိုက်ပွဲပြီးသည်နှင့်သမင်ဖြူကျောင်းတော်တွင် အတွင်းစည်းတပည့်အဖြစ်တရားဝင်ကျင့်ကြံနိုင်ပြီဖြစ်၍ မာနများဖုံးလွှမ်းနေလေသည်။

"ဒါတွေအားလုံးက မင်းရဲ့အပြစ်တွေပဲ"

လျှိုချုံးသည် သူ၏စိတ်နှလုံးသားအတွင်းမှ ဒေါသများကို မြိုသိပ်ထားနိုင်ခြင်းမရှိတော့သဖြင့် သူ၏မျက်နှာအမူအယာသည် ရှုံတွနေပေ၏။

"ယှဥ်ပြိုင်ပွဲ စတင်မယ်"

"သေစမ်း"

လျှိုချုံး၏အသံထွက်ပေါ်လာသည်နှင့်တပြိုင်နက်တည်း သူက ကောင်းကင်ပေါ်၌ ပျံဝဲလိုက်သည်။ သူ၏ပုံရိပ်သည် သိမ်းဌက်တစ်ကောင်နှင့်တူညီနေပြီး သူ့လက်မောင်းများကို အတောင်ပံများကဲ့သို့ ဖြန့်ထားလေသည်။ သူ၏လက်နှစ်ဖက်လုံးတွင် လက်သည်းများအသွင်ယူဆောင်ထားပြီး လုယွီထံသို့ ဦးတည်၍ကုတ်ဆွဲလိုက်သည်။

"အမြူတေဖွဲ့စည်းခြင်းနယ်ပယ်"

မြင့်မားသောအဆောက်အအုံတစ်ခု၏ပွဲကြည့်စင်ပေါ်ရှိ ဆရာဝေ့၏မျက်လုံးများ အနည်းငယ်ကျဥ်းမြောင်းသွားခဲ့သည်။ သူ၏လက်အတွင်းမှယပ်တောင်သည်ပင် လှုပ်ရှားနေရာမှရပ်တန့်သွားပေ၏။ အကယ်၍ လုယွီသည်အန္တရာယ်ကျရောက်မည်ဆိုပါက သူက စင်မြင့်ထံသို့ချက်ချင်းတိုးဝင်ရန်ပြင်ဆင်လိုက်သည်။

လျှိုချုံး၏လက်သည်းများသည် အလွန်အမင်းလျှင်မြန်ပြီး လုယွီ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာခဲ့သည်။

"စိုးရိမ်မနေနဲ့....ငါက မင်းကိုချက်ချင်းမသတ်သေးဘူး...မင်းကိုနည်းနည်းချင်းစီစုတ်ဖြဲပြီးမှ သေခြင်းရဲ့အရသာဘာလဲဆိုတာကို ဖြည်းဖြည်းချင်းပြပေးမယ်"

လျှိုချုံးက အေးစက်စက်ရယ်မောရင်းမှ ပြောဆိုလိုက်သည်။

ကလမ်....

လျှိုချုံး၏လက်သည်းနှင့်လုယွီ၏ခန္ဓာကိုယ်တို့ ရိုက်ခတ်မိချိန်တွင် သတ္တူအချင်းချင်းထိခတ်မိသံထွက်ပေါ်လာခဲ့သည်။ လျှိုချုံး၏မျက်နှာအမူအယာ ပျက်ယွင်းသွားလေ၏။ သူ့လက်သည် မာကျောသောနံရံတစ်ခုနှင့်ရိုက်ခတ်မိသကဲ့သို့ ခံစားမိလေသည်။

ထိုအချိန်မှာပင် လုယွီက လျှိုချုံး၏လက်မောင်းကို ဖမ်းဆွဲထားပြီးဖြစ်သည်။

"မင်းနဲ့ငါက အရင်တုန်းက မဆုံတွေ့ခဲ့ဖူးဘူး...မင်းက ငါကို စတွေ့ကတည်းက ရန်စစော်ကားခဲ့တယ်....ဒါက ပထမအချက်"

"သူတော်စင်ရဲ့အသိအမှတ်ပြုမှုကိုခံရတဲ့စာတမ်းက မင်းရေးတာမဟုတ်ဘူးဆိုတာ အစကတည်းကမင်းသိပြီးသား...ဒါပေမယ့် မင်းက ဝန်ခံဖို့ကိုငြင်းဆိုခဲ့တယ်....ဒါက ဒုတိယအချက်"

"ဒါပေမယ့် အရေးအကြီးဆုံးအချက်က မင်းကငါကို မပျော််ရွှင်ဖြစ်စေတာပဲ"

လုယွီ၏မျက်နှာပေါ်တွင် နားလည်ရခက်သည့်အပြုံးတစ်ခုက ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ လျှိုချုံး၏လက်မောင်းကိုဆုပ်ကိုင်ထားသည့် လုယွီ၏လက်သည် ရုတ်တရက် ဆန့်ကျင်ဘက်လားရာသို့ ရွေ့လျားသွားခဲ့သည်။

ခရက်....ခရက်....

နားကွဲလုမတတ်အရိုးကျိုးသံကြီးနှင့်အတူ လျှိုချုံးသည် သူကိုယ်သူမထိန်းချုပ်နိုင်တော့ဘဲ စူးစူးရှရှ အော်ဟစ်လိုက်သည်။

"မင်းက ကိုယ့်ပါးစပ်ကိုယ်မထိန်းချုပ်နိုင်မှတော့....အနာဂတ်မှာ မင်းစကားထပ်ပြောစရာမလိုတော့ဘူး"

လုယွီက သူ၏ခြေထောက်ကိုမြှောက်ပြီး လျှိုချုံး၏မျက်နှာပေါ်သို့ မညှာမတာဆောင့်နင်းလိုက်သည်။

ဘန်းဟူသောအသံနှင့်အတူ လျှိုချုံး၏ဦးခေါင်းသည် မြေကြီးအတွင်းသို့ နစ်မြုပ်ဝင်သွားတော့သည်။

C232

ထိုအချိန်တွင် ပတ်ဝန်းကျင်ရှိ ပြောဆိုဆွေးနွေးနေသံများအားလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

အမြူတေဖွဲ့စည်းခြင်းနယ်ပယ်ကျင့်ကြံသူတစ်ယောက်သည် နက္ခက်တာရာပြောင်းလဲခြင်းနယ်ပယ်ကျင့်ကြံသူတစ်ယောက်၏ ခြေဖြင့်နင်းထားခြင်းသည် သူတို့၏မျက်လုံးများရှေ့၌ပင် ဖြစ်ပျက်သွားလေ၏။

ဝူး....အူး....

လျှိုချုံးသည် အဆတ်မပြတ်ရုန်းကန်နေသော်လည်း လုယွီ၏ခွန်အားသည် တောင်ကြီးတစ်လုံးကဲ့သို့ မြဲမြံခိုင်မာနေသည်။ သူက မည်မျှခွန်အားသုံး၍ ရုန်းကန်နေပါစေ ချိုးဖျက်ရန်မဖြစ်နိုင်ပေ။

လုယွီက သူ၏ခြေထောက်ကို လျှိုချုံးအားဖိနင်းထားရင်းမှနေ၍ လျှိုချုံး၏ပါးစပ်ကိုအပြင်းအထန်ဆောင့်နင်းလိုက်သည်။

အချိန်မခြားဘဲ လျှိုချုံး၏ပါးစပ်မှအရိုးများကျိုးပဲ့သွားပြီး သွေးများက စင်မြင့်ပေါ်၌ အိုင်ထွန်းနေလေသည်။

"ငါက ဒိတစ်ကြိမ်မှာ မင်းကိုအပြစ်ပေးပြီးပြီ....တစ်ကယ်လို့ မင်း ငါရှေ့မှာနောက်တစ်ခါထပ်ပေါ်လာအုံးမယ်ဆိုရင် မင်းပါးစပ်ကအရိုးတွေကိုချိုးပစ်ရုံလောတ်နဲ့ပြီးမှာမဟုတ်ဘူး"

သူ၏စကားဆုံးသည်နှင့် လုယွီက လျှိုချုံးအား စင်မြင့်ပေါ်မှ ကန်ထုတ်လိုက်သည်။

မူလက အလွန်မောက်မာဝင့်ကြွားသော လျှိုချုံးသည် ယခု ကြိုးပြတ်သွားသည့်စွန်ကဲ့သို့ မြေပြင်ပေါ်၌ လဲလျောင်းနေသည်။ သူက အလွန်တုန်လှုပ်နေပြီး မည်သည့်စကားကိုမျှမပြောဝံ့တော့ချေ။ သူက တိတ်ဆိတ်ငြိမ်သက်စွာပင် ပါးစပ်ပိတ်နေလိုက်သည်။

လုယွီက စင်မြင့်ပေါ်မှဆင်းလာချိန်တွင် မြောက်များစွာသည့်လူများသည် သူတို့ကိုယ်သူတို့မထိန်းချုပ်နိုင်ကြတော့ဘဲ ခြေတစ်လှန်းနောတ်ဆုတ်ပေးလိုက်ကြသည်။ ဤသူက အလွန်ကြမ်းတမ်းသူဖြစ်သည်။ မည်သူကမျှ ဤကဲ့သို့သူမျိုးကို ရန်စလိုခြင်းမရှိကြချေ။

"ညီလေး လု....မင်းမှာဖုံးကွယ်ထားတဲ့ ကြောက်မက်ဖွယ်အရည်အချင်းတွေရှိမယ်လို့ ငါ ထင်မထားမိဘူး....ငါက တော်တော်စိတ်ပူနေခဲ့တာ"

လျှိုမင်က လုယွီကိုပြုံးပြနေရင်း ကျေးဇူးတင်နေပုံဖြင့်ကြည့်ရှုနေလေသည်။ သူနှင့်လျှိုချုံးသည် ကလန်တစ်ခုတည်းဖြစ်သော်လည်း ရေနှင့်မီးကဲ့သို့ ဆန့်ကျင်ဘက်များဖြစ်ပေ၏။ ယခု လုယွီသည် လျှိုချုံးအား သင်ခန်းစာပေးလိုက်ပြီဖြစ်၍ နောင်အနာဂတ်တွင် သူကိုယ်သူထိန်းချုပ်နိုင်လိမ့်မည်ဟု လျှိုမင်ယူဆထားသည်။

"ဒါက ဘာမှမဟုတ်ပါဘူး...ငါ အမှုထားစရာမလိုတဲ့ကိစ္စရပ်ပါ"

လုယွီသည် ဤနေရာသို့လာရခြင်း၏အဓိကရည်ရွယ်ချက်ကို မေ့လျော့ခြင်းမရှိချေ။ သူသည် သမင်ဖြူကျောင်းတော်၌ နေရာတစ်နေရာရယူပြီး အလယ်ပိုင်းကုန်းမြေသို့ တတ်နိုင်သမျှမြန်မြန်သွားလိုခြင်းသာဖြစ်သည်။

လုယွီအတွက် အချိန်သည်အလွန်အဖိုးထိုက်တန်ပေသည်။ သူသည် အချိန်အားလုံး၌ သူ၏ခွန်အားကိုမြှင့်တင်ရန်လိုအပ်သည်။ ဤကဲ့သို့နေရာမျိူး၌ သူ၏အချိန်ကိုဖြုန်းတီးရန်မှာမဖြစ်နိုင်ချေ။

ကျောင်းတော်ဝင်ခွင့်ယှဥ်ပြိုင်ပွဲသည် တစ်ရက်အတွင်းမှာပင် ပြီးဆုံးသွားခဲ့သည်။ ရေးဖြေစာမေးပွဲကို လူတစ်ထောင်ကျော်ခန့်အောင်မြင်ခဲ့သော်လည်း လူသုံးရာသာလျှင် သမင်ဖြူကျောင်းတော်သို့ ဝင်ရောက်နိုင်ခဲ့သည်။

"သူတော်စင်တွေရဲ့အသိအမှတ်ပြုမှုကိုရရှိတဲ့ လုယွီနဲ့လျှိုမင်ကိုခေါ်လာခဲ့"

လုဝမ်ရှင်းက ပြောဆိုလိုက်လေ၏။

ထိုအချိန်မှာပင် အဝေးတစ်နေရာရှိကောင်းကင်ယံမှ စာပို့ခိုတစ်ကောင်က ပျံဝဲလာခဲ့သည်။ ထိုခိုသည် တောင်ပံတဖျပ်ဖျပ်ခတ်ပြီး ပျံဝဲလာရင်းမှ လုဝမ်ရှင်း၏ရှေ့၌ ဆင်းသက်လိုက်သည်။ ထို့နောက် စာပို့ခိုသည် ရုတ်တရက်လွင့်ပြယ်သွားပြီး စာတစ်စောင် ထွက်ပေါ်လာလေ၏။

"ဥပဒေသ မန္တန်လား"

ဆရာဝေ့က မျက်မှောင်ကြုတ်လိုက်၏။

လုဝမ်ရှင်းက စာကိုဖွင့်ကြည့်လိုက်သည်။ ရုတ်တရက် သူမက လေသံနှိမ့်၍ ပြောဆိုလိုက်လေ၏။

"ဒြပ်စင်ငါးပါးဂိုဏ်းတစ်ခုလုံး ပျက်သုဥ်းသွားပြီ...ဂိုဏ်းခေါင်းဆောင်ကနေစပြီး သာမာန်တပည့်တွေအထိ အသက်ရှင်ကျန်ရစ်တာတစ်ယောက်မှမရှိဘူး"

"ဘယ်လို..."

ပွဲကြည့်စင်ပေါ်ရှိလူတိုင်း မတ်တတ်ထရပ်လိုက်ကြ၏။ ဤသတင်းက အလွန်ပင်အံ့အားသင့်တုန်လှုပ်ဖွယ်ကောင်းပေသည်။

ဒြပ်စင်ငါးပါးဂိုဏ်းသည် ထိပ်သီးဂိုဏ်းတစ်ခုဖြစ်ပြီး ၎င်းအားအလယ်ပိုင်းကုန်းမြေမှအင်အားစုတစ်စုက ထောက်ပံထားခြင်းဖြစ်သည်။

ဤကဲ့သို့ ကြီးမားသည့်စွမ်းအားစုမျိုးကို မည်သူမျှသတိမပြုမိခင်မှာပင် ဖျက်ဆီးခြင်းခံလိုက်ရသည်။ တစ်ခြားဂိုဏ်းမှလူများကပင် သတိပြုမိခြင်းမရှိချေ။

"ကြယ်တာရာကောင်းကင်ဂိုဏ်းက ဒီကိစ္စကိုတိုင်ပင်ဆွေးနွေးဖို့အတွက် ကျွန်မကိုဖိတ်ကြားထားတယ်....စန်လို့....ကျွန်မဒီနေရာမှာမရှိချိန်မှာ ရှင်က အစစအရာရာတာဝန်ယူထားပါ"

လုဝမ်ရှင်းက ညွှန်ကြားလိုက်လေ၏။

စန်လို့က သူ၏နေရာ၌ပြန်မထိုင်ခင် ခေါင်းညိတ်ပြလိုက်သည်။

လုဝမ်ရှင်း ဆရာဝေ့နှင့်တစ်ချို့ပညာရှင်များသည် သမင်ဖြူကျောင်းတော်မှနေ၍ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွါသွားကြတော့သည်။

"ညီလေး လု....ဒီနေ့ကနေစပြီး ငါတို့ကသမင်ဖြူကျောင်းတော်ကို တတ်ရောက်နိုင်ပြီ"

လျှိုမင်က စိတ်လှုပ်ရှားစွာဖြင့်ပြောဆိုလိုက်၏။

လုယွီက စိတ်လှုပ်ရှားမှုမရှိပုံဖြင့် ခေါင်းကိုသာညိတ်ပြလိုက်သည်။

ယခုလက်ရှိချိန်၌ လုယွီသည် ကျင့်ကြံမှုကိုသာ အပြည့်အဝအါရုံစူးစိုက်ထားသည်။

ကောင်းကင်ဘုံနယ်မြေရှိ ရှန်းလင်းလုံသည် ကောင်းကင်ဘုံအင်ပါယာ၏မြင့်မြတ်သောယွီနိုင်ငံတော်ကို ထိန်းချုပ်ထားပြီးဖြစ်သည်။ ယခုချိန်တွင် လုယွီသည် နက္ခက်တာရာပြောင်းလဲခြင်းနယ်ပယ်သာ ရောက်ရှိသေးသူဖြစ်ပေ၏။ တောင်ပိုင်းစွန့်ပစ်ကုန်းမြေကဲ့သို့သော နေရာမျိုးမှာပင် သူက အသန်မာဆုံးလူမဟုတ်ချေ။ မည်သည့်နည်းဖြင့် ရှန်းလင်းလုံကို ဆန့်ကျင်တိုက်ခိုက်နိုင်အုံးမည်နည်း။

လူအုပ်ကြီး၏မနာလိုအားကျနေသည့် အကြည့်များအောက်တွင် ကျောင်းတော်သို့ဝင်ရန် အရည်အချင်းပြည့်မှီသည့် ကျောင်းသားသုံးရာသည် သမင်ဖြူတောင်၏ဂိတ်တံခါးမှနေ၍ အတွင်းသို့ဝင်သွားကြသည်။

တပည့်သစ်များသည် အချိန်တခဏကြာလမ်းလျှောက်ပြီးနောက်တွင် နေရာလွတ်တစ်နေရာသို့ ရောက်ရှိလာကြသည်။

ထိုနေရာပတ်လည်အားဝိုင်းရံ၍ လူအနည်းငယ်ထိုင်နေကြသည်။ သူတို့၏ရှေ့တွင် စားပွဲတစ်လုံးရှိနေပြီး ထိုသူများက ပြုံးနေရင်းမှ တပည့်အသစ်များကို ကြည့်ရှုနေကြ၏။

"သူတို့တွေက ကျောင်းတော်က ပညာရှင်တွေဖြစ်ပြီးတော့ တပည့်ရွေးချယ်ဖို့လာကြတာ...ညီလေးလု...ငါတို့က ဆရာကောင်းကောင်းကိုရွေးချယ်နိုင်ရမယ်...အဲ့ဒါမှသာ ဆရာသခင်ရဲ့လမ်းညွှန်မှုနဲ့အတူ မင်းရဲ့အနာဂတ်ကို ချောချောမွေ့မွေ့ရွက်လွှင့်နိုင်မှာသေချာတယ်"

လျှိုမင်က လုယွီအား အလျှင်အမြန်သတိပေးလိုက်လေ၏။

C233

ယခုနေရာ၌ ထိုင်ခုံများပေါ်တွင် အဖိုးကြီးခြောက်ယောက်ထိုင်နေကြသည်။ သူတို့၏ အရှိန်အဟုန်များကို ထုတ်လွှတ်ထားခြင်းမရှိသော်လည်း သူတို့ထိုင်နေရုံမျှဖြင့်ပင် တောင်ထိပ်ပေါ်တွင်မတ်တတ်ရပ်နေကြသကဲ့သို့ လူအများအားခံစားမိစေသည်။

သူတို့သည် အသိပညာကြွယ်ဝသောသူများဖြစ်ပေ၏။ ကျင့်ကြံမှုလမ်းကြောင်းတွင်မူ သူတို့ကို မဟာကွန်ဖြူးရှပ်ပညာရှင်များဟု ခေါ်ဆိုကြသည်။ တစ်ချို့ကွန်ဖြူးရှပ်ပညာရှင်များပင်လျှင် သူတို့၏တပည့်များဖြစ်သည်။

စမ်းသပ်မှု၌မည်သည့်ရလဒ်မျိုးရှိနေပါစေ ထိုမဟာကွန်ဖြူးရှပ်ပညာရှင်များသည် သူတို့ကောင်းမည်ဟုယူဆသောတပည့်တစ်ချို့ကို ရွေးချယ်မည်သာဖြစ်ပေ၏။

"မင်း...ငါနဲ့လေ့ကျင့်ချင်လား"

မဟာကွန်ဖြူးရှပ်ပညာရှင်တစ်ယောက်က သူ၏ရှေ့မှတစ်ပည့်တစ်ယောက်ကို ညွှန်ပြ၍နူးညံညင်သာစွာဖြင့် မေးမြန်းလိုက်သည်။

ထိုတပည့်၏ခန္ဓာကိုယ်တစ်ခုလုံးသည် စိတ်လှုပ်ရှားမှုကြောင့် တုန်ရီသွားပေ၏။ သို့ရာတွင် အချိန်တခဏအကြာတွင်မူ သူကဒူးထောက်ပြီး မဟာကွန်ဖြူးရှပ်ပညာရှင်အားအရိုအသေပြုလိုက်သည်။

ထိုမဟာပညာရှင်များသည် လူအများ၏ရိုသေလေးစားခြင်းကိုခံရသူများဖြစ်သည်။ အကယ်၍ တစ်စုံတစ်ယောက်သည် မဟာကွန်ဖြူးရှပ်ပညာရှင်တစ်ယောက်၏တပည့်ဖြစ်လာပါက သူသည်ကျောင်းတော်၏လက်ရင်းတပည့်ဖြစ်လာပေမည်။ သူ၏ ကျင့်ကြံမှုအရင်းအမြစ်နှင့်အဆင့်အတန်းမှာလည်း ပို၍မြင့်မားလာပေလိမ့်မည်။

ဤနေရာ၌ ရွေးချယ်ခံရမည့်သူပေါင်း သုံးရာခန့်ရှိသော်လည်း မဟာကွန်ဖြူးရှပ်ပညာရှင်များ၏ လက်ရင်းတပည့်အဖြစ်ရွေးချယ်ခံရသူမှာ အနည်းငယ်သာရှိပေမည်။

"မင်း ငါနဲ့လေ့ကျင့်ဖို့ ဆန္ဒရှိလား"

ထိုအချိန်မှာပင် ကျယ်လောင်သောအသံတစ်သံက ပဲ့တင်ထပ်ထွက်ပေါ်လာခဲ့၏။

မဟာပညာရှင်များနှင့်အတူ လူအားလုံးသည် သားမွှေးထိုင်ခုံပေါ်၌ လဲလျောင်းနေသော တောက်ပသည့်မျက်လုံးတစ်စုံနှင့်အဖိုးအိုကြီးအား ကြည့်ရှုလိုက်ကြသည်။

သူက မဟာကွန်ဖြူးရှပ်ပညာရှင် စန်လို့ဖြစ်ပေ၏။ ပွဲကြည့်စင်တွင် ကြည့်ရှုနေစဥ်ကတည်းက သူက လုယွီကို ရွေးချယ်ရန်စိတ်ကူးထားခြင်းဖြစ်သည်။

သူ၏ဘဝတွင် မည်သည့်တပည့်ကိုမျှလက်ခံဖူးခြင်းမရှိသော်လည်း ဤတစ်ကြိမ်တွင်မူ သူ၏ရှေ့မှလူငယ်သည် အလွန်သင့်တော်သောတပည့်ဖြစ်မည်ဟု သူခံစားမိနေသည်။ ကွန်ဖြူးရှပ်ဝါဒီနှင့်ကွန်ဖြူးရှပ်ပညာရှင်များသည် ပွင့်လင်းပြီးရိုးသားကြသော်လည်း သူတို့ကိုပေါ့ပေါ့တန်တန်သဘောမထားသင့်ပေ။

တစ်ချို့တပည့်သစ်များသည် ကြီးမားသောခွန်အားရှိသော်လည်း သူတို့၏လှုပ်ရှားမှုများသည် ရှုပ်ထွေးပြီးအပြောင်းအလဲမြန်ပေရာ မဟာကွန်ဖြူးရှပ်ပညာရှင်စန်လို့၏လိုအပ်ချက်များနှင့် ကိုက်ညီမှုမရှိချေ။

"မဟာပညာရှင် စန်လို့က တပည့်လက်ခံမလို့လား"

"အဲ့ဒီကောင်လေးက ဘယ်သူလဲ...သူကိုကြည့်ရတာ အသက်အရမ်းငယ်ရွယ်သေးပုံပဲ"

"ငါမှတ်မိပြီ...သူက နက္ခက်တာရာပြောင်းလဲခြင်းနယ်ပယ်ကျင့်ကြံမှုအဆင့်နဲ့ အမြူတေဖွဲ့စည်းခြင်းနယ်ပယ်ကျင့်ကြံသူကို အနိုင်ယူခဲ့တဲ့သူပဲ...သူရဲ့ခွန်အားကြောင့် မဟာကွန်ဖြူးရှပ်ပညာရှင်စန်လို့က သူကိုတန်ဖိုးထားတာဖြစ်နိုင်တယ်"

"တော်ကြစမ်း...ဒါက မာန်ပါတဲ့အခြေအနေပဲ...ဒါပြင် ဒါက တန်ဖိုးရှိတဲ့ကျောက်ရိုင်းတုံးတစ်ခုလေ...မဟာပညာရှင်နေရာမှာ ငါဆိုရင်လည်း သူ့ကိုရွေးချယ်မိမှာပဲ"

လုယွီနံဘေးပတ်လည်ရှိ လူများ၏မျက်လုံးများသည် သူထံ၌သာကျရောက်နေခဲ့သည်။

လုယွီက ခေါင်းခါယမ်းလိုက်၏။

"ကျွန်တော် တောင်းပန်ပါတယ်...ကျွန်တော်က ကွန်ဖြူးရှပ်ပညာရှင်တစ်ယောက်ဖြစ်ဖို့ စဥ်းစားထားတာမရှိတဲ့အတွက် ဆရာမလိုအပ်သေးဘူး"

ဘာ....

လူတိုင်းသည် သူတို့နားကြားမှားသွားသလောဟု တွေးတောနေကြသည်။ အကယ်၍ အရူးတစ်ယောက်ဆိုလျှင်ပင် ဤကဲ့သို့အဖိုးတန်အခွင့်အရေးကို လက်လွှက်ခံမည်မဟုတ်ချေ။

လုယွီက စန်လို့၏မျက်လုံးများကို တည့်တည့်စိုက်ကြည့်လိုက်၏။

"ကျွန်တော်က ကွန်ဖြူးရှပ်ပညာရှင်လုပ်ဖို့ ရည်ရွယ်ချက်မရှိတာပါ...ခင်ဗျားရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်"

လျှိုမင်က အပြေးအလွှားဖြင့် လုယွီအား စိတ်လှုပ်ရှားစွာပြောဆိုလိုက်သည်။

"ညီလေး လု....မင်း ရူးနေတာလား...သူက သမင်ဖြူကျောင်းတော်ရဲ့အစွမ်းအထက်ဆုံး မဟာပညာရှင်ထဲကတစ်ယောက်ဖြစ်တဲ့ စန်လို့နော်...သူက တပည့်ရွေးချယ်မှုမပြုလုပ်တာ အချိန်တော်တော်ကြာခဲ့ပြီ...မင်းက သူကို ဆရာအဖြစ်အသိအမှတ်အသိအမှတ်ပြုပြီး လေ့ကျင့်မှုမလုပ်ချင်ဘူးလား"

လုယွီက ခေါင်းကိုသာခါယမ်းနေလေ၏။

ထိုသူက မဟာပညာရှင်စန်လို့ဟူတော့ကော သူက မည်သို့ပြုလုပ်ရမည်နည်း....သိုင်းပညာရပ်အရပြောလျှင် လုယွီ၏အတိတ်ဘဝတွင် စကြာဝဠာတစ်ခုလုံး၌ အစွမ်းထက်ဆုံးလူများအနက် သူအပါအဝင်ဖြစ်သည်။ ယခုလက်ရှိ အလယ်ပိုင်းကုန်းမြေမှ အစွမ်းထက်သည်ဆိုသောသူများပင် လုယွီနှင့် နှိုင်းယှဥ်ရန်မဖြစ်နိုင်ချေ။

ထို့ပြင် စာပေပညာရပ်အရမှု သူ၏စိတ်အတွင်းတွင် စာတမ်းများစွာရှိပေသည်။ ထိုစာတမ်းများသည် မြင့်မြတ်သောယွီတိုင်းပြည်မှ မြောက်များစွာသောသူတော်စင်များရေးသားထားခြင်းဖြစ်သည်။ ထိုသူတော်စင်များသည် ယွီတိုင်းပြည်ကိုသာ အစဥ်အမြဲသစ္စာစောင့်သိပြီး စာတမ်းအားလုံးသည် ကောင်းကင်ဘုံအင်ပါယာထိုက်ကျွင်းဖတ်ရှုရန် ရေးသားခဲ့ခြင်းဖြစ်သည်။ ယခုလက်ရှိတွင် လုယွီက အက်ပါယာထိုက်ကျွင်း၏စိတ်ဝိညာဥ်မှတစ်ဆင့် ထိုစာတမ်းများကို သိရှိထားလေသည်။

"ငါဆိုလိုတာကို မင်းရှင်းရှင်းလင်းလင်း နားမလည်ဘူးထင်တယ်...မင်းက ငါစီက သင်ယူရမှာမဟုတ်ဘူး...ငါက မင်းကိုသမင်ဖြူကျောင်းတော်ရဲ့နည်းပြအဖြစ် လုပ်ဆောင်ခိုင်းနေတာ"

မဟာကွန်ဖြူးရှပ်ပညာရှင်စန်လို့က ဆတ်လက်ပြောဆိုနေလေ၏။

တစ်ခြားသူများမဆိုထားနှင့် လျှိုမင်ပင်လျှင် ကြက်သေသေသွားသည်။

လုယွီကို နည်းပြအနေဖြင့် ကမ်းလှမ်းလိုက်သလော....

သူတို့အားလုံးက သမင်ဖြူကျောင်းတော်သို့ ကျောင်းသားအနေဖြင့် ဝင်ရောက်ရမည်ဖြစ်ပြီး လုယွီကမူ နည်းပြအနေဖြင့်ဝင်ရောက်ရပေမည်။

"သမင်ဖြူကျောင်းတော်ရဲ့ အကြီးအကဲတစ်ယောက်အနေနဲ့ ငါမှာလွှမ်းမိုးနိုင်စွမ်းတစ်ချို့တော့ရှိပါတယ်...တစ်ကယ်လို့ မင်းက နည်းပြတစ်ယောက်ဖြစ်လာမယ်ဆိုရင် အရင်းအမြစ်တွေပိုရရုံတင်မကဘဲ အထီးကျန်နတ်ဘုရားလှေရဲ့နေရာတစ်နေရာခွဲတမ်းကိုပါရရှိလိမ့်မယ်"

ဤအချိန်တွင်မူ လုယွီနံဘေးပတ်ဝန်းကျင်ရှိ လူများ၏အကြည့်များ ပြောင်းလဲသွားကုန်၏။ လုယွီကိုကြည့်နေကြသော သူတို့၏မျက်လုံးများအတွင်းတွင် မနာလိုမှုနှင့်အားကျမှုများ ပြည့်နှက်နေလေ၏။

C234

လုယွီက အချိန်တခဏကြာတိတ်ဆိတ်ငြိမ်သက်သွားပြီးမှ မေးမြန်းလိုက်လေ၏။

"ကျွန်တော် နည်းပြလုပ်ပေးဖို့အဆင်ပြေပါတယ်.....ဒါပေမယ့် ကျွန်တော်ရဲ့ကျင့်ကြံမှုနှောင့်နှေးမှာစိုးတာကြောင့် အချိန်ကတော့အကန့်အသတ်ရှိမယ်"

အနည်းငယ်မျှပင် စဥ်းစားတွေးတောခြင်းမပြုဘဲ စန်လို့က ပြောဆိုလိုက်၏။

"ဒါက သဘာဝပါပဲ....မင်းရဲ့လက်ရှိကျင့်ကြံမှုအဆင့်က မမြင့်မားသေးဘူးလေ....လေ့ကျင့်ဖို့အချိန်ယူရမှာပေါ့....မင်းက နည်းပြတစ်ယောက်ဖြစ်လာတာနဲ့ တစ်လမှာသုံးကြိမ်ပဲ သင်ကြားပေးဖို့လိုအပ်မယ်...ကျန်တဲ့အချိန်တွေကို မင်းကြိုက်သလိုစီမံနိုင်တယ်"

လုယွီ၏နံဘေးပတ်ဝန်းကျင်ရှိ လူတိုင်းဆွံအသွားကုန်၏။ လုယွီ၏မူလဇစ်မြစ်သည် မည်သိုဖြစ်သနည်း။

"ဒီ တံဆိပ်ပြားပေါ်ကို မင်းရဲ့သွေးတစ်စက်ချလိုက်...အခုချိန်ကစပြီး မင်းက သမင်ဖြူကျောင်းတော်ရဲ့နည်းပြဖြစ်သွားပြီ"

စန်လို့သည် လုယွီထံသို့ တံဆိပ်ပြားတစ်ခု ပစ်ပေးလိုက်လေ၏။

သာမာန်တပည့်များနှင့်အဓိကတပည်များ၏ တံဆိပ်ပြားများပင်လျှင် တူညီမှုမရှိကြချေ။

လုယွီ၏တံဆိပ်ကြားသည် အဖြူရောင်ကျောက်စိမ်းဖြင့်ပြုလုပ်ထားပြီး မျက်မှာပြင်တွင် 'နည်းပြ'ဟူသော ရွှေရောင်စာလုံးနှစ်လုံးကို ထွင်းထုထားသည်။

"ငါက ကျောင်းတော်အကြောင်းကိုရှင်းပြဖို့ မင်းကို လူတစ်ယောက်ထည့်ပေးလိုက်မယ်...အခု ကျောင်းတော်မှာ လုပ်စရာကိစ္စတွေအများကြီးရှိသေးလို့ ငါလုပ်ရဦးမယ်...ဒါကြောင့် အခုချိန်ကစပြီး မင်းဟာမင်း ကျင့်ကြံနေလို့ရပြီ...နောက်ထပ်သုံးရက်ကြာရင် မင်းကိုငါ ကိုယ်တိုင်လာတွေ့မယ်"

စန်လို့က ပြောဆိုလိုက်သည်။

"ကောင်းပြီလေ"

လုယွီသည် နားဝေတိမ်တောင်ဖြစ်တတ်သည့် လူစားမျိုးမဟုတ်ချေ။ သူက ကျောက်စိမ်းတံဆိပ်ပြားကိုယူဆောင်၍ နည်းပြတစ်ယောက်နှင့်အတူ ထွက်ခွါခဲ့တော့သည်။

.......

ထိုနေရာမှထွက်ခွါပြီးသည်နှင့် နည်းပြသည် လုယွီအား သမင်ဖြူတောင်နှင့်ပတ်သတ်၍ ရှင်းလင်းပြောပြခဲ့သည်။ သမင်ဖြူကျောင်းတော်သည် သမင်ဖြူတောင်၏အလယ်ပိုင်းတွင် တည်ရှိသည်။

ပြင်ပမှကြည့်လျှင် သမင်ဖြူတောင်၏အရိပ်အယောင်ကို မြင်ရရန်မှာ မဖြစ်နိုင်ချေ။ သို့သော် တောင်၏အတွင်းဘက်တွင်မူ မြောက်များစွာသောအဆောက်အအုံများကို မြင်နိုင်ပေသည်။

ထိုအဆောက်အအုံများသည် ရှေးဟောင်းအငွေ့အသက်များဖြင့် ပြည့်နှက်နေပြီး ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဥ်စွမ်းအင်များက ကျောင်းတော်တစ်ခုလုံးကို ပေါကြွယ်ဝစွာလှည့်ပတ်နေလေ၏။ ဤအရှိန်အဝါများအတွင်းတွင် သူတော်စင်ကျန်းချီတစ်ချို့လည်း ပါဝင်နေပေသည်။

အကယ်၍ နတ်ဆိုးကျင့်ကြံသူများသည် ဤနေရာသို့ဝင်ရောက်ဝံ့ပါက အားနည်းသူများသည် များပြားသောမြင့်မြတ်သည့် သူတော်စင်ကျန်းချီကြောင့် ဖုန်မှုန့်အဖြစ်ပြောင်းလဲသွားပေမည်။

""ငါတို့ရဲ့သမင်ဖြူကျောင်းတော်က တည်ထောင်တာမကြာသေးပေမယ့် တောင်ပိုင်းစွန့်ပစ်ကုန်းမြေကိုဦးဆောင်နေတဲ့ ကွန်ဖြူးရှပ်ကျောင်းတော်ပဲ"

လုယွီကိုဦးဆောင်ခေါ်လာသည့် နည်းပြ၏စကားသံများတွင် ဂုဏ်ယူဝင့်ကြွားသည့်အရိပ်အယောင်များထင်ဟပ်နေသည်။ ဤသည်က သမင်ဖြူကျောင်းတော်၏ဂုဏ်ယူဝင့်ကြွားမှုတစ်ရပ်ဖြစ်ပေသည်။ ကျောင်းတော်သည် ကွန်ဖြူးရှပ်ကျင့်ကြံသူများအတွက် တောင်ပိုင်းစွန့်ပစ်ကုန်းမြေတွင် အကျော်ကြားဆုံးကျောင်းတော်ဖြစ်ပေသည်။

"နှစ်စဥ်နှစ်တိုင်း သမင်ဖြူကျောင်းတော်ကို တတ်ရောက်ချင်တဲ့ လူတွေအများကြီးရှိတယ်...ဒါပေမယ့် လူနည်းစုကပဲ တတ်ရောက်နိုင်တယ်....ငါက မဟာပညာရှင် စန်လို့ရဲ့အမြင်ကိုယုံကြည်တယ်....မင်းက နည်းပြအဖြစ် ဒီကျောင်းတော်ကိုဝင်ရောက်နိုင်မှတော့ သာမာန်မဟုတ်တာ တစ်ခုခုတော့ရှိရမယ်"

နည်းပြသည် လုယွီကို တိတ်ဆိတ်ငြိမ်သက်သည့် တောင်ထိပ်တစ်ခုသို့ ခေါ်ဆောင်လာခဲ့သည်။

သမင်ဖြူတောင်တွင် ခြံဝန်းပေါင်းများစွာရှိပေသည်။ ခြံဝန်းတစ်ခုနှင့်တစ်ခုသည် အတန်ငယ်ဝေးကွာပြီး သီးခြားတည်ရှိသည်။

""အရှေ့ဘက်အကျဆုံးအပိုင်းမှာ မင်းရဲ့အိမ်ရှိတယ်....မင်းက တံဆိပ်ပြားကိုအသုံးပြုပြီး အဝင်အထွက်ပြုလုပ်နိုင်တယ်...ငါတို့နည်းပြအဆောင်မှာ စိတ်ဝိညာဥ်စွမ်းအင်တွေစုစည်းပေးတဲ့ ဝင်္ကပါငယ်လေးတွေရှိတယ်....အဲ့ဒီနေရာက ကျင့်ကြံမှုအမြန်နှုန်းက တပည့်တွေခြံဝန်းထက်ဆယ်ဆပိုမြန်တယ်"

လုယွီက စိတ်ဝိညာဥ်ဖြင့် ခြံဝန်းကိုလေ့လာဆန်းစစ်လိုက်သည်။ ခြံဝန်းပတ်လည်ရှိအကာအကွယ်ဝင်္ကပါများသည် လုယွီ၏တာအိုသခင်စိတ်ဝိညာဥ်ဖြင့်ကြုံတွေ့ရချိန်တွင် ဆန့်ကျင်တိုက်ခိုက်နိုင်ခြင်းမရှိကြချေ။ တိကျသေချာစွာပင် ခြံဝန်းတစ်ခုလုံး၌ နေထိုင်ရန်နေရာ ကျင့်ကြံရန်နေရာနှင့် ဆေးဝါးနှင့်မှော်ပစ္စည်းများ ပြုလုပ်ဖော်စပ်ရန်နေရာပင်ပါရှိပေသည်။

"လစဥ်လတိုင်း နည်းပြတစ်ယောက်က ထိပ်တန်းအဆင့်စိတ်ဝိညာဥ်ကျောက်တုံးငါးသောင်းရရှိပြီး ထိပ်တန်းအဆင့်ဆေးပြား သုံးဆယ်ရရှိမယ်....သိုလှောင်ခန်းမကို မင်းရဲ့တံဆိပ်ပြားကိုအသုံးပြုပြီး ဝင်ထွက်သွားလာနိုင်တယ်....ကျန်တဲ့အကျိုးအမြတ်တွေအတွက်ကတော့ ငါက ဒီနေရာမှာကျယ်ကျယ်ပြောလို့မကောင်းဘူး....အချိန်ကြာလာရင် မင်းဟာမင်းနားလည်လညပါလိမ့်မယ်"

ထိုအချိန်မှာပင် မလှမ်းမကမ်းအကွာအဝေးမှ ဆူညံသံတစ်သံကိုကြားလိုက်ရသည်။ မြောက်များစွာသည့် တပည့်များသည် နေရာတစ်ခုတည်းသို့ဦးတည်သွားလာနေကြ၏။

နည်းပြက မျက်မှောင်ကြုတ်ပြီး အချိန်တခဏကြာစဥ်းစားပြီးနောက် ရုတ်တရက် ပြောဆိုလိုက်သည်။

"ဒီနေ့က အလယ်ပိုင်းကုန်းမြေကို သွားတဲ့နေ့ပဲ...ရေးဖြေစာမေးပွဲကို သွားပြီးယှဥ်ပြိုင်တဲ့ တပည့်တွေက ဒီနေ့ပြန်လာကြပြီဘဲ"

"သွားကြည့်ကြစို့"

နည်းပြက လုယွီအား ပြောဆိုလိုက်လေ၏။

C235

သမင်ဖြူကျောင်းတော်၏လှေကားများတွင် ​မြောက်များစွာသောတပည့်များက စောင့်ဆိုင်းနေကြ၏။

"ဒီစာပေစမ်းသပ်စည်းဝေးပွဲက အလယ်ပိုင်းကုန်းမြေရဲ့ကျောင်းတော်ငါးခု စုဝေးပြီး နှစ်စဥ်နှစ်တိုင်း ကျင်းပတဲ့ပွဲပဲ...အခု ပြီးဆုံးသွားတာမို့ တပည့်တွေက ပြန်လာကြပြီ"

နည်းပြက လုယွီအားရှင်းပြနေပေသည်။

"လာကြပြီ"

ကျောင်းတော်နှင့်မလှမ်းမကမ်းအကွာအဝေးတွင် သမင်ဖြင့်ဆွဲသောလှည်းတစ်စီး ထွက်ပေါ်လာသည်။ သမင်ဖြူနှစ်ကောင်က ခမ်းနားထည်ဝါသည့်လှည်းတစ်စီးကိုဆွဲပြီး ကောင်းကင်ယံမှဆင်းသက်လာလေ၏။ ထိုသမင်ဖြူလှည်း၏ နံဘေးပတ်လည်တွင် အားကောင်းသည့်စွမ်းအင်များ လှည့်ပတ်နေပြီး မှော်ရတနာတစ်ခုကို တပ်ဆင်ထားသည်မှာ သိသာထင်ရှားနေပေသည်။

မြောက်များစွာသောတပည့်များကြားတွင် အမျိုးသမီးနှစ်ယောက်သည် ညှို့ငင်ဖမ်းစားနိုင်မှုအရှိဆုံးဖြစ်သည်။

"ကြည့်ကြစမ်း...သူမက လုရွှမ်အာမလား"

"ကျောင်းအုပ်လုရဲ့သမီးက သမင်ဖြူကျောင်းတော်ရဲ့ အကျော်ကြားဆုံးအလှအပလေးတွေထဲက တစ်ယောက်ပဲ"

"ဒီတစ်ကြိမ်မှာ သူမက သမင်ဖြူကျောင်းတော်ကို ကိုယ်စားပြုပြီး သွားရောက်ယှဥ်ပြိုင်ခဲ့တာ...သူမ အဆင့်ဘယ်လောက်ရလဲမသိဘူး"

လူအများက စိတ်ဝင်တစားပြောဆိုနေကြသည့် အမျိုးသမီးသည် တပည့်များ၏ရှေ့၌ မတ်တတ်ရပ်နေသော အပြာရောင်ဝတ်စုံဖြင့် ငယ်ရွယ်နုပျိုသော မိန်းခလေးတစ်ယောက်ဖြစ်ပေသည်။

ထိုမိန်းခလေးသည် အလွန်ချောမောလှပပြီး မျက်စိပသာဒဖြစ်ဖွယ် မျက်ခုံးမွှေးနှင့်မျက်လုံးများရှိပြီး လူအများကြားတွင် အစိမ်းရောင်ပိုးထည်တစ်ခု ကခုန်နေသကဲ့သို့ နူးညံညင်သာစွာမတ်တတ်ရပ်နေလေ၏။

သူမက လုဝမ်ရှင်း၏သမီး လုရွှမ်အာ ဖြစ်ပေသည်။

ဤတစ်ကြိမ်တွင် ဂိုဏ်းငါးဂိုဏ်းစုဝေးယှဥ်ပြိုင်ပွဲ၌ လုရွှမ်အာ၏စာတမ်းသည် ကောင်းကင်ယံတွင် အစိမ်းရောင်နဂါး၏ပုံရိပ်ကို ရေးဆွဲခဲ့ခြင်းဖြစ်သည်။ သူမနှင့်မလှမ်းမကမ်းအကွာအဝေးတွင် အဖြူရောင်ဝတ်စုံဖြင့် မိန်းခလေးတစ်ယောက်ရှိနေသည်။

ထိုမိန်းခလေးသည်လည်း အဖြူရောင်ပိုးဇာလွှာဝတ်စုံဖြင့် အရပ်မြင့်ပြီးကျက်သရေရှိပုံပေါ်သော်လည်း သူမကိုကြည့်ရသည်မှာ အလွန်ခပ်လျှိုလျှိုနေတတ်ပုံရသည်။ သူမက ဦးထုပ်တစ်လုံးကိုဝတ်ဆင်ထားပြီး ၎င်းမှနေ၍ အစိမ်းရောင်ပိုးလွှာကကျဆင်းနေကာ သူမ၏မျက်နှာအား ဖုံးအုပ်ထားလေ၏။

သူမက မဟာပညာရှင်ဖန်းယင်၏တပည့်ဖြစ်သူ ကျီးချန်ရီဖြစ်ပေသည်။ ဂိုဏ်းငါးဂိုဏ်းစုဝေးယှဥ်ပြိုင်ပွဲတွင် သူမ၏စာတမ်းသည် လုရွှမ်အာ၏နဂါးစိမ်းနှင့်နှိုင်းယှဥ်နိုင်သော မီးဖီးနစ်ဌက် ပျံဝဲနေသည့်ပုံရိပ်ကို ဖြစ်ပေါ်စေခဲ့သည်။

အကယ်၍ လုရွှမ်အာသည် လောကကြီးတွင်အလှပဆုံးမိန်းခလေးဆိုပါက ကျီးချန်ရီသည် ကောင်းကင်ဘုံမှနတ်သမီးတစ်ပါးဖြစ်ပေမည်။ သူမတို့နှစ်ယောက်စလုံး၏ စိတ်နေသဘောထားနှင့်ပုံပန်းသွင်ပြင်သည် အတူတူသာဖြစ်သည်။

တစ်ခြားသမင်ဖြူမြင်းလှည်းတစ်စီးသည်လည်း လူအုပ်ကြီး၏ရှေ့၌ ဆင်းသက်လာခဲ့သည်။ ထိုလှည်းမှနေ၍ ပြောစရာစကားမဲ့သည်အထိ သပ်ရပ်ခန့်ညားသော အဓိကတပည့်ဝတ်စုံကိုဝတ်ဆင်ထားသည် ချောမောသော အမျိုးသားတစ်ယောက် ထွက်လာလေ၏။

"စီနီယာအကိုကြီးကို ကြိုဆိုပါတယ်"

တပည့်များအားလုံးက အရိုအသေပြုလိုက်ကြသည်။

အဖြူရောင်ဝတ်စုံနှင့်လူငယ်သည် လှည်းပေါ်မှဆင်းလာသည်ကိုမြင်သည်နှင့် လုရွှမ်အာ၏လှပသောမျက်လုံးများသည် ဆန်းသစ်စလခြမ်းအသွင် တောက်ပလာခဲ့သည်။ သူမက ရယ်ပြုံးရင်းမှ ပြောဆိုလိုက်၏။

"စီနီယာအကိုကြီး...ရှင် ပြန်လာပြီလား...ကျွန်မကို ဘာကတိပေးခဲ့တယ်ဆိုတာ ရှင်မမေ့လောတ်ပါဘူးနော်"

အဖြူရောင်ဝတ်စုံနှင့်လူငယ်ကလည်း လုရွှမ်အာကို ပြန်လည်ပြုံးပြလိုက်လေသည်။

"ငါ ဘယ်မေ့ပါ့မလည်း....ဒီကျောက်စိမ်းအဆောင်က အလယ်ပိုင်းကုန်းမြေကနေယူဆောင်လာခဲ့တာ....ဒါကို ဝတ်ဆင်ထားရင် မင်း ကျင့်ကြံတဲ့နေရာမှာ စိတ်တည်ငြိမ်မှုရစေမယ်"

ပိုင်ရီက သူ၏သိုလှောင်အိတ်အတွင်းမှ ကျောက်စိမ်းအဆောင်တစ်ခုကိုထုတ်ယူပြီး လုရွှမ်အာကို လက်ကမ်းပေးလိုက်သည်။ ထိုကျောက်စိမ်းအဆောင်သည် စင်းရာခြစ်ရာ တစိုးတစိမျှမပါဝင်ဘဲ ချောမွေ့နေပေ၏။

လုရွှမ်အာက ပိုင်ရီထံမှ ကျောက်စိမ်းပြားကို အပြုံးလေးတစ်ပွင့်နှင့်အတူ လှမ်းယူလိုက်သည်။

"ကျေးဇူးအများကြီးတင်ပါတယ် စီနီယာအကိုကြီး"

"ချန်ရီ...ငါမင်းအတွက်လည်း ကျောက်စိမ်းအဆောင်ယူလာခဲ့တယ်....ဒါက ရွှမ်ကျိုးကျောင်းတော်ရဲ့သူတော်စင်ခန်းမက ရတနာတစ်ခုပဲ...မင်း လိုအပ်တဲ့ဟာဖြစ်နိုင်တယ်"

ပိုင်ရီက တစ်ခြားကျောက်စိမ်းအဆောင်တစ်ခုကို ထုတ်ယူပြီး ကျီးချန်ရီအား ပေးလိုက်သည်။

ကျီးချန်ရီက သူမ၏ခေါင်းကိုသာခါရင်းမှ ပြောဆိုလိုက်လေ၏။

"ကျွန်မ ဒါကိုမလိုအပ်ပါဘူး စီနီယာအကိုကြီး...ပလယ်ပိုင်းကုန်းမြေကနေ ရှေးဟောင်းစာလိပ်တွေယူဆောင်လာဖို့မှာတာ ရှင်သတိရမိသေးလား"

ပိုင်ရီ၏ကျောက်စိမ်းပြားကို ကိုင်ဆောင်ထားသောလက်သည် လေထုအတွင်းမှာပင်ရပ်တန့်သွားပြီး သူက အရိပ်အယောင်ပင်မမြင်ရအောင် ပြန်လည်သိမ်းယူလိုက်သည်။

"ငါ ဘယ်လိုလုပ်မေ့မှာလည်း....ဒီသိုလှောင်အိတ်ထဲမှာ အလယ်ပိုင်းကုန်းမြေကနေ ယူဆောင်လာတဲ့ အဖိုးတန်တဲ့ရှေးဟောင်းစာလိပ်တွေပါဝင်တယ်....ဒါတွေအားလုံးကို မင်းအတွက်ငါယူလာခဲ့တာ"

ကျီးချန်ရီက ပိုင်ရီထံမှသိုလှောင်အိတ်ကို နူးညံသိမ်မွေ့စွာဖြင့် ယူဆောင်လိုက်တော့သည်။

"ဒါဆို ကိစ္စပြီးပြီနော်....စီနီယာအကိုကြီးက ချန်ရီနဲ့ပတ်သတ်သမျှကို မပိုင်ဆိုင်နိုင်ဘူးဆိုတာတော့ သတိရပေးပါ...ကိုယ်ကိုကိုယ် ဂရုစိုက်"

ကျီးချန်ရီက အရိုအသေပြုပြီးနောက် ရုတ်ချည်းပင် ထွက်ခွါလိုက်လေ၏။

ရှက်ရွံခြင်းနှင့်ဒေါသထွက်ခြင်းအရိပ်အယောင်များက ပိုင်ရီ၏မျက်လုံးများအတွင်းတွင် ထင်ဟပ်နေလေသည်။ သို့ရာတွင် သူက စိတ်ခံစားချက်ကိုဖုံးကွယ်ရာတွင် ကျွမ်းကျင်သူဖြစ်သဖြင့် ဒေါသအရိပ်အယောင်က အလျှင်အမြန်ပင်ပျောက်ကွယ်သွားပေ၏။

All Chapters